လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ညဖက် အပြင်ထွက်ရင်း ကျွန်တော့် မိတ်ဆွေတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင်မှာ ဆုံဖြစ်ကြပါတယ်။ ကျွန်တော်တို့ နှစ်ယောက်သား ဟိုအကြောင်း ဒီအကြောင်းတွေ ပြောနေကြရင်းက ရုတ်တရက် သူက ကျွန်တော့်ကို လေးလေးနက်နက် စကားတစ်ခွန်း ပြောပါတယ်။ "ငါတို့တွေ ကိုယ်လျှောက်မယ့် လမ်းကြောင်းကို ကိုယ့်ဘာသာ စိတ်ကြိုက်ရွေးခဲ့ ကြတာပဲ။ ဒါပေမယ့် ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းအတွက် တချိန်မှာ ပြန်ပြီး နောင်တ ရတာ မကောင်းဘူးကွ။ မင်းတော့ အဲဒီလို မဖြစ်စေနဲ့။ ငါကတော့ လွန်သွားပြီ။ အခုအချိန် ငါကိုယ်တိုင် ရွေးခဲ့တဲ့လမ်းအတွက် အကြီးအကျယ် နောင်တရသလို ခံစားနေရတယ်။ ငါတက္ကသိုလ်တက်ပြီး စာတွေ သင်ခဲ့တာ အလကား ဖြစ်သွားသလိုပဲ" ဆိုပြီးတော့ပါ ။ သူက အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်က မြန်မာစာ အထူးပြုနဲ့ မဟာဘွဲ့ ရပြီးသားပါ။ နောက်တစ်ပတ်ဆိုရင် နိုင်ငံခြားထွက်ပြီး သင်္ဘောတက်ခါနီး ဖြစ်ပါတယ်။ သူဝါသနာပါတဲ့ မြန်မာစာနဲ့ အလုပ်လုပ်ခွင့် မရဘဲ ဘာမဆိုင်ညာမဆိုင် သင်္ဘောသား လုပ်ရတဲ့အတွက် သူနည်းနည်းလေး ပေါက်ကွဲနေတဲ့ပုံ ရှိပါတယ်။
နောက်တော့ သူက ကျွန်တော့်ကို "မင်း လူငယ်ခြေကျ ဆိုတဲ့ သီချင်း ကြားဖူးလား။" လို့ မေးပါတယ်။ သူပြောတဲ့ သီချင်းကို ကျွန်တော် ကြားဖူးပါတယ်။ တစ်ချိန်က တေးရေးဆရာ စိုင်းခမ်းလိတ်က စိုင်းထီးဆိုင် အတွက် ရေးပေးခဲ့တဲ့ သီချင်းပါ။ ဒါပေမယ့် ဆင်ဆာမလွတ်လို့ အဲဒီသီချင်းက ထွက်မလာပါဘူး။ နောက်တော့ ကိုမွန်းအောင် ပြန်ဆိုပါတယ်။ ဘွဲ့ရပြီး အလုပ်မရှိတဲ့ လူငယ်တွေ အကြောင်းကို ရေးထားတဲ့ သီချင်းပါ။ အဲဒါနဲ့ ကျွန်တော်က သူ့ကို ကြားဖူးကြောင်း ပြန်ပြောပါတယ်။ သူက "ငါတို့တွေ စာမေးပွဲတွင်းက မိန်းကလေးဆောင် ရှေ့မှာ အဲဒီသီချင်း သွားဆိုကြတယ်ကွ။ စာမေးပွဲတွင်း ဆိုတော့ ဂစ်တာလာတီးတာ ဘယ်သူမှ အရေးတယူ နားမထောင်ကြဘူး ပေါ့ကွာ။ ဒါပေမယ့် သီချင်း ဆုံးသွားတော့ အခန်းတွေ အကုန် မီးပွင့်လာပြီး မိန်းကလေးတွေ အကုန် အပြင်ထွက်လာကြတယ်ကွ။ နောက်တစ်ခေါက် ထပ်ဆိုပါဦး ဆိုပြီး ဝိုင်းအော်ကြလို့ နောက်တစ်ခေါက် ထပ်ဆို ပြခဲ့ရတယ်။ ငါတို့နဲ့ ခံစားချက်တူတဲ့သူတွေက အများကြီးပဲကွ။ " လို့ ရယ်ပြီး ဆက်ပြောပါတယ်။ (လူငယ်ခြေကျ ကို ကိုမွန်းအောင် ဆိုထားတာ နားထောင်ချင်ရင် ဒီလင့်ခ် မှာ နားထောင် လို့ရပါတယ်။)
ကျွန်တော်တို့ ငယ်ငယ်ကတော့ တက္ကသိုလ်ရောက်ရင် ကိုယ် ဝါသနာပါတဲ့ ဘာသာရပ်ကို သင်မယ်။ ကျောင်းပြီးရင် အဲဒီဘာသာရပ်နဲ့ သက်ဆိုင်တဲ့ အလုပ်လုပ်ရမယ်။ တကယ်သာ ဝါသနာ ပါရင် အောင်မြင်မယ်လို့ ထင်တတ်ပါတယ်။ ဒါပေမယ့်လည်း အသက်အရွယ် နည်းနည်းရလာတော့ တဖြည်းဖြည်း သဘောပေါက် လာပါတယ်။ ကျွန်တော်တို့ ကျောင်းမှာ သင်လာတဲ့ စာတွေက ကိုယ့်လုပ်ငန်းခွင်ထဲမှာ အသုံးတည့်ချင်မှလည်း တည့်မယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်ချင်ပေမယ့်လည်း လက်တွေ့မှာတော့ အများစုက ဘဝရပ်တည်ရေးအတွက် ဝါသနာမပါဘဲ အဆင်ပြေတဲ့ အလုပ်ကို လုပ်နေရ တတ်တာ များပါတယ်။ တချို့ကတော့ ကျွန်တော်တို့ မြန်မာတွေပဲ ဒါမျိုးတွေ ကြုံနေရတယ် ထင်တတ်ပါတယ်။ ဒါပေမယ့် ဒီလိုကြုံနေရတာ ကျွန်တော်တို့ မြန်မာတွေချည်းပဲ တော့ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း အဲဒီလို လူမျိုးတွေ တွေ့ဖူးကြုံဖူးပါတယ်။
ပိုလန်က စက်ရုံတစ်ရုံမှာ ကွန်ပြူတာ ကွန်ယက်ကနေ တဆင့် စက်တွေကို ထိန်းချုပ်တဲ့ စနစ်တစ်ခု သွားပြီး ဆင်တဲ့ အချိန်တုန်းကပါ။ ဒီစနစ်က အိုင်ယာလန်က စက်ရုံတစ်ရုံမှာ ဆင်ပြီးသား စနစ်မို့ ပြသနာ အကြီးအကျယ် မရှိပါဘူး။ သိပ်မကြီးကျယ်တဲ့ ပြသနာ အသေးအမွှားတွေလောက်ပဲ ရှိပါတယ်။ အဲဒီထဲက ပြသနာ တစ်ခုကိုတော့ ကျွန်တော် ဘယ်လိုမှ မရှင်းတတ်ပါဘူး။ စက်ကို လှမ်းပြီး ဆက်သွယ်တဲ့ အချိန် စက်က ပိတ်ထားရင် ဖြစ်ဖြစ် ကွန်ယက်ကြိုး ပြုတ်နေရင် ဖြစ်ဖြစ် စက္ကန့် ၃၀ ကနေ ၁ မိနစ်လောက် အထိ စက်ကနေ ဘာမှ အကြောင်းပြန် မလာပါဘူး။ အဲဒီအချိန် ကျော်သွားမှပဲ စက်ကို ဆက်သွယ်လို့ မရတဲ့ အကြောင်း မက်ဆေ့ ပြန်လာပါတယ်။ အဲဒီအချိန် ကပ်စတန်မာက ကြာတယ် ဆိုပြီး သဘောမကျကြောင်း ကျွန်တော်တို့ကို ပြောပါတယ်။
ကျွန်တော် ပရိုဂရမ်ထဲမှာ ကြိုးစားပြီး ပြင်ကြည့်ပေမယ့် ဘယ်လိုမှ အဆင်မပြေပါဘူး။ အဲဒါနဲ့ အင်တာနက် ထဲမှာ ရှာကြည့်တော့ အဲဒီလို ကြာတဲ့အချိန် (TCP Timeout) က ပြင်ဖို့ မလွယ်ဘူး ဆိုတာ သွားတွေ့ပါတယ်။ အဲဒါနဲ့ စက်ရုံက အင်ဂျင်နီယာတွေကို အဲဒီဟာက ပြင်ဖို့ မဖြစ်နိုင်တဲ့ အကြောင်း ပြောပြပါတယ်။ အဲဒီတော့ ကပ်စတန်မာက ဘာလို့ ပြင်လို့မရတာလဲ လို့ ပြန်မေးပါတယ်။ ကျွန်တော်က အဲဒါက အများသုံးနေတဲ့ စံနှုန်းဖြစ်လို့ ပြင်ဖို့ မလွယ်ကူတဲ့ အကြောင်း ပြန်ရှင်းပြပါတယ်။ ကျွန်တော်တို့ အဲဒီလို ပြောနေတဲ့အချိန်မှာ စက်ရုံက ထုတ်လုပ်ရေးလိုင်းထဲမှာ လုပ်နေတဲ့ အင်ဂျင်နီယာ တစ်ယောက်က ဝင်ပြီး ပြောပါတယ်။ TCP မှာ အဲဒီလောက် ကြာတယ် ဆိုတာ ဟုတ်တယ်။ ဒါပေမယ့် အဲဒါကို ပြင်ချင်ရင် သိပ်မခက်ဘူး။ TCP နဲ့ လှမ်းပြီး မချိတ်ခင် မင်းကုတ်ဒ်ထဲမှာ Ping ရိုက်တဲ့ ကုတ်ဒ်တစ်ကြောင်း ထပ်ထည့်လိုက်။ Ping နဲ့ အဆင်မပြေရင် လှမ်းမချိတ်နဲ့။ တစ်ခါတည်း Error တမ်းပြီး ပြလိုက်။ Ping နဲ့ အဆင်ပြေမှ ဆက်လုပ်ပေါ့။ အဲဒါဆို ဒီလောက် ကြာအောင် မစောင့်ရတော့ဘူး လို့ ပြောပါတယ်။
ရုတ်တရက် ဆိုတော့ ကျွန်တော် အံ့အားသင့်သွားပါတယ်။ ကျွန်တော်တွေ့ဖူးတဲ့ ထုတ်လုပ်ရေးလိုင်းထဲမှာ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာတွေထဲမှာ ကွန်ပြူတာ ပရိုဂရမ်ရေးတတ်တဲ့သူ အတော်နည်းပါတယ်။ ရေးတတ်ရင်တောင်မှ အခုလို လက်တွေ့ကျတဲ့ အကြံညာဏ်မျိုး ပေးနိုင်တဲ့သူ ဆိုတာ မတွေ့ဖူးပါဘူး။ Ping က TCP တို့ UDP တို့လို Transport Protocol မဟုတ်ဘဲ Messaging Protocol (ICMP) သာ ဖြစ်တဲ့အတွက် သူပြောတဲ့နည်းက ဖြစ်နိုင်တဲ့နည်းဆိုတာကို ကျွန်တော် သဘောပေါက်ပါတယ်။ သူပြောတဲ့ အတိုင်း စမ်းကြည့်တော့ ပြသနာက ပြေလည်သွား ပါတယ်။ စက်က ဆက်သွယ်လို့ မရရင် ချက်ချင်း အကြောင်းပြန်ပါတယ်။
အဲဒါနဲ့ ကျွန်တော်လည်း သူ့ကို အခုလို အကြံပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပြီးတော့ သူ့ရဲ့ ပရိုဂရမ်းမင်း နဲ့ ပတ်သက်တဲ့ ဗဟုသုတ အကြောင်း နည်းနည်း တီးခေါက်ကြည့်ပါတယ်။ အဲဒီတော့ သူက "ငါ တက္ကသိုလ်က ဘွဲ့ရခါစက ပရိုဂရမ်မာ နှစ်နှစ်လောက် လုပ်ဖူးတယ်။ နောက်မှ ထုတ်လုပ်ရေးလိုင်းထဲ ရောက်လာတာ" လို့ သူက ပြန်ပြောပြပါတယ်။ ဘာလို့ ပရိုဂရမ် ဆက်မရေးတော့တာလဲ မေးတော့ "ငါတို့ဆီမှာ ပရိုဂရမ်ရေးရင် ပိုက်ဆံ သိပ်မရဘူးကွ။ အခုအလုပ်လုပ်နေတဲ့ ကုမ္ပဏီက နိုင်ငံတကာ ကုမ္ပဏီ။ လခကောင်းတယ်။ ပရိုဂရမ်းမင်းကို ဝါသနာ ပါပေမယ့်လည်း ပိုက်ဆံရတဲ့အလုပ် လုပ်ရတာပေါ့ကွာ။" လို့ သူက ပြန်ဖြေပါတယ်။
သူပြောတဲ့ စကားကို ကြားရတော့ ကျွန်တော် အချိန် အတော်ကြာအောင် ငိုင်သွားပါတယ်။ ကျွန်တော့်ကို ပြောပြတဲ့သူကတော့ ဘာမှမဖြစ်သလို ခပ်ပြုံးပြုံးပါဘဲ။ တကယ်ဝါသနာ ပါတဲ့ ကျွမ်းကျင်တဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်း လုပ်ချင်ပေမယ့်လည်း လုပ်စရာ နေရာ မရှိလို့ မလုပ်ရတဲ့ သူ့လို လူမျိုးတွေ ကမ္ဘာပေါ်မှာ ဘယ်လောက်များနေလဲ ဆိုတာ တွေးမိပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့လည်း ဘာပဲဖြစ်ြဖစ် ရထားတဲ့ ဘွဲ့လက်မှတ်သုံးပြီး ပိုက်ဆံရှာလို့ ရတာတော့ နည်းနည်းတော်သေးတယ် ပြောရမှာပေါ့ လို့ပဲ ဖြေပြီး တွေးလိုက်မိပါတယ်။
Search This Blog
Friday, April 30, 2010
Thursday, April 22, 2010
နည်းနည်းလေးတော့ လွဲနေတယ်
ရန်ကုန်တက္ကသိုလ်မှာ ကွန်ပြူတာဌာန စဖွင့်တဲ့အချိန်တုန်းက ရန်ကုန်တက္ကသိုလ် သင်္ချာတွက်စက်ဌာန ဆိုတဲ့ နာမည်နဲ့ စခဲ့တယ်လို့ ကြားဖူးပါတယ်။ ကွန်ပြူတာ သင်ဖို့ နိုင်ငံခြားကို ပညာတော်သင် လွှတ်လိုက်တဲ့သူတွေ ပြန်လာတဲ့ အခါကျမှ ကွန်ပြူတာဆိုတာ သင်္ချာတွက်စက် သက်သက် မဟုတ်မှန်း သိလို့ ရန်ကုန်တက္ကသိုလ် ကွန်ပြူတာဌာန ဆိုပြီး ပြန်ပြောင်းခဲ့တယ် လို့ ဆိုပါတယ်။ အဲဒါက ACE မှာ ကွန်ပြူတာ သင်တန်း တက်တုန်းက ဆရာ ဦးသိန်းဦး ပြောပြခဲ့ဖူးတာပါ။
ကျွန်တော်တို့ တတွေတော့ ကွန်ပြူတာကို စသုံးကတည်းက အင်္ဂလိပ်လို သုံးလာခဲ့တာမို့ ကွန်ပြူတာနဲ့ ပတ်သက်တဲ့ အခေါ်အဝေါ်တွေကို မြန်မာလို ကြားရရင် နားထဲမှာ ကန့်လန့်ကြီး ဖြစ်နေတတ် ပါတယ်။ Hardware ကို အမာထည်၊ Software ကို အနုထည်လို့ ရေးထားတာမျိုး ဖတ်ရရင် စိတ်ထဲမှာ ကျလိကျလိ ဖြစ်နေတတ်ပါတယ်။ မြန်မာလိုသာ တိုက်ရိုက်ဘာသာပြန် ရရင် ဖိုရမ်ထဲမှာ ဖတ်ဖူးသလို Plug and Play ကို စွပ်ပြီးဆော့ လို့ ပြန်တာမျိုး ဖြစ်နေပါလိမ့်မယ်။ အခုနောက်ပိုင်း မြန်မာလို ဘာသာပြန်ထားတဲ့ ဆော့ဖ်ဝဲလ်တွေမှာ "သိမ်းပါ" တို့ "ဆက်မလုပ်ရန်" တို့တွေ့ရင် ကိုယ်က အင်္ဂလိပ်လို အမြဲသုံးနေကျမို့ တခါတလေ ဘာကို ဆိုလိုချင်မှန်း မသိအောင်ကို အူကြောင်ကြောင် ဖြစ်နေတတ် ပါတယ်။
ဒါပေမယ့်လည်း ကမ္ဘာပေါ်မှာ သုံးနေတဲ့ ဆော့ဖ်ဝဲလ်တိုင်းက အင်္ဂလိပ်လို ရေးထားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဥရောပကို စက်တွေရောင်းတာ အတော်များလာတော့ ဥရောပ အရောင်းကိုယ်စားလှယ်တွေက စက်ပေါ်မှာ ရေးထားတဲ့ ဆော့ဖ်ဝဲလ်ကို ဘာသာပြန်ခိုင်းပါတယ်။ ကျွန်တော်တို့က မင်းတို့ ဥရောပမှာ အင်္ဂလိပ်လို မတတ်ကြဘူးလား။ အင်္ဂလိပ်လို ရေးထားတော့ သုံးမရဘူးလားလို့ နှက်တော့ သူတို့က အင်္ဂလိပ်လိုတော့ တတ်တာပေါ့ကွာ။ ဒါပေမယ့် တခြားစက်တွေက အကုန်လုံး ဥရောပက ထုတ်တဲ့စက်တွေ ဆိုတော့ ဥရောပမှာ သုံးတဲ့ ဘာသာစကားတွေနဲ့ ဘာသာပြန်ပြီးသား ပါတယ်။ ငါတို့က ဘာသာ မပြန်ရင် ငါတို့သူများနဲ့ မယှဉ်နိုင်ပဲ နေလိမ့်မယ်လို့ ပြန်ပြောပါတယ်။ ဒီလိုနဲ့ ဂျာမနီကို ပို့မယ့် စက်တစ်လုံးက ဆော့ဖ်ဝဲလ်ကို ကျွန်တော်တို့ ဘာသာပြန်ကြပါတယ်။ ကျွန်တော်တို့က သူတို့ကို ကွန်ပြူတာ ပေါ်မှာ ပေါ်သမျှ မီနူးတွေ ခလုပ်တွေမှာ ပါသမျှ အင်္ဂလိပ်စာတွေ ၊ Error တက်လာရင် ပေါ်တဲ့ Message တွေကို စာရင်းလုပ်ပေးရပါတယ်။ သူတို့က အဲဒီစာတွေကို ဘာသာပြန်ပြီး ကျွန်တော်တို့ကို ပြန်ပို့ ပေးပါတယ်။
အဲဒီစာတွေ အကုန်လုံးကို ဆော့ဖ်ဝဲလ်ထဲ ရိုက်ထည့်လိုက်လို့လည်း မဖြစ်သေးပါဘူး။ အဲဒါဆို ကျွန်တော်တို့ ကိုယ့်စက်ကိုယ် ပြင်တဲ့အချိန် ဒီလောက် ခလုပ်တွေ အများကြီးထဲက ဘယ်ခလုပ် နှိပ်လို့ နှိပ်ရမှန်း မသိဘဲ မြွေကိုက်မှာပါ။ အဲဒါကြောင့် ဖိုင်ထဲမှာ အင်္ဂလိပ်စာ တခြမ်း ဂျာမန်စာ တခြမ်း ထည့်ပြီး ဘာသာစကား နှစ်မျိုး သုံးလို့ရအောင် လုပ်ပေးရပါတယ်။ အခုနောက်ပိုင်း ထွက်တဲ့ C# လို ဆော့ဖ်ဝဲလ်မျိုးမှာ ဘာသာပြန်ဖို့ လွယ်ပေမယ့် နိုင်တီးဂွမ်တီးက Visual Basic 6 နဲ့ ရေးထားတဲ့ ဆော့ဖ်ဝဲလ်မျိုးကိုတော့ ဘာသာ ၂မျိုး ထွက်အောင် ပြန်ပြင်ရတာ အတော်စားပါတယ်။ ဘာသာ ၂ မျိုးနဲ့ စပြီး သုံးခါစက အင်္ဂလိပ်လို ပေါ်လိုက် ဂျာမန်လို ပေါ်လိုက် တောင်တခြမ်း မြောက်တခြမ်း ဖြစ်နေပေမယ့် နောက်တော့လည်း ပြင်ရင်း ပြင်ရင်းနဲ့ အဆင်ပြေသွားပါတယ်။ စက်မှာသုံးတဲ့ ဆော့ဖ်ဝဲလ်ကို ဂျာမန်လို ပြီးတော့ ပြင်သစ်လို၊ ဒတ်ချ်လို နောက်တော့ စပိန်လို ကျွန်တော်တို့ ဘာသာပြန်ကြပါတယ်။ ကျွန်တော်မှတ်မိသလောက်တော့ OK ဆိုတဲ့ စာလုံးက လွဲရင် ကျန်တဲ့စာလုံး အကုန် ဘာသာပြန်ရပါတယ်။ OK ကတော့ ဘာသာစကား အတော်များများမှာ ဒီစာလုံးပါပဲ။ ဒါပေမယ့်လည်း ကျွန်တော်တို့ ကိုယ်တိုင် ဘာသာပြန်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က အင်္ဂလိပ်လို ရေးပေးပြီး တခြားသူကို ပိုက်ဆံပေးပြီး ဘာသာပြန် ခိုင်းတာပါ။ နောက်ပိုင်းမှာတော့ ဥရောပကို သွားတဲ့ စက်တိုင်းလိုလိုမှာ ဘာသာစကား ၂ မျိုးစီ ထည့်ပေးရပါတယ်။
ကျွန်တော်က ဆော့ဖ်ဝဲလ်ရေးတဲ့သူပေမယ့် စက်တစ်လုံး မထွက်ခင် ကွာလတီ စစ်တဲ့ ကိစ္စတွေလည်း ပါရပါသေးတယ်။ ဥရောပက ကွန်ပလိန်း အတော်များများက ကျွန်တော့်ဆီ ရောက်တာမို့ သူတို့ ဘယ်နေရာ ကွန်ပလိန်း တက်တတ်တယ် စက်ကို ဘယ်လို ကလိတတ်တယ် ဆိုတာ ကျွန်တော် ကောင်းကောင်း သိထားပါတယ်။ အဲဒီတော့ စက်ပို့လိုက်ရင် သူတို့ဆီက ကွန်ပလိန်း သိပ်မလာအောင် ကြိုကန်ပေးရတဲ့ သဘောပါ။ ဒါပေမယ့်လည်း ဘယ်သူရေးလိုက်တဲ့ ဆော့ဖ်ဝဲလ် ဖြစ်ဖြစ် ကွန်ပလိန်း တက်ရင် ကျွန်တော် ရှင်းပေးရပါတယ်။
ဒီလိုနဲ့ တစ်နေ့တော့ ကျွန်တော်တို့ ဟော်လန်ကို စက်တလုံး ပို့ပါတယ်။ ဒတ်ချ်ဘာသာ ပြန်ပြီးသား ဖိုင်က အသင့်ရှိတော့ စက်မှာ အဲဒီ ဒတ်ချ်ဘာသာ ဖိုင်ထဲက စာတွေကို ကူးပြီး ထည့်ပေးလိုက်ပါတယ်။ ဒါပေမယ့်လည်း စက်ရောက်သွားပြီး မကြာခင်မှာပဲ အေးဂျင့်က ကျွန်တော့်ကို ဖုန်းဆက်ပါတယ်။
"မင်းကောင်တွေတော့ လုပ်ထည့်လိုက်ပြန်ပြီကွာ။"
"ဘာဖြစ်လို့လဲလို့"
"ဘာဖြစ်ရမလဲ။ ဒတ်ချ်လို ဘာသာပြန်ပါ ဆိုတာကို ဟော်လန်ပို့တဲ့စက်ကို ဂျာမန်လို ဘာသာပြန် ထည့်လိုက်တယ်။ သေသေချာချာ မစစ်ကြဘူး။"
သူက တခြား အင်ဂျင်နီယာ တစ်ယောက် လုပ်လိုက်တာလို့ ထင်ပါတယ်။ အမှန်တကယ်ကတော့ အဲဒီစက်က ကျွန်တော် လုပ်လိုက်တဲ့စက်ပါ။ အဲဒါနဲ့ ကျွန်တော်က ပြန်ပြောပါတယ်။
"မမှားပါဘူး။ တခြားသူ လုပ်တာလည်း မဟုတ်ဘူး။ အဲဒီစက်ကို ဘာသာပြန်တာ ငါပြန်တာ။ ငါသေသေချာချာ ကြည့်လိုက်တာပဲ။ ဒတ်ချ်လို ဘာသာပြန်ထားတာ သေချာပါတယ်။"
သူကလည်း အတင်းငြင်းပါတယ်။
"သေချာတယ်။ ဂျာမန်လိုမှ ဂျာမန်လို ရေးထားတာ။ ငါဒတ်ချ်လိုရော ဂျာမန်လိုရော တတ်တယ်။ ငါအခု စက်ဘေးမှာ ရှိနေတယ်။ မင်းပြန်စစ်ကြည့်ဦး။"
ကျွန်တော်လည်း အဲဒီစက်မှာ ပါသွားတဲ့ ဆော့ဖ်ဝဲလ်နဲ့ ဘာသာပြန် ဖိုင်ကို ချက်ချင်း စစ်ပြီး ဖွင့်ကြည့်ပါတယ်။ အဲဒီဖိုင်ရဲ့ ခေါင်းစဥ်ကို ကျွန်တော်မြင်တာက ဒတ်ချ်ဘာသာ မှ ဒတ်ချ်ဘာသာ အစစ်ပါ။ အဲဒါနဲ့ ကျွန်တော်က သူ့ကို ပြန်ပြောပါတယ်။
" ငါအခုကြည့်ပြီးပြီ။ သေချာတယ်။ ဒတ်ချ်လို ဘာသာပြန်ထားတဲ့ဖိုင်။ ဒီမှာ အပေါ်မှာ Deutsch လို့ ရေးထားတယ်။"
အဲဒီလို ပြောတာ ကြားတော့ ဥရောပရုံးက အေးဂျင့်က ဟိုဖက်ကနေ ဟက်ဟက်ပက်ပက် အော်ရယ်ပါတယ်။
"မိုင်ဂေါ့ဒ်။ Deutsch ဆိုတာ ဂျာမန်စာကို ပြောတာကွ။ ဒတ်ချ်ကို Dutch လို့ ပေါင်းတယ်" လို့ သူက ပြန်ပြောပါတယ်။ အဲဒီတော့ ကျွန်တော့ ဘေးနားမှာ ရှိနေတဲ့ မန်နေဂျာက ဝင်ပြောပါတယ်။
"အေးလေကွာ။ ဘယ်သိမှာလဲ။ ငါတို့ သိတာ ဒတ်ချ်လို့ သိတာပဲ။ မင်းတို့ အခုပြောမှ Deutsch ဆိုတာ ဂျာမန်စာကို ခေါ်တာမှန်း ငါလည်း သိတာ။ အပေါ်မှာ ဂျာမန်လို့ ရှင်းရှင်းလင်းလင်း ရေးပါလား။"
"ရတယ်။ မသိလို့ မှားတာ ကိစ္စမရှိပါဘူး။ ငါတို့ကို ဒတ်ချ်ဘာသာ ဖိုင်သာ ပို့ပေးလိုက်။ ကိုယ့်ဘာသာကိုယ် လိုတာ ထပ်ထည့်လိုက်မယ်။" လို့ သူက ပြန်ပြောပါတယ်။ ဒီလိုနဲ့ ဇာတ်လမ်း ပြတ်သွားပါတယ်။
အဲဒီတော့မှ Deutsch ဆိုတာ ဂျာမန်ဘာသာ Deutschland ဆိုတာ ဂျာမနီကို ခေါ်တယ် ဆိုတာ ကျွန်တော်တို့ သိလိုက်ရပါတယ်။ မှားတဲ့ အခါလည်း မှားပေဦးမှာပေါ့။ Deutsch နဲ့ Dutch ကလည်း သိပ်ကွာတာမှ မဟုတ်တာ။

Labels:
ဂျာမနီ,
ဟော်လန်,
အတွေ့အကြုံ,
ဥရောပ
Wednesday, April 7, 2010
Facebook ကိုက်တဲ့ ရောဂါ
အသက် ၇၆ နှစ်ရှိပြီ ဖြစ်တဲ့ အမျိုးသမီးကြီးဟာ Clearview စွဲလမ်းမှု ကုသရေး ဆေးခန်းရဲ့ စင်္ကြန်လမ်းမှာ လျှောက်လာရင်း သူသွားချင်တဲ့ ကုသရေး ဌာနကို ရှာနေပါတယ်။ သူမဟာ ဘိန်းဖြူစွဲခြင်း ကုသရေးဌာန၊ ဆေးလိပ်စွဲခြင်း ကုသရေးဌာန၊ ဘင်ဂိုစွဲခြင်း ကုသရေးဌာန စတဲ့ ဆိုင်းဘုတ်တွေကို ဖြတ်ကျော် လာပြီးတဲ့ နောက်မှာတော့ သူမရှာနေတဲ့ "Facebook စွဲခြင်း ကုသရေးဌာန" ကို တွေ့သွားပါတယ်။
အဲဒီဌာနကတော့ ဆေးခန်းတစ်ခုလုံးမှာ အလုပ်အများဆုံး ဌာနပါ။ အခန်းထဲမှာ ကုသဖို့ စောင့်နေတဲ့သူ ၃ ဒါဇင် နီးပါးလောက် ရှိပါတယ်။ အတော်များများကတော့ သူတို့ရဲ့ ဘလက်ဘယ်ရီတွေ အိုင်ဖုန်းတွေကို မျက်နှာသေ တွေနဲ့ စိုက်ကြည့် နေကြပါတယ်။ ဆံပင်တွေ ရှုပ်ပွနေတဲ့ လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ကတော့ အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း "ငါ့နွားတွေကို နို့ညှစ်ရတော့မယ်။ ငါ့နွားတွေကို နို့ညှစ်ရတော့မယ်။" လို့ တဖွဖွ ရေရွတ် နေပါတယ်။
အသက် ၂၀ လောက် ယောက်ျားတစ်ယောက်ကတော့ ကြမ်းပြင်ပေါ်မှာ မှောက်ရင်း သူ့ရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ထားပါတယ်။ ဘေးနားက ဆံပင်ကောက်ကောက်နဲ့ အမျိုးသမီးတစ်ယောက်က သူ့ကို နှစ်သိမ့်နေပါတယ်။
"ဘာမှ စိတ်မပူပါနဲ့။ အားလုံး အဆင်ပြေသွားမှာပါ။"
"ငါနားမလည်နိုင်တာပါ။ ငါ့ရဲ့ update က LOL တန်တဲ့ အရာမျိုးလို့ ထင်တာပဲ။ ဒါပေမယ့် ငါ့သူငယ်ချင်းတွေ တစ်ယောက်မှ Like ဆိုတဲ့ ခလုပ်ကလေးတောင် မနှိပ်ကြဘူး။"
"ဘယ်လောက်ကြာပြီလဲ။"
"ငါးမိနစ်လောက်တောင် ရှိသွားပြီ။ ဒါက ပြင်ပကမ္ဘာမှာ ၅ လနဲ့ ညီတယ်လေ။"
အသက် ၇၆ နှစ် အမျိုးသမီးကြီးက သူမရဲ့ နာမည်ကို ခေါ်တဲ့အထိ စောင့်နေပါတယ်။ နောက်တော့ သူမက ဧည့်ကြိုကောင်မလေး နောက်ကနေပြီး Facebook စွဲလမ်းမှု အကြံပေး အဲလ်ဖရက်ဇူးလူးရဲ့ ရုံးခန်းထဲကို လိုက်ဝင်သွားပါတယ်။
"ထိုင်ပါ အက်ဒ်နာ။ ပြီးရင် ဘယ်လိုစဖြစ်သလဲ ဆိုတာ ကျွန်တော့်ကို ပြောပြပါ။" သူက နွေးထွေးတဲ့ အပြုံးနဲ့ ဆီးကြိုပြီး ပြောပါတယ်။
"အင်း။ ပြောရရင်တော့ ငါ့မြေးရဲ့ အပြစ်ပဲ။ သူက ငါ့ကို Facebook ကို ဝင်ဖို့ ဖိတ်တယ်လေ။ အဲဒီမတိုင်ခင်က ငါ Facebook ဆိုတာ ကြားတောင် မကြားဖူးဘူး။ ဒါပေမယ့် ငါက အမြဲတမ်း စာအုပ်ထဲ မျက်နှာအပ်ထားတဲ့ သူဆိုတော့ အဲဒါ ငါနဲ့သင့်တော်တဲ့ နေရာလို့ ထင်မိတာပေါ့။"
"ဘယ်လောက် အကြာမှာ စပြီး စွဲသွားသလဲ။"
"Profile တစ်ခု လုပ်တာထက်တောင် ပိုမြန်တယ်လို့ ထင်တာပဲ။ ငါ အနည်းဆုံး တစ်နေ့ကို ၈ ကြိမ် Facebook ကို ဝင်ဖြစ်တယ်။ ညဖက်မှာတော့ အများဆုံးပဲ။ တခါတလေဆိုရင် ငါညလယ်ခေါင်ကြီး ထပြီး ကြည့်မိတယ်။ အိန္ဒိယက ငါ့သူငယ်ချင်း အသစ်တစ်ယောက်က update တွေများ လုပ်ထားမလား ဆိုပြီးတော့ပေါ့။ ငါ့ယောက်ျားကတော့ မကြိုက်ဘူး။ သူကတော့ ပြောတယ်။ ခင်မင်မှု ဆိုတာ တန်ဖိုး ရှိတယ်။ Outsource မလုပ်သင့်ဘူးတဲ့။"
"Facebook မှာ ဘယ်အရာကို အကြိုက်ဆုံးလဲ။"
"အဲဒီနေရာမှာက ဘဝဆိုတာ တကယ် ရှိတယ်လို့ ခံစားရတယ်လေ။ တကယ့် အပြင်လောကမှာတော့ ငါ့မှာ သူငယ်ချင်း ၅ ယောက် ၆ ယောက်ပဲ ရှိတယ်။ Facebook ထဲမှာတော့ သူငယ်ချင်း ၆၇၄ ယောက်တောင် ရှိတယ်။ Juan Carlos Montoya နဲ့တောင်မှ သူငယ်ချင်း ဖြစ်သေးတယ်။"
"သူက ဘယ်သူလဲဟင်။"
"အဲဒါတော့ ငါမသိဘူး။ သူ့မှာ သူငယ်ချင်း ၄၀၀၀ တောင် ရှိတာဆိုတော့ နာမည်ကြီး တစ်ယောက် ဖြစ်မှာပေါ့။"
"အင်း။ ကျွန်တော်သိပြီ။ Facebook က ခင်ဗျားကို အဆက်အသွယ်တွေ ရအောင် အကူအညီပေးတာကိုး။"
"အင်း။ ဟုတ်ပါရဲ့။ ငါတော့ အထက်တန်းကျောင်းတုန်းက ကောင်မလေးတွေနဲ့တောင် ပြန်အဆက်အသွယ် ရတယ်။ ငါအခုထက်ထိ သူတို့ကို ကောင်မလေးတွေလို့ ခေါ်နေတုန်းပဲ။ ငါသူတို့နဲ့ အဆက်အသွယ် မရတာ နှစ်ပေါင်းများစွာ ကြာလှပြီ။ အဲဒီတော့ သူတို့ရဲ့ Profile တွေကို ကြည့်ပြီး ဘယ်သူကတော့ အငြိမ်းစား ယူသွားပြီ၊ ဘယ်သူကတော့ အလုပ်လုပ်နေတုန်းပဲ။ ဘယ်သူကတော့ ယောက်ျားနဲ့ ကွဲသွားပြီ။ ဘယ်သူကတော့ အပြင်မှာ ဇာတ်လမ်းတွေ ရှုပ်နေတယ်။ ဘယ်သူကတော့ အလုပ်ဖြစ်နေတယ် ဆိုတာမျိုး မှန်းဆကြည့်ရတာ ပျော်စရာ ကောင်းတယ်။ ငါက သူတို့ရဲ့ ဓာတ်ပုံတွေ လျှောက်ကြည့်နေရတာ။ သူတို့ရဲ့ update တွေ ဖတ်နေရတာကို ကြိုက်တယ်။ သူတို့ ဘယ်ကို အပန်းဖြေခရီး သွားကြတယ်။ ဘယ်ရုပ်ရှင် ကြည့်ကြတယ်။ သူတို့ရဲ့ အိမ်သာစက္ကူကို အပေါ်မှာ ချိတ်သလား အောက်မှာချိတ်သလား ဆိုတာတွေ ကို သိရတယ်လေ။ သူတို့ထဲက တချို့နဲ့ ဂိမ်းတစ်ခုကိုတောင် ငါဆော့နေတာ။"
"ကျွန်တော် တွေးကြည့်မယ်။ အဲဒါ Farmville မဟုတ်လား။"
"မဟုတ်ဘူး။ Mafia Wars။ ငါက Hitman။ အက်ဒ်နာကို ဘယ်သူမှ ရီးတီးယားတား လာလုပ်လို့ မရဘူး။"
"ခင်ဗျားအနေနဲ့ သူငယ်ချင်းတွေ ကို အပြင်မှာ တွေ့ကြည့်ရင် ပိုမကောင်းဘူးလား။
"ဟင့်အင်း။ မကောင်းဘူး။ Facebook ပေါ်မှာက ပိုလွယ်တယ်။ ငါတို့အနေနဲ့ ဘာမှ ဝတ်ကောင်းစားလှ ဝတ်နေစရာမလိုဘူး။ ရေချိုးပြီး ရေမွှေးတွေ ဘာတွေ ဆွတ်ဖို့ ပါးစပ်ဆေးဖို့တွေ ဘာတွေလည်း မလိုဘူး။ အဲဒါက Facebook မှာ အကောင်းဆုံး အချက်ပဲ။ ဘယ်သူ့ရဲ့ အနံ့ကိုမှ မရနိုင်ဘူး။ လူတိုင်းက စွဲဆောင်မှု ရှိတယ်လေ။ ဘာလို့လဲ ဆိုတော့ လူတိုင်းက Profile မှာပြဖို့ ပုံကောင်းကောင်း တင်ကြတာ ချည်းပဲ။ ငါ့ရဲ့ မိန်းကလေးလို့ ခေါ်တဲ့ အထဲက သူငယ်ချင်းတစ်ယောက်ရဲ့ Profile မှာ ပြထားတဲ့ ဓာတ်ပုံက အင်းငါ အသေအချာ ပြောရဲပါတယ်။ အိုင်ဆင်ဟောင်ဝါ ခေတ်က ဓာတ်ပုံဆိုတာ။"
"ခင်ဗျားကရော ဘယ်ပုံ သုံးသလဲ။"
"အင်း။ ငါ ၅ နာရီလောက် အချိန်ပေးပြီး Profile မှာ တင်ဖို့ပုံကို ရှာတယ်။ ဒါပေမယ့် ငါကြိုက်တာ တစ်ပုံမှ မတွေ့ဘူး။ အဲဒါကြောင့် အနီးအနားက အလှပြင်ဆိုင်ကို သွားဖို့ ငါဆုံးဖြတ်လိုက်တယ်။"
"ခင်ဗျားဘာသာ ပိုလှသွားအောင် ပြင်ဖို့လား။"
"မဟုတ်ဘူး။ ငါအဲဒီက ကောင်မလေး ငယ်ငယ်လေး တစ်ယောက်ရဲ့ ဓာတ်ပုံကို ယူဖို့။ အဲဒါ ငါအခု သုံးနေတဲ့ ပုံပဲ။"
"ခင်ဗျားရဲ့ သူငယ်ချင်းတွေက ခင်ဗျား အပြင်က ပုံနဲ့မတူတာကို သတိမထားမိကြ ဘူးလား။"
"တစ်ချို့ကတော့ သိတယ်။ ဒါပေမယ့် ငါသူတို့ကို ငါ ယောဂတွေ အများကြီး လုပ်တယ်လို့ ပြောထားတာပေါ့။"
"ဘယ်အချိန်က စပြီး Facebook သုံးတာ ပြသနာတစ်ခု ဖြစ်နေပြီလို့ ထင်လာတာလဲ။"
"အရင် တနင်္ဂနွေညကပေါ့။ ငါ Facebook ပေါ်မှာ ရှိနေတုန်း ငါ့ရဲ့ Wall ပေါ်မှာ ငါ့ယောက်ျား ရေးထားတဲ့ မက်ဆေ့ တစ်ခု တွေ့တယ်။ "ငါ လွန်ခဲ့တဲ့ ၅ ရက်က အိမ်ကနေ ပြောင်းသွားတယ်တဲ့။ မင်းသိသင့်တယ်လို့ ထင်လို့" ဆိုပြီးတော့ပေါ့။"
"အဲဒီတော့ ခင်ဗျားက ဘာလုပ်လိုက်သလဲ။"
"ဘာလုပ်ရမလဲ။ ရှင်းရှင်းလေးပဲ။ သူ့ကို Facebook သူငယ်ချင်းစာရင်း ထဲကနေ ဖျက်ပစ်လိုက်တာပေါ့။"
(Forward mail ထဲက ရတဲ့ ဟာသတစ်ခုကို ဘာသာပြန်ထားတာပါ။)

ပေါက်တတ်ကရ,
ဘာသာပြန်,
ဟာသ
Thursday, April 1, 2010
လန်ဒန်-ဘေဂျင်း-စင်ကာပူ ရထားလမ်း
အရင်တစ်ပတ် စနေနေ့က စင်ကာပူနိုင်ငံထုတ် စထရိတ်တိုင်းမ် သတင်းစာရဲ့ မျက်နှာဖုံးမှာ ပါလာတဲ့ ဘေဂျင်း-လန်ဒန် ၂ရက်နဲ့ သွားမယ့် မီးရထားလမ်း ခရီးစဥ်က ဖတ်ရတဲ့သူ အတော်များများကို အံ့သြသွားစေပါတယ်။ စင်ကာပူမှာ မျက်နှာဖုံးသတင်း ပါလာရတဲ့ အကြောင်းကတော့ တရုတ်နိင်ငံက ဘေဂျင်း-လန်ဒန် ခရီးစဥ် အပြင် ဘေဂျင်းနဲ့ စင်ကာပူ မီးရထားလမ်း ဖောက်ဖို့ အတွက်လည်း အစီအစဥ် ရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီရထားက ဘေဂျင်းကနေ စင်ကာပူကို တည့်တည့် သွားမှာတော့ မဟုတ်ပါဘူး။ ဒီဒေသအတွင်းမှာ ရှိတဲ့ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနဲ့ မလေးရှားကို တကွေ့တပတ်ကြီး ဖြတ်ပြီးမှ စင်ကာပူကို ရောက်မယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်၊ ဗီယက်နမ်မှာ ဟိုချီမင်း စီးတီး၊ မလေးရှားမှာ ကွာလာလမ်ပူ မြို့တွေကို ဖြတ်သွားမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ မြစ်ကြီးနားမြို့ကိုပဲ ဖြတ်သွားမယ်လို့ စထရိတ်တိုင်းမ် သတင်းမှာ ရေးထား ပါတယ်။ အဲဒီ ရထားလမ်းမှာ ပြေးမယ့်ရထားက တစ်နာရီကို ကီလိုမီတာ ၃၂၀ ကျော် သွားနိုင်တဲ့ တရုတ်နိုင်ငံက နောက်ဆုံးထုတ် ကျည်ဆန်ရထားပါ။ ရထားလမ်းကို ၁၀နှစ်အတွင်းမှာ အပြီးဖောက်မယ်လို့ သိရပါတယ်။ သတင်းကို သိချင်ရင် စထရိတ်တိုင်းမ် အွန်လိုင်းစာမျက်နှာမှာ ကြည့်နိုင်ပါတယ်။
အဲဒီသတင်း ဖတ်ရတော့ မြန်မာနိုင်ငံကနေ စင်ကာပူကို ကျည်ဆန်ရထားနဲ့ သွားလို့ရတာတော့ ဟုတ်ပါပြီ။ စင်ကာပူ သွားဖို့အရေး မြစ်ကြီးနား အထိ ရထားသွားစီးရမယ် ဆိုတာကတော့ သိပ်တော့ အထာမကျဘူးလို့ စိတ်ထဲမှာ ထင်မိပါတယ်။ မြစ်ကြီးနားကို လေယာဥ်ပျံနဲ့ သွားပြီး ရထား သွားစီးရမယ့် အတူတူတော့ စင်ကာပူကိုပဲ လေယာဥ်ပျံနဲ့ သွားတော့မှာပေါ့လို့ တွေးပါတယ်။ စိတ်ထဲမှာ မကျေလည်တာနဲ့ Google ထဲမှာ ဟိုရှာဒီရှာနဲ့ လိုက်ရှာကြည့်လိုက်တော့မှ ဒါကြောင့်ကိုး ဆိုတာ သိသွားပါတယ်။
စထရိတ်တိုင်းမ် သတင်းက စင်ကာပူနဲ့ ဘေဂျင်းဆက်မယ့် ရထားလမ်း အကြောင်းကိုပဲ ဦးစားပေး ရေးထားပါတယ်။ တရုတ်နိုင်ငံက သတင်းစာမျက်နှာတွေထဲမှာတော့ စထရိတ်တိုင်းမ်မှာ မပါတဲ့ သတင်းတွေ ရှိပါသေးတယ်။ ဘေဂျင်းကနေ စင်ကာပူကို သွားတဲ့ ရထားလမ်းဟာ မြစ်ကြီးနားကိုပဲ ဖြတ်သွားမယ် ဆိုပြီး စထရိတ်တိုင်းမ်ထဲမှာ ရေးထားတာလည်း မှန်ပါတယ်။ ဒါပေမယ့် အဲဒီရထားလမ်းနဲ့ ဆက်စပ်ဖို့အတွက် ဒေသအတွင်း ရထားလမ်းတွေလည်းဖောက်ဖို့ တရုတ်နိုင်ငံက စီစဥ်နေတယ်လို့ ဆင်ဟွာ သတင်းစာမျက်နှာမှာ ရေးထားပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာတော့ မြစ်ကြီးနားကနေ မန္တလေးနဲ့ နေပြည်တော်ကို ဖြတ်ပြီး ရန်ကုန်အထိ ဖောက်မယ်လို့ အဲဒီမှာ တွေ့လိုက်ရပါတယ်။
၁နာရီကို ကီလိုမီတာ ၃၂၀ကျော် သွားတဲ့ အဲဒီရထားဟာ မြစ်ကြီးနားကနေ ရန်ကုန်အရောက် ၄နာရီကျော် ကြာမယ်လို့ သိရပါတယ်။ အခုလက်ရှိ မြစ်ကြီးနား-ရန်ကုန် ရထားလမ်းက ကျည်ဆန်ရထား ပြေးလို့ မရတဲ့အတွက် အဲဒီရထားလမ်းကို မသုံးဘဲ ကျည်ဆန်ရထားအတွက် ရထားလမ်း အသစ် ဖောက်မှာပါ။ အဲဒီလို ရထားလမ်း ဖောက်ဖို့ တရုတ်က ငွေနဲ့ နည်းပညာပဲ စိုက်ထုတ်ပြီး မြန်မာနိုင်ငံ ကတော့ ဆောက်လုပ်တဲ့နေရာမှာ လိုအပ်တဲ့ ဓာတ်သတ္တု တွေနဲ့ အလုပ်သမားတွေ ပေးရမယ်လို့ သိရပါတယ်။ အဓိကက လိုအပ်တဲ့ ဓာတ်သတ္တု ကတော့ လစ်သီယမ်ပါ။ လစ်သီယမ်ကို ဘယ်မှာ သုံးမလဲတော့ သေသေချာချာ မသိပါဘူး။ ဒါပေမယ့် အလဲအလှယ် အနေနဲ့ မြန်မာနိုင်ငံအတွင်း ရထားလမ်းအတွက်တွင် မကပဲ တခြားရထား လမ်းပိုင်းတွေမှာ လိုအပ်တဲ့ ဓာတ်သတ္တုတွေလည်း တရုတ်ကို ရောင်းချပေးဖို့ သဘောတူ ထားတယ်လို့ သိရပါတယ်။
တရုတ်ကတော့ စေတနာတွေ ဗလပွနဲ့ လုပ်ပေးတာ မဟုတ်ပါဘူး။ သူ့အတွက် အကျိုးအမြတ်ရှိလို့ လုပ်ပေးတာပါ။ အခု ရထားလမ်းက တရုတ်ပြည်ထဲနဲ့ ပင်လယ်ထွက်ပေါက်ကို အလွယ်တကူ ဆက်ပေးဖို့လို့ ဆိုပါတယ်။ ဘယ်လိုပဲ ဖြစ်ြဖစ် ကိုယ့်ဘာသာကိုယ် ထွင်ရင် နောက် ဘယ်နှစ်နှစ်ကြာမယ်မှန်း မသိတဲ့ ရထားလမ်း တစ်ခု တရုတ်ကြီး ကျေးဇူးနဲ့ ရမယ် ဆိုတော့ မဆိုးသေးဘူးလို့ ထင်ပါတယ်။ နောက်ဆိုရင် ရန်ကုန်ကနေ စင်ကာပူကို သွားဖို့အတွက် မြစ်ကြီးနားကို ရထားစီးသွားပြီး မြစ်ကြီးနားကနေ စင်ကာပူကို ရထားနဲ့သွား အဲဒီလို ဆိုရင်တော့ မဆိုးသေးဘူးလို့ ဆိုရပါမယ်။ ဘယ်လိုပဲ ဖြစ်ြဖစ် လေယာဥ်ပျံလက်မှတ် အခက်အခဲ ဖြစ်တဲ့အချိန်ဆိုရင်တော့ အထောက်အကူ ဖြစ်မှာပါ။
ဆက်စပ်မှု ရှိမရှိ မသိပေမယ့် ဒီနေ့က စပြီး မြန်မာသံရုံးမှာ စက်ကနေ ဖတ်လို့ရတဲ့ ပတ်စ်ပို့ (Machine Readable Passport) ပြောင်းလဲဖို့အတွက် ပတ်စ်ပို့ သက်တမ်းတိုးတာကို တစ်လ ရပ်နားမယ်လို့ ကြေငြာထားပါတယ်။ အဲဒီကိစ္စနဲ့ ဆက်စပ်ပြီး ကျွန်တော်တို့တွေ အကြာကြီး မျှော်လင့် ခဲ့ရတဲ့ အိပ်မက်ကြီး တစ်နှစ် နှစ်နှစ်အတွင်း အကောင်အထည် ပေါ်တော့မယ်လို့လည်း သတင်းကြား ရပါတယ်။ အာဆီယံ ဒေသအတွင်း မြန်မာပတ်စ်ပို့ ကိုင်ပြီး ဗီဇာမလိုပဲ သွားလာနိုင်ဖို့ ဆိုတဲ့ ကိစ္စပါ။ ဗီဇာ မလိုဘဲ သွားလာနိုင်ဖို့ ပထမဆုံး လိုအပ်တဲ့ ပတ်စ်ပို့စ်ကို ပြောင်းလဲတာလို့ ကြားရပါတယ်။ မကြာခင်မှာ နောက်အဆင့်တွေ ဆက်ပြီး သွားတော့မယ် လို့လည်း ပြောပါတယ်။ ဗီဇာကင်းလွတ် သွားလာနိုင်မယ် ဆိုပေမယ့်လည်း ဝင်ခွင့်ပေးဖို့ မပေးဖို့ ဆိုတဲ့ ကိစ္စကတော့ သက်ဆိုင်ရာ နိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး အပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ဆိုပါတယ်။ နောက်ဆိုရင် စင်ကာပူ၊ မလေးရှား၊ ထိုင်းကို ဗီဇာမလိုပဲ လျှောက်သွားလို့ ရမယ်ဆိုရင်တော့ ဘယ်လိုပဲ ဖြစ်ြဖစ် မဆိုးလှပါဘူးလို့ပဲ ပြောရပါမယ်။
အခုအချိန်ထိ မသိသေးတဲ့ သူများတော့ အားနာပါတယ်။ ဒီနေ့ ဧပြီလ ၁ရက်နေ့ပါ။ တရုတ်-ဘေဂျင်း-စင်ကာပူ ရထားလမ်း ကိစ္စနဲ့ မြစ်ကြီးနားကို ဖြတ်သွားမယ် ဆိုတဲ့ သတင်းကတော့ အမှန်အကန် သတင်းပါ။ ကျန်တာကတော့ အေပရယ်ဖူးလ်ပါ။ ပျော်စရာကောင်းတဲ့ အေပရယ်လ်ဖူးနေ့ ဖြစ်ပါစေ။ ဟဟ...ဠအ။ ဟဟ...ဠအ။

သတင်း
Subscribe to:
Posts (Atom)