တစ်ခါက ကျွန်တော်တို့ ကုမ္ပဏီရဲ့ စင်ကာပူရုံးကို ပြင်သစ် အင်ဂျင်နီယာ တစ်ယောက် အလုပ်ကိစ္စနဲ့ အလည်ရောက် လာပါတယ်။ ကျွန်တော်တို့လည်း ဧည့်သည်လာရင် လုပ်နေကျ အတိုင်း သူ့ကို အလုပ်ရုံထဲ လှည့်ပတ် ပြပါတယ်။ အလုပ်ရုံထဲ လျှောက်ကြည့်ပြီးတဲ့ အခါမှာတော့ ကျွန်တော်တို့ အားလုံး ဧည့်ကြိုကောင်တာနားက ဆက်တီခုံတွေမှာ ထိုင်ရင်း ရောက်တတ်ရာရာ ပြောနေ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ရုံးက အဝယ်တော် စလုံးမ အလန်ကလေး တစ်ယောက် ဘေးနားကနေ ဖြတ်လျှောက်သွားပါတယ်။ ကောင်မလေး ဖြတ်လျှောက်သွား ပြီးတော့ ပြင်သစ်က “ကောင်မလေးက လှတယ်ကွ။ နမ်းချင်စရာလေး။” လို့ ပြောပါတယ်။
ကျွန်တော်တို့လည်း နောက်တယ် မှတ်လို့ ပြုံးရုံပဲ ပြုံးပြီး ဘာမှ ပြန်မပြောကြပါဘူး။ အဲဒီမှာ သူက ဆက်ပြီး “ငါသွားနမ်းလို့ ရမလား မသိဘူး။” လို့ ပြောတော့ ကျွန်တော်တို့ အားလုံး မျက်လုံးပြူးသွား ကြပါတယ်။
စလုံး အင်ဂျင်နီယာ တစ်ယောက် ကတော့ “နမ်းချင်ရင် သွားနမ်းပေါ့။ စင်ကာပူမှာ ကံမကောင်းရင်တော့ ကြိမ်ဒဏ်ပဲ။” လို့ ပြန်ပြောပါတယ်။
ပြင်သစ်က အံ့သြတဲ့ ပုံစံနဲ့ “မင်းတို့တွေ သူ့ကို မနမ်းဖူးဘူးလား။ ဒီလောက် လှတာ။” ဆိုပြီး မေးပြန် ပါတယ်။
ကျွန်တော်တို့ အားလုံး ဝိုင်းရယ်ကြပါတယ်။ “နမ်းရအောင် ငါ့ရည်းစားမှ မဟုတ်တာ။ ပါးထရိုက်ရင် ဘယ်နှယ့်လုပ်မလဲကွ။” လို့ စလုံး အင်ဂျင်နီယာက ပြန်ပြော ပါတယ်။
ပြင်သစ်က “ရည်းစားမှ နမ်းလို့ရတာမှ မဟုတ်တာ။ ငါတို့ဆီမှာတော့ ရုံးမှာ ဒီလိုပဲ နမ်းနေကြတာပဲ။” ဆိုပြီး ကျွန်တော်တို့ကို ပြောပါတယ်။ ကျွန်တော်တို့လည်း သူပြောတဲ့ စကားကို သိပ်သဘော မပေါက်လို့ ရယြ်ပီးတော့ပဲနေခဲ့ ကြပါတယ်။
ဒီလိုနဲ့ပဲ နောက် လေးငါးလလောက် အကြာမှာတော့ ကျွန်တော် အလုပ်ကိစ္စနဲ့ ပြင်သစ်နိုင်ငံက စက်ရုံတစ်ရုံကို ရောက်သွားခဲ့ပါတယ်။ ပထမဆုံးနေ့ ကျွန်တော်တို့ စက်ရုံကို ရောက်တော့ အချိန်က မနက်ခင်း အတော် စောနေ ပါသေးတယ်။ စက်တွေရဲ့ တာဝန်ခံ ကျွန်တော်တို့နဲ့ အတူတူ အလုပ်လုပ်ရမယ့် ပြင်သစ် အင်ဂျင်နီယာ ရုံးကို ရောက်မလာ သေးပါဘူး။ ကျွန်တော်တို့ သူ့ကို ရုံးခန်းထဲကနေပဲ ထိုင်စောင့်နေကြပါတယ်။ ရုံးခန်းထဲမှာတော့ ပြင်သစ်သူ အမိုက်စား ကလေးတွေ တပုံတပင် ပါပဲ။
ခဏနေတော့ ပြင်သစ် အင်ဂျင်နီယာ ရုံးကို ရောက်လာပါတယ်။ သူရုံးထဲကို ဝင်ဝင်လာချင်းမှာပဲ ကောင်းသော နံနက်ခင်းပါလို့ အဓိပ္ပါယ်ရတဲ့ “ဘွန်ဂျိုး(Bonjour)” လို့ နှုတ်ဆက်ပြီး အဝင်ဝနားမှာ ပရင့်ထုတ် နေတဲ့ ကောင်မလေး တစ်ယောက်ကို ဖက်နမ်းလိုက် ပါတယ်။ ကောင်မလေးကလည်း သူ့ကို ပြန်နမ်းပါတယ်။ ရုတ်တရက် မထင်မှတ်တာ တွေ့လိုက်ရတော့ ကျွန်တော်လည်း အံအားသင့် သွားပါတယ်။ သူတို့ကတော့ ခပ်တည်တည် ပါပဲ။ သူတို့ အရမ်းခင်တဲ့ မိတ်ဆွေတွေ နေမှာပါလေ လို့တော့ စိတ်ထဲက တွေးမိပါတယ်။
ခဏနေတော့ ပြင်သစ်က သူထိုင်တဲ့ ခုံရှိတဲ့ နေရာကို လျှောက်လာပါတယ်။ အဲဒီမှာ နောက်ထပ် ကောင်မလေး တစ်ယောက်က ထိုင်နေရာက ထလာပြီး ဘွန်ဂျိုး လို့ နှုတ်ဆက် ပါတယ်။ နောက်တော့ အာဘွား လုပ်ကြ ပြန်ပါတယ်။ ငါ့ကောင် စော်အတော် ကြည်တာပဲဟ ဆိုပြီးတော့ စိတ်ထဲက တွေးနေ မိပါတယ်။ တွေးလို့မှ မဆုံးသေးဘူး။ နောက်တစ်ယောက် ထလာပြီး အာဘွား လုပ်ပြန်ပါတယ်။ သူတို့ ရုံးတက်တာလည်း ကလပ်တက် နေသလို ပါပဲ။
ကျွန်တော်နဲ့ အတူပါလာတဲ့ ဒတ်ခ်ျအင်ဂျင်နီယာက “ဒါက ပြင်သစ်မှာပဲ ရှိတာကွ။ ငါတို့ ဟော်လန် မှာတောင် ဒါမျိုး မရှိဘူး။” လို့ ပြောပါတယ်။
ကျွန်တော်က ဒတ်ခ်ျကို “မင်းပါ ဝင်နမ်းလေကွာ။” လို့ စ တော့ ဒတ်ခ်ျက တဟားဟားနဲ့ အော်ရယ်ပြီး “ဒါက ပြင်သစ်တွေရဲ့ ယဉ်ကျေးမှု ငါတို့ ယဉ်ကျေးမှု မဟုတ်ဘူး။” လို့ ပြန်ပြောပါတယ်။
အဲဒီလိုနဲ့ ပြင်သစ် အင်ဂျင်နီယာ သူထိုင်တဲ့ ခုံနားမှာ ရှိတဲ့ ကောင်မလေး အတော်များများနဲ့ အာဘွား လုပ်ပြီးတဲ့ အခါမှာတော့ ကျွန်တော်တို့ဆီကို ရောက်လာပါတယ်။ ကျွန်တော်တို့ ခဏတဖြုတ် ထိုင်ပြီး အလုပ်ကိစ္စ နည်းနည်းပါးပါး ဆွေးနွေးဖြစ် ကြပါတယ်။ ဆွေးနွေးလို့ပြီးတဲ့ အခါမှာတော့ စက်ကို သွားကြည့်ဖို့ ရုံးရှိတဲ့ စက်ရုံရဲ့ အပေါ်ထပ်ကနေ ထုတ်လုပ်ရေး ဌာန ရှိတဲ့ အောက်ထပ်ကို ဆင်းလာ ခဲ့ကြပါတယ်။ ပြင်သစ် အင်ဂျင်နီယာရဲ့ ဇာတ်လမ်းက မပြီးသေးပါဘူး။ လမ်းမှာ သူနဲ့ နှုတ်ဆက်သမျှ အော်ပရေတာ ကောင်မလေးတွေ အကုန်လုံးနဲ့ အာဘွား လုပ်ပါတယ်။ တစ်ချို့ ကောင်မလေးတွေကလည်း သူရှိတဲ့ နေရာကို တကူးတက လာပြီး အာဘွား လုပ်ကြ ပါတယ်။ နောက်ထပ် ပြင်သစ် အင်ဂျင်နီယာ တစ်ယောက် ထပ်ရောက် လာတော့လည်း အော်ပရေတာ ကောင်မလေးတွေနဲ့ အာဘွား လုပ်ကြပြန် ပါတယ်။ ကျွန်တော်တို့လည်း အထူးအဆန်းမို့လို့ တအံ့တသြ နဲ့ပဲ ကြည့်နေမိပါတော့တယ်။
ဒတ်ခ်ျက ကျွန်တော့်ကို “မင်းပြင်သစ်မှာ အလုပ်မလုပ်ချင်ဘူးလား။” လို့ ပြုံးစိစိနဲ့ မေးပါတယ်။
ကျွန်တော်လည်း ဘာမှ ပြန်မပြောဘဲ ရယ်နေလိုက် ပါတယ်။ ပြန်တွေးကြည့်တော့မှ စင်ကာပူကို လာလည်တဲ့ ပြင်သစ် အင်ဂျင်နီယာ ပြောသွားတဲ့ “ရည်းစားမှ နမ်းလို့ရတာမှ မဟုတ်တာ။ ငါတို့ဆီမှာတော့ ရုံးမှာ ဒီလိုပဲ နမ်းနေကြ တာပဲ။” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို သဘောပေါက် သွားပါတော့တယ်။
2 hours ago
19 Comments:
Pls let me know if there is vacant position in French. :)
ကိုZT အာဘွား။ အနော်ကတော့ မိန်းခလေးမဟုတ်ပါဘူး။ ခွိခွိခွိ
ဟား ဟား ကို ZT ဗျာ.. အခုတော့ အခွင့်အရေး လက်လွတ်ခဲ့ရပြီပေါ့။ Cyprus မှာတော့ နှုတ်ဆက်တိုင်း မနမ်းကြပေမယ့် birthday wish, celeration တို ့မှာ တော့ တယောက်ပါး တယောက်နမ်းကြတယ်ဗျ။
အားကျထှာ သူရို့တွေကျတော့ ရုံးကနေ ပို့စ်တင်နိုင်တယ်။
ရုံးချိန်ရဲ့ တဝက်လောက်က နမ်းနေတာနဲ့ပဲ အချိန်ကုန်နေတော့မှာပဲ း)
ကိုဇက်တီ ဘာမှတွေဝေမနေနဲ့တော့ ပြင်သစ်ရုံးကို transfer လုပ်လိုက်တော့...
ဟုတ်ပါ့ဗျာ ရုံးက ပို့စ်တင်နိုင်တာကတော့ ပရောဂျက် အရေးမကြီးလို့ထင်တယ်။ ဘယ်လို နမ်းတာလဲဗျ။ ရင်ချင်းအပ် ပါးချင်းကပ်ဆိုရင်တော့ အနောက်တိုင်းယဉ်ကျေးမှု ဆိုရမှာပေါ့။ တခါတလေလည်း ကိုယ်လည်း ရောရောင်လုပ်လိုက်ပေါ့ဗျာ... :D
ပြင်သစ်သို့ အလုပ်ပြောင်းရန် ကြိတ်ကြံနေသူများရှိနိုင်ပါသည်။
I agree with Sin Dan Lar. eg. Me, myself after Ko ZT.
:P
ကိုဇော်သက် ကိုရောအဲဒီ့ အင်ဂျင်နီယာအထီးက အာဘွားမပေးသွားဘူးလား....
ဟီးဟီး...
ဆင်ဆင်က ထိပ်ဆုံးက ဖြစ်မှာပါလေ...။
အော်စီကနေ ပြင်သစ်ပြောင်းသွားဖို့ စဉ်းစားတော့မယ်။
ဟုတ်သည်ရှိ မဟုတ်သည်ရှိ ပြောသွား၏
ကို ကြီးရေ ပြင်သစ်ပြောင်းဖို့တော့ မလွယ်ဘူး
ဒီတော့ယောက်နေတဲ့နေရာမှာပဲ ပြင်သစ်သူ ရှာလိုက်တာက ပိုမြန်မယ်ထင်တယ်...
~~~ ပြင်လိုက်မှ သစ်သွားတဲ့ ပြင်သစ် အချစ်ရေ ~~~~
ဝင်မနွှဲခဲ့ဘူး ဆိုတာ ဟုတ်ရဲ့လား
ဟမ်..အဲဒီကောင်မလေးတွေကရော ဇက်တီကို အရင်တုန်းကအာဘွားမလုပ်ဘူးလား။
မျက်နှာလိုက်တယ်နော်။
mm
မိန်းကလေးကိုပဲ အာဘွားပေးတယ်ဆိုတော့ သူတို့ဓလေ့ကလဲ တဖက်သတ်ကြီးပါလား။ ZT ဝင်မနွှဲတာ ယုံသေးဘူး။
ဘာမှမပြောဘဲ ရယ်နေတယ်ဆိုတာ ခေါင်း အခါ ၁၀၀ ညိတ်ပြီးလို့ ဖြစ်မယ်။
It's not a kind of kiss that you all think .....a french way of greeting which is called bisou ( spelling can be wrong).But traditionally you have to know each other first. I do not think you can give bisou to any girl /lady out there in France whom you think pretty. In the USA if a man is a close friend of a woman , that man can give her a peck on the cheek.
I do not know why do Burmese people call France (Pyin Thit)?
Can anyone share about that? Thanks.
မမိုးချိုသင်းပြောတာကို ထောက်ခံပါတယ် .. :D
Anonymous ပြောတာမှန်ပါတယ်၊ ပြင်သစ်တွေ နမ်းကြတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာတဲ့ အခါမျိုးမှာပါ၊ လုပ်ဖော်ကိုင်ဖက် ပေမယ့် အတူတွဲလုပ်လာတာ ကြာတဲ့အခါ ဒီလိုနမ်းပြီး နှုတ်ဆက်ကြတယ်၊ တကယ်တမ်းမှာတော့ နမ်းတယ်ဆိုတာထက် တစ်ယောက်နဲ့တစ်ယောက် ပါးချင်းကပ်ပြီး ပါးစပ်ကနေ ရွှတ်ကနဲအသံမြည်အောင် လုပ်တာကများပါတယ်၊ ပါးပေါ်ကအနမ်းတွေကို မောင်နှမချင်း၊ သားအမိချင်း၊ သားအဖချင်း၊ သူငယ်ချင်း အချင်းချင်း နှုတ်ဆက်တဲ့အခါမှာ သုံးကြပြီးတော့ တကယ်ပဲ အဖြူရောင်သက်သက် နှုတ်ဆက်အနမ်းတွေ ဖြစ်ပါတယ်၊
ပြင်သစ်မှာ နေ့စဉ်ဘဝနှုတ်ဆက်တာက ဘယ်တစ်ခါညာတစ်ခါ နမ်းကြပေ မယ့် တကယ့်ပွဲလမ်းတွေမှာ ဘယ်တစ်ဖက်ညာတစ်ဖက် လေးခါနမ်းလေ့ ရှိပါတယ်၊ ဘယ်လ်ဂျီယံနဲ့ ဆွစ်ဇာလန်မှာတော့ ဘယ်အခါမှာ ဖြစ်ဖြစ် ၃ ခါနမ်း ပြီး နှုတ်ဆက်လေ့ ရှိကြပါတယ်၊
Post a Comment