Search This Blog

Monday, April 30, 2012

လစ်ဘရယ်တစ်ယောက်ရဲ့ ညည်းချင်း

ဘာရယ်လို့ မဟုတ်ပါဘူး။
ယဉ်ကျေးမှု ပိုက်ကွန်နဲ့ ကိုယ့်ဟာကိုယ်ချည်တုပ်
မလှုပ်မယှက်နိုင် ဖြစ်နေသူတွေကို
ပုဆိုးနဲ့တိုက်ပုံ သမိုင်းကြောင်းမေး
သီချင်းကြီး တစ်ပုဒ်လောက် ချရေးခိုင်းခဲ့တာ
ငါ့ဘက်က မှားတာပါ။

ဘာရယ်လို့ မဟုတ်ပါဘူး။
ဝါဒဖြန့် မှိုင်းတွေကြား မူးယစ်
အမျိုးမစစ်မှာ တွေးပူနေသူတွေကို
သာကီဝင် မောင်နှမ ပြန်ယူကြတဲ့ အကြောင်းပြော
ဗြဟ္မာကြီး လေးဦးကစတဲ့ အယူဝါဒကို ဟောမိတာ
ငါ့ဘက်က မှားတာပါ။

ဘာရယ်လို့ မဟုတ်ပါဘူး။
လူနဲ့မူကို ခွဲခြားမမြင်
မျက်စိမှိတ် ထောက်ခံချင်သူတွေကို
Principle နဲ့ Idealistic သဘော
စောကြော မိခဲ့တာ
ငါ့ဘက်က မှားတာပါ။

ဘာရယ်လို့ မဟုတ်ပါဘူး။
ဒီမိုကရေစီလို့ တစာစာ ဟစ်ကြွေး
တသီးပုဂ္ဂလ လွတ်လပ်ခွင့်ကို မတွေးတဲ့
Conservative တွေရဲ့ကြားမှာ
လစ်ဘရယ်လို့ ခံယူမိခဲ့တာ
ငါ့ဘက်ကမှားတာပါ။

2 comments:

Anonymous said...

တေလာကလံုး အမွန္ပဲလား..တဲ့..။
အလကား နောက်တာ..။
အေးဆေးပေါ့..လစ်ဘရယ်ကြီးရေ...။


ပေါက်

sosegado said...

I like the idea.
ခုတလောအမ႑ားတေွ များေနတယ်
ခုတစ်လောအမှားတွေများနေတယ်၊