Search This Blog

Thursday, May 28, 2009

တရားသူကြီး နှင့် ရှေ့နေဟာသများ

သူ့အကြောင်းပြချက်

လင်မယား နှစ်ယောက်ဟာ ကွာရှင်းပြတ်စဲဖို့ တရားရုံးကို သွားကြပါတယ်။ အဲဒီမှာ သူတို့ရဲ့ ကလေးရဲ့ အုပ်ထိန်းသူ ဘယ်သူဖြစ်သင့်သလဲ ဆိုတာကို အငြင်းပွားကြပါတယ်။ ဂျူရီလူကြီးတွေက သူတို့ နှစ်ယောက်စလုံးကို ဘာကြောင့် ကလေးရဲ့ အုပ်ထိန်းသူ ဖြစ်သင့်တယ်လို့ ထင်သလဲ ဆိုတာကို မေးပါတယ်။ ပထမဆုံး ဂျူရီလူကြီးတွေက အမျိုးသမီးကို မေးပါတယ်။ အဲဒီတော့ အမျိုးသမီးက
“ကျွန်မ ဒီကလေးကို ကိုးလလောက် ဝမ်းထဲမှာ လွယ်ထားရတယ်။ နောက်တော့ ကျွန်မ နာနာကျင်ကျင်နဲ့ မွေးဖွား ရတယ်။ အဲဒါကြောင့် ဒီကလေးဟာ ကျွန်မရဲ့ တစိတ်တပိုင်းလို့ ပြောရင် ရတယ်။” လို့ ပြောပါတယ်။ ဂျူရီလူကြီးတွေက အမျိုးသမီးရဲ့ အဖြေကို သဘောကျသွား ကြပါတယ်။
အဲဒီနောက်မှာတော့ အမျိုးသားကို အဲဒီမေးခွန်းကိုပဲ ထပ်မေးပါတယ်။
“ကောင်းပြီ။ ကျွန်တော် အကြွေစေ့ တစ်စေ့ကို ယူလိုက်တယ်။ ဖျော်ရည်ရောင်းတဲ့ စက်ထဲ ထည့်လိုက်တယ်။ အဲဒီမှာ ဖျော်ရည် ထွက်လာတယ်။ ကဲ အဲဒီဖျော်ရည်ဟာ ကျွန်တော် ပိုင်တာလား။ စက်ကပိုင်တာလား ပြောစမ်းပါ။” လို့ အမျိုးသားက သူ့ရဲ့ အကြောင်းပြချက်ကို ပြောပါတယ်။

လျှော့ဈေး


တရားသူကြီးက တရားခံကို ခပ်တင်းတင်းကြည့်ရင်း မေးတယ်။
တရားသူကြီး။ ။“မင်းထောင်ကျတာ ဘယ်နှစ်ခါ ရှိပြီလဲ။”
တရားခံ။ ။“၉ ခါရှိပါပြီ။ တရားသူကြီးမင်း။”
တရားသူကြီး။ ။“၉ခါ။ ဟုတ်လား။ ဒါဆိုရင် မင်းကိုငါ အကြီးလေးဆုံး ပြစ်ဒဏ်ပေးရလိမ့်မယ်။”
တရားခံ။ ။“အကြီးလေးဆုံး ပြစ်ဒဏ်။ ဟုတ်လား။ အမြဲလာနေကျ ဖောက်သည်ပဲ။ Discount လေးတော့ ပေးပါဦး။”

နည်းနည်းလေးပါ

တရားသူကြီးက မေးပါတယ်။
“မင်းအသက် ဘယ်လောက် ရှိပြီလဲ။ မင်းဟာ ကျမ်းကျိန်ပြီး ထွက်ဆိုနေတယ် ဆိုတာကို သတိရပါ။”
အဲဒီတော့ အမျိုးသမီးက “၂၁ နှစ်ကို လနည်းနည်း စွန်းပါပြီ။” လို့ ပြန်ဖြေပါတယ်။
“ဘယ်နှစ်လ စွန်းတာလဲ။” တရားသူကြီးက အတိအကျ မေးပါတယ်။
“၁၀၈ လ ပဲ စွန်းတာပါ။” လို့ အမျိုးသမီးက ပြန်ဖြေပါတယ်။

ဘယ်သူလဲ။ စဉ်းစားကြည့်စမ်း

တစ်နေ့မှာ လူငယ် တစ်ယောက်ဟာ စာတိုက်အတွင်းကို လမ်းလျှောက်ဝင်လာရင်း ထိပ်ပြောင်ပြောင်နဲ့ လူလတ်ပိုင်း တစ်ယောက်ဟာ ကောင်တာမှာ ရပ်ပြီး ရိုမန်းတစ်ဖြစ်တဲ့ တံဆိပ်ခေါင်းတွေကို ပန်းရောင်နဲ့ အသည်းပုံ လေးတွေပါတဲ့ စာအိတ်တွေမှာ ကပ်နေတာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ရေမွှေးပုလင်းကို ထုတ်ပြီး အဲဒီစာအိတ်တွေရဲ့ အပေါ်မှာ ဖြန်းနေတာကိုလည်း တွေ့ရပါတယ်။ လူငယ်က စိတ်ဝင်စားတာနဲ့ အဲဒီလူဆီကို သွားပြီး ဘာလုပ်နေတာလဲ ဆိုတာကို သွားစပ်စုပါတယ်။

“ဘယ်သူလဲ။ စဉ်းစားကြည့်စမ်း လို့ အောက်က လက်မှတ်ထိုးထားတဲ့ ဗယ်လင်တိုင်းဒေး ကတ်ဒ် ၁၀၀၀ ကို ပို့မလို့ လုပ်နေတာ။” လို့ အဲဒီလူက ပြောပါတယ်။
လူငယ်က အံသြတကြီးနဲ့ “ဘာလို့အဲဒီလို လုပ်ရတာလဲ။” လို့မေးပါတယ်။
“ငါက ကွာရှင်းပြတ်စဲမှုတွေမှာ အထူးပြုတဲ့ ရှေ့နေလေ။” လို့ သူက ပြန်ဖြေပါတယ်။

စေတနာရှင်

တစ်နေ့မှာ ရှေ့နေတစ်ယောက်ဟာ သူ့ရဲ့ ကားကို မောင်းလာရင်း လမ်းဘေးမှာ လူတစ်ယောက် မြက်စားနေတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ရှေ့နေက သူ့ရဲ့ ဒရိုင်ဘာကို ကားရပ်ခိုင်းပါတယ်။ နောက်တော့ အပြင်ကို ထွက်ပြီး အဲဒီလူကို မေးပါတယ်။
“မင်းဘာလို့ မြက်တွေ စားနေတာလဲ။”
“ကျွန်တော်က အရမ်းပဲ ဆင်းရဲပါတယ်။ ဘာကိုမှ စားဖို့ မတတ်နိုင်လို့ပါ။” လို့ အဲဒီလူက ဖြေပါတယ်။
“သနားစရာပဲ။ ငါ့အိမ်ကို လိုက်ခဲ့ပါလား။” လို့ ရှေ့နေက ခေါ်ပါတယ်။
အဲဒီလူက “ကျွန်တော့်မှာ မိန်းမနဲ့ ကလေး ၃ယောက်လည်း ရှိသေးတယ်။” လို့ ပြောတော့ ရှေ့နေက သူတို့ကိုပါ ခေါ်ခဲ့ဖို့ ပြောပါတယ်။ သူတို့ အားလုံးကားထဲကို ရောက်တော့ မြက်စားနေတဲ့လူက
“ကျွန်တော်တို့ကို အိမ်ခေါ်သွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားဟာ အလွန်ကြင်နာတတ်တဲ့သူပဲ။” လို့ ရှေ့နေကို ပြောပါတယ်။
ရှေ့နေကတော့ “မင်းကြိုက်မှာ သေချာတယ်။ ငါ့အိမ်က မြက်ပင်တွေက ၁ ပေလောက်ရှည်တယ်” လို့ ပြန်ပြောလိုက်ပါတယ်။

မှတ်ထား

လူသတ်မှု တစ်ခုမှာ တရားခံ ရှေ့နေက မှုခင်းဆရာဝန်ကို မေးခွန်းထုတ်ပါတယ်။
“ခင်ဗျား အဲဒီလူကို သေဆုံးကြောင်း အတည်ပြု လက်မှတ်မထိုးခင် သူ့ရဲ့ သွေးခုန်နှုန်းကို စမ်းသလား။ နှလုံးခုန်သံကို နားထောင်လား။ အသက်ရှူမရှူ ရော စစ်ရဲ့လား။”
“အဲဒါတွေတော့ မလုပ်ဘူး။” လို့ ဆရာဝန်က ပြန်ဖြေပါတယ်။
“အဲဒါဆိုရင် သေဆုံးကြောင်း အတည်ပြု လက်မှတ်ထိုးတော့ ခင်ဗျား သူသေနေပြီ ဆိုတဲ့အချက်ကို မသေချာဘူးပေါ့။ ဟုတ်လား။” လို့ ရှေ့နေက ဆရာဝန်ကို ထပ်မေးပါတယ်။
အဲဒီတော့ ဆရာဝန်က “အင်း။ အဲဒီလူရဲ့ ဦးနှောက်က ကျွန်တော့် စားပွဲပေါ်က ဖန်ပေါင်းချောင်ထဲမှာ ရောက်နေပြီ။ ဒါပေမယ့် သူ့အနေနဲ့ ရှေ့နေတော့ လုပ်စားလို့ ရသေးတယ် ဆိုတာကိုတော့ ကျွန်တော် မေ့သွားတယ်။” လို့ ပြန်နှိပ်ကွပ် ပါတယ်။

7 comments:

ကိုလူထွေး said...

ကိုလူထွေးလဲ အမြဲလာနေကျပဲ

discount လေးတော့ ကြည့်ပေးပေါ့ကွာ...

ဟားဟား

JuneOne said...

တို့ လဲ ၂၁ နှစ်ကို လနည်းနည်း စွန်းပါပြီ။”“၁၀၈ လ ပဲ စွန်းတာပါ။”

MrDBA said...

ဆားလာမြည်းသွားတယ်။

သီဟသစ် said...

ကိုZTရေ..

stress များကို လက်ဖက်များ လို သုပ်စားနိုင်ဖို့ ဟာသလေးတွေ ဖတ်သွားပြီ...

ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

အရမ်းကောင်းတယ်ဗျာ-
sanchaung.com မှာ မျှဝေခွင့်ပြုပါလို ့ခွင့်တောင်းပါတယ်

ZT said...

ကူးပါ။ ရပါတယ်။ :)

Moe Cho Thinn said...

တို့အိမ်က မြက်ဆို ပိုကြိုက်မှာ သေချာတယ်။ ၂ပေလောက် ရှည်တယ်။ :)

အကြွေစေ့နဲ့ စက်မှာ ဖျော်ရည်သောက်တိုင်း ဒီဟာသကို သတိရနေတော့မှာ။ ဆိုးတယ်။