Search This Blog

Wednesday, April 1, 2009

ဝမ်းမြောက်စရာ သတင်းကောင်းများ

ကြားရတဲ့ သတင်းတွေက ကိုယ့်နားကိုယ် မယုံနိုင်လောက်အောင်ပါပဲ။

အခွန်ကိစ္စကို အကြောင်းပြုပြီး နိုင်ငံသားအဖြစ်က စွန့်လွှတ်တဲ့သူ များလာတာက တစ်ကြောင်း၊ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့သူတွေ အရင်ကထက် ပိုများလာတာက တစ်ကြောင်း စတာတွေကြောင့် နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား တွေရဲ့ ဝင်ငွေခွန်ကို ၁၀ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ လျှော့ပြီး ကောက်ခံဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။ အခြားတစ်ဖက်မှာလည်း အဲဒီလို လျှော့ကောက်တဲ့အတွက် အစိုးရ ဘဏ္ဍာငွေ လျော့မသွားအောင် အခွန်ဆောင်တဲ့ သူတွေကို ကားပါမစ်တွေ ပြန်ချ ပေးသွားမယ်လို့ ဆိုပါတယ်။ လူတွေ အခွန် ဆောင်ချင်စိတ် ရှိအောင် စည်းရုံးတဲ့ သဘောပါ။ အရင်ကလောက် များများစားစား ချပေးမှာ မဟုတ်ပေမယ့် သတ်မှတ်ထားတဲ့ အခွန်ပမာဏကို ပေးသွင်း ပြီးသူတိုင်း ကားဝယ်ယူ တင်သွင်းခွင့် ပါမစ် ရမယ်လို့ သိရပါတယ်။ ဒါပေမယ့် သိပ်ဟောင်းနေတဲ့ ကားတွေကို တင်သွင်းခွင့်ပေးမှာ မဟုတ်ပဲ ၂၀၀၄ ခုနှစ် နောက်ပိုင်း ထုတ်တဲ့ကားတွေကိုပဲ တင်သွင်းခွင့်ပေးသွားမယ် လို့လည်း သိရပါတယ်။

ဆိုးရွားလာတဲ့ ရန်ကုန်မြို့က ဂျီအက်စ်အမ် ကွန်ယက်ကြောင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနဲ့ အပြိုင် ကုမ္ပဏီ တစ်ခုကို လုပ်ပိုင်ခွင့် ချပေးမယ်လို့ ကြားရပါတယ်။ အဲဒီအတွက် ပုဂံ ဆိုက်ဘာတက်ခ်နဲ့ နိုင်ငံခြား တယ်လီဖုန်း ကုမ္ပဏီတစ်ခု ဖက်စပ် လုပ်ဖို့ စီစဉ် နေတယ်လို့လည်း သိရပါတယ်။ အခုလောလောဆယ် ပုဂံနဲ့ ဖက်စပ်လုပ်ဖို့ စကားပြောနေတဲ့ ကုမ္ပဏီတွေထဲမှာ ထိုင်းနိုင်ငံက Shin Corp၊ စင်ကာပူက SingTel တို့အပြင် ထူးထူးခြားခြား ဥရောပ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Vodafone လည်း ပါဝင်နေ ပါတယ်။ W-CDMA လို့ခေါ်ကြတဲ့ 3G service၊ Blackberry Pushmail Service၊ I-phone Data plan တွေပါ ပေးနိုင်ဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

အခြားတစ်ဖက်မှာလည်း MPT က နိုင်ငံခြား ကုမ္ပဏီ တစ်ခုနဲ့ ပူးပေါင်းပြီး အင်တာနက် ကွန်ယက်တွေ တိုးချဲ့သွားဖို့နဲ့ ဝန်ဆောင်မှု အသစ်တွေ ပေးသွားဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။ MPT က ပေးမယ့် ဝန်ဆောင်မှု အသစ်တွေထဲမှာ Pfingo၊ Skype တို့လို VOIP ဝန်ဆောင်မှုတွေပါ ပါဝင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို လှမ်းကြူချင်သူ များအတွက် ဝမ်းမြောက်စရာပါ။

နောက်တစ်ခုကတော့ ကမ္ဘာ အရပ်ရပ်မှာ နေထိုင်တဲ့ မြန်မာတွေ အတွက် သတင်းကောင်း တစ်ခုပါ။ နိုင်ငံခြား ကုမ္ပဏီ တစ်ခုကနေ မြန်မာ အစားအစာ ချက်ပြုတ်နည်းကို လေ့လာပြီး ကမ္ဘာအနှံ့အပြားမှာ မြန်မာစားသောက်ဆိုင်တွေ ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဲဒီ ကုမ္ပဏီဟာ လောလောဆယ် ကမ္ဘာ အရပ်ရပ်မှာ တရုတ်နဲ့ထိုင်း စားသောက်ဆိုင် အမြောက်အများ ဖွင့်လှစ်ထား ပါတယ်။ အဲဒီ အစီအစဉ်ကို အကောင်အထည် ဖော်နိုင်ဖို့ ပြင်သစ်စားဖိုမှူး ၅ယောက် ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ ရန်ကုန်မှာ မြန်မာအစားအစာကို သုတေသန လုပ်နေတယ်လို့ ကြားရပါတယ်။ သူတို့ မြန်မာစားသောက်ဆိုင် ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ နေရာတွေမှာ လော့စ်အိန်ဂျယ်လိစ်၊ ဆန်ဖရန် စစ္စကို ၊ နယူးယောက် စတဲ့ အမေရိကန် နိုင်ငံက မြို့ကြီးတွေ၊ ဆစ်ဒနီ၊ မဲလ်ဘုန်း စတဲ့ သြစတေးလျ မြို့ကြီးတွေ၊ လန်ဒန်၊ ပဲရစ်၊ ဘာလင်၊ မြူးနစ် စတဲ့ ဥရောပ မြို့ကြီးတွေ ပါဝင်တယ်လို့ သိရပါတယ်။

စင်ကာပူမှာ အမြဲတမ်းနေထိုင်သူတွေ၊ မလေးရှား ဗီဇာ ရှိတဲ့သူတွေ အတွက်လည်း သတင်းကောင်း တစ်ခု ရှိပါတယ်။ ဘတ်ဂျက် လေကြောင်းလိုင်း တစ်ခု ဖြစ်တဲ့ AirAsia ကို ရန်ကုန်-ဂျဟိုးဘာရူး၊ ရန်ကုန်-ပီနန် ခရီးစဉ် ပြေးဆွဲဖို့ ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ ဂျဟိုးဘာရူး Senai လေဆိပ်ကနေ စင်ကာပူ နိုင်ငံအတွင်းကို ရောက်ဖို့ ၄၅ မိနစ် လောက်ပဲ ကြာပါတယ်။ အဲဒီတော့ နောက်ဆို စင်ကာပူမှာ နေတဲ့သူတွေ ဝါသနာ ပါရင် စနေ၊ တနင်္ဂနွေ အိမ်ပြန်လို့ ရမယ့် သဘောပါ။ AirAsia ရဲ့ အဆိုအရ အဲဒီ ခရီးစဉ်တွေကို သူ့လေကြောင်းလိုင်းရဲ့ တခြား ခရီးစဉ်တွေလိုပဲ ဈေးနှုန်း သတ်မှတ်မယ်လို့ သိရပါတယ်။ ရန်ကုန်-ဂျဟိုး ခရီးစဉ်ကို ပုံမှန်အားဖြင့် မလေးရှား ရင်းဂစ် ၃၀၀-၄၀၀ (စင်ကာပူ ဒေါ်လာ ၁၀၀-၂၀၀) လောက်နဲ့ ပြေးဆွဲ ပေးသွားမယ် လို့ ဆိုပါတယ်။

အခု ပြောသွားတဲ့ သတင်းတွေက တကယ့်ကို မယုံနိုင်စရာပါပဲ။ ကျွန်တော်လည်း မယုံပါဘူး။ တကယ်မှ မဟုတ်တာ။ ကျွန်တော် ကြားချင်တဲ့ သတင်းတွေပါ။ ပျော်စရာ ကောင်းတဲ့ April Fool နေ့ ဖြစ်ပါစေ။

Happy April Fool Day. :D

32 comments:

ThuHninSee said...

ZTနဲ့ ပပဝင်းခင်နဲ့ ယူတော့မယ်တဲ့။ ဒါလည်းသတင်းကောင်းပဲ။
း)

Anonymous said...

တစ်ချီု့ကလည်း ဆက်စောင့်နေကြတယ။် မျော်လင့်နေကြတုံးဘဲ။
ုkom

ဇနိ said...

မဟုတ်မှန်းသိပေမယ့် ဖတ်ရင်း ဟုတ်သလိုလိုထင်လာသေးတယ်
း)

megumi said...

တကယ်လားလို့။ ဟွန်း၊ ပြီးမှပဲ သိတယ်။ ဟင့် ဟင့်။

MrDBA said...

လူဇိုးကြီး

အပြုံးပန်း said...

အတည်ပေါက်နဲ့ရေးသွားလိုက်တာ။
အဟုတ်မှတ်နေတာ၊ ဘယ်သူပြောသွားတာလဲဆိုပြီး သဘောတွေကျကာမှ။

Phyo Evergreen said...

totally made me feel uneasy at the end of the post...!

Ko Paw said...

အခွန်ကိစ္စတခုလောက်ပြင်တာဆိုရင်တော့ ယုံရကောင်းသား။ အခုတော့ သတင်းတွေက ကောင်းလွန်းအားကြီးလို့ ဒုတိယ ကားပါမစ်ချပေးတာကစလို့ မယုံတော့ဘူးဖြစ်သွားတယ်။ အေပရယ်ဖူးလ်လုပ်တယ်ပေါ့လေ။

နွေးနေခြည် said...

ရက်စက်တယ် ရက်စက်တယ် တကယ်ယုံမိလို့ ဧပြီဖူးလုပ်တယ်ပေါ့

မိုးခါး said...

တယ်ဟုတ်ပါလားပေါ့ .. း( ခုတော့ .. သူများတွေကို ဖူးဖြစ်အောင် သွားလုပ်ဦးမယ် .. :P

Anonymous said...

hey..
WHo is ZT..?

Sure..?

Thant said...

ဟယ်တော့... ရက်စက်တယ် ။ ဖတ်ရင်းနဲ့ တကယ်မှတ်လို့ပျော်နေတာ ။ ပျော်နေရင်းနဲ့ စိ်တ်ကူးတွေတောင် တသီတတန်းံကြီးဖြစ်သွားလိုက်သေး ။ အဆုံးကျတော့မှ...... ဟင်းးးးးးး

ZT said...

April Fool လုပ်ပါတယ် ဆိုမှ Sure လားဆိုတော့ ဘယ်လို ဖြေရမှာလဲ။ ဟီးဟီး။ :P

ပုံရိပ် said...

အကောင်းမှတ်လို့ ဖတ်။ ဆုံးတော့မှ တုံးမှန်း သိတော့တယ်။

rita said...

ZT...full lote chin yin,, ta char way nae full lote par,, ku tau,,, lu tie yae mhyaw lint check tway ko full lote tel,,

Zt ,, lu soe pel,,lu soeeeeeeeeee
:) :) :)

Moe Cho Thinn said...

April fool လုပ်တော့မယ်ဆိုတာ သိလို့ ဖတ်ကို မဖတ်ဘူး သိလား။ ကွန်မန့်ပဲ ဝင်ရေးသွားတာ.. :D

သဥ္ဇာ - Thinzar said...

April Fools ဆိုတာ မေ့ပြီး ဖတ်နေတာ။ ကားပါမစ်ကို တော့ သိပ်မယုံချင်ဘူး။ အခွန်လျှော့တာနဲ့ MPT ကိုတော့ ယုံသလိုလိုရှိတယ်။ ဒါပေမယ့် မြန်မာ အစားအစာ ချက်ပြုတ်နည်းကို ရောက်တော့ မဟုတ်တော့ဘူးဆိုတာ သိလိုက်ပြီ။ သုံးပုံတစ်ပုံလောက် ယုံပြီးမှ April Fools' post မှန်း သိလိုက်တာ။

sin dan lar said...

ဟယ်... ဒီတစ်ခါ နာမထုံတော့ဘူး....။
ဧပရယ်ဖူးလ်နေ့အတွက် ရေးမှန်း ခေါင်းစဉ်မြင်ကထဲက တိဒယ်...။

wai said...

Oops,
I did it again. I am so stupid! Ko ZT is LUZO.

တောရိုင်းနှင်းဆီ said...

အပေါ်ဆုံးက ပို့စ်တင်တဲ့ဒိတ်ကို မကြည့်ဖြစ်ဘဲ ..... ဖတ်နေရင်း တစ်ဝက်လောက်ရောက်တော့ သတင်းတွေဘာတွေတောင် တင်နေပြီလို့ စိတ်ထဲတောင် ထင်မိသေးတယ် .....
ပြီးတော့မှ ခံလိုက်ရမှန်းသိတော့တယ် ....

နောက်တခါ ကိုZT သတင်းတွေရေးရင် မယုံတော့ဘူး ......

မဇနိ said...

ဆိုးချက်တော့ ကမ်းကုန်ပဲဗျာ။ ညတုန်းက ဖတ်ရင်းနဲ့ ကားတွေဝယ်ဖို့ အပြေးအလွှားစဉ်းစားလာတာ ပို့စ်ဆုံးမှာ ဟင်း ဟင်း ဟင်း။

Anonymous said...

ဒါတွေလည်း ဖြစ်သင့်တာ ကြာပေါ့

Yan Yan said...

ချစ်ကိုကို လူဆိုးကြီးကြီးကြီး းးးး

ဒါအရူလုပ်ရမဲ့ကိတ်စမှုတ်ဘူးလေး မျက်စိပိတ် နားပိတ်နေတဲ့လူတွေကိူ သာသာတိုးတိုးပြောရမဲ့ဟာကို ဟွန်းးးးးး

မလိခ said...

တုံးတယ်ပြောလဲ ခံရရုံပဲရှိတော့တယ်... တကယ်ဝမ်းသာသွားတာ... နောက်ဆုံးကျမှ.... ဟိုးအမြင့်ကြီးထိမြှောက်ပြီးမှရိုက်ချခံရတဲ့လူလို... အောင့်သက်သက်နဲ့... အဟင့်...

သီဟသစ် said...

အခွန်လျှော့တာ ဖတ်ပြီး ဝမ်းနည်းသွားတာ အရင်အပတ်ကမှ နိုင်ငံတော်ကို တာဝန်ကျေခဲ့လေပြီ ဆိုပြီး လုပ်ခဲ့လို့။
နောက်တော့မှ ပျော်သွားတယ်။

(ကျန်တဲ့လူတွေတော့ မေတ္တာပို့တော့ပို့မှာပဲ)

PAUK said...

မုန်းစရာကြီး...zt

ဲမြစ်ချေသူ said...

ဖူးလုပ်နေတာလားမသိဘူး လို ့ဖတ်ရင်းနဲ ့တော့တွေးနေတာပဲ။
ဒါပေမဲ့ ကိုယ်က အမြဲတမ်းအခွင်ဆောင်နေရတော့ တကယ်ကြီးများလားဆိုပြီး အားရတက်ကြွဖတ်လာလိုက်တာ နောက်ဆုံးတော့လဲ ဖူးခံလိုက်ရတာပါပဲ...။

Naing79 said...

I wish your NEWS will come true.

Nay Lin said...

fuck it! I could save my time for i skipped to end at the start of the post.

ရသာစုံ said...

ဟာ
တကယ်ထင်နေတာ. .....

Phyo Maw said...

ကလောက်ကတော့ ဧပရယ်ဖူးမွေးတဲ့လူက ရိုးနေပြီ... ဟင်းဟင်း
အမောင် ZT မဒမ်ကော နေကောင်းပါစ??

Anonymous said...

တကယ်အောက်မေ့လို ့..ဟမ်း.။