ယုံချင်ယုံ မယုံချင်နေပါ။ “စဉ်ဆက်မပြတ် အကဲဖြတ်၍ အတန်းတင်ပေးရေး စီမံချက်” ဆိုတာ သရေခေတ္တရာ တို့ ဗိသနိုးတို့ဆိုတဲ့ အစောဆုံး မြို့ပြနိုင်ငံတွေ မပေါ်ခင် ကတည်းက ရှိခဲ့ဖူးပါတယ်။
အဲဒီခေတ်အခါတုန်းက တက္ကသိုလ်ပြည် ဒိသာပေါင်မုန့်ခြောက် (ဆောဒီး) ဒိသာပါမောက္ခ ဆရာကြီး ဆီမှာ မောင်ပေါက်ကျိုင်း ဆိုတဲ့ တပည့်တစ်ယောက် ရှိခဲ့ပါတယ်။ မောင်ပေါက်ကျိုင်းဟာ သင်ပေးသမျှထဲမှာ မာဂဓဘာသာ စကားလို့ ခေါ်တဲ့ တိရိစ္ဆာန် ဘာသာစကားကလွဲလို့ ဘာမှ သင်လို့ မရပါဘူး။ ဆရာကြီးလည်း မောင်ပေါက်ကျိုင်းရဲ့ တိုးတက်မှုကို ကြည့်ရင်း“လေပါတယ် မမြရင်ရယ်” လို့ပဲ အမြဲ ညည်းနေ ရပါတယ်။ ဒါပေမယ့် မောင်ပေါက်ကျိုင်းက“ဆရာ ဟိုဟာ လိုချင်လား။ ရစေမယ်။” “ဆရာ ဒီဟာလိုလား။ ဖြစ်စေရမယ်။” ဆိုတဲ့ ဖောရှောရိုက်တဲ့ နေရာမှာတော့ အင်မတန် တော်ပါတယ်။
ဒီလိုနဲ့ နှစ်ပြည့်သွားတော့ ဆရာကြီးလည်း“အင်း။ ဒီကောင့်ကို ကျောင်းပြီး ပေးမှပဲ ဖြစ်တော့မယ်။ မဟုတ်ရင် ငါဆရာလည်း သိက္ခါကျတယ်။ ဘာမှမတတ်လည်း ဒီလို ဖောရှော ရိုက်တတ်တာလေးနဲ့တော့ အပြင်မှာ လုပ်စားလို့ ရနိုင်ပါတယ်။” လို့ စဉ်းစားပြီး မောင်ပေါက်ကျိုင်းကို ခေါ်ပါတယ်။ နောက်တော့ “ကဲ။ ငါ့တပည့်။ မင်းဘာမှ မတတ်ပေမယ့်လည်း ဆရာ မင်းကို စီမံချက်နဲ့ အအောင်ပေးလိုက်မယ်။ ငါ့တပည့်တွေထဲမှာ မင်းက အတော် သိတတ်တဲ့ တပည့်ဆိုတော့ မင်းကို ဘောနပ်စ် အနေနဲ့ စကားကြီး ၃ခွန်းကို သင်ပေးလိုက်မယ်။” လို့ ပြောပါတယ်။ ပြီးတော့ မောင်ပေါက်ကျိုင်းကို “မေးပါများ စကားရ၊ သွားပါများ ခရီးရောက်၊ မအိပ်မနေ အသက်ရှည်။ ” ဆိုတဲ့ စကားကြီး ၃ ခွန်းကို သင်ပေးလိုက် ပါတယ်။ ဒီလိုနဲ့ စကားကြီး ၃ခွန်း ကို အလွတ်ကျက် ပြီးတဲ့ နောက်မှာ မောင်ပေါက်ကျိုင်းဟာ B.A(မာဂဓ) Hons နဲ့ ဘွဲ့ရပြီး တက္ကသိုလ်ကနေ ထွက်လာခဲ့ ပါတယ်။
မောင်ပေါက်ကျိုင်းဟာ တက္ကသိုလ်က ထွက်လာကတည်းက စကားကြီး (၃) ခွန်းကို တောက်လျှောက် ရွတ်လာ ခဲ့ပါတယ်။ အဲဒီလို ရွတ်လာရင်း “သွားပါများ ခရီးရောက် တဲ့ဟ။ သွားမှပဲ။” ဆိုပြီး တောက်လျှောက် မရပ်မနား လျှောက်လာခဲ့တာ နောက်ဆုံးမှာတော့ တိုင်းပြည်တစ်ပြည်ကို ရောက်လာခဲ့ပါတယ်။ သွားပါများ ခရီးရောက် ပေမယ့်လည်း မောင်ပေါက်ကျိုင်းလည်း လူထဲက လူပဲမို့ အတော်ပြိုင်း သွားပါတယ်။ အဲဒါနဲ့ တွေ့တဲ့ ကျောက်ဖျာတစ်ချပ် ပေါ်တက်ပြီး နှပ်နေပါတော့တယ်။
အဲဒီတိုင်းပြည်မှာ ဘုရင်လုပ်တဲ့သူတိုင်း ဘုရင်ဖြစ်ပြီး နောက်တစ်နေ့ မနက်မှာ အသေဆိုးနဲ့ သေရတာမို့ ဘုရင်လုပ်ချင်တဲ့သူ မရှိဘဲ အားလုံးက ကျွတ်ကြဲ နေကြပါတယ်။ ဒါနဲ့ ဘုရင်လုပ်မယ့် သူကို ရှာဖို့အတွက် စက်မှုဇုန်ထုတ် ဖုသ်သွင်းရထားကို လွှတ်လိုက်ပါတယ်။ ဖုသ်သွင်းရထားလည်း မြို့ထဲမှာ ပတ်နေရင်း ဓာတ်ဆီကုန်တော့ မောင်ပေါက်ကျိုင်း အိပ်တဲ့ ကျောက်ဖျာရှေ့မှာ ရပ်သွားပါတယ်။ မှူးမတ်တွေလည်း ဝမ်းသာအားရနဲ့ မောင်ပေါက်ကျိုင်းကို “ကျောက်ဖျာထက်မှာ စက်တော်ခေါ် ထတော်မူပါ အရှင်ဘုရား။” ဘာညာနဲ့ ဇာတ်ကြည့်တုန်းက ကျက်ထားတဲ့ စာအတိုင်း နှိုးကြပါတယ်။ ဒါနဲ့ မောင်ပေါက်ကျိုင်းလည်း နိုးလာပြီး “ဝှပ်စ် အပ်” လို့ မေးပါတယ်။ မှူးမတ်တွေကလည်း “ဝှပ်စ်မအပ်ဘူး။ ဘုရင်ရှာရင်း ဒီကို ရောက်လာတာ။ ဘုရင် လုပ်မယ်မဟုတ်လား။” မေးတော့ မောင်ပေါက်ကျိုင်းလည်း “ဂွင်တည့်ပြီဟ။ နေရင်းထိုင်ရင်း ဘုရင်ဖြစ်တာ။ ကြုံတုန်း ကြိုက်တုန်း ဘုရင်တော့ လုပ်လိုက်ဦးမှပဲ။” လို့ စဉ်းစားပြီး ဘုရင်လုပ်ဖို့ လက်ခံ လိုက်ပါတယ်။
ဒီလိုနဲ့ မောင်ပေါက်ကျိုင်းလည်း လစ်လပ်နေတဲ့ ဘုရင် ရာထူးကို လက်ခံလိုက်ပါတယ်။ ဘုရင် ဖြစ်ပြီးတော့ မောင်ပေါက်ကျိုင်းက “အင်း။ သိပ်တော့ မဟုတ်ဘူး။ တစ်ခုခုတော့ ကွိုင်ရှိလောက်တယ်။ ဘာလို့ ဘုရင်မင်းဆက်က ပြတ်သွားရတာလည်း မသိဘူး။” ဆိုပြီး စဉ်းစားမိ ပါတယ်။ နောက်တော့ ဆရာ သင်ပေးလိုက်တဲ့ “မေးပါများ စကားရ” ဆိုတဲ့စကားကို အမှတ်ရတာနဲ့ နန်းတော်ထဲ ရှိတဲ့သူတွေ ဆီမှာ လှည့်ပတ်ပြီး မေးပါတော့တယ်။ အဲဒီမှာ ဘုရင်လုပ်သမျှ လူတွေ ဘုရင်ဖြစ်ပြီး နောက်တစ်နေ့ မနက်ရောက်ရင် အသေဆိုးနဲ့ သေတာ တွေ့ရတယ် ဆိုတဲ့ ဇာတ်လမ်းကို ကြားသွားပါတော့တယ်။ အဲဒီလို အသေဆိုးနဲ့ သေရတဲ့ အကြောင်းရင်းကလည်း နဂါးတစ်ကောင်က ညဘက်ဆို ဘုရင်ကို လာပြီး ပေါက်သတ်လို့ ဆိုတာကိုလည်း ကြားလိုက်ရပါတယ်။
ညဖက်ရောက်တော့ မောင်ပေါက်ကျိုင်းလည်း “မအိပ်မနေ အသက်ရှည်” ဆိုတဲ့စကား လက်ကိုင်ထားလို့ မအိပ်ပဲ စောင့်ပါတယ်။ သူအိပ်မယ့် နေရာမှာတော့ ငှက်ပျောတုံး တစ်တုံးကို စောင်ခြုံပြီး ထားထားခဲ့ ပါတယ်။ ညသန်းခေါင်ရောက်တော့ ဘုရင်ကို ပေါက်သတ်ဖို့ နဂါးလည်း ဟိုကျော်ဒီခွနဲ့ ရောက်လာပါတယ်။ နဂါးလည်း အိပ်ရာပေါ်မှာ တွေ့တဲ့ ငှက်ပျောတုံးကို မောင်ပေါက်ကျိုင်းအမှတ်နဲ့ “လာထား။” ဆိုပြီး ပေါက်ထည့်လိုက် ပါတယ်။ ဒါပေမယ့် လူမဟုတ်ဘဲ ငှက်ပျောတုံး ဖြစ်နေတော့ သူ့အစွယ်က ငှက်ပျောတုံးထဲမှာ စိုက်နေပါတယ်။ အဲဒီအချိန်မှာ မောင်ပေါက်ကျိုင်းက ဓားတစ်ချောင်းနဲ့ ရောက်လာပြီး “နဂါးနိုင်ဓား ဦးထိပ်ထား ဖူးမျှော်ကန်တော့ ရှိခိုးလော့။ ကျန်ကျိုင်းကွ။ အဲလေ ပေါက်ကျိုင်းကွ။” ဘာညာနဲ့ တရုတ်သိုင်းကားထဲကလို ကြုံးဝါးပြီး ခုတ်ထည့်လိုက်တာ နဂါးလည်း တချက်တည်းနဲ့ ကြွသွားပါတော့တယ်။
နဂါးရန် အေးသွားပေမယ့်လည်း မိဖုရားကြီးက မောင်ပေါက်ကျိုင်းကို သိပ်အစာ မကြေပါဘူး။ အဲဒါနဲ့ ဒီအတိုင်းတော့ ဘုရင်လုပ်လို့ မရဘူး။ သူမေးတဲ့ စကားထာကို ဖြေနိုင်မှ ဘုရင် လုပ်ရမယ်။ အသက်ကြေး လောင်းရမယ် ဆိုပြီး ရစ်ပါတယ်။ မောင်ပေါက်ကျိုင်းကလည်း “ဒါလေးများ။ ကဲမေးစမ်း။” ဆိုပြီး ခွင့်ပြုလိုက် ပါတယ်။ အဲဒီမှာ မိဘုရားက “ထောင်ပေးလို့ဆုတ်၊ ရာပေးလို့ ချုပ်၊ ချစ်တဲ့သူ အရိုး ဆံထိုးလုပ်။” ဆိုပြီး စကားထာ ဝှက်ပါတယ်။ မောင်ပေါက်ကျိုင်းလည်း အဖြေကို စဉ်းစားပေမယ့် မရလို့ ပျားတုတ်နေပါတယ်။
စဉ်းစားရင်း နဲ့ Deadline က နီးလာပါပြီ။ ကျောင်းမှာ တုန်းက အဆိုင်းမင့်ဆိုရင် သူများဆီကချည်း ကူးလာတော့ အခု ကိုယ်တိုင်လုပ်ရမယ့် အချိန်ရောက်တော့ မြွေခြောက် ကိုက်နေပါပြီ။ ဒါနဲ့ မောင်ပေါက်ကျိုင်းလည်း စိတ်ပျက်လက်ပျက်နဲ့ ဥယျာဉ်ထဲ ထွက်လာပါတယ်။ ဥယျာဉ်ထဲရောက်တော့ Mr & Mrs. Black ဆိုတဲ့ ကျီးကန်း နှစ်ကောင် အပင်ပေါ်မှာ ကွိစိ ကွစ နဲ့ စကားပြောနေတာ ကြားလို့ မာဂဓ ဘာသာ အထူးပြုနဲ့ ဘွဲ့ရထားတဲ့ မောင်ပေါက်ကျိုင်းဟာ ကျီးကန်းတွေ စကားကို ချောင်းနားထောင်ပါတယ်။
Mr. Black ။ ။ “အသည်းရေ။ ဟိုမှာ ဘုရင်တော့ ညစ်နေပြီ တွေ့လား။”
Mrs. Black။ ။ “ဟုတ်လား ဒါလင်။ ဘာဖြစ်လို့လဲ။”
Mr. Black ။ ။“ဘာဖြစ်ရမလဲ။ မိဖုရား စကားထာ ဖွက်တာ မဖြေနိုင်လို့ အခုတော့ မြွေကိုက် နေပြီလေ။”
Mrs. Black။ ။“မိဖုရားက ဘာစကားထာ ဖွက်တာလဲဟင်။”
Mr. Black ။ ။“ထောင်ပေးလို့ဆုတ်၊ ရာပေးလို့ ချုပ်၊ ချစ်တဲ့သူ အရိုး ဆံထိုးလုပ်။ ဆိုပဲ။”
Mrs. Black။ ။“အတော် စားတဲ့ မိဖုရားပဲ။ ဒါနဲ့ အဲဒါက ဘာအဓိပ္ပါယ်လဲ။”
Mr. Black ။ ။“မသိချင် စမ်းပါနဲ့ကွာ။နောက်တော့ သိရမှာပေါ့။”
Mrs. Black။ ။“ဒါလင်နော်။ ဒီက သိချင်ပါတယ် ဆိုမှ။ ပြောမပြရင် စကားမပြောပဲ နေလိုက်မှာ။ ဘာမှတ်နေလဲ။”
Mr. Black ။ ။“ကဲ ဒါဆိုလည်း ပြောပြမယ်။ ဘုရင်ကို ပေါက်သတ်တဲ့ နဂါးက မိဖုရားရဲ့ ချစ်သူ။ အဲဒါ မိဖုရားက နဂါးရဲ့ အရေခွံကို အသပြာ တစ်ထောင်ပေးပြီး ဆုတ်တယ်။ ပြီးတော့ အဲဒီအရေခွံကို အသပြာတစ်ရာ ပေးပြီး ဝတ်စုံချုပ်တယ်။ အရိုးကိုတော့ ဆံထိုး လုပ်ထားတယ်။ အဲဒါကို ပြောတာ။”
Mrs. Black။ ။“အဲဒါဆို အသားတွေကရော။”
Mr. Black ။ ။“အသားတွေကတော့ တရုတ်ပြည် ပို့လိုက်ပြီ။”
မောင်ပေါက်ကျိုင်းလည်း သူလိုချင်တဲ့ အဖြေ ကျီးကန်းတွေ ဆီက ရလို့ ပျော်သွားပါတယ်။ ဒါနဲ့ နန်းတော်ကို ပြန်ပြီး မိဖုရားကို အဖြေ ပြောပြလိုက်ပါတယ်။ မိဖုရားလည်း မကျေနပ်ပေမယ့် သူမေးတဲ့ မေးခွန်းကို ဖြေနိုင်တဲ့ အတွက် အလျှော့ပေးလိုက် ရပါတယ်။
ဒီလိုနဲ့ မောင်ပေါက်ကျိုင်းနဲ့ မိဖုရားကြီးတို့ ပေါင်းသင်းနေထိုင်လာခဲ့ရင်းနဲ့ ကင်းပူး တက်လာပါတယ်။ မိဖုရားကြီးကနေ အမြွှာညီနောင် နှစ်ယောက်မွေးတာပါ။ အဲဒီ အမြွှာညီနောင်ကို စူဠာသမ္ဘဝ နဲ့ မဟာသမ္ဘဝလို့ အမည် ပေးကြပါတယ်။ အမြွှာညီနောင်ဟာ မွေးကတည်းက မျက်စိ မမြင်ပါဘူး။ မွေးကတည်းက သမားတော် ပေါင်းစုံနဲ့ ကုပေမယ့်လည်း အရွယ်ရောက်တဲ့ အထိ ထူးခြား မလာပါဘူး။
ဒါနဲ့ ဘုရင် မောင်ပေါက်ကျိုင်းက “ငါ့သားနှစ်ယောက် မျက်စိ မမြင်ဘူး ဆိုတာ တိုင်းပြည်မှာ ကျက်သရေ ယုတ်တယ်။ No One is above the law ပဲ။ အဲဒီတော့ ဒီနှစ်ယောက်ကို ဖောင်ပေါ်တင်ပြီး ရေထဲမျှောရမယ်။” လို့ အမိန့်ချပါတယ်။ မိဖုရားကြီးကလည်း သူ့သားနှစ်ယောက်ကို ချစ်တော့ “မင်းကြီး။ စဉ်းစားပါဦး။ No One is above the law ဆိုတာ ဥပဒေ အထက်မှာ နံပါတ် ၁ ရှိတယ်လို့ အဓိပ္ပါယ် ယူလို့လည်း ရပါတယ်။” ဘာညာနဲ့ ငိုပြပါတယ်။ ဒါပေမယ့် ဘုရင်ကတော့ စိတ်မပြောင်းပါဘူး။ ဒါနဲ့ စူဠာသမ္ဘဝ နဲ့ မဟာသမ္ဘဝကို သန်လျှက်တစ်ချောင်း ပေးပြီး ဖောင်ပေါ်တင်လို့ ဧရာဝတီ မြစ်ထဲ မျှောလိုက် ပါတော့တယ်။
မင်းသားနှစ်ယောက်ဟာ မျက်စိ မမြင်ရပေမယ့် အကြားအာရုံတော့ ထက်မြက်ပါတယ်။ သူတို့ မြစ်ထဲမှာ ဖောင်နဲ့ မျှောလာတုန်း စန္ဒမုခိ လို့ အမည်ရတဲ့ ဘီလူးမဟာ မင်းသား နှစ်ယောက်ကို မြင်တော့ ဖမ်းပြီး စားဖို့ ကြံပါတယ်။ ဒါပေမယ့် မင်းသားတွေက အသံကြားတော့ ဘီလူးမကို လက်ဦးမှု ရအောင် ဖမ်းနိုင်ခဲ့ပါတယ်။
ဘီလူးမက “ချမ်းသာပေးပါ။ လိုချင်တာ ရစေရပါမယ်။” လို့ အသနား ခံပါတယ်။ ဒါနဲ့ မင်းသားနှစ်ယောက်က သူတို့ကို မျက်စိမြင်အောင် ကုပေးစမ်းလို့ ခိုင်းပါတယ်။ ဘီလူးမက မင်းသားတွေကို မျက်စိ စကုတဲ့ အရပ်ကို နောင်အခါမှာ “စကု” လို့ တွင်ပြီး မျက်စိစပြီး အလင်းရတဲ့ အရပ်ကိုတော့ “စလင်း”လို့ တွင်တယ်လို့ ပြောကြ ပါတယ်။ (ပုံပြင်ထဲမှာ စစ်ပင်ကြီးကိုင်းနေတာ မြင်ရလို့ စစ်ကိုင်းခေါ်တယ်လို့ ပါပေမယ့် စလင်းကနေ စစ်ကိုင်းကို သွားချင်ရင် ဧရာဝတီကို ဆန်တက်မှ ရောက်မှာမို့ သိပ်မဟုတ်ဘူးလို့ ယူဆရပါတယ်။) အခုမှ မျက်စိမြင်တဲ့ စူဠာသမ္ဘဝလည်း “ဘီလူးမလေးလည်း မဆိုးပါဘူး။ သွားတက်ကလေးနဲ့ လန်းသားပဲ။” လို့တွေးပြီး စန္ဒမုခိကို ချစ်ရေးဆိုပါတယ်။ ဒါနဲ့ပဲ စန္ဒမုခိနဲ့ စူဠာသမ္ဘဝတို့ ငြိသွားကြ ပါတယ်။
ဒီလိုနဲ့ သူတို့ရဲ့ ဖောင်ဟာ အခု ပြည်မြို့ လို့ ခေါ်တဲ့ နေရာအနီးကို ရောက်လာကြပါတယ်။ အဲဒီအနားမှာ ရသေ့တစ်ပါးဟာ ရှူရှူး ဖလားဝါးရာကနေ သူ့ရဲ့ ကျင်ငယ်ကို သမင်မက သောက်မိလို့ ကိုဝင်းကြည်နဲ့ ဖြစ်ပြီး မိန်းကလေး တစ်ယောက်မွေးပါတယ်။ ရသေ့လည်း သမင်မက မွေးတဲ့ ကလေးကို ထိန်းကျောင်းရင်း အဲဒီမိန်းကလေးဟာ အရွယ်ရောက်လာ ပါတယ်။ သူမနာမည်က ဗေဒါရီလို့ ခေါ်ပါတယ်။
ရသေ့လည်း တစ်နေ့တစ်နေ့ အဲဒီကလေးကို ထိန်းကျောင်းနေရတာနဲ့ တရားအလုပ် မလုပ်ဖြစ်ပါဘူး။ အဲဒါနဲ့ ဗေဒါရီကို နေ့လည်ဖက်ဆို အပြင်ကို ပထုတ်ဖို့ ကြံပါတယ်။ ဘူးသီးခြောက်မှာ အပ်နဲ့ အပေါက် သေးသေးကလေး ဖောက်ပြီး ရေခပ်ခိုင်းပါတယ်။ ဗေဒါရီလည်း အဲဒီ အပေါက်သေးသေးကလေးနဲ့ ရေခပ်ရတော့ တော်တော်နဲ့ ရေမပြည့်တဲ့အတွက် တစ်နေကုန် နီးပါး ခပ်ရပါတယ်။ အဲဒီတော့ ရသေ့လည်း သူ့ကျောင်းသင်္ခမ်းမှာ တစ်ယောက်တည်း စိတ်အေးလက်အေး တရားအားထုတ်လို့ ရပါတယ်။
တစ်နေ့တော့ အဲဒီလို မြစ်ကမ်းမှာ ရေခပ်နေတုန်း မင်းသားနှစ်ပါး ရောက်လာပါတယ်။မဟာသမ္ဘဝက ကောင်မလေး ချောချောလေးတွေ့တော့ “ဘာလုပ်နေတာလဲ” ဆိုပြီး ပစ်ကြည့်ပါတယ်။ ဗေဒါရီက “ရေခပ်နေတာပါ။” လို့ ပြန်ပြောပါတယ်။ မင်းသားလည်း ဘူးသီးခြောက်ကို ကြည့်ပြီး “ကြည့်စမ်း။ အရင်းအမြစ်တွေ အလဟသ ဖြစ်တယ်။ Innovative မဖြစ်ဘူး။ ကဲ အပေါက်ကို ချဲ့လိုက်မယ်။” ဆိုပြီး ဘူးသီးခြောက်က အပေါက်ကို သန်လျှက်နဲ့ ချဲ့ပေးလိုက်ပါတယ်။ ဒါနဲ့ ဗေဒါရီလည်း ရေကို အမြန်ခပ်လို့ ရတော့ ပျော်ပြီး ကျောင်းသင်္ခမ်းကို ပြန်သွားပါတယ်။
ရသေ့လည်း ဗေဒါရီ စောစောစီးစီး ပြန်လာတော့ အကျိုးအကြောင်းကို စုံစမ်းပါတယ်။ အဲဒါနဲ့ ဗေဒါရီဆီကနေ မင်းသားနှစ်ယောက် အကြောင်းကို ကြားတော့ သူတို့ကိုခေါ်ခဲ့ ခိုင်းပါတယ်။ မင်းသားနှစ်ယောက်ကို တွေ့တော့ “အင်း။ မဆိုးဘူး။ ပုံစံကတော့ ရုပ်ရှိ ရေလျှံ အမှန်အကန် ပုံပဲ။” လို့ တွေးပြီး သူ့ဆီမှာ ခေါ်ထားပါတယ်။ မဟာသမ္ဘဝလည်း ဘက်ပဲ့နေတာနဲ့ ဗေဒါရီကို ချစ်ရေးဆိုရာကနေ သူတို့ နှစ်ယောက် ကြိုက်သွားပါတယ်။
နောက်တော့ မဟာသမ္ဘဝနဲ့ ဗေဒါရီတို့ သရေခေတ္တရာ ဆိုတဲ့ ပြည်ကို တည်ထောင်ပြီး စူဠာသမ္ဘဝနဲ့ စန္ဒမုခိတို့ကတော့ ဗိသနိုးဆိုတဲ့ ပြည်ကို တည်ထောင်ပြီး နေကြပါ တော့တယ်။ အဲဒါကတော့ မြန်မာနိုင်ငံ အစ သရေခေတ္တရာတို့ ဗိသနိုးတို့နဲ့ ပတ်သက်တဲ့ ပါးစပ်ရာဇဝင် ပုံပြင်ပါပဲ။ ခေတ်နဲ့ လျော်ညီအောင် စကားပြောခန်းတွေကို ပြင်ဆင်ပြီး 2009 Version လုပ်ထားပါတယ်။
36 comments:
ဖတ်လို ့ကောင်းပါ၏.
ဆက်ရန်တွေ လာအုံးမှာလား...
ဟ..... မိုက်တယ်ကွာ.... အရေးအသားက လန်းတယ်။
ဆက်ချဗျာ.... ကြိုက်တယ်။
ဆက်ချင်ရင်တော့ စန္ဒမုခိရဲ့ မျိုးဆက် ဗိသနိုးက ပန်ထွာဘုရင်မ အကြောင်း ဆက်လို့ ရသေးတယ်။ :D
ကောင်းလှချည်လား…ဒေါင်းမြကြည် အဲလေ… ဒေါင်းဇက်တီရယ်။။ ကျနော့်ဘလော့ဂ်က ယနေ့အညွှန်းချင်ဆုံးမှာ ညွှန်းလိုက်ဦးမယ်…. ပလို့ဂျိ။
ဖတ်လို့ကောင်းလိုက်တာ
အရင်ကတပုဒ်လည်း ကြိုက်တယ်။ ခုပိုစ့်လည်းကြိုက်တယ်။ နောက်ပိုစ့်တွေကိုလည်း မျှော်နေတယ်နော် း)
ဒါနဲ့ စာမေးပွဲရှိတယ်ဆိုပြီး.. ?? (သမိုင်းစာမေးပွဲဖြေမှာထင်တယ်)
ဒါမျိုးလဲရသကိုးနော်။
mm
ရေရေလည်လည် အမှန်အကန်ပါပဲလား။
ဆက် မိုက်ရန် အားပေးပါသည်။ o.O
ဒါဆို တို ့တွေက ဘီလူး အကန်း တိရိစာ္ဆန် မျိုးဆက်တွေ လားဟင်.. ဘုရား ဘုရား မဟုတ်ပါစေနဲ ့ း))
တို့ zt က ဒါတွေလဲ ပိုင်သကိုး၊
Very nice.
Keep writing.
No One is above the law = No.1 is above the law
:D :D
Now they said: No man is above the law
တော်လိုက်တာ။ဖတ်လို့ကောင်းတ.်။
အခြားအကြောင်းအရာများ (၂၀၀၉ ဗားရှင်း)ကို စောင့်မျှော်ခွင့်ရှိပါသလားဗျိုး......... :D
ဆက်ရေးပါဗျို့ ... အားပေးတယ် ... ကြိုက်တယ် အရေးအသားတွေကမိုက်တယ်
with best wishes,
avocado
So nice to read!
အရင်တစ်ခေါက်က ပန်းပဲ မောင်တင့်တယ်။ ပြီးတော့ မောင်ပေါက်ကျိုင်း။ ကြိုက်တယ်။ ၁၀ပုဒ်လောက် ရေးပြီးရင် စာအုပ်တစ်အုပ် ထုတ်လို့ရပြီ :)
ရှယ်ဘဲ ဆရာ။ သမိုင်းသင်ခန်းစာတွေကို ဒီလိုသာ သင်ရရင်တော့ စာသင်လို့တော်တော်ကောင်းမှာဘဲ ဟိဟိ။
အရမ်းကောင်း.... ။
မိုက်ပါ့ဗျား
ပြောတော့စာဖတ်နေတယ်။ စာဖတ်နေတယ်နဲ့ ညည့်နက်သန်းကောင်..........
ခေတ်သစ်ပုံပြင်ကလေးက နားထောင်လို့ကောငး်လိုက်တာ။
really rocks... cheers
အဖေ နှစ်ယောက်ရှိလို့မို့ ဒွတ္တဘောင်လို့ အမည်တွင်တယ်ကြားဖူးတယ်။ စန္ဒမုခိက ပြည်ထိ ပါလာပုံမရဘူး။ လမ်းမှာတင် စရိတ်ပေးပြန်လွှတ်တယ်တဲ့။ ..ဟဲ ဟဲ.။ ဒါပေမယ့် နောင်တော်ကြီး ခေတ်သစ်သမိုင်းမှာ ကျုပ်ကြားဖူးတာတွေတော့ မထည့်ပါနဲ့ နောက် ဗားရှင်း အသစ် ထပ်ဖြစ်နေအုံးမယ်။...
ဟယ် ကို ZT မိုက်တယ်ဗျာ
လန်းတယ်
ခင်မင်စွာဖြင့်
သီဟသစ်
မိုက်တယ်ကွ... တချက်ချက် ခွက်ထိုးခွက်လန် ရယ်ရတယ်...
အခုခေတ်အကြောင်းတွေကို တခြားဗားရှင်းတွေ သုံးပြီး ကျဲလိုက်ပါဦး...
အားပေးလျှက်
းဝ)
ကောင်းတယ်။ အားကြီးကောင်းတယ်။ သမိုင်းကျူရှင်ပြန်ပေးရင် ကလေးတွေ စိတ်ဝင်စားကြမှာ အမှန်ပဲ။ ဆက်ရန်လုပ်ဦးဗျ။ ကိုကြီးဒွတ်နဲ့ မကြီးဗိတ် တို့အကြောင်း။
တပြုံးပြုံးနဲ့ဖတ်သွားတယ်၊
ခေတ်မီလိုက်တာ အရေးအသားက။
ဘာသစ်သလဲ မမေးနဲ့...
လုံးဝ အသစ်...
cool
အခုမှ လာဖတ်မိတယ်..
အတော်ကောင်း..
တောင်ပြုံးပွဲ ဖြစ်လာပုံအကြောင်းလေး
ရေးပါအုန်း
ဖတ်ရတာ တော်တော်ကောင်းပါတယ်ရှင်..
စကားကြီး 3 ခွန်းကို မှတ်သွားပါတယ်.. ဒါပေမယ့် မအိပ်မနေ အသက်ရှည် ကတော့ ..ဟဲဟဲ..။ ဖောရှောလဲ တတ်ဝူး..။ ဖတ်လို့တော်တော် ကောင်းတယ် ရှင့်..။
အမိုက်စားပဲ။
ဒါမျိုးတွေကြောင့် ZT ဖြစ်နေတာ။
လေးရက်လောက်အိပ်ယာထဲကွေးနေတဲ့
အဖျားပျောက်အောင် အော်ဟစ်ရယ်လိုက်တယ်
ဗျို ့
မမ
ဒါလဲဖတ်သွားပြီဗျို့
ရာဇ၀င်ဆရာတွေ ထိုင်ငိုလောက်တယ်း)
Post a Comment