Search This Blog

Sunday, August 2, 2009

ကျွန်ခံသူတို့ရဲ့ ပေါက်ကွဲသံစဉ်များ

ကျွန်ခံတယ် ဆိုတဲ့ စကားလုံးက ကြားရတာ အတော်ဆိုးပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရပ်ခြား ရောက်နေတဲ မြန်မာလူမျိုးတွေရဲ့ ပါးစပ်က မကျေနပ်ချက်တွေ ပွင့်ထွက်လာတဲ့ အခါမှာ အဲဒီစကားလုံးကို အမြဲလိုလို ကြားရတတ်ပါတယ်။

ကျွန်တော့် အတွက်ကတော့ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလိုပါပဲ။ နိုင်ငံရပ်ခြား စရောက်ကတည်းက အဲဒီ စကားလုံးနဲ့ စပြီး မိတ်ဆက်ရပါတယ်။ ကျွန်တော် စင်ကာပူကို ရောက်ခါစက ဆော့ဖ်ဝဲလ် ကုမ္ပဏီ တစ်ခုမှာ မန်နေဂျာ ရာထူးနဲ့ အလုပ် လုပ်နေတဲ့ မြန်မာ အစ်ကိုကြီး တစ်ယောက်ရဲ့ အိမ်မှာ ခဏ နေဖြစ်ပါတယ်။ အဲဒီ အစ်ကိုကြီးက ကျွန်တော့်ကို “ငါတို့ သူများနိုင်ငံမှာ လာအလုပ်လုပ်တယ် ဆိုတာ ရှင်းရှင်း ပြောရရင်တော့ ကျွန်လာခံတာ ပဲကွ။ အဲဒီတော့ အချိန်ရှိတိုင်း သောက်လိုက် စားလိုက် လုပ်နေပြီး ရသမျှ ပိုက်ဆံတွေ လျှောက်ဖြုန်းပစ် မနေနဲ့။ အချိန်ဖြုန်း မနေနဲ့။ နိုင်ငံခြားက ပြန်ရင် ပိုက်ဆံဖြစ်ဖြစ် အတွေ့အကြုံ ဖြစ်ဖြစ် ကိုယ့်အတွက် တစ်ခုခုတော့ ပါအောင် လုပ်သွားကွ။” လို့ သတိပေး ခဲ့ဖူး ပါတယ်။ သူပြောတဲ့ စကားကို ပြန်စဉ်းစားကြည့်တော့ ဟုတ်သလိုပါပဲ။ နိုင်ငံရပ်ခြားမှာ အခြေချပြီး နေမယ် ဆိုတဲ့သူတွေ အတွက်ကတော့ အဲဒီစကားက အကျုံးမဝင် ပါဘူး။ ဒါပေမယ့် အချိန်တန်ရင် အိမ်ပြန်မယ်လို့ စိတ်ကူးထားတဲ့ သူတွေ အတွက်ကတော့ နိုင်ငံခြားမှာ လာအလုပ်လုပ်ပြီး ဘာမှ မပါဘဲ လက်ချည်းသက်သက် ပြန်သွားရင် ကိုယ့်ဘဝရဲ့ အချိန်တွေထဲက တစိတ်တပိုင်းကို အကြောင်းမဲ့ သက်သက် ရောင်းစားလိုက် သလိုပါပဲ။ လူတိုင်းကတော့ အဲဒီလို ထင်ချင်မှလည်း ထင်ပါလိမ့်မယ်။

ကျွန်တော် စလုံးမှာ နေပြီး ၂ နှစ်လောက် အကြာမှာတော့ ဆွေမကင်း မျိုးမကင်း သင်္ဘောသား တစ်ယောက် စင်ကာပူမှာ သင်္ဘော ဒေါက်တင်ဖို့ ရောက်လာပါတယ်။ သူတို့ သင်္ဘောမှာ ကြီးလေးကြီး ဆိုတဲ့ အကြီးဆုံး အရာရှိကြီး ၄ ယောက်က လွဲရင် ကျန်တဲ့ သင်္ဘောသား အားလုံးက မြန်မာတွေပါ။ အဲဒါနဲ့ သင်္ဘောသား အစ်ကိုကို “မြန်မာတွေနဲ့ အတူတူ လုပ်ရတာ ပျော်စရာကြီးနေမှာပဲနော်။ အရာရှိတွေပါ မြန်မာတွေ ဖြစ်ရင် ပိုကောင်းမယ်။” လို့ ပြောမိပါတယ်။ အဲဒီတော့ သူက “ငါတော့ မြန်မာ အရာရှိတွေအောက် မလုပ်ချင်ဘူး။ ဒီကောင်တွေက ကျွန်ပါး မဝဘူးကွ။ သူတို့ကိုယ် သူတို့ လခစား ဆိုတာကို မေ့နေကြတယ်။ ပိုက်ဆံပေးခိုင်းတာ တန်အောင် လုပ်ပေါ့ကွာ။ ကိုယ့်အဖေ ကုမ္ပဏီမှ မဟုတ်တာ။ အဲဒါကို သူတို့ နာမည်ကောင်းရဖို့ အောက်က သင်္ဘောသားတွေကို အတင်းဖိခိုင်းတယ်။ ငါတို့မှာက ပြဲနေအောင် လုပ်ရတယ်။ အဖြူကောင်တွေက အဲဒီလို မဟုတ်ဘူးကွ။ ဒီကောင်တွေက ကိုယ်လည်း လခစား သူလည်း လခစားဆိုတာ သဘောပေါက်တယ်။ အချိန်တန်လို့ အလုပ်ပြီးရင် ပြီးတာပဲ။ အရေး မပါတာတွေ လျှောက် မလုပ်ခိုင်းဘူး။ သူတို့ လက်အောက်မှာ အလုပ်လုပ်ရတာ ပိုကောင်းတယ်ကွ။” လို့ ပြန်ပြီး မှတ်ချက်ပေးပါတယ်။ အဲဒီတော့မှ ဒါမျိုးတွေလည်း ရှိသေးသကိုးလို့ သဘောပေါက်ပါတယ်။

ကျွန်တော် တွေးကြည့်မိပါတယ်။ မြန်မာလူမျိုးတွေ ခိုင်းကောင်းတယ် ဆိုတာ ဂုဏ်ယူစရာ တစ်ခုလား။ ခိုင်းကောင်းတာနဲ့ အလုပ် ကြိုးစားတာနဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ချင်း မတူဘူးလို့ ထင်ပါတယ်။ အလုပ်ကြိုးစားတယ် ဆိုတာ ဂုဏ်ယူစရာပေမယ့် ခိုင်းကောင်းတယ် ဆိုတာ ဂုဏ်ယူစရာ မဟုတ်တဲ့ အပြင် အ တယ်လို့တောင် တခြားသူတွေ ထင်စရာ ဖြစ်နေပါသေးတယ်။

ကျွန်တော် ကျောင်းပြီးတော့ ပထမဆုံး လုပ်ခဲ့တဲ့ ကုမ္ပဏီ ၂ ခုမှာ မြန်မာဝန်ထမ်း မရှိပါဘူး။ အဲဒါကြောင့် တတိယမြောက် ကုမ္ပဏီ ရောက်တဲ့ အချိန်မှာ မြန်မာဝန်ထမ်းတွေ အများကြီးတွေ့တော့ ပျော်သွားပါတယ်။ Engineering ဘက်မှာ ကျွန်တော် တစ်ယောက်တည်း ရှိပေမယ့် ထုတ်လုပ်ရေး အပိုင်းမှာ မြန်မာ Technician အယောက် ၂၀ လောက် ရှိပါတယ်။ သူတို့ကို ကျွန်တော်တို့ ကုမ္ပဏီကနေ ဆပ်ကန်ထရိုက်နဲ့ ငှားထားတာပါ။ သူတို့ကို လက်ရှိ အလုပ်ခန့်ထားတဲ့ ကုမ္ပဏီမှာလည်း မြန်မာဝန်ထမ်းတွေ မန်နေဂျာရာထူး အပါအဝင် အတော်များများ ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်ကလည်း အမှတ် မရှိပါဘူး။ သူတို့ကို ထပ်မေးပါတယ်။ မြန်မာမန်နေဂျာတွေနဲ့ အလုပ်လုပ်ရတာ ဘယ်လို နေသလဲလို့ တီးခေါက်ကြည့်မိပါတယ်။

မြန်မာ အကိုကြီးတစ်ယောက်က “တို့ ကုမ္ပဏီက တစ်ချို့ မြန်မာ မန်နေဂျာတွေက သောက်ရူးတွေကွ။ အလကား ဘဝင်မြင့်နေတာ။ ဒီကောင်တွေ လည်း ကုမ္ပဏီ ဝန်ထမ်း ငါတို့လည်း ကုမ္ပဏီ ဝန်ထမ်းပဲကွာ။ ပိုက်ဆံရလို့ အလုပ်လာလုပ်နေကြတာပဲ။ အဲဒါကို သူတို့ကို ဆရာလို့ ခေါ်စေချင်တယ်။ အရေးမပါတဲ့ ကိစ္စကွာ။ ရာထူးကြီးတာနဲ့ ဘာကိစ္စ ဆရာ ခေါ်ရမှာလဲ။ သူတို့ ဆီက ပညာတွေ ငါတို့ကို သင်ပေးနေတာလည်း မဟုတ်ဘူး။ သူတို့ ကွေျးတဲ့ ထမင်း စားနေရတာလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ဆိုရင်တော့ ထုံးစံပေါ့ကွာ။ အခု ဒီကောင်တွေက သူများနိုင်ငံ လာပြီး ကျွန်ခံနေတာတောင် အဲဒီ အကျင့်တွေ မဖျောက်နိုင်ဘူး။ သူတို့ကို ဆရာခေါ်တဲ့ကောင်တွေ ပစားပေးတယ်။ ငါတို့လို ဂွတိုက်တတ်တဲ့ ကောင်တွေကျတော့ ချောင်ထိုးထားတယ်။ တို့လူမျိုးတွေ ဒီပုံနဲ့ ဆိုရင်တော့ မလွယ်ပါဘူးကွာ။” လို့ ပယ်ပယ်နှယ်နှယ် ဆဲရင်း ရင်ဖွင့်ပါတယ်။

အဲဒီလိုပြောတော့ ရန်ကုန်မှာတုန်းက ဗြိတိသျှ သံရုံးမှာ ဝန်ထမ်းအဖြစ် အလုပ်လုပ်နေတဲ့ မြန်မာ အစ်ကိုကြီး တစ်ယောက် ပြောခဲ့တာ ကို သတိရ မိပါတယ်။ သူက ကျွန်တော်တို့ကို “ဟေ့့ကောင်တွေ။ အားရှိတိုင်း တွေ့သမျှ သူတိုင်းကို ရက်စ်ဆာ လုပ်မနေနဲ့။ ဆာတပ်ခေါ်ရအောင် ဒီကောင်တွေလည်း ဘာကောင်တွေမှ မဟုတ်ဘူး။ ငါတို့ သံရုံးမှာဆို သံအမတ်ကြီး ကိုတောင် ဘယ်သူမှ ဆာ တပ်မခေါ်ဘူး။” လို့ ပြောပြခဲ့ဖူးတာကို သွားသတိရမိ တာပါ။

ကျွန်တော် ကြုံခဲ့ဖူးသလောက်တော့ နိုင်ငံရပ်ခြားမှာ ရှိတဲ့ အင်ဂျင်နီယာ လုပ်ငန်းခွင်ထဲမှာ ဘယ်သူ့ ဘယ်သူမှ ဆရာခေါ်ရိုး ထုံးစံ မရှိပါဘူး။ ကျွန်တော်တို့ မန်နေဂျင်း ဒါရိုက်တာ၊ အမှုဆောင် အရာရှိချုပ် ၊ ဒါရိုက်တာ စတဲ့သူမျိုးတွေကို စကားပြောရင်တောင် နာမည်ရှေ့မှာ မစ္စတာ တပ်ခေါ်တာ လောက်ပဲ ရှိပါတယ်။ ဆာ ခေါ်တယ် ဆိုတာ မကြားဖူးသလောက် ပါပဲ။ အဲဒီလို ထုံးစံတွေကို သိရဲ့သားနဲ့ မြန်မာ လူမျိုး အချင်းချင်း ဆရာ အခေါ်ခံ ချင်သေးတဲ့ အဲဒီလို စိတ်ဓာတ်မျိုးတွေ ရှိနေသေးတယ် ဆိုတာတော့ ကြားရတာတောင် မယုံနိုင်စရာ ကောင်းပါတယ်။ နိုင်ငံရပ်ခြား ရောက်နေပြီးမှတော့ ဒီလို စိတ်ဓာတ်မျိုးတွေ ပြင်သင့်တာပေါ့ လို့ပဲ ကျွန်တော့်ကို ရင်ဖွင့်တဲ့ အစ်ကိုကြီး ဘက်ကပဲ ထောက်ခံ မိပါတယ်။

ဘာရယ် မဟုတ်ပါဘူး။ ဟိုတစ်နေ့က သူငယ်ချင်း တစ်ယောက်ဆီက “သူများနိုင်ငံ လခစားလုပ်ပြီး တသက်လုံး ကျွန်ခံ မနေနိုင်ဘူး” ဆိုပြီး ပေါက်ကွဲထွက်လာတဲ့ စကားကို ကြားတော့ ကျွန်ခံတယ် ဆိုတဲ့ စကားလုံးကို ဆက်စပ်ပြီး တွေးမိ သွားတာတွေပါ။ ကြုံခဲ့ဖူးတဲ့ အဖြစ်တွေကို ပြန်စဉ်းစားမိလို့ စိတ်ထဲ ပေါ်လာတာတွေ ချရေးဖြစ် သွားပါတယ်။

44 comments:

Anonymous said...

i'm first.

ZT said...

အမ်။ First ဆိုပြီး နာမည်လဲ ရေးမသွားဘူး။ :D

Anonymous said...

top secret!

သစ်သစ် said...

ကျွန်ခံတယ် ....အင်းးးးးးးး ဒါလည်းဟုတ်တာပါပဲလေ။

khin oo may said...

သဘောထားကွဲလွဲခွင့်ရှီတယ်မဟုတ်လား။

khin oo may said...

အချင်းချင်းဆရာလုပ်ချင်တာတော့မကောင်းပေမဲ့ ကိုယ့်ထက်တော်တယ်လို့ယူဆရင်တော့ဆရာတင်ရမှာပါ။

ကျေနပ်လို့လာလုပ်တာပါ။ ကျွန်လာခံတာမဟုတ်။ မကျေနပ်ရင်ပြန်ပါမယ်။ သူလဲကျေနပ် ကိုယ်လဲကျေနပ်လို့လုပ်တာပါ။ အလုပ်လုပ်တာပါ။ ကျွန်ခံတာမဟုတ်. တစ်ခါမှလဲငါကျွန်လာခံနေတာပါလားလို့ မတွေးမိ.

ZT said...

ရှိပါတယ်။ :D

Angel Shaper said...

အကို တီဇက်ရေ...
အင်မတန်ကောင်းတဲ့ ပို့်စ်လေးပါနော်။
မြန်မာတွေ ခိုင်းကောင်းတာ မဟုတ်ပဲ၊ ကြိုးစားရိုးသားတာ၊ စည်းလုံးကြတာ၊ မွန်မြတ်ကြတာ၊ ဖြူစင်ကြတာ၊ လေးစားဖို့ကောင်းကြတာ၊ တန်ဖိုးထားဖို့ကောင်းကြတယ် ဆိုတာတွေပဲ ကြားချင်မိတာ သမီးအတ္တလားဟင်.....

Myo Win Zaw said...

မြန်မာတွေကိုက ဆရာခေါ်ခြင်တာ အကျင့်ပါနေတာကိုး ဘုရင်လက်ထပ်က ဘုရားထူးတာ ပြန်အောက်မေ့ပြီး အင်္ဂလိပ်ကြတော့ သခင်ကြီး ဂျပန်ကိုတော့ မာစတာကြီး ဆိုက်ကားနင်းသူကို ဆိုက်ကားဆရာ လဘက်ရည်ဖျော်သူကို အဖျော်ဆရာ ကားမောင်းသူ ကို ကားဆရာဟုတ်တော့ဟုတ်နေတာဘဲ ကျောင်းဆရာ တွေနဲ့ အတူတူကို ဖြစ်ရောဘဲ ရှေ့က သက်မွေးကျောင်းမှုကွဲတာက လွဲရင် နောက်က ဆရာတွေက အတူတူမို့လို့လေ ဟားဟား

Myo Win Zaw said...

ပြောဘို့ ကျန်သွားတယ် ဆရာခေါ်တာမကြိုက်တဲ့ မြန်မာ အတန်းအစားတစ်ခုမြန်မာပြည်မှာရှိပါတယ် စစ်ဗိုလ် တွေက သူတို့ကို ဆရာခေါ်ရင် စိတ်ဆိုးကြတယ် လုံး၀မကြိုက်ပါဘူး သူတို့တပ်ထဲမှာ ဒုတပ်ကြပ်လောက်မှ ဆရာခေါ်တာကိုး ရာထူးနိမ့်သွားတယ် ထင်လို့လားတော့မသိပါဘူး ကျျွန်ခံတယ် မခံဘူးဆိုတာတော့ ခံယူတဲ့အပေါ်မူတည်ပါတယ် ထိုင်းမှာဆိုရင်တော့ မြန်မာနိုင်ငံသားတွေဟာ အဆင်ပြေဖို့အတွက် ရရာအလုပ်လုပ်ကြတော့ ကျွန်ခံသလိုကို ဖြစ်နေတာ တော့ အမှန်ဘဲ

ကိုလူထွေး said...

သောက်ရူးတွေကွ။
အလကား ဘဝင်မြင့်နေတာ။
အရေးမပါတဲ့ ကိစ္စကွာ။
ဘာကိစ္စ ဆရာ ခေါ်ရမှာလဲ။
ဒီပုံနဲ့ ဆိုရင်တော့ မလွယ်ပါဘူးကွာ။


ဒီလူ တော်တော် စိတ်တိုနေပုံရတယ်...

တကယ် အရည်အချင်းရှိတဲ့သူက သူ့ကို ဆရာအခေါ်ခိုင်းစရာမလိုပါဘူးဗျာ...

လူလေးစားခံထိုက်တဲ့သူက အလိုလို အလေးစားခံရတာမျိုးပါ...

Moe Cho Thinn said...

လူမျိုးတွေထဲမှာ မြန်မာလူမျိုးက ယဉ်ကျေးတယ်၊ နှိမ်ချတယ် ဆိုတာ လူတော်တော်များများ လက်ခံထားကြမှာပါ။
အဲဒီအထဲမှာ တို့ကလဲ စိတ်ရင်းအရရော၊ မိရိုးဖလာအနေအထိုင်အရရော ကိုယ့်ကိုယ်ကိုယ် နှိမ်ချ နေမိ ပြောလေ့ရှိပါတယ်။
ဒါပေမဲ့ လူတိုင်းကိုတော့ ဆရာ ခေါ်လေ့မရှိပါဘူး။ ကိုယ်တကယ်လေးစားတဲ့၊ တန်ဖိုးထားလောက်တဲ့ အရည်အချင်းရှိသူဆို တကယ်ကို ရိုရိုကျိုးကျိုး အလိုလို ဆက်ဆံမိတာ။ မမှန်ဘူး မဟုတ်ဘူး ထင်ရင်လဲ ကိုယ့်အထက်ကလူဖြစ်ပစေ ပြန်ကို ပြောရမှ။ ဘာပြောပြော လိုက် ခေါင်း မညိတ်နိုင်ပါဘူး။
အဲဒါကြောင့် ကိုယ့်ကိုယ်ကို ကျွန်ခံတယ်လို့ မခံစားရဘူး။ ကိုယ်က အလုပ်လုပ်ပေးသလို သူက ကိုယ်လက်ခံနိုင်တဲ့ လခ ပြန်ပေးတယ်လို့သာ သဘောထားပါတယ်။

subuueain said...

ကျွန်မလည်းအမ မိုးချိုသင်းလိုဘဲ သဘောထားတူတယ်။မြန်မာဆိုရင် ဘာမှန်းညာမှန်းမသိဘဲ စွတ်ရွတ်ပြီးနှိမ်ချင်တဲ့ လူတန်းစားကလည်းရှိသေးတယ်။ နှိမ့်ချပြီးနေတတ်တဲ့အကျင့်ကို မြန်မာငတုံးတွေထင်တဲ့သူတွေလည်းရှိတယ်။မြန်မာတွေ
တော်မှန်းတော့ သူတို ့မသိစိတ်ထဲမှာရှိပါတယ်(ထင်တာဘဲ )။လူအမျိုးမျိုးဆိုတော့ သဘောထားတွေလည်းအမျိုးမျိုးနေမှာပေါ့လေ။

Anonymous said...

မခင်ဦးမေ ပြောသွားတာကို သဘောတူပါဧ်။

mie nge

Photo_Vigor said...

Asian Culture...
:D..Enjoy!!!

ရွာသားလေးဝိုင်တီယူ said...

ခိုင်းကောင်းတယ်ဆိုတဲ့စကားလေး ထိရှသွားပြီ ကိုZTရေ

အလုပ်ထဲက မြန်မာတွေလည်း ဒီလိုပဲဗျ။ မန်နေဂျာနဲ့ သူဌေး ဘာပြောပြောမှန်သတဲ့။ သူတော်ကောင်းကြီးတွေ ဆိုပဲနော်။ (ကျနော်ဆိုလိုတာ စော်ကားဖို့ မိုက်ရိုင်းဖို့မဟုတ်ပါဘူး) သူဌေးအကြိုက်မိုးချုပ်ထိနေသတဲ့။ မန်နေဂျာနဲ့မှ ထမင်းအတူစားရသတဲ့ဗျာ။ ဘာအလုပ်တွေလုပ်နေသလဲတော့ ကျနော်လည်း မပြောတတ်ဘူးခင်ဗျ။ ကျနော်တော့ အလုပ်ချိန်ပြည့်ရင် အိမ်ပြန်ဖို့ကြိုးစားပါတယ် (မဖြစ်မနေအရေးကြီးရင်တော့ တစ်မျိုးပေါ့။ ရုံးမှာလည်း ကျနော်နဲ့ သူတို့နဲ့ ကွဲလွဲနေတယ်။ ကျနော်ပဲမှားနေလားမသိပါဘူးဗျာ။

မြန်မာ အထက်အရာရှိအောက်မှာ လုပ်ရတာ ကတော့ ကျနော် တာဝန်ယူခဲ့ရတာ HODပါ။ ရတဲ့လစာက Engineer ပါ။ သူတို့က ခဏ ကိုင်ထားပေးပါပြောလို့ ကိုင်ထားခဲ့တယ်။ တစ်နှစ်လောက်ရှိသည်အထိ ရာထူးကလည်း ဒီအတိုင်း လစာကလည်း ဒီအတိုင်း။ ကျနော့အရင် နောင်တော်ကြီးများခေတ်က နိုင်ငံခြားသားအထက်အရာရှိတွေပါ သူတို့ရတဲ့လစာတွေက ကျနော့ထက် နှစ်ပြန်လောက်သာတယ်ဗျ။ တစ်ချို့ဆို ကျနော့ထက်တောင် ရာထူးနှိမ့်သေးတယ်။

တစ်ချို့အထက်အရာရှိတွေကျ ခိုင်းပဲခိုင်းတာဗျ။ တာဝန်ယူပေးမယ်ဆိုတာ မရှိဘူး နင်ဖြစ်နင်ခံပဲ။ အလုပ်တော့ပြီးအောင်လုပ် အလုပ်မပြီးလဲ နင်ပဲဆိုပါတော့ဗျာ။

တော်တော်လည်း ရှည်သွားပြီ။ ကျနော်တစ်ဖက်သတ်တွေးမိတာလည်း ဖြစ်နေမလားပဲ။

သီဟသစ် said...

ကိုဇက်တီရေ

Yes Sir ကတော့ ဒီရောက်ရောက်ချင်း အင်တာဗျူးတစ်ခုမှာ မင်းအဲလိုပြောနေရင် အနှိမ်ခံ ရ လိမ့်မယ် ဆိုပြီး သူတို့က ပြောပြဖူးတော့ ဖျောက်လိုက်ပါတယ်

မြန်မာ အထက်လူကြီးကတော့ ဒီမှာ မကြုံဖူးသေးပါဘူး။ ပြောရရင် ဒီမှာ အိန္ဒိယ အချို့လည်း အဲလိုကာရိုက်တာမျိုးရှိတာ တွေ့ရတယ။်
သခင်အားရ ကျွန်ပါး၀ ဆိုတာမျိုးလေ။

ခင်မင်စွာဖြင့်
သီဟသစ်

ကျော် said...

အရမ်းကောင်းတဲ့ ပိုစ့်လေးတစ်ခုပါဘဲ .. ကိုယ်အတွက်ကတော့ အလုပ်လုပ်တာကို တစ်ခါမှ ကျွန်လာခံတယ်လို့တော့ မတွေးမိပါဘူး ... မြန်မာလူမျိုး တစ်ယောက်မှမရှိတဲ့ ရုံးမှာလုပ်ရသူမို့ ဒီလိုမျိုး မြန်မာအချင်းချင်း ပြသာနာတွေတော့ မကြုံဖူးသေးပါဘူး ..

Anonymous said...

Are you sure? Ko Kyaw and Ma Khin Oo May. Kindly think a little bit more. :)

Anonymous said...

မKhin Oo May, ကျနော့ကို ဒါလေး ဖတ်ပီး ခံစား ပေးပါလား ဗျာ။
http://kaungkinko.myanmarbloggers.org/2008/01/blog-post_22.html

Ko Myo (SG) said...

Well written, Ko ZT.

Office politics is everywhere. But, the habit of kissing up to one's superiors and kicking down to one's inferiors may be more commonplace between Burmese local and overseas.

A Burmese saying goes, "Obey the superiors, Respect the peers and Help/Sympathize with the inferiors." Most of us (the golden) tend to exercise otherwise. On the contrary, we tend to feel jealous of the superiors, compete with the peers and oppress the inferiors.

Based on my personal accounts, I worked in the environment with no Burmese as well as many Burmese. Comparing with other nationalities, competition and jealousy prevail more among our Burmese. Perhaps, it boils down to the way we are nurtured, educated and governed.

Anonymous said...

to above Anonymous who asked to read kaungkinko poem..


http://steveevergreen.blogspot.com/2009/04/individual-variavation.html

one of comments make sense to me

"hamm!!! pity composer. I can see the inferiority complex and grass roots of composer.
He seems neither knowledgeable nor educational about slavery and colonialism.
This poem doesn't imply all Burmese people though it could be possible for some people who have been victims of human trafficking, working as indentured labours or displaced workers."

Anonymous said...

To Anonymous (August 2, 2009 2:45 PM),
nga htin said: Totally disagree with KhinOoMay. You work for other country and other ppl benefits. All you get back is money. So what are you? Ma Khin Oo May.

READ THIS and ANSWER ME. WHAT ARE YOU?
If you don't have a thought for Myanmar(Burma), u don't need to answer.
If yes, then answer, else "Pls ignore me". Clear?

Steve Evergreen said...

ကျွန်ခံသူတို့ရဲ့ ပေါက်ကွဲသံစဉ်များ

I really don't support this title at all.
We work here to give our service.
We work here to help people.
We work here to share our experience.
We work here to achieve world class competency in our field.

Ko Gyi said...

Oh. Is it? Steve Evergreen. Yes. Yes.
I can see through your words. Your heart is never aching for your own country and your home land. Congratulation man!. Keep on. If your've already converted to other citizen, I should not say anymore to u.

shwenyi said...

working,working working... not slave.
we have to work wherever we are..myanmar or oversea..so not slave.

aye said...

ကျနော်စင်ကာပူရောက်တော့ ကျနော့်အလုပ်ထဲမှာမြန်မာတယောက်မှမရှိဘူး
ကျနော်လုပ်ရတဲ့အလုပ်ကလဲမြန်မာပြည်မှာ တခါမှမလုပ်ဘူးတဲ့အလုပ် ပြီးတော့ပထမဆုံးကျနော့်ရဲ့နိုင်ငံခြားဘာသာစကားနဲ့လုပ်ရမယ့်အတွေ့အကြုံ အဲဒိမှာကျနော်စဉ်းစားမိတာက ကို့ထက်ရာထူးမြင့်တဲ့သူတွေ ကို့ကိုသင်ပေးနိုင်တဲ့သူတွေကို Sir ခေါ်မိတော့တာပါပဲ အနည်းဆုံးကိုယ့်ကို မသင်ပေးရင်တောင် ကိုယ်က Respect ရှိတဲ့အတွက် ကိုယ့်ကို ချက်ချင်းအလုပ်မဖြုတ်လောက်ဘူးပေါ့ ပြီးတော့မှလိုအပ်တာတွေကို နေ့မနား ညမအားလေ့လာတော့တာပါ ကျနော်တကယ်လုပ်နိုင်မှန်းသိတဲ့ ကျနော့်အထက်အရာရှိက Sir ခေါ်တာဘာလုပ်ဖို့လဲလို့ကိုမေးပါသေးတယ် ဒါပေမယ့်ကျနော်သူတို့ဆီက လိုချင်တော့ Sir ဆက်ခေါ်နေမိပါတယ် နောက်ဆုံးတော့ metting တွေမှာ Singaporean တွေကိုတောင်ဆူနိုင် ဆဲနိုင်တဲ့အဆင့်ကိုရရှိခဲ့တယ် ကျနော်ဆိုလိုချင်တာက ကိုယ့်မှာအစစပြည့်စုံနေရင် Sir မခေါ်ဘဲ ကိုယ်လုပ်စရာရှိတာအကောင်းဆုံးပါ ဒါပေမယ့်ကိုယ်ကလဲလိုချင်သေး သူတို့ကိုတန်းတူဆက်ဆံသေး တကယ်တော့ကိုယ့်မှာ ဘာမှမရှိရင် လိုလိုလားလားသင်ပေးကြမယ်လို့မထင်လို့ပါ အခုစာဖတ်နေသူတွေအားလုံးဘဏ်တွေရောက်ဖူးကြမယ်ထင်ပါတယ် အဲဒါမှာ မန်နေဂျာ(ကျနော်တို့ထက် လစာ အများကြီးရပါတယ်)ကိုယ်တိုင်တောင်မှ စာဖတ်သူလာရင် Good Morning, Sir လို့အပြုံးလေးနဲ့ကြိုနေမှာပါ
P.S အလုပ်ထဲမှာစာတွေရေးရင်လဲ Singaporean အပါအဝင်တော်တော်များများက Hi Mr. XXX လို့ပဲစရေးပါတယ် ဒါပေမယ့်တကယ့် Formal အတိုင်းက Dear Sir, နဲ့စတော့ ကျနော်လဲစာရေးတိုင်းအခုထက်ထိ ... :-)

ကြည်ဖြူပိုင် said...

သိပ်ကောင်းတဲ့ပို့်စ်လေးတစ်ခုပါကိုZT.မြန်မာအရာရှိကြီးတွေရှိတဲ့ဆီမှာတော့မလုပ်ဖူးဘူး။
အဆင့်တူချင်းတန်းတူချင်းဆိုရင် တချို့ကိစ္စတွေမှာခေါင်းရှောင်ချင်တာတွေ။
ကိုယ့်လောက်မမြင့်ကြတဲ့လူတွေကျတော့လည်း အထက်လူကြီးဆီက ကိစ္စတစ်ခုခုတောင်းဆိုချင်ရင်
ကိုယ့်အားကိုယ်မကိုးတော့ဘဲ..အရာရာကိုယ့်လာအားကိုးတာမျိုးတွေခဏခဏ
ကိုကြုံရတယ်။ တကယ်လို့ကိုယ့်နေရာမှာတခြားနိုင်ငံသား
တစ်ယောက်ဆိုရင်ရော...ဆိုတဲ့အတွေးတော့
မကြာခဏဝင်တတ်တယ်။

မီးမီးချစ် said...

မြန်မာတွေ က ဖားတာနဲ ့ အချင်းချင်း ခြေထိုးခံတာ တော့ သိပ်ကျွမ်းတယ်.. တခါပဲ အတူလုပ်ဖူးတာ တသက်လုံး နောင်ကျဉ်သွားတယ်...သူမလုပ်တက်တာတွေ ကိုယ် ကမြန်မာအချင်းချင်းဆိုပြီး ကူညီပေးတာ .. မှန်နေတုန်းတော့ သူပဲလုပ်သလိုလိုနဲ့ အမှတ်ယူသွားတယ်.. မှားလဲ မှားရော ကူညီပေးတဲ့ လူကိုလာထိုးချတယ်..ကောင်းရော..

Anonymous said...

ကျွန်လာခံတယ်လို့တော့ မယူဆပါဘူး၊ မြေလာခံတယ်လို့ပဲ ယူဆတယ်၊ သူတို့ ဆီက အကြွေးတွေ အရင်ဘဝက ယူထားမိလို့ ပြန်ပြီး ပေးဆပ်နေရတယ်လို့ပဲ မှတ်ပါတယ်၊ ဒါပေမယ့် ဒီကို လာတဲ့ သူတိုင်းကို ပြောတယ်၊ နင်တို့ နိုင်ငံခြားထွက်ခွင့် ရတာ ကံကောင်းတာ မဟုတ်ဘူး၊ ကံဆိုးတာလို့ ကျွန်ဇာတာပါလို့ ဒီကို လာရတာလို့၊ ဒီကို လာပြီး ပညာသင်နိုင်တယ် ဆိုတဲ့ လူတိုင်းက တော့ အနည်းဆုံးတော့ လူလတ်တန်းစားထဲက အများစုပါ၊ အိမ်မှာ ဘုရင် လိုနေခဲ့ပြီး။ ဒီမှာ အစစအရာရာ ကိုယ်ထူကိုယ်ထ လုပ်နေရတာ၊ ဒီကြားထဲ အဆင်မပြေမှုတွေနဲ့ တွေ့လာရင်တောင် ရင်ဖွင့်ဖို့ လူမရှိ၊ တော်တော် ဝမ်းနည်းဖို့ကောင်းတယ်၊ ဒါပေမယ့် အဲလို မတွေးမိအောင်နေပါတယ်၊ အားလုံးပဲ အနည်းနဲ့ အများတော့ ခံစားရတာပါပဲ၊ ကျွန်ခံတယ်ဆိုတာထက် ကျွန်ဇာတာပါတယ် ပင်ပန်းဆင်းရဲတဲ့ ဇာတာ ပါတယ် ဆိုရင် ပိုမှန်မယ် ထင်ပါတယ်၊

Anonymous said...

Anonymous (August 2, 2009 3:39 PM)

what is related to this i have a thought for Burma with this Slavery Stuff??


ကိုယ့် education, experience နဲ့ကိုက်တဲ့ အလုပ်ရတာတောင် ဘာကို ကျွန်ခံတယ် ဆိုပြီး မကျေနပ်ကြလဲ စဉ်းစားလို့မရပါ။
သူတို့နိုင်ငံသားနဲ့ရှင်ပြီး ကိုယ်ကဒါမျိုး opportunity ရဒါတောင် ဝမ်းမသာဘဲ ညည်းပို့နဲ့
MC ယူပို့လောက်ပဲ စဉ်းစားနေကြတာပဲ။

ZT said...

အားလုံး ကိုယ့်အယူအဆနဲ့ကိုယ် သဘောထား ကွဲလွဲနိုင်ကြပါတယ်။ ကွဲပြားတဲ့ အမြင်တွေ အားလုံးကို ကြိုဆိုပါတယ်။

ကျွန်ခံတယ် ဆိုပြီး ခံယူတဲ့ စိတ်ဟာ အပျက်သဘော တစ်ခုတည်းတင် မဟုတ်ဘဲ မခံချင်စိတ်ကြောင့် ကြိုးစားချင်စိတ် ဖြစ်စေတဲ့ အပြုသဘောကိုလည်း ဖြစ်စေတယ် လို့ ထင်ပါတယ်။

ကျွန်တော် ဇာတ်လမ်းအစမှာ ပြောခဲ့တဲ့ ဆော့ဖ်ဝဲလ် ကုမ္ပဏီမှာ မန်နေဂျာ လုပ်နေတယ် ဆိုတဲ့ အစ်ကိုဟာ အခု နိုင်ငံ(၃) နိုင်ငံ လောက်မှာ ရုံးခွဲဖွင့်ထား နိုင်တဲ့ ဆော့ဖ်ဝဲလ်ကုမ္ပဏီ တစ်ခုရဲ့ ပိုင်ရှင် နဲ့ အမှုဆောင် အရာရှိချုပ် ဖြစ်နေပါပြီ။ အဲဒါ သူများ အလုပ်သမား ဘဝ တသက်လုံး မနေဘူး ဆိုတဲ့ သူ့ရဲ့ ခံယူချက် နဲ့ ကြိုးစားမှုကြောင့်လို့ ကျွန်တော် မြင်ပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက် Potential ခြင်း မတူတာကြောင့် လူတိုင်း ထိပ်ဆုံးကို မရောက်နိုင်ပေမယ့် တကယ် Potential ရှိတဲ့သူတွေတော့ သူများ အလုပ်သမား ဘဝနဲ့ ရပ်မနေပဲ ထိပ်ရောက်အောင် ကြိုးစားသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။

Anonymous said...

To Anonymous (August 3, 2009 1:57 AM )
- Clear enough? Read thoroughly what Ko ZT said ,
ကျွန်ခံတယ် ဆိုပြီး ခံယူတဲ့ စိတ်ဟာ အပျက်သဘော တစ်ခုတည်းတင် မဟုတ်ဘဲ မခံချင်စိတ်ကြောင့် ကြိုးစားချင်စိတ် ဖြစ်စေတဲ့ အပြုသဘောကိုလည်း ဖြစ်စေတယ် လို့ ထင်ပါတယ်။
ကျွန်တော် ဇာတ်လမ်းအစမှာ ပြောခဲ့တဲ့ ဆော့ဖ်ဝဲလ် ကုမ္ပဏီမှာ မန်နေဂျာ လုပ်နေတယ် ဆိုတဲ့ အစ်ကိုဟာ အခု နိုင်ငံ(၃) နိုင်ငံ လောက်မှာ ရုံးခွဲဖွင့်ထား နိုင်တဲ့ ဆော့ဖ်ဝဲလ်ကုမ္ပဏီ တစ်ခုရဲ့ ပိုင်ရှင် နဲ့ အမှုဆောင် အရာရှိချုပ် ဖြစ်နေပါပြီ။ အဲဒါ သူများ အလုပ်သမား ဘဝ တသက်လုံး မနေဘူး ဆိုတဲ့ သူ့ရဲ့ ခံယူချက် နဲ့ ကြိုးစားမှုကြောင့်လို့ ကျွန်တော် မြင်ပါတယ်။

Clear?

Anonymous said...

It's depend on individual..

Mostly myanmar people re just poor to earn $$$ and Lower minded themselves..

Not really develop-mindset and totally not globalized at all...

Only enjoy talking among themselves ..like these kind of blogging & gossips area..within small world...

so most of them 'll never grow up and wake up and Never ever analyse their meaning of life, what they want, life styles and so on...

Juz earn small amount of $$$, eat, sleep with traditional family and enjoy gossiping their own world...so their generation...
even though they stay very long in outside developed country...

It;s a sad thing...

Only u can do for your own life to grow up, if U want...

CharGyi said...

ဒီဘဝင်ရူး ကတော့ ကွာ၊ တတ်သမျှ မှတ််သမျှ နဲ ့ လာကျယ်နေတယ်။ သူများ ဘာဆိုလိုချင် တယ်ဆိုတာ ပေါက်ဟန်တူဘူး ။ ထူပါ့။ ခွိ ခွိ ..

Anonymous said...

I have also experienced with myanmar colleagues, they will work everything to get favour from boss.

Anonymous said...

england sucks. Weather sucks. Houses suck. Stop bashing America. Stop envying. Come and see how other half lives here. Stop kissing white asses one pathetic looser. You know I am talking about you ...Steve Evergreedy. Whatever you write, it shows that your life is so miserabel and lonely in england. I was born there and it totally sucks. Been there and done that. I am glad to leave this stupid high taxing country. Eventhough I wasn't born in Burma, I never forget about who I am. This may be nothing to do with the article but I am delighted to say how I feel about you.

Steve Everbetter

Phyo Maw said...

များလိုက်ကြတဲ့ အယူအဆတွေ။
အချိန်ပဲ ရောင်းစားတယ် တွေးမိဖူးတယ်။
ဥပမာ တချို့က ၁ နာရီကို ၅ ကျပ်၊
တချို့က ၁ နာရီ ၁၀ စသဖြင့်ပေါ့။
ကိုယ့်အရည်အချင်းနဲ့ကိုယ် ဆိုမလား အချိန်ကို
တန်ဖိုးဖြတ်ခံရတယ်လောက်ပဲ တွေးဖူးပါတယ်။

ဏီ(န်)ကင်း said...

ကျွန်တွေပေါ့....ကျွန်အချင်းချင်းလူပါး၀နေတယ်ပေါ့..ဟုတ်ပါ့ဗျာ..မှန်ပါ့ဗျာ

Anonymous said...

PhyoMaw ဆိုတဲ့လူကလည်း ခပ်တုံးတုံးပါပဲလား။ SteveEvergreedy ဆိုတဲ့ဘဝင်ရူးနဲ ့ နင်လား ငါလားပဲ။ သုံးသပ်ကြည့်ပါ အုံးလား အသေအချာ။ တယ်လေငါ….

ZT said...

Anonymous 11:24 AM:

လူတိုင်းတော့ အမြင်ချင်း တူနိုင်မယ် မထင်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အမြင်တွေ အယူအဆတွေ ကွဲပြားနိုင် ပါတယ်။ ကျွန်တော်တို့ အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားတဲ့ အမြင်တွေ အယူအဆတွေကို အချင်းချင်း နားလည်ပေးနိုင်ရင် အကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်။

Cheers.

ZT

ChoneDi said...

To ဏီ(န်)ကင်း
ကျွန်အချင်းချင်းလူပါးဝယုံတင် ဘယ်ကပါ့မလဲ ၊ သူကမသာ ငါကအသုဘနဲ ့ပြိုင်လ်ို ့ကိုဆုံးဘူး။
-ျီး ကျရာ ပျော်မယ်ဆိုတဲ့ သူတွေပဲ ကောင်းပါတယ်ဗျား။

vista said...

ကိုယ်. Attitude နဲ.ပဲဆိုင်ပါတယ်

Rita said...

ဘာမှ မပြောလိုပါ
နောက်ကျသွားလို့