Search This Blog

Sunday, January 17, 2010

ပျော်ရွှင်မှု ဆိုတာ

ပျော်ရွှင်မှု ဆိုတာ ဘာလဲ။

ဒီမေးခွန်းက ကျွန်တော့် အချိန် အကြာကြီး စိတ်အနှောက်အယှက် ဖြစ်စေတဲ့ မေးခွန်း မဟုတ်ခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီမေးခွန်းရဲ့ အဖြေကို ကျွန်တော်ကိုယ်တိုင် မသိလို့ပါ။

ဒီလိုမျိုး ဖြစ်နေတာ ကျွန်တော် တစ်ယောက်တည်းလား ဆိုတော့ မဟုတ်ပါဘူး။ ကျွန်တော် ကျော်လွန် ဖြတ်သန်းလာခဲ့တဲ့ နှစ်ပေါင်းများစွာထဲမှာ လူအမျိုးမျိုးနဲ့ ကြုံခဲ့ဖူးပါတယ်။ ချမ်းသာတဲ့သူတွေ ပါသလို ဆင်းရဲတဲ့သူတွေလည်း ပါတယ်။ သြဇာတိက္ကမ ကြီးတဲ့သူတွေ ပါသလို သာမန်လူတွေလည်း ပါတယ်။ သူရဲကောင်းတွေနဲ့ ပညာရှိတွေလိုမျိုး လောကကြီးမှာ ဘာကိုမှ မကျေမနပ် ဖြစ်စရာ မရှိတဲ့သူတွေ အပါအဝင် ကျွန်တော် တွေ့မြင်ခဲ့ရသမျှ လူတွေ အားလုံးဆီမှာ တစ်စုံတစ်ခု လိုအပ်နေသလို ကျွန်တော့် စိတ်ထဲမှာ အမြဲတမ်း ခံစားရပါတယ်။

တစ်ချို့လူတွေကတော့ သူတို့ဘာသာ ပျော်ရွှင်နေတယ်လို့ ထင်ရတယ်။ သူတို့ဘာသာ သူတို့ မတွေးမိကြလို့လည်း ဖြစ်ချင်ဖြစ်မယ်။ တစ်ချို့ကတော့ စီမံကိန်းတွေ ဆွဲကြတယ်။ "ငါယောက်ျားယူမယ်။ အိမ်ဝယ်မယ်။ ကလေးနှစ်ယောက်မွေးမယ်။ နယ်မှာ အပန်းဖြေဖို့ အိမ်တစ်လုံး ဝယ်မယ်။" စတဲ့ အတွေးတွေနဲ့ သူတို့ဘာသာသူတို့ အချိန်ပြည့် အလုပ်ရှုပ် နေကြတယ်။ တကယ်တော့ သူတို့ဟာ နွားရိုင်းသတ်သမားကို ရှာဖွေနေတဲ့ နွားရိုင်းတွေလိုပါပဲ။ သူတို့ဘာသာ သူတို့ သေသေချာချာ မတွေးကြဘူး။ လုပ်စရာရှိတာကိုပဲ လုပ်နေကြတယ်။ နောက်တော့ သူတို့ ကားတစ်စီး ပိုင်လာအောင် လုပ်နိုင် လာကြတယ်။ တစ်ချို့ဆို ဖယ်ရာရီလို ပြိုင်ကားမျိုးကို ဝယ်နိုင်တဲ့အထိပဲ။ သူတို့အတွက် တော့ ဘဝရဲ့ အဓိပ္ပာယ်ဆိုတာ ဒါပဲလို့ ထင်ကြတယ်။ ဒါကြောင့်မို့ သူတို့ ဒီမေးခွန်းကို ဘယ်တော့မှ မမေးမိကြဘူး။ ဒါပေမယ့်လည်း ဒီလိုအရာတွေ ရှိတာတောင်မှ သူတို့ရဲ့ မျက်ဝန်းတွေက သူတို့ ကိုယ်တိုင် သတိမထားမိတဲ့ ဝမ်းနည်းမှုတွေကို သစ္စာဖောက်ပြီး ဖော်ပြနေခဲ့တယ်။

လူတွေ အကုန်လုံး မပျော်မရွှင် ဖြစ်နေကြသလားတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် ကျွန်တော်သိတာကတော့ လူတွေ အမြဲတမ်း အလုပ်ရှုပ်နေကြတယ်။ အချိန်ပို အလုပ်ဆင်းကြတယ်။ ကလေးတွေကို ထိန်းကြတယ်။ ခင်ပွန်းယောက်ျားနဲ့ ဘဝရှေ့ရေးအတွက် အလုပ်အကိုင်နဲ့ တက္ကသိုလ်က ဘွဲ့တစ်ခုနဲ့ မနက်ဖြန် ဘာလုပ်ကြမလဲ၊ ဘာပဲ ဖြစ်ြဖစ် သူတို့ဘာသာ သူတို့ နိမ့်ကျတယ်လို့ မထင်ရမယ့် ဘာပစ္စည်းတွေကို ဝယ်ဖို့ လိုအပ်မလဲ။ စတာတွေနဲ့ပေါ့။

လူအနည်းစုကပဲ ကျွန်တော့်ကို "ငါတော့ မပျော်ဘူး" လို့ ပြောကြတယ်။ အများစုကတော့ "ငါ့အတွက် ကောင်းပါတယ်။ ငါလိုချင်သမျှ အရာအားလုံးကို ရနိုင်တဲ့ အခြေအနေရှိနေတာပဲ။" လို့ ပြောကြတယ်။

အဲဒါနဲ့ ကျွန်တော်က သူ့တို့ကို မေးတယ်။ "ဘယ်အရာက ခင်ဗျားကို ပျော်ရွှင်မှု ပေးနိုင်သလဲ။"

သူတို့က ပြန်ဖြေကြတယ်။ "ငါ့မှာ လူတစ်ယောက် အိပ်မက်မက်နိုင်တဲ့ အရာမှန်သမျှ ရှိတယ်။ မိသားစု၊ နေစရာအိမ်၊ အလုပ်အကိုင်နဲ့ ကျန်းမာရေး ကောင်းနေတာတွေပေါ့။"

အဲဒါနဲ့ ကျွန်တော်က ထပ်မေးတယ်။ "ခင်ဗျား ခဏတဖြုတ်လောက် ရပ်ပြီး ပြန်ဆင်ခြင်ကြည့် ဖူးသလား၊။ ဘဝ ဆိုတာ ဒီအရာတွေ အတွက် သက်သက်ပဲလားလို့။"

သူတို့က "ဟုတ်တယ်။ ဘဝ ဆိုတာဒါပဲ။" လို့ ပြန်ဖြေကြတယ်။

ကျွန်တော်က ခေါင်းမာမာနဲ့ ဆက်မေးတယ်။ "ဒါဆိုရင် ဘဝရဲ့ အဓိပ္ပာယ်ဆိုတာက အလုပ်လုပ်ဖို့၊ မိသားစု တစ်ခု ရှိဖို့၊ ကြီးပြင်းလာပြီး တစ်ချိန်မှာ ခင်ဗျားတို့ကို စွန့်ခွာသွားမယ့် ကလေးတွေ ရှိဖို့၊ တကယ့်ချစ်သူ စင်စစ်တွေ အဖြစ်ထက် သူငယ်ချင်းတွေနဲ့ ပိုတူမယ့် လင်မယား အဖြစ်ရှိနေဖို့ ဆိုတာပဲလား။ တစ်နေ့တော့ ခင်ဗျား အလုပ်ကနေ နားရမယ်။ အဲဒီအချိန်ကျရင် ခင်ဗျား ဘာဆက်လုပ်မှာလဲ။"

သူတို့ ဘာပြန်ဖြေကြသလဲ။ ဘာမှ ပြန်မဖြေကြဘူး။ သူတို့ စကားလမ်းလွှဲ သွားကြတယ်။ ဒါပေမယ့် သူတို့ဆီမှာ ဖုံးကွယ်ထားတဲ့ ဆန္ဒတွေ ရှိနေကြတယ်။ အမြဲတမ်း စိတ်ကူးယဥ် အိပ်မက်မက်နေတဲ့ အလုပ်ကိုင်အခွင့်အလမ်း တစ်ခုကို လုပ်ခွင့်ရအောင် စောင့်နေတဲ့ ကုမ္ပဏီ ပိုင်ရှင်၊ ပိုပြီး လွတ်လွတ်လပ်လပ် ဖြစ်ချင်တဲ့ ဒါမှမဟုတ် ပိုက်ဆံ ပိုရှိချင်တဲ့ အိမ်ရှင်မ၊ ဒါမှ မဟုတ် ကိုယ်က အလုပ်ကို ရွေးမလား အလုပ်က ကိုယ့်ကို ရွေးမလားဆိုတာ ဝေခွဲမရ ဖြစ်နေတဲ့ ဘွဲ့ရ ပညာတတ် အသစ်စက်စက်တွေ အဆိုတော် ဖြစ်ချင်တဲ့ သွားဆရာဝန်၊ နိုင်ငံရေး သမားဖြစ်ချင်တဲ့ အဆိုတော်၊ စာရေးဆရာ ဖြစ်ချင်တဲ့ နိုင်ငံရေးသမား နောက်တော့ လယ်သမား ဖြစ်ချင်တဲ့ စာရေးဆရာ စတာတွေပေါ့။

အခုကျွန်တော် ဒီစာကို ထိုင်ရေးနေတဲ့ လမ်းထဲမှာ ဖြတ်သန်းသွားလာနေတဲ့ လူတွေကို လှမ်းကြည့်ရင်း တွေးမိပါတယ်။ ကျွန်တော် လောင်းရဲတာကတော့ သူတို့မှာလည်း ဒီလိုခံစားမှုမျိုးတွေ ရှိလိမ့်မယ် ဆိုတာပါပဲ။ ကျွန်တော်ရှေ့က ခုနပဲ ဖြတ်လျှောက်သွားတဲ့ ကျက်သရေရှိတဲ့ အမျိုးသမီးဆိုရင် အသက်ကြီးမသွားအောင် ကြိုးစားနေမယ်၊ ပေါင်ချိန်မတက်အောင် ကြိုးစားနေမယ်။ ဘာလို့လဲဆိုတော့ အချစ်ဆိုတာ ဒီအရာတွေပေါ်မှာ မူတည်နေတယ်လို့ သူမတွေးချင်တွေးလိမ့်မယ်။ လမ်းရဲ့ တခြားဘက် အခြမ်းမှာ ကလေးနှစ်ယောက်နဲ့ စုံတွဲတစ်တွဲကို တွေ့ရတယ်။ သူတို့တွေဟာလည်း သူတို့ရဲ့ ကလေးတွေနဲ့ အပြင်မှာ ထွက်လည်နေတဲ့အချိန်မှာ အလွန်အမင်းပျော်ရွှင်နေကြလိမ့်မယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ သူတို့တွေရဲ့ မသိစိတ်က သူတို့ မရနိုင်တဲ့ အလုပ်တွေ၊ ဖြစ်လာနိုင်ခြေရှိတဲ့ ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ အဖြစ်အပျက်တွေ အကြောင်းကို တွေးနေကြမယ်။ အဲဒီအရာတွေကို ဘယ်လိုကျော်လွှားမလဲ သူတို့ ဘာသာသူတို့ ကမ္ဘာပေါ်မှာရှိတဲ့ အန္တရာယ်တွေကနေ ဘယ်လိုကာကွယ်မလဲ ဆိုတာကို တွေးရင်း အလုပ်ရှုပ်ချင်ရင်လည်း ရှုပ်နေကြလိမ့်မယ်။

ကျွန်တော် ကျော်ကြားနေတဲ့ သူတွေရဲ့ ရုပ်ပုံတွေနဲ့ ပြည့်နှက်နေတဲ့ မဂ္ဂဇင်းတွေကို လှန်လှောပြီး ကြည့်မိတယ်။ လူတိုင်းက ရယ်မောနေကြတယ်။ လူတိုင်းက ပျော်ရွှင်နေကြတယ်။ လူတိုင်းဟာ အဲဒီဓာတ်ပုံတွေကို ရိုက်တဲ့အချိန်တုန်းက သူတို့ဘာသာ သူတို့ ပျော်ရွှင်ကြည်နူးနေကြတယ်။ ဒါပေမယ့် ညဖက်မှာ ဒါမှမဟုတ် မနက်ဖက်ရောက်တဲ့အခါမှာ သူတို့ ကြုံရတဲ့ အရာတွေက တမျိုးတမည် ဖြစ်နေနိုင်တယ်။
"ဒီလို မဂ္ဂဇင်း စာမျက်နှာတွေ ပေါ်မှာ ငါ့ပုံအမြဲ ပေါ်လာအောင်လို့ ငါဘာလုပ်ရမလဲ။"
"ဒီလို ဇိမ်ခံပစ္စည်းတွေ အားလုံးကို ဝယ်နိုင်ဖို့ ပိုက်ဆံ အလုံအလောက် ငါ့မှာ မရှိတာကို ဘယ်လို ဟန်ဆောင်ပြီး ဖုံးကွယ်ထား ရမလဲ။"
"ငါအခုလို ခမ်းနား ကြီးကျယ်တဲ့ ဘဝကို ပိုပြီးတော့ ဇိမ်ရှိအောင်၊ တခြားသူတွေထက် ပိုပြီး ထင်ရှားအောင် ဘယ်လို လုပ်ရမလဲ။"
"ဒီဓာတ်ပုံထဲမှာ အခုငါမြင်နေရတဲ့ ရယ်မောပြီး ပျော်ရွှင်နေတဲ့ မင်းသမီးနဲ့ အတူ မနက်ဖြန် မှာ ငါ့နေရာကို လုယူသွားနိုင်တယ်။"
"ငါ့ရဲ့ အဝတ်အစားတွေဟာ သူ့ရဲ့ အဝတ်အစားတွေ ထက်ပိုပြီး ကောင်းရဲ့လား။"
"ငါတို့ တစ်ယောက်ကို တစ်ယောက် ရွံမုန်းနေကြရင် ဘာလို့ ငါတို့ ဒီလောက်ထိ ပြုံးနေနိုင်သေးသလဲ။"

နောက်ဆုံးမှာတော့ ကျွန်တော်ဟာ ဂျော့ခ်လွစ်ဘော့်ခ် ရဲ့ စကားကို သတိရမိတယ်။
"ငါရှေ့လျှောက်ပြီး ပျော်ရွှင်တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် အကြောင်းမဟုတ်ဘူး။ မပျော်ရွှင်ပေမယ့်လည်း ကမ္ဘာပေါ်မှာ တခြား အရာတွေ အများကြီး ရှိသေးတယ်။"

(Paulo Coelho ရဲ့ Warrior of the Light ထဲက What is happiness? ဘာသာပြန်ထားပါတယ်။)

12 comments:

Rita said...

ဖတ်ခဲ့ဖူးတာ တခုကို ပြောချင်မိပါတယ်။
ဘယ်သူရေးမှန်းတော့ မမှတ်မိတော့ဘူး။ ဘာသာပြန်တဲ့သူကိုလဲ မမှတ်မိတော့ဘူး။
ခင်မောင်ညို (ဘောဂဗေဒ) ဖြစ်ကောင်းဖြစ်နိုင်တယ်။

ဖတ်ခဲ့ဖူးတဲ့ သမားရိုးကျ အတွေးအခေါ်တွေနဲ့ မတူတဲ့ အယူအဆတစ်ခုပေါ့။

စိတ်ချမ်းသာမှုနောက်ကို အရင် မလိုက်ပါနဲ့တဲ့။ အောင်မြင်အောင် အရင်လုပ်ပါတဲ့။

လူ့လောကီထဲ နေနေသရွေ့တော့ အဲဒီ အစီအစဉ်ဟာ ပိုပြီးမှန်တယ်လို့ ထင်ပါတယ်။ အတိအကျပြောရရင် ခုချိန်ထိ မှန်တယ်လို့ ထင်နေပါတယ်။

စိတ်ချမ်းသာမှုဆိုတာ လူ့ဘဝမှာ နည်းနည်း စိတ်ကူးယဉ်ဆန်လွန်းတယ်။ လက်တွေ့ကျတာကိုသာ အရင်ရှာဖွေပါလို့ ပြောလိုဟန် ရှိပါတယ်။

တကယ့်ချမ်းသာမှုကို လိုချင်ရင်တော့ စိတ်ပုတီးနဲ့ ရိပ်ကြီးခိုဖို့ဖြစ်မှာပေါ့ :)

လောကီမှာနေသရွေ့တော့ အပြည့်အဝ မရနိုင်ဘူး။

(ဦးဦးဖျားဖျား လာနှောက်ကြည့်တာ :))

Rita said...

ဒါနဲ့ ခုဘာတွေလုပ်နေလဲလို့ လာမေးရင်တော့...
ဟုတ်ကဲ့ ပျော်သလို နေနေပါတယ်။ :)

khin oo may said...

ဒီမေးခွန်းက ……..မဟုတ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့.းဒီမေးခွန်းရဲ့အဖြေကို ..........မသိလို့ပါ။။။ဒီလိုမျို..းဆိုတော့............မဟုတ်ပါဘူး။ ..လူအမျိုးမျိုးနဲ့ကြုံခဲ့ဘုး ခပါတယ်။ ချမ်းသာတဲ့သူပါသလို ဆင်းရဲတဲ့သူလဲပါပါတယ်။ …….သာမညလူတွေလည်းပါပါတယ်။
လူတွေအားလုံးဆီမှာ တစ်စုံတစ်ခုလိုနေသလို.ကျွန်တော့စိတ်ထဲမှာ အမြဲတမ်းခံစားရပါတယ်။ တစ်ချို့လူတေကျတော့လဲသူတို့ဘာသာ....လို့ထင်ကြရတယ်။
စီမံကိန်းတွေဆွဲတယ်။ သူတို့ဟာသေချာမတွေးဘူး။လုပ်စရာရှိတာကိုဘဲလုပ်နေကြတယ်။ တစ်ချို့ဆိုဖယ်လာရီကားမျိုးဝယ်စီးနိုင်လာတဲ့အထိဘဲ။ သူတို့တွေက ဘဝရဲ့အဓိပါယ်ကို ဒါဘဲလို့ ထင်နေကြတယ်။ဒါကြောင့်မို့သူတို့ကိုဒီမေးခွန်းကို မမေးမိဘူး။လူတွေ အကုန်လုံး..ကျွန်တော်မသိဘူး။ ဒါပေမဲကမကျွန်တော်သိတာကတော့....
အဲဒါနျဲ့ကျွန်တော်ကမေးတယ်။ဘယ်အရာက ခင်ဗျားကို..
အဲဒါနျဲ့ကျွန်တော်က ထပ်မေးတယ်။တစ်ချိန်မှာခင်ဗျားတို့အနားယူရမယ် အဲဒီအခါဘာဆက်လုပ်ကြမလဲ။စာရေးဆရာ စတာတွေပေါ့။
ငါ့ရဲ့အဝတ်အစားတွေဟာ
နောက်ဆုံးကျတေျာ့ကျွိန်တော်ဟာ..စကားကိုသတိရမိတယ်။
..ကိုဘာသာပြန်ထားပါတယ်။

Kom ဆုတောင်း
အားလုံးကို နားလည်ရတဲ့ကိုယ်ဖြစ်ရပါလို၏

khin oo may said...

မှန်းဖတ်သွားခြင်းဖြစ်သည်

khin oo may said...

Ward verification ကော မဖြူတ်ပေးချင်ဘူးလား။

ZT said...

Spam bot က တစ်ချိန်လုံး ပေါက်ကရ ကွန်မန့်တွေ လာလာထည့်နေလို့ Word Verification ခဏ ပြန် On ထားတာပါ။

Phyo Maw said...

ဟုတ်ကဲ့ လောလောဆယ်တော့ ပျော်ပါတယ်။ :)

သီဟသစ် said...

သိပ်ပြီးဦးနှောက်မခြောက်နဲ့ ဘ၀က ခဏပါ ပျော်သလိုပဲသွား...

မစဉ်းစားခြင်းသီချင်းများ ကိုဆိုသွားပြီဗျာ..

အိပ်မက်တွေ တော်တော်များများပျောက်ဆုံးနေတာလား မရှိတော့တာလား မသိ
:)

ခင်မင်စွာဖြင့်
သီဟသစ်

မီယာ said...

ကိုယ်တို့ အမေ ဆုံးမတာကတော့ ကိုယ့်အောက်က လူတွေကို ကြည့်ပါတဲ့... အမြဲတမ်းလည်း စိတ်မချမ်းသာနိုင်ဘူး ထင်ပါတယ်... အသက်လေးရလာတော့ အတွေ့အကြုံတွေ အရ သိလာတာလေ :)

kaungkinpyar said...


PhotoVigor said...

How man,

very well written, not only this post but the rest as well. Keep going.
Will be back soon..

Cheers

ရွှန်းမီ said...

I'm happy, because I know happiness is nowhere to be found :D
(ဘယ်မှာလဲမသိ တွေ့ဖူးတာတွေ လာချရေးတာ)