Search This Blog

Saturday, November 6, 2010

အပျင်းပြေ ခေါင်းစားဖို့ (၂)

မိုက်ခရိုဆော့ဖ်က အင်တာဗျူး အကြောင်း ရေးထားတဲ့ စာအုပ်ကလေး  ဖတ်ကြည့်ရင်း စိတ်ဝင်စားစရာ ကောင်းတဲ့ ပဟေဠိ ကလေးတွေ သွားတွေ့ပါတယ်။ အဲဒီ အထဲက အချို့ကို အပျင်းပြေ ခေါင်းစားလို့ ရအောင် ဝေမျှ ပေးလိုက်ပါတယ်။

(၁) သင့်မှာ ၅ ဂါလံ ခွက် တစ်ခွက်နဲ့ ၃ ဂါလံ ခွက် တစ်ခွက် ရှိတယ်။ အဲဒီ ခွက် ၂ ခွက်ကို သုံးပြီး ရေ ၄ ဂါလံ အတိအကျ ရအောင် ဘယ်လို ချိန်မလဲ။

(၂) သင့်မှာ ဘိလိယက် ဘောလုံး ၈ လုံး ရှိတယ်။ အဲဒီ အထဲက ဘိလိယက် ဘောလုံးတစ်လုံးက တခြား ဘိလိယက် ဘောလုံးတွေနဲ့ ယှဉ်ရင် နည်းနည်း ပိုလေးနေတယ်။ ချိန်ခွင်ကို ၂ ခါပဲ သုံးပြီးတော့ အဲဒီအထဲက အလေးချိန် မတူတဲ့ ဘိလိယက် ဘောလုံးကို ဘယ်လို ရှာမလဲ။

(၃) သင့်မှာ ဖန်ပြွန် ၅ ခုနဲ့ ဆေးလုံးတွေ ရှိနေတယ်။ ဖန်ပြွန်တစ်ခုထဲက ဆေးလုံးတွေ အားလုံးက ပျက်စီးနေတယ်။ ပျက်စီးနေတဲ့ ဆေးလုံးတွေက ၉ ဂရမ် ရှိပြီးတော့ ပုံမှန် ဆေးလုံးတွေက ၁၀ ဂရမ် ရှိတယ်။ ပေါင်ချိန်စက်ကို တစ်ခါတည်း သုံးပြီးတော့ ပျက်စီးနေတဲ့ ဖန်ပြွန်ကို ဘယ်လို ရှာမလဲ။

(၄) ပြိုလဲကျတော့မယ့် တံတားတစ်ခုမှာ လူ ၄ ယောက် ညမှောင်နေတဲ့ အချိန် ဖြတ်ကူးဖို့ ကြိုးစားနေကြတယ်။ အဲဒီ လူ ၄ ယောက် တံတား ဟိုဖက်ကမ်း ဒီဖက်ကမ်း ကို ဖြတ်ကူးနိုင်တဲ့ အချိန်က တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ တစ်ယောက်က ၁ မိနစ်အတွင်း ဒီဘက်ကမ်းက ဟိုဘက်ကမ်းကို ဖြတ်ကူးနိုင်တယ်။ နောက်တစ်ယောက်က ၂ မိနစ်၊ နောက်တစ်ယောက်က ၅ မိနစ်၊ နောက်တစ်ယောက်က ၁၀ မိနစ် အတွင်းမှာ ဖြတ်ကူးနိုင်တယ်။ သူတို့ တံတားကို တစ်ခါ ဖြတ်ကူးရင် နှစ်ယောက်စီပဲ တံတားက လက်ခံနိုင်တယ်။ အဲဒီလို မဟုတ်ရင် တံတားက ပြိုကျသွားမယ်။ နောက်ပြီး တံတားကို ဖြတ်ကူးဖို့အတွက် လက်နှိပ်ဓာတ်မီး ရှိမှ ဖြစ်မယ်။ မဟုတ်ရင်လည်း ရေထဲ ပြုတ်ကျမယ်။ လက်နှိပ်ဓာတ်မီးက ၁ လက်ပဲ ရှိတယ်။  တံတားက နောက်ထပ် ၁၇ မိနစ် အကြာမှာ ပြိုကျတော့မယ်။ ဒီတံတားကို သူတို့ ၄ယောက်စလုံး ၁၇ မိနစ် အတွင်းမှာ ဘယ်လို ဖြတ်ကူး ကြမလဲ။

(၅) သင့်မှာ စနက်တံ ၂ ခု ရှိတယ်။ စနက်တံ တစ်ခုစီက အစအဆုံး လောင်ကျွမ်းဖို့ ၁ နာရီ တိတိ ကြာမယ်။ ဒါပေမယ့် စနက်တံရဲ့ လောင်ကျွမ်းတဲ့နှုန်းက တသမတ်တည်း မဟုတ်ဘူး။ အမြန် လောင်ကျွမ်းတဲ့ အပိုင်း ရှိသလို အနှေး လောင်ကျွမ်းတဲ့ အပိုင်းလည်း ရှိတယ်။ သင့်ကို စနက်တံတွေ မီးရှို့ဖို့ မီးခြစ်တစ်ခု ပေးထားမယ်။ ၄၅ မိနစ် တိတိ အချိန်ကို စနက်တံ ၂ ခု သုံးပြီး ဘယ်လို တိုင်းမလဲ။

(၆) သင်ဟာ ဝန်ထမ်းတစ်ယောက်ရဲ့ ၇ ရက်စာ လစာကို ရွှေတုံးတွေနဲ့ ပေးရမယ်။ သင့်မှာ ရွှေချောင်း ၁ ချောင်း ရှိပြီး အဲဒီ ရွှေချောင်းမှာ ၇ ပိုင်းပိုင်းနိုင်ဖို့ အတွက် အမှတ် မှတ်ထားပြီးသား ဖြစ်တယ်။ ဝန်ထမ်းက ၇ ရက်လုံး ပြီးမှ လစာ ပေးမယ့် အစား တစ်ရက်ပြီးတိုင်း သူ့ရဲ့ လစာနဲ့ ညီမျှတဲ့ ရွှေတုံးကို ပေးဖို့ ပြောတယ်။ ၇ ရက်ပြည့်ရင် ရွှေတွေ အားလုံးကို ဘဏ်က ငွေနဲ့ လဲလှယ်ပေးမယ်။ သင့်ကို ရွှေချောင်းကို ဖြတ်ဖို့ နှစ်ခါပဲ ခွင့်ပြုမယ်။ ဝန်ထမ်းရဲ့ လစာ ၇ ရက်စာ ကို ဘယ်လို ပေးမလဲ။

(၇) အခန်းထဲမှာ စားပွဲတင် မီးလုံး ၁ လုံး ရှိတယ်။ အခန်းရဲ့ အပြင်ဖက်မှာ မီးခလုပ် ၃ ခု ရှိတယ်။ အဲဒီအထဲက မီးခလုပ် တစ်ခုက မီးလုံးကို အဖွင့်အပိတ် လုပ်လို့ ရတယ်။  သင် အခန်းအပြင်ဖက်က မီး အဖွင့် အပိတ် လုပ်တဲ့ အချိန်မှာ အခန်းထဲကို လှမ်းမမြင်ရဘူး။ သင့်အနေနဲ့ အခန်းထဲကို တစ်ခါပဲ ဝင်ပြီး စုံစမ်းခွင့် ရှိတယ်။  ဘယ်မီးခလုပ်က မီးလုံးကို ထိန်းချုပ်တယ် ဆိုတာ ဘယ်လို သိနိုင်မလဲ။

William Poundstone ရဲ့ How would you move Mount Fuji ထဲကပါ။
အခြား ဖတ်ရန်။ အပျင်းပြေ ခေါင်းစားဖို့

47 comments:

ShwunMi- said...

၅ ဂါလံ ပုံးထဲကနေ ၃ ဂါလံ ပုံးထဲကို လောင်းထည့်လိုက်တော့ ၂ ဂါလံ ကျန်.. အဲ့လို ၂ခါခပ် ရင် ၄ ဂါလံ ရပါတယ်ရှင်
:D

(ကျန်တာမလွယ်လို့မဖြေဘူး.. :P)

ShwunMi- said...

start
*------*
*------

if **
do
*---*

and you will know..

=)
စာနဲ့ မရေးတတ်လို့ ပုံဆွဲသွားတာပါ..

ZT said...

၂ ပုံးထဲ ရှိတာလေ။ ပထမ တစ်ခါ လောင်းထည့်ပြီးတော့ ကျန်တဲ့ ၂ ဂါလံ ဘယ်နား သွားထားမလဲ။ ၃ ဂါလံ ပုံးထဲ ထည့်ထားရင်လည်း နောက်တစ်ခေါက် ထပ်လောင်းလို့ မရတော့ဘူး။ :P

ဗုဒ္ဓဘာသာ said...

၅ဂါလံပုံးထဲ တစ်ဝက်ခန့်တော့ ၂.၅ တခါပြီးပြီး
၃ဂါလံပုံးနဲ့ တစ်ထက်ခန့်တော့ ၁.၅ တခါပြီးပြီး
ပေါင်းတော့-----------------------------------
၎ဂါလံ

ရပါတယ်

ZT said...

အဖြေက အဲဒါ မဟုတ်ဘူးဗျ။ အတိအကျ ချိန်လို့ရတဲ့ နည်းလမ်းရှိတယ်။ မှန်းထည့်ရင် ၄ ဂါလံ အတိအကျ ဘယ်ရမလဲ။

Rita said...

၂) ဘိလိယက်ဘောလုံး ၁ လုံးက အလေးချိန်မညီတာ ပိုနေတာလား လိုနေတာလား မသိတော့ခက်တယ်။
ဘောလုံး ၆ လုံးကို ၃ လုံးစီ ချိန်ခွင်ပေါ်တင်ကြည့်။ (၁ ခါ ချိန်ပြီး)
* ညီနေရင် ကျန်တဲ့ ၂ လုံး ထပ်ချိန်။ အဖြေထွက်မယ်။ (၂ ခါ ချိန်ပြီး)

OR

* မညီရင် (လိုတဲ့ ပိုတဲ့) တဘက်က ၃ လုံးကနေ ၂ လုံး ထပ်ချိန်။ အဲဒီ ၂ လုံး မညီရင် (အလေးချိန် လိုတဲ့ ပိုတဲ့ ၁ လုံးက အဖြေပေါ့)။ (၂ ခါ ချိန်ပြီး)
အဲဒီ ၂ လုံး ညီရင် ကျန်တဲ့တလုံးက အလေးချိန် မတူတဲ့ဟာပေါ့။

အလေးချိန် မတူဘူး ဆိုတဲ့ တလုံးက လျှော့နေတာလား ပိုနေတာလား သိမှ အထက်က နည်းအတိုင်း ၂ ခါနဲ့ ရမှာ။ ပိုသလား လိုသလား မသိရင်တော့ ၂ ခါနဲ့ မရဘူး။

Rita said...

ကိုယ့်ဘာသာ ပြန်ဖတ်ကြည့်တာတော့ ရှင်းတာပဲ။ သူများ ဖတ်ရင်တော့ ရှင်းချင်မှ ရှင်းမှာ။ ကျန်တာတွေ ခဏနေမှ ဆက်စဉ်းစားမယ်။ မအားသေးလို့။

ZT said...

ပိုလေးနေတယ်လို့ ပြင်လိုက်ပါပြီ။ ဘိလိယက်ဘောလုံး မေးခွန်း အဖြေက အဲဒါ မှန်ပါတယ်။

Niyo said...

၃ဂါလံပုံး ထဲကရေကို ၅ဂါလံပုံးထဲ နှစ်ခါထည့်။ ၃ဂါလံပုံး ထဲမှာ ၁ဂါလံပဲကျန်မယ်။ ၅ဂါလံ ပုံးထဲကရေကိုသွန်ပြီးတော့ ၃ဂါလံထဲမှာကျန်တဲ့ ရေ ၁ဂါလံကိုထည့်မယ်။ နောက်ဆုံး ၃ဂါလံထဲကရေကို ၅ဂါလံပုံးထဲထပ် ထည့်ရင် ၄ ဂါလံ ရပါတယ်။ ဇာတ်လမ်းတခု မှာ ကြည့်ဖူးတယ်။

ZT said...

ဟုတ်ပါတယ်။ ၄ ဂါလံ ရအောင် အဲဒီလို ချိန်တာပါ။

MrDBA said...

(၄) ၁ မိနစ်သမားနဲ့ ၂မိနစ်သမား အတူသွား၊ ၁မိနစ်သမားပြန်လာ၊ ၁မိနစ်သမားနဲ့ ၅မိနစ်သမား အတူထပ်သွား၊ ၁မိနစ်သမားထပ်ပြန်လာ၊ ၁မိနစ်သမားနဲ့ ၁၀မိနစ်သမား အတူသွား၊ အကုန်ဟိုဖက်ရောက်။ :P
(တကယ်တော့ အချိန်မလောက်ဖူး ၁မိနစ်သမား အပြန်မှာသုံးတဲ့ ၁မိနစ် ၂ ခါထည့်ပေါင်းရင် စုစုပေါင်း ၁၉မိနစ်ကြာတယ်၊ ၁၇မိနစ် မပြည့်ခင် ခုန်ကူးကြပေါ့ဗျာ နောက်ဆုံးနှစ်ယောက် .. :D)

MrDBA said...

6.
ရွှေချောင်းကို ၇ ပိုင်းဖြတ်စရာ အရာပေးထားတယ်ဆိုတော့၊ အိမ်း .. ၂ခါထဲလဲဖြတ်ရမယ်ဆိုတော့။ ၁) ၁ ရက်စာ တစ်ဖြတ် ၂) ၂ရက်စာ တစ်ဖြတ် (၂ပိုင်းတစ်တွဲ) အဲဂလိုဖြတ်ပါမယ်။
ပထမရက်အတွက် လစာအဖြစ် ၁ရက်စာ အတုံးပေးမယ်၊ နောက်နေ့လစာထုတ်မယ့်ရက်မှာ အဲဒီအတုံးပြန်ယူခဲ့ဖို့ပြောလိုက်မယ်၊
ဒုတိယနေ့လစာကို ၂ပိုင်းတွဲကိုပေးလိုက်ပြီးတော့ ပထမနေ့က ပေးထားတဲ့ ၁ပိုင်းပြန်တောင်းမယ်
တတိယနေ့လစာကို ဒုတိယနေ့က ပြန်တောင်းထားတဲ့ ၁ပိုင်းကိုလစာအဖြစ်ပေးမယ်။
စတုတ္ထနေ့ကို လစာအဖြစ် လေးပိုင်းတွဲကြီးကိုပေးမှာဖြစ်ပြီး ရှေ့သုံးရက်က ပေးထားတဲ့ သုံးပိုင်းကို (၂ပိုင်းတွဲတစ်ခု၊ ၁ပိုင်းတစ်ခု) ပြန်တောင်းမယ်၊
ငါးရက်မြောက်နေ့မှာ တစ်ပိုင်းထဲဟာ ထပ်ပေးလိုက်မယ်
ခြောက်ရက်မြောက်နေ့မှာ လက်ထဲကျန်တဲ့ ၂ပိုင်းတွဲကို ပေးမှာဖြစ်ပြီး အလုပ်သမားဆီက တစ်ပိုင်းဖြတ်ကို ပြန်တောင်းမှာ ဖြစ်ပါတယ်၊
နောက်ဆုံး ၇ရက်မြောက်နေ့မှာတော့ နောက်ဆုံး လက်ကျန် တစ်ပိုင်းကို ပေးလိုက်ပါမယ်။ (မောထှာ)

MrDBA said...

4. ပြန်ဖြေမယ်။
ပထမအခေါက်= ၁မိနစ်နဲ့ ၂ မိနစ်အတူသွား၊ ၁ မိနစ်သမားပြန်လာ (၃မိနစ်)
ဒုတိယခေါက် = ၅မိနစ်သမားနဲ့ ၁၀မိနစ်သမားတူတူသွား၊ ဟိုဖက်ရောက်နေတဲ့ ၂မိနစ်သမား ပြန်လာ (၁၂မိနစ်၊ စုစုပေါင်းကြာချိန် ၁၅မိနစ်)
တတိယခေါက် = ၁ မိနစ်သမားနဲ့ ၂မိနစ်သမား၊ စကားမပြောဘဲ ရင်တမမနဲ့ အမြန်ပြန်လာ (၂မိနစ်ကြာ)
စုစုပေါင်း ၁၇မိနစ်။

ZT said...

ကိုဒီဘီက ဆရာပဲ။ :D ကျွန်တော် တံတားဖြတ်တာကို စဉ်းစားတာ ဘယ်လိုမှ စဉ်းစားလို့ မရဘူး။

MrDBA said...

မီးလုံးပြဿနာ ဂလိုအဖြေရှာကြည့်မယ် ..
ပထမခလုပ်ကိုဖွင့် ပြန်မပိတ်သေးဘဲ ခပ်ကြာကြာလေးစောင့်လိုက်၊ မီးလုံးပူလာနိုင်လောက်တဲ့ အချိန်ပမာဏလောက်ပေါ့၊ နောက်ခလုပ်ပြန်ပိတ်၊ ဒုတိယ ခလုပ်ကိုဖွင့် ပြီးတာနဲ့ အခန်းထဲဝင်ကြည့်ပေတော့။
အဲဒီမှာ မီးလင်းနေရင် ဒုတိယခလုပ်ဟာ အမှန်၊ မီးတော့မလင်းဘူး၊ ဒါပေမယ့် မီးလုံးက ပူနေမယ်ဆိုရင် ပထမခလုပ်က အမှန်၊ မီးလဲမလင်းဘူး၊ မီးလုံးကလဲ ပူမနေဘူးဆိုရင်တော့ တတိယခလုပ်ဟာ အမှန်ဖြစ်နိုင်ပါတယ်။

MrDBA said...

အုန်းနို့ခေါက်ဆွဲ အလကားစားလို့ရတဲ့ ကူပွန်လက်မှတ်ပေးပါတော့။ :D

ZT said...

ဒါလည်း မှန်ပါတယ်။ ဘီယာတောင် တိုက်သင့်နေပြီ။ Facebook ပေါ်တက် သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ဆိုနေမှာ စိုးလို့။ :D ဆေးလုံး ပြသနာက မခက်ဘူး။ စနက်တံကတော့ နည်းနည်း စားတယ်။

Rita said...

၎ ခု ရှင်းသွားပြီပေါ့။ ကောင်းလိုက်တာ။ နောက် ၂ ခု လာရှင်းကြမှာ ဆက်စောင့်လိုက်ဦးမယ်။ =D

ကိုကိုဒီဘီ တယောက်တည်း ၃ ခု ရှင်းတယ် တော်လိုက်တာ... ဒါမှ ec

Rita said...

နံပါတ် ၂ တောင် အဲလို ဆင်ဆင် ပြဿနာမျိုးတွေ ဖတ်ဖူးလို့ ဖြေနိုင်တာ။ သတိရသလောက်တော့ ဖတ်ဖူးတာမှာ ၂ ခါတည်းလို့ ကန့်သတ်တာ မပါဘူး ထင်တာပဲ။

MrDBA said...

မနေ့ညက သောက်လိုက်လို့ ပွင့်ထွက်ကုန်တာလား မသိဘူးနော် ... တိန်!

MrDBA said...

စိတ်ပါနေလို့ ထပ်ဖြေကြည့်တယ်။
ကြိုး၂ချောင်း ကိစ္စပေါ့ဗျာ။
ကြိုး၁ချောင်းကို မီးရှို့မယ်ဆို ၁ နာရီကြာတယ်ဆိုတော့ ပထမဦးဆုံး ပထမကြိုးရဲ့ ဟိုဖက်ဒီဖက် အစနှစ်ဖက်ကို တစ်ပြိုင်နက် မီးရှို့မယ်။ ဒုတိယကြိုးကိုတော့ အစတစ်ဖက်တည်းကိုသာ မီးရှို့မယ်။(assumption ကြိုးသုံးစ လုံး တပြိုင်နက် ရှို့ဖြစ်တယ်လို့ယူဆလိုက်ပါ။)
ကြိုးတစ်ချောင်း မီးအကုန်လောင်သွားဖို့ ၁ နာရီကြာတယ်ဆိုတော့ အစနှစ်ဖက်က ပြိုင်တူရှို့လိုက်တဲ့ကြိုးက မီးအကုန်လောင်သွားဖို့ နာရီဝက်ကြာမှာပါ။ အဲဒီအချိန်မှာ ဒုတိယကြိုးကလဲ နေရာတစ်ခုအထိ မီးလောင်ပြီးသွားပါပြီ။ သူလဲ နာရီဝက်ကြာသွားပြီပေါ့။ နောက်ထပ်ကျန်နေသေးတဲ့ အပိုင်းထပ်လောင်သွားဖို့ နာရီဝက်ကြာဦးမှာပါ။ (ကြိုးအကုန်လောင်ဖို့ ၁နာရီကြာတယ်ဆိုလို့ပါ)အဲဒီအချိန်မှာ ဒုတိယကြိုးရဲ့ အခြားအစွန်းတစ်ဖက်ကနေ မီးထပ်ရှို့လိုက်ပါ (ဖြစ်နိုင်ရင် ကိုZT ကိုပါရှို့လိုက်သင့်ပါတယ်)။
အဲသာဆိုရင် နာရီဝက်စာကျန်တဲ့ အပိုင်းကို ပြိုင်တူမီးရှို့သလိုဖြစ်ပြီးတော့ ၁၅မိနစ်အကြာမှာ ကြိုးအကုန်လောင်သွားမှာပါ။ အဲဒါဆိုရင် ၄၅မိနစ် အချိန်ရပါပြီ။ :)

ZT said...

တကယ့်ကို လေးစားလောက်ပါတယ်။
ံHardest Puzzle တွေထဲက မီးလုံးနဲ့ စနက်တံ ၂ ပုဒ်ပဲ ပါသေးတယ်။ နောက် ၄ ပုဒ် ကျန်သေးတယ်။ ထပ်ဖြေဦးမလား။ :D

ZT said...

ဒါနဲ့ ကိုဒီဘီ Out of Box အတော် တွေးနိုင်တာပဲ။

MrDBA said...

အင် ... နက်ဖြန်ရုံးတက်ရဦးမှာ စောစောအိပ်ပါရစေ ..ဟီး

:P said...

အဖြေတွေ ဖတ်မသွားသေးဘူး...
ကိုယ်ဖြေမလို့ မဟုတ်ပါဘူး..
မောင်ကြီးကို ပညာစမ်းမလို့ :P

khin oo may said...

အဖြေတွေ ထိုင်ဖတ်တာတောင်နားလည်အောင်အတော်စဉ်းစားရတယ်။ ရိတာနဲ့ ရေဂါလံနစ်ခုဘဲနားလည်တယ်။ ကိုကိုဒီဘီ အဖြေကိုဖတ်တာတောင်စဉ်းစားလို့လိုက်မမှီဘူး. နားမလည်ဘူး. အဲဒါဆိုရင် တို့ဘရီန်းက အတော်ညံ့သလားဟင်။

khin oo may said...

တို့ဝသလားဟင် လို့မိန်းမတစ်ယောက်က မေးပြီဆိုရင်ဝနေပြီလို့သာမှတ်လိုက်ပါတဲ့။ အဲသာဆိုတော့ဘရိန်းည့သလားဟင်ဆိုရင် ညံ့နေပြီသာမှတ်လိုက်ပါတော့။

ဂွတို said...

ရေအဖြေကို လုံးလုံး မရှင်းဘူးဗျာ....သုံးဂါလံပုံးထဲက ရေကို ငါးဂါလံပုံးထဲကို ဘယ်လို နှစ်ခါခွဲထည့်မှာလည်း အဲဒါကို နားမလည်ဘူး

ZT said...

၃ ဂါလံပုံးနဲ့ခပ်။ ၅ ဂါလံပုံးထဲထည့်။ ၅ ဂါလံပုံးထဲ ၃ ဂါလံ ဝင်သွားမယ်။

နောက်တစ်ခေါက် ၃ ဂါလံပုံးနဲ့ခပ်။ ၅ ဂါလံပုံးထဲ ထပ်ထည့်။ ၂ ဂါလံ ထည့်ပြီးရင် ၅ ဂါလံပုံး ပြည့်သွားပြီ။ ၃ ဂါလံ ပုံးထဲမှာ ၁ ဂါလံ ကျန်မယ်။

၅ ဂါလံ ပုံးထဲက ရေအားလုံးကို သွန်ပစ်လိုက်။ ပြီးရင် ၃ ဂါလံပုံးထဲက ရေ ၁ ဂါလံကို ၅ ဂါလံပုံးထဲ ပြောင်းထည့်။ ၅ ဂါလံ ပုံးထဲမှာ ၁ ဂါလံ ကျန်မယ်။

နောက်ထပ် ၃ ဂါလံ ပုံးနဲ့ ထပ်ခပ်။ ၅ ဂါလံ ပုံးထဲ အကုန် သွန်ထည့်။ အဲဒါဆို ၅ ဂါလံ ပုံးထဲမှာ ၄ ဂါလံ အတိ ရမယ်။

အဲဒီလိုပါ။ :)

မောင် said...

ပထမ ၃ ဂါလံတခါထည့်တာလေ..နောက် ၃ ဂါလံချိန်ပြီးထပ်ထည့်တော့ အကုန်မဝင်ပဲ...၁ ဂါလံကျန်
၅ ဂါလံ ပုံးထဲကရေတွေ အကုန်သွန်
ခုန ၃ဂါလံ ပုံးက ကျန်နေတဲ့ ၁ ဂါလံထည့် + နောက်တခါ ၃ ဂါလံထပ်ထည့် = ၄ ဂါလံ
(သူများဖြေထားတာကို ဝင်ရှုပ်သွားပါသည် :)

မောင် said...

aww, sorry :P

ZT said...

Haha. It's OK. Just a coincidence. :D

ShwunMi- said...

:D

၅ ဂါလံ ပုံးနဲ့ အပြည့်ခပ်၊
၃ ဂါလံ ပုံးထဲ ခွဲထည့်လိုက်ရင် ၂ ဂါလံ ကျန်။
၃ ဂါလံ ပုံးထဲက ရေကို သွန်။
၅ ဂါလံ ပုံးထဲ ကျန်နေတဲ့ ၂ ဂါလံ ကို ၃ ဂါလံ ပုံးထဲ သွားထား။

၅ ဂါလံ ပုံးနဲ့ အပြည့်ခပ်၊
၂ ဂါလံ ဝင်ပြီးသား ၃ ဂါလံ ပုံးထဲကို သွားဖြည့်၊
၅ ဂါလံ ပုံးထဲမှာ ၄ ဂါလံ ကျန်ပါမည်

=)

...
2nd comment မှာ မီးရှို့သွားတာ နားမလည်ကြပုံပေါ်တယ် :D

ZT said...

အင်း။ ဒီလိုလည်း ရသားပဲ။ :)

ShwunMi- said...

၅ ဂါလံ ပုံးကြီး ၂ခါ မ,ရတာ ခါးတော့နာမှာပဲ :D

Ko Boyz said...

ဆေးလုံးပုစ္ဆာ။
ဖန်ပြွန်တွေကို တစ်ခုချင်းတင်ပြီး အလေးချိန်ကို ကြည့်မယ်။
ဆယ်ဂဏန်း တွေ ကျနေသေးရင် မပျက်စီးသေးလို့ ယူဆပြီး ကိုးဂဏန်းနဲ့ ဆုံးတဲ့အလေးချိန်ကို ပြနေရင် အဲဒီဖန်ပြွန်က ပျက်စီးနေတဲ့ ဆေးလုံးပါတဲ့ ဖန်ပြွန်ဖြစ်မယ်။
(ဝင်ရှုပ်သွားတယ်။ :P )

ZT said...

တစ်ခါတည်း ချိန်ရမှာလေ ကိုဘ။ :D

Ko Boyz said...

လာမယ်လေ...
သုံးချောင်းတင်မယ်။ ဆယ်ဂဏန်းကျနေရင် ကျန်တဲ့ နှစ်ချောင်းထဲက တစ်ချောင်းက ပျက်စီးနေတဲ့ ဆေးလုံးပါတဲ့ ဖန်ပြွန်ပဲ..
(ကိုယ်ကတော့ ခပ်တည်တည်ပဲ ခုထိ မလျှော့သေးဘူး။ အီးစီလေ သိတယ် မဟုတ်လား :smile: )

Rita said...

ကိုဘ အဖြေ အပေါ်တခုက မမှန်ဘူးလား။

တချောင်းစီကို ပြန်မချဘဲ တချောင်းချင်း တင်သွားမှာလေ။ ဒီတော့ စက်ကို တခါပဲသုံးတာပေါ့။

ZT said...

မမှန်ဘူး။ တစ်ခါတည်းနဲ့ ချိန်ပြီး သိအောင် လုပ်ရမှာ။ :D ကိုဒီဘီလို နည်းနည်းလေး Out of Box တွေးကြည့်ပါ။ သိပ်မခက်ပါဘူး။ :P

Vista said...

၅ခုလုံးတင်ချိန်ပီးတော့ တစ်ချောင်းစီနုတ်ကြည့်ပေါ့ ဟိဟိ

Ko Boyz said...

တစ်ခါတည်း ချိန်ရမှာပါဆို မိဗျစ်... :anr:

Vista said...

ဖန်ပြွန်တွေကို ဖွင့်
ဆေးလုံးတွေကိုထုတ်ချိန်ပေါ့ ရလား။ ရရင်တော့
ပထမပြွန်က ဆေးလုံး ၁ လုံး ၊ဒုတိယက ၂ တတိယက ၃ ၊ စတုထ က ၄ လုံး၊ နံပါတ် ၅ က ၅ လုံးထည့်ချိန် ( ပုံမှန် မပျက်စီးရင်
၁၀+ ၂၀ + ၃၀ +၄၀ + ၅၀ = ၁၅၀ ဂရမ် ရရမယ်ပေါ့။
တကယ်လို့  ၁၄၈ ပဲရတယ်ဆို နံပါတ် ၂ ပြွန်က ဆေးလုံးများပျက်စီးနေတယ်ပေါ့ ။ ၁၄၆ ဆို နံပါတ် ၄ ပေါ့။၁၄၉ ဆို ပထမပြွန်ပေါ့ ။ဟုတ်သလားဟင်။ဟိ။

ZT said...

ဒါဆိုရင် ညီမလေး အဖြေ မှန်ပါတယ်ကွယ်။ :P

Vista said...

အမငီးမောထှာ :P

Unknown said...

နောက်ကျသွားတယ်...
သူရို့က အကုန်ဖြေ ပြီးနေပြီ။
တော်လိုက် ကြတာ.... မိုက်တယ်...

SoeThuAung007 said...

ရွှေဒင်္ဂါး ၁၂ြ­ပား၊ ၁ြ­ပားအတု၊ ချိန်ခွင်ကို၃ခါသုံြး­ပီး အတုရွေးပေးပါ။ အတုသည် ပေါ့နိုင်သလို လေးနိုင်သည်။