Search This Blog

Monday, February 9, 2009

အချစ်တစ်ခုတည်းနှင့် (၂)

ပထမပိုင်းမှ စ၍ဖတ်ရန်

သူက ကျွန်မရဲ့ ဆံပင်တွေကို ဆွဲရတာကို နှစ်သက်တတ်ပါတယ်။

“ဘာဖြစ်လို့ ဟင်းလင်းပြင်ထဲကို ငေးကြည့်နေရတာလဲ။ မင်းဟာ ဘာမှ မလုပ်ဘဲ နေတဲ့အချိန်ဆို အရမ်း အရုပ်ဆိုးတယ်။ ဒါပေမယ့် မင်းရယ်လိုက်ရင်လည်း မလှဘူး။” တစ်ခြားတစ်ဖက်က လှည့်တွေးမယ် ဆိုရင်တော့ ကျွန်မဟာ တကယ်ပဲ အရုပ်ဆိုးတယ်လို့ သူဆိုလိုချင်တာပါ။

“တကယ်တော့ ရှင်ကမှ အရုပ်ဆိုးတဲ့သူ။ ကျွန်မဒီလောက်တောင်မှ အရုပ်ဆိုးတယ် ဆိုရင် ရှင်ဘာလို့ ကျွန်မဆီ လာနေသေးသလဲ။” ကျွန်မက ကျွန်မရဲ့ ဆံပင်တွေကို ပြန်ဆွဲရင်း ပြန်ပြောမိပါတယ်။

“ဒါကတော့ မတတ်နိုင်ဘူးလေ။ မင်းအိမ်နဲ့ ငါ့အိမ်က ဘေးချင်းကပ်ရပ်ကိုး။ ” သူက အဲဒီလို ပြန်ငြင်းတတ်ပါတယ်။

“ဒါဆို ကျွန်မ အိမ်ပြောင်းတော့မယ်။” ကျွန်မက အဲဒီလို ပြန်ပြောမိပါတယ်။ နောက်နေ့ကစပြီး ကျွန်မ မြေဖြူခဲ တစ်ချောင်းနဲ့ မြေကြီးပေါ်မှာ လိုင်းတစ်လိုင်း ဆွဲထားလိုက်ပါတယ်။ သူ့ကို အဲဒီလိုင်းကို ဖြတ်ကျော်ပြီး မလာဖို့ ကျွန်မ တားမြစ်ထားတာပါ။

အဲဒီနှစ်က ကျွန်မတို့ နှစ်ယောက်စလုံး ၅ တန်းမှာပါ။ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် သည်းမခံနိုင်ကြပဲ တစ်ယောက်ယောက်ကတော့ တစ်နေ့နေ့မှာ အိမ်ပြောင်းသွားလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြပါတယ်။ ဒါပေမယ့် ၅ နှစ်ကြာတဲ့ အချိန်အထိ ကျွန်မတို့ နှစ်ယောက်စလုံး အိမ်မပြောင်းခဲ့ကြပါဘူး။ အဲဒါတင် မကသေးဘူး။ ကျွန်မတို့ နှစ်ယောက် စလုံးဟာ အထက်တန်းကျောင်း တစ်ခုထဲမှာ အတန်းတစ်တန်းတည်း အတူတူ တက်ခဲ့ကြ ပါသေးတယ်။

“မင်းတို့ကတော့ တကယ်ကို မလိုက်ဖက်တဲ့ အတွဲပဲ။” လို့ ကျောင်းမှာ ရှိသမျှ ကျောင်းသူ ကျောင်းသား တွေကရော ဆရာဆရာမ တွေကပါ ကျွန်မတို့ကို တွေ့တိုင်း အဲဒီလို မှတ်ချက်ပေး တတ်ပါတယ်။

“ကျွန်မတို့က အတွဲမဟုတ်ဘူး။ အိမ်နီးချင်း သက်သက်ပဲ။” လို့ ကျွန်မက အမြဲတမ်း ရှင်းပြဖို့ ကြိုးစားတတ်ပါတယ်။ အဲဒီအချိန်ကတော့ ကျွန်မဟာ ကျွန်မရဲ့ အဖေနဲ့ အမေကို သူ့ရဲ့ အိမ်ဘေးမှာ နေခဲ့တဲ့ အတွက်တောင် မုန်းမိပါသေးတယ်။

“ငါ့ အဆင့်က အဲဒီလောက် မနိမ့်သေးဘူး။ ဘယ်သူက သူ့ကို ရည်းစားအဖြစ် လိုချင်မှာလဲ။ ငါ့မှာလည်း မျက်စိ မရှိတာမှ မဟုတ်တာ။” လို့ သူက ပြောတတ်ပါတယ်။

ကျွန်မ သူ့ကို လုံးဝ ကြည့်လို့မရပါဘူး။ “ရှင့်မျက်လုံးက ခေါင်းပေါ်မှာ ရှိတာကိုး၊” လို့ ပြန်ပြောတတ်ပါတယ်။

အဲဒီအချိန်မှာ “မင်းလို မျက်လုံးက ခေါင်းရဲ့အောက်မှာ ရှိတာထက်တော့ တော်သေးတာပေါ့ကွာ။” လို့ သူက ပြန်ချေပပါတယ်။ သူဆိုလိုချင်တာက ကျွန်မဟာ ယောက်ျားလေးတွေကို အကဲမဖြတ်တတ်ဘူး ဆိုတဲ့ သဘောမျိုးပါ။ အဲဒီအချိန်တုန်းက ကျွန်မဟာ အတန်းကြီးက ကျောင်းသား တစ်ယောက်ကို နှစ်သက် သဘောကျ နေမိခဲ့ပါတယ်။

သူ့ရဲ့ ခနဲ့တဲ့တဲ့ စကားမှာ လျှို့ဝှက်တဲ့ အဓိပ္ပါယ်တွေ ရှိနေတယ်ဆိုတာ ကျွန်မ မတွေးမိခဲ့ပါဘူး။ နည်းနည်းလေး ကြာတော့မှ အဲဒီ အတန်းကြီး ကျောင်းသားမှာ ရည်းစားတွေ အများကြီး ရှိတယ် ဆိုတာကို ကျွန်မ သိလာခဲ့ရပါတယ်။ အဲဒီအတွက် ကျွန်မငိုမိတော့ သူက တိတ်တိတ်ဆိတ်ဆိတ်ပဲ ကျွန်မကို လက်ကိုင်ပုဝါကလေး တစ်ထည် ကမ်းပေးပြီး သူ့ရဲ့ ရင်ခွင်ထဲမှာ ကိုးရိုးကားယား ဖက်ထားခဲ့ပါတယ်။

“ငါမင်းကို ပြောသားပဲ။ အဲဒီအကောင်ဟာ ကောင်းတဲ့အကောင် မဟုတ်ပါဘူး ဆိုတာ။” သူက ကျွန်မကို အပေါ်ယံအပြောနဲ့ နှစ်သိမ့်ပါတယ်။ ကျွန်မ သူ့ရင်ခွင်ထဲမှာ တစ်ညလုံး ငိုနေခဲ့ပြီး အဲဒီနောက်ပိုင်း မှာတော့ သူ့ကို အမြင်တစ်မျိုးနဲ့ မြင်လာခဲ့ပါတယ်။ ကျွန်မတို့ နှစ်ယောက်ကြားက အနေအထားတွေက ပြောင်းလဲလာပါတယ်။ ကျွန်မတို့ အရင်တုန်းကလို တစ်ချိန်လုံး ရန်ဖြစ် နေကြသေးပေမယ့် သူက ကျွန်မအပေါ် ကြည့်တဲ့ အကြည့်တွေ ပြောင်းလာခဲ့ပါတယ်။ သူအနားမှာ ရှိတဲ့ အချိန်တွေမှာ ကျွန်မဟာ ရှက်သွေးဖြာပြီး ရင်ခုန်သံလည်း ပိုမြန်လာတတ် ပါတယ်။ ကျွန်မတို့ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ချစ်မိသွားပြီ ဆိုတာကို သိလိုက်ကြပါတယ်။

အဲဒီလို သိကြပေမယ့် ကျွန်မတို့ နှစ်ယောက်စလုံး ပါးစပ်က တစ်ခွန်းမှ ဖွင့်မပြောခဲ့ ကြပါဘူး။ ကျွန်မတို့ နှစ်ယောက်စလုံး ချစ်နေကြပြီ ဆိုတဲ့ အချက်ကို မငြင်းနိုင် ကြသလို အမြဲလိုလို တစ်ယောက်နဲ့တစ်ယောက် နမ်းဖြစ်ခဲ့ကြ ပါတယ်။ ကျွန်မတို့ဟာ တစ်ယောက်ရဲ့ ခြေလှမ်းတွေကို နောက်တစ်ယောက်က အမြဲလိုလို ဂရုတစိုက် စောင့်ကြည့် နေတတ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဟာ ကျွန်မတို့ရဲ့ အချစ်တွေကို ဖွင့်ဟ ဝန်ခံဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

ဒီလိုနဲ့ပဲ အချိန်တွေဟာ အလျှင်အမြန် ကုန်ဆုံး သွားခဲ့ပြီး ကျွန်မတို့နှစ်ယောက် ခွဲခွာရမယ့် အချိန်ကို ရောက်လာခဲ့ပါတယ်။ ကျွန်မက ဆေးတက္ကသိုလ် တက်ဖို့ ရွေးခဲ့ပြီး သူကတော့ ရူပဗေဒ မေဂျာကို ရွေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မတို့ နှစ်ယောက် မခွဲနိုင်ခဲ့ ကြပါဘူး။ ကျွန်မတို့ရဲ့ မိဘတွေက တိုင်ပေမှာ ကျွန်မတို့အတွက် အသိအကျွမ်း တစ်ယောက်မှ မရှိတဲ့အတွက် စိုးရိမ်ခဲ့ကြပါတယ်။ အဲဒါကြောင့်လည်း သူတို့ဟာ ကျွန်မတို့ကို အဆောက်အဦး တစ်ခုတည်းမှာ အတူနေဖို့ အတင်းအကြပ် စီစဉ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ကျွန်မတို့ဟာ အိမ်နီးချင်းတွေ ဖြစ်လာကြ ပြန်ပါတယ်။ ကျွန်မတို့ အရင်လိုပဲ ရန်ဖြစ်ကြတုန်းပါ။ တစ်ခါတစ်လေ အိပ်ခန်းထဲမှာတောင် ရန်ဖြစ်ကြပါတယ်။ ဟုတ်ပါတယ်။ ကျွန်မတို့ နှစ်ယောက် ချစ်သူတွေ ဖြစ်နေကြပါပြီ။ ဒါပေမယ့် နှစ်ယောက်စလုံး ပါးစပ်ကနေ ချစ်တယ် ဆိုတဲ့ စကားကို ထုတ်မပြော ခဲ့ကြပါဘူး။ ကျွန်မတို့ဟာ ဗယ်လင်တိုင်းဒေးတွေမှာတောင် နှစ်ယောက်အတူတူ အချိန်မကုန်ဆုံး ဖြစ်ပါဘူး။ သူကျွန်မကို အခြား ယောက်ျားတစ်ယောက်နဲ့ ဗယ်လင်တိုင်းဒေး ညစာ အတူတူစားတာကို တွေ့သွားတဲ့ အချိန်အထိပဲ ဆိုပါတော့။ အဲဒီညက သူကျွန်မရဲ့ အခန်းတံခါးရှေ့မှာ စောင့်နေခဲ့ပြီး အခုအချိန်က စပြီး သူကျွန်မကို ဗယ်လင်တိုင်းဒေးတိုင်းမှာ ညစာစားဖို့ အပြင်ခေါ်သွားမယ် လို့ ပြောပါတယ်။ သူ ကျွန်မကို အထက်စီးကနေ အဲဒီလို ပြောတာပါ။ ဒါပေမယ့် ကျွန်မ ခေါင်းငြိမ့်ပြီး သူ့ရဲ့ တောင်းဆိုချက်ကို လိုက်လျောခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဗယ်လင်တိုင်းဒေးတိုင်းကို ကျွန်မတို့ နှစ်ယောက် အတူတူ ကုန်ဆုံး ခဲ့ကြပါတယ်။ ကျောင်းပြီးလို့ ဘွဲ့ရတဲ့ အချိန်မှာတော့ ကျွန်မက အလုပ်သင် ဆရာဝန် ဘဝကို စတင်ခဲ့ပြီး သူကတော့ ကွန်ပြူတာ ကုမ္ပဏီ သေးသေးကလေးတစ်ခုကို သူငယ်ချင်းတွေနဲ့ အတူ စပြီး ထောင်ခဲ့ကာ ပရိုဂရမ်မာ တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့ပါတယ်။ ကျွန်မတို့ဟာ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေခဲ့ကြပြီး ရည်းစားအတွက် အချိန် မပေးနိုင်ခဲ့ ကြပါဘူး။ နောက် ၃ နှစ်အကြာမှာတော့ ကျွန်မဟာ ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့ပြီး သူ့ရဲ့ စီးပွားရေးလုပ်ငန်းဟာလည်း စတင် အောင်မြင်လာခဲ့ ပါတယ်။ ကျွန်မတို့ဟာ ပိုကြီးတဲ့ အိမ်ခန်းတွေကို အသီးသီး ရွှေ့ပြောင်းခဲ့ကြပြီး အိမ်နီးချင်း အနေနဲ့ ဆက်လက်ပြီး ရှိမနေကြတော့ပါဘူး။ အပေါ်ယံမှာတော့ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာခဲ့ သလိုပါပဲ။ ဒါပေမယ့် တကယ်တမ်းမှာတော့ ကျွန်မတို့ နှစ်ယောက်ဟာ အတူတူ ရှိနေကြဆဲပါ။ ကျွန်မတို့ဟာ ဗယ်လင်တိုင်းဒေးတိုင်းကို အတူတကွ ကုန်ဆုံးခဲ့ကြပေမယ့် တစ်နှစ်ထက်တစ်နှစ် ဆိုသလို ပိုပြီး ငြီးငွေ့စရာကောင်းလာပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မ ဒီလောက် အခွင့်အလမ်းတွေ ပေးနေတာတောင်မှာ သူ့ရဲ့ ပါးစပ်က ချစ်တယ်ဆိုပြီး တစ်ခွန်းမှ ဖွင့်မပြောခဲ့လို့ပါ။

အခုထက်ထိ အီးမေးလ် တစ်စောင်မှ ရောက်မလာသေးတဲ့ ကျွန်မရဲ့ အီးမေးလ်ကို ကြည့်ရင်း ကျွန်မ ရုတ်တရက် ဒေါသထွက်လာပါတယ်။ သူ ငါ့ကို ပါးစပ်ကလည်း ဖွင့်မပြောဘူး။ ကတ်ဒ်လဲ မပို့ဘူး။ ဒါဘာသဘောလဲ။ သူ့ကိုယ်သူ ဘာကောင်များ ထင်နေသလဲ။ ကျွန်မ သူ့ရဲ့ ဟင်းန်ဖုန်းကို လှမ်းခေါ်လိုက်ပါတယ်။

“ဟဲလို” သူက ဖုန်းကို ကောက်ကိုင်ပါတယ်။

“ကျွန်မ အခုထက်ထိ ကတ်ဒ်မရသေးဘူး။”

“မင်း တကယ် မရသေးဘူး။ ဟုတ်လား။ ငါပို့လိုက်ပြီလေ။” သူ့ကြည့်ရတာ အတော် အလုပ်များနေတဲ့ ပုံပါ။

သူ တကယ်အလုပ်များနေပေမယ့် ကျွန်မ ဂရုမစိုက်နိုင်ပါဘူး။ “ဟုတ််တယ်။ မရသေးဘူး။ ထပ်ပို့ဦး။”

“ကောင်းပြီ။ ငါမင်းဆီကို အခါ ၁၀၀ ပို့လိုက်မယ်။ ကျေနပ်ပြီလား။” သူက စိတ်မရှည်သလို ပြောပါတယ်။ သူ့ရဲ့လေသံက ကျွန်မရဲ့ ဒေါသကို အထွတ်အထိပ် ရောက်စေပါတယ်။ ဒါ ချစ်သူတွေ တစ်ယောက်နဲ့ တစ်ယောက် ပြောကြတဲ့ လေသံတဲ့လား။

“ကျွန်မဆီကို ပို့လည်း မပို့နဲ့တော့။ ဒီညလည်း ကျွန်မကို လာမခေါ်နဲ့တော့။ ဒီနေ့ ညစာကို ကျွန်မဘာသာပဲ စားတော့မယ်။”

“ကလေးမဆန် စမ်းပါနဲ့ကွယ်။ ငါတကယ်ကို အလုပ်များနေလို့ပါ။”

“ကျွန်မက ကလေးဆန်တယ်။ ဟုတ်လား။” ကျွန်မဖုန်းကို ချလိုက်ပါတယ်။ နောက်တော့ မျက်ရည်တွေ ကျွန်မရဲ့ ပါးပြင်ပေါ်ကို လိမ့်ဆင်းလာပါတယ်။

ကလေးဆန်သတဲ့လား။ သူ ဘာဖြစ်လို့ အခု လက်ရှိ အခြေအနေကို မစဉ်းစားရတာလဲ။ ကျွန်မတို့နှစ်ယောက် အတူ တွဲလာကြတာ နှစ်ပေါင်းများစွာလည်း ကြာခဲ့ပြီ။ ဗယ်လင်တိုင်းဒေးတွေကို အတူတူ ကုန်ဆုံးခဲ့ ကြတာလည်း မရေမတွက် နိုင်တော့ဘူး။ ကျွန်မ သူ့ဆီက ပန်းတွေ ကတ်ဒ်တွေ တစ်ခါမှ မရခဲ့ဖူးသေးဘူး။ အခုလည်း ကျွန်မလိုချင်တာက ဘာမဟုတ်တဲ့ အီးကတ်ဒ်ကလေး တစ်ခုပါ။ အဲဒီလို တောင်းဆိုတာဟာ သိပ်များနေလို့လား။

ကျွန်မ ဖုန်းပလပ်ကို နံရံကနေ ဆွဲဖြုတ်လိုက်ပါတယ်။ ကျွန်မရဲ့ ဟင်းန်ဖုန်းကိုလည်း ပိတ်လိုက်ပါတယ်။ ကျွန်မ သူ့ရဲ့ ဖြေရှင်းချက်တွေကို မကြားချင်တော့ပါ။ ကျွန်မ ဆေးရုံကို ပြန်ရောက်တဲ့ အချိန်မှာတော့ ဧည့်ကြိုကောင်တာက ကောင်မလေးကို ဘယ်သူ့ဆီက ဖုန်းခေါ်ခေါ် ကျွန်မဆီကို ချိတ်မပေးဖို့ မှာထားလိုက်ပါတယ်။ ကျွန်မ အလုပ်ထဲမှာပဲ အာရုံစိုက်ပြီး လုပ်ချင်ပါတော့တယ်။

အဲဒီနေ့မှာ အရေးပေါ် လူနာတွေ အရမ်းများတဲ့ အတွက် နောက်တစ်နာရီလောက် အကြာမှာတော့ ကျွန်မ ခွေျးပျံအောင် အလုပ်များနေပြီး ကျွန်မတို့ စကားများတာ ကိုတောင် မေ့သွားပါတယ်။

“ဒေါက်တာရှု။ ကျေးဇူးပြုပြီး ဒီလူနာကို ကြည့်ပါဦး။”

ကျွန်မ ပစ္စည်းကိရိယာတွေကို သိမ်းဆည်းနေတဲ့ အချိန်မှာ အရေးပေါ်လူနာဌာနရဲ့ အပြင်မှာ အရေးပေါ် လူနာတင်ကားရဲ့ အသံစူးစူးကို ကြားလိုက်ရပါတယ်။ ကျွန်မ တံခါးရဲ့ အပြင်ဖက်ကို ထွက်လိုက်တဲ့ အချိန်မှာတော့ အရေးပေါ် ဆေးဝန်ထမ်းတွေက လူနာတင် တွန်းလှည်းကို သုတ်သီးသုတ်ပြာ တွန်းရင်း ဝင်လာကြပါတယ်။

“သူဘာဖြစ်လာတာလဲ။” ကျွန်မက ပထမ ဆေးဝန်ထမ်းကို လှမ်းမေးလိုက်ပါတယ်။ အခြားသူတွေ အားလုံးကတော့ လူနာကို လူနာတင် တွန်းလှည်းပေါ်တင်ဖို့ ကြိုးစားနေကြပါတယ်။ လူနာရဲ့ တစ်ကိုယ်လုံးမှာ သွေးတွေ ပြည့်နေပါတယ်။

“ကား အက်ဆီးဒင့် ဖြစ်တာ။ တော်တော်ကို ဆိုးတယ်။ သူသေတောင် သေနိုင်တယ်။” လို့ ဆေးဝန်ထမ်းက ပြန်ဖြေပါတယ်။

ကျွန်မ ခေါင်းညိမ့်ပြီး သူတို့နဲ့အတူ ခွဲစိတ်ခန်းထဲကို ပြေးဝင်ခဲ့ပါတယ်။ ကျွန်မ ရောက်လာတဲ့ အချိန်မှာတော့ သူနာပြုတွေက လူနာဟာ အသက်မရှူတော့ဘူး နှလုံးလည်း မခုန်တော့ဘူး လို့ ပြောကြပါတယ်။

“ရှော့ခ်ရိုက်ဖို့ အသင့်ပြင်ထား။” ကျွန်မ တည်တည်ငြိမ်ငြိမ်ပဲ ညွှန်ကြားချက် ပေးလိုက်ပါတယ်။ လူတွေရဲ့ အသက်ကို ကယ်ရတာဟာ ကျွန်မတို့ရဲ့ တာဝန်ပါပဲ။ ကျွန်မတို့ မတည်မငြိမ် ဖြစ်နေလို့ မရပါဘူး။

ဒါပေမယ့် ခွဲစိတ်စားပွဲပေါ်မှာ လှဲလျောင်းနေတဲ့ လူနာကို မြင်လိုက်တဲ့ အချိန်မှာတော့ ကျွန်မရဲ့ တည်ငြိမ်မှုတွေ ပျောက်ဆုံးသွားပါတယ်။ အဲဒီ လူနာဟာ ကျွန်မရဲ့ ရည်းစားဖြစ်နေလို့ပါ။

ဇာတ်သိမ်းပိုင်းကို ဖတ်ရန်

18 comments:

khin oo may said...

ကောင်းခနး်မှာ ရပ်ထားတယ်။

khin oo may said...

ဒီလိုလုပ်တာတော့မကောင်းပါဘူး.။

khin oo may said...

သေသွားရင်နာပြီသာမှတ်.။

khin oo may said...

ရအောင် အသက်ကယ်ပါ။

khin oo may said...

ကျန်တာ ကိုယ့်ဘာသာဘဲ..ဆက်ရေးတော့..

khin oo may said...

ကျွန်မ လေ..မဖြစ်နိုင်ဘူး..မဟုတ်ဘူး..လို့ အကျယ်ကြီးအော်ပြီး shock ရိုက်တဲ့စက်က လက်ကိုင် နျစ်ခုကို ယူပြီး သူ့ကို အဆက်မပြတ် အရူးတပိုငး် shock ရိုက်နေမိတယ်။ စိတ်ခြောက်ခြားပြီး လန့်ကုန်တဲ့သူနာပြူဆရာမတွေ ကျွန်မကိုကြည့်ပြီး အလန့်တကြားနဲ့ တခြားဆရာဝန်ကို ပြေးခေါ်ကြတယ်။ သဲူရဲ့ ခနွာကိုယ် ဟာ ကျွန်မရဲ့ ရှော့ရိုက်ချက်ကြောင့် မြောက် မြောက်သွားတယ်။

ကျွန်မသိနေတာကတော့ကျွန်မ သူ့ကို အသက်ရှင်နေစေချင်တယ်။ တချိန်လုံးကျွန်မတို့ အချင်းများနေကြလဲ .သူကျွန်မကို ချစ်စကားမပြောရသေးလဲ.ကျွန်မတို့ချစ်နေကြပါတယ်။ သူျကျွန်မကို ကဒ်ပေးဘို့အကြွေးကျန်ပါသေးတယ်။ သူသေလို့မဖြစ်ဘူး..ကျှန်မ shock ရိုက်တဲ့ လက်ကိုင် နျစ်ခုကို လွတ်ပစ်ပြီး သူ့နျလုံးသားရှိရာ ကို အမြန်ဆုံး. လက်နျစ်ဘက်နဲ့ နျိပ်ပါတယ်။ ကျွန်မရဲ့ လက်အစွမ်း ဖိနိုင်သလောက်. ဖိြ့ပိီး သူ့အသက်ှရူဘို့ကို လည်း အဆက်မပြတ်ဆုတောင်းနေမိတယ်။ ဒါပေမံဲ့သူ မလှူပ်ဘူး..နာတယ်လို့တောင် မပြောဘူး. မျက်စိကိုပိတ်လို့ ဘာမှ မတုံ့ြ့ပန်ခဲ့ဘူး။

ကျှွန်မမိတ်ဆွေ ဒေါက်တာ ဂျှီအန် က ကျွန်မကို စိတ်ဆိုးဆိုးနဲ့တွနး်ဖယ်လိုက် တယ်။ ကျွန်မ ဘာအသံမှ မပြူနိုင်တော့ဘူး. ငိုလို့သာဘဲ နေမိတော့တယ်။ သူအသက်မရှိတော့ဘူး..သိတ်နောက်ကျသွားပြီ..ငါစိတ်မကောင်းပါဘူးလို့ ဒေါက်တာ ဂျှီအန် ကကျွန်မကို ပြောတယ။် ဒေါက်တာ ဂျှီအန် က သူ့့ကိုကောင်းကောငး်သိပါတယ်။ ကှျွန်မ မိတ်ဆက်ပေးဘူးတယ်။

သူသေလို့မဖြစ်ဘူး..မဖြစ်ဘူး..ကှျွန်မအော်မိပြန်တယ်။ စိတ်ကိုထိန်ူးပါ မိန်းကလေးရယ်။မင်းလည်း ဆရာဝန် တစ်ယောက်ဘဲ..ဒေါက်တာ ဂျှီအန် ကဖြောင့်ဖျ လည်းကျွန်မ မထိန်းနိုင်ဘူး..ကှျွန်မ လူထဲကလူတစ်ယောက်ပါ.ဒီအချိန်မှာ ဆရာဝန်မဟုတ်ပါဘူး.. သူ့ကို အတင်းလှူပ်မိပြန်တယ်။ နိုးထလာဘို့တောင်းပန်နေမိတယ်။ ကျွန်မ တောင်းဆိုချက်တွေ မဖြစ်ခဲ့ဘူး..အဲဒီနေ့့က ချစ်သူများနေ့ဖြစ်ခဲ့တယ်

နောင်ပိုင်းသူ့မိတ်ဆွေတွေ ကပြန်ပြောပြတယ်။ အဲဒီနေ့ကသူ ကျွန်မကို ဆက်သွယ်ဘို့ပြန်ကြိုးစားတာ မရလို့ လိုက်လာရင်းနဲ့ အဲလိုဖြစ်ရတယ် ဆိုတာ သိခဲ့့ရတယ်။ ကျွန်မရဲ့ ကဒ်ကလေးတစ်ခုကိုတောင်းဆိုမှူကို မလိုက်လျောမှူ ဆိုတဲ့့ကလေးဆန်လှတဲ့ အမှူနဲ့ချစ်သူကို ကျွန်မ ဆု့းရှုံခဲ့ရတယ်။

အခုတော့့ျကှျွန်မမှာ ကြောင်ကလေးတစ်ကောင်ရယ် ..သိတ်မသုံးဖြစ်တဲ့ကွန်ပြူတာ တစ်လုံးရယ် ဒါဘဲ အဖော်ရှိပါတယ်။ ကြောင်ကလေးကို ချီထားရင်းကျွန်မ ကွန်ပြူတာ ကို ငေးကြည့်နေမိတယ်။ အဲဒိအချိန်မှာဘဲ ကြောင်ကလေး အတွက် နို့သွား ယူပြီးပြန်ရောက်လာတဲ့အခါ ကှျွန်မ ့ွကွန်ပြူတာထဲ မှာ စာ အစောင် ၁၀၀ ရောက်နေတာ ကို တွေ့လိုက်ရတယ်။ ဒမ်….ဘုရားသခင်..ကှျှျျွန်မဆီကို ဘယ်ကနေပြီး စာ ၁၀၀ အမှူျိက်တွေ ကို ပို့လိုက်ပါလိမ့်။။ ့ွကွန်ပြူတာနားကပ်ကြည့်လိုက်တယ်။ တကယ်ကို စာ ၁၀၀ ရောက်နေတာပါ..ဘယ်သူက မျာ.း .ကျွန်မ delete လုပ်ဘို့ကြိုးစားလိုက်တယ် ဘယ်သူက ဒီစာအစောင် ၁၀၀ ကိုဖတ်နိုင်ပါ့မလဲ။။

ဖျက်လို့မရပါလို့ ..မနက်ဖြန်မှသာလျျင် ဖျက်နိုင်ပါမယ်။ system error ဖြစ်နေတယ် ဆိုတာနဲ့ကျွန်မ စိတ်ပျက်လက်ပျက်နဲ့ စာတစောင် ကို ဖှုှုွွင့်လိုက်မိတယ်။ ပထမဆုံ နျင်းဆီပန်းလေးတပွင့်နဲ့ လှပတဲ့ တီးလုံးကလေး က ကျွန်မကို နှူတ်ဆက်တယ်။ only love ဆိုတဲ့စကားလုံးကလေးက ကျွန်မကို ………………

မီယာ said...

ကောင်းခန်းမှာ ဘာလို့ ဖြတ်လိုက်တာလဲလို့
မမကတော့ လုပ်ပြီ... တော်လိုက်တာ.. အဲ့ဒါ တကယ့် ဇာတ်လမ်း အဆက်လား.. ဆက်ရေးကြပါဦး

sin dan lar said...

အင်.... ခေါင်းမူးတွားပြီ.....
မမကေအိုအမ် ပြောတဲ့အတိုင်းလား...
မမက သူ့ပို့စ်ကျ စာ ၂ ကြောင်းလောက်ပရြေးတယ်..
ဒီမှာကျ ပို့်စ် ၁ ပုဒ်စာ မန့်ထားတယ်...။

ZT said...

မဂွိစ် ။ ဆက်ပြီး ဘာသာပြန်ပေးလို့ ကျေးဇူး အရမ်းတင်ပါတယ်။ မခင်ဦးမေ ဆက်ရေးထားတဲ့ အတိုင်းပါပဲ။ မူရင်းက ဒီမှာပါ။
http://www.lovefatedestiny.com/truelovestoriesIII.htm

khin oo may said...

တကယ့် ဇာတ်လမ်းအဆက်ပါ. ညက zt ကို ပြသာနာလာရှာလို့ သူက link ပေးတာကို သွားဖတ်ပြီး ဘာသာပြန်တာပါ။ ကျန်တာတော့ပိရသတ်ဘဲ ဆက်ဘာသာပြန်ပါတော့လေ. သူပြောတဲဲ့ အတိုငး်ပါဘဲ

Anonymous said...

99စနေ ဘာသာပြန်ပီး

ZT said...

Anonymous Above -> လင့်ခ်ကလေး ပေးလို့ ရမလား မသိဘူး။ မနိုင်းနိုင်းရဲ့ ဘလော့ခ်ထဲမှာ ကျွန်တော်ရှာ မတွေ့လို့ပါ။ ကျေးဇူးပဲ

Anonymous said...

သူက ကျွန်မရဲ့ ဆံပင်တွေကို ဆွဲရတာကို နှစ်သက်တတ်ပါတယ်။...
မိုက်သဗျိုး..
mm

sin dan lar said...

2 ယောက်ဘာသာပြန်တော့ အရသာ 2 မျိုးဖတ်ရတာပေါ့။
မမကေအိုအမ်နဲ့ဆို 3 ယောက်။

khin oo may said...

အစ်မသွားရှာသေးတယ်။ နိုင်းနိုင်းစနေမှာ ရှာလို့မတွေ့ခဲ့ဘူး။

Anonymous said...

ရှိမှာပါ ကျနော်ကသူ့ပို့စ်တွေကိုသေချာဖတ်ပါတယ် မအားလို့ လင့်မရှာပေးနိုင်တာပါ

ll said...

နhttp://nineninesanay.bravehost.com/ိုင်းနိုင်းစနေ
you can find on this link. thanks
နိုင်းနိုင်းစနေ

ZT said...

တွေ့ပြီ။ ကျေးဇူးပဲ မနိုင်းနိုင်း။
http://nineninesanay.bravehost.com/novel/Feb%2014.swf