Search This Blog

Sunday, October 10, 2010

ယောက်ျားဆိုတာ အတွင်းစိတ်ကို သိနိုင်တဲ့သူ မဟုတ်ဘူး

မိန်းကလေးတွေ ဘက်က သူတို့နဲ့ ဆက်ဆံတဲ့ အခါမှာ ဘယ်ဟာ လုပ်ရမယ် ဘယ်ဟာတော့ဖြင့် မလုပ်ရဘူး ဆိုတဲ့ စည်းမျဉ်းစည်းကမ်း တွေကိုပဲ ကျွန်တော်တို့ အမြဲ ကြားနေရတယ်။ ဒီတစ်ခါ ကတော့ ယောက်ျားလေး တွေရဲ့ အမြင်တွေပါ။ ဒါက ယောက်ျားလေး တစ်ယောက်နဲ့ ဆက်ဆံတဲ့ အခါမှာ ဘယ်ဟာလုပ်ရမယ် ဘယ်ဟာ မလုပ်ရဘူး ဆိုတာ မိန်းကလေးတွေ သိထားသင့်တဲ့ အချက်တွေပါ။

(၁) ယောက်ျားလေးတွေ ဆိုတာ တခြားသူရဲ့ အတွင်းစိတ်ကို လိုက်ဖတ်နိုင်တဲ့သူတွေ မဟုတ်ဘူး။

(၂) အိမ်သာခွက် အဖုံးကို ငါထားခဲ့တဲ့ ပုံစံအတိုင်း မကြိုက်ရင် ကိုယ့်ဘာသာကိုယ် ထလုပ်လိုက်ပါ။ မင်းငယ်တော့တဲ့ အရွယ်လည်း မဟုတ်ဘူး။ အပေါ်တင်ထားတာ မကြိုက်ရင် ကိုယ့်ဘာသာကိုယ် အောက်ပြန်ချလိုက်ပေါ့။ ငါက အပေါ်တင်ထားတယ်။ မင်းက အောက်ချ စေချင်တယ်။ မင်းဘာသာမင်း အိမ်သာခွက်အဖုံးကို အပေါ်တင်ထားထား အောက်ပဲချထားထား ငါ မကျေမနပ်နဲ့ ပြောတာ ဘယ်နှစ်ခါများ မင်းကြားဖူးလို့လဲ။

(၃) တနင်္ဂနွေမှာ အားကစား လုပ်တယ် ဆိုတာ ငါ့အတွက် လပြည့်သလို ရေတက်သလို အမြဲဖြစ်တတ်တဲ့ အလုပ်တစ်ခုပဲ။ ဘာမှ လာပြော မနေနဲ့။

(၄) ရှော့ပင်းထွက်တာ အားကစား လုပ်သလို အမြဲလုပ်ရတဲ့ အလုပ်မဟုတ်ဘူး။ ငါတို့ ဘယ်တော့မှ အဲဒီလိုတွေးမှာ မဟုတ်ဘူး။

(၅) ငိုတယ်ဆိုတာ ခြိမ်းခြောက်ခြင်း တစ်မျိုးပဲ။

(၆) မင်းလိုချင်တာကို တောင်းပါ။ ဒီတစ်ခုကို ရှင်းရှင်းလင်းလင်းပဲပြောမယ်။ နည်းနည်းလေး အရိပ်အမြွက် ပြောတာလည်း အသုံးမဝင်မှာ မဟုတ်ဘူး။ အများကြီး အရိပ်အခြေ ပြလည်း အသုံးဝင်မှာ မဟုတ်ဘူး။ ရှင်းရှင်းလင်းလင်း အရိပ်အယောင် ပြလည်း အသုံးဝင်မှာ မဟုတ်ဘူး။ ပါးစပ်ကပဲ ပြောစမ်းပါ။

(၇)
ငါ့အတွက်တော့ Yes နဲ့ No ဆိုတာ  မေးခွန်းတိုင်းအတွက် လုံးဝပြည့်စုံ လုံလောက်တဲ့ အဖြေပဲ။

(၈) ငါမင်းကို ကူညီဖြေရှင်း ပေးစေချင်တဲ့ ပြသနာမျိုးကိုပဲ ငါ့ဆီကို ယူလာခဲ့ပါ။ ငါကတော့ ပြသနာ ဆိုရင် ရှင်းပေးရမယ် ဆိုတာပဲ သိတယ်။ သနားတာ ခံချင်ရင် မင်းရဲ့ မိန်းကလေး သူငယ်ချင်းတွေကိုပဲ ပြောပြလိုက်ပါ။

(၉) မင်း ၁၇ လလောက် ခေါင်းကိုက်နေတယ် ဆိုရင်တော့ ပြသနာ အကြီးအကျယ် ဖြစ်နေပြီ။ ဆရာဝန်နဲ့ သွားတွေ့လိုက်ပါ။

(၁၀) လွန်ခဲ့တဲ့ ၆ လလောက်က ငါပြောခဲ့ဖူးတဲ့ ဘယ်အကြောင်းပဲ ဖြစ်ဖြစ် စကားများတဲ့ နေရာမှာ ပြန်သုံးဖို့ မစဉ်းစားနဲ့။ တကယ်တော့ ၇ ရက်ကျော်ရင် ငါတို့ ပေးခဲ့တဲ့ မှတ်ချက် အားလုံးဟာ အကျုံးမဝင်တော့ဘူး။

(၁၁) မင်းကိုယ်တိုင်က Victoria’s Secret အတွင်းခံ ကြော်ငြာတဲ့ မိန်းကလေးလို ဝတ်မထားပဲနဲ့ ငါ့ကိုလည်း ဇာတ်လမ်းထဲက မင်းသားတွေ သရုပ်ဆောင်သလို လုပ်ပြလိမ့်မယ်လို့ မမျှော်လင်ပါနဲ့။

(၁၂) မင်းကိုယ်မင်း ဝနေတယ်လို့ ထင်ရင် မင်းတကယ် ဝနေလို့ပါ။ ငါ့ကို လာမေးနေလည်း မထူးဘူး။

(၁၃) ငါ ပြောလိုက်တဲ့ အကြောင်းအရာ တစ်ခုခုကို အဓိပ္ပာယ် ၂ မျိုး ပြန်လို့ရပြီး အဲဒီအထဲက အဓိပ္ပာယ်တစ်မျိုးဟာ မင်းကို ဝမ်းနည်းစေတယ် ဒေါသဖြစ်စေတယ် ဆိုရင် ငါ ဆိုလိုချင်တာက တခြားအဓိပ္ပာယ် တစ်ခုပါ။

(၁၄) မင်းအနေနဲ့ ငါ့ကို တစ်ခုခု လုပ်ဖို့ ပြောရင်ပြော ဒါမှမဟုတ်ရင် မင်းဘယ်လို ဖြစ်စေချင်တာလဲ ပြော။ ၂ ခုစလုံးတော့ မပြောနဲ့။ မင်းအနေနဲ့ အကောင်းဆုံး ဘယ်လိုလုပ်ရမလဲ ဆိုတာ သိနေရင် ကိုယ့်ဘာသာကိုယ်ပဲ ထလုပ်လိုက်ပါ။

(၁၅)ဖြစ်နိုင်မယ်ဆိုရင် မင်းပြောချင်တဲ့ အကြောင်းအရာကို ကြော်ငြာ လာနေတဲ့ အချိန်မှာပဲ ပြောပါ။

(၁၆) ခရစ်စတိုဖာ ကိုလံဘတ် အတွက် လမ်းပြ မလိုဘူး။ ငါ့အတွက်လည်း အဲဒီအတိုင်းပဲ။

(၁၇) ယောက်ျားလေးတွေ အားလုံးက အရောင် (၁၆) မျိုးပဲ မြင်တတ်တယ်။ Windows default settings လိုမျိုးပေါ့။ Peach ဆိုတာ စားလို့ ရတဲ့ အသီးပဲ။ Pumpkin ဆိုတာလည်း အသီးပဲ။ mauve ဆိုတာ ဘာအရောင်လည်း ငါ့ကို လာမမေးနဲ့။ မသိဘူး။

(၁၈) ယားနေရင်တော့ ကုတ်မှာပဲ။ ဒါ ငါ လုပ်နေကျ အလုပ်ပဲ။

(၁၉)အကယ်၍ ငါက မင်းကို "ဘာဖြစ်နေတာလဲ။" မေးလို့ "ဘာမှ မဖြစ်ပါဘူး။" လို့ ပြန်ဖြေရင် ငါကတော့ ဘာမှ မဖြစ်ဘူး ပုံမှန်အတိုင်း ရှိနေသလို ဆက်နေနေမှာပဲ။ မင်း လိမ်နေတာ မသိလို့ မဟုတ်ဘူး။ သိတယ်။ ဒါပေမယ့် ဆက်မေးဖို့ အတွက် အချိန်မဖြုန်း နိုင်ဘူး။

(၂၀)မင်းအဖြေမလိုချင်တဲ့ မေးခွန်းတစ်ခု ငါ့ကို မေးတော့မယ် ဆိုရင် မင်းမကြားချင်တဲ့ အဖြေတစ်ခု အတွက် ပြင်ဆင်ထားပါ။

(၂၁) ငါတို့ တစ်နေရာကို သွားတော့မယ် ဆိုရင် မင်းဘာပဲဝတ်ထား ဝတ်ထား အဆင်ပြေတယ်။ တကယ်ပြောတာ။

(၂၂) မင်းငါ့ကို ဘာတွေးနေတာလဲ မမေးနဲ့။ ဘေ့စ်ဘော အကြောင်း၊ သေနတ်အကြောင်း နဲ့ ဂေါက်သီးအကြောင်း မင်းဆွေးနွေးဖို့ အသင့်ပြင်ထားတယ် ဆိုရင်တော့ တစ်မျိုးပေါ့။

(၂၃) မင်းမှာ အဝတ်အစားတွေ အလုံအလောက် ရှိနေပြီ။

(၂၄) မင်းမှာ ဖိနပ်တွေ အလုံအလောက် ရှိနေပြီ။

(၂၅) ငါ့ခန္ဓာကိုယ်က ပုံသဏ္ဌန်မှန်ပါတယ်။ ဝတယ် ဆိုတာလည်း ပုံသဏ္ဌန်မှန်ခြင်း တစ်မျိုးပဲလေ။

မူရင်း။ http://jmm.aaa.net.au/articles/16136.htm

မှတ်ချက်။ သင့်ရည်းစား ဒါမှမဟုတ် ခင်ပွန်းဟာ အဲဒီအမျိုးအစားထဲမှာ မပါဘူး ဆိုရင်တော့ ကိုယ့်လက်က လွတ်မသွားအောင် ကောင်းကောင်း ထိန်းထားပါ။ နောက်တစ်ယောက်နောက်ကို အချိန်မရွေး ပါသွားနိုင် ပါတယ်။ :D

12 comments:

ရွှေရတုမှတ်တမ်း said...

ဟုတ်တယ်..ယားရင်တော့ကုတ်တယ်..

khin oo may said...

ရယ်သွားတယ်။ မှန်နေလို့.။ ဒါပေမဲ့ ဒါတွေ ကိုယူပြီးမှ ဘဲပြောစေချင်ပါတယ် မိန်းမမရလိုက်မှာ စိုးလို့ပါ.။

ကိုအောင် said...

ဘိုးတော်ကျောက်က ရီထားတာကို ကြည့်ပြီး
ပိုပြီး ရယ်ရပါတယ်၊ အမကြီး မခင်ဦးမေ
ကတော့ မှန်တယ် ပြောတာပဲ ...း)

Unknown said...

စိတ်ကြီး လှချေလားးးးးးး
စိတ်လျှော့ စိတ်လျှော့.....
ယားရင်တော့ ကိုယ်တင်မက သူလဲ ကုပ်မှာပါပဲ... :D

Anonymous said...

အေးဟာ.နင်စောစောသာ ဒါတွေပြောပြရင် ငါ မိန်းမပဲ ယူမှာပေါ့။
အခုတော့ လွန်တွားဘီ။
း(
mm

CalmHill said...

မှန်ကန်လွန်းတဲ့ အဆိုအမိန့်များဆိုပြီး စာအုပ်ထဲ ရေးမှတ်ထားဦးမယ်ဗျာ :D

:P said...

နံပါတ် (၂ ) အိမ်သာကြွေခွက်ကိစ္စကို ဖတ်ပြီး.. ကိုဇက်တီ ငါတို့အိမ်ကို ကိုယ်ဖျောက်ပြီးလာဖူးသလားလို့ ဘုရား..ဘုရား... တ သွားတယ်......

ဟုတ်ပါတယ်.. မှန်ပါတယ်လို့ အောင့်သီးအောင့်သက် ဝန်ခံသွား၏။

Law Shay said...

Cheers.

However, with the toilet case, I have a few comments. In some western countries, it is part of the ethics to put down the toilet-thing if the toilet is known to be shared with a lady.

It is absolutely true that "crying (weeping) is a kind of threat." and "to ask what you want" as well as "tell me either what to do or what you want, not both.".

sosegado said...

ပေးဖတ်လိုက်ပါတယ်၊ Thks

Phyo Maw said...

မှန်လိုက်လေ နံပါတ် ၂၅ ဆိုရင် မှန် မှန် နဲ့ကို ထအော်လိုက်ချင်တာ lolz

Anonymous said...

ဘာလို့ သူတို့ကိုယ်သူတို့ ဝနေမှန်းသိရဲ့သားနဲ့ ဝနေလားဟင်.. လို့ ဘာလို့ မေးတတ်ရတာလဲ မသိဘူး.. ဒီပိုစ့်ကို မိန်းမကို ပြမှဖြစ်မယ်.....

Vista said...

ကျနော့်တွက်တော့ အဆင်ပြေပါတယ် ကိုယ်ကလည်းစိတ်ကယောကျာ်းလေးဆိုတော့
လိုချင်တာကို ပေါ်တင်ပြောတယ် D7000 လိုချင်တယ် ဝယ်ပေး ၊ ဘာ ရှင့် ၃ဒီ ကင်မလာဟုတ်လား နောက်မှဝယ် ..ဟဲဟဲ ။
အိမ်သာခွက်ကတော့ပြဿနာမတက်ဘူး ကိုယ်ကလည်း အပေါ်တင်ထားတာပဲကြိုက်တယ်ဆိုတော့။