Search This Blog

Tuesday, January 18, 2011

အင်တာဗျူးများနဲ့ သီတင်းပတ်

ပထမဦးဆုံး အကြိမ် အမေးအဖြေ လုပ်ခဲ့ဖူးတဲ့ အင်တာဗျူးကတော့ ပါစင်နယ် ကွန်ပျူတာ မဂ္ဂဇင်းက ကိုဟန်ဇော်နဲ့ ဘန်ကောက်မှာတွေ့တုန်းက မြန်မာဝီကီပီးဒီးယား အကြောင်း ပြောဖြစ်ခဲ့တဲ့ အင်တာဗျူးပါ။ နောက်တော့ လောကအလှက မဟနစံနဲ့ ဝီကီပီဒီးယား ရေးနေသူတွေ အင်တာဗျူးမှာ တခြားသူတွေနဲ့ အတူ ဒုတိယ အကြိမ် ပြောဖြစ်ပါတယ်။

ဒီတစ်ပတ်ထဲတော့ တိုက်တိုက်ဆိုင်ဆိုင် အင်တာဗျူး နှစ်ခု ဆက်တိုက် ဖြေဖြစ်ပါတယ်။ ပထမတစ်ခုက ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က ကိုချိုနဲ့ cool-tech ရဲ့ ထူးချက် အစီအစဉ် အတွက် မြန်မာဝီကီပီးဒီးယား အကြောင်း ပြောဖြစ်တာပါ။ နိုင်ငံတကာသုံး ဝီကီပီးဒီးယား ၁၀ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။ နားထောင်ချင်ရင် အောက်က လင့်ခ်မှာ သွားနားထောင်နိုင် ပါတယ်။

http://www.bbc.co.uk/burmese/programmes/2011/01/110114_cooltech_myanamrwiki.shtml

နောက်တစ်ခုကတော့ လောကအလှ အွန်လိုင်းမဂ္ဂဇင်း မဟနစံနဲ့ ဖူးနုသစ် အကြောင်း ဗျူးဖြစ်ပါသေးတယ်။ ဖူးနုသစ်ကို အရင်က ဘာလို့ လွိုင်လင်လို့ နာမည်ပေးခဲ့သလဲ ဆိုတာကိုပါ ထည့်ပြောထားပါတယ်။ ဒါတောင်မှ မဟနစံက ရည်းစား အရင်က တာဝန်ကျခဲ့တဲ့ မြို့ဆိုတာကို အရင်ရည်းစား တာဝန်ကျခဲ့တဲ့မြို့လို့ အထင်မှားလို့ ပြန်ရှင်းလိုက်ရ ပါသေးတယ်။ :D စိတ်ဝင်စားရင် အောက်က လင့်ခ် မှာ သွားဖတ်ကြည့်နိုင်ပါတယ်။

http://www.lawka-ahla.com/news.php?item.1122

နာမည်အရင်းနဲ့ ပြောထားတာမို့ အစက တိတ်တိတ်ကလေး နေမလို့ပါ။ ဒါပေမယ့်လည်း ဒီနာမည်ကြီးလည်း လူတိုင်း သိနေပြီမို့ သိပ်မထူးတော့ပါဘူး။

6 comments:

Unknown said...

ဂုဏ်ယူပါတယ်.... ကzt....

Lorem Ipsum said...

:D အူးအူးဇတ်တီ...အာညွန်းစေယို (နှစ်ကွ) ကွန်ကရက်ပါဗျို့ မုန့်ကျွေးနော်..

Rita said...

လွိုင်လင်တုန်းကတော့ မသိလိုက်ဘူး။ ဖူးနုသစ်ကိုလည်း မဖတ်မိခင်က မိန်းကလေးတယောက်ယောက်ရဲ့ ဘလော့လို့ ထင်မိသေးတယ်။

PAUK said...

ကိုဇက်တီရဲ့ အရင်ဘလော့နာမည်ပေးပုံအရ
ဆိုရင်..
မမဟနဘလော့ထောင်ရင်
ပြင်ဦးလွင် လို့ နာမည်ပေးမှာလားမသိ..။
(ပို့စ်နဲ့ မဆိုင်တာ လျှောက်ပြောမိပြီ..
သူမတွေ့စေနဲ့နော်...ဟိဟိ)

Anonymous said...

Useful blog website, keep me personally through searching it, I am seriously interested to find out another recommendation of it.

ရွှေရတုမှတ်တမ်း said...

လွိုင်လင်ကထဲကကြိုက်လို့ ဒီဘလော့ကိုဖတ်လာတာ..
နောက်ဖတ်မရလို့ မဖတ်နိုင်တာ ၆လလောက်ရှိတယ်..
ကိုယ်ကလဲညံ့တယ်လေ..ဘယ်လိုဖတ်ရမှန်းတောင်မသိတာ..