Search This Blog

Friday, February 13, 2009

Valentine Day အတွက် အမှတ်တရ စာသားများ

အကယ်၍ မင်းသာ နောက်ထပ် နှစ်ပေါင်းတစ်ရာ ဆက်ပြီး အသက်ရှင်နေဦးမယ် ဆိုရင်
ငါကတော့ နှစ်ပေါင်းတစ်ရာထက် တစ်ရက် လျော့ပြီး နေချင်ပါတယ်။
အဲဒါမှ မင်းမရှိတဲ့နေ့တွေကို ငါ မကြုံရမှာလေ။
(A. A. Milne)

ချစ်တတ်တဲ့ နှလုံးသားဟာ အမြဲတမ်း ပျိုမြစ် နုနယ်နေတယ်။
(ဂရိစကားပုံ)

အချစ်ရဲ့ အကြောင်းကို ငါတို့ တွေးကြတယ်။
အချစ်ရဲ့ အကြောင်းကို ငါတို့ တေးသီကြတယ်။
အချစ်ရဲ့ အကြောင်းကို ငါတို့ အိပ်မက် မက်ကြတယ်။
အချစ်အတွက် အိပ်မပျော်နိုင်အောင် သောကရောက်ကြတယ်။
ငါတို့မှာ အချစ်ရှိမှန်း မသိတဲ့အခါမှာ လိုက်လံရှာဖွေကြတယ်။
ရှာတွေ့ ပြန်တော့လည်း ဘာလုပ်ရမယ် ဆိုတာ ငါတို့မသိကြဘူး။
ငါတို့ အချစ်ကို ပိုင်ဆိုင်တဲ့အချိန်မှာ ဆုံးရှုံးသွားမှာကို ကြောက်ရွံ့ကြတယ်။
တကယ်တော့ အချစ်ဟာ ငါတို့ကို အမြဲတမ်း ပျော်ရွှင်မှုတွေ နာကျင်မှုတွေ ပေးနိုင်တဲ့ အရာပါ။
ဒါပေမယ့် ငါတို့ ပိုင်ဆိုင်တဲ့ တခဏတာမှာ ဘယ်အရာကို ရမယ်ဆိုတာ မသိကြဘူး။
တကယ်တော့ စာလုံးလေး ၂ လုံးထဲပါ။
စာလုံးပေါင်းရတာလည်း လွယ်ပါတယ်။
ဒါပေမယ့် အဓိပ္ပါယ်ဖွင့်ရခက်ပြီး အချစ်မရှိပဲ နေဖို့ကတော့ ခက်တယ်။
(အမည်မသိ)

ငါသာ မင်းခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခွင့်ရမယ်ဆိုရင်
မင်းရဲ့ မျက်ရည်ပဲ ဖြစ်ချင်ပါတယ်။
မင်းနှလုံးသားထဲမှာ သနေ္ဓတည်ပြီး
မျက်ဝန်းထဲမှာ မွေးဖွားမယ်။
မင်းရဲ့ ပါးပြင်ပေါ်မှာ နေထိုင်ပြီး
မင်းနှုတ်ခမ်းပေါ်မှာ သေဆုံးခွင့်ရမယ်လေ။
(အမည်မသိ)

တစ်ခုခု အမှားအယွင်းဖြစ်ခဲ့လို့
မင်းနှလုံးသားမှာ ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေပြီး
မင်းမျက်ဝန်းမှာ မျက်ရည်တွေ ပြည့်လျှံနေခဲ့ရင်
သတိရဖို့ အရာ (၃) ခုရှိတယ်။
(၁) ငါမင်းဘေးမှာ ရှိနေတယ်။
(၂) ငါမင်းနဲ့အတူ ရှိနေတုန်းပဲ
(၃) ငါမင်းအနားမှာ အမြဲတမ်း ရှိနေမယ်။
(အမည်မသိ)

ငါ့ရဲ့ နှလုံးသားကို မင်းကို ပေးခဲ့ပြီ။
မင်းရဲ့ နှလုံးသားကိုလည်း ငါ့ကိုပေးပါ။
ငါတို့ နှလုံးသားတွေကို အတူတူ သော့ခတ်လိုက်ကြမယ်။
ပြီးရင် သော့ကို လွှင့်ပစ်လိုက်ကြရအောင်။
(Frederick Saunders)

ချစ်မိတဲ့သူဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်ဘူး။
ဘာလို့လဲဆိုတော့ တကယ့်လက်ရှိဘဝဟာ အိပ်မက်ထက် ပိုကောင်းနေလို့ပေါ့။
(Dr Seuss)

ကမ္ဘာကြီး အတွက်တော့ မင်းဟာ လူတစ်ယောက်ပဲ။
ဒါပေမယ့် ငါ့အတွက်တော့ မင်းဟာ ကမ္ဘာကြီးတစ်ခုလုံးနဲ့ ညီမျှတယ်။
(Heather Cotez)

မင်းကို ချစ်မိတဲ့အတွက် ငါ့အတွက် နာကျင်မှုတွေ နဲ့ အဆုံးစွန် စတေးရမှုတွေ ရှိမယ်လို့ အခြားသူတွေက ပြောကြတယ်။
ငါကတော့ မင်းကို မချစ်ပဲနေဖို့ထက် နာကျင်မှုတွေနဲ့ စတေးရမှုတွေကို ပဲ ရယူလိုက်တော့မယ်။
(Aaron)

အချစ်ရဲ့ ညီမျှခြင်းမှာ ၁ နဲ့ ၁ ပေါင်းတာဟာ အရာအားလုံးနဲ့ ညီမျှတယ်။
၂ ထဲက ၁ နှုတ်တာကတော့ ဘာမှ မရှိတာနဲ့ ညီမျှတယ်။
(Mignon McLaughlin)

သစ်ကိုင်းအောက်က စာအုပ်တစ်အုပ်ရယ်
ဝိုင်တစ်ချိုင့် ပေါင်မုန့်တစ်လုံး ပြီးတော့ မင်းရယ်
ငါ့ဘေးနား ကန္တာရထဲ တေးသီလျက်ပ
ကန္တာရလည်း အခုတော့ နတ်ဘုံပါတကယ်။
(Verse 12 of Rubaiyat by Ommar Khayyam. မောင်သာနိုး ၏ ဘာသာပြန်)

အချစ်သာမရှိခဲ့ရင် ငါတို့ကမ္ဘာကြီးဟာ သင်္ချိုင်းဂူကြီးတစ်ခု ဖြစ်သွားလိမ့်မယ်။
(Robert Browning)

ကမ္ဘာကြီးရဲ့ တစ်နေရာမှာ မင်းရဲ့ အပြုံးကို အိပ်မက်မက်နေတဲ့သူ တစ်ဦးရှိတယ်။
(အမည်မသိ)

အချစ်ဆိုတာ ပျော်ရွှင်ခြင်းရဲ့ တံခါးပေါက်တွေ အားလုံးကို ဖွင့်လှစ်နိုင်တဲ့ မာစတာကီး တစ်ချောင်းပဲ။
(Oliver Wendell Holmes)

အချစ်ကြောင့် ကမ္ဘာကြီး လည်ပတ်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လည်ပတ်နေတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်တဲ့ အချိန်တွေကိုတော့ အချစ်က တန်ဖိုးရှိစေတယ်။
(Elizabeth Browning)

6 comments:

နွေးနေခြည် said...

ဟေး... တို့ ၁
များလိုက်တဲ့ definition တွေ
သူ့ဟာနဲ့သူတို့ မှန်ကြပါတယ်

ThuHninSee said...

ချစ်မိတဲ့သူဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်ဘူး။
ဘာလို့လဲဆိုတော့ တကယ့်လက်ရှိဘဝဟာ အိပ်မက်ထက် ပိုကောင်းနေလို့ပေါ့။
(Dr Seuss)
ဟမ်.. ဒါ..ကျုပ်ကို..သိပ်ထိခိုက်တယ်။ အိပ်လိုက်ရင် တုံးကနဲပဲ။.. အချစ်မရှိဘူးပေါ့လေ။..
အားငယ်တွားဘီ။

khin oo may said...

အချစ်= အချစ်

မီယာ said...

အချစ်က တံခါးမခေါက်ဘဲ ဝင်လာသည်... သတိ

sin dan lar said...

definition တွေလိုက်မှတ်ရုံနဲ့ မပြီးပါ.. လက်တွေ့ပြောပါ..။ နားထောင်မယ့်သူလိုပါသည်။
ပျော်တာ.. မနေ့ကရော၊ ဒီနေ့ရော.. ဖဲ့ရတယ်..ဟိဟိ။

JuneOne said...

့သူ+သူမ=အချစ်
သူ+သူမ+အချစ်=လက်ထပ်ချင်း။

မမွန် ကွန့်မန့်ကိုသဘောကျသွားပြီ။