Search This Blog

Saturday, January 3, 2009

လူတို့၏ရယ်စရာ ကောင်းပုံများ

လူတစ်ယောက်က ကျွန်တော့်သူငယ်ချင်း ဂျိုင်မီကိုဟမ်ကို “လူတွေရဲ့ ရယ်စရာအကောင်းဆုံး သွင်ပြင်လက္ခဏာက ဘာလဲ။” လို့ မေးပါတယ်။
ကိုဟမ်ပြန်ဖြေလိုက်တာက ဒီလိုဖြစ်ပါတယ်။
“ ကျွန်တော်တို့ရဲ့ ရှေ့နောက်မညီခြင်းတွေပေါ့။ ကျွန်တော်တို့ဟာ အမြန်ဆုံး လူကြီး ဖြစ်ချင်ခဲ့ကြတယ်။ နောက်တော့ ကျွန်တော်တို့ဟာ ပျောက်ဆုံးသွားတဲ့ ကလေးဘဝကို ပြန်လည် တမ်းတကြတယ်။ ကျွန်တော်တို့ဟာ နေမကောင်း ဖြစ်တဲ့အထိ ပိုက်ဆံတွေကို ရှာကြတယ်။ နောက်တော့ အဲဒီပိုက်ဆံတွေ အားလုံးကို နေပြန်ကောင်းဖို့ အတွက် သုံးကြတယ်။ ကျွန်တော်တို့ဟာ အနာဂတ်အကြောင်းကိုချည်း တွေးနေပြီး လက်ရှိ ပစ္စုပ္ပန်ကာလ ကို လျစ်လျူရှုကြတယ်။ အဲဒါကြောင့်မို့ အနာဂတ်ကိုရော ပစ္စုပ္ပန်ကိုပါ ခံစားခွင့် မရကြဘူး။ ကျွန်တော်တို့ဟာ ကိုယ့်ဘာသာကိုယ် ဘယ်တော့မှ မသေဆုံး ကြတော့မယ့် အတိုင်းပဲ အသက်ရှင် နေထိုင်ကြတယ်။ နောက်တော့လည်း ဘယ်တုန်းက မှ အသက်ရှင် နေထိုင်ခြင်း မပြုခဲ့သလိုပဲ သေဆုံးကြတယ်။”

(Paulo Coelho ၏ Like the flowing River: Thoughts and Reflection မှ The Funny Thing about Human Beings ကို ပြန်ဆိုထားပါသည်။)

4 comments:

sin dan lar said...

စာကောင်းတွေဖတ်ထားတာပဲ..
အမှန်တွေချည်းရေးထားပါသည်။

ThuHninSee said...

ဟုတ်ပ။

သဥ္ဇာ - Thinzar said...

ဒီစာအုပ် ဝယ်ဖတ်ချင်စိတ် ပေါက်သွားပြီ။ စာအုပ်ကောင်း ညွှန်းတဲ့အတွက် ကျေးဇူးပါ။

ZT said...

Thinzar - ရှာလို့တွေ့မယ်ဆိုရင် ဝယ်သိမ်းထား လိုက်ပါ။ အားပေးပါတယ်။ စင်ကာပူမှာတော့ ရှာရတာ အတော်ခက်နေပြီ။ နောက် Paulo Coelho ရေးတဲ့ Alchemist ဆိုတဲ့ စာအုပ်လည်း တွေ့ရင် ဖတ်ကြည့်လိုက်ပါ။ အဲဒါကတော့ အရမ်းဖတ်လို့ ကောင်းတဲ့ လုံးချင်းဝတ္ထုလေးပါ။