ကာစန် ဆေ့ဒ် အေမာ က ဒေါ်လာ ၂၀ တန် တစ်ရွက်ကို ကိုင်မြှောက်ပြရင်း နှီးနှောဖလှယ်ပွဲ တစ်ခုကို စတင်ခဲ့သည့် သင်ကြားပို့ချသူ တစ်ယောက် အကြောင်း ဇာတ်လမ်းကို ပြောပြသည်။
“ဒီ ၂၀တန်ကို ဘယ်သူ လိုချင်သလဲ။” သူကမေးသည်။
လူအချို့ လက်ထောင်ပြကြသည်။ သို့သော် သူက ဆက်ပြောသည်။
“ခင်ဗျားတို့ကို မပေးခင် ကျွန်တော် တစ်ခုခု လုပ်ရလိမ့်မယ်။”
သူသည် ဒေါ်လာ ၂၀ တန်ကို လုံးချေ လိုက်ပြီး ဆက်မေးသည်။
“ဒီပိုက်ဆံကို ဘယ်သူ လိုချင်ကြသေးသလဲ။”
လူများက နောက်တစ်ကြိမ် လက်ထောင်ပြကြသည်။
“ကဲ အခု ကျွန်တော်ဒီလို လုပ်လိုက်ရင်ရော ဘယ်လိုလဲ။”
သူက ကြေမွနေသော ပိုက်ဆံကို နံရံသို့ ပစ်ပေါက်လိုက်သည်။ ကြမ်းပြင်ပေါ်သို့ ပစ်ချသည်။ နင်းခြေသည်။ စော်ကားသည်။ ထို့နောက် အခြားသူများကို တွန့်ကြေ၍ ညစ်ပတ်နေသော ထိုပိုက်ဆံကို ထပ်၍ပြသည်။ လက်များက မြောက်နေဆဲပင်ဖြစ်သည်။
“ဒီမြင်ကွင်းကို ဘယ်တော့မှ မမေ့ပါနဲ့။ ကျွန်တော် ဒီပိုက်ဆံကို ဘာပဲလုပ်လုပ် ကိစ္စမရှိဘူး။ ဒီပိုက်ဆံဟာ ဒေါ်လာ ၂၀တန် ဖြစ်နေသေးတယ်။ အဲဒီတော့ တစ်ခါတစ်လေ ကျွန်တော်တို့ ဘဝတွေမှာလဲ ခြေမွခံရတာ ရှိမယ်၊ ချနင်း ခံရတာ ရှိမယ်၊ ဆိုးဆိုးရွားရွား ဆက်ဆံခံရတာ ရှိမယ်၊ စော်ကား ခံရတာ ရှိမယ်။ အဲဒါတွေ လုပ်ခံရ ပေမယ့်လည်း ကျွန်တော်တို့ရဲ့ တန်ဖိုးဟာ ပြောင်းလဲသွားမှာ မဟုတ်ဘူး။” ဟု သူက ဆက်ပြောသည်။
(Paulo Coelho ၏ Like the flowing River: Thoughts and Reflection မှ Who Would Like This Twenty-Dollar Bill ကို ပြန်ဆိုထားပါသည်။)
4 comments:
ဆွေးနွေးစရာတော့ရှိတယ်။ ကိုယ်ကဒေါ်လာ ၂၀ တန်မို့လို့ ကိုယ့်တန်ဖိုးမပြောင်းလဲဘူး ယူဆရင်တော့တစ်မျိူး..
ဒါပေမဲ့ ဒီလို အစော်ကားခံရပြီးမှ ဒီပိုက်ဆံ ကို ရမယ် ဆိုရင်တော့ပိုက်ဆံမရချင်နေ..အစော်ကားတော့ မခံနိုင်ဘူးသူငယ်ချင်း. ဂုဏ်သိက္ခါ ကိုပိုတန်ဖိုးထားတယ။်
ပထမဆုံးရောက်ဖူးတာပါ..
လွိုင်လင် ဆိုတဲ့နာမည်ကိုချစ်လို့ဆိုပဲ..
လွိုက်ကော် လဲ မဆိုးဘူး..
သူက ကယားပြည်နယ်က..(အဟိ)
ဒေါ်လာ၂၀တန်ကို..
ဒီကရေးတာရော..
မမပြောတာရော ဖတ်သွားပါတယ်..
ma kom - သူဆိုလိုချင်တာ အစ်မပြောတဲ့ ပထမအချက်လို့ ထင်ပါတယ်။ သူအဓိက ပြောချင်တာက ဘယ်လိုပဲ တိုက်ခိုက်ထိုးနှက်ခံရသည် ဖြစ်စေ လူရဲ့ တန်ဖိုးက ပြောင်းလဲမသွားဘူး ဆိုတာမျိုးလို့ ကျွန်တော်တော့ အဲဒီလို အဓိပ္ပါယ်ဖွင့်ပါတယ်။
Pauk - လာလည်တာ ကျေးဇူးပါ။
ဘာသာပြန်ကောင်းတွေ အမြဲလာဖတ်နေတယ်နော်...
ဆက်ရေးပါ...
Post a Comment