Search This Blog

Sunday, December 19, 2010

Economist ရဲ့ အယ်လ်ဘမ် (၁)

နိုင်ငံခြားကနေ ရန်ကုန်ကို ခဏ ပြန်သွားတဲ့ သူငယ်ချင်း တစ်ယောက် ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ။ ဖေ့စ်ဘွတ်ခ်မှာ တွေ့ရင်း သဘောကျလို့ မ လာပါတယ်။ ရန်ကုန်ကို အလွမ်းပြေ ကြည့်လို့ ရအောင်က တစ်ကြောင်းပါ။ နောက်တစ်ခု ကတော့ တစ်ချို့ ဓာတ်ပုံတွေမှာ  ဓာတ်ပုံနဲ့ အတူ ရေးထားတဲ့ သူ့ရဲ့ အတွေးတွေကို သဘောကျလို့ပါ။ သူကတော့ အမေရိကန် တက္ကသိုလ် တစ်ခုကနေ ဘောဂဗေဒနဲ့ မာစတာ ပြီးထားတဲ့သူမို့ အရာရာကို စီးပွားရေး ပညာရှင် အမြင်နဲ့ တွေးတယ် ထင်ပါတယ်။ သူ့ကို ဓာတ်ပုံတွေနဲ့ စာသားတွေ ဘလော့ခ်ပေါ်တင်မယ် ပြောတော့ တင်ချင်တင်ပါ သူ့နာမည်တော့ မထည့်ပါနဲ့ ပြောလို့ နာမည်တော့ ဖျောက်ထားလိုက် ပါတယ်။



The external splendor of the two buildings, sitting on Sule Pagoda Raod, belies their near-zero occupancy rates. The construction kicked off approximately 20 years ago and has been delayed many years only to give way to the buildings sitting idle when the construction was completed. Is it a sign of the economy overheating even before it takes off? Or, is it simply losing it steam even before take-off with full load of passengers and cargo?
ခမ်းနားထည်ဝါနေတဲ့ အဆောက်အဦးနှစ်ခု။ ဆူးလေဘုရားလမ်း ပေါ်မှာ ရှိနေပါတယ်။ ဒါပေမယ့် ဒီအဆောက်အဦးတွေကို နေထိုင်အသုံးပြုတဲ့ သူက သုညနီးပါးပဲ။ သူတို့ကို လွန်ခဲ့တဲ့ နှစ်၂၀ လောက်က စဆောက်ခဲ့ပြီး ဆောက်နေဆဲ ကာလမှာ နှစ်တွေ အများကြီး နှောင့်နှေးခဲ့ရတယ်။ နောက်ဆုံး ဆောက်လို့ ပြီးသွားတဲ့ အချိန်မှာတော့ ဘာမှမသုံးပဲ ဒီအတိုင်းပဲ ပစ်ထားကြတာပေါ့။ ဒါဟာ စီးပွားရေး အဆောက်အအုံတစ်ခု မစတင်ခင်မှာပဲ အပူချိန်လွန် သွားတဲ့ သဘောလား။ ဒါမှမဟုတ်ရင် ခရီးသည်တွေ ကုန်ပစ္စည်းတွေ အပြည့်တင်ထားတဲ့ သင်္ဘောတစ်စင်း စပြီး မမောင်းရသေးခင်မှာပဲ ရေနွေးငွေ့ကုန်သွားတာလား။

Seems like a Gothic structure in Brussels, Belgium? Nope. It is an Anglican Church standing imposing on BoGyok Aung San Street.
ဘရပ်ဆဲလ်မြို့မှာ ရှိတဲ့ ဂေါသစ် ပုံစံ အဆောက်အဦးတွေ ထင်လို့လား။ မဟုတ်ဘူး။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာ ရှိနေတဲ့ အင်ဂလိကန် ဘုရားရှိခိုးကျောင်း တစ်ခုရဲ့ ပုံပါ။


Believe it or not. The market price for this car is US$ 12000 (calculated at prevailing market exchange rate). The car barely runs requiring regular inspection and maintenance. Is it a sign of asset bubble or pent-up demand for automobiles?
ယုံမလားတော့ မသိဘူး။ ဒီကားရဲ့ တန်ဖိုးဟာ အခုလက်ရှိ ဒေါ်လာပေါက်ဈေးနဲ့ တွက်ရင် အမေရိကန် ဒေါ်လာ ၁၂၀၀၀ ရှိပါတယ်။ ဒီကားတွေဟာ အမြဲတမ်း စစ်ဆေးပြင်ဆင်နေရပြီး မောင်းလို့ ရတယ် ဆိုရုံပါပဲ။ ဒါဟာ ကုန်ပစ္စည်းတွေ အကြောင်းတစ်ခုခုကြောင့် မူရင်းဈေးကနေ မတရား ကြီးမြင့်သွားတာရဲ့ သင်္ကေတလား။ ဒါမှမဟုတ်ရင် မော်တော်ကားအတွက် ဝယ်လိုအား မတန်တဆ များနေတာလား။

An incubator of medical practitioners for more than half a century, Rangoon Medical School is an elite school having attracted top students since its inception
ဆရာဝန်တွေကို ရာစုနှစ်တစ်ဝက်ကျော် မွေးထုတ်ပေးခဲ့တဲ့ ရန်ကုန်က ဆေးတက္ကသိုလ်ရဲ့ ပုံပါ။ ဒီတက္ကသိုလ်ဟာ ထိပ်တန်းကျောင်း တစ်ကျောင်း ဖြစ်ပြီးတော့ စကတည်းက ထိပ်ဆုံးကျောင်းသားတွေကို ဆွဲဆောင်ခဲ့ပါတယ်။

A mosque standing beautifully in downtown Rangoon, which suggests our society is endowed with religious diversity.
ရန်ကုန်မြို့လယ်ခေါင်မှာ လှလှပပ ရပ်တည်နေတဲ့ ဗလီတစ်ခုပါ။ ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ လူ့အဖွဲ့အစည်းမှာ ကိုးကွယ်ရာ ဘာသာတရား ပေါင်းစုံနဲ့ ရပ်တည်နေတယ် ဆိုတာကို ဖော်ပြနေတဲ့ အချက်တစ်ချက်ပါပဲ။

Burmese way of capitalism: residents are responsible for paving their local road, which is not excusable, meaning anyone living in other community and who didn’t make financial contribution to this project can use this road free of charge. By the same token, residents of this community can use paved road in other communities free of charge. Will the provision of public good by local residents lead to an efficient allocation of resource? Or, do the residents have the right to collect toll from commuters and motorists for using their road?

ဒါဟာ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ အရင်းရှင်စနစ်ပါ။ ဒီရပ်ကွက်မှာ နေတဲ့သူတွေဟာ သူတို့လမ်းကို သူတို့ဘာသာ ခင်းရတယ်။ ဒါဟာ ရှောင်လွဲလို့ ရတဲ့ ကိစ္စမဟုတ်ဘူး။ တခြားရပ်ကွက်မှာ နေပြီး ဒီလမ်းခင်းတဲ့နေရာမှာ ပိုက်ဆံထည့်မထား တဲ့သူတွေက ဒီလမ်းကို ပိုက်ဆံ တပြားမှ မပေးဘဲ သုံးခွင့် ရှိကြတယ်။ အဲဒီလိုမျိုးပဲ ဒီရပ်ကွက်မှာ နေတဲ့သူတွေကလည်း တခြားရပ်ကွက်မှာ သူများတွေ ခင်းထားတဲ့ လမ်းတွေကို ပိုက်ဆံပေးစရာ မလိုပဲ သုံးခွင့် ရှိတယ်။ အများပြည်သူသုံးမယ့် ပစ္စည်းကို ဒေသခံပြည်သူတွေက ဝိုင်းဝန်ပံ့ပိုး ပေးရတာဟာ အရင်းအမြစ်တွေကို ခွဲခြမ်းစိတ်ဖြာတဲ့ နေရာမှာ ထိရောက်မှု ရှိပါ့မလား။ ဒါမှမဟုတ်ရင် ဒီရပ်ကွက်မှာ နေတဲ့သူတွေ အနေနဲ့ ဖြတ်သွားဖြတ်လာတွေ ဒီလမ်းကို သုံးတဲ့ ကားတွေကို လမ်းအသုံးပြုခ ကောက်ဖို့ သင့်မလား။


Rangoon General Hospital, the biggest public hospital in Rangoon.

ရန်ကုန်မှာ အကြီးဆုံး အများပြည်သူသုံး ဆေးရုံဖြစ်တဲ့ ရန်ကုန်ဆေးရုံကြီးပါ။
ဓာတ်ပုံတွေရော စာသားတွေပါ အသုံးပြုခွင့် ပေးတဲ့ သူငယ်ချင်း ကို အထူးပဲ ကျေးဇူးတင်ပါတယ်။

9 comments:

khin oo may said...

ကောင်းပါတယ် ဖဘထဲမှာ ကောင်းတဲ့ပိုစ်တွေ အများကြီးရှိတယ်။ ဘလော့နဲ့မတူတာက သူတို့ဟာ limited ဖြစ်နေတယ်။ သူတို့ကို သူတို့နဲ့ပက်သက်တဲ့သူတွေ ဘဲ ဖတ်ခွင့်ရှိတယ် ခက်တာ က သူတို့ရဲ့သူငယ်ချင်းများက စာဖတ်ဝါသနာ ပါသူ ရှိမယ် မပါသူရှိမယ။် များသောအေားဖြင့်စာဖတ်ဝါသနာ ပါသူ နည်းမယ်။ စကားတွေပြောမယ်။ status တွေ တင်မယ်။ ပုံကလေးတွေ ကြည့်ကြမယ် ဖလှယ်ကြမယ်။ အဲသည်တော့ စာဖတ်ဝါသနာပါသူမများတဲ့ သူငယ်ချင်းများနဲ့လူဟာ သူ့ရဲ့ပိုစ်လေးတွေ က နမျောဘို့ေုကာင်းတယ်။

ဘလေဲာရဲ့အားသာချက်က စကတည်းက စာဖတ်ချင်တဲ့သူတွေက ဘလော့ဂါတွေ စာဖတ်ဝါသနာပါသူတွေ ဘလော့ရီဒါတွေ ဘာလေးများ ဖတ်ရမလဲ ဘာလေးများ ကောင်းတာလေးများတက်မလဲလို့ အမြဲမျော်လင့်နေတဲ့သူတွေ. ဆိုတော့ ဘလော့က ပိုပြီး ရှင်သန်စီးဆင်းနေတယ်လို့ခံယူမိတယ်။ ဖဘ မှာဝါသနာပါသူတွေ က ဘလော့ထောင်ပြီးရေးသင့်တယ်လို့ခံစားမိတယ။် မဟုတ်ရင်သူတို့ရဲ့ခံစားချက်တွေ ကို အပြင်ပကလူတွေ က ခံစားခွင့်မရကြဘူးဖြစ်တယ်။ status များနဲ့အတူ စီးမျောသွားတယ။် ဒါပေမဲ့ တစ်ချို့ကလည်း ကိုယ်ရေးရရင်ပြီးရော နဲနဲပါးပါးက ဖတ်ပေးကြရင်ပြီးရော. အများသူငါကို မချပြချင်တဲ့သူတစ်ချို့လဲ ရှိတယ။် အမျိုးမျိုးပေါ့. ဒါပေမဲ့ အခုလို ဖတ်ခွင့်ရတာ ကျေးဇူးတင်ပါတယ။

khin oo may said...

စကားမစပ် ပုံကလေးတွေ အတော်ကြည်တယ်နော် ဘာကင်မရာတဲ့လဲ။

ZT said...

မေးကြည့်ဦးမယ်။ ဘာကင်မရာလဲလို့။ ကျွန်တော့် ကင်မရာလို 2 Megapixel မဟုတ်တာတော့ သေချာလောက်တယ်။

Anonymous said...

လွမ်းစရာ့တွေးစရာ့တွေပြည့်နေတဲ့
ကိုယ်တို့ရန်ကုန်..

ဆွေလေးမွန် said...

အင်း ရန်ကုန်ကိုတွေ့ရတာ လွမ်းတယ်.
ကိုZT ပို့(စ်)က မြန်မာစာလုံးတွေ အတည့်မြင်ရပြီ အစက ဘာမှန်းမသိဘူး ဖတ်ရတာ..
ရုံးကစက်နဲ့ပဲဖတ်လို့ရတယ် အိမ်က စက်နဲ့ဆို ဘာfont မှန်းမသိတာ။ခုတော့ရပြီ

ရွှေရတုမှတ်တမ်း said...

ဓါတ်ပုံထဲမှာ တော်တော်လှတယ်..
အပြင်မှာတော့ တော်တော်စုတ်ချာတယ်ဗျာ..
သူရေးထားတာလေးတွေတော့ သဘောကျတယ်

Ako Myo Aung said...

ဘယ်ဖောင့်သုံးထားတာလဲဗျ ဘာမှဖက်မရဘူး ဖြစ်နေလို့

ZT said...

You can use any font that compatible with Unicode 5.2 standard to view my blog. The list of Myanmar fonts that supported Unicode standard can be view here.
http://www.myanmarlanguage.org/unicode/myanmar-fonts-which-follow-unicode-rules

For installation, please take a look at the following link for download link and installation guide.
http://www.myanmarlanguage.org/installing_myanmar_unicode

Anonymous said...

Pretty nice post. I just stumbled upon your blog and wanted to say that I have really enjoyed browsing your blog posts. In any case I’ll be subscribing to your feed and I hope you write again soon!