Search This Blog

Monday, December 20, 2010

Economist ရဲ့ အယ်လ်ဘမ် (၂)

ဒုတိယပိုင်း ဆက်ပါဦးမယ်။ အပိုင်း ဘယ်လောက်များ မလဲတော့ မသိဘူး။ သူကိုယ်တိုင်ကလည်း ဆက်ရေး ဆက်ရိုက် ဆက်တင်နေဆဲမို့ပါ။


Perhaps the most well known market in Myanmar, BoGyoke Aung San Market (also known as Scott Market) provides a convenient place for shoppers.
မြန်မာပြည်မှာ အထင်ရှားဆုံး ဈေးလို့ ပြောရမယ် ထင်ပါတယ်။ စကော့ဈေးလို့ သိကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေးပါ။ ဈေးဝယ်သူတွေ အတွက် သွားလို့လာလို့ အဆင်ပြေတဲ့နေရာမှာ ရှိပါတယ်။

An inside view of BoGyoke Aung San Market
ဗိုလ်ချုပ်အောင်ဆန်းဈေးရဲ့ အတွင်းပိုင်း မြင်ကွင်းပါ။

Jewelry section of BoGyoke Aung San Market
ဗိုလ်ချုပ်အောင်ဆန်းဈေးရဲ့ ရတနာဆိုင်တန်းပါ။

Yangon Trader Hotel.
ရန်ကုန် ကုန်သည်ကြီးများ ဟိုတယ်

While other societies in some countries are moving towards cashless societies, thanks to modern banking system pioneered by electronic transactions, we still prefer to use fiat money in large quantity to carry out daily economic transactions. You have to carry this amount of fiat money with you (as shown in the picture) to a store to buy, for instance, a refrigerator or a laptop computer.
တခြားနိုင်ငံတွေမှာ အီလက်ထရွန်နစ် ရောင်းဝယ်ဖောက်ကားမှုတွေက အစပြုပြီး ခေတ်သစ် ဘဏ်စနစ်နဲ့ စက္ကူမဲ့ ပိုက်ဆံသုံးဖို့ လမ်းကြောင်းကို ဦးတည် သွားနေကြပါပြီ။ ကျွန်တော်တို့ကတော့ စက္ကူပိုက်ဆံတွေ အများကြီးကို သယ်ဆောင်အသုံးပြုပြီး နေ့စဉ် ရောင်းဝယ်ဖောက်ကားမှုတွေကို လုပ်ဖို့ အားသန်နေကြတုန်းပါပဲ။ လက်တော့ပ် ကွန်ပြူတာ တစ်လုံး ဝယ်ဖို့ ဒါမှမဟုတ် ရေခဲသေတ္တာတစ်လုံး ဝယ်ဖို့အတွက် ပုံမှာ ပြထားသလိုမျိုး ပိုက်ဆံတွေ အများကြီးကို သယ်သွားဖို့ လိုအပ်ပါလိမ့်မယ်။

Please be forewarned that this picture was not taken in New Delhi or Bombay or Karachi or Islamabad; It was taken in Yangon, Myanmar. My Indian friend selling Indian food, one of my most favorite foods, on a roadside.
ဒီပုံက နယူးဒေလီမှာ၊ ဘုံဘေမှာ၊ ဒါမှမဟုတ် ကရာချိတို့ အစ်စလာမာဘတ်တို့မှာ ရိုက်ထားတဲ့ပုံ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ရိုက်ထားတဲ့ ပုံပါ။ ကျွန်တော်တို့ရဲ့ အိန္ဒိယနွယ်ဖွား သူငယ်ချင်း တစ်ယောက် ကျွန်တော် အကြိုက်ဆုံးထဲမှာ ပါတဲ့ ကုလား အစားအစာ တစ်မျိုးကို လမ်းဘေးမှာ ရောင်းနေတာပါ။

Laissez-faire in action: A Sunday morning view of a local market.
ကိုယ့်စိတ်ကြိုက် ရောင်းဝယ်ဖောက်ကားမှု ပြုနေကြတဲ့ Laissez-faire ဆိုတာရဲ့ ဥပမာကို တွေ့ရပါမယ်။ ရပ်ကွက်ထဲက ဈေးရဲ့ တနင်္ဂနွေမနက် မြင်ကွင်းပါ။

Dangerous yet happy ride: Those living in industrialized countries and who are loath to taking public transport should get cues from these passengers who risk their lives taking public transport.
အန္တရာယ်များပေမယ့် ပျော်ပျော်ပါးပါးကြီး စီးကြတာပေါ့။ စက်မှုထွန်းကား ပြီးတဲ့ နိုင်ငံကြီးတွေမှာ အများသုံး သယ်ယူပို့ဆောင်ရေးကို မနှစ်မြို့တဲ့သူတွေ အသက်နဲ့ရင်းပြီး သွားလာနေရတဲ့ ဒီခရီးသည်တွေကို မြင်စမ်းစေချင်တယ်။

Emmanuel Church located at the heart of Yangon: another concrete evidence pointing to the religious diversity in Myanmar.
ရန်ကုန်မြို့လယ်ခေါင်မှာ ရှိတဲ့ ဧမာနွေလ ဘုရားကျောင်းပါ။ မြန်မာပြည်မှာ ဘာသာတရား အမျိုးမျိုး အတူတကွ ယှဉ်တွဲပြီး ရှိနေကြတယ် ဆိုတာ အတွက် နောက်ထပ်ပြစရာ ခိုင်မာတဲ့ သက်သေ အထောက်အထား တစ်ခုပါပဲ။

4 comments:

khin oo may said...

အပိုင်းတွေ များလာရင်တော့သူ့ကို ဘလော့ဖွင့်ပေးလိုက်ပါတော့။

khin oo may said...

မြန်မာလိုဘဲ ဖတ်နေမိတယ် ခက်တာဘဲ အီးလိုညံသထက်ညံ့လာနေပြီ. ဟိုနေ့က ဘောစ် ဆီ မက်ဆေ့ပို့တာ သူက မက်စေ့ပြန်ပို့တယ် ဆောရီးတဲ့ နင်ရေးထားတာ ငါနားမလည်ဘူးတဲ့။

ZT said...

သူက ဘလော့ခ်ရေးမယ်တဲ့။ ဒါပေမယ့် အင်္ဂလိပ်လို ရေးမယ် ပြောနေလို့။ Volunteer ဘာသာပြန် လုပ်ရအောင်လည်း အခုတောင် သူရေးထားတဲ့ အသုံးအနှုန်းတွေ မနည်း လိုက်ပြီး ဘာသာပြန်နေရတာ။ :D

Anonymous said...

ဘာရယ်တော့မဟုတ်ပါဘူး။ နည်းနည်း nitpicking လုပ်ကြည့်တာပါ။ ကုလားအစားအစာလို့ သုံးမဲ့အစား အိန္ဒိယအစားအစာလို့ ပြောင်းသုံးရင် ပိုြပီးကောင်းမလားလို့။ တစ်ချို့အိန္ဒိယလူမျိုးက အဲဒီလိုခေါ်တာကို မကြိုက်တတ်ဘူးလို့ ြကားဖူးလို့ပါ။