Search This Blog

Saturday, February 13, 2016

အခြားတစ်ဘက်က ဘဝ

မတ် (ဝဲဘက်) နဲ့ တူရှာ (Photo: Rs100ADay.com)
 ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ အိန္ဒိယနိုင်ငံက လူငယ်ကလေး နှစ်ယောက်ဟာ အိန္ဒိယနိုင်ငံမှာရှိတဲ့ ပျမ်းမျှ ဆင်းရဲသား တစ်ယောက်ရဲ့ ဝင်ငွေနဲ့ နေထိုင်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ထဲက တစ်ယောက်ရဲ့ နာမည်က တူရှာလို့ ခေါ်ပါတယ်။ နယူးဒေလီမြို့ အနားမှာ ရှိတဲ့ ဟာရာယန က ရဲအရာရှိ တစ်ယောက်ရဲ့ သားဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စု နဲ့ စင်ကာပူနိုင်ငံမှာ ၃ နှစ်တာမျှ ရင်းနှီးမြှုပ်နှံမှုဘဏ် အရာရှိ အနေနဲ့ အလုပ်လုပ်ခဲ့ ဖူးတဲ့သူ တစ်ယောက်ပါ။ နောက်တစ်ယောက်ကတော့ မတ် လို့ ခေါ်ပါတယ်။ သူဟာ ဆယ်ကျော်သက် အရွယ်ကတည်းက မိဘတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့ နေထိုင်ခဲ့ပြီးတဲ့နောက် မက်ဆာချူးဆက် စက်မှုတက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြား ခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက်ဟာ အိန္ဒိယနိုင်ငံကို တစ်ယောက်တစ်ကွဲစီ ပြန်လာခဲ့ကြပေမယ့် ဘင်ဂါလူရူးမြို့မှာ ရှိတဲ့ မှတ်ပုံတင် စီမံကိန်း တစ်ခုမှာ အတူတူ အလုပ်လုပ်ဖြစ်ကြတဲ့ အခါ တိုက်ခန်းတစ်ခုကို အတူတကွ ငှားနေကြရင်း ရင်းနှီးတဲ့ သူငယ်ချင်းတွေ အဖြစ်ကို ရောက်သွားခဲ့ပါတယ်။

တစ်နေ့မှာတော့ ရုတ်တရက် အကြံတစ်ခု ပေါ်လာကြပါတယ်။ သူတို့နှစ်ယောက် အိန္ဒိယကို ပြန်လာတဲ့ အချိန်တုန်းက သူတို့အနေနဲ့ နိုင်ငံအတွက် တစ်ခုခု လုပ်ပေးနိုင်လိမ့်မယ် ဆိုတဲ့ အကြံ ဝါးတားတားတော့ ရှိကြပါတယ်။ ဒါပေမယ့်လည်း ဒီတိုင်းပြည်မှာ ရှိတဲ့ လူတွေရဲ့ အကြောင်းကို သူတို့ နည်းနည်းပဲ သိပါတယ်။ တူရှာက တညနေမှာ အကြံပေးပါတယ်။ "ငါတို့ ပျမ်းမျှ အိန္ဒိယနိုင်ငံသား တစ်ယောက် ဘယ်လို နေထိုင်ရသလဲ ဆိုတာ သိရအောင် အိန္ဒိယနိုင်ငံသား တစ်ယောက်ရဲ့ ပျမ်းမျှ ဝင်ငွေနဲ့ နေကြည့်ရအောင်။" ဆိုပြီးတော့ပါ။ သူ့ရဲ့ သူငယ်ချင်း မတ်ကလည်း အဲဒီအကြံကို ချက်ချင်း လက်ခံပါတယ်။ သူတို့နှစ်ယောက်ဟာ သူတို့တွေရဲ့ ဘဝကို အမြဲတမ်း ပြောင်းလဲပစ်လိုက်မယ့် ခရီးတစ်ခုကို စတင်ခဲ့ကြ ပါတော့တယ်။
 

ပထမဆုံး အနေနှင့် သူတို့အတွက် အိန္ဒိယနိုင်ငံသား တစ်ယောက်ရဲ့ ပျမ်းမျှ ဝင်ငွေကို သိဖို့ လိုအပ်လာပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အလယ်အလတ် နိုင်ငံလုံးဆိုင်ရာ ဝင်ငွေကို သူတို့ တွက်ချက်ကြည့်တဲ့အခါ တစ်လ ကို ရူပီး ၄၅၀၀ ဒါမှမဟုတ် တစ်နေ့ကို ရူပီး ၁၅၀ ဖြစ်တယ်လို့ တွေ့ရပါတယ်။ တကမ္ဘာလုံး အနေနဲ့ ကြည့်မယ် ဆိုရင် လူတွေဟာ သူတို့ဝင်ငွေရဲ့ သုံးပုံ တစ်ပုံကို အိမ်ငှားဖို့ အတွက် သုံးကြတယ်ဆိုတာ တွေ့ရပါတယ်။ အိမ်ငှားခကို ဖယ်ပြီး သူတို့ တစ်နေ့ကို ရူပီး ၁၀၀ သုံးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ သဘောပေါက်ခဲ့တာက အဲဒီအတွက် သူတို့ကို ဆင်းရဲသားတစ်ယောက်လို ဖြစ်မသွားစေပဲ သာမန်လူ တစ်ယောက်လိုသာ ဖြစ်သွားစေခဲ့တယ် ဆိုတာကိုပါ။ ၇၅ ရာခိုင်နှုန်းသော အိန္ဒိယနိုင်ငံသားတွေက အဲဒီပျမ်းမျှရဲ့ အောက်မှာ နေထိုင်ကြပါတယ်။ 

လူငယ်နှစ်ယောက်တို့ဟာ သူတို့ကို နားမလည်နိုင် လောက်အောင် ဖြစ်နေတဲ့ သူတို့ရဲ့ အိမ်ဖော်မကလေး ရဲ့ အကူအညီနဲ့ အခန်းသေးသေးကလေး တစ်ခန်းကို ပြောင်းခဲ့ကြပါတယ်။ အပြောင်းအလဲ ဖြစ်သွားတာကတော့ သူတို့အနေနဲ့ နေ့ရက် အချိန် အတော်များများကို အစားအသောက် အတွက် စီစဉ်ဖို့ ပြင်ဆင်ဖို့ အတွက် အသုံးချ နေရတာပါပဲ။ အပြင်မှာ ဝယ်စားဖို့ ဆိုတာက မေးခွန်းထုတ်စရာတောင် မလိုပါဘူး။ စျေးပေါပေါနဲ့ ဝယ်လို့ရနိုင်တဲ့ ဒါဘာ လို အစားအစာမျိုးတောင် စျေးကြီး နေပါသေးတယ်။ နွားနို့တွေ ဒိန်ချဉ်တွေဟာ စျေးကြီးလွန်းတဲ့ အတွက် ချွေချွေတာတာ သုံးနေရပါတယ်။ အသားစားဖို့ အတွက် မတတ်နိုင်သလို ပေါင်မုန့်လို အသင့်ပြင်ပြီးသား အစားအစာတွေဟာလည်း အလားတူပါပဲ။ ထောပတ်တွေ ထောပတ်အရည်ကြည်တွေကို သုံးလို့ မဖြစ်နိုင်ပါဘူး။ ဆီအသန့် နည်းနည်းပါးပါးကိုပဲ သုံးလို့ ရပါတယ်။ သူတို့ နှစ်ယောက်စလုံးဟာ ချက်ပြုတ်မှုကို ခုံမင်ကြပြီး စားကောင်းသောက်ကောင်းတဲ့ သူတွေပါ။ ပဲနို့ပြား တွေဟာ အလွန်ကောင်းတဲ့ အစားအစာ တစ်ခု ဖြစ်ပြီး တတ်နိုင်တဲ့ အနေအထားမှာ ရှိတဲ့ ပရိုတိန်းကြွယ်ဝတဲ့ အစားအစာ တစ်ခုဖြစ်တယ်ဆိုတာကို သူတို့ တွေ့ရှိခဲ့ကြတဲ့ အတွက် ဟင်းလျာ အမျိုးမျိုး ပြုလုပ်စားသုံး ခဲ့ကြပါတယ်။ ပါးလ်ဂျီ တံဆိပ် ဘီစကွတ်မုန့်တွေဟာလည်း စျေးပေါပါတယ်။ ၂၅ပြားနဲ့ ၂၇ ကယ်လိုရီ ရနိုင်ပါတယ်။ သူတို့ဟာဘီစကွတ် အပေါ်မှာ ငှက်ပျောကြော်ကို တင်ထားတဲ့ အချိုပွဲကို တီထွင်ခဲ့ကြပါတယ်။ အဲဒါဟာ သူတို့အတွက် တစ်နေ့တာ အရသာခံ စားနိုင်တဲ့ အစားအစာတစ်ခုပါပဲ။



ကန့်သတ်ထားတဲ့ဘဝ

တစ်နေ့ ရူပီး ၁၀၀ နဲ့ နေရတဲ့ အချိန်ဟာ သူတို့ရဲ့ ပတ်ဝန်းကျင်ကို ကျဉ်းမြောင်းစေပါတယ်။ ဘတ်စ်ကားကို တစ်နေ့ ၅ ကီလိုမီတာထက် ပိုပြီး စီးဖို့ မတတ်နိုင်ဘူး ဆိုတာ တွေ့လာရပါတယ်။ တကယ်လို့ သူတို့ ပိုပြီး ဝေးဝေးသွားချင်တယ် ဆိုရင် လမ်းလျှောက်ဖို့ပဲ ရှိပါတယ်။ လျှပ်စစ်ဓာတ်အားကိုလည်း တစ်နေ့ ၅ နာရီ ၆ နာရီပဲ သုံးနိုင်ပါတယ်။ အဲဒီအတွက် မီးတွေ ပန်ကာတွေကို ချွေချွေတာတာ သုံးစွဲရပါတယ်။ သူတို့ရဲ့ မိုဘိုင်းဖုန်းတွေ ကွန်ပျူတာတွေကို အားသွင်းဖို့လည်း လိုအပ်သေးတယ် မဟုတ်လား။ သူတို့ဟာ ဆပ်ပြာတစ်တုံးကို နှစ်ပိုင်းပိုင်းပြီး သုံးရပါတယ်။ ဆိုင်တွေကို ဖြတ်သွားတဲ့ အခါ သူတို့ မဝယ်နိုင်တဲ့ အရာတွေကို ငေးကြည့်နေရပါတယ်။ ရုပ်ရှင်ကြည့်ဖို့ မတတ်နိုင်ပါဘူး။ အဲဒီအချိန်မှာ နာမကျန်း မဖြစ်ဖို့ မျှော်လင့်ရုံပဲ ရှိပါတော့တယ်။

ဒါပေမယ့်လည်း သူတို့အတွက် ပိုပြီးကြီးကျယ်တဲ့ စိန်ခေါ်မှု တစ်ခု ရှိနေပါသေးတယ်။ သူတို့အနေနဲ့ အစိုးရ တရားဝင် သတ်မှတ်ထားတဲ့ ဆင်းရဲမွဲတေမှု သတ်မှတ်ချက် တစ်နေ့ကို ၃၂ ရူပီးနဲ့ နေနိုင်သလား ဆိုတာပါ။ အဲဒီ တစ်နေ့ကို ၃၂ ရူပီးဆိုတဲ့ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်ဟာ အိန္ဒိယ စီမံကိန်း ကော်မရှင်က တရားရုံးချုပ်ကို မြို့ပြနေ လူတစ်ယောက်ရဲ့ ဆင်းရဲမွဲတေမှု အဖြစ် အကြောင်းကြား ပြီးတဲ့နောက်မှာ အငြင်းပွားစရာ ကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။ (ကျေးလက်တွေ အတွက်ကတော့ မြို့ပြထက်နည်းပါတယ်။ တစ်နေ့ကို ၂၆ ရူပီးပါ။)

စိတ်ဆင်းရဲစရာ အတွေ့အကြုံ


အဲဒီအတွက် သူတို့ဟာ မတ်ရဲ့ ဘိုးဘွားတွေ နေထိုင်ခဲ့တဲ့ ကရာလာနယ်က ကာရူခါချယ် ရွာကို သွားဖို့ ဆုံးဖြတ်ခဲ့ကြပြီး တစ်နေ့ကို ၂၆ ရူပီးနဲ့ နေကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ဟာ ပြုတ်ဆန်၊ သစ်ဥ နဲ့ ငှက်ပျောသီးတွေကို စားကြပြီး နို့မပါတဲ့ လက်ဖက်ရည်ကို သောက်ကြပါတယ်။ သူတို့ လတ်တလော ပြောင်းလဲခဲ့တဲ့ တစ်နေ့ကို ၁၈ ရူပီးဆိုတဲ့ ပိုက်ဆံနဲ့ သင့်တင့်မျှတတဲ့ အစားအစာကို စားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်နေကုန် အစားအသောက်အကြောင်းပဲ စဉ်းစားနေမိတာကို သူတို့ သတိပြုမိပါတယ်။အဝေးကြီး လမ်းလျှောက်ကြရပြီး သူတို့ရဲ့ အဝတ်အစားတွေကို လျှော်ဖွတ်ဖို့ အတွက် ဆပ်ပြာဝယ်ဖို့ ကိုတောင် ပိုက်ဆံစုကြ ရပါတယ်။ တယ်လီဖုန်း အင်တာနက် အစရှိတဲ့ ဆက်သွယ်ရေးတွေ အတွက် ပိုက်ဆံ မသုံးနိုင်ကြပါဘူး။ တကယ်လို့ သူတို့ နာမကျန်းဖြစ်ခဲ့ရင်တော့ အကြီးအကျယ် ဒုက္ခရောက်ကြမှာပါ။ ၂၆ နှစ် အရွယ် လူငယ် နှစ်ယောက် အတွက်တော့ အစိုးရက သတ်မှတ်ပေးထားတဲ့ ဆင်းရဲမွဲတေမှု ဆိုတာကို ကြုံတွေ့ရတဲ့ အတွေ့အကြုံဟာ မချိမဆံ့ ခံစားရတာပါပဲ။

ဒေဝါလီနေ့ သူတို့ရဲ့ စမ်းသပ်မှု ပြီးဆုံးချိန်မှာတော့ သူတို့ရဲ့ သူငယ်ချင်းတွေ ဆီကို အခုလို စာရေးခဲ့ကြပါတယ်။ "ငါတို့ရဲ့ ပုံမှန်ဘဝကို ပြန်လည်ရောက်ရှိတဲ့ အခါမှာ ပျော်ရွှင်တဲ့အကြောင်းကို ပြောပြချင်ပါတယ်။ လွန်ခဲ့တဲ့ ၂ ညက ငါတို့စမ်းသပ်မှု အောင်မြင်တဲ့ အထိမ်းအမှတ်အနေနဲ့ စားခဲ့ရတဲ့ ၊ ငါတို့ စမ်းသပ်မှု တလျှောက်လုံး အမျှော်လင့်ကြီး မျှော်လင့်ခဲ့ရတဲ့ ခမ်းနားတဲ့ ညစာဟာ ငါတို့အတွက် ဘယ်လောက် စိတ်ကျေနပ်မှု ရစေသလဲ ဆိုတာကို ပြောပြချင်ပါတယ်။ အဲဒီ ညစာဟာ ငါတို့အတွက် အကောင်းဆုံး ညစာ တစ်ခု ဖြစ်ပါလိမ့်မယ်။ ငါတို့ကို ဧည့်ခံကျွေးမွေးသူတွေရဲ့ ချစ်ခြင်းမေတ္တာတွေ ကြောင့်လည်း ပါမှာပေါ့။ ဒါပေမယ့်လည်း ငါတို့ အစားတစ်လုပ်စားတိုင်းမှာ ဝမ်းနည်းစွာနဲ့ အမှတ်ရမိတာကတော့ တကယ့် အပြင်လောကမှာ ငါတို့တိုင်းပြည်က သန်း၄၀၀ သော ပြည်သူတွေအတွက်တော့ အဲဒီလို ညစာမျိုးဟာ အချိန်အတော်ကြီး ကြာတဲ့ အထိ အိပ်မက် အဖြစ်ပဲ ရှိနေလိမ့်ဦးမယ် ဆိုတာပါပဲ။ ငါတို့အနေနဲ့ သက်တောင့်သက်သာ ရှိတဲ့ ဘဝကို ပြောင်းလဲနိုင်ခဲ့ပေမယ့် သူတို့ အတွက်တော့ အသက်ရှင်ကျန်ရစ်ဖို့ တိုက်ပွဲဝင်နေဆဲပါပဲ။ ဘဝတွေ မှာ ခက်ခဲတဲ့ ရွေးချယ်မှုတွေ နဲ့ မြင့်မားတဲ့ တားဆီးမှုတွေ ရှိနေတုန်းပဲ။ ဘဝမှာ လွတ်လပ်မှု ဆိုတာ အဓိပ္ပာယ်နည်းနည်းပဲ ရှိပြီးတော့ ဆာလောင်မွတ်သိပ်မှုတွေကတော့ အများကြီး ရှိနေတုန်းပါပဲ။
 

မြောက်များစွာသော မေးခွန်းများ

အဲဒီ အကြောင်းအချက်တွေကြောင့် ငါတို့ အနေနဲ့ အခုအခါမှာ အပိုလို့ မြင်လာတဲ့ အရာတွေ အတွက် ပိုက်ဆံကို သုံးစွဲဖို့ စိတ်အနှောင့်အယှက် တစ်ခု ဖြစ်လာပါတယ်။ ငါတို့ အနေနဲ့ ဒီဆံပင်ကို ပြုပြင်ဖို့ ပစ္စည်တွေ ဒါမှမဟုတ် နာမည်ကြီး အမှတ်တံဆိပ် ကိုလုံး ရေမွှေးလိုမျိုး အရာတွေကို တကယ် လိုအပ်ပါသလား။ ပျော်ရွှင်စရာကောင်းတဲ့ စနေတနင်္ဂနွေ ဖြစ်ဖို့ ဈေးကြီးတဲ့ စားသောက်ဆိုင်မှာ သွားစားဖို့ တကယ်လိုအပ်ပါသလား။ ပိုပြီး ပြောရရင် ငါတို့ အနေနဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ချမ်းသာ ကြွယ်ဝမှုတွေကို တကယ်ပဲ လိုအပ်ပါသလား။ ငါတို့ အနေနဲ့ အခုလို သက်တောင့်သက်သာ ရှိတဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို့ အတွက် ဖန်တီးပေးခဲ့တဲ့ ပတ်ဝန်းကျင် အခြေအနေမှာ မွေးဖွားခဲ့တာဟာ ကံတရား သက်သက်ပဲလား။ တခြားသူတွေ အတွက် ငါတို့ အတွက် မရှိမဖြစ်လို့ ခံယူထားတဲ့ ပစ္စည်းမျိုးတွေ ပိုင်ဆိုင်ခွင့် မရတာ ဘာကြောင့်လဲ။ ပိုပြီး အရေးကြီးတာက ကိုယ့်ကိုယ်ကို တိုးတက်ဖို့ ပညာသင်ခွင့် မရတာ ဒါမှမဟုတ် ကိုယ့်အသက် ကိုယ်မွေးဖို့ ဆေးကုခွင့် မရတာ ဘာလို့လဲ။
 

ငါတို့ အနေနဲ့ ဒီမေးခွန်းတွေရဲ့ အဖြေကို မသိပါဘူး။ ဒါပေမယ့် ငါတို့ သိတာကတော့ အခု အပြစ်ရှိသလို ခံစားနေရတာပါပဲ။ ဒီအပြစ်တွေဟာ တခြားတစ်ဖက်က ခက်ခဲ့ကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းနေရပေမယ့် ငါတို့ အတွက် ပေးအပ်ခဲ့တဲ့ မေတ္တာနဲ့ ရက်ရောမှုတွေက ဖြစ်လာတာပါ။ ငါတို့ အနေနဲ့ သူတို့ကို သူစိမ်းတွေလို တဘဝလုံး ဆက်ဆံ ခဲ့ကြပေမယ့် သူတို့ကတော့ အဲဒီလို ငါတို့ကို မဆက်ဆံ ခဲ့ကြပါဘူး။
 

အခုလို ဆင်းရဲမွဲတေမှုနဲ့ အခိုက်အတန့် ရင်ဆိုင်ခဲ့ရတဲ့ အဖြစ်က ငါတို့ သူငယ်ချင်းနှစ်ယောက်ကို ဘာသင်ခန်းစာတွေ ပေးခဲ့ပါသလဲ။ ဆာလောင်မွတ်သိပ်မှုက မင်းရဲ့ ဒေါသကို ဖြစ်စေပါတယ်။ အားလုံးအတွက် အာဟာရ အပြည့်အဝ ရဖို့ လိုအပ်ပါတယ်။ ဆင်းရဲမွဲတေမှုက မင်းကို အိပ်မက် သေးသေးကလေး တစ်ခုတောင် မက်ခွင့်မပေးပါဘူး။ အားလုံးထက် အရေးကြီးတာကတော့ ကိုယ်ချင်းစာတတ်မှုဟာ ဒီမိုကရေစီ အတွက် အရေးအကြီးဆုံးပါပဲ။"  လို့ မက်က ပြောပါတယ်။


http://www.thehindu.com/opinion/columns/Harsh_Mander/article2882340.ece

9 comments:

Anonymous said...
This comment has been removed by the author.
Vishal DurgaIT said...
This comment has been removed by the author.
Admin said...

BA Exam Result - BA 1st Year, 2nd Year and 3rd Year Result

Bsc Exam Result - Bsc 1st Year, 2nd Year and 3rd Year Result

Unknown said...

BA Revaluation Result 2019

sara jenifer said...

I think you did an awesome job explaining it. Sure beats having to research it on my own. Thanks
BCOM 1st Year TimeTable 2020
BCOM 2nd Year TimeTable 2020
BCOM 3rd Year TimeTable 2020

swara Misra said...

Here is the site(bcomexamresult.in) where you get all Bcom Exam Results. This site helps to clear your all query.
Sri Dev Suman University B.COM HONOURS 1st Sem Exam Result 2019-2022
BA 3rd year Result 2019-20
Sdsuv University B.COM 3rd/HONOURS Sem Exam Result 2018-2021

Parul Pathak said...

I think you did an awesome BA 1st year result job explaining it. Sure beats having to bsc 1st year result research it on my own. Thanks

Bollywood Hungama said...

Great post. Thanks for sharing your brain. Check mine out sometime.See Season 2 Full Tv Series

BSc 3rd year result said...

I’ve been browsing online more than 3 hours today, yet I never found any interesting article like yours. It’s pretty worth enough for me. In my opinion, if all webmasters and bloggers made good content as you did, the internet will be much more useful than ever before.

MJPRU BSc 3rd year result