ဘာရယ်လို့ မဟုတ်ပါဘူး။
ယဉ်ကျေးမှု ပိုက်ကွန်နဲ့ ကိုယ့်ဟာကိုယ်ချည်တုပ်
မလှုပ်မယှက်နိုင် ဖြစ်နေသူတွေကို
ပုဆိုးနဲ့တိုက်ပုံ သမိုင်းကြောင်းမေး
သီချင်းကြီး တစ်ပုဒ်လောက် ချရေးခိုင်းခဲ့တာ
ငါ့ဘက်က မှားတာပါ။
ဘာရယ်လို့ မဟုတ်ပါဘူး။
ဝါဒဖြန့် မှိုင်းတွေကြား မူးယစ်
အမျိုးမစစ်မှာ တွေးပူနေသူတွေကို
သာကီဝင် မောင်နှမ ပြန်ယူကြတဲ့ အကြောင်းပြော
ဗြဟ္မာကြီး လေးဦးကစတဲ့ အယူဝါဒကို ဟောမိတာ
ငါ့ဘက်က မှားတာပါ။
ဘာရယ်လို့ မဟုတ်ပါဘူး။
လူနဲ့မူကို ခွဲခြားမမြင်
မျက်စိမှိတ် ထောက်ခံချင်သူတွေကို
Principle နဲ့ Idealistic သဘော
စောကြော မိခဲ့တာ
ငါ့ဘက်က မှားတာပါ။
ဘာရယ်လို့ မဟုတ်ပါဘူး။
ဒီမိုကရေစီလို့ တစာစာ ဟစ်ကြွေး
တသီးပုဂ္ဂလ လွတ်လပ်ခွင့်ကို မတွေးတဲ့
Conservative တွေရဲ့ကြားမှာ
လစ်ဘရယ်လို့ ခံယူမိခဲ့တာ
ငါ့ဘက်ကမှားတာပါ။
Search This Blog
Showing posts with label ကဗျာ. Show all posts

Monday, April 30, 2012
Wednesday, September 28, 2011
Teach Yourself အနန္တသူရိယ in 10 Minutes
ရာဇဝင်ကို ပြန်ပြောင်း လှန်လှောင်းပြီး ကျန်ကျောင်းလို ကြည့်ရင်
မြန်မာ့သမိုင်းထဲမှာ ရှေးအကျဆုံး ကဗျာ သုံးပုဒ် ကို တွေ့ရပါမယ်။ ကဗျာ
၃ပုဒ်ထဲမှာ ရှေးအကျဆုံး ကဗျာ ကတော့ သေလဉ်ကြောင်မင်း လက်ထက်က
ရေးခဲ့တဲ့ "သိုးကလေ" အစချီထားတဲ့ ရွှေနှင့်ယိုးမှား ပန်းစကား ကဗျာပါ။
အဲဒီကဗျာရဲ့ နောက်ခံ သမိုင်းကြောင်းကို Unofficial Guide to မင်းမဟာဂီရိ
ဆိုတဲ့ ပို့စ်မှာ ရေးခဲ့ဖူးပါတယ်။ ဒုတိယမြောက် ရှေးအကျဆုံး တစ်ပုဒ်ကတော့
ကျန်စစ်သားမင်း လက်ထက်က ရေးခဲ့တဲ့ မြကန်သာ
ကဗျာပါ။ တိုင်းမသိတော့ ဗာရာဏသီ၊ မင်းမသိတော့ ဗြဟ္မဒတ်၊ ကဗျာစာဆို မသိတော့
အနောနိမတ်စ် ဆိုသလို အဲဒီကဗျာနှစ်ပုဒ်ကို ရေးခဲ့တာက အနောနိမတ်စ် ဆိုသူ များ
ပါပဲ။ တတိယမြောက် ကဗျာက တော့ "သူတည်းတစ်ယောက်" အစချီတဲ့ မျက်ဖြေလင်္ကာပါ။
ဒီကဗျာကိုတော့ ရေးတဲ့သူက အနန္တသူရိယ အမတ်လို့ အတိအကျ ဆိုကြပါတယ်။
အဲဒီကဗျာဟာ ဦးကုလား ရာဇဝင်၊ မှန်နန်းရာဇဝင်စတဲ့ ရာဇဝင်တော်ကြီးတွေ မှာ
ပါပေမယ့်လည်း အသုံးအနှုန်း တစ်ချို့ဟာ မြောက်တက်ပြီး ပုဂံခေတ်နဲ့
နှိုင်းယှဉ်လျှင် အပြတ်ကို ဂွမ်းနေတာမို့ တချို့က ပုဂံခေတ်က ကဗျာ
ဟုတ်ချင်မှ ဟုတ်မယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း ဒီကဗျာရဲ့ အဓိပ္ပာယ်နဲ့
နောက်ခံသမိုင်းကြောင်းကတော့ စိတ်ဝင်စားစရာပါ။
ကျန်စစ်သားရဲ့ မြေးတော် အလောင်းစည်သူ မင်းကြီးမှာ မင်းရှင်စော နဲ့ နရသူဆိုတဲ့ သားတော် နှစ်ပါး ရှိပါတယ်။ တစ်နေ့တော့ နရသူက သူ့ရဲ့ ခမည်းတော် အလောင်းစည်သူမင်းကြီးကို ရွှေဂူကြီး ဘုရားထဲ ဘတ်ကီးရိုက် ခေါ်သွားပြီးတော့ ခေါင်းအုံးတွေ စောင်တွေနဲ့ ဖိသတ်လိုက် ပါတယ်။ အဲဒါကြောင့် အလောင်းစည်သူ တကယ်ပဲ အလောင်းဖြစ်သွား ရှာပါတယ်။ အလောင်းစည်သူ သေတော့ သားတော်ကြီး မင်းရှင်စောက ဘုရင် ဖြစ်လာပါတယ်။ ဒါပေမယ့် မင်းရှင်စော ဘိသိက်သွန်းမြောက်ပြီး ဘုရင်ဖြစ်တဲ့ နေ့မှာပဲ နရသူက ညနေစာ စားပွဲတော်မှာ အဆိပ်ခတ် သတ်လိုက်ပြန်ပါတယ်။ ဒီလိုနဲ့ နရသူ ဘုရင်ဖြစ်လာပါတယ်။
နရသူ ဘုရင်ဖြစ်လာတော့ မိုက်ကယ်တွေ လျှောက်လုပ်ပါတော့တယ်။ နရသူ အဲဒီလို ကြမ်းကြမ်းရမ်းရမ်း အုပ်ချုပ်တာကို ပုဂံပြည်သူပြည်သားတွေ ကြည့်မရကြပါဘူး။ ဒါပေမယ့်လည်း နရသူက "ပုဂံမှာ ဘုရင်တွေ ပိုနေလို့ တမလွန်ကိုတောင် အိတ်စပို့ ပို့နေရတာ။ မည်သို့သော ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ ပုဂံကို ဆက်လက်အုပ်ချုပ်သွားမည်" ဆိုပြီးတော့ ဆက်ပြီး အုပ်ချုပ်ပါတယ်။ နောက်တော့ သူ့ကို ဆက်လာတဲ့ ဘောလိဝုဒ်က ကုလား မင်းသမီးကိုပါ သတ်ပစ်လိုက်တဲ့ အတွက် ကုလားဘုရင်တွေကပါ နရသူကို တင်းသွားကြ ပါတယ်။ အဲဒါကြောင့် နရသူကို သမဖို့ အတွက် ဆူဆိုက်အကြမ်းဖက်သမား ကုလားဟူးရား ၈ ယောက်ကို လွှတ်လိုက် ပါတယ်။ ကုလား ဟူးရား ၈ ယောက်က နရသူကို ဘိသိက်မြှောက် ပေးမယ်လို့ ဘတ်ပြီး သန်လျှက်နဲ့ ဝိုင်းကျွေးလိုက်ကြတာကြောင့် နရသူ ကြွသွားပါတယ်။ နရသူကို သတ်ပြီးတော့ ကုလားဟူးရားတွေ သူတို့ဘာသာ ဆူဆိုက် လုပ်လိုက်ကြပါတယ်။ ကုလားတွေက ဝိုင်းလျှော့လိုက်လို့ သေသွားတာမို့ နရသူကို ကုလားကျမင်းလို့ နောက်လူတွေက ခေါ်ကြပါတယ်။ နရသူသေတော့ သူ့မှာ မင်းယဉ် နရသိင်္ခနဲ့ နရပတိစည်သူ ဆိုတဲ့ သားနှစ်ယောက် ကျန်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ထဲမှာ သားတော်အကြီး မင်းယဉ်နရသိင်္ခက ဘုရင်ဖြစ်လာပါတယ်။
ဘုရင်ကို ဆိုရင် အကိတ်ကလေးတွေ အလန်းကလေးတွေ မိဖုရားအဖြစ် ဆက်ချင်တဲ့သူက ပေါပါတယ်။ တစ်ခါတော့ မင်းယဉ်နရသိင်္ခ မြင်းစိုင်းဝက်ဝံ လို့ခေါ်တဲ့ အရပ်ကို ဖလမ်းဖလမ်းထရင်း ရောက်သွား ပါတယ်။ အဲဒီအရပ်က တောထဲမှာနေတဲ့ ပြော့လူမျိုးတွေက ဘုရင်ကို သမီးကညာ တစ်ပါး ဆက်ပါတယ်။ အဲဒီ သမီးကညာ ရဲ့ အမည်က ဝေဠုဝတီလို့ ခေါ်ပါတယ်။ ပါဠိလို ဝါးကို ဝေဠုလို့ ခေါ်တာမို့ ဝေဠုဝတီဆိုတာ ပရင့်ဆက်စ် အော့ဖ်ဝါးလို့ တိုက်ရိုက် ဘာသာပြန်ရမယ် ထင်ပါတယ်။ ဝါးပင်က မွေးတာမို့ သူမမှာ အဲဒီလို နာမည်တွင်တယ် ဆိုပါတယ်။။ ဒဏ္ဍာရီလို့ပဲ မှတ်လိုက်ပါတော့။ ဝါးပင်က မွေးတယ် ဆိုတာ အမှန်အတိုင်း ပြောရရင်တော့ အင်္ဂုလိ ပဲ ဖြစ်ဖို့ များပါတယ်။ ပြော့လူမျိုးတွေ ဆက်တဲ့ ဝေဠုဝတီမှာ ချို့ယွင်းချက် တစ်ခု ရှိပါတယ်။ အဲဒါကတော့ နားရွက် နည်းနည်း ကျယ်နေတာပါ။ ဒါကို ဘုရင်မြင်တော့ "နားကျယ်နဲ့ ဝမ်းပျက်လိလိ" လို့ မိန့်တယ် ဆိုပါတယ်။ မိဖုရားနားကျယ်တာနဲ့ ဘုရင် ဘယ်လို ဝမ်းပျက်မလဲ ဆိုတာတော့ ဆက်စပ်ကြည့်လို့ မရပါဘူး။ အဲဒီ စကားကို အဓိပ္ပာယ် မဖော်တတ် တဲ့ အတွက် နားကျယ်တဲ့ အတွက် မမိုက်၊ အဲဒီအတွက် အီဖေကို ဘုရင် မကြိုက်လို့ပဲ အဓိပ္ပာယ်ပြန်လိုက်ပါမယ်။
ဘုရင် မကြိုက်တော့ ညီတော် နရပတိစည်သူကို စွန့်လိုက်ပါတယ်။ နရပတိစည်သူ လက်ထဲရောက်တော့ နရပတိစည်သူရဲ့ အမေ ဝေဠုဝတီရဲ့ ယောက္ခမကြီးက သူ့ချွေးမရဲ့ နားကို ပလတ်စတစ် ဆာဂျရီ လုပ်ပေးလိုက် ပါတယ်။ နားပြင်ပြီး ရှိုင်းနင်းဂွိုင်းနင်းတွေ လုပ်လိုက်တော့ ဝေဠုဝတီက အတော် လန်းသွား ပါတယ်။ တစ်နေ့တော့ ယောက္ခမကြီးက သူ့ချွေးမကို နန်းတော်ထဲ ခေါ်လာတဲ့ အခါ မင်းယဉ်နရသိင်္ခမှာ လွတ်သော ဖစ်ရှ် ဘစ်တယ်ဆိုပြီး ကြိတ်မနိုင် ခဲမရတွေ ဖြစ်နေပါတယ်။ခယ်မတော် ဝေဠုဝတီ ကို ကြည့်ရင်း ဖီးလ်တွေ တက်နေပါတယ်။ ဒါပေမယ့် သူလည်း ကလိမ်ကကျစ် လုပ်တဲ့နေရာတော့ အဖေ နရသူရဲ့ သွေးပါပါတယ်။ ဒီလိုနဲ့ ဉာဏ်နီ ဉာဏ်နက် ဉာဏ်ခရမ်းရောင် ဉာဏ်လိမ္မော်ရောင်တွေ ထုတ်ပြီးတော့ ညီတော်ကို ပထုတ်ဖို့ ကြံပါတယ်။ ငဆောင်ချမ်းမှာ သူပုန်ထလို့ သွားတိုက်စေဆိုပြီး ညီတော်ကို ပထုတ်လိုက်ပါတယ်။
နရပတိစည်သူကလည်း အချဉ်တော့ မဟုတ်ပါဘူး။ သူက ဘုရင် သွားဆိုလို့သာ သွားရပေမယ့် သိပ်မသင်္ကာပါဘူး။ ဒါကြောင့် သူ့ရဲ့ ဘော်ဒီဂတ် မြင်းခံတော် ငပြည့်ကို အကြောင်းထူး ရင် သတင်းပို့ဖို့ သူ့မြင်းကို ပေးပြီး မှာခဲ့ပါတယ်။ နရပတိစည်သူက သစ်ဆိမ့်အရပ်ကို ရောက်တော့ ငဆောင်ချမ်းမှာ သူပုန် မရှိကြောင်း ကြားတာမို့ သူ့အစ်ကို သူ့ကို ဂျင်းထည့်လိုက်ပြီ ဆိုတာ သိသွားပါတယ်။ နရပတိစည်သူ စစ်ထွက်သွားတော့ သူ့အစ်ကိုက ဝေဠုဝတီကို မိဖုရားအဖြစ် ဆွဲစိလိုက် ပါတယ်။ အဲဒီသတင်းကို ကြားကြားချင်း ငပြည့်လည်း မြင်းကို ဒုန်းစိုင်းစီးပြီး နရပတိစည်သူ နောက်ကို လိုက်ပါတယ်။ အဲဒီလိုနဲ့ ညနေစောင်းတော့ ငါးဘတ်ချောင်းကို ရောက်လာခဲ့ပါတယ်။ ငပြည့်လည်း နေဝင်ရီတရောမို့ ချောင်းထဲမှာ ရေမရှိတာကို ရေထင်ပြီး ဖြတ်မကူးရဲပါဘူး။ မြင်းကလည်း အတော်ပြိုင်းနေပြီမို့ ချောင်းဘေးက တောထဲမှာပဲ တစ်ညစာ ကျိုးနေလိုက်ပါတယ်။ နရပတိစည်သူနဲ့ အလွန်နီးနေပြီမို့ မြင်းက သူ့သခင်ရဲ့ အနံ့ကို ရလို့ တစ်ညလုံး ဟီတယ်ဆိုပါတယ်။ နရပတိစည်သူလည်း သူ့မြင်းဟီသံကို ကြားတော့ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး "ငါ့မြင်းအသံဆိုရင် ခေါင်းအုံးပေါက်စမ်းကွာ" ဆိုပြီး ခေါင်းအုံးကို လက်သီးနဲ့ ထိုးလိုက်တာ ခေါင်းအုံးပေါက်သွားတယ် ဆိုပါတယ်။ ဒီမင်းသားလည်း လူလည်ပါ။ အမှန်တကယ်ဆို အုတ်နံရံ ဖြစ်ဖြစ် ၊ သစ်ပင် ဖြစ်ဖြစ် ထိုးကြည့်သင့်ပါတယ်။
နောက်တစ်နေ့ တော့ ငပြည့်က သူ့ရဲ့ အာစရိ နရပတိ စည်သူကို သတင်းပို့ပါတယ်။ နရပတိ စည်သူက ဒေါခွီးပြီး ပတ်ရမ်းပါတယ်။ ငပြည့်ကို ညက ဘယ်မှာ အိပ်သလဲ မေးတော့ သူနဲ့ မနီးမဝေး တစ်နေရာမှာ အိပ်တယ်ဆိုတာ သိသွားပါတယ်။ "ဒီလောက် အရေးကြီးတဲ့ ကိစ္စငါ့ကို သတင်းမပို့ဘဲ နှပ်နေတယ်။ ငါတို့ အတွက် အချိန်ဟာ ကားပါမစ်လို တန်ဖိုးရှိတယ်။ ခဏကြံရင် ထရံတောင် ခြံတိုင်ဖြစ်တယ်ဆိုတာ မသိဘူးလား။" ဆိုပြီး သတ်ပစ်လိုက်ပါတယ်။ ငပြည့်မှာ ဆန္ဒန်ဆင်မင်းဇာတ်နဲ့ စေတနာက ဝေဒနာဖြစ်ရတယ် ဆိုပြီး ငိုပြဖို့တောင် အချိန်မရလိုက်ပါဘူး။ ငပြည့် အလောင်းကို ရေထဲမျှောလိုက်ပြီး တစ်နေရာမှာ သွားတင်နေတော့ အဲဒီနေရာမှာ နတ်ကွန်းဆောက် ကိုးကွယ်တယ် လို့ ပြောကြပါတယ်။ ငပြည့်ဟာ အခု နတ်လောကမှာ ဆရာကြီးတစ်ဆူ ဖြစ်နေတဲ့ မြင်းဖြူရှင်နတ်လို့ ပြောကြပါတယ်။
နောက်တော့ သူ့ရဲ့ ပီအေ အောင်စွာငယ်ကို ခေါ်ပြီး မင်းယဉ်နရသိင်္ခကို လုပ်ကြံဖို့ ခိုင်းလိုက်ပါတယ်။ အောင်စွာငယ်ကို မက်လုံးပေးတဲ့ အနေနဲ့ ဘုရင်ကို သတ်ပြီးရင် ဘုရင့်မိဖုရားထဲက ကြိုက်တဲ့ တစ်ယောက် ပေးမယ်ကွာ ဆိုပြီး ပြောလိုက်ပါတယ်။ အောင်စွာငယ်လည်း မိဖုရားတစ်ယောက်တော့ ရရချည်သေးရဲ့ ဆိုပြီး ဘုရင်ကို လုပ်ကြံလိုက်ပါတယ်။ နောက်တော့ နရပတိစည်သူ နန်းတော် ပြန်ရောက်ပြီး ဘုရင် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အောင်စွာငယ်က သူ့ကို မင်းယဉ်နရသိင်္ခရဲ့ မိဖုရားတွေထဲ က တစ်ယောက်ကို စွန့်ဖို့ တောင်းပါတယ်။ ဒါပေမယ့် အရင် ဘုရင်ရဲ့ မိဖုရားတွေက "မောင်လေးရယ်။ မမတို့က မောင်လေးနဲ့ ဆိုရင် မရီးတော်တယ်လေ။ အဲဂလို မလုပ်ပါနဲ့လားကွယ်။" ဆိုပြီး ငိုပြကြတော့ နရပတိစည်သူ စိတ်ပြောင်းသွားပါတယ်။ အဲဒါကြောင့် မင်းကို တခြားတစ်ယောက်ပေးမယ်။ ငါ့မရီးတော်တွေတော့ မယူနဲ့တော့ ဆိုပြီး အောင်စွာငယ်ကို ကပ်ချုပ်ကြည့်ပါတယ်။ အောင်စွာငယ်က ဘုရင် ကတိမတည်ဘူး ဆိုပြီး ထွီဆိုပြီး တံတွေး ထွေးလိုက်တဲ့ အတွက် ဘုရင်က နှာကစ်ပြီး ထတီးလိုက်တာ ဂန့်သွားပါတယ်။ နောက်တော့ ငါ့ ပီအေကို ငါကတိပေးထားပြီး မတည်တာ ငါမှားတာပဲ လို့ တွေးမိပြီး အောင်စွာငယ်ကို နတ်ကွန်းဆောက် ကိုးကွယ်စေလို့ အမိန့်ချလိုက်ပါတယ်။ အဲဒါကတော့ ၃၇ မင်းထဲက အောင်စွာနတ်ပါ။
နောက်တော့ သူတို့ခေတ်က ထုံးစံအတိုင်း မင်းယဉ်နရသိင်္ခနဲ့ ဆက်နွယ်နေတဲ့ သူတွေကို ဖြုတ်ထုတ်သတ် လုပ်ပါတော့တယ်။ အဲဒီ အထဲမှာ မင်းယဉ်နရသိင်္ခရဲ့ အထိန်းတော်သား အနန္တသူရိယ အမတ်လည်း ပါပါတယ်။ အနန္တသူရိယက သူ့ကို မကွက်မျက် ခင်မှာ ဘုရင်ကို ဆက်ဖို့ ကဗျာတစ်ပုဒ် ရေးခဲ့ပါတယ်။ ကဗျာကို ဖတ်ပြီး အနန္တသူရိယကို လွှတ်စေ အမိန့်ချတော့ ပါးကွက်အာဏာသားတွေက သတ်ပြီးကြောင်း ပြောပါတယ်။ အဲဒီတော့လည်း ပါးကွက်အာဏာသားတွေကို ငါ့အမိန့်မစောင့်ရကောင်းလား ဆိုပြီး ထပ်ပြီး သတ်ပြန်ပါတယ်။ အဲဒီလို သူသတ် ကိုယ်သတ် အားလုံးသတ်တဲ့ ခေတ်ထဲက ထွက်လာတဲ့ ကဗျာကတော့ ကဗျာဆရာ သေခါနီး ခံစားချက်တွေ တနင့်တပိုးနဲ့ ရေးခဲ့တဲ့ ကဗျာမို့ စာသားတွေ အမှန်အကန်နဲ့ သမိုင်းတွင်ကျန်ရစ်ပါတယ်။

သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ
ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ
မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ၊ မင်းချမ်းသာကား
သမုဒ္ဒရာ၊ ရေမျက်နှာထက်
ခဏတက်သည်၊ ရေပွက်ပမာ
တသက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ
လူတကာတို့၊ ခန္ဓာခိုင်ကြည်
အတည်မမြဲ၊ ဖောက်လွဲတတ်သည်
မချွတ်စသာ၊ သတ္တဝါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်
သံသာစက်၌၊ ကြိုက်လတ်တုံမူ
တုံ့မယူလို၊ ကြည်ညိုစိတ်သန်
သခင်မွန်ကို၊ အပြစ်မဲ့ရေး
ခွင့်လျှင်ပေးသည်၊ သွေးသည်နိစ္စာ
ငါ့ခန္ဓာတည်း။
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ
ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ
မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ၊ မင်းချမ်းသာကား
သမုဒ္ဒရာ၊ ရေမျက်နှာထက်
ခဏတက်သည်၊ ရေပွက်ပမာ
တသက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ
လူတကာတို့၊ ခန္ဓာခိုင်ကြည်
အတည်မမြဲ၊ ဖောက်လွဲတတ်သည်
မချွတ်စသာ၊ သတ္တဝါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်
သံသာစက်၌၊ ကြိုက်လတ်တုံမူ
တုံ့မယူလို၊ ကြည်ညိုစိတ်သန်
သခင်မွန်ကို၊ အပြစ်မဲ့ရေး
ခွင့်လျှင်ပေးသည်၊ သွေးသည်နိစ္စာ
ငါ့ခန္ဓာတည်း။
Labels:
ကဗျာ,
ပေါက်တတ်ကရ,
သမိုင်း
Saturday, September 18, 2010
လည်ပြန်ခြင်း
>လွတ်လပ်စွာ ပေါက်ကွဲမှု
တီဗွီတွေအိပ် နာရီတွေမြူး
ရွက်ဖူးတွေနိုးထ
ညငှက်တွေပျံသန်း
လမ်းထက်မှာ တိတ်ဆိတ်ခြင်းတွေ။
တိမ်တွေက ညိုမှောင်
ခြင်ထောင်က တံခါးပေါက်
လပျောက်ပုန်းရှက်
သွေးသက်အလစ်စုတ်တဲ့
သေးနုပ်နုပ်ကောင်တွေ။
အားလုံးကိုမေ့ထား
ခွန်အားများ ခေါ်ယူ
စံပယ်ဖြူ သင်းပျံ့စေ။
နှလုံးသားထဲက
ပိုးစုန်းကြူးတစ်ကောင်
တောင်ပံလေဆန်ကိုဝဲ
အမှောင်ထဲဝင်တိုး
အမျိုးတွေမရှိတဲ့ည
အခုမှ လှပသွားတယ်။
ကဗျာတွေ...ထကြ
ကာရံတွေ...နိုးကြလေ
ကမ္ဘာမြေ အိပ်ချင်အိပ်ဦး
ဒသနဗုံး စနက်ဖြုတ်လိုက်ပြီ။
တင်မောင်ဆွေ
ခြေလှမ်းများ
အတိုးခြေလှမ်း
အဆုတ်ခြေလှမ်းတွေနဲ့
ခရီးရဲ့ နုတ်ခမ်းကို
လှမ်းမြင်ရန် ခက်ခဲလွန်းပါဘိ။
စမ်းတဝါးဝါး
လျှောက်သွားခဲ့တာ
ခုဆိုရင်
ဘဝပန်းချီအတော်ဟောင်းခဲ့ပြီ။
ဆန္ဒရမ္မက်တွေကြားမှာ
ခံစားမှုဝေဒနာလွန်ကဲလို့
လဲပြိုခဲ့ရသောညများ
တသသဖြစ်လောက်သောအကြောင်းအရာ
သေချာသယောင်ယောင်
မရေရာ သက္ကရာဇ်တွေဟာ
ခုတော့......
ပြက္ခဒိန်သင်းချိုင်းမှာလဲလျောင်းနေကြလေရဲ့။
တောင်းဆိုရင်း ပေးဆက်ခဲ့ရတာတွေ
ဖန်တစ်ရာတေနေပြီလေ။
မလိုအပ်တာတွေလည်း
မကြာမကြာရလိုရရဲ့။
အသိခက်တဲ့ ပုစ္ဆာတပုဒ်ဟာ
"ဘဝ"လို့ ထင်တယ်။
မြင်ကွင်းထဲမှာ
ရှာနေတဲ့အရာ
ပျောက်တတ်စမြဲပါ။
အာရုံလွန်ကဲမှုကြောင့် အမှုတစ်ရာပွေ
တစ်ခါသာ သေဆုံးရတဲ့ဘဝမှာ
စိတ်ခမျာ
အခါခါ သေဆုံးရတယ်။
မမြင်တတ်သူအဖို့
ဝေးလွန်းမှ သေးလွန်းမှမဟုတ်
နီးလွန်းက ကြီးလွန်းကလည်း
မမြင်တော့ပါချေ။
ကြိုးပမ်းခြင်းဆိုတဲ့ စိတ်စွမ်းအားသို့
မရောက်မချင်းတော့
ခြေလှမ်းများ...ခြေလှမ်းများဟာ။
ကိုဌေးဝင်း
မပျက်သော.......
ဒို့တွေ...
နားလည်မှုတွေနဲ့
အနုပညာမျိုးဆက်
ပျိုးယှက်ကြဖို့။
ဒို့တွေ...
ရင်းနှီးမှုတွေနဲ့
လည်ပင်းဖက်
ခရီးဆက်ကြဖို့။
ဒို့တွေ...
ကဗျာလက်တွေနဲ့
လောကအမြင်
သန့်စင်ကြဖို့။
ဒို့တွေ...
ဂီတသံတွေနဲ့
သဘာဝကို
အလှဆင်ကြဖို့။
ရည်ရွယ်သမျှ
ဒီကစလို့
ပျက်ယွင်းကြေကွဲ
လွဲကြရပေမယ့်
သူငယ်ချင်း ,
သတင်းနားစွင့်
ရင်ကိုဖွင့်
ကမ်းလင့်ခင်ဆဲလေ။
တင်မောင်ဆွေ
သော့ချက်
တိုးတက်မှုအစ
ပဋိပက္ခကို အရင်းတည်တယ်။
တစ်ဖက်က
မိုင်ပေါင်းရာချီ ဦးနေပါစေ။
တစ်ဖက်သားတို့
အဆများစွာပိုတဲ့
ရုပ်ဝတ္ထုနဲ့ အနိုင်ယူနေပါစေ။
တိုးပွားလိုသူတစ်ယောက်သည်
ကြိုးစားနေသူဖြစ်ဘို့သာလိုသည်။
တိုးတက်လိုသူတစ်ယောက်သည်
စိတ်ပျက်လွယ်သူမဖြစ်ဘို့သာလိုသည်။
မဆုတ်မနစ်
စည်းစံနစ်ကိုအလေးထား
ပညာကိုအားပြု၍
အောင်မြင်မှု သို့
အစဥ်ရှေ့ရှုနေမယ်ဆိုရင်
ယှဥ်ရင်း...ပြိုင်ရင်း
အနိုင်လှေခါးသည်
ကြိုးစားသူတစ်ယောက်၏
ဖဝါးအောက်သို့
သေချာပေါက်ရောက်ရမည် မလွဲပေ။
ကိုဌေးဝင်း
အိမ်ပြန်ရောက်တော့ စာအုပ်သေတ္တာ ပြန်မွှေရင်း မြန်မာစာ မဟာဝိဇ္ဇာတန်းက အစ်ကိုကြီးတစ်ယောက် လက်ဆောင်ပေးခဲ့တဲ့ လက်ရေး ကဗျာစာအုပ်ကလေး တစ်အုပ်ကို တွေ့ပါတယ်။ အဲဒီစာအုပ်ထဲမှာ အပေါ်မှာ ရေးထားတဲ့ ကဗျာ ၄ ပုဒ်ပဲ ပါပါတယ်။ စာအုပ်ရဲ့ အမည်က "လည်ပြန်ခြင်း" (သို့) ခြေလှမ်းများမပျက်သော လွတ်လပ်စွာပေါက်ကွဲခြင်း၏ သော့ချက်များ ဖြစ်ပါတယ်။ အဲဒီကဗျာတွေကို စဖတ်ကတည်းက အတော်နှစ်ခြိုက်ခဲ့ဖူးတာမို့ အားလုံးအတွက် ပြန်ပြီး ဝေမျှလိုက်တာပါ။

ကဗျာ
Wednesday, December 23, 2009
ကဗျာရွတ်တဲ့ည
အခုလက်ရှိ စိတ်ထဲမှာ ရှိနေတဲ့ ခံစားချက်နဲ့ ကိုက်ညီနေတဲ့ ကဗျာ တစ်ပုဒ်ကို မှတ်မိသလောက် ပြန်ရွတ်ကြည့်မိပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဖတ်ဖူးခဲ့တဲ့ ကိုယောဟန်အောင်ရဲ့ ပျင်းရိဖွယ်ရာ ဆိုတဲ့ ကဗျာပါ။ ကိုယောဟန်အောင် ဆိုတာကတော့ ၁၉၈၈ ခုနှစ်က ကွယ်လွန်သွားခဲ့တဲ့ ဆေးတက္ကသိုလ် ၂ က ကျောင်းသားတစ်ယောက်ပါ။
ဘာလဲ
အခန်းကျဥ်းထဲ
သင်းကွဲခြံခတ်
ငတ်မွတ်မြည်တမ်း
လွမ်းတတ်သူလို
ငိုနေတာ မဟုတ်ဘူး....။
ငါဘာကို ချစ်ရမလဲ
ငါဘာကို မုန်းရမလဲ
ငါဘယ်သူ့ခြေလျှက်ရမလဲ
ခေါင်းကုတ်ဖွရင်း
စာတစ်ရွက်ချင်း
ပျင်းရိစွာလှန်လှော
ဦးနှောက် မှိုင်းခိုး တလိမ့်လိမ့်
တန်ခိုးရှင်တစ်ယောက်ရဲ့ အမိန့်နဲ့
ကိုယ့်ဘာသာကိုယ် ခြံခတ်နေရတဲ့
ပင့်ကူတစ်ကောင်ရဲ့ ဘဝဟာ
ပျင်းရိဖွယ်ရာ
ငါဆက်ပြီး
သည်းမခံနိုင်တော့...။
စတုတ္ထ အပိုဒ်ကတော့ မေ့နေလို့ မှတ်မိသလို ပြန်ရေးထားပါတယ်။ နောက်တစ်ခါတော့ ရာစုသစ်မြစ်ကျဥ်းထဲက ဆရာမ မေငြိမ်းရဲ့ ကဗျာ တစ်ပိုင်းတစ်စကိုလည်း စိတ်ထဲမှာ တီးတိုး ရေရွတ်နေမိပါတယ်။
ပန်းတွေကြွေ
လေပြေမတိုက်
မှောင်မိုက်တဲ့ည
ရှတတအချစ်... လွင့်နေ။
နောက်ထပ်ပြီး ရွတ်မိတာက မြန်မာစာ အုပ်စုထဲက အစ်ကိုကြီး တစ်ယောက်ရဲ့ ကဗျာပါ။ ရေးတဲ့သူ နာမည်တော့ မေ့နေပါပြီ။ ဟန်သစ် မဂ္ဂဇင်း က ကိုထိုက်တို့နဲ့ မတိမ်းမယိမ်း သူတို့ အုပ်စုထဲက တစ်ယောက်ဆိုတာပဲ မှတ်မိပါတယ်။
တိမ်တွေကမှောင်
ခြင်ထောင်တံခါးပေါက်
လပျောက်ပုန်းရှက်
သွေးသက် အလစ်စုတ်တဲ့
သေးနုတ်နုတ် အကောင်တွေ။
လောလောဆယ် ခြင်ထောင်ထောင်အိပ်စရာ မလိုပေမယ့် သူ့ကဗျာထဲက ရည်ညွှန်းထားတဲ့ ခြင်မဟုတ်ပေမယ့် သွေးစုတ်တတ်တဲ့ သေးနုတ်နုတ် ကြမ်းပိုးများနဲ့ နပန်းသတ်နေရပါတယ်။ နောက်တော့ ဆရာ မောင်သာနိုး ဘာသာပြန်ထားတဲ့ မာယာကော့ဖ်စကီးရဲ့ ဘောင်းဘီဝတ်မိုးတိမ်ထဲက ကဗျာ စာသား အချို့ကို သတိတရ ရေရွတ်နေမိပါတယ်။
မီးသတ်သမားတွေရေ
မင်းတို့ရဲ့ ဘွတ်ဖိနပ်ကြမ်းကြမ်းတွေကို သတိထားကြကွဲ့
မီးလောင်နေတဲ့ နှလုံးသားဆိုတာ
အနမ်းနဲ့ ငြှိမ်းမှ ရတယ်။
ငါ့ရင်ထဲမှာ အော်သံတစ်ခု ဝင်ရောက်နေထိုင်ပြုတယ် ဆိုတာနဲ့ စပြီး ငါအသံကုန်ခြစ် ဟစ်အော်လိုက်မှ ဖြစ်တော့မယ် ဆိုပြီး အဆုံးသတ်ထားတဲ့ အော်သံ ဆိုတဲ့ အစနဲ့ အဆုံးအပိုဒ်ပဲ မှတ်မိတော့တဲ့ ပို့စ်မော်ဒန် ကဗျာတစ်ပုဒ်ကိုလည်း မှတ်မိသလောက် ရွတ်လိုက်မိပါသေးတယ်။
ဘာရယ်မဟုတ်ပါဘူး။ တင်းကျပ်နေတဲ့ စိတ်တွေ လျော့သွားအောင် လှလှပပ ကဗျာလေးတွေ ရွတ်ကြည့်မိတာပါ။ ကဗျာ ချစ်တတ်တဲ့သူတွေနဲ့ မျှဝေခံစားချင်လို့ ပို့စ်တစ်ခု အနေနဲ့ တင်လိုက်ပါတယ်။

Sunday, December 14, 2008
အသနားခံတဲ့ဆု
ဖြစ်ခြင်း...ပျက်ခြင်း
ဒင်းတို့ နှစ်ခုကြား
ဗျာများနေရမယ့်အတူတူ
လူဖြစ်နေရတာ
ဘာများ ထူးခြားသေးသလဲ။
အပြစ်ကင်းစင်တဲ့ ချစ်ခြင်း
မင်းယူလာပြီးတဲ့နောက်
လူမဖြစ်ချင်တဲ့စိတ် ပျောက်သွားတယ်။
မူယာ မာယာ
အာပလာတွေသုံးပြီး
အမုန်းတွေသာထားရစ်
အချစ်တွေယူပြီး မင်းပြန်ခဲ့ရင်
(ရင်ခွင်ဟောင်းဆီပဲ ဖြစ်ဖြစ်
ရင်ခွင်သစ်ဆီပဲ ဖြစ်ဖြစ်ပေါ့။)
ကိုယ့်ဝိဉာဉ်ဆွဲထုတ်
ရုပ်ချည်းပဲကျန်ကျန်
သနားသဖြင့်တော့
ခံစားမှုတွေ မချန်ခဲ့ပါနဲ့။
ဒင်းတို့ နှစ်ခုကြား
ဗျာများနေရမယ့်အတူတူ
လူဖြစ်နေရတာ
ဘာများ ထူးခြားသေးသလဲ။
အပြစ်ကင်းစင်တဲ့ ချစ်ခြင်း
မင်းယူလာပြီးတဲ့နောက်
လူမဖြစ်ချင်တဲ့စိတ် ပျောက်သွားတယ်။
မူယာ မာယာ
အာပလာတွေသုံးပြီး
အမုန်းတွေသာထားရစ်
အချစ်တွေယူပြီး မင်းပြန်ခဲ့ရင်
(ရင်ခွင်ဟောင်းဆီပဲ ဖြစ်ဖြစ်
ရင်ခွင်သစ်ဆီပဲ ဖြစ်ဖြစ်ပေါ့။)
ကိုယ့်ဝိဉာဉ်ဆွဲထုတ်
ရုပ်ချည်းပဲကျန်ကျန်
သနားသဖြင့်တော့
ခံစားမှုတွေ မချန်ခဲ့ပါနဲ့။
အောင်စွာ
(၁၉၉၅ ခုနှစ် ဝန်းကျင်လောက်က ရန်ကုန်တက္ကသိုလ် မြန်မာစာ မဟာဝိဇ္ဖာတန်း ကျောင်းသားတွေ စုပြီး ထုတ်ဝေခဲ့တဲ့ ကဗျာစာအုပ်ထဲက ကျွန်တော့်မိတ်ဆွေ ကိုအောင်စွာ ရေးခဲ့တဲ့ ကဗျာလေးပါ။ အားလုံး နှစ်သက်လိမ့်မယ် ထင်လို့ ဝေမျှ ပေးလိုက်ပါတယ်။)
Labels:
ကဗျာ
Wednesday, February 20, 2008
ရင်တွင်းဖြစ်ခံစားမှု သို့ လွန်ခဲ့တဲ့ ၁၃ နှစ်က ရေးဖြစ်ခဲ့တဲ့ကဗျာ
အဆုံးအစမဲ့ ကောင်းကင်လို
မင်းကိုငါချစ်တယ်။
အခါလွန်မြည်တမ်းခြင်း
ရင်တွင်းမှာ ရှိနေတယ်။
ဖွင့်ဟချင်ပေမယ့်
မရေရာတဲ့စကားတွေ
လေထုထဲလွင့်ထွက်
ပျက်ပြယ်သွားခဲ့ကြ။
ခံစားချက်တွေမျိုချရင်း
စဉ်းစားမိ
စီးဆင်းနေတဲ့ နှလုံးသွေးကျသံ
အတိတ်မှာ ချန်ထားနိုင်ခဲ့ရင်
နာကျင်ခြင်းတွေ ကွယ်ပျောက်စေမှာပဲ။
(၁၉၉၅ ခုနှစ်လောက်က ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။)

Subscribe to:
Posts (Atom)