ကျွန်တော် အမ်စတာဒမ် ရှီပိုး လေဆိပ်ထဲက ရထားဘူတာရုံမှာ ဂျာမနီကို သွားဖို့ ရထားစောင့်နေတုန်းပါ။ ကျွန်တော်နဲ့ ရထားလမ်း ခြားနေတဲ့ ပလက်ဖောင်းမှာ လူတစ်ယောက်ကို လှမ်းတွေ့လိုက်မိတယ်။ ဆံပင်ကောက်ကောက် အသားမည်းမည်း အရပ်မြင့်မြင့်နဲ့ အာဖရိက နွယ်ဖွား တစ်ယောက်ပုံစံမျိုးပါပဲ။ ညစ်ပေနေတဲ့ ဘောင်းဘီရှည်နဲ့ အင်္ကျီလက်တိုကို ဝတ်ထားတယ်။ လေဆိပ်က ဆင်းလာတဲ့ အဝတ်အစား တောက်တောက်ပြောင်ပြောင် လူတွေကြားမှာ သူ့ပုံစံက ထူးထူးခြားခြား ဖြစ်နေလို့ ချက်ချင်းပဲ သတိထားမိသွားတယ်။ နောက်တော့ သူ အအေးဗူးတွေ ရောင်းတဲ့ စက်တစ်လုံးဆီကို လျှောက်သွားတာ လှမ်းမြင်ရတယ်။ သူက လက်နှစ်ဖက်ကို ဆန့် အအေးဗူးရောင်းတဲ့စက်ကို ဟိုဘက်ဒီဘက်ကိုင်ပြီး ခပ်ကြမ်းကြမ်း လှုပ်နေတယ်။ ဘေးပတ်ဝန်းကျင် ရထားလမ်း ပလက်ဖောင်းပေါ်က လူတွေ အကုန်လုံးက သူ့ကို ဝိုင်းကြည့်နေကြတယ်။ ခဏ အကြာမှာတော့ စက်ထဲက အအေးတစ်ဗူး ပြုတ်ကျလာတယ်။ အအေးဗူးကို ကောက် ဖွင့်သောက်ပြီး သူထွက်သွားတယ်။ ဒီလို တိုးတက်နေတဲ့ နိုင်ငံ၊ ဒီလို ခေတ်မီနေတဲ့ နိုင်ငံမှာ ဒီလို လူတန်းစားတွေလည်း ရှိနေသေးပါလား ဆိုတာ တွေးမိသွားတယ်။
=============
ချက်သမ္မတနိုင်ငံ ပါဒူဘီဆေးမြို့ ရောက်နေတုန်းမှာ ဟိုတယ်က သတင်းစာ တစ်စောင်ကို ကောက်ပြီး လှန်ကြည့်မိတယ်။ သတင်းစာထဲမှာ ဆောင်းတွင်း ဝင်လာပြီမို့ အိမ်ခြေယာခြေ မရှိတဲ့ လမ်းပေါ်ကလူတွေ ညအိပ်ဖို့ အစိုးရက မြို့တော်ပရက်ဂ်မြို့မှာ ယာယီတဲတွေ ဆောက်လုပ်ပေးမယ်ဆိုတဲ့ သတင်း ဖတ်လိုက်ရတယ်။ တခြားနေရာမှာ အခြေမဲ့ အနေမဲ့ ဖြစ်ရင် လမ်းဘေး အိပ်လို့ ရနိုင်ပေမယ့် ဒီလို နှင်းတွေကျပြီး ညဘက် သွေးခဲမတတ် အေးတဲ့ နိုင်ငံမှာ လမ်းဘေး အိပ်ရင်တော့ မနက်ခင်းမှာ အသက်ရှိသေးရင် ကံကောင်းတယ် ပြောရမှာပါပဲ။
ပါဒူဘီဆေးကနေ ပရက်ဂ်ကို ပြန်လာတော့ လမ်းက သစ်ပင်တွေ ကြည့်ပြီး ချက်နိုင်ငံသား အင်ဂျင်နီယာရဲ့ စကားတွေ ခေါင်းထဲ ရောက်လာတယ်။ အရင်တုန်းက ချက်က လူတွေ ဆင်းရဲ လွန်းလို့ တစ်နေရာက တစ်နေရာကို လမ်းလျှောက် သွားရတယ်။ သူတို့တွေ သွားရင်လာရင်း ဗိုက်ဆာရင် စားလို့ရအောင် ရှေ့လူတွေက လမ်းဘေးဝဲယာမှာ သစ်သီးပင်တွေ စိုက်ထားပေးခဲ့တာ ဆိုတဲ့ စကားပါပဲ။ အရင်တုန်းက ချက်ကလူတွေ ဆင်းရဲတယ် ဆိုတော့ အခု ဘယ်လောက် ချမ်းသာ သွားကြပြီလဲ။ အခြေမဲ့ အနေမဲ့တွေ ဘယ်လောက် များသေးလဲ။ အစိုးရက ဆောင်းတွင်းမှာ အခြေမဲ့ အနေမဲ့တွေကို ညအိပ်ဖို့ တဲထိုးပေးတယ် ဆိုတော့ တခြား အချိန် ဘယ်လို စီစဉ်ပေးသလဲ ခေါင်းထဲမှာ ဆက်ကာ ဆက်ကာ တွေးလိုက်မိတယ်။ ချက်မှာ သက္ကလပ် တော်လှန်ရေးနဲ့ နိုင်ငံကို ဒီမိုကရေစီရအောင် နေ့ချင်းညချင်း ပြောင်းပေးနိုင်ပေမယ့် လူဆင်းရဲတွေ ချမ်းသာသွားအောင်တော့ နေ့ချင်းညချင်း ပြောင်းမပေးနိုင်ပါဘူး။
==============
ပိုလန်က ဆွာ့စ်ကီးမှာ ရောက်နေတုန်း စနေ တစ်ညနေ ထမင်းစားဖို့ ဟိုတယ် အောက်ထပ်က စားသောက်ဆိုင်ကို ဆင်းလာခဲ့ပါတယ်။ အောက်ထပ်ရောက်တော့ စားသောက်ဆိုင်က မရှိတော့ဘူး။ စားသောက်ဆိုင်နေရာက စားပွဲတွေ အားလုံးကို ရှင်းထားပြီး အဲဒီမှာ ပါတီပေးနေကြတယ်။ လူတွေ အများကြီး ကနေတာ ဒီတစ်ခါပဲ မြင်ဖူးတယ်။ အားလုံးကလည်း ပြုံးလို့ ပျော်လို့။ ကျွန်တော်တို့ စင်ကာပူက သင်္ကြန်တွေမှာ လုပ်လေ့ လုပ်ထ ရှိသလို လူတစ်ယောက်နဲ့ တစ်ယောက် မီးရထားတွဲလို ရှေ့နောက်ဆက်ပြီး ခန်းမထဲမှာ လှည့်ပတ်ကနေကြတာ အနည်းဆုံး လူ ၄၀ လောက် ရှိမယ် ထင်ရတယ်။ သူတို့ကို ကြည့်ပြီး အပျော်တွေပါ ကျွန်တော့်ဆီ ကူးစက်သွားတယ်။ ပိုလန်ဆိုတာ ဥရောပနိုင်ငံပေမယ့် စင်ကာပူနဲ့ ယှဉ်ရင် အတော် ဆင်းရဲတဲ့ နိုင်ငံပါ။ ကျွန်တော်တို့ စင်ကာပူက ဈေးနဲ့ ပိုလန်မှာ ပျော်ပျော်ပါးပါးကြီး သုံးလို့ ရတယ်။ ဟိုတယ်က ရေခဲသေတ္တာထဲမှာ ရှိတဲ့ အအေးပုလင်း ယူသောက်တာတောင် စင်ကာပူဒေါ်လာနဲ့ ပြား ၇၀ လောက်ပဲ ကျတာ။ ဒါပေမယ့်လည်း စင်ကာပူမှာ လူတွေ အများကြီး ဒီလိုမျိုး စိတ်လွတ်လက်လွတ် ပျော်ရွှင်နေတာ တစ်ခါမှ မတွေ့ ဖူးသလိုပဲ။ မိုက်ခရို အီကော်နော်မစ် ဘာသာမှာ ဖတ်ဖူးတဲ့ စီးပွားရေး ပညာရှင်တွေရဲ့ သုတေသန စာတမ်း တစ်ခု အရ ပိုက်ဆံပိုရှိရင် လူဟာ ပိုပျော်တယ်လို့ ဆိုကြတယ်။ ဒါပေမယ့် အခု အတွေ့အကြုံ အရ ပျော်ရွှင်မှုဆိုတာ ပိုက်ဆံနဲ့ တိုက်ရိုက် အချိုးမကျဘူး။ ပိုက်ဆံတွေ ပစ္စည်းဥစ္စာတွေ ရှိနေရင်တောင် ပျော်ရွှင်မှု ဆိုတာ သူ့ အလိုလို မလာဘူးလို့ ဆက်တွေးမိသွားတယ်။
===============
ဆေးလိပ်သောက်တတ်တာ ကျန်းမာရေး ထိခိုက်ပေမယ့် တခါတလေ မိတ်ဆွေ အပေါင်းအသင်းတော့ တိုးစေတယ်။ အိုင်ယာလန် ဝက်စ်ဖို့ဒ်က စက်ရုံတစ်ရုံမှာ ကျွန်တော်တို့ ကုမ္ပဏီက ရောင်းထားတဲ့ ကွန်ပျူတာ ထိန်းချုပ် စနစ်တစ်ခု သွားပြင်နေတုန်းက အချိန်ကပါ။ တစ်နေ့ ကျွန်တော် စက်ရုံထဲ ကနေ အပြင်ထွက် ဆေးလိပ်သောက်တဲ့ တဲကလေးမှာ ဆေးလိပ်သောက်နေတုန်း လူတစ်ယောက် ရောက်လာတယ်။ သူပြောတဲ့ အင်္ဂလိပ်စကားက အိုင်းရစ် တွေလို မဝဲတာမို့ စကားပြောရတာ အဆင်ပြေတယ်။ သူနဲ့ စကားစပ်လို့ ပြောမိရင်း သူဟာ ဂျာမန် တစ်ယောက် ဆိုတာ သိလိုက်ရတယ်။ ဂျာမနီလို နိုင်ငံက စက်ရုံမှူးလို၊ မန်နေဂျာလို ရာထူးကြီးတဲ့ နေရာကို နိုင်ငံရပ်ခြားမှာ လာလုပ်တာ တွေ့ဖူးပေမယ့် သာမန် ဂျာမန် အင်ဂျင်နီယာ တစ်ယောက်က ပြည်ပမှာ အခြေစိုက် အလုပ်လုပ်နေတယ် ဆိုတာ တွေ့တော့ နည်းနည်းတော့ အံ့ဩသွားတယ်။ သူ့ကို မေးတော့ သူက ပြောပြတယ်။ ငါတို့ စက်ရုံ ဂျာမနီကနေ အိုင်ယာလန်ကို ရွှေ့မယ် ဆိုတော့ သူဌေးက ငါ့ကို မေးတယ်။ မင်း အိုင်ယာလန်ကို လိုက်သွားနိုင်ရင်တော့ အလုပ်ရမယ်။ ဂျာမနီမှာတော့ မင်းကို ပေးစရာ အလုပ်မရှိတော့ဘူး ဆိုလို့ ငါလိုက်လာတာလို့ သူက ပြောပြပါတယ်။ ပြည်ပ ထွက် အလုပ်လုပ်ရတာ နိုင်ငံ အခြေအနေမကောင်းတဲ့ ကျွန်တော်တို့တင် မကဘူး။ ဂျာမနီလို နိုင်ငံကြီးမှာလည်း ရှိတယ်။ ကိုယ့်မှာ ရှိတဲ့ ပညာက ကိုယ်နေထိုင်တဲ့ နိုင်ငံမှာ အသုံးမတည့်တော့ရင် နိုင်ငံခြား ရောက်တာပဲလို့ တွေးမိသွားတယ်။
Search This Blog
Showing posts with label အိုင်ယာလန်. Show all posts

Wednesday, February 20, 2013
Tuesday, November 30, 2010
သွားရင်း လာရင်း စားရင်း သောက်ရင်း
အမြဲတမ်း ခရီးထွက်နေရတာ ကောင်းတဲ့ အချက် ရှိသလို မကောင်းတဲ့ အချက်တွေလည်း ရှိပါတယ်။ မကောင်းတဲ့ အချက်ကတော့ လူမှုရေးနဲ့ ပတ်သက်ရင် အတော် ပျက်ကွက်ပါတယ်။ အမြဲတမ်း ခရီးထွက်နေရတော့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ သာရေးနာရေးတွေ သွားဖို့ အဆင်မပြေပါဘူး။ အပေါင်းအသင်းတွေနဲ့လည်း အဆက်အသွယ် ပြတ်ပါတယ်။ ဒါတင် မကသေး ပါဘူး။ ပြသနာ ရှာတတ်တဲ့ ရည်းစားရှိရင် ခရီးထွက်တဲ့ ကိစ္စကြောင့် တစ်ချိန်လုံး စကားများ နောင်ဂျိန်ချ နေရပါတယ်။ ဒီထက် ပိုဆိုးရင် ခရီးထွက်နေတုန်း ကိုယ့်ရည်းစား သူများ မ သွားတာပါ ခံရတတ် ပါတယ်။
ကောင်းတဲ့ အချက်တွေထဲမှာတော့ နေ့တိုင်း အစားအသောက်ကို တစ်နေ့တစ်မျိုး မရိုးအောင် စားနေ ရတာ ပါပါတယ်။ ကျွန်တော် ကိုယ်တိုင်က အစားအသောက်နဲ့ ပတ်သက်ရင် အစွဲအလမ်း သိပ်မကြီးပါဘူး။ မြန်မာအစားအစာ ကို ကြိုက်ပေမယ့် ကိုယ်မစားဖူးတဲ့ အစားအသောက်ဆိုရင် စမ်းပြီး စားကြည့်ချင် ပါတယ်။ အဲဒီတော့ ခရီးထွက်ရင်း တွေ့ကရာ လျှောက်စားနေရတာ ကျွန်တော့် နဲ့ အတော် ကီးကိုက်ပါတယ်။
ကျွန်တော် ခရီးထွက်ရင် တစ်ယောက်တည်း သွားဖြစ်တာ နည်းပြီး ဒေသခံ အေးဂျင့်တွေနဲ့ အတူ သွားဖြစ်တာက ပိုများပါတယ်။ အဲဒီတော့ နေ့လည်စာ ညနေစာ အတွက် သူတို့ပဲ ဦးဆောင်ပြီး စီစဉ်ပေးလေ့ ရှိပါတယ်။ အစပိုင်းကတော့ သူတို့က ဘာစားမလဲ မေးရင် anything လို့ ပြန်ဖြေနေကျပါ။ အဲဒီ အန်းနီးသင်း ဆိုတဲ့ စကားက အမေရိကန် အေးဂျင့်တစ်ယောက်နဲ့ အတူသွားတဲ့ အခေါက်မှာတော့ မှတ်လောက် သားလောက် ဖြစ်သွားပါတယ်။ အဲဒီ အချိန် ကတော့ သူက နေ့လည်စာ ဘာစားမလဲ မေးတော့ ကျွန်တော်က အန်းနီးသင်း လို့ ဖြေလိုက်ပါတယ်။ ဒါဆိုလည်း Subway မှာ ဆင်းဒဝစ် သွားစားကြတာပေါ့ ဆိုပြီး သူက ခေါ်လို့ ကျွန်တော်တို့ Subway ကို ရောက်သွားကြပါတယ်။
အဲဒီအချိန် အထိ ကျွန်တော် စင်ကာပူမှာ Subway တစ်ခါမှ မစားဖူးပါဘူး။ ဆိုင်ရောက်တော့ ဆင်းဒဝစ်ထဲ ကြိုက်တာထည့် ဆိုတော့ ပျားတုတ် ပါတော့တယ်။ ကျွန်တော်က ဆင်းဒဝစ်ဆို ချိစ်နဲ့ ငါးသေတ္တာကလွဲရင် ဘာမှ သိတဲ့ကောင် မဟုတ်ပါဘူး။ ကောင်တာနောက်က ဆင်းဒဝစ် လုပ်တဲ့သူက ဟိုဟာထည့်မလား မေးရင်လည်း ထည့်လိုက် ဒီဟာ ထည့်မလား မေးရင်လည်း ထည့်လိုက် လုပ်နေတာနဲ့ နောက်တော့ ကောင်တာထဲ ရှိသမျှ အစာ အားလုံးနီးပါး ထည့်ထားတဲ့ ဆင်းဒဝစ် တစ်ခု ထွက်လာပါတယ်။ ဘယ်လိုနေသလဲ မေးရင် အရမ်း ကောင်းပါတယ် (စိတ်ပျက်ဖို့)။ ဆင်းဒဝစ်က ပထမတစ်ကိုက် ကိုက်လိုက်ရင် ချဉ် နောက်တစ်ကိုက် ကိုက်လိုက်ရင်ဖန် နောက်တစ်ကိုက် ကိုက်လိုက်ရင် ခါးနဲ့ ဘယ်လို အရသာ ရှိမှန်းကို မသိတော့ပါဘူး။ နောက်နေ့ကစပြီး ကျွန်တော့်ကို ဘာစားမလဲ မေးရင် နည်းနည်း လေသံ ပြောင်းသွားပါတယ်။ ဘာဖြစ်ဖြစ် ဆင်းဒဝစ်က လွဲလို့လို့ သူတို့ကို ပြောတတ်ပါတယ်။
အမေရိကန်က စားသောက်ဆိုင်တွေထဲမှာ Chili's နဲ့ Ruby Tuesday ကို သဘောကျပါတယ်။ အမေရိကား သွားရင် ဒီနှစ်ဆိုင်ပဲ အရောက်များလို့လားတော့ မသိပါဘူး။ အခု စင်ကာပူမှာ Chili's ဖွင့်နေတာ တွေ့ပေမယ့် သွားမစားဖြစ် သေးပါဘူး။ အမေရိကန် ရောက်ခါစက စားသောက်ဆိုင်မှာ အအေးထပ်ဖြည့်မလားလို့ စားပွဲထိုးက မေးတော့ စင်ကာပူမှာလို ပိုက်ဆံ ထပ်ပေးရမယ် မှတ်လို့ မဖြည့်ဘူးလို့ ငြင်းပါတယ်။ အေးဂျင့်က အလကား ဖြည့်ပေးတာ ဘာဖြစ်လို့ မဖြည့်တာလဲ လို့ မေးမှ အဲဒီမှာ အအေးက ဖရီးဖလိုးမှန်း သိပါတယ်။ တစ်ခါတစ်လေတော့ မက်ကဆီကန် စားသောက်ဆိုင်ကို ရောက်ဖြစ် ပါတယ်။ မက္ကဆီကန် အစားအစာထဲမှာတော့ Fajitas ကို သဘောကျပါတယ်။ ပလာတာလိုလို နံပြားလိုလို အပြားတွေအပြင် မက္ကဆီကန် ထမင်းတွေပါ ပါတာမို့ အရသာစုံတယ် လို့ ထင်ပါတယ်။ တစ်ခါကတော့ အေးဂျင့်က မွန်ဂိုးလီးယား အစားအစာ စားမလား မေးတော့ မဆိုးပါဘူး။ အပြောင်းအလဲပေါ့ ဆိုပြီး သဘောတူလိုက်ပါတယ်။ ဆိုင်ကိုသွားရင်း မွန်ဂိုးလီးယား အစားအစာ ဆိုတာ ဘယ်လိုများ နေမလဲလို့ စိတ်ထဲမှာ တွေးနေပါတယ်။ ဆိုင်ရောက်တော့မှ မွန်ဂိုးလီးယားစာဆိုတာ တရုတ်စာ မှန်း သဘောပေါက် ပါတယ်။ ဘာမှ မကွာသလိုပါပဲ။ ဆူရှီတောင် ပါလိုက်ပါသေးတယ်။ (မွန်ဂိုမှာလည်း ဂျပန်တွေ ရှိလို့ နေမှာပေါ့။ :D )
ဥရောပမှာတော့ အစားအသောက် တော်တော်များများနဲ့ ပါးစပ်တည့်ပါတယ်။ ပါးစပ်နဲ့ မတည့်တာကလည်း ခပ်ရှားရှား မို့ နေမှာပါ။ တစ်ခါတုန်းက ဟော်လန် တောင်ပိုင်း အိုင်ဒိုဗင်မှာ ဆော့ဖ်ဝဲလ် သွားပြင်ရင်း တစ်ပတ်လောက် နေဖြစ်ပါတယ်။ တစ်နေ့တော့ ညနေဖက် ဟိုတယ်မှာ နှပ်နေတုန်း ဟော်လန်ရုံးက အင်ဂျင်နီယာ ရှန်ပေါလ်က ညနေစာ သွားစားဖို့ လာခေါ်ပါတယ်။ ကျွန်တော်က သူတို့ဆီမှာ ဧည့်သည်မို့ ထုံးစံအတိုင်း ဧည့်ခံတဲ့ အနေနဲ့ လိုက်ကျွေးတာပါ။ အိုင်ဒိုဗင် ဈေးထဲ ရောက်သွားတော့ သူက ကျွန်တော့်ကို ပြင်သစ်စာ စားချင်သလား၊ အီတလီစာ စားချင်သလား မေးပါတယ်။ ကျွန်တော်က ဟော်လန် ရောက်နေတုန်း ဒတ်ချ်အစားအသောက် စားကြည့်ချင်တယ်လို့ ပြောတော့ သူက ရယ်ပါတယ်။ နောက်တော့ ငါတို့ ဒတ်ချ် အစားအစာက ဆိုင်ဖွင့် ရောင်းတဲ့သူ ရှားတယ်။ အိမ်မှာ ချက်စားတာပဲ များတယ်လို့ သူက ကျွန်တော့်ကို ပြန်ပြော ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ အီတလီ စားသောက်ဆိုင်ပဲ ရောက်သွားကြပါတယ်။
၂ ရက် ၃ ရက်လောက်နေတော့ ကျွန်တော်နဲ့ ဥရောပမှာ အလုပ်တွဲလုပ်နေကျ အင်ဂျင်နီယာ မာ့က်ခ် ဂျာမနီက ပြန်လာပြီး ကျွန်တော့်ဆီ ရောက်လာပါတယ်။ သူနဲ့ ကျွန်တော် စက်ရုံမှာ ဆော့ဖ်ဝဲလ်ကို အပြီးသတ်ပြီးတော့ ကျွန်တော် အမြဲ နေနေကျနေရာ အုတ်ဟောက်စ်ရွာကို ပြန်ခဲ့ပါတယ်။ လမ်းမှာ ကျွန်တော်က သူ့ကို ဟိုနေ့က ရှန်ပေါလ်နဲ့ ညနေစာ သွားစားတဲ့ အကြောင်း ပြောရင်း ဒတ်ချ်အစားအစာ စားချင်တယ် ပြောတာ မရှိဘူး ပြောတဲ့ အကြောင်း သူ့ကို ပြန်ပြောပြ ပါတယ်။ သူက ဟုတ်တယ်။ ဆိုင်တွေမှာ ဒတ်ချ်အစားအစာ ဆိုပြီး ရောင်းလေ့ ရောင်းထမရှိဘူး။ ဒါပေမယ့် မင်းစားချင်ရင်တော့ ငါစီစဉ်ပေးမယ်လို့ ပြောပါတယ်။ နောက်တော့ သူ့အိမ်ကို ဖုန်းဆက်ပြီး သူ့မိန်းမကို ညနေစာ တစ်ယောက်စာ ပိုချက်ထားဖို့ လှမ်းမှာလိုက် ပါတယ်။ ကျွန်တော်လည်း အားလည်းနာတယ် ခင်လည်းခင်တယ်လေ ဆိုပြီး ဒတ်ချ်အစားအသောက် စားဖို့ သူ့အိမ် လိုက်သွား ပါတယ်။ သူကျွေးတဲ့ ဒတ်ချ် အစားအစာက ဘာလဲဆိုတော့ ဝက်အူချောင်း အကြီးကြီး တစ်ချောင်း၊ အာလူး နည်းနည်းပါးပါးနဲ့ အရွက်ကြော် တစ်ပွဲပါပဲ။ သူက ဒါ ငါတို့ ဒတ်ချ်တွေ စားနေကျ အစားအစာပဲလို့ ပြောပါတယ်။ အင်း ဒါကြောင့်လည်း ဆိုင်ဖွင့် မရောင်းကြတာကိုး ဆိုပြီးတော့ ကျွန်တော်လည်း သဘောပေါက်သွားပါတယ်။
အစားအသောက် နာမည် မခေါ်တတ်တာ အစားအသောက် နာမည်ကို နားမလည်တာလည်း ကွိုင်တစ်မျိုး ပါပဲ။ အိုင်ယာလန်မှာ ရောက်နေတဲ့ အချိန်တုန်းက ဟိုတယ် စားသောက်ခန်းမမှာ မီနူးကြည့်ရင်း Goat Cheese ဆိုတာကို ဆိတ်သားနဲ့ ချိစ်လို့ ကိုယ့်ဘာသာကိုယ် ခပ်တည်တည် ဘာသာပြန်ပြီး မှာထည့်လိုက်ပါတယ်။ စိတ်ထဲမှာတော့ ဆိတ်သားကို mutton မရေးဘဲ Goat လို့ ရေးထားတာ နည်းနည်း ထူးဆန်းနေတယ် ထင်ပါတယ်။ မှာထားတာ ရောက်လာလို့ အသားတစ်တုံးမှ ပါမလာတော့မှပဲ Goat Cheese ဆိုတာ ဆိတ်နို့က လုပ်ထားတဲ့ ချိစ်ကို ခေါ်တာ ဆိုပြီး နားလည်သွား ပါတယ်။ အသိနောက်ကျတော့လည်း ချိစ်နဲ့ပဲ အသားမပါဘဲ ကျေနပ် လိုက်ရပါတယ်။
မွေးကတည်းက ထမင်းစားလာတော့ ထမင်းနဲ့ ဝေးတာ ကြာရင် ပါးစပ်က မနေနိုင်ပါဘူး။ ဘယ်လောက် ကောင်းတာတွေပဲ စားနေရ ပါစေ ထမင်းစားချင်စိတ် ပေါ်လာတာတော့ အမှန်ပါပဲ။ အဲဒီ အချိန် ထမင်းသာ စားရရင် ဘယ်လိုပဲ စားလိုက်ရ စားလိုက်ရ ဆိုတာမျိုး စိတ်ထဲ က ဖြစ်လာတတ် ပါတယ်။ ထမင်း အကြောင်းပြောရင် ပင်ဆယ်ဗေးနီးယားက သူငယ်ချင်းကို သတိရ ပါတယ်။ ကျွန်တော် အမေရိကန် ရောက်တဲ့ အခါတိုင်း သူနဲ့ ဖုန်းပြော ဖြစ်ပါတယ်။ တစ်နေ့တော့ ကျွန်တော်တို့ ထမင်း အကြောင်း စကားစပ်မိလို့ ပြောကြရင်း သူက ငါတို့ဆီမှာ ဆန်မရှိဘူးကွ လို့ ပြောလို့ ကျွန်တော် အတော်လေး အံ့အားသင့် သွားပါတယ်။ အဲဒါနဲ့ ကျွန်တော်က သူ့ကို အဲဒါဆို ခင်ဗျား ထမင်း ဘယ်လိုစားသလဲ မေးတော့ ငါ အရင်တစ်ခေါက်က ကယ်လီဖိုးနီးယားကို အလည်သွားတုန်းက 10 Kg ရှိတဲ့ ဆန်တစ်အိတ် ဝယ်လာတယ်။ အဲဒါနဲ့ စားချင်စိတ် ပေါ်လာတိုင်း ချက်စားနေရတာပဲ လို့ သူက ကျွန်တော့်ကို ပြောပြပါတယ်။ ကျွန်တော့် စိတ်ထဲမှာ အတော်တော့ ထူးဆန်းနေပါတယ်။ အဲဒါကြောင့် နောက်နေ့ အေးဂျင့်ကို မင်းတို့ အမေရိကန်မှာ ဆန်ဒီလောက်တောင် ရှားရသလား မေးတော့ အေးဂျင့်က မရှားပါဘူးဟ။ ဝယ်လို့ ရပါတယ်။ ရိုးရိုးဆန် မရှိရင်တောင် ဆူရှီလိပ်တဲ့ဆန်တော့ ဘယ်နေရာ မဆို ဝယ်လို့ ရပါတယ် လို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။ မင်းသူငယ်ချင်း ဝယ်လို့ မရဘူး ဆိုတာ ဘယ်နားဝယ်ရမှန်း မသိလို့ နေမှာပါ ဆိုမှပဲ ကယ်လီဖိုးနီးယားကနေ ပင်ဆယ်ဗေးနီးယား အထိ လေယာဉ်နဲ့ 10 Kg ဆန်တစ်အိတ်ကို တကူးတက သယ်လာရတဲ့ သူ့အဖြစ်ကို စဉ်းစားပြီး ပြုံးမိပါတယ်။

Labels:
ခရီးသွား,
ဟော်လန်,
အမေရိကန်,
အိုင်ယာလန်,
ဥရောပ
Sunday, October 31, 2010
ခရီးသွားရင်း လွဲချော်ခြင်းများ
ခရီး တစ်ခါ ထွက်ရင် ဆောင်ရန် ရှောင်ရန် အတွက် တစ်ခုခု သင်ခန်းစာ ရတတ်ပါတယ်။ ကိုယ်နဲ့ အကျွမ်းတဝင် မရှိတဲ့ အရပ်ဒေသမှာ ချောက်ကျပြီးမှ ရထားတဲ့ သင်ခန်းစာဆိုတော့ နည်းနည်းတော့ အဖိုးတန်ပါတယ်။ ဒီတစ်ကြိမ် ဒုက္ခရောက်လို့ နောက်တစ်ခါ ထပ်မဖြစ်အောင် သတိထားပေမယ့်လည်း နောက်တစ်ကြိမ်ကျရင် နောက်တစ်မျိုး အသစ်အဆန်း ကြုံရတာပါပဲ။
ပထမဆုံးတော့ Hand Carry နဲ့ ပတ်သက်ပြီး ရဖူးတဲ့ သင်ခန်းစာပါ။ ကျွန်တော် လေယာဉ်ပျံစီးရင် Hand Carry သယ်ဖို့ အတော် ဝန်လေးပါတယ်။ ပျင်းတယ်လို့ ပြောရင်လည်း ရပါလိမ့်မယ်။ ပထမဆုံး အကြိမ် ခရီးရှည် လေယာဉ်ပျံစီးတော့ လက်ပ်တော့ပ်၊ ဖတ်စရာ စာအုပ် တစ်အုပ်၊ အနွေးထည် နဲ့ စီးကရက်ဗူး က လွဲရင် Hand Carry ထဲမှာ ဘာမှ ထည့်မသွား မိပါဘူး။ အဲဒီတုန်းက စင်ကာပူ လေကြောင်းလိုင်းနဲ့ လော့စ်အိန်ဂျလိစ် ကို သွားတာပါ။ ဇနပုဒ်သား အမေရိကား သွားရမယ် ဆိုတော့လည်း ခါတိုင်းလို ပေါ့ပေါ့ပါးပါး ဝတ်စား မသွားပဲ ရှပ်အင်္ကျီ တွေ ဘာတွေနဲ့ သားသားနားနား ဖြစ်နေပါတယ်။
လေယာဉ်ပေါ်မှာကတော့ စင်ကာပူ လေကြောင်းလိုင်းရဲ့ ထုံးစံအတိုင်း Business Class မဟုတ်ပေမယ့်လည်း အစားအသောက်ကို တစ်မျိုးပြီး တစ်မျိုး ကျွေးပါတယ်။ ညနေစာ စားပြီးတော့ ရေခဲမုန့် လာကျွေးတော့ ချော့ကလက် ရေခဲမုန့်ပါ။ အရှေ့က ဖွင့်ထားတဲ့ ရုပ်ရှင်ကြည့်ရင်း စားလိုက်တာ ရေခဲမုန့် တစ်ဝက်ကျိုးတော့မှ အင်္ကျီပေါ် ရေခဲမုန့် ဖိတ်ကျတာ အတော်များမှန်း သတိထားမိပါတယ်။ ရှပ်အင်္ကျီ အပြာရောင်ပေါ်မှာ ချော့ကလက် ရေခဲမုန့် စွန်းနေတာ မြင်မကောင်းပါဘူး။ ဒါပေမယ့် Hand Carry ထဲ အင်္ကျီ တစ်ထည်တောင်မှ အပိုပါ မသွားတော့လည်း လဲစရာက မရှိပါဘူး။ လေယာဉ်ပျံပေါ် ရောက်မှ အဝတ်အစား တစ်စုံတစ်လေ ထည့်မလာ မိတာ အတော် မှားမှန်း သိပါတယ်။ တွိုင်းလက်ထဲသွားပြီး ရေနဲ့ သွားဆေး ပေမယ့်လည်း အစွန်းအကွက်က လျော့မသွားပါဘူး။ လေယာဉ်ပျံပေါ်မှာ အဲဒီ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေပါတယ်။ အနွေးထည် အင်္ကျီ ပါလာလို့ မသိမသာ အနွေးထည် အပေါ်က ထပ်ဝတ်ထားလိုက် ရပါတယ်။ ကြည့်ရ မဆိုးတော့ပေမယ့် နေရတာတော့ အတော်အိုက်ပါတယ် ဆိုသလိုမျိုး ဖြစ်သွား ပါတယ်။
အဲဒါကြောင့် နောက်တစ်ခေါက်က စပြီး ခရီးသွားတိုင်း Hand Carry ထဲမှာ အင်္ကျီ တစ် စုံ အမြဲတမ်း အပို ထည့်သွားတတ် ပါတယ်။ ဒါပေမယ့်လည်း နောက်တစ်ခါ ကျတော့ နောက်တစ်မျိုး ကြုံရပြန် ပါတယ်။ အဲဒီ အခါက အိုင်ယာလန်သွားတော့ လန်ဒန် ဟိသ်ရိုးမှာ လေယာဉ် ပြောင်းစီးရပါတယ်။ ဟိသ်ရိုးက တခြားလေဆိပ်နဲ့ မတူပါဘူး။ တခြားလေဆိပ်တွေမှာ Hand Carry အတွက် အိတ်တစ်လုံးနဲ့ လက်ပ်တော့ပ် တစ်လုံး သယ်ခွင့် ပေးပေမယ့် ဟိသ်ရိုးမှာက လက်တော့ပ် အပါအဝင်မှ အိတ်တစ်လုံးပဲ သယ်လို့ ရပါတယ်။ အစကတော့ ထရန်စစ် ဆိုလို့ ကိစ္စမရှိဘူး ထင်ပေမယ့် လန်ဒန်မှာ လေယာဉ်ဆင်းတော့ အင်မီဂရေးရှင်း အပြင်ထွက်ပြီး ပါလာတဲ့ အိတ်ကို Check-in လုပ်ခိုင်းပါတယ်။ အိုင်ယာလန် ဒပ်ဗလင် လေဆိပ်ရောက်တော့မှ စပြီး တိုင်ပတ် တော့တာပါပဲ။
ကျွန်တော်တို့ လေယာဉ်က လန်ဒန်မှာ ဆင်းပြီး သိပ်မကြာခင် နောက်လေယာဉ်တစ်စင်းကို ပြောင်းရတာ ဆိုတော့ အိုင်ယာလန် ရောက်တော့ လန်ဒန်မှာ အပြင်ထွက်ပြီး Check-in လုပ်လိုက်တဲ့ အိတ်က ပါလာပေမယ့် စင်ကာပူမှာ Check-in လုပ်လိုက်တဲ့ အဝတ်အစား အိတ်က ပါမလာပါဘူး။ လေဆိပ်က ကောင်တာကို မေးတော့ အိတ်မရောက်သေးဘူး။ ရောက်တာနဲ့ ဟိုတယ်ကို ပို့ပေးမယ် လို့ ပြောပါတယ်။ သူတို့က အိတ်ပို့ပေးဖို့ ဟိုတယ် လိပ်စာတောင်းတော့ ကျွန်တော် မသိပါဘူး။ ဟော်လန်က လာတဲ့ အေးဂျင့်နဲ့ ဒပ်ဗလင် လေဆိပ်မှာ တွေ့ပြီးမှ ဆက်သွားဖို့ စီစဉ်ထားတာ ဆိုတော့ ခရီးဆုံးက လိပ်စာကို ဟော်လန်က အေးဂျင့်ကပဲ သိပါတယ်။ သူ့လေယာဉ်က ဒပ်ဗလင်ကို မဆိုက်သေးပါဘူး။ အဲဒါနဲ့ သူရောက်လာတဲ့ အထိ စောင့်ပြီးတော့မှ သူ့ကို ဖုန်းဆက်ပြီး ဟိုတယ် လိပ်စာ လှမ်းမေးရပါတယ်။ ဖုန်းထဲမှာ သူက Wexford လို့ ပြောလို့ ကျွန်တော် က ကြားတဲ့ အတိုင်း ကောင်တာကို ပြန်ပြောလိုက် ပါတယ်။ ဝက်စ်ဖို့ဒ်က ဒပ်ဗလင်ကနေ မိုင် ၁၀၀ လောက် ဝေးတဲ့ အတွက် အိတ်က ဘယ်အချိန် ရောက်လာမလဲ ဆိုတာတော့ မှန်းလို့ မရပါဘူး။
ဒီလိုနဲ့ ဟော်တယ်ကနေပြီး ကျွန်တော့် အိတ်ကို စောင့်ပါတယ်။ ပထမတစ်ရက် ရောက်မလာ ပါဘူး။ ပထမ တစ်ရက်နဲ့ ကိစ္စ မရှိသေးပါဘူး။ ကျွန်တော့် Hand Carry ထဲမှာ အဝတ်အစား တစ်စုံ အပိုပါလာသေးတယ် ဆိုတော့ လဲစရာ ရှိပါသေးတယ်။ သေချာအောင် နောက်တစ်နေ့ မနက် လေဆိပ်ကို ဖုန်းဆက် မေးကြည့်တော့ ပို့လိုက်ပြီ လို့ ပြောပါတယ်။ ဒါပေမယ့် ညနေစောင်းတော့လည်း ရောက်မလာသေးပါဘူး။ ကျွန်တော် မျက်လုံးပြူးနေပါပြီ။ လဲစရာ အင်္ကျီလည်း မကျန်တော့ ပါဘူး။ ညဘက် ပြန်ရောက်တာ မိုးချုပ်တော့ အပြင်ထွက်ဝယ်ဖို့လည်း အချိန်မမီ တော့ပါဘူး။ ဒါနဲ့ပဲ မနေ့က ဖြန့်လှန်းထားခဲ့တဲ့ အင်္ကျီ လေး အသာ ပြန်ဝတ် ရပါတယ်။ နောက်တစ်နေ့လည်း ရောက်မလာပါဘူး။ သေချာအောင် ဖုန်းဆက်မေးတော့ လိပ်စာ ရှာမတွေ့လို့ အိတ်က လေဆိပ်ပြန်ရောက်နေပြီ ပြောပါတယ်။ နည်းနည်းတော့ တင်းသွား ပါတယ်။ ဒီလောက် မြို့ကလေး သေးသေးကလေးမှာ ရှိတဲ့ ဟော်တယ် အကြီးကြီးကို ရှာမတွေ့ဘူး ဆိုတာ နည်းနည်းတော့ တရားလွန်ပါတယ်။ အဲဒါနဲ့ လိပ်စာကို ပြန်ပြောတော့မှ လေဆိပ်က လူတွေ Westport နဲ့ Wexford ကို နားကြားလွဲသွားတယ် ဆိုတာ သိလိုက်ရပါတယ်။ Westport က အိုင်ယာလန် မြောက်ဖက်မှာပါ။ ကျွန်တော်သွားတဲ့ Wexford ကတော့ တောင်ဖက်မှာပါ။ ညနေမှပဲ အိတ်က ဟိုတယ်ကို ရောက်လာပါတယ်။ ဒီညနေမှ ရောက်မလာ ရင်လည်း နောက်နေ့ စက်ရုံကနေလစ်ပြီး အင်္ကျီ သွားဝယ်ဖို့ စီစဉ် ထားပြီးသားပါ။ နောက်ဆို ကိုယ်မသိတဲ့ နေရာသွားရင် Hand Carry ထဲ ရှိသမျှ အဝတ်အစား အကုန် ထည့်ယူရမယ့် ပုံပဲလို့ တွေးမိပါတယ်။ (အဲလောက်တော့လည်း မလုပ်ဖြစ်ပါဘူး။ :D ) မသွားခင် သွားရမယ့် ခရီးဆုံးက လိပ်စာ ကြိုမေးတတ်တဲ့ အကျင့်တစ်ခုတော့ ရသွားပါတယ်။
ပိုက်ဆံလဲတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း သင်ခန်းစာ ယူစရာ ကြုံဖူးပါတယ်။ စင်ကာပူမှာ နိုင်ငံခြားပိုက်ဆံလဲရင် တခြားနိုင်ငံတွေထက် သက်သာပါတယ်။ ပိုလန်လို ချက်ရီပတ်ဘလစ်လို သိပ်မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာလည်း အတူတူပါပဲ။ ဒါပေမယ့် ဟော်လန်လို နိုင်ငံမျိုးမှာတော့ ပိုက်ဆံလဲနှုန်းချင်း သိပ်မကွာပေမယ့် ပိုက်ဆံလဲခ ကော်မရှင် ပေးရပါတယ်။ အဲဒီတော့ သိပ်မစားသာ လှပါဘူး။ ပထမဆုံး အခေါက် ချက်ရီပတ်ဘလစ်က ပြန်လာတော့ အိတ်ထဲမှာ ချက်နိုင်ငံ သုံးတဲ့ ပိုက်ဆံတွေ ပြန်ပါလာပါတယ်။ အဲဒါကို ချက်လေဆိပ်မှာ မလဲခဲ့ဘဲ ဟော်လန် ရောက်မှ လဲဖြစ်ပါတယ်။ သူတို့ရေးထားတဲ့ နှုန်းထားကြည့်တော့ ချက်မှာ လဲတာနဲ့ သိပ်မကွာလှပါဘူး။ ဒါပေမယ့် ပိုက်ဆံရတော့ မှန်းသလောက် မရတာမို့ ဖြတ်ပိုင်း စာရွက်ကလေးကို ပြန်ပြီး စစ်ကြည့်တော့ ကော်မရှင်ဆိုပြီး ဖြတ်ယူ ထားတာ ယူရို ၂၀ လောက်မို့ အတော် မြိန်သွားပါတယ်။
တခါတလေတော့ ပိုက်ဆံ လဲလို့မရလို့ သုံးစရာ မရှိတာလည်း ကြုံဖူးပါတယ်။ ပိုလန် ရောက်သွားတော့ ကျွန်တော်သွားတဲ့ စက်ရုံ ကျွန်တော်နေတဲ့ ဟိုတယ်က မြို့နဲ့ အတော်ဝေးတာမို့ ပိုက်ဆံလဲတဲ့ နေရာမရှိပါဘူး။ အိတ်ထဲမှာ ယူရို ပါလာပေမယ့် ပိုလန်မှာ ဇွာတာ (zloty) ပဲ သုံးလို့ ရတာမို့ ဘာမှ အသုံးမဝင် ပါဘူး။ နောက်ဆုံးတော့ ကြံရာမရတာနဲ့ အေတီအမ် စက်ကို သွား ပိုက်ဆံထုတ်ခ ပေးပြီး ခရက်ဒစ်ကတ်ဒ် ထဲကနေပဲ ပိုက်ဆံ ထုတ်သုံး လိုက်ရပါတယ်။
အေတီအမ် စက်နဲ့ ခရက်ဒစ် အကြောင်း ပြောရင်း ကျွန်တော်တို့ ကြုံခဲ့ဖူးတာ တစ်ခု ပြန်သတိရပါတယ်။ တစ်ခါက ကျွန်တော်တို့ ပြင်သစ်မှာ ကားမောင်းရင်း မိုင်နှုန်းကျော်လို့ ညကြီး သန်းခေါင် ရဲအဖမ်းခံရပါတယ်။ အဲဒီအကြောင်းကို နော်မန်ဒီရဲ့ည ဆိုတဲ့ ပို့စ်မှာ ရေးဖူးပါတယ်။ ရဲကို ဒဏ်ငွေဆောင်ဖို့ အေတီအမ်မှာ ပိုက်ဆံ သွားထုတ်တော့ ထူးထူးခြားခြား ကြုံရပါတယ်။ ကျွန်တော် ကိုယ်တိုင် မဟုတ်ပါဘူး။ ကျွန်တော်နဲ့ အတူသွားတဲ့ အေးဂျင့် ကြုံတာပါ။ သူ့မှာ ခရက်ဒစ်ကတ်ဒ် ၂ ကတ်ဒ် ပါပါတယ်။ ဘဏ်က ညဘက်ဆိုတော့ တံခါးပိတ်ထားပြီး အေတီအမ်ကို သွားဖို့ တံခါးပေါက်ဝမှာ ခရက်ဒစ်ကတ်ဒ် ဆွဲပြီး တံခါးဖွင့်ရပါတယ်။ သူ့ကတ်ဒ် ၂ ကတ်ဒ်ထဲက တစ်ကတ်ဒ်ကို တံခါးက လက်မခံပါဘူး။ အထဲရောက်လို့ အေတီအမ်မှာ ပိုက်ဆံ ထုတ်တော့ တံခါးဖွင့်လို့ရတဲ့ ကတ်ဒ်ကို စက်က လက်မခံပါဘူး။ နောက်တစ်ကတ်ဒ်နဲ့ပဲ ပိုက်ဆံ ထုတ်လို့ရပါတယ်။ အဲဒီအကြောင်း ကျွန်တော်တို့ ပြန်ပြောကြရင်း တစ်ကတ်ဒ်တည်းသာ ရှိရင် ပိုက်ဆံ ထုတ်ရမှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း ပြောဖြစ်ပါသေးတယ်။
ဒီပို့စ်ကို ရေးဖို့ ကြံနေတာ တစ်နှစ်လောက် ရှိပါပြီ။ နေ့ရွှေ့ညရွှေ့နဲ့ အခုမှပဲ ရေးဖြစ်တော့တာပါ။ ဆက်ရန်တွေ ရှိရင်လည်း ရှိပါဦးမယ်။

လေကြောင်း,
အတွေ့အကြုံ,
အမေရိကန်,
အိုင်ယာလန်
Friday, February 13, 2009
အမှတ်တရ ညနေစာ
နှစ်တစ်နှစ်ရဲ့ ဖေဖော်ဝါရီလ တစ်လမှာ အိုင်ယာလန်နိုင်ငံ ဝက်စ်ဖို့ဒ်ဒေသကို အလုပ်ကိစ္စနဲ့ ဒုတိယအကြိမ် ရောက်သွားခဲ့ပါတယ်။ အိုင်ယာလန်ကလည်း တစ်ခြား ဥရောပနိုင်ငံတွေလိုပါပဲ။ သူတို့ကို ကြည့်ရင် သြော် ကမ္ဘာပေါ်မှာ ငါတို့လို တစ်ချိန်လုံး အလုပ် မလုပ်ရဘဲ အလုပ် သက်သာတဲ့သူတွေ ရှိနေသေးပါလား ဆိုတဲ့ အတွေးမျိုး ဖြစ်စေပါတယ်။ ကျွန်တော်တို့ သွားပြီး အလုပ်လုပ်တဲ့ စက်ရုံမှာ ညနေ ၅ နာရီခွဲရင် အားလုံး ပြန်ကြပါတယ်။ အချိန်ပို လုပ်တဲ့သူဆိုတာ တစ်ယောက်မှ မရှိပါဘူး။ ကျွန်တော်နဲ့ ကျွန်တော်တို့ ဥရောပရုံးက အင်ဂျင်နီယာတစ်ယောက် ဖြစ်တဲ့ မာ့က်ခ် နှစ်ယောက်တည်းပဲ စက်တွေနဲ့ အတူ အမြဲ ကျန်ခဲ့တတ်ပါတယ်။
ပထမဆုံး အခေါက် ပထမဆုံးနေ့က ည ၁၀နာရီ ထိုးခါနီးတော့ ကျွန်တော်တို့ကို စက်ရုံထဲကနေ ထွက်ခိုင်းပါတယ်။ တံခါးပိတ်တော့မယ် ပြန်ပါဆိုမှ ကျွန်တော်တို့ ပြန်လာခဲ့တာပါ။ ည ၁၀ နာရီ အထိ အလုပ်လုပ်မိတဲ့ အကျိုးကတော့ ညစာငတ်တာပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ည၁၀နာရီ စက်ရုံက ပြန်လာတဲ့အချိန်မှာ စားသောက်ဆိုင်တွေ အားလုံး ပိတ်ကုန်ပါပြီ။ ဆိုင်အားလုံးက နောက်ဆုံး အော်ဒါကို ၉ နာရီ ကျော်ကျော် လောက်မှာ ယူပါတယ်။ မြို့ထဲမှာ ကားနဲ့ လှည့်ပတ်ပြီး စားသောက်ဆိုင် ရှာပေမယ့် တစ်ဆိုင်မှ မရှိတော့လို့ အဲဒီနေ့က ဓာတ်ဆီဆိုင်ကနေ ဆင်းဒဝစ် တစ်ယောက်တစ်ခုစီ ဝယ်ပြီး ညစာစားလိုက်ရပါတယ်။ နောက်နေ့က စပြီးတော့ နှစ်ယောက်စလုံး တိုင်ပင်စရာ မလိုပါဘူး။ ည၈နာရီ ကျော်တာနဲ့ ပြန်ကြတာပါပဲ။
ဒုတိယတစ်ခေါက်မှာ Whites of Ireland ဆိုတဲ့ ဟိုတယ်မှာ တည်းဖြစ်ပါတယ်။ ပထမဆုံးတစ်ခေါက် တည်းခဲ့တဲ့ ဟိုတယ်မှာ အခန်းလွတ် မရှိလို့ပါ။ Whites က အတော်လေး သားနားပါတယ်။ ဟိုတယ် အခန်းထဲမှာ Plasma Screen နဲ့ HDTV ရှိပြီး HD လိုင်းတွေ အမြဲတမ်း လွှင့်နေပါတယ်။ အမ်တီဗွီ လိုင်းက ကျွန်တော်တို့ ကြည့်နေကြ အမ်တီဗွီ အေးရှားလို ပေါက်တတ်ကရ အစီအစဉ်တွေ မလွှင့်ဘဲ သီချင်းအကောင်း တွေချည်းပဲ ဆက်တိုက် လွှင့်တတ်ပါတယ်။ အခန်းထဲမှာ ဝိုင်ယာလက်စ် အင်တာနက် လည်း သုံးလို့ရပါတယ်။ Whites ဆိုတဲ့ နာမည်နဲ့ လိုက်အောင် လားတော့ မသိပါဘူး။ ဟိုတယ်တစ်ခုလုံး ပြင်ဆင်ထားတာတွေ အတော်များများက အဖြူရောင် ချည်းပါပဲ။ ဟိုတယ်ရဲ့ စားသောက်ခန်းမ ကလည်း အတော်ကို သပ်သပ်ရပ်ရပ် ပြင်ဆင်ထား ပါတယ်။ ဒါပေမယ့် ဆိုးရွားတာက မီနူးထဲမှာ ရှိသမျှ အစားအသောက် အကုန်လုံး ယူရို ၂၀ ကျော်ချည်းပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ညနေစာကို ဟိုတယ်မှာပဲ အမြဲလိုလို စားဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ညစာစားတဲ့အချိန် လူသိပ်မရှိတာ များပါတယ်။ အလွန်ဆုံး ၂ ဝိုင်း ၃ ဝိုင်းပါပဲ။
ကျွန်တော်တို့ ဝက်စ်ဖို့ဒ်ကို ရောက်ပြီး ၃ ရက်မြောက်နေ့မှာ စက်ရုံက ပြန်လာပြီးတဲ့နောက် ထုံးစံအတိုင်း ညစာစားဖို့ ဟိုတယ်က စားသောက်ခန်းမ ထဲကို ဆင်းလာခဲ့ပါတယ်။ အဲဒီနေ့ကတော့ နည်းနည်း ထူးခြားနေသလိုပါပဲ။ ခါတိုင်းလို လူရှင်းမနေဘဲ စားသောက်ခန်းမ တစ်ခုလုံး အပြည်ု့နီးပါး လူရှိနေပါတယ်။ ဒါ့အပြင် အရှေ့မှာ အဖိုးကြီးတစ်ယောက်က ကလပ်စစ်ဂစ်တာ တီးနေပါတယ်။ ပုံမှန် ကျွန်တော်တို့ စားနေကျ ဘားတွေထဲမှာ ဂစ်တာတီးတာ အထူးအဆန်း မဟုတ်ပေမယ့် ဒီဟိုတယ်မှာတော့ အရင်က အဲဒီလို ဂစ်တာတီးတဲ့သူ တစ်ခါမှ မမြင်ဖူးတဲ့ အတွက် နည်းနည်း ထူးဆန်းသလိုပါပဲ။
စားပွဲရဲ့ အပြင်အဆင်ကလည်း ခါတိုင်းနဲ့ မတူပဲ ထူးခြားနေပါတယ်။ ကျွန်တော်တို့ စားပွဲမှာ ထိုင်ပြီးတော့လည်း အရင်လို မဟုတ်ဘဲ စားပွဲထိုးတစ်ယောက်က ရှန်ပိန် လာငှဲ့ပေးပါတယ်။ အစားအသောက် မှာပြီးတဲ့အခါမှာတော့ မာက့်ခ်က ကျွန်တော့်ကို ပြောပါတယ်။
“ဒီနေ့ ထူးထူးခြားခြားပဲကွ။ စားသောက်ခန်းတစ်ခုလုံး လူပြည့်နေတယ်။ အဆင်အပြင်တွေလည်း ပြောင်းနေတယ်။”
သူသတိထားမိဟန် မတူပါဘူး။ ကျွန်တော်က အကြောင်းရင်းကို သိနေပါတယ်။
“ဒီနေ့ ဗယ်လင်တိုင်းဒေးလေ။ ကြည့်ပါလား။ တခန်းလုံး အကုန် အတွဲတွေချည်းပဲ။”
ကျွန်တော် ကျောင်းသားဘဝ တလျှောက်လုံး စားသောက်ဆိုင်မှာ အလုပ်လုပ်လာ ခဲ့တာပါ။ ဒီလိုနေ့မျိုး ဆိုရင် ဘယ်တော့မှ အလုပ်မလုပ်ပါဘူး။ ဘာလို့လဲဆိုတော့ ပိုက်ဆံလည်း ပိုမရ သူများအတွဲတွေကြည့်ပြီး စိတ်ညစ်ရ အလုပ်ကလည်း နှစ်ဆပင်ပန်း ဆိုတော့ ဒီလိုနေ့ဆိုရင် ကျွန်တော်တို့ အကြောင်းတစ်ခုခု ပြပြီး အလုပ်ဆင်းလေ့ မရှိပါဘူး။
အဲဒီတော့မှ သူက ခန်းမထဲ လှမ်းကြည့်ပြီး ရယ်ပါတယ်။ အခန်းထဲမှာ ရှိတဲ့ အတွဲတော်တော်များများက လူငယ်လူရွယ်ဆိုတာ မပါသလောက်ပါပဲ။ အသက် ၃၀ အရွယ်လောက်ကနေ ၆၀ ကျော်လောက်အထိ လူကြီးပိုင်းတွေများပါတယ်။ အားလုံးက ဗယ်လင်တိုင်းဒေးရဲ့ ညနေကို ကြည်ကြည်နူးနူး ခံစားနေတဲ့ ပုံပါပဲ။ သူတို့ကို ကြည့်ရတာ စိတ်ထဲမှာတော့ လွမ်းသလိုလို ဆွေးသလိုလို ကိုယ့်ဘာသာကိုယ် ဘာဖြစ်မှန်းမသိ ဖြစ်သွားစေပါတယ်။
မာ့က်ခ်က ကျွန်တော့်ကို ပြောပါတယ်။
“ငါတို့ ဘဝကလည်း ဆိုးလိုက်တာကွာ။ ဗယ်လင်တိုင်းဒေးတောင် မိန်းမနဲ့အတူ ညစာမစားရဘူး။ လမ်းမပေါ်မှာ ချည်းပဲ။ မင်းကြည့် ကြည့်စမ်းပါ။ အားလုံးအတွဲတွေချည်းပဲ။ အတွဲမဟုတ်တာ ဆိုလို့ ငါတို့ နှစ်ယောက်ပဲ ရှိတယ်။”
သူပြောတာလည်း မှန်ပါတယ်။ အဲဒီအခန်းထဲမှာ အတွဲမဟုတ်တဲ့ စားပွဲဆိုလို့ ကျွန်တော်တို့ နှစ်ယောက်ရဲ့စားပွဲပဲ ရှိပါတယ်။ သူအဲဒီလို ပြောပြီးတော့ ကျွန်တော်တို့ နှစ်ယောက် သဘောကျလို့ ရယ်မိကြပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ နှစ်ယောက် အဲဒီနေ့ညက ဗယ်လင်တိုင်း မီနူးနဲ့ အတူ ဝိုင်တွေ ရှန်ပိန်တွေတော့ အလကားနီးပါး သောက်လိုက်ရပါတယ်။

Saturday, November 22, 2008
ဘတ်ဂျက်အဲယားလိုင်းဖြင့် ခရီးသွားခဲ့စဉ်က
ဘတ်ဂျက်အဲယားလိုင်းများ အကြောင်းကြားဖူးနေသည်မှာ ကြာပြီဖြစ်သော်လည်း နှစ်အတော်ကြာသည်အထိ ကျွန်တော်တစ်ခါမှ မစီးဖြစ်ခဲ့ပါ။ ထိုအခါကတော့ ဘတ်ဂျက်လေကြောင်းလိုင်းကို စီးဖြစ်ဖို့ အကြောင်းကဖန်တီးလာပါသည်။
ကျွန်တော် တည်းခိုနေထိုင်သော နေရာမှာ ဟော်လန်နိုင်ငံမှ မြို့ငယ်ကလေးတစ်မြို့ ဖြစ်သည်။ ထိုမြို့မှတဆင့် အိုင်ယာလန်နိုင်ငံသို့ ခရီးဆက်ရမည်ဖြစ်သည်။ အမ်စတာဒမ်လေဆိပ်နှင့် အတော်အလှမ်းဝေးသော နေရာတွင် ရှိသည်ကတစ်ကြောင်း အမ်စတာဒမ်လေဆိပ်တွင် လေယာဉ်ပြေးလမ်း အလွန်ကျပ်သဖြင့် လေယာဉ်တက်ရမည့် အချိန်ကို ကြာမြင့်စွာ စောင့်ဆိုင်းရသည့် ဒုက္ခကို မခံလို်သည်က တစ်ကြောင်းတို့ကြောင့် ကျွန်တော်တို့ ကုမ္ပဏီမှ ခရီးစီစဉ်သူများက ဟော်လန်နိုင်ငံ အိုင်ဒိုဗင် လေဆိပ်မှတဆင့် အိုင်ယာလန်သို့ သွားရောက်ရန် ရွေးချယ်ပေးခဲ့ကြပါသည်။
အိုင်ဒိုဗင်ဆိုသည့်မြို့မှာ ချန်ပီယံလိခ် ဘောလုံးပွဲတွင် ပါဝင်ကစားလေ့ရှိသော ပီအက်စ်ဗွီ အိုင်ဒိုဗင် ( PSV Eindhoven) အသင်း အခြေစိုက်ရာမြို့ဖြစ်ပြီး အိုင်ဒိုဗင်လေဆိပ်မှာလည်း ဘတ်ဂျက်လေကြောင်းလိုင်း အများစုသာ ပျံသန်းလေ့ရှိသော လေဆိပ်ဖြစ်သည်။ ကျွန်တော်လေဆိပ်သို့ရောက်သွားသည်အထိ ကျွန်တော်တို့စီးရမည့် လေယာဉ်မှာ ဥရောပရှိ နာမည်ကြီး ဘတ်ဂျက်လေကြောင်းလိုင်းဖြစ်သော ရိုင်ယန်အဲယား (Ryan Air) မှ လေယာဉ်ဖြစ်ကြောင်းမသိခဲ့ပါ။
ကျွန်တော်တို့၏ ခရီးဆောင်အိတ်များကို Check-in လုပ်သော နေရာသို့ရောက်မှ စ၍ သတိပြုမိပါသည်။ ကျွန်တော်နှင့် အဖော်ပါလာသော ဥရောပရုံးခွဲမှ ဒတ်ခ်ျအင်ဂျင်နီယာတွင် ပစ္စည်းကိရိယာများထည့်ထားသော Toolbox တစ်ခုပါလာသည်။ ထို Toolbox အတွက် ဝန်ပိုကြေး ယူရို ၉၀ မျှ ပေးလိုက်ရသည်။ ထိုအင်ဂျင်နီယာက “ငါတို့လေယာဉ်ပျံလက်မှတ်က ဒီကနေ ဒပ်ဘလင်အထိ ယူရို ၃၀ ပဲပေးရတယ်ကွ။ အခု ငါ့အိတ်ကို ယူရို ၉၀ ပေးလိုက်ရပြီ။ ” ဆိုပြီး ရယ်ရယ်မောမောနှင့် ကျွန်တော့်ကို ပြောပြမှ လေယာဉ်လက်မှတ် အလွန်ပင် ဈေးပေါကြောင်း သတိထားမိပါသည်။
အားလုံး Check-in လုပ်ပြီးသော အခါ လေဆိပ်အဆောက်အဦးအတွင်းသို့ ဝင်ခဲ့ကြလေသည်။ ထိုနေရာတွင် Immigration မှာ ကောင်တာ ၂ ခုသာ ရှိသည်။ ကျွန်တော်၏ မြန်မာနိုင်ငံကူးလက်မှတ်ကို မမြင်ဖူး၍ အထူးအဆန်း အနေနှင့် ကြည့်ကြသည်မှအပ အခြားပြသနာ ကြီးကြီးမားမားမရှိပါ။ ထို့နောက် ကျွန်တော်တို့ ခရီးသည်များ စောင့်ဆိုင်းသော နေရာသို့ ဝင်ရောက်ခဲ့ကြပါတော့သည်။ ခရီးသည်များ စောင့်ဆိုင်းသော နေရာမှာ ကျဉ်းကျပ်သော အခန်းငယ်ကလေးတစ်ခုမျှသာ ဖြစ်၍ ထိုင်ခုံအနည်းငယ်သာ ရှိသည်။ အများစုမှာ ခရီးဆောင်အိတ်ကို အောက်ချ၍ ထိုင်သူကထိုင် မှန်နံရံကို မှီ၍ ရပ်သူကရပ်နှင့်သာ ရှိကြလေသည်။
မကြာမီ ကျွန်တော်တို့သွားမည့် လေယာဉ်ပျံ ဆိုက်ရောက်လာပါသည်။ ကျွန်တော့်မိတ်ဆွေ ဒတ်ခ်ျအင်ဂျင်နီယာက “တံခါးဖွင့်လိုက်တာနဲ့ ငါတို့ လေယာဉ်ပျံ နောက်ပေါက်ကို ရောက်အောင် ပြေးကြမယ်။ ဒီမှာ ဦးရာလူစနစ်ပဲ။ ခုံနံပါတ် ပေးမထားဘူး။” ဟု သတိပေးသည်။ လေဆိပ်မှ တံခါးဖွင့်ပေးလိုက်သည်နှင့် ကျွန်တော်တို့ကွင်းထဲသို့ ပြေးထွက်ခဲ့ကြသည်။ သူသတိပေးထားသည့်အတိုင်း နောက်တံခါးပေါက်သို့ ဦးတည်၍ ပြေးကြခြင်း ဖြစ်သည်။ ကျွန်တော်တို့ အရှေ့တွင် လူအနည်းငယ်သာရှိသည်။ လူအများစုမှာ ရှေ့တံခါးပေါက်သို့သာ ဦးတည်၍ ပြေးကြသဖြင့် ကျွန်တော်တို့အတွက် အလွန် အဆင်ပြေလေသည်။ လူအများစု လေယာဉ်ကွင်းထဲတွင် ပြေးလွှားနေကြသည်မှာ ပျော်စရာပင် ကောင်းသေးသည်။ လေယာဉ်ပျံပေါ်ရောက်တော့ ကျွန်တော် နှစ်သက်သော ပြတင်းပေါက်နေရာကိုပင် ဦးနိုင်လိုက်သေးသည်။
ဤလေယာဉ်မှာ အခြားလေယာဉ်များနှင့်မတူပါ။ အတော်ပင် ဝိတ်လျှော့ထားသည်။ လေယာဉ်ပျံထိုင်ခုံ၏ အရှေ့တွင် အခြားလေယာဉ်များတွင် ပါလေ့ရှိသော Seat Pocket ဟု ခေါ်သည့် ထိုင်ခုံအိတ်မရှိ၊ လေယာဉ်ပျံပြတင်းပေါက်များတွင်လည်း Window Shade ဟုခေါ်သည့် ပြတင်းပေါက်အကာ မရှိပါ။
မကြာမီ အချိန်အတွင်းတွင်ပင် လေယာဉ်ပျံသည် ပျံတက်လေတော့သည်။ နောက်မှ လေ့လာကြည့်သဖြင့် သိရသည်မှာ ဘတ်ဂျက်လေကြောင်းလိုင်းများသည် အခေါက်ရေများများဆွဲနိုင်ရန်အတွက် မိနစ် ၃၀ အတွင်း ခရီးသည် အတင်အချကို အပြီးလုပ်လေ့ရှိသည့် အကြောင်းပင်ဖြစ်သည်။ ဘတ်ဂျက်လေကြောင်းလိုင်းများ၏ ထုံးစံအတိုင်း ဘာမှ အလကားမကွေျးပါ။ အကုန်လုံး ဝယ်စားရပါသည်။ ကျွန်တော့်အနေနှင့်ကတော့ ညနေစာစားပြီးပြီ ဖြစ်သဖြင့် ဘာမှစားချင်စိတ်မရှိ၍ ဘာမှမစားတော့ပါ။ သူတို့ လေယာဉ်ပျံပေါ်တွင် စားစရာသောက်စရာများနှင့် ကံစမ်းရန် ခြစ်သည့် ကတ်ပြား (Scratch Card) ရောင်းချနေသည်ကိုတော့ တွေ့နေရပါသည်။ လေယာဉ်မောင်မယ်များမှာ အလွန်ပင်ပျော်ပါးနေကြပုံပေါက်ပြီး အန္တရာယ်ကင်းရှင်းရေး သရုပ်ပြ (Safety Demonstration) လုပ်ရန်ကို ပင်မေ့လျော့နေကြပါသည်။ ထိုခရီးစဉ်တွင် အန္တရာယ်ကင်းရှင်းရေး သရုပ်ပြ မလုပ်သည်ကိုလည်း သတိထားမိပါသည်။
ကျွန်တော် လေယာဉ်ပြတင်းပေါက်မှသာ အပြင်သို့ ကြည့်နေမိပါသည်။ အောက်တွင် မီးတွေထိန်ထိန်လင်းနေသော မြို့ကြီးတစ်မြို့ကိုတော့ သတိထားမိသည်။ ကျွန်တော့် စိတ်အထင် လန်ဒန်မြို့ဖြစ်သည်ဟု ထင်သော်လည်း မသေချာပါ။ ကောင်းကင်တွင် တိမ်ကင်းစင်နေသည်က တစ်ကြောင်း ပြတင်းပေါက်အကာများ မရှိသည်က တစ်ကြောင်းတို့ကြောင့် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရပါသည်။ ကျွန်တော့်ကို စိတ်အနှောက်အယှက်အပေးဆုံးအရာကတော့ လေယာဉ်ပျံ အတောင်ပံပင်ဖြစ်သည်။ လေယာဉ်ပျံအတောင်ပံ လှုပ်နေသည်ကို မကြာခဏ မြင်နေရသည်။ ကျွန်တော့်စိတ်ထဲတွင်တော့ ဒီလေယာဉ်ပျံ အတောင်ပံကိုပါ ဝိတ်လျှော့ထားသလား မသိဘူးဟု ကြံကြံဖန်ဖန် စဉ်းစားမိပါသည်။ အမှန်တကယ်ကတော့ ဘယ်လောက် လေယာဉ်ပျံကြီးသည်ဖြစ်စေ အတောင်ပံကတော့ လှုပ်သည်ပင်ဖြစ်သည်။
ဒီလိုနှင့် တစ်နာရီကျော်မျှ စိတ်မသက်မသာဖြစ်ပြီးသော အခါတွင်မှ အိုင်ယာလန်နိုင်ငံ ဒပ်ဘလင် လေဆိပ်သို့ ဆိုက်ရောက်ပါတော့သည်။ ထိုအခါတွင်မှ ကျွန်တော် စိတ်ပေါ့ပါးသွားသည်။ ကျွန်တော့်အဖော် ဒတ်ခ်ျအင်ဂျင်နီယာကို မေးကြည့်သော အခါ အပြန်ခရီးတွင် အမ်စတာဒမ်လေဆိပ်မှ စင်ကာပူသို့ တိုက်ရိုက်ပြန်နိုင်ရန်အတွက် ကျွန်တော့်အတွက် အိုင်ယာလန်ပိုင် အဲယား လင်းဂတ်စ် (Aer Lingus) လေကြောင်းလိုင်း ဖြင့် လက်မှတ်စီစဉ်ထားကြောင်း သိရသဖြင့် ပို၍စိတ်အေးသွားပါတော့သည်။
နောင်တွင် ကိုယ့်ဘာသာကိုယ်ခရီးသွားလျှင်တော့ ဘတ်ဂျက်အဲယားလိုင်းကို တတ်နိုင်သမျှ ကြည့်ရှောင်မည်ဟုတော့ စိတ်ထဲမှာ တေးထားလိုက်မိပါတော့သည်။

Subscribe to:
Posts (Atom)