အင်္ဂလိပ်လို မန်းနီး လို့ပဲ ခေါ်ခေါ် တရုတ်လို ချန် လို့ပဲ ခေါ်ခေါ် မြန်မာလို ရေ၊ ဝက် လို့ပဲ ခေါ်ခေါ် ငွေကြေးလို့ အဓိပ္ပာယ်ရတဲ့ ကြားခံပစ္စည်းတစ်ခုကို ပိုင်ဆိုင် သုံးစွဲတဲ့ ပမာဏဟာ လူတစ်ဦးနဲ့ တစ်ဦး မတူကြဘူး ဆိုတဲ့ အကြောင်းကို အထူးအထွေ ပြောပြ နေစရာ မလိုပါဘူး။ ပိုက်ဆံ ရှိတဲ့သူက ရှိတဲ့အတိုင်း သုံးတတ်ကြသလို ပိုက်ဆံ မရှိတဲ့ သူကလည်း ရှိတာနဲ့ ဖြစ်အောင် သုံးကြပါတယ်။ ပိုက်ဆံရှိတဲ့ သူတစ်ယောက် အတွက် ဒေါ်လာ ၄-၅ သောင်း ဆိုတာ လပ်စ် ဗီးဂတ်စ်က ဟိုတယ်တစ်ခုမှာ တစ်ညတာ တည်းခိုဖို့ စရိတ်ဖြစ်ပေမယ့် ပိုက်ဆံ မရှိတဲ့သူတွေ အတွက်တော့ အဲဒီ ပိုက်ဆံဟာ သူတို့ရဲ့ တစ်သက်တာ သုံးစွဲရတဲ့ငွေ ပမာဏထက် များပါတယ်။
ပိုက်ဆံရှိတဲ့သူ သူ့ဘာသာသူ ရှိကြတာ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် ပိုက်ဆံ မရှိတဲ့သူတွေ မရှိကြ တာတော့ ပြဿနာ တစ်ခု ဖြစ်ပါတယ်။ ကံကံ၏ အကျိုး ပဲ ဆိုဆို၊ ဘုရားသခင်က မတရားဘူးပဲ ပြောပြော၊ ဤဒွန္တယာကြီးမှာ ဘုရားသခင် အလိုတော်အတိုင်း အားလုံး ဖြစ်နေတယ်ပဲ ထင်ချင်ထင် ဘယ်လိုပဲ ယူဆသည် ဖြစ်စေ ပိုက်ဆံ မရှိလို့ ကျန်းမာရေး၊ ပညာရေး အဘက်ဘက်က နိမ့်ကျနေတဲ့ သူတွေကို လူ့အဖွဲ့အစည်းထဲက လူတစ်ယောက် အနေနဲ့ လျစ်လျူရှု မထားပဲ တတ်နိုင်သလောက် ပြန်ပြီး ကြည့်ရှု စောင့်ရှောက် သင့်တယ် ဆိုတာကတော့ လူသားဆန်တဲ့ အတွေးအခေါ်၊ လူပီသတဲ့ အတွေးအခေါ် မျိုးလို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။
တရုတ်စကားပုံ တစ်ခုမှာ လူတစ်ယောက်ကို ငါးတစ်ကောင်ပေးရင် ထမင်းတနပ်ပဲ စားလို့ရမယ်။ သူ့ကို ငါးဖမ်းနည်း သင်ပေးရင်တော့ တစ်သက်လုံး စားလို့ ရမယ်လို့ ပြောထားတာ ရှိပါတယ်။ အမေရိကန် သမ္မတဟောင်း ကလင်တန်ကလည်း သူ့ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ်ထဲမှာ ဆင်းရဲတဲ့သူတွေကို ကူညီချင်ရင် ပေးကမ်းတာ (Hand Out) ထက် သူတို့ဘဝကို တိုးမြင့်အောင် ကူညီပေးတာ (Hand Up) က ပိုထိရောက်တယ်လို့ ရေးခဲ့ဖူးပါတယ်။ အဲဒီတော့ ဆင်းရဲတဲ့သူတွေကို သနားရင် ကြည့်ရှုစောင့်ရှောက် ချင်ရင် သူတို့ ဘဝကို တိုးတက်အောင် လုပ်ပေးတာက ပိုပြီး ထိရောက်တဲ့ နည်းလမ်း ဖြစ်ပါလိမ့်မယ်။
သမိုင်း အစဉ်အဆက်ကို ပြန်ကြည့်ရင် မြေရှင် ပဒေသရာဇ်တွေကြောင့် ကျောမွဲ လယ်သမား လူတန်းစားတွေ ရှိနေခဲ့တာ။ အရင်းရှင်တွေကြောင့် ဆင်းရဲတဲ့ အလုပ်သမား လူတန်းစားတွေ ရှိနေခဲ့တာ ဆိုပြီး ပဒေသရာဇ် တွေကို တော်လှန်သလို အရင်းရှင် စီးပွားရေး စနစ်ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြ ဖူးပါတယ်။ အလုပ်လုပ်တဲ့ အလုပ်သမားတွေသာ အခွင့်အရေး အပြည့်အဝ ခံစားခွင့်ရမယ်။ အလုပ်သမားတွေ ကို ခေါင်းပုံဖြတ်တဲ့ အရင်းရှင် တွေကို ဖယ်ရှား ပစ်ရမယ်လို့ ကွန်မြူနစ် ဝါဒသမားတွေ ဆိုရှယ်လစ် ဝါဒသမားတွေ ကြုံးဝါးခဲ့ကြဖူးပါတယ်။ ဆိုဗီယက် ခေါင်းဆောင် ခရူးရှက်က တစ်ချိန်ကျရင် သူတို့ ဆိုဗီယက် အလုပ်သမား လူတန်းစားတွေ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေနဲ့ အမေရိကန် တွေကို ဖို့သတ်ပစ်မယ်လို့ ကြိမ်းဝါးခဲ့ဖူး ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ လူအများ မကောင်းဘူးလို့ မြင်ထားကြတဲ့ အရင်းရှင် အမေရိကန်က အောင်မြင်ခဲ့ပြီး အရင်းရှင် မဟုတ်ဘဲ ပြည်သူ့ အင်အားနဲ့ ကုန်ပစ္စည်း ထုတ်လုပ်ခဲ့တဲ့ ဆိုဗီယက် ပြည်ထောင်စုကတော့ တစစီ ဖြစ်တဲ့ အထိ ပြိုကွဲခဲ့ရ ပါတယ်။ ဆရာအောင်သင်းကတော့ တစ်ချိန်က ကွန်မြူနစ်တွေ တွက်ခဲ့တဲ့ အလုပ်သမားတွေရဲ့ လုပ်အားမှာ အရင်းရှင်တွေရဲ့ လုပ်ရည်ကိုင်ရည်နဲ့ ကြံစည် တွေးတောနိုင်စွမ်း တွေကို လုပ်အားတစ်ခု အနေနဲ့ ထည့်မတွက်ခဲ့တဲ့ အတွက် မှားသွားတယ်လို့ ပြောခဲ့ဖူးပါတယ်။ အခုအချိန်မှာတော့ အရင်းရှင်စနစ်လို့ လူတွေ သိထားတဲ့ စနစ်ထက် ကောင်းတဲ့ စနစ် တစ်ခု မရှိသေးတဲ့ အတွက် အကောင်းဆုံး စနစ်တစ်ခု အနေနဲ့ သုံးနေရပါတယ်လို့ အမေရိကန် သမ္မတ တစ်ယောက်က ဝန်ခံခဲ့ဖူးပါတယ်။
ဆင်းရဲမွဲတေမှုတွေကို တိုက်ဖျက်ဖို့ အတွက် ပထမဆုံး အနေနဲ့ လူတွေကို ဆင်းရဲတဲ့ သံသရာကနေ ဆွဲထုတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဆင်းရဲလို့ ပိုက်ဆံ မရှိတဲ့သူ တစ်ယောက်အနေနဲ့ ရင်းနှီးစားစရာ မရှိလို့ နေ့ပြန်တိုး ယူရပါတယ်။ နေ့ပြန်တိုး ဆိုတာ တစ်နေ့ ကို ၁၀၀ ချေးရင် ၁၀ ရာခိုင်နှုန်းမက ပြန်ပေးရတတ်တာ မျိုးပါ။ အဲဒီလို ချေးထားတဲ့ ပိုက်ဆံအတွက် အတိုးပေးလိုက်ရတဲ့ အတွက် သူတို့မှာ စားစရာ ကျန်အောင်တောင် မနည်း လုပ်ရပါတယ်။ ဒါနဲ့ပဲ ဆင်းရဲတွင်းကနေ မထွက်နိုင်တော့ ပါဘူး။ ဆင်းရဲမှုကို တိုက်ဖျက်တဲ့ နေရာမှာ ဒီလို လူမျိုးတွေကို အကူအညီ ပေးဖို့ အတွက် မိုက်ခရိုငွေချေးလုပ်ငန်း (Microcredit) ဆိုတာတွေ ပေါ်ပေါက်လာ ခဲ့ရပါတယ်။ အဲဒီ ငွေချေးလုပ်ငန်းတွေရဲ့ အတိုးနှုန်းတွေဟာ နေ့ပြန်တိုး ပေးတဲ့ အတိုးနှုန်းလောက် မများသလို ဘဏ်တွေက ချေးတဲ့ အတိုးနှုန်းတွေလောက်လည်း မနည်းပါဘူး။ ငွေချေးတဲ့ နေရာမှာ အဆုံးခံရတာမျိုး နည်းအောင် အတိုးနှုန်းကနေ ပြန်ပြီး ကာဗာ ယူထားသလို ငွေချေးတဲ့ အေးဂျင့်အနေနဲ့ သူသိတဲ့ လူတွေကိုသာ ရွေးချယ်ချေးတာမျိုး၊ ငွေချေးတဲ့သူတွေကို အဖွဲ့အစည်းတစ်ခု အနေနဲ့ ဖွဲ့ထားပြီး အဲဒီ အဖွဲ့အစည်းထဲက လူတစ်ယောက် ထောက်ခံ ပေးမှ ငွေချေးလို့ ရတာမျိုး စတဲ့နည်းလမ်းမျိုးတွေနဲ့ ချေးထားတဲ့ ပိုက်ဆံတွေ မရှုံးအောင် ကာကွယ် ကြပါတယ်။ အဲဒီ လုပ်ငန်းကို အစက ဘဏ်တွေ အနေနဲ့ မဖြစ်နိုင်ဘူးလို့ ထင်ပြီး လျစ်လျူရှုခဲ့ကြပေမယ့် မိုက်ခရို ငွေချေးလုပ်ငန်း တွေရဲ့ အောင်မြင်မှုကို ဘဏ်တွေ အနေနဲ့ အသိအမှတ် ပြုလာရပါတယ်။ ဂျေပီ မော်ဂန်လို ဘဏ်တွေ အနေနဲ့ မိုက်ခရို ငွေချေး ဌာနခွဲကို ဖွင့်ပြီး ဒီနယ်ပယ်ထဲကို ဝင်ရောက်လာခဲ့ ကြရပါတယ်။ မိုက်ခရို ငွေကြေး လုပ်ငန်းတွေဟာ ဘဏ်တွေ အတွက် အကျိုးအမြတ် များစေသလို ဆင်းရဲမွဲတေမှု ပပျောက်ရေး အတွက်လည်း အများကြီး အထောက်အကူ ပေးနိုင်ပါတယ်။
တစ်ခါက ကျွန်တော်နဲ့ တစ်ရုံးတည်း လုပ်ဖော်ကိုင်ဘက် စင်ကာပူနိုင်ငံသား တစ်ယောက်က သူ့ရဲ့ အင်ဒိုနီးရှား ခရီးစဉ်မှာ တွေ့ခဲ့ရတဲ့ အတွေ့အကြုံ တွေကို ပြန်ပြောပြပါတယ်။ သူအင်ဒိုနီးရှားက မြို့ငယ်ကလေး တစ်မြို့ကို ရောက်သွားတော့ လမ်းမတွေပေါ်မှာ လမ်းဘေးမှာ ရပ်နေခဲ့တဲ့ သူတွေ အများကြီး တွေ့ခဲ့ရတယ်လို့ သူက ပြောပါတယ်။ လူတွေ အများကြီး လမ်းဘေးမှာ ရပ်နေကြလို့ သူ့အနေနဲ့ ဒီလူတွေ ဘာလို့ ရပ်နေကြတာလဲလို့ စုံစမ်းကြည့်မိပါတယ်။ ဒေသခံ တစ်ယောက်က သူတို့ ဘာမှ လုပ်စရာ အလုပ် မရှိလို့ လမ်းဘေးမှာ ရပ်စကား ပြောနေကြ တာပေါ့လို့ ပြောတော့ သူအတော်အံ့ဩ သွားခဲ့ရပါတယ် လို့ သူက ကျွန်တော့်ကို ပြန်ပြောပြ ပါတယ်။ စင်ကာပူလို အိမ်ထောင်တစ်ခုမှာ ယောက်ျားရော၊ မိန်းမပါ အလုပ်လုပ် ကြပြီး၊ တစ်ချို့ မိသားစုဆို ကျောင်းနေတဲ့ ကလေးတွေပါ မချန် အချိန်ပိုင်း အလုပ်လုပ်ကြတဲ့ နိုင်ငံ တစ်နိုင်ငံက လူတစ်ယောက် အတွက်တော့ လူတွေ အလုပ်မရှိလို့ လမ်းဘေး ရပ်နေရတယ် ဆိုတာ အံ့ဩစရာ တစ်ခု ဖြစ်ရင် ဖြစ်မှာပါ။ ကျွန်တော်တို့ အတွက်တော့ ကိုယ်တိုင် အလုပ်မရှိ အကိုင်မရှိ လက်ဖက်ရည်ဆိုင်ထိုင် ဟေးလားဝါးလား လုပ်တဲ့ ဘဝကနေ နိုင်ငံခြား ရောက်လာခဲ့ တာမို့ လူတွေ အလုပ်မရှိလို့ ဂယောင် ရိုက်နေတာ အထူး အဆန်း မဟုတ်ပါဘူး။
လုပ်စရာ မရှိလို့ အလုပ်မလုပ်ကြဘူး။ အလုပ်မလုပ်တော့ ပိုက်ဆံမဝင်။ ပိုက်ဆံ မဝင်တော့ ဆင်းရဲတယ် ဆိုတဲ့ ဆက်စပ်မှုကို အထွေအထူး ရှင်းပြ နေဖို့ မလိုပါဘူး။ အဲဒီတော့ ဆင်းရဲမွဲတေမှုကို ပပျောက်အောင် လုပ်ဖို့အတွက် လူတွေကို အလုပ်အကိုင် ဖန်တီး ပေးဖို့ လိုအပ်ပါတယ်။ လမ်းဘေးမှာ ဈေးရောင်းတာထက် စက်ရုံမှာ ကာယအား သက်သက် အလုပ်သမားအနေနဲ့ အလုပ်လုပ်တာ ပိုက်ဆံ ပိုရတယ်ဆိုရင် ဘယ်သူမှ လမ်းဘေးမှာ ဈေးရောင်းနေမှာ မဟုတ်ပါဘူး။ လမ်းဘေးမှာလည်း ဈေးမရောင်းရ၊ ဈေးမရောင်းရင်လည်း တခြား လုပ်စရာ မရှိဆိုတဲ့ အခြေအနေမျိုးမှာ မြို့တော် အင်္ဂါရပ်နဲ့ ညီညွတ်အောင် ဆိုပြီး လမ်းဘေး ဈေးသည်ကို ဖမ်းတာမျိုးကတော့ ဝမရှိဘဲ ဝိလုပ်ချင်တဲ့ သဘောမျိုး ဖြစ်နေပါတယ်။
အဲဒီတော့ ကိုယ့်နိုင်ငံသားတွေ အလုပ်အကိုင် ရဖို့ အတွက် နိုင်ငံခြားက တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု မျိုးကို အားပေးရ ပါမယ်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဆိုတဲ့ နေရာမှာလည်း အာရှနိုင်ငံတွေက အပြင် ဥရောပလို အမေရိကားကလို နိုင်ငံမျိုးတွေက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ အရေးကြီးပါတယ်။ အာရှက အလုပ်ရှင် တော်တော်များများ ကျွန်တော် ကြုံဖူးသလောက် ပြောရရင် အလုပ်သမား တစ်ယောက်ရဲ့ အခွင့်အရေး၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး စတာတွေကို ဂရုစိုက်တဲ့ နေရာမှာ ဥရောပကို ခြေဖျားတောင် မမှီပါဘူး။ လူမြင်ကောင်းအောင် လုပ်တာမျိုးလောက်ပဲ ရှိပါတယ်။ အလုပ်သမားတွေ ဘက်က ရွေးစရာ အခွင့်အရေး ရှိလာခဲ့ရင် အလုပ်ရှင်တွေ အနေနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ဂရုမစိုက်ဘဲ နေလို့ မရပါဘူး။ ကိုယ့်ဆီကို လာလုပ်ချင်အောင် သူများတွေနဲ့ တန်းတူ အခွင့်အရေး ပေးရမှာပါပဲ။
နောက်တစ်ခုက နိုင်ငံ တစ်ခုလုံး စီးပွားရေး တိုးတက်လာဖို့ လိုပါတယ်။ ကမ္ဘာ့ဘဏ် (World Bank) တို့၊ နိုင်ငံတကာငွေကြေးအဖွဲ့ (IMF) တို့ရဲ့ ပေါ်လစီ အတော်များများဟာ နိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင်ဖို့ ရေရှည်အတွက် အဓိက ထားလုပ်တာမျိုးပါ။ အဲဒါတွေကြောင့် သူတို့ရဲ့ ပေါ်လစီတွေဟာ တစ်ချို့တဝက်ကို ရေတိုမှာ ထိခိုက်စေနိုင်ပါတယ်။ နိုင်ငံတစ်ခုလုံး စီးပွားရေး တိုးတက်ဖို့ အတွက် လုပ်တဲ့ နေရာမှာ ထိခိုက်သွားတဲ့သူတွေကို အစိုးရဖက်က တစ်နည်းတစ်ဖုံ ပြန်ကြည့်ဖို့ လိုအပ်ပါတယ်။ အစုအဖွဲ့တစ်ခုတည်း ဖွံ့ဖြိုးတိုးတက် သွားတာထက် စာရင် အားလုံး အတူတူ တိုးတက်သွားတာ (All-Inclusive-Growth) က ပိုကောင်းပါတယ်။ ဒီလို တိုးတက် ဖို့ ဆိုတာလည်း စီမံကိန်းအကောင်အထည်ဖော်သူတွေ ပေါ်လစီ ချမှတ်သူတွေ ဘက်က တတ်နိုင်သမျှ ထောင့်စေ့အောင် ဆွေးနွေးငြင်းခုံပြီးမှာ ပေါ်လစီတွေ စီမံကိန်းတွေကို အကောင်အထည် ဖော်ဖို့ လိုအပ်ပါတယ်။
ပျင်းလို့ အလုပ်မလုပ်ချင်လို့ ကျန်ခဲ့တဲ့သူတွေကို လျစ်လျူရှုလို့ ရပေမယ့် အလုပ်လုပ်ချင် ရဲ့သားနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကြောင့် အခွင့်အလမ်း ပျောက်သွားတဲ့ သူတွေကိုတော့ မျက်ကွယ် မပြုသင့်ပါဘူး။ ဥပမာအားဖြင့် ရန်ကုန်မှာ မြေအောက်ရထားလမ်း ဆောက်ရင် အတော်များများ အတွက်ကောင်း သွားတာ မှန်ပေမယ့် မြို့ပတ်ရထားပေါ် မှီခိုပြီး မြို့ထဲကို ကုန်စိမ်း သယ်ပို့နေရတဲ့ ဈေးသည် တွေ အတွက် ဘယ်လို စီစဉ်ပေးမလဲ ဆိုတာမျိုးပါ ထည့်စဉ်းစားသင့် ပါတယ်။ နိုင်ငံ တစ်ခုလုံး စီးပွားရေး တိုးတက်လာရင် လူတွေမှာ ဝယ်နိုင်အား သုံးနိုင်အား တွေ ပိုကောင်းလာမယ်။ အဲဒါဆိုရင် ဈေးရောင်း ဈေးဝယ် လုပ်တဲ့သူတွေ၊ ဝန်ဆောင်မှု ပေးတဲ့သူတွေ စတဲ့ စီးပွားရေး အဆောက်အအုံ တစ်ခုလုံးမှာ တစိတ်တဒေသ ပါဝင်နေတဲ့သူ အားလုံးအတွက် အကျိုးများနိုင် ပါတယ် ဆိုတဲ့အတွက် စီးပွားရေး အဆောက်အအုံ တစ်ခုလုံး တိုးတက်ဖို့ ဆိုတာကိုတော့ အဓိက ဦးတည်ချက် အနေနဲ့ လုပ်ရမှာ ပါပဲ။
စီးပွားရေး တစ်ခုတည်း တိုးတက်ရုံနဲ့ မရပါဘူး။ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး စတာတွေကလည်း သူ့နေရာနဲ့သူ အရေးကြီးပါတယ်။ ဆေးရုံတွေ ဆောက်ပေးထားပြီး ဆေးရုံထဲမှာ ကျွမ်းကျင်တဲ့ ဆရာဝန် မရှိရင်၊ ဆေးဝါးပစ္စည်းမရှိရင်၊ ခေတ်မီ နည်းကိရိယာတွေ မရှိရင် မဖြစ်ပါဘူး။ အဲဒါအပြင် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံသားတွေကို အထောက်အပံ့ပေးထားတဲ့ အစီအစဉ်တွေ အာမခံ လုပ်ငန်းတွေ မရှိရင်လည်း မဖြစ်သေးပါဘူး။ စင်ကာပူလို နိုင်ငံမျိုးမှာတောင် လူတန်းစေ့ နေနိုင်စားနိုင်တဲ့ မိသားစုတွေ မိသားစုဝင်ထဲက တစ်ယောက်ယောက် နာမကျန်း ဖြစ်လို့ အကြွေးလည်ပင်းခိုက်အောင် မွဲသွားတာ မျိုး ရှိတတ်ပါတယ်။ ပညာရေး နဲ့ ပတ်သက်ရင်လည်း ကျောင်းတွေ ရှိပြီး အထဲမှာ ကျောင်းသား မရှိရင် ကျောင်းတွေ ဆောက်ရတဲ့ ရည်ရွယ်ချက် မအောင်မြင်ပါဘူး။ ကျောင်းနေ အရွယ် ကလေးတွေ အပြင်မှာ ထွက်ပြီး ဈေးရောင်းနေရတဲ့ ဘဝက လွတ်ကင်းအောင် ကိစ္စကို ထည့်စဉ်းစား ပေးဖို့ လိုပါတယ်။ အဲဒီလို လုပ်ပေးနိုင်ဖို့ မိဘတွေမှာ လုံလောက်တဲ့ ဝင်ငွေ ရှိမှ ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ ဆင်းရဲမွဲတေမှု လျော့ချတာဟာ နိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ်ကို ဖွံ့ဖြိုးအောင် သွယ်ဝိုက်သောနည်းနဲ့ အထောက်အကူ ပေးတာလို့ ပြောလို့ ရနိုင်ပါတယ်။
လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေး နဲ့ ငွေကြေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုး တိုးတက်ဖို့ကလည်း ဆင်းရဲမွဲတေမှု တိုက်ဖျက်တဲ့ နေရာမှာ အရေးပါတဲ့ နေရာက ပါပါတယ်။ လယ်သမား တစ်ယောက်အနေနဲ့ ဆက်သွယ်ရေး ကောင်းလို့ မြို့ပေါ်မှာ ရနိုင်တဲ့ ဈေးကို သိနိုင်ရင်၊ မြို့ပေါ်က ကုန်သည်တွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်ရင် ကြားခံ ပွဲစားက နေတဆင့် ဈေးနှိမ်ရောင်းစရာ မလိုပါဘူး။ လမ်းပန်းဆက်သွယ်ရေး ကောင်းရင် မြို့ပေါ်ကို လယ်ယာထွက်ကုန်တွေ တင်ပို့တဲ့ နေရာမှာ စရိတ်စက နည်းနည်းနဲ့ တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ရရင် ဆင်းရဲမွဲတေမှု တိုက်ဖျက်ဖို့ အတွက် အားလုံးကို တဘရိတ်တည်း ဖြေရှင်းပေးနိုင်မယ့် ဩသဓ နတ်ဆေး မရှိပါဘူး။ ဘက်စုံကဏ္ဍစုံကို တိုးတက်အောင် လုပ်ဖို့ လိုအပ်ပါတယ်။
ကြယ်ငါးတွေ အကြောင်း ပုံပြင်ကို ကြားဖူးကြမှာပါ။ လူတစ်ယောက်က ကမ်းစပ်မှာ တင်နေတဲ့ ကြယ်ငါး တစ်ကောင်ကို ပင်လယ်ထဲ လွှင့်ပစ်တော့ ဘေးနားက လူတစ်ယောက်က ဒီမှာ တင်နေတဲ့ ကြယ်ငါးတွေ အများကြီး တစ်ကောင်တစ်လေကို ပင်လယ်ထဲ လွှင့်ပစ်လို့ ဘာထူးသွားမှာလဲလို့ မေးပါတယ်။ အဲဒီတော့ လွှင့်ပစ်တဲ့ သူက ပြန်ဖြေပါတယ်။ တခြား ကြယ်ငါးတွေ အတွက် မထူးခြားပေမယ့် ဒီတစ်ကောင် အတွက်တော့ ထူးခြား သွားမှာပေါ့ ဆိုတာပါ။ ကျွန်တော့် အတွက်ကတော့ လောဘကြီးတယ် ပြောချင် ပြောပါ။ ကြယ်ငါး တစ်ကောင်တစ်လေကို ကယ်ရရုံလောက်နဲ့ အားမရပါဘူး။ ကြယ်ငါးတွေ အားလုံးကို ကယ်ချင်ပါတယ်။ ကယ်ဆယ်ဖို့ အခွင့်အလမ်း မရှိသေးရင်တောင် ရှိအောင် ဖန်တီး ယူချင်ပါတယ်။ အခြေအနေမပေးလို့ မကယ်နိုင်ခဲ့ပေမယ့် အခြေအနေပေးရင်တော့ တစ်ကောင်တစ်လေကို ကယ်မယ့် အစား အားလုံးကို ကယ်နိုင်အောင် ကြိုးစားသင့်တယ်လို့ တွေးမိလိုက်ပါတယ်။
Search This Blog
Showing posts with label ဘောဂဗေဒ. Show all posts

Monday, March 19, 2012
Friday, October 14, 2011
ညွှန်းကိန်းများ
ညွှန်းကိန်း (Index) ဆိုတာ သူ့ရဲ့ အဓိပ္ပာယ်ကို နားလည်တဲ့ သူအတွက်တော့ အလွန်တန်ဖိုး ရှိတဲ့ ဂဏန်းတွေပါ။ ညွှန်းကိန်းတစ်ခု ရဲ့ နောက်ကွယ်မှာ အဓိပ္ပာယ်တွေ အများကြီး ရှိနေပါတယ်။ ဒီညွှန်းကိန်းဟာ မိုးတိမ်ကို ပြတာလား၊ မြေကြီးကို ပြတာလား၊ မျက်ရည်ကို ပြတာလား၊ ရယ်သံကို ပြတာလား ဆိုတာကတော့ အဲဒီညွှန်းကိန်းရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို သိမှပဲ သဘောပေါက် နိုင်ပါလိမ့်မယ်။
ဂျီဒီပီ ဆိုတဲ့ စကားလုံးကတော့ လူတိုင်းလိုလို ကြားဖူးကြမှာပါ။ စုစုပေါင်း ပြည်တွင်း ထွက်ကုန် (Gross Domestic Product) ကို အတိုကောက် ခေါ်တဲ့ အင်္ဂလိပ် စကားလုံးပါ။ ဥပမာ မြန်မာပြည်ရဲ့ ဂျီဒီပီ ဆိုရင် မြန်မာပြည်တွင် ဖုတ်သည် ဆိုတဲ့ အန်တီဂွက်စ်ရဲ့ ဘိန်းမုန့်လည်း ပါပါတယ်။ ရေသန့်ဘူး ထည့်ကြော်တယ် ဆိုတဲ့ တာရှည်ခံ အကြော်တွေလည်း ပါပါတယ်။ အရှေ့က တသက်လုံး စိုက်ခဲ့တာ၊ တို့ခေတ်မှာတော့ ခုတ်ရမည် မလွဲပါ ဆိုပြီး ကျွန်တော်တို့ ခေတ်မှာ အပြိုင်အဆိုင် ခုတ်ရောင်းနေကြတဲ့ ကျွန်း၊ပျဉ်းကတိုး စတဲ့ သစ်တွေလည်း ပါပါတယ်။ စီးပွားရေး ပိတ်တယ် ဒါတော့ မပါဘူး ဆိုပြီး တိုတယ်လ်က စုပ်ယူနေတဲ့ သဘာဝ ဓာတ်ငွေ့လည်း ပါပါတယ်။ မြန်မာပြည်ထဲက ထွက်ထွက်သမျှ ပစ္စည်းအကုန်လုံးဟာ မြန်မာပြည်ရဲ့ ဂျီဒီပီထဲမှာ ထည့်တွက်ပါတယ်။
ဒါဆိုရင် ကျွန်တော်တို့ နိုင်ငံသားကောင်း ပီသစွာနဲ့ အခွန်ထမ်းဆောင်ခွင့် ပြုပါရန် ဆိုပြီး စာတတန် ပေတတန်နဲ့ ရေးဖွဲ့ ငိုပြပြီးမှ အခွန်ဆောင်ခွင့်ရတဲ့ သံရုံးမှာ အခွန်ဆောင်ထားတဲ့ ငွေတွေ၊ ဘဏ်က ငွေထုတ်စက်မှာ အလကား ရသလို တန်းစီတိုးထုတ်ပြီး အိမ်ပြန်ပို့ထားတဲ့ ပိုက်ဆံတွေ မပါဘူးလားလို့ မေးစရာ ရှိပါတယ်။ မြန်မာပြည်ရဲ့ ပြည်ပမှာ ရှာထားတဲ့ ပိုက်ဆံက မြန်မာပြည်ရဲ့ ဂျီဒီပီမှာ အကျုံး မဝင်ပါဘူး။ ဂျီဒီပီဆိုတာ ပြည်တွင်း ထုတ်ကုန် သက်သက်ကို တိုင်းတာတဲ့ ကိန်းပါပဲ။ အဲဒီတော့ ကျွန်တော်တို့ နိုင်ခြံဂါးမှာ ရှာထားတဲ့ ပိုက်ဆံက အဲဒီနိုင်ငံရဲ့ ဂျီဒီပီမှာပဲ အကျုံးဝင်ပါတယ်။
ဒါဆို ကျွန်တော်တို့ ပြည်တွင်းကို ပြန်ပို့ထားတဲ့ ပိုက်ဆံတွေက စာရင်းမရှိ အင်းမရှိလို့ ထင်စရာ ရှိပါတယ်။ (တကယ်လည်း စာရင်းဘယ်သူ့ဆီမှ မရှိပါဘူး။) ဒါပေမယ့် အဲဒီလို နိုင်ငံသားတွေက ပြည်ပမှာ ရှာတဲ့ ပိုက်ဆံကို စုစုပေါင်း အမျိုးသား ထုတ်ကုန် (Gross National Product) ဒါမှမဟုတ် ဂျီအင်န်ပီမှာ ပြလို့ ရပါတယ်။ အမျိုးသား ဆိုပေမယ့် အမျိုးသမီးတွေ ရှာတဲ့ ပိုက်ဆံလည်း ပါပါတယ်။ မြန်မာပြည်ရဲ့ ဂျီအင်န်ပီမှာ မြန်မာပြည်ထဲက နိုင်ငံသားတွေ ကြက်ဆူပင် ပျိုးပြီးရောင်း၊ မြွေဖမ်းရောင်း လုပ်ရင်း အကျိုးအမြတ် ရတဲ့ ငွေရယ်၊ ပြည်ပက မြန်မာနိုင်ငံသားတွေ အလုပ်ထဲမှာ ဖေ့စ်ဘွတ်ခ်သုံးရင်း အလကား ရနေတဲ့ ငွေ၊ မိုးလင်းမိုးချုပ် တကယ် လုပ်ရတဲ့ငွေ စတာမျိုးတွေ ကို ပေါင်းထားတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ဂျီအင်န်ပီ ထဲမှာတော့ တိုတယ်လ်က လာတူးသွားတဲ့ သဘာဝ ဓာတ်ငွေ့၊ မုံရွာမှာ ကနေဒါ အိုင်ဗင်ဟိုက လာဖြိုသွားတဲ့တောင် ဆိုတာတွေကိုတော့ ထည့်တွက်လို့ မရတော့ပါဘူး။ အဲဒါတွေက မြန်မာနိုင်ငံရဲ့ ဂျီဒီပီ ပေမယ့် သူတို့ နိုင်ငံတွေရဲ့ ဂျီအင်န်ပီနဲ့ပဲ သွားပြီး ဆိုင်ပါတော့တယ်။
အဲဒီတော့ ဂျီဒီပီကို ကြည့်ပြီး နိုင်ငံတစ်နိုင်ငံ ဝင်ငွေဘယ်လောက် ဖြောင့်သလဲ ဆိုတာ အကြမ်းမျဉ်း လောက်တော့ ခန့်မှန်းကြည့်လို့ ရမယ် ထင်ပါတယ်။ နိုင်ငံတကာ ငွေကြေးအဖွဲ့ လို့ခေါ်တဲ့ အိုင်အမ်အက်ဖ် ရဲ့ စာရင်းအရ မြန်မာပြည်ရဲ့ ၂၀၁၀ ခုနှစ် ဂျီဒီပီဟာ ၄၃ ဘီလီယံ ဒေါ်လာ နီးပါး ရှိပြီးတော့ လူတစ်ဦးချင်းရဲ့ ပျမ်းမျှ ဂျီဒီပီဟာ အမေရိကန် ဒေါ်လာ ၇၀၀ စွန်းစွန်း ရှိပါတယ်။ ကျွန်တော်တို့လည်း ခေသူတော့ မဟုတ်ပါဘူး။ တစ်နှစ်ကို ၄၃ ဘီလီယံ ဒေါ်လာဆိုတာ ကမ္ဘာ့နိုင်ငံ ၁၉၂ နိုင်ငံထဲမှာ အဆင့် ၁၀၀ မကျော်တဲ့ နေရာမှာ ရှိပါတယ်။
ဂျီဒီပီကို ပြလို့ ရှိရင် အမေရိကန် ဒေါ်လာနဲ့ပဲ ပြလေ့ ရှိပါတယ်။ ဒါပေမယ့် အမေရိကန် ဒေါ်လာဈေးက တသမတ်တည်း မရှိပါဘူး။ မခင်အေးမှာ တဈေး၊ ဘာလမ်းထဲ သွားရောင်းရင် တဈေး ဆိုတာမျိုး ပြောတာ မဟုတ်ပါဘူး။ အမေရိကန် တဒေါ်လာရဲ့ ပကတိတန်ဖိုးဟာ တစ်နေရာနဲ့ တစ်နေရာ မတူတာကို ပြောချင်တာပါ။ မြန်မာပြည်မှာ အမေရိကန် ၂ ဒေါ်လာ မြန်မာငွေ ၁၆၀၀ လောက်ဆိုရင် နေ့လယ်စာ စားလို့ ရပေမယ့် ဥရောပလို နေရာမျိုးမှာ အမေရိကန် ၂ ဒေါ်လာ နဲ့ ညီမျှတဲ့ ယူရိုငွေ နဲ့ ထမင်းစားလို့ မရပါဘူး။ အဲဒီလိုပဲ ဥရောပလို နေရာမှာ ဒေါ်လာတစ်သိန်းတောင် အကုန်ခံစရာမလိုပဲ လင်ခရူဆာလို ကားမျိုးကို ဝီခေါ်နေအောင် စီးလို့ ရပါတယ်။ မြန်မာပြည်မှာ သိန်း ၈၀၀ ဆိုရင်တော့ လင်ခရူဆာနဲ့ နည်းနည်း ဝေးနေပါသေးတယ်။ အဲဒီလိုပဲ ဒေါ်လာဈေးနှစ်ဆ ဖြစ်သွားလို့ မြန်မာပြည်က လူတွေ တဝက်လောက် ဆင်းရဲမသွားသလို ဒေါ်လာဈေးတစ်ဝက် ကျသွားလို့လည်း မြန်မာပြည်က လူတွေ နှစ်ဆ ချမ်းသာ မသွားပါဘူး။ အဲဒီလို ဒေါ်လှငွေရဲ့ ပကတိတန်ဖိုးဟာ နေရာပေါ်မူတည်ပြီး ကွဲပြားတဲ့ အတွက် ဂျီဒီပီရဲ့ ပကတိတန်ဖိုးကို သိဖို့ နည်းလမ်း ရှာရပါတယ်။
အဲဒီနေရာမှာ ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်း (Purchasing Power Parity) ဒါမှမဟုတ် ထရစ်ပယ်လ်ပီ ဆိုတာကို သုံးပါတယ်။ စျေးနှုန်းတစ်ခု ဥပဒေသကို မူတည်ပြီး ညှိနှိုင်းတာပါ။ ဥပမာ ငှက်ပျောသီး တစ်လုံး အမေရိကားမှာ ဘယ်လောက်တန်မယ်၊ မြန်မာပြည်မှာ ဘယ်လောက် တန်မယ်။ ဘီယာတစ်ခွက် အမေရိကားမှာ ဘယ်လောက် တန်မယ်။ မြန်မာပြည်မှာ ဘယ်လောက် တန်မယ်။ စတာမျိုး ကုန်စျေးနှုန်းတွေ ပေါ်မူတည်ပြီး ထရစ်ပယ်လ်ပီ က ပြောင်းသွားပါတယ်။
အဲဒီလို ဂျီဒီပီ ကို ထရစ်ပယ်လ်ပီနဲ့ ပြန်ညှိ လိုက်တဲ့ အခါမှာတော့ လူနေမှု စရိတ်ကြီးတဲ့ နိုင်ငံတွေရဲ့ ဂျီဒီပီဟာ ကျသွားပြီး လူနေမှု စရိတ်နည်းတဲ့ ဂျီဒီပီတွေရဲ့ ပကတိတန်ဖိုးဟာ တက်လာပါတယ်။ မြန်မာပြည်ရဲ့ ၂၀၁၀ ဂျီဒီပီကို ပီပီပီနဲ့ ပြန်ညှိလိုက်တော့ ၇၆.၅ ဘီလီယံ ဖြစ်သွားပါတယ်။ မြန်မာပြည်က ၄၃ ဘီလီယံဖိုး ထွက်တဲ့ ပစ္စည်းဟာ အမေရိကားလို နေရာမျိုးမှာဆိုရင် ၇၆.၅ ဘီလီယံ လောက် တန်လိမ့်မယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ မြန်မာနိုင်ငံက လူတစ်ဦးချင်းရဲ့ ဂျီဒီပီဟာ အဲဒီအခါမှာ အမေရိကန် ဒေါ်လာ ၁၂၅၀ ဖြစ်သွားပါတယ်။
မင်းပြောတော့ လူတစ်ဦးချင်းဝင်ငွေ အမေရိကန် ဒေါ်လာ ၁၂၅၀ တို့နိုင်ငံကြည့်တော့ ဘယ်နှယ့် ဖြစ်နေရတာလဲ မေးရင် ကျွန်တော်နဲ့ မဆိုင်ပါဘူး။ လွှတ်တော်ထဲမှာ သွားမေးကြပါ။ စတုတ္ထမဏ္ဍိုင်တွေကို မေးခိုင်းကြပါ။ အဲဒါဆိုရင် မင်းရဲ့ ဂျီဒီပီ ဆိုတာ ဘူးရှစ် ပဲလို့ ပြောရင်လည်း ခံရုံပါပဲ။ ဂျီဒီပီက နိုင်ငံရဲ့ စုစုပေါင်းဝင်ငွေ၊ အဲဒီငွေကို လူဦးရေနဲ့စားပြီး ရတဲ့ ပျမ်းမျှဝင်ငွေ ဒါတွေကိုပဲ ပြတာပါ။ ဒါပေမယ့် အဲဒီနိုင်ငံမှာ နေထိုင်တဲ့ ပြည်သူတွေအတွက် ဘယ်လောက် တိုးတက်မှု ရှိတယ်ဆိုတာကို မပြနိုင်ပါဘူး။
အဲဒီလိုမျိုး နိုင်ငံတစ်ခုချင်းမှာ ရှိတဲ့ ပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုတော့ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်း (Human Development Index) ဒါမှမဟုတ် အိတ်ချ်ဒီအိုင်နဲ့ တိုင်းပါတယ်။ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းမှာတော့ နိုင်ငံမှာရှိတဲ့ လူတွေရဲ့လူတစ်ဦးချင်း ပျမ်းမျှသက်တမ်း (Life Expectancy)၊ ပညာရေးဆိုင်ရာ ညွှန်းကိန်း (Education Index)၊ ဝင်ငွေ ညွှန်းကိန်း (Income Index) စတာတွေ ပါတတ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အိတ်ချ်ဒီအိုင်ကို ကြည့်ချင်းအားဖြင့် အဲဒီနိုင်ငံက နိုင်ငံသားတွေရဲ့ တိုးတက်မှုနှုန်းကို အကြမ်းမျဉ်း သိနိုင်ပါတယ်။
လူတစ်ယောက်ရဲ့ ပေါင်ချိန်ကို တိုင်းကြည့်ပြီး ဒီလူ ပုံမှန် အတိုင်းလား အဝလွန်နေသလား ဆိုတာကို မသိနိုင်ပါဘူး။ သူအရပ်ရှည်လို့ အလေးချိန်များတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုပါပဲ။ အိတ်ချ်ဒီအိုင် တစ်ခုတည်းကိုပဲ ကွက်ကြည့်မယ်ဆိုရင် နိုင်ငံတစ်ခုရဲ့ တိုးတက်မှု ပမာဏကို မြင်နိုင်ပေမယ့် ဒီနိုင်ငံထဲက လူသားတွေ ညီတူညီမျှ တိုးတက်မှု ရှိရဲ့လား ဆိုတာကိုတော့ မမြင်နိုင်ပါဘူး။ အဲဒီလို ဆင်းရဲချမ်းသာ ကွာခြားမှုကိုတော ဂီနီ (Gini) ညွှန်းကိန်းလို့ ခေါ်တဲ့ ညွှန်းကိန်း တစ်ခုနဲ့ တိုင်းပါတယ်။ ဂီနီ က သုညဆိုရင် ဒီနိုင်ငံက လုံးဝညီမျှပြီး ၁ ဆိုရင် ဒီနိုင်ငံက အတော်ကို မညီမမျှ ဖြစ်တယ်လို့ ပြောရပါမယ်။ ဘယ်နိုင်ငံမှာမှတော့ ဂီနီက သုည ဖြစ်မနေပါဘူး။ ဥရောပနိုင်ငံတွေက ဂီနီ က ၀.၂၄ ကနေ ဝ.၃၆ အတွင်း၊ အမေရိကန် မက္ကဆီကို က ဝ.၄ စွန်းစွန်း၊ စင်ကာပူကတော့ ထိုင်း၊ ကမ္ဘောဒီးယားရဲ့ နောက် ၀.၄၂ လောက်မှာ ရှိပါတယ်။
စင်ကာပူနိုင်ငံမှာ အိတ်ချ်ဒီအိုင် အရမ်းမြင့်ပေမယ့် နိုင်ငံသားတွေအတွက် နိုင်ငံတော်က ကြည့်ရှု စောင့်ရှောက်ပေးတဲ့ အခွင့်အလမ်းတွေ ထောက်ပံ့ကြေးတွေမှာ တခြား ဖွံ့ဖြိုးပြီး နိုင်ငံတွေလောက် မရှိပါဘူး။ အဲဒီလို မရှိတဲ့ အတွက် ချမ်းသာတဲ့ သူက နင်းကန် ချမ်းသာပြီး ဆင်းရဲတဲ့သူက အရမ်းဆင်းရဲပါတယ်။ အဲဒီလို ဝင်ငွေ မညီမျှမှုကို ၂၀၁၀ နောက်ပိုင်းမှာ အိတ်ချ်ဒီအိုင်ထဲမှာ ထည့်တိုင်းပါတယ်။ အဲဒီ အခါမှာတော့ ဥရောပနိုင်ငံတွေက အဆင့်တက်လာပြီး အမေရိကန်လို နိုင်ငံမျိုးက အောက်ကို ထိုးဆင်းသွားပါတယ်။ စင်ကာပူ ဘယ်နား ရောက်သွားသလဲ ဆိုတာ စာရင်းထဲမှာ ရှာမတွေ့တော့ပါဘူး။
စာရင်းဇယားတွေက မသိရင်နှပ်ချလို့ ရပါတယ်။ မသိသူ ကြော်စား၊ သိသူလှော်စား လိုမျိုးပါပဲ။ အသုံးများနေကျ ကိန်းဂဏန်းတွေ အကြောင်း မသိတာလေးတွေ ရှိရင် သိရအောင် တတ်သလောက် မှတ်သလောက် မျှဝေပေးလိုက် ပါတယ်။

Labels:
ဘောဂဗေဒ
Thursday, April 28, 2011
Development Economics အတွေးများ
ကျွန်တော် စင်ကာပူမှာ နေလာခဲ့တာ ဆယ်စုနှစ် တစ်ခုကျော် ရှိပါပြီ။ စင်ကာပူ ဆိုတာ အားလုံး သိကြတဲ့ အတိုင်း ရန်ကုန်မြို့ တစ်မြို့စာလောက်ပဲ ရှိပြီး သယံဇာတဆိုရင် ဘာဆို ဘာမှ မရှိတဲ့ နိုင်ငံပါ။ သောက်စရာ သုံးစရာ ရေကိုတောင်မှ မလေးရှားကနေ ဝယ်ပြီးသုံးနေရပါတယ်။ အဲဒီလို သဘာဝ အရင်းအမြစ် ဘာတစ်ခုမှ မရှိတဲ့ နိုင်ငံတစ်နိုင်ငံက ဘာဖြစ်လို့ ဒီလောက် အထိ တိုးတက်လာရသလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းလို့ တစေ့တစောင်း လေ့လာကြည့်ဖြစ် ပါတယ်။
စင်ကာပူကို အခုလို တိုးတက်တဲ့ နိုင်ငံ တစ်နိုင်ငံ အဖြစ် ပြောင်းလဲစေခဲ့တဲ့ အကြောင်း အချက်အလက်တွေ အများကြီး ရှိပါတယ်။ အဲဒီ အချက်တွေထဲမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ စင်ကာပူမှာ နိုင်ငံခြား ကုမ္ပဏီတွေ အများအပြား ရင်းနှီးမြှုပ်နှံ လာအောင် ကြိုးပမ်းခဲ့တာ စင်ကာပူ နိုင်ငံသားတွေရဲ့ ကြိုးစားမှု သက်သက်တော့ မဟုတ်ပါဘူး။ ဒတ်ချ်လူမျိုး စီးပွားရေး ပညာရှင် ဒေါက်တာ အဲလ်ဘတ် ဝင်းဆီးမီးယပ်စ် (Dr. Albert Winsemius) တို့လိုမျိုး နိုင်ငံခြား ပညာရှင်တွေ ရဲ့ အိုင်ဒီယာတွေလည်း အများကြီး ပါပါတယ်။
ဒေါက်တာ ဝင်းဆီးမီးယပ်စ်ဟာ ၁၉၆၀ မှာ ကုလသမဂ္ဂက အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး စင်ကာပူကို ရောက်လာခဲ့ ပါတယ်။ အဲဒီအချိန်က စင်ကာပူဟာ လွတ်လပ်ရေး ရခါစ အချိန်ဖြစ်ပြီး အလုပ်လက်မဲ့ ဦးရေလည်း အရမ်း များနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ သူဟာ စင်ကာပူကို ကုန်သွယ်ရေး အဓိကထား လုပ်ဆောင်တဲ့ နိုင်ငံ (Entrepôt) အဖြစ်ကနေ စက်မှုနိုင်ငံတစ်နိုင်ငံ အဖြစ် ပြောင်းလဲဖို့ ရေးဆွဲထားတဲ့ ၁၀ နှစ် စီမံကိန်းကို ချပြခဲ့ပါတယ်။ အဲဒီ စီမံကိန်းမှာ နိုင်ငံခြားကနေ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီး အလုပ်အကိုင်တွေ ဖန်တီးဖို့ စတဲ့ အချက်တွေ ပါပါတယ်။ သူက စင်ကာပူကို ခေတ်မီ တဲ့ နိုင်ငံအဖြစ် တခြား နိုင်ငံတွေက မြင်လာအောင် အိမ်ယာစီမံကိန်း တွေ လုပ်ဖို့ အကြံပေးခဲ့ပါတယ်။ အဲဒါအပြင် စင်ကာပူကို လာပြီး ရင်းနှီးမြှုပ်နှံမယ့် သူတွေ အနေနဲ့ စင်ကာပူဟာ အနောက်တိုင်းကို မုန်းတဲ့ နိုင်ငံ အဖြစ် မထင်မိအောင် သတိထားဖို့ အကြံမျိုးလည်း ပေးခဲ့ပါတယ်။ စင်ကာပူကို တည်ထောင်သူလို့ သိခဲ့ကြတဲ့ ဗြိတိသျှ လူမျိုး စတန်းဖို့ဒ် ရပ်ဖဲလ်ရဲ့ ရုပ်ထုကို ဖယ်မပစ်ဘဲ ဒီအတိုင်း ဆက်ထားဖို့ ဆိုတာမျိုးပါ။ ဒေါက်တာ ဝင်းဆီးမီးယပ်စ်ရဲ့ အကြံဉာဏ်တွေဟာ စင်ကာပူကို တိုးတက်ဖို့ အများကြီး အထောက်အကူ ပေးခဲ့တယ် ဆိုတာကို စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူ ကိုယ်တိုင် ပြောခဲ့ဖူးပါတယ်။
စင်ကာပူဟာလည်း စက်မှုလုပ်ငန်းတွေ စခဲ့တဲ့ အချိန်တုန်းက အထည်စက်ရုံတွေနဲ့ စခဲ့တာပါပဲ။ ၁၉၇၀ ပြည့်နှစ်တွေ ရောက်မှ အီလက်ထရွန်းနစ် စက်ရုံတွေ တည်ဆောက်ပြီး အဆင့်မြင့် ကုန်ထုတ်လုပ်ငန်း တွေကို လက်လှမ်းနိုင်ခဲ့ ပါတယ်။ နိုင်ငံခြား ကုမ္ပဏီတွေ လာပြီး ရင်းနှီးမြှုပ်နှံတဲ့ အချိန်မှာ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးဖို့ သက်သက်ကို အစိုးရတွေက ရည်ရွယ်တာ မဟုတ်ပါဘူး။ နိုင်ငံခြား ကုမ္ပဏီတွေကနေ နည်းပညာတွေ လေ့လာသင်ယူဖို့ ဆိုတဲ့ အချက်ကိုလည်း စဉ်းစားကြပါတယ်။ ဒါပေမယ့်လည်း အဲဒီလို နည်းပညာတွေ ရဖို့က ထင်သလောက် မလွယ်လှပါဘူး။ ကျွန်တော် ကိုယ်တိုင် ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံတစ်ခုကို ပြန်ပြောပြချင်ပါတယ်။ ကျွန်တော် ကျောင်းသားဘဝက ကမ္ဘာကျော် ပြင်သစ် ကုမ္ပဏီတစ်ခုက စင်ကာပူမှာ ဖွင့်ထားတဲ့ မုန့်ဖိုတစ်ခုမှာ အချိန်ပိုင်း အလုပ်သမား အဖြစ် လုပ်ခဲ့ဖူးပါတယ်။ အဲဒီမှာ ပြင်သစ်ကလာတဲ့ စားဖိုမှူးတွေဟာ အရေးကြီးတဲ့ အလုပ်တွေ ဆိုရင် စင်ကာပူ နယ်ခံ အလုပ်သမားတွေကို သင်ပေးလေ့ မရှိပါဘူး။ ချော့ကလက် စပ်နည်းလို အလုပ်တွေကို သူတို့ အနောက်တိုင်းသား ထရိန်နင် မန်နေဂျာတွေကိုပဲ သင်ပေးလေ့ ရှိပါတယ်။ မုန့်ဖိုမှာ အကြီးဆုံး ဖြစ်တဲ့ အရှေ့တိုင်းသားကိုတောင် သင်မပေးဘဲ နည်းပညာနဲ့ ပတ်သက်ပြီး ဒိုင်လျှိုလုပ်တာတွေ ရှိတတ်ပါတယ်။
စင်ကာပူကတော့ သူတို့ဆီမှာ အီလက်ထရွန်းနစ် ကုမ္ပဏီတွေက လာပြီး ရင်းနှီးမြှုပ်နှံတဲ့ အတွက် သူတို့ဆီကနေ နည်းပညာတွေ တစိတ်တပိုင်း ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းတော့ ကုမ္ပဏီ အတော်များများက ကုန်ထုတ်လုပ်မှု သက်သက်ကိုပဲ စင်ကာပူမှာ လုပ်ပြီး ကျန်တဲ့ သုတေသန လုပ်ငန်းတွေ အတော်များများ ကိုတော့ သူတို့နိုင်ငံမှာ လုပ်ကြပါတယ်။ အဲဒီအတွက် စင်ကာပူ အနေနဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ နည်းပညာတွေပဲ ရလိုက်ပါတယ်။ သူတို့ မျှော်မှန်းတဲ့ နည်းပညာတွေကိုတော့ ထင်သလောက် မရလိုက်ပါဘူး။
စင်ကာပူက ဘာတစ်ခုမှ မရလိုက်ဘူးလား လို့ မေးရင်တော့ အဲဒီလိုလည်း မဟုတ်ပါဘူး။ တချို့သော နည်းပညာ တွေကိုတော့ သူတို့ ရလိုက်ပါတယ်။ ဥပမာ အနေနဲ့ ပေးရရင် ကျွန်တော်တို့ တီအိုင်လို့ အတိုကောက် ခေါ်ကြတဲ့ ကမ္ဘာကျော် ဆီမီးကွန်ဒပ်တာ ကုမ္ပဏီ တက္ကဆပ်စ် အင်စထရုမင့် (Texas Instrument) ရဲ့ သုတေသန ဌာန တစ်ခု စင်ကာပူမှာ ရှိခဲ့ဖူးပါတယ်။ အဲဒီ ဌာနကနေ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ တီအိုင် စက်ရုံတွေမှာ သုံးဖို့ စက်တွေကို စင်ကာပူမှာပဲ သုတေသနလုပ်ပြီး ထုတ်လုပ်ပါတယ်။ နောက်ဆုံးမှာတော့ တီအိုင် က စက်တွေကို ကိုယ်တိုင် မထုတ်တော့ဘဲ ဝယ်သုံးမယ်လို့ ဆုံးဖြတ်ပြီး စလုံးမှာ ရှိတဲ့ သူတို့ ဌာနကို ပိတ်ပစ်လိုက်ပါတယ်။ အဲဒီ ဌာနမှာ လုပ်ခဲ့တဲ့ အင်ဂျင်နီယာတွေ က ကိုယ်ပိုင် ကုမ္ပဏီတွေ ထောင်ပြီး စက်ကိရိယာတွေ ဆက်ပြီး ထုတ်ကြပါတယ်။ အဲဒါက စင်ကာပူမှာ စက်ကိရိယာတွေ ထုတ်လုပ်တဲ့ အော်တိုမေးရှင်း လုပ်ငန်းတွေရဲ့ အစပါပဲ။ အခုဆိုရင် စက်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်း အပိုင်းမှာ စင်ကာပူဟာ တကမ္ဘာလုံးကို တင်ပို့ ရောင်းချနိုင်လောက်တဲ့ အထိ အတော်လေးကို အလုပ်ဖြစ်နေပါပြီ။
နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ အတွက် ဖိတ်ခေါ်တဲ့ နေရာမှာ အပြိုင်အဆိုင်တွေ အများကြီး ကြုံရပါတယ်။ တံခါးဖွင့်ပေးပြီး လာပြီး ရင်းနှီးမြှုပ်နှံကြဟေ့ ဆိုတာနဲ့ နိုင်ငံခြား ကုမ္ပဏီတွေက ဝေါကနဲ ဝင်လာမှာ မဟုတ်ပါဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လိုချင်တာ ကိုယ့်နိုင်ငံ တစ်နိုင်ငံတည်းက မဟုတ်ပါဘူး။ တခြား နိုင်ငံတွေကလည်း လိုချင်တာပါပဲ။ အဲဒီလို အခါမျိုးမှာ အခွန်အကောက် လျှော့ပြီး ကောက်ခံတာ၊ မြေကြီးကို အလကားပေးပစ်တာ စတဲ့ နည်းမျိုးစုံ သုံးပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ အပြိုင်အဆိုင် ဆွယ်ကြပါတယ်။
ဒါပေမယ့်လည်း နိုင်ငံခြားက လာပြီး ရင်းနှီးမြှုပ်နှံတဲ့သူတွေကလည်း လူလည်တွေ ပါပဲ။ ကျွန်တော် ချက်ရီပတ်ဘလစ်မှာ ရောက်နေတဲ့ အချိန်တုန်းက ချက်က အင်ဂျင်နီယာ တစ်ယောက် ပြောပြဖူးတဲ့ အကြောင်းတစ်ခုကို သတိရပါတယ်။ ချက်ရီပတ်ဘလစ်ဟာ သက္ကလပ် တော်လှန်ရေး (Velvet Revolution) ဖြစ်ပြီးတဲ့ နောက်မှာ ဈေးကွက် စီးပွားရေး စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံ တစ်နိုင်ငံ အဖြစ် ပြောင်းလဲခဲ့ပါတယ်။ အဲဒီအချိန်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီး သူ့နိုင်ငံသားတွေ အတွက် အလုပ်အကိုင် ဖန်တီးနိုင်အောင် ချက်အစိုးရက ဆွဲဆောင် ခဲ့ပါတယ်။ အဲဒီအထဲမှာ သူ့ဆီမှာ လာပြီး ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံတွေကို ၁၀ နှစ်တိတိ အခွန်ကို ကင်းလွတ်ခွင့်ပေးမယ် ဆိုတဲ့ ဆွဲဆောင်မှု တစ်ခုလည်း ပါပါတယ်။ အဲဒီဆွဲဆောင်မှုကြောင့် ကုမ္ပဏီတွေ အများအပြား ချက်မှာ လာပြီး ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ ကုမ္ပဏီတွေကတော့ ၁၀ နှစ်ပြည့်ပြီးတဲ့နောက်မှာ စက်ရုံကို ပိတ်ပြီး တစ်ခြားနေရာကို ပြောင်းသွားကြပါတယ်။
စင်ကာပူကလည်း မလေးရှားရဲ့ ပြိုင်ဆိုင်မှုတွေကို ကြုံခဲ့ရပါတယ်။ မလေးရှားဟာ FIZ လို့ ခေါ်တဲ့ Free Industrial Zone တွေ တည်ထောင်ပြီး စင်ကာပူကို ပြိုင်ခဲ့ပါတယ်။ မြေနေရာ မလေးရှားလောက် မရှိတဲ့ စင်ကာပူက မလေးရှားကို အဲဒီနေရာမှာ မပြိုင်နိုင်ပါဘူး။ အဲဒါကြောင့် Intel လို ကုမ္ပဏီမျိုးတွေက စင်ကာပူကို မရောက်လာဘဲ ပိုပြီး စရိတ်စက သက်သာတဲ့ မလေးရှားဘက်ကို ရောက်သွားခဲ့ပါတယ်။ စင်ကာပူက မလေးရှားထက် သာတဲ့ အချက်ကတော့ နိုင်ငံခြား ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံဖို့ လာတဲ့ အချိန်မှာ အရည်အချင်းရှိတဲ့ အတတ်ပညာရှင်တွေ အဆင်သင့် ရှိအောင် သူတို့ရဲ့ ပညာရေး စနစ်ကို မြှင့်တင်ထားခဲ့တာ ပါပဲ။
ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့နဲ့ ပတ်သက်ပြီး အရေးအကြီးဆုံး အပိုင်းက အစိုးရရဲ့ ပေါ်လစီပိုင်းပါ။ နိုင်ငံခြား ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် အစိုးရရဲ့ ပေါ်လစီကို လေ့လာတတ်ပါတယ်။ အစိုးရရဲ့ ပေါ်လစီက နှစ်မျိုးပဲ ရှိတယ်။ ဒီနေ့ တစ်မျိုး မနက်ဖြန် တစ်မျိုး ဆိုရင်တော့ ဘယ်သူမှ လာပြီး ရင်းနှီးမြှုပ်နှံချင်မှာ မဟုတ်ပါဘူး။ အစိုးရ ဌာနတွေမှာ လာဘ်ပေးလာဘ်ယူ ကင်းရှင်းတာကလည်း ရင်းနှီးမြှုပ်နှံမှုကို တိုးပွားဖို့ အထောက်အကူ ပေးပါတယ်။ တစ်ချို့သော နိုင်ငံခြား ကုမ္ပဏီတွေရဲ့ စည်းကမ်းမှာ ဘယ်လို အကြောင်းနဲ့ပဲ ဖြစ်ဖြစ် လာဘ်မပေးရ ဆိုပြီး စီးပွားရေး လုပ်ငန်းဆိုင်ရာ ကျင့်ဝတ် (Business Ethics) အနေနဲ့ ကန့်သတ်ထားတာတွေ ရှိပါတယ်။ အဲဒီလို ကုမ္ပဏီမျိုးဟာ အာရ်ကေပေးမှ ရင်းနှီးမြှုပ်နှံလို့ ရမယ် ဆိုတဲ့ နိုင်ငံကို ဘယ်တော့မှ လာမှာ မဟုတ်ပါဘူး။
နောက်တစ်ခုကတော့ ဘာရည်ရွယ်ချက်နဲ့ လာပြီး ရင်းနှီးမြှုပ်နှံသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။ သူ့နိုင်ငံမှာ စက်ရုံဆောက်ရင် ပတ်ဝန်းကျင် ညစ်ညမ်းမှာ စိုးလို့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှာ စိုးလို့ ကိုယ့်နိုင်ငံမှာ စက်ရုံလာဆောက်တယ် ဆိုရင်တော့ အဲဒီလို ကုမ္ပဏီမျိုးကို လက်မခံဖို့ လိုပါတယ်။ အဲဒီလို ကုမ္ပဏီမျိုးကို လက်ခံရင် လတ်တလော ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်ပေမယ့် အနာဂတ်မှာ ကိုယ့်နိုင်ငံသားတွေ အတွက် နစ်နာစရာ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာ စီးပွားရေး စနစ်က တံခါးတကယ် ပွင့်လာခဲ့ရင် ကိုယ့်ရှေ့က လုပ်သွားတဲ့ နိုင်ငံတွေ ဆီကနေ တစ်စိတ်ပဲ ဖြစ်ဖြစ် တစ်ဝက်ပဲ ဖြစ်ဖြစ် သင်ခန်းစာယူနိုင်မယ် ဆိုရင်တော့ သူတို့ မှားခဲ့တဲ့ အမှားတွေကို ထပ်မမှားဘဲ ရှောင်နိုင်မှာပဲ ဖြစ်ပါတယ်။

Monday, December 20, 2010
Economist ရဲ့ အယ်လ်ဘမ် (၃)
Economist ရဲ့ ဓာတ်ပုံစာအုပ် တတိယပိုင်းပါ။ ဒီတစ်ခါတော့ စဉ်းစားစရာတွေ ပိုပြီး ပါသလိုပဲ။ သူရေးထားတာကို ဘာသာပြန်ရတာ အတော် ခက်ပါတယ်။ ကျွန်တော် ဘာသာပြန်ထားတာ မဖတ်ဘဲ အင်္ဂလိပ်လို ဖတ်ရင် ပိုကောင်းပါလိမ့်မယ်။ ဘာသာပြန်တာ မှားသွားရင်တော့ ကျွန်တော့်ရဲ့ အားနည်းချက်ပါ။ မြန်မာရေးတာကို မြန်မာက ဘာသာပြန်ရတာတောင် အတော် မလွယ်ဘူး။ :P
လမ်းတွေကို မတိုးချဲ့ဘဲ ယာဉ်စီးရေတွေ များပြားလာတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်လာစေ ပါတယ်။ ခင်းထားတဲ့ လမ်းတွေရဲ့ စုစုပေါင်း အရှည်က ကမ္ဘာ့ဘဏ်ရဲ့ ကမ္ဘာ့တိုးတက်မှု ကိန်းညွှန်းပြ စာရင်းဇယား အရဆိုရင် အရင်အတိုင်း ပါပဲ။ အဲဒီလို မညီမျှမှုက ရန်ကုန် မြို့တော်ရဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေပြီး လေထု ညစ်ညမ်းမှုကို တိုးလာစေ ပါတယ်။ ရန်ကုန်ရဲ့ ဒီဇင်ဘာလမှာ ထူးထူးခြားခြား နဲ့ သိသိသာသာ မြင့်တက်လာတဲ့ အပူချိန် ၂၉ ဒီဂရီ ဆဲလ်စီးယပ် (အနိမ့်ဆုံး) နဲ့ ၃၄ ဒီဂရီ ဆဲလ်စီးယပ် (အမြင့်ဆုံး) က ဒီအချက်ကို ပြနေပါတယ်။ ဒီပြသနာကို ဖြေရှင်းဖို့ ရေရှည်စီမံကိန်း အနေနဲ့ လူအများကြီး သုံးလို့ ရတဲ့ ရထားတွေ စီစဉ်ပေးဖို့၊ လမ်းတွေ တိုးချဲ့ဖို့ ၊ မြို့တော်ကို စနစ်တကျ စီစဉ်ခန့်ခွဲခြင်းနဲ့ စည်းမျည်းစည်းကမ်း တွေ ချမှတ်ခြင်းကနေပြီး ဖြစ်နိုင်ခြေရှိတဲ့ တွန်းအားပေးမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။
တခြားနိင်ငံတွေနဲ့ မတူတာကတော့ သမာရိုးကျ မဟုတ်တဲ့ ပညာရေး ဝန်ဆောင်မှုတွေ နဲ့ သင်တန်းတွေက မြန်မာပြည်ရဲ့ ပညာရေးစနစ်မှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတာပါပဲ။ သူတို့ဟာ ပုံမှန် တက္ကသိုလ် ကောလိပ် တွေကနေ သင်မပေးနိုင်တဲ့ ကွက်လပ်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် တစ်နိုင်ငံလုံးမှာ ပဲပင်ပေါက်လို ပွထနေအောင် ပေါ်လာပါတယ်။ တက္ကသိုလ်ကောလိပ်တွေနဲ့ ယှဉ်ရင် သူတို့ဆီမှာက ပိုပြီး ပြည့်စုံအောင် သင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေပါတယ်။ အကျိုးဆက် အနေနဲ့ကတော့ ရန်ကုန်တစ်မြို့လုံးရဲ့ မြင်ကွင်းမှာ ပုံထဲမှာ ပြထားသလိုမျိုး ကြော်ငြာ ဆိုင်းဘုတ်တွေနဲ့ ပြည့်နှက်နေပြီး ကျောင်းသားတွေကို သူ့ထက်ငါ အပြိုင်အဆိုင် ခေါ်နေကြပါတာပါပဲ။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိပဲ ငြင်းခုံနေကြတာ ( စနစ်တကျ ဘယ်သူမှ စစ်တမ်းကောက် မလေ့လာဖူးပါဘူး။) ကတော့ ဒီပညာရေး စနစ်နှစ်ခုဟာ တစ်ခုနဲ့ တစ်ခု အပြန်အလှန် သဟဇာတ ဖြစ်နေတယ် ဆိုတာပါပဲ။ အဲဒါကြောင့် မို့ ကျောင်းလည်းတက် သင်တန်းလည်းတက်တဲ့ ကောလိပ် ကျောင်းဆင်း တစ်ယောက်က သင်တန်းတွေ တက်မထားတဲ့ ကောလိပ်ကျောင်းဆင်း တစ်ယောက်နဲ့ ယှဉ်ရင် လခပိုများနိုင်ပါတယ်။ အဆုံးစွန်ထိ ကြည့်မယ် ဆိုရင် တက္ကသိုလ် ကောလိပ်တွေက ပေးတဲ့ပညာရေးကို အစားထိုးပေးနိုင်တဲ့ ကျောင်းတစ်ချို့ မြန်မာနိုင်ငံမှာ ရှိနေပြီ ဖြစ်ပြီးတော့ အဲဒီလို ကျောင်းမျိုးတွေရဲ့ အရေအတွက်ဟာ ပိုပြီးတော့လည်း တိုးပွား လာနေပါပြီ။ ကြားရတဲ့ စကားတွေပေါ် အခြေခံပြီး ပြောရမယ် ဆိုရင်တော့ ဒီလမ်းကြောင်းဟာ နောက်နှစ်အနည်းငယ် အထိ ရှိနေဦးမှာပါ။ အကောင်းမြင်ဘက်က လှည့်တွေးရင်တော့ ပုဂ္ဂလိက ပညာရေး နယ်ပယ်မှာ အလုပ်ရှာတဲ့သူတွေ အတွက်တော့ သတင်းကောင်းပေါ့။
လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်လောက်က မြန်မာပြည်ရဲ့ ပညာရေးမှာ သရဖူဆောင်းခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ပါ။ သူရဲ့ တောက်ပတဲ့ နေ့ရက်တွေ တုန်းကတော့ ကြီးကျယ်တဲ့ ပညာရှင်တွေ ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ မွေးထုတ်ပေးခဲ့တာပေါ့။ အများစုက ယုံကြည်နေကြတာတော့ အရင်တုန်းက ဒီလို ကြီးကျယ်ခဲ့တဲ့ အစဉ်အလာကို ထိန်းသိမ်းပြီး တဖြည်းဖြည်း မြှင့်တင်ခဲ့မယ် ဆိုရင် အခုအချိန် ရန်ကုန်တက္ကသိုလ်ဟာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တွေ ထဲမှာ တစ်ခု အပါအဝင် ဖြစ်နေမှာပါ ဆိုတာပါပဲ။ အခုလတ်တလော ဘဏ္ဍာရေး အသုံးစရိတ်တွေ လျော့ချဖို့ အဆိုပြုချက်နဲ့ ပတ်သက်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ် ဘာကလေ ရဲ့ ဥက္ကဋ္ဌက "ကြီးကျယ်တဲ့ တက္ကသိုလ် တစ်ခု ဖြစ်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရတယ်။ ဒါပေမယ့် အဲဒီကနေ သာမန် အခြေအနေကို ကျဆင်းသွားဖို့ အတွက်တော့ နှစ်အနည်းငယ်ပဲ လိုတယ်။" လို့ ပြောခဲ့ပါတယ်။ အသိအမှတ်ပြုခံရတဲ့ တက္ကသိုလ် ဖြစ်လာဖို့ ဝေးလို့ ရန်ကုန် တက္ကသိုလ်ကတော့ ပုံမှာတွေ့ရသလိုပဲ အိုမင်းနေတဲ့ ကျောင်းဆောင်တွေ အဆောက်အဦးတွေနဲ့ အတူ ခြုံပုတ်တွေ ပေါင်းမြက်တွေနဲ့ ဝန်းရံလို့ နေပါတယ်။ ကျောင်းသားတွေ မရှိတော့တဲ့ ကျောင်းဝန်းထဲမှာ အသက်ဝင်နေတဲ့ တက္ကသိုလ် တစ်ခုရဲ့ လှုပ်ရှားမှုတွေ ကင်းမဲ့လို့ပေါ့။
ယိုယွင်းနေတဲ့ ရန်ကုန် တက္ကသိုလ်နဲ့ ထင်ထင်ရှားရှား ကွာခြားနေတာကတော့ ကျက်သရေရှိစွာ ရပ်တည်နေတဲ့ သမိုင်းဝင် ယုဒသန် ဘုရားကျောင်း ပါပဲ။ ဒီအဆောက်အဦးက ရန်ကုန်တက္ကသိုလ်နဲ့ ဘေးချင်းကပ်လျှက်မှာ ရှိနေပြီးတော့ စနစ်တကျ ထိန်းသိမ်းထားတာကို တွေ့ရမှာပါ။
ဘယ်လောက်ဆိုးရွားနေပေစေ ရပ်တည်နိုင်တယ်ဆိုတဲ့ လူသားတို့ ရှင်သန်မှုရဲ့ ပြယုဂ်နဲ့ အလွန်အမင်း ဆင်းရဲကျပ်တည်းခြင်းရဲ့ စိတ်ဓာတ်ကျစရာ ပုံရိပ်ပါ။ သူတို့ဟာ ဝမ်းဝဖို့အတွက် ရန်ကုန်မြို့ရဲ့ ရထားလမ်းကနေ လက်မအနည်းငယ်လောက် အကွာအဝေးမှာ ဆိုင်ခန်းလေးတွေဖွင့်ပြီးတော့ ရထားစီးခရီးသည်တွေကို အစားအသောက်တွေ ရောင်းနေကြတယ်။ သူတို့ကို လောက်လောက်ငင ဝင်ငွေရစေမယ့် အလုပ်အကိုင်တစ်ခု တခြားနေရာမှာ ဖန်တီးပေးနိုင်မှသာ ဒါမှမဟုတ် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု၊ အလုပ်အကိုင်အတွက် ထရိန်နင် ပရိုဂရမ် တွေလိုမျိုး ပြည်သူနဲ့ ဆိုင်တဲ့ အကျိုးဆောင်မှုတွေ လုပ်ပေးနိုင်မှသာ သူတို့ကို သနားစရာကောင်းတဲ့ ဆင်းရဲတွင်းရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေ ကနေ လွတ်ကင်းစေမှာပါ။
မြို့ပတ်ရထားပေါ်က မီနီစတိုးကလေး တစ်ခုပေါ့။ ရထားပေါ်မှာ ခရီးသည်တွေ အနေနဲ့ စားစရာ၊ တိုင်းရင်းဆေး၊ စာရေးကိရိယာ၊ ပန်း နဲ့ အိမ်သုံးပစ္စည်းတွေကို ဝယ်ယူနိုင်ပါတယ်။
ရထားပေါ်မှာ ခရီးသွားရင်းနဲ့ ဈေးနဲ့ ပတ်သက်တဲ့ သတင်းတွေ ဖလှယ်နေကြတဲ့ ဈေးသည် တစ်စုပါ။ သူတို့ဟာ ရန်ကုန် တမြို့လုံးမှာ ရှိနေတဲ့ ဈေးတွေကို ဟင်းသီးဟင်းရွက်တွေကို ပို့ဆောင်ပေးနေသူတွေရဲ့ အများစုပါပဲ။
ဘူတာကို ဝင်လာတဲ့ ရထားပေါ်မှာ ထိုင်စရာ နေရာ ဒါမှမဟုတ် ရပ်စရာ တစ်နေရာ ရဖို့အတွက် အလုအယက် ပြေးလွှားနေကြတဲ့ ခရီးသည်တွေနဲ့ ဈေးသည်တွေပါ။
လမ်းတွေကို မတိုးချဲ့ဘဲ ယာဉ်စီးရေတွေ များပြားလာတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်လာစေ ပါတယ်။ ခင်းထားတဲ့ လမ်းတွေရဲ့ စုစုပေါင်း အရှည်က ကမ္ဘာ့ဘဏ်ရဲ့ ကမ္ဘာ့တိုးတက်မှု ကိန်းညွှန်းပြ စာရင်းဇယား အရဆိုရင် အရင်အတိုင်း ပါပဲ။ အဲဒီလို မညီမျှမှုက ရန်ကုန် မြို့တော်ရဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေပြီး လေထု ညစ်ညမ်းမှုကို တိုးလာစေ ပါတယ်။ ရန်ကုန်ရဲ့ ဒီဇင်ဘာလမှာ ထူးထူးခြားခြား နဲ့ သိသိသာသာ မြင့်တက်လာတဲ့ အပူချိန် ၂၉ ဒီဂရီ ဆဲလ်စီးယပ် (အနိမ့်ဆုံး) နဲ့ ၃၄ ဒီဂရီ ဆဲလ်စီးယပ် (အမြင့်ဆုံး) က ဒီအချက်ကို ပြနေပါတယ်။ ဒီပြသနာကို ဖြေရှင်းဖို့ ရေရှည်စီမံကိန်း အနေနဲ့ လူအများကြီး သုံးလို့ ရတဲ့ ရထားတွေ စီစဉ်ပေးဖို့၊ လမ်းတွေ တိုးချဲ့ဖို့ ၊ မြို့တော်ကို စနစ်တကျ စီစဉ်ခန့်ခွဲခြင်းနဲ့ စည်းမျည်းစည်းကမ်း တွေ ချမှတ်ခြင်းကနေပြီး ဖြစ်နိုင်ခြေရှိတဲ့ တွန်းအားပေးမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။
တခြားနိင်ငံတွေနဲ့ မတူတာကတော့ သမာရိုးကျ မဟုတ်တဲ့ ပညာရေး ဝန်ဆောင်မှုတွေ နဲ့ သင်တန်းတွေက မြန်မာပြည်ရဲ့ ပညာရေးစနစ်မှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတာပါပဲ။ သူတို့ဟာ ပုံမှန် တက္ကသိုလ် ကောလိပ် တွေကနေ သင်မပေးနိုင်တဲ့ ကွက်လပ်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် တစ်နိုင်ငံလုံးမှာ ပဲပင်ပေါက်လို ပွထနေအောင် ပေါ်လာပါတယ်။ တက္ကသိုလ်ကောလိပ်တွေနဲ့ ယှဉ်ရင် သူတို့ဆီမှာက ပိုပြီး ပြည့်စုံအောင် သင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေပါတယ်။ အကျိုးဆက် အနေနဲ့ကတော့ ရန်ကုန်တစ်မြို့လုံးရဲ့ မြင်ကွင်းမှာ ပုံထဲမှာ ပြထားသလိုမျိုး ကြော်ငြာ ဆိုင်းဘုတ်တွေနဲ့ ပြည့်နှက်နေပြီး ကျောင်းသားတွေကို သူ့ထက်ငါ အပြိုင်အဆိုင် ခေါ်နေကြပါတာပါပဲ။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိပဲ ငြင်းခုံနေကြတာ ( စနစ်တကျ ဘယ်သူမှ စစ်တမ်းကောက် မလေ့လာဖူးပါဘူး။) ကတော့ ဒီပညာရေး စနစ်နှစ်ခုဟာ တစ်ခုနဲ့ တစ်ခု အပြန်အလှန် သဟဇာတ ဖြစ်နေတယ် ဆိုတာပါပဲ။ အဲဒါကြောင့် မို့ ကျောင်းလည်းတက် သင်တန်းလည်းတက်တဲ့ ကောလိပ် ကျောင်းဆင်း တစ်ယောက်က သင်တန်းတွေ တက်မထားတဲ့ ကောလိပ်ကျောင်းဆင်း တစ်ယောက်နဲ့ ယှဉ်ရင် လခပိုများနိုင်ပါတယ်။ အဆုံးစွန်ထိ ကြည့်မယ် ဆိုရင် တက္ကသိုလ် ကောလိပ်တွေက ပေးတဲ့ပညာရေးကို အစားထိုးပေးနိုင်တဲ့ ကျောင်းတစ်ချို့ မြန်မာနိုင်ငံမှာ ရှိနေပြီ ဖြစ်ပြီးတော့ အဲဒီလို ကျောင်းမျိုးတွေရဲ့ အရေအတွက်ဟာ ပိုပြီးတော့လည်း တိုးပွား လာနေပါပြီ။ ကြားရတဲ့ စကားတွေပေါ် အခြေခံပြီး ပြောရမယ် ဆိုရင်တော့ ဒီလမ်းကြောင်းဟာ နောက်နှစ်အနည်းငယ် အထိ ရှိနေဦးမှာပါ။ အကောင်းမြင်ဘက်က လှည့်တွေးရင်တော့ ပုဂ္ဂလိက ပညာရေး နယ်ပယ်မှာ အလုပ်ရှာတဲ့သူတွေ အတွက်တော့ သတင်းကောင်းပေါ့။
![]() |
| A reminiscence of British Colonization. |
ဗြိတိသျှ ကိုလိုနီခေတ်ရဲ့ အမှတ်ရစရာ တစ်ခုပါ။
![]() |
| A local produce market on the side of a commuter train station. |
မြို့ပတ်ရထားလမ်းဘေးက ဒေသထွက် ပစ္စည်းတွေ ရောင်းနေတဲ့ ဈေးပါ။
![]() |
| The run-down situation of the Rangoon University campus is starkly juxtaposed with the elegance of the historical Judson Church, which is sitting next to the campus and well preserved. |
ဘယ်လောက်ဆိုးရွားနေပေစေ ရပ်တည်နိုင်တယ်ဆိုတဲ့ လူသားတို့ ရှင်သန်မှုရဲ့ ပြယုဂ်နဲ့ အလွန်အမင်း ဆင်းရဲကျပ်တည်းခြင်းရဲ့ စိတ်ဓာတ်ကျစရာ ပုံရိပ်ပါ။ သူတို့ဟာ ဝမ်းဝဖို့အတွက် ရန်ကုန်မြို့ရဲ့ ရထားလမ်းကနေ လက်မအနည်းငယ်လောက် အကွာအဝေးမှာ ဆိုင်ခန်းလေးတွေဖွင့်ပြီးတော့ ရထားစီးခရီးသည်တွေကို အစားအသောက်တွေ ရောင်းနေကြတယ်။ သူတို့ကို လောက်လောက်ငင ဝင်ငွေရစေမယ့် အလုပ်အကိုင်တစ်ခု တခြားနေရာမှာ ဖန်တီးပေးနိုင်မှသာ ဒါမှမဟုတ် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု၊ အလုပ်အကိုင်အတွက် ထရိန်နင် ပရိုဂရမ် တွေလိုမျိုး ပြည်သူနဲ့ ဆိုင်တဲ့ အကျိုးဆောင်မှုတွေ လုပ်ပေးနိုင်မှသာ သူတို့ကို သနားစရာကောင်းတဲ့ ဆင်းရဲတွင်းရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေ ကနေ လွတ်ကင်းစေမှာပါ။
![]() |
| Mini store on a commuter train: one can buy foods, herbal medicines, stationery, flowers, and household appliances on a commuter train. |
![]() |
| This vendor is selling cigarettes and snacks on a commuter train. |
မြို့ပတ် ရထားပေါ်မှာ စီးကရက်နဲ့ မုန့်တွေ ရောင်းနေတဲ့ ဈေးသည် တစ်ယောက်ပါ။
![]() |
| A horticulturist is selling potted flowers to rail passengers. |
ဥယျာဉ်စိုက်သူတစ်ယောက် ရထားပေါ်မှာ ပန်းအိုးနဲ့ ထည့်ထားတဲ့ ပန်းတွေ ရောင်းနေတာပါ။
![]() |
| Passengers and vendors are jockeying for a seat or perhaps a standing space on an approaching commuter train. |
Economist ရဲ့ အယ်လ်ဘမ် (၂)
ဒုတိယပိုင်း ဆက်ပါဦးမယ်။ အပိုင်း ဘယ်လောက်များ မလဲတော့ မသိဘူး။ သူကိုယ်တိုင်ကလည်း ဆက်ရေး ဆက်ရိုက် ဆက်တင်နေဆဲမို့ပါ။
![]() |
An inside view of BoGyoke Aung San Market ဗိုလ်ချုပ်အောင်ဆန်းဈေးရဲ့ အတွင်းပိုင်း မြင်ကွင်းပါ။ |
![]() |
| Jewelry section of BoGyoke Aung San Market ဗိုလ်ချုပ်အောင်ဆန်းဈေးရဲ့ ရတနာဆိုင်တန်းပါ။ |
![]() |
| Yangon Trader Hotel. ရန်ကုန် ကုန်သည်ကြီးများ ဟိုတယ် |
Sunday, December 19, 2010
Economist ရဲ့ အယ်လ်ဘမ် (၁)
နိုင်ငံခြားကနေ ရန်ကုန်ကို ခဏ ပြန်သွားတဲ့ သူငယ်ချင်း တစ်ယောက် ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ။ ဖေ့စ်ဘွတ်ခ်မှာ တွေ့ရင်း သဘောကျလို့ မ လာပါတယ်။ ရန်ကုန်ကို အလွမ်းပြေ ကြည့်လို့ ရအောင်က တစ်ကြောင်းပါ။ နောက်တစ်ခု ကတော့ တစ်ချို့ ဓာတ်ပုံတွေမှာ ဓာတ်ပုံနဲ့ အတူ ရေးထားတဲ့ သူ့ရဲ့ အတွေးတွေကို သဘောကျလို့ပါ။ သူကတော့ အမေရိကန် တက္ကသိုလ် တစ်ခုကနေ ဘောဂဗေဒနဲ့ မာစတာ ပြီးထားတဲ့သူမို့ အရာရာကို စီးပွားရေး ပညာရှင် အမြင်နဲ့ တွေးတယ် ထင်ပါတယ်။ သူ့ကို ဓာတ်ပုံတွေနဲ့ စာသားတွေ ဘလော့ခ်ပေါ်တင်မယ် ပြောတော့ တင်ချင်တင်ပါ သူ့နာမည်တော့ မထည့်ပါနဲ့ ပြောလို့ နာမည်တော့ ဖျောက်ထားလိုက် ပါတယ်။
ဓာတ်ပုံတွေရော စာသားတွေပါ အသုံးပြုခွင့် ပေးတဲ့ သူငယ်ချင်း ကို အထူးပဲ ကျေးဇူးတင်ပါတယ်။
![]() |
| Rangoon General Hospital, the biggest public hospital in Rangoon. ရန်ကုန်မှာ အကြီးဆုံး အများပြည်သူသုံး ဆေးရုံဖြစ်တဲ့ ရန်ကုန်ဆေးရုံကြီးပါ။ |
Subscribe to:
Posts (Atom)