ကျောက်ခေတ်လူသားတွေ အတွက်တော့ ကိန်းဂဏန်း ဆိုတာ လူဘယ်နှစ်ယောက် ရှိသလဲ ၊ မြှားဘယ်နှစ်ချောင်း ရှိသလဲ ၊ ကျွဲနွား ဘယ်နှစ်ကောင် ရှိသလဲ ဆိုတာ တွေကို ရေတွက်ဖို့ထက် မပိုပါဘူး။ ကိန်းဂဏန်း ဆိုတာ ရေတွက်ဖို့ သက်သက်ပဲ လိုအပ်တဲ့ အတွက် ၁၊ ၂၊ ၃၊ ၄ စတဲ့ ကိန်းပြည့်ဂဏန်းတွေက သူတို့အတွက် လုံလောက် ပါတယ်။ နွားဆိုတာ နှစ်ကောင်ခွဲ ရှိတယ်တို့ သုံးကောင်နဲ့ တစိတ် ရှိတယ် တို့ ဆိုတာမျိုး ရေတွက်စရာ မလိုဘူး မဟုတ်လား။ အဲဒီအတွက် အပိုင်းဂဏန်းတို့ အနှုတ်ဂဏန်း တို့ ဆိုတာတွေ ကျောက်ခေတ်မှာ မသုံးခဲ့ဘူးလို့ ယူဆရပါတယ်။
ဒါပေမယ့် လူသားတွေရဲ့ ယဉ်ကျေးမှု တဖြည်းဖြည်း တိုးတက်လာပြီး စိုက်ပျိုးမွေးမြူရေးတွေ၊ ရောင်းဝယ် ဖောက်ကားမှုတွေ ထွန်းကားလာတဲ့ အချိန်မှာတော့ အပိုင်းဂဏန်းဆိုတာ စပြီး လိုအပ်လာပါတယ်။ ထောပတ်၊ ဆန်စပါး စတာတွေရဲ့ အလေးချိန်၊လယ်ကွက်တစ်ခုရဲ့ အလျားဆိုတာတွေကို ပြဖို့အတွက် ကိန်းပြည့် တစ်မျိုးတည်းနဲ့ မလုံလောက် တော့ပါဘူး။ ထောပတ်ဆိုတာမျိုးတွေက နှစ်ပေါင် သုံးပေါင် တင် မဟုတ်ဘဲ နှစ်ပေါင်ခွဲ၊ သုံးပေါင်နဲ့ တစ်စိတ် စတာမျိုးတွေ ဖြစ်နိုင်တယ် ဆိုတော့ အဲဒီ အချိန်မှာ လူတွေ အပိုင်းဂဏန်းကို စပြီး သုံးလာကြပါတယ်။ အဲဒီတုန်းက ဘေဘီလုံလို့ ခေါ်ပြီး အခုအီရတ်နိုင်ငံ နေရာမှာ ရှိတဲ့ ဘေဘီလုံ လူမျိုးတွေ၊ အီဂျစ်လူမျိုးတွေက အပိုင်းဂဏန်းတွေကို သုံးပြီး တွက်ချက်တတ် ကြပါတယ်။
အပိုင်းဂဏန်း ဆိုတာကလည်း ကိန်းပြည့်ကို အပိုင်းပိုင်းထားတာပါပဲ။ အပိုင်းဂဏန်းနဲ့ ပြလို့မရတဲ့ ဂဏန်းတွေ ရှိတယ် ဆိုတာကို သင်္ချာပညာရှင် ပိုက်သာဂိုရပ်စ်က စပြီး တွေ့ရှိခဲ့ပါတယ်။
ဥပမာအားဖြင့် စတုရန်း တစ်ခုရဲ့ ဒေါင့်ဖြတ်မျဉ်း ဘယ်လောက်ရှည်တယ် ဆိုတာ ပြချင်ရင် ကိန်းပြည့်တို့ အပိုင်းကိန်းတို့ စတာတွေနဲ့ ပြလို့ မရတော့ပါဘူး။ ဥပမာ √2 လို ဂဏန်းမျိုးကို အပိုင်းကိန်းနဲ့ ပြလို့ မရပါဘူး။ အဲဒီအခါမှာ အီရာရှင်နယ် (irrational) ကိန်း ဆိုတဲ့ ကိန်းတစ်မျိုးနဲ့ ပြမှ ရတယ် ဆိုတာ ကို တွေ့ခဲ့ပါတယ်။ စကြာဝဠာထဲမှာ ရှိတဲ့ အရာတွေ အားလုံးရဲ့ အနှစ်သာရဟာ ဂဏန်းသင်္ချာမှာ ရှိတယ်လို့ ယုံကြည်ခဲ့တဲ့ ပိုက်သာဂိုရပ်စ်ဟာ သူ့ရဲ့ ရှာဖွေတွေ့ရှိမှုကို အလွန်ကြီးကျယ်တဲ့ ရှာဖွေတွေ့ရှိမှု တစ်ခု အနေနဲ့ မှတ်ယူခဲ့ပါတယ်။ အဲဒီ အကြောင်းကို လျို့ဝှက်ချက် အနေနဲ့ ထားရှိခဲ့ပြီး သူ့ရဲ့ နောက်လိုက် နောက်ပါတွေ အားလုံးကို ဒီရှာဖွေတွေ့ရှိမှုနဲ့ ပတ်သက်ပြီး လျို့ဝှက်ထားဖို့ ကျိန်ဆိုခိုင်းခဲ့ပါတယ်။ အီရာရှင်နယ် ကိန်းအကြောင်း ထုတ်ပြောတဲ့သူကို သတ်ပစ်မယ် ဆိုတဲ့ အထိ ပြောခဲ့ပါတယ်။ ဒက်စ်ကရေးတီးရဲ့ လက်ထက်ရောက်မှ လူတွေ အားလုံး အီရာရှင်နယ် ဂဏန်း အကြောင်းကို ကောင်းကောင်း သိလာခဲ့ကြ ပါတယ်။
အီရာရှင်နယ် ကိန်းတွေ ပေါ်လာတဲ့ အချိန် အထိ အပေါင်းကိန်း တွေပဲ ရှိပါတယ်။ အနှုတ်ကိန်းဆိုတာ မရှိသေးပါဘူး။ ရေတွက်ရုံ တွက်ချက်ရုံတွက် အနှုတ်ကိန်းဆိုတာက မလိုအပ်ပါဘူး။ အဲဒီအတွက် ကိန်းပြည့်တွေ၊ အပိုင်းကိန်းတွေ၊ အီရာရှင်နယ် ကိန်းတွေ အားလုံးဟာ အပေါင်းကိန်းတွေပဲ ဖြစ်နေလေ့ ရှိပါတယ်။ အလယ်ခေတ် လို့ခေါ်တဲ့ ၁၁ ရာစု ဝန်းကျင်က ဟိန္ဒူတွေကတော့ အနှုတ်လက္ခဏာကိန်းကို စတင်ပြီး အသုံးပြုနေကြပါပြီ။ အရှေ့တိုင်းက ဗတ်ရှ်ကာ တို့လို ဟိန္ဒူပညာရှင် တွေက အနှုတ်ကိန်းတွေကို အသုံးပြုပြီး တွက်ချက်တဲ့ ကိစ္စတွေကို ပြုလုပ်ခဲ့ကြောင်း တွေ့ရပါတယ်။ အနောက်တိုင်း မှာတော့ အနှုတ်ကိန်း ဆိုတာက လိုအပ်ချက် အရ ထွက်ပေါ် လာခဲ့ ရတာပါ။ ရီနေဆွန်းခေတ်လို့ ခေါ်တဲ့ ၁၅ ရာစုလောက်မှာ ဗင်းနစ်တို့၊ ဖလော့ရင့် တို့လို အီတလီ မြို့ကြီးတွေမှာ ဘဏ်လုပ်ငန်းတွေ စတင် ထွက်ပေါ်လာပါတယ်။ ဘဏ်လုပ်ငန်း စတင်ထွက်ပေါ်လာတော့ ငွေချေးစနစ် ဆိုတာ ပေါ်ပေါက်လာပါတယ်။ ကုန်သည်တစ်ယောက် အနေနဲ့ ဘဏ်မှာ ရွှေချောင်း ၅ ချောင်း အပ်ပေမယ့် စီးပွားရေး လိုအပ်ချက်အရ ၂ ချောင်းကို ဘဏ်က ထပ်ချေးပြီး ၇ ချောင်း ပြန်ထုတ်တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီတော့ သူ့ရဲ့ ဘဏ်စာရင်းမှာ အကြွေးတင်နေတယ် ဆိုတာကို ပြဖို့အတွက် အနှုတ်ဂဏန်းဆိုတာ သုံးဖို့ လိုအပ်လာပါတယ်။
ကိန်းပြည့်၊ အပိုင်းကိန်း၊ အီရာရှင်နယ်ကိန်း၊ အနှုတ်ကိန်း စတာတွေကို ကိန်းစစ် (real number) တွေလို့ ခေါ်လေ့ ရှိကြပါတယ်။ ကိန်းစစ် ဆိုတာ ရှိရင် ကိန်းမှာ ရော အင် ရှိသလား မေးစရာ ရှိပါတယ်။ ဟုတ်ပါတယ်။ ကိန်းတွေမှာလည်း အင် ရှိလို့ ကိန်းစစ်ဆိုတာ ပေါ်လာတာပါ။ ဒါပေမယ့် အဲဒီအင်က အင်္ဂုလိ တော့ မဟုတ်ပါဘူး။ အင်မေဂျင်နရီကိန်း (Imaginary Number) ဒါမှမဟုတ်ရင် စိတ်ကူးယဉ်ကိန်းလို့ ခေါ်ကြပါတယ်။ အင်မေဂျင်နရီကိန်း ဖြစ်လာတဲ့ ဇာတ်လမ်းက ဒီလို စပါတယ်။
သင်္ချာပညာရှင်တွေ အနေနဲ့ ညီမျှခြင်းတွေကို ရှင်းရင်း တစ်ခါတစ်လေမှာ
√-1 လို ဂဏန်းမျိုးတွေ ရလာတတ်ပါတယ်။
ဥပမာအားဖြင့် x2+1 = 0 ဆိုတဲ့ ညီမျှခြင်းမျိုးကို ရှင်းရင် x ရဲ့ တန်ဖိုးဟာ √-1 ဖြစ်နေပါတယ်။ အစကတော့ √-1 ဆိုတဲ့ ဂဏန်းဟာ သင်္ချာ ပညာရှင်တွေ အတွက် ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဂဏန်းလို့ သတ်မှတ်ပြီး တွက်ချက်မှု တွေကို အဲဒီနေရာမှာ အဆုံးသတ်ခဲ့ကြ ပါတယ်။ ဒါပေမယ့် ဂျာမန် သင်္ချာပညာရှင် ဂေါ့စ် (Gauss) တို့ ဆွစ်လူမျိုး သင်္ချာပညာရှင် လီယိုနတ် အွိုင်လာ (Euler)တို့ကတော့ အဲဒီနေရာမှာတင် မကျေနပ်ကြပါဘူး။ အဲဒါကြောင့် √-1 ကို ဂဏန်းတစ်လုံးနဲ့ ခဏ အစားထိုးပြီး တွက်ချက် ကြည့်တဲ့အခါမှာ ဖြေရှင်းလို့မရနိုင်တဲ့ ညီမျှခြင်း တစ်ချို့ကို ဖြေရှင်းလို့ ရသွားတာကို တွေ့ရပါတယ်။ အဲဒီကနေ √-1 ကို အင်မေဂျင်နရီကိန်း အနေနဲ့ i လို့ သတ်မှတ်ပြီး တွက်ချက်တဲ့ ကွန်ပလက်စ်ကိန်း (Complex Number) ဆိုတာ ထွက်ပေါ်လာခဲ့ ပါတယ်။ အင်ဂျင်နီယာတွေ အတွက်ကတော့ i ဆိုတာ လျှပ်စီးလမ်းကြောင်းကို ဖော်ပြတဲ့ သင်္ကေတ အဖြစ် နေရာတစ်ကာမှာ သုံးလေ့ ရှိတာကြောင့် i အစား j ဆိုတဲ့ ကိန်းကို ပြောင်းသုံးခဲ့ကြ ပါတယ်။ အဲဒီလိုနဲ့1 + 2j ၊ 3 + 4j အစရှိတဲ့ ကွန်ပလက်စ်ကိန်းတွေ ပေါ်ပေါက် လာခဲ့ကြ ပါတယ်။ အင်ဂျင်နီယာနဲ့ နည်းပညာဆိုင်ရာ ပြသနာတွေကို ဖြေရှင်းတဲ့ နေရာမှာ ပိုပြီး လွယ်ကူလာပါတယ်။
ကိန်းဂဏန်းတွေ အကြောင်းပြောရင်း ဂျီစီအီး ကျူရှင် တက်တုန်းက သင်္ချာဆရာ ဦးစိုးနိုင် ပြောပြဖူးတဲ့ ဒဿမကိန်း အကြောင်းကလေး တစ်ခုကို အမှတ်ရ မိပါတယ်။ အရင်က ကွန်ပျူတာတွေကို အခုလောက် တွင်တွင်ကျယ်ကျယ် မသုံးကြသေးတာမို့ ဒဿမကိန်းတွေ ရှည်လျားလာရင် တွက်ရချက်ရ လွယ်ကူအောင် သုညအနောက် ဂဏန်း ၃ ခု ၊ ၄ခု စတဲ့ နေရာတွေမှာ ဖြတ်ပစ် တတ်ကြတဲ့ ထုံးစံ ရှိပါတယ်။ လကမ္ဘာပေါ်ကို ဂြိုဟ်တု လွတ်တော့ ဂြိုဟ်တုလမ်းကြောင်းကို တွက်ချက်တဲ့ ပညာရှင်တွေက ဒဿမကိန်းကို သုညရဲ့ နောက် ၂၇ လုံးမြောက်မှာ ဖြတ်လိုက်တယ်လို့ ဆိုပါတယ်။ အဲဒီလို ဒဿမ ၂၇ လုံး ဖြတ်ပစ်လိုက်တဲ့ အတွက် လကမ္ဘာပေါ်ကို တကယ် ဂြိုဟ်တု ရောက်သွားတဲ့ အချိန်မှာ သူတို့ မူလ တွက်ချက် ထားတဲ့ လမ်းကြောင်းကနေ သွေဖည်ပြီး မိုင်ပေါင်း ထောင်ပေါင်းများစွာ ဝေးတဲ့ နေရာမှာ ဂြိုဟ်တုက ရောက်သွားတယ်လို့ ဆိုပါတယ်။ ဂဏန်းက သေးသေးလေးပေမယ့် မိုင်ပေါင်း သိန်းချီတဲ့ အကွာအဝေးကို တွက်ချက်ရတဲ့ အခါမှာ ထောင်ဂဏန်းနဲ့ ချီပြီး ကွာသွားရတာပါ။
တစ်ခါက ကွန်ပျူတာ စနစ်အကြောင်း သင်တဲ့ လက်ချာတစ်ခုမှာ ဆရာ တစ်ယောက်က မေးဖူးပါတယ်။ လူတွေဟာ ကိန်းဂဏန်းတွေကို ရေတွက်ရင် ဘာဖြစ်လို့ အခြေ ၁၀ (base 10) ထားပြီး ဒက်ဆီမယ်ကိန်း (Decimal Number) အနေနဲ့ရေတွက်ကြတာလဲ ဆိုတဲ့ မေးခွန်းပါ။ ဘာဖြစ်လို့ ၉ ပြီးရင် ၁၀ ဖြစ်ရတာလဲ။ ၁၉ ပြီးရင် ၂၀ ဖြစ်ရတာလဲ။ ဘာဖြစ်လို့ ၇ ပြီးရင် ၁၀၊ ၁၇ ပြီးရင် ၂၀ စတာမျိုး ရေတွက်တဲ့အခြေ ၈ ဂဏန်း စတာမျိုးတွေကို မသုံးရတာလဲ ဆိုတဲ့ အဓိပ္ပာယ်ပါ။ ကြံကြံဖန်ဖန် ကတ်သီးကတ်သတ် တွေးတယ် ပြောရင်လည်း ပြောစရာပါပဲ။ ဒါပေမယ့် အီလက်ထရွန်းနစ်နဲ့ ကွန်ပျူတာ သမားတွေ အတွက်တော့ ဆားကစ်သုံးတဲ့ တွက်ချက်မှုတွေမှာ ဒက်ဆီမယ်သာ မကဘဲ အခြေ ၂ ရှိတဲ့ binary၊ အခြေ ၈ ရှိတဲ့ octal၊ အခြေ ၁၆ရှိတဲ့ Hexadecimal စတဲ့ ဂဏန်းတွေကို အမြဲ သုံးရလေ့ ရှိပါတယ်။ အဲဒီတော့ သူမေးတဲ့ မေးခွန်းက ကတ်သီးကတ်သတ် မဟုတ်ဘဲ စဉ်းစားစရာလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း သူပေးတဲ့ အဖြေကတော့ ရှင်းရှင်းလေး ပါပဲ။ လူတွေမှာ လက်က ဆယ်ချောင်း ရှိတဲ့ အတွက် ကိန်းဂဏန်းတွေကို ရေတွက်တဲ့ အခါမှာ အခြေ၁၀ ကို သုံးလေ့ရှိတာ ဖြစ်ပါတယ်တဲ့။ အကယ်၍ လူတွေမှာသာ လက် ၈ ချောင်းပဲ ရှိခဲ့ရင်တော့ ကျွန်တော်တို့ အခြေ ၈ နဲ့ ဇာတ်လမ်း ပြတ်သွားနိုင်ပါတယ်။ အဲဒါဆိုရင် ကိုးနဝင်းလည်း မိုးလင်းနိုင်တော့မှာ မဟုတ်ဘူးလို့ပဲ တွေးမိပါတော့တယ်။
ကိုးကား။ ။ Signal Processing & Linear System By B.P. Lathi
Search This Blog
Showing posts with label သိပ္ပံ. Show all posts

Thursday, November 17, 2011
Tuesday, April 5, 2011
Voyager ကို ဖွေရှာတွေ့ခဲ့ရင်
စကြာဝဠာရဲ့ အချင်းဟာ အလင်းနှစ်ပေါင်း ၉၃ ဘီလီယံ ရှိတယ်လို့ ဆိုကြပါတယ်။ သိပ္ပံနဲ့ မရင်းနှီးတဲ့ သူတွေ အတွက် အဓိပ္ပာယ် ဖွင့်ရမယ် ဆိုရင်တော့ အလင်းရဲ့ အမြန်နှုန်း ဖြစ်တဲ့ တစက္ကန့်ကို မိုင်ပေါင်း ၁သိန်း ၈သောင်း ၆ ထောင်နှုန်း နဲ့ သွားရင်တောင်မှ စကြာဝဠာ အစအဆုံးကို သွားဖို့ နှစ်ပေါင်း သန်းပေါင်း ၉ သောင်း ၃ ထောင်သွားရမယ် ဆိုတဲ့ သဘောပါ။ အဲဒီလောက် အပြောကျယ်တဲ့ စကြာဝဠာ ထဲမှာ ကျွန်တော်တို့ ရဲ့ ကမ္ဘာတည်ရှိနေတဲ့ နေအဖွဲ့အစည်း ဆိုတာ ဘာမှ မပြောပလောက်တဲ့ နေရာ သေးသေးကလေး တစ်ခုပါပဲ။
စကြာဝဠာ ကြီး အဲဒီလောက် ကျယ်တဲ့ အကြောင်းကို သိထားတဲ့ သူတိုင်း စကြာဝဠာထဲက တစ်ခြား နေရာတွေမှာ ကျွန်တော်တို့ လူသားတွေလိုမျိုး အသိဉာဏ်ရှိတဲ့ ဒါမှမဟုတ် လူသားတွေထက် ပိုပြီး အသိဉာဏ်ရှိတဲ့ တခြားသက်ရှိတွေ ရှိနေမလား ဆိုတဲ့ အတွေးမျိုး တွေးမိကြမှာ ပါပဲ။ အဲဒီသက်ရှိတွေဟာ ကိုယ့်ရဲ့ ဂြိုဟ်မှာ ကိုယ် အေးအေးဆေးဆေး အငြိမ် မနေနိုင်ကြဘဲ ဖလမ်းဖလမ်းထပြီး ယူအက်ဖ်အို တဝီဝီနဲ့ လမ်းသလား နေကြတဲ့ ဂြိုဟ်သားတွေ ဖြစ်နိုင် ပါတယ်။ ဒါမှမဟုတ် လှံကိုင်ပြီး ဒိုင်နိုဆောလို သတ္တဝါတွေနဲ့ နပမ်းသတ် နေကြတဲ့ ကျောက်ခေတ်လူသားတွေလို အသိဉာဏ် မဖွံ့ဖြိုးသေးတဲ့ သက်ရှိတွေလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စကြာဝဠာထဲမှာ တခြားသက်ရှိတွေ ရှိနေမယ်လို့ ယုံကြည်တဲ့သူတွေ ကတော့ လူနည်းစု မဟုတ်တာ အမှန်ပါပဲ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝကျော်က နာဆာ (NASA) ကနေ ဗွိုင်ယေဂျာ (Voyager) ဆိုတဲ့ အာကာသ အစီအစဉ် တစ်ခုကို စခဲ့ပါတယ်။ ဗွိုင်ယေဂျာ မစ်ရှင်ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ နေအဖွဲ့အစည်းထဲက တခြား ဂြိုဟ်တွေကို လူမပါတဲ့ အာကာသယာဉ်နဲ့ လေ့လာဖို့ပါ။ ဗွိုင်ယေဂျာ တစ်နဲ့ နှစ်ဟာ နေအဖွဲ့အစည်း ထဲက ကမ္ဘာရဲ့ အပြင်ဖက် လမ်းကြောင်းမှာရှိတဲ့ ဂြိုဟ်တွေ အားလုံး နီးပါးရဲ့ အနီးအနားကနေ ဖြတ်သန်းပြီး လေ့လာကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗွိုင်ယေဂျာ အာကာသယာဉ် တွေဟာ ဂြိုဟ်တွေ အနားက ဖြတ်သန်း သွားပြီးတဲ့ အခါမှာတော့ ကမ္ဘာကို ပြန်ရောက်လာနိုင် ကြမှာ မဟုတ်ပါဘူး။ နေအဖွဲ့အစည်းရဲ့ အပြင်ဖက်ကို ထွက်သွားကြမှာ ဖြစ်ပါတယ်။
တကယ်လို့များ ကျွန်တော်တို့ လူသားတွေလို ကိုယ့်ဂြိုဟ်မှာကိုယ် အငြိမ်မနေနိုင်ပဲ အာကာသထဲမှာ ဟိုဟိုဒီဒီ လျှောက်ပြီး လမ်းသလားနေကြတဲ့ ဂြိုဟ်သားတွေ ဗွိုင်ယေဂျာ အာကာသယာဉ်က မတော်တဆ တွေ့သွားခဲ့မယ် ဆိုကြပါစို့။ သူတို့အနေနဲ့ ဒါက ဘာကြီးလဲလို့ တွေးဖြစ်ရင် တွေးဖြစ်ကြပါလိမ့်မယ်။ တွေးရုံနဲ့ အားမရလို့ သူတို့ ဗွိုင်ယေဂျာ အာကာသယာဉ်ကို ဖွင့်ပြီး အထဲဝင် စူးစမ်းခဲ့မယ် ဆိုရင်တော့ ရွှေဓာတ်ပြားလို့ ခေါ်တဲ့ ဓာတ်ပြားချပ်ကလေးကို တွေ့ရမှာပါ။ အကယ်၍ ငတ်ကြီးကျတဲ့ ဂြိုဟ်သားနဲ့ တွေ့လို့ ဓာတ်ပြားကို ဘိန်းမုန့်အမှတ်နဲ့ စားလိုက်ရင်တော့ ပွဲသိမ်းပါပြီ။ ဒါမှမဟုတ်ဘဲ ဂြိုဟ်သားက နည်းနည်းပါးပါး စပ်စုချင်စိတ်ရှိလို့ ဓာတ်ပြားကို အသေအချာ ကြည့်ရင်တော့ အဲဒီ ဓာတ်ပြားကို ဘယ်လိုဖွင့်ရမယ်ဆိုတဲ့အကြောင်းကို ပုံဆွဲပြထားတဲ့ ညွှန်ကြားချက်နဲ့ အတူ ဓာတ်ပြားကို ဖွင့်ဖို့ ဓာတ်စက် တစ်လုံးကို အာကာသယာဉ်ပေါ်မှာ တွေ့ရမှာ ဖြစ်ပါတယ်။
ဂြိုဟ်သားက အင်္ဂလိပ်စာ ကို အဓိပ္ပာယ် ပြန်တတ်ခဲ့ရင်တော့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာရဲ့ နှုတ်ခွန်းဆက်စကား "ဟိုးအဝေးကြီးမှာ ရှိတဲ့ ကမ္ဘာဆိုတဲ့ ဂြိုဟ်သေးသေး ကလေး တစ်ခုက လက်ဆောင်ပါ။ ဒီအထဲမှာ ငါတို့ ကမ္ဘာပေါ်က အသံတွေ၊ သိပ္ပံပညာတွေ၊ ပုံတွေ၊ ဂီတတွေ၊ ငါတို့ရဲ့ အတွေးအခေါ်နဲ့ ခံစားမှုတွေကို ထည့်ထား ပါတယ်။" ဆိုတာကို ဖတ်မိပါ လိမ့်မယ်။ အဲဒါအပြင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကွတ်ဝါးဟိုင်းရဲ့ နှုတ်ခွန်းဆက်စကား ဖြစ်တဲ့ "ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံပေါင်း ၁၄၇ ခုကို ကိုယ်စားပြုထားတဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ကနေ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံးရဲ့ ကိုယ်စား နှုတ်ခွန်းဆက်ပါတယ်။ ငါတို့ နေအဖွဲ့အစည်းကနေ ငြိမ်းချမ်းရေးနဲ့ ခင်မင်ရင်းနှီးမှု ကို မင်းတို့ကို သင်ပေးဖို့ ဒါမှမဟုတ် မင်းတို့ရဲ့ သင်ပေးတာကို ခံယူဖို့ ငါတို့ အလိုရှိပါတယ်။ " ဆိုတာကိုလည်း တွေ့ရပါလိမ့်ဦးမယ်။
ဓာတ်ပြားထဲမှာ ဘာသာစကား ၅၅ မျိုးနဲ့ နှုတ်ခွန်းဆက်ထားတာ ပါပါတယ်။ မြန်မာစကား နားလည်တဲ့ ဂြိုဟ်သားများ ရှိနေခဲ့ရင်တော့ အဲဒီ ဓာတ်ပြားထဲမှာ "မာရဲ့လား ခင်ဗျာ" ဆိုတဲ့ မြန်မာလို နှုတ်ခွန်းဆက် စကားကို ကြားရပါလိမ့်မယ်။ ဒီမှာ နားထောင်ကြည့်လို့ ရပါတယ်။ ဂြိုဟ်သားကတော့ တို့ကတော့ ပျော့ပျော့ပဲလို့ ပြန်ဖြေချင်မလား မသိပါဘူး။ ရုပ်ရှင်ထဲ ကြည့်ရတဲ့ ဂြိုဟ်သားတွေ ကတော့ ပျော့စိစိ မို့ပါ။
အဲဒီဓာတ်ပြားကို စုစည်းတင်ဆင်တဲ့သူကတော့ ကော်နဲလ် တက္ကသိုလ်က ကားလ်ဆာဂန် (Carl Sagan) နဲ့ အဖွဲ့ပါ။ အဲဒီ အထဲမှာ နေအဖွဲ့အစည်းနဲ့ ကမ္ဘာရဲ့ တည်နေရာကို ပြထားတဲ့ ရုပ်ပုံတွေ၊ လူသားတွေရဲ့ ခန္ဓာဗေဒ အကြောင်းကို ရှင်းပြထားတဲ့ ရုပ်ပုံတွေ၊ ကမ္ဘာပေါ်မှာရှိတဲ့ အဆောက်အဦးတွေထဲက အိန္ဒိယ တာ့ဂျ်မဟာရ်က စလို့ ဆစ်ဒနီ အော်ပရာဇာတ်ရုံ အဆုံး အဆောက်အဦး ဓာတ်ပုံတွေ၊ သဘာဝတိရိစ္ဆာန်တွေရဲ့ ရုပ်ပုံတွေ၊ လူတွေရဲ့ သွားလာ လှုပ်ရှားနေတဲ့ ရုပ်ပုံတွေ စတဲ့ ကမ္ဘာ အကြောင်းကို ရှင်းပြထားတဲ့ ရုပ်ပုံတွေ ပါပါတယ်။ အဲဒါအပြင် တိရိစ္ဆာန်တွေရဲ့ အသံတွေ၊ ယာဉ်သံ လူသံတွေ၊ သဘာဝ အလျောက် ဖြစ်ပေါ်နေကြတဲ့ အသံတွေကို လည်း အသံသွင်းပြီး ထည့်ထားပါသေးတယ်။ ရွှတ်ဆိုလား ပြွတ်ဆိုလား နမ်းတဲ့ အသံတောင် ပါပါသေးတယ်။ ဒါတင်ပဲလား ဆိုတော့ မကသေးပါဘူး။ ဗီသိုဗင်နဲ့ ဘက်ရှ်တို့ရဲ့ ဂန္တဝင် ဂီတတွေက စလို့ အဲဒီခေတ်အခါက ခေတ်ပေါ် ဂျက်ဇ် ဂီတ သီချင်းတွေလည်း ပါပါသေးတယ်။
ကားဆာလ်ဂန် က ဒီလောက်နဲ့ မကျေနပ်ပါဘူး။ သူ့ရဲ့ မိန်းမကို တစ်နာရီ တိတိ စဉ်းစာခန်း ဝင်ခိုင်းပြီးတော့ သူမ စဉ်းစားနေတဲ့ အချိန် ဦးနှောက်က ထွက်လာတဲ့ လှိုင်းတွေကို မှတ်တမ်းတင်ပြီး ဓာတ်ပြားထဲ ထည့်ထား ပါသေးတယ်။ သူမကတော့ အဲဒီ တစ်နာရီ အတွင်းမှာ ကမ္ဘာကြီးရဲ့ သမိုင်းကြောင်းနဲ့ သက်ရှိတွေ အကြောင်း၊ လူတွေရဲ့ လူမှု ဘဝနဲ့ အတွေးအခေါ်တွေအကြောင်း၊ ကြမ်းကြုတ်ရက်စက်မှုတွေနဲ့ ဆင်းရဲမှုတွေကြောင့် ကမ္ဘာပေါ်မှာ အသက်ရှင် နေထိုင်ကြတဲ့ လူသားတွေ ဒုက္ခရောက်ကြပုံ အကြောင်းတွေကို တွေးတယ် လို့ ဆိုပါတယ်။ နောက်ဆုံး တစ်ခု အနေနဲ့ သူမ ကနေ ဂြိုဟ်သားတွေကို ပြောချင်တဲ့ စကားနဲ့ ချစ်တယ်ဆိုတဲ့ ခံစားချက် ဘယ်လို ရှိတယ် ဆိုတဲ့အကြောင်းကိုပါ တွေးခဲ့တယ် လို့ ဆိုပါတယ်။ တကယ်လို့ အဲဒီ ဓာတ်ပြားကို တွေ့ခဲ့တဲ့သူက သူမရဲ့ ဦးနှောက်ထဲက လှိုင်းတွေကို ဘာသာပြန်နိုင်ရင်တော့ လူတွေရဲ့ အကြောင်းကို ပိုပြီး အသေးစိတ် နားလည်နိုင်မှာပါ။
ဗွိုင်ယေဂျာကို တခြား ဂြိုဟ်သားတွေ ရှာတွေ့ဖို့ မတွေ့ဖို့ ဆိုတာ သေချာတဲ့ အချက်မဟုတ်ပါဘူး။ ပင်လယ်ထဲကို ပုလင်းတစ်လုံး ထည့်ပြီး မျှောလိုက်သလိုပါပဲ။ တစ်ယောက်ယောက်က ကောက်မိချင်ရင်လည်း ကောက်မိမယ်။ ဒါမှမဟုတ်ရင် တစ်ခုခုနဲ့ တိုက်မိပြီး ပျက်စီးချင်ရင်လည်း ပျက်စီးသွားနိုင်တယ် ဆိုတဲ့ သဘောမျိုးပါပဲ။ ဒါပေမယ့်လည်း ဗွိုင်ယေဂျာပေါ် မှာ ဓာတ်ပြား ထည့်ပေးလိုက်တဲ့ ရည်ရွယ်ချက်က အာကာသထဲမှာ ခရီးသွားနေတဲ့ ဂြိုဟ်ကမ္ဘာသား တစ်ယောက်ယောက်က မတော်တဆ ဒီအာကာသယာဉ်ကို တွေ့ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက် ရောင်ခြည် အလင်းတန်း မှိန်မှိန်ကလေး တစ်ခုကြောင့် ဖြစ်ပါတယ်။
ဒီကနေစလို့ နောက်နှစ်ပေါင်း ၄ သောင်း ကြာတဲ့ အခါမှာတော့ ဗွိုင်ယေဂျာ ၁ ဟာ အိုဖျူးခပ်စ် ကြယ်တာရာစု (Ophiuchus Constellation) မှာ ရှိတဲ့ AC+79 3888 ဆိုတဲ့ ကြယ်နဲ့ အလင်းနှစ်ပေါင်း ၁.၇ နှစ် ကွာဝေးတဲ့ နေရာကို ရောက်မှာဖြစ်ပြီး ဗွိုင်ယေဂျာ ၂ ကတော့ အင်န်ဒရိုမီဒါ ကြယ်တာရာစု (Andromeda Constellation) မှာရှိတဲ့ Ross 248 ဆိုတဲ့ ကြယ်နဲ့ အလင်းနှစ် ၁.၇ နှစ် ဝေးတဲ့နေရာကို ရောက်မယ်လို့ ခန့်မှန်းရပါတယ်။ အကယ်၍ အဲဒီကြယ်တွေရဲ့ ပတ်လမ်းထဲက ဂြိုဟ်တွေထဲမှာ အသိဉာဏ်မြင့်မားတဲ့ ဂြိုဟ်သားတွေ နေထိုင်ကြပြီး ဗွိုင်ယေဂျာကို တွေ့ခဲ့မယ် ဆိုရင်တော့ ကမ္ဘာဆိုတာ ဂလိုကိုး လို့ အဓိပ္ပာယ်ဖွင့်ဆိုချက် ထုတ်နိုင်ကြမှာ ဖြစ်ပါတယ်။
အမှန်တကယ်တော့ အဲဒီလို မျှော်လင့်ချက်ကလည်း ဖြစ်နိုင်ခြေ အတော်နည်းတဲ့ ကိစ္စပါ။ စကြာဝဠာထဲမှာ သက်ရှိဖြစ်ဖို့ ဆိုတာ အတော် ခက်ခဲပါတယ်။ စူပါနိုဗာလို့ ခေါ်တဲ့ ကြယ်ပေါက်ကွဲမှုကနေပြီးတော့ သက်ရှိဖြစ်နိုင်တဲ့ ဓာတ်တွေ ထွက်လာပါတယ်။ အဲဒီကမှ တစ်ဆင့် ဓာတ်တွေ ပေါင်းစပ်ပြီး သက်ရှိဖြစ်ဖို့ လမ်းစ ပေါ်လာပါတယ်။ လူတွေ အခုလို တိုးတက်တဲ့ အခြေအနေမျိုး ရောက်အောင် ဖြတ်သန်းခဲ့ရတဲ့ အချိန်ကာလက ဆိုရင် မနည်းလှပါဘူး။ ပေလီယိုလစ်သစ် (Paleolithic) လို့ ခေါ်တဲ့ ကျောက်ခေတ်ဟောင်း ကာလမှာ ကျောက်လက်နက်တွေ အသုံးပြုနေရာကနေ အနှစ်ပေါင်း နှစ်သန်းခွဲကျော်တဲ့ အချိန်မှာမှ လူသားတွေ အခုလို အသိဉာဏ် အခြေအနေမျိုးကို ရောက်လာခဲ့တာပါ။ အဲဒီတော့ တခြားကမ္ဘာမှာ ဂြိုဟ်သားတွေ ရှိခဲ့ရင်လည်း သူတို့အနေနဲ့ လူသားရဲ့ အသိဉာဏ်မျိုး ရောက်ဖို့ အတော် အချိန်ယူရပါလိမ့်မယ်။ သူတို့ ဒီလို နှစ်ပေါင်း နှစ်သန်းခွဲ တိတိ အသက်ရှင် နေထိုင်နိုင်ကြမလား၊ လူသားလို အသိဉာဏ်မျိုး ရောက်တဲ့ အထိ တိုးတက်နိုင်ပါ့မလားဆိုတာတွေက တော့ ဘယ်သူမှ မဖြေနိုင်တဲ့ မေးခွန်းတွေပါပဲ။
ကိုးကား ။ ။ http://voyager.jpl.nasa.gov/index.html
http://en.wikipedia.org/wiki/Contents_of_the_Voyager_Golden_Record
http://www.davidpbrown.co.uk/nota-bene/voyager-spacecraft.html
စကြာဝဠာ ကြီး အဲဒီလောက် ကျယ်တဲ့ အကြောင်းကို သိထားတဲ့ သူတိုင်း စကြာဝဠာထဲက တစ်ခြား နေရာတွေမှာ ကျွန်တော်တို့ လူသားတွေလိုမျိုး အသိဉာဏ်ရှိတဲ့ ဒါမှမဟုတ် လူသားတွေထက် ပိုပြီး အသိဉာဏ်ရှိတဲ့ တခြားသက်ရှိတွေ ရှိနေမလား ဆိုတဲ့ အတွေးမျိုး တွေးမိကြမှာ ပါပဲ။ အဲဒီသက်ရှိတွေဟာ ကိုယ့်ရဲ့ ဂြိုဟ်မှာ ကိုယ် အေးအေးဆေးဆေး အငြိမ် မနေနိုင်ကြဘဲ ဖလမ်းဖလမ်းထပြီး ယူအက်ဖ်အို တဝီဝီနဲ့ လမ်းသလား နေကြတဲ့ ဂြိုဟ်သားတွေ ဖြစ်နိုင် ပါတယ်။ ဒါမှမဟုတ် လှံကိုင်ပြီး ဒိုင်နိုဆောလို သတ္တဝါတွေနဲ့ နပမ်းသတ် နေကြတဲ့ ကျောက်ခေတ်လူသားတွေလို အသိဉာဏ် မဖွံ့ဖြိုးသေးတဲ့ သက်ရှိတွေလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စကြာဝဠာထဲမှာ တခြားသက်ရှိတွေ ရှိနေမယ်လို့ ယုံကြည်တဲ့သူတွေ ကတော့ လူနည်းစု မဟုတ်တာ အမှန်ပါပဲ။
![]() |
| ဗွိုင်ယေဂျာ အာကာသယာဉ် |
တကယ်လို့များ ကျွန်တော်တို့ လူသားတွေလို ကိုယ့်ဂြိုဟ်မှာကိုယ် အငြိမ်မနေနိုင်ပဲ အာကာသထဲမှာ ဟိုဟိုဒီဒီ လျှောက်ပြီး လမ်းသလားနေကြတဲ့ ဂြိုဟ်သားတွေ ဗွိုင်ယေဂျာ အာကာသယာဉ်က မတော်တဆ တွေ့သွားခဲ့မယ် ဆိုကြပါစို့။ သူတို့အနေနဲ့ ဒါက ဘာကြီးလဲလို့ တွေးဖြစ်ရင် တွေးဖြစ်ကြပါလိမ့်မယ်။ တွေးရုံနဲ့ အားမရလို့ သူတို့ ဗွိုင်ယေဂျာ အာကာသယာဉ်ကို ဖွင့်ပြီး အထဲဝင် စူးစမ်းခဲ့မယ် ဆိုရင်တော့ ရွှေဓာတ်ပြားလို့ ခေါ်တဲ့ ဓာတ်ပြားချပ်ကလေးကို တွေ့ရမှာပါ။ အကယ်၍ ငတ်ကြီးကျတဲ့ ဂြိုဟ်သားနဲ့ တွေ့လို့ ဓာတ်ပြားကို ဘိန်းမုန့်အမှတ်နဲ့ စားလိုက်ရင်တော့ ပွဲသိမ်းပါပြီ။ ဒါမှမဟုတ်ဘဲ ဂြိုဟ်သားက နည်းနည်းပါးပါး စပ်စုချင်စိတ်ရှိလို့ ဓာတ်ပြားကို အသေအချာ ကြည့်ရင်တော့ အဲဒီ ဓာတ်ပြားကို ဘယ်လိုဖွင့်ရမယ်ဆိုတဲ့အကြောင်းကို ပုံဆွဲပြထားတဲ့ ညွှန်ကြားချက်နဲ့ အတူ ဓာတ်ပြားကို ဖွင့်ဖို့ ဓာတ်စက် တစ်လုံးကို အာကာသယာဉ်ပေါ်မှာ တွေ့ရမှာ ဖြစ်ပါတယ်။
ဂြိုဟ်သားက အင်္ဂလိပ်စာ ကို အဓိပ္ပာယ် ပြန်တတ်ခဲ့ရင်တော့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာရဲ့ နှုတ်ခွန်းဆက်စကား "ဟိုးအဝေးကြီးမှာ ရှိတဲ့ ကမ္ဘာဆိုတဲ့ ဂြိုဟ်သေးသေး ကလေး တစ်ခုက လက်ဆောင်ပါ။ ဒီအထဲမှာ ငါတို့ ကမ္ဘာပေါ်က အသံတွေ၊ သိပ္ပံပညာတွေ၊ ပုံတွေ၊ ဂီတတွေ၊ ငါတို့ရဲ့ အတွေးအခေါ်နဲ့ ခံစားမှုတွေကို ထည့်ထား ပါတယ်။" ဆိုတာကို ဖတ်မိပါ လိမ့်မယ်။ အဲဒါအပြင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကွတ်ဝါးဟိုင်းရဲ့ နှုတ်ခွန်းဆက်စကား ဖြစ်တဲ့ "ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံပေါင်း ၁၄၇ ခုကို ကိုယ်စားပြုထားတဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ကနေ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံးရဲ့ ကိုယ်စား နှုတ်ခွန်းဆက်ပါတယ်။ ငါတို့ နေအဖွဲ့အစည်းကနေ ငြိမ်းချမ်းရေးနဲ့ ခင်မင်ရင်းနှီးမှု ကို မင်းတို့ကို သင်ပေးဖို့ ဒါမှမဟုတ် မင်းတို့ရဲ့ သင်ပေးတာကို ခံယူဖို့ ငါတို့ အလိုရှိပါတယ်။ " ဆိုတာကိုလည်း တွေ့ရပါလိမ့်ဦးမယ်။
ဓာတ်ပြားထဲမှာ ဘာသာစကား ၅၅ မျိုးနဲ့ နှုတ်ခွန်းဆက်ထားတာ ပါပါတယ်။ မြန်မာစကား နားလည်တဲ့ ဂြိုဟ်သားများ ရှိနေခဲ့ရင်တော့ အဲဒီ ဓာတ်ပြားထဲမှာ "မာရဲ့လား ခင်ဗျာ" ဆိုတဲ့ မြန်မာလို နှုတ်ခွန်းဆက် စကားကို ကြားရပါလိမ့်မယ်။ ဒီမှာ နားထောင်ကြည့်လို့ ရပါတယ်။ ဂြိုဟ်သားကတော့ တို့ကတော့ ပျော့ပျော့ပဲလို့ ပြန်ဖြေချင်မလား မသိပါဘူး။ ရုပ်ရှင်ထဲ ကြည့်ရတဲ့ ဂြိုဟ်သားတွေ ကတော့ ပျော့စိစိ မို့ပါ။
အဲဒီဓာတ်ပြားကို စုစည်းတင်ဆင်တဲ့သူကတော့ ကော်နဲလ် တက္ကသိုလ်က ကားလ်ဆာဂန် (Carl Sagan) နဲ့ အဖွဲ့ပါ။ အဲဒီ အထဲမှာ နေအဖွဲ့အစည်းနဲ့ ကမ္ဘာရဲ့ တည်နေရာကို ပြထားတဲ့ ရုပ်ပုံတွေ၊ လူသားတွေရဲ့ ခန္ဓာဗေဒ အကြောင်းကို ရှင်းပြထားတဲ့ ရုပ်ပုံတွေ၊ ကမ္ဘာပေါ်မှာရှိတဲ့ အဆောက်အဦးတွေထဲက အိန္ဒိယ တာ့ဂျ်မဟာရ်က စလို့ ဆစ်ဒနီ အော်ပရာဇာတ်ရုံ အဆုံး အဆောက်အဦး ဓာတ်ပုံတွေ၊ သဘာဝတိရိစ္ဆာန်တွေရဲ့ ရုပ်ပုံတွေ၊ လူတွေရဲ့ သွားလာ လှုပ်ရှားနေတဲ့ ရုပ်ပုံတွေ စတဲ့ ကမ္ဘာ အကြောင်းကို ရှင်းပြထားတဲ့ ရုပ်ပုံတွေ ပါပါတယ်။ အဲဒါအပြင် တိရိစ္ဆာန်တွေရဲ့ အသံတွေ၊ ယာဉ်သံ လူသံတွေ၊ သဘာဝ အလျောက် ဖြစ်ပေါ်နေကြတဲ့ အသံတွေကို လည်း အသံသွင်းပြီး ထည့်ထားပါသေးတယ်။ ရွှတ်ဆိုလား ပြွတ်ဆိုလား နမ်းတဲ့ အသံတောင် ပါပါသေးတယ်။ ဒါတင်ပဲလား ဆိုတော့ မကသေးပါဘူး။ ဗီသိုဗင်နဲ့ ဘက်ရှ်တို့ရဲ့ ဂန္တဝင် ဂီတတွေက စလို့ အဲဒီခေတ်အခါက ခေတ်ပေါ် ဂျက်ဇ် ဂီတ သီချင်းတွေလည်း ပါပါသေးတယ်။
ကားဆာလ်ဂန် က ဒီလောက်နဲ့ မကျေနပ်ပါဘူး။ သူ့ရဲ့ မိန်းမကို တစ်နာရီ တိတိ စဉ်းစာခန်း ဝင်ခိုင်းပြီးတော့ သူမ စဉ်းစားနေတဲ့ အချိန် ဦးနှောက်က ထွက်လာတဲ့ လှိုင်းတွေကို မှတ်တမ်းတင်ပြီး ဓာတ်ပြားထဲ ထည့်ထား ပါသေးတယ်။ သူမကတော့ အဲဒီ တစ်နာရီ အတွင်းမှာ ကမ္ဘာကြီးရဲ့ သမိုင်းကြောင်းနဲ့ သက်ရှိတွေ အကြောင်း၊ လူတွေရဲ့ လူမှု ဘဝနဲ့ အတွေးအခေါ်တွေအကြောင်း၊ ကြမ်းကြုတ်ရက်စက်မှုတွေနဲ့ ဆင်းရဲမှုတွေကြောင့် ကမ္ဘာပေါ်မှာ အသက်ရှင် နေထိုင်ကြတဲ့ လူသားတွေ ဒုက္ခရောက်ကြပုံ အကြောင်းတွေကို တွေးတယ် လို့ ဆိုပါတယ်။ နောက်ဆုံး တစ်ခု အနေနဲ့ သူမ ကနေ ဂြိုဟ်သားတွေကို ပြောချင်တဲ့ စကားနဲ့ ချစ်တယ်ဆိုတဲ့ ခံစားချက် ဘယ်လို ရှိတယ် ဆိုတဲ့အကြောင်းကိုပါ တွေးခဲ့တယ် လို့ ဆိုပါတယ်။ တကယ်လို့ အဲဒီ ဓာတ်ပြားကို တွေ့ခဲ့တဲ့သူက သူမရဲ့ ဦးနှောက်ထဲက လှိုင်းတွေကို ဘာသာပြန်နိုင်ရင်တော့ လူတွေရဲ့ အကြောင်းကို ပိုပြီး အသေးစိတ် နားလည်နိုင်မှာပါ။
ဗွိုင်ယေဂျာကို တခြား ဂြိုဟ်သားတွေ ရှာတွေ့ဖို့ မတွေ့ဖို့ ဆိုတာ သေချာတဲ့ အချက်မဟုတ်ပါဘူး။ ပင်လယ်ထဲကို ပုလင်းတစ်လုံး ထည့်ပြီး မျှောလိုက်သလိုပါပဲ။ တစ်ယောက်ယောက်က ကောက်မိချင်ရင်လည်း ကောက်မိမယ်။ ဒါမှမဟုတ်ရင် တစ်ခုခုနဲ့ တိုက်မိပြီး ပျက်စီးချင်ရင်လည်း ပျက်စီးသွားနိုင်တယ် ဆိုတဲ့ သဘောမျိုးပါပဲ။ ဒါပေမယ့်လည်း ဗွိုင်ယေဂျာပေါ် မှာ ဓာတ်ပြား ထည့်ပေးလိုက်တဲ့ ရည်ရွယ်ချက်က အာကာသထဲမှာ ခရီးသွားနေတဲ့ ဂြိုဟ်ကမ္ဘာသား တစ်ယောက်ယောက်က မတော်တဆ ဒီအာကာသယာဉ်ကို တွေ့ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက် ရောင်ခြည် အလင်းတန်း မှိန်မှိန်ကလေး တစ်ခုကြောင့် ဖြစ်ပါတယ်။
ဒီကနေစလို့ နောက်နှစ်ပေါင်း ၄ သောင်း ကြာတဲ့ အခါမှာတော့ ဗွိုင်ယေဂျာ ၁ ဟာ အိုဖျူးခပ်စ် ကြယ်တာရာစု (Ophiuchus Constellation) မှာ ရှိတဲ့ AC+79 3888 ဆိုတဲ့ ကြယ်နဲ့ အလင်းနှစ်ပေါင်း ၁.၇ နှစ် ကွာဝေးတဲ့ နေရာကို ရောက်မှာဖြစ်ပြီး ဗွိုင်ယေဂျာ ၂ ကတော့ အင်န်ဒရိုမီဒါ ကြယ်တာရာစု (Andromeda Constellation) မှာရှိတဲ့ Ross 248 ဆိုတဲ့ ကြယ်နဲ့ အလင်းနှစ် ၁.၇ နှစ် ဝေးတဲ့နေရာကို ရောက်မယ်လို့ ခန့်မှန်းရပါတယ်။ အကယ်၍ အဲဒီကြယ်တွေရဲ့ ပတ်လမ်းထဲက ဂြိုဟ်တွေထဲမှာ အသိဉာဏ်မြင့်မားတဲ့ ဂြိုဟ်သားတွေ နေထိုင်ကြပြီး ဗွိုင်ယေဂျာကို တွေ့ခဲ့မယ် ဆိုရင်တော့ ကမ္ဘာဆိုတာ ဂလိုကိုး လို့ အဓိပ္ပာယ်ဖွင့်ဆိုချက် ထုတ်နိုင်ကြမှာ ဖြစ်ပါတယ်။
အမှန်တကယ်တော့ အဲဒီလို မျှော်လင့်ချက်ကလည်း ဖြစ်နိုင်ခြေ အတော်နည်းတဲ့ ကိစ္စပါ။ စကြာဝဠာထဲမှာ သက်ရှိဖြစ်ဖို့ ဆိုတာ အတော် ခက်ခဲပါတယ်။ စူပါနိုဗာလို့ ခေါ်တဲ့ ကြယ်ပေါက်ကွဲမှုကနေပြီးတော့ သက်ရှိဖြစ်နိုင်တဲ့ ဓာတ်တွေ ထွက်လာပါတယ်။ အဲဒီကမှ တစ်ဆင့် ဓာတ်တွေ ပေါင်းစပ်ပြီး သက်ရှိဖြစ်ဖို့ လမ်းစ ပေါ်လာပါတယ်။ လူတွေ အခုလို တိုးတက်တဲ့ အခြေအနေမျိုး ရောက်အောင် ဖြတ်သန်းခဲ့ရတဲ့ အချိန်ကာလက ဆိုရင် မနည်းလှပါဘူး။ ပေလီယိုလစ်သစ် (Paleolithic) လို့ ခေါ်တဲ့ ကျောက်ခေတ်ဟောင်း ကာလမှာ ကျောက်လက်နက်တွေ အသုံးပြုနေရာကနေ အနှစ်ပေါင်း နှစ်သန်းခွဲကျော်တဲ့ အချိန်မှာမှ လူသားတွေ အခုလို အသိဉာဏ် အခြေအနေမျိုးကို ရောက်လာခဲ့တာပါ။ အဲဒီတော့ တခြားကမ္ဘာမှာ ဂြိုဟ်သားတွေ ရှိခဲ့ရင်လည်း သူတို့အနေနဲ့ လူသားရဲ့ အသိဉာဏ်မျိုး ရောက်ဖို့ အတော် အချိန်ယူရပါလိမ့်မယ်။ သူတို့ ဒီလို နှစ်ပေါင်း နှစ်သန်းခွဲ တိတိ အသက်ရှင် နေထိုင်နိုင်ကြမလား၊ လူသားလို အသိဉာဏ်မျိုး ရောက်တဲ့ အထိ တိုးတက်နိုင်ပါ့မလားဆိုတာတွေက တော့ ဘယ်သူမှ မဖြေနိုင်တဲ့ မေးခွန်းတွေပါပဲ။
ကိုးကား ။ ။ http://voyager.jpl.nasa.gov/index.html
http://en.wikipedia.org/wiki/Contents_of_the_Voyager_Golden_Record
http://www.davidpbrown.co.uk/nota-bene/voyager-spacecraft.html
Sunday, January 30, 2011
ပြဒါးတစ်လမ်း သံတစ်လမ်း
လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း ဆိုတဲ့ စကားက မြန်မာလူမျိုးတိုင်းနဲ့ မစိမ်းလှပါဘူး။ ကျွန်တော်တို့ မူလတန်းမှာ သင်ခဲ့ရတဲ့ ဖတ်စာအုပ်ထဲမှာတော့ အဲဒီစကားကို ကိုးကားပြီး ပုဂံမှာ ဘုရားပေါင်း ၄၄၄၆,၇၃၃ ဆူရှိခဲ့တယ်လို့ ရေးထားပါတယ်။ ဒါပေမယ့်လည်း အဲဒီ ကိန်းဂဏန်းက ဘယ်လိုမှကို မဖြစ်နိုင်တဲ့ ကိန်းဂဏန်းပါ။ အရိုးဆုံး အရှင်းဆုံးနည်း နဲ့ပဲ ဘုရားတစ်ဆူကို ဘေးက လူသွားလမ်းအပါအဝင် လျော့လျော့ပေါ့ပေါ့ ၁၅ ပေ ပတ်လည် ထားပြီး တွက်ကြည့်ပါ။ ပုဂံလို မြို့နေရာ မှာတင်မက အထက်အညာ ဒေသတစ်ခုလုံး မှာတောင် ဒီလောက်များတဲ့ ဘုရားတွေ ဆောက်စရာ မြေနေရာ မရှိဘူး ဆိုတာ အလွယ်တကူ တွက်ကြည့်လို့ ရပါတယ်။ နောက်ပိုင်းတော့ သမိုင်းပညာရှင်တွေက ဖြစ်နိုင်ခြေ ရှိတာ လှည်းဝင်ရိုးသံ (၄၄၄၆) ပဲ ဖြစ်နိုင်ပြီး နောက်က တညံညံက ကာရန် ကိုက်အောင် ထည့်ထားတာလို့ ဆိုကြပါတယ်။ သုတေသန ပညာရှင်တွေ မှတ်တမ်းပြုတော့ ပုဂံမှာ ရှိတဲ့ ဘုရား အရေအတွက်ကို ဂူကြီးအုတ်နီ (၂၂၁၇ ဆူ) ရှိတယ်လို့ ရေတွက် ခဲ့ကြပါတယ်။
ပုဂံမှာ မုဆိုးမက အစ ဘုရားတည်နိုင်တဲ့ ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။ အဲဒီအကြောင်းကို ပြောရရင် ရှင်အဇ္ဇဂေါဏ အကြောင်းပါ တွဲပြီး ပါလာတတ် ပါတယ်။ ရှင်အဇ္ဇဂေါဏက ထေရဝါဒ ဘုန်းတော်ကြီး မဟုတ်ပါဘူး။ တစ်ချို့ကတော့ ရှင်အဇ္ဇဂေါဏတို့၊ ဘားမဲ့ တို့ဟာ သမထီးလို့ ခေါ်တဲ့ အရည်းကြီးတွေ ဖြစ်တယ်လို့ ပြောကြပါတယ်။ ရှင်အဇ္ဇဂေါဏက မင်းသိင်္ခ ဝတ္ထုတွေထဲမှာ ပါတတ်တဲ့ ဂမ္ဘီရ လမ်းစဉ်လိုက်တဲ့ သူပါ။ အဂ္ဂိရတ်ထိုးရင်း သံကို သေအောင် သတ်ဖို့ ကြိုးစားပါတယ်။
ပြဒါးသေ တဆွေဝ၊ သံသေ တပြည်ဝ လို့ ရှေးက ဆိုရိုး ရှိခဲ့ဖူးပါတယ်။ ပြဒါးကို သေအောင် သတ်နိုင်ရင် တစ်ဆွေလုံး တစ်မျိုးလုံးစာ ချမ်းသာမယ်။ သံကို သေအောင် သတ်နိုင်ရင်တော့ တပြည်လုံး ချမ်းသာမယ်လို့ ဆိုကြတာပါ။ ဒီနေရာမှာ ကတ်သီးကတ်သတ် စဉ်းစားမိတာကတော့ အဂ္ဂိရတ် ထိုးတဲ့သူတွေမှာ တခြား ဘိုးတော်တွေလို မုတ်ဆိတ်မွေး အရှည်ကြီး မရှိလောက်ဘူး ဆိုတာပါ။ မဟုတ်ရင် မတော်တဆ အဂ္ဂိရတ်ထိုးရင်း မုတ်ဆိတ်မွေး မီးလောင်လို့ ရှမ်ဘဲလား မရောက်ခင် ကွိုင်တက် သွားနိုင်ပါတယ်။ ရှင်အဇ္ဇဂေါဏ ဆီမှာ ရှိတဲ့ အဂ္ဂိရတ် ကျမ်းထဲမှာ ဓာတ်လုံးကို xစင် ကျွေးရမယ်လို့ ပါနေပြီး စင်ရဲ့ ရှေ့က စာလုံးကို ပျက်နေပါတယ်။ အဲဒီပျက်နေတဲ့ စာလုံးကို သူက ရွှေ လို့ ထင်ပြီး ဓာတ်လုံးကို ရွှေကျွေး ပါတယ်။ ကျွေးတယ် ဆိုတာက ဓာတ်လုံးရေ စားစား အားမနာနဲ့ ဆိုပြီး ကျွေးတာမျိုး မဟုတ်ပါဘူး။ ရွှေနဲ့ အတူရောပြီး ဖိုထိုးတာကို ပြောတာပါ။ အဲဒီလို ရွှေကျွေး ပေမယ့်လည်း ဓာတ်လုံးက မအောင်မြင် ပါဘူး။
ဒါနဲ့ ရှင်အဇ္ဇဂေါဏက ဘုရင်ကို အကူအညီ တောင်းပါတယ်။ ဘုရင်က သူ့ကို ဘတ်ကီး လာရိုက်နေတယ်လို့ ထင်တာမို့ ရွှေ ကျွေးလို့ ဓာတ်လုံးမအောင်ရင် ဘယ်နယ့်လုပ်မလဲ မေးပါတယ်။ အဲဒီတော့ ရှင်အဇ္ဇဂေါဏက ဓာတ်လုံး မအောင်ရင် သူ့မျက်လုံး နှစ်လုံး စလုံးကို ဖောက်ပစ်မယ်လို့ အာမခံပါတယ်။ ဘုရင်ရဲ့ စပွန်ဆာနဲ့ ရွှေကျွေးပေမယ့်လည်း ဓာတ်လုံးက မအောင်ပါဘူး။ အဲဒါနဲ့ ရှင်အဇ္ဇဂေါဏက သူ့ကတိအတိုင်း သူ့မျက်လုံး နှစ်လုံး စလုံးကို ဖောက်ပစ်လိုက် ပါတယ်။ အဲဒီလို ဖောက်ပစ်ပြီးတဲ့နောက်မှာတော့ ဓာတ်လုံးကို အတော် စိတ်နာသွားဟန် တူပါတယ်။ သူ့တပည့် တစ်ယောက်ကို ဓာတ်လုံး ပေးပြီး အိမ်သာတွင်းထဲကို ပစ်ချခိုင်းလိုက် ပါတယ်။
ဓာတ်လုံးဟာ အညစ်အကြေးတွေနဲ့ တွေ့တဲ့ အခါမှာ အရောင် တစ်လက်လက် ထွက်လာ ပါတယ်။ ရှင်အဇ္ဇဂေါဏ ဆီမှာရှိတဲ့ အဂ္ဂိရတ်ကျမ်းထဲမှာ ရေးထားတာက အမှန်တကယ်ကတော့ မစင်ပါ။ ရွှေစင် မဟုတ်ပါဘူး။ သူ့တပည့်က ဓာတ်လုံး အရောင်ထွက်နေတဲ့ အကြောင်းကို ပြန်ပြောတော့ သူ့တပည့်ကို တွင်းထဲက ဓာတ်လုံးကို သွားပြန် ကောက်ခိုင်းလိုက် ပါတယ်။ နောက်တော့ ဈေးထဲသွားပြီး ရတဲ့ မျက်လုံး နှစ်လုံး ဝယ်လာခဲ့လို့ မှာလိုက် ပါတယ်။ အချိန်က ဈေးကွဲချိန် ဖြစ်တော့ ဆိတ်မျက်လုံး တစ်လုံး နွားမျက်လုံး တစ်လုံး ပဲ ရလာ ပါတယ်။ အဲဒီ မျက်လုံးတွေကို ဓာတ်လုံးနဲ့ ပွတ်ပြီး ကောက်တပ်လိုက်တော့ မျက်လုံး ပြန်မြင် သွားတယ်လို့ ဆိုပါတယ်။ မပွတ်ခင် ဓာတ်လုံးကို ရေတော့ ဆေးဦးမယ်လို့ စဉ်းစားကြည့်မိ ပါသေးတယ်။ ဆိတ်တစ်ဖက် နွားတစ်ဖက် မို့ ဆိတ် (အဇ္ဇ) နဲ့ နွား (ဂေါဏ) ကို ပေါင်းပြီး ရှင်အဇ္ဇဂေါဏ လို့တွင်တယ် ဆိုပါတယ်။
ရှင်အဇ္ဇဂေါဏက သံတွေကို သူ့ဓာတ်လုံးနဲ့ ပွတ်လိုက်ရင် ရွှေဖြစ်သွားတယ်လို့ ပြောကြပါတယ်။ အဲဒါကြောင့် မုဆိုးမက အစ ဘုရားတည်နိုင်လောက်အောင် ပုဂံမှာ ချမ်းသာသွားတယ်လို့ ဒဏ္ဍာရီ ဆန်ဆန် ပုံပြင်တွေ ရှိခဲ့ပါတယ်။ ကျွန်တော် အဓိက ဆွေးနွေးချင်တဲ့ အကြောင်းက အဲဒီကိစ္စပါ။ အဂ္ဂိရတ် ထိုးလို့ ပြဒါးကနေ ရွှေဖြစ်တယ်၊ သံကနေ ရွှေဖြစ်တယ် ဆိုတဲ့ ကိစ္စတွေကို ဓာတုဗေဒ ရှုထောင့်ကနေ လှည့်ပြီး တွေးကြည့်ချင် ပါတယ်။ ပြဒါးကနေ ရွှေဖြစ်နိုင်တယ်လို့ ယုံကြည်ခဲ့တာတော့ မြန်မာပြည် တစ်ခုတည်းတင် မဟုတ်ပါဘူး။ အပြည်ပြည်ဆိုင်ရာ အဂ္ဂိရတ် ပညာရှင်များ အစည်းအရုံး က ယုံကြည်ခဲ့ဟန် တူပါတယ်။ (ရှိခဲ့ရင် ပြောတာပါ။ :D ) တကမ္ဘာလုံးမှာ ပြဒါးကို ရွှေဖြစ်အောင် လုပ်နိုင်မယ်လို့ ယုံတဲ့ အဂ္ဂိရတ်သမား အတော်များများ ရှိပါတယ်။ အိန္ဒိယကလည်း မဆလာနည်း၊ ဥရောပကလည်း သိုးဆောင်းနည်း၊ မြန်မာကလည်း မြန်မာ့နည်းနဲ့ ချဉ်းကပ်ပုံခြင်း ကွဲတာပဲ ရှိပါတယ်။ သူတို့ကို Alchemist လို့ အင်္ဂလိပ် ဘာသာမှာ ခေါ်ကြပါတယ်။ ဒါပေမယ့်လည်း သံကို ရွှေဖြစ်မယ်လို့ ယုံတာတော့ မြန်မာပဲ ရှိမယ် ထင်ပါတယ်။
ဓာတုဗေဒ သဘောတရားနဲ့ ကြည့်မယ်ဆိုရင် ပြဒါးနဲ့ ရွှေနဲ့က ဖွဲ့စည်းပုံခြင်း အတော် နီးစပ်ပါတယ်။ အောက်ကပုံမှာ ပြဒါးအက်တမ်ရဲ့ ဖွဲ့စည်းပုံ နဲ့ရွှေအက်တမ်ရဲ့ ဖွဲ့စည်းပုံကို နှိုင်းယှဉ်ပြထားပါတယ်။
ဓာတုဗေဒ အကြောင်း နည်းနည်း ပြန်ပြီး အစဖော်ပေး ပါရစေ။ အက်တမ် တစ်ခုရဲ့ အလယ်ဗဟို (nucleus) မှာ ပရိုတွန်တွေနဲ့ နျူထရွန်တွေ ရှိပါတယ်။ ပရိုတွန် အရေအတွက်နဲ့ ညီမျှတဲ့ အီလက်ထရွန်တွေဟာ ဘေးပတ်ပတ်လည်မှာ ရှိတဲ့ shell လို့ ခေါ်တဲ့ လမ်းကြောင်းတွေမှာ လှည့်ပတ်နေကြပါတယ်။ လမ်းကြောင်းတစ်ခုစီမှာ သတ်မှတ်ထားတဲ့ အီလက်ထရွန် အရေအတွက်ထက် ပိုပြီး မရှိနိုင်ပါဘူး။ ပထမလမ်းကြောင်းမှာ ၂ လုံး၊ ဒုတိယလမ်းကြောင်းမှာ ၈ လုံး၊ တတိယလမ်းကြောင်းမှာ ၁၈ လုံး၊ စတုတ္ထလမ်းကြောင်းမှာ ၃၂ လုံး၊ ပဉ္စမလမ်းကြောင်းမှာ ၃၂ လုံးအထိ ပဲ အများဆုံး ရှိနိုင်ပါတယ်။ လမ်းကြောင်းထဲမှာ အီလက်ထရွန် ပြည့်သွားရင် အီလက်ထရွန်ကို အလွယ်တကူ ဖယ်ထုတ်လို့ မရနိုင်တော့တဲ့ ဟီလီယမ်တို့ နီယွန်တို့လို့ လှုပ်ရှားမှုနည်းတဲ့ ဓာတ်ငွေ့ (inert gas) တွေ အဖြစ် ပြောင်းလဲသွား ပါတယ်။
ပြဒါးနဲ့ ရွှေရဲ့ အက်တမ် ဖွဲ့စည်းပုံကို နှိုင်းယှဉ်ကြည့်ရင် အီလက်ထရွန်တွေရဲ့ ပုံသဏ္ဌန်ဟာ စတုတ္ထမြောက်လမ်းကြောင်း အထိ အတူတူပါပဲ။ ပဉ္စမမြောက် လမ်းကြောင်းမှာတော့ ပြဒါးမှာ အီလက်ထရွန် နှစ်လုံး ရှိပေမယ့် ရွှေမှာ အီလက်ထရွန် တစ်လုံးတည်း ရှိပါတယ်။ အဲဒီတော့ ပြဒါးကနေ အီလက်ထရွန် တစ်လုံးကို ဖယ်ထုတ်နိုင်ရင် ရွှေနဲ့ ဖွဲ့စည်းပုံ တူသွားပါမယ်။ အီလက်ထရွန်ကို ဖယ်ထုတ်နိုင်ဖို့ စွမ်းအင် (Ionization Energy) လိုပါတယ်။ စွမ်းအင်ကလည်း သိပ်များများစားစား မဟုတ်ပါဘူး။
ဒါပေမယ့်လည်း ဇာတ်လမ်းက ထင်သလောက် မလွယ်ပါဘူး။ ပရိုတွန်တစ်လုံးဟာ လျှပ်စစ် ဓာတ်အားဖြင့် +1 ရှိပြီး အီလက်ထရွန် တစ်လုံးမှာ လျှပ်စစ် ဓာတ်အားဖြင့် -1 ရှိပါတယ်။ အီလက်ထရွန်နဲ့ ပရိုတွန် ညီနေရင် အဲဒီအက်တမ်ရဲ့ ဓာတ်ဟာ သုည ဖြစ်နေပါတယ်။ စွမ်းအင်သုံးပြီး ပြဒါးကနေ အီလက်ထရွန် တစ်လုံးကို ဖယ်ထုတ်နိုင်ပေမယ့် အလယ်ဗဟိုမှာ ရှိနေတဲ့ ပရိုတွန် အရေအတွက် ကတော့ ကွဲပြား နေဦးပါ။ ပြဒါးကနေ အီလက်ထရွန် တစ်လုံး ဖယ်ထုတ်လိုက်ရင် အလယ်ဗဟိုမှာ ပရိုတွန် တစ်လုံး ပိုနေတဲ့ အတွက် positive ion ပဲ ဖြစ်သွားပါမယ်။ အနီးအနားမှာ လွတ်လပ်စွာ ရွေ့လျားနေတဲ့ အီလက်ထရွန် တစ်ခုခု ရောက်လာရင် ခုနက ဖယ်ထုတ်လိုက်တဲ့ အီလက်ထရွန်နေရာကို အချိန်မရွေး ပြန်ဝင်လာနိုင်ပါတယ်။ အဲဒီအတွက် ပိုနေတဲ့ ပရိုတွန်ကိုပါ ထုတ်ဖို့ လိုလာပါမယ်။ အဲဒါအပြင် ရွှေမှာ နျူထရွန် ၁၁၈ လုံး ရှိပြီး ပြဒါးမှာ နျူထရွန် ၁၂၁ လုံး ရှိတဲ့အတွက် ပြဒါးကို ရွှေနဲ့ အလေးချိန် (atomic mass) ချင်း ညီသွားအောင်လို့ ပိုနေတဲ့ နျူထရွန် ၃လုံးကိုပါ ဖယ်ထုတ်ပစ်ရပါ့မယ်။
အီလက်ထရွန်ကို ဖယ်ထုတ်ရတာ လွယ်ပေမယ့် ပရိုတွန်နဲ့ နျူထရွန်ကို ဖယ်ထုတ်ရတာ မလွယ်ပါဘူး။ သိပ္ပံနည်းကျ လုပ်နိုင်တယ် ဆိုရင်တောင် အချိန် အတော်ယူရပါ့မယ်။ ငွေကုန်ကြေးကျလည်း အတော်များပါလိမ့်မယ်။ အဲဒီလို ဖယ်ထုတ်တဲ့ စရိတ်က ဖြစ်အောင်လုပ်နိုင်တဲ့ ရွှေပမာဏရဲ့ တန်ဖိုးထက်တောင် ပိုများလိမ့်မယ်လို့ ခန့်မှန်း ကြပါတယ်။ ပြဒါးကို ချက်ချင်း လက်ငင်း ဓာတ်လုံးနဲ့ ပွတ်လိုက်လို့ ရွှေဖြစ်သွားတယ်ဆိုရင်တော့ ပတ်ဝန်းကျင်က လူများ အဲဒီက ထွက်လာတဲ့ စွမ်းအင်ရဲ့ ဒဏ်ကို နျူးကလီးယားဗုံး ပေါက်သလောက် ခံစားရမလား မသိပါဘူး။
ပြဒါးကတောင် ရွှေဖြစ်ဖို့ အဲဒီလောက် ခက်ခဲနေမယ် ဆိုရင် သံကတော့ ပိုဆိုးပါတယ်။ ရွှေနဲ့သံရဲ့ အက်တမ် ဖွဲ့စည်းပုံခြင်းက တခြားစီပါပဲ။ ခဲ (Lead) နဲ့မှ နည်းနည်း ပိုပြီး နီးစပ်ပါဦးမယ်။
ပုံမှာ ကြည့်ရင် တွေ့နိုင်ပါတယ်။ ရွှေနဲ့သံရဲ့ အက်တမ်ဖွဲ့စည်းပုံခြင်းကတော့ မဆီလေးရယ်တဲ့မှ အိုမဆိုင် ဆိုသလို တခြားစီပါပဲ။ လမ်းကြောင်း(shell) အရေ အတွက်ချင်းတောင် မတူပါဘူး။ အလယ်ဗဟိုမှာရှိတဲ့ ပရိုတွန်နဲ့ နျူထရွန် အရေအတွက်ကလည်း ၃ ဆလောက် ကွာပါတယ်။ သံကို ရွှေဖြစ်အောင် ပြောင်းပေးနိုင်ဖို့က စူပါနိုဗာ ကြယ်ပေါက်ကွဲမှုလို နျူကလီးယားဗုံး အများကြီး တစ်ပြိုင်နက်တည်း ပေါက်သလောက် ပြင်းတဲ့ စွမ်းအင်မျိုးနဲ့မှ ရနိုင်ပါလိမ့်မယ်။
ဒါကြောင့်လည်း ပြဒါးတစ်လမ်း သံတစ်လမ်း လို့ ပြောတာ ဖြစ်ပါလိမ့်မယ်။ ပြဒါးက ရွှေဖြစ်ဖို့ဆိုရင် ရှိပြီးသား အီလက်ထရွန်တွေ ပရိုတွန်တွေ ထုတ်ပစ်ရမယ်။ သံကနေ ရွှေဖြစ်ဖို့ အတွက်တော့ အီလက်ထရွန် ပရိုတွန်တွေ ထပ်ထည့်ရမှာမို့ပါ။ ထည့်တာနဲ့ ထုတ်တာက တစ်လမ်းစီ မဟုတ်ဘူးလား။ :D

Tuesday, January 4, 2011
ဒွဖ်ဖြူ ဒွဖ်မည်း တကောင်တည်း
ညဘက် ကောင်းကင်ကို မော့ကြည့်ပြီး ကြယ်တွေ ကိုကြည့်ရင် ပုံမှာ ပြထားတဲ့ ကြယ်စု ကို ပထမဆုံး ရှာကြည့် ဖြစ်ပါတယ်။ လိပ်တာရာလို့ ငယ်ငယ်တုန်းက သိထားဖူးတဲ့ ကြယ်စုပါ။ ဘေးက ကြယ် ၄လုံးက လိပ်ရဲ့ ခြေထောက် ၄ချောင်း၊ အလယ်ခေါင်က ၃ လုံးတန်းနေတဲ့ ကြယ်တွေက အူ၊ ထိပ်ဖက်က တြိဂံပုံ ကြယ်သုံးလုံးက ခေါင်းလို့ ဦးလေး တစ်ယောက်က ပြောပြဖူး ပါတယ်။ နိုင်ငံတကာ အာကာသ လေ့လာတဲ့ သူတွေကတော့ ဒီကြယ်စုကို အိုရိုင်းယွန်း (Orion) လို့ သိကြ ပါတယ်။ ကိုဗဒင် သီချင်းထဲမှာ စပ်ဖူးတဲ့ ကုန်းမြင့် ထက်က ကြည့်နေ သူလည်း တွေ့နိုင်သလို ကမ်းဘေးနားက ကြည့်နေ သူလည်း တွေ့ရပါတယ် ဆိုတဲ့ အိုရိုင်းယွန်း ကြယ်စုဟာ ဒီကြယ်စု ပါပဲ။
ကျွန်တော် ကြယ်တွေကို စိတ်ဝင်စား ပါတယ်။ ဒါပေမယ့် တခြားသူတွေလိုတော့ အနုပညာ ခံစားမှု အလှအပတစ်ခု အနေနဲ့ စိတ်ဝင်စားလို့ မရပါဘူး။ ကြယ်တွေနဲ့ ပတ်သက်လို့ တင်စား ပြောတာ ဖွဲ့နွဲ့ပြောတာတွေ ကြားရရင် သိပ္ပံနဲ့ ဆက်စပ်ပြီး တွေးမိတာမို့ တစ်ခါတစ်လေ စိတ်ထဲမှာ ကျလိကျလိ ဖြစ်တတ်ပါတယ်။
အနုပညာရှင်တွေက ကြယ်တွေကို တင်စားဖွဲ့နွဲ့ စရာ အနေနဲ့ မြင်ပါတယ်။ ဒါပေမယ့် သူတို့တွေ တယ်လီစကုပ် ကြည့်ကြရင် ကောင်းမယ်လို့လည်း တခါတလေ တွေးမိပါတယ်။ ဘာလို့လဲ ဆိုတော့ ကြယ်အကြောင်း ဖွဲ့နွဲ့ကြရင် တစ်ခါလာလည်း ကြယ်ဖြူ တစ်ခါလာလည်း ကြယ်ဖြူနဲ့ပဲ ကြယ်တွေက တချိန်လုံးပဲ ဖြူနေကြ လို့ပါ။ ကောင်းကင်မှာ ရှိတဲ့ ကြယ်တွေကို တယ်လီစကုပ်နဲ့ ကြည့်ရင် ဒါမှမဟုတ် ကြယ်တွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်ရင် အပြာရောင်ကြယ်တွေ နဲ့ အနီရောင်ကြယ်တွေပါ တွေ့ရတတ်ပါတယ်။ လူအများစုက ကြယ်တွေကို အဖြူရောင် အနေနဲ့ အမြဲတမ်း တွေ့နေရတော့လည်း ကြယ်နီတွေ ကြယ်ပြာတွေ အကြောင်းရေးရင် ခံစားလို့ ရပါ့မလား ဆိုတာကလည်း ရှိပါသေးတယ်။
စကြာဝဠာထဲမှာ ရှိတဲ့ ကြယ်တွေက ရောင်စုံရှိတတ်ပါတယ်။ ကျွန်တော်တို့ သိထားတာက အနီရောင်က ပူတဲ့ အရောင် အပြာရောင်က အေးတဲ့ အရောင်ဆိုပြီးတော့ပါ။ ဒါပေမယ့်လည်း ကြယ်တွေမှာတော့ နေလောက် အပူရှိန် ပြင်းတဲ့ ကြယ်တွေက အနီရောင် ရှိပြီး အဲဒီထက် ပိုပြီး အပူရှိန် ပြင်းတဲ့ ကြယ်တွေက အပြာရောင် ရှိတတ်ပါတယ်။ မီးတောက်တွေ အပူရှိန် ပြင်းလာရင် အနီရောင် မဟုတ်တော့ပဲ ပြာလဲ့လဲ့ ဖြစ်လာတတ်တဲ့ သဘောမျိုးပါ။ အဲဒီတော့ တကယ်တမ်းမှာတော့ အပြာရောင်က အနီရောင် နဲ့ ယှဉ်ရင် ပိုပူတယ်လို့ ပြောလို့ ရပါတယ်။ မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်တယ် ဆိုတာနဲ့ မျက်ဝန်းလဲ့ပြာပြာနဲ့ စိုက်ကြည့်တယ် ဆိုတာ ဘယ်ဟာက ပိုပူမလဲ ဆိုတာ စဉ်းစား စရာပါ။
မော်တော်ကားတွေ ကြာကြာ မောင်းရင် ဓာတ်ဆီကုန်သလို ကြယ်တွေလည်း ကြာကြာ လောင်ရင် လောင်စာကုန် ပါတယ်။ အဲဒီလို အခါမျိုးမှာတော့ အရွယ်အစားပေါ် မူတည်ပြီး ဘဝပြောင်းကြ ပါတယ်။ ကျွန်တော်တို့ရဲ့ နေ က အလယ် အလတ်စားကြယ် စာရင်းမှာ ပါပါတယ်။ အဲဒီလို ကြယ်မျိုးက လောင်ကျွမ်းစရာ လောင်စာကုန်ရင် ပြန့်ကားပြီး ထွက်လာတတ် ပါတယ်။ ကမ္ဘာကြီး ၂၀၁၂ မှာ ပျက်ပျက် မပျက်ပျက် နောက်ထပ် နှစ်ပေါင်း ၅ ဘီလီယံ ကြာရင်တော့ ပျက်မှာ အသေအချာ ပါပဲ။ အဲဒီအခါမှာ နေဟာ ပြန့်ကားထွက်လာပြီး ကမ္ဘာပတ် လမ်းကို ကျော်သွားမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲဒီအချိန်မှာ ကမ္ဘာဟာ ပိုပြီးဝေးတဲ့ လမ်းကြောင်းတစ်ခုကို လွင့်ထွက်သွားလိမ့်မယ်လို့ ပြောတဲ့ သိပ္ပံပညာရှင်တွေ ရှိသလို အဲဒီအချိန် မတိုင်ခင်ကပဲ ကမ္ဘာကို နေက ဝါးမျိုးပစ်လိမ့်မယ်လို့ ပြောတဲ့ သိပ္ပံပညာရှင် တွေလည်း ရှိပါတယ်။
ကားတွေ ဓာတ်ဆီကုန်ရင် ဆီဆိုင်မှာ ဝင်ထည့်လို့ရပေမယ့် ကြယ်အတွက် လောင်စာကုန်ရင်တော့ ဖြည့်ပေးမယ့်သူ မရှိပါဘူး။ လောင်ကျွမ်းစရာ ကုန်ရင်တော့ ကြယ်ဟာ အနီရောင် မဟုတ်တော့ဘဲ ဝှိုက်ဒွဖ်လို့ ခေါ်တဲ့ ဖြူဖျောဖျော့ ကြယ်တစ်လုံး အဖြစ် ပြောင်းသွားပါလိမ့်မယ်။ မင်းခိုက်စိုးစန်လို ကဗျာဆရာသာ မြင်ရင်တော့ မန္တလာရေ ခရုသင်းစွဲနေတဲ့ မြို့ကြီးလို့ ဖွဲ့ခဲ့ဖူးသလို ဆိုလာရေ ခရုသင်းစွဲနေတဲ့ ကြယ်ကြီးလို့များ ဖွဲ့ဦးမလား မသိပါ။ ဝှိုက်ဒွဖ် ဆိုတာကလည်း အလင်းရောင် ထွက်နေသရွေ့ပဲ ဖြူနေပါတယ်။ နောက်ဆုံး အလင်းရောင် ထွက်စရာ ကုန်သွားရင်တော့ ဒွဖ်ဖြူတစ်ပွေတည်း ဖြူရာကမည်းလို့ ဒွဖ်မည်းလို့ ခေါ်တဲ့ ဘလက်ဒွဖ်အဖြစ် ဘဝပြောင်းသွားရပါတယ်။
ကျားကြီးရင် ခြေရာကြီးတယ် ဆိုကြပါတယ်။ ကြယ်ကြီးရင်တော့ အသက်တိုပါတယ်။ ဒြပ်ထုကြီးမားတဲ့ ကြယ်တွေဟာ သက်ဆိုး မရှည်ကြပါဘူး။ သူတို့ဟာ ဒြပ်ထုကြီးမားတဲ့အတွက် ပြင်ပက ဗဟိုထုထဲကို ပိုပြီး ဖိနှိပ်တဲ့ အတွက် တခြား ကြယ်တွေထက် ပိုပြီး မြန်မြန်ဆန်ဆန် လောင်ကျွမ်းကြ ပါတယ်။ နေထက် ပိုကြီးတဲ့ ကြယ်တွေကတော့ စူပါနိုဗာလို့ ခေါ်တဲ့ ကြယ်ပေါက်ကွဲမှုနဲ့ အဆုံးသတ်ရ ပါတယ်။ စူပါနိုဗာ ကြယ်ပေါက်ကွဲပြီးတဲ့ နောက်မှာတော့ ကြယ်တွေဟာ နျူထရွန်ကြယ် အဖြစ် ဘဝ ပြောင်းသွားရပါတယ်။ နျူထရွန်ကြယ်ဆိုတာကတော့ ဆွဲငင်အား ကြီးလွန်းလို့ အက်တမ်ပတ်လမ်းက အီလက်ထရွန်တွေတောင် လပ်လျားလပ်လျား လမ်းမသလား နိုင်တော့တဲ့ အခြေအနေပါ။ နျူထရွန် တွေချည်းသက်သက် နျူထရွန် သာအမိ နျူထရွန် သာအဖ လုပ်ကြပြီး ပေါင်းစပ်သွားကြ ပါတယ်။ နျူထရွန်ကြယ်ထဲက ဒြပ်ထု လက်ဖက်ရည် တစ်ဇွန်းစာဟာ ကမ္ဘာရဲ့ အလေးချိန်လောက် ရှိမယ် ဆိုကြ ပါတယ်။
ကြယ်က အဲဒီထက် ပိုကြီးရင်တော့ ဘလက်ဟိုး ဘဝနဲ့ အဆုံးသတ်ရလေ့ ရှိပါတယ်။ ဘလက်ဟိုးကတော့ စားမှာပဲ စားမှာပဲ ငါ့ကိုလာ မတားနဲ့ ဆိုသလို သူ့အနား ကပ်လာသမျှ အကုန် ဆွဲစား ပစ်ပါတယ်။ ဘလက်ဟိုးနဲ့ တွေ့ရင် အလင်းရောင်တောင် လွတ်လမ်းမရှိပါဘူး။ ဘလက်ဟိုး ဖြစ်ရတဲ့ အကြောင်းကတော့ လူဝကြီး ဝလွန်းလို့ လမ်းမလျှောက်နိုင်ပဲ ပုံကျတဲ့ ပုံစံ လိုပါပဲ။ ကြယ်ဖက်တီးကြီးလည်း ဝိတ်ကများလွန်းလို့ သူ့ဘာသာသူ ကျွံကြပြီး ဘလက်ဟိုး ဖြစ်ရပါတယ်။ ဒါပေမယ့်လည်း စူပါနိုဗာ ကြယ်ပေါက်ကွဲမှုတွေက သက်ရှိတွေ ဖြစ်ဖို့ အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကြ ပါတယ်။ စူပါနိုဗာ ကြယ်ပေါက်ကွဲမှုကနေမှ တဆင့် ဓာတုဗေဒ ဒြပ်ပေါင်းတွေ ဖြစ်ပေါ်လာတတ် တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ စကြာဝဠာထဲမှာ စူပါနိုဗာတွေကတော့ တဝုန်းဝုန်း တဒိုင်းဒိုင်း ပေါက်ကွဲနေကြတာပါပဲ။ တခြား ဂယ်လက်ဆီတွေက စူပါနိုဗာတွေကို ကမ္ဘာကနေ တစ်နှစ်ကို အခု ၃၀၀လောက် မြင်ရတယ် ဆိုကြပါတယ်။
လောလောဆယ်တော့ ဘယ်နေရာကနေပဲ ကြည့်ကြည့် ကြယ်ကို မမြင်ရပဲ တိမ်ပဲ မြင်ရတဲ့ နေရာမှာ နေတဲ့အတွက် ကြယ်တွေကို ခေါင်းထဲက ခဏ ထုတ်ထားပါတယ်။ အခွင့်အခါသင့်ရင်တော့ ကွဲကွာနေတဲ့ အချစ်ဟောင်းနဲ့ ပြန်ဆုံသလို ကြယ်တွေကိုလည်း ပြန်လေ့လာ ဖြစ်ဦးမယ် ထင်ပါတယ်။

Labels:
ပေါက်တတ်ကရ,
သိပ္ပံ
Friday, October 22, 2010
တောက်တဲ့ ကပ်တဲ့ သီအိုရီ
ကောင်မလေးတစ်ယောက် ကိုယ့်ကို ကြိုက်နေသလား ကြိုက်မနေဘူးလား မသေချာရင် သိပ္ပံနည်းကျ ဆန်းစစ်ကြည့်လို့ ရပါတယ်။ ပထမဆုံးအနေနဲ့ ကောင်မလေးက ကိုယ့်ကို ကြိုက်နေတယ်လို့ ယူဆလိုက်ပါမယ်။ အဲဒီ အယူအဆ မှန်မမှန် သိရအောင် စမ်းသပ်ကြည့်တဲ့ အနေနဲ့ ကောင်မလေးကို ရည်းစား စကား ပြောကြည့်ပါမယ်။ အဲဒီမှာ ကောင်မလေးက "ဟင့်အင်း" ဆိုပြီး ငြင်းလိုက်တယ် ဆိုပါစို့။ စမ်းသပ်ချက်တစ်ခု လွဲသွားပါပြီ။
ဒါဆိုရင် ကောင်မလေးက ငါ့ကို ကြိုက်တော့ကြိုက်တယ်။ ဒါပေမယ့် တစ်ခါတည်းနဲ့ အဖြေပြန်ပေးရင် သူ့ဘက်က ဈေးကျတယ် ထင်လို့ နေလိမ့်မယ်လို့ ယူဆကြည့်ပါမယ်။ အဲဒီ အယူအဆကို မှန်မမှန် သိအောင်လို့ စမ်းသပ်တဲ့ အနေနဲ့ နောက်တစ်ခေါက် ရည်းစားစကား ပြောကြည့်ပါမယ်။ ကောင်မလေးက နောက်တစ်ခေါက် "ဟင့်အင်း" ထပ်ပြောတယ်ပဲ ထားပါ။ ဒီစမ်းသပ်ချက်လည်း လွဲသွားပြန်ပါပြီ။
ဒီတစ်ခါတော့ နောက်တစ်မျိုး ယူဆကြည့်ပါမယ်။ သူငါ့ကို ကြိုက်တော့ ကြိုက်မယ်။ ရှက်နေလို့ နေလိမ့်မယ်။ ပွဲကြမ်းလိုက်ရင်တော့ အဖြေရကောင်းပါတယ်လို့ ယူဆကြည့်ပါမယ်။ အဲဒီ အယူအဆကို စမ်းသပ်တဲ့ အနေနဲ့ ဒီတစ်ခါတော့ ပါးစပ်ကတင် မဟုတ်ဘူး။ လက်ပါဆွဲပြီး ရည်းစားစကား ပြောကြည့်ပါမယ်။ အဲဒီမှာ ကောင်မလေးက ဖြန်းကနဲ ပါးရိုက်လိုက်တယ် ဆိုရင်တော့ ကိုယ့်အယူအဆ မှားနေတယ် ဆိုတာ သေချာပါပြီ။ (ရဲစခန်း မတိုင်သေးလို့ ငါ့ကို မမုန်းသေးပါဘူးလို့ ယူဆပြီး ထပ်စမ်းကြည့်ချင်တယ် ဆိုရင်လည်း သဘောပါပဲ။ :D ) အဲဒါဟာ သိပ္ပံပညာရှင်တွေ သီအိုရီတစ်ခုကို ဘယ်လို ချဉ်းကပ်ဖော်ထုတ်သလဲ ဆိုတာနဲ့ ပုံသဏ္ဌန် အတူတူပါပဲ။
သိပ္ပံပညာမှာ သီအိုရီတစ်ခုကို ဖော်ထုတ်မယ် ဆိုရင် ပထမဆုံး အတည်မပြုရသေးတဲ့ အယူအဆ(Hypothesis) တွေ စဉ်းစားရပါတယ်။ နောက်ပြီးတော့မှ စမ်းသပ်မှု (Experiment) တွေ ပြုလုပ်ပြီး အယူအဆတွေ ထဲက မှားနေတဲ့ ယူဆချက်တွေကို တစ်ချက်ချင်း ပယ်ထုတ်ရပါတယ်။ အဲဒီမှာမှ နောက်ဆုံးကျန်နေတဲ့ ယူဆချက်ကို မှားကြောင်း မပြနိုင်မချင်း ဖြစ်နိုင်တဲ့ သီအိုရီ အဖြစ် ယူဆကြပါတယ်။ သိပ္ပံပညာရှင်တွေ သစ်ရွက် ဘာလို့ ကြွေသလဲ လေ့လာကြပါတယ်။ ငါးဘယ်လို အသက်ရှူသလဲ လေ့လာကြပါတယ်။ အဲဒီလိုပဲ တောက်တဲ့ နံရံမှာ ဘယ်လို ကပ်နေသလဲ ဆိုတာကို လေ့လာတဲ့သူလည်း ရှိပါတယ်။
တောက်တဲ့ ဘာလို့ နံရံမှာ ကပ်သလဲ ဆိုရင် သာမန်လူ အများစုက သူတို့ ခြေထောက်မှာ ရှိတဲ့ စုပ်ခွက်တွေကြောင့် ကပ်ရတယ်လို့ ပဲ ယူဆကြ ပါတယ်။ သိပ္ပံပညာရှင်တွေက တောက်တဲ့ နံရံမှာ စုပ်ခွက်ကြောင့် ကပ်ရတယ် ဆိုတဲ့ အယူအဆကို ဒီအတိုင်း လက်မခံပါဘူး။ အဲဒီ အယူအဆ မှန်မမှန် အတည်ပြုဖို့ သူတို့ စမ်းသပ်မှု လုပ်ကြပါတယ်။ အကယ်၍ တောက်တဲ့ဟာ စုပ်ခွက်ကြောင့် ကပ်နေတယ်ဆိုရင် လေ ရှိနေဖို့ လိုအပ်ပါတယ်။ လေဟာနယ်ထဲမှာဆိုရင် စုပ်ခွက်က အသုံးမဝင်ပါဘူး။ အဲဒီတော့ သူတို့ လေဟာနယ် တစ်ခု ဖန်တီးပြီး တောက်တဲ့ ကပ်မကပ် လေ့လာကြည့် ကြပါတယ်။ လေဟာနယ် စမ်းသပ်ခန်းထဲမှာ တောက်တဲ့နဲ့ ပုတ်သင်ညိုကို နံရံမှာ ကပ်ခိုင်းကြည့်တော့ ပုတ်သင်ညိုက နားကားသွားပေမယ့် တောက်တဲ့ကတော့ အေးအေးဆေးဆေးပါပဲ။ အဲဒီတော့ သူတို့အနေနဲ့ တောက်တဲ့ဟာ စုပ်ခွက်ကြောင့် နံရံမှာကပ်တယ် ဆိုတဲ့ အယူအဆ မှားနေကြောင်း အတည်ပြုနိုင် ပါတယ်။
ဒါဆိုရင် နောက်တစ်ခု ဖြစ်နိုင်ခြေ ရှိတာက ပွတ်တိုက်အား (Friction) ကိုသုံးပြီး ကပ်တာ ဖြစ်နိုင်ပါတယ်။ ပိုးဟပ်လို သတ္တဝါ တွေက မျက်နှာပြင် မညီတဲ့ နံရံတွေမှာ သွားတဲ့အခါ သူတို့ ခြေထောက်မှာ ရှိတဲ့ ချိတ်သေးသေးကလေး တွေနဲ့ ချိတ်ပြီး လျှောက်သွားကြပါတယ်။ မျက်နှာပြင်မညီတဲ့ နံရံမှာ ပွတ်တိုက်အားကို အသုံးပြုပြီး သွားတာပါ။ အဲဒီတော့ တောက်တဲ့ကရော ပိုးဟပ်လို နံရံကို ချိတ်နဲ့ ချိတ်ပြီး သွားတာ မဖြစ်နိုင်ဘူးလားလို့ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ တောက်တဲ့ တစ်ကောင်နဲ့ ပိုးဟပ် တစ်ကောင်ကို ပြောင်ချောနေတဲ့ နံရံ တစ်ခုမှာ သွားခိုင်းကြည့်ပါတယ်။ ပိုးဟပ်က မျက်နှာပြင် ပြောင်ချော နေလို့ မသွားနိုင်တော့ပဲ ဂိ သွားပေမယ့် တောက်တဲ့ကတော့ "ပျင်းတောင် ပျင်းသေးတယ်။" သီချင်းဆိုပြီး အေးအေးဆေးဆေး ကပ်နေတုန်းပါပဲ။ အဲဒီတော့ တောက်တဲ့ နံရံမှာ ကပ်တာ ပွတ်တိုက်အားကြောင့် မဟုတ်မှန်းလည်း သိရပါပြီ။
နောက်တစ်ခု ဖြစ်နိုင်ခြေရှိတာက အီလက်ထရို စတက်တစ်အား (Electrostatic Charge) ပါ။ တစ်ချို့ အဝတ်အထည်တွေက အချင်းချင်း ပွတ်တိုက်ရင် အီလက်ထရို စတက်တစ် အားတွေဖြစ်ပြီး အချင်းချင်း တွယ်ကပ် တတ်ကြပါတယ်။ တောက်တဲ့ ကပ်တာလည်း အဲဒီလို အီလက်ထရို စတက်တစ် အားတွေကြောင့် ဖြစ်နိုင်မလား ဆိုပြီး စဉ်းစားကြည့် ကြပါတယ်။ ဒီကိစ္စကိုလည်း စမ်းသပ်ဖို့ လွယ်ပါတယ်။ အီထက်ထရို စတက်တစ်အားက အိုင်းယွန်း (ion) တွေ ရှိမှပဲ ဖြစ်တတ်ပါတယ်။ အဲဒီတော့ အိုင်းယွန်းတွေ ဖယ်ထုတ်ထားတဲ့ အပြား တစ်ပြား (ionized sheet) ပေါ်မှာ တောက်တဲ့ကို တင်ကြည့်ပါတယ်။ တောက်တဲ့က "မောင်လေး အဖြေ မှားပါတယ်ကွယ်။" လို့ ပြောပြီး ကပ်နေတုန်းပါပဲ။ ဒီတော့ အီလက်ထရို စတက်တစ် အားကိုလည်း ပယ်လိုက်လို့ ရပါပြီ။
ဒါဆိုရင် ဘာဖြစ်နိုင်ဦးမလဲ။ တစ်ချို့ အင်းဆက်တွေက ခြေထောက်ကနေ ကော်လိုမျိုး ပျစ်ချွဲချွဲ အရည်တစ်မျိုးကို ထုတ်ပြီး ကပ်တတ်ကြပါတယ်။ အဲဒီတော့ တောက်တဲ့ ခြေထောက်ကလည်း ကော်ရှိမလားလို့ စဉ်းစားစရာ ရှိလာပါတယ်။ အဲဒီလို အင်းဆက်တွေမှာ ကော်ထုတ်တဲ့ ဂလင်းဆဲလ်တွေ ခြေထောက်မှာ ရှိတတ်ပါတယ်။ ဒါပေမယ့် တောက်တဲ့ ခြေထောက်မှာ အဲဒီလို ဆဲလ်မျိုးတွေ မရှိပါဘူး။ အဲဒါအပြင် တောက်တဲ့ သွားခဲ့တဲ့ လမ်းကြောင်းမှာလည်း ကော်နဲ့ တူတာဆိုလို့ ဘာမှ မကျန်ခဲ့ပါဘူး။ အဲဒီတော့ ကော်ကြောင့် ကပ်တာလည်း မဖြစ်နိုင်ပါဘူး။
အဲဒီလိုနဲ့ သိပ္ပံပညာရှင်တွေ တောက်တဲ့ ဘာလို့ ကပ်သလဲ ဆိုတာကို နည်းမျိုးစုံနဲ့ လေ့လာရင်း သဲလွန်စ တစ်ခုကို သွားတွေ့ပါတယ်။ အဲဒါက ဘာလဲ ဆိုတော့ တောက်တဲ့က တစ်ချို့ မျက်နှာပြင်တွေမှာ တခြား မျက်နှာပြင် တွေထက်စာရင် ပိုကပ်တတ်တယ်လို့ ထင်ရပါတယ်။ စွမ်းအင်နည်းတဲ့ တက်ဖလွန် (Teflon) လို မျက်နှာပြင်မျိုးမှာဆိုရင် တောက်တဲ့က ကပ်အားနည်းတယ်လို့ ထင်ရပါတယ်။ အဲဒါကြောင့် တောက်တဲ့ဟာ သူတို့ ကပ်နေတဲ့ မျက်နှာပြင်က မော်လီကျူး အစုအဝေးကို တိုက်ရိုက်ဆက်နွယ်ပြီး ကပ်တယ်လို့ ယူဆလို့ ရပါတယ်။
အဲဒီ သဲလွန်စအပေါ် အခြေခံပြီးတော့ အမေရိကန် အော်ရီဂွန်ပြည်နယ် ပို့တ်လန်းက လူးဝစ်စ်အင်န် ကလက် ကောလိပ်မှာ ရှိတဲ့ ကယ်လာ အော်လ်တန် နဲ့ ကယ်လီဖိုးနီးယား ဘာကလေ တက္ကသိုလ်က ရောဘတ်ဖူးလ် တို့က ဆက်ပြီး လေ့လာကြပါတယ်။ တောက်တဲ့ရဲ့ ခြေထောက်မှာ ဆီတာ လို့ ခေါ်တဲ့ အမွှေးအမျှင် သေးသေးကလေးတွေ အတန်းလိုက် ရှိပါတယ်။ အဲဒီ ဆီတာတွေကို မိုက်ခရိုစကုပ်အောက်မှာ ကြည့်မယ် ဆိုရင် အဆုံးမှာ စပက်ကျူလာ လို့ခေါ်တဲ့ အမွှေးအမျှင် သေးသေးကလေး အခု ၄-၅၀၀ အဖြစ် ဖွာထွက် သွားတာကို တွေ့ရပါတယ်။ တောက်တဲ့ရဲ့ ခြေထောက် တစ်ချောင်းမှာ အဲဒီလို ဆီတာမျိုး ၅ သိန်းလောက် ရှိတတ်ပါတယ်။ ဆီတာ တစ်ချောင်းဟာ ဆံချည်မျှင်ရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ အချင်းဝက် ရှိပါတယ်။
(Image: http://startswithabang.com)
အော်လ်တန်နဲ့ ဖူးလ် တို့ဟာ ဆီတာတစ်ချောင်းက ထုတ်နိုင်တဲ့အားကို တိုင်းတာဖို့အတွက် ဘက်စုံက ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို စုစည်းကြပါတယ်။ အဲဒီမှာ သူတို့ အတွက် ကြီးကျယ်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတော့တာပါပဲ။ ပထမ တစ်ချက်က ဆီော ငါးသိန်းထဲက တစ်ချောင်းတည်းသော ဆီတာကို ဖယ်ထုတ်ဖို့ပါ။ ကောက်ရိုးပုံထဲ ပျောက်တဲ့အပ်ကို ရှာရတာ လွယ်ပါတယ်။ (ကောက်ရိုးပုံကို မီးရှို့လိုက်ရင် ရှာလို့ လွယ်သွားပါတယ်။ ) ဒါပေမယ့် အသက်ရှင်နေတဲ့ တောက်တဲ့ရဲ့ ခြေထောက်က ဆီတာ တစ်ချောင်းကို သီးသန့်ဖယ်ထုတ်ပြီး တိုင်းဖို့ ဆိုတာ မလွယ်လှပါဘူး။ သူတို့ တောက်တဲ့ရဲ့ ခြေထောက်ကို အဏုကြည့်မှန်ပြောင်းနဲ့ ကြည့်ပြီး အဲဒီထဲက တစ်ချောင်းကို အဏုစိတ်တိုင်းတာတဲ့ ကိရိယာ အပေါ်ကို တွဲဆက် နိုင်ခဲ့ပါတယ်။
ဒုတိယ စိန်ခေါ်မှုကတော့ အဲဒီလောက် သေးငယ်တဲ့ အားကို ဘယ်လို တိုင်းတာ မလဲ ဆိုတဲ့ အချက်ပါ။ တောက်တဲ့ တစ်ကောင် နံရံမှာကပ်နေရင် သူ့ခြေထောက်က အားက ကမ္ဘာမြေဆွဲအားနဲ့ အတူတူ ၁၀ နယူတန် (၁ ကီလိုဂရမ်ကို သယ်နိုင်တဲ့အား) လောက် ရှိပါတယ်။ ခြေထောက် တစ်ချောင်းမှာ ဆီတာပေါင်း ၅ သိန်းလောက် ရှိတဲ့အတွက် ဆီတာ တစ်ချောင်းရဲ့ အားဟာ ၂၀ မိုက်ခရို နယူတန် လောက် ရှိမယ်လို့ မှန်းခြေအားဖြင့် တွက်ဆလို့ ရပါတယ်။ အဲဒီလောက် သေးငယ်တဲ့ အားကို တိုင်းတာဖို့ ဆိုတာကတော့ အတော်ပဲ ခက်ခဲပါတယ်။
ဆီတာရဲ့ အားကို တိုင်းတာဖို့အတွက် အော်လ်တန်နဲ့ ဖူးလ်တို့ဟာ စတန်းဖို့ဒ်က သောမတ်စ်ကင်န်နီဆိုတဲ့ မက္ကင်နီကယ် အင်ဂျင်နီယာ တစ်ယောက်ကို သူတို့ အဖွဲ့ထဲ ဆွဲသွင်းခဲ့ပါတယ်။ ကင်န်နီကတော့ အက်တမ်အဆင့်လောက်မှာ ရှိတဲ့ အားတွေကို တိုင်းတာတဲ့ ကိရိယာတွေနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူပါ။ သူတို့ဟာ သူတို့ သီးသန့် ဖယ်ထုတ်ထားတဲ့ ဆီတာနဲ့ ကင်န်နီရဲ့တိုင်းတာတဲ့ ကိရိယာကို တွဲဆက်ပြီးတဲ့ အခါမှာတော့ သေပြီဆရာ အော်ရတဲ့ အခြေအနေ ရောက်သွားပါတယ်။ ၂ လ တိတိ ဆီတာက သူတို့ တိုင်းတာတဲ့ ကိရိယာကို မကပ်တဲ့ အတွက် ဘာအားကိုမှ တိုင်းတာလို့ မရလို့ပါ။ အဲဒါကြောင့် သူတို့ဟာ သူတို့ရဲ့ တိုင်းတာမှုကို ခဏ ရပ်နားပြီး ပြန်စဉ်းစား ကြပါတယ်။
နောက်ဆုံးမှာတော့ သူတို့ အဖြေရှာလို့ တွေ့သွားပါတယ်။ တောက်တဲ့တွေဟာလည်း လူတွေလိုပါပဲ။ သူတို့ ခြေထောက်ကို အောက်ကို တွန်းပြီး လမ်းမသွားကြပါဘူး။ တောက်တဲ့တွေဟာ လမ်းသွားခါနီးရင် သူတို့ဟာ မျက်နှာပြင်ပေါ်မှာ ခြေထောက်ကို ချပါတယ်။ နောက်တော့ သူတို့ရဲ့ ခြေချောင်းတွေကို ကွေးနေရာကနေ ဆန့်ပြီး မျက်နှာပြင်ပေါ်ကို နောက်ပြန် ပွတ်တိုက်ပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် သစ်တောလို ထူထပ်နေတဲ့ သူတို့ရဲ့ ဆီတာတွေဟာ မျက်နှာပြင်ကို ဘေးတိုက် ပွတ်သပ် သွားကြပါတယ်။ တောက်တဲ့မ ယဉ်သာ လမ်းလျှောက်နည်း ဖြစ်မယ် ထင်ပါတယ်။
ဒီလိုနဲ့ သူတို့ဟာ သူတို့ရဲ့ တိုင်းတာတဲ့ လုပ်ငန်းကို ပြန်စကြပါတယ်။ ဒီတစ်ခါတော့ ဆီတာကို ရှေ့ကနေ မတိုင်းဘဲ ဘေးကနေ တိုင်းပါတယ်။ သူတို့ဟာ ဒေါင်လိုက်တည့်တည့်နဲ့ ဘေးတိုက်ကနေ တိုင်းတာဖို့ အတွက် နောက်ထပ် အာရုံခံကိရိယာ တစ်ခု ကို တည်ဆောက်ကြပါတယ်။ ဒီလို တိုင်းတာတဲ့ အခါမှာ ရလာတဲ့ အဖြေက သူတို့ အားလုံးကို အံ့အားသင့် စေပါတယ်။ ဆီတာ တစ်ချောင်းရဲ့ အားက ၂၀၀ မိုက်ခရို နယူတန် နီးပါး ရှိပါတယ်။ အဲဒီလောက်သေးတဲ့ အမွှေးအမျှင် လေးတစ်ခုက အဲဒီလောက် အားရှိတယ် ဆိုတာ အံ့သြစရာပါ။ ဆိုလိုတဲ့ သဘောကတော့ အဲဒီလို အမွှေးအမျှင်ပေါင်း ၂ သန်း ရှိတဲ့ တောက်တဲ့ တစ်ကောင်ဟာ ပေါင် ၉၀ လောက် ကို အသာလေးသယ်သွားနိုင်တယ် ဆိုတဲ့ သဘောပါပဲ။
တောက်တဲ့က ကပ်တာတော့ ဟုတ်ပါပြီ။ ဒါဆိုရင် သူ ဘယ်လို ပြန်ခွာသလဲ ဆိုတာ မေးစရာ ရှိလာပါတယ်။ ဒီတစ်ခါတော့ သူတို့ ကယ်လီဖိုးနီးယား ဘာကလေ တက္ကသိုလ်က ရော်နယ်လ်ဖီးရင်း ဆိုတဲ့ အင်ဂျင်နီယာတစ်ယောက် ဒီဇိုင်း လုပ်ထားတဲ့ ကိရိယာကို အသုံးပြုပြီး တိုင်းကြပါတယ်။ တောက်တဲ့ရဲ့ ခြေထောက်က အမွှေးဟာ ၃၀ ဒီဂရီ စောင်းလိုက်ရင် ဘာအားမှ မရှိတော့တာ တွေ့ရပါတယ်။ အဲဒီတော့ သူတို့ တွေ့ရှိချက်အရ တောက်တဲ့ဟာ ကျွန်တော်တို့ ကပ်ထားတဲ့ တိတ်တွေကို ပြန်ခွာသလိုမျိုး သူတို့ ခြေထောက်ကို ပြန်ခွာပြီး သွားတယ် ဆိုတာကို သိရပါတယ်။ ဒါကတော့ တောက်တဲ့ ဘယ်လို ကပ်သလဲ ဆိုတာကို လေ့လာတဲ့ စမ်းသပ်မှုပါပဲ။
တောက်တဲ့ အကြောင်း ပြောရင်း ကျွန်တော် အခန်းထဲက တောက်တဲ့ကို သတိရသွားပါတယ်။ ရန်ကုန်မှာ ကျွန်တော်နေတဲ့ အခန်းရဲ့ မျက်နှာကြက် ထုပ်တန်းမှာ အမြဲ လျှောက်သွားနေတတ်တဲ့ တောက်တဲ့ တစ်ကောင် ရှိပါတယ်။ ညဆိုရင် ကျွန်တော် အိပ်တဲ့ ခုတင်အပေါ်တည့်တည့်ကို ရောက်လာတတ်ပါတယ်။ တောက်တဲ့တောက်တဲ့ နဲ့ အော်ရင်း နောက်ဆုံးတစ်ခါ ကျရင်တော့ တဲ့ဟဲ့ဟဲ့ နဲ့ အသံရှည်ဆွဲပြီး အော်တတ်ပါတယ်။ ဒီကောင်တော့ မြန်မာပြည်မှာ တောက်တဲ့ ဖြစ်ရတာ အတော်ကံကောင်းတယ် ပြောရမှာပါပဲ။ မတော်လို့ အမေရိကားက ပုဂ္ဂိုလ် များနဲ့ သာ တွေ့သွားရင်တော့ ခြေထောက်က အမွှေးကို ဟိုဆွဲလိုက် ဒီဆွဲလိုက်နဲ့ ယားကျိကျိ နေမှာပဲလို့ တွေးမိပါသေးတယ်။
သူတို့ရဲ့ စမ်းသပ်မှု အကြောင်းကို ဒီထက်ပိုပြီး အသေးစိတ် သိချင်ရင်တော့ အောက်က အင်တာနက်စာမျက်နှာမှာ သွားကြည့်နိုင်ပါတယ်။
http://www.mhhe.com/biosci/genbio/raven6/lab1/labs/lab1/home.html
ကိုးကား။ ။ Biology by Raven Johnson (6th Edition)

Tuesday, March 16, 2010
နိယာမတွေ မှားပြီလား
အခုတလော သူငယ်ချင်းတွေ ပို့ပေးတဲ့ အီးမေးလ်တွေထဲမှာ လောင်စာမဲ့ လျှပ်စစ်နည်းပညာ ဆိုတဲ့ မြန်မာတိုင်းမ်က သတင်း တစ်ပုဒ်ကို ဖတ်လိုက် ရပါတယ်။ အဲဒီ သတင်းကို ကျွန်တော် အစအဆုံး အခေါက်ခေါက် အခါခါ ဖတ်ပြီး ညာဏ်မီသလောက် အမျိုးမျိုးလှည့်ပတ် စဥ်းစားကြည့်မိပါတယ်။ ကျွန်တော် ကိုယ်တိုင်ကပဲ ပိန်းလွန်းသလား နည်းပညာကပဲ လိုက်မမီအောင် မြင့်နေသလားတော့ မသိပါဘူး။ အဲဒီနည်းပညာကို ကျွန်တော် ဘယ်လိုမှ သဘောမပေါက်နိုင်ပါဘူး။
ကျွန်တော်တို့ ရူပဗေဒကို စသင်တဲ့ အချိန်တုန်းက စွမ်းအင်တည်မြဲမှုနိယာမ (Law of Conservation of Energy) ဆိုတာ သင်ခဲ့ဖူးပါတယ်။ အဲဒီနိယာမမှာ စွမ်းအင် ဆိုတာ ဖန်တီးလို့မရ၊ ဖျက်ဆီးလို့မရ၊ စွမ်းအင် အသွင်တစ်မျိုးမှ အခြားတစ်မျိုးသို့ ကူးပြောင်း၍သာ ရသည်လို့ ဆိုထားပါတယ်။
အဲဒီလို စွမ်းအင် ပြောင်းလဲမှုတွေကို လေ့လာဖို့အတွက် ကားတစ်စီးရဲ့ ရွေ့လျားမှု ကို ဥပမာ အနေနဲ့ ကြည့်နိုင်ပါတယ်။ ကားတစ်စီးကို ရွေ့လျားဖို့အတွက် နည်းလမ်း အမျိုးမျိုး စဉ်းစားကြည့်လို့ ရနိုင်ပါတယ်။ ပထမနည်းလမ်းက ကားထဲကို လောင်စာဆီ ထည့်ပြီး မောင်းဖို့ပါ။ မော်တော်ကား အင်ဂျင် လည်ပတ်ဖို့အတွက် လောင်စာဆီကို အင်ဂျင်ထဲမှာ လောင်ကျွမ်း ပေါက်ကွဲ စေရပါတယ်။ အဲဒီလို လောင်စာဆီ လောင်ကျွမ်းတဲ့ အခါမှာ လောင်စာဆီထဲမှာ ပါတဲ့ဓာတု စွမ်းအင် (Chemical Energy) ကနေ အပူစွမ်းအင်(Heat Energy) အဖြစ် ပြောင်းလဲပြီး အင်ဂျင်ကို လည်ပတ်စေတဲ့ အရွေ့စွမ်းအင် (Kinetic Energy) ကို ဖြစ်စေပါတယ်။ နောက်တစ်နည်းကတော့ ကားကို လောင်စာဆီမထည့်ပဲ လူအားနဲ့ တွန်းလွှတ်ဖို့ပါ။ အဲဒီလို မော်တော်ကားကို လူအားနဲ့ တွန်းမယ်ဆိုရင် လူရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဓာတုစွမ်းအင်ကနေ မော်တော်ကားကို ရွေ့လျားစေဖို့ အတွက် အရွေ့စွမ်းအင် အဖြစ် ပြောင်းလဲပေးတယ်လို့ မြင်နိုင်ပါတယ်။ တတိယမြောက်နည်းကတော့ မော်တော်ကားကို အမြင့်ကနေ လှိမ့်ချဖို့ပါ။ ဘယ်အရာဝတ္ထု ပဲဖြစ်ြဖစ် အမြင့်တစ်ခုမှာ ရှိနေတယ်ဆိုရင် ကမ္ဘာမြေရဲ့ ဆွဲအားကို ဆန့်ကျင် ထားရတဲ့အတွက် သူ့မှာ အတည်စွမ်းအင် (Potential Energy) ရှိနေပါတယ်။ အဲဒီတော့ အမြင့်ကနေ အနိမ့်ကို ဆင်းရင် အတည်စွမ်းအင် လျော့သွားပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ မော်တော်ကားကို အမြင့်ကနေ့ အနိမ့်ကို လှိမ့်ချမယ်ဆိုရင် ကားမှာ ရှိပြီးသား အတည်စွမ်းအင်တွေက အရွေ့စွမ်းအင် အဖြစ် ပြောင်းလဲသွားတယ်လို့ မြင်နိုင်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့ ခြုံငုံသုံးသပ်လို့ ရတာက စွမ်းအင်တစ်ခု ဖြစ်ဖို့အတွက် အခြားစွမ်းအင်တစ်ခု လိုအပ်ပါတယ်။ အဲဒီလို စွမ်းအင် အသွင်ပြောင်းတဲ့နေရာမှာမှ အကျိုးသက်ရောက်မှု (Efficiency) ဘယ်လောက် ရှိသလဲဆိုတာကိုလည်း ထည့်ပြီး စဥ်းစားရပါတယ်။ အကျိုးသက်ရောက်မှု ဆိုတာက ဝင်လာတဲ့ စွမ်းအင်နဲ့ ပြန်ထွက်သွားတဲ့ စွမ်းအင် ရဲ့ အချိုးအစားပါ။ သူ့ရဲ့ ညီမျှခြင်းက
လို့ ရေးလို့ ရပါတယ်။
ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်စက်ကိရိယာ အမျိုးအစားမှ အကျိုးသက်ရောက်မှု ကို ရာနှုန်းပြည့်ဖြစ်အောင် မစွမ်းဆောင်နိုင် ပါဘူး။ ဘာဖြစ်လိုလဲ ဆိုတော့ စွမ်းအင်တစ်မျိုးကနေ အခြားတစ်မျိုးကို ပြောင်းတဲ့ နေရာမှာ မလိုလားအပ်တဲ့ အခြားစွမ်းအင်တွေ အနေနဲ့ လေလွင့်ဆုံးရှုံးမှု (Loss)တွေ အမြဲ ရှိတတ် ပါတယ်။ ဥပမာ အားဖြင့် မော်တော်ကား သွားတဲ့နေရာမှာ မလိုလားအပ်တဲ့ အပူစွမ်းအင်(Heat Energy)တွေ၊ အသံစွမ်းအင်(Sound Energy)တွေ ၊ တုန်ခါမှုကနေ လှိုင်းစွမ်းအင် (Wave Energy) တွေ ထွက်လာတတ်တဲ့အတွက် လောင်စာဆီက ထုတ်လိုက်တဲ့ ဓာတုစွမ်းအင်က အရွေ့စွမ်းအင် အဖြစ် ရာနှုန်းပြည့် ပြောင်းလဲ မသွားပါဘူး။ ရာခိုင်နှုန်း တချို့တဝက်သာ အရွေ့စွမ်းအင် အဖြစ် ပြောင်းလဲသွားပြီး ကျန်တဲ့ စွမ်းအင်တွေက မလိုလားအပ်တဲ့ အပူ၊ အသံ၊ လှိုင်းစွမ်းအင် တွေ အဖြစ် လေလွင့် ဆုံးရှုံးမှု ဖြစ်သွားပါတယ်။ အဲဒါကို ညီမျှခြင်း အနေနဲ့
ကမ္ဘာပေါ်မှာ လိုအပ်နေတဲ့ စွမ်းအင်တွေ ရဖို့အတွက် စွမ်းအင် အသွင်တမျိုးကနေ အခြားတမျိုးကို ကူးပြောင်းခြင်း နည်းနဲ့ပဲ ရနိုင်ပါတယ်။ လျှပ်စစ်စွမ်းအင် (Electrical Energy) ရဖို့ အသုံးပြုတဲ့ နည်းတွေကို လေ့လာကြည့်ပါ။ ရေနွေးငွေ့သုံး ဘွိုင်လာမှာ ဆိုရင် အပူစွမ်းအင်(Heat Energy) ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းပေးပါတယ်။ လောင်စာဆီသုံး မီးစက်တွေမှာ ဆိုရင် လောင်စာဆီကရတဲ့ ဓာတုစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။ လေရဟတ်တို့ ရေရဟတ်တို့မှာ ဆိုရင် ရေစီးကြောင်း လေစီးကြောင်းတွေရဲ့ ရွေ့လျားမှုကလာတဲ့ အရွေ့စွမ်းအင် (Kinetic Energy) ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုမှာဆိုရင် နျူကလီယား စွမ်းအင် (Nuclear Energy) ကနေ လျှပ်စစ် စွမ်းအင်အဖြစ် ပြောင်းလဲပေးပါတယ်။ နေရောင်ြခည်သုံး လျှပ်စစ်ဓာတ်အားပေးစက်မှာ ဆိုရင်လည်း နေစွမ်းအင် (Solar Energy) ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။
စွမ်းအင်ဆိုတာ ဥုံဖွ ဆိုပြီး မန်းမှုတ်လိုက်လို့ လေထဲက နေ ရောက်လာတာမျိုး မဟုတ်ပါဘူး။ အခြားစွမ်းအင် တမျိုးကပဲ အသွင်ကူးပြောင်း လာတာပါ။ ယုတ်စွအဆုံး ဟိုတလောဆီက မြန်မာပြည်မှာ မဟာရွှေညာဏ်တော် စူးရောက်ပြီး နွားကနေ လျှပ်စစ်ထုတ်တယ်ဆိုတဲ့ ကုမ္ပဏီတောင်မှ နွားရဲ့ ရွေ့လျားမှုစွမ်းအင်တွေ ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးတယ် ဆိုတာ မြင်နိုင်ပါတယ်။ ဒါပေမယ့် လေ့လွင့် ဆုံးရှုံးမှု မရှိတဲ့ စက်ကိရိယာ ဆိုတာ မရှိပါဘူး။ ကြာကြာမောင်းလို့ အပူချိန် တက်မလာတဲ့စက်၊ အသံမထွက်တဲ့စက်၊ တုန်ခါမှု လုံးဝမရှိတဲ့စက် ဆိုတာ ကမ္ဘာပေါ်မှာ မရှိသေးပါဘူး။ အဲဒီအတွက် စက်တိုင်းမှာ အပူစွမ်းအင်၊ အသံစွမ်းအင်၊ လှိုင်းစွမ်းအင်တွေက အလေအလွင့် အနေနဲ့ ထွက်လာတယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။
ဒါဆိုရင် လောင်စာမဲ့ လျှပ်စစ်နည်းပညာ ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး ဆန်းစစ်ကြည့်ရအောင်။ လောင်စာမဲ့ လျှပ်စစ်နည်းပညာမှာ သွင်းလိုက်တဲ့ စွမ်းအင်တွေကို အဆပွားနိုင်တယ် ဆိုရင် အဲဒီ ဆပွား သွားတဲ့ စွမ်းအင်တွေက ဘယ်က ရောက်လာတာလဲ။ စွမ်းအင်ဆိုတာ ဖန်တီးလို့ မရဘူးလို့ စွမ်းအင်တည်မြဲမှု နိယာမမှာ ဆိုထားပါတယ်။ အဲဒီအချက်သာ မှန်တယ်ဆိုရင် ကျွန်တော်တို့ နှစ်ပေါင်းရာနဲ့ချီပြီး ယုံကြည်လာခဲ့တဲ့ စွမ်းအင် တည်မြဲမှု နိယာမကြီး မှားနေပြီလို့ ပြောလို့ ရပါတယ်။ နောက်တစ်ချက်က ကမ္ဘာပေါ်မှာ ဘယ်စက်ကိရိယာမှ ရာနှုန်းပြည့် အကျိုးသက်ရောက်မှု (100% Efficiency) ဖြစ်အောင် မလုပ်နိုင်သေးတဲ့ အချိန်မှာ ရာနှုန်းပြည့်ထက် ၁၀ ဆလောက် ကျော်လွန်အောင် ဘယ်လိုများလုပ်ကြမလဲလို့ တွေးမရပါဘူး။ ကျွန်တော့် ညာဏ်လေး တထွာတမိုက်နဲ့ ညာဏ်မီအောင် စဥ်းစားကြည့်လို့ မရနိုင်ပါဘူး။
နိယာမဆိုတာ အမြဲတမ်း မှန်တယ်လို့တော့ မပြောလိုပါဘူး။ နယူတန် ရဲ့ ရွေ့လျားမှု ဆိုင်ရာ နိယာမတောင်မှ အလွန် သေးငယ်တဲ့ အရာ ဝတ္ထုတွေနဲ့ အလွန် ကြီးမားတဲ့ အရာဝတ္ထုတွေ အတွက် မှန်ကန်ခြင်း မရှိပါဘူး။ ဘယ်လိုပဲ ဖြစ်စေ စွမ်းအင်တည်မြဲမှု နိယာမကို ဆန့်ကျင်ပြီး စွမ်းအင်ကို ဖန်တီးယူလို့ ရနိုင်တယ် ဒါမှမဟုတ် အကျိုးသက်ရောက်မှု ကို ၁၀၀ ရာခိုင်နှုန်းထက်တောင် ကျော်လွန်အောင် လုပ်နိုင်တဲ့ စက်မျိုး တီထွင်နိုင်တယ် ဆိုရင်တော့ တီထွင်တဲ့သူ နိုဘယ်လ်ဆို တစ်ဆုထဲတင် မကဘူး အဲဒီနှစ်ချက်အတွက် နိုဘယ်လ်ဆု ၂ ဆုလောက် ရသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။
ကိုးကား။
http://www.myanmar.mmtimes.com/2010/upper/454/upper01.html
ကျွန်တော်တို့ ရူပဗေဒကို စသင်တဲ့ အချိန်တုန်းက စွမ်းအင်တည်မြဲမှုနိယာမ (Law of Conservation of Energy) ဆိုတာ သင်ခဲ့ဖူးပါတယ်။ အဲဒီနိယာမမှာ စွမ်းအင် ဆိုတာ ဖန်တီးလို့မရ၊ ဖျက်ဆီးလို့မရ၊ စွမ်းအင် အသွင်တစ်မျိုးမှ အခြားတစ်မျိုးသို့ ကူးပြောင်း၍သာ ရသည်လို့ ဆိုထားပါတယ်။
အဲဒီလို စွမ်းအင် ပြောင်းလဲမှုတွေကို လေ့လာဖို့အတွက် ကားတစ်စီးရဲ့ ရွေ့လျားမှု ကို ဥပမာ အနေနဲ့ ကြည့်နိုင်ပါတယ်။ ကားတစ်စီးကို ရွေ့လျားဖို့အတွက် နည်းလမ်း အမျိုးမျိုး စဉ်းစားကြည့်လို့ ရနိုင်ပါတယ်။ ပထမနည်းလမ်းက ကားထဲကို လောင်စာဆီ ထည့်ပြီး မောင်းဖို့ပါ။ မော်တော်ကား အင်ဂျင် လည်ပတ်ဖို့အတွက် လောင်စာဆီကို အင်ဂျင်ထဲမှာ လောင်ကျွမ်း ပေါက်ကွဲ စေရပါတယ်။ အဲဒီလို လောင်စာဆီ လောင်ကျွမ်းတဲ့ အခါမှာ လောင်စာဆီထဲမှာ ပါတဲ့ဓာတု စွမ်းအင် (Chemical Energy) ကနေ အပူစွမ်းအင်(Heat Energy) အဖြစ် ပြောင်းလဲပြီး အင်ဂျင်ကို လည်ပတ်စေတဲ့ အရွေ့စွမ်းအင် (Kinetic Energy) ကို ဖြစ်စေပါတယ်။ နောက်တစ်နည်းကတော့ ကားကို လောင်စာဆီမထည့်ပဲ လူအားနဲ့ တွန်းလွှတ်ဖို့ပါ။ အဲဒီလို မော်တော်ကားကို လူအားနဲ့ တွန်းမယ်ဆိုရင် လူရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဓာတုစွမ်းအင်ကနေ မော်တော်ကားကို ရွေ့လျားစေဖို့ အတွက် အရွေ့စွမ်းအင် အဖြစ် ပြောင်းလဲပေးတယ်လို့ မြင်နိုင်ပါတယ်။ တတိယမြောက်နည်းကတော့ မော်တော်ကားကို အမြင့်ကနေ လှိမ့်ချဖို့ပါ။ ဘယ်အရာဝတ္ထု ပဲဖြစ်ြဖစ် အမြင့်တစ်ခုမှာ ရှိနေတယ်ဆိုရင် ကမ္ဘာမြေရဲ့ ဆွဲအားကို ဆန့်ကျင် ထားရတဲ့အတွက် သူ့မှာ အတည်စွမ်းအင် (Potential Energy) ရှိနေပါတယ်။ အဲဒီတော့ အမြင့်ကနေ အနိမ့်ကို ဆင်းရင် အတည်စွမ်းအင် လျော့သွားပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ မော်တော်ကားကို အမြင့်ကနေ့ အနိမ့်ကို လှိမ့်ချမယ်ဆိုရင် ကားမှာ ရှိပြီးသား အတည်စွမ်းအင်တွေက အရွေ့စွမ်းအင် အဖြစ် ပြောင်းလဲသွားတယ်လို့ မြင်နိုင်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့ ခြုံငုံသုံးသပ်လို့ ရတာက စွမ်းအင်တစ်ခု ဖြစ်ဖို့အတွက် အခြားစွမ်းအင်တစ်ခု လိုအပ်ပါတယ်။ အဲဒီလို စွမ်းအင် အသွင်ပြောင်းတဲ့နေရာမှာမှ အကျိုးသက်ရောက်မှု (Efficiency) ဘယ်လောက် ရှိသလဲဆိုတာကိုလည်း ထည့်ပြီး စဥ်းစားရပါတယ်။ အကျိုးသက်ရောက်မှု ဆိုတာက ဝင်လာတဲ့ စွမ်းအင်နဲ့ ပြန်ထွက်သွားတဲ့ စွမ်းအင် ရဲ့ အချိုးအစားပါ။ သူ့ရဲ့ ညီမျှခြင်းက
Efficiency = Energy Output /Energy Input
လို့ ရေးလို့ ရပါတယ်။
ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်စက်ကိရိယာ အမျိုးအစားမှ အကျိုးသက်ရောက်မှု ကို ရာနှုန်းပြည့်ဖြစ်အောင် မစွမ်းဆောင်နိုင် ပါဘူး။ ဘာဖြစ်လိုလဲ ဆိုတော့ စွမ်းအင်တစ်မျိုးကနေ အခြားတစ်မျိုးကို ပြောင်းတဲ့ နေရာမှာ မလိုလားအပ်တဲ့ အခြားစွမ်းအင်တွေ အနေနဲ့ လေလွင့်ဆုံးရှုံးမှု (Loss)တွေ အမြဲ ရှိတတ် ပါတယ်။ ဥပမာ အားဖြင့် မော်တော်ကား သွားတဲ့နေရာမှာ မလိုလားအပ်တဲ့ အပူစွမ်းအင်(Heat Energy)တွေ၊ အသံစွမ်းအင်(Sound Energy)တွေ ၊ တုန်ခါမှုကနေ လှိုင်းစွမ်းအင် (Wave Energy) တွေ ထွက်လာတတ်တဲ့အတွက် လောင်စာဆီက ထုတ်လိုက်တဲ့ ဓာတုစွမ်းအင်က အရွေ့စွမ်းအင် အဖြစ် ရာနှုန်းပြည့် ပြောင်းလဲ မသွားပါဘူး။ ရာခိုင်နှုန်း တချို့တဝက်သာ အရွေ့စွမ်းအင် အဖြစ် ပြောင်းလဲသွားပြီး ကျန်တဲ့ စွမ်းအင်တွေက မလိုလားအပ်တဲ့ အပူ၊ အသံ၊ လှိုင်းစွမ်းအင် တွေ အဖြစ် လေလွင့် ဆုံးရှုံးမှု ဖြစ်သွားပါတယ်။ အဲဒါကို ညီမျှခြင်း အနေနဲ့
Energy Input = Energy Output + Energy Loss
လို့ ရေးလို့ ရပါတယ်။ကမ္ဘာပေါ်မှာ လိုအပ်နေတဲ့ စွမ်းအင်တွေ ရဖို့အတွက် စွမ်းအင် အသွင်တမျိုးကနေ အခြားတမျိုးကို ကူးပြောင်းခြင်း နည်းနဲ့ပဲ ရနိုင်ပါတယ်။ လျှပ်စစ်စွမ်းအင် (Electrical Energy) ရဖို့ အသုံးပြုတဲ့ နည်းတွေကို လေ့လာကြည့်ပါ။ ရေနွေးငွေ့သုံး ဘွိုင်လာမှာ ဆိုရင် အပူစွမ်းအင်(Heat Energy) ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းပေးပါတယ်။ လောင်စာဆီသုံး မီးစက်တွေမှာ ဆိုရင် လောင်စာဆီကရတဲ့ ဓာတုစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။ လေရဟတ်တို့ ရေရဟတ်တို့မှာ ဆိုရင် ရေစီးကြောင်း လေစီးကြောင်းတွေရဲ့ ရွေ့လျားမှုကလာတဲ့ အရွေ့စွမ်းအင် (Kinetic Energy) ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုမှာဆိုရင် နျူကလီယား စွမ်းအင် (Nuclear Energy) ကနေ လျှပ်စစ် စွမ်းအင်အဖြစ် ပြောင်းလဲပေးပါတယ်။ နေရောင်ြခည်သုံး လျှပ်စစ်ဓာတ်အားပေးစက်မှာ ဆိုရင်လည်း နေစွမ်းအင် (Solar Energy) ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။
စွမ်းအင်ဆိုတာ ဥုံဖွ ဆိုပြီး မန်းမှုတ်လိုက်လို့ လေထဲက နေ ရောက်လာတာမျိုး မဟုတ်ပါဘူး။ အခြားစွမ်းအင် တမျိုးကပဲ အသွင်ကူးပြောင်း လာတာပါ။ ယုတ်စွအဆုံး ဟိုတလောဆီက မြန်မာပြည်မှာ မဟာရွှေညာဏ်တော် စူးရောက်ပြီး နွားကနေ လျှပ်စစ်ထုတ်တယ်ဆိုတဲ့ ကုမ္ပဏီတောင်မှ နွားရဲ့ ရွေ့လျားမှုစွမ်းအင်တွေ ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးတယ် ဆိုတာ မြင်နိုင်ပါတယ်။ ဒါပေမယ့် လေ့လွင့် ဆုံးရှုံးမှု မရှိတဲ့ စက်ကိရိယာ ဆိုတာ မရှိပါဘူး။ ကြာကြာမောင်းလို့ အပူချိန် တက်မလာတဲ့စက်၊ အသံမထွက်တဲ့စက်၊ တုန်ခါမှု လုံးဝမရှိတဲ့စက် ဆိုတာ ကမ္ဘာပေါ်မှာ မရှိသေးပါဘူး။ အဲဒီအတွက် စက်တိုင်းမှာ အပူစွမ်းအင်၊ အသံစွမ်းအင်၊ လှိုင်းစွမ်းအင်တွေက အလေအလွင့် အနေနဲ့ ထွက်လာတယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။
ဒါဆိုရင် လောင်စာမဲ့ လျှပ်စစ်နည်းပညာ ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး ဆန်းစစ်ကြည့်ရအောင်။ လောင်စာမဲ့ လျှပ်စစ်နည်းပညာမှာ သွင်းလိုက်တဲ့ စွမ်းအင်တွေကို အဆပွားနိုင်တယ် ဆိုရင် အဲဒီ ဆပွား သွားတဲ့ စွမ်းအင်တွေက ဘယ်က ရောက်လာတာလဲ။ စွမ်းအင်ဆိုတာ ဖန်တီးလို့ မရဘူးလို့ စွမ်းအင်တည်မြဲမှု နိယာမမှာ ဆိုထားပါတယ်။ အဲဒီအချက်သာ မှန်တယ်ဆိုရင် ကျွန်တော်တို့ နှစ်ပေါင်းရာနဲ့ချီပြီး ယုံကြည်လာခဲ့တဲ့ စွမ်းအင် တည်မြဲမှု နိယာမကြီး မှားနေပြီလို့ ပြောလို့ ရပါတယ်။ နောက်တစ်ချက်က ကမ္ဘာပေါ်မှာ ဘယ်စက်ကိရိယာမှ ရာနှုန်းပြည့် အကျိုးသက်ရောက်မှု (100% Efficiency) ဖြစ်အောင် မလုပ်နိုင်သေးတဲ့ အချိန်မှာ ရာနှုန်းပြည့်ထက် ၁၀ ဆလောက် ကျော်လွန်အောင် ဘယ်လိုများလုပ်ကြမလဲလို့ တွေးမရပါဘူး။ ကျွန်တော့် ညာဏ်လေး တထွာတမိုက်နဲ့ ညာဏ်မီအောင် စဥ်းစားကြည့်လို့ မရနိုင်ပါဘူး။
နိယာမဆိုတာ အမြဲတမ်း မှန်တယ်လို့တော့ မပြောလိုပါဘူး။ နယူတန် ရဲ့ ရွေ့လျားမှု ဆိုင်ရာ နိယာမတောင်မှ အလွန် သေးငယ်တဲ့ အရာ ဝတ္ထုတွေနဲ့ အလွန် ကြီးမားတဲ့ အရာဝတ္ထုတွေ အတွက် မှန်ကန်ခြင်း မရှိပါဘူး။ ဘယ်လိုပဲ ဖြစ်စေ စွမ်းအင်တည်မြဲမှု နိယာမကို ဆန့်ကျင်ပြီး စွမ်းအင်ကို ဖန်တီးယူလို့ ရနိုင်တယ် ဒါမှမဟုတ် အကျိုးသက်ရောက်မှု ကို ၁၀၀ ရာခိုင်နှုန်းထက်တောင် ကျော်လွန်အောင် လုပ်နိုင်တဲ့ စက်မျိုး တီထွင်နိုင်တယ် ဆိုရင်တော့ တီထွင်တဲ့သူ နိုဘယ်လ်ဆို တစ်ဆုထဲတင် မကဘူး အဲဒီနှစ်ချက်အတွက် နိုဘယ်လ်ဆု ၂ ဆုလောက် ရသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။
ကိုးကား။
http://www.myanmar.mmtimes.com/2010/upper/454/upper01.html
Labels:
နည်းပညာ,
သိပ္ပံ,
သုံးသပ်ချက်
Saturday, August 15, 2009
ကမ္ဘာကြီး လုံးသလား ပြားသလား
တစ်ခါတုန်းက ထင်ရှားတဲ့ သိပ္ပံပညာရှင်ကြီး တစ်ယောက်ဟာ ရိုးရိုးသာမန် ပြည်သူတွေကို နက္ခတ္တ ဗေဒနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ ပါတယ်။ သိပ္ပံပညာရှင်ကြီးက ကမ္ဘာဟာ နေကို လှည့်ပတ် နေတဲ့အကြောင်း၊ နေကလည်း ဂယ်လက်ဆီလို့ ခေါ်တဲ့ ကြယ်အစုအဝေးကြီး တစ်ခုကို လှည့်ပတ်နေတဲ့ အကြောင်းတွေ ဟောပြောပါတယ်။ ဟောပြောပွဲ အပြီးမှာတော့ နောက်နားမှာ ထိုင်နေတဲ့ အဖွားကြီး တစ်ယောက်က “ဟေ့ သူငယ်။ မင်းရုပ်တည်နဲ့ လျှောက်ဖောမနေနဲ့။ ကမ္ဘာဆိုတာက အပြားကြီး။ အဲဒီကမ္ဘာကြီးကို ဧရာမ လိပ်ကြီး တစ်ကောင်က ကျောပေါ်မှာ ပိုးထားတာ။” လို့ ထပြောပါတယ်။ အဲဒီတော့ သိပ္ပံပညာရှင်ကြီးလည်း ငါးခူပြုံး၊ ငါးသလောက်ပြုံး၊ ငါးသလဲထိုးပြုံးမျိုး ပြုံးပြီးတော့ “ငွှားငွှား။ အဲဒီလို ဆိုရင် အဲဒီလိပ် ကြီးက ဘယ်ပေါ်မှာ ရပ်နေသလဲ။” လို့ ပြန်မေးပါတယ်။ အဲဒီအခါမှာတော့ အဘွားကြီးက “ကောင်လေး။ မင်းတော်တယ်။ ဒါပေမယ့် အဲဒီလိပ်က အခြားလိပ်တွေရဲ့ ကျောပေါ်မှာ တစ်ဆင့်ပြီး တစ်ဆင့် ထပ်ပြီး ရပ်နေတာပေါ့။” လို့ ပြန်ပြော ပါတယ်။ အဲဒီ ဟောပြောပွဲမှာပြောတဲ့ သိပ္ပံပညာရှင်ဟာ ဘာထရန် ရပ်ဆဲလ် (Bertrand Russell) ဖြစ်တယ်လို့ အချို့က ပြောကြပါတယ်။
ကမ္ဘာဆိုတာ လိပ်တွေ ဆင့်ကာ ဆင့်ကာ ထပ်ထားတဲ့ လိပ်မျှော်စင်ပေါ်က အပြားကြီး ဆိုတာ လူအများစု အတွက်တော့ ရယ်စရာ ကောင်းတဲ့ အတွေးအခေါ် တစ်ခု ဖြစ်မှာပါ။ ကမ္ဘာကြီးဟာ မပြားဘဲ လုံးနေတယ် ဆိုတဲ့ အယူအဆကိုတော့ ဂရိ တွေးခေါ်ပညာရှင် အရစ္စတိုတယ် (Aristotle) က စပြောခဲ့ပါတယ်။ ဘီစီ ၃၄၀ ဒါမှ မဟုတ် ခရစ်သက္ကရာဇ် မစခင် နှစ်ပေါင်း ၃၄၀ လောက်က သူ့ရေးခဲ့တဲ့ “ကောင်းကင်ဘုံပေါ်မှာ (On the Heaven) ” ဆိုတဲ့ စာအုပ်ထဲမှာ အရစ္စတိုတယ်က ကမ္ဘာဟာ လုံးဝန်းကြောင်း ပြနိုင်ဖို့အတွက် ငြင်းဆိုချက် နှစ်ခုကို ထည့်ရေးခဲ့ပါတယ်။
ပထမ အချက်ကတော့ လကြတ်တာနဲ့ ဆိုင်ပါတယ်။ ဘီစီ ၃၄၀ တုန်းက တီဗွီ မရှိ၊ ရုပ်ရှင်မရှိ ဆိုတော့ ဂရိတွေလည်း ညဖက် အားအားရှိတိုင်း ကောင်းကင်ကို မော့ကြည့် နေကြ သလားတော့ မသိပါဘူး။ အဲဒါကြောင့် ဂရိတွေဟာ လကြတ်တယ် ဆိုတာ နေ နဲ့ လကြားမှာ ကမ္ဘာက ခပ်တည်တည် ဝင်ရပ်လို့ လ ခမျာ ငုတ်တုတ်မေ့ပြီး အလင်းရောင် ပျောက်သွားတယ် ဆိုတဲ့ အချက်ကို သူတို့ လေ့လာ မိကြပါတယ်။ အဲဒီလိုပဲ လပေါ်မှာ ကျရောက်တဲ့ ကမ္ဘာရဲ့ အရိပ်ဟာ ဝိုင်းနေတယ် ဆိုတာကို လကြတ်တဲ့ အချိန်မှာ သူတို့ မြင်ရပါတယ်။ အကယ်၍ ကမ္ဘာသာ မလုံးဘဲ ပြားနေတယ် ဆိုရင် လပေါ်မှာ ကျတဲ့ ကမ္ဘာရဲ့ အရိပ်ဟာ ရှည်ရှည်မျောမျော ဘဲဥပုံကြီး ဖြစ်နေရမှာပေါ့လို့ အရစ္စတိုတယ်က ဆိုပါတယ်။ လကြတ်တယ် ဆိုတဲ့ အချိန်တိုင်းမှာ နေဟာ ကမ္ဘာရဲ့ အလယ်ခေါင်တည့်တည့် မှာချည်းပဲ ရှိမနေဘူး ဆိုရင်တော့ အဲဒီအချက်ဟာ မှန်မယ် လို့ သူက ဆိုပါတယ်။
နောက်တစ်ချက်ကတော့ ဂရိများဟာ အတော်ပဲ ခြေရှည်ကြပါတယ်။ အဲဒီလို သွားရင်း လာရင်းကနေ သူတို့ဟာ မြောက်ဖက်ကြယ် (North Star) ရဲ့ တည်နေရာကို လေ့လာ မိကြပါတယ်။ မြောက်ဖက်ကြယ်ရဲ့ တည်နေရာဟာ ကမ္ဘာရဲ့ မြောက်ဖက်ကျတဲ့ အပိုင်းကနေ ကြည့်တာထက်စာရင် တောင်ဖက်ကျတဲ့ အပိုင်းကနေ ကြည့်ရင် ပိုနိမ့်နေတယ် ဆိုတာကို ဂရိလူမျိုးတွေ သတိထားမိ ခဲ့ကြ ပါတယ်။ အကယ်၍ ကမ္ဘာသာ မလုံးဘဲ ပြားနေမယ် ဆိုရင် မြောက်ဖက်ကြယ်ရဲ့ တည်နေရာဟာ ဘယ်နေရာက ကြည့်ကြည့် အတူတူ ဖြစ်ရမှာပါ။ အရစ္စတိုတယ်ကတော့ ဂရိနဲ့ အီဂျစ်ကနေ ကြည့်ရင် မြောက်ဖက်ကြယ်ရဲ့ တည်နေရာဟာ မတူတဲ့ အတွက် ကမ္ဘာဟာ လုံးရမယ် လို့ ဆိုပါတယ်။
ကြုံတုန်း ကြိုက်တုန်း မြောက်ဖက်မှာ အလင်းဆုံးကြယ် အကြောင်းကို နည်းနည်း လေရှည် လိုက်ပါဦးမယ်။ အခုလက်ရှိ မြောက်ဖက်မှာ အလင်းဆုံးကြယ်ကတော့ ကျွန်တော်တို့ မြန်မာအခေါ်အဝေါ် ဓူဝံကြယ်လို့ ခေါ်တဲ့ ပိုလာရစ်စ် (Polaris) ကြယ်ပါ။ ပိုလာရစ်စ် ဟာ နက္ခတ္တဗေဒ အခေါ်အဝေါ် အာဆာမိုင်နာ ကြယ်တာရာစု (Ursa Minor Constellation) မှာ ရှိပါတယ်။ ကျွန်တော်တို့ ခုနှစ်စင်ကြယ်လို့ သိကြတဲ့ ကြယ် ၇ လုံးကတော့ အာဆာမေဂျာ ကြယ်တာရာစု (Ursa Major Constellation) မှာ ရှိပါတယ်။ ခုနှစ်စင်ကြယ်ကို အမေရိကန် ပြည်ထောင်စုနဲ့ ကနေဒါမှာ Big Dipper လို့ သိကြပြီး အင်္ဂလန် အိုင်ယာလန်စတဲ့ ဗြိတိသျှ ကျွန်းစုတွေမှာတော့ Plough လို့ သိကြပါတယ်။ ခရစ်သက္ကရာဇ် မပေါ်ခင် နှစ်ပေါင်း ၃၀၀၀ လောက်ကတော့ မြောက်ဖက်မှာ အလင်းဆုံးကြယ်ဟာ ပိုလာရစ် မဟုတ်ဘဲ ဒရာကို ကြယ်တာရာစု (Draco Constellation) မှာ ရှိတဲ့ သူဘန် (Thuban) ကြယ်ဖြစ်ပါတယ်။ သက္ကရာဇ် ၃၀၀၀ ပြည့်ရင်တော့ မြောက်ဖက်မှာ အလင်းဆုံးကြယ်ဟာ ပိုလာရစ်စ် မဟုတ်တော့ဘဲ စီးဖီးယပ်စ် ကြယ်တာရာစု (Cepheus Constellation) မှာ ရှိတဲ့ ဂမ်မာစီဖေး (Gamma Cephei) ကြယ် ဖြစ်လာလိမ့်မယ်လို့ ဆိုကြပါတယ်။
ဂရိတွေက တတိယမြောက် ငြင်းချက်တစ်ခုကိုလည်း ပြောကြပါသေးတယ်။ မိုးကုပ်စက်ဝိုင်းကနေ သင်္ဘောတွေ ရွက်လွှင့်လာတာကို မြင်ရတဲ့ အခါမှာ ရွက်တိုင်ကို အရင် မြင်ရပြီး ကိုယ်ထည်ကို နောက်မှ မြင်ရတာဟာလည်း ကမ္ဘာလုံးကြောင်း သက်သေပြချက် တစ်ခုပဲ ဖြစ်တယ်လို့ သူတို့က ဆိုကြပါတယ်။
အခုခေတ် အခါမှာတော့ အာကာသယာဉ်တွေ ဂြိုဟ်တုတွေ ပေါ်ကနေ ရိုက်ထားတဲ့ ကမ္ဘာရဲ့ ဓာတ်ပုံကို ကြည့်တာနဲ့ ကမ္ဘာဟာ လုံးတယ်ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း သိနိုင်ပါပြီ။ ဒါပေမယ့် အာကာသထဲကို ဂြိုဟ်တုတွေ မရောက်သေးခင် အချိန်တုန်းက လူတွေ ကမ္ဘာကြီး လုံးတယ် ဆိုတဲ့ အချက်ကို စဉ်းစားနိုင်ခဲ့တာကတော့ အတော်ကို အံ့သြချီးကျူးဖို့ ကောင်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
ကိုးကား
1. A Brief History of Time by Stephen Hawking
2. http://en.wikipedia.org/wiki/North_Star

အာကာသ
Sunday, June 28, 2009
နယူတန်ရဲ့ နိယာမ
အိုင်ဆက် နယူတန် ပန်းသီးပင်အောက်မှာ ထိုင်နေတုန်း သူ့ရဲ့ ခေါင်းပေါ်ကို ပန်းသီး ပြုတ်ကျလို့ ကမ္ဘာ မြေကြီးရဲ့ ဆွဲငင်အား (Gravitational Force) အကြောင်းကို စဉ်းစားမိ သွားတယ် လို့ ဆိုပါတယ်။ နယူတန် ခေါင်းပေါ် ပန်းသီး ပြုတ်မကျပဲ ဒူးရင်းသီးသာ ပြုတ်ကျခဲ့ရင် ကမ္ဘာမြေပြင် ဆွဲငင်အား အကြောင်း စဉ်းစားဖို့တောင် အချိန်ရလိုက်မှာ မဟုတ်ဘူး ဆိုပြီးတော့ ငယ်ငယ်တုန်းက ဟာသ တစ်ခုထဲမှာ ဖတ်ဖူးပါတယ်။
ကမ္ဘာမြေကြီးမှာ ဆွဲငင်အား ရှိတယ် လို့ နယူတန်က ပြောသွားပါတယ်။ မာရဇ္ဇကတော့ “ဆွဲအား” ဆိုတဲ့ သီချင်းထဲမှာ “ကမ္ဘာမြေပြင်ထက် သူလေ ဆွဲအားကြီး” လို့ မိန်းကလေး တစ်ယောက်ကို တင်စားပြီး ဆိုပါတယ်။ သီချင်းကို သီချင်းလို မခံစားပဲ သိပ္ပံနည်းကျ တွေးကြည့်ရင်တော့ ရယ်စရာ ကြီးပါ။ ရူပဗေဒ သဘောတရား အရတော့ ဒြပ်ထု (Mass) ရှိရင် ဆွဲအား ရှိပြီး ဒြပ်ထု ကြီးရင် ဆွဲအားပိုကြီးတယ် လို့ ဆိုပါတယ်။ အဲဒီတော့ အဲဒီ မိန်းကလေးကသာ ကမ္ဘာမြေပြင်ထက် ဆွဲအားကြီးရင်တော့ ကမ္ဘာမြေပြင်ထက် ဒြပ်ထု ကြီးမှပဲ ဖြစ်မှာပါ။ အဲဒီလောက် အဆမတန် ခန္ဓာကိုယ်ကြီးတဲ့ မိန်းကလေးကိုတော့ ဘယ်သူမှ ကြိုက်လိမ့်မယ် မထင်ပါ။
အာခိမိဒိ စီးတဲ့မြင်းကို အာခိမိဒိ စည်းမျဉ်းလို့ ခေါ်တယ်လို့ လူရွှင်တော်တွေ ပျက်လုံး ထုတ်ဖူးပါတယ်။ နယူတန် စီးတဲ့မြင်းတော့ ဘာမြင်းလဲ မသိပါ။ နယူတန်ကတော့ ရွေ့လျားမှုဆိုင်ရာ နိယာမ(၃) ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
နယူတန်ရဲ့ ရွေ့လျားမှု ဆိုင်ရာ ပထမ နိယာမမှာ “ပြင်ပက အားသက်ရောက်မှု မရှိရင် ရပ်နေသော အရာဝတ္ထုတွေက ရပ်မြဲ ရပ်နေပြီး ရွေ့လျားနေတဲ့ အရာဝတ္ထုတွေက ရွေ့လျားမြဲ ရွေ့လျား နေမယ်” လို့ ဆိုထားပါတယ်။ စဉ်းစားကြည့်ရင် လက်မခံနိုင်စရာ ကိစ္စပါ။ ဒါဆိုရင် ကားတွေ ဘာလို့ ဓာတ်ဆီ အကုန်ခံ မောင်းနေကြ သလဲ။ တွန်းလွှတ်လိုက်ရင် သူ့ အရှိန်နဲ့ သူ လိမ့်သွားမှာပေါ့။ လေယာဉ်ပျံတွေ ဘာလို့ ဆီအကုန်ခံပြီး ပျံနေကြသလဲ။ လေထဲရောက်ရင် ကိုယ်သွားချင်တဲ့ နေရာ ဦးတည်ပြီး ဖရီးရိုက်လိုက်ရင် ရောက်သွားမှာပေါ့။
နိယာမက ဒီအတိုင်း မလာပါဘူး။ ကန့်သတ်ချက် ပါပါတယ်။ ဒါပေမယ့် အဲဒီ နိယာမထဲမှာ ပြင်ပက အားသက်ရောက်မှု မရှိလျှင် ဆိုတဲ့ ကန့်သတ်ချက်တစ်ခု ပါပါတယ်။ မော်တော်ကားတွေ လမ်းမပေါ် မောင်းနေတဲ့ အချိန်မှာ ကားဘီးနဲ့ လမ်း ပွတ်တိုက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပွတ်တိုက်အား (Friction) တွေ ရှိပါတယ်။ လေထုကို ဖြတ်သန်းပြီး မောင်းနှင်ရတဲ့အတွက် လေထုနဲ့ ကားရဲ့ ကိုယ်ထည် ထိတွေ့တဲ့ ပွတ်တိုက်အားတွေ ရှိပါတယ်။ အဲဒီပွတ်တိုက်အားတွေကို ကျော်လွန်ဖို့ အတွက် အားသုံး ရပါတယ်။ ကတ္တရာ လမ်းမပေါ် ချောဆီလေးများ ဖြန်းထားပေးရင်တော့ ပွတ်တိုက်အား နည်းသွားတဲ့ အတွက် ဆီကုန် သက်သာပါလိမ့်မယ်။ ဒါပေမယ့် ဘရိတ်တော့ အုပ်လို့ ရမယ် မထင်ပါဘူး။ ဒီလိုပဲ လေယာဉ်ပျံ လေပေါ်ပျံတက်တဲ့ အချိန်မှာ ကမ္ဘာမြေပြင်ရဲ့ ဆွဲငင်အားကို ဆန့်ကျင်ပြီး သွားရတဲ့ အတွက် အားသုံး ရပါတယ်။
ပွတ်တိုက်အား တွေ ဆွဲငင်အားတွေ မရှိတဲ့ နေရာမှာ ဆိုရင်တော့ ယာဉ်ကို အားသုံးပြီး မောင်းနှင်ဖို့ မလိုပါဘူး။ ဥပမာ ဆိုရရင် အာကာသထဲမှာ လေထုလည်း မရှိ ဆွဲငင်အားတွေကလည်း ကင်းလွတ်နေတဲ့ အတွက် အာကာသယာဉ်ကို အားသုံးပြီး မောင်းနှင်ဖို့ မလိုပါဘူး။ ငယ်ငယ်တုန်းကတော့ လကို သွားတဲ့ အာကာသယာဉ် ဆီအတော် ကုန်မှာပဲလို့ တွေးဖူး ပါတယ်။ လက်တွေ့မှာတော့ လ ကို သွားတဲ့ အာကာသယာဉ်မှာ မိုင်ပေါင်း ၂သိန်း ၄သောင်းကျော်ကို ခရီးသွားဖို့ လောင်စာ သယ်သွားစရာ မလိုပါဘူး။ ကမ္ဘာမြေပြင်ရဲ့ ဆွဲအားကနေ လွတ်ကင်းအောင် အာကာသယာဉ်နဲ့ တွဲဆက်ထားတဲ့ ရော့ကက်တွေကနေ အကူအညီပေးပြီး တွန်းလွှတ် ပေးပါတယ်။ ကမ္ဘာ့ဆွဲငင်အားကနေ လွတ်ထွက်သွားတာနဲ့ လမ်းကြောင်းပြောင်းချင်တဲ့ အချိန်က လွဲပြီးတော့ မောင်းနှင်ဖို့ လောင်စာ မလိုတော့ပါဘူး။ အာကာသထဲ ရောက်သွားတာနဲ့ အာကာသယာဉ်ဟာ နယူတန်ရဲ့ ပထမနိယာမအတိုင်း သူ့နဂို ရှိပြီး သား အရှိန်နဲ့ ဆက်ပြီး သွားနေမှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လေထုသာ မရှိရင် တစ်နေရာကနေ တစ်နေရာ လေယာဉ်ပျံနဲ့ သွားဖို့ ဆီကုန်မှာ မဟုတ်ဘူး လို့တော့ အတွေး မခေါင် ပါနဲ့။ အသက်ရှူဖို့တော့ လေထုက လိုပါသေးတယ်။
နယူတန်ရဲ့ ဒုတိယ နိယာမကတော့ F= ma ဆိုတဲ့ ညီမျှခြင်း ပါ။ အဲဒီ ညီမျှခြင်းအရ ဒြပ်ထုတစ်ခုကို အရှိန်မြှင့် (Accelerate) ဖို့ အတွက် အားလိုတယ် ဆိုတဲ့ သဘောမျိုး အဓိပ္ပါယ် ရပါတယ်။ ဒါပေမယ့် တခြား တစ်ဖက်ကနေ လှည့်ပြီး တွေးကြည့်လို့ ရပါသေးတယ်။ စတန့်သမား တွေ ကြိုးတန်း လမ်းလျှောက်ပြတဲ့ အချိန်မှာ အောက်ကနေ ပိုက်ကွန်လို မွေ့ရာလို အရာမျိုးတွေ ခံထားတာကို တွေ့ဖူးမှာပါ။ အပေါ်က ပြုတ်ကျတဲ့သူဟာ ဒီအတိုင်း ပြုတ်ကျရင် အရိုးတွေ ကျိုးကြေသွားမှာ ဖြစ်ပေမယ့် ပိုက်ကွန်ခံထားရင် ဘာလို့ အရိုးမကျိုးသလဲ ဆိုတာကို နယူတန်ရဲ့ ဒုတိယ နိယာမနဲ့ ရှင်းပြ နိုင်ပါတယ်။
အရှိန်ပြောင်းနှုန်း [Acceleration (a)] ဆိုတာ လက်ရှိအရှိန် [Current Velocity(v)] ကို မူလ အရှိန် [Initial Velocity (u)] က နေ ရောက်ဖို့ ကြာတဲ့ နှုန်းပါ။ ညီမျှခြင်း အနေနဲ့ a=(v-u)/t လို့ ရေးလို့ ရပါတယ်။ မူလအရှိန်ကို British က u သင်္ကေတ သုံးပြီး အမေရိကန်ကတော့ Vo (V sub zero) သင်္ကေတ သုံးပါတယ်။
ဥပမာ တစ်နာရီကို ၁၀ ကီလိုမီတာနှုန်း သွားနေတဲ့ ကားတစ်စီးဟာ တစ်နာရီ ၂၀ ကီလိုမီတာ နှုန်းကို ၁ စက္ကန့်အတွင်း အရှိန်ပြောင်းမယ် ဆိုရင် သူရဲ့ အရှိန်ပြောင်းတဲ့ နှုန်းက [(၂၀-၁၀)ကီလိုမီတာ/၁စက္ကန့်] ဖြစ်တဲ့အတွက် ၁စက္ကန့်ကို ၁၀ကီလိုမီတာ နှုန်း ရှိပါတယ်။ ဒါပေမယ့် အဲဒီလို အရှိန်မြှင့်ဖို့ အတွက် ၁၀ စက္ကန့် ကြာမယ် ဆိုရင်တော့ [(၂၀-၁၀) ကီလိုမီတာ/၁၀စက္ကန့်] ဖြစ်တဲ့အတွက် အရှိန်ပြောင်းတဲ့ နှုန်းက ၁ စက္ကန့်ကို ၁ ကီလိုမီတာနှုန်းပဲ ရှိပါတယ်။ အဲဒီတော့ အရှိန်ပြောင်းဖို့ ကြာတဲ့ အချိန် ပိုကြာသွားမယ် ဆိုရင် အရှိန်ပြောင်းနှုန်း (Acceleration) လျော့ကျသွားမှာ ဖြစ်ပါတယ်။
အမြင့်ပေါ်ကနေ ပြုတ်ကျလာတဲ့သူတစ်ယောက်ရဲ့ အရှိန်ပြောင်းနှုန်း ကတော့ ကမ္ဘာမြေမျက်နှာပြင်ရဲ့ ဆွဲငင်အား ဖြစ်တဲ့ တစ်စက္ကန့်ကို ၉.၈ မီတာနှုန်း (9.8 meter per second square) ဖြစ်ပါတယ်။ ဒုတိယ နိယာမကို ပြန်ကြည့်ရင် F= ma လို့ ဆိုထားတဲ့အတွက် အပေါ်ကနေ အရှိန်နဲ့ ကျလာတဲ့ လူတစ်ယောက် အတွက် မျက်နှာပြင်တစ်ခု နဲ့ ထိခိုက်မိတဲ့ အချိန်မှာ သက်ရောက်တဲ့အား (Force of Impact) ကို လျှော့ချချင်ရင် ဒြပ်ထုကို ပြောင်းလို့ မရတဲ့ အတွက် အရှိန်ပြောင်းနှုန်းကို လျော့ချပေးမှပဲ ဖြစ်နိုင်မှာပါ။ ညီမျှခြင်းအရ a က နည်း သွားရင် F က လိုက်နည်းသွားမှာ ဖြစ်ပါတယ်။ အဲဒီလို လျော့ချဖို့ အတွက် ဖြစ်နိုင်ခြေ အရှိဆုံး နည်းလမ်းကတော့ ရပ်တန့်တဲ့ အချိန်ကို ဆွဲဆန့် ပေးဖို့ ပဲ ဖြစ်ပါတယ်။ အမြင့်ကနေ ပြုတ်ကျလာတဲ့ သူတစ်ယောက်ဟာ ပိုက်ကွန်ပေါ်ကို ကျရင် ပိုက်ကွန်ကနေ တစ်ဆင့် ပြန်ခုန်ထွက် ပိုက်ကွန်ပေါ်ကို ပြန်ကျ အဲဒီလို အခြေအနေမျိုး ၂ခါ ၃ခါလောက် ဖြစ်တဲ့အတွက် သူ့ရဲ့ ရပ်တန့်ဖို့ ကြာတဲ့အချိန်ဟာ ပိုပြီး ကြာသွားပါတယ်။ အဲဒီအတွက်ကြောင့် အရှိန်ပြောင်းနှုန်း နည်းသွားပြီး ထိခိုက်တဲ့အားလည်း လျော့ကျ သွားရတာ ဖြစ်ပါတယ်။
အခု ခေတ်ပေါ် မော်တော်ကားတွေရဲ့ ကားခေါင်းတွေ လုံးနေရတာ အလှသက်သက် မဟုတ်ပါဘူး။ မော်တော်ကားကို တစ်ခုခုနဲ့ ထိခိုက်မိရင် ခေါင်းကို လိပ်ဝင်သွားအောင် ဒီဇိုင်း လုပ်ထားတာပါ။ အဲဒါမှလည်း ရပ်တန့်ဖို့ အချိန်ပိုကြာတဲ့ အတွက် တစ်ခုခုနဲ့ တိုက်မိရင် ကားထဲမှာ စီးလာတဲ့သူတွေ ထိခိုက်မှု နည်းမှာ ဖြစ်ပါတယ်။ မော်တော်ကားထဲမှာ ပါတဲ့ လေအိတ် (Air Bag) ဟာလည်း အဲဒီ သဘောတရားပါပဲ။ နယူတန်ရဲ့ ဒုတိယနိယာမကို သုံးပြီး လူကို အထိအခိုက်နည်းအောင် လုပ်ထားတာပါ။
တတိယ နိယာမကတော့ ရှင်းပါတယ်။ အရာဝတ္ထုတစ်ခုကို အားသက်ရောက်ရင် အဲဒီအရာဝတ္ထုက တူညီပြီး ဆန့်ကျင်ဖက် အရပ်ကို သက်ရောက်တဲ့ အားပြန်ထုတ်ပေးတယ် လို့ ဆိုထားပါတယ်။ ဖိုရမ်ထဲမှာ တစ်ယောက်က မေးခွန်းထုတ် ဖူးပါတယ်။ လူဝကြီး တစ်ယောက်က လူဖလံကလေး တစ်ယောက်ကို လက်သီးနဲ့ ထိုးရင် လူဖလံကလေးက နာပြီး လူဝကြီးက ဘာလို့ မနာရတာလဲ ဆိုပြီးတော့ပါ။ အဲဒါကတော့ အရာဝတ္ထုတွေရဲ့ ဒြပ်ထု (mass) နဲ့ သိပ်သည်းမှု (Density) မတူတဲ့အတွက် ထိတွေ့မှု (Interaction) ဖြစ်တဲ့နေရာမှာ လူဖလံကလေး ဖက်ကနေ F=ma အရ ဖြစ်လာတဲ့ ထိခိုက်မှုအားကို မခံနိုင်လို့ နာရခြင်း ဖြစ်ပါတယ်။ လူဖလံကလေးကသာ သံပြားနဲ့ ကာထားရင်တော့ လူဝကြီးပဲ နာမှာပါ။
ဇော်ဝင်းထွဋ်ရဲ့ ရော့ခ်တစ္ဆေ သီချင်းခွေထဲက “နယူတန်ရဲ့ တတိယ နိယာမ” ဆိုတဲ့ သီချင်းထဲ မှာ “အဆိုးများ လုပ်တော့ တန်ပြန် အဆိုးများ သက်ရောက် ရရှိရမှာ မလွဲဘူး။” လို့ ဆိုထားပါတယ်။ ကျွန်တော်တော့ မယုံပါဘူး။ မဟုတ်တရုတ်လုပ်ပြီး ကြီးပွားနေတဲ့သူတွေ တွေ့တိုင်း ရှေးဘဝက ကုသိုလ်ကံကောင်းလို့ ဆိုပြီး ဆင်ခြေ ပေးနေတာတွေ ကြားရတာ များတော့ စိတ်ပျက် လှပါပြီ။
သိပ္ပံပညာမှာ အမြဲတမ်း မှန်တဲ့ အရာကို နိယာမ (Law) လို့ ခေါ်ပြီး အမြဲတမ်း မှန်ကန်ကြောင်း မပြနိုင်တဲ့ အရာကို သီအိုရီ လို့ ခေါ်တယ် ဆိုပါတယ်။ နယူတန်ရဲ့ နိယာမဟာ အမြဲတမ်းတော့ မမှန်ပါဘူး။ အဆမတန် သေးငယ်တဲ့ ဒြပ်ထု နဲ့ အဆမတန် ကြီးမားတဲ့ ဒြပ်ထုတွေရဲ့ ရွေ့လျားမှုဟာ နယူတန်ရဲ့ နိယာမကို မလိုက်နာပါဘူး။ အဲဒါတွေနဲ့ ပတ်သက်ပြီး ရူပဗေဒမှာ စူပါကြိုးမျှင်လေး သီအိုရီ (Super String Theory) နဲ့ ရှင်းပြ နိုင်ပါတယ်။ အဲဒါအပြင် အိုင်းစတိုင်း ရဲ့ အယူအဆ အချို့ဟာလည်း နယူတန်ရဲ့ ယူဆချက်တွေကနေ ကွဲလွဲသွားတယ် လို့ ကြားဖူးပါတယ်။
မြန်မာအင်ဂျင်နီယာဖိုရမ် ထဲ သွားပြန်မွှေရင်း ရေးခဲ့ဖူးတဲ့ ပို့စ်တွေ တွေ့မိပါတယ်။ အင်ဂျင်နီယာ မဟုတ်တဲ့ သူတွေပါ စိတ်ဝင်စားနိုင်တယ် ထင်လို့ ဘလော့ခ်ပို့စ်တစ်ခု ဖြစ်အောင် အသွင်ပြောင်းပေးလိုက်ပါတယ်။

Thursday, June 4, 2009
ဂြိုဟ် ၈ လုံး ဖြစ်ရခြင်း အကြောင်း
ရစ်ချတ်ဖေးမင်း (Richard Feyman) လို ပေါက်တတ်ကရတွေး ပေါက်တတ်ကရမေးတတ်တဲ့ ကလေးဟာ တစ်ချိန်မှာ ကမ္ဘာကျော် ရူပဗေဒ ပညာရှင် ဖြစ်လာပါတယ်။ ကျွန်တော်လည်း ငယ်ငယ်တုန်းက ပေါက်တတ်ကရတွေး ပေါက်တတ်ကရမေး တတ်ပေမယ့် သိပ္ပံပညာရှင်တော့ ဖြစ်မလာပါဘူး။ :D
ကျွန်တော်တို့ သူငယ်တန်းတုန်းက ပတ်ဝန်းကျင် ဆိုတဲ့ ဘာသာရပ်တစ်ခု စာမေးပွဲမှာ ဖြေရပါတယ်။ သင်ရိုးညွှန်းတမ်း ထဲမှာ ပါတဲ့ ဘာသာရပ် မဟုတ်သလို စာသင်ခန်းထဲမှာလည်း သင်မပေးပါဘူး။ ကလေးတွေကို ပတ်ဝန်းကျင် လေ့လာမှု ဘယ်လောက် အားကောင်းသလဲ ဆိုတာကို စမ်းသပ်တဲ့ ဘာသာရပ်ပါ။ ကျောင်းအုပ် ဆရာကြီး နာမည် ဘယ်လိုခေါ်သလဲ၊ ခြေ ၄ ချောင်း ရှိတဲ့ သတ္တဝါတစ်ကောင်ကို ပြောပါ အစရှိတဲ့ မေးခွန်းတွေပါ။
အဲဒီ မေးခွန်းထဲမှာ ဆိုက်ကားမှာ ဘီး ဘယ်နှစ်ဘီး ရှိသလဲ ဆိုတဲ့ မေးခွန်းတစ်ခု ပါပါတယ်။ ကျွန်တော်က ၅ ဘီးလို့ ဖြေလိုက်ပါတယ်။ ဆိုက်ဂျဲရိုးကို နေ့စဉ်လိုလို မြင်နေ ရပေမယ့် သေသေချာချာ သတိထားပြီး မကြည့်မိ ပါဘူး။ ဘေးတွဲမှာ ဘီးတစ်ဘီးထဲ ပါပေမယ့် ကျွန်တော့် စိတ်ထဲမှာ ဘီးနှစ်ဘီး ပါတယ်လို့ ထင်နေပါတယ်။ အိမ်ပြန်ရောက်တော့ အိမ်က လူတွေအားလုံး ဆိုက်ကားမှာ ဘီး၅ဘီး ရှိတယ်ဆိုတဲ့ အဖြေကို ကြားတော့ အံ့သြကြ ပါတယ်။ ဆိုက်ကားမှာ ဘာလို့ ဘီး ၅ ဘီး ပါတာလည်း လို့ ဝိုင်းမေးကြပါတယ်။ ကျွန်တော်က ကျွန်တော့် အတွေးအတိုင်း စက်ဘီးမှာ ဘီးနှစ်ဘီး ပါတယ်။ ဘေးတွဲမှာ ဘီးနှစ်ဘီး ပါတယ် လို့ ပြောပါတယ်။ ဒါဆို နောက်တစ်ဘီးက ဘယ်က ရောက်လာတာလဲ မေးတော့ ဘီးပေါက်ရင် ဘယ်နှယ့်လုပ်မလဲ။ စပယ်ယာဘီး ပါရဦးမှာပေါ့ လို့ ပြန်ပြောတော့ အားလုံး ဝိုင်းရယ် ကြပါတယ်။
မကြာသေးတဲ့ အချိန်ကာလ တစ်ခုတုန်းက မူလတန်းတက်နေတဲ့ တူတူမတွေ နဲ့ စကားပြောဖြစ်ပါတယ်။ ပထမဆုံး ကျွန်တော့်တူကို ကောင်းကင်ပေါ်မှာ ဘာရှိသလဲ မေးတော့ လနဲ့တိမ် ၂ မျိုးရှိတယ် လို့ ပြန်ဖြေပါတယ်။ အဲဒါနဲ့ ကျွန်တော်က ကြယ်ရော မပါဘူးလား မေးတော့ သူက ဟင့်အင်း။ သူငယ်တန်းဆိုရင် ကောင်းကင်မှာ ၂ မျိုးပဲ ရှိတယ်။ အတန်းကြီးရင်တော့ များလာမှာပေါ့လို့ ပြန်ဖြေပါတယ်။
မြန်မာနိုင်ငံက ကျောင်းသုံးစာအုပ်တွေ ခေတ်ကို ဘယ်လောက် အမီလိုက်နိုင်သလဲ ဆိုတာကို ကျွန်တော် သိချင်ပါတယ်။ ကျွန်တော်တို့ ဆယ်တန်းတက်တော့ သင်ရိုးသစ် ပြောင်းတာ သိပ်မကြာသေးတဲ့ အချိန်ပါ။ ဒါပေမယ့် ပထဝီ ဘာသာရပ်မှာ သီးနှံအထွက်နှုန်း လူဦးရေ စတဲ့ ကိန်ုးဂဏန်းတွေကို လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်က ကိန်းဂဏန်းတွေ သုံးထားပါတယ်။ အစကတော့ အခုလက်ရှိ ကိန်းဂဏန်း သူတို့ဆီမှာ မရှိလို့ ထည့်မထားတာ လို့ ထင်ပါတယ်။ အမှန်ကတော့ အဲဒီလို မဟုတ်ပါဘူး။ စာမေးပွဲနီးလို့ ပထဝီ ဂျာနယ် ဝယ်ဖတ်တော့ ပထဝီ ဂျာနယ်ထဲမှာ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ်လောက်က ကိန်းဂဏန်းတွေ ပါပါတယ်။ အဲဒီတော့မှ သင်ရိုးအသစ်ဆိုတာ သင်ရိုးအဟောင်းကို ဖြတ်ညှပ်ကပ် လုပ်ထားပြီး ဘာမှ ပြင်ဆင်မှု လုပ်ထားတာ မဟုတ်တဲ့ အကြောင်း သဘောပေါက် သွားပါတယ်။ ဓာတုဗေဒ ဆိုရင်လည်း အတူတူပါပဲ။ တကမ္ဘာလုံး ဘယ်နေရာမှ မသုံးတော့တဲ့ အပြင် ခေတ်သစ်ရူပဗေဒ (Modern Physics) နဲ့လည်း ဆန့်ကျင်ဘက် ဖြစ်နေတဲ့ ဒေါ်တမ်ရဲ့ အက်တမ် သီအိုရီ (Dalton's Atomic Theory) ကို ကျွန်တော်တို့ သင်ရိုးသစ်ထဲမှာ ပြဌာန်းထားတုန်း ပါပဲ။ ကိုးတန်းနှစ်က ဒေါ်တမ်ရဲ့ အက်တမ် သီအိုရီထဲမှာ အက်တမ်တွေဟာ အမျိုးအစားတူရင် ဒြပ်ထုတူရမယ် လို့ သင်ရပြီး ဆယ်တန်းနှစ် ခေတ်သစ်ရူပဗေဒ မှာတော့ အမျိုးအစား တူပြီး ဒြပ်ထုမတူတဲ့ အက်တမ်ကို Isotopes လို့ ခေါ်တယ်လို့ သင်ရတော့ ကိုးတန်းစာ နဲ့ ဆယ်တန်းစာက ဆန့်ကျင်ဖက် ဖြစ်နေသလိုပါပဲ။
အခုတစ်ခါ မြန်မာ ကျောင်းသုံးစာအုပ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်ထဲမှာ သိချင်တဲ့ ကိစ္စကတော့ နေအဖွဲ့အစည်းထဲမှာ ဂြိုဟ် ၉ လုံး ရှိတယ် ရေးထားသလား ၈ လုံးရှိတယ် ရေးထားသလား ဆိုတာကိုပါ။ ၂၀၀၅ ခုနှစ်ထဲက နေအဖွဲ့အစည်း ထဲမှာ အဲရစ်(Eris) လို့ အမည်ရတဲ့ ဂြိုဟ်တစ်လုံးကို အာကာသ သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အဲရစ် ရဲ့ ဒြပ်ထုဟာ လက်ရှိ ဂြိုဟ်အဖြစ် သတ်မှတ်ထားတဲ့ ပလူတိုဂြိုဟ်ထက် ၂၇ ရာခိုင်နှုန်းလောက် ပိုပြီးတော့ ကြီးနေပါတယ်။ အဲဒီတော့ အဲရစ်ကို တွေ့ခါစက နာဆာက နေအဖွဲ့အစည်း ထဲမှာ ၁၀ လုံးမြောက် ဂြိုဟ်ကို ရှာဖွေ တွေ့ရှိတယ် လို့ကြေငြာပါတယ်။
ဒါပေမယ့် ၂၀၀၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အာကာသ သမ္မဂ္ဂ (International Astronomical Union) ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်မှာ ဂြိုဟ်(Planet) ဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ပြောင်းလဲ သတ်မှတ်ခဲ့တဲ့ အတွက် အဲရစ်ကို ဂြိုဟ်လို့ မသတ်မှတ် နိုင်တဲ့အပြင် ပလူတိုကိုပါ ဂြိုဟ်စာရင်း ကနေ ပယ်ဖျက်ခဲ့ရ ပါတယ်။ ဂြိုဟ်ရဲ့ သွင်ပြင်လက္ခဏာ အဖြစ် အသစ် ပြင်ဆင်သတ်မှတ်တဲ့ အချက် (၃) ချက်ထဲက တတိယအချက် ဖြစ်တဲ့ “ဂြိုဟ်တစ်ခုဟာ သူ့ရဲ့ နေပတ်လမ်းကြောင်းထဲမှာ ရှိတဲ့ အခြား အရာဝတ္ထုတွေထက် သိသိသာသာ ဆွဲငင်အားကြီးမားရမယ်” ဆိုတဲ့ အချက်နဲ့ မကိုက်ညီလို့ပါ။ ပလူတို နဲ့ အဲရစ်ကို ဂြိုဟ်သိမ်ဂြိုဟ်မွှား (Dwarf Planet) အဖြစ် သတ်မှတ်လိုက်တဲ့ အတွက် နေအဖွဲ့အစည်း ထဲမှာ ဂြိုဟ် ၈ လုံး ပဲ ကျန်ပါတော့တယ်။
အဲဒါကြောင့် ကျွန်တော့်တူမကို နေအဖွဲ့အစည်းထဲမှာ ဂြိုဟ် ဘယ်နှစ်လုံး ရှိတယ်လို့ သင်ရသလဲ လို့ မေးကြည့်ပါတယ်။ သူက ၉ လုံး ရှိတယ် ပြောတော့ ကျွန်တော်က သူ့ကို အခု ၉လုံး မရှိတော့ဘူး ၈ လုံးပဲ ကျန်တော့တယ် လို့ ပြန်ပြောပြပါတယ်။ အဲဒီမှာ ကျွန်တော့်တူမ ပြန်မေးလိုက်တဲ့ စကားကြောင့် ကျွန်တော် ပါးစပ်မပိတ်နိုင်အောင် ရယ်မိပါတယ်။ သူ့မေးခွန်းကတော့ “ဘာလို့ ဂြိုဟ်က ၈ လုံးပဲ ကျန်ရတာလဲ။ တစ်လုံးက နာဂစ်မုန်တိုင်း တိုက်တုန်းက လွင့်ထွက်သွားလို့လား။” ပါတဲ့။
ကိုးကား။ ။ (၁) ပလူတို(မြန်မာဝီကီပိဒိယ)
(၂) အဲရစ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား) (မြန်မာဝီကီပိဒိယ)
(၃) http://en.wikipedia.org/wiki/2006_definition_of_planet
(၄) http://en.wikipedia.org/wiki/Cleared_the_neighbourhood

ဟာသ
Saturday, May 9, 2009
ပင်လယ်ထဲက ဂီတ

ယုတ္တိဗေဒမှာ ကျိုးကြောင်းဆီလျော်တဲ့ စဉ်းစားခြင်းကိုပဲ လက်ခံတယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့် မိုးဆိုတာ ကောင်းကင်ပေါ်က မရွာဘဲ မြေကြီးထဲက ရွာရင် လူတွေ ထီးဘယ်လို ဆောင်းကြမလဲ ဆိုတာမျိုးကို ကျိုးကြောင်း ဆီလျော်တဲ့ စဉ်းစားခြင်းလို့ မခေါ်ပါဘူး။ အဲဒါက အတွေးခေါင်တာ ဖြစ်သွားပါပြီ။ အဲဒီတော့ ကျွန်တော်တို့ ပင်လယ်ကမ်းစပ်မှာ ဂစ်တာထိုင်တီးရင်း လူတွေ သီချင်းဆိုသလို ငါးတွေရော သီချင်းမဆိုကြဘူးလား လို့ တွေးရင် အတွေးခေါင်တယ် လို့ သတ်မှတ်လို့ ရနိုင်မှာ ပါလား။
ရုတ်တရက် ကြည့်ရင် မဖြစ်နို်င်ဘူးလို့ ထင်ရပေမယ့် သီချင်းဆိုတဲ့ ငါးတွေ တကယ်ပဲ ရှိပါတယ်။ ဝေလငါး မျိုးနွယ်စု တစ်မျိုးဖြစ်တဲ့ ခါးကုန်းဝေလငါး (Humpback Whales) တွေဟာ တကယ်ပဲ သီချင်းဆိုကြ ပါတယ်။ ဝေလငါးကြီး ဂစ်တာကိုင်ပြီး “ပင်လယ်ပြင်ကို ဖြတ်ကျော်ချင်တယ် နှလုံးသားများလည်း လေးလံနေဆဲ အချစ်ရယ်။” ဆိုတဲ့ သီချင်း အော်ဆိုနေတယ် လို့တော့ ပုံဖော် မကြည့်ပါနဲ့။ ဝေလငါးက ဂစ်တာတော့ မတီးတတ်ပါဘူး။ သီချင်းပဲ ဆိုတတ်တာပါ။ အဲဒီ တွေ့ရှိချက်ဟာ အသစ် တွေ့ရှိချက်တော့ မဟုတ်ပါဘူး။ ၁၉၆၀ ခုနှစ်ကျော် ကတည်းက သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။
သူတို့ ဆိုတဲ့ သီချင်းမှာ ပုံသဏ္ဍန် ရှိပါတယ်။ မြင်သာအောင် ဥပမာပေးရရင် “ငါပြောမယ် စိတ်မညစ်နဲ့ အခုထက။ ငါပြောမယ် စိတ်မညစ်နဲ့ အခုထက။” ဆိုတဲ့ အက်ဆစ်ရဲ့ သီချင်းလို ပုံစံမျိုးပါပဲ။ သီချင်းစာကြောင်း တစ်ကြောင်းကို ၂ ခါ ကနေ ၄ ခါအထိ ပြန်ဆိုပြီး သီချင်းတစ်ပိုဒ် ဖြစ်သွားပါတယ်။ သီချင်းတစ်ပိုဒ် ဆုံးသွားရင် နောက်တစ်ပိုဒ် ပြောင်းဆိုပါတယ်။ နောက်တစ်ပိုဒ်ကလည်း အဲဒီလို ပုံစံမျိုးပါပဲ။ စာကြောင်းတစ်ကြောင်းကိုပဲ ထပ်ခါတလဲလဲ ဆိုတာပါ။ အဲဒီလို သီချင်းအပိုဒ်မျိုး ၄ ပိုဒ်ကနေ ၆ ပိုဒ် အထိ ဆိုပြီးရင် ဝေလငါးတွေ ဆိုတဲ့ သီချင်း တစ်ပုဒ် ဖြစ်သွားပါပြီ။
လူတွေမှာ ဒိုရေမီဖာ သံစဉ် အနိမ့်အမြင့်တွေ ရှိသလို ဝေလငါးတွေ မှာလည်း သံစဉ်အနိမ့်အမြင့်တွေ ရှိပါတယ်။ ဝေလငါးတွေရဲ့ သံစဉ်တွေမှာ ညည်းညူသံ အရှည်ကြီးတွေ၊ ညည်းတွားသံ သဲ့သဲ့လေးတွေ၊ ဟိန်းသံတွေ၊ မေးရိုက်သံ လေးတွေ၊ ကျည်ကျည်ကျာကျာ အသံတွေ ပါတတ်ပါတယ်။ ဝေလငါးတွေထဲမှာ အထီးတွေပဲ သီချင်းဆိုလေ့ ရှိပြီး အုပ်စုလိုက် သီဆိုလေ့ ကြပါတယ်။ သူတို့ သီချင်းဆိုတဲ့ နေရာကလည်း သားပေါက်ရာ အရပ်တွေပါပဲ။ ယောက်ျားလေးတွေ အဆောင်ရှေ့ အုပ်စုလိုက် သွားသီချင်း ဆိုတဲ့ ပုံစံမျိုး ဝေလငါးထီးကလည်း အုပ်စုလိုက် သီချင်းဆိုပြီး ဝေလငါးမကို ကြူပါတယ်။ ဒါပေမယ့် သူတို့ ဆိုတဲ့ အသံဟာ သံပြိုင်တော့ မဟုတ်ပါဘူး။ Timing က နည်းနည်းလေးတော့ လွဲနေကြပါတယ်။ အကောင်းဆုံးဆိုနိုင်တဲ့ ဝေလငါးက ပေါ်ပြူလာ အဖြစ်ဆုံး ဝေလငါး ဖြစ်မှာပါ။
ဝေလငါးတွေ ဆိုတဲ့ သီချင်းတစ်ပုဒ်ဟာ ၈ မိနစ်က နေ ၁၆ မိနစ်လောက် ကြာတယ်လို့ ဆိုပါတယ်။ ဝေလငါးကို စီရီး ထုတ်ပေးလို့တော့ ရမယ် မထင်ပါဘူး။ သူတို့က စီးရီးလို သီချင်း အများကြီး ဆိုရတာ ဝါသနာပါဟန် မတူပါဘူး။ Single ခေါ်တဲ့ သီချင်းတစ်ပုဒ်ထဲ ပါတဲ့ ဓာတ်ပြားလိုပဲ သီချင်းတစ်ပုဒ် ကိုပဲ စွဲစွဲမြဲမြဲ ဆိုလေ့ ရှိပါတယ်။ သီချင်းဆုံးသွားတဲ့ အခါမှာတော့ သူတို့ဟာ ဒီသီချင်းကိုပဲ ထပ်ခါတလဲလဲ နာရီပေါင်းများစွာ ကြာအောင် ပြန်ဆိုလေ့ ရှိပါတယ်။
အဏ္ဏဝါဗေဒ ပညာရှင်တွေကတော့ ဝေလငါးတွေ သီချင်းဆိုတာ သားပေါက်တဲ့ အမူအကျင့် တစ်မျိုးလို့ပဲ ထင်ကြပါတယ်။ ဝေလငါးထီးက ဝေလငါးမကို သူဟာ အဖော်ကောင်းတစ်ယောက် ဖြစ်ပါတယ် လို့ ပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှ မဟုတ် သူ့ရဲ့ နယ်နိမိတ်ကို ကြေငြာတာလည်း ဖြစ်ချင်ဖြစ်မယ်လို့ ယူဆကြပါတယ်။
ဂျပန်တွေက “အားအီ ရှိတဲရု ရုရုရု” နဲ့ ဆိုတတ်ပြီး အင်္ဂလိပ်တွေက “I will love you babe, always” လိုမျိုး ဆိုတတ်ကြသလို အချစ်သီချင်းခြင်း တူပေမယ့် မြောက်ပစိဖိတ် မှာ ရှိတဲ့ ဝေလငါးတွေ ဆိုတဲ့ သီချင်းနဲ့ မြောက်အတ္တလန္တိတ်မှာ ရှိတဲ့ ဝေလငါးတွေ ဆိုတဲ့ သီချင်းဟာ မတူကြပါဘူး။
ဝေလငါးတွေ ဟာ သီချင်းတစ်ပုဒ်တည်းကိုပဲ အမြဲ ဆိုလေ့ ရှိပေမယ့် သူတို့ ဆိုတဲ့ သီချင်းကနေပဲ နောက်သီချင်း အသစ်တွေ ဖြစ်လာလေ့ ရှိပါတယ်။ Eminem သီချင်း ၂ ပုဒ်ကို ဖြတ်ညှပ်ကပ် လုပ်လိုက်လို့ တောဂေါ်လီ ဖြစ်သွားသလို မျိုးတော့ မဟုတ်ပါဘူး။ ဝေလငါးတွေကတော့ သီချင်းဆိုနေတဲ့ အချိန်မှာ သံစဉ်ကို နည်းနည်းချင်းစီ ပြင်ဆင်လေ့ ရှိပါတယ်။ သူတို့ဟာ ရှိပြီးသား သံစဉ်တွေကို ဖြုတ်မယ်။ နောက်ထပ် သံစဉ်အသစ်တွေ ထပ်ထည့်မယ်။ သီချင်းကို အရှေ့အနောက် ပြောင်းမယ် စတာတွေကို လုပ်ရင်း နှစ်ပေါင်းများစွာ ကြာတဲ့ အခါမှာတော့ သီချင်းအသစ်တစ်ပုဒ် ဖြစ်သွားပါတယ်။ တစ်ကောင်က စပြောင်းရင် နောက်အကောင်တွေက လိုက်ပြောင်း ကြပါတယ်။ ဝေလငါးတွေ ဘာလို့ သံစဉ်တွေကို ပြောင်းကြသလဲ ဆိုတာကိုတော့ သိပ္ပံပညာရှင်တွေ နားမလည်ကြပါဘူး။ ဆိုနေရင်း မေ့သွားတာ ဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် အသစ်တီထွင် ကြံဆတာလည်း ဖြစ်ချင်ဖြစ်မယ် လို့ပဲ ယူဆကြပါတယ်။
ဒါပေမယ့် သိပ္ပံပညာရှင်တွေ အတွက် အခုထက်ထိ အဖြေရှာလို့ မရတဲ့ အချက်ကတော့ ဝေလငါးမှာ အသံပြွန်မပါပဲ ရှည်လျား ကျယ်လောင်တဲ့ သီချင်းသံတွေကို ဘယ်လို ဆိုကြသလဲ ဆိုတဲ့ အချက်ပါပဲ။ နှာခေါင်းတစ်နေရာကနေ အသံထွက်တယ်လို့ ယူဆကြပေမယ့် အဲဒီ အကြောင်းအရာကို အလုံးစုံ နားမလည် နိုင်ကြသေးပါဘူး။
ဝေလငါးတွေ သီချင်းဆိုတဲ့ အသံကို နားထောင်ချင်ရင် http://www.zoology.ubc.ca/~ford/HWsong.aiff မှာ နားထောင်လို့ ရပါတယ်။ ကျွန်တော်တော့ ဝေလငါး မဟုတ်တဲ့ အတွက် ခံစားလို့ မရပါဘူး။ ဘာတွေ အော်နေမှန်း မသိဘူးလို့ ထင်ပေမယ့် ဝေလငါးအော်တဲ့ အသံကို ကြားဖူးတယ် ရှိအောင်တော့ နားထောင်လိုက် ပါတယ်။
(Image: wikimedia.org)
ကိုးကား။ ။ (၁) http://oceanlink.island.net/oinfo/acoustics/accomplish.html
(၂) http://www.arl.nus.edu.sg/web/research/whale
Labels:
ပေါက်တတ်ကရ,
သိပ္ပံ
Subscribe to:
Posts (Atom)