တစ်ခါတုန်းက မြင့်မားလှတဲ့ တောင်တွေရဲ့ အလယ်မှာ တည်ထားတဲ့ ရွာကလေး တစ်ရွာ ရှိတယ်။ အဲဒီရွာမှာ ရှိတဲ့ ရွာသူရွာသားတွေက တောင်ယာ စိုက်ခြင်းနဲ့ အသက်မွေး ကြတာပေါ့။ တောင်ယာသမားတွေထဲက တစ်ချို့ကတော့ အများနဲ့ မတူတဲ့ ဝါသနာတစ်မျိုး ရှိကြတယ်။ သူတို့ရဲ့ ဝါသနာကတော့ အားလပ်တဲ့ အချိန်တွေမှာ စိတ်ထွက်ပေါက် အနေနဲ့ တောင်နံရံတွေမှာ ပုံတွေ လျှောက်ဆွဲ တတ်ကြတာပါပဲ။
သူတို့ဆွဲတတ်ကြတဲ့့ ပုံတွေကတော့ အမျိုးမျိုးပါပဲ။ တစ်ချို့က ပတ်ဝန်းကျင် အလှကို သရုပ်ဖော်တဲ့ ပုံတွေဆွဲတယ်။ တစ်ချို့ကတော့ စိတ်ကူးတည့်ရာ တောင်ခြစ်မြောက်ခြစ် ခြစ်တတ်တယ်။ တစ်ချို့ကတော့ လမ်းညွှန်ဆိုင်းဘုတ်တွေ ဆွဲကြတယ်။ သူတို့လို ပုံဆွဲတဲ့သူတွေ ရှိသလို သူတို့ ဆွဲထားတဲ့ ပုံကို လာကြည့်တဲ့ တခြား ရွာသားတွေလည်း ရှိတာပေါ့။ အဲဒီထဲက တစ်ချို့ ရွာသားတွေ ကတော့ အားတဲ့အချိန် မင်းတို့ဆွဲတဲ့ ပုံတွေ လာကြည့်ရတာ စိတ်ချမ်းသာတယ်။ အပန်းပြေတယ် ဆိုပြီး အားပေးကြတယ်။ တစ်ချို့ကလည်း ဒီပုံကလေးကို ဒီနေရာမှာ ဒီလိုဆွဲလိုက်ရင်တော့ ပိုကောင်းမယ် ဆိုပြီး အကြံပေး တတ်ကြတယ်။ တစ်ချို့ကတော့ ဒီလို ပုံလေးတွေ သဘောကျတယ်။ နောက်ထပ် ဒီလိုပုံလေးတွေ ထပ်ဆွဲပါဦး ဆိုပြီး တောင်းဆိုတတ်ကြတယ်။ ဘယ်လိုပဲ ပြောပြော ပုံဆွဲတဲ့သူတွေကတော့ သူတို့ဆွဲထားတဲ့ ပုံတွေကို အရေးတယူ လာကြည့်တဲ့သူ ရှိရင် စိတ်ထဲမှာ ကြည်နူးနေကြတာပါပဲ။
အဲဒီအထဲမှာ အခြား လူတန်းစား တစ်မျိုးလည်း ရှိသေးတယ်။ သူတို့ကတော့ မင်းတို့ တောင်ခြစ်မြောက်ခြစ် လုပ်နေတာ အဓိပ္ပါယ်မရှိဘူး။ ပုံဆွဲရင်လည်း ပုံနဲ့တူအောင်ဆွဲ ဒါမှမဟုတ်ရင်လည်း အားလုံး အကျိုးရှိအောင် လမ်းညွှန်ဆိုင်းဘုတ် ရေးတာက ပိုကောင်းတယ်ဆိုပြီး အပြစ်ပြောတတ်ကြတယ်။ တစ်ချို့ကတော့ မင်းက ပုံလည်း မဆွဲတတ်ဘူး။ ဟိုဘက်က တောင်နံရံမှာ ဆွဲနေတဲ့သူကမှ မင်းထက်စာရင် အများကြီး ကြည့်လို့ ကောင်းသေးတယ်။ အဲဒီလို လိုက်ဆွဲပါလား။ ငါတို့မှာလည်း မင်းတို့ဆွဲတဲ့ ပုံတွေကို တမင်သက်သက် လာကြည့်ရတာ။ မင်းတို့က အဲဒီလို တောင်ခြစ် မြောက်ခြစ်တွေ လုပ်နေတော့ အလကား ငါတို့အတွက် အချိန်ကုန်တာပဲ ရှိတယ်။ ငါတို့လည်း အကျိုးမရှိဘူး ဆိုပြီး ပစ်ပစ်ခါခါ ပြောတတ်ကြပါတယ်။ ပန်းချီဆရာ တွေကတော့ အောင့်သက်သက်နဲ့ နားထောင်ရတာပေါ့။
ပန်းချီဆရာတွေရဲ့ စိတ်ထဲမှာတော့ မကြည့်ချင်ရင် ပုံဆွဲတဲ့ အနား မလာနဲ့ပေါ့ကွာ လို့ ပြန်ပြောချင်ပါတယ်။ ဒါပေမယ့် အဲဒီလို ပြောပြန်ရင်လည်း ရိုင်းတယ် ဆိုပြီး ဝိုင်းသမ ခံရမယ်။ အားတဲ့အချိန် စိတ်ထဲပေါ်လာတာ ဆွဲတာပဲ။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ဂရုမစိုက်ဘူး လို့ ပြောမိပြန်ရင်လည်း မင်းတို့မှာ ပန်းချီဆရာ စိတ်ဓာတ် မရှိဘူး။ ငါတို့ကတော့ တကူးတက လာကြည့်ရတယ်။ ဒီကောင်တွေက ငါတို့ လာကြည့်တဲ့သူရဲ့ မျက်နှာကိုတောင် မထောက်ဘူး ဆိုပြီး အကွေျး ခံရတတ်ပါတယ်။
အဲဒီလို ရွာသားတွေနဲ့ တွေ့ရင်တော့ ပန်းချီဆရာတွေလည်း ဦးနှောက် စားပါတယ်။ ဆွဲလက်စ တောင်ခြစ် မြောက်ခြစ်ကိုပဲ ဆက်ခြစ် ရတော့မလို အားလုံးကြိုက်တဲ့ ပုံကိုပဲ လိုက်ဆွဲရတော့မလို ဖြစ်နေတတ် ပါတယ်။ ကိုယ်စိတ်မပါပဲ သူများကြိုက်တဲ့ ပုံ လိုက်ဆွဲ ရတာတော့ သိပ်မနိပ်ပါဘူး။ ဒါပေမယ့်လည်း ကိုယ့်ဆီ တကူးတက လာတဲ့ သူတွေကိုလည်း အားနာ ရပါသေးတယ်။
အဲဒီလိုနဲ့ ပန်းချီဆရာတွေ ဘာလုပ်ရမှန်း မသိ ဖြစ်နေတဲ့ အချိန်မှာ မုတ်ဆိတ်မွှေးဖြူဖြူနဲ့ တောင်ဝှေး တစ်ချောင်း ဆွဲထားတဲ့ အဖိုးအိုတစ်ဦး ရောက်လာပါတယ်။ ပန်းချီဆရာ တွေလည်း အဖိုးကြီးကို နေရာထိုင်ခင်း ကောင်းကောင်းပေးပြီး ခရီးကြို ပါတယ်။ စိတ်လက် မချမ်းမသာ ဖြစ်နေတဲ့ ပန်းချီဆရာတွေကို တွေ့တော့ အဖိုးကြီးက ဘာလို့ စိတ်မချမ်းသာတာလည်း မေးတယ်။ အဲဒီတော့ ပန်းချီဆရာတွေက အကြောင်းစုံ ရှင်းပြတယ်။ အဖိုးကြီးက ခပ်ပြုံးပြုံးနဲ့ ပန်းချီဆရာတွေနဲ့ အမေးအဖြေလုပ်တယ်။
အဖိုးအို။ ။“မင်းတို့ ဒီပုံတွေ ဘာလို့ ဆွဲနေတာလဲ။”
ပန်းချီဆရာ။ ။“အားတဲ့ အချိန် စိတ်ထွက်ပေါက် အနေနဲ့ ဆွဲနေတာပါ။”
အဖိုးအို။ ။“ကောင်းပြီ။ မင်းတို့ လူသိများ ထင်ရှားချင်လို့ ဆွဲနေတာ မဟုတ်ဘူးလား။”
ပန်းချီဆရာ။ ။“ကျွန်တော်တို့ ဆွဲတဲ့ပုံကို အခြားသူတွေ ကြိုက်ရင်တော့ ပျော်တာပေါ့ အဘရယ်။ အပင်ပန်းခံ ဆွဲထားရတာမဟုတ်လား။ လူသိများရင်လည်း ပျော်တာပေါ့။ ကျွန်တော်တို့လည်း သာမန် ပုထုဇဉ်တွေပဲ။”
အဖိုးအို။ ။“ဒါဆို လူကြိုက်များတဲ့ ပုံချည်းပဲ ဆွဲလို့ရော မဖြစ်ဘူးလား။”
ပန်းချီဆရာ။ ။“အဲဒါဆိုရင် ကျွန်တော်တို့ စိတ်ထွက်ပေါက် ကို ကိုယ့်ဘာသာကိုယ် ပြန်ပိတ်သလို ဖြစ်သွားမှာပေါ့။ ကျွန်တော်တို့ရဲ့ အနုပညာ လွတ်လပ်ခွင့် (Artistic Freedom) ပျောက်သွားမှာပေါ့။”
အဖိုးအို။ ။“ဒါဆိုလည်း ကိုယ့်ဘာသာကိုယ် ဆွဲချင်တဲ့ပုံ ဆွဲပေါ့ကွာ။”
ပန်းချီဆရာ။ ။“အဲဒီလို လုပ်ပြန်တော့လည်း အဝေဖန်ခံရတယ် အဘရဲ့။”
အဖိုးအို။ ။“လူတိုင်းက ဝေဖန်တာလား။”
ပန်းချီဆရာ။ ။“လူတိုင်းတော့ မဟုတ်ပါဘူး အဘရယ်။ တစ်ချို့လူတွေပေါ့။ သူတို့က မျက်စိ စပါးမွှေး စူးကြတယ်။”
အဖိုးအို။ ။“လူတိုင်းက မင်းတို့ကို ဝေဖန်တာမှ မဟုတ်ပဲကွာ။ ဘာကိစ္စ ခေါင်းထဲထည့် နေရမှာလဲ။ လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့ စကားလည်း ရှိတာပဲ။ လူတကာ ကြိုက်အောင် လုပ်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ မြည်းတစ်ကောင်နဲ့ သားအဖ နှစ်ယောက် ပုံပြင်လည်း မင်းတို့ ကြားဖူးမှာပေါ့။ ဘယ်လိုပဲ လုပ်လုပ် လူတွေရဲ့ အပြောက လွတ်မှာ မဟုတ်ဘူး။ အဲဒီတော့ ငါမင်းတို့ကို အကြံပေးချင်တာက ကိုယ့်ဘာသာကိုယ် ဆွဲစရာ ရှိတာဆွဲ။ ဘေးက လာဝေဖန်လို့ ဘာမှ စိတ်မကောင်း မဖြစ်နဲ့။ ကြိုက်တဲ့သူ ကြည့်လိမ့်မယ်။ မကြိုက်တဲ့သူ ကျော်သွားလိမ့်မယ်။ မင်းတို့ ဆွဲနေတဲ့ နေရာက အများပိုင် လမ်းမဘေးမှာ ဆွဲနေတာမှ မဟုတ်ပဲ။ တကူးတက လာကြည့်မှပဲ မြင်ရတာ။ လာကြည့်ပြီးမှ မကြိုက်ရင်လည်း ပြန်ပေစေပေါ့ကွာ။ တားလို့မှ မရတာ။ ကြိုက်တဲ့သူ နောက်တစ်ခေါက် ပြန်လာလိမ့်မယ်။ မင်းတို့ဘာသာ မင်းတို့ ဆွဲချင်ရာဆွဲတာ မင်းတိုကလွတ်လပ်ခွင့်။ လာကြည့်တာ မကြည့်တာက ကြည့်တဲ့ သူတွေရဲ့ လွတ်လပ်ခွင့်။ နာမည်ကြီးဖို့ တစ်ခုတည်း အတွက်တော့ စိတ်အပင်ပန်း ခံရတာ မတန်ပါဘူးကွာ။ အရေးကြီးတာတော့ ဘယ်သူဘာပြောပြော လျစ်လျူရှု နိုင်တဲ့ စိတ်ကလေး မွေးဖို့ပဲ။ အဲဒါမှလည်း မင်းတို့ရဲ့ စိတ်ထွက်ပေါက် မပိတ်ပဲ လုပ်ချင်ရာ လုပ်လို့ရမယ်။”
အဲဒီနေ့က စပြီး ပန်းချီဆရာတွေလည်း စိတ်ကူးတည့်ရာ ပုံပဲ ဆွဲပါတော့တယ်။ ကောင်းတဲ့ပုံ ရှိသလို မကောင်းတဲ့ပုံလည်း ရှိပါတယ်။ ဒါပေမယ့် ဘယ်သူ ဘာပြောပြော ဂရုမစိုက်တော့ပါဘူး။ အပြုသဘောနဲ့ ဝေဖန်တာတွေကို ကျေးဇူးတင် လက်ခံ ပေမယ့် အဖျက်သဘောနဲ့ ဝေဖန်တာတွေကိုတော့ အကုန် လျစ်လျူရှု ထားလိုက်ပါတယ်။ အဲဒီလို လုပ်တဲ့အတွက် ပန်းချီဆရာတွေကို ဝေဖန်တဲ့သူတွေ ပိုများလာပါတယ်။ ဒါပေမယ့် ပန်းချီဆရာတွေကတော့ ကိုယ်လုပ်ချင်ရာ လုပ်ရလို့ စိတ်ချမ်းသာ နေပါတော့တယ်။
(တောင်နံရံမှာ ပန်းချီဆွဲနေကြသော Blogsphere မှ မိတ်ဆွေသူငယ်ချင်းများနှင့် တကူးတက အချိန်ကုန်ခံ လာကြည့်ပြီး ဝေဖန်ကြသော စာဖတ်သူ များအတွက်)
Search This Blog
Showing posts with label စာပေရေးရာ. Show all posts

Thursday, March 19, 2009
Friday, February 27, 2009
မ နောက်က ဘဲလိုက်တော့ ဘူးကျတယ်
ခေါင်းစဉ်မြင်လို့ အထင်မလွဲပါနဲ့။ အဲဒါ အခု ကွယ်လွန်သွားပြီ ဖြစ်တဲ့ ကျွန်တော်ရဲ့ မြန်မာစာဆရာ ဦးကြီးမြင့် ဆယ်တန်းနှစ်က သင်ပေးခဲ့တဲ့ “ပဲ” နဲ့ “ဘဲ” နောက်ပြီး “ဖူး” နဲ့ “ဘူး” ရဲ့ အသုံးအနှုန်း ကွဲပြားခြားနားပုံကို မှတ်တဲ့ စကားပါ။ ဆရာကတော့ မင်းတို့ကောင်တွေကို ပေါက်ကရ သင်ပေးထားရင် ဘယ်တော့မှ မေ့မယ့် ကောင်တွေ မဟုတ်ဘူး ဆိုပြီး အဲဒီလို သင်ပေးထားတာပါ။ အမှန်ပါပဲ။ အခု ဆယ်နှစ် ကျော်တဲ့ အထိ မှတ်မိနေတုန်းပါပဲ။
ဟုတ်သားပဲ။ မှန်သားပဲ။ တော်သားပဲ။ စတဲ့ ထောက်ခံပြီး ပြောဆိုတဲ့ အသုံးအနှုန်းတွေမှာ ပစောက်နဲ့ ရေးတဲ့ “ပဲ” ကို သုံးပါတယ်။မဟုတ်ဘဲ မလုပ်ဘဲ မစားဘဲ စတဲ့ အငြင်းပြ စကားလုံးတွေမှာ ဘကုန်းနဲ့ ရေးတဲ့ “ဘဲ” ကို သုံးရပါတယ်။ အဲဒါက “ပဲ” နဲ့ “ဘဲ” ရဲ့ အသုံးအနှုန်း ကွဲပြားချက်ပါ။
အလားတူ ပါပဲ။ စားဖူးတယ်။ လုပ်ဖူးတယ်။ ရေးဖူးတယ် စတဲ့ လုပ်ဖူးကိုင်ဖူးတဲ့ ကိစ္စတွေကို ပြောတဲ့နေရာမှာ ဖဦးထုပ် နဲ့ ရေးတဲ့ “ဖူး” ကို သုံးပါတယ်။ ဒါပေမယ့် မပြောဘူး၊ မလုပ်ဘူး၊ မစားဘူး၊ စတဲ့ ငြင်းတဲ့ ဝါကျတွေမှာ ဘကုန်းနဲ့ရေးတဲ့ “ဘူး” ကို သုံးပါတယ်။ အရှေ့မှာ “မ” ရှိ နေရင် နောက်က “ဘဲ” နဲ့ “ဘူး” လိုက်တာ ဖြစ်တဲ့ အတွက် မနောက်က ဘဲလိုက်တော့ ဘူးကျတယ် လို့ မှတ်ထားလိုက်တာ အလွယ်ဆုံးနည်း ပါပဲ။ ဘယ်တော့မှ မမေ့သလို ဘယ်တော့မှလည်း မမှားတော့ပါဘူး။
ဆရာ သင်ပေးခဲ့တာတွေထဲက မှတ်မိတာလေး တစ်ချို့ကို ပြန်ပြီး ဝေမျှ ချင်ပါတယ်။ မြန်မာစာမှာ တစ်ချို့စကား တွေမှာ အသံထွက်နဲ့ ရေးတဲ့နေရာ ကွဲပြားပါတယ်။ အများဆုံးမှား တတ်တဲ့ စကားလုံးကတော့ နေ့တဓူဝ ဆိုတဲ့ စကားလုံးပါ။ မြန်မာ စာလုံးပေါင်း သတ်ပုံကျမ်းထဲမှာ နေ့တဓူဝ ဆိုတာ မရှိပါဘူး။ နေ့တဓူဝ ဆိုတာက အသံထွက်ပါ။ ရေးတဲ့ အခါမှာတော့ နိစ္စဓူဝ လို့ ရေးရပါတယ်။ နောက်ပြီး တစ်ချို့တွေ မှားတတ်တဲ့ စကားလုံး နောက်တစ်လုံးက ယေဘုမ်ရ ပါ။ ယေဘုမ်ရ ဆိုတာ အသံထွက်ပါ ရေးရင်တော့ ယေဘုယျ လို့ ရေးရပါတယ်။ အင်ညမင်ည လို့ အသံထွက်တဲ့ စကားလုံး ကိုတော့ အညမည လို့ပဲ ရေးပါတယ်။
ဆရာ သင်ပေးခဲ့သမျှ ထဲက ကျွန်တော် အကြိုက်ဆုံး သင်ခန်းစာကတော့ သရုပ်ဖော် စာစီစာကုံးရေးနည်း ပဲ ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ကို ရှိပြီးသား အကြံအစည်ကို အနည်းဆုံး ၃ မျက်နှာ ရှိတဲ့ စာတစ်ပုဒ်ဖြစ်အောင် ဘယ်လိုဆွဲဆန့်ရမယ် ဆိုတဲ့နည်းကို ဆရာက သင်ပေးပါတယ်။ အမှန်တကယ်ကတော့ စာကြောင်း တစ်ကြောင်းကို ဆွဲဆန့်ရတာ မခက်ပါဘူး။ ရှိပြီးသား စာကြောင်းတစ်ကြောင်းကို နာမဝိသေသနတွေ ကြိယာဝိသေသနတွေ နေရာပြပုဒ်တွေ ထည့်ရေးလိုက်ရင် ဆွဲဆန့်ပြီးသား ဖြစ်သွားတာပါပဲ။
ဥပမာအားဖြင့် ရေးပြပါမယ်။
၁။ စမ်းချောင်းကလေး စီးဆင်းနေသည်။
၂၊ စမ်းချောင်းကလေးသည် မြောက်မှတောင်သို့ စီးဆင်းနေသည်။
၃။ စမ်းချောင်းကလေးသည် မြောက်မှတောင်သို့ တသွင်သွင် စီးဆင်းနေသည်။
၄။ ကြည်လင်သော စမ်းချောင်းကလေးသည် မြောက်မှတောင်သို့ တသွင်သွင် စီးဆင်းနေသည်။
၅။ တောစပ်၌ရှိသည့် ကြည်လင်သော စမ်းချောင်းကလေးသည် မြောက်မှတောင်သို့ တသွင်သွင် စီးဆင်းနေသည်။
၆။ တောစပ်၌ရှိသည့် ကြည်လင်သော စမ်းချောင်းကလေး တစ်စင်းသည် မြောက်ဖက်အရပ်မှ တောင်ဖက်အရပ်သို့ ချိုမြိန်သာယာလှသော ရေစီးသံဖြင့် တသွင်သွင် စီးဆင်းနေသည်။
အဲဒီစာကြောင်း ၆ ကြောင်းကို ယှဉ်ကြည့်ပါ။ စမ်းချောင်း ရေစီးတဲ့ အကြောင်းပါပဲ။ ပထမ စာကြောင်းက ရိုးရိုးရှင်းရှင်းပါပဲ။ အဲဒီတော့ တိုပါတယ်။ နောက်စာကြောင်းတွေမှာတော့ နာမဝိသေသနတွေ ကြိယာဝိသေသနတွေ နေရာပြတဲ့ အညွှန်းတွေ ပါလာပါတယ်။ နောက်ဆုံးစာကြောင်းကတော့ ဖတ်လို့ ကောင်းအောင် အဖွဲ့အနွဲ့ကလေးပါ ထည့်ပေးထားပါတယ်။
နောက်တစ်ခု သိထားဖို့ ကတော့ ပတ်ဝန်းကျင်ကို သရုပ်ဖော်တဲ့ အခါမှာ ကိုယ့်အရေးအသားကို သတိထားမိစေချင်ရင် ပတ်ဝန်းကျင်ကို သူတစ်ပါး မတွေးတဲ့ အတွေးမျိုးနဲ့ မြင်ကြည့်ရပါတယ်။
နွေရာသီသို့ ရောက်ပြီ ဖြစ်သဖြင့် ပင်ယံထက်မှ တွန်သံချိုသည့် ရွှေဥသြသည် လွမ်းဆွတ်ဖွယ်ရာ တေးကို ဖွဲ့သီနေသည်။
ဒါက လူတိုင်း မြင်တဲ့ အမြင်ပါ။ လူတိုင်းက ဥသြငှက်ဆိုရင် တွန်သံချိုတယ် အသံကြားရင် လွမ်းစရာ ကောင်းတယ် လို့ပဲ မြင်နေကြပါတယ်။ အဲဒါကို နောက်အမြင်တစ်မျိုး နဲ့ ဒီလိုရေးကြည့်လို့ ရပါတယ်။
နွေရာသီ ပတ်ဝန်းကျင်က ပူပြင်းလှချိန်တွင် အလွန်တရာ အသံဆိုးလှသော ဥသြက အလိုက်ကမ်းဆိုးမသိ အော်မြည်နေသဖြင့် ပူပြင်းလှသည့် ကြားတွင် သူ့ အသံကို ကြားရသောကြောင့် ပို၍ စိတ်ညစ်စရာ ဖြစ်စေသည်။
ဒါကတော့ သူများနဲ့ မတူပဲ ဖောက်ထွက်ထားတဲ့ အတွေးမျိုးပါ။
နောက်ဆုံး သိဖို့ အကြောင်းအရာကတော့ ပတ်ဝန်းကျင်ကို မြင်အောင် ရေးတဲ့နည်းပါ။ ကိုယ့်တွေ့မြင်ရတဲ့ ပတ်ဝန်းကျင်ကို စာဖတ်သူတွေရဲ့ မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်စေချင်ရင် Zoom ဆွဲတဲ့ နည်းကို သုံးရပါတယ်။ Zoom ဆွဲရာမှာ အဝေးက အနီးကို ဆွဲတဲ့နည်း နဲ့ အနီးက အဝေးကို ဆွဲတဲ့နည်း ၂ နည်းရှိပါတယ်။ ကျွန်တော်က အနီးက အဝေးကို ဆွဲတဲ့နည်းကို ပိုသဘောကျပါတယ်။
ဥပမာအားဖြင့် အောက်က စာပိုဒ်တွေကို ယှဉ်ပြီး ဖတ်ကြည့်ပါ။
စာပိုဒ်(၁)
ကျွန်တော်သည် အရိပ်အာဝါသကောင်းသော ကုက္ကိုပင်ကြီး တစ်ပင်၏ အောက်တွင် ထိုင်နေသည်။ ကောင်းကင်တွင် နေက ချစ်ချစ်တောက် ပူပြင်းနေသည်။ ကျွန်တော့်ရှေ့တွင် တမျှော်တခေါ်ရှုမဆုံး နိုင်သော လယ်ကွင်းများရှိသည်။ ကျွန်တော် ထိုင်နေသော နေရာ၏ ဘေးတွင် နွားလှည်းတစ်စင်း ရပ်ထားသည်။ မိုးကုတ်စက်ဝိုင်းဆီသို့ ဦးတည်၍ ပျံသန်းသွားသော ပျံလွှားငှက် နှစ်ကောင်ကို လှမ်းမြင်လိုက်ရသည်။ ကျွန်တော့်ဘေးနားက လှည်းလမ်းတွင် ဖုန်တထောင်းထောင်း ထနေသည်။ အဝေးဆီမှ တောင်စဉ်တောင်တန်းများက ညို့မှိုင်းနေကြသည်။
စာပိုဒ်(၂)
ကျွန်တော့်နံဘေးနားက လှည်းလမ်းတွင် ဖုန်တထောင်းထောင်းထနေသည်။ ကျွန်တော် ထိုင်နေသော နေရာ၏ ဘေးတွင် နွားလှည်းတစ်စင်း ရပ်ထားသည်။ ကျွန်တော်သည် အရိပ်အာဝါသ ကောင်းသော ကုက္ကိုပင်ကြီး တစ်ပင်၏ အောက်တွင် ထိုင်နေသည်။ ကျွန်တော့်ရှေ့တွင်မူ တမျှော်တခေါ်ရှုမဆုံး နိုင်သော လယ်ကွင်းများရှိသည်။ အဝေးဆီမှ တောင်စဉ်တောင်တန်းများက ညို့မှိုင်းနေကြသည်။ မိုးကုတ်စက်ဝိုင်းဆီသို့ ဦးတည်၍ ပျံသန်းသွားသော ပျံလွှားငှက် နှစ်ကောင်ကို လှမ်းမြင်လိုက်ရသည်။ ကောင်းကင်တွင် နေက ချစ်ချစ်တောက် ပူပြင်းနေသည်။
စာပိုဒ်(၃)
ကောင်းကင်တွင် နေက ချစ်ချစ်တောက် ပူပြင်းနေသည်။ မိုးကုတ်စက်ဝိုင်းဆီသို့ ဦးတည်၍ ပျံသန်းသွားသော ပျံလွှားငှက် နှစ်ကောင်ကို လှမ်းမြင်လိုက်ရသည်။ အဝေးဆီမှ တောင်စဉ်တောင်တန်းများက ညို့မှိုင်း နေကြသည်။ ကျွန်တော့်ရှေ့တွင်မူ တမျှော်တခေါ်ရှုမဆုံး နိုင်သော လယ်ကွင်းများရှိသည်။ ကျွန်တော်သည် အရိပ် အာဝါသ ကောင်းသော ကုက္ကိုပင်ကြီး တစ်ပင်၏ အောက်တွင် ထိုင်နေသည်။ ကျွန်တော် ထိုင်နေသော နေရာ၏ ဘေးတွင် နွားလှည်းတစ်စင်း ရပ်ထားသည်။ ကျွန်တော့်နံဘေးနားက လှည်းလမ်းတွင် ဖုန်တထောင်းထောင်းထနေသည်။
စာပိုဒ် (၁)၊ (၂) နဲ့ (၃) ကို ယှဉ်ပြီးတော့ ဖတ်ကြည့်ပါ။ သုံးထားတဲ့ စာကြောင်းတွေက အကုန်လုံး အတူတူပါပဲ။ စာပိုဒ်(၁) က မြင်တာကို မြင်သလို ရေးထားတာပါ။ မျက်စိထဲမှာ ကွင်းကွင်းကွက်ကွက် မပေါ်ပါဘူး။ စာပိုဒ်(၂) ကတော့ အနီးကနေ အဝေးကို Zoom ဆွဲတဲ့နည်းနဲ့ ရေးထားတာ ဖြစ်ပြီး စာပိုဒ်(၃)ကတော့ အဝေးကနေ အနီးကို Zoom ဆွဲတဲ့နည်းနဲ့ ရေးထားတာ ဖြစ်ပါတယ်။ စာပိုဒ်(၂) နဲ့ စာပိုဒ်(၃) က စာပိုဒ်(၁) ထက်စာရင် စာဖတ်တဲ့သူကို ပိုပြီး မြင်သာစေတယ် လို့ ထင်ပါတယ်။
အဲဒါတွေ ကတော့ ဆရာဦးကြီးမြင့် သင်ပေးခဲ့တာတွေထဲက မှတ်မိသလောက် အကုန်ပါပဲ။ ဆရာ သင်ပေးတဲ့ နည်းလမ်းတွေကြောင့် ဆယ်တန်းမှာ ၈၀ ကို တစ်မှတ်စွန်းနဲ့ မြန်မာစာဂုဏ်ထူး ထွက်ခဲ့ပါတယ်။ (ကြုံတုန်းမို့ ကြွားတာပါ။ ဟီးဟီး။ :P)

Sunday, May 25, 2008
ပို့စ်မော်ဒန် အနုပညာခံစားမှု
တစ်ချိန်က ကျွန်တော် ပို့စ်မော်ဒန် ဝတ္ထုတွေကို စွဲစွဲလမ်းလမ်း ဖတ်ရှုခဲ့ပါတယ်။ စဖတ်ခါစက ဘာတွေရေးထားမှန်းလည်းမသိဘူးဆိုသော ခံစားမှုမျိုး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မင်းခိုက်စိုးစန်ရဲ့ ပို့စ်မော်ဒန် အနုပညာအကြောင်းရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ပြီးတဲ့ အချိန်မှာတော့ ကျွန်တော်ပို့စ်မော်ဒန် ဝတ္ထုတွေကို ခံစားတတ်လာပါတယ်။ မင်းခိုက်စိုးစန်ရေးထားတဲ့ ဆောင်းပါးက ဟန်သစ် သို့ ပင်လယ်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တယ်လို့ ထင်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေက တော့ အဲဒီဆောင်းပါးနဲ့ ဇော်ဇော်အောင်ရဲ့ ဆောင်းပါးတွေထဲက ကျွန်တော်မှတ်မိသလောက် ပြန်ရေးထားခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အယူအဆတွေ မဟုတ်ပါဘူး။
အနုပညာဟာ ဘာအတွက်လဲ
အနုပညာသည် ပြည်သူအတွက် လို့ သရုပ်မှန်စာပေသမားတွေက ကြွေးကြော်ခဲ့ပါတယ်။ ရသစာပေသမားတွေကတော့ အနုပညာသည် အနုပညာအတွက် လို့ ကြွေးကြော်ခဲ့ကြပါတယ်။ ပို့စ်မော်ဒန်သမားတွေရဲ့ ကြွေးကြော်သံကတော့ အနုပညာသည် ဘာအတွက်မှ မဟုတ်ဘူးလို့ ဆိုပါတယ်။
တစ်နည်းအားဖြင့် ပြောရရင် စိတ်ထဲမှာ ဖန်တီးချင်တဲ့စိတ် ပေါ်လာလို့ အနုပညာတစ်ခု ဖန်တီးလိုက်တယ်။ ဖတ်ချင်ဖတ် မဖတ်ချင်နေ။ ဒါပေမယ့် စိတ်ရဲ့ ခံစားမှုအတိုင်း အကန့်အသတ်မဲ့ ဘောင်တွေအားလုံးကို ရိုက်ချိုးပြီး ဖန်တီးမှာပဲလို့ ဆိုလိုတယ်လို့ ထင်ပါတယ်။
အကန့်အသတ်များကို ရိုက်ချိုးခြင်း
ပို့စ်မော်ဒန် ဝတ္ထုတွေမှာ အချိန်ရဲ့ အကန့်အသတ်နဲ့ နေရာရဲ့ အကန့်အသတ်ကို ရိုက်ချိုးတတ်ကြပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ပို့စ်မော်ဒန် ဝတ္ထုတစ်ပုဒ်ကို ဖတ်နေရာတာ အိပ်မက်တစ်ခုမက်နေသလို အဆက်အစပ်မဲ့တဲ့ ရုပ်ရှင်တစ်ခုကို ကြည့်နေရသလို အားလုံးဟာ ဖျပ်ခနဲ ဖျပ်ခနဲ ဖြစ်နေပါတယ်။ မင်းခိုက်စိုးစန်ရဲ့ ဝတ္ထုတွေမှာ ပထမစာကြောင်းမှာ ပန်းဆိုးတန်းမှာ လမ်းလျှောက်နေကြောင်း ဖော်ပြထားပေမယ့် နောက်တစ်ကြောင်းမှာ ပြင်သစ်နိုင်ငံ ရှောင်ဇယ်လီဇေ လမ်းမကြီးပေါ်ကို ရောက်သွားတာမျိုး စတဲ့ အရေးအဖွဲ့မျိုးကို တွေ့ရတတ်ပါတယ်။ ဒါ့အပြင် အခုအချိန်မှာ လက်ရှိခေတ်က ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ ဖြစ်နေပေမယ့် နောက်မကြာခင်စာကြောင်းတွေမှာ ကုန်းဘောင်ခေတ်ကို ပြန်ရောက်သွားတာမျိုး စတဲ့ အရေးအဖွဲ့ မျိုးကိုလည်း ပို့စ်မော်ဒန်ဝတ္ထုတွေမှာ တွေ့ရတတ်ပါတယ်။ မြတ်သစ်ရဲ့ ဝတ္ထုတစ်ပုဒ်မှာ “ပွနုပညာ အင်အေဲစ်သ” လို စကားလုံးအသုံးအနှုန်း အဆန်းတွေကို တွေ့ခဲ့ရဖူးပါတယ်။ တကယ်တော့ ဝတ္ထုရေးနေတဲ့ သူဟာ စကားလုံးဘောင်ရဲ့ အကန့် အသတ်ကို မခံချင်လို့ ရိုက်ချိုးထွက်ပြီး “အနုပညာသစ်အောင်ပွဲ” ဆိုတဲ့ စကားရဲ့ စကားလုံးတွေကို ချိုးဖျက်ပစ်လိုက်တာပါ။
ဖြေလျော့ချခြင်း (Juxtaposition)
သမာရိုးကျဝတ္ထုတွေမှာ ဇာတ်ရှိန်မြင့်လာတဲ့အချိန် (Climax) မှာ စာဖတ်နေတဲ့သူကို အလှည့်အပြောင်း တစ်ခုခုပေးတတ်ပါတယ်။ ပို့စ်မော်ဒန်ဝတ္ထုတွေမှာတော့ ဇာတ်ရှိန်မြင့်တက်လာတဲ့အချိန်မှာ ဖြေလျော့ချခြင်းကို လုပ်တတ်ကြပါတယ်။ ဥပမာပေးရရင် ဂျပန်ဝတ္ထုတစ်ခုမှာ ကလေးလေးရဲ့ အဖေနဲ့ အမေကို ကျားက ကိုက်သတ်သွားပါတယ်။ နောက် ကလေးနဲ့ ကျားနဲ့ ပြန်တွေ့တဲ့အခန်းကို ရေးပြပါတယ်။ ပုံမှန်အားဖြင့်တော့ ဒါဟာ ဇာတ်ရှိန်မြင့်လာပြီလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အဲဒီဝတ္ထုဟာ ပို့စ်မော်ဒန် ဝတ္ထုဖြစ်တဲ့အတွက် ကလေးက ကျားကို ၂ နှစ်လီ ဘယ်လောက်လဲ၊ ၃ နှစ်လီ ဘယ်လောက်လဲ စသည်ဖြင့် အလီမေးတယ်ဆိုပြီး ဇာတ်ရှိန်ကို ဖြေလျော့ချထားပါတယ်။
ထပ်ပြန်တလဲလဲဖြစ်ခြင်း (Repetition)
စာကြောင်းတစ်ကြောင်းကို ထပ်ပြန်တလဲလဲရေးခြင်း ဒါမှမဟုတ် စကားတစ်ခွန်းကို ထပ်ပြန်တလဲလဲပြောခြင်းတို့ ဟာလည်း ပို့စ်မော်ဒန်စာပေရဲ့ အင်္ဂါရပ်လို့ ပြောလို့ရပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ မြန်မာပို့စ်မော်ဒန် ဝတ္ထုတစ်ပုဒ်မှာ ရည်သွဲ့နွယ်ရေ ရက်စက် ဆိုတဲ့ စာကြောင်းတစ်ကြောင်းကိုပဲ ဝတ္ထုထဲမှာ ထပ်တလဲလဲရေးနေတာကို သတိထားမိခဲ့ဖူးပါတယ်။
ဒါကတော့ ကျွန်တော်မှတ်မိသလောက် ပို့စ်မော်ဒန် အနုပညာအကြောင်းကို ပြန်ရေးထားတာပါ။
မြန်မာပို့စ်မော်ဒန်ဝတ္ထုတိုတွေကို အင်တာနက်စာမျက်နှာတွေပေါ်မှာ ဖတ်ချင်တယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ ဝက်ဘ်ဆိုဒ်ကို ညွှန်းလိုက်ပါရစေ။
http://lanolay.50megs.com/

Labels:
စာပေရေးရာ
Subscribe to:
Posts (Atom)