ဆင်ကျားပေါမှာ နေလာခဲ့တဲ့ ၁၃နှစ်မှာ ဆင်ကျားပေါ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို မျက်ခြည်မပြတ် လေ့လာဖြစ်ပါတယ်။ ဆင်ကျားပေါဟာ ကမ္ဘာမှာ စီးပွားရေး လုပ်လို့ အကောင်းဆုံး နိုင်ငံတွေထဲမှာ ယူကေပြီးရင် ဒုတိယ နေရာမှာ ရှိတဲ့ နိုင်ငံ၊ ကမ္ဘာမှာ ခရီးသည်တွေ ကျေနပ်မှု အရဆုံး လေဆိပ် ရှိတဲ့ နိုင်ငံ လိုမျိုး ကိစ္စတွေမှာ ကမ္ဘာ့ ထိပ်တန်း နေရာတွေမှာ ယူနိုင်ပေမယ့် သတင်းစာ လွတ်လပ်ခွင့် အနေနဲ့တော့ အောက်ဆုံး နိုင်ငံ ၃၀ ထဲမှာ ပါပါတယ်။ အဲဒီတော့ စင်ကာပူ အစိုးရက ထုတ်တဲ့ စထရိတ်တိုင်းလို သတင်းစာမျိုးဟာ စင်ကာပူ အကြောင်း လေ့လာတဲ့ အချိန် ကိုးကားစရာ အဖြစ် မလုံလောက်ဘူးလို့ မှတ်ယူလို့ ရပါတယ်။ တခြားသော အင်တာနက် စာမျက်နှာတွေ၊ ဖိုရမ်တွေကို အချိန်ပေးပြီး လေ့လာဖြစ်ခဲ့ပါတယ်။
စင်ကာပူဟာ တတိယကမ္ဘာ နိုင်ငံကနေ ပထမကမ္ဘာ နိုင်ငံ ဖြစ်လာခဲ့တဲ့ အကြောင်းမှာ ခေါင်းဆောင်မှု ကောင်းတယ် ဆိုတာထက် ပတ်ဝန်းကျင် နိုင်ငံတွေ ရှော်တာ၊ နေရာကောင်း တစ်ခုမှာ တည်ရှိနေတာ၊ စီးပွားရေး တိုးတက်ဖို့ အချိန်အခါကောင်းကို မီလိုက်တာတွေလည်း ပါဝင်ပတ်သက်နေတယ်ဆိုတာ သတိထားမိ ပါတယ်။ ဥပမာ အားဖြင့် အခု တရုတ်စီးပွားရေး တက်သလို တိုးတက်နေတဲ့ အချိန် စင်ကာပူ လွတ်လပ်ရေး ရရင် ဒီအခြေအနေ ရောက်လာစရာ မရှိဘူးလို့ ထင်ပါတယ်။ ဒါပေမယ့်လည်း အချိန်အခါကောင်းကို မြန်မာနိုင်ငံလို ပေါက်ကရ လုပ်မပစ်ဘဲ သူ့နိုင်ငံသူ တိုးတက်အောင် လုပ်သွားနိုင်တာတော့ ချီးကျူးစရာ ကောင်းပါတယ်။
အဲဒီလို နိုင်ငံကို တိုးတက်အောင် တွန်းပို့ပေးခဲ့တဲ့ စီးပွားရေး လုပ်ငန်းတွေထဲမှာ ကုန်ထုတ်လုပ်ငန်းတွေ၊ လေဆိပ်၊ ဆိပ်ကမ်းလုပ်ငန်းတွေ၊ သင်္ဘောကျင်းလုပ်ငန်းတွေက အဓိက နေရာက ပါပါတယ်။ ဒါပေမယ့်လည်း အခု အချိန်မှာတော့ အဲဒီ လုပ်ငန်းတွေဟာ ဒေသတွင်းက နိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုကို အလူးအလဲ တောင့်ခံနေရတဲ့ အနေအထား ရောက်နေပါပြီ။
စင်ကာပူ လွတ်လပ်ရေး ရခါစက နိုင်ငံခြား ကုမ္ပဏီ တွေ အလုံးအရင်းနဲ့ ဝင်လာပြီး စင်ကာပူမှာ စက်ရုံတွေဖွင့် ကုန်ထုတ်လုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံ တိုးတက်လာတာနဲ့ အတူ လူနေမှု စရိတ်ကြီးလာခဲ့ပြီး အလုပ်သမားခတွေလည်း ဈေးကြီးလာခဲ့ပါတယ်။ အဲဒီ အချိန်မှာတော့ ကုမ္ပဏီတွေဟာ မြေနေရာနဲ့ အလုပ်သမားခ ဈေးပေါတဲ့ ပတ်ဝန်းကျင်က မလေးရှား၊ အင်ဒိုနီးရှားလို နိုင်ငံမျိုးတွေကို တဖြည်းဖြည်း ပြောင်းရွှေ့သွားခဲ့ပါတယ်။ ပြောင်းရွှေ့တဲ့ စက်ရုံတွေထဲမှာ တီဗွီနဲ့ အခြား အီလက်ထရွန်းနစ် လူသုံးကုန် ထုတ်တဲ့ စက်ရုံတွေ၊ ဆားကစ်ပြား ထုတ်တဲ့ စက်ရုံတွေ၊ ဆီမီးကွန်ဒတ်တာ ထုတ်တဲ့ စက်ရုံတွေ အများကြီး ပါသွားပါတယ်။ တကယ့်ကို အရည်အသွေးမြင့်ပြီး အကျိုးအမြတ်များတဲ့ ဝေဖာ (ချစ်ပ်) တွေ ထုတ်တဲ့ စက်ရုံတွေလိုမျိုး စက်ရုံတွေ လောက်ပဲ စင်ကာပူမှာ ကျန်ခဲ့ပါတော့တယ်။ ကျွန်တော်တို့ ကျောင်းဆင်းပြီးခါစ ၂၀၀၂ ပတ်ဝန်းကျင်လောက်က စင်ကာပူက
စက်ရုံတွေ အတော်များများ အင်ဒိုနီးရှား မလေးရှားကို ပြောင်းတဲ့ ကိစ္စမှာ
ပါဝင်ခဲ့ရဖူးပါတယ်။ အဲဒီလို အပြောင်းအလဲ တွေကြောင့် စင်ကာပူရဲ့ ကုန်ထုတ်လုပ်ငန်းဟာ အခု အရင်ကလို ရွှေထီးဆောင်းနိုင်တဲ့ အခြေအနေ မဟုတ်တော့ပါဘူး။
အဲဒီလိုပဲ လေဆိပ်လုပ်ငန်းမှာလည်း စင်ကာပူဟာ ဟောင်ကောင်၊ ကိုရီးယားလို ဒေသတွင်းက လေဆိပ်တွေရဲ့ ပြိုင်ဆိုင်မှုကို ခံခဲ့ရပါတယ်။ ချန်ဂီလေဆိပ်ဟာ ကမ္ဘာ့နံပါတ်တစ် နေရာမှာ ရဖို့ အရင်လို သာသာယာယာ မဟုတ်တော့ဘဲ အသည်းအသန် လုံးပမ်းနေရပါတယ်။ အဲဒီလိုပါပဲ။
ဆိပ်ကမ်းလုပ်ငန်းမှာလည်း စင်ကာပူ ဆိပ်ကမ်းဟာ ဝန်ဆောင်ခ ဈေးကြီးတဲ့ အတွက် သင်္ဘောကုမ္ပဏီတွေက ပိုပြီးသက်သာမယ့် နေရာကို ရှာလာပါတယ်။ စင်ကာပူ ဆိပ်ကမ်းနဲ့ ၁၀ မိုင်ကျော်မှာ ကပ်ဖွင့်လိုက်တဲ့ မလေးရှားရဲ့ တန်ဂျွန် ပီလာပတ်စ် ဆိပ်ကမ်းဟာ စင်ကာပူကို အလဲထိုးဖို့ ကြိုးစားတဲ့ မလေးရှားရဲ့ ခြေလှမ်းတစ်ခုပါပဲ။ အေပီမိုလာလို ကုမ္ပဏီကြီးတွေက မလေးရှားဖက်ကို ရွှေ့သွားတဲ့ အတွက် စင်ကာပူ ဆိပ်ကမ်းရဲ့ အလုပ် ၂၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့ရပါတယ်။ စင်ကာပူဟာ ဝန်ဆောင်ခကို လျှော့ချနိုင်ဖို့ ဆိပ်ကမ်းက လခများတဲ့ နိုင်ငံသား နိုင်ငံခြားသား ဝန်ထမ်းတွေကို ထောင်နဲ့ချီ အလုပ်ဖြုတ်ပစ်ခဲ့ပြီး လခနည်းတဲ့ နိုင်ငံခြားသား အလုပ်သမားတွေနဲ့ အစားထိုးဖို့ လုပ်ခဲ့ပါတယ်။ တန်ဂျွန် ပီလာပတ်စ် ဆိပ်ကမ်း ဒီထက်ပိုပြီး တိုးတက်လာမှာ ကြောက်တဲ့အတွက် ဂျဟိုးပြည်နယ်နဲ့ စင်ကာပူ ကြားမှာ ထိုးထားတဲ့ တံတားကို သင်္ဘောဖြတ်လို့ ရအောင် မြှင့်ဖို့ မလေးရှားရဲ့ တောင်းဆိုချက်ကို စင်ကာပူ အသည်းအသန် ငြင်းဆိုခဲ့ပါတယ်။ ခပ်ရွတ်ရွတ် မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် ကတော့ မင်းတို့ဘက်က မြှင့်မပေးရင် ငါတို့ဘက်က တခြမ်းတည်း သင်္ဘော ဖြတ်လို့ ရအောင် မြှင့်မယ်ဆိုပြီး တံတားကို တခြမ်းတည်း မြှင့်ဖို့ ကြံခဲ့ပါတယ်။ မဟာသီယာ နောက် တက်လာတဲ့ မလေးရှား ဝန်ကြီးချုပ် ဘာဒါဝီ ကြောင့်သာ တံတားတစ်ခြမ်း မြှင့်မယ့် အစီအစဉ် ပျက်သွားခဲ့ရတာပါ။
သင်္ဘောကျင်း လုပ်ငန်းကတော့ အခုအထိ ပန်းပန်လျှက်ပါပဲ။ စင်ကာပူက သင်္ဘောကျင်းတွေဟာ အခုတော့ ရေနံတူး သင်္ဘောတွေကို မအားမလပ်နိုင်အောင် ဆောက်နေရဆဲမို့ အဲဒီ အပိုင်းမှာတော့ စင်ကာပူဟာ စင်ပေါ်က အနေအထားမှာ ရှိနေပါသေးတယ်။
စင်ကာပူဟာ သူ့နိုင်ငံ အတွက် အလုပ်သမားကောင်းတွေ မွေးထုတ်ပေးနိုင်ခဲ့ပေမယ့် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်တွေ အလုံအလောက် မွေးထုတ် မပေးနိုင်ခဲ့သလို၊ သုတေသန လုပ်ငန်းတွေမှာလည်း ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ခဲ့ပါဘူး။ ကိုရီးယား၊ ထိုင်ဝမ် လို နိုင်ငံမျိုးတွေကတော့ စင်ကာပူနဲ့ ယှဉ်ရင်
အဲဒီနေရာမျိုးတွေမှာ သာ ပါတယ်။ ကိုရီးယား ထိုင်ဝမ်က အငယ်စား စီးပွားရေး
လုပ်ငန်းတွေ အောင်မြင်ခဲ့ပြီး ကိုယ်ပိုင်တီထွင်တဲ့ ပစ္စည်းတွေ
ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးနိုင်ခဲ့တဲ့ အတွက် နည်းပညာ မရှိတဲ့ နိုင်ငံတွေက
ပြိုင်ဆိုင်မှုတွေက သူတို့ နိုင်ငံတွေကို စင်ကာပူလောက် သက်ရောက်မှု
မရှိခဲ့ပါဘူး။
အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ မတိုးတက်ရတဲ့ အကြောင်းရင်းဟာ Singapore Technologies တို႕လိုမျိုး အစိုးရ ပါဝင်ပတ်သက်နေတဲ့ ကော်ပိုရေးရှင်း ကြီးတွေကြောင့် လုပ်ငန်း အငယ်စားတွေကို သတ်လိုက်သလို ဖြစ်ရတယ်လို့ တချို့က အပြစ်တင်ကြပါတယ်။ သုတေသန လုပ်ငန်းမှာလည်း စင်ကာပူ တက္ကသိုလ်နဲ့ အစိုးရ အဖွဲ့အစည်းတွေက လုပ်တဲ့ သုတေသန လုပ်ငန်းတွေဟာ ရေတို အကျိုးအမြတ် ရဖို့ ပေါ်ပင်နည်းပညာတွေ နောက်ကို လိုက်တဲ့ လုပ်ငန်းမျိုး ဖြစ်နေတာကြောင့် နည်းပညာ လောကတစ်ခုလုံးကို ပြောင်းလဲသွားစေမယ့် သုတေသန ရှာဖွေ တွေ့ရှိမှုမျိုး စင်ကာပူကနေ ပေါ်ပေါက်လာဖို့ ခဲယဉ်းပါတယ်။
နည်းပညာ မရှိရင် မဖြစ်ဘူး ဆိုတာ သိတဲ့ စင်ကာပူဟာ နည်းပညာနဲ့ ပတ်သက်တဲ့ စီးပွားရေး နယ်ပယ်ဖက်ကို ပြောင်းဖို့ ကြံပါတယ်။ အဲဒီ အခါမှာ အစိုးရရဲ့ ဦးတည်ရာက ဇီဝနည်းပညာ (Biotechnology) နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဆီကိုပါ။ စင်ကာပူ အစိုးရက ဘိုင်အိုတက်ခ်နဲ့ ပတ်သက်ပြီး သူ့နိုင်ငံ စီးပွားရေးကို ဦးမော့လာစေဖို့ ကြံပါတယ်။ ကျောင်းသားတွေကို ဘိုင်အိုတက်ခ် ဖက် လိုက်ဖို့ အားပေးသလို၊ ဘိုင်အိုတက်ခ်နဲ့ ပတ်သက်တဲ့ နိုင်ငံခြား ကုမ္ပဏီတွေကိုလည်း ရင်းနှီးမြှုပ်နှံဖို့ အားပေးခဲ့ပါတယ်။ ဒါပေမယ့် ဘိုင်အိုတက်ခ် ဖက်မှာ အောင်မြင်ဖို့က ဘွဲ့ရ ရုံလောက်နဲ့ အလုပ်မဖြစ်ပါဘူး။ ပါရဂူ အဆင့်၊ မဟာ အဆင့်လောက် ဘွဲ့ရမှပဲ ဖြစ်ပါတယ်။ စင်ကာပူလို နိုင်ငံမျိုးမှာ ကျောင်းစရိတ် ကြီးတဲ့ အတွက် တစ်ကြောင်း၊ ကျောင်းမတက်ဘဲ အလုပ်လုပ်ရင် ရမယ့် လခက များတဲ့ အတွက်က တစ်ကြောင်း စင်ကာပူက ဘွဲ့ရ အတော်များများ မဟာ အဆင့်၊ ပါရဂူ အဆင့်ထိ ဆက်မတက်ချင် ကြပါဘူး။ အဲဒီတော့ ဇီဝနည်းပညာ နယ်မှာ ဒီပလိုမာ ရတဲ့သူတွေက တက်ခနစ်ရှင် အဆင့်နဲ့ အလုပ်ဖြစ်၊ ပါရဂူဘွဲ့ ရတဲ့သူတွေက ပညာရှင် အဆင့်နဲ့ အလုပ်ဖြစ်ကြပြီး ဘွဲ့ရတဲ့သူတွေကတော့ တောင်မရောက် မြောက်မရောက်နဲ့ ကြားမှာ ကန့်လန့် ဖြစ်နေကြပါတယ်။ နောက်ဆုံးတော့ ဘိုင်အိုတက်ခ်နဲ့ ပတ်သက်တဲ့ အသံတွေ တိတ်သွားပြန်ပါတယ်။
စင်ကာပူ အစိုးရရဲ့ နောက်အကြံ တစ်ခုက ပညာရေး နဲ့ ပတ်သက်ပြီး စီးပွားရေး လုပ်စားဖို့ပါ။ အဲဒီအတွက် နိုင်ငံခြား တက္ကသိုလ်တွေကို စင်ကာပူမှာလာပြီး ဖွင့်ဖို့ ဖိတ်ခေါ်ပါတယ်။ အဲဒီလို ဖိတ်ခေါ်ခံရတဲ့ အထဲမှာ သြစတေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ် တက္ကသိုလ်နဲ့ အင်္ဂလန်က ဝါးဝစ်ခ် တက္ကသိုလ်တို့ ပါပါတယ်။ နယူးဆောက်သ်ဝေးလ် တက္ကသိုလ်က စင်ကာပူမှာ တစ်နှစ်လောက် လာဖွင့်ပြီး တွက်ခြေမကိုက်တဲ့ အတွက် ကျောင်းကို ပိတ်ပြီး သြစတေးလျကို ပြန်သွားခဲ့ပါတယ်။ ဝါးဝစ်ခ် တက္ကသိုလ်ကတော့ ကျောင်းဖွင့်တဲ့ အဆင့်အထိတောင် မရောက်လိုက်ပါဘူး။ ကျောင်းဖွင့်ဖို့ သူတို့ တိုင်ပင်တဲ့ အစည်းအဝေးမှာ အင်္ဂလန်ဖက်က လူတွေက စင်ကာပူနိုင်ငံရဲ့ ပညာရပ်ဆိုင်ရာ လွတ်လပ်မှု (Academic Freedom) နဲ့ ပတ်သက်ပြီး အကြီးအကျယ် ဝေဖန်ကြပါတယ်။ အဓိက အကြောင်းရင်းကတော့ သူတို့ ကို မဖိတ်ခေါ်ခင် လတ်တလော ဖြစ်သွားခဲ့တဲ့ ကိစ္စတစ်ခု ကို အခြေခံပါတယ်။ နန်ယန်းနည်းပညာ တက္ကသိုလ်က ပညာရှင် ၂ ယောက်က စင်ကာပူမှာ ဖန်တီးလိုက်တဲ့ အလုပ်အကိုင် အတော်များများဟာ နိုင်ငံခြားသားတွေ ဆီကိုသာ ရောက်သွားတယ်လို့ ထုတ်ပြန်ခဲ့တဲ့ အတွက် အစိုးရကို ပြန်ပြီး တောင်းပန်ခဲ့ရတဲ့ သာဓက ရှိခဲ့ဖူးပါတယ်။ အဲဒီလို ပညာရှင်တွေ အနေနဲ့ သူတို့ရဲ့ တွေ့ရှိချက်တွေကို လွတ်လွတ်လပ်လပ် ထုတ်ပြန်နိုင်ခွင့် မရှိဘူး ဆိုရင် သူတို့ တက္ကသိုလ် စင်ကာပူမှာ လာဖွင့်ဖို့ အတော် စိုးရိမ်စရာ ကောင်းတဲ့ အနေအထားမှာ ရှိတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။
အကြံကုန်သွားတဲ့ စင်ကာပူ အစိုးရဟာ ဆားချက်ဖို့ ကြံပါတယ်။ သူတို့ အရင်က ဘယ်တော့မှ မလုပ်ဘူးလို့ ပြောခဲ့ဖူးတဲ့ ကက်စီနိုကို ဖွင့်ဖို့ ကြံတာပါ။ မရီနာဘေး ဆန်း နဲ့ ရီဆော့ဝေါလ် ဆန်တိုဆာ ကက်စီနို ၂ ခုဟာ စင်ကာပူ အစိုးရ အတွက် ဝင်ငွေ အတော်များများ ရှာပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တခြားတစ်ဖက်မှာတော့ စင်ကာပူ နိုင်ငံသားတွေရဲ့ လူမှုဘဝတွေကို အတော် ထိခိုက်ခဲ့ပါတယ်။ စလုံးမှာ ကျွန်တော် ငှားစီးခဲ့တဲ့ တက္ကစီသမား တစ်ယောက်ကတော့ ကက်စီနို အတွက် အိမ်ရောင်းခဲ့ရတဲ့ စလုံးတွေ မနည်းတော့ဘူးလို့ ပြောပြပါတယ်။ ကျွန်တော်တို့ မျက်စိရှေ့မှာလည်း ကက်စီနိုကြောင့် ဘဝပျက်ခဲ့ရတဲ့ စင်ကာပူ နိုင်ငံသားတွေကို မနည်းမနော တွေ့ခဲ့ဖူးပါတယ်။
စလုံး အစိုးရ ဂငယ်ကွေ့ ကွေ့တာ အဲဒီ တစ်နေရာထဲတင် မဟုတ်ပါဘူး။ တစ်ချိန်က စင်ကာပူ အစိုးရဟာ လူဦးရေ မတန်တဆ တိုးပွားလာမှာ ကြောက်တဲ့ အတွက် လူဦးရေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကလေးတွေ အများကြီး မွေးတဲ့ မိသားစုတွေကို အဆင်မပြေ ဖြစ်အောင် လုပ်ပြီး အစိုးရက ပေါ်လစီနဲ့ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလောက် အဆမတန် လူနေမှု စရိတ်ကြီးမြင့်ပြီး မိသားစု အတွက် အချိန်မပေးနိုင်လောက်အောင် အလုပ်များတဲ့ ပတ်ဝန်းကျင်မျိုးမှာ စင်ကာပူ နိုင်ငံသားတွေ သားသမီး များများစားစား မယူကြတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခု အချိန်မှာတော့ စင်ကာပူ အစိုးရဟာ လူဦးရေများဖို့ လိုအပ်လာပြီလို သဘောပေါက်လာပါတယ်။ သူ့နိုင်ငံသားတွေက ကလေးအလုံအလောက် မမွေးနိုင်တဲ့ အတွက် စင်ကာပူဟာ နိုင်ငံခြားသားတွေကို ခေါ်ပြီး သူ့နိုင်ငံသား အဖြစ် ပြောင်းယူဖို့ ကြံပါတယ်။ ဒါပေမယ့် နိုင်ငံခြားသားတွေထဲမှာလည်း တစ်ချို့က အမေရိကား၊ ဩစတေးလျကို သွားဖို့ အတွက် စင်ကာပူကို အဆင့်တစ်ဆင့် အနေနဲ့ သဘောထားတဲ့သူက ထားမယ်၊ တစ်ချို့က ကိုယ့်နိုင်ငံမှာ စီးပွားရေး ပြန်လုပ်ဖို့ ပိုက်ဆံ လာရှာတဲ့သူက ရှာမယ် ဆိုတာမျိုးတွေ ရှိနေတော့ စင်ကာပူ အတွက် မှန်းချက်နဲ့ နှမ်းထွက် သိပ်မကိုက်လှပါဘူး။ အဲဒါ အပြင် သူ့နိုင်ငံသားတွေ ဆီက မကျေမနပ် အပြင်းအထန် ကန့်ကွက်သံတွေကြောင့် စင်ကာပူ အစိုးရရဲ့ နှစ်ပေါင်း ၄၀ ကျော် ထိုင်ခဲ့တဲ့ ထိုင်ခုံတောင် လှုပ်သလို ဖြစ်လာခဲ့ပါတယ်။
ဒီလို အခက်အခဲတွေ ကြားကနေ စင်ကာပူ ဘယ်လို ရုန်းထွက်ပြီး ရပ်တည်မလဲ ဆိုတာ အရမ်းကို စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းတစ်ချက်ဖြစ်ပါတယ်။ စင်ကာပူဟာ နောက်တစ်မျိုး ဘယ်လိုနည်းနဲ့ သူ့နိုင်ငံ စီးပွားရေး ကို ဦးမော့လာအောင် လုပ်ဦးမလဲ ဆိုတာကို စောင့်ကြည့်ရင်း လေ့လာကြည့်ကြ ရအောင်ပါ။
Search This Blog
Showing posts with label စင်ကာပူ. Show all posts

Tuesday, October 29, 2013
Monday, February 4, 2013
လွှတ်ချလိုက်တဲ့နေ့
မနက် အိပ်ရာကနိုးတော့ အိပ်ရာက ထချင်စိတ် သိပ်မရှိဘူး။ စင်ကာပူ အချိန် မနက် ၈ နာရီဆိုတာ ရန်ကုန်က အချိန်နဲ့ မနက် ၆ နာရီခွဲ မဟုတ်လား။ ကျွန်တော်ရဲ့ ဘိုင်အိုကလော့ခ် လို့ခေါ်တဲ့ ဇီဝနာရီက ရန်ကုန်အချိန်နဲ့ ပြန်ပြီး ထိန်းညှိထားတာ အချိန်ကာလကလေး တစ်ခု ရသွားပြီ ဆိုတော့ စင်ကာပူ အချိန်နဲ့ အလွယ်တကူ ပြန်ကိုက်လို့ မရပြန်ဘူး။
မျက်နှာသစ်ပြီးတော့ အိမ်မှာ အတော်များများက အလုပ်သွားဖို့ အသင့်ဖြစ်နေကြပြီ။ကျွန်တော်ကတော့ တစ်နေ့တာ သွားရမယ့် အချိန်ဇယားကို ခေါင်းထဲမှာ အစီအစဉ် ချကြည့်ရင်း တွေးနေမိတယ်။ ဒီလိုနဲ့ အိမ်က ထွက်တော့ မနက် ကိုးနာရီ ကျော်ခဲ့ပါပြီ။
ပထမဆုံး စင်ကာပူက မြန်မာတွေရဲ့ ဘူမိနက်သန် နေရာမှန် ပင်နီဆူလာကို ဝင်ခဲ့တယ်။ အဓိက အကြောင်းရင်းကတော့ ပင်နီဆူလာ ပလာဇာ အောက်ခြေက စာတိုက်ဘဏ်မှာ ဘဏ်စာရင်း အထောက်အထားကို စင်ကာပူ မှတ်ပုံတင်နံပါတ်ကနေ မြန်မာ နိုင်ငံကူးလက်မှတ် နံပါတ် ပြောင်းဖို့နဲ့ ညက ရိုက်လာတဲ့ လျှောက်လွှာတစ်စောင်ကို ပရင့်ထုတ်ဖို့ အတွက်ပါ။ ဘဏ်မှာလည်း လူက မရှိသလောက် ဖြစ်နေတယ်။ မိတ္တူဆိုင်မှာလည်း လူမရှိဘူး။ ခဏချင်းမှာပဲ လျှောက်လွှာကို ပရင့်ထုတ်လို့ ပြီးသွားခဲ့တယ်။
နောက်တော့ ပျော်ပျော်ပါးပါး လျှပ်စစ်ရထားကြီး စီးလို့ အိုင်စီအေလို့ ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ဂိတ်စောင့် အာဏာပိုင် ရုံး ကို ချီတက်လာခဲ့တယ်။ ဒီရုံးကြီးကို အခေါက်ပေါင်းများစွာ ရောက်ဖူးတာမို့ ဘယ်အထပ်မှာ ဘာရှိတယ် ဆိုတာ လမ်းညွှန်ဖတ်ကြည့်စရာ မလိုလှပါဘူး။ ၅ ထပ်ကိုပဲ စက်လှေကားနဲ့ တန်းပြီးတက်လာခဲ့တယ်။
ကောင်တာကို ရောက်တော့ ပီအာရ် အပ်ချင်လို့ပါလို့ ပြောလိုက်တယ်။ လျှောက်လွှာ ရေးလာသလား မေးတော့ ပါလာတဲ့ လျှောက်လွှာကို ပြလိုက်တယ်။ ဝှိုက်ကတ်ဒ် ဖြည့်ပြီးပြီလား မေးတော့ ခေါင်းခါ ပြလိုက်တယ်။ ကောင်တာက အရာရှိက ဝှိုက်ကတ်ဒ် တစ်စောင်နဲ့ ကျူနံပါတ် တစ်ခု ထုတ်ပေး လိုက်တယ်။ ၁၉၉၉ ခုနှစ် စင်ကာပူ လာတုန်းက ဝှိုက်ကတ်ဒ်ကို တစ်ခါပဲ ဖြည့်ခဲ့ရ ဖူးတယ်။ နောက်ပိုင်း ကျောင်းသားကတ်ဒ်နဲ့ ဖြစ်သွားပြီး ဖြည့်စရာ မလိုတော့ဘူး။ အဲ ဒါပေမယ့် မြန်မာနိုင်ငံကတော့ ဘယ်အချိန် ပြန်ပြန် ဝှိုက်ကတ်ဒ် မဖြည့်ရဘူး ဆိုတာ မရှိဘူး။ စင်ကာပူမှာ ပီအာရ်ဖြစ်ခါစ အဝင်အထွက် တုံးထုရပေမယ့် နောက်ပိုင်း မထုရတော့ဘူး။ အခုနောက်ပိုင်း စက်နဲ့ ဖတ်လို့ရတဲ့ နိုင်ငံကူးလက်မှတ် ပြောင်းပြီးတော့ လူဝင်ကြီး အော်ဖစ်ဆာနဲ့တောင် တွေ့စရာ မလိုတော့ဘူး။ အော်တိုဂိတ်ကနေပဲ အဝင်အထွက် လုပ်ဖြစ်တော့တယ်။
ဝှိုက်ကတ်ဒ် ဖြည့်ပြီးတော့ ကျွန်တော့် အလှည့်မကျသေးလို့ ထိုင်ခုံမှာ ထိုင်စောင့်နေရတယ်။ အနီးအနားကို မျက်လုံး ဝှေ့ကြည့်ပြီး ကျွန်တော့်လို ပီအာရ်လာအပ်တဲ့သူ ဘယ်နှစ်ယောက်များ ရှိသလဲလို စပ်စုကြည့်မိတယ်။ ဒါပေမယ့် ပီအာရ် အပ်တဲ့သူက တစ်ယောက်မှ မရှိဘူး။ ကျွန်တော် တစ်ယောက်တည်းပဲ။ လူမိုက်လို့ ယူဆချင်ရင်လည်း ရပါတယ်။ ရှေ့ဆောင်လမ်းပြလို့ ယူဆချင်ရင်လည်း ရပါတယ်။ ကိုယ့်အမြင်နဲ့ ကိုယ်ပါပဲ။ :P
မိနှစ် ၂၀ နဲ့ နာရီဝက်ကြားလောက် စောင့်ပြီးတော့ ကျွန်တော့် အလှည့် ရောက်လာတယ်။ ပီအာရ်အပ်မယ့် လျှောက်လွှာ ထုတ်ပေးတော့ အရာရှိက လှမ်းယူပြီး ကျွန်တော့် နိုင်ငံကူးလက်မှတ်ကို လှန်ကြည့်တယ်။ တိုးထားတာ သိပ်မကြာသေးဘူး။ အပ်တော့ မလို့လားလို့ မေးတယ်။ ကျွန်တော်က ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်တယ်။ ရှည်ရှည်ဝေးဝေး ရှင်းပြ မနေတော့ဘူး။ နောက်မှ သူမှားသွားမှန်း သူ့ဘာသာသူ သိသွားပါတယ်။ ကျွန်တော် နောက်ဆုံးတစ်ခေါက် ပီအာရ် သက်တမ်းတိုးထားတာ ၂၀၀၇ ခုနှစ်က။ အဲဒီတုန်းက ၁၀ နှစ် တိုးလို့ ရတာမို့ ကျွန်တော့် ပီအာရ်သက်တမ်း ကုန်ဆုံးရက်က ၂၀၁၇ ဖြစ်နေတယ်။ တခြားသူတွေလို ၂၀၁၂ ကမှ ၅ နှစ်သက်တမ်း တိုးထားလို့ ၂၀၁၇ ဖြစ်တာ မဟုတ်ဘူးဆိုတာ သူသိသွားပါတယ်။
ခဏချင်းမှာပဲ သူဖြည့်စရာရှိတဲ့ ဖောင်တွေ ဖြည့်ပြီး စာရွက်တစ်ရွက်ကို ကျွန်တော့်ကို ထုတ်ပေး လိုက်တယ်။ ကျွန်တော် ပီအာရ်မဟုတ်တော့ဘူး ဆိုတဲ့ အကြောင်း အသိအမှတ် ပြုထားတဲ့ စာရွက်ပေါ့။ ပီအာရ် ပြန်အပ်တဲ့ အချိန် ယူသွားရတာ တွေက ပီအာရ် မှတ်ပုံတင်ကတ်ဒ်ရယ်၊ ပီအာရ် ကျခါစက ထုတ်ပေးတဲ့ အဝါရောင် ဝင်ခွင့်လက်မှတ်ရယ်၊ ပတ်စ်ပို့ရယ်၊ ပီအာရ် အပ်ချင်ကြောင်း ရေးထားတဲ့ လျှောက်လွှာတစ်စောင်ရယ်ပါပဲ။ အဲဒီစာရွက်ထဲမှာ ပီအာရ်မှတ်ပုံတင်ကတ်ဒ်နဲ့ ဝင်ခွင့်လက်မှတ်ကို ပြန်ရကြောင်း ရေးထားတယ်။ နောက်တော့ နိုင်ငံကူးလက်မှတ်ရဲ့ အနောက်ဘက် စာမျက်နှာမှာ ပီအာရ် မဟုတ်တော့ကြောင်း တံဆိပ်တုံး ထုပေးလိုက်ပြီး နေထိုင်ခွင့် တစ်လ နှိပ်ပေးလိုက်တယ်။
ကျွန်တော်က သူ့ကို စီပီအက်ဖ် လို့ခေါ်တဲ့ အစိုးရ ဆီမှာ စုထားတဲ့ စုဆောင်းငွေ ပြန်ထုတ်ဖို့ ဘာတွေ လုပ်ရမလဲ မေးကြည့် မိတယ်။ သူက အခု ထုတ်ပေးလိုက်တဲ့ စာရွက်ကို ယူပြီး အနီးဆုံး စီပီအက်ဖ်ရုံး တစ်ရုံးကို သွားပါလို့ ညွှန်လိုက်တယ်။ အနီးဆုံးက ဘယ်မှာလဲ ပြန်မေးတော့ ရော်ဘင်ဆင်လမ်း တန်ဂျွန်ပါဂါ ဘူတာရုံနားမှာ ရှိပါတယ်လို့ ညွှန်လိုက်ပါတယ်။
ဒါနဲ့ ဂိတ်စောင့်ရုံးက ထွက်တော့ ပျော်ပါးစွာနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပီအာရ်မဟုတ်တော့ကြောင်း စတေးတပ်စ် တင်လိုက်တယ်။ စလုံး သူငယ်ချင်းတွေ၊ တခြားနိုင်ငံခြားသား သူငယ်ချင်းတွေ၊ မြန်မာသူငယ်ချင်းတွေဆီက တုံ့ပြန်ချက်တွေ ချက်ချင်းလက်ငင်း တက်လာကြတာပါပဲ။ သူငယ်ချင်းတွေကလည်း ကိုယ်တိုင်သာ မအပ်ကြတာ အပ်တဲ့သူတော့ ဝိုင်းပြီး ကွန်ဂရက်ကျူလိတ် လုပ်ကြတယ်။ :D ဒါနဲ့ ကျွန်တော်နဲ့ မရှေးမနှောင်း ဘလော့ဂါ ကိုပေါတို့ လင်မယားလည်း ပီအာရ်အပ်ဖို့ စောင့်နေကြတယ်လို့ ကိုပေါဆီက မက်ဆိ ရလိုက်တယ်။
ဒီလိုနဲ့ ရထား ၄ ဘူတာ စီးပြီး စီပီအက်ဖ် ရုံးက ချီတက်လာခဲ့တယ်။ စီပီအက်ဖ်ရုံးက တန်ဂျွန်ပါဂါ ဘူတာနဲ့ မျက်နှာချင်းဆိုင် လမ်းကူးလိုက်တာနဲ့ ရောက်တာပါပဲ။ ရုံးရောက်ပြီးတော့ ကျူနံပါတ် ယူတော့ မိနစ် ၈၀ လောက် စောင့်ရဦးမယ်။ ပြီးမှ ပြန်လာခဲ့ပါလို့ ပြောလိုက်တယ်။ ဒါနဲ့ ပင်နီဆူလာ တစ်ခေါက်ပြေး၊ နေ့လည်စာစားရင်း အလုပ်ကိစ္စ နည်းနည်း ရှိတာ ဆက်လုပ်နေမိတယ်။
စီပီအက်ဖ်ရုံးကို ပြန်လာတော့ ကျူနံပါတ်က ကျော်သွားပြီ။ ဒါပေမယ့် သူတို့ကို သွားပြောတော့ ချက်ချင်းပဲ ပြန်ခေါ် ပေးပါတယ်။ နောက်တော့ သူတို့ ရှေ့မှာ စီပီအက်ဖ် ဝက်ဘ်ဆိုက်ဒ်ထဲ လော့အင်ဝင်၊ ပြန်ထုတ်ဖို့ ဘဏ်စာရင်းနံပါတ်တွေ ရိုက်ထည့်ပေးရတယ်။ စီပီအက်ဖ်နဲ့ ပတ်သက်လို့ကတော့ အစိုးရဆီက ပီအာရ်အနေနဲ့ တစ်ချို့နေရာတွေမှာ လျှော့ဈေး ယူထားတာတွေ မရှိရင် အကုန်ပြန်ရတယ်လို့ ပြောပါတယ်။ ပုံမှန် အကောင့်၊ အထူးအကောင့်၊ ကျန်းမာရေး အကောင့် ရှိသမျှ အကုန်လုံးပါပဲ။ အားလုံး ရဖို့ အလုပ်လုပ်ရက် ၁၀ ရက် ကနေ ၁၅ ရက် အတွင်း စောင့်ရမယ်လို့ အရာရှိက ပြောလိုက်ပါတယ်။ အချိန်အားဖြင့် ၂ ပတ်ကနေ ၃ ပတ်အတွင်းပေါ့။ ရင်းနှီးမြှုပ်နှံထားတဲ့ အကောင့်တွေလည်း အလိုအလျောက် ပိတ်သွားပေးမယ်လို့ သူမက ပြောပြလိုက်ပါတယ်။ တကယ်လို့ ပိုက်ဆံ ထုတ်တဲ့ အချိန် ရင်းနှီးမြှုပ်နှံထားတဲ့ အကောင့်ထဲက ပိုက်ဆံတွေ ပြန်ဝင်မလာသေးဘူး ဆိုရင် နောက်တစ်သုတ် ထပ်ထုတ်ဖို့ လျှောက်လို့ ရတယ်လို့ ပြောလိုက်ပါတယ်။
အားလုံး ပြီးသွားတော့ စိတ်ထဲမှာ ပေါ့ပါးသွားသလိုပဲ။ ဆုပ်ကိုင်ထားတဲ့ အရာတစ်ခုကို လွှတ်ချ လိုက်ရတာ အတော် ပေါ့သွားသလို ခံစားရတယ်။ မျက်နှာစာအုပ်ထဲက ဘလော့ဂါ မိတ်ဆွေ တစ်ယောက်ရဲ့ ကွန်မန့်ကို သတိရလိုက်တယ်။ ကျွန်တော်တို့ဟာ ကမ္ဘာမြေမှာတောင် အမြဲတမ်း နေထိုင်သူတွေ မဟုတ်ပါဘူး ဆိုတာပါ။ အဲဒီတော့ နိုင်ငံတစ်နိုင်ငံရဲ့ အမြဲတမ်းနေထိုင်သူ မဟုတ်တော့တာ ဘာများ ထူးဆန်းသလဲလို့ ဆက်တွေးမိသွားတယ်။

Labels:
စင်ကာပူ
Saturday, October 20, 2012
ဝလုံးများနဲ့ည
ကြာတော့လည်း ကြာခဲ့ပါပြီ။ အခုဆိုရင် ဒီအဖြစ်အပျက်က ဆယ်စုနှစ် တစ်ခုလောက်တောင် ရှိပြီ ထင်ပါတယ်။ ဒါပေမယ့်လည်း အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အဖြစ်မို့ အခုထိ မှတ်မိနေတုန်းပါ။
ကျွန်တော်တို့ စင်ကာပူ ရောက်ခါစ အချိန်ကပါ။ အဲဒီအချိန်က ကျောင်းဆင်းပြီးရင် စားသောက်ဆိုင်မှာ အချိန်ပိုင်း စားပွဲထိုး တာမို့ ညဘက် အိမ်ကို ၁၁ နာရီလောက်မှ ပြန်ရောက် တတ်ပါတယ်။ အဲဒီနေ့ကတော့ အလုပ်ပြီးတဲ့ အချိန် နည်းနည်းစောတာမို့ အိမ်မပြန် သေးဘဲ အလုပ် အတူလုပ်တဲ့ သူငယ်ချင်း တစ်ယောက်နဲ့ အတူ သူ့အိမ်ကို လိုက်သွားခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံးလိုလို ကျောင်း အနီးပတ်ဝန်းကျင်မှာ အိမ်ငှားနေကြတာမို့ သူငယ်ချင်းတွေ အတော်များများနဲ့ အိမ်ချင်း သိပ်မဝေးကြပါဘူး။
သူငယ်ချင်း အိမ်ရှေ့ ရောက်သွားတော့ စိတ်ထဲမှာ နည်းနည်း ထူးခြားနေသလို ခံစားရပါတယ်။ ပုံမှန်အားဖြင့် ရှိသမျှ တံခါး အကုန်ဖွင့်ပြီး ဆူညံ ပွက်လောရိုက် နေတတ်တဲ့ အိမ်က ဒီနေ့တော့ ထူးထူးခြားခြား တိတ်ဆိတ်နေပါတယ်။ အမြဲဖွင့်ထားတတ်တဲ့ အိမ်ရှေ့တံခါးကို ပိတ်ထားရုံသာ မကဘဲ တစ်ခါမှ မပိတ်ဖူးတဲ့ အိမ်ရှေ့က တရုတ်ကပ် မှန်တံခါးတွေပါ ပိတ်ထားတာ တွေ့ရလို့ နည်းနည်း အံ့သြ သွားပါတယ်။ ကျွန်တော်တင် မကပါဘူး။ အိမ်ရှင် ကျွန်တော့် သူငယ်ချင်းကလည်း အံ့သြနေပုံပါပဲ။ အိမ်ထဲမှာ မီးရောင်လင်းနေတာ တွေ့ရတော့ အိမ်ထဲမှာ လူရှိတယ် ဆိုတာတော့ သိလိုက် ရပါတယ်။
ကျွန်တော့် သူငယ်ချင်းက သူ့မှာ ပါလာတဲ့ အိမ်သော့ကို ထုတ်ပြီး တံခါးကို ဖွင့်ပါတယ်။ တံခါးပွင့်သွားတဲ့ အချိန်မှာတော့ ကျွန်တော်တို့ ရုတ်တရက် လန့်သွားပါတယ်။ အိမ်ထဲမှာ ဧည့်ခန်းအပြည့် ထိုင်နေတဲ့ လူအုပ်ကို တွေ့လိုက်ရလို့ပါ။ လူတွေ ဒီလောက်များပြီး အသံမထွက်ပဲ တိတ်ဆိတ်နေတာ တစ်ခုခုတော့ တစ်ခုခုပဲ ဆိုတာ သိလိုက်ရပါတယ်။ သူတို့ အားလုံးကလည်း တံခါးဝကို စူးစူးစိုက်စိုက် ကြည့်နေကြပါတယ်။ အိမ်ထဲက လူတွေကတော့ ကျွန်တော်တို့ နှစ်ယောက်ကို မြင်လိုက်ရလို့ စိတ်သက်သာရာ ရသွားတဲ့ ပုံပါပဲ။
အားလုံးပေါင်း ၇ ယောက် ၈ ယောက်လောက် ရှိမယ် ထင်ပါတယ်။ သူတို့ အားလုံးက လူလတ်ပိုင်း မြန်မာ အစ်ကိုကြီးတွေပါ။ ကျွန်တော်တို့ မြင်ဖူးတာ တစ်ယောက်မှ မပါပါဘူး။ ကျွန်တော်တို့က သူတို့ကို ပြုံးပြ နှုတ်ဆက်ပြီး အိမ်ထဲ ဝင်လာခဲ့ပါတယ်။ သူတို့ အချင်းချင်း စကား ဆက်ပြောနေကြပေမယ့် အသံကျယ်ကျယ် မပြောဘဲ အသံအုပ်အုပ်နဲ့ ပြောနေကြပါတယ်။
ကျွန်တော်တို့ ဧည့်ခန်းကို ဖြတ်ပြီး မီးဖိုခန်းထဲ ဝင်လာခဲ့ပါတယ်။ မီးဖိုခန်းထဲမှာတော့ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ရှိနေပါတယ်။ ကျွန်တော်တို့က သူ့ကို ဘာဖြစ်နေတာလဲ လို့ တိုးတိုးတိတ်တိတ် မေးကြည့်ကြ ပါတယ်။ ကျွန်တော့် သူငယ်ချင်းက "အဲဒါ ငါတို့ အသိ ဝလုံးတွေ။ သူတို့အိမ်ကို ဒီညနေ ရဲဝင်ဖမ်းလို့ ဘယ်ပြေးရမှန်း မသိတာနဲ့ ငါတို့အိမ် ရောက်လာတာ။" လို့ ပြောပြပါတယ်။ အဲဒီလို ပြောတာ ကြားလို့ ကျွန်တော် မျက်လုံးပြူး သွားပါတယ်။ ဝလုံး ဆိုတာ အိုဗာစတေးနေတဲ့သူကို ခေါ်တာပါ။ အရင်က အို လို့ ခေါ်ကြပေမယ့် အိုက အင်္ဂလိပ်စာလုံးမို့ နောက်တော့ ဝလုံးလို့ ပြောင်းပြီး ခေါ်ကြတာပါ။
နောက်တော့ ကျွန်တော်တို့ အိမ်ရှေ့ခန်းကို ပြန်ထွက်လာပါတယ်။ အိမ်ရှေ့ခန်းမှာ ဝလုံး အကိုကြီးတွေနဲ့ စကားထိုင်ပြောရင်း သူတို့ အကြောင်း တစွန်းတစ သိခဲ့ရပါတယ်။ သူတို့နေတာ စင်ကာပူ မြောက်ပိုင်းက ရပ်ကွက် တစ်ခုမှာ ဖြစ်ပြီး အိပ်ခန်း ၂ ခန်း ပါတဲ့ အိမ်ခန်းတစ်ခုမှာ အယောက် ၃၀ နီးပါး နေကြတယ် လို့ ပြောပါတယ်။ အဲဒီမှာ နေလာတာ ၈ နှစ်နီးပါး ရှိပြီလို့လည်း သိရပါတယ်။ သူတို့ ထဲက တချို့ လူတွေက တချိန်က တရားဝင် အလုပ်လုပ်ကိုင်ခွင့်နဲ့ နေတဲ့သူတွေနဲ့ Student pass နဲ့ နေတဲ့သူတွေလည်း ပါပါတယ်။ တရားဝင် လုပ်ကိုင်ခွင့် ကုန်တော့ မပြန်ပဲ အို လိုက်ကြတာပါ။ ဝလုံး ဆိုပေမယ့် ရုံးမှာ အလုပ်လုပ်တဲ့သူတောင် ရှိပါတယ်။ အဲဒီနေ့ ညနေကတော့ သူတို့ အိမ်အောက်ဆင်းပြီး 4D လို့ခေါ်တဲ့ လေးလုံးထီ ဆင်းထိုးနေကြတုန်း အိမ်ကို ရဲဝင်ဖမ်းတာနဲ့ ဘာမှ ယူချိန်မရဘဲ ပြေးလာကြတာပါ။ အိမ်မှာ ကျန်ခဲ့တဲ့ တချို့တော့ မိသွားတယ်လို့ ပြောပါတယ်။
မလေးရှား ဂျပန်လို နိုင်ငံမှာ အိုဗာစတေးက သိပ်ပြီး ရှော့ခ် မရှိပေမယ့် စလုံးမှာတော့ ပြသနာက အတော်ကြီးပါတယ်။ ပုံမှန်အားဖြင့် စင်ကာပူမှာ တရားဝင် Pass တစ်ခုခု ကိုင်ထားတဲ့သူ စတေးကုန်ပြီး ရက်နည်းနည်း ကျော်သွားလို့ လေဆိပ်မှာ မိရင် အချုပ်ထဲ ရောက်တတ်ပြီး စင်ကာပူဝင်ခွင့် တစ်နှစ် အပိတ် ခံရတတ်ပါတယ်။ အလည်အပတ် လာတဲ့သူ ရက်ကျော်ရင်တော့ အချုပ်ထဲ ရောက်ပြီး ကြိမ်ဒဏ်ပါ ခံရတတ် ပါတယ်။ သူတို့တင် မကဘူး အိုဗာစတေးကို လက်ခံထားမိရင် လက်ခံ ထားတဲ့ အိမ်ရှင်ပါ ထောင်ကျပါတယ်။ ကျွန်တော်တို့က အဲဒီ အချိန်က စင်ကာပူ ရောက်ခါစမို့ အဲဒီအကြောင်းတွေ သေသေချာချာ မသိပါဘူး။ အိုဗာစတေး မိရင် ကြိမ်ဒဏ်ချတယ် ဆိုတာလောက်ပဲ ကြားဖူးပါတယ်။
သူတို့နဲ့ ခဏ စကားပြောပြီးတော့ ကျွန်တော် အိမ်ပြန်လာခဲ့ပါတယ်။ ကျွန်တော့် သူငယ်ချင်းကလည်း အိမ်မှာ လူများနေလို့ ကျွန်တော်နဲ့ လိုက်အိပ်မယ် ဆိုပြီး ပါလာပါတယ်။ ပြသနာက နောက်တစ်နေ့မနက်မှ စတာပါ။ မနက်ခင်း မိုးလင်းတော့ ကျွန်တော့် သူငယ်ချင်းက သူ့ရည်းစားဆီကို ဖုန်းဆက်ပါတယ်။ ဖုန်းဆက်ရင်း ကျွန်တော့်အိမ်မှာ ညက အိပ်တယ်ပြောတော့ သူ့ရည်းစားက ဘာဖြစ်လို့လဲ မေးပါတယ်။ ကျွန်တော့် သူငယ်ချင်းက ညက အဖြစ်အပျက်ကို ပြောပြတော့ သူ့ရည်းစားက ပြာပြာသလဲနဲ့ နင်တို့အိမ်မှာ မိရင် နင်တို့တွေ အကုန် ထောင်ထဲ ရောက်ကုန်မယ်။ မသိဘူးလား။ လို့ ပြန်မေးပါတယ်။ ကျွန်တော့် သူငယ်ချင်းက လုံးဝ မသိတာပါ။ အဲဒါနဲ့ သူနဲ့ တအိမ်တည်း နေတဲ့ သူငယ်ချင်း တစ်ယောက်ကို ဖုန်းဆက်ပြီး ပြောပါတယ်။ သူ့ အိမ်က သူငယ်ချင်းက အလုပ်ထဲ ရောက်နေတာမို့ ခဏနေဦး။ ငါအလုပ်ထဲက လူတွေနဲ့ တိုင်ပင်ကြည့်ဦးမယ် ဆိုပြီး ပြန်ပြောပါတယ်။ ခဏနေတော့ သူ ဖုန်းပြန်ဆက်ပါတယ်။ "ငါ့မန်နေဂျာက ပြောတယ်။ အပေါင်းအသင်းက အပေါင်းအသင်း တကဏ္ဍပဲ ဒါပေမယ့် ဝလုံးကို အိမ်ခေါ်ထားရင် အိမ်ခေါ်ထားတဲ့သူပါ ထောင်ကျတယ်လို့ ပြောနေတယ်။ ကွိုင်ပဲကွ။" လို့ ကျွန်တော်တို့ကို ပြန်ပြောပါတယ်။
ဒါနဲ့ပဲ ကျွန်တော်တို့ ခဏနေတော့ သူ့အိမ်ကို ရောက်သွားကြပါတယ်။ သူတို့ အိမ်ကလူတွေ တစ်ယောက်မှ အိုဗာစတေးကို လက်ခံမိရင် ထောင်ကျတယ် ဆိုတဲ့ကိစ္စကို မသိပါဘူး။ အဲဒီအိမ်မှာ အူကြောင်ကျား သူငယ်ချင်း တစ်ယောက်လည်း ရှိပါတယ်။ သူကတော့ "ဟေ့ကောင်တွေ။ ဘာမှ စိတ်မပူနဲ့။ လွယ်လွယ်လေး။ ရဲလာဖမ်းရင် အနောက်ပေါက်ကနေ ခုန်ချခိုင်း လိုက်မယ်။ ငါတို့အိမ်က ၄ ထပ်ပဲ မြင့်တာ။ သူတို့ ဝလုံးတွေပဲ အေးဆေးပါ။" လို့ ပြောလို့ ကျွန်တော်တို့က သူ့ကို "ဟေ့ကောင် ဝလုံးလဲ လူပဲကွ။ မင်းက သူတို့ကို စူပါမင်းများ မှတ်နေသလား။ ၄ ထပ်တိုက်က ခုန်ချရင် သေမှာပေါ့ဟ။ မင်းရူးနေသလား။" ဆိုပြီး ဝိုင်းဆဲ ကြပါတယ်။
ညက အဲဒီအိမ်မှာ ၇ ယောက် ၈ ယောက်လောက် ရှိပေမယ့် ဒီမနက်တော့ ၄ ယောက်လောက်ပဲ ကျန်ပါတော့တယ်။ ကျန်တဲ့သူတွေက ပြောင်းသွား ကြပါပြီ။ အဲဒီအိမ်က သူငယ်ချင်း တစ်ယောက်က မျက်နှာပူပူနဲ့ပဲ သွားပြောရပါတယ်။ "အစ်ကိုတို့။ နေစရာ ရပြီ ဆိုရင်တော့ ပြောင်းပေး ကြပါ။ ကျွန်တော်တို့ ကူညီချင်ပေမယ့် အခန့်မသင့်ရင် ထောင်ကျမှာမို့ ကျွန်တော်တို့လည်း နေရထိုင်ရတာ စိတ်မလုံဘူး။" လို့ပါ။ ဝလုံး အစ်ကိုကြီးတွေက "အေးပါ။ အစ်ကိုတို့လည်း ငါ့ညီတို့ အခက်အခဲကို နားလည်ပါတယ်။ အခု အကိုတို့ အိမ်ရှာထားတာလည်း ရပါပြီ။ ညနေကျရင် ပြောင်းမှာပါ။ ဘာပဲဖြစ်ဖြစ် အစ်ကိုတို့ကို အခုလို ကူညီတဲ့ အတွက် ကျေးဇူးတင်ပါတယ်။" လို့ ပြန်ပြောမှ စိတ်အေး သွားရပါတယ်။
ကူညီချင်တာတော့ မှန်ပါတယ်။ ဒါပေမယ့် ထောင်နှုတ်ခမ်း လမ်းလျှောက်ပြီး ကူညီရမယ့် ကိစ္စတော့ ဘယ်သူမဆို တွန့်ကြတာ အမှန်ပါပဲ။ သူတို့ကိုလည်း အပြစ်မဆိုသာပါဘူး။ ဒီလိုနဲ့ ညနေဖက် အဲဒီ အစ်ကိုကြီးတွေ အိမ်ပြောင်းသွားမှပဲ သူတို့အားလုံး ဟင်းချ နိုင်ပါတော့တယ်။

စင်ကာပူ,
အတွေ့အကြုံ
Wednesday, March 21, 2012
ကရားဆူးတို့ပြည်
ကျွန်တော်တို့ စလုံးကို ရောက်ခါစ သက္ကရာဇ် ၂၀၀၀ မပြည့်တပြည့် အချိန်ကပါ။
တနင်္ဂနွေ ညတစ်ည ၉ နာရီလောက် မှာ သူငယ်ချင်းတွေနဲ့ အတူ ကော်ဖီသောက်ရင်း
တော့ကီပွားဖို့ အိမ်နားက ဈေးထဲကို လမ်းလျှောက် ထွက်လာခဲ့ကြ ပါတယ်။ အဲဒီ ဈေးထိပ်မှာ မက်ဒေါ်လ်နယ် ဘာဂါဆိုင် တစ်ဆိုင်
ရှိပါတယ်။ ဘာဂါဆိုင်ရှေ့မှာတော့ လူတွေ ဟိုနားတစ်စု သည်နားတစ်စု နဲ့
ထိုင်နေကြတာကို တွေ့ရ ပါတယ်။ တစ်ချို့က ပလက်ဖောင်းပေါ် အခင်းကလေးတွေ
ခင်းပြီး ထိုင်နေသလို တစ်ချို့ကလည်း ဒီအတိုင်း ငုတ်တုပ် ထိုင်နေကြ ပါတယ်။
ခြေပစ်လက်ပစ် ထိုင်နေတဲ့သူတွေလည်း ရှိသလို ဂစ်တာ တီးနေတဲ့ သူလည်း ရှိပါတယ်။
မြန်မာပြည်မှာ လမ်းဘေး အဝတ်ခင်းပြီး ထိုင်တာ မထူးဆန်းပေမယ့်
စင်ကာပူမှာတော့ လူတွေ လမ်းဘေး တန်းစီ ထိုင်နေတာ နည်းနည်း ထူးဆန်းတယ်လို့
ထင်ရ ပါတယ်။
သူတို့ ဘာလုပ်နေကြတာလဲလို့ ကျွန်တော်တို့ အချင်းချင်း ပြန်မေးကြပေမယ့် ဘယ်သူမှ ရေရေရာရာ မသိကြပါဘူး။ နာရီဝက်လောက် အကြာ ကျွန်တော်တို့ လက်ဖက်ရည်သောက်ပြီး ပြန်လာတော့ အဲဒီနေရာမှာ လူတွေ ပိုများ လာတာကို သတိထားမိ ပါတယ်။ မက်ဒေါ်လ်နယ်က မပိတ်သေးဘဲ အထဲက ကောင်တာမှာလည်း လူသိပ်မရှိတာမို့ ဘာဂါစားဖို့ တန်းစီ နေတာတော့ မဖြစ်လောက် ပါဘူး။ ဒီလိုနဲ့ သူတို့ ဘာလုပ် နေကြသလဲ ဆိုတာ ကျွန်တော်တို့ အချင်းချင်း ငြင်းကြခုံကြရင်းနဲ့ အိမ်ပြန် ရောက်လာခဲ့ ပါတယ်။
နောက်တစ်နေ့ မနက်တော့ ရှစ်နာရီ အတန်းရှိတာမို့ အိမ်ကနေ ၇ နာရီကျော်လောက် ထွက်လာခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ နေတဲ့ နေရာက ဘူကစ်ပန်ဂျန်း လို့ခေါ်တဲ့ နည်းနည်းချောင်ကျတဲ့ နေရာမှာ ပါ။ ကျွန်တော်တို့ ကျောင်းရှိတဲ့ ဒိုဗာ ကိုရောက်ဖို့ ၄၅ မိနစ်လောက် သွားရပါတယ်။ ကျွန်တော်တို့ ကျောင်းသွားရင် နိအန်း ပေါ်လီတက်ခနစ် အနားမှာ ကားတစ်ဆင့် ပြောင်းစီးရပါတယ်။ နိအန်းပေါ်လီနား ရောက်တော့ ကားတွေ ပိတ်နေတာနဲ့ ကားက တစ်လိမ့်ချင်း လိမ့်နေရ ပါတယ်။ ကားပေါ်ကနေ လမ်းဘေးကို လှမ်းကြည့်တော့ နိအန်းကျောင်းရဲ့ လမ်းတစ်ဖက်ခြမ်းက မက်ဒေါ်လ်နယ် ဆိုင်ရှေ့မှာ ကားတွေ အများကြီး တန်းစီနေကြတာ လှမ်းတွေ့ရပါတယ်။ အဲဒါကတော့ Drive-Thru လို့ခေါ်တဲ့ ကားမောင်းရင်း ဘာဂါ ဝယ်ရတဲ့ နေရာပါ။ မက်ဒေါ်လ်နယ်မှာ လူတွေ ဘာကို ဒီလောက်တောင် သည်းကြီးမည်းကြီး တန်းစီ ဝယ်နေရသလဲ ဆိုတာ ပဟေဠိ ဖြစ်နေ ပါပြီ။ ဒီလိုနဲ့ ပုံမှန် ၄၅ မိနစ်လောက်နဲ့ ရောက်တဲ့ ကျောင်းကို ၁ နာရီခွဲ ၂ နာရီလောက် ဘတ်စ်ကား စီးပြီးမှပဲ ရောက်ခဲ့ ပါတော့တယ်။
ကျောင်းရောက်တော့ နောက်ကျတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ အတန်းထဲမှာ ကျွန်တော့်လိုပဲ ကားပိတ်နေတာ ကြုံလို့ နှစ်ယောက် သုံးယောက် နောက်ကျ ကြပါတယ်။ အတန်းထဲ ရောက်မှ အတန်းထဲက စလုံး သူငယ်ချင်းတွေကို မက်ဒေါ်လ်နယ်မှာ ဘာဖြစ်နေသလဲ လို့ မေးကြည့်မိ ပါတယ်။ အဲဒီတော့မှပဲ ဇာတ်ရည်လည်ပါ တော့တယ်။ မက်ဒေါ်လ်နယ်မှာ ဟဲလိုကစ်တီ လို့ ခေါ်တဲ့ ကြောင်ရုပ်ကို တနင်္လာနေ့တိုင်း ရောင်းပါတယ်။ အဲဒီ အရုပ်က တစ်ပတ်ကို တစ်မျိုး မတူအောင် ရောင်းတာမို့ ဝယ်စုတဲ့ သူတွေက သဲကြီးမဲကြီး ဝယ်စုကြတဲ့ အကြောင်း၊ အရုပ်က အကန့်အသတ်နဲ့ ရောင်းတာမို့ မနက်ခင်း အရုပ်ရောင်းရင် မရလိုက်မှာ စိုးလို့ မက်ဒေါ်လ်နယ်ရှေ့မှာ ညအိပ် တန်းစီပြီး စောင့်ကြတဲ့ အကြောင်း သူငယ်ချင်း တစ်ယောက်က ရှင်းပြ ပါတယ်။ မက်ဒေါ်လ်နယ်မှာ တန်းစီဝယ်ရင်း မီးလ် ပါ အပါအဝင် ၁၀ ဒေါ်လာတောင် မကျတဲ့ အရုပ်တစ်ရုပ်ကို အပြင်မှာ ဒေါ်လာ ၅၀ နဲ့ ပြန်ပေးပြီး ဝယ်ကြတဲ့ အကြောင်းလည်း သူငယ်ချင်းက ပြန်ပြောပြပါတယ်။ နောက်တော့ ကျွန်တော့်ရဲ့ စလုံး သူငယ်ချင်းက ရယ်ရယ်မောမောနဲ့ ကရားဆူး ဆိုတာ ဒါပဲကွလို့ ပြောပါတယ်။
ကရားဆူး (Kiasu) ဆိုတာ စင်ကာပူမှာ သုံးတဲ့ ဗန်းစကားပါ။ သူများနောက် ကျန်နေခဲ့မှာကို ကြောက်တာ (afraid to lose) လို့ အဓိပ္ပာယ်ရပါတယ်။မနက်ခင်းမှ လာတန်းစီရင် ရရဲ့သားနဲ့ မရလိုက်မှာစိုးလို့ ညကတည်းက ညအိပ်ပြီး တန်းစီကြတာ ကရားဆူး စိတ်ဓာတ်ကို ပေါ်လွင်အောင် ပြတာပါ။ အဲဒါ အပြင် ကားရှိတဲ့ သူတွေကလည်း သူတို့ မရလိုက်မှာ စိုးလို့ ကားနဲ့ လာတန်းစီ ကြတဲ့အတွက် လမ်းတွေ ပိတ်တဲ့ အထိ ဖြစ်ကုန်ကြတာပါ။ စင်ကာပူမှာ သူ့ထက်ငါ အနိုင်မခံ အရှုံးမပေး ကရားဆူးကြတာ အထူးအဆန်း တော့လည်း မဟုတ်ပါဘူး။ ကလေး ပေါက်စနကို ကျောင်းကောင်းကောင်းမှာ ဝင်ခွင့်ရအောင် ကျောင်းရှေ့မှာ တိုကင်မပေးခင် ၃ ရက်လောက်လိုတဲ့ အချိန်ကတည်းက တဲထိုးပြီး စောင့်ကြမယ်။ တစ်ချို့ မိဘကလည်း ကလေးကို ကျောင်းကောင်းကောင်းမှာ ဝင်ခွင့် ရအောင် ကျောင်းနားနီးတဲ့ အိမ်တစ်အိမ်ကို တစ်လ နှစ်လ ပိုက်ဆံပေးပြီး ငှားမယ် ဆိုတာမျိုးတွေ လုပ်ကြပါတယ်။ အဲဒါအပြင် ကလေးတွေကို မူလတန်း ကျောင်းမတက်ခင် ကတည်းက အပြင်မှာ ကျူရှင်ပေါင်းစုံ ပို့ပြီး သူများ ကလေးထက် သာအောင် မောင်းတတ်ကြ ပါတယ်။
ကောက်ရိုးပုံစောင့်ခွေး ပုံပြင်ထဲကလို ကိုယ်လည်းမယူ သူများကိုလည်း မယူစေချင်တာ၊ လူအမြင် ကတ်စရာ ကောင်းအောင် ချစ်တီးကျပြီး ပေါချောင်ကောင်း နှိုက်ချင်တာ၊ ကိုယ်အဆင်ပြေဖို့ တစ်ခုတည်း အတွက် တခြားသူတွေ အဆင်မပြေ ဖြစ်မှာကို နည်းနည်းမှ ထည့်မတွက်တတ်တာ စတဲ့ အမူအကျင့် တွေကိုလည်း ကရားဆူးတယ် ခေါ်ကြပါတယ်။ ကျွန်တော်တို့ ကျောင်းတက်နေတုန်းက ကြုံဖူးတဲ့ အဖြစ်တွေ ရှိပါတယ်။
ကျွန်တော်တို့ ကျောင်းစာကြည့်တိုက်က စင်ကာပူမှာ နည်းပညာ နဲ့ ပတ်သက်တဲ့ စာအုပ်တွေ အစုံဆုံး စာကြည့်တိုက် တစ်ခုပါ။ ဒါပေမယ့် နောက်ဆုံးပေါ် နည်းပညာနဲ့ ပတ်သက်တဲ့ စာအုပ် တစ်ချို့ကို ငှားချင်လို့ ရှာရင် ကွန်ပျူတာ ကက်တလောက် ထဲမှာ ငှားမထားဘူး ဆိုတာ ပြနေပေမယ့် စာအုပ်စင်မှာ သွားရှာရင် မရှိပါဘူး။ စာကြည့်တိုက်က ဝန်ထမ်းတွေကို အကူအညီ တောင်းပေမယ့် သူတို့လည်း ရှာမတွေ့ ပါဘူး။ စာကြည့်တိုက်က ဝန်ထမ်းတွေနဲ့ ရင်းနှီးလာတဲ့ အခါမှ သူတို့က ဘာဖြစ်တယ် ဆိုတာကို ပြောပြ ပါတယ်။ စာအုပ်ကို ငှားချင်တဲ့ သူတစ်ချို့က အပြင်ကို ငှားသွားရင် စာရင်းမှာ ငှားသွားတဲ့ အကြောင်း ပြတဲ့ အတွက် တခြားသူက အဲဒီစာအုပ်ကို ရီဆာ့ဗ် လုပ်လို့ ရပါတယ်။ နောက်လူတစ်ယောက် ရီဆာ့ဗ် လုပ်ထားရင် စာအုပ် ရက်ပြည့်သွားတဲ့ အချိန် သက်တမ်း ထပ်တိုးလို့ မရပါဘူး။ ပြန်မအပ်ရင် နောက်ကျတဲ့ ရက်တိုင်း အတွက် ဒဏ်ကြေး ပေးရတဲ့အပြင် တခြား စာအုပ် ထပ်ငှားလို့ မရပါဘူး။ အဲဒီတော့ သူတို့က စာအုပ်ကို အပြင်ကို ငှားမသွားဘဲ စာကြည့်တိုက်ထဲမှာပဲ အဲဒီ ဘာသာရပ်နဲ့ မဆိုင်တဲ့ နေရာက စာအုပ်စင် တစ်စင်မှာ ဖွက်ထားခဲ့ပါတယ်။ နောက်တော့ ဖတ်ချင်တဲ့ အချိန်မှ စာကြည့်တိုက်မှာ လာဖတ်တာပါ။ စာကြည့်တိုက်မှာ စာအုပ်ပေါင်း သောင်းချီ ရှိတာမို့ မဆိုင်တဲ့ စင်မှာ တင်ထားခဲ့ရင် နေရာ မသိတဲ့သူ တစ်ယောက် ပြန်ရှာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ တခြားသူလည်း ဖတ်လို့မရ၊ တခြားသူလည်း ငှားလို့မရ၊ သူတစ်ယောက်တည်း ဖတ်လို့ ရအောင် လုပ်ထားတာမို့ အတော့်ကို ဆိုးရွားတဲ့ အမူအကျင့် တစ်မျိုးပါပဲ။
မြို့ထဲက ဖုကော့ လို့ ခေါ်တဲ့ စားသောက်ဆိုင်တန်းတွေမှာ နေ့လည်စာ သွားစားရင်လည်း အဲဒီ ကရားဆူး စိတ်ဓာတ်ကို ပီပီပြင်ပြင် မြင်ရပါတယ်။ စားသောက်ဆိုင်တန်းမှာ နေရာဦးဖို့ အတွက် စားပွဲခုံပေါ်မှာ တစ်ရှူးထုပ် ကလေးတွေ တန်းစီပြီး ချထားတာကို မြင်ရတတ် ပါတယ်။ စားစရာ သွားမဝယ်ခင် လွတ်နေတဲ့ ခုံကို ရှာပြီး တစ်ရှူးထုပ်ချ နေရာဦးတတ် ပါတယ်။ တစ်ရှူးထုပ် အစား ထီးတို့ ပိုက်ဆံအိတ်တို့ ဖုန်းတို့ ချပြီး နေရာဦးခဲ့ရင် သူများ ခိုးရင် ပါသွားမှာမို့၊ နေရာလည်း ဦးရ၊ ခိုးသွားရင်လည်း တစ်ရှူးထုပ်က ပြားဂဏန်းပဲ တန်တာမို့ ပြဿနာ မရှိ ဆိုတော့ ထပ်ဆင့် ကရားဆူးတဲ့ နည်းပါ။
ဘတ်စ်ကား စီးရင်လည်း ကရားဆူးတဲ့ အမူအကျင့်တွေကို တွေ့ရပါတယ်။ ပြန်ဆင်းတဲ့ အချိန် ဆင်းရ လွယ်အောင် အထဲ မဝင်ဘဲ အပေါက်ဝမှာ ပြုံရပ်နေတာမျိုးပါ။ မြန်မာပြည်လို အလယ်ခေါင်မှာ ဆင်နှစ်ကောင် ဖင်ထောင်ကလို့ ရတယ် ပြောတတ်တဲ့ စပယ်ယာတွေလည်း မရှိ ဒတ်စတော့ အုပ်မယ့် ဒရိုင်ဘာလည်း မရှိတော့ အထဲကို မဝင်ကြပါဘူး။ တစ်ခါတစ်လေ မှတ်တိုင်မှာ ဘတ်စ်ကားပေါ် တက်ချင်တဲ့သူတွေ တစ်အုပ်ကြီး ရှိပေမယ့် အပေါက်ဝက လူတွေက အထဲ မဝင်တော့ ကားပေါ် တက်လို့ မရပါဘူး။ အလယ်ခေါင် ချောင်တဲ့ နေရာကို တိုးပြီး လမ်းပေါက်ကို ဖွင့်မပေးပဲ အပေါက်ဝ မှာပဲ ကားပေါ်တက်မယ့်သူတွေ ရှိနေတာကို မသိချင်ယောင် ဆောင်နေတတ်ကြ ပါတယ်။ အဲဒါအပြင် နှစ်ယောက်ထိုင် ခုံမှာ ဝင်ထိုင် ကြရင်လည်း ပြတင်းပေါက်နား ကပ်မထိုင်ဘဲ ဆင်းလို့လွယ်အောင် လူသွားလမ်းဘေးက ခုံမှာ ကပ်ထိုင်ကြ ပါတယ်။ အားလုံးနီးပါး အဲဒီလို ထိုင်နေကြတော့ နောက်ထပ် ထိုင်ချင်တဲ့သူတွေ အလွယ်တကူ ဝင်ထိုင်မရဘဲ ကသိကအောက် ဖြစ်ရပါတယ်။
ဘတ်စ်ကားစီးတဲ့ သူတွေတင် ကရားဆူးကြတာ မဟုတ်ပါဘူး။ ကိုယ်ပိုင်ကားစီးတဲ့ သူတွေလည်း ကရားဆူးကြပါတယ်။ စင်ကာပူမှာ တော်ရုံတန်ရုံလူ ကိုယ်ပိုင်ကား မစီးနိုင်ပါဘူး။ မြန်မာ မီနီဆလွန်းလို့ ခေါ်ကြတဲ့ ချယ်ရီ ကျူကျူတစ်စင်းတောင် အခုပေါက်ဈေးနဲ့ ဒေါ်လာ ၈ သောင်းကျော် ရှိပါတယ်။ ဒါလည်း တသက်လုံး စီးလို့ ရတာ မဟုတ်ပါဘူး။ ၁၀ နှစ်ပဲ စီးလို့ ရတာပါ။ ကားကို အဆင့်အတန်း တစ်ခု အနေနဲ့ အဲဒီလောက် ဈေးကြီးပေးဝယ်စီး ပေမယ့် ကားနဲ့ ပတ်သက်ရင် ချစ်တီးကျ ကြပြန်ပါတယ်။ စင်ကာပူကနေ မလေးရှားကို သွားတဲ့ ဟိုင်းဝေးလမ်းပေါ်မှာ ဆီတိုင်ကီထဲမှာ ဆီ ၄ ပုံ ၃ ပုံ မရှိရင် ဒဏ်ရိုက်မယ် ဆိုတဲ့ ဆိုင်းဘုတ်တွေ ရှိပါတယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဘက် မလေးနိုင်ငံသား အင်ဂျင်နီယာ တစ်ယောက်က မလေးရှားမှာ အစိုးရက အထောက်အပံ့ ပေးထားတဲ့ အတွက် ဆီဖိုးက စင်ကာပူ ထက်စာရင် အများကြီး သက်သာတယ်။ အဲဒါကြောင့် မလေးရှားမှာ ဆီလာထည့်ကြလွန်းလို့ အဲဒီလို လုပ်ထားတာလို့ ပြောပြ ပါတယ်။ နောက်ပိုင်းတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရယ်စရာ အဖြစ်တွေ အများကြီး ကြားရ ပါတယ်။
စလုံးတွေ မလေးရှားမှာ ဆီထည့်ရင် ကားထဲကို ဆီ များနိုင်သမျှ များများ ဝင်အောင် ကားကို လှုပ်ကြ ပါတယ်။ စောင်းကြပါတယ်။ ကားကို လှုပ်လိုက်လို့ စောင်းလိုက်လို့ ဆီ ဘယ်လောက် ထပ်ထည့်လို့ ရမလဲတော့ မပြောတတ်ပါဘူး။ ဒါပေမယ့် ပြောပလောက်တဲ့ ပမာဏ မဟုတ်တာတော့ သေချာပါတယ်။ နောက်တော့ အကြံ အဖန်တွေ လုပ်ကြပါတယ်။ ဆီဂေ့ချ်ကို ပြင်ကြတာပါ။ ဆီဂေ့ချ်ပြင်ထားတဲ့ ကားမှာ ခလုတ် အပိုတစ်ခု ပါပါတယ်။ ကပ်စတန် ဖြတ်ခါနီး အဲဒီ ခလုတ်ကို နှိပ်လိုက်ရင် ဆီဂေ့ချ်က အပြည့်နီးပါး ပြောင်းသွားတာပါ။ နောက်ပြန်ဖြုတ်လိုက်ရင် ပုံမှန် ပြန်ဖြစ်သွားပါတယ်။ အခုနောက်ပိုင်းတော့ အဲဒီ ဆီဂေ့ချ် ပြင်တာတွေ့ရင် ချက်ချင်း ဖမ်းချုပ်တာမို့ သိပ်မလုပ်ရဲကြ တော့ပါဘူး။
နောက်တစ်ခုက စင်ကာပူမှာ အီးအာရ်ပီ လို့ ခေါ်တဲ့ အီလက်ထရွန်းနစ် လမ်းကြေးကောက်တဲ့ ဂိတ်တံခါးတွေ ရှိပါတယ်။ မြို့ထဲအဝင်လမ်းတွေနဲ့ ဟိုင်းဝေး လမ်းမတွေပေါ်မှာ တပ်ထားလေ့ ရှိပြီး အဲဒီအောက်က ဖြတ်မောင်းသွားတဲ့ ကားတွေကို လမ်းကြေးဖြတ် ပါတယ်။ ပုံမှန်ဆိုရင် ရုံးတက် ရုံးဆင်းချိန်တွေမှာ ကောက်လေ့ ရှိပြီး ညနေဖက် ဆိုရင် ၈ နာရီ ၉ နာရီ အထိ ကောက်လေ့ ရှိပါတယ်။ အီးအာရ်ပီ ဂိတ်က ည ၈ နာရီ ပိတ်တယ် ဆိုရင် ကားအတော်များများက ၈နာရီ မထိုးခင် အီးအာရ်ပီနဲ့ မနီးမဝေးမှာ မယောင်မလည် ရပ်စောင့်နေလေ့ ရှိကြပါတယ်။ ၈ နာရီ ထိုးလို့ ဂိတ်ပိတ်သွားပြီ ဆိုမှ အဲဒီဂိတ်ကို ဖြတ်ကြပါတယ်။ တစ်ခါတော့ ဖေ့စ်ဘွတ်ခ်ထဲ မိတ်ဆွေ တစ်ယောက် ဝေမျှ ထားတဲ့ ပုံတစ်ပုံကို တွေ့လိုက်ရပါတယ်။ အဲဒီပုံမှာ အီးအာရ်ပီ ဂိတ်နဲ့ အဲဒီ အရှေ့မှာ ရပ်စောင့်နေတဲ့ သိန်းပေါင်းများစွာတန်တဲ့ ဇိမ်ခံကားတစ်စင်းရဲ့ ပုံကို ရိုက်ပြထားပြီး အောက်မှာတော့ "အော်။ ငါ့လို ကားအစုတ် စီးတဲ့သူပဲ ဒီ ၂ ဒေါ်လာ လောက်ကို နှမြော တတ်တယ် မှတ်တာ။ ဒီလို ဇိမ်ခံကား စီးတဲ့ကောင်တွေလည်း ငါ့လိုပါပဲလား။ အတော် ကရားဆူးကြတယ်။" လို့ ရေးထားတာပါ။ သူ့ရဲ့စာကို ဖတ်ပြီး ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်လိုက်မိ ပါတော့တယ်။

ပေါက်တတ်ကရ,
အတွေ့အကြုံ
Saturday, October 22, 2011
ကျောင်းတော်ကြီးရဲ့ နေ့စွဲများ
ပေါ်လီက ကျောင်းပြီးသွားတာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိနေပေမယ့် စာအုပ်ငှားဖို့တော့ ကျောင်းကို အမြဲလိုလို ရောက် ဖြစ်ပါတယ်။ ကျောင်းထဲကို ပြန်ရောက်တော့လည်း အရင်တုန်းက ဒီနေရာမှာ ဘယ်လို ဖြစ်ခဲ့တယ် ဟိုနေရာမှာ ဘယ်လို ဖြစ်ခဲ့တယ် ဆိုတာတွေက ခေါင်းထဲမှာ အမြဲ ပေါ်လာတတ် စမြဲ ပါ။ ကျောင်းထဲရောက်ရင် ကျောင်းသားဘဝက ကြုံခဲ့ဖူးတဲ့ ရယ်စရာ မောစရာတွေကို ပြန်သတိ ရတတ် ပါတယ်။
အမ်အာရ်တီရထား ဘူတာရုံကနေ ကျောင်းထဲ စဝင်လိုက်ရင် အော်ဒီတိုးရီးယမ်းနဲ့ ကွန်ဗန်းရှင်း စင်တာ ရှိပါတယ်။ အဲဒီကနေ တည့်တည့် ဆက်လျှောက်ရင်တော့ မက္ကင်နီကယ် ဌာနက အဆောင်တွေ ဆီကို ရောက်ပါတယ်။ အရင်တုန်း ကတော့ အဲဒီ မက္ကင်နီကယ် ဌာနရဲ့ မြေညီထပ် Lab တွေရဲ့ အနားမှာ ပစ္စည်းထည့်တဲ့ လော့ကာတွေ ထားပါတယ်။ အဲဒီနေရာနား ရောက်တော့ ကျောင်းတုန်းက သူငယ်ချင်း နှစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြန်သတိရ သွားပါတယ်။
တစ်နေ့မှာ ရန်ကုန်က ရောက်ခါစ ပထမနှစ် တက်နေတဲ့ ကျွန်တော့် သူငယ်ချင်း နှစ်ယောက် လော့ကာတွေ ထားတဲ့အနားကို ရောက်သွားကြပါတယ်။ တစ်ယောက်က စမေးပါတယ်။
"ဟေ့ကောင်။ ဒါတွေက ဘာတွေလဲ မင်းသိလား။"
နောက်တစ်ယောက်ကလည်း ရန်ကုန်က ရောက်ခါစမို့ လော့ကာကို မမြင်ဖူးပါဘူး။
"မသိဘူး။ ဘာတွေလဲ။"
"မင်းမသိရင် မှတ်ထား။ တို့ကျောင်းကို လာတဲ့စာတွေကို အဲဒီပုံးတွေထဲထည့်တာကွ။"
စင်ကာပူမှာ တိုက်တွေရဲ့ မြေညီထပ် တိုင်းမှာ အဲဒီတိုက် တစ်ခုလုံးမှာ ရှိတဲ့ အခန်း တစ်ခန်းချင်းစီ အတွက် စာထည့်တဲ့ ပုံးကလေးတွေ အဆင့်လိုက် အဆင့်လိုက် ရှိပါတယ်။ ကျောင်းက လော့ကာတွေရဲ့ ပုံစံကလည်း စာတိုက်ပုံးလို အဆင့်လိုက်ပါပဲ။ အောက်က ပုံကို ကြည့်ရင် စာတိုက်ပုံးနဲ့ လော့ကာ ဘယ်လို ကွဲသလဲ ဆိုတာ မြင်ပါလိမ့်မယ်။ ဒါပေမယ့် စာထည့်တဲ့ ပုံးက တထွာလောက်ပဲ ကျယ်ပြီး လော့ကာ ကတော့ တစ်တောင်လောက် ကျယ်ပါတယ်။ အဲဒီဇာတ်လမ်းကို ကျွန်တော်တို့ ပြန်ပြီး ကြားမိတော့ စာတိုက်ပုံးနဲ့ လော့ကာကို မှားမှ မှားရက်လေခြင်း ဆိုပြီး ရယ်ကြပါတယ်။
အဲဒီမက္ကင်နီကယ် အဆောင်ကနေ ဘယ်ဘက်ကို ချိုးသွားရင် အီလက်ထရွန်းနစ် အဆောင်တွေ ရှိပါတယ်။ အီလက်ထရွန်းနစ် အဆောင်တွေရော မက္ကင်နီကယ် အဆောင်တွေပါ ရှစ်ထပ်စီ ရှိပါတယ်။ ကျွန်တော်တို့ ပုံမှန် လက်ချာ တက်နေကြ အခန်းတွေက အဲဒီ
အီလက်ထရွန်းနစ် အဆောင်မှာ အများကြီးပါ။
အဲဒီနား ရောက်တော့ စာမေးပွဲ ဖြေတဲ့ နေ့တစ်နေ့ ကို သတိရမိပါတယ်။ အဲဒီနေ့က စာမေးပွဲ ပြီးတဲ့အချိန်မှာ ကျွန်တော် အန္တရာယ်ကို မလွယ်နိုင်တော့ ပါဘူး။ အပေါ့သွားချင်တာ အောင့်ထားလို့ မရတာနဲ့ အိမ်သာကို ပြေးခဲ့ပါတယ်။ အိမ်သာထဲ ရောက်သွားတော့ စိတ်ထဲမှာ အတော် ထူးခြားနေတယ် ဆိုတာ သိလိုက်ပါတယ်။ ယောက်ျားလေးတွေ မတ်တပ်ရပ် အပေါ့သွားတဲ့ ခွက်မျိုး မရှိလို့ပါ။ ကျောင်းက အတော် ညံ့တာပဲလို့ စိတ်ထဲမှာ ကျိန်ဆဲရင်း အခန်းထဲ ဝင်ပြီးတော့ပဲ ကိစ္စပြီး လိုက်ပါတယ်။ အိမ်သာခန်းထဲက ပြန်ထွက်လာတော့ ကျွန်တော် နည်းနည်း ဇဝေဇဝါ ဖြစ်သွားပါတယ်။ အိမ်သာထဲကို မိန်းကလေး တစ်ယောက် ဝင်လာတာ တွေ့လိုက်ရ လို့ပါ။ ဒီကောင်မလေး ယောက်ျားလေး အိမ်သာထဲ ဘာဝင်လုပ် တာလဲ လို့ စိတ်ထဲက တွေးလိုက်မိ ပါတယ်။ ကောင်မလေးကလည်း ကျွန်တော့်ကို ကြောင်ပြီး ကြည့်နေ ပါတယ်။ ကျွန်တော် သူ့ဘေးကနေ ဖြတ်ပြီး အပြင်ထွက်လိုက်တော့မှ အိမ်သာမှားဝင်တာ သူမဟုတ်ဘဲ ကျွန်တော်ဆိုတာ သိလိုက် ရပါတယ်။
တကယ်တော့ ဒီလိုပါ။ ပုံမှန် အနေနဲ့တော့ ကျွန်တော်တို့ ကျောင်းမှာ ယောက်ျားလေးသုံး အိမ်သာနဲ့ မိန်းကလေးသုံး အိမ်သာကို တထပ်ခြားစီ ထားပါတယ်။ ၁ ထပ်က ယောက်ျားလေး အိမ်သာ ဆိုရင်၊ ၂ ထပ်က မိန်းကလေးအိမ်သာ၊ ၃ ထပ်က ယောက်ျားလေး အိမ်သာ အဲဒီလို ပုံစံမျိုးပါ။ ကျွန်တော်တို့ လက်ချာ တက်တဲ့ အထပ်တိုင်းက တိုက်တိုက်ဆိုင်ဆိုင် ယောက်ျားလေး အိမ်သာ ရှိတဲ့ အထပ်တွေ ဖြစ်နေပါတယ်။ အဲဒီနေ့က စာမေးပွဲ ဖြေတော့ လက်ချာ တက်တဲ့ အထပ်မှာ မဟုတ်ဘဲ အခြား အထပ်တစ်ခုမှာ ဖြေရပါတယ်။ ဒါပေမယ့် ဒီအဆောင် ဒီအထပ်မှာ ယောက်ျားလေး အိမ်သာ ရှိတယ် ဆိုတာ စိတ်ထဲ စွဲနေတော့ မိန်းကလေးအိမ်သာထဲ မှားဝင်မိသွားတာပါ။ကံကောင်းတယ်လို့ ပြောရပါမယ်။ မိန်းကလေး အိမ်သာထဲဝင်မိတာ ကျောင်းမှာ ရုံးခန်း ရောက်လောက်တဲ့ အထိ အပြစ်ကြီးတယ် ဆိုတာ နောက်မှ ပြန်ကြားမိ ပါတယ်။
အဲဒီ အီလက်ထရွန်းနစ် အဆောင်ကနေ ညာဘက်ကို ဆက်သွားရင် ကျွန်တော်တို့ မြန်မာတွေ စုရပ် ဖြစ်တဲ့ Food Court 3 ရှိပါတယ်။အဲဒီ ဖုကုတ်ဒ်က နေ ဘယ်ဘက်ကို ချိုးပြီး ဆက်သွားရင် လိုင်ဘရီကို ရောက်ပါပြီ။ လိုင်ဘရီ ပတ်ဝန်းကျင်မှာလည်း စာသင်ခန်းတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် ညနေပိုင်း အချိန်ပိုင်း ကျောင်းသား အများစု အဲဒီ စာသင်ခန်းတွေမှာ တက်ကြတာ များပါတယ်။ အဲဒီ စာသင်ခန်းတွေ မြင်တော့ ခေါင်းထဲမှာ နောက်ထပ် ရယ်စရာ အဖြစ်အပျက် တစ်ခုက ပေါ်လာပြန်ပါတယ်။
တစ်နေ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ပြောပါတယ်။
"ဟေ့ကောင်တွေ။ ငါလျို့ဝှက်ချက် တစ်ခု တွေ့ထားတယ်။"
"ဘာလဲ။"
"ငါတို့ကျောင်းမှာ ညနေဆိုရင် ဘူဖေးကျွေးတယ်ကွ။"
"ဟာဗျာ။ ပေါက်ပေါက်ရှာရှာ။ ဘယ်သူက ကျွေးမှာလဲ။"
"ငါ ဟိုတစ်နေ့က ကျောင်းမှာ နည်းနည်း မိုးချုပ် သွားတယ်။ အိမ်ပြန်တော့ လိုင်ဘရီနားက အဆောင်မှာ ဘူဖေးပြင်ထားတာ တွေ့တယ်ကွ။ ကော်ဖီတွေရော၊ မုန့်တွေရော အများကြီးပဲ။ အဲဒါနဲ့ ငါလည်း ပေါက်စီ တစ်ထုပ် နှိုက်လာခဲ့တယ်။ အိမ်မှာ ရေခဲသေတ္တာထဲ ထည့်စားတာ တော်တော်နဲ့ မကုန်ဘူးကွ။"
သူပြောတာ ကြားတော့ ကျွန်တော်တို့ ဟက်ဟက်ပက်ပက် ရယ်ကြပါတယ်။အမှန်တော့ ဒီလို ဖြစ်တာပါ။ ညနေပိုင်း ကျောင်းသား အားလုံးနီးပါးဟာ အလုပ်က တန်းပြီး ကျောင်းကို ပြေးလာရတာမို့ သူတို့မှာ ညနေစာ စားဖို့ အချိန်နည်းနေပါတယ်။ အဲဒါကြောင့် သူတို့ စားဖို့ မုန့်တွေကို Food Court မှာ အော်ဒါမှာ ထားကြပါတယ်။ ဖုကုတ်ဒ်က မုန့်ရောင်းတဲ့ သူက သူတို့ မှာထားတဲ့ အခန်းရဲ့ အပြင်ဘက်က စားပွဲတွေမှာ အစားအသောက်တွေကို လာပြီး ပြင်ထားပေး ပါတယ်။ သူတို့ကတော့ အားလပ်ချိန် ရတဲ့အခါမှာ အပြင် ထွက်ပြီး အဲဒီ အစာအသောက်တွေကို စားကြတာပါ။ အဲဒါကို ကျွန်တော်တို့ သူငယ်ချင်းက အစားအသောက်တွေ ဘူဖေးပုံစံ ပြင်ထားတာ မြင်လို့ ဘူဖေးကျွေးနေတာပဲ ဆိုပြီး ဝင်ကြိတ်ခဲ့ရုံမကဘဲ ပါဆယ်ပါ ဆွဲလာခဲ့တာပါ။ ဟိုကျောင်းသားတွေတော့ အားလပ်ချိန်မှာ စားစရာ မရှိရင် သူ့ကို ကောင်းကောင်း မေတ္တာပို့နေကြမှာပဲ လို့ တွေးလိုက်မိပါတယ်။ သူကိုယ်တိုင်လည်း နောက်တော့မှ အဖြစ်မှန်ကို သဘောပေါက်သွားပါတော့တယ်။
အမ်အာရ်တီရထား ဘူတာရုံကနေ ကျောင်းထဲ စဝင်လိုက်ရင် အော်ဒီတိုးရီးယမ်းနဲ့ ကွန်ဗန်းရှင်း စင်တာ ရှိပါတယ်။ အဲဒီကနေ တည့်တည့် ဆက်လျှောက်ရင်တော့ မက္ကင်နီကယ် ဌာနက အဆောင်တွေ ဆီကို ရောက်ပါတယ်။ အရင်တုန်း ကတော့ အဲဒီ မက္ကင်နီကယ် ဌာနရဲ့ မြေညီထပ် Lab တွေရဲ့ အနားမှာ ပစ္စည်းထည့်တဲ့ လော့ကာတွေ ထားပါတယ်။ အဲဒီနေရာနား ရောက်တော့ ကျောင်းတုန်းက သူငယ်ချင်း နှစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြန်သတိရ သွားပါတယ်။
တစ်နေ့မှာ ရန်ကုန်က ရောက်ခါစ ပထမနှစ် တက်နေတဲ့ ကျွန်တော့် သူငယ်ချင်း နှစ်ယောက် လော့ကာတွေ ထားတဲ့အနားကို ရောက်သွားကြပါတယ်။ တစ်ယောက်က စမေးပါတယ်။
"ဟေ့ကောင်။ ဒါတွေက ဘာတွေလဲ မင်းသိလား။"
နောက်တစ်ယောက်ကလည်း ရန်ကုန်က ရောက်ခါစမို့ လော့ကာကို မမြင်ဖူးပါဘူး။
"မသိဘူး။ ဘာတွေလဲ။"
"မင်းမသိရင် မှတ်ထား။ တို့ကျောင်းကို လာတဲ့စာတွေကို အဲဒီပုံးတွေထဲထည့်တာကွ။"
စင်ကာပူမှာ တိုက်တွေရဲ့ မြေညီထပ် တိုင်းမှာ အဲဒီတိုက် တစ်ခုလုံးမှာ ရှိတဲ့ အခန်း တစ်ခန်းချင်းစီ အတွက် စာထည့်တဲ့ ပုံးကလေးတွေ အဆင့်လိုက် အဆင့်လိုက် ရှိပါတယ်။ ကျောင်းက လော့ကာတွေရဲ့ ပုံစံကလည်း စာတိုက်ပုံးလို အဆင့်လိုက်ပါပဲ။ အောက်က ပုံကို ကြည့်ရင် စာတိုက်ပုံးနဲ့ လော့ကာ ဘယ်လို ကွဲသလဲ ဆိုတာ မြင်ပါလိမ့်မယ်။ ဒါပေမယ့် စာထည့်တဲ့ ပုံးက တထွာလောက်ပဲ ကျယ်ပြီး လော့ကာ ကတော့ တစ်တောင်လောက် ကျယ်ပါတယ်။ အဲဒီဇာတ်လမ်းကို ကျွန်တော်တို့ ပြန်ပြီး ကြားမိတော့ စာတိုက်ပုံးနဲ့ လော့ကာကို မှားမှ မှားရက်လေခြင်း ဆိုပြီး ရယ်ကြပါတယ်။
![]() |
| စာတိုက်ပုံးနှင့် လော့ကာ |
အဲဒီနား ရောက်တော့ စာမေးပွဲ ဖြေတဲ့ နေ့တစ်နေ့ ကို သတိရမိပါတယ်။ အဲဒီနေ့က စာမေးပွဲ ပြီးတဲ့အချိန်မှာ ကျွန်တော် အန္တရာယ်ကို မလွယ်နိုင်တော့ ပါဘူး။ အပေါ့သွားချင်တာ အောင့်ထားလို့ မရတာနဲ့ အိမ်သာကို ပြေးခဲ့ပါတယ်။ အိမ်သာထဲ ရောက်သွားတော့ စိတ်ထဲမှာ အတော် ထူးခြားနေတယ် ဆိုတာ သိလိုက်ပါတယ်။ ယောက်ျားလေးတွေ မတ်တပ်ရပ် အပေါ့သွားတဲ့ ခွက်မျိုး မရှိလို့ပါ။ ကျောင်းက အတော် ညံ့တာပဲလို့ စိတ်ထဲမှာ ကျိန်ဆဲရင်း အခန်းထဲ ဝင်ပြီးတော့ပဲ ကိစ္စပြီး လိုက်ပါတယ်။ အိမ်သာခန်းထဲက ပြန်ထွက်လာတော့ ကျွန်တော် နည်းနည်း ဇဝေဇဝါ ဖြစ်သွားပါတယ်။ အိမ်သာထဲကို မိန်းကလေး တစ်ယောက် ဝင်လာတာ တွေ့လိုက်ရ လို့ပါ။ ဒီကောင်မလေး ယောက်ျားလေး အိမ်သာထဲ ဘာဝင်လုပ် တာလဲ လို့ စိတ်ထဲက တွေးလိုက်မိ ပါတယ်။ ကောင်မလေးကလည်း ကျွန်တော့်ကို ကြောင်ပြီး ကြည့်နေ ပါတယ်။ ကျွန်တော် သူ့ဘေးကနေ ဖြတ်ပြီး အပြင်ထွက်လိုက်တော့မှ အိမ်သာမှားဝင်တာ သူမဟုတ်ဘဲ ကျွန်တော်ဆိုတာ သိလိုက် ရပါတယ်။
တကယ်တော့ ဒီလိုပါ။ ပုံမှန် အနေနဲ့တော့ ကျွန်တော်တို့ ကျောင်းမှာ ယောက်ျားလေးသုံး အိမ်သာနဲ့ မိန်းကလေးသုံး အိမ်သာကို တထပ်ခြားစီ ထားပါတယ်။ ၁ ထပ်က ယောက်ျားလေး အိမ်သာ ဆိုရင်၊ ၂ ထပ်က မိန်းကလေးအိမ်သာ၊ ၃ ထပ်က ယောက်ျားလေး အိမ်သာ အဲဒီလို ပုံစံမျိုးပါ။ ကျွန်တော်တို့ လက်ချာ တက်တဲ့ အထပ်တိုင်းက တိုက်တိုက်ဆိုင်ဆိုင် ယောက်ျားလေး အိမ်သာ ရှိတဲ့ အထပ်တွေ ဖြစ်နေပါတယ်။ အဲဒီနေ့က စာမေးပွဲ ဖြေတော့ လက်ချာ တက်တဲ့ အထပ်မှာ မဟုတ်ဘဲ အခြား အထပ်တစ်ခုမှာ ဖြေရပါတယ်။ ဒါပေမယ့် ဒီအဆောင် ဒီအထပ်မှာ ယောက်ျားလေး အိမ်သာ ရှိတယ် ဆိုတာ စိတ်ထဲ စွဲနေတော့ မိန်းကလေးအိမ်သာထဲ မှားဝင်မိသွားတာပါ။ကံကောင်းတယ်လို့ ပြောရပါမယ်။ မိန်းကလေး အိမ်သာထဲဝင်မိတာ ကျောင်းမှာ ရုံးခန်း ရောက်လောက်တဲ့ အထိ အပြစ်ကြီးတယ် ဆိုတာ နောက်မှ ပြန်ကြားမိ ပါတယ်။
အဲဒီ အီလက်ထရွန်းနစ် အဆောင်ကနေ ညာဘက်ကို ဆက်သွားရင် ကျွန်တော်တို့ မြန်မာတွေ စုရပ် ဖြစ်တဲ့ Food Court 3 ရှိပါတယ်။အဲဒီ ဖုကုတ်ဒ်က နေ ဘယ်ဘက်ကို ချိုးပြီး ဆက်သွားရင် လိုင်ဘရီကို ရောက်ပါပြီ။ လိုင်ဘရီ ပတ်ဝန်းကျင်မှာလည်း စာသင်ခန်းတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် ညနေပိုင်း အချိန်ပိုင်း ကျောင်းသား အများစု အဲဒီ စာသင်ခန်းတွေမှာ တက်ကြတာ များပါတယ်။ အဲဒီ စာသင်ခန်းတွေ မြင်တော့ ခေါင်းထဲမှာ နောက်ထပ် ရယ်စရာ အဖြစ်အပျက် တစ်ခုက ပေါ်လာပြန်ပါတယ်။
တစ်နေ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ပြောပါတယ်။
"ဟေ့ကောင်တွေ။ ငါလျို့ဝှက်ချက် တစ်ခု တွေ့ထားတယ်။"
"ဘာလဲ။"
"ငါတို့ကျောင်းမှာ ညနေဆိုရင် ဘူဖေးကျွေးတယ်ကွ။"
"ဟာဗျာ။ ပေါက်ပေါက်ရှာရှာ။ ဘယ်သူက ကျွေးမှာလဲ။"
"ငါ ဟိုတစ်နေ့က ကျောင်းမှာ နည်းနည်း မိုးချုပ် သွားတယ်။ အိမ်ပြန်တော့ လိုင်ဘရီနားက အဆောင်မှာ ဘူဖေးပြင်ထားတာ တွေ့တယ်ကွ။ ကော်ဖီတွေရော၊ မုန့်တွေရော အများကြီးပဲ။ အဲဒါနဲ့ ငါလည်း ပေါက်စီ တစ်ထုပ် နှိုက်လာခဲ့တယ်။ အိမ်မှာ ရေခဲသေတ္တာထဲ ထည့်စားတာ တော်တော်နဲ့ မကုန်ဘူးကွ။"
သူပြောတာ ကြားတော့ ကျွန်တော်တို့ ဟက်ဟက်ပက်ပက် ရယ်ကြပါတယ်။အမှန်တော့ ဒီလို ဖြစ်တာပါ။ ညနေပိုင်း ကျောင်းသား အားလုံးနီးပါးဟာ အလုပ်က တန်းပြီး ကျောင်းကို ပြေးလာရတာမို့ သူတို့မှာ ညနေစာ စားဖို့ အချိန်နည်းနေပါတယ်။ အဲဒါကြောင့် သူတို့ စားဖို့ မုန့်တွေကို Food Court မှာ အော်ဒါမှာ ထားကြပါတယ်။ ဖုကုတ်ဒ်က မုန့်ရောင်းတဲ့ သူက သူတို့ မှာထားတဲ့ အခန်းရဲ့ အပြင်ဘက်က စားပွဲတွေမှာ အစားအသောက်တွေကို လာပြီး ပြင်ထားပေး ပါတယ်။ သူတို့ကတော့ အားလပ်ချိန် ရတဲ့အခါမှာ အပြင် ထွက်ပြီး အဲဒီ အစာအသောက်တွေကို စားကြတာပါ။ အဲဒါကို ကျွန်တော်တို့ သူငယ်ချင်းက အစားအသောက်တွေ ဘူဖေးပုံစံ ပြင်ထားတာ မြင်လို့ ဘူဖေးကျွေးနေတာပဲ ဆိုပြီး ဝင်ကြိတ်ခဲ့ရုံမကဘဲ ပါဆယ်ပါ ဆွဲလာခဲ့တာပါ။ ဟိုကျောင်းသားတွေတော့ အားလပ်ချိန်မှာ စားစရာ မရှိရင် သူ့ကို ကောင်းကောင်း မေတ္တာပို့နေကြမှာပဲ လို့ တွေးလိုက်မိပါတယ်။ သူကိုယ်တိုင်လည်း နောက်တော့မှ အဖြစ်မှန်ကို သဘောပေါက်သွားပါတော့တယ်။
Labels:
စင်ကာပူ,
ပေါက်တတ်ကရ,
ဟာသ
Friday, May 6, 2011
ကံဆိုးခြင်းဟာ ကံကောင်းခြင်းရဲ့ အစဖြစ်နိုင်ပါတယ်
ကံကောင်းချင်တော့ တောသားတစ်ယောက်ဟာ လေယာဉ်ပျံ စီးခွင့် ကြုံလာပါတယ်။
ကံဆိုးချင်တော့ သူစီးလာတဲ့ လေယာဉ်ပျံက ပျက်ကျပါတယ်။
ကံကောင်းချင်တော့ သူ့အတွက် လေထီးပါလာပါတယ်။
ကံဆိုးချင်တော့ လေထီးက မပွင့်ပါဘူး။
ကံကောင်းချင်တော့ မြေကြီးပေါ်မှာ ကောက်ရိုးပုံကြီး အကြီးကြီး တစ်ခု ရှိနေပါတယ်။
ကံဆိုးချင်တော့ ကောက်ရိုးပုံကြီးရဲ့ အလယ်မှာ သံချွန်ကြီး တစ်ချောင်း ထောင်နေပါတယ်။
ကံကောင်းချင်တော့ သူကျတဲ့ အချိန်မှာ သံချွန်နဲ့ လွဲသွားပါတယ်။
ကံဆိုးချင်တော့ ကောက်ရိုးပုံနဲ့ပါ လွဲသွားပါတယ်။
အဲဒါကတော့ ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးပြီး မှတ်မိနေတဲ့ ကာတွန်းဆရာ ငွေကြည်ရဲ့ဟာသ တစ်ခုပါ။ ကံဆိုးတယ် ကံကောင်းတယ် ဆိုတာတွေ ပြောတာကြားရရင် အဲဒီဟာသကို သွားပြီး သတိရတတ်ပါတယ်။
လူတစ်ယောက်ရဲ့ ဘဝမှာ ကံကောင်းခြင်း ကံဆိုးခြင်းတွေဟာ အမြဲတမ်း ဒွန်တွဲပြီး ရှိနေတတ် ပါတယ်။ ကံဆိုတာ လူလုပ်သမျှလို့ ဆိုပေမယ့်လည်း လူတစ်ယောက် အတွက် အတိတ်ကံ၊ အခုကံ၊ လူ့ကံ၊ ဝကံ တွေရှိနေတယ် ဆိုတာတော့ ကျွန်တော့် အတွက် ငြင်းစရာ မရှိသေးပါဘူး။ တစ်ခါတစ်လေ ကိုယ်ဖြစ်ချင်တာကို ဖြစ်ခွင့်မရလိုက်တဲ့ အတွက် ကံဆိုးတယ်လို့ ထင်ရပေမယ့်လည်း အဲဒီကံဆိုးခြင်းဟာ ကံကောင်းခြင်းရဲ့ အစ ဖြစ်ရင် ဖြစ်နေတတ်ပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကပါ။ ကျွန်တော့် ဦးလေးတစ်ယောက် သင်္ဘောတက်ဖို့ စောင့်ရင်း စင်ကာပူက မိတ်ဆွေ တစ်ယောက် အိမ်မှာ သောင်တင်နေ ပါတယ်။ တစ်နေ့တော့ သူနေတဲ့အိမ်မှာ မျှော်လင့်မထားတဲ့ သူတစ်ယောက်နဲ့ ဆုံလိုက်ရပါတယ်။ ရန်ကုန်က နာမည် အတန်အသင့် ရှိတဲ့ အဆိုတော် တစ်ယောက်ပါ။ အဲဒီ အဆိုတော်ဟာ စင်ကာပူမှာ အလုပ်လာရှာတာ မရလို့ စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။ နောက်တော့ သူ အလုပ်မရဘဲ မြန်မာပြည်ကို ပြန်သွားခဲ့ပါတယ်။ စင်ကာပူမှာ အလုပ်လာရှာတာ မရဘဲ ပြန်သွားရတဲ့ အတွက် အဲဒီအချိန်ကတော့ သူ့ဘာသာ ကံဆိုးတယ်လို့ ထင်ရင် ထင်မိမှာပါ။ ဒါကတော့ ကာယကံရှင်ပဲ သိပါလိမ့်မယ်။ ဒါပေမယ့် စင်ကာပူမှာ အလုပ် မရခဲ့တာက သူ့အတွက် ကံကောင်းခြင်းရဲ့ အစပါပဲ။ စင်ကာပူက ပြန်သွားပြီး မကြာခင်မှာ သူဟာ မြန်မာပြည်မှာ အအောင်မြင် အကျော်ကြားဆုံး အဆိုတော်တွေထဲက တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ (မှန်းကြည့်စမ်းပါ။ ဘယ်သူ ဖြစ်နိုင်သလဲလို့။ :-) )
အဲဒီ ဦးလေး ပြောပြခဲ့ဖူးတဲ့ နောက်ဇာတ်လမ်း တစ်ပုဒ်လည်း ရှိပါသေးတယ်။ သူတို့ သင်္ဘောလိုက်နေတဲ့ အချိန်က ကြားခဲ့တဲ့ မြန်မာ သင်္ဘောသား တစ်ယောက်ရဲ့ အဖြစ်ပါ။ အဲဒီ မြန်မာ သင်္ဘောသားဟာ နိုင်ငံ တစ်နိုင်ငံမှာ သင်္ဘောပေါ်က ခုန်ဆင်းတဲ့ အတွက် ရဲဖမ်းတာ ခံခဲ့ရပါတယ်။ သင်္ဘောပေါ်က ခုန်ဆင်းတယ် ဆိုတာ ရေထဲ ခုန်ချတာကို ပြောတာ မဟုတ်ပါဘူး။ ရှိုးဂျော့ လုပ်ဖို့ အတွက် သင်္ဘောပေါ်ကနေ တရားမဝင် ကုန်းပေါ်ကို ဆင်းပြေးတာကို ပြောတာပါ။ ဒါပေမယ့်လည်း ရဲက မိသွားတဲ့ အတွက် ဖမ်းပြီးတော့ မြန်မာပြန် ပြန်ပို့ပါတယ်။ သူ့ကို အဲဒီနိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက် လေဆိပ် အထိ လက်ထိပ်ခတ် ထားခဲ့ပြီး ဘန်ကောက် လေဆိပ် ရောက်မှ လက်ထိပ်ကို ဖြုတ်ပေးခဲ့ပါတယ်။ နိုင်ငံခြားမှာ တရားမဝင် နေလို့ ရဲ အဖမ်းခံရတာနဲ့တင် အဖြစ်က အတော် ဆိုးနေခဲ့ပါပြီ။ လေယာဉ်ပေါ်မှာ လက်ထိပ်ခတ်ပြီး အခေါ်ခံရတာကတော့ တော်တော်ကို ဆိုးရွားတဲ့ အဖြစ်လို့ ပြောလို့ ရနိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကံကြမ္မာက အဆိုးဘက်ကိုချည်း ဦးတည်သွားတာ မဟုတ်ပါဘူး။ မြန်မာပြည် ပြန်ရောက်လို့ အနုပညာလောကထဲမှာ ကျင်လည်ပြီး တစ်ချိန်မှာတော့ သူဟာ စူပါတန်းဝင် ရုပ်ရှင်မင်းသား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ (အိမ်း.. ဘယ်သူများ ဖြစ်မလဲကွဲ့။ :D )
အောင်မြင် ကျော်ကြားတဲ့ ရုပ်ရှင်မင်းသား အဆိုတော်ဖြစ်လာတာ စန်းရှိမှ ဖြစ်နိုင်တယ်လို့ ပြောရင်လည်း ရပါတယ်။ ဒါပေမယ့်လည်း ကံဆိုးတယ်လို့ ဆိုနိုင်တဲ့ အခြေအနေကနေ ကြိုးစားလို့ ထိပ်ဆုံး ရောက်ခဲ့သူတွေလည်း ရှိခဲ့ပါတယ်။ အရင်တစ်ပတ်က စင်ကာပူမှာ တတိယအကြိမ်မြောက် စာပေဟောပြောပွဲ လုပ်ခဲ့တဲ့ စင်ကာပူ ပေါ်လီတက်ခနစ်ရဲ့ ကွန်ဗန်းရှင်း စင်တာ ခန်းမကြီးထဲကို လွန်ခဲ့တဲ့ ၈ နှစ်လောက်က ကျွန်တော် ရောက်ခဲ့ပါတယ်။ တစ်အိမ်တည်း အတူနေတဲ့ သူငယ်ချင်းတွေရဲ့ ကျောင်းဆင်းပွဲကို ဧည့်သည်အနေနဲ့ လိုက်သွားခဲ့တာပါ။ အဲဒီပွဲမှာ အထူး ဧည့်သည့်တော် အဖြစ် တက်ရောက်ခဲ့တဲ့သူက အိုဆင်းမ် (Osim) ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် ရွန်ဆင်းပါ။ အိုဆင်းမ်ဆိုတာ အနှိပ်ကုလားထိုင်တွေ၊ ဝိတ်ချတဲ့ ကိရိယာတွေ ရောင်းပြီး စင်ကာပူမှာ အောင်မြင်နေတဲ့ ကုမ္ပဏီ တစ်ခုပါ။ ရွန်ဆင်းဟာ အဲဒီပွဲမှာ သူ့ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်ပြီး ပြောပြခဲ့ပါတယ်။
ရွန်ဆင်းဟာ မပြည့်စုံတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ရတဲ့ သူပါ။ သူ အထက်တန်း အောင်တော့ ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေပါတယ်။ အဲဒီအချိန်က သူဟာ စင်ကာပူ ရေတပ်မှာ တက်ခနစ်ရှင် အဖြစ် ဝင်ဖို့ စဉ်းစားတယ်လို့ ဆိုပါတယ်။ စင်ကာပူမှာ စစ်တပ်ကို အမြဲတမ်း စစ်သားအဖြစ် ဝင်မယ်လို့ လက်မှတ်ထိုးရင် ဒေါ်လာ သောင်းကျော်တဲ့ ဘောနပ်စ် ရတယ်လို့ ကြားဖူးပါတယ်။ လစာနဲ့ တခြား အခွင့်အရေးတွေလည်း ကောင်းပါတယ်။ ဒါပေမယ့် ရှစ်နှစ် ဘွန်း ထိုးရပါတယ်။ အဲဒီတော့ သူပြန် စဉ်းစားဖြစ်တာက စစ်တပ်ကို ဝင်မယ် ဆိုရင် လောလောဆယ် အခွင့်အရေး ကောင်းတာတော့ မှန်တယ်။ ဒါပေမယ့် ရှစ်နှစ်ပြည့်လို့ ပြန်ထွက်လာတဲ့ အချိန်မှာ ဆိုရင် သူ့ အသက်က ၃၀ ဝန်းကျင် လောက် ရှိနေပြီ။ အဲဒီအချိန် ရောက်မှ ဘာဆက်လုပ်ရမယ်ဆိုတာ မတွေးတတ်ဘူးလို့ သူက ပြောပါတယ်။ အဲဒါကြောင့် သူစစ်တပ်ထဲ ဝင်မယ် အကြံကို ဖျက်လိုက်ပါတယ်။
နောက်တော့ သူဟာ စင်ကာပူ ပေါ်လီမှာ ကျောင်းတက်ဖို့ ကြံပြီး ကျောင်းဝင်ခွင့် လျှောက်ပါတယ်။ သူ့ရဲ့ အမှတ်က သိပ်မကောင်းတာမို့ စင်ကာပူ ပေါ်လီက သူ့ကို လက်မခံခဲ့ပါဘူး။ ကျောင်းဝင်ခွင့် မရတဲ့ အတွက် သူဟာ တခြား အလုပ်တွေလုပ်ပြီး ပိုက်ဆံရှာခဲ့ပါတယ်။ အဲဒီ အလုပ်ထဲမှာ ဆောက်လုပ်ရေး အလုပ်သမား အလုပ်ကနေ စပြီး အာမခံ ကိုယ်စားလှယ်၊ စွယ်စုံကျမ်း အရောင်းသမား အထိ အစုံပါပါတယ်။ နောက်ငါးနှစ် အကြာမှာတော့ သူဟာ ကုမ္ပဏီတစ်ခုကို ကိုယ်ပိုင် ထူထောင်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီ ကုမ္ပဏီဟာ ၅ နှစ်ကျော် အကြာမှာတော့ စီးပွားပျက်ကပ်နဲ့ ကြုံပြီး ပျက်ခဲ့ရပါတယ်။ ကုမ္ပဏီ ပျက်ပေမယ့်လည်း သူဟာ စိတ်မလျှော့ခဲ့ပါဘူး။ နောက်ထပ် ကုမ္ပဏီ တစ်ခုကို ပြန်ထောင်ပြီး အလုပ်ဆက်လုပ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အိုဆင်း ဆိုတဲ့ ကုမ္ပဏီဟာ ကျန်းမာရေး ကိုယ်ခန္ဓာ ကြံ့ခိုင်ရေးနဲ့ ဆိုင်တဲ့ ကုန်ပစ္စည်းတွေနဲ့ စင်ကာပူမှာ အတော်ကို အောင်မြင်တဲ့ ကုမ္ပဏီ တစ်ခု အဖြစ် ရပ်တည် နေနိုင်ပါပြီ။ ရွန်ဆင်းကတော့ တစ်ချိန်တုန်းက သူ့ကို လက်မခံခဲ့တဲ့ ကျောင်းတစ်ကျောင်းရဲ့ ကျောင်းဆင်းပွဲမှာ အထူး ဧည့်သည်တော် အဖြစ် တက်ရောက်ခွင့် ရခဲ့တဲ့ အတွက် သူ့အနေနဲ့ ဂုဏ်ယူမိပါတယ် လို့ ကျွန်တော်တို့ကို ပြောသွားခဲ့ပါတယ်။
အကယ်၍ စင်ကာပူမှာ အလုပ်လာရှာတဲ့ အဆိုတော်သာ အလုပ်ရသွားခဲ့ရင် မြန်မာပြည်မှာ နာမည်ကြီး အဆိုတော် တစ်ယောက် ဖြစ်ဖို့ အခွင့်အလမ်းကို လက်လွတ်ခဲ့ရ ပါလိမ့်မယ်။ သင်္ဘောပေါ်က ခုန်ချခဲ့တဲ့ မြန်မာ သင်္ဘောသားလည်း အဖမ်း မခံရခဲ့ရင် နာမည်ကျော် ရုပ်ရှင်မင်းသား တစ်ယောက် ဖြစ်ချင်မှ ဖြစ်လာမှာပါ။ အိုဆင်းရဲ့ အမှုဆောင် အရာရှိချုပ်ဟာလည်း စင်ကာပူ ပေါ်လီမှာသာ ကျောင်းဝင်ခွင့် ရခဲ့ရင် သူ့ရဲ့ ဘဝဟာ တစ်မျိုးတစ်ဖုံ ဖြစ်လာနိုင်ပါတယ်။ သူလို ငါလို အင်ဂျင်နီယာ တစ်ယောက်ပဲ ဖြစ်ရင်လည်း ဖြစ်နေမှာပါ။ အခွင့်အလမ်းတစ်ခုကို လက်လွတ် ဆုံးရှုံးလိုက်ရတဲ့ အတွက် ဘဝဆုံး သွားတာ မဟုတ်ပါဘူး။ ဒီထက် ကောင်းတဲ့ အခွင့်အလမ်းတွေကို ရဖို့ ဖြစ်လာနိုင်ပါတယ်။ ကံဆိုးခြင်းဟာ ကံကောင်းခြင်းရဲ့ အစလည်း ဖြစ်နိုင်ပါတယ်။ အခွင့်အလမ်းကို ရလာတဲ့ အချိန်မှာ လက်လွတ်မခံဘဲ ယူတတ်ဖို့ပဲ အရေးကြီးပါတယ်။

Thursday, April 28, 2011
Development Economics အတွေးများ
ကျွန်တော် စင်ကာပူမှာ နေလာခဲ့တာ ဆယ်စုနှစ် တစ်ခုကျော် ရှိပါပြီ။ စင်ကာပူ ဆိုတာ အားလုံး သိကြတဲ့ အတိုင်း ရန်ကုန်မြို့ တစ်မြို့စာလောက်ပဲ ရှိပြီး သယံဇာတဆိုရင် ဘာဆို ဘာမှ မရှိတဲ့ နိုင်ငံပါ။ သောက်စရာ သုံးစရာ ရေကိုတောင်မှ မလေးရှားကနေ ဝယ်ပြီးသုံးနေရပါတယ်။ အဲဒီလို သဘာဝ အရင်းအမြစ် ဘာတစ်ခုမှ မရှိတဲ့ နိုင်ငံတစ်နိုင်ငံက ဘာဖြစ်လို့ ဒီလောက် အထိ တိုးတက်လာရသလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းလို့ တစေ့တစောင်း လေ့လာကြည့်ဖြစ် ပါတယ်။
စင်ကာပူကို အခုလို တိုးတက်တဲ့ နိုင်ငံ တစ်နိုင်ငံ အဖြစ် ပြောင်းလဲစေခဲ့တဲ့ အကြောင်း အချက်အလက်တွေ အများကြီး ရှိပါတယ်။ အဲဒီ အချက်တွေထဲမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ စင်ကာပူမှာ နိုင်ငံခြား ကုမ္ပဏီတွေ အများအပြား ရင်းနှီးမြှုပ်နှံ လာအောင် ကြိုးပမ်းခဲ့တာ စင်ကာပူ နိုင်ငံသားတွေရဲ့ ကြိုးစားမှု သက်သက်တော့ မဟုတ်ပါဘူး။ ဒတ်ချ်လူမျိုး စီးပွားရေး ပညာရှင် ဒေါက်တာ အဲလ်ဘတ် ဝင်းဆီးမီးယပ်စ် (Dr. Albert Winsemius) တို့လိုမျိုး နိုင်ငံခြား ပညာရှင်တွေ ရဲ့ အိုင်ဒီယာတွေလည်း အများကြီး ပါပါတယ်။
ဒေါက်တာ ဝင်းဆီးမီးယပ်စ်ဟာ ၁၉၆၀ မှာ ကုလသမဂ္ဂက အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး စင်ကာပူကို ရောက်လာခဲ့ ပါတယ်။ အဲဒီအချိန်က စင်ကာပူဟာ လွတ်လပ်ရေး ရခါစ အချိန်ဖြစ်ပြီး အလုပ်လက်မဲ့ ဦးရေလည်း အရမ်း များနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ သူဟာ စင်ကာပူကို ကုန်သွယ်ရေး အဓိကထား လုပ်ဆောင်တဲ့ နိုင်ငံ (Entrepôt) အဖြစ်ကနေ စက်မှုနိုင်ငံတစ်နိုင်ငံ အဖြစ် ပြောင်းလဲဖို့ ရေးဆွဲထားတဲ့ ၁၀ နှစ် စီမံကိန်းကို ချပြခဲ့ပါတယ်။ အဲဒီ စီမံကိန်းမှာ နိုင်ငံခြားကနေ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီး အလုပ်အကိုင်တွေ ဖန်တီးဖို့ စတဲ့ အချက်တွေ ပါပါတယ်။ သူက စင်ကာပူကို ခေတ်မီ တဲ့ နိုင်ငံအဖြစ် တခြား နိုင်ငံတွေက မြင်လာအောင် အိမ်ယာစီမံကိန်း တွေ လုပ်ဖို့ အကြံပေးခဲ့ပါတယ်။ အဲဒါအပြင် စင်ကာပူကို လာပြီး ရင်းနှီးမြှုပ်နှံမယ့် သူတွေ အနေနဲ့ စင်ကာပူဟာ အနောက်တိုင်းကို မုန်းတဲ့ နိုင်ငံ အဖြစ် မထင်မိအောင် သတိထားဖို့ အကြံမျိုးလည်း ပေးခဲ့ပါတယ်။ စင်ကာပူကို တည်ထောင်သူလို့ သိခဲ့ကြတဲ့ ဗြိတိသျှ လူမျိုး စတန်းဖို့ဒ် ရပ်ဖဲလ်ရဲ့ ရုပ်ထုကို ဖယ်မပစ်ဘဲ ဒီအတိုင်း ဆက်ထားဖို့ ဆိုတာမျိုးပါ။ ဒေါက်တာ ဝင်းဆီးမီးယပ်စ်ရဲ့ အကြံဉာဏ်တွေဟာ စင်ကာပူကို တိုးတက်ဖို့ အများကြီး အထောက်အကူ ပေးခဲ့တယ် ဆိုတာကို စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူ ကိုယ်တိုင် ပြောခဲ့ဖူးပါတယ်။
စင်ကာပူဟာလည်း စက်မှုလုပ်ငန်းတွေ စခဲ့တဲ့ အချိန်တုန်းက အထည်စက်ရုံတွေနဲ့ စခဲ့တာပါပဲ။ ၁၉၇၀ ပြည့်နှစ်တွေ ရောက်မှ အီလက်ထရွန်းနစ် စက်ရုံတွေ တည်ဆောက်ပြီး အဆင့်မြင့် ကုန်ထုတ်လုပ်ငန်း တွေကို လက်လှမ်းနိုင်ခဲ့ ပါတယ်။ နိုင်ငံခြား ကုမ္ပဏီတွေ လာပြီး ရင်းနှီးမြှုပ်နှံတဲ့ အချိန်မှာ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးဖို့ သက်သက်ကို အစိုးရတွေက ရည်ရွယ်တာ မဟုတ်ပါဘူး။ နိုင်ငံခြား ကုမ္ပဏီတွေကနေ နည်းပညာတွေ လေ့လာသင်ယူဖို့ ဆိုတဲ့ အချက်ကိုလည်း စဉ်းစားကြပါတယ်။ ဒါပေမယ့်လည်း အဲဒီလို နည်းပညာတွေ ရဖို့က ထင်သလောက် မလွယ်လှပါဘူး။ ကျွန်တော် ကိုယ်တိုင် ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံတစ်ခုကို ပြန်ပြောပြချင်ပါတယ်။ ကျွန်တော် ကျောင်းသားဘဝက ကမ္ဘာကျော် ပြင်သစ် ကုမ္ပဏီတစ်ခုက စင်ကာပူမှာ ဖွင့်ထားတဲ့ မုန့်ဖိုတစ်ခုမှာ အချိန်ပိုင်း အလုပ်သမား အဖြစ် လုပ်ခဲ့ဖူးပါတယ်။ အဲဒီမှာ ပြင်သစ်ကလာတဲ့ စားဖိုမှူးတွေဟာ အရေးကြီးတဲ့ အလုပ်တွေ ဆိုရင် စင်ကာပူ နယ်ခံ အလုပ်သမားတွေကို သင်ပေးလေ့ မရှိပါဘူး။ ချော့ကလက် စပ်နည်းလို အလုပ်တွေကို သူတို့ အနောက်တိုင်းသား ထရိန်နင် မန်နေဂျာတွေကိုပဲ သင်ပေးလေ့ ရှိပါတယ်။ မုန့်ဖိုမှာ အကြီးဆုံး ဖြစ်တဲ့ အရှေ့တိုင်းသားကိုတောင် သင်မပေးဘဲ နည်းပညာနဲ့ ပတ်သက်ပြီး ဒိုင်လျှိုလုပ်တာတွေ ရှိတတ်ပါတယ်။
စင်ကာပူကတော့ သူတို့ဆီမှာ အီလက်ထရွန်းနစ် ကုမ္ပဏီတွေက လာပြီး ရင်းနှီးမြှုပ်နှံတဲ့ အတွက် သူတို့ဆီကနေ နည်းပညာတွေ တစိတ်တပိုင်း ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းတော့ ကုမ္ပဏီ အတော်များများက ကုန်ထုတ်လုပ်မှု သက်သက်ကိုပဲ စင်ကာပူမှာ လုပ်ပြီး ကျန်တဲ့ သုတေသန လုပ်ငန်းတွေ အတော်များများ ကိုတော့ သူတို့နိုင်ငံမှာ လုပ်ကြပါတယ်။ အဲဒီအတွက် စင်ကာပူ အနေနဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ နည်းပညာတွေပဲ ရလိုက်ပါတယ်။ သူတို့ မျှော်မှန်းတဲ့ နည်းပညာတွေကိုတော့ ထင်သလောက် မရလိုက်ပါဘူး။
စင်ကာပူက ဘာတစ်ခုမှ မရလိုက်ဘူးလား လို့ မေးရင်တော့ အဲဒီလိုလည်း မဟုတ်ပါဘူး။ တချို့သော နည်းပညာ တွေကိုတော့ သူတို့ ရလိုက်ပါတယ်။ ဥပမာ အနေနဲ့ ပေးရရင် ကျွန်တော်တို့ တီအိုင်လို့ အတိုကောက် ခေါ်ကြတဲ့ ကမ္ဘာကျော် ဆီမီးကွန်ဒပ်တာ ကုမ္ပဏီ တက္ကဆပ်စ် အင်စထရုမင့် (Texas Instrument) ရဲ့ သုတေသန ဌာန တစ်ခု စင်ကာပူမှာ ရှိခဲ့ဖူးပါတယ်။ အဲဒီ ဌာနကနေ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ တီအိုင် စက်ရုံတွေမှာ သုံးဖို့ စက်တွေကို စင်ကာပူမှာပဲ သုတေသနလုပ်ပြီး ထုတ်လုပ်ပါတယ်။ နောက်ဆုံးမှာတော့ တီအိုင် က စက်တွေကို ကိုယ်တိုင် မထုတ်တော့ဘဲ ဝယ်သုံးမယ်လို့ ဆုံးဖြတ်ပြီး စလုံးမှာ ရှိတဲ့ သူတို့ ဌာနကို ပိတ်ပစ်လိုက်ပါတယ်။ အဲဒီ ဌာနမှာ လုပ်ခဲ့တဲ့ အင်ဂျင်နီယာတွေ က ကိုယ်ပိုင် ကုမ္ပဏီတွေ ထောင်ပြီး စက်ကိရိယာတွေ ဆက်ပြီး ထုတ်ကြပါတယ်။ အဲဒါက စင်ကာပူမှာ စက်ကိရိယာတွေ ထုတ်လုပ်တဲ့ အော်တိုမေးရှင်း လုပ်ငန်းတွေရဲ့ အစပါပဲ။ အခုဆိုရင် စက်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်း အပိုင်းမှာ စင်ကာပူဟာ တကမ္ဘာလုံးကို တင်ပို့ ရောင်းချနိုင်လောက်တဲ့ အထိ အတော်လေးကို အလုပ်ဖြစ်နေပါပြီ။
နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ အတွက် ဖိတ်ခေါ်တဲ့ နေရာမှာ အပြိုင်အဆိုင်တွေ အများကြီး ကြုံရပါတယ်။ တံခါးဖွင့်ပေးပြီး လာပြီး ရင်းနှီးမြှုပ်နှံကြဟေ့ ဆိုတာနဲ့ နိုင်ငံခြား ကုမ္ပဏီတွေက ဝေါကနဲ ဝင်လာမှာ မဟုတ်ပါဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လိုချင်တာ ကိုယ့်နိုင်ငံ တစ်နိုင်ငံတည်းက မဟုတ်ပါဘူး။ တခြား နိုင်ငံတွေကလည်း လိုချင်တာပါပဲ။ အဲဒီလို အခါမျိုးမှာ အခွန်အကောက် လျှော့ပြီး ကောက်ခံတာ၊ မြေကြီးကို အလကားပေးပစ်တာ စတဲ့ နည်းမျိုးစုံ သုံးပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ အပြိုင်အဆိုင် ဆွယ်ကြပါတယ်။
ဒါပေမယ့်လည်း နိုင်ငံခြားက လာပြီး ရင်းနှီးမြှုပ်နှံတဲ့သူတွေကလည်း လူလည်တွေ ပါပဲ။ ကျွန်တော် ချက်ရီပတ်ဘလစ်မှာ ရောက်နေတဲ့ အချိန်တုန်းက ချက်က အင်ဂျင်နီယာ တစ်ယောက် ပြောပြဖူးတဲ့ အကြောင်းတစ်ခုကို သတိရပါတယ်။ ချက်ရီပတ်ဘလစ်ဟာ သက္ကလပ် တော်လှန်ရေး (Velvet Revolution) ဖြစ်ပြီးတဲ့ နောက်မှာ ဈေးကွက် စီးပွားရေး စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံ တစ်နိုင်ငံ အဖြစ် ပြောင်းလဲခဲ့ပါတယ်။ အဲဒီအချိန်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီး သူ့နိုင်ငံသားတွေ အတွက် အလုပ်အကိုင် ဖန်တီးနိုင်အောင် ချက်အစိုးရက ဆွဲဆောင် ခဲ့ပါတယ်။ အဲဒီအထဲမှာ သူ့ဆီမှာ လာပြီး ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံတွေကို ၁၀ နှစ်တိတိ အခွန်ကို ကင်းလွတ်ခွင့်ပေးမယ် ဆိုတဲ့ ဆွဲဆောင်မှု တစ်ခုလည်း ပါပါတယ်။ အဲဒီဆွဲဆောင်မှုကြောင့် ကုမ္ပဏီတွေ အများအပြား ချက်မှာ လာပြီး ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ ကုမ္ပဏီတွေကတော့ ၁၀ နှစ်ပြည့်ပြီးတဲ့နောက်မှာ စက်ရုံကို ပိတ်ပြီး တစ်ခြားနေရာကို ပြောင်းသွားကြပါတယ်။
စင်ကာပူကလည်း မလေးရှားရဲ့ ပြိုင်ဆိုင်မှုတွေကို ကြုံခဲ့ရပါတယ်။ မလေးရှားဟာ FIZ လို့ ခေါ်တဲ့ Free Industrial Zone တွေ တည်ထောင်ပြီး စင်ကာပူကို ပြိုင်ခဲ့ပါတယ်။ မြေနေရာ မလေးရှားလောက် မရှိတဲ့ စင်ကာပူက မလေးရှားကို အဲဒီနေရာမှာ မပြိုင်နိုင်ပါဘူး။ အဲဒါကြောင့် Intel လို ကုမ္ပဏီမျိုးတွေက စင်ကာပူကို မရောက်လာဘဲ ပိုပြီး စရိတ်စက သက်သာတဲ့ မလေးရှားဘက်ကို ရောက်သွားခဲ့ပါတယ်။ စင်ကာပူက မလေးရှားထက် သာတဲ့ အချက်ကတော့ နိုင်ငံခြား ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံဖို့ လာတဲ့ အချိန်မှာ အရည်အချင်းရှိတဲ့ အတတ်ပညာရှင်တွေ အဆင်သင့် ရှိအောင် သူတို့ရဲ့ ပညာရေး စနစ်ကို မြှင့်တင်ထားခဲ့တာ ပါပဲ။
ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့နဲ့ ပတ်သက်ပြီး အရေးအကြီးဆုံး အပိုင်းက အစိုးရရဲ့ ပေါ်လစီပိုင်းပါ။ နိုင်ငံခြား ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် အစိုးရရဲ့ ပေါ်လစီကို လေ့လာတတ်ပါတယ်။ အစိုးရရဲ့ ပေါ်လစီက နှစ်မျိုးပဲ ရှိတယ်။ ဒီနေ့ တစ်မျိုး မနက်ဖြန် တစ်မျိုး ဆိုရင်တော့ ဘယ်သူမှ လာပြီး ရင်းနှီးမြှုပ်နှံချင်မှာ မဟုတ်ပါဘူး။ အစိုးရ ဌာနတွေမှာ လာဘ်ပေးလာဘ်ယူ ကင်းရှင်းတာကလည်း ရင်းနှီးမြှုပ်နှံမှုကို တိုးပွားဖို့ အထောက်အကူ ပေးပါတယ်။ တစ်ချို့သော နိုင်ငံခြား ကုမ္ပဏီတွေရဲ့ စည်းကမ်းမှာ ဘယ်လို အကြောင်းနဲ့ပဲ ဖြစ်ဖြစ် လာဘ်မပေးရ ဆိုပြီး စီးပွားရေး လုပ်ငန်းဆိုင်ရာ ကျင့်ဝတ် (Business Ethics) အနေနဲ့ ကန့်သတ်ထားတာတွေ ရှိပါတယ်။ အဲဒီလို ကုမ္ပဏီမျိုးဟာ အာရ်ကေပေးမှ ရင်းနှီးမြှုပ်နှံလို့ ရမယ် ဆိုတဲ့ နိုင်ငံကို ဘယ်တော့မှ လာမှာ မဟုတ်ပါဘူး။
နောက်တစ်ခုကတော့ ဘာရည်ရွယ်ချက်နဲ့ လာပြီး ရင်းနှီးမြှုပ်နှံသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။ သူ့နိုင်ငံမှာ စက်ရုံဆောက်ရင် ပတ်ဝန်းကျင် ညစ်ညမ်းမှာ စိုးလို့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှာ စိုးလို့ ကိုယ့်နိုင်ငံမှာ စက်ရုံလာဆောက်တယ် ဆိုရင်တော့ အဲဒီလို ကုမ္ပဏီမျိုးကို လက်မခံဖို့ လိုပါတယ်။ အဲဒီလို ကုမ္ပဏီမျိုးကို လက်ခံရင် လတ်တလော ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်ပေမယ့် အနာဂတ်မှာ ကိုယ့်နိုင်ငံသားတွေ အတွက် နစ်နာစရာ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာ စီးပွားရေး စနစ်က တံခါးတကယ် ပွင့်လာခဲ့ရင် ကိုယ့်ရှေ့က လုပ်သွားတဲ့ နိုင်ငံတွေ ဆီကနေ တစ်စိတ်ပဲ ဖြစ်ဖြစ် တစ်ဝက်ပဲ ဖြစ်ဖြစ် သင်ခန်းစာယူနိုင်မယ် ဆိုရင်တော့ သူတို့ မှားခဲ့တဲ့ အမှားတွေကို ထပ်မမှားဘဲ ရှောင်နိုင်မှာပဲ ဖြစ်ပါတယ်။

Thursday, January 20, 2011
ဘဝထဲက မှတ်တိုင်များ (၂)
ဘူဖေးရောင်းတဲ့ ဆိုင်မှာ အလုပ်လုပ်တော့လည်း တစ်ခါတလေ စားပွဲ မထိုးဘဲ ဘူဖေးကောင်တာ ထိုင်ရပါတယ်။ ဘူဖေးကောင်တာ ထိုင်ရတာကတော့ တစ်မျိုး တစ်ဘာသာပါ။ ပုံမှန် အားဖြင့်တော့ အစားအသောက်က သိပ်ပြီး ပြင်ဆင်စရာ မလိုပါဘူး။ ပြင်ဆင်ပြီးသား အသားထုပ်တွေ ဟင်းသီးဟင်းရွက် အထုပ်တွေက ရေခဲသေတ္တာထဲမှာ အသင့် ရှိတတ် ပါတယ်။ အဲဒီအထုပ်တွေ ဖောက်ပြီး လိုက်ဖြည့်ရုံပါပဲ။ ဒါပေမယ့် ဘူဖေးကောင်တာမှာ ရှိတဲ့ အသားတွေ ဟင်းရွက်တွေ အသီးတွေ နာမည် လိုက်မှတ်ရတာတော့ အတော် ဦးနှောက်စား ပါတယ်။ အားလုံးပေါင်း အမျိုး ၁၀၀ လောက် ရှိတော့ တော်တော်နဲ့ မမှတ်မိပါဘူး။ အခုလို စင်ကာပူပါး ဝနေတဲ့ အချိန်ဆိုရင်တော့ အထွေအထူး သိပ်မှတ်စရာ လိုမယ် မထင်ပါဘူး။ အဲဒီအချိန်ကတော့ စလုံး ရောက်ခါစမို့ Chendol ဆိုတာလည်း ဘာမှန်း မသိ၊ Coleslaw ဆိုတာလည်း မသိ၊ Thousand Island Dressing ဆိုတာလည်း ဘာမှန်း မသိမို့ အတော်ကို မျက်စိလည် ပါတယ်။
ဒါတောင်မှ တခါတလေ ကပ်စတန်မာက လာမေးရင် ဘာမေးလို့ မေးလိုက်မှန်း မသိဘူး ဖြစ်တတ် ပါသေးတယ်။ တစ်ခါက ကပ်စတန်မာက တောင်ကေး ရှိလား ဆိုပြီး လာမေးပါတယ်။ မြန်မာပြည်က လာတဲ့သူပဲ။ ထောင်ကဲ ဆိုတာတော့ ဘောစိကို ခေါ်မှန်း သိတာပေါ့။ အဲဒါနဲ့ ဆူပါဗိုက်ဆာကို ခေါ်ပေးလိုက်ပါတယ်။ ဆူပါဗိုက်ဆာ ရောက်လာမှ သူလိုချင်တာ ပဲပင်ပေါက်မှန်း သိပါတယ်။ ဆူပါဗိုက်ဆာကို မေးကြည့်တော့ အဲဒါက တရုတ်စကားတော့ တရုတ်စကားပဲ ဒါပေမယ့် မန်ဒရင် မဟုတ်ဘူး။ ဒေသခံ စကားနဲ့ ခေါ်တာလို့ ရှင်းပြပါတယ်။ ဘူဖေးကောင်တာမှာ လုပ်တုန်း တစ်ချိန်လုံး ကြားနေရလို့ အလိုလို တတ်သွားတဲ့ တရုတ်စကား နှစ်လုံးကတော့ ဆီ နဲ့ ပုစွန်ပါ။ ခဏခဏ လာမေးကြလွန်းလို့ပါ။
ကျွန်တော်တို့ ဘူဖေးကောင်တာ ထိပ်မှာ အချဉ်ရည်နဲ့ ပဲငံပြာရည် ထည့်ထားတဲ့ ကွန်တိန်နာ နှစ်ခု ရှိပါတယ်။ ကပ်စတန်မာတွေ ဘာဘီကျူး လုပ်တဲ့နေရာမှာ သုံးလို့ ရအောင် ထားပေး တာပါ။ တစ်နေ့တော့ ပဲငံပြာရည် ကုန်သွားလို့ မန်နေဂျာမက ကျွန်တော့်ကို ဖြည့်ခိုင်းလိုက် ပါတယ်။ အဲဒါနဲ့ ပဲငံပြာရည် ကွန်တိန်နာ ကလေးကိုင် မီးဖိုထဲ ဝင်သွားပြီး ပဲငံပြာရည် ရှာပြီး ဖြည့်ပေးလိုက် ပါတယ်။ ပြီးတော့ ကွန်တိန်နာကို သူ့နေရာသူ ပြန်ထားလိုက် ပါတယ်။ နောက်တော့ ကိုယ့်ဘာသာကိုယ် လုပ်စရာ ရှိတာ ဆက်လုပ်နေလိုက်ပါတယ်။ ခဏနေတော့ ကျွန်တော့်ရဲ့ ပဲငံပြာရည် ကွန်တိန်နာကို ကိုင်ပြီး မန်နေဂျာမက မီးဖိုခန်းထဲ ဝင်လာပါတယ်။ ကျွန်တော့်ကို တွေ့တော့ ခုန ပဲငံပြာရည် ဖြည့်လိုက်တာ ဟုတ်လား လို့ လှမ်းမေးပါတယ်။ ကျွန်တော်က ဟုတ်တယ် ပြောတော့ ဘွားတော်က ထရယ်ပါတယ်။
ဘွားတော်က ဆိုင်မှာ ကျွန်တော်တို့ အားလုံးနဲ့ ပိစ်ဖြစ်တာမို့ တော်ရုံတန်ရုံမှားရင် ဘာမှ သိပ်မပြောတတ် ပါဘူး။ လာဦး ပဲငံပြာရည်ကို လာကြည့်ဦး ဆိုတော့ ကျွန်တော်လည်း ကွန်တိန်နာထဲက ပဲငံပြာရည်ကို ကြည့်ပါတယ်။ ဘာမှ မမှားပါဘူး။ အညိုရောင် ပဲငံပြာရည်ပါပဲ။ အဲဒီအချိန်ဘေးက မြန်မာ တစ်ယောက်က ဟေ့ကောင်။ အဲဒါ ပဲငံပြာရည် မဟုတ်ဘူး။ နှမ်းဆီတွေဟ။ လို့ ပြောမှ ကျွန်တော် ပဲငံပြာရည်နဲ့ နှမ်းဆီ မှားထည့်လိုက်မှန်း သိပါတယ်။ ဒီက နှမ်းဆီက အညိုရောင်မို့ မျက်စိမှောက် သွားတာပါ။ ဘွားတော်ကတော့ ငါလည်း အစက မသိဘူး။ ကပ်စတန်မာက ကွန်ပလိန်း လုပ်လို့။ ပဲငံပြာရည်ဆိုပြီး ထည့်လိုက်တာ ဘာတွေမှန်း မသိဘူး ဆိုမှ ကြည့်မိတာ ဆိုပြီး ကျွန်တော်တို့ကို ပြန်ပြော ပါတယ်။ အဲဒီလိုမျိုး ပဲငံပြာရည်နဲ့ နှမ်းဆီ မှားစရာ မရှိတာကိုမှ မှားခဲ့ဖူးတဲ့ ရာဇဝင်လည်း ရှိဖူးပါတယ်။
ဆိုင်မှာ ဘူဖေး လာစားတဲ့သူတွေထဲမှာ ကြုံခဲ့ဖူးတဲ့ ကပ်စတန်မာကလည်း လူအမျိုးမျိုးပါ။ တကယ့်ကို တန်အောင်စားတယ် ဆိုတဲ့သူမျိုးလည်း တွေ့ဖူးပါတယ်။ တစ်ခါက ဆိုင်မှာ တရုတ် အဖိုးကြီး တစ်ယောက် ဘူဖေး လာစားပါတယ်။ ဆိုင်ထဲကို ဝင်လာကတည်းက တခြားဘာမှ မစားပါဘူး။ ပုစွန်ချည်းပဲ ယူပြီး ကင်စားပါတယ်။ ပုစွန် တစ်ပန်းကန် ယူလိုက်။ ကင်လိုက်။ စားလိုက်။ နောက်တစ်ပန်းကန် ထပ်ယူလိုက်။ ကင်လိုက်။ စားလိုက်။ ၃ ခါမြောက်မှာတော့ ဆိုင်မှာ အသစ်ရောက်လာတဲ့ မန်နေဂျာ က ကျွန်တော်တို့ အနားကို ကပ်ပြီး အဲဒီ အဖိုးကြီးကို ကြည့်စမ်းပါဦးကွ။ သူ့မျက်နှာက ပုစွန်စားနေတယ် ဆိုတာနဲ့ မတူဘူး။ ငါပိုက်ဆံတွေ စားနေတယ်။ မင်းတို့ ဘာတတ်နိုင်သေးလဲ ဆိုတဲ့ မျက်နှာထားမျိုးကွ လို့ အသံတိုးတိုးနဲ့ ပြောပါတယ်။ ကျွန်တော်တို့မှာ သူ့စကားကြားမှ အဖိုးကြီး မျက်နှာကို ကြည့်မိပြီး ရယ်မိကြ ပါတယ်။
မလိမ့်တပတ်နဲ့ ဘူဖေးဝင်အုပ်တဲ့သူလည်း တွေ့ဖူးပါတယ်။ ဘူဖေးဆိုင် ဆိုတော့ ဝင်လာရင် ဘယ်နှစ်ယောက် ဝင်လာသလဲ ဆိုတာအပေါ်မူတည်ပြီး ပိုက်ဆံကောက်ပါတယ်။ တစ်နေ့တော့ လူငယ် ၃ ယောက် ဆိုင်ထဲဝင်လာပေမယ့် သူတို့က ၂ ယောက်ပဲ စားမယ်။ တစ်ယောက်က အအေးပဲ သောက်မယ် ဆိုလို့ ၂ ယောက်စာပဲ ပိုက်ဆံယူလိုက် ပါတယ်။ ဒါမျိုးက ထူးထူးခြားခြားမို့ သူတို့ဝိုင်းကို အားလုံးက မသိမသာ အကဲခတ်နေကြပါတယ်။ အစက ၂ ယောက်တည်း စားပေမယ့် ဆိုင်မှာ လူရှုပ်လာတဲ့ အချိန်ရောက်တော့ ကျန်တဲ့ တစ်ယောက်ကပါ ဝင်စား ပါတယ်။ ငွေသိမ်းကောင်တာမှာ ထိုင်တဲ့သူကလည်း လက်အလွန်မြန် ပါတယ်။ ချက်ချင်းပဲ တစ်ယောက်စာ ဘီလ်ထုတ်ပြီး ဝိုင်းကို သွားပို့လိုက် ပါတယ်။ အဲဒီတော့မှ သူတို့ မဟုတ်သလိုနဲ့ နောက်တစ်ယောက်စာ ထပ်ရှင်း ပါတယ်။
အဲဒီ အချိန်တုန်းက စင်ကာပူမှာ မြန်မာတွေ အခုလောက် မများသေးပါဘူး။ ကျွန်တော်တို့ ဆိုင်မှာတော့ စားပွဲထိုးက မြန်မာ ယောက်ျားလေး ချည်းပဲ ၇ ယောက် ရှိပါတယ်။ ကျွန်တော်တို့ အားလုံး တစ်ကျောင်းတည်း အတူတက်နေကြတဲ့ သူတွေမို့ ဆိုင်မှာ လာမလုပ်ခင် ကတည်းက အချင်းချင်း သိပြီးသား သူငယ်ချင်းတွေပါ။ တစ်နေ့တော့ လူအရမ်းကျတဲ့ အချိန် ကျွန်တော်တို့ အားလုံး ဆိုင်ထဲမှာ ပြေးလိုက် လွှားလိုက် အချင်းချင်း စလိုက် နောက်လိုက် လုပ်နေကြပါတယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကတော့ စားပွဲတစ်လုံးကို ဝုန်းဒိုင်းကြဲပြီး သိမ်းနေပါတယ်။ အဲဒီအချိန် နောက်တစ်ယောက်က လှမ်းအော်ပြီး နောက်ပါတယ်။
"ဟေ့လူ။ ဖြည်းဖြည်းပေါ့။ သိပ်စိတ်မကြီးနဲ့လေ။"
"မရဘူးကွ။ စိတ်ကြီးတယ်။ စနေသား။ နေတက်ရေတက်မှာ မွေးတာ။ ဘာမှတ်နေလဲ။"
"xx ရင်တောင် အံကြိတ်ခံတယ် ဆိုတာမျိုးလား။" နောက်တစ်ယောက်က ဝင်နှောက်ပါတယ်။
သူရပ်နေတဲ့ နေရာဘေးက စားပွဲမှာ ထိုင်နေတဲ့ အန်တီကြီး လက်ထဲက တူ လွတ်ကျသွား ပါတယ်။ အဲဒီဝိုင်းမှာ ကလေးတွေ အပါအဝင် မိသားစု တစ်စု ထိုင်နေတာပါ။ နောက်တော့ အဲဒီစားပွဲက လူကြီးတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာပြောရမှန်း မသိအောင် ပါးစပ် အဟောင်းသား ဖြစ်နေကြ ပါတယ်။ ကျွန်တော်တို့လည်း သိလိုက်ပါပြီ။ မြန်မာ မိသားစုဘေးမှာ မြန်မာလို ပေါက်တတ်ကရ ပြောမိပြီ ဆိုတာကိုပါ။ မျက်နှာပူပူနဲ့ ကိုယ်ဘာမှ မသိလိုက် သလို အသာလေး လစ်ပြေး ကြပါတယ်။ နောက်ဖေး မီးဖိုချောင်ထဲ ရောက်မှ တစ်ယောက်နဲ့ တစ်ယောက် ပြန်ပြောပြီး ရယ်မိကြ ပါတယ်။
ဆိုင်က အလုပ်သမားတွေ ထဲမှာတော့ ကျွန်တော်တို့ မြန်မာတွေက လွဲရင် မလေးရှား တရုတ်တွေ များပါတယ်။ စလုံး အတော်များများက ဆိုင်မှာ လာ အလုပ်လုပ်ရင် ပင်ပန်းလွန်းလို့ ခဏနဲ့ ပြေးကြတာ ချည်းပါပဲ။ ဆိုင်မှာ အချိန်ပြည့် အလုပ်လုပ်ကြတဲ့ ဆူပါဗိုက်ဆာ၊ မန်နေဂျာ၊ စားပွဲထိုး အတော်များများကလည်း မလေးတရုတ် တွေပါ။ စားပွဲထိုးထဲမှာတော့ မလေးတရုတ်မ တွေ များပါတယ်။ အဲဒီ အထဲမှာ အလန်စား ကလေးတွေတော့ တစ်ယောက်တလေ ပါလာတတ် ပါတယ်။
တစ်နေ့တော့ ကျွန်တော်တို့ အထဲက တစ်ယောက်က သူ့ဘာသာသူ တိတ်တိတ်ကလေး မလေး တရုတ်မကလေး တစ်ယောက်နဲ့ ဒိတ်ပါတယ်။ သူက တိတ်တိတ်ကလေး ဒိတ်တာပေမယ့် ကောင်မလေးက တိတ်တိတ် မနေပါဘူး။ သူဒိတ်ထားတဲ့ အကြောင်း မန်နေဂျာမကို ပြောသွား ပါတယ်။ လူစုံနေတဲ့ အချိန် မန်နေဂျာမက ပြန်ဖွတော့ ကျွန်တော်တို့ အားလုံး သူကြိတ်ကြံတာ သိသွားကြပါတယ်။ ညနေကျတော့ ဆိုင်ထဲမှာ သူတို့ အကြောင်းက ပွနေပါပြီ။ အားလုံး သူတို့နှစ်ယောက် ဘယ်လို ပြန်လာကြမလဲ ဆိုတာ စောင့်နေကြ ပါတယ်။ ဟိုလူကြီးမင်းကတော့ ညနေဘက် ဆိုင်ထဲကို သူမဟုတ်သလို အလုပ်လာဆင်းပါတယ်။ ကျွန်တော်တို့က သူ့ကို ဝိုင်းကြပ် ကြပါတယ်။ အစက မသိချင်ယောင် ဆောင်နေပေမယ့် ဒီနေ့ ဟိုကောင်မလေးနဲ့ ဒိတ်တာ ဘယ်လိုလဲ မေးတော့မှ ငြင်းမရတော့လို့ အဆင်ပြေပါတယ်ကွာ။ ကောင်မလေးက ငါ့ကို သိပ်ပြီး လူကြီးလူကောင်းဆန်တာပဲ လို့ပြောတယ်။ လို့ စပ်ဖြဲဖြဲနဲ့ ပြောပါတယ်။ ကောင်မလေးကလည်း တစ်ဆိုင်တည်းမှာ အတူ လုပ်လာတာ ကြာပြီမို့ ကျွန်တော်တို့နဲ့ ခင်နေတာကြောင့် ကောင်မလေးကိုလည်း သွားစကြပါတယ်။ ဒီနေ့ဒိတ် ဘယ်လိုလဲ မေးတော့။ နင့်သူငယ်ချင်းက အလိုက်တာ အလွန်ပဲ။ ငါ့ကို နေ့လည်စာကျွေးပြီး ပြန်လွှတ်လိုက်တယ်။ လို့ ပြောလို့ ကျွန်တော်တို့ ဝိုင်းရယ်ကြ ပါတယ်။ မန်နေဂျာမက နင်က ဘာလုပ်ချင်လို့လဲ မေးတော့ ဟင်။ ဒိတ်ပါတယ် ဆိုမှ။ နေ့လည်စာ စားရုံသက်သက်နဲ့တော့ ဘာလုပ်မှာလဲ။ ပျင်းစရာကြီး ဆိုလို့ ကျွန်တော်တို့မှာ ထပ်ရယ်ကြပါသေးတယ်။

ဘဝ,
အတွေ့အကြုံ
Tuesday, January 18, 2011
ဘဝထဲက မှတ်တိုင်များ (၁)
နိုင်ငံခြားသွားလို့ စားပွဲထိုးကြတယ် ပန်းကန်ဆေးကြတယ် ဆိုတဲ့ အကြောင်း မြန်မာပြည်မှာ နေတုန်းကတော့ ဝတ္ထုတွေ ဆောင်းပါးတွေ ထဲမှာပဲ ဖတ်ဖူးပါတယ်။ တစ်ချိန်ချိန်မှာ ကိုယ်တိုင်ကြုံလိမ့်မယ်လို့ အဲဒီတုန်းက မထင်ခဲ့တာ အမှန်ပါပဲ။ ဟိုးအရင်ကတည်းက နိုင်ငံခြား ထွက်ဖို့ စိတ်ကူး ရှိပေမယ့် ဘွဲ့ရပြီးမှ နိုင်ငံခြား အတွေ့အကြုံရအောင် အလုပ် သွားလုပ်မယ် ဆိုတာမျိုး တွေးမိတာပါ။ နိုင်ငံခြားမှာ စားပွဲထိုးပြီး ဘဝကို ရုန်းကန် ရလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဖူးပါဘူး။
ကျွန်တော် စင်ကာပူ စရောက်ပြီး တစ်နှစ်နီးပါးလောက် အကြာမှာ စားသောက်ဆိုင် တစ်ဆိုင်မှာ အချိန်ပိုင်း စားပွဲထိုး ဝင်လုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်လုပ်တဲ့ ဆိုင်က ကိုရီးယား စားသောက်ဆိုင်ပါ။ စားသောက်ဆိုင် ဆိုပေမယ့် ကပ်စတန်မာ ဆီက အော်ဒါယူ ဟင်းပွဲပြင် ရောင်းတဲ့ ဆိုင်မျိုး မဟုတ်ပါဘူး။ အသားအစိမ်း ဟင်းသီးဟင်းရွက် အစိမ်းတွေကို ဘူဖေးအနေနဲ့ ဘာဘီကျူး ရောင်းတဲ့ ဆိုင်မျိုးပါ။
စားပွဲထိုး အလုပ်ဝင်လုပ်တယ် ဆိုပေမယ့်လည်း စားပွဲထိုးတာ တစ်ခုတည်း လုပ်ရတာ မဟုတ်ပါဘူး။ တစ်ဆိုင်လုံးမှာ ရှိသမျှ အလုပ်ကို အလှည့်ကျ လုပ်ရပါတယ်။ စားပွဲထိုး၊ ဘူဖေးကောင်တာမှာ အစားအသောက်ပြင်၊ ငွေသိမ်းကောင်တာမှာ ထိုင် စတာတွေ လုပ်ရတတ်သလို အိုက်တိုးပဂေးဆန်လည်း ကြုံရင် ကြုံသလို လုပ်ရပါတယ်။ ပန်းကန်ဆေးတယ် ဆိုတဲ့ အလုပ်က သူများပြောတာ ကြားရရင်တော့ တော်ရုံတန်ရုံပဲ ပင်ပန်းတယ် ထင်ရပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ဝင်လုပ်ကြည့်တော့ ထင်ထားတာထက် ပိုပင်ပန်းပါတယ်။
ကျွန်တော်တို့ အလုပ်လုပ်တဲ့ နေရာက ဘာဘီကျူးဆိုင် ဆိုတော့ ကပ်စတန်မာ ပြန်သွားရင် သူတို့ သုံးသွားခဲ့တဲ့ မီးဖိုပလိတ်ပြားကို ပြန်ဆေးရပါတယ်။ အသားကင်ထားတဲ့ ပလိတ်ပြားမှာ အသားတွေ တူးခြစ်ပြီး ကပ်နေတာမို့ အဲဒီမီးဖိုတွေကို ဒီအတိုင်း ဆေးလို့ မရပါဘူး။ ဓာတုဆေးရည် တွေ ထည့်ထားတဲ့ ကန်ထဲမှာ တစ်ညသိပ် စိမ်ထားရပါတယ်။ ပြီးမှ နောက်တစ်နေ့မနက် သံပြားနဲ့ တိုက်ပြီး ဆေးရပါတယ်။ ကျွန်တော်တို့ မနက်ပိုင်း အလုပ်ဝင်ရင် ညက စိမ်ထားတဲ့ မီးဖို တွေ ဆေးရတတ် ပါတယ်။ မီးဖို အလုံး သုံးလေးဆယ်ကို သံပြားနဲ့ ပြောင်အောင် ခြစ်ရတာ လက်မောင်းတော့ အတော့်ကို အောင့်တဲ့ အလုပ်ပါ။ ညနေပိုင်း အလုပ်ဝင်ရင်တော့ တခါတလေ ပန်းကန်ဆေးဖို့ အလှည့်ကျတတ်ပါတယ်။ ပန်းကန် အချပ် လေးငါးဆယ်လောက် ဆေးရတာ သိပ်မသိသာ ပေမယ့် ပန်းကန်ကို အချပ်ပေါင်း ရာနဲ့ ထောင်နဲ့ချီပြီး တစ်ညနေလုံး ဆေးရတာတော့ မသက်သာလှပါဘူး။ လက်အိတ် ဝတ်ထားပေမယ့် ရေနဲ့ တစ်ချိန်လုံး ထိနေရတာမို့ အတော်ကို ပင်ပန်းပါတယ်။ ပန်းကန်ဆေးပြီး ပြန်လာတဲ့ ညနေဆိုရင် တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နုံးချိပြီး ဖလက်ပြသွားတတ်ပါတယ်။
ကျွန်တော် ထရိန်နင်ဘဝနဲ့ စားသောက်ဆိုင်မှာ အလုပ်ဝင်ခါစ တစ်ရက်မှာ ပန်းကန်ဆေးဖို့ အလှည့်ကျ ပါတယ်။ စားသောက်ဆိုင်တွေမှာ ပုံမှန်ဆိုရင် ကြားရက်တွေ လူအဝင်နည်းတတ်ပြီး စနေ တနင်္ဂနွေလို နေ့မျိုးတွေမှာပဲ လူကျတတ်ပါတယ်။ အဲဒီနေ့က ကြားရက်ပေမယ့် မားသားဒေးနဲ့ တိုက်ဆိုင်သွားတဲ့ အတွက်ကြောင့် ဆိုင်မှာ လူအဝင်များပါတယ်။ ကြားရက်ဆိုတော့ ဆိုင်မှာ စနေတနင်္ဂနွေလောက် ဝန်ထမ်း မများပါဘူး။ မီးဖိုထဲမှာ ပန်းကန်ဆေးနေတာတော့ စနေ တနင်္ဂနွေဆိုရင် ၂ယောက် ရှိတတ်ပေမယ့် အဲဒီနေ့ကတော့ ကျွန်တော် တစ်ယောက်တည်းပါ။ မီးဖိုထဲမှာ ပန်းကန်ဆေးနေရင်းနဲ့ ကိုယ့်ဘေးမှာ ပန်းကန်တွေ အပုံလိုက် အပုံလိုက် ကျလာတော့ တဖြည်းဖြည်းနဲ့ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်လာပါတယ်။ ဘယ်လောက်မြန်အောင် ဆေးဆေး အလျင်မမီတော့ ပါဘူး။ ဘေးနားက ပန်းကန်ပုံကြီးကလည်း ကြီးသည်ထက် ကြီးလာ ပါတယ်။
အဲဒီအချိန် ဆိုင်မှာ အကြီးဆုံး တာဝန်ခံ စူပါဗိုက်ဆာ မီးဖိုခန်းထဲ ရောက်လာပါတယ်။ သူ့နာမည်က မစ္စတာတေပါ။ တေ က ကျွန်တော်နဲ့ ပန်းကန်ပုံကို တွေ့တော့ ပြုံးစိစိနဲ့ကြည့်ပြီး "ဘယ်လိုလဲ။ မလိုက်နိုင် တော့ဘူးလား။" လို့ လှမ်းနောက် ပါတယ်။ ပြီးတော့ "ဘာမှ စိတ်မပူနဲ့။ မင်းကို ငါကူမယ်။" ဆိုပြီး သူ့ရဲ့ အင်္ကျီလက်ရှည် အဖြူကို လက်ခေါက် အေပရွန်ပတ်ပြီး ပန်းကန်ဆေးတဲ့ နေရာ ဝင်လာပါတယ်။ သူဝင်လာပြီး ဆယ်မိနစ် ဆယ့်ငါးမိနစ် အတွင်းမှာ ကျွန်တော့်ဘေးက ပန်းကန်ပုံ အထပ်လိုက်ကြီး ပျောက်သွားပါတယ်။ မျက်စိရှေ့မှာတင် ဝုန်းဒိုင်းကြဲပြီး အဲဒီပန်းကန်ပုံကို ပျောက်သွားအောင် ဆေးလိုက်တာတော့ လက်ဖျားခါလောက်ပါတယ်။ သူပန်းကန် ဆေးပြီး ထွက်သွားတော့ သူ့အင်္ကျီ အဖြူလက်ရှည်မှာ ဘာအစွန်းအကွက်မှ ထင်မသွားပါဘူး။ ဒါကလည်း အလေ့အကျင့်ပဲ ဖြစ်မယ် ထင်ပါတယ်။
တစ်ဆိုင်တည်း အတူတူလုပ်တဲ့ သူငယ်ချင်း တစ်ယောက် ကတော့ ကျွန်တော်တို့ကို ပြောပါတယ်။ ငါရန်ကုန်မှာ တုန်းက ဆိုရင် ကိုယ်စားတဲ့ ထမင်းပန်းကန်တောင် ကိုယ်ဆေးတာ မဟုတ်ဘူး။ အမြဲတမ်း ဆေးပေးမယ့် အိမ်ဖော်က အသင့်။ စလုံးရောက်တော့ ကိုယ့်ပန်းကန် ကိုယ်ဆေးရတာပေါ့ကွာ။ အခုတော့လည်း ကိုယ့်ပန်းကန်တင် မကဘူး။ သူများ ပန်းကန်ပါ ဆေးနေရပြီ။ ဒါပေမယ့် ဘာကိစ္စညည်းနေရ မှာလဲ။ ဝက်ဖြစ်မှတော့လည်း မစင်ကြောက်စရာ မလိုပါဘူး။ ဆိုပြီးတော့ပါ။ သူပြောတာလည်း မှန်ပါတယ်။ ကျွန်တော်တို့ စားပွဲထိုးနေတဲ့ မြန်မာ အတော်များများ မြန်မာပြည် မှာတုန်းက ဘော်ကျော့ နေလာတဲ့ ကောင်တွေ များပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ဘဝကိုယ် ရုန်းရတဲ့ အချိန်ကျတော့လည်း ဒေါင်ကျကျ ပြားကျကျ ကျဲကြတာပါပဲ။ ခိုတယ် ကပ်တယ် ဆိုတဲ့သူ မရှိသလောက် ရှားပါတယ်။
ကျွန်တော့်ဆိုင် ဆူပါဗိုက်ဆာ မစ္စတာတေ က စားသောက်ဆိုင် လုပ်ငန်းနဲ့ ပတ်သက်ရင် အတော်ကို ကျွမ်းကျင်ပါတယ်။ သူက အနိမ့်ဆုံး စားပွဲထိုးဘဝကနေ ဆိုင်တာဝန်ခံ စူပါဗိုက်ဆာ ဖြစ်လာတဲ့သူမို့ အတော်ကို အောက်သက်ကြေတယ် ပြောလို့ ရပါတယ်။ ကျွန်တော် ထရိန်နင်ဘဝမှာ မီးဖိုဆေး ပန်းကန်ဆေးတာက စပြီး စားပွဲရှင်းတာ၊ စားပွဲဆက်တင်ပြင်တာ၊ ဘူဖေး ကောင်တာမှာ အစားအသောက်ပြင်တာ အလယ် ငွေသိမ်းကောင်တာ ကိုင်တာ ကပ်စတန်မာနဲ့ စကားပြောတာ အဆုံး အကုန်လုံးကို သူကိုယ်တိုင် အနီးကပ် သင်ပေးပါတယ်။
စားပွဲသိမ်းတာ အမှတ်တမဲ့ကြည့်ရင် ဘာမှ မခက်တဲ့ အလုပ်လို့ ထင်ရပါတယ်။ ဒါပေမယ့်လည်း စားပွဲပေါ် ရှုပ်ပွနေတာတွေကို အမြန်ရှင်းပြီး နောက်လာမယ့် ကပ်စတန်မာ အသင့်ထိုင်လို့ ရအောင် အချိန်တိုအတွင်းမှာ ပြင်ဆင်ရတာတော့ အတော် ခက်ပါတယ်။ ဆိုင်ရှေ့မှာ ကပ်စတန်မာတွေ တန်းစီ ရပ်စောင့်နေတဲ့အချိန်ဆိုရင် ဆိုင်ထဲက ကပ်စတန်မာ ထွက်သွားတာနဲ့ ကျန်ခဲ့တဲ့ စားပွဲကို ဝုန်းဒိုင်းကြဲပြီး ရှင်းရပါတယ်။
ပုံမှန်အားဖြင့် ကျွန်တော်တို့ စားပွဲ အမြန် သိမ်းတဲ့နည်းက ဒီလိုပါ။ ပထမဆုံး စားပွဲပေါ်မှာ ရှိရှိသမျှ ဇွန်းတွေ ခက်ရင်းတွေ တူတွေကို ဘယ်ညာ လက်နှစ်ဖက်နဲ့ ဆွဲသိမ်းပြီး တစ်နေရာမှာ ပုံလိုက် ပါတယ်။ ပန်းကန်ထဲမှာ ဇွန်းတွေ ခက်ရင်းတွေ မရှိတော့ရင် ကျန်တဲ့ ပန်းကန်တွေကို ရှင်းရတာ လွယ်သွားပါတယ်။ နောက်ပြီးရင် ပန်းကန်ပြား အကြီးဆုံး တစ်ချပ်ကို လက်မနဲ့ လက်သန်းကြားမှာ ညှပ်၊ လက်မကြားမှာ ပန်းကန်ပြား နောက်တစ်ချပ် ထပ်ထည့် လက်သန်းကြားမှာ ပန်းကန်ပြား တစ်ချပ်ထပ်ထည့် ပြီးတော့ ပန်းကန် သုံးချပ်ကို ကန်တော့ပုံ မျိုး ဖြစ်သွားအောင် ကိုင်လိုက် ရပါတယ်။ ပန်းကန် ထဲရှိသမျှ ကျန်တဲ့ အစားအစာတွေကို ကန်တော့ပုံ လုပ်ထားတဲ့ ပန်းကန် သုံးချပ်ထဲမှာ ပုံထည့် ပြီးမှ လွတ်သွားတဲ့ ပန်းကန်တွေကို လက်ဖနောင့် ပေါ်မှာ ပုံပြီး တင်ရပါတယ်။ ပန်းကန်ကို သိမ်းတဲ့နေရာမှာ ကြီးစဉ်ငယ်လိုက် သိမ်းရင် ပန်းကန်ပြားကို လက်ဖနောင့် ပေါ်မှာ ပုံပြီးတင်ရတာ ပိုလွယ်ပါတယ်။ အဲဒီတော့ သိမ်းရတာလည်း ပိုမြန်ပါတယ်။ ဒါပေမယ့် လက်က အလေ့အကျင့်တော့ လိုပါတယ်။ စလုပ်ခါစက လက်အတော်ညောင်းလို့ မြဲအောင် မကိုင်နိုင်ပါဘူး။ အချိန်ကြာလာတော့မှ အလေ့အကျင့်ရလို့ ပန်းကန်ပြားကို အပုံလိုက် လက်တစ်ဖက်တည်း ပေါ်မှာ ဟန်ချက်ညီအောင် ထိန်းကိုင် နိုင်လာပါတယ်။ စားပွဲထိုးတာ တစ်နှစ်လောက် ရှိတော့ လက်တွေ အတော်သန်လာတာ သတိထားမိပါတယ်။
ညနေပိုင်း ကျရင်တော့ တစ်မျိုးပါ။ ဆိုင်ပိတ်ခါနီးရင် ရှိသမျှ စားပွဲတွေမှာ တတ်ထားတဲ့ မီးဖိုတွေကို တစစီ ဖြုတ်ဆေးရပါတယ်။ မီးဖိုကို ဖြုတ်ပြီးရင် စားပွဲကို ဆပ်ပြာရေနဲ့ တိုက်ဆေးရပါတယ်။ ပြီးမှ နောက်တစ်နေ့မနက် အတွက် ဆက်တင် အသစ်ပြန်ခင်း ရပါတယ်။ စားပွဲတွေ ရှင်းပြီးရင်တော့ တစ်ဆိုင်လုံးကို တံမြက်စည်းလှည်းပြီး ကြမ်းတိုက်ကြပါတယ်။ စလုံးမှာ စားသောက်ဆိုင်တွေ ကျန်းမာရေးနဲ့ ညီညွတ်တာတော့ မပြောပါနဲ့တော့။ ကြမ်းပြင်ဆိုရင် ဝါသနာပါရင် လှဲအိပ်လို့ ရအောင် အထိ သန့်ရှင်းအောင် ထားပါတယ်။ ဒါပေမယ့်လည်း နောက်ကွယ်ကျရင်တော့ လုပ်ချင်ရာ လုပ်ကြပါတယ်။ ကျွန်တော်မြို့ထဲက ဆိုင်ကြီး တစ်ဆိုင်ကို ပြောင်းသွားတော့ ပန်းကန် ဆေးစရာ မလိုတော့ပါဘူး။ အဲဒီဆိုင်မှာ ပန်းကန်ဆေးဖို့ တရုတ်ပြည်က အဖိုးကြီးတွေ ငှားထားပါတယ်။ အဖိုးကြီးတွေကလည်း လစ်ရင် လစ်သလိုပါပဲ။ ဇွန်းခရင်း ပုံးထဲမှာ ရေစိမ်ထားတဲ့ ဇွန်းခက်ရင်းတွေ ထိုးထိုးထောင်ထောင် ထွက်နေရင်း လည်ရှည်ဖိနပ်နဲ့ ပုံးထဲ နင်းချကြပါတယ်။ ပန်းကန်ဆိုလည်း ဆပ်ပြာရည်နည်းနည်း သုတ်ပြီး ရေနွေးငွေ့စက်ထဲ ပစ်ထည့်လိုက်တာပါပဲ။ အဲဒါမျိုးတွေ မြင်နေရတော့ တခါတလေ ဆိုင်မှာ ထမင်းစားရင် မစားချင်လောက် အောင်ပါပဲ။ဇွန်းခက်ရင်းများ အမြင်မှာတော့ ပြောင်လက်နေအောင် တိုက်ချွတ်ထားပေမယ့် စားခါနီးတိုင်း အဖိုးကြီးရဲ့ လည်ရှည်ဖိနပ်ကြီး မျက်စိထဲမှာ ပြေးပြီး မြင်လို့ စားရမှာတောင် ခပ်ရွံ့ရွံ့ပါပဲ။

Thursday, December 23, 2010
တွဲကတဲ့ည
ကျွန်တော်တို့ စလုံးကို ရောက်လာခါစက ကွဲပြားနေတဲ့ ဓလေ့ထုံးစံတွေကြောင့် မကြာခဏ အံ့သြရတတ်ပါတယ်။ ယောက်ျားလေးနဲ့ မိန်းကလေး ပခုံးဖက် ပေါင်းကြတာတွေ၊ အတန်းထဲမှာ မိန်းကလေးတွေ ရှေ့မှာ လိင်ကိစ္စကို ပွင့်ပွင့်လင်းလင်း ပါးစပ်ထဲ တွေ့ကရာ ပြောတတ် ကြတာတွေကြောင့် ကျွန်တော်တို့မှာ ရွာက မြို့တက်လာတဲ့သူလို တခါတလေ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်ရပါတယ်။
ကျွန်တော့် သူငယ်ချင်း မြန်မာကျောင်းသား အတော်များများကတော့ မြန်မာအချင်းချင်းပဲ လှည့်ပတ်ပေါင်းတတ် ကြပေမယ့် ကျွန်တော်နဲ့ ပေါင်းတဲ့ သူငယ်ချင်း တွေထဲမှာတော့ မလေးတရုတ်တွေ၊ အင်ဒိုတရုတ်တွေလည်း ပါပါတယ်။ ဓလေ့ထုံးစံချင်း မတူလို့ အပေါင်းအသင်း မလုပ်ရဘူး ဆိုတာတော့ မဖြစ်သင့်ပါဘူး။ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ထဲမှာ ဒီလိုပဲ သူ့ယဉ်ကျေးမှု ကိုယ့်ယဉ်ကျေးမှု ညှိယူ ကြဖို့ပဲ ရှိပါတယ်။ ဒီလိုနဲ့ ကျွန်တော် ကျောင်းဆင်းချိန် တစ်ချို့မှာ အချိန်ပိုင်း အလုပ် မရှိရင် အင်တာနေရှင်နယ် ကျောင်းသား ကလပ်ဘ် အခန်းထဲမှာပဲ အချိန်ဖြုန်း ဖြစ်ခဲ့ ပါတယ်။ ကျွန်တော့်ထက် ပိုပြီး ဆိုရှယ်ကျတဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်။ သူတို့ကတော့ ကျောင်းဆင်းချိန် တွေမှာ ဆိုရှယ်ဒန့်စ် ကလပ်ဘ် မှာ သွားပြီး ကကြပါတယ်။
ဒီလိုနဲ့ တစ်နေ့တော့ အင်တာနေရှင်နယ် ကျောင်းသား ကလပ်ဘ်က သူငယ်ချင်းတွေက နှစ်ပတ်လည် ညစာစားပွဲနဲ့ ကပွဲ လုပ်မယ်ဆိုပြီး သတင်းပေးကြပါတယ်။ ညစာစားပွဲ သွားဖို့ သူငယ်ချင်းတွေကို လှည့်ပတ် အဖော်စပ်တော့ တစ်ယောက်ပဲ အဖော်စပ်လို့ ရပါတယ်။ ကျန်တဲ့သူတွေကတော့ လက်မှတ် ၁၅ ဒေါ်လာကို ဈေးများလို့ မလိုက်ချင်ဘူး ဆိုပြီး နေခဲ့ကြပါတယ်။ ညစာစားပွဲက ကျောင်းဝန်းထဲက ခန်းမ တစ်ခုမှာပဲ လုပ်တာပါ။ လက်မှတ်ထဲမှာ ဖော်မယ်လ် ဝတ်ခဲ့ပါလို့ ရေးထားတာနဲ့ ကျွန်တော်တို့ နှစ်ယောက်သား အင်္ကျီလက်ရှည် ဘောင်းဘီလက်ရှည်နဲ့ ကြောင်လျှာသီး လည်ပင်းမှာ ပတ်လို့ ချီတက်ခဲ့ကြ ပါတယ်။
ပြောမယ့်သာ ပြောရတာပါ။ စလုံးမှာက တော်ရုံတန်ရုံ ကြောင်လျှာသီး ပတ်စရာမလိုတဲ့ အတွက် ကျွန်တော် နက်ကတိုင် မစည်းတတ် ပါဘူး။ ညစာစားပွဲ ဝင်ခါနီးမှအတူပါလာတဲ့ သူငယ်ချင်းကို အကူအညီတောင်းပြီး ကမန်းကတန်း စည်းခိုင်းရပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်း ညစာစားပွဲထဲ ရောက်တော့ ကြောင်လျှာသီး ပတ်ထားတဲ့သူက လူအနည်းစုပဲ ရှိပါတယ်။ သူတို့ ပြောတဲ့ ဖော်မယ်လ် ဆိုတာက အင်္ကျီလက်ရှည် စတိုင်လ်ဘောင်းဘီ လောက်နဲ့တင်ပဲ ကိစ္စ ပြတ်ပါတယ်။
ဘူဖေးစားကြ ဟိုလူ စကားပြော ဒီလူ စကားပြောနဲ့ ညက နည်းနည်း နက်လာပါတယ်။ နောက်တော့ အစီအစဉ်တွေ အားလုံးပြီးပြီမို့ ကပွဲစဖို့ စားပွဲတွေ အားလုံးကို ရှင်းလိုက်ပါတယ်။ ဘေးမှာချထားတဲ့ ထိုင်ခုံတွေပဲ ကျန်ရစ်ခဲ့ပါတယ်။ အဲဒီနေ့က ကပွဲမှာ ကဖို့ အတွက်ဆိုပြီး ဆိုရှယ်ဒန့်စ် ကလပ်က ကျောင်းသားတွေက ကျွန်တော်တို့ကို တစ်ပတ်လောက် ကြိုပြီး ကကွက်တွေ လာသင်ပေးပါတယ်။ ဒါပေမယ့် ဘာမှန်းညာမှန်း မသိတော့ သင်မထား မိလိုက်ပါဘူး။
ကပွဲ အစီအစဉ်စတော့ ပထမဆုံးအနေနဲ့ မြူးမြူးကြွကြွ တီးလုံးတွေ စဖွင့်ကြပါတယ်။ ပထမဆုံး စဖွင့်တဲ့ သီချင်းက အဲဒီအချိန်က နာမည်ကြီး သီချင်း ဖြစ်တဲ့ Mambo No. 5 ပါ။ သီချင်းဖွင့်ပေမယ့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ဘယ်သူမှ မလှုပ်ကြပါဘူး။ အဲဒီအချိန် လူအုပ်ကြားထဲကို ပထမဆုံး ထွက်လာ တာကတော့ ဆိုရှယ်ဒန့်စ် ကလပ်က ကျွန်တော့် သူငယ်ချင်း မြန်မာကျောင်းသားနဲ့ မလေး တရုတ်မကလေး တစ်ယောက်ပါ။ သူတို့ နှစ်ယောက်စလုံး ကျွမ်းကျွမ်းကျင်ကျင် ကတတ်တာမို့ အတော် ကြည့်ကောင်းပါတယ်။ သူတို့ အတွဲထွက်က ပြီးတော့ နောက်မှာ တတွဲပြီး တစ်တွဲ ထွက်လာကြပါတယ်။ ဒါပေမယ့် လူတွေ ဝိုင်းအုံနေတဲ့ ကြားထဲမှာ ထွက်ကရတာမို့ တကယ် အကကျွမ်းတဲ့ သူတွေပဲ ထွက်ကရဲ ပါတယ်။ ကျန်တဲ့သူတွေကတော့ အသာငြိမ်နေကြပါတယ်။
ဒီလိုနဲ့ နာရီဝက်လောက် ကပြီးတော့ စီနီယာ ကျောင်းသားတွေက စလိုးဒန့်စ် ကကြမယ် ဆိုပြီးတော့ တီးလုံးကို စလိုး ပြောင်းလိုက်ကြပါတယ်။ ပြီးတော့ မီးကိုလည်း မှိန်ပစ်လိုက် ပါတယ်။ ခန်းမထဲမှာ မီးရောင်မှိန်မှိန်နဲ့ အတွဲတွေ အလျှိုအလျှို ထွက်လာကြ ပါတယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်တော်က အင်မတန် ရိုးတာပါ။ ရည်းစား တစ်ယောက်မှ မထားဖူး သေးသလို မိန်းကလေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ ဆိုရင်လည်း ကောင်မလေးကို လမ်းမှာ ရည်းစားစကား လိုက်ပြောဖူးတာက လွဲရင် ဘာမှ မရှိပါဘူး။ ဟိုကြည့်ဒီကြည့် ကြည့်နေတုန်း မှာပဲ ကျွန်တော်နဲ့ အတူလာတဲ့ သူငယ်ချင်းက ဘေးနားက မလေး တရုတ်မကလေး တစ်ယောက် ကို သွားပွားပြီး ဒန့်စ် ဖလိုးထဲ လက်တွဲဝင်သွားတာ တွေ့လိုက် ပါတယ်။ အရှေ့ဖက်ကို လှမ်းကြည့်တော့ ကျောင်းမှာ ကပ္ပတိန် သင်တန်း လာတက်နေတဲ့ မြန်မာ အစ်ကိုကြီးကလည်း ကောင်မလေးတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ တွဲကပြီး ကောင်းစားနေတာ လှမ်းမြင်ရပါတယ်။
ကျွန်တော့် အတန်းဖော် အင်ဒိုနီးရှား တရုတ်ကတော့ ဘေးနားမှာ ငုတ်တုတ် ထိုင်နေတုန်း ပါပဲ။ ကျွန်တော်က သူ့ကို "ဟေ့ကောင်။ မင်းမကဘူးလား။" လို့ မေးတော့ သူက "ငါအတူ ကချင်တာ တစ်ယောက်ပဲ ရှိတယ်ကွ။" လို့ ညောင်နာနာ အသံနဲ့ ပြန်ဖြေ ပါတယ်။ အဲဒီကောင်က ကျောင်းက မြန်မာကောင်မလေး တစ်ယောက်ကို ကြိုက်နေတာပါ။ ပြီးတော့ ကျွန်တော့်ကို "ငါသူ့ကို တွဲကဖို့ သွားမေးရမလားဟင်။" လို့ လာမေးပါတယ်။ ကျွန်တော်က "သူ သဘောတူရင် ကပေါ့ကွ။ သူသဘောတူရင် ငါက မင်းကို ဘာကန့်ကွက်စရာ ရှိသလဲ။" လို့ ပြန်ပြောလိုက် ပါတယ်။ ဒီလိုနဲ့ ဒီကောင် မောင်းတင်ပြီး အရှေ့နားမှာ ထိုင်နေတဲ့ ကောင်မလေးဆီ ချီတက်သွားပါတယ်။ ခဏနေတော့ ရှုံ့မဲ့နေတဲ့ မျက်နှာနဲ့ ပြန်ရောက် လာပါတယ်။ "သူက ဘယ်သူနဲ့မှ မကချင်ဘူးတဲ့။" ဆိုပြီး ကျွန်တော့်ကို ပြန်ပြော ပါတယ်။ အဲဒါဆို မင်းမကတော့ဘူးလား လို့ မေးတော့ အဲဒီကောင်က အင်းအဲနဲ့ ပဲများနေပါတယ်။
အဲဒီလို ဖတ်လိုက်ရလို့ မြန်မာမိန်းကလေးများ အင်မတန် အရှက် အကြောက် ကြီးတယ်တော့ မထင်ပါနဲ့။ အဲဒီ ကောင်မလေးနဲ့ တခြား ကောင်မလေး တစ်ယောက် နှစ်ယောက် ကလွဲလို့ ကျန်တဲ့ ကောင်မလေးတွေကတော့ အလျှိုအလျှို ဒန့်စင်းဖလိုးထဲ ထွက်လာကြတာ ပါပဲ။ ကောင်မလေးတွေ တောင်မှ ကနေပြီး ကိုယ်က ဝင်မကရင် သိက္ခာကျတာပေါ့။ ဒါမျိုးတော့ ဘယ်ရလိမ့် မလဲ။ ကျွန်တော်လည်း ဘေးနားကို မျက်လုံး ဝဲကြည့်လိုက်တော့ တရုတ်မကလေး တစ်ယောက် တစ်ယောက်တည်း ထိုင်နေတာ တွေ့လိုက်ပါတယ်။ အဲဒါနဲ့ အနားသွားပြီး ငါနဲ့အတူကမလား မေးတော့ ကောင်မလေးက အိုကေလို့ ပြောပါတယ်။ ဒီလိုနဲ့ ကောင်မလေး လက်ကိုဆွဲလို့ ဒန့်စင်းဖလိုးထဲ ရောက်လာခဲ့ပါတယ်။
ကျွန်တော် ကတတ်သလား ဆိုတော့ ဘရိတ်ဒန့်စ် တို့ ရော့ခ်တို့ ရက်ပ်တို့တော့ ငယ်ငယ်က ကဖူးပါတယ်။ ဒါပေမယ့် ကပွဲခန်းမထဲက အကမျိုးတော့ တစ်ခါမှ မကဖူးတာ အမှန်ပါပဲ။ ဒါပေမယ့်လည်း ဘာခက်တာမှတ်လို့။ သူတို့လည်း ကတတ်တာမှ မဟုတ်တာ။ အဲဒီတော့ လက်တစ်ဖက်က ကောင်မလေးကို ခါးဖက် သူက ကိုယ့်ပုခုံးကိုင် ကျန်တဲ့ လက်တစ်ဖက်ကို ဆန့်ပြီး ဟိုလှည့်ဒီလှည့်ပေါ့။ ကောင်မလေးက ဝဝကစ်ကစ် လေးမို့ ဖက်လို့တော့ ကောင်းပါတယ်။ ကောင်မလေး တစ်ယောက်နဲ့ တစ်ခါမှ နီးနီးကပ်ကပ် မနေဖူးတာကြောင့် နည်းနည်းတော့ ကျွတ်ကြဲနေတာ အမှန်ပါပဲ။ သူ့ဝတ်စုံက ရေမွေးနံ့ သူ့မျက်နှာ ပေါ်က မိတ်ကပ်နံ့ နှုတ်ခမ်းနီနံ့တွေ အနီးကပ် ရနေတာကြောင့် မနေတတ် မထိုင်တတ် ဖြစ်နေပါတယ်။ မျက်နှာ နှစ်ခုကလည်း ထိလုမတတ် ကပ်နေတာမို့ သူတော့ ဘယ်လိုနေသလဲ မသိပါဘူး။ ကျွန်တော်တော့ ကျလိကျလိ ဖြစ်နေပါတယ်။ ၁ မိနစ်လောက် ကပြီးတော့ ကျင့်သားရ သွားပါတယ်။ ဒီလိုနဲ့ သီချင်းတစ်ပုဒ် ဆုံးတော့ အတော်လည်း မောသွားပြီမို့ ဘေးမှာ ပြန်ထိုင်လိုက်ကြပါတယ်။
ဒီလိုမျိုး အချိန်မှာတော့ စာတတ်ပါတယ်။ မောသွားသလား မေးပြီး ဘေးက အအေးခွက် ကလေး ဘာလေး ယူပေးပေါ့။ နောက်တော့ ကောင်မလေးနဲ့ မိတ်ဆက်ကြပါတယ်။ သူက ကျွန်တော်တို့ ကျောင်း Business School က ဖြစ်တဲ့ အကြောင်း၊ မလေးရှား ဆာရာဝပ် ကနေ ကျောင်းလာတက်တာ ဖြစ်တဲ့အကြောင်း၊ အခု ဒုတိယနှစ် တက်နေတယ် ဆိုတဲ့ အကြောင်းတွေ အပြင် နံမည်နဲ့ ပေဂျာ နံပါတ်ပါ ရလိုက်ပါတယ်။ အဲဒီ အချိန်က ဟင်းန်ဖုန်းက အတော် ဈေးကြီး ပါသေးတယ်။ အခု အလကားပေးနေတဲ့ မော်တိုရိုလာ ဖုန်းလို ပုံစံမျိုးတောင် လိုင်းနဲ့ ဝယ်ရင် ဒေါ်လာ ၃၅၀ ကျော် ပေးရပါတယ်။ အဲဒါကြောင့် အများစုက ပေဂျာပဲ ကိုင်ကြတာ များပါတယ်။ မသိသေးတဲ့ သူတွေ အတွက် မိတ်ဆက် ပေးရရင်တော့ ပေဂျာဆိုတာ မီးခြစ်ဆံဗူး သာသာလောက် ရှိတဲ့ ကိရိယာ ကလေးပါ။ အဲဒီအပေါ်မှာ နံပါတ် ပေါ်တဲ့ Screen ကလေး တစ်ခု ပါပါတယ်။ တစ်ယောက်ယောက်က ကိုယ့်ကို ခေါ်လိုက်ရင် ခေါ်တဲ့သူရဲ့ ဖုန်းနံပါတ် အဲဒီ စခရင် ပေါ်မှာ ပေါ်ပါတယ်။ အဲဒါဆိုရင် ကိုယ်က အနီးဆုံး ဖုန်းတစ်လုံးကနေ ခေါ်တဲ့သူဆီကို ပြန်ဆက်သွယ်လို့ ရပါတယ်။
ကျွန်တော်က အစသာ မရဲတာပါ။ စကားက စပြီးရင်တော့ အမျှင် မပြတ်အောင် ပွားနိုင်ပါတယ်။ ကောင်မလေးကို ဘာဝါသနာ ပါသလဲ။ စနေတနင်္ဂနွေ ဘာတွေ လုပ်တတ်သလဲ နဲ့ လျှောက်မေးပါတယ်။ ဒါက အရေးကြီးတဲ့ အပိုင်းမဟုတ်လား။ သူကတော့ ငါးမျှား ဝါသနာ ပါတယ် ပြောလို့ နည်းနည်းတွန့် သွားပါတယ်။ ကျွန်တော်က ဘာသာရေး ယုံကြည်ချက် နည်းနည်း ပြင်းထန်တဲ့အတွက် ခြင် ကြမ်းပိုးတောင် တတ်နိုင်ရင် သတ်ဖို့ လက်ရှောင်လေ့ ရှိပါတယ်။ အဲဒါကြောင့် နည်းနည်းတော့ စိတ်လေ သွားပါတယ်။ ဒီနေရာမှာ စကားကြုံလို့ စင်ကာပူက ဗုဒ္ဓဘာသာလို့ အမည်ခံထားတဲ့ သူတွေရဲ့ ယုံကြည်သက်ဝင်မှုကို နည်းနည်း ရှင်းပြပါမယ်။ သူတို့အတွက်တော့ စားဖို့သတ်တာ အပြစ်မရှိဘူး။ အပျော်သတ်တာတော့ အပြစ်ရှိတယ်လို့ ယူဆထားတဲ့သူတွေပါ။ ဒီကောင်မလေးကတော့ ခရစ်ယာန်လို့ ပြောပါတယ်။
စကားပြောလို့ အားရသွားတော့ နောက်ကောင်မလေး တစ်ယောက်များ ရှိမလားလို့ ဘေးနားကို မျက်လုံး ဝဲကြည့်မိ ပါတယ်။ အားလုံးက ကိုယ့်အတွဲနဲ့ ကိုယ် ငြိမ့်နေကြပါပြီ။ ခုနက မကဘူးဆိုပြီး ပဲများနေတဲ့ အင်ဒိုတရုတ်လည်း အခုတော့ ကောင်မလေး တစ်ယောက်နဲ့ ဒန့်စင်း ဖလိုးထဲမှာ ငြိမ့်နေပါတယ်။ ညစာစားပွဲ မှာ လာပြီး သူများ သားသမီးတွေ ကြီးပွားနေတဲ့အချိန် ကိုယ်က တစ်ယောက်တည်း ထိုင်နေရင်တော့ မဖြစ်သေးဘူးလို့ တွေးမိပါတယ်။ အသစ်မတွေ့တော့လည်း အဟောင်းဆီပြန်သွားတာပေါ့။ ဒါနဲ့ ခုနက ကျွန်တော်နဲ့ ကတဲ့ ကောင်မလေးကို ကဦးမလား မေးတော့ သူက ကတာပေါ့ ပြောပါတယ်။ ဒီလိုနဲ့ ဒန့်စင်းဖလိုးထဲ ပြန်ရောက်ခဲ့ပြန်ပါတယ်။ ဒီတခါတော့ လက်ညောင်းသွားလို့ လက်မဆန့်တော့ပါဘူး။ ကိုယ်က သူ့ကိုဖက် သူက ကိုယ့်ကိုဖက်လို့ တီးလုံးနဲ့ အညီ ဒန့်စင်းဖလိုးထဲမှာ လှည့်ပတ်နေကြ ပါတယ်။ အဲဒီလောက် ဖက်ပြီးမှပဲ သဘောပေါက် သွားပါတယ်။ သူကလည်း အဖက်ခံချင်တာကိုး။ ဒါကြောင့်လည်း ကိုယ်ဖက် သူဖက်နဲ့ နှစ်ယောက်သား အဆင်ပြေ နေကြတယ် ဆိုတာပါ။ သီချင်း နှစ်ပုဒ်လောက် ဆုံးအောင် တွဲကပြီး တဲ့ အချိန်မှာတော့ လက်ရော ခြေထောက်ပါ ညောင်းသွားပါပြီ။ ဒါကြောင့်လည်း ခုံမှာပြန်ထိုင်ပြီး စကားပြော ကြပါတယ်။ ကျွန်တော်နဲ့ အတူလာတဲ့ သူငယ်ချင်းလည်း ကောင်မလေး တစ်ယောက်နဲ့ အတူ ပြန်ရောက်လာပါတယ်။ သူ့ကောင်မလေး ကိုယ့်မိတ်ဆက်ပေး ကိုယ့်ကောင်မလေး သူ့ မိတ်ဆက်ပေးနဲ့ နှစ်ယောက်သား ဟုတ်နေကြတာပါပဲ။ ကောင်မလေးက နောက်နေ့ သူ့ကို ပေဂျာခေါ်ဖို့ မှာလိုက်ပါတယ်။
ခဏနေတော့ ညစာစားပွဲ ပြီးလို့ အသီးသီး နှုတ်ဆက်ပြီး အိမ်ပြန်ခဲ့ ကြပါတယ်။ ကျွန်တော့် သူငယ်ချင်းကတော့ နောက်နေ့ ကောင်မလေးနဲ့ ဒိတ်ပြီး အပြင်တွေ ဘာတွေ လျှောက်သွား ကြပါသေးတယ်။ ကျွန်တော်ကတော့ ကပွဲခန်းမထဲက ဇာတ်လမ်းကို ကပွဲခန်းမထဲမှာပဲ ထားခဲ့လိုက်ပါတယ်။ ဟုတ်ကော ဟုတ်ရဲ့လားလို့ သံသယ ဖြစ်တဲ့သူ ရှိပါလိမ့်မယ်။ တကယ်ပါ။ အဟုတ်ပါ။ ဘာဇာတ်လမ်းမှကို မဆက်ဖြစ်ပါဘူး။ အဓိက အကြောင်းကတော့ ကောင်မလေးကို အပြင်မှာ တွေ့ရင် မမှတ်မိတာပါ။ အဲဒီနေ့ကတော့ ညစာစားပွဲ ဝတ်စုံနဲ့ ပြင်ဆင်ဖြီးလိမ်းပြီး လာကြတာမို့ အားလုံးက ရုပ်ပြောင်းနေကြပါတယ်။ အဲဒါအပြင် မီးကလည်း မှိန်ထားတော့ မျက်နှာတွေက မှောင်ထဲမှာ သိပ်မသဲကွဲပါဘူး။ အဲဒါကြောင့်လည်း နောက်နေ့ အပြင်မှာ ပြန်ကြည့်တော့ ဟိုကောင်မလေး လိုလို ဒီကောင်မလေး လိုလို ဖြစ်နေပါတယ်။ အဲဒီ အချိန်တုန်းက စိတ်ထဲမှာ နည်းနည်းပါးပါး ကွန်ဆာဗေးတစ် ဖြစ်တာလေးတွေ ကျန်နေသေးတဲ့ အတွက် နိုင်ငံခြားသူနဲ့ တွဲဖို့ တွန့်နေတာလည်း ပါပါတယ်။ အဲဒီတော့လည်း ဘာမှ ဇာတ်လမ်း မဆက်တော့ဘဲ တစ်ခန်းရပ်လိုက် ပါတယ်။

ပေါက်တတ်ကရ
Tuesday, November 23, 2010
ဟိုဘက်လမ်းက မီးနီနီ ဒီဘက်လမ်းက မီးနီနီ
သိပ်မကြာသေးတဲ့ အချိန်ကာလ တစ်ခုက စင်ကာပူက စာအုပ်ဆိုင် တစ်ဆိုင်မှာ "No Money, No Honey" ဆိုတဲ့ စာအုပ်တစ်အုပ် တွေ့လို့ ဟိုလှန်ဒီလှန် ကြည့်မိပါတယ်။ အဲဒီစာအုပ်ထဲမှာ ရေးထားတဲ့ အကြောင်းတွေ ကတော့ စလုံးမှာ ရှိတဲ့ စက် နဲ့ ပတ်သက်တဲ့ ဖျော်ဖြေရေး လုပ်ငန်း တွေ အကြောင်းပါ။ အဲဒီ စာအုပ်အရ စင်ကာပူမှာ မီးနီ ရပ်ကွက် ၃ ခု ရှိတယ် လို့ ရေးထားပါတယ်။ ပထမဆုံး တစ်ခုကတော့ နာမည်ကျော် ဂေလန်းပါ။ နောက်တစ်ခုကတော့ မူစတာဖာ အနောက်နားမှာ ရှိတဲ့ ဒက်စကားလမ်းပါ။ တတိယ တစ်ခုက ဘယ်နေရာလဲ ကျွန်တော် မသိပါဘူး။
ဒက်စကားလမ်း အကြောင်း ဖတ်မိတော့ ကျွန်တော်တို့ စလုံး ရောက်ခါစက အဲဒီ လမ်းထဲကို ရောက်သွားတာ ပြန်သတိရမိ ပါတယ်။ အဲဒီအချိန် ကတော့ အားရင် တမြို့လုံးပတ်ပြီး လျှောက်သွားနေတာမို့ Little India လို့ ခေါ်တဲ့ ကုလားတန်းကို တခါတလေ ရောက်ဖြစ်ပါတယ်။ တစ်ခါတော့ Little India သွားရင်း စလုံးမှာ ရောက်တာကြာလို့ လူလည် ဖြစ်နေတဲ့ သူငယ်ချင်း တစ်ယောက်က "ဟေ့ကောင်တွေ။ နောက်ဖေးလမ်းကြားထဲ သွားမယ်။" ဆိုပြီး စပြောပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ တတွေ မူစတာဖာ ကုန်တိုက် အနောက်ဖက်မှာ ရှိတဲ့ ဒက်စကားလမ်းထဲကို ချော်တောငေါ့ပြီး ရောက်သွားကြ ပါတယ်။ ဘယ်လို နေသလဲ မေးရင်တော့ အတော်ကို အော်ဂလီဆန်စရာ ကောင်းတဲ့ နေရာပါ။ ဘာနံ့မှန်း မသိတဲ့ အနံ့ ဆိုးဆိုးရွားရွားတွေ ရှိပါတယ်။ လမ်းဘေးက အိမ်တွေထဲမှာ အိမ်ရှေ့တံခါး အကုန်ဖွင့်ထားပြီး အဲဒီ အိမ်တွေရဲ့ ဧည့်ခန်းတွေမှာ ပြင်ဆင်ပြီး ထိုင်နေတဲ့ အောက်အီးအီးအွတ် မအော်တဲ့ ကြက်တွေ ရှိပါတယ်။ ကြက်ဆိုပေမယ့်လည်း ဘုရားစူး ကြက်ပါ။ အသက်ကြီးကြီး အဖွားကြီးတွေ ဝတုတ်မကြီးတွေ များပါတယ်။ အဲဒီလမ်းထဲ ရောက်ရင် အန်ချင်စိတ် အလိုလို ဖြစ်ပါတယ်။
ငယ်ငယ်ချောချောလေးတွေ မရှိဘူးလားဆိုတော့ တစ်ယောက်တစ်လေတော့ တွေ့ရ တတ်ပါတယ်။ ကျွန်တော်တို့ ဒက်စကား လမ်းထဲက ဖြတ်လျှောက်ပြီး လမ်းထိပ်ထွက်လာတော့ အဲဒီမှာ စွပ်ကျယ် အင်္ကျီလို အင်္ကျီမျိုးနဲ့ စကတ် အတို ဝတ်ထားတဲ့ အသက် ခပ်ငယ်ငယ် ကောင်မလေး တစ်ယောက်ကို ကုလားတွေ အလုအယက် ဝိုင်းအုံကြည့်နေတာမြင်လို့ ကျွန်တော်တို့လည်း ရောယောင်ပြီး ဝင်ကြည့်ကြ ပါတယ်။ ကောင်မလေးက အသားဖြူဖြူ ချောချောလေးပါ။ အိမ်ရှေ့ထွက်ပြီး နည်းမျိုးစုံနဲ့ ကြာပစ် နေပါတယ်။ ခဏနေတော့ မနေနိုင် မထိုင်နိုင်တဲ့ ကုလားတစ်ယောက် လူအုပ်ထဲက ထွက်ပြီး အဲဒီ အိမ်ထဲ ဝင်သွား ပါတယ်။ ကျွန်တော်တို့ သူကို့ကြည့်ပြီး ရယ်ကြ ပါတယ်။ ဘာလို့လဲ ဆိုတော့ ကြည့်နေရင်းနဲ့မှ အဲဒီကောင်မလေးက ကောင်မလေး အစစ်မဟုတ်ဘဲ ဟော်မုန်းဆေး ထိုးထားတဲ့ ဖြတ်ဖောက်ချုပ်ကြီး ဆိုတာ သိလိုက်ရလို့ပါ။
စလုံးမှာ ဥပဒေအရ လမ်းမပေါ်ထွက်ပြီး ဖောက်သည်ခေါ်ရင် တရားမဝင်ပါဘူး။ မီးနီရပ်ကွက်တွေမှာတော့ တရားဝင် မှတ်ပုံတင်ပြီး အိမ်ထဲမှာ လုပ်စားခွင့် ရှိပါတယ်။ လုပ်စားမယ့် သူတွေ အနေနဲ့ ပုံမှန် ဆေးစစ်ရပါတယ်။ ဒါဆိုရင် စင်ကာပူမှာ မီးနီရပ်ကွက်က လွဲလို့ တခြားနေရာ ဘယ်နေရာမှ မရှိဘူးလားလို့ မေးချင်စရာပါ။ မယုံမရှိပါနဲ့။ စင်ကာပူ တစ်မြို့လုံး နေရာတကာမှာ ဘိ ချည်းပါပဲ။ ဒါပေမယ့် ပေါ်တင်တော့ မလုပ်ကြပါဘူး။ ဆပါး၊ မာဆပ်၊ Health စင်တာ စတဲ့ ခေါင်းစဉ် အမျိုးမျိုး တပ်ပြီး လုပ်စားကြပါတယ်။
စင်ကာပူကို တခြားနိုင်ငံက သူငယ်ချင်းတွေ အလည်လာရင် ငါးပြတိုက်ကို ဝင်းဒိုး ရှော့ပင်း လိုက်ပို့ ရပါတယ်။ ငါးပြတိုက် ဆိုတာ စင်တိုဆာမှာ ရှိတဲ့ ရေအောက်ကမ္ဘာ မဟုတ်ပါဘူး။ ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးများကို မှန်ခန်းထဲမှာ ထည့်ပြထားတဲ့ ဂေလန်းလို့ အများသိကြတဲ့ ရပ်ကွက်ပါ။ ကျွန်တော်တို့က လိုက်ပြရုံပြတာပါ။ အထဲ ဝင်တာ မဝင်တာ ကတော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပါပဲ။ ဂေလန်းမှာ မြန်မာတွေ ဘယ်လောက်တောင် အားပေးထားကြ သလဲတော့ မသိပါဘူး။ ခေါင်းတွေက အစ မြန်မာစကားနဲ့ ဈေးကြိုတတ် ကြပါတယ်။
အဖမ်းအဆီးတွေ မများခင် အချိန်တုန်းကတော့ လိုရောင်း ၁၄၊ လိုရောင်း ၁၂၊ လိုရောင်း ၈ (လိုရောင်းဆိုတာ မလေးဘာသာနဲ့ လမ်းသွယ်ကို ခေါ်တာပါ။) တို့ ဘေးမှာ စီတန်းပြီး ရပ်နေတဲ့ ကောင်မလေးတွေကို ပွဲဈေးတန်းလိုမျိုး စည်စည်ကားကား တွေ့ရတတ် ပါတယ်။ မလေးမ၊ အင်ဒိုမ၊ တရုတ်မ၊ ကုလားမ၊ အဖြူမ အစုံရှိပါတယ်။ လိုရောင်း ၈ က ဂေလန်းမှာ နာမည် အကြီးဆုံးလမ်းပါ။ အဲဒီမှာတော့ ရက်ရက်စက်စက် ချောတဲ့လှတဲ့ ပြည်ကြီး တရုတ်မတွေ ရှိပါတယ်။ သူတို့ ဘေးက ဖြတ်လျှောက်သွားရင် တရုတ်လို "ချွိမား" (သွားမလား) လို့ မေးပြီး ဈေးခေါ်ကြပါတယ်။ သူငယ်ချင်း တစ်ယောက်က ဆိုရင် အဲဒီတရုတ်မတွေကို ကြည့်ပြီး "ငါတို့ မိန်းမရရင်တောင်မှ ဒီလောက် ချောတာလှတာ ရပါ့မလား မသိဘူးကွာ။" လို့ ညည်းဖူး ပါတယ်။ လိုရောင်း ၁၂ မှာတော့ ပလက်ဖောင်းပေါ်က လျှောက်သွားရင် ကောင်မလေးတွေက အတင်း ဝိုင်းဆွဲကြတာမို့ ပလက်ဖောင်းပေါ်ကတောင် မလျှောက်ရဲ သလောက် ပါပဲ။ ရန်ကုန်က ရောက်ခါစ သူငယ်ချင်းတွေကို လိုက်ပို့ပေးတုန်းက ကျွန်တော်တို့ သူတို့ကို ဝိုင်းပြီး ချောက်ချ ကြပါတယ်။ သူတို့ကို ပလက်ဖောင်းပေါ်မှာ ရှေ့က အသာလေး လွှတ်ပေးပြီး ကျွန်တော်တို့က လမ်းမပေါ်က ပတ်လျှောက် ကြတာပါ။ သူတို့ ကောင်မလေးတွေ ဘေးဖြတ်သွားတုန်း အမဲဖျက်သလို ဝိုင်းဆွဲကြတာမို့ အားလုံး ပြေးပေါက်မှား ကုန်ပါတယ်။ အခုတော့ အဖမ်းအဆီးတွေ များလို့ အဲဒီလို လမ်းမပေါ်မှာ ရပ်နေတဲ့ ကောင်မလေးတွေ မရှိသလောက်ပါပဲ။
တစ်ခါကတော့ ဂေလန်းမှာ လမ်းလျှောက်ရင်း ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက် အိမ်သာတက်ချင်လို့ ဒုက္ခရောက်ကြပါတယ်။ လူစုံတဲ့ ရပ်ကွက်မို့ အဲဒီအရပ်က တွိုင်းလက်တွေက အတော်ညစ်ပတ်ပါတယ်။ နောက်ဆုံးတော့ ကြံရာမရလို့ လမ်းဘေးက ထရန်စစ် ဟိုတယ် လို့ ခေါ်တဲ့ နာရီပိုင်းနဲ့ ငှားစားတဲ့ ဟိုတယ်တစ်ခုမှာ တစ်နာရီ အခန်းငှားပြီး အိမ်သာဝင်တက် ရပါတယ်။ သွားတာက ၄ ယောက်ပေမယ့် ဟိုတယ်က ၄ ယောက် တပြိုင်တည်း အခန်းထဲ ဝင်တာ လက်မခံလို့ ၂ ယောက်စီ ခွဲပြီး အပေါ်တက်ရပါတယ်။ မှတ်မှတ်ရရ ၁၅ ဒေါ်လာ ပေးပြီး အိမ်သာ တက်ခဲ့ရတာမို့ တသက်မှာ ဈေးအကြီးဆုံးပေးပြီး အိမ်သာ တက်ခဲ့ဖူးတာလို့ ပြောရပါလိမ့်မယ်။

Sunday, November 21, 2010
ကေပိုး
ကေပိုး (Kay Poh) ဆိုတာ စင်းဂလစ်ရှ်စကားပါ။ အင်္ဂလိပ်လို တိုက်ရိုက် ဘာသာပြန်မယ် ဆိုရင်တော့ busybody လို့ အဓိပ္ပာယ် ရပါတယ်။ ကိုယ့်အလုပ်ကိုယ် မလုပ်ဘဲဟိုနေရာ စပ်စပ် ဒီနေရာစပ်စပ် ဝင်ပါ တတ်တာမျိုးကို ခေါ်ပါတယ်။ ကျွန်တော်လည်း တခါတလေ နည်းနည်း ကေပိုး လုပ်တတ် ပါတယ်။ အိမ်အောက်မှာ မီးသတ်ကား လူနာတင်ကား တတီတီ တတော်တော် နဲ့ လာရင် ဆင်းကြည့်တတ်သလို အိမ်နားမှာ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား ရန်ဖြစ်နေရင်လည်း ပြတင်းပေါက်က ထွက်နားထောင်တတ် ပါတယ်။ ကျွန်တော်တို့ အိမ်နားမှာ တစ်ရပ်ကွက်လုံး ကြားအောင် ရန်ဖြစ်တတ်တဲ့ မြန်မာမတွေ ရှိပါတယ်။ သူတို့ အော်သမျှ ဟစ်သမျှတွေက စလုံးတွေ ဘယ်လိုနေမယ် မသိပေမယ့် မြန်မာစကား နားလည်တဲ့ ကျွန်တော်တို့ အတွက်တော့ အတော် ရယ်စရာ ကောင်းတာတွေ ပါတတ် ပါတယ်။
ဒီနေ့တော့ အိမ်ပြန်လာကတည်းက ဖေ့စ်ဘွတ်ခ် ဝင်လိုက်၊ ဝီကီထဲမှာ ဟိုဟိုဒီဒီ လျှောက်ကြည့်လိုက် လုပ်နေတာ ည ၁၀ နာရီခွဲ နီးပါး ဖြစ်သွားပါတယ်။ ဘလော့ခ်ရေးဖို့တော့ အာရုံမရှိပါဘူး။ အဲဒီအချိန်မှာ အစ်ကိုက ဖုန်းဆက်ပြီး ဆိုင်ကို ခဏ သွားပေးပါ ဆိုတာနဲ့ ဆိုင်ဖက်ကို ထွက်လာ ခဲ့ပါတယ်။ ဆိုင်ကနေ အိမ်ကို ပြန်လာတော့ ၁၁ နာရီ ကျော်ပါပြီ။ အမ်အာရ်တီ နားက ဖြတ်ပြီး အိမ်ဖက်ကို လမ်းလျှောက်လာတဲ့ အချိန်မှာတော့ ထူးထူးခြားခြား ဖြစ်နေတာ စတွေ့လိုက် ရပါတယ်။
အမ်အာရ်တီက အထွက် လူသွားလမ်းနဲ့ ယှဉ်ရက် တိုက်တစ်လုံးဘေးမှာ လူတွေ ၄-၅ ယောက် အော်ဟစ်ပြီး ပြေးလွှားနေတာ လှမ်းတွေ့ရ တာပါ။ အတွင်းဘက် အခြမ်းမှာ ၃ ယောက်လောက် ပြေးနေပြီး အပြင်ဖက် အခြမ်းမှာ ၃ယောက်လောက် ပြေးနေကြ ပါတယ်။ ရန်ဖြစ်နေတာလား မသိမသာ လှမ်းကြည့်မိ ပါတယ်။ ရန်ဖြစ်တာ ဆိုရင်တော့ ကေပိုး လုပ်ပြီး ရဲကို ဖုန်းဆက်ခေါ် မလို့ပါ။ ဒါပေမယ့် လူသွားလမ်း အဆုံးကို ရောက်တော့ ရဲကားတစ်စီး ကို တွေ့လိုက် ရပါတယ်။ အဲဒီတော့ မြန်မာ ရုပ်ရှင်တွေ ထဲကလို့ ဇာတ်လမ်းပြီးလို့ ပြည်သူ့ရဲတွေ ရောက်လာပြီလား မသိဘူးလို့ တွေးလိုက်မိပါတယ်။
ဒါပေမယ့် ဒီတစ်ခါ နည်းနည်း ထူးခြားပါတယ်။ ဇာတ်လမ်းက ပြီးတဲ့ပုံ မပေါ်သေးပါဘူး။ ကျွန်တော် ရဲကားဘေးက ဖြတ်သွားတဲ့ အချိန်မှာ နောက်ထပ် ရဲကား ၂ စင်း လောက် ထပ်ပြီး ဝင်လာတာကို တွေ့ရပါတယ်။ စလုံးမှာ ပုံမှန် အမှု သေးသေးမွှားမွှားဆိုရင် ရဲကား ၂ စင်းလောက် ဒါမှ မဟုတ် ရဲ ၄-၅ ယောက်လောက်နဲ့ ကိစ္စ ပြတ်ပါတယ်။ နောက်ပြီး လူနာတင်ကားလည်း ပါလာတတ် ပါတယ်။ ဒီတစ်ခါတော့ ရဲတွေက နည်းနည်းနောနော မဟုတ်တဲ့ အပြင် လူနာတင်ကားလည်း မတွေ့ရတော့ နည်းနည်း ထူးခြားနေ ပါတယ်။ နောက်ထပ် ရောက်လာတဲ့ ရဲကားတွေက ဟိုင်းအေ့စ်လို ပုံစံ ပေါင်မုန့်ကားတွေပါ။ ကားတစ်စင်းကို ရဲ ၇ ယောက် ၈ ယောက်လောက် ပါပါတယ်။ ရဲဝတ်စုံနဲ့ ရဲတွေ ပါသလို အရပ်ဝတ် အရပ်စားနဲ့ ရဲတွေလည်း ပါပါတယ်။ အရပ်ဝတ်အရပ်စားနဲ့ ရဲတွေကို ရဲကားပေါ်မှာ စတွေ့တော့ ရဲဖမ်းလာတဲ့ တရားခံတွေ ထင်တာပါ။ ယူနီဖောင်းဝတ် ရဲတွေနဲ့ အတူတူ ကားပေါ်က ဆင်းလာမှပဲ အရပ်ဝတ်နဲ့ ရဲတွေ ဆိုတာ သိရတာပါ။
သူတို့တွေ ခုန လူ ၅ ယောက်လောက် ပြေးနေကြတဲ့ တိုက်ထဲကို ဝင်သွားကြပါတယ်။ ကျွန်တော်လှမ်းကြည့်တော့ ခုန ပြေးလွှားနေတဲ့ ထဲက အရပ်ဝတ်နဲ့ ရဲနှစ်ယောက်က ကောင်လေး ခပ်ငယ်ငယ် တစ်ယောက်ကို လက်ထိတ်ခတ်ပြီး ဖမ်းလာတာ တွေ့ရပါတယ်။ အဲဒါနဲ့ တိုက်ဘေးက ပတ်ပြီး ဆက်လျှောက်လာရင်း မလှမ်းမကမ်းကနေ ရပ်ကြည့် နေပါတယ်။ ပိုပြီး အံ့အားသင့်စရာ ကောင်းတာက အဲဒီလို ကြည့်နေတုန်းမှာ နောက်ထပ် ရဲကား ၄-၅ စင်း ထပ်ရောက်လာတာပါ။ ရဲအားလုံးပေါင်း အယောက် ၃၀ ကျော် ၄၀ နီးပါး လောက် ရှိမယ် ထင်ပါတယ်။ သူတို့တွေ အားလုံး ခုနက တိုက်ထဲကိုပဲ စုပြုံပြီး ဝင်သွားကြပါတယ်။
ဟင်းကောင်းစားရရင် မိတ်ဆွေကောင်းကို သတိရတယ် ဆိုသလို မျိုးပါပဲ။ ပွဲက ကောင်းနေပြီဆိုတော့ ဒီလိုပွဲမျိုးတွေမှာ ကျွန်တော်နဲ့ အတူ လိုက်အားပေးတတ်တဲ့ သူငယ်ချင်းကို သတိရသွား ပါတယ်။ အဲဒါကြောင့် အိမ်ပေါ်မှာ ရှိနေတဲ့ သူငယ်ချင်းကို ဖုန်းဆက်ပြီး အိမ်အောက် ဆင်းလာဖို့ လှမ်းခေါ်လိုက်ပါတယ်။ ခုန ရဲတွေ ဝင်သွားတဲ့ တိုက်က ပြင်နေတာမို့ ဘေးမှာ သွပ်ပြားတွေ ကာထားပါတယ်။ အဲဒါကြောင့်မို့ အပြင်က လှမ်းကြည့်ရင် အထဲမှာ ဘာဖြစ်နေတယ် ဆိုတာ မမြင်ရပါဘူး။ ကျွန်တော် ရပ်နေတဲ့ နေရာနားမှာ ရှိတဲ့ ထမင်းဆိုင်ထဲက တရုတ်တွေလည်း ထွက်လာပြီး ကြည့်ကြပါတယ်။ သူတို့က အဲဒီတိုက်ရဲ့ ၇ ထပ် ၈ ထပ်လောက် အမြင့်ကို မော့ပြီး ကြည့်နေတာမို့ ကျွန်တော်လည်း သူတို့ ကြည့်တဲ့နေရာ လိုက်ကြည့်ပါတယ်။ ဘာမှ မတွေ့ရပါဘူး။ အနားက တရုတ် အဖွားကြီး တစ်ယောက် ရောက်လာပြီး ရဲတွေကလည်း အများကြီးပဲ။ ဘာဖြစ်နေသလဲ ဆိုပြီး အနားက တရုတ်တွေကို မေးနေသံ ကြားရပါတယ်။ သူတို့လည်း ဘာဖြစ်နေသလဲ ဆိုတာ ရေရေရာရာ မသိကြပါဘူး။
အဲဒီအချိန်မှာပဲ ကျွန်တော့် သူငယ်ချင်း ရောက်လာပါတယ်။ သူငယ်ချင်းရောက်လာတော့ အဖော်ရပြီမို့ ဒီထက်ပိုပြီး မြင်ကွင်းကောင်းတဲ့ နေရာက သွားကြည့်ကြဖို့ တိုင်ပင်ကြ ပါတယ်။ အဲဒါနဲ့ အမ်အာရ်တီဖက်ကို ပြန်လမ်းလျှောက်ခဲ့ ကြပါတယ်။
ဒီလိုနဲ့ တိုက်ကို တစ်ပတ်ပတ်ပြီးတော့ ကျွန်တော်တို့ အဲဒီ တိုက်နေရာကို ရှင်းရှင်းလင်းလင်း မြင်ရတဲ့ လူသွားလမ်းပေါ် ရောက်လာပါတယ်။ အဲဒီအချိန်မှာတော့ တိုက်အောက်မှာ စုပြုံ နေကြတဲ့ ရဲတွေကို လှမ်းတွေ့ရပါတယ်။ တိုက်အောက်ဖက် မှာတော့ ကောင်လေး ၃-၄ယောက် ငုတ်တုတ် ထိုင်ခိုင်းထားပြီး ဘေးမှာ ရဲတွေ စောင့်နေတာ တွေ့ရပါတယ်။ အခုလတ်တလော စလုံးမှာ ဖြစ်နေတာနဲ့ ဆက်စပ်ပြီး တွေးကြည့်ရင် ရဲတွေဘာလို့ ဒီလောက်များနေသလဲ ဆိုတာ စဉ်းစားလို့ ရသွားပါပြီ။ ဖမ်းထားတဲ့ ကောင်လေးတွေကလည်း အသက်ငယ်ငယ် ရဲတွေကလည်း အများကြီး ဆိုတော့ ဂန်းစတား ကိစ္စ ဖြစ်ဖို့ များပါတယ်။
ကျွန်တော်တို့ ဆက်လျှောက်လာပြီး အမ်အာရ်တီကနေ လူသွားလမ်းပေါ် ဆင်းတဲ့ တံတားပေါ်ကနေ ရပ်ကြည့်ကြ ပါတယ်။ အခုတော့ ရှင်းရှင်းလင်းလင်း မြင်နေရပါပြီ။ ရဲတွေကိုရော ဖမ်းထားတဲ့ ကောင်လေးတွေကိုရော အားလုံးကို ကွက်ကွက်ကွင်းကွင်း မြင်နေ ရပါတယ်။ ဆက်ပြီး ကြည့်နေတုန်းမှာပဲ မကြာခင် မင်္ဂလာဆောင်တော့မယ့် သူငယ်ချင်း စုံတွဲ အမ်အာရ်တီထဲကနေ ထွက်လာပါတယ်။ ကျွန်တော်တို့ကို ဘာဖြစ်တာလဲ မေးကြရင်း ပွဲကောင်းနေတယ် ဆိုတော့ သူတို့ပါ ဝင်ပြီး အားပေးကြ ပါတယ်။ ခုန ထိုင်ခိုင်းထားတဲ့ ကောင်လေးတွေ နေရာမှာ ကောင်မလေး ၃-၄ ယောက်ကိုပါ ထပ်ခေါ်လာတာ တွေ့ရပါတယ်။
မကြာခင် နောက်ထပ် သူငယ်ချင်း လင်မယား စုံတွဲတစ်တွဲ ထပ်ရောက်လာပြန်ပါတယ်။ သူတို့ကတော့ ခဏ စကားပြောပြီး ဆက်ထွက်သွားကြ ပါတယ်။ သူတို့ ထွက်သွားပြီးတော့ နောက်တစ်ခေါက် ထပ်ရောက်လာတာကတော့ ရဲပါ။ အရပ်ဝတ်နဲ့ ရဲ ၄ ယောက်လောက် ကျွန်တော်တို့ ဆီကို ရောက်လာကြပါတယ်။ ကျွန်တော်တို့ကို တွေ့တော့ ဖမ်းထားတာ မင်းတို့နဲ့ အသိတွေလားလို့ မေးပါတယ်။ ကျွန်တော်က မဟုတ်ဘူး။ ဆိုင်က ပြန်လာရင်း ရုတ်ရုတ်ယက်ယက် ဖြစ်နေတာ တွေ့ရလို့ ဘာလဲဆိုတာ ရပ်ကြည့်နေတာလို့ ဖြေလိုက်ပါတယ်။ ရဲက မစိုးရိမ်ပါနဲ့။ အားလုံး အေးဆေးပါလို့ ပြန်ပြော ပါတယ်။
နောက်တော့ သူတို့ရဲ့ ထုံးစံအတိုင်း အိုင်စီ တောင်းလို့ ကျွန်တော်တို့ အိုင်စီ ထုတ်ပေးလိုက်ပါတယ်။ အဲဒီတော့လည်း သူတို့က ထုံးစံ အတိုင်း နံပါတ်မှတ်ပါတယ်။ စလုံးမှာ အိုင်စီရကတည်းက နံပါတ်မှတ်ခံရတာ ဒီတစ်ခါတည်း မဟုတ်လို့ ရိုးနေပါပြီ။ ပထမဆုံး တစ်ခေါက်က ကလယ်မန်တီ မြောင်းဘေးမှာ သူငယ်ချင်းတွေ စာမေးပွဲပြီးတဲ့နေ့ ညသန်းခေါင် ဂစ်တာတီး သီချင်းဆိုနေတုန်း ပတ္တရောင်လှည့်တဲ့ ရဲကားနဲ့ တွေ့လို့ အိုင်စီနံပါတ် အမှတ်ခံရ ဖူးပါတယ်။ နောက်ထပ် ၂ခေါက် ကတော့ ရဲနဲ ဆိုင်တဲ့ကေ့စ် ဖြစ်နေတုန်း ဘေးမှာ ရှိနေလို့ သက်သေ အနေနဲ့ ထွက်ချက်ပေးပြီး အိုင်စီနံပါတ် အမှတ်ခံရ တာပါ။ အဲဒီလို ခဏခဏ ကြုံနေတော့လည်း အိုင်စီနံပါတ် အမှတ်ခံရတာ အဆန်း မဟုတ်တော့ပါဘူး။
နောက်တော့ ရဲက အခုတလော စလုံးမှာ ဖြစ်နေတာတွေ ကြားတယ် မဟုတ်လားမေးလို့ ကြားတယ်လို့ ပြန်ဖြေ လိုက်ပါတယ်။ အခုတလော ပါဆားရစ်မှာ ဖြစ်တဲ့ ဓားခုတ်လူသတ်မှု၊ ဘူကစ်ပန်ဂျန်းမှာ ဖြစ်တဲ့ ဓားခုတ်မှုတွေကြောင့် ဂန်စတား ကိစ္စ အတော် နာမည်ကြီး နေပါတယ်။ တခြားနေရာမှာဆို အံ့သြစရာ မဟုတ်ပေမယ့် စလုံးလို အမှုအခင်းနည်းတဲ့ နိုင်ငံမှာတော့ ဒီသတင်းတွေကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။ ရဲက ကျွန်တော်တို့ကို မသင်္ကာစရာ တစ်ခုခု တွေ့ရင် ရဲကို သတင်းပေးဖို့၊ အထူးသဖြင့် လူငယ် ဂန်းစတားတွေ ဒါမှမဟုတ် ဓားကိုင်ထားတဲ့ လူငယ်တွေ တွေ့ရင် ရဲကို ချက်ချင်း ဖုန်းဆက်ပေးဖို့ ပြောပါတယ်။ သူနဲ့ စကားပြောနေတုန်း မှာပဲ သတိထားမိတာက ခုနက ကျွန်တော်တို့ ဆီလာတဲ့ ရဲတွေ အားလုံး တစ်ယောက်မှ မရှိတော့ ပါဘူး။ ကျွန်တော်တို့ အိုင်စီတွေ ယူထားတဲ့ ရဲတစ်ယောက်ပဲ ကျန်ပါတော့တယ်။ ကျန်တဲ့သူတွေ အကုန် လစ်ကုန်ပါပြီ။ သူက ကျွန်တော်တို့ အိုင်စီတွေ ပြန်ပေးပြီးတဲ့ အခါ ခုန ကောင်လေး ကောင်မလေးတွေ ထိုင်ခိုင်းထားတဲ့ နေရာကို လှမ်းကြည့်တော့ ကောင်လေး ကောင်မလေးတွေ တစ်ယောက်မှ မရှိကြတော့သလို အဲဒီအနားမှာ စောင့်နေတဲ့ ရဲတွေလည်း တစ်ယောက်မှ မရှိတော့ပါဘူး။
အိမ်ဖက်ကို ပြန်လမ်းလျှောက်လာတော့ ခုန အိမ်နားမှာ ရပ်ထားတဲ့ ရဲကားတွေ အားလုံး လစ်သွားကြပါပြီ။ သူငယ်ချင်းကတော့ ပို့စ်အသစ် ဖတ်ရတော့မယ် လို့ နောက်ပါတယ်။ ဒီတစ်ခါ အိုင်စီနံပါတ် မှတ်ခံရလို့ နောက်တစ်ခေါက် ကြည့်ဦးမလား မေးရင်တော့ နောက်တစ်ခေါက် ကြုံရင်လည်း ကြည့်ဦးမှာပါ လို့ ဖြေရပါမယ်။ အိုင်စီနံပါတ် မှတ်ခံရတာ ကြောက်စရာ မဟုတ်ပါဘူး။ စလုံးမှာ နေရတာ တစ်နေ့လာ မဲပြာပုဆိုး ဘဝမို့ ဒါမျိုး ကြုံလို့မှ မကြည့်ရင် ပျင်းစရာ အတော် ကောင်းပါတယ်။ ဝါသနာကတော့ တားလို့ မရပါ လို့ပဲ ပြောရပါလိမ့်မယ်။

Thursday, October 14, 2010
ဘဝထဲက သီချင်းများ
ဘဝ အစိတ်အပိုင်း တစ်ချို့မှာ အမြဲ ကြားဖူးနေခဲ့တဲ့ သီချင်းသံတွေ ကြားမိရင် အဲဒီအချိန်က ကိုယ်ဖြတ်သန်းခဲ့ဖူးတဲ့ ဘဝ ကို ပြန်ပြောင်း အမှတ်ရမိတတ် ပါတယ်။ ကျောင်းသား ဘဝတုန်းက ဆိုခဲ့ပျော်ခဲ့ဖူးတဲ့ သီချင်းတွေ ရှိသလို အချိန်ပိုင်း အလုပ်သမား လုပ်နေတဲ့ အချိန်တုန်းက တနေကုန် မကြားချင်မှ အဆုံး ကြားနေရတဲ့ သီချင်းတွေလည်း ရှိခဲ့ဖူး ပါတယ်။
ထံတျာတေရှင်တို့လို မြန်မာသီချင်းကြီးတွေ ကြားမိရင် ပတ္တလား တတုံတုံနဲ့ ဆရာက အတန်းရှေ့က တီးပြီး နောက်က ကျောင်းသားတွေ အကုန် လိုက်ဆိုကြတဲ့ အထက်တန်း ကျောင်းသားဘဝကို သတိရမိ တတ်ပါတယ်။ အဲဒီတုန်းက အချိန်ကို ပြန်စဉ်းစားရင်း ရယ်စရာ အဖြစ်တစ်ခု ခေါင်းထဲ ပေါ်လာပါတယ်။ အထက်တန်းမှာ ကျွန်တော်တို့ ဂီတဆရာ နာမည်က ဦးစိုးပီပါ။ တစ်နေ့တော့ သူ ပတ္တလား တီးနေတုန်း သူ့ရဲ့ တူနယ့်တယ် တူနယ့်တယ် ဆိုတဲ့ အလိုက်ကို ကျောင်းသားတစ်ယောက်က နောက်ကနေ ဗိုလ်စိုးပီ ထမိန်ခိုးသည် ဆိုပြီး သီချင်းလုပ်ဆိုပါတယ်။ ဆရာ ကြားသွားတော့ စိတ်တိုပြီး ပတ္တလားတီးတဲ့ တုတ်နဲ့ ထခေါက်လိုက်တာ နောက်ပြီး ဆိုတဲ့ကောင် ဘုထွက်သွားသလို တခန်းလုံးလည်း ပွဲကျသွားခဲ့ ရပါတယ်။
Westlife ရဲ့ သီချင်းတွေ ကြားရင်တော့ ကိုရီးယား စားသောက်ဆိုင်မှာ စားပွဲထိုးတုန်းက အချိန်ကို ပြန်သတိရတတ် ပါတယ်။ အဲဒီအချိန်က ည ၁၀ နာရီခွဲ ဆိုင်သိမ်းချိန် ရောက်လို့ ကပ်စတန်မာ မပြန်သေးရင် မသိမသာ သီချင်းသံကို တဖြည်းဖြည်း သွားကျယ်ပြီး ပညာရှိနည်းနဲ့ ကပ်စတန်မာကို ဆိုင်ထဲက မောင်းထုတ်တာမျိုး လုပ်တတ်ပါတယ်။ ကျွန်တော်တို့က ဆိုင်မပိတ်မချင်း ပြန်လို့ မရသလို တစ်ဝိုင်းတည်း ကပ်သီးကတ်သတ် ကျန်နေရင်လည်း ၁၀ နာရီခွဲ နောက်ပိုင်း ပိုက်ဆံ မရတာမို့ ကပ်စတန်မာကို အမြန်ဆုံး ပြန်ဖို့ ခေါင်းထဲရှိတဲ့ နည်းမျိုးစုံ သုံးရတာပါ။ နားဆူရင် တော်ရုံတန်ရုံ ကပ်စတန်မာ မခံနိုင်ပါဘူး။ ထွက်ပြေးတာ ပါပဲ။
ပြင်သစ်မုန့်ဖို Delifrance မှာ အချိန်ပိုင်း အလုပ်သမား အနေနဲ့ မုန့်သွားဖုတ် တုန်းကတော့ တနေကုန် တရုတ်သီချင်းသံပဲ ကြားရပါတယ်။ မုန့်ဖိုမှာ ကျွန်တော်ကလွဲရင် ကျန်တဲ့သူ အကုန် တရုတ် လူမျိုးမို့ သူတို့ အချင်းချင်း တရုတ်လိုပဲ ပြောကြသလို မိုးလင်းက မိုးချုပ် တရုတ်သီချင်းပဲ ဖွင့်တတ် ပါတယ်။ စင်ကာပူမှာ ကျိုဆန်းဆန်း လို့ တရုတ်လို ခေါ်တဲ့ 93.3 FM တရုတ် ရေဒီယိုကို အဲဒီမှာ တနေကုန် ဖွင့်ထားတတ်တာပါ။ Delifrance မှာ ၂ ပတ်လောက် အလုပ်လုပ်ပြီးတော့ တရုတ်သီချင်း အတော်များများ နားထဲ စွဲသွားပါတယ်။
တရုတ်သီချင်းများကလည်း မြန်မာနဲ့ မစိမ်းလှပါဘူး။ ဝိုင်ဝိုင်း မြန်မာလို ပြန်ဆိုပြီးသား များတာမို့ သီချင်း သံစဉ်တွေက နားယဉ် နေပါတယ်။ F4 ရဲ့ Meteor Rain ကို ကြားရင် စည်းသီချင်းကို သတိရသလို Wu Bai ရဲ့ သီချင်းတစ်ပုဒ် ကို ကြားရင် အချစ်မဲ့နိဂုံးကို သတိရတတ် ပါတယ်။ မြန်မာသီချင်းကြားနေကျ တရုတ်လို ကြားရတာ သိပ်မကွာလှပေမယ့် တရုတ်လို ကြားနေကျ သီချင်းကို မြန်မာလို ပြန်ကြားရတာတော့ နားထဲမှာ အတော် ကန့်လန့် ဖြစ်နေပါတယ်။
မလေးရှားက တရုတ်အဆိုတော် Guang Liang ရဲ့ Tong Hua သီချင်း နာမည်ကြီးလာတော့ စင်ကာပူမှာ နေရာတကာ အဲဒီသီချင်း ဖွင့်နေကြပါတယ်။ သီချင်းက နားထောင်ကောင်းတာမို့ အတော်လေး ကြိုက်မိသလို နားထဲလည်း အတော် စွဲသွားပါတယ်။ Guang Liang လည်း အဲဒီ တစ်ပုဒ်တည်းနဲ့ပဲ ကမ္ဘာကျော် တရုတ် အဆိုတော် ဖြစ်သွားပါတယ်။ တရုတ်သီချင်း အဲဒီလောက် နားထဲစွဲနေတော့ အဲဒီသီချင်းကို အာဇာနည်က ကိုယ့်အနားရှိစေချင် ဆိုပြီး ပြန်ဆိုတော့ အချိန် အတော်ကြာတဲ့ အထိ ခံစားလို့ မရတော့ပါဘူး။
တရုတ်သီချင်း အကြောင်း ပြောရင်း တရုတ်သီချင်းနဲ့ ပတ်သက်ပြီး ချောက်ကျခဲ့ဖူးတဲ့ ရယ်စရာ အဖြစ်တစ်ခုကို ပြန်ပြောပြ ချင်ပါတယ်။ ကျွန်တော်တို့ စင်ကာပူ ရောက်ခါစတုန်းကပါ။ အဲဒီ အချိန်က ကက်ဆက်ခွေ ခေတ်မကုန်သေးပါဘူး။ အင်တာနက်မှာ မြန်မာသီချင်းတွေကလည်း အခုလောက် မပေါသေးတော့ ကိုယ်နားထောင်ချင်တဲ့ မြန်မာသီချင်းကို ရန်ကုန်က ကက်ဆက်ခွေ ယူလာပြီး ကက်ဆက်ဖွင့် နားထောင် ဖြစ်ကြတာ များပါတယ်။
ဒီလိုနဲ့ တစ်နေ့တော့ သူငယ်ချင်း တစ်ယောက်က အပြင်က ပြန်လာရင်း လှေခါးမှာ တခြားသူ တစ်ယောက် လွှင့်ပစ်ထားတဲ့ ကက်ဆက်ခွေလေး တစ်ခွေ တွေ့လို့ ကောက်လာပါတယ်။ အိမ်ပြန်ရောက်တော့ ကက်ဆက်ထဲထည့် ဖွင့်ကြည့်တော့ ကက်ဆက်ကနေ တရုတ်သီချင်းနဲ့ တီးလုံး ငြိမ့်ငြိမ့်ကလေးတွေ ထွက်လာပါတယ်။ သီချင်းက ပုံမှန် သီချင်းနဲ့ မတူပဲ ဘုရားစာ ရွတ်နေတာနဲ့ ပိုတူပါတယ်။ ဒါပေမယ့်လည်း တီးလုံးနဲ့တွဲတော့ နားထောင်လို့တော့ အတော် ကောင်းပါတယ်။ အားလုံးက မဆိုးဘူးဟ ဆိုပြီး ဝိုင်းမှတ်ချက် ပေးကြပြီး နောက်တော့ အဲဒီအခွေကို အိမ်မှာ မကြာခဏ စိတ်ကူးတည့်ရင် တည့်သလို ဖွင့်နားထောင် ဖြစ်ပါတယ်။
ဘေးအိမ်က တရုတ်မများကတော့ အိမ်ဘေးက ဖြတ်သွားတုန်း တရုတ် သီချင်းသံကြားတော့ အိမ်ထဲကို မျက်လုံးပြူးပြီး ကြည့်ကြပါတယ်။ ကျွန်တော်တို့ကလည်း ငါတို့ မြန်မာတွေ တရုတ်တီးလုံး ဖွင့်နေတာကြားလို့ တရုတ်မတွေတော့ အံ့သြနေကြပြီ ထင်တယ်လို့ အချင်းချင်း ပြောပြီး ရယ်ဖြစ်ကြပါတယ်။ ဒီလိုနဲ့ နောက်နှစ် အိမ်ပြောင်းလာပြီးတော့ ကက်ဆက်ခွေလည်း ဘယ်ရောက်သွားမှန်း မသိသလို အဲဒီ တရုတ်သီချင်းခွေ ကိုလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါတယ်။ ဒါပေမယ့် နောက်တစ်ခါ အဲဒီတီးလုံး ပြန်ကြားရတဲ့ အချိန်မှာတော့ မျက်လုံးပြူးရတာက ကျွန်တော်တို့ပါ။ ကျွန်တော်တို့ ကျောင်းက မြန်မာကျောင်းသားတစ်ယောက် မတော်တဆ သေဆုံးသွားတဲ့ အတွက် အသုဘ လိုက်ပို့ရင်း အသုဘမှာ ဒီတီးလုံးကို ထပ်ခါတလဲလဲ ဖွင့်နေတာ ကြားမှ ကျွန်တော်တို့ အိမ်မှာ အမြဲ ဖွင့်ခဲ့တဲ့ သီချင်းဟာ တရုတ် အသုဘ သီချင်းမှန်း သိလိုက်ရပါတယ်။ အဲဒီတော့မှပဲ ဘေးအိမ်က တရုတ်မတွေ မျက်လုံးပြူးရတဲ့ အကြောင်းက မြန်မာတွေ တရုတ်သီချင်းဖွင့်လို့ မဟုတ်ပဲ အိမ်ထဲမှာ အသုဘ သီချင်းခွေကို ဖွင့်နားထောင်ပြီး ငြိမ့်နေကြလို့ ဖြစ်တယ် ဆိုတာ သဘောပေါက်လိုက် ရပါတော့တယ်။

ဟာသ,
အတွေ့အကြုံ
Monday, September 6, 2010
အဆုံးထိအောင်ကျပ်
"ဟေ့ကောင်။ ဘယ်လို ဖြစ်နေတာလဲဟ။"
လက်ပတ်နာရီကို မြှောက်ပြီး တကြည့်ကြည့်လုပ်နေတဲ့ မောင်မျိုးကို ကြည့်ပြီး ကျော်စွာက လှမ်းပြောလိုက် ပါတယ်။ စလုံးမှာ သူတို့ သူငယ်ချင်းတွေ မဆုံဖြစ်တာကြာလို့ ပင်နင်ဆူလာ ပလာဇာ အနောက်က ဒေါ်ရိတ်ကြီးဆိုင်လို့ သိကြတဲ့ နိုင်တီနိုင်းမှာ ဘီယာသောက်နေကြတာပါ။ ရန်ကုန်မှာ ဒေါ်ရိတ်ကြီးက မီးသတ် ရှေ့မှာ ရှိပြီး စလုံးမှာလည်း နိုင်တီးနိုင်းက မီးသတ်ရှေ့မှာ ရှိတာမို့ တချို့က နိုင်တီနိုင်းကို ဒေါ်ရိတ်ကြီးလို့ နာမည်ပေးထား ကြပါတယ်။
"အတော် နောက်ကျနေပြီ။ အိမ်မှာ မိန်းမ မျှော်နေတော့မယ်။"
"ခွီးတဲ့မှပဲ။ ဘာနောက်ကျတာလဲ။ မင်းမိန်းမနဲ့က နေ့တိုင်းတွေ့နေရတာ။ အခုလို သူငယ်ချင်းတွေ ဆုံဖို့ဆိုတာ လေးငါး ခြောက်လ နေလို့မှ တစ်ခါတောင် မလွယ်ဘူး။ တစ်ရက်တစ်လေတော့ လွှတ်ထားလိုက်စမ်းပါဟ။"
"မင်းတို့ ငါ့မိန်းမ အကြောင်း မသိဘူးနော်။ ငါ့မိန်းမက မင်းမိန်းမလို မဟုတ်ဘူး။"
"ဘာမဟုတ်တာလဲ။ ဟေ့ကောင်။ မှတ်ထား။ လွတ်လပ်ရေး ဆိုတာ တိုက်ယူမှ ရတာ။ ငါ့မိန်းမလည်း အရင်က ဒီလိုဆို ပူညံပူညံပဲ။ အခုတော့ ကျင့်သားရသွားလို့ ဘာမှ မပြောတော့ဘူး။ မိုးချုပ်တာ ကိစ္စမရှိဘူး။ ပြန်လာရင် ပြီးတာပဲ ဖြစ်သွားပြီ။ မိန်းမဆိုတာ ဒီလိုပဲ ကျင့်ပေးရတယ်။ "
မောင်မျိုးက သူ့ရှေ့က ဘီယာခွက်ကို ကောက်မော့ပြီး သက်ပြင်းချတယ်။
"မဟုတ်သေးဘူးနော်။ ငါအခု တစ်နာရီ နှစ်နာရီလောက် ပိုနေရင် နောက်ထပ် တစ်ရက် နှစ်ရက်လောက် ပြန်ချော့နေရမယ်။ မဖြစ်ပါဘူးကွာ။"
"ဟေ့ကောင်။ မင်းအခု သူငယ်ချင်းတွေနဲ့ သွားတာပဲ။ ပြောမထားဘူးလား။"
"ပြောတော့ ပြောထားတာပေါ့ကွာ။ ဒါပေမယ့် အခု မက်ဆေ့တွေ တစ်တီတီ ပို့ပြီး ပြန်မလာသေးဘူးလား မေးနေပြီ။ ငါလည်း အခု ခဏနေရင် ပြန်လာတော့မှာပါလို့ ပြောထားရတယ်။
"မင်းမိန်းမ ငါပြောပေးမယ်ကွာ။"
"မလုပ်ပါနဲ့ကွာ။ တကယ် မဖြစ်လို့ပါ။ နောက်တစ်ခေါက်ပေါ့။"
"ဟေ့ကောင်။ မပြန်နဲ့နော်။ မင်းပြန်ရင် အသိပဲ။"
"မဖြစ်ဘူးကွ။ ငါ့မိန်းမက ပိုအရေးကြီးတယ်။"
မောင်မျိုးက ပြောပြောဆိုဆို လက်တော့ပ် အိတ်ကလေး ကောက်ဆွဲပြီး ထိုင်ရာက ထလိုက်တယ်။
"ကဲ အားလုံးပဲ။ လစ်ပြီဟေ့။ နောက်တစ်ခေါက် ဆုံကြသေးတာပေါ့ကွာ။"
ပြောပြောဆိုဆိုနဲ့ လစ်ထွက်သွားတဲ့ မောင်မျိုးကို ကြည့်ပြီး သူငယ်ချင်းတွေ အားလုံး ဒေါကန်ပြီး ကျန်ခဲ့ကြတယ်။
"ဒီကောင်က လွန်လွန်းတယ်။ ဘော်ဒါအရင်းကြီးတွေကို အဲဒီလို ရှော်တာတော့ ဘယ်ကောင်းမလဲ။" လို့ ကျော်စွာက စပြောတယ်။
"အေးကွာ။ ကျွတ်ကြဲလိုက်တာကလည်း လွန်ပါရော။" မောင်သက်ကလည်း ဝင်ထောက်ခပါံတယ်။
"ဟေ့ကောင်။ ဒီကောင့်ကို နည်းနည်း ပညာပေး လိုက်ရအောင်။ မှတ်လောက် သားလောက်အောင်။" အစအဆုံး ငြိမ်နေတဲ့ ဖက်တီးက ဝင်ပြောပါတယ်။
"ဘယ်လို ကျပ် မှာလဲ။" လို့ မောင်သက်က ပြန်မေးတော့ "ဒီလိုကွ.." ဖက်တီးက သူ့ရဲ့ အကြံကို ပြောပြတယ်။ အားလုံးက မောင်မျိုးကို တင်းနေကြတာမို့ " ကောင်းတယ်" ဆိုပြီး ဝိုင်းထောက်ခံကြ ပါတယ်။
ဒီလိုနဲ့ သုံးလေးရက်လောက် ကြာပြီးတဲ့ အချိန်မှာတော့ မောင်မျိုးတစ်ယောက် အိမ်မှာ ရှိနေတဲ့အချိန် သူ့ဟင်းန်ဖုန်းက မြည်လာပါတယ်။ ဖုန်းလာတဲ့အချိန်က ကံမကောင်း အကြောင်းမလှစွာပဲ မောင်မျိုးတစ်ယောက် ရေချိုးခန်းထဲ ရောက်နေပါတယ်။ အပြင်မှာ ရှိနေတဲ့ သူ့မိန်းမ မချိုက သူ့ ဟင်းန်းဖုန်းကို ကောက်ကိုင်ပါတယ်။
"ဟဲလို"
"ကိုကို လားဟင်။" တစ်ဖက်က မိန်းကလေး အသံနဲ့မို့ မချို တစ်ယောက် ဇဝေဇဝါ ဖြစ်သွားပါတယ်။
"ဘယ်သူလဲ မသိဘူး။ ညီမလေး ဖုန်းမှားနေပြီထင်တယ်။"
"မမှားပါဘူး။ ဒါက ကိုကို့ဖုန်းပါ။ ကိုမျိုး ဖုန်း မဟုတ်ဘူးလား။" မချိုတစ်ယောက် အဲဒီလို ကြားလိုက်ရတော့ ဒေါသတွေ အလိပ်လိုက် ထွက်လာပါတယ်။
"ဟုတ်တယ်ဟေ့။ ဒါကိုမျိုးဖုန်း။ ငါက သူ့မိန်းမ။ နင်က ဘယ်သူလဲ။"
"အယ်။ အစ်မကလည်း လာနောက် နေပြန်ပြီ။ ကိုမျိုးက လူပျိုကြီးကို။ မသိတာ မှတ်လို့။ အစ်မက ကိုမျိုး အစ်မလား။"
မချိုတစ်ယောက်တော့ စွေ့စွေ့ခုန် နေပါပြီ။
"ဘာ လူပျိုကြီးလဲ။ နင့်ကို ဘယ်သူက လူပျိုကြီးလို့ ပြောသလဲ။"
"ကိုမျိုးက သမီးတို့ကို လူပျိုကြီးလို့ ပြောတာပဲ။ လူပျိုကြီးမှ ရည်းစားတောင် မထားဘူးတဲ့ လူပျိုကြီး လို့ ပြောတယ်။"
"မဟုတ်ဘူးဟေ့။ မဟုတ်ဘူး။ ငါက သူ့မိန်းမ။ ပေါင်းလာတာ ကြာပြီ။ နင်တို့ခေတ် ကောင်မလေးတွေ ရွကို ရွတယ်။ သူများ ယောက်ျားကို လူပျိုမှန်းမသိ လူအိုမှန်းမသိ။"
မချိုတစ်ယောက် ဖုန်းကို ဆောင့်ကြီးအောင့်ကြီး ပိတ်ပြီး စိတ်ထဲကတော့ သိကြသေးတာပေါ့ လို့ ကြိမ်းလိုက်ပါတယ်။ မောင်မျိုးတစ်ယောက်တော့ သူကြမ္မာငင်နေတာ မသိဘဲ ရေချိုးခန်းထဲမှာ သီချင်းလေး တစ်အေးအေးနဲ့ ရေချိုးနေပါတယ်။ ကံဆိုးမိုးမှောင်ကျချင်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူညည်းနေတဲ့ သီချင်းက အချစ်ကလေး ကိုယ့်ကိုနားလည်ပေးပါ ကလေးရယ် ဆိုတဲ့ ချစ်ကောင်းသီချင်း ဖြစ်နေတာပါပဲ။ မချိုတစ်ယောက် အပြင်ကနေ သီချင်းသံကို နားထောင်ရင်း ယမ်းပုံမီးကျ ဖြစ်နေပါတယ်။
"ဒီမယ်။ ရှင် အတော်ထနေသလား။ ဘာကလေးလဲ။ ဒီမှာ ကိုယ့်မိန်းမကြီး ငုတ်တုတ် ရှိနေတာ သတိရစမ်းပါဦး။" မချိုတစ်ယောက် ဒေါသတကြီးနဲ့ အပြင်ကနေ ရေချိုးခန်းတံခါးကို တဝုန်းဝုန်း ထုရင်း အော်ပါတယ်။
မောင်မျိုးတစ်ယောက် သီချင်းသံ တိတ်သွားပါတယ်။ "ဘာဖြစ်တာလဲ မိန်းမရ။ ကိုယ့်ဘာသာကိုယ် သီချင်းဆိုတာပဲ။ မဆိုရဘူးလား။" လို့မောင်မျိုးက ရေချိုးခန်းထဲကနေ ပြန်ပြောပါတယ်။
"ဘာလဲ။ ရှင်က ကျွန်မကို ဘတ်ချင်သေးလို့လား။ အခုပဲ ရှင့်ဟာမလေး ဖုန်းဆက်တယ်။ အပြင်ကို ထွက်ခဲ့စမ်းပါဦး။ အဲဒီကိစ္စရှင်းရအောင်။"
"ဘယ်ကဟာမလေးလဲ။ မင်းကတော့ ကွိုင်ပဲကွာ။"
မောင်မျိုးတစ်ယောက် ဝါးတားတားနဲ့ ရေချိုးခန်းထဲကနေ ထွက်လာပါတယ်။ သူ့မိန်းမ ဘာဖြစ်လို့ နှာကစ်နေသလဲ ဆိုတာကို သူ ဇဝေဇဝါ ဖြစ်နေပါတယ်။
"ပြောစမ်းပါဦး။ ရှင်က ဘယ်က ဟာမတွေနဲ့ အလေလိုက်နေရတာလဲ။" မချိုက အော်ပါတယ်။
"ဟ။ ဘာအလေလိုက်ရမှာလဲ။ ငါ ရုံးနဲ့ အိမ်။ အိမ်နဲ့ ရုံးကလွဲရင် သွားလေရာ နေရာမှာ မင်းတကောက်ကောက် လိုက်နေတာပဲ မဟုတ်ဘူးလား။ ငါက ဘယ်အချိန် သွားအလေလိုက်ရမှာလဲ။"
"အောင်မယ်။ ရှင် ကျွန်မကို ငထူငအ များမှတ်နေသလား။ ရှင် အိုဗာတိုင် အိုဗာတိုင်နဲ့ ကျွန်မကို ဘတ်ကီးရိုက်ပြီး အဲဒီဟာမလေးတွေနဲ့ ရှုပ်နေတာ မဟုတ်လား။"
"ဟာ။ မင်းကတော့ အတော်စားတာပဲ။ ရုံးမှာ အလုပ်ရှိမှတော့ အိုဗာတိုင် လုပ်ရမှာပေါ့။"
"ဒီမယ်။ ခုန ရှင့်ဟာမလေး ဖုန်းဆက်တယ်။ ကိုကို ရှိလားတဲ့။ ရှင်က ဒါတင်မကသေးဘူး။ ကိုယ့်ဘာသာကိုယ် ရည်းစား မရှိတဲ့ လူပျိုကြီးတောင် ပြောထားလိုက်သေးတယ်။"
"ကွိုင်ပဲ။ တစ်ယောက်ယောက် ငါ့ကို ကျပ်တာ နေမှာပါ။"
မချိုက ဒေါသထွက်လာတာနဲ့ ဘေးနားက ရှိတဲ့ စတီးဇလုံနဲ့ မောင်မျိုးကို ကောက်ထု ထည့်လိုက်ပါတယ်။ မောင်မျိုးလည်း ရုတ်တရက်မို့ အငိုက်မိပြီး ဘုထွက် သွားပါတယ်။
"တောက်" မောင်မျိုးတစ်ယောက် တောက်တချက် ခေါက်ပြီး မျက်နှာကြီး နီရဲသွားပါတယ်။ သူတစ်ခါမှ ဒါမျိုး မခံရဖူးတာကြောင့် အကြီးအကျယ် ပေါက်ကွဲသွားပါတယ်။ နောက်တော့ ဘီဒီုကိုဖွင့် အင်္ကျီအဝတ်အစား အမြန် ကောက်စွပ်ပြီး အိမ်ထဲကနေ ထွက်သွားပါတော့တယ်။
စိတ်ဆိုးတုန်းသာ ဆိုးပေမယ့် တကယ်တမ်းကျတော့လည်း မချို မနေနိုင်ပါဘူး။ သူ့ယောက်ျားဆီ ဖုန်းဆက်တော့ ဖုန်းပိတ်ထားပါတယ်။ ဒါနဲ့ သူ့ယောက်ျားရဲ့ သူငယ်ချင်းတွေ ဆီကို ဖုန်းဆက်ပါတယ်။ ကျော်စွာ့ဆီကို ဖုန်းဆက်တဲ့ အချိန် မောင်မျိုးတစ်ယောက်ကလွဲလို့ ကျန်တဲ့သူတွေ အကုန် ရှိနေပါတယ်။
"ကိုကျော်စွာ။ ကိုမျိုးတစ်ယောက် လာသေးလား။"
ကျော်စွာကတော့ ပြသနာတော့ စနေပြီဆိုတာ သိလိုက်လို့ ပြုံးလိုက်ပါတယ်။
"ဟင့်အင်း။မလာဘူး မချို။ ဘာဖြစ်လို့လဲ။"
"ရှင့်သူငယ်ချင်းက ကောင်းကို မကောင်းပါဘူး။ ဘယ်က ကောင်မလေးတွေနဲ့ ဇာတ်ရှုပ်လာမှန်း မသိဘူး။ ခုန သူတို့ဖုန်းဆက်တော့ ကျွန်မနဲ့ တည့်တည့်တိုးတယ်။ သူက ကောင်မလေးတွေကို လူပျိုကြီးလို့ ပြောထားတယ်။"
"ဟုတ်လား။အဲဒါတော့ ဘယ်ကောင်းမလဲ။" ကျော်စွာက မသိသလိုနဲ့ ဆက်ကျပ်နေပါတယ်။
"ဟုတ်တယ်။ ကျွန်မလည်း ဒေါသထွက်တာနဲ့ ဇလုံနဲ့ ကောက်ထု လိုက်တယ်။ အဲဒါနဲ့ စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းသွားတယ်။"
အဲဒီလို ကြားတော့ ကျော်စွာ ခေါင်းပူသွားပါတယ်။ သူတို့ ကျပ်တုန်းက ဒီလောက်အထိ မရည်ရွယ်ပါဘူး။ ဒါနဲ့ပဲ သူက ကြားက ပြန်တောင်းပန်လိုက်ပါတယ်။
"ဆောရီးပဲ မချိုရယ်။ အဲဒါ ကျွန်တော်တို့ ကျပ်လိုက်တာပါ။ အဲဒီလောက် ဖြစ်မယ်မှန်း မသိလို့ပါ။ သူ မချိုကို ကြောက်တတ်မှန်း သိလို့ ကောင်မလေးတွေ ဖုန်းဆက်ရင် မချိုရှေ့မှာ ဘယ်လို ပြောရဆိုရမှန်း မသိ ကွိုင်တက်အောင် ဆိုပြီးတော့ ကျပ်လိုက်တာပါ။ ဟိုကောင်မလေးတွေကလည်း ဘရုတ်သုက္ခတွေ။ မချိုနဲ့ တွေ့တော့ မချိုကိုပါ ကျပ်သွားတယ် ထင်တယ်။"
"ရှင်တို့ အဲဒီလို လုပ်တာတော့ ဘယ်ကောင်းမလဲ။ သူများ လင်မယား ပြသနာတက်အောင်။"
"ကျွန်တော် တောင်းပန် ပါတယ် မချိုရယ်။ ဒီကောင် မိန်းမကြောက်တတ်မှန်း သိလို့ ကျွန်တော်တို့က သူ့ကို နည်းနည်း Lesson ပေးလိုက်တာ။ ဒီလောက် အထိ မရည်ရွယ်ပါဘူး။"
"ရှင်တို့ဆီ ရောက်လာရင် အိမ်ပြန်လွှတ်လိုက်ပါ။ ကျွန်မ ခုန ဖုန်းခေါ်တာ ဖုန်းပိတ်ထားလို့။"
မချို ဖုန်းချ သွားပြီးတော့ အားလုံးက ဘာဖြစ်တာလဲ ဝိုင်းမေးကြပါတယ်။ ကျော်စွာက အကြောင်းစုံ ပြန်ပြောပြတော့ သူတို့ စိတ်လည်းမကောင်း ရယ်လည်း ရယ်ချင် ဆိုသလို ဖြစ်နေကြပါတယ်။ မကြာခင်မှာပဲ မောင်မျိုးတစ်ယောက် ဖုန်းဆက်ပြီး သူတို့ ရှိတဲ့နေရာကို ရောက်လာပါတယ်။ ခေါင်းမှာ ဘုနဲ့ ရှူးရှူးရှဲရှဲ ဖြစ်နေတဲ့ မောင်မျိုးကို တွေ့တော့ သူတို့ စိတ်ထဲ ရယ်ချင် ပက်ကျိ ဖြစ်နေကြပါတယ်။
ဖက်တီးက စမေးပါတယ်။
"ဟေ့ကောင်။မောင်မျိုး ခေါင်းက ဘုနဲ့ ဘာဖြစ်လာတာလဲ။ မိန်းမဆော်လွှတ်လိုက်တာလား။"
"မဟုတ်ပါဘူးကွာ။ ရေချိုး ခန်းထဲ ချော်လဲ လို့ပါ။"
မောင်မျိုး စကားကို ကြားတော့ အားလုံးက ဝါးကနဲ ဝိုင်းရယ်ကြပါတယ်။ မောင်မျိုး ရုတ်တရက် ကြောင်သွားပါတယ်။ ရေချိုးခန်းထဲ ချော်လဲတာ ဘာများ ရယ်စရာ ပါလို့လဲ ဆိုပြီးတွေးပါတယ်။
"ဟေ့ကောင်။ အချင်းချင်း ဘတ်ကီး လာမရိုက်နဲ့။ မင်းမိန်းမ ခုနပဲ ဖုန်းဆက်တယ်။ သူ ဇလုံနဲ့ ထုလွှတ်လိုက်တာ မင်းဘုထွက်သွားတယ် ပြောတယ်။" ဖက်တီးက အဲဒီလို ပြောတော့ သူတို့ နောက်တစ်ခေါက် ထပ်ရယ်ကြပါတယ်။
"အေးကွာ။ ဘယ်လို ဖြစ်သွားမှန်းတောင် မသိလိုက်ဘူး။ ငါရေချိုးနေတုန်း ပြသနာ လာရှာပြီး ဘာမပြော ညာမပြောနဲ့ ထုလွှတ်လိုက်တာ။ အဲဒါနဲ့ ငါလည်း တင်းပြီး အိမ်က ထွက်လာတာ။"
"မင်းမိန်းမကို လိုတာထက် ပိုပြီး ကျွတ်ကြဲနေလို့ ငါတို့ မင်းကို နည်းနည်း Lesson ပေးလိုက်တာ။ အခု မင်းမိန်းမ သိသွားပြီ။ မင်းကို အိမ်ပြန်လာခဲ့ပါတဲ့။" ဖက်တီးက စကား အဆုံးမှာတော့ မောင်မျိုးတစ်ယောက် ပါးစပ်ကနေ မျိုးစုံအောင် ဆဲပါတော့တယ်။
နောက်တော့ "အဲဒါဆိုလည်း ငါအိမ်ပြန် လိုက်ဦးမယ်။" လို့ပြောပြီး မောင်မျိုးက ပြောပြီး လှည့်ထွက်မလို့ ပြင်ပါတယ်။ "ရောက်ပြီးမှတော့ ဘီယာ တစ်ပုလင်းလောက်တော့ သောက်သွားဦးလေကွာ။" လို့ တားတာတောင် မရတော့ပါဘူး။ "တော်ပြီ။ နေပစေတော့။ နောက်မှပဲ သောက်တော့မယ်။" လို့ ပြောပြီး လစ်သွားပါတယ်။
မောင်မျိုး တစ်ယောက် အိမ်ပြန်လာတော့ မချို အိမ်ရှေ့ခန်းမှာ ထိုင်စောင့်နေပါတယ်။ မောင်မျိုးက မျက်နှာသုန်သုန်မှုန်မှုန်နဲ့ အိမ်ထဲ ဝင်လာတော့ မချိုက ချက်ချင်း ထပြီး လက်မောင်းကို ဆွဲပါတယ်။ ပြီးတော့ "ကိုကို ချို့ကို စိတ်ဆိုးနေသလားဟင်။" လို့ မေးတော့ မောင်မျိုးတစ်ယောက် အရည်ပျော်ချင်သွားပါတယ်။ "ရုတ်တရက် ဆိုတော့ ချို ထူပူပြီး လုပ်မိလုပ်ရာ လုပ်လိုက်တာပါ။ ကိုကို့ နာသွားလို့ ချိုတကယ် စိတ်မကောင်းဘူး။" ပြောရင်း မချိုက ငိုပါတယ်။ မိန်းမတို့ရဲ့ လက်နက်ဟာ မျက်ရည်လို့ ပြောကြတယ် မဟုတ်လား။ မျက်ရည်ကျတာ တွေ့ရင် တော်ရုံတန်ရုံ စိတ်ဆိုးနေတဲ့ ယောက်ျားတွေ ပျော့သွားတတ်ပါတယ်။ ဒါပေမယ့်လည်း မောင်မျိုးတစ်ယောက် စကားတစ်ခွန်းမှ ပြန်မပြောသေးပါဘူး။ မချိုတစ်ယောက် နောက်ဆုံးလက်နက် ထုတ်သုံးလိုက်ပါတယ်။ ကြမ်းပြင်ပေါ်မှာထိုင်ပြီး "ကိုကို့ကို ပြစ်မှားမိတာ ရှိရင် ခွင့်လွှတ်ဖို့ တောင်းပန် ပါတယ်။" ဆိုပြီး ထိုင်ကန်တော့တော့ မောင်မျိုးတစ်ယောက် ဘုန်းကြီးပါစေ သက်ရှည်ပါစေပဲ ဆုပေးရမလား ခွင့်လွှတ်တယ်ပဲ ပြောရမလား ဘာပြန်ပြောရမှန်း မသိအောင်ပဲ ဖြစ်သွားပါတယ်။

ဝတ္ထုတို,
ဟာသ
Subscribe to:
Posts (Atom)