နိုင်ငံရပ်ခြားမှာ နှစ်ရှည်လများ နေလာခဲ့တဲ့ သူတစ်ယောက်အတွက် ရန်ကုန်မှာ အဓိက ကြုံတွေ့ရတဲ့ အဆင်မပြေမှု ကတော့ သွားရေးလာရေးပါပဲ။ အများပြည်သူသုံး ဘတ်စ်ကား ရထားတွေ ပေါပေါများများ ရှိပြီး သွားရလာရ အဆင်ပြေတဲ့ ကမ္ဘာ့မြို့ကြီးတွေနဲ့ ယှဉ်ရင်တော့ နောက်မှာ နှစ်ပေါင်းများစွာ ပြတ်ကျန်နေခဲ့တာ အမှန်ပါပဲ။ စင်ကာပူ၊ လန်ဒန်၊ ဆစ်ဒနီ စတဲ့ မြို့ကြီးတွေ အသာထား၊ မနီလာ၊ ဘန်ကောက် စတဲ့ မြို့တွေနဲ့ ယှဉ်ရင်တောင် မှီနိုင်ဖို့ အဝေးကြီး လိုပါသေးတယ်။
နိုင်ငံခြား မထွက်ခင် အချိန်ကတော့ ကိုယ့် အသက်အန္တရာယ် ဆိုတာ ထည့်စဉ်းစားရ ကောင်းမှန်း မသိလို့က တစ်ကြောင်း၊ ငယ်တုန်း ရွယ်တုန်း သန်မာတုန်း ဖြစ်တာကလည်း တစ်ကြောင်းမို့ ခြေနင်းခုံမှာ ခြေထောက် တစ်ဖက်ချ စရာ နေရာ၊ တန်းမှာ လက်တစ်ဖက် ခိုစရာ တစ်နေရာ ရှိရင် လိုင်းကား တွယ်စီးဖြစ်တာပါပဲ။ ရုံးဆင်းရုံးတက် အချိန် ဘတ်စ်ကားအကြီးတွေထဲကို ဝင်စီးဖို့ ကျပြန်တော့လည်း ကားတွယ်စီး သလောက် အန္တရာယ် မများပေမယ့် အသက်ရှူလို့ မဝအောင် ကျပ်ပိသိတ်နေ (ဒါက မွန်သံ)၊ ပြတင်းပေါက်ကိုတောင် မမြင်ရအောင် လှောင်ပိတ်နေတဲ့ အနေအထားမို့ ကားတွယ်စီးဖို့ကိုပဲ ရွေးချယ် ဖြစ်တာများပါတယ်။ နယ်ကို ခရီးသွားတုန်းကဆို ယောက်ျားကလေးတွေ အပေါ်တက်ပေးပါဆိုလို့ ခေါင်မိုးပေါ် တက်စီးရ ပြန်ပါတယ်။ အခု အချိန် ပြန်စဉ်းစားတော့ ရှောဘရားသားနဲ့ အတော်နီးစပ်တယ်ဆိုတာကို ပြန်ဆင်ခြင် မိပါတယ်။
အခုတလောတော့ ရန်ကုန်မှာ ကားကို ခေါင်မိုးပေါ်က စီးရင် ဒဏ်ငွေငါးသောင်း၊ ဒရိုင်ဘာ စပယ်ယာ အချုပ်တစ်လ၊ ကားပါ တစ်လသိမ်းတယ် ဆိုတဲ့ စီမံချက် ရှိနေတော့ ရန်ကုန် ဆင်ခြေဖုံးက လာတဲ့ကားတွေ မြို့ထဲ ဝင်ခါနီးရင် ခေါင်မိုးပေါ်က လူတွေ အထဲကို သွင်းကြပါတယ်။ အခု အချိန်မှာတော့ ကားတွယ်စီးဖို့ မစဉ်းစားတော့ ပါဘူး။ ဘတ်စ်ကား အကြီးတွေ စီးဖို့ ကျပြန်တော့လည်း အဲဒီကားတွေက လမ်းပေါ်မှာ သူတို့ အကြီးဆုံး ဆိုပြီး စည်းမရှိ ကမ်းမရှိ ဝင်ချင်သလိုဝင် ထွက်ချင် သလိုထွက် ကားအများကြီး ရှိတဲ့လမ်းကို ကမူးရှူးထိုး မောင်းနေကြတာမို့ စီးဖို့ တွန့်နေပြန်ပါတယ်။ ဒါကြောင့်လည်း ဘတ်စ်ကား စီးဖို့ ဆိုတဲ့ ကိစ္စကို တော်ရုံတန်ရုံ မစဉ်းစားတော့ပဲ တက္ကစီ စီးရင်စီး၊ ဆိုက်ဂျဲရိုးနဲ့ သွားရင်သွား ဒါမှ မဟုတ် တက္ကစီ ငှားရင်ငှား ဆိုတဲ့ လမ်းသုံးလမ်းထဲက တစ်လမ်းမဟုတ် တစ်လမ်းပဲ ရွေးဖြစ်ပါတော့တယ်။
ရန်ကုန်မြို့မှာ အပေါများဆုံး သုံး ခု ရှိတယ်လို့ ဆိုကြပါတယ်။ အဲဒါကတော့ မော်တော်ကား အရောင်းပြခန်းရယ်၊ တယ်လီဖုန်း အရောင်းဆိုင်ရယ်၊ တက္ကစီရယ်ပါပဲ။ ရန်ကုန်မြို့မှာ တက္ကစီပေါတာ မှန်ပါတယ်။ ဒါပေမယ့် တက္ကစီစီးရတာ တကယ်တမ်းတော့ အဆင်မပြေလှပါဘူး။
ကျွန်တော် ကြုံခဲ့ဖူးသမျှမှာတော့ တက္ကစီ မောင်းတဲ့သူ တစ်ဝက်နီးပါး လောက်က ဈေးကို မတန်တဆ တောင်းချင်ကြပါတယ်။ ပုံမှန် နှစ်ထောင်နဲ့ ငှားစီးနေကျ လမ်းခရီးကို လေးထောင် တောင်းတဲ့သူကတောင်း၊ သုံးထောင့်ငါးရာ တောင်းတဲ့ သူကတောင်း ပါးစပ်ထဲ တွေ့ကရာဈေးတွေ တောင်းနေကြတာမို့ စီးရတာ သိပ်အဆင်မပြေပါဘူး။ တစ်ခါက နေ့ခင်းဖက် ကားရှင်းတဲ့ အချိန် မြို့ထဲ ဆိပ်ကမ်းသာလမ်းကနေ အင်းစိန် ကုန်းတံတားနားကို ကားငှားတာ ခုနစ်ထောင်တောင်းတာမို့ ခင်ဗျား တက္ကစီ မမောင်းဘဲ ဓားပြတိုက်စားပါလား လို့ စိတ်ချဉ်ပေါက်ပေါက်နဲ့ ဘုတော မိတဲ့ အထိပါပဲ။ အေးလေ။ ကိုယ့်ရုပ်ကလည်း အချဉ်ရုပ် ပေါက်နေသလား မှ မသိတာ။
တက္ကစီ ငှားစီးတဲ့ အခါ စျေးအနေနဲ့ အဆင်အပြေဆုံး ကား သုံးမျိုး သုံးစား ရှိပါတယ်။ ပထမ တစ်မျိုးက တရုတ်ဖြစ် ချယ်ရီကျူကျူ ဒါမှမဟုတ် မြန်မာမီနီလို့ ခေါ်တဲ့ ကားတွေပါပဲ။ အဲဒီ ကားပေါက်စန ကလေးတွေက ဆီစားသက်သာတော့ တော်ရုံတန်ရုံ စျေးသိပ်မတောင်း ကြပါဘူး။ နောက်တစ်မျိုးကတော့ သဘာဝ ဓာတ်ငွေ့နဲ့ မောင်းတဲ့ကားပါ။ အဲဒီကားတွေကလည်း ဆီဖိုး သက်သာတာမို့ တခြားကားတွေနဲ့ ယှဉ်ရင် စျေးသက်သာပါတယ်။ ကျွန်တော် ပြန်ရောက်ခါစ ဓာတ်ဆီနဲ့ မောင်းတဲ့ တက္ကစီကို စျေးဆစ်တော့ တက္ကစီမောင်းတဲ့ သူက ကျွန်တော့် ကားက ဆီ ကားမို့ပါ အစ်ကိုရယ် လို့ ပြောတာကို နားမလည်လို့ ခင်ဗျားကားက ဆီကား ဆိုတော့ တခြား ကားတွေက ရေထည့်မောင်းကြတာလားလို့ ပြန်မေးဖူးပါတယ်။ နောက်တစ်မျိုးကတော့ စုတ်ပြတ်နေတဲ့ တက္ကစီတွေပါပဲ။ အဲဒီကားတွေက အရည်ကျိုကို ပို့ရခါနီးပြီ ဆိုတော့ ကားပိုင်ရှင်တွေက အရည်ကျို မပို့ခင် ကားကိုမပြင်တော့ပဲ ပိုက်ဆံကို ရသလောက် လှိမ့်ရှာ ကြပါတယ်။ သူတို့ရဲ့ အုံနာကြေးဟာ တစ်ခြား ကားတွေထက် သက်သာတာမို့ ကားအစုတ်တွေ ငှားစီးရင် စျေးသက်သာပါတယ်။ တကယ်ကို ဘုရားစူး မပြင်ဘဲ ထားတာဆိုတော့ ကားစီးနေတဲ့ အချိန် မီးရထား စီးသလို ကြားနေရတဲ့ ဂျုံးဂျုံးဂျက်ဂျက် အသံတွေ၊ တံခါး ဖွင့်မရတဲ့ ဒုက္ခတွေကိုတော့ သည်းညည်း ခံရပါလိမ့်မယ်။ အခုတလောတော့ တက္ကစီတွေ ပေါလာတော့ စျေးသက်သာတဲ့ တက္ကစီမောင်းတဲ့သူနဲ့ စျေးကြီးတဲ့ တက္ကစီမောင်းတဲ့သူတွေ ကြားမှာ ပြဿနာတွေ တက်နေကြပါတယ်။ တစ်စင်းကို တားပြီး ဈေးဆစ်ရင် နောက်တစ်စင်းက နောက်မှာ အသင့်ဝင်ရပ်ပြီး စောင့်နေတာမျိုးပါ။ ရှေ့ကားနဲ့ စျေးမတည့်ရင် အသင့်ရှိတယ် ဆိုတဲ့ သဘောမို့ ရှေ့ကားက ကားဆရာက မတန်တဆ တောင်းမရတော့ဘဲ ဈေးလျှော့ပြီး လိုက်ရပါတယ်။ အဲဒီလို ခရီးသည်လုရင်း ရိုက်ပွဲတွေ အထိတောင် ဖြစ်ကြတယ်လို့ တက္ကစီမောင်းတဲ့သူ တစ်ယောက်က ပြောပြဖူးပါတယ်။
တက္ကစီ ငှားစီးတဲ့ အခါ ကြုံရတဲ့ နောက်ထပ်ဒုက္ခ တစ်မျိုးလည်း ရှိပါသေးတယ်။ အဲဒါကတော့ လမ်းကျပ်ပြီဆိုရင် ဘယ်ကားမှ မလိုက်တော့ တာပါပဲ။ တစ်ခါက လပြည့်နေ့မို့ ရွှေတိဂုံ ဘုရား သွားချင်လို့ တက္ကစီ ငှားပါတယ်။ ဒါပေမယ့် ဘယ်သွားမလဲ ရွှေတိဂုံ ဘုရား ဆိုတာနဲ့ အားလုံးက မလိုက်တော့ဘူး ဆိုပြီး ငြင်းကြပါတယ်။ တက္ကစီငှားရင်း ကြာလာတော့ ဗိုက်ကလည်း ဆာ၊ လူကလည်း ညစ်လာတာနဲ့ ဘုရားနားက အောင်သုခမှာ ထမင်းအရင် ဝင်စားမယ် ပြီးမှပဲ သွားတော့မယ်လို့ ကြံလိုက်ပါတယ်။ တက္ကစီငှားတော့ ချက်ချင်း လိုက်ပါတယ်။ ကားပေါ်ရောက်မှ တက္ကစီသမား ပြောပြတာက ဘုရားဆိုရင် ကျွန်တော် မလိုက်ဘူး အစ်ကို၊ မနက်ကတည်းက ကားတွေ ပိတ်နေလို့ ဘယ်သူမှ မလိုက်ချင်ကြဘူးလို့ အကျိုးအကြောင်း ကျွန်တော့်ကို ရှင်းပြပါတယ်။
တက္ကစီ စီးတဲ့ အခါ ဂျိမ်းစဘွန်းလို တက္ကစီ မောင်းတတ်သူနဲ့ ကြုံရတတ်သလို၊ တစ်လမ်းလုံး ဖရုဿဝါစာတွေ ရွတ်နေတတ်တဲ့ ကားမောင်းသူလည်း ကြုံရတတ်ပါတယ်။ တစ်ခါတော့ ညဘက် လှည်းတန်းကနေ အိမ်အပြန် ကားတစ်စင်း ငှားစီးတာ ကားငှားတဲ့ အချိန် အသေအချာ မကြည့်မိဘဲ ကားပေါ်ရောက်လို့ မောင်းတဲ့သူ ကြည့်ပြီးတော့မှ လန့်သွားပါတယ်။ ကားမောင်းလာတာ သရဲတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကို ကြည့်ပြီး ကျောချမ်းသွားတာတော့ အမှန်ပါပဲ။ တက္ကစီ မောင်းနေတဲ့ ကောင်လေးက အသက် ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ် လောက်ပဲ ရှိသေးလို့ပါ။ သူကတော့ အစ်ကို ကျွန်တော် လမ်းတော့ မသိဘူး လမ်းပြဦး ဆိုလို့ သူ့ကို ဒီကနေ တည့်တည့်ပဲ မောင်း။ ဘယ်မှ ကွေ့စရာ မလိုဘူးလို့ ညွှန်ပေးရပါတယ်။ ကျွန်တော်တို့ ၈ တန်း ၉ တန်း အရွယ်တုန်းကတော့ ဒီလိုပဲ သူငယ်ချင်းတွေ မောင်းတဲ့ ကားနဲ့ ဟိုသွားဒီသွား သွားနေတာပါပဲ။ ကြောက်ရ လန့်ရ ကောင်းမှန်းလည်း မသိပါဘူး။ အခု အချိန်တော့ စိတ်က ပြောင်းသွားပါပြီ။ ကိုယ် ငှားစီးလာတဲ့ ကားကို မောင်းလာတာ အသက်မပြည့်သေးတဲ့ ကောင်လေး တစ်ယောက်ဆိုတော့ နည်းနည်းတော့ လန့်တာ အမှန်ပါပဲ။ အစကတော့ သူ့အဖေကားများ အလစ်ယူမောင်းပြီး ပိုက်ဆံရှာနေသလား တွေးမိပါတယ်။ လမ်းမှာ တော့ကီပွားရင်းနဲ့မှ သူ ညနေတိုင်း ထွက်မောင်းတယ်လို့ သူက ပြောပြပါတယ်။ စီးနေရင်းနဲ့မှ သူ ကားမောင်းကျွမ်းမှန်း သိလို့ နည်းနည်း စိတ်သက်သာရာ ရသွားပါတယ်။
ဒီလိုနဲ့ တက္ကစီ စီးရတာ ဘယ်လိုမှ အဆင်မပြေလို့ ကားအမြန် ရှာရပါတယ်။ ကားမောင်းဖို့ စဉ်းစားရတာကလည်း တဒုက္ခပါပဲ။ စင်ကာပူမှာ ကားမောင်းရတာ သိပ်လွယ်ပါတယ်။ သူ့လမ်းသူမောင်း ကိုယ့်လမ်းကိုယ်မောင်း အရှိန်နဲ့မောင်းလည်း ပြဿနာ မရှိပါဘူး။ လူဖြတ်ပြေးမှာလည်း စိတ်ပူစရာ မလိုပါဘူး။ ရန်ကုန်မှာတော့ ဟိုအရှေ့က ဖြတ်ဝင် ဒီအရှေ့က ဖြတ်ဝင် ဟိုဘေးက ကျော်တက် ဒီဘေးက ကျော်တက် ဒီကြားထဲ လူကဖြတ်ပြေး စက်ဘီး ဆိုက္ကားက ကြားက ဖြတ်ဝင်ဆိုတော့ စတီယာရင် နောက် ထိုင်ဖို့ အတော်ကိုပဲ စဉ်းစား နေရပါတယ်။ ဒါပေမယ့်လည်း တက္ကစီကို စိတ်အတော် ကုန်နေပြီမို့ ဒီလမ်းကလွဲ ရွေးစရာ မရှိပဲ ဖြစ်နေပါတော့တယ်။
(Image Source: Wikimedia.org)
Search This Blog
Showing posts with label အတွေ့အကြုံ. Show all posts

Wednesday, April 10, 2013
Thursday, April 4, 2013
ရွာအဝင် လမ်းဆီကနေ
ကုဋေ ၈၀ မက ချမ်းသာပေမယ့် ဖွဘုတ်ပေါ်မှာ အမြဲ ချူသံပါအောင် ညည်းတတ်တဲ့ သူငယ်ချင်းတစ်ယောက် က နေ့လည်တုန်းက မေးပါတယ်။ ရန်ကုန်မှာ လုပ်ငန်းကလေး စ ထားရင် ကောင်းမလား။ လို့ပါ။ ညဘက်ကျတော့ အင်္ဂလန်မှာ အမြဲတမ်း နေထိုင်သူ ဖြစ်နေတဲ့ သူငယ်ချင်းက ဖုန်းဆက်မေးပြန်ပါတယ်။ ရန်ကုန်မှာ စီးပွားရေး ပြန်လာလုပ်ရင် ကောင်းမလား။ ဆိုပြီးတော့ပါ။
ဟုတ်ကဲ့။ သူတို့နဲ့ ပြောဖြစ်ခဲ့တဲ့ မြန်မာပြည် လက်ရှိ အခြေအနေ အပေါ် ကျွန်တော့်ရဲ့ အမြင်ကို ပြောပြပါမယ်။ အခု အချိန်က ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့် အချိန်ပါ။ ခေတ်အပြောင်းအလဲ ကို အမှီလိုက်ပြီး ကြီးပွားချင်သလား။ ဒါမှ မဟုတ် နိုင်ငံခြားမှာပဲ အခြေချမလား။ ဒါမှမဟုတ် နိုင်ငံခြားမှာ အရင်းအနှီး တစ်ခုခု ရအောင် စုပြီးမှ မြန်မာပြည်မှာ မရှိမရှား စီးပွားရေး လုပ်ငန်း တစ်ခုနဲ့ ရပ်တည်မလား။ တစ်ခုခုကို ရွေးဖို့ အချိန် ရောက်နေပါပြီ။ ရန်ကုန်မှာ စီးပွားရေး စလုပ်ရင် ကောင်းမလား မေးနေရမယ့် အချိန်မဟုတ်ပါဘူး။ နည်းနည်းတောင် နောက်ကျနေပါပြီ။ ဒါပေမယ့် လိုက်ရင်တော့ မှီနိုင်တဲ့ အနေအထားမှာ ရှိပါသေးတယ်။
ရန်ကုန်မှာ တစ်ချို့က လုပ်စားလို့ မကောင်းဘူး ပြောကြပါတယ်။ အရင်လို လုပ်စားလို့ မကောင်းဘူး ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဘာလို့ လုပ်စားလို့ မကောင်းတာလဲ မေးရင် အလုပ်မလုပ်ဘဲ ပိုက်ဆံ အလကားရနေတဲ့ ခေတ်က ကုန်တော့မယ့် အခြေအနေကို ရောက်နေလို့ပါ။ အလုပ်မလုပ်ဘဲ ဟိုမြေကလေးဝယ် မြတ်ရင် ပြန်ရောင်း၊ ဒီကားကလေးဝယ် မြတ်ရင် ပြန်ရောင်းဆိုတဲ့ ခေတ်ကတော့ ကုန်သလောက် ဖြစ်နေပါပြီ။ ဒါပေမယ့် ကြိုးစားပမ်းစား စီးပွားရေး လုပ်ချင်သူတွေ အတွက်တော့ အခွင့်အလမ်းတွေဆိုတာ မနည်းမနောပါပဲဆိုတာ တကယ် အလုပ်လုပ်နေတဲ့သူတွေကို မေးကြည့်ရင် သိနိုင်ပါတယ်။
အခုလို အချိန်မှာ စီးပွားရေး လုပ်ရတာ သေချာပေါက် ကံသေကံမ တွက်လို့ မရတဲ့ အလျော်အစားကြီးတဲ့ စွန့်စားမှု တွေတော့ ရှိပါတယ်။ ကက်စီနိုမှာ ဆစ်ဘို ဆိုတဲ့ အံစာတုံး ၃တုံး ကစားရသလို ပါပဲ။ စွန့်စားမှုကြီးရင် အရှုံးကြီးသလို ရလာဒ်က ကြီးပါတယ်။ စွန့်စားမှုနည်းရင် အရှုံးနည်းသလို ရလာဒ်ကလည်း နည်းပါတယ်။ လို့ ပြောရပါလိမ့်မယ်။
နောက်ကျနေပြီလို့ ပြောရတာကတော့ အပြိုင်အဆိုင် အရမ်းများလွန်းလို့ပါ။ ဥပမာ အနေနဲ့ ပြောပြပါ့မယ်။ အခုအချိန် ဝန်ကြီးဌာနတွေက ပစ္စည်းဝယ်ရင် အရင်ကလို လက်သိပ်ထိုးပြီး ဝယ်လို့ မရတော့ပါဘူး။ တင်ဒါ ဖွင့်ပြီး ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ရပါတယ်။ ကျွန်တော်တို့ တင်ဒါ ၂ ခါလောက် တင်ပြီးတဲ့ အချိန်မှာတော့ အပြိုင်အဆိုင် တကယ်များတယ် ဆိုတာကို သဘောပေါက် သွားပါတယ်။ ပစ္စည်းတစ်ခုကို ရန်ကုန်က ဆိုင်ရောင်းစျေးထက် ၂ သိန်းလောက် လျှော့ပြီး ဝင်ပြိုင်တဲ့ တင်ဒါ တစ်ခုမှာ ကျွန်တော်တို့ ကုမ္ပဏီက တင်တဲ့ဈေးဟာ ဈေးအနည်းဆုံးကနေ စရေရင် တတိယမြောက် နေရာမှာပဲ ရှိပါတယ်။ နောက်တင်ဒါ တစ်ခုမှာတော့ ကျွန်တော်တို့ ကုမ္ပဏီက တင်တဲ့ဈေးဟာ ဈေးအကြီးဆုံးကနေ စပြီး ရေရင် ဒုတိယနေရာမှာပဲ ရှိပါတယ်။ အဲဒီတော့ တင်ဒါပြိုင်ဖို့ ဆိုတဲ့ကိစ္စ အတွက်တော့ အဲဒီပစ္စည်းက ကိုယ်ရောင်းဝယ်နေကျ ပစ္စည်းမဟုတ်ရင်၊ ကိုယ့်အတွက် နိုင်ငံခြားမှာ အဆက်အသွယ် ရှိပြီးသား မဟုတ်ရင် နိုင်ဖို့ ရာခိုင်နှုန်း အလွန်နည်းတယ်ဆိုတာ သဘောပေါက်လိုက် မိပါတယ်။
ဒါဆိုရင် တင်ဒါ မပြိုင်ဘဲ ပစ္စည်းသွင်းပြီး စျေးကွက်ထဲ ဖြန့်ရင်ရော လို့ မေးစရာ ရှိလာပါတယ်။ ဒါလည်း မထူးပါဘူး။ မြန်မာပြည်မှာ အရောင်း အသွက်ဆုံး ဆောက်လုပ်ရေးပစ္စည်း တစ်ခုကို သွင်းဖို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ လုပ်နေတဲ့ လူရင်း တစ်ယောက်ဆီမှာ တီးခေါက်ကြည့်မိပါတယ်။ သူက မင်းတို့ ၆ လ အကြွေးပေးနိုင်သလား။ အခု လက်ရှိ သွင်းနေတဲ့ ကုမ္ပဏီက ၆ လ အထိ ပိုက်ဆံ ပြန်မထုတ်ဘဲ အကြွေးပေးထား နိုင်တယ်။ မင်းတို့ အဲဒီလိုပေးနိုင်ရင်တော့ ရနိုင်တယ် ပြောလို့ တပ်လန် သွားခဲ့ရပါတယ်။ အဲဒါနဲ့ မြန်မာပြည်မှာ အခုမှ စပြီး ခေတ်စားလာတဲ့ ပစ္စည်းတစ်ခုကို စျေးကွက်ထဲ ဖောက်ဖို့ ကြံပြန် ပါတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိတော့ သူက အဲဒီပစ္စည်းကို ကွန်တိန်နာ အလုံးလိုက် သွင်းပြီး ရောင်းနေတယ် ဆိုတာ သိလိုက်ရ ပြန်ပါတယ်။
ဒါတွေက နည်းပညာ အားဖြင့် သိပ်မမြင့်လို့။ နည်းပညာ အားဖြင့် မြင့်တဲ့ ပစ္စည်းဆိုရင်တော့ ဖြစ်နိုင်တယ်လို့ ကြံမိ ပြန်ပါတယ်။ ကျွန်တော်တို့ အရောင်းပြခန်းမှာ ဂျာမနီက နည်းပညာ သုံးထားတဲ့၊ တပ်ဆင်တဲ့ နေရာမှာ နည်းပညာ ကျွမ်းကျင်ဖို့ လိုတဲ့ ပစ္စည်း တစ်ခုကို ပြပြီး ရောင်းဖို့ ကြံမိပြန်ပါတယ်။ အရောင်းပြခန်းကို ပစ္စည်း ရောက်မလာခင်မှာပဲ သူငယ်ချင်းရဲ့ သူငယ်ချင်း တစ်ယောက်က အရောင်းပြခန်းကို လာလည်ပါတယ်။ သူလည်း အဲဒီနည်းပညာနဲ့ ရန်ကုန်မှာ ပစ္စည်းတွေ ဆင်နေတယ် ဆိုတာ ကြားလို့ ပါးစပ်အဟောင်းသား ဖြစ်သွားရ ပြန်ပါတယ်။
ကျွန်တော် ကြံခဲ့တဲ့ ကိစ္စတွေထဲမှာ မြန်မာပြည် စျေးကွက်မှာ အလိုအပ်ဆုံး စက်ကိရိယာ တစ်ခုကို နောက်ဆုံးပေါ် နည်းပညာနဲ့ သုံးထားတဲ့ စက်တွေ သွင်းဖို့ဆိုတာလည်း ပါပါသေးတယ်။ ဒါပေမယ့်လည်း ဟိုတလောက ပြပွဲတစ်ခုကို သွားကြည့်တော့ ဂျပန် ကုမ္ပဏီတွေ ကိုယ်တိုင် အဲဒီ စက်ကိရိယာကို မြန်မာပြည်မှာ ရုံးဖွင့်ရောင်းနေကြတာ တွေ့ရသလို တရုတ်ကုမ္ပဏီတွေကလည်း အကြွေးနဲ့ ချရောင်းနေတာကို တွေ့ခဲ့ရပြန်ပါတယ်။
နောက်ထပ် ကြုံရတဲ့ ပြသနာ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဆက်ဆံရတဲ့ ပြသနာပါ။ ကျွန်တော်တို့ ကုမ္ပဏီ သက်တမ်းက တစ်နှစ်တောင် မပြည့်သေးတာမို့ နိုင်ငံခြားကုမ္ပဏီ တွေ အတွက်တော့ ကျွန်တော်တို့ အဆင့်ဟာ လူမလေး ခွေးမခန့် အဆင့်မှာပဲ ရှိနေပါတယ်။ သူတို့ ဘက်ကလည်း မြန်မာပြည် စျေးကွက်မှာ လက်တွဲ လုပ်ရမယ့်သူဟာ တကယ်ကို ခိုင်မာတဲ့၊ ဒီစျေးကွက် အကြောင်းကို ကောင်းကောင်းသိတဲ့၊ သူတို့ အတွက် စီးပွားရေး အခွင့်အလမ်းသစ်တွေ အများကြီး ဖွင့်ပေးနိုင်မယ့် ကုမ္ပဏီမျိုးကို မျှော်လင့်တာ မဆန်းပါဘူး။ အဲဒီတော့ ကျွန်တော်တို့ တွေ အတွက် ဝင်တိုးရတာ ခက်နေပါတယ်။ ကျွန်တော်တို့ဘက်က တတ်နိုင်တာ တစ်ခုပဲ ရှိပါတယ်။ ကျွန်တော်တို့နဲ့ နိုင်ငံခြားမှာ နှစ်ပေါင်းများစွာ လက်တွဲလုပ်ဖူးတဲ့ ကုမ္ပဏီတွေကို ခေါ်လာဖို့ပါပဲ။ သူတို့ အတွက်တော့ ကျွန်တော်တို့ဟာ ကုမ္ပဏီ အနေနဲ့ သက်တမ်း မကြာသေးပေမယ့် လူကိုတော့ ကောင်းကောင်းသိတဲ့ အတွက် လက်တွဲလုပ်ဖို့ လိုလိုလားလား ရှိကြပါတယ်။
နိုင်ငံခြားကုမ္ပဏီတွေနဲ့ တွဲလုပ်တဲ့ နေရာမှာလည်း လူမျိုးစုံ တွေ့ရပါတယ်။ တကယ့် ကုမ္ပဏီကြီးတွေ ကတော့ သူတို့ရဲ့ ကိုယ်စားလှယ် အဖြစ်ပေးဖို့ အတော် အချိန်ယူပါတယ်။ ချက်ချင်း မပေးပါဘူး။ အစမ်းသဘောမျိုးနဲ့ တစ်နှစ်ပေး။ လျာထားချက် မှီအောင် ရောင်းနိုင်မှ ကိုယ်စားလှယ် ပေးပါတယ်။ ဂျပန်ကုမ္ပဏီတွေ ကျပြန်တော့လည်း စဉ်းစားလွန်းပါတယ်။ စျေးနှုန်းပေးဖို့ ပစ္စည်းရောင်းဖို့ ကိစ္စကို သူတို့ဘက်က မပိုင်မချင်း မရောင်းချင်ပါဘူး။ အဲဒီတော့ သူတို့နဲ့ လက်တွဲပြီး မြန်မာပြည် စျေးကွက်ကို ဖောက်ဖို့ ဆိုတာ အတော် ခက်ခဲနေပြန်ပါတယ်။ တရုတ်ကျပြန်တော့ တစ်မျိုးပါ။ ပစ္စည်းကတော့ အသေအလဲ ရောင်းချင်ပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ ဆက်သွယ်တဲ့သူက တကယ်ရောင်းတဲ့သူလား ပွဲစားလား သိဖို့ ခက်ပါတယ်။ ဒီကြားထဲ ဂျင်းက ထည့်ချင်ပါသေးတယ်။ CE လက်မှတ်တောင် အတု လုပ်ပြီး ပေးတာ ကြုံဖူးလို့ သူတို့ဆီက လက်မှတ်ကို ယုံကြည်ဖို့ ခက်နေပါတယ်။
သူငယ်ချင်း တစ်ယောက်ရဲ့ ကုမ္ပဏီမှာ ကြုံလိုက်ရတာ ကြားဖူးပါတယ်။ တရုတ်က ပစ္စည်းဝယ်ဖို့ T/T (Telegraphic Transfer) နဲ့ ပိုက်ဆံ လွှဲတာ တရုတ်က အကုန်ဘုန်းပြီး ပြေးသွားလို့ အတော် ခံလိုက်ရ ပါတယ်။ အဲဒီတော့ ကိုယ်မသိတဲ့ နာမည် မကြီးတဲ့ နိုင်ငံခြားကုမ္ပဏီက ပစ္စည်းဝယ်မယ် ဆိုရင် T/T သုံးမယ့် အစား L/C (Letter of Credit) သုံးရတာ ပိုပြီး စိတ်ချရပါတယ်။ T/T က ပစ္စည်းမဝယ်ခင် ပိုက်ဆံကြိုပို့ ရပေမယ့် L/C မှာတော့ ဘဏ်တစ်ခုက စာထုတ် ပေးထာတာမို့ စိတ်ချရပါတယ်။ ကိုယ့်ဆီကို ပစ္စည်းရောက်မှ ဘဏ်ကနေ ပိုက်ဆံ ထုတ်ပေးဖို့ အကြောင်းကြားလို့ ရပါတယ်။
နိုင်ငံခြား ကုမ္ပဏီနဲ့ လက်တွဲ လုပ်တဲ့ နေရာမှာ အရောင်းအဝယ် သက်သက်ဆိုရင် ရေရှည် အလုပ်မဖြစ်ပါဘူး။ ကျွန်တော်တို့ ဘက်က သူ့ပစ္စည်းကိုလည်း ယူရောင်း ပေးရသေး၊ ဈေးကွက်ထဲကို ဖောက်ဖို့လည်း ကိုယ့်ပိုက်ဆံနဲ့ ကိုယ် လုပ်ပေးရသေး ဆိုရင် မကိုက်ပါဘူး။ အဲဒီတော့ ကိုယ်နဲ့ အကျိုးတူ လုပ်ချင်တဲ့ ကုမ္ပဏီမျိုးကို ရှာရတာ ပိုပြီး အဆင်ပြေ ပါတယ်။ ကိုယ့်ကို စျေးကွက်ထဲမှာ ရပ်တည်နိုင်အောင် သူ့ဘက်က စျေးလျှော့ ရောင်းပေး၊ မားကက်တင်း အတွက် လိုအပ်ရင်လည်း သူတို့ဘက်က လူ ဒါမှမဟုတ် ငွေနဲ့ ပံ့ပိုးပေး၊ မြန်မာပြည်က စုံစမ်းလာရင်လည်း ကိုယ့်ကို ကျော်မရောင်းဘဲ ကိုယ့်ဆီ ပြန်လွှဲပေး ဆိုတဲ့ ကုမ္ပဏီမျိုးနဲ့မှ ရေရှည်လုပ်လို့ အဆင်ပြေမှာပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ အပြိုင်အဆိုင်တွေ ကြားမှာ ကိုယ့်ဘက်က ခံရဖို့ ရှိပါတယ်။
နောက်ပြသနာကတော့ လူ ပြသနာပါပဲ။ ဒီမှာ ဝန်ထမ်း ရှာရတာ အတော်ခက်ပါတယ်။ မြန်မာပြည်မှာ အလုပ်လက်မဲ့တွေ များနေတယ် ပြောပေမယ့် ဘွဲ့ရထဲမှာ တကယ်ကို အလုပ်ခန့်လို့ ရမဲ့သူမျိုး ရှာရတာ ကျွန်တော်တို့လို ကုမ္ပဏီ အသေးတွေ အတွက် အတော်ကို ခက်ပါတယ်။ တကယ်ကို အလုပ်ခန့်လို့ ရနိုင်မဲ့ သူမျိုးကလည်း ကုမ္ပဏီ အသေးမှာ လုပ်ဖို့ စိတ်မဝင်စားပါဘူး။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း လုပ်ရင်လုပ်မယ် ဒါမှမဟုတ် ခိုင်ခိုင်မာမာ ရှိတဲ့ လခကောင်းတဲ့ ကုမ္ပဏီကြီးတွေမှာ လုပ်မယ်လို့ပဲ မှန်းကြပါတယ်။ အင်ဂျင်နီယာဘွဲ့ရမို့ အင်တာဗျူးကြည့်ပေမယ့် အခြေခံက အစ တစ်လုံးမှမသိ၊ ဒီအကြောင်းကို မင်းသိသလောက် ပြောစမ်းကွာ ဆိုပြီး ဖွင့်ပေးတာတောင် ဘာမှ မပြောနိုင်တော့ အလုပ်ထဲမှာ ခန့်ဖို့ အတော်ကို စဉ်းစားရပါတယ်။ ကျောင်းက သင်မပေးလိုက်တာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် အင်ဂျင်နီယာလို့ ခံယူထားရင် အင်ဂျင်နီယာ အလုပ်လုပ် မယ်ဆိုရင် အင်ဂျင်နီယာနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို နှိုက်နှိုက်ချွတ်ချွတ် မဟုတ်တောင် အပေါ်ယံလောက်တော့ သိထားသင့်တယ်လို့ ကျွန်တော့် အနေနဲ့ ယူဆပါတယ်။
စီးပွားရေး လောကမှာ သတင်းအချက်အလက်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ လုပ်ဖော်ကိုင်ဖက်တွေကို ပေးရင် စာရွက် အောက်ကနေ ရေးလေ့ ရှိပါတယ်။ ဤစာများသည် ကျွန်တော် သိသမျှ အကောင်းဆုံး တင်ပြထားခြင်း ဖြစ်ပါသည်။ ဤစာရှိ အချက်အလက်များပေါ်တွင် အခြေခံ၍ လုပ်ခဲ့သော အလုပ်များကြောင့် ဖြစ်လာသော ကိစ္စ အဝဝ အတွက် တာဝန်ယူလိမ့်မည် မဟုတ်ပါ ဆိုတာမျိုးပါ။ အခုလည်း အဲဒီလို ပြောချင်ပါတယ်။ ဒီစာက ကျွန်တော် မြင်သမျှကို ဝေမျှ ရုံသက်သက်ပါပဲ။ အတိအကျ သိချင်ရင်တော့ ကိုယ်တိုင် လုပ်ကြည့်မှ သိပါလိမ့်မယ်။ ကျွန်တော် လုပ်နေတဲ့ လုပ်ငန်းနဲ့ ကွဲပြားတဲ့ လုပ်ငန်းမှာ တခြား အခြေအနေမျိုး ဖြစ်နေတာလည်း ရှိနိုင်ပါတယ်။
ကျွန်တော်နဲ့ အရင်းနှီးဆုံးသူ တစ်ယောက်ကတော့ ကျွန်တော် ကိုယ်တိုင် ဖောင်ဖျက်လာတာမို့ သူများကိုပါ ချောက်ချ နေတယ်လို့ ဝေဖန်ပါတယ်။ ကျွန်တော်ကတော့ ကိုယ့်ဘာသာကိုယ် ဖောင်ဖျက်တယ်လို့ မယူဆပါဘူး။ ကျွန်တော် စင်ကာပူမှာ အမြဲတမ်း နေထိုင်သူ အဖြစ်က စွန့်လွှတ် လာခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အသိအမှတ် ပြုတဲ့ ဘွဲ့တစ်ဘွဲ့ ရှိထားတဲ့သူမို့ အချိန်မရွေး တခြားနိုင်ငံ တစ်နိုင်ငံကို ပြန်သွားပြီး စင်ကာပူမှာထက် ပိုကောင်းတဲ့ လစာနဲ့ အလုပ်လုပ်လို့ ရနေ ပါသေးတယ်။ ဒါမှမဟုတ် မြန်မာပြည်က နိုင်ငံခြား ကုမ္ပဏီ တစ်ခုကို ရာထူးကြီးကြီးနဲ့ ဝင်လုပ်လို့ ရတဲ့ အခြေအနေရှိပါတယ်။ ဒါပေမယ့်လည်း အခု အချိန်မှာတော့ မြန်မာပြည်မှာ ကိုယ်ပိုင် စီးပွားရေး လုပ်ရတာ အကောင်းဆုံးလို့ မြင်ထားပါတယ်။
ဦးဇက်တီ မေတ္တာဝေတယ်။ မြန်မာပြည်မှာ ပြန်ပြီး အလုပ်လုပ်လိုသူများ အဆင်ပြေ အောင်မြင်ကြပါစေ။ နိုင်ငံခြားမှာ ဆက်နေလိုသူများလည်း လခတိုးပြီး ဘောနပ်စ်များများ ရနိုင်ကြပါစေ။ :P

Labels:
မြန်မာ,
အတွေး,
အတွေ့အကြုံ
Wednesday, March 20, 2013
ထူးထွေအံ့ရာ ပြည်မြန်မာ (၁)
နှစ်ပေါင်းများစွာ အချိန်ယူ တည်ဆောက်ထားပြီး အသားကျနေတဲ့ စနစ် တစ်ခုထဲမှာ ကျင်လည်လာတဲ့ သူတစ်ယောက် အဖို့ အခုမှ စလုံးရေစ ပြီး တည်ဆောက်နေတဲ့ စနစ်တစ်ခု ထဲမှာ အံဝင်ခွင်ကျ ဖြစ်အောင် နေရတာ သိပ်ပြီး လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ စိတ်ပျက်လက်ပျက် ဖြစ်စရာ၊ ရယ်စရာ မောစရာ၊ ဂွတီးဂွကျ ဖြစ်စရာ အဖြစ်တွေကို တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ပဲ ကြုံနေရပါတယ်။
နိုင်ငံခြားမှာ အနေကြာတော့ ငွေဆိုတာ ပိုက်ဆံအိတ်ထဲမှာ၊ အိမ်က ဘီဒိုထဲမှာ များများစားစား သိမ်းထားလေ့ မရှိဘဲ ဘဏ်မှာ အပ်ထားပြီး လိုတဲ့အခါမှ လိုသလောက် ထုတ်သုံးတတ်တဲ့ အကျင့်မျိုး ဖြစ်လာခဲ့ပါတယ်။ အဲဒါကြောင့် မြန်မာပြည် ပြန်ရောက်ပြီး မကြာခင်မှာပဲ နာမည်ကျော် ပုဂ္ဂလိက ဘဏ်တစ်ခုမှာ စာရင်းရှင် စာရင်းသေ ငွေစာရင်းဖွင့်ဖို့ ရောက်ခဲ့ မိပါတယ်။
ဘဏ်မှာ စာရင်းဖွင့်တဲ့ အခါ သူများတွေကို ပိုက်ဆံ အထုတ်လိုက် ထမ်းမသွားဘဲ သူငယ်ချင်း တစ်ယောက် ရေးပေးလိုက်တဲ့ ချက်လက်မှတ်ကလေး တစ်စောင်ကို ကိုင်ပြီး ရောက်လာခဲ့ပါတယ်။ အဲဒီမှာ ထူးဆန်း အံ့ဩဖွယ်ရာတွေကို စပြီး ကြုံရတော့တာပါပဲ။ ကျွန်တော့် သူငယ်ချင်း ရေးပေးလိုက်တဲ့ ချက်လက်မှတ်က အဲဒီဘဏ်က ချက်လက်မှတ်ပါပဲ။ ဒါပေမယ့် ကျွန်တော့် သူငယ်ချင်းရဲ့ အကောင့်က အဲဒီဘဏ်ရဲ့ ရွှေဂုံတိုင် ဘဏ်ခွဲမှာ ဖြစ်နေပြီးတော့ ကျွန်တော် အကောင့်ဖွင့်တဲ့ ဘဏ်ခွဲက ကမာရွတ်ဘဏ်ခွဲ ဖြစ်နေပါတယ်။ ဘဏ်ခွဲချင်း မတူလို့ ချက်လက်မှတ်ကို ငွေထုတ်တာ အွန်လိုင်းခ ပေးရမယ်လို့ ဘဏ်ဝန်ထမ်း ကောင်မလေးက ပြောလာပါတယ်။ အဲဒီ ကောင်မလေး ပြောတာ ကြားကြားချင်း စိတ်ထဲမှာ တွေးမိတာတော့ ကျွန်တော်တို့ မြန်မာပြည်ကြီးမှာ အင်တာနက်သုံးခ ဈေးကြီးလွန်းလို့ ဟိုဘဏ်ကနေ ဒီဘဏ်ကို ငွေစာရင်းလွှဲတာတောင် အင်တာနက် သုံးခ ပေးရသေးသလား ဆိုပြီးတော့ပါ။ အင်တာနက် သုံးခ ဆိုတော့လည်း အင်တာနက် ဆိုင်မှာ သုံးသလောက် တစ်နာရီ ၅၀၀ လောက် ပေးရလေမလား စိတ်ထဲက တွေးမိပြန်ပါတယ်။ ဒါပေမယ့် အဲဒီကောင်မလေးက ၀.၀၄ ရာခိုင်နှုန်း ဖြတ်မယ် ဆိုမှ အွန်လိုင်းခ ဆိုတာ ဝန်ဆောင်ခ တစ်မျိုးပါလား ဆိုတာ သဘောပေါက်သွားပါတော့တယ်။ ဘဏ်ချင်း အတူတူ ဘဏ်ခွဲမတူလို့ ပိုက်ဆံဖြတ်တယ်ဆိုတာ ကျွန်တော့် အတွက်တော့ ထူးဆန်းပါပေ့ ကတွတ်ပီ အော်ရမလို ဖြစ်နေပါတယ်။
ဟိုဘက်ဘဏ်ကနေ ပိုက်ဆံ ထုတ်ပြီး ဒီဘက်ဘဏ်မှာ လာပြန်ထည့်ရင် ကုန်ကျမယ့် တက္ကစီဖိုးက သူပြောတဲ့ အွန်လိုင်းခထက် များနေတာမို့ အောင့်သက်သက်နဲ့ပဲ ပေးခဲ့ရပါတယ်။ အဲဒီမှာ ထူးဆန်းတာ တစ်ခု ထပ်တွေ့ရ ပြန်ပါတယ်။ ကျွန်တော် နိုင်ငံခြားမှာ ပထမဆုံး အကြိမ် အကောင့်စဖွင့်တော့ အခုလိုမျိုးပဲ မိတ်ဆွေ တစ်ယောက် ရေးပေးလိုက်တဲ့ ချက်လက်မှတ်ကို ယူပြီး ဖွင့်ခဲ့တာပါ။ အဲဒီလို အကောင့်ဖွင့်တဲ့ အခါ ချက်လက်မှတ်ထဲက ပိုက်ဆံကို စာရင်းထဲ ထည့်တာ၊ အကောင့်ဖွင့်တာ၊ ငွေစုစာအုပ် ထုတ်တာ အားလုံး ကောင်တာ တစ်ခုမှာပဲ ကိစ္စ ပြတ်ပါတယ်။ မြန်မာပြည်မှာ ကြုံရတာကတော့ အတော်ကို ပေရှည်ပါတယ်။ လျှောက်လွှာရေးတာ ကောင်တာ တစ်ခု၊ စာရင်းရှင် အတွက် ငွေသွင်းတာ ကောင်တာတစ်ခု၊ ချက်လက်မှတ်ကို ငွေစုစာအုပ်ထဲ ထည့်တာက ကောင်တာ တစ်ခု၊ ချက်စာအုပ်ကို ထုတ်တာ ကောင်တာ တစ်ခု စုစုပေါင်း ကောင်တာ လေးခု တိတိ သွားရပါတယ်။ ဘဏ်စနစ်က အခုမှ အစပျိုးခါစမို့ ဒီလောက် ပေရှည်တာ ဖြစ်ပါ့လိမ့်မယ်။ နောက်ဆို တိုးတက်လာမှာပါလို့ပဲ စိတ်ထဲက ဖြေတွေးမိပါတယ်။
ဘဏ်စာအုပ် လျှောက်ရင်း ကျွန်တော့် ရှေ့မှာ တခြားသူတွေ အေတီအမ်ကတ်ဒ် လာလျှောက်ကြတာ တွေ့မိပါတယ်။ အဲဒါနဲ့ စောင့်ရတဲ့ အတူ မထူးဘူး။ ကျွန်တော်လည်း အေတီအမ် ကတ်ဒ် တစ်ကတ်ဒ်လောက်တော့ လျှောက်ဦးမှလို့ အကြံပေါ်မိပါတယ်။ ဒါနဲ့ အေတီအမ်ကတ်ဒ် လျှောက်ဖို့ ကောင်တာမှာ မေးကြည့်မိပါတယ်။ အစ်ကို မှတ်ပုံတင် မိတ္တူပါလား မေးလို့ ခေါင်းခါပြပါတယ်။ အဲဒါဆို မှတ်ပုံတင် မိတ္တူကူးပြီးမှ လာခဲ့ပါလို့ ကောင်တာက ဝန်ထမ်းကောင်မလေးက ပြန်ပြောပါတယ်။ ဒီလောက် ကြီးကျယ်တဲ့ ဘဏ်တစ်ခု ဖြစ်ပြီး မိတ္တူကူးစက်ကလေး တစ်လုံး ထားပေးဖို့၊ မိတ္တူကူးမယ့် ဝန်ထမ်း တစ်ယောက်လောက် ခန့်ပေးဖို့တောင် မတတ်နိုင်လောက်အောင် ချစ်တီးကျရသလား လို့ စိတ်ထဲကတော့ နည်းနည်း ကျွဲမြီးတို သွားပါတယ်။ ဒါပေမယ့်လည်း သူ့အရပ်နဲ့ သူ့ဇာတ်ပဲလေ လို့ စိတ်ထဲက တွေးပြီး မိတ္တူကူးဖို့ ဘဏ်အပြင်ကို ထွက်လာခဲ့ပါတယ်။ အဲဒီဘဏ်နဲ့ နီးနီးနားနားမှာ မိတ္တူကူးဆိုင် မရှိလို့ မိတ္တူကူးတဲ့ နေရာကို ၁၅ မိနစ်လောက် လျှောက်လိုက်ရပါတယ်။ ပထမဆုံး မိတ္တူဆိုင်တွေ့တော့ ဝမ်းသာ အားရနဲ့ ဝင်သွားမိပါတယ်။ မိတ္တူဆိုင်ထဲက ကောင်မလေးက အစ်ကို မီးပြတ်နေတယ် ဆိုတဲ့ စကားနဲ့ ဆီးကြိုနှုတ်ဆက်လို့ အောင့်သက်သက်နဲ့ ပြန်ထွက်လာခဲ့ရပါတယ်။ နောက်တစ်ဆိုင်တွေ့တော့လည်း အလားတူပါပဲ။ မီးပြတ်နေတယ် အစ်ကို ထားခဲ့ပြီး နောက်မှလာယူရင် ရမယ်။ ဆိုတဲ့ စကားကြားရလို့ အောင့်သီးအောင့်သက် ဖြစ်နေတဲ့ ကြားက ရယ်ချင် သွားမိ ပြန်ပါတယ်။ မှတ်ပုံတင်သာ ထားခဲ့မယ် ဆိုရင် ပျောက်မှာစိုးလို့ အသည်းအသန် ငြင်းကြလိမ့်ဦးမယ်ဆိုတာ ကြိုသိနေလို့ပါ။ ဒါနဲ့ပဲ စိတ်ကို လျှော့ပြီး လမ်းဘေးက လက်ဖက်ရည်ဆိုင် တစ်ဆိုင်ထဲဝင် ဝါးတီးဆွဲရင်း မီးပြန်လာမယ့် အချိန်ကို မျှော်နေမိပါတယ်။
နေ့လည်နေ့ခင်းမို့ ဟေး ဆိုတဲ့ အသံကိုတော့ မကြားရပါဘူး။ ဒါပေမယ့် စားလို့သောက်လို့ ပြီးတော့ မရရင်လဲ နောက်နေ့မှ ပြန်လာလျှောက်တော့မယ်လို့ စိတ်ပိုင်း ဖြတ်ပြီး လက်ဖက်ရည်ဆိုင်ထဲက ပြန်ထွက်လာခဲ့ပါတယ်။ မိတ္တူဆိုင် ရောက်သွားတော့ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များက ကြည့်မနေနိုင်လို့ တစ်ချိန်က အီးပီစီ အခုတော့ ဝိုင်အီးအက်စ်ဘီကို ကလိထိုးပြီး မီးလာခိုင်းလိုက်ပုံပါပဲ။ မီးပြန်လာနေပြီမို့ ဝမ်းမြောက်ဝမ်းသာ မိတ္တူ ကူးခဲ့ရပါတယ်။ မှတ်ပုံတင် မိတ္တူကလေး ကိုင်ပြီး ဘဏ်ကို ပြန်ရောက်တော့ ဝန်ထမ်း ကောင်မလေးက ပုံစံတစ်စောင်ကို ဖြည့်ခိုင်းပါတယ်။ ပုံစံထဲမှာ ကိုယ်ရေး အချက်အလက်တွေ ဖြည့်ပြီး ကောင်မလေးကို ပြန်ပေးတော့ ကောင်မလေးက အေတီအမ် လျှောက်လွှာမှာ ကျွန်တော့်ရဲ့ ငွေစာရင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မဖြည့်ဘဲ ဒီအတိုင်းထားတာကို သတိထားလိုက်မိပါတယ်။ နိုင်ငံခြားက ကွန်ပျူတာ စနစ်တွေလို ကိုယ်ရေးအချက်အလက် ရိုက်ထည့်လိုက်ရုံနဲ့ ကိုယ့်မှာ ရှိတဲ့ ငွေစာရင်းတွေနဲ့ ဆက်စပ်ပြီးသား ဖြစ်သွားမလား ဒီလိုဆိုရင်တော့ မဆိုးသေးဘူးပဲလို့ စိတ်ထဲက တွေးလိုက်မိပါတယ်။ ဒါပေမယ့်လည်း စိတ်ထဲက မနေနိုင်လို့ "ညီမ အစ်ကို့ အကောင့်နံပါတ်တွေ မဖြည့်တော့ဘူးလား။ သူ့ဘာသာသူ အလိုအလျောက် ချိတ်ပေးမှာလား။" လို့ ထုတ်မေးမိပါတယ်။ဒါပေမယ့် ကောင်မလေးရဲ့ ပြန်ဖြေတဲ့ စကားကြောင့် ဂုရုကွေးလို ဟိုက်ရှာလပတ်ရည် အော်ရမလို ဖြစ်သွားပါတယ်။ ကောင်မလေး ဖြေလိုက်တာကတော့ "အစ်ကို အေတီအမ်က အကောင့်သပ်သပ်လေ။ ငွေစုစာအုပ်က သပ်သပ်။ ချက် အကောင့်က သပ်သပ်။ ငွေစုစာအုပ်နဲ့ ချက်အကောင့် ချိတ်လို့ ရပေမယ့် အဲဒီအကောင့်တွေက အေတီအမ်နဲ့ ချိတ်လို့ မရဘူး။" ဆိုပြီးတော့ပါ။ ကိုယ့်ဘဏ်စာရင်းနဲ့ အေတီအမ်ကတ်ဒ် ချိတ်မရရင် နင့်မေကလွှားမို့ အေတီအမ်ကတ်ဒ် လျှောက်ရမှာလားလို့ ဘဏ်မန်နေဂျာဆီ ဝင်ပြီးပြောချင်စိတ် ပေါက်သွားပါတယ်။
ဒီလိုနဲ့ ဘဏ်မှာ အောင်မြင်စွာနဲ့ ငွေစာရင်းဖွင့်ပြီး ပြန်လာခဲ့ပါတယ်။ စာရင်းဖွင့်ပြီး သုံးပတ်လောက် အကြာမှာတော့ ပိုက်ဆံ ထုတ်ချင်တာနဲ့ ရုံးနားနီးတဲ့ အဲဒီဘဏ်ရဲ့ ဘဏ်ခွဲတစ်ခုကို ချီတက်လာခဲ့ပါတယ်။ အဲဒီ အခါမှာလည်း ကိုယ့်အကောင့်ထဲက ဖြစ်ပေမယ့် ဘဏ်ခွဲချင်း မတူလို့ ဆိုပြီး အွန်လိုင်းခ ဆိုတာကြီးကို ထပ်ပြီး ပေးရပြန်ပါတယ်။ ကျွန်တော့် အတွက်လည်း ပိုက်ဆံက အရေးတကြီး လိုနေတာမို့ စိတ်မသက်သာစွာနဲ့ပဲ အဲဒီ အွန်လိုင်းခ ဆိုတာကြီးကို ထပ်ပြီး ပေးခဲ့ရပြန်ပါတယ်။ ပိုက်ဆံ ထုတ်ပြီး နောက်တစ်နေ့မှာတော့ ကိစ္စတစ်ခု ထပ်ပေါ်လာတာနဲ့ ပိုက်ဆံ ထပ်ထုတ်ဖို့ အဲဒီ ဘဏ်ခွဲဆီကို ချီတက်လာခဲ့ရ ပြန်ပါတယ်။ ပိုက်ဆံ ထုတ်ဖို့ ဖောင်တွေ အကုန်ဖြည့်ပြီးမှာ ကောင်တာက ကောင်မလေးက "အစ်ကို မနေ့ကတင် ပိုက်ဆံ ထုတ်ထားတယ်နော်။" လို့ ပြောလာပြန်ပါတယ်။ "ဘာဖြစ်လို့လဲ" လို့ ပြန်မေးတော့ "ငွေစုစာအုပ်ထဲက ပိုက်ဆံကို တစ်ပတ်မှာ တစ်ခါပဲ ထုတ်ခွင့်ရှိတယ်။ အခု အစ်ကို ထုတ်ချင်ရင်တော့ လုပ်ပေးလိုက်ပါ့မယ်။ ဖောင်ရဲ့ ထိပ်မှာတော့ အရေးကြီး ကိစ္စ ဆိုတာကလေး ရေးပြီး လက်မှတ်ထိုးပေးပါ"လို့ ထူးဆန်း အံ့ဩဖွယ်ရာ ပြန်ပြောပါတယ်။ ကျွန်တော်လည်း ဇဝေဇဝါနဲ့ ဘယ်နာ့ကြီးတုန်းဟလို့ တွေးရင်း သူပြောတဲ့ နေရာ လက်မှတ်ထိုးပေးလိုက်ရပြန်ပါတော့တယ်။
ကြုံခဲ့ရတဲ့ အဖြစ်အပျက်များကို ထူးထွေအံ့ရာ ပြည်မြန်မာ အပိုင်း(၁) အနေနဲ့ မှတ်တမ်းတင်အပ်ပါတယ်။ :D

Saturday, October 20, 2012
ဝလုံးများနဲ့ည
ကြာတော့လည်း ကြာခဲ့ပါပြီ။ အခုဆိုရင် ဒီအဖြစ်အပျက်က ဆယ်စုနှစ် တစ်ခုလောက်တောင် ရှိပြီ ထင်ပါတယ်။ ဒါပေမယ့်လည်း အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အဖြစ်မို့ အခုထိ မှတ်မိနေတုန်းပါ။
ကျွန်တော်တို့ စင်ကာပူ ရောက်ခါစ အချိန်ကပါ။ အဲဒီအချိန်က ကျောင်းဆင်းပြီးရင် စားသောက်ဆိုင်မှာ အချိန်ပိုင်း စားပွဲထိုး တာမို့ ညဘက် အိမ်ကို ၁၁ နာရီလောက်မှ ပြန်ရောက် တတ်ပါတယ်။ အဲဒီနေ့ကတော့ အလုပ်ပြီးတဲ့ အချိန် နည်းနည်းစောတာမို့ အိမ်မပြန် သေးဘဲ အလုပ် အတူလုပ်တဲ့ သူငယ်ချင်း တစ်ယောက်နဲ့ အတူ သူ့အိမ်ကို လိုက်သွားခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံးလိုလို ကျောင်း အနီးပတ်ဝန်းကျင်မှာ အိမ်ငှားနေကြတာမို့ သူငယ်ချင်းတွေ အတော်များများနဲ့ အိမ်ချင်း သိပ်မဝေးကြပါဘူး။
သူငယ်ချင်း အိမ်ရှေ့ ရောက်သွားတော့ စိတ်ထဲမှာ နည်းနည်း ထူးခြားနေသလို ခံစားရပါတယ်။ ပုံမှန်အားဖြင့် ရှိသမျှ တံခါး အကုန်ဖွင့်ပြီး ဆူညံ ပွက်လောရိုက် နေတတ်တဲ့ အိမ်က ဒီနေ့တော့ ထူးထူးခြားခြား တိတ်ဆိတ်နေပါတယ်။ အမြဲဖွင့်ထားတတ်တဲ့ အိမ်ရှေ့တံခါးကို ပိတ်ထားရုံသာ မကဘဲ တစ်ခါမှ မပိတ်ဖူးတဲ့ အိမ်ရှေ့က တရုတ်ကပ် မှန်တံခါးတွေပါ ပိတ်ထားတာ တွေ့ရလို့ နည်းနည်း အံ့သြ သွားပါတယ်။ ကျွန်တော်တင် မကပါဘူး။ အိမ်ရှင် ကျွန်တော့် သူငယ်ချင်းကလည်း အံ့သြနေပုံပါပဲ။ အိမ်ထဲမှာ မီးရောင်လင်းနေတာ တွေ့ရတော့ အိမ်ထဲမှာ လူရှိတယ် ဆိုတာတော့ သိလိုက် ရပါတယ်။
ကျွန်တော့် သူငယ်ချင်းက သူ့မှာ ပါလာတဲ့ အိမ်သော့ကို ထုတ်ပြီး တံခါးကို ဖွင့်ပါတယ်။ တံခါးပွင့်သွားတဲ့ အချိန်မှာတော့ ကျွန်တော်တို့ ရုတ်တရက် လန့်သွားပါတယ်။ အိမ်ထဲမှာ ဧည့်ခန်းအပြည့် ထိုင်နေတဲ့ လူအုပ်ကို တွေ့လိုက်ရလို့ပါ။ လူတွေ ဒီလောက်များပြီး အသံမထွက်ပဲ တိတ်ဆိတ်နေတာ တစ်ခုခုတော့ တစ်ခုခုပဲ ဆိုတာ သိလိုက်ရပါတယ်။ သူတို့ အားလုံးကလည်း တံခါးဝကို စူးစူးစိုက်စိုက် ကြည့်နေကြပါတယ်။ အိမ်ထဲက လူတွေကတော့ ကျွန်တော်တို့ နှစ်ယောက်ကို မြင်လိုက်ရလို့ စိတ်သက်သာရာ ရသွားတဲ့ ပုံပါပဲ။
အားလုံးပေါင်း ၇ ယောက် ၈ ယောက်လောက် ရှိမယ် ထင်ပါတယ်။ သူတို့ အားလုံးက လူလတ်ပိုင်း မြန်မာ အစ်ကိုကြီးတွေပါ။ ကျွန်တော်တို့ မြင်ဖူးတာ တစ်ယောက်မှ မပါပါဘူး။ ကျွန်တော်တို့က သူတို့ကို ပြုံးပြ နှုတ်ဆက်ပြီး အိမ်ထဲ ဝင်လာခဲ့ပါတယ်။ သူတို့ အချင်းချင်း စကား ဆက်ပြောနေကြပေမယ့် အသံကျယ်ကျယ် မပြောဘဲ အသံအုပ်အုပ်နဲ့ ပြောနေကြပါတယ်။
ကျွန်တော်တို့ ဧည့်ခန်းကို ဖြတ်ပြီး မီးဖိုခန်းထဲ ဝင်လာခဲ့ပါတယ်။ မီးဖိုခန်းထဲမှာတော့ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ရှိနေပါတယ်။ ကျွန်တော်တို့က သူ့ကို ဘာဖြစ်နေတာလဲ လို့ တိုးတိုးတိတ်တိတ် မေးကြည့်ကြ ပါတယ်။ ကျွန်တော့် သူငယ်ချင်းက "အဲဒါ ငါတို့ အသိ ဝလုံးတွေ။ သူတို့အိမ်ကို ဒီညနေ ရဲဝင်ဖမ်းလို့ ဘယ်ပြေးရမှန်း မသိတာနဲ့ ငါတို့အိမ် ရောက်လာတာ။" လို့ ပြောပြပါတယ်။ အဲဒီလို ပြောတာ ကြားလို့ ကျွန်တော် မျက်လုံးပြူး သွားပါတယ်။ ဝလုံး ဆိုတာ အိုဗာစတေးနေတဲ့သူကို ခေါ်တာပါ။ အရင်က အို လို့ ခေါ်ကြပေမယ့် အိုက အင်္ဂလိပ်စာလုံးမို့ နောက်တော့ ဝလုံးလို့ ပြောင်းပြီး ခေါ်ကြတာပါ။
နောက်တော့ ကျွန်တော်တို့ အိမ်ရှေ့ခန်းကို ပြန်ထွက်လာပါတယ်။ အိမ်ရှေ့ခန်းမှာ ဝလုံး အကိုကြီးတွေနဲ့ စကားထိုင်ပြောရင်း သူတို့ အကြောင်း တစွန်းတစ သိခဲ့ရပါတယ်။ သူတို့နေတာ စင်ကာပူ မြောက်ပိုင်းက ရပ်ကွက် တစ်ခုမှာ ဖြစ်ပြီး အိပ်ခန်း ၂ ခန်း ပါတဲ့ အိမ်ခန်းတစ်ခုမှာ အယောက် ၃၀ နီးပါး နေကြတယ် လို့ ပြောပါတယ်။ အဲဒီမှာ နေလာတာ ၈ နှစ်နီးပါး ရှိပြီလို့လည်း သိရပါတယ်။ သူတို့ ထဲက တချို့ လူတွေက တချိန်က တရားဝင် အလုပ်လုပ်ကိုင်ခွင့်နဲ့ နေတဲ့သူတွေနဲ့ Student pass နဲ့ နေတဲ့သူတွေလည်း ပါပါတယ်။ တရားဝင် လုပ်ကိုင်ခွင့် ကုန်တော့ မပြန်ပဲ အို လိုက်ကြတာပါ။ ဝလုံး ဆိုပေမယ့် ရုံးမှာ အလုပ်လုပ်တဲ့သူတောင် ရှိပါတယ်။ အဲဒီနေ့ ညနေကတော့ သူတို့ အိမ်အောက်ဆင်းပြီး 4D လို့ခေါ်တဲ့ လေးလုံးထီ ဆင်းထိုးနေကြတုန်း အိမ်ကို ရဲဝင်ဖမ်းတာနဲ့ ဘာမှ ယူချိန်မရဘဲ ပြေးလာကြတာပါ။ အိမ်မှာ ကျန်ခဲ့တဲ့ တချို့တော့ မိသွားတယ်လို့ ပြောပါတယ်။
မလေးရှား ဂျပန်လို နိုင်ငံမှာ အိုဗာစတေးက သိပ်ပြီး ရှော့ခ် မရှိပေမယ့် စလုံးမှာတော့ ပြသနာက အတော်ကြီးပါတယ်။ ပုံမှန်အားဖြင့် စင်ကာပူမှာ တရားဝင် Pass တစ်ခုခု ကိုင်ထားတဲ့သူ စတေးကုန်ပြီး ရက်နည်းနည်း ကျော်သွားလို့ လေဆိပ်မှာ မိရင် အချုပ်ထဲ ရောက်တတ်ပြီး စင်ကာပူဝင်ခွင့် တစ်နှစ် အပိတ် ခံရတတ်ပါတယ်။ အလည်အပတ် လာတဲ့သူ ရက်ကျော်ရင်တော့ အချုပ်ထဲ ရောက်ပြီး ကြိမ်ဒဏ်ပါ ခံရတတ် ပါတယ်။ သူတို့တင် မကဘူး အိုဗာစတေးကို လက်ခံထားမိရင် လက်ခံ ထားတဲ့ အိမ်ရှင်ပါ ထောင်ကျပါတယ်။ ကျွန်တော်တို့က အဲဒီ အချိန်က စင်ကာပူ ရောက်ခါစမို့ အဲဒီအကြောင်းတွေ သေသေချာချာ မသိပါဘူး။ အိုဗာစတေး မိရင် ကြိမ်ဒဏ်ချတယ် ဆိုတာလောက်ပဲ ကြားဖူးပါတယ်။
သူတို့နဲ့ ခဏ စကားပြောပြီးတော့ ကျွန်တော် အိမ်ပြန်လာခဲ့ပါတယ်။ ကျွန်တော့် သူငယ်ချင်းကလည်း အိမ်မှာ လူများနေလို့ ကျွန်တော်နဲ့ လိုက်အိပ်မယ် ဆိုပြီး ပါလာပါတယ်။ ပြသနာက နောက်တစ်နေ့မနက်မှ စတာပါ။ မနက်ခင်း မိုးလင်းတော့ ကျွန်တော့် သူငယ်ချင်းက သူ့ရည်းစားဆီကို ဖုန်းဆက်ပါတယ်။ ဖုန်းဆက်ရင်း ကျွန်တော့်အိမ်မှာ ညက အိပ်တယ်ပြောတော့ သူ့ရည်းစားက ဘာဖြစ်လို့လဲ မေးပါတယ်။ ကျွန်တော့် သူငယ်ချင်းက ညက အဖြစ်အပျက်ကို ပြောပြတော့ သူ့ရည်းစားက ပြာပြာသလဲနဲ့ နင်တို့အိမ်မှာ မိရင် နင်တို့တွေ အကုန် ထောင်ထဲ ရောက်ကုန်မယ်။ မသိဘူးလား။ လို့ ပြန်မေးပါတယ်။ ကျွန်တော့် သူငယ်ချင်းက လုံးဝ မသိတာပါ။ အဲဒါနဲ့ သူနဲ့ တအိမ်တည်း နေတဲ့ သူငယ်ချင်း တစ်ယောက်ကို ဖုန်းဆက်ပြီး ပြောပါတယ်။ သူ့ အိမ်က သူငယ်ချင်းက အလုပ်ထဲ ရောက်နေတာမို့ ခဏနေဦး။ ငါအလုပ်ထဲက လူတွေနဲ့ တိုင်ပင်ကြည့်ဦးမယ် ဆိုပြီး ပြန်ပြောပါတယ်။ ခဏနေတော့ သူ ဖုန်းပြန်ဆက်ပါတယ်။ "ငါ့မန်နေဂျာက ပြောတယ်။ အပေါင်းအသင်းက အပေါင်းအသင်း တကဏ္ဍပဲ ဒါပေမယ့် ဝလုံးကို အိမ်ခေါ်ထားရင် အိမ်ခေါ်ထားတဲ့သူပါ ထောင်ကျတယ်လို့ ပြောနေတယ်။ ကွိုင်ပဲကွ။" လို့ ကျွန်တော်တို့ကို ပြန်ပြောပါတယ်။
ဒါနဲ့ပဲ ကျွန်တော်တို့ ခဏနေတော့ သူ့အိမ်ကို ရောက်သွားကြပါတယ်။ သူတို့ အိမ်ကလူတွေ တစ်ယောက်မှ အိုဗာစတေးကို လက်ခံမိရင် ထောင်ကျတယ် ဆိုတဲ့ကိစ္စကို မသိပါဘူး။ အဲဒီအိမ်မှာ အူကြောင်ကျား သူငယ်ချင်း တစ်ယောက်လည်း ရှိပါတယ်။ သူကတော့ "ဟေ့ကောင်တွေ။ ဘာမှ စိတ်မပူနဲ့။ လွယ်လွယ်လေး။ ရဲလာဖမ်းရင် အနောက်ပေါက်ကနေ ခုန်ချခိုင်း လိုက်မယ်။ ငါတို့အိမ်က ၄ ထပ်ပဲ မြင့်တာ။ သူတို့ ဝလုံးတွေပဲ အေးဆေးပါ။" လို့ ပြောလို့ ကျွန်တော်တို့က သူ့ကို "ဟေ့ကောင် ဝလုံးလဲ လူပဲကွ။ မင်းက သူတို့ကို စူပါမင်းများ မှတ်နေသလား။ ၄ ထပ်တိုက်က ခုန်ချရင် သေမှာပေါ့ဟ။ မင်းရူးနေသလား။" ဆိုပြီး ဝိုင်းဆဲ ကြပါတယ်။
ညက အဲဒီအိမ်မှာ ၇ ယောက် ၈ ယောက်လောက် ရှိပေမယ့် ဒီမနက်တော့ ၄ ယောက်လောက်ပဲ ကျန်ပါတော့တယ်။ ကျန်တဲ့သူတွေက ပြောင်းသွား ကြပါပြီ။ အဲဒီအိမ်က သူငယ်ချင်း တစ်ယောက်က မျက်နှာပူပူနဲ့ပဲ သွားပြောရပါတယ်။ "အစ်ကိုတို့။ နေစရာ ရပြီ ဆိုရင်တော့ ပြောင်းပေး ကြပါ။ ကျွန်တော်တို့ ကူညီချင်ပေမယ့် အခန့်မသင့်ရင် ထောင်ကျမှာမို့ ကျွန်တော်တို့လည်း နေရထိုင်ရတာ စိတ်မလုံဘူး။" လို့ပါ။ ဝလုံး အစ်ကိုကြီးတွေက "အေးပါ။ အစ်ကိုတို့လည်း ငါ့ညီတို့ အခက်အခဲကို နားလည်ပါတယ်။ အခု အကိုတို့ အိမ်ရှာထားတာလည်း ရပါပြီ။ ညနေကျရင် ပြောင်းမှာပါ။ ဘာပဲဖြစ်ဖြစ် အစ်ကိုတို့ကို အခုလို ကူညီတဲ့ အတွက် ကျေးဇူးတင်ပါတယ်။" လို့ ပြန်ပြောမှ စိတ်အေး သွားရပါတယ်။
ကူညီချင်တာတော့ မှန်ပါတယ်။ ဒါပေမယ့် ထောင်နှုတ်ခမ်း လမ်းလျှောက်ပြီး ကူညီရမယ့် ကိစ္စတော့ ဘယ်သူမဆို တွန့်ကြတာ အမှန်ပါပဲ။ သူတို့ကိုလည်း အပြစ်မဆိုသာပါဘူး။ ဒီလိုနဲ့ ညနေဖက် အဲဒီ အစ်ကိုကြီးတွေ အိမ်ပြောင်းသွားမှပဲ သူတို့အားလုံး ဟင်းချ နိုင်ပါတော့တယ်။

စင်ကာပူ,
အတွေ့အကြုံ
Saturday, May 26, 2012
အပျောက်အရှ
ဒီနေ့တော့ အကြောင်းတိုက်ဆိုင်လို့ အရင်ကုမ္ပဏီမှာ အတူ လုပ်ခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက် အကြောင်းကို သတိရ သွားမိပါတယ်။ အဲဒီတုန်းက သူ့ကို ကြည့်လိုက်ရင် ဝပ်ရှော့ထဲမှာ အကြမ်းဝတ်တဲ့ ကုတ်အင်္ကျီဝတ်ပြီး စက်တွေဆင်နေတာ၊ စက်တွေ စမ်းနေတာ အမြဲတွေ့ရတော့ ကျွန်တော်တို့နဲ့ အဆင့်တူ လက်ထောက်အင်ဂျင်နီယာ တစ်ယောက်လို့ပဲ ထင်မိပါတယ်။ တစ်နေ့မှာ အမှတ်မထင် ကျွန်တော်တို့ ဌာနရဲ့ ဖွဲ့စည်းပုံကို ကြည့်မိတော့မှပဲ အံ့ဩစရာ ကောင်းစွာနဲ့ သူဟာ လက်ထောက်အင်ဂျင်နီယာ တစ်ယောက်မဟုတ်ဘဲ ဌာနခွဲမှူး (Section Head) တစ်ယောက်ဆိုတာ သိလိုက်ရပါတယ်။
နောက်မှ စကားစပ်မိလို့ သူ့အကြောင်း လုပ်ဖော်ကိုင်ဖက်တွေ ဆီကနေ ပြန်ကြားရပါတယ်။ သူဟာ ကျွန်တော်တို့လို အရင်က တစ်ချိန်လုံး ခရီးသွားနေရတဲ့ ဆားဗစ် အင်ဂျင်နီယာ တစ်ယောက်ပါ။ ဆားဗစ်အင်ဂျင်နီယာ ထဲမှာမှ အတော် ကျွမ်းကျင်လွန်းလို့ စီနီယာ အင်ဂျင်နီယာ အဆင့် ရထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတော့ သူ မက္ကဆီကိုမှာ စက်သွားဆင်ရင်း ပတ်စ်ပို့ ပျောက်သွားပါတယ်။ အဲဒီလို ပတ်စ်ပို့ ပျောက်သွားတဲ့ အတွက် သူ ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရသလဲတော့ မပြောတတ်ပါဘူး။ နောက်ဆိုရင် ဘယ်ကိုမှ ခရီး မသွားတော့ဘူး ဆိုပြီး ခရီးသွားဖို့ လုံးဝ စိတ်နာသွားတဲ့ အထိပါပဲ။ ဘောစိက လက်မလွတ်ချင်တာနဲ့ ခရီးမထွက်ပါနဲ့တော့။ ထုတ်လုပ်ရေး ဘက်မှာပဲ ကြီးကြပ်ပါတော့ ဆိုပြီး သူ့ကို ဌာနခွဲမှူး ရာထူး ပေးထားတာပါ။
ခရီးသွားရင်း ပျောက်တယ် ရှတယ် ဆိုတာ နမော်နမဲ့ နိုင်လွန်းလို့ ဆိုပြီး ပြောမရပါဘူး။ ကျွန်တော့်လောက် တစ်ချိန်လုံး အိတ်ကပ်စမ်း၊ ပတ်စ်ပို့ ကို အမြဲထုတ်စစ်နေတဲ့သူတောင်မှ ပတ်စ်ပို့ တစ်ခါ ပျောက်ဖူးပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ အဲဒီနေ့က ကျွန်တော် မလေးရှားက မလက်ကာကို အလုပ်ကိစ္စနဲ့ သွားပါတယ်။ စင်ကာပူ တစ်ဖက်ကမ်း ဂျဟိုးကနေ ကားစီးပြီး သွားတာပါ။ ပတ်စ်ပို့ကိုတော့ ထုံးစံ အတိုင်း လက်ပ်တော့ ဘေးအိတ်ထဲ ထည့်ထားပါတယ်။ ဒါပေမယ့်လည်း ကားပေါ်ရောက်တော့ အိတ်ကို စင်ပေါ် တင်ထားရတာနဲ့ ပတ်စ်ပို့ကို ကိုယ်နဲ့ မကွာ ထားချင်လို့ အိတ်ထဲက ထုတ်ပြီး အင်္ကျီ အိတ်ကပ်ထဲ ထည့်ထားလိုက်ပါတယ်။ ကားပေါ်မှာ စကားပြောရင်း အိပ်ပျော်သွား ပါတယ်။ မလက်ကာ ရောက်တော့ ကားဂိတ်မှာ တွိုင်းလက် ခဏဝင်ပြီး စက်ရုံကို ခရီးဆက်ခဲ့ပါတယ်။ စက်ရုံရောက်မှ လုံခြုံရေးကို ပြဖို့ အိတ်ထဲမှာ ပတ်စ်ပို့ နှိုက်ကြည့်တော့ မရှိတော့ပါဘူး။ ကျွန်တော့် ခေါင်းထဲမှာ အမှတ်ရ နေတာက ကားဂိတ်မှာ တွိုင်းလက် ဝင်တော့ အိတ်ထဲမှာ ဘာမှ မရှိတော့ဘူး ဆိုတာ ပါပဲ။ အဲဒါနဲ့ တက္ကစီဌားပြီး ကားဂိတ်ကို ပြန်ပြေးရပါတယ်။ ကားဂိတ်ရောက်တော့ ကျွန်တော်တို့ ဂျဟိုးကနေ စီးလာတဲ့ကားက ပြန်မထွက်သေးပါဘူး။ ကားပေါ်မှာလည်း လူတစ်ယောက်မှ မရှိ ကားသမားလည်း မရှိပါဘူး။ အဲဒါနဲ့ ကျွန်တော်တို့ အဲဒီဘေးမှာ ကားသမားကို နာရီဝက် နီးပါးလောက် ရပ်စောင့်နေရပါတယ်။
အဲဒီ နာရီဝက်မှာ ဘယ်လို ခံစားရသလဲ မေးရင် အတော် မြိန်တယ်လို့ ပြောရမှာပါပဲ။ မလေးရှားမှာ ပတ်စ်ပို့ပျောက်ရင် စင်ကာပူ ပီအာရ်ကတ်ဒ်နဲ့ မလေးရှားက ထွက်လို့ ရမရ မသိ၊ စင်ကာပူ ပြန်ဝင်လို့ ရမလား မရမလား မသိ အတော် ခေါင်းပူနေပါတယ်။ ထူပူနေတယ်ဆိုတာ အဲဒါမျိုးပြောတာ ဖြစ်ပါလိမ့်မယ်။ နာရီဝက်လောက်နေတော့ ကားသမား ရောက်လာပါတယ်။ သူ့ကို အကျိုးအကြောင်း ပြောပြတော့ ကားပေါ်တက်ရှာဖို့ တံခါး ဖွင့်ပေးပါတယ်။ ခုံဘေးမှာ၊ ခုံအောက်မှာ ကျနေသလား ကြည့်ပေမယ့် နီနီရဲရဲ ပတ်စ်ပို့ ကလေးကို အစအနတောင် ရှာမရ ပါဘူး။ ၅ မိနစ်လောက် ပြူးပြဲကြည့်ပြီး သွားပါပြီလို့ စိတ်လျော့လိုက်ပါတယ်။
ဖြစ်သမျှအကျိုး အဆိုးချည်းပဲ လို့ စိတ်ဒုံးဒုံးချရင်း ကားပေါ်က ပြန်ဆင်းခါနီးမှာတော့ အတူ လိုက်လာတဲ့ ကပ်စတန်မာ အဖိုးကြီးက ကျွန်တော်နဲ့ သူ ထိုင်တဲ့ ထိုင်ခုံ နှစ်ခုံကြားမှာ ညပ်နေတဲ့ ပတ်စ်ပို့ ကလေးကို ရှာတွေ့သွားပါတယ်။ လုတော့ မသိဘူး ဝတော့ အားကီး ဝမ်းသာသွားပါတယ်။ ရင်ဘတ်ထဲက အလုံးကြီးလည်း အဲဒီ အချိန်ကျမှ ကျသွားပါတော့တယ်။ မှတ်မှတ်ရရ အဖြစ်အပျက်ပါပဲ။
ကျွန်တော့် မိတ်ဆွေ တစ်ယောက်တော့ စင်ကာပူမှာ ခဏလာရင်း မလေးရှား တစ်ဖက်ကမ်းကူးပြီး ဂျဟိုးဘာရူးမြို့ကို အလည်သွားတာ ဂျဟိုးမှာ အိတ်အခိုး ခံရလို့ ပတ်စ်ပို့ပါ ပါသွားပြီး ဒုက္ခ အကြီးအကျယ် ရောက်ဖူးပါတယ်။ ဂျဟိုးကနေ ကေအယ်လ် အထိသွား၊ ကေအယ်လ်က မြန်မာသံရုံးမှာ ပတ်စ်ပို့ ပြန်လျှောက်နဲ့ ဂျဟိုး တစ်ညနေ သွားရာကနေ မလေးရှားမှာ တစ်လလောက် သောင်တင်ခဲ့ဖူးပါတယ်။
ခရီးသွားရင် ပျောက်တာရှတာ ဘယ်လောက်ပဲ ဂရုစိုက်ပေမယ့် ဖြစ်တတ်ပါတယ်။ တစ်ယောက်တည်း သွားတဲ့ အချိန် ပိုက်ဆံအိတ်ပျောက်ရင်လည်း အကြီးအကျယ် ကွိုင်တတ် နိုင်သလို ဓားပြ တိုက်ခံရလို့ ပိုက်ဆံအိတ် ပါသွားရင်လည်း အကြီးအကျယ် ကွိုင်ပါပဲ။ အဲဒါကြောင့် ခရီးသွားတိုင်း ပိုက်ဆံနဲ့ ခရက်ဒစ်ကတ်ကို အနည်းဆုံး နှစ်နေရာ ခွဲပြီး ထည့်ထားပါတယ်။ မတော်တဆ ကျပျောက်ရင် ဖြစ်ဖြစ်၊ ဓားပြ တိုက်ခံရရင် ဖြစ်ဖြစ် ဆက်ပြီး လှုပ်ရှားလို့ ရအောင် လို့ပါ။
အကြောင်းတိုက်ဆိုင်လို့ ဒီအကြောင်းကို ရေးဖြစ်တယ် ဆိုတာတော့ ဒီကနေ့ သွားရင်း လာရင်း ခရက်ဒစ်ကတ် ကျပျောက် သွားလို့ပါ။ ပိုက်ဆံအိတ်ထဲ ထည့်ထားတဲ့ ခရက်ဒစ်ကတ်ဒ်တွေ ၂ နေရာ ခွဲထည့်လိုက်တော့ အိတ်ချောင်သွားတာမို့ ဆွဲထုတ်တဲ့ အချိန် ချောင်ပြီး ကျသွားတယ် ထင်ပါတယ်။ ဟိုတယ် ပြန်ရောက်လို့ ပိုက်ဆံအိတ် ဖွင့်တဲ့ အချိန်မှ ကတ်ဒ်ပျောက်သွားမှန်း သတိရပါတယ်။ စင်ကာပူကို ဖုန်းဆက် ခရက်ဒစ်ကတ်ဒ် လှမ်းပိတ်တာ ဖုန်းဖိုးတော့ ထွက်သွားပါတယ်။ တစ်ကတ်ဒ်တည်း ပျောက်သွားလို့ တော်ပါသေးတယ်။
ဘလော့ခ်ဖတ်လာ မိတ်သဟာ များလည်း ခရီးသွားရင်း ပတ်စ်ပို့တွေ၊ ပိုက်ဆံအိတ်တွေ၊ ခရက်ဒစ်ကတ်ဒ်တွေကို ပိုပိုမိုမို ဂရုစိုက်နိုင်အောင် သတိတရနဲ့ ပို့စ်ရေး တင်လိုက်ပါတယ်။

ခရီးသွား,
အတွေ့အကြုံ
Wednesday, March 21, 2012
ကရားဆူးတို့ပြည်
ကျွန်တော်တို့ စလုံးကို ရောက်ခါစ သက္ကရာဇ် ၂၀၀၀ မပြည့်တပြည့် အချိန်ကပါ။
တနင်္ဂနွေ ညတစ်ည ၉ နာရီလောက် မှာ သူငယ်ချင်းတွေနဲ့ အတူ ကော်ဖီသောက်ရင်း
တော့ကီပွားဖို့ အိမ်နားက ဈေးထဲကို လမ်းလျှောက် ထွက်လာခဲ့ကြ ပါတယ်။ အဲဒီ ဈေးထိပ်မှာ မက်ဒေါ်လ်နယ် ဘာဂါဆိုင် တစ်ဆိုင်
ရှိပါတယ်။ ဘာဂါဆိုင်ရှေ့မှာတော့ လူတွေ ဟိုနားတစ်စု သည်နားတစ်စု နဲ့
ထိုင်နေကြတာကို တွေ့ရ ပါတယ်။ တစ်ချို့က ပလက်ဖောင်းပေါ် အခင်းကလေးတွေ
ခင်းပြီး ထိုင်နေသလို တစ်ချို့ကလည်း ဒီအတိုင်း ငုတ်တုပ် ထိုင်နေကြ ပါတယ်။
ခြေပစ်လက်ပစ် ထိုင်နေတဲ့သူတွေလည်း ရှိသလို ဂစ်တာ တီးနေတဲ့ သူလည်း ရှိပါတယ်။
မြန်မာပြည်မှာ လမ်းဘေး အဝတ်ခင်းပြီး ထိုင်တာ မထူးဆန်းပေမယ့်
စင်ကာပူမှာတော့ လူတွေ လမ်းဘေး တန်းစီ ထိုင်နေတာ နည်းနည်း ထူးဆန်းတယ်လို့
ထင်ရ ပါတယ်။
သူတို့ ဘာလုပ်နေကြတာလဲလို့ ကျွန်တော်တို့ အချင်းချင်း ပြန်မေးကြပေမယ့် ဘယ်သူမှ ရေရေရာရာ မသိကြပါဘူး။ နာရီဝက်လောက် အကြာ ကျွန်တော်တို့ လက်ဖက်ရည်သောက်ပြီး ပြန်လာတော့ အဲဒီနေရာမှာ လူတွေ ပိုများ လာတာကို သတိထားမိ ပါတယ်။ မက်ဒေါ်လ်နယ်က မပိတ်သေးဘဲ အထဲက ကောင်တာမှာလည်း လူသိပ်မရှိတာမို့ ဘာဂါစားဖို့ တန်းစီ နေတာတော့ မဖြစ်လောက် ပါဘူး။ ဒီလိုနဲ့ သူတို့ ဘာလုပ် နေကြသလဲ ဆိုတာ ကျွန်တော်တို့ အချင်းချင်း ငြင်းကြခုံကြရင်းနဲ့ အိမ်ပြန် ရောက်လာခဲ့ ပါတယ်။
နောက်တစ်နေ့ မနက်တော့ ရှစ်နာရီ အတန်းရှိတာမို့ အိမ်ကနေ ၇ နာရီကျော်လောက် ထွက်လာခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ နေတဲ့ နေရာက ဘူကစ်ပန်ဂျန်း လို့ခေါ်တဲ့ နည်းနည်းချောင်ကျတဲ့ နေရာမှာ ပါ။ ကျွန်တော်တို့ ကျောင်းရှိတဲ့ ဒိုဗာ ကိုရောက်ဖို့ ၄၅ မိနစ်လောက် သွားရပါတယ်။ ကျွန်တော်တို့ ကျောင်းသွားရင် နိအန်း ပေါ်လီတက်ခနစ် အနားမှာ ကားတစ်ဆင့် ပြောင်းစီးရပါတယ်။ နိအန်းပေါ်လီနား ရောက်တော့ ကားတွေ ပိတ်နေတာနဲ့ ကားက တစ်လိမ့်ချင်း လိမ့်နေရ ပါတယ်။ ကားပေါ်ကနေ လမ်းဘေးကို လှမ်းကြည့်တော့ နိအန်းကျောင်းရဲ့ လမ်းတစ်ဖက်ခြမ်းက မက်ဒေါ်လ်နယ် ဆိုင်ရှေ့မှာ ကားတွေ အများကြီး တန်းစီနေကြတာ လှမ်းတွေ့ရပါတယ်။ အဲဒါကတော့ Drive-Thru လို့ခေါ်တဲ့ ကားမောင်းရင်း ဘာဂါ ဝယ်ရတဲ့ နေရာပါ။ မက်ဒေါ်လ်နယ်မှာ လူတွေ ဘာကို ဒီလောက်တောင် သည်းကြီးမည်းကြီး တန်းစီ ဝယ်နေရသလဲ ဆိုတာ ပဟေဠိ ဖြစ်နေ ပါပြီ။ ဒီလိုနဲ့ ပုံမှန် ၄၅ မိနစ်လောက်နဲ့ ရောက်တဲ့ ကျောင်းကို ၁ နာရီခွဲ ၂ နာရီလောက် ဘတ်စ်ကား စီးပြီးမှပဲ ရောက်ခဲ့ ပါတော့တယ်။
ကျောင်းရောက်တော့ နောက်ကျတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ အတန်းထဲမှာ ကျွန်တော့်လိုပဲ ကားပိတ်နေတာ ကြုံလို့ နှစ်ယောက် သုံးယောက် နောက်ကျ ကြပါတယ်။ အတန်းထဲ ရောက်မှ အတန်းထဲက စလုံး သူငယ်ချင်းတွေကို မက်ဒေါ်လ်နယ်မှာ ဘာဖြစ်နေသလဲ လို့ မေးကြည့်မိ ပါတယ်။ အဲဒီတော့မှပဲ ဇာတ်ရည်လည်ပါ တော့တယ်။ မက်ဒေါ်လ်နယ်မှာ ဟဲလိုကစ်တီ လို့ ခေါ်တဲ့ ကြောင်ရုပ်ကို တနင်္လာနေ့တိုင်း ရောင်းပါတယ်။ အဲဒီ အရုပ်က တစ်ပတ်ကို တစ်မျိုး မတူအောင် ရောင်းတာမို့ ဝယ်စုတဲ့ သူတွေက သဲကြီးမဲကြီး ဝယ်စုကြတဲ့ အကြောင်း၊ အရုပ်က အကန့်အသတ်နဲ့ ရောင်းတာမို့ မနက်ခင်း အရုပ်ရောင်းရင် မရလိုက်မှာ စိုးလို့ မက်ဒေါ်လ်နယ်ရှေ့မှာ ညအိပ် တန်းစီပြီး စောင့်ကြတဲ့ အကြောင်း သူငယ်ချင်း တစ်ယောက်က ရှင်းပြ ပါတယ်။ မက်ဒေါ်လ်နယ်မှာ တန်းစီဝယ်ရင်း မီးလ် ပါ အပါအဝင် ၁၀ ဒေါ်လာတောင် မကျတဲ့ အရုပ်တစ်ရုပ်ကို အပြင်မှာ ဒေါ်လာ ၅၀ နဲ့ ပြန်ပေးပြီး ဝယ်ကြတဲ့ အကြောင်းလည်း သူငယ်ချင်းက ပြန်ပြောပြပါတယ်။ နောက်တော့ ကျွန်တော့်ရဲ့ စလုံး သူငယ်ချင်းက ရယ်ရယ်မောမောနဲ့ ကရားဆူး ဆိုတာ ဒါပဲကွလို့ ပြောပါတယ်။
ကရားဆူး (Kiasu) ဆိုတာ စင်ကာပူမှာ သုံးတဲ့ ဗန်းစကားပါ။ သူများနောက် ကျန်နေခဲ့မှာကို ကြောက်တာ (afraid to lose) လို့ အဓိပ္ပာယ်ရပါတယ်။မနက်ခင်းမှ လာတန်းစီရင် ရရဲ့သားနဲ့ မရလိုက်မှာစိုးလို့ ညကတည်းက ညအိပ်ပြီး တန်းစီကြတာ ကရားဆူး စိတ်ဓာတ်ကို ပေါ်လွင်အောင် ပြတာပါ။ အဲဒါ အပြင် ကားရှိတဲ့ သူတွေကလည်း သူတို့ မရလိုက်မှာ စိုးလို့ ကားနဲ့ လာတန်းစီ ကြတဲ့အတွက် လမ်းတွေ ပိတ်တဲ့ အထိ ဖြစ်ကုန်ကြတာပါ။ စင်ကာပူမှာ သူ့ထက်ငါ အနိုင်မခံ အရှုံးမပေး ကရားဆူးကြတာ အထူးအဆန်း တော့လည်း မဟုတ်ပါဘူး။ ကလေး ပေါက်စနကို ကျောင်းကောင်းကောင်းမှာ ဝင်ခွင့်ရအောင် ကျောင်းရှေ့မှာ တိုကင်မပေးခင် ၃ ရက်လောက်လိုတဲ့ အချိန်ကတည်းက တဲထိုးပြီး စောင့်ကြမယ်။ တစ်ချို့ မိဘကလည်း ကလေးကို ကျောင်းကောင်းကောင်းမှာ ဝင်ခွင့် ရအောင် ကျောင်းနားနီးတဲ့ အိမ်တစ်အိမ်ကို တစ်လ နှစ်လ ပိုက်ဆံပေးပြီး ငှားမယ် ဆိုတာမျိုးတွေ လုပ်ကြပါတယ်။ အဲဒါအပြင် ကလေးတွေကို မူလတန်း ကျောင်းမတက်ခင် ကတည်းက အပြင်မှာ ကျူရှင်ပေါင်းစုံ ပို့ပြီး သူများ ကလေးထက် သာအောင် မောင်းတတ်ကြ ပါတယ်။
ကောက်ရိုးပုံစောင့်ခွေး ပုံပြင်ထဲကလို ကိုယ်လည်းမယူ သူများကိုလည်း မယူစေချင်တာ၊ လူအမြင် ကတ်စရာ ကောင်းအောင် ချစ်တီးကျပြီး ပေါချောင်ကောင်း နှိုက်ချင်တာ၊ ကိုယ်အဆင်ပြေဖို့ တစ်ခုတည်း အတွက် တခြားသူတွေ အဆင်မပြေ ဖြစ်မှာကို နည်းနည်းမှ ထည့်မတွက်တတ်တာ စတဲ့ အမူအကျင့် တွေကိုလည်း ကရားဆူးတယ် ခေါ်ကြပါတယ်။ ကျွန်တော်တို့ ကျောင်းတက်နေတုန်းက ကြုံဖူးတဲ့ အဖြစ်တွေ ရှိပါတယ်။
ကျွန်တော်တို့ ကျောင်းစာကြည့်တိုက်က စင်ကာပူမှာ နည်းပညာ နဲ့ ပတ်သက်တဲ့ စာအုပ်တွေ အစုံဆုံး စာကြည့်တိုက် တစ်ခုပါ။ ဒါပေမယ့် နောက်ဆုံးပေါ် နည်းပညာနဲ့ ပတ်သက်တဲ့ စာအုပ် တစ်ချို့ကို ငှားချင်လို့ ရှာရင် ကွန်ပျူတာ ကက်တလောက် ထဲမှာ ငှားမထားဘူး ဆိုတာ ပြနေပေမယ့် စာအုပ်စင်မှာ သွားရှာရင် မရှိပါဘူး။ စာကြည့်တိုက်က ဝန်ထမ်းတွေကို အကူအညီ တောင်းပေမယ့် သူတို့လည်း ရှာမတွေ့ ပါဘူး။ စာကြည့်တိုက်က ဝန်ထမ်းတွေနဲ့ ရင်းနှီးလာတဲ့ အခါမှ သူတို့က ဘာဖြစ်တယ် ဆိုတာကို ပြောပြ ပါတယ်။ စာအုပ်ကို ငှားချင်တဲ့ သူတစ်ချို့က အပြင်ကို ငှားသွားရင် စာရင်းမှာ ငှားသွားတဲ့ အကြောင်း ပြတဲ့ အတွက် တခြားသူက အဲဒီစာအုပ်ကို ရီဆာ့ဗ် လုပ်လို့ ရပါတယ်။ နောက်လူတစ်ယောက် ရီဆာ့ဗ် လုပ်ထားရင် စာအုပ် ရက်ပြည့်သွားတဲ့ အချိန် သက်တမ်း ထပ်တိုးလို့ မရပါဘူး။ ပြန်မအပ်ရင် နောက်ကျတဲ့ ရက်တိုင်း အတွက် ဒဏ်ကြေး ပေးရတဲ့အပြင် တခြား စာအုပ် ထပ်ငှားလို့ မရပါဘူး။ အဲဒီတော့ သူတို့က စာအုပ်ကို အပြင်ကို ငှားမသွားဘဲ စာကြည့်တိုက်ထဲမှာပဲ အဲဒီ ဘာသာရပ်နဲ့ မဆိုင်တဲ့ နေရာက စာအုပ်စင် တစ်စင်မှာ ဖွက်ထားခဲ့ပါတယ်။ နောက်တော့ ဖတ်ချင်တဲ့ အချိန်မှ စာကြည့်တိုက်မှာ လာဖတ်တာပါ။ စာကြည့်တိုက်မှာ စာအုပ်ပေါင်း သောင်းချီ ရှိတာမို့ မဆိုင်တဲ့ စင်မှာ တင်ထားခဲ့ရင် နေရာ မသိတဲ့သူ တစ်ယောက် ပြန်ရှာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ တခြားသူလည်း ဖတ်လို့မရ၊ တခြားသူလည်း ငှားလို့မရ၊ သူတစ်ယောက်တည်း ဖတ်လို့ ရအောင် လုပ်ထားတာမို့ အတော့်ကို ဆိုးရွားတဲ့ အမူအကျင့် တစ်မျိုးပါပဲ။
မြို့ထဲက ဖုကော့ လို့ ခေါ်တဲ့ စားသောက်ဆိုင်တန်းတွေမှာ နေ့လည်စာ သွားစားရင်လည်း အဲဒီ ကရားဆူး စိတ်ဓာတ်ကို ပီပီပြင်ပြင် မြင်ရပါတယ်။ စားသောက်ဆိုင်တန်းမှာ နေရာဦးဖို့ အတွက် စားပွဲခုံပေါ်မှာ တစ်ရှူးထုပ် ကလေးတွေ တန်းစီပြီး ချထားတာကို မြင်ရတတ် ပါတယ်။ စားစရာ သွားမဝယ်ခင် လွတ်နေတဲ့ ခုံကို ရှာပြီး တစ်ရှူးထုပ်ချ နေရာဦးတတ် ပါတယ်။ တစ်ရှူးထုပ် အစား ထီးတို့ ပိုက်ဆံအိတ်တို့ ဖုန်းတို့ ချပြီး နေရာဦးခဲ့ရင် သူများ ခိုးရင် ပါသွားမှာမို့၊ နေရာလည်း ဦးရ၊ ခိုးသွားရင်လည်း တစ်ရှူးထုပ်က ပြားဂဏန်းပဲ တန်တာမို့ ပြဿနာ မရှိ ဆိုတော့ ထပ်ဆင့် ကရားဆူးတဲ့ နည်းပါ။
ဘတ်စ်ကား စီးရင်လည်း ကရားဆူးတဲ့ အမူအကျင့်တွေကို တွေ့ရပါတယ်။ ပြန်ဆင်းတဲ့ အချိန် ဆင်းရ လွယ်အောင် အထဲ မဝင်ဘဲ အပေါက်ဝမှာ ပြုံရပ်နေတာမျိုးပါ။ မြန်မာပြည်လို အလယ်ခေါင်မှာ ဆင်နှစ်ကောင် ဖင်ထောင်ကလို့ ရတယ် ပြောတတ်တဲ့ စပယ်ယာတွေလည်း မရှိ ဒတ်စတော့ အုပ်မယ့် ဒရိုင်ဘာလည်း မရှိတော့ အထဲကို မဝင်ကြပါဘူး။ တစ်ခါတစ်လေ မှတ်တိုင်မှာ ဘတ်စ်ကားပေါ် တက်ချင်တဲ့သူတွေ တစ်အုပ်ကြီး ရှိပေမယ့် အပေါက်ဝက လူတွေက အထဲ မဝင်တော့ ကားပေါ် တက်လို့ မရပါဘူး။ အလယ်ခေါင် ချောင်တဲ့ နေရာကို တိုးပြီး လမ်းပေါက်ကို ဖွင့်မပေးပဲ အပေါက်ဝ မှာပဲ ကားပေါ်တက်မယ့်သူတွေ ရှိနေတာကို မသိချင်ယောင် ဆောင်နေတတ်ကြ ပါတယ်။ အဲဒါအပြင် နှစ်ယောက်ထိုင် ခုံမှာ ဝင်ထိုင် ကြရင်လည်း ပြတင်းပေါက်နား ကပ်မထိုင်ဘဲ ဆင်းလို့လွယ်အောင် လူသွားလမ်းဘေးက ခုံမှာ ကပ်ထိုင်ကြ ပါတယ်။ အားလုံးနီးပါး အဲဒီလို ထိုင်နေကြတော့ နောက်ထပ် ထိုင်ချင်တဲ့သူတွေ အလွယ်တကူ ဝင်ထိုင်မရဘဲ ကသိကအောက် ဖြစ်ရပါတယ်။
ဘတ်စ်ကားစီးတဲ့ သူတွေတင် ကရားဆူးကြတာ မဟုတ်ပါဘူး။ ကိုယ်ပိုင်ကားစီးတဲ့ သူတွေလည်း ကရားဆူးကြပါတယ်။ စင်ကာပူမှာ တော်ရုံတန်ရုံလူ ကိုယ်ပိုင်ကား မစီးနိုင်ပါဘူး။ မြန်မာ မီနီဆလွန်းလို့ ခေါ်ကြတဲ့ ချယ်ရီ ကျူကျူတစ်စင်းတောင် အခုပေါက်ဈေးနဲ့ ဒေါ်လာ ၈ သောင်းကျော် ရှိပါတယ်။ ဒါလည်း တသက်လုံး စီးလို့ ရတာ မဟုတ်ပါဘူး။ ၁၀ နှစ်ပဲ စီးလို့ ရတာပါ။ ကားကို အဆင့်အတန်း တစ်ခု အနေနဲ့ အဲဒီလောက် ဈေးကြီးပေးဝယ်စီး ပေမယ့် ကားနဲ့ ပတ်သက်ရင် ချစ်တီးကျ ကြပြန်ပါတယ်။ စင်ကာပူကနေ မလေးရှားကို သွားတဲ့ ဟိုင်းဝေးလမ်းပေါ်မှာ ဆီတိုင်ကီထဲမှာ ဆီ ၄ ပုံ ၃ ပုံ မရှိရင် ဒဏ်ရိုက်မယ် ဆိုတဲ့ ဆိုင်းဘုတ်တွေ ရှိပါတယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဘက် မလေးနိုင်ငံသား အင်ဂျင်နီယာ တစ်ယောက်က မလေးရှားမှာ အစိုးရက အထောက်အပံ့ ပေးထားတဲ့ အတွက် ဆီဖိုးက စင်ကာပူ ထက်စာရင် အများကြီး သက်သာတယ်။ အဲဒါကြောင့် မလေးရှားမှာ ဆီလာထည့်ကြလွန်းလို့ အဲဒီလို လုပ်ထားတာလို့ ပြောပြ ပါတယ်။ နောက်ပိုင်းတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရယ်စရာ အဖြစ်တွေ အများကြီး ကြားရ ပါတယ်။
စလုံးတွေ မလေးရှားမှာ ဆီထည့်ရင် ကားထဲကို ဆီ များနိုင်သမျှ များများ ဝင်အောင် ကားကို လှုပ်ကြ ပါတယ်။ စောင်းကြပါတယ်။ ကားကို လှုပ်လိုက်လို့ စောင်းလိုက်လို့ ဆီ ဘယ်လောက် ထပ်ထည့်လို့ ရမလဲတော့ မပြောတတ်ပါဘူး။ ဒါပေမယ့် ပြောပလောက်တဲ့ ပမာဏ မဟုတ်တာတော့ သေချာပါတယ်။ နောက်တော့ အကြံ အဖန်တွေ လုပ်ကြပါတယ်။ ဆီဂေ့ချ်ကို ပြင်ကြတာပါ။ ဆီဂေ့ချ်ပြင်ထားတဲ့ ကားမှာ ခလုတ် အပိုတစ်ခု ပါပါတယ်။ ကပ်စတန် ဖြတ်ခါနီး အဲဒီ ခလုတ်ကို နှိပ်လိုက်ရင် ဆီဂေ့ချ်က အပြည့်နီးပါး ပြောင်းသွားတာပါ။ နောက်ပြန်ဖြုတ်လိုက်ရင် ပုံမှန် ပြန်ဖြစ်သွားပါတယ်။ အခုနောက်ပိုင်းတော့ အဲဒီ ဆီဂေ့ချ် ပြင်တာတွေ့ရင် ချက်ချင်း ဖမ်းချုပ်တာမို့ သိပ်မလုပ်ရဲကြ တော့ပါဘူး။
နောက်တစ်ခုက စင်ကာပူမှာ အီးအာရ်ပီ လို့ ခေါ်တဲ့ အီလက်ထရွန်းနစ် လမ်းကြေးကောက်တဲ့ ဂိတ်တံခါးတွေ ရှိပါတယ်။ မြို့ထဲအဝင်လမ်းတွေနဲ့ ဟိုင်းဝေး လမ်းမတွေပေါ်မှာ တပ်ထားလေ့ ရှိပြီး အဲဒီအောက်က ဖြတ်မောင်းသွားတဲ့ ကားတွေကို လမ်းကြေးဖြတ် ပါတယ်။ ပုံမှန်ဆိုရင် ရုံးတက် ရုံးဆင်းချိန်တွေမှာ ကောက်လေ့ ရှိပြီး ညနေဖက် ဆိုရင် ၈ နာရီ ၉ နာရီ အထိ ကောက်လေ့ ရှိပါတယ်။ အီးအာရ်ပီ ဂိတ်က ည ၈ နာရီ ပိတ်တယ် ဆိုရင် ကားအတော်များများက ၈နာရီ မထိုးခင် အီးအာရ်ပီနဲ့ မနီးမဝေးမှာ မယောင်မလည် ရပ်စောင့်နေလေ့ ရှိကြပါတယ်။ ၈ နာရီ ထိုးလို့ ဂိတ်ပိတ်သွားပြီ ဆိုမှ အဲဒီဂိတ်ကို ဖြတ်ကြပါတယ်။ တစ်ခါတော့ ဖေ့စ်ဘွတ်ခ်ထဲ မိတ်ဆွေ တစ်ယောက် ဝေမျှ ထားတဲ့ ပုံတစ်ပုံကို တွေ့လိုက်ရပါတယ်။ အဲဒီပုံမှာ အီးအာရ်ပီ ဂိတ်နဲ့ အဲဒီ အရှေ့မှာ ရပ်စောင့်နေတဲ့ သိန်းပေါင်းများစွာတန်တဲ့ ဇိမ်ခံကားတစ်စင်းရဲ့ ပုံကို ရိုက်ပြထားပြီး အောက်မှာတော့ "အော်။ ငါ့လို ကားအစုတ် စီးတဲ့သူပဲ ဒီ ၂ ဒေါ်လာ လောက်ကို နှမြော တတ်တယ် မှတ်တာ။ ဒီလို ဇိမ်ခံကား စီးတဲ့ကောင်တွေလည်း ငါ့လိုပါပဲလား။ အတော် ကရားဆူးကြတယ်။" လို့ ရေးထားတာပါ။ သူ့ရဲ့စာကို ဖတ်ပြီး ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်လိုက်မိ ပါတော့တယ်။

ပေါက်တတ်ကရ,
အတွေ့အကြုံ
Saturday, February 11, 2012
လူနာဘက်က ရှေ့နေလိုက်မယ်
ဒီတစ်ခါ ရန်ကုန်ပြန်ရတဲ့ အကြောင်းက ကျွန်တော့်အမျိုးသမီး မီးဖွားဖို့ ကိစ္စ အဓိကမို့ ရောက်ရောက်ချင်း အိမ်ကို ခဏဝင် ပြီးတာနဲ့ ဆေးရုံကို တန်းပြီး ရောက်သွားပါတယ်။ အဲဒီနောက်တော့ ဆေးရုံမှာ ၄ ရက်လောက် ဆက်တိုက် နေဖြစ်ပါတယ်။ ပုဂ္ဂလိက ဆေးရုံမို့လား မသိပါဘူး။ ဆေးရုံမှာ နေရတာ အတော် စိတ်ချမ်းသာစရာ ကောင်းပါတယ်။ ဆေးရုံနံ့ ဆိုလို့ လုံးဝ မရှိပါဘူး။ ကိုယ့်အခန်းနဲ့ကိုယ် နေရပြီး အခန်းထဲမှာ ရုပ်မြင်သံကြားစက် တပ်ထားတာက တစ်ကြောင်း၊ အဲဒီထက်ပိုပြီးကောင်းတာက ဝိုင်ယာလက်စ် အင်တာနက် ရှိနေတာက တစ်ကြောင်းမို့ပါ။ လက်ပ်တော့ပ် ပါမသွားပေမယ့် တယ်လီဖုန်းကို ဝိုင်ဖိုင် ဖွင့်ပြီး ဖေ့စ်ဘွတ်ခ် သုံးလို့ ရနေတာမို့ မဆိုးလှပါဘူး။ အင်တာနက်က နှေးလွန်းလို့ ဖေ့စ်ဘွတ်ခ်ထဲက Feed ကို Refresh လုပ်ရင်း တက်မလာခင် အိပ်ပျော်သွားတာတော့ တစ်ခါနှစ်ခါ ရှိတာပေါ့။
ဆေးရုံက ပံ့ပိုးပေးထားတာတွေ ကောင်းသလို ဆရာဝန် ဆရာမတွေကလည်း အတော် ဂရုတစိုက် ရှိကြပါတယ်။ အထူးကု ဆရာဝန်ကြီးတွေ မနက်တိုင်း Round ကြပါတယ်။ တာဝန်ကျတဲ့ ဆရာဝန်တွေ ဆရာမလေးတွေလည်း အချိန်မှန် လာပြီး လိုအပ်တာတွေ စမ်းသပ်စစ်ဆေး ပေးကြပါတယ်။ ပိုက်ဆံပေးထားတာကိုး ကောင်းမှာပေါ့လို့ ပြောချင်ရင်လည်း ပြောကြမှာပါ။ ပိုက်ဆံပေးပြီးမှ ဂရုမစိုက်လို့ စိတ်ညစ်ရတဲ့ အခါတွေ အများကြီး ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စင်ကာပူလောက် ပိုက်ဆံမကုန်ဘဲ စင်ကာပူလို ကျန်းမာရေးစောင့်ရှောက်မှုမျိုး ရတာမို့ အားလုံးကိုခြုံငုံပြီး တန်တယ်လို့ ပြောလို့ ရပါတယ်။
ကျွန်တော် မြင်တာကို မြင်တဲ့အတိုင်း ပြောရရင် မြန်မာနိုင်ငံက ဆရာဝန်ကြီးတွေ အတော်ပင်ပန်း ကြပါတယ်။ မနက်ခင်း အစော ပုဂ္ဂလိက ဆေးရုံကိုပြေး၊ ပြီးရင် အစိုးရ ဆေးရုံကိုသွား ၊ ဆေးရုံကပြီးရင် အပြင်က အထူးကု ဆေးခန်းကြီးတွေကို လှည့်သွားနဲ့ တစ်နေ့လုံး မိုးလင်းက မိုးချုပ် အားတဲ့အချိန် ဆိုတာရော ရှိရဲ့လားလို့ စဉ်းစားမိပါတယ်။ ဆရာဝန်ကြီး တစ်ယောက်ဆိုရင် ကျွန်တော် နေခဲ့တဲ့ ဆေးရုံမှာ ညသန်းခေါင် တစ်နာရီလောက်မှ လာပြီး Round တယ်လို့ ပြောသံကြားရ ပါတယ်။ ညတစ်နာရီ လာ Round တော့ သူဘယ်အချိန် အိပ်သလဲ ဆိုတာတောင် စဉ်းစားရ ခက်သွားပါတယ်။
ကျွန်တော့် အမျိုးသမီး ဆေးရုံက ဆင်းလာပြီးတော့ တစ်ညနေ ညီအစ်ကိုတွေ သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ ထိုင်ဖြစ်ပါတယ်။ ကျွန်တော်တို့ အထဲမှာ ဆရာဝန် နှစ်ယောက် ပါပါတယ်။ စားရင်းသောက်ရင်း စကားပြောကြရင်း မြန်မာနိုင်ငံက ဆရာဝန်တွေ အကြောင်း ရောက်သွားပါတယ်။ ကျွန်တော်တို့နဲ့ အတူလာတဲ့ သူငယ်ချင်း တစ်ယောက်က မြန်မာပြည်က ဆေးရုံဆေးခန်းတွေ ဆရာဝန်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဝိုင်းထဲက ဆရာဝန်ကို သူ့ခံစားချက်တွေ ရင်ဖွင့်ပါတယ်။ ဆရာဝန်ကတော့ ပြုံးပြီးတော့ပဲ နားထောင်နေပါတယ်။
ပထမဆုံး သူ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း အထူးကု ဆရာဝန်ကြီး တစ်ယောက်ဆီမှာ သွားပြတုန်းက အတွေ့အကြုံကို ပြန်ပြောပြပါတယ်။ သူ့မှာ ဆီးအိမ် အောင့်လို့ အထူးကု ဆေးခန်း တစ်ခုမှာ ဆရာဝန်ကြီးနဲ့ ပြဖို့ ရောက်သွားပါတယ်။ ဆရာဝန်ကြီးက နေ့လည် ၁၂ နာရီ လာမယ် ပြောလို့ သူ့ကို လူနာတွေ အများကြီးက လာစောင့်နေပါတယ်။ နေ့လည် ၁ နာရီ ထိုးသွားပါတယ်။ ဆရာဝန်ကြီးက ပေါ်မလာပါဘူး။ ဆေးခန်းက ဆရာမတွေ မေးတော့လည်း ယောင်ဝါးဝါး လုပ်နေကြပါတယ်။ ၂ နာရီ ထိုးသွားပါတယ်။ ရောက်မလာ သေးပါဘူး။ လူနာတွေကလည်း စိတ်ရှည်လက်ရှည်နဲ့ စောင့်နေကြတုန်းပါပဲ။ နောက်ဆုံး နေ့လည် ၃ နာရီ ထိုးမှ ဆရာဝန်ကြီး ဆေးခန်းကို ရောက်လာပါတယ်။
သူ့ကို ဆရာဝန်ကြီးက စမ်းသပ်မယ့် အလှည့်ရောက်တော့ ဆရာဝန်ကြီးက ဘာဖြစ်တာလဲလို့ မေးပါတယ်။ ကျွန်တော် ခုနက ဆီးစပ်က အောင့်နေတယ် ဆရာ။ ဒါပေမယ့် ဆရာ့ကို စောင့်ရင်းနဲ့ အောင့်တာတော့ ပျောက်သွားပြီ ပြောတော့ ဆရာဝန်ကြီးက သူနောက်ကျတာကို နောက်တယ်ထင်ပြီး ဟာကွာ လို့ ရေရွတ်ရင်းက မလုံမလဲ ဖြစ်သွားပါတယ်။ အမှန်တကယ်ကတော့ သူတကယ်ပဲ စောင့်နေရင်း အောင့်တာက ပျောက်သွားတာပါ။ ဆရာဝန်ကြီး နည်းနည်း စိတ်ခုသွားတာ သိတော့ သူက အမြန်အဆန် မဟုတ်ဘူး ဆရာ။ ကျွန်တော် တစ်ကယ်ပြောတာပါ။ ခုန မအောင့်ခင်တုန်းကတော့ ဒီနေရာက နာပါတယ် ဆိုပြီး သူနာတယ် ဆိုတဲ့ နေရာကို ပြပါတယ်။ သူက သူဘယ်တုန်းက စဖြစ်တယ်။ ဘယ်လောက်ကြာကြာ ဖြစ်တယ်။ တစ်နေ့ ဘယ်နှစ်ခါ ဖြစ်တယ် ဆိုတာတွေ ဆရာဝန်ကြီးကို ပြောပြချင်ပေမယ့် ပြောပြခွင့် မရလိုက်ပါဘူး။ ဆရာဝန်ကြီးက သူ့ကို စမ်းသပ်ပြီး ဆေးတွေ ရေးပေးလိုက်ပါတယ်။
အဲဒီမှာ ကျွန်တော့်သူငယ်ချင်းက သူ့မကျေနပ်ချက်ကို ပြောပြပါတယ်။ သူ့အထင်အရတော့ ဆရာဝန်ဆိုတာ လူနာပြောတဲ့ ရောဂါ လက္ခဏာတွေ အားလုံးကို သေသေချာချာ နားထောင်သင့်တယ်လို့ ထင်တဲ့အကြောင်း၊ အဲဒီလို နားမထောင်ဘဲ လက္ခဏာတစ်ခုလောက်ကို နားထောင် စမ်းသပ်ပြီး ရောဂါကုတယ် ဆိုရင် ဒီဆရာဝန် ဘယ်လောက်ပဲ ကျွမ်းကျင်တယ် ပြောပါစေ၊ ရောဂါအမှန်ကို သိနိုင်မယ်လို့ သူ့အနေနဲ့ ယုံကြည်ဖို့ ခက်ခဲတဲ့ အကြောင်း ပြောပြပါတယ်။
သူအဲဒီလို ပြောတော့ ဩစတေးလျမှာ အလုပ်လုပ်နေတဲ့ ကျွန်တော့် သူငယ်ချင်း ဆရာဝန် တစ်ယောက် ပြောပြတာကို သတိရမိပါတယ်။ ဩစတေးလျမှာ ဆေးကုရင် လူနာကို ရောဂါ အကြောင်း၊ ဆေးအကြောင်း အသေးစိတ် ရှင်းပြရတယ်လို့ သူပြောပြဖူးပါတယ်။ ဘာဖြစ်လို့ ဒီရောဂါ ဖြစ်နိုင်တဲ့အကြောင်း၊ ဘာဖြစ်လို့ ဒီဆေးကို ပေးရတဲ့အကြောင်း၊ ဒီဆေးကို သောက်လို့ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်တဲ့ အကြောင်း လူနာကို စိတ်ရှည်လက်ရှည် ရှင်းပြဖို့ လိုတယ်လို့ သူက ပြောပြဖူးပါတယ်။
လူနာရဲ့ စကားကို စိတ်ရှည်လက်ရှည် နားထောင်တာ ဆရာဝန်တစ်ယောက်ကို လူနာဘက်က ရှိတဲ့ ယုံကြည်စိတ်ချမှု တိုးပွားဖို့ အတွက် ရှိသင့်တယ်လို့ ထင်ပါတယ်။ လူနာတွေ အနေနဲ့ ဆရာဝန်ကို ဖြစ်သမျှ အကြောင်းစုံ ပြောလိုက်ရရင် စိတ်ထဲမှာ သက်သာတယ်လို့ ထင်တတ်ကြသလို၊ ဆရာဝန်က အကြောင်းစုံကို သိလို့ ပိုပြီး ထိထိရောက်ရောက် ကုနိုင်လိမ့်မယ်လို့ ကျွန်တော့် သူငယ်ချင်း ထင်သလိုပဲ ထင်တတ်ကြ ပါတယ်။
ဒါက ပထမ တစ်ပိုင်းပါ။ နောက်တစ်ပိုင်း အနေနဲ့တော့ ကျွန်တော့် သူငယ်ချင်းက ဆေးရုံဆေးခန်းတွေရဲ့ လုပ်ပုံကိုင်ပုံနဲ့ ပတ်သက်ပြီး သူမကျေနပ်တာကို ရင်ဖွင့်ပါတယ်။ သူ့မှာ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကြောင့် ဆေးသွင်းပြီး ဓာတ်မှန်ရိုက်ဖို့ လိုအပ်လာပါတယ်။ အဲဒါကြောင့် ဓာတ်မှန်ရိုက်ဖို့ လုပ်နေတဲ့ အချိန်မှာ ဆေးခန်းက သူ့ကို စာရွက်တစ်ရွက် လာပေးပါတယ်။ စာရွက်ကို ဖတ်ကြည့်တော့ အခုသွင်းမယ့် ဆေးဟာ ပင်လယ် ရေသတ္တဝါတွေကနေ ဖော်ထုတ်ထားတာ ဖြစ်တဲ့အတွက် ပင်လယ်စာနဲ့ မတည့်တဲ့သူ အနေနဲ့ နှလုံးခုန်ရပ်သွားနိုင်တယ် ဆိုတာကို နားလည် သဘောပေါက် ပါတယ် ဆိုတာကို လက်မှတ် ထိုးခိုင်းတဲ့ စာရွက်ပါ။
သူ အဲဒီစာရွက်ကို ဖတ်ပြီး မျက်လုံးပြူးသွားပါတယ်။ သူ့ကို လက်မှတ် ထိုးခိုင်းတဲ့ ဆရာဝန်မကို “ဆရာမ၊ နှလုံးခုန်ရပ်ရင် ကျွန်တော် သေသွားမှာပေါ့။ မဟုတ်ဘူးလား။” လို့ ပြန်မေးပါတယ်။ အဲဒီတော့မှ ဆရာဝန်မက “စိတ်မပူပါနဲ့။ နှလုံးခုန် ရပ်သွားရင် နှလုံးနှိုးစက်တွေ ရှိပါတယ်။” လို့ ပြန်ပြောပါတယ်။ သူက မကျေနပ်နိုင်သေးဘဲ “စက်မောင်းနေတုန်း မီးပြတ်သွားရင် ကျွန်တော်သေမှာလား။” လို့ ထပ်မေးပါတယ်။ ဆရာဝန်မက “မီးစက်တွေလည်း ရှိပါတယ်။ မီးပြတ်ရင် မီးစက်နှိုးမှာပေါ့။” လို့ ထပ်ဖြေပါတယ်။ သူ့စိတ်ထဲမှာတော့ မီးစက်ပါ ပျက်နေရင် ငါတော့ ကြွပြီလို့ တွေးလိုက်မိပါတယ်။
သူက ထပ်မေးပါတယ်။ “ဆရာမ။ ပင်လယ်စာနဲ့ ကျွန်တော်နဲ့ တည့်မတည့် ဘယ်လိုသိနိုင်မှာလဲ။” လို့ သူကမေးတော့ ဆရာဝန်မက “နည်းနည်း အရင် စမ်းသွင်းကြည့်မယ်လေ။ ဘာမှမဖြစ်ဘူးဆိုရင် ထပ်သွင်းမှာပေါ့။” လို့ ပြန်ဖြေပါတယ်။ ကျွန်တော်တို့နဲ့ အတူထိုင်နေတဲ့ ဆရာဝန်က အဲဒီနေရာမှာ ဝင်ထောက်ပါတယ်။ “အဲဒါ လျှောက်ပြောတာ။ တစ်ချို့ဆေးက နည်းနည်းသွင်းရင် မတည့်တဲ့သူမှာ ဘာမှ မဖြစ်ဘူး။ အများကြီး သွင်းမှ ဖြစ်တာ။ မင်းက ကွန်ပလိန်းတွေ စွပ်ပြီး တက်နေလို့ မင်းကို စိတ်ကျေနပ်အောင် ပြောတာ ဖြစ်မယ်။” လို့ သူက ဝင်ပြောပါတယ်။
ဒီလိုနဲ့ သူ့ကို စမ်းပြီး ဆေးနည်းနည်း စသွင်းပါတယ်။ ဆေးနည်းနည်း သွင်းပြီးတော့ ဆရာဝန်မက “ဘယ်လိုနေသလဲ။” လို့ မေးပါတယ်။ သူကတော့ ဆေးမထိုးခင်ကတည်းက နှလုံးခုန် ရပ်သွားနိုင်တယ် ဆိုတဲ့စာကို သတိရပြီး လန့်နေတာမို့ ဆေးစသွင်းလိုက်တော့ ခေါင်းထဲက ရိုးတိုးရိပ်တိပ် ဖြစ်လာသလို ခံစားလိုက်ရပါတယ်။ “ခေါင်းထဲကတော့ နည်းနည်း မူးလာသလိုပဲ။” လို့ပြောတော့ ဆရာဝန်မက တစ်ချက် တွန့်သွားပါတယ်။ နောက်မှ သူက ဆက်ပြီး “ရပါတယ် ဆရာမရယ်။ ကျွန်တော် အစကတည်းက လန့်နေလို့ ဖြစ်ပါလိမ့်မယ်။ ဘာမှ ဖြစ်လောက်မယ် မထင်ပါဘူး။ ဆက်သာသွင်းပါ။” လို့ ပြောလိုက်ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ ဆေးသွင်းပြီး ဓာတ်မှန်ရိုက်တဲ့ လုပ်ငန်း အောင်မြင်စွာ ပြီးဆုံး သွားပါတယ်။
သူကတော့ နှလုံးခုန်ရပ်တယ် ဆိုတာ ပေါ့ပေါ့တန်တန် ကိစ္စမဟုတ်တဲ့ အကြောင်း၊ အဲဒီလိုမျိုး ဖြစ်လာနိုင်တယ်ဆိုရင် တစ်ရာမှာ တစ်ယောက် ဖြစ်ခဲတဲ့ ကိစ္စပေမယ့် အဲဒီလို ပစ္စလက္ခတ် လုပ်တာကို သူသဘောမကျတဲ့ အကြောင်း၊ အဲဒါအပြင် နှလုံးခုန် ရပ်သွားနိုင်တယ် ဆိုတာကို သိရှိနားလည်တဲ့ အကြောင်း လက်မှတ်ထိုးခိုင်းတာကို ထမင်းစားရေသောက် အနေနဲ့ သဘောထားတာကို သူမကျေနပ်ဆုံး ဖြစ်တဲ့ အကြောင်း ဆက်ပြီး ရင်ဖွင့်ပါတယ်။ ဆေးခန်းဘက်က သူတို့ကို ထိခိုက်နိုင်တဲ့အတွက် သူတို့ဖက် သူတို့လုံအောင် ကာကွယ်တာ မှန်ပေမယ့် သူတို့သာ အဲဒီကိစ္စ ကို ပေါ့ပေါ့တန်တန် မထားဘဲ အသေအချာ ရှင်းပြမယ် ဆိုရင် လူနာတွေ အနေနဲ့ ဖြစ်လာမယ့် အန္တရာယ်ကို ကြိုတင်ပြီး တွက်ဆပြီး သူတို့စိတ်နဲ့ သူတို့ ဆုံးဖြတ်ချက် ချနိုင်မယ်လို့ ထင်တဲ့အကြောင်း ဆက်ပြောပါတယ်။
နောက်တော့ ကျွန်တော်တို့ ဆွေးနွေးပွဲက လူနာနဲ့ ဆရာဝန် နှစ်ဖက်စလုံးရဲ့ ချို့ယွင်းချက်တွေဆီကို ရောက်သွားပါတယ်။ ဟိုတစ်လောက ဂျာနယ်တွေထဲ ပါတဲ့ ဆရာဝန်နဲ့ လူနာ အကြောင်းတွေလည်း ဆွေးနွေးဖြစ်ကြ ပါတယ်။ ကျွန်တော်တို့ ဝိုင်းထဲက ဆရာဝန်က သူ့အမြင်ကို ပြောပြပါတယ်။ မြန်မာပြည်မှာ လူနာတွေ အနေနဲ့ ကိုယ့်စိတ်ထဲမှာ ငါဒါဖြစ်တယ်ထင်ပြီး အထူးကုဆီကို တန်းပြေးတာမျိုးက မှန်တယ်လို့ ပြောလို့ မရတဲ့ အကြောင်း၊ အထွေထွေ ရောဂါကု ဆရာဝန်နဲ့ အရင်ပြပြီးမှ ဆရာဝန်ညွှန်တဲ့ အထူးကုဆီ သွားသင့်တဲ့ အကြောင်း ပြောပြ ပါတယ်။ နောက်တော့ သူက ဆရာဝန် အချင်းချင်း သူတို့ ဆရာဝန်တွေထဲက တစ်ချို့ဆရာဝန်တွေရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး သူမကျေနပ်တာကို ပြောပြပါတယ်။ အထူးကုတစ်ချို့က လူနာကိုယ့်ဆီရောက်လာတာနဲ့ ကိုယ်အထူးပြုတဲ့ နယ်ပယ်နဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင် စွတ်ရွတ်ပြီး ကုတာမျိုး လုပ်တတ်တဲ့ အကြောင်း၊ သူတို့ အထွေထွေ ရောဂါကု ဆရာဝန် ကနေ အထူးကု ဖြစ်လာတာ မှန်ပေမယ့် ကိုယ့်နယ်ပယ်ထဲက မဟုတ်ရင် တခြား အထူးကုကို ညွှန်းသင့်တယ်လို့ သူထင်တဲ့ အကြောင်း ပြောပြပါတယ်။ နောက်ပြီးတော့ သူက သူ့မကျေနပ်ချက် နောက်တစ်ခုကို ထပ်ပြောပါတယ်။ “ငါတို့ တိုင်းပြည်က တစ်ချို့ဆရာဝန်တွေက အတော်မာနကြီးကြတယ်ကွ။ သူတို့ကုလို့ မပျောက်ဘူး ပြောရင် မကျေနပ်ကြဘူး။ ဘာဆိုင်လဲကွာ။ လူနာတစ်ယောက်နဲ့ တစ်ယောက် တူတာမှ မဟုတ်တာ။ သူကုလို့ လူနာ တစ်ယောက်က ပျောက်ပေမယ့် တခြားလူနာက ပျောက်ချင်မှ ပျောက်မှာပေါ့။ အဲဒီလို တလွဲမာနတွေ ထားတာ ငါတော့ မဖြစ်သင့်ဘူး ထင်တယ်။” လို့ သူက ပြောပြပါတယ်။
ကျွန်တော့် ခေါင်းထဲမှာတော့ ကျွန်တော်ကြုံခဲ့ရတဲ့ ပုဂ္ဂလိကဆေးရုံ၊ အစိုးရ ဆေးရုံနဲ့ အထူးကု ဆေးခန်းတွေကြား မအားမလပ်နိုင်အောင် ပြေးလွှားနေရတဲ့ အထူးကု ဆရာဝန်ကြီးတွေရဲ့ အကြောင်းကို စဉ်းစားမိပါတယ်။ သူတို့ ဒီလောက်တောင် မအားမလပ်နိုင်အောင် အလုပ်များနေရင် လူနာတွေရဲ့ ရောဂါလက္ခဏာကို အသေအချာ နားထောင်ဖို့ အချိန်ပေးနိုင်မှာ မဟုတ်ဘူးလို့လည်း တွေးမိပါတယ်။ ဒီလောက် လူနာတွေ များနေတာမို့ သူနဲ့ ဆိုင်မဆိုင် စဉ်းစားဖို့ အချိန်ကော ရှိပါ့မလားလို့လည်း တွေးမိပါတယ်။ ဆေးခန်းမရှားပေမယ့် အထူးကု ဆေးခန်းကိုမှ ပြေးချင်တဲ့၊ နာမည်ကြီး အထူးကုတွေနဲ့မှ ပြချင်တဲ့ လူနာတွေ ဘက်က မှားကြသလား၊ လာသမျှ လူနာကို ကုနိုင်အောင် အချိန်ကို ချုံ့ပြီး အကုန်လုံး ကြည့်ပေးနိုင်အောင် ကြိုးစားတဲ့ ဆရာဝန်ကြီးတွေ ဘက်က မှားတာလားလို့ စဉ်းစားရင်း ခေါင်းထဲမှာ ချာလပတ်ရမ်းထွက် သွားပါတယ်။
(ရန်ကုန်ပြန်ရင်း ဖေ့စ်ဘွတ်ခ်ထဲက နာမည်ကြီး ဒေါက်တာစိုးမင်း (ငွေစန်းရောင်) ရဲ့ “ဆရာဝန်ဘက်က ရှေ့နေလိုက်မယ်နဲ့ အခြားဓာတ်မှတ်စုများ” ဆိုတဲ့စာအုပ်ကို နေရာအနှံ့ ရှာဝယ်ပေမယ့် မရလို့ ဆရာစိုးမင်းကို သတိတရနဲ့ ဒီပို့စ်ကို လူနာဘက်က ရှေ့နေလိုက်မယ်လို့ နာမည်ပေးလိုက်ပါတယ်။)

Monday, February 6, 2012
ပေးရခက်ကြီး
ရန်ကုန်မှာ ကျွန်တော့် အမျိုးသမီး မွေးဖို့ အချိန်တန်တော့ သားဖွားနဲ့ မီးယပ်ဆရာဝန်မကြီးက ခွဲစိတ်မွေးဖို့ ဘယ်နေ့ မွေးချင်သလဲ လို့ မေးပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ နေ့စေ့ လစေ့ မရောက်ခင် နေ့တစ်နေ့ ရွေးဖို့ လိုလာပါတယ်။ Due Date က တရုတ်နဂါးနှစ် စပြီး တစ်ပတ်လောက် အကြာမှာမို့ နဂါးနှစ်ထဲလည်း ဝင်အောင် အဓိပတိဖွားလည်း ဖြစ်အောင် ဇန်နဝါရီ ၂၆ ရက် ကြာသပတေးနေ့ ကို ရွေးလိုက်ပါတယ်။ ကြာသပတေးသား မွေးမယ် ကြံထားတော့ သားကို ပေးဖို့ ကြာသပတေးနဲ့ စတဲ့ နာမည်တွေ အတော်များများ ခေါင်းထဲမှာ စဉ်းစားထားဖြစ်ပါတယ်။ လူမင်းက သူ့ကလေးကို ဧဝရက်လူမင်းလို့ ပေးတော့ တို့အလှည့်ကျ ဧဝရက်ထက် မြင့်အောင် မြင်းမိုရ်လို့ ပေးမယ်လို့ ကျွန်တော်တို့ နှစ်ယောက် ရယ်စရာ ပြောဖြစ်ကြ ပါသေးတယ်။
ဒါပေမယ့်လည်း ကလေးက ဇန်နဝါရီ ၂၆ အထိ မနေပါဘူး။ နဂါးနှစ် မဝင်ခင် စနေနေ့ မှာပဲ မွေးလိုက် ပါတယ်။ ကျွန်တော်တောင် ရန်ကုန်ပြန်မရောက်သေးပါဘူး။ စင်ကာပူက တိုက်ရိုက် လေယာဉ်လက်မှတ် မရလို့ ကွာလာလမ်ပူကနေ ပတ်ပြီး ရန်ကုန် ပြန်လာတာမို့ ကလေးမွေးတဲ့ အချိန် ကျွန်တော် ကေအယ်လ်ကို သွားတဲ့ လမ်းမှာပဲ ရှိနေပါသေးတယ်။ ရုပ်ရှင်တွေထဲကလို မွေးခန်း အပြင်ဖက်မှာ ခေါက်တုံ့ခေါက်ြပန် လမ်းလျှောက် အင်္ဂုလိမာလ သုတ် ရွတ် ဆိုတာမျိုးတွေ မလုပ်လိုက်ရပါဘူး။ ရန်ကုန် ရောက်ပြီးတော့ ဆေးရုံက ဆရာမတွေရဲ့ အပြောအရ ဇန်နဝါရီ ၂၆ မှာမွေးဖို့ ကျွန်တော်တို့လို ကြိုတင်စီစဉ် ထားတဲ့သူတွေ အများကြီး ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကျွန်တော့်သား မွေးပြီးတဲ့ အချိန် အဲဒီလို စီစဉ်ထားသူတွေ အားလုံးနီးပါး မွေးပြီးနေကြပြီး ၂ ယောက်ပဲ ကျန်တော့တယ်လို့ ပြောပြကြပါတယ်။
ရန်ကုန်ရောက်လို့ ကလေးကို တွေ့ပြီးတော့ စင်ကာပူမှာ အတူနေခဲ့ဖူးတဲ့ ငယ်သူငယ်ချင်း တစ်ယောက်ဆီကို ရန်ကုန် ပြန်ရောက်နေတဲ့ အကြောင်း ဖုန်းလှမ်းဆက်လိုက်ပါတယ်။ သူက ကလေးမွေးတဲ့ အချိန် လှမ်းမေးပါ တယ်။ နောက်တစ်နေ့ ဇာတာတစ်စောင်နဲ့ အတူ ဆေးရုံကို ရောက်လာပါတယ်။ သူကတော့ ကျွန်တော့်ကို ကြာသပတေးနေ့ မွေးဖို့ ရွေးတဲ့ အတွက် အပြစ်တင်ပါတယ်။ ဇာတာအရ စနေက ကြာသပတေးထက် ပိုကောင်းတဲ့ အကြောင်း၊ ကလေးက သူ့ကံနဲ့သူ လာတာမို့ မင်းတို့ ဘယ်လိုရွေးရွေး သူမွေးသင့်တဲ့ အချိန် ထွက်လာတာပဲလို့ ကျွန်တော့်ကို ပြောပါတယ်။ သူ့အပြောအရတော့ ကလေးရဲ့ ဇာတာခွင်က အတော်ကို ကောင်းတယ်လို့ ဆိုပါတယ်။ သူက စီးပွားဖြစ် ဗေဒင်ဟောစားတဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အတော် ထင်ရှားတဲ့ ဗေဒင်ဆရာ တစ်ယောက်ရဲ့ တပည့်ရင်းပါ။ အခု သူဗေဒင်ကို စွန့်လွတ်ပြီး တရားထိုင်နေတာ အတော်ကြာပြီ ဖြစ်ပေမယ့် ကျွန်တော်နဲ့က သူငယ်ချင်း အရင်းမို့ ကျွန်တော့် သားအတွက် သူတွက်ကြည့်ပေးတာလို့ ပြောပါတယ်။
အဲဒီနောက်တော့ ကလေးကို နာမည်ပေးဖို့ ကိစ္စစဉ်းစား ဖြစ်ပါတော့တယ်။ ကျွန်တော်က နာမည်နောက်မှာ အဖေနာမည် ထည့်ပေးတဲ့ အလေ့အထကို သဘောမကျပါဘူး။ အင်္ဂလိပ်တွေ တရုတ်တွေ မှာ ဆာရ် နိမ်း ရှိပေမယ့် ကျွန်တော်တို့ မြန်မာမှာ ဆာရ်နိမ်း ဆိုတဲ့ အလေ့အထ အရင်ကတည်းက မရှိခဲ့ပါဘူး။ အခုအချိန်မှ ထထွင်ရင်လည်း ဖြစ်လိမ့်မယ်လို့ မထင်ပါဘူး။ ဥပမာ အဖေနာမည် ဦးသီဟမို့ သားနာမည် နောက်မှာ သီဟ ထည့်ပေးပေမယ့်လည်း ဦးသီဟ ဆိုတာက တစ်ယောက်တည်း ရှိတာ မဟုတ်ပါဘူး။ တခြား ဦးသီဟ နာမည်နဲ့လူတွေ အများကြီး ရှိပါ သေးတယ်။ အဲဒီသူတွေကလည်း သူတို့ သားသမီးကို သီဟနဲ့ ဆုံးတဲ့ နာမည် ထည့်ပေးကောင်း ပေးပါလိမ့်မယ်။ အဲဒီတော့ သီဟနဲ့ ဆုံးရင် ငါ့အမျိုးပဲလို့ နောက်လူတွေက ကောက်ချက်ချရင် လွဲကုန်ပါလိမ့်မယ်။ အဖေနာမည် ပါချင်လို့ သက်သက် ထည့်ပေးတာ ဆိုရင်တော့ တစ်မျိုး ဖြစ်ပါလိမ့်မယ်။
နာမည်ပေးဖို့ အတွက် ကျွန်တော်သိတဲ့ နည်းစနစ်က နှစ်မျိုး ရှိပါတယ်။ ပထမတစ်နည်းက မြန်မာ့ရိုးရာ မဟာဘုတ် နည်းပါ။ ကလေးရဲ့ မွေးသက္ကရာဇ်ကို ၇ နဲ့စား အောင်လံထူစစ်သူကြီးပွဲ လင်္ကာအတိုင်း မဟာဘုတ်တိုင်ထူ ပြီး အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ ကျတဲ့ နေ့နံတွေကို ရွေးပြီး ပေးတဲ့နည်းပါ။ ဒီနှစ်က မြန်မာ သက္ကရာဇ် ၁၃၇၃ နှစ်မို့ ၇ နဲ့ စားရင် ၁ ကြွင်းပါတယ်။ အဲဒီတော့ မဟာ ဘုတ်တိုင် ထူရင် အောက်က အတိုင်း ရပါတယ်။
ကလေးက အထွန်းဖွား စနေသားမို့ စနေနဲ့ စပြီး သိုက်၊ ရာဇ၊ အဓိပတိ ကျတဲ့ အင်္ဂါ၊ သောကြာနဲ့ ကြာသပတေးနံတွေနဲ့ တွဲပြီး ပေးဖို့ပါ။ အဲဒါကတော့ မဟာဘုတ်နည်းပါ။
နေ့နံ ဇယား
နောက်တစ်နည်းက မင်းသိင်္ခရဲ့ ၅၊၆၊၂ နည်းပါ။ မင်းသိင်္ခရဲ့ တွက်နည်းအရ မွေးနံကို ၁ ထားပြီး ၅ ခုမြောက်နေ့နံ၊ ၆ ခုမြောက်နေ့နံ၊ ၂ ခုမြောက်နေ့နံတွေနဲ့ နာမည်ကို စီဖို့ပါ။ ဥပမာဆိုရင် မင်းသိင်္ခရဲ့ နာမည် အရင်းက အောင်ထွန်း (တနင်္ဂနွေသား) ပါ။ အဲဒီတော့ တနင်္ဂနွေကို ၁ ထားပြီး ငါးခုမြောက် ကြာသပတေး (မင်း)၊ ၆ ခုမြောက် သောကြာ (သိင်) နဲ့ ၂ ခုမြောက် တနင်္လာ (ခ) တွဲပေးထားပါတယ်။ မင်းသိင်္ခပေးခဲ့တဲ့ နာမည်တွေ အဲဒီနည်း နဲ့ ပေးထားတာကို တွေ့နိုင်ပါတယ်။ နောက်ထပ် ဥပမာ ကြည့်ရင် နော်လယ်ထူး (ဗုဒ္ဓဟူးသမီး) ဆိုတဲ့ နာမည်မှာ ဗုဒ္ဓဟူးကို ၁ ထားပြီး ၅ ခုမြောက် တနင်္ဂနွေ (အေး)၊ ၆ ခုမြောက် တနင်္လာ (ချမ်း)၊ ၂ ခုမြောက် ကြာသပတေး (မေ) ဆိုပြီး အေးချမ်းမေကို မင်းသိင်္ခ နာမည်ပေးခဲ့တာလည်း တွေ့နိုင်ပါတယ်။ ကျွန်တော်က ၅၊၆၊၂ နည်းကို သိပ်မကြိုက်ပါဘူး။ နေ့နံမကိုက်တာက တစ်ကြောင်း၊ ၅၊၆၊၂ နံမည် ရှိတဲ့သူတွေက အတက်အကျ ကြမ်းတယ်လို့ ထင်တာက တစ်ကြောင်း မို့ပါ။
အရင် တူတစ်ယောက် တူမတစ်ယောက်ကို မဟာဘုတ်နည်းနဲ့ နာမည်ပေးခဲ့ဖူးပေမယ့် ကလေးကို ကျွန်တော်နာမည်ပေးမယ် လုပ်တော့ ကျွန်တော့် သူငယ်ချင်းက အတင်း ဖျက်ပါတယ်။ သူကတော့ နာမည်ဆိုတာ အရေးကြီးတဲ့ အရာမို့ ရမ်းသမ်း မပေးသင့်တဲ့ အကြောင်း တရားချပါတယ်။ သူ့ကို နာမည်ပေးခိုင်းဖို့ ကျပြန်တော့လည်း အရင်တစ်ခါ ကျွန်တော့် သူငယ်ချင်း တစ်ယောက် သမီးကို နာမည်ပေးဖို့ သူ့ကို အကူအညီ တောင်းခဲ့ဖူးတာကို သတိရပါတယ်။ အရေးကြီးတဲ့ ကိစ္စမို့ သူ မလုပ်ချင်ဘူး ဆိုပြီး ငြင်းခဲ့ဖူးတာမို့ ဒီတစ်ခါလည်း သူနာမည် ရွေးပေးမှာ မဟုတ်ဘူးလို့ တွေးမိပါတယ်။
ဒီလိုနဲ့ သူနဲ့ တိုင်ပင်ပြီး မြို့ထဲက နာမည်ကြီး ဗေဒင်လက္ခဏာဆရာ တစ်ယောက်ဆီကို ရောက်သွားပါတယ်။ အဲဒီ ဆရာဆီမှာ နာမည်ပေးရင် ရိုးရိုးကို ကျပ်တစ်သောင်း၊ ရှယ် ဆိုရင် ကျပ် နှစ်သောင်း ကျပါတယ်။ ရိုးရိုးပေးမလား ရှယ်ပေးမလား ဆိုတော့ ၂သောင်းတန် ရှယ်ကိုပဲ ရွေးလိုက်ပါတယ်။ အဖေအမေနာမည်၊ မွေးတဲ့အချိန်၊ မွေးရပ်၊ စတာတွေကို မေးပြီးတော့ ၃ ရက်ကြာရင် လာပြန်ယူလို့ ချိန်းလိုက်ပါတယ်။ ပြန်ခါနီးမှ ယောက်ျားလေးလား မိန်းကလေးလား မေးဖို့ သတိရသွားတာမို့ ပြုံးမိပါသေးတယ်။ အဲဒီဆရာက ကျွန်တော့် တူမတစ်ယောက်ကို နာမည် လှလှကလေး တစ်ခု ပေးဖူးတာမို့ သူပေးတဲ့ နာမည်က လှလှကလေး ထွက်လာမယ်လို့ ထင်မိပါတယ်။
အဲဒီက ပြန်လာပြီးတော့ နောက်တစ်နေ့ မိတ်ဆွေ တစ်ချို့နဲ့ နာမည်အကြောင်း စကားပြောဖြစ် ပါတယ်။ မိတ်ဆွေ တစ်ယောက်က ဗေဒင်နဲ့ ပေးမယ် ဆိုရင် နောက်တစ်ယောက် ထပ်အပ်လိုက်၊ ပြီးမှ ကြိုက်တဲ့နာမည် ရွေးလို့ အကြံပေးတာကြောင့် အိမ်နားက နိုင်ငံကျော် ဗေဒင် လက္ခဏာ ဆရာ တစ်ယောက်ဆီကို ရောက်သွားပြန်ပါတယ်။ သူနဲ့တော့ လူကိုယ်တိုင် မဆုံလိုက်ရပါဘူး။ သူ့ရဲ့ စာရေးဆီမှာပဲ အချက်အလက်တွေပေးပြီး ပြန်လာခဲ့ပါတယ်။ တစ်ပတ်ကြာမယ်လို့ ပြောလိုက်ပါတယ်။ သူ့ဆီမှာတော့ ကျပ် တစ်သောင်း ကျပါတယ်။
ပထမ ဗေဒင်ဆရာက နာမည် ၃ ခု ရွေးပေးပြီး၊ ဒုတိယ ဗေဒင် ဆရာက နာမည် ၆ ခု ရွေးပေးပါတယ်။ ဒါပေမယ့် ကျွန်တော် တစ်ခုမှ မကြိုက်ပါဘူး။ နာမည်တွေက ရိုးလွန်းတယ်လို့ ထင်ပါတယ်။ ကိုယ့်တူ တူမတွေ တုန်းကတော့ နာမည် အဆန်းတွေ ပေးတဲ့ ဗေဒင် ဆရာတွေ ကိုယ့်အလှည့်ကျမှ ဘယ်နှယ့်ကြောင့် နာမည် ခပ်တုံးတုံးတွေ ပေးရသလဲလို့ စဉ်းစား မရ ပါဘူး။ဒါပေမယ့် ဗေဒင်ဆရာတွေက နာမည်တွင် မကဘူး သူတို့ နာမည်ပေးတဲ့ နည်းစနစ် တွေကိုပါ ရေးပေးလိုက်ပါတယ်။ သူတို့ နာမည်ပေးတဲ့ နည်းစနစ်တွေကို အပြန်ပြန် အလှန်လှန် ဖတ်ပြီး ဘယ်နည်းစနစ် ကောင်းသလဲဆိုတာ စဉ်းစားလို့ မရပါဘူး။ ဒါနဲ့ ကျွန်တော့်ရဲ့ ဘော်ဒါကြီးနဲ့ ပြန်တိုင်ပင် ရပါတယ်။
သူက အဲဒီဗေဒင်ဆရာ နှစ်ယောက် ပေးတဲ့ နာမည်တွေကို ကြည့်ပြီး ခေါင်းခါပါတယ်။ ဘယ်နှယ့်ကြောင့် ဒီနာမည်တွေ ပေးရတာလဲ မသိဘူး။ မကောင်းဘူးလို့ သူက ပြောပါတယ်။ နောက်တော့ သူက ကျွန်တော့်ကို မဟာဘုတ်၊ အင်္ဂဝိဇ္ဇာ ဆပွတ်တိုင် နဲ့ ကလေးရဲ့ ဇာတာခွင်ကို ချရေးပြီး သူ့ အယူအဆတွေကို ရှင်းပြပါတယ်။
မဟာဘုတ်နည်း အရ စနေ၊ အင်္ဂါ၊ သောကြာ၊ ကြာသပတေး နံတွေက ကောင်းပေမယ့် အင်္ဂဝိဇ္ဇာ ဆပွတ်တိုင်မှာတော့ အင်္ဂါနဲ့ သောကြာက နင်းကြမ်း ဖြစ်နေ (အောက်ကျနေ) ပါတယ်။ အဲဒီတော့ နာမည် အတွက် ရွေးစရာ စနေနဲ့ ကြာသပတေး နှစ်ခု ပဲ ကျန်ပါတယ်။ ကြာသပတေးက ဓမ္မာ သောက အင်းဝ ရာဇာဆိုတဲ့ စာချိုး အတိုင်း ရန်ဘက် ဖြစ်နေပါတယ်။ ကျွန်တော်က သူ့ကို ဓမ္မာ သောက က အိမ်ထောင်ရန်ပဲ ဘာဆိုင်လို့လဲလို့ ကွန်ပလိန်း တက်တော့ သူက ရန်ဆိုရင် ဘာရန်မှ မကောင်းဘူးလို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။ နောက်ပြီးတော့ ဇာတာခွင်မှာ ကြာသပတေးက ပါပဂြိုဟ် ဖြစ်နေလို့ မရွေးသင့်ဘူးလို့ ထောက်ပြပါတယ်။
မိတ်/ရန် ဇယား
အဲဒီတော့ နောက်ဆုံး ရွေးစရာ စနေ တစ်ခုပဲ ကျန်ပါတယ်။ ဒါပေမယ့် သူက စနေနံ တစ်ခုတည်းနဲ့ နာမည်ကို ပေးဖို့အတွက်လည်း အားမပေးပါဘူး။ မဟာဘုတ်တိုင်က နှစ်တိုင်း လည်နေတာမို့ မဟာဘုတ်တိုင်အရ စနေဂြိုဟ် အောက်တန်း ရောက်တဲ့ နှစ်မှာ တခြား ဂြိုဟ်ခွင်တွေက ပြန်ထိန်းပေးဖို့ လိုတယ် ပြောပါတယ်။ အဲဒီတော့ ကျွန်တော်တို့ စနေနဲ့ တွဲဖို့ နေ့နံ ရွေးဖို့ လိုလာပါတယ်။ အင်္ဂဝိဇ္ဇာမှာ ကောင်းတဲ့ နေ့နံက မဟာဘုတ်မှာ မကောင်း၊ မဟာဘုတ်မှာ ကောင်းတဲ့ နေ့နံက အင်္ဂဝိဇ္ဇာမှာ မကောင်း ဖြစ်နေတာမို့ အဲဒီအထဲက အကောင်းဆုံးနေ့နံ တစ်ခုကို ရွေးဖို့ ရှာတော့ ဗုဒ္ဓဟူးကို တွေ့ပါတယ်။ ဗုဒ္ဓဟူးက မဟာဘုတ်မှာ မရဏ ရောက်နေပေမယ့် အင်္ဂဝိဇ္ဇာမှာတော့ ဆပွတ်တိုင် ထိပ်ဆုံးမှာ ရှိပါတယ်။ အဲဒါအပြင် ဥဿာ စိန်ပန်း ဒန်းလှ ကိုရှာ ဆိုတဲ့ လင်္ကာအတိုင်း စနေနဲ့ မိတ်ဘက် ဖြစ်ပါတယ်။ နောက်တစ်ခုက သူ့ရဲ့ ဇာတာခွင်မှာ ရာဟု ဥစ် ရထားပါတယ်။ အဲဒီတော့ ရာဟုက သူ့ကို မကောင်းကျိုး ပေးမယ့် ဂြိုဟ် မဟုတ်ဘူးလို့ ယူဆလို့ ရပါတယ်။ အဲဒီအတွက်ကြောင့် ဗုဒ္ဓဟူးနံ လ၊ဝ ကို တိုက်ရိုက်မရွေးပဲ ရာဟု ဖြစ်တဲ့ ရ၊ယ ကို ရွေးမယ်လို့ ကြံကြပါတယ်။
ဒါပေမယ့် စနေနံမှာ ပြောစရာ ရှိပါသေးတယ်။ စနေနံရဲ့ အက္ခရာက တ၊ထ၊ဒ၊ဓ၊န ပါ။ နာမတြ ဆန်းကျမ်းဆိုတဲ့ နာမည်ပေးတဲ့ ကျမ်းအရ တ နဲ့ စတဲ့ ကလေးဟာ အသားအရောင် လုံးဝ ဖြူဆွတ်နေရပါမယ်။ ဝါဝင်းတဲ့ အသား၊ အနေတော် အသားအရေ ဆိုရင် ထ နဲ့ ဒ ကို ရွေးရပါတယ်။ ဓ နဲ့ နကတော့ အသားမည်းတဲ့သူနဲ့ ကိုက်ပါတယ်။ ကလေးက လုံးဝ ဆွတ်ဆွတ်ဖြူတဲ့ အသားအရောင် မဟုတ်မှာ သေချာတာကြောင့် ထ နဲ့ ဒ ထဲက တစ်လုံးနဲ့ စပြီး ပေးရမယ် လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒါကြောင့် ထ၊ ဒ တစ်လုံးလုံးနဲ့စပြီး ယ၊ရ တစ်လုံးနဲ့ ဆုံးရမယ်လို့ ကောက်ချက်ဆွဲလို့ ရပါတယ်။ အစမှာ ထဆင်ထူး ဒဒွေးနဲ့ စပေမယ့် နောက်က လိုက်တဲ့ စာလုံးမှာတော့ စနေနံ ကြိုက်တဲ့ အလုံးကပ်လို့ ရတယ်လို့ သူက ရှင်းပြပါတယ်။ အဆုံးကိုတော့ ဗုဒ္ဓဟူးနဲ့ ဆုံးပေးဖို့ အကြံပေးပါတယ်။ နာမည်က အဲဒီ အတိုင်း ဆိုရင် ပေးဖို့ ခက်တာက တစ်ကြောင်း၊ ပထမ ဗေဒင်ဆရာ ပေးတဲ့နာမည်တွေမှာ စနေပြန်ပိတ်ထားတဲ့ နာမည်တွေ ပါတာက တစ်ကြောင်းမို့ ဗုဒ္ဓဟူးကို အလယ်ထား စနေနဲ့ ပြန်ပိတ်လို့ ရမလားလို့ စောဒက တက်ကြည့်တော့လည်း သူက နာမည်ဆိုတာ အင်္ဂဝိဇ္ဇာမှာ အညွန့် ဖြစ်နေရမယ်။ စနေနဲ့ ပြန်ပိတ်ရင် အောက်ပြန်ကျပြီး အညွန့် မဖြစ်တော့ဘူးလို့ ရှင်းပြပါတယ်။
အဲဒါကြောင့် အလယ်ခေါင်ကနေ ထည့်ဖို့ နောက်တစ်လုံးကို စဉ်းစားရပါတယ်။ အဲဒီတော့ သူက ကျွန်တော့်ကို ကလေး ဘာဖြစ်မယ်လို့ ထင်သလဲလို့ မေးပါတယ်။ ကျွန်တော်က ဒုတိယ ဗေဒင်ဆရာရဲ့ ဇာတာ အဟောမှာ အင်္ဂါနံ အလုပ်အကိုင်နဲ့ အကျိုးပေးမယ်လို့ ဟောထားတာ ပါတဲ့အကြောင်း ပြောပြပါတယ်။ အဲဒါဆိုရင် အင်္ဂါကို အလယ်က တစ်လုံးထည့်ပေးလို့ သူက ကျွန်တော့်ကို အကြံ ပေးပြန်ပါတယ်။ ဘာလို့လဲ ဆိုတော့ အင်္ဂဝိဇ္ဇာမှာ အင်္ဂါက အောက်ဖက် ရောက်နေပေမယ့် မဟာဘုတ်မှာ အင်္ဂါက သိုက်ဖြစ်နေတာ က တစ်ကြောင်း၊ သူ့ရဲ့ ဇာတာခွင်မှာ အင်္ဂါဂြိုဟ်က အရမ်းကို အားကောင်းနေတာက တစ်ကြောင်း၊ ဗုဒ္ဓဟူးနဲ့ ရှေ့က ကပ်လိုက်ရင် အန္တော ဂဗ္ဘေ စရေ ဝံသေ ထဲက စရေ ဆိုတဲ့ ဓာတ်မိတ်တွေ ဖြစ်နေတာက တစ်ကြောင်းမို့ အင်္ဂါ ထည့်ရင် ရမယ်လို့ သူက အကြံပေးပါတယ်။
အဲဒီတော့ တ၊ထ နဲ့စ အင်္ဂါနံကို အလယ်ကခံ ရ၊ယ နဲ့ ပိတ်ဆိုတဲ့ နောက်ဆုံး အတည်ပြုချက် ရပါတယ်။ သူနဲ့ တွေ့လို့ အိမ်ပြန်အရောက်မှာ စဉ်းစားစရာ သိပ်မကျန်တော့တာမို့ အဲဒီ အတိုင်း နာမည် တစ်လုံး ရွေးဖြစ်သွားပါတယ်။ သူဒီလောက် ပြောထားတာတောင် ကျွန်တော်က စိတ်တိုင်း မကျသေးပါဘူး။ ပထမ ဗေဒင်ဆရာ ပေးတဲ့ နည်းတွေထဲက ဂဏန်းဗေဒင် နည်းနဲ့ ပြန်ကိုက်ကြည့်မိ ပြန်ပါတယ်။ ဂဏန်းဗေဒင်နည်း အရ အင်္ဂလိပ်လို နံမည်ကို ပေါင်းကြည့်ရင် သူမွေးတဲ့ ဂဏန်းနဲ့ ကိုက်ရမယ်လို့ ပထမဗေဒင် ဆရာက ပြောလိုက်ပါတယ်။ ဥပမာ အောင်ထွန်း ဆိုတဲ့သူက ၁၂ ရက်နေ့မှာ မွေးရင် ၃ ဂဏန်းသမားပါ။ နာမည်ကို အားလုံးပေါင်းပြီး မွေးဂဏန်းနဲ့ ညီဖို့ ထွန်းကို TUN နဲ့ ပေါင်းမှ ညီပါတယ်။ HTUN နဲ့ ဆိုရင် မညီပါဘူး။ အဲဒီတော့ သူ့နာမည် အတည့်အတိုင်း မပေါင်းဘဲ မွေးဂဏန်းနဲ့ ညီအောင် နည်းနည်း အကြံအဖန် လုပ်ပြီး ပေါင်းရပါတယ်။
A U N G T U N
1+6+ 5+3 + 4+6+5 = 3 0 (3 + 0) = 3
ဂဏန်းဗေဒင် ဇယား
နာမည်ကို ရွေးပြီးတော့ သူ့ဆီကို လှမ်းပြောလိုက်ပါတယ်။ သူက နာမတြ ဆန်းကျမ်းနဲ့ ပြန်တိုက်စစ်ပြီး ရွေးထားတဲ့ နာမည်အရ ၆ ပေခွဲ လောက် အရပ်ရှိမှ ကိုက်မယ်၊ မဟုတ်ရင် မကိုက်ဘူး။ အဲဒါကြောင့် နည်းနည်းပြန်ပြင်လိုက်လို့ ပြောပါတယ်။ ကျွန်တော်က ခေါင်းထဲမှာ ပြင်ပြီးသားနာမည် အသင့်ရှိတာနဲ့ သူ့ကို ထပ်ပြောလိုက်ပါတယ်။ သူက စာအုပ်ပြန်လှန်ပြီး နာမတြ ဆန်းကျမ်းထဲက အချက် ၁၀ ချက်မှာ ၉ ချက်နဲ့ ညီတယ်။ အင်္ဂဝိဇ္ဇာတိုင်မှာ အပေါ်ကို တည့်တည့်မတက်ပဲ အောက်ကနေ ပတ်တက်တဲ့ အတွက် အရမ်း အဆင့်မြင့်တဲ့ အလုပ်အကိုင်၊ ပညာရေးလို ကိစ္စမျိုးမှာ အနောက်အယှက် ရှိနိုင်တယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ သူ့ဇာတာခွင်က အရမ်းကို ကောင်းလွန်းလို့ ကျော်နိုင်မှာပါ လို့ အကြံပေးပါတယ်။ ၁၀ ချက်မှာ ၉ ချက်နဲ့ ညီတယ် ဆိုပေမယ့် နောက်တစ်ချက်က မညီတာ မဟုတ်ပါဘူး။ သွားကိုကြည့်ပြီး ပြောရတာမို့ ကလေးက သွားမပေါက်သေးတော့ ပြောမရပါဘူး။
ပထမ ဗေဒင်ဆရာပေးလိုက်တဲ့ ဟောစာတမ်းမှာ မှတ်သားစရာ အချက်တစ်ချက် ပါပါတယ်။ မြတ်စွာဘုရားက နာမသိဒ္ဓိ ဇာတ်တော်မှာ နာမည်ကြောင့် ကံဆိုးကံကောင်း မဖြစ်နိုင်၊ နာမည်ကြောင့် ကံမပြောင်းနိုင်ဘူးလို့ အတိအလင်း ဟောကြားခဲ့တယ်လို့ ဗေဒင်ဆရာက ဟောစာတမ်း အောက်ဆုံးမှာ ရေးပေးလိုက်ပါတယ်။ ကျွန်တော် ဗေဒင်ဆရာဆီမှာ နာမည် သွားပေးတယ် ကြားတော့ အဖေက နာမည်ဆိုတာ ပညတ်သာ ဖြစ်တဲ့ အကြောင်း ပရမတ် မဟုတ်တဲ့ အတွက် အရေးမကြီးကြောင်း တရားချ ပါတယ်။ အမှန်တကယ်တော့ ကျွန်တော်တို့ လင်မယား နှစ်ယောက်စလုံးကလည်း နည်းနည်း ရွတ်တွတ်တွတ် ရှိပါတယ်။ မင်္ဂလာဆောင်တာတောင် ပြဿဒါးနေ့မှာ ဆောင်ခဲ့တာပါ။ ဒါပေမယ့်လည်း ကိုယ့် အတွက် မဟုတ်ဘဲ ကလေးအတွက်မို့ မြန်မာ့ရိုးရာ ဗေဒင်နည်းနဲ့ ပေးရင် ကောင်းမယ်လို့ ယူဆပြီး နောက်ဆုံးတော့ တ၊ထ နဲ့ စပြီး အင်္ဂါနံ အလယ်မှာခံ ရ၊ယ နဲ့ ဆုံးတဲ့ နာမည်တစ်လုံး ရွေးဖြစ်လိုက် ပါတော့တယ်။
ဆက်လက်လေ့လာလိုပါက
http://my.wikipedia.org/wiki/မဟာဘုတ်
http://my.wikipedia.org/wiki/နေ့နံအကြောင်း_သိမှတ်စရာများ

| ၁ | တနင်္ဂနွေ | အ ဧ ဩ |
| ၂ | တနင်္လာ | က ခ ဂ ဃ င |
| ၃ | အင်္ဂါ | စ ဆ ဇ ဈ ည |
| ၄ | ဗုဒ္ဓဟူး | လ ဝ |
| ၅ | ကြာသပတေး | ပ ဖ ဗ ဘ မ |
| ၆ | သောကြာ | သ ဟ |
| ၇ | စနေ | တ ထ ဒ ဓ န |
| ၈ | ရာဟု | ယ ရ |

| မိတ် | အောင်ပ ကုလား ဆွေသား တော်ရင်း |
| ရန် | ဦးညို ခေမာ သုတာ ဝေရီ |
| အိမ်ထောင်မိတ် | ဥဿာ စိန်ပန်း ဒန်းလှ ကိုရှာ |
| အိမ်ထောင်ရန် | ဓမ္မာသောက အင်းဝ ရာဇာ |
| ဓာတ်မိတ် | အန္တော ဂဗ္ဘေ စရေ ဝံသေ |
| ဓာတ်ရန် | ဦးဝေ စံကူး ရေဘူး တောသူ |
အဲဒီတော့ နောက်ဆုံး ရွေးစရာ စနေ တစ်ခုပဲ ကျန်ပါတယ်။ ဒါပေမယ့် သူက စနေနံ တစ်ခုတည်းနဲ့ နာမည်ကို ပေးဖို့အတွက်လည်း အားမပေးပါဘူး။ မဟာဘုတ်တိုင်က နှစ်တိုင်း လည်နေတာမို့ မဟာဘုတ်တိုင်အရ စနေဂြိုဟ် အောက်တန်း ရောက်တဲ့ နှစ်မှာ တခြား ဂြိုဟ်ခွင်တွေက ပြန်ထိန်းပေးဖို့ လိုတယ် ပြောပါတယ်။ အဲဒီတော့ ကျွန်တော်တို့ စနေနဲ့ တွဲဖို့ နေ့နံ ရွေးဖို့ လိုလာပါတယ်။ အင်္ဂဝိဇ္ဇာမှာ ကောင်းတဲ့ နေ့နံက မဟာဘုတ်မှာ မကောင်း၊ မဟာဘုတ်မှာ ကောင်းတဲ့ နေ့နံက အင်္ဂဝိဇ္ဇာမှာ မကောင်း ဖြစ်နေတာမို့ အဲဒီအထဲက အကောင်းဆုံးနေ့နံ တစ်ခုကို ရွေးဖို့ ရှာတော့ ဗုဒ္ဓဟူးကို တွေ့ပါတယ်။ ဗုဒ္ဓဟူးက မဟာဘုတ်မှာ မရဏ ရောက်နေပေမယ့် အင်္ဂဝိဇ္ဇာမှာတော့ ဆပွတ်တိုင် ထိပ်ဆုံးမှာ ရှိပါတယ်။ အဲဒါအပြင် ဥဿာ စိန်ပန်း ဒန်းလှ ကိုရှာ ဆိုတဲ့ လင်္ကာအတိုင်း စနေနဲ့ မိတ်ဘက် ဖြစ်ပါတယ်။ နောက်တစ်ခုက သူ့ရဲ့ ဇာတာခွင်မှာ ရာဟု ဥစ် ရထားပါတယ်။ အဲဒီတော့ ရာဟုက သူ့ကို မကောင်းကျိုး ပေးမယ့် ဂြိုဟ် မဟုတ်ဘူးလို့ ယူဆလို့ ရပါတယ်။ အဲဒီအတွက်ကြောင့် ဗုဒ္ဓဟူးနံ လ၊ဝ ကို တိုက်ရိုက်မရွေးပဲ ရာဟု ဖြစ်တဲ့ ရ၊ယ ကို ရွေးမယ်လို့ ကြံကြပါတယ်။
ဒါပေမယ့် စနေနံမှာ ပြောစရာ ရှိပါသေးတယ်။ စနေနံရဲ့ အက္ခရာက တ၊ထ၊ဒ၊ဓ၊န ပါ။ နာမတြ ဆန်းကျမ်းဆိုတဲ့ နာမည်ပေးတဲ့ ကျမ်းအရ တ နဲ့ စတဲ့ ကလေးဟာ အသားအရောင် လုံးဝ ဖြူဆွတ်နေရပါမယ်။ ဝါဝင်းတဲ့ အသား၊ အနေတော် အသားအရေ ဆိုရင် ထ နဲ့ ဒ ကို ရွေးရပါတယ်။ ဓ နဲ့ နကတော့ အသားမည်းတဲ့သူနဲ့ ကိုက်ပါတယ်။ ကလေးက လုံးဝ ဆွတ်ဆွတ်ဖြူတဲ့ အသားအရောင် မဟုတ်မှာ သေချာတာကြောင့် ထ နဲ့ ဒ ထဲက တစ်လုံးနဲ့ စပြီး ပေးရမယ် လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒါကြောင့် ထ၊ ဒ တစ်လုံးလုံးနဲ့စပြီး ယ၊ရ တစ်လုံးနဲ့ ဆုံးရမယ်လို့ ကောက်ချက်ဆွဲလို့ ရပါတယ်။ အစမှာ ထဆင်ထူး ဒဒွေးနဲ့ စပေမယ့် နောက်က လိုက်တဲ့ စာလုံးမှာတော့ စနေနံ ကြိုက်တဲ့ အလုံးကပ်လို့ ရတယ်လို့ သူက ရှင်းပြပါတယ်။ အဆုံးကိုတော့ ဗုဒ္ဓဟူးနဲ့ ဆုံးပေးဖို့ အကြံပေးပါတယ်။ နာမည်က အဲဒီ အတိုင်း ဆိုရင် ပေးဖို့ ခက်တာက တစ်ကြောင်း၊ ပထမ ဗေဒင်ဆရာ ပေးတဲ့နာမည်တွေမှာ စနေပြန်ပိတ်ထားတဲ့ နာမည်တွေ ပါတာက တစ်ကြောင်းမို့ ဗုဒ္ဓဟူးကို အလယ်ထား စနေနဲ့ ပြန်ပိတ်လို့ ရမလားလို့ စောဒက တက်ကြည့်တော့လည်း သူက နာမည်ဆိုတာ အင်္ဂဝိဇ္ဇာမှာ အညွန့် ဖြစ်နေရမယ်။ စနေနဲ့ ပြန်ပိတ်ရင် အောက်ပြန်ကျပြီး အညွန့် မဖြစ်တော့ဘူးလို့ ရှင်းပြပါတယ်။
အဲဒါကြောင့် အလယ်ခေါင်ကနေ ထည့်ဖို့ နောက်တစ်လုံးကို စဉ်းစားရပါတယ်။ အဲဒီတော့ သူက ကျွန်တော့်ကို ကလေး ဘာဖြစ်မယ်လို့ ထင်သလဲလို့ မေးပါတယ်။ ကျွန်တော်က ဒုတိယ ဗေဒင်ဆရာရဲ့ ဇာတာ အဟောမှာ အင်္ဂါနံ အလုပ်အကိုင်နဲ့ အကျိုးပေးမယ်လို့ ဟောထားတာ ပါတဲ့အကြောင်း ပြောပြပါတယ်။ အဲဒါဆိုရင် အင်္ဂါကို အလယ်က တစ်လုံးထည့်ပေးလို့ သူက ကျွန်တော့်ကို အကြံ ပေးပြန်ပါတယ်။ ဘာလို့လဲ ဆိုတော့ အင်္ဂဝိဇ္ဇာမှာ အင်္ဂါက အောက်ဖက် ရောက်နေပေမယ့် မဟာဘုတ်မှာ အင်္ဂါက သိုက်ဖြစ်နေတာ က တစ်ကြောင်း၊ သူ့ရဲ့ ဇာတာခွင်မှာ အင်္ဂါဂြိုဟ်က အရမ်းကို အားကောင်းနေတာက တစ်ကြောင်း၊ ဗုဒ္ဓဟူးနဲ့ ရှေ့က ကပ်လိုက်ရင် အန္တော ဂဗ္ဘေ စရေ ဝံသေ ထဲက စရေ ဆိုတဲ့ ဓာတ်မိတ်တွေ ဖြစ်နေတာက တစ်ကြောင်းမို့ အင်္ဂါ ထည့်ရင် ရမယ်လို့ သူက အကြံပေးပါတယ်။
အဲဒီတော့ တ၊ထ နဲ့စ အင်္ဂါနံကို အလယ်ကခံ ရ၊ယ နဲ့ ပိတ်ဆိုတဲ့ နောက်ဆုံး အတည်ပြုချက် ရပါတယ်။ သူနဲ့ တွေ့လို့ အိမ်ပြန်အရောက်မှာ စဉ်းစားစရာ သိပ်မကျန်တော့တာမို့ အဲဒီ အတိုင်း နာမည် တစ်လုံး ရွေးဖြစ်သွားပါတယ်။ သူဒီလောက် ပြောထားတာတောင် ကျွန်တော်က စိတ်တိုင်း မကျသေးပါဘူး။ ပထမ ဗေဒင်ဆရာ ပေးတဲ့ နည်းတွေထဲက ဂဏန်းဗေဒင် နည်းနဲ့ ပြန်ကိုက်ကြည့်မိ ပြန်ပါတယ်။ ဂဏန်းဗေဒင်နည်း အရ အင်္ဂလိပ်လို နံမည်ကို ပေါင်းကြည့်ရင် သူမွေးတဲ့ ဂဏန်းနဲ့ ကိုက်ရမယ်လို့ ပထမဗေဒင် ဆရာက ပြောလိုက်ပါတယ်။ ဥပမာ အောင်ထွန်း ဆိုတဲ့သူက ၁၂ ရက်နေ့မှာ မွေးရင် ၃ ဂဏန်းသမားပါ။ နာမည်ကို အားလုံးပေါင်းပြီး မွေးဂဏန်းနဲ့ ညီဖို့ ထွန်းကို TUN နဲ့ ပေါင်းမှ ညီပါတယ်။ HTUN နဲ့ ဆိုရင် မညီပါဘူး။ အဲဒီတော့ သူ့နာမည် အတည့်အတိုင်း မပေါင်းဘဲ မွေးဂဏန်းနဲ့ ညီအောင် နည်းနည်း အကြံအဖန် လုပ်ပြီး ပေါင်းရပါတယ်။
A U N G T U N
1+6+ 5+3 + 4+6+5 = 3 0 (3 + 0) = 3
ဂဏန်းဗေဒင် ဇယား
| 1 | A I J Q Y |
| 2 | B K R |
| 3 | C G L S |
| 4 | D M T |
| 5 | E H N X |
| 6 | U V W |
| 7 | O Z |
| 8 | F P |
နာမည်ကို ရွေးပြီးတော့ သူ့ဆီကို လှမ်းပြောလိုက်ပါတယ်။ သူက နာမတြ ဆန်းကျမ်းနဲ့ ပြန်တိုက်စစ်ပြီး ရွေးထားတဲ့ နာမည်အရ ၆ ပေခွဲ လောက် အရပ်ရှိမှ ကိုက်မယ်၊ မဟုတ်ရင် မကိုက်ဘူး။ အဲဒါကြောင့် နည်းနည်းပြန်ပြင်လိုက်လို့ ပြောပါတယ်။ ကျွန်တော်က ခေါင်းထဲမှာ ပြင်ပြီးသားနာမည် အသင့်ရှိတာနဲ့ သူ့ကို ထပ်ပြောလိုက်ပါတယ်။ သူက စာအုပ်ပြန်လှန်ပြီး နာမတြ ဆန်းကျမ်းထဲက အချက် ၁၀ ချက်မှာ ၉ ချက်နဲ့ ညီတယ်။ အင်္ဂဝိဇ္ဇာတိုင်မှာ အပေါ်ကို တည့်တည့်မတက်ပဲ အောက်ကနေ ပတ်တက်တဲ့ အတွက် အရမ်း အဆင့်မြင့်တဲ့ အလုပ်အကိုင်၊ ပညာရေးလို ကိစ္စမျိုးမှာ အနောက်အယှက် ရှိနိုင်တယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ သူ့ဇာတာခွင်က အရမ်းကို ကောင်းလွန်းလို့ ကျော်နိုင်မှာပါ လို့ အကြံပေးပါတယ်။ ၁၀ ချက်မှာ ၉ ချက်နဲ့ ညီတယ် ဆိုပေမယ့် နောက်တစ်ချက်က မညီတာ မဟုတ်ပါဘူး။ သွားကိုကြည့်ပြီး ပြောရတာမို့ ကလေးက သွားမပေါက်သေးတော့ ပြောမရပါဘူး။
ပထမ ဗေဒင်ဆရာပေးလိုက်တဲ့ ဟောစာတမ်းမှာ မှတ်သားစရာ အချက်တစ်ချက် ပါပါတယ်။ မြတ်စွာဘုရားက နာမသိဒ္ဓိ ဇာတ်တော်မှာ နာမည်ကြောင့် ကံဆိုးကံကောင်း မဖြစ်နိုင်၊ နာမည်ကြောင့် ကံမပြောင်းနိုင်ဘူးလို့ အတိအလင်း ဟောကြားခဲ့တယ်လို့ ဗေဒင်ဆရာက ဟောစာတမ်း အောက်ဆုံးမှာ ရေးပေးလိုက်ပါတယ်။ ကျွန်တော် ဗေဒင်ဆရာဆီမှာ နာမည် သွားပေးတယ် ကြားတော့ အဖေက နာမည်ဆိုတာ ပညတ်သာ ဖြစ်တဲ့ အကြောင်း ပရမတ် မဟုတ်တဲ့ အတွက် အရေးမကြီးကြောင်း တရားချ ပါတယ်။ အမှန်တကယ်တော့ ကျွန်တော်တို့ လင်မယား နှစ်ယောက်စလုံးကလည်း နည်းနည်း ရွတ်တွတ်တွတ် ရှိပါတယ်။ မင်္ဂလာဆောင်တာတောင် ပြဿဒါးနေ့မှာ ဆောင်ခဲ့တာပါ။ ဒါပေမယ့်လည်း ကိုယ့် အတွက် မဟုတ်ဘဲ ကလေးအတွက်မို့ မြန်မာ့ရိုးရာ ဗေဒင်နည်းနဲ့ ပေးရင် ကောင်းမယ်လို့ ယူဆပြီး နောက်ဆုံးတော့ တ၊ထ နဲ့ စပြီး အင်္ဂါနံ အလယ်မှာခံ ရ၊ယ နဲ့ ဆုံးတဲ့ နာမည်တစ်လုံး ရွေးဖြစ်လိုက် ပါတော့တယ်။
ဆက်လက်လေ့လာလိုပါက
http://my.wikipedia.org/wiki/မဟာဘုတ်
http://my.wikipedia.org/wiki/နေ့နံအကြောင်း_သိမှတ်စရာများ
Labels:
မြန်မာ,
အတွေ့အကြုံ
Saturday, December 24, 2011
ပိုပြီးစိမ်းတဲ့မြက်
ကျွန်တော်တို့ အချိန်ပိုင်း အလုပ်လုပ်ရင်း ကျောင်းတက်ခဲ့တဲ့ အချိန်တုန်းက နားရက်ဆိုတာ မရှိသလောက် ရှားပါတယ်။ ကျောင်းပိတ်တဲ့ရက် ဆိုရင် အချိန်ပြည့်နီးပါး အလုပ်လုပ်ရင်း အချိန်ကုန် သွားတတ်ပြီး ကျောင်းဖွင့်တဲ့ရက်ဆိုရင်လည်း နေ့လည်ပိုင်း ကျောင်းတက်၊ တခါတလေ ညနေပိုင်း အလုပ်လုပ်နဲ့ အချိန်ကုန်သွား တတ်တာမို့ အလုပ်နဲ့ကျောင်း နှစ်ခုကြားမှာပဲ သံသရာလည် နေခဲ့ပါတယ်။ အဲဒီအချိန်ကတော့ ကျောင်းမြန်မြန်ပြီးချင်စိတ် ပေါက်ပါတယ်။ နားရက် မရှိတဲ့ ကိစ္စက အဓိက မဟုတ်ပါဘူး။ ဉာဏ်သိပ် မသုံးရဘဲ အချိန်ပဲ ရောင်းစားနေရတယ်လို့ စိတ်ထဲမှာ ခံစားမိတဲ့ အလုပ်ကို စိတ်ပျက်မိတာက အဓိက အကြောင်းပါ။
ကျောင်းပြီးလို့ အလုပ်ထဲ စဝင်ရတော့ အတော် ပျော်မိပါတယ်။ အင်ဂျင်နီယာ လုပ်ရတာ စားပွဲထိုးရတာ ထက်စာရင်တော့ အများကြီး သက်သာတယ်လို့ ထင်မိတာက တစ်ကြောင်း၊ ကိုယ် စိတ်ဝင်စားတဲ့ အလုပ် လုပ်နေရတာ တစ်ကြောင်းမို့ပါ။ ဒါပေမယ့်လည်း ခဏပါပဲ။ အလုပ်ဝင်လို့ ၃-၄ လ ကြာတော့ စိတ်ဖိစီးမှုက များလာပါတယ်။ အဲဒီ အချိန်က ကျွန်တော် ဆားဗစ် အင်ဂျင်နီယာ လုပ်နေတာမို့ အလုပ်ချိန် ပုံမှန် မရှိပါဘူး။ ကပ်စတန်မာက စက်ပျက်တယ် ဖုန်းဆက်ရင် ချက်ချင်းပြေးရပါတယ်။ ကပ်စတန်မာ အများစုရဲ့ စက်ရုံတွေက ၂၄ နာရီ လည်ပတ်နေကြတာမို့ ရုံးချိန် ပြင်ပမှာလည်း ဖုန်းခေါ်တတ်ပါတယ်။ အဲဒီတုန်းက သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်ဖို့ ရုပ်ရှင်ရုံနား ရောက်မှ ကပ်စတန်မာ ခေါ်လို့ ပြန်ပြေးရတာမျိုးလည်း ရှိခဲ့ ဖူးပါတယ်။ စင်ကာပူမြို့ထဲမှာ လှည့်ပတ်ပြီး သွားရတဲ့ အခါ ရှိသလို၊ တစ်ဖက်ကမ်း ကူးပြီး မလေးရှားက စက်ရုံတွေ သွားရတဲ့ အခါလည်း ရှိပါတယ်။ စက်သွားပြင်ရင်လည်း ပြန်ကောင်းလာတဲ့ အထိ၊ ဒါမမဟုတ် စပယ်ယာပတ် မရှိလို့ ဘာမှ ရှေ့ဆက်ပြီး လုပ်လို့မရတဲ့ အခြေအနေမျိုး အထိ ပြင်ရတတ်ပါတယ်။ တစ်ခါတစ်လေ ည ၂ နာရီ ၃ နာရီမှ အိမ်ပြန်ရောက်တတ်သလို စက်ရုံထဲမှာပဲ မိုးလင်းတဲ့ အထိ ပြင်ရတဲ့ အခါလည်း ရှိတတ်ပါတယ်။ ၁ နှစ်နီးပါး လောက်ကြာတော့ ကျွန်တော် ဘယ်လိုမှ ဆက်ပြီး သည်းမခံနိုင်တော့ပါဘူး။ အဲဒါကြောင့် အဲဒီ အလုပ်ကနေ ထွက်လာခဲ့ပါတယ်။
ဒုတိယ အလုပ်မှာလည်း စဝင်ခါစက အဆင်ပြေပါတယ်။ နောက်ပိုင်းတော့ စိတ်အလိုမကျစရာ တွေ့ရတာပါပဲ။ အရင်ကတော့ ကိုယ့်ဘာသာကိုယ် ခရီးထွက်ရရင် ပျော်တယ် ထင်ခဲ့မိတာပါ။ ဒါပေမယ့် ခရီးထွက်ရ လွန်းတော့လည်း မစားသာ ပြန်ပါဘူး။ ဒုတိယ အလုပ်မှာ အလုပ်ဝင်ပြီး ၃ လ လောက်က စလို့ ဆက်တိုက် ခရီးထွက်ရပါတယ်။ စင်ကာပူမှာ နေရတဲ့ အချိန် ဆိုတာ မရှိသလောက် ရှားပါတယ်။ အများဆုံး ရုံးမှာ ထိုင်နေရရင် တစ်ပတ်နှစ်ပတ်ပါပဲ။ ပြီးရင် ခရီး ပြန်ထွက်ရ ပြန်ပါတယ်။ မလေးရှားနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံ ထဲက စက်ရုံတွေကို ခေါက်တုံ့ခေါက်ပြန် ပြေးနေရပါတယ်။ ခရီးထွက်ရလွန်းတော့ ကျောင်းဆက်တက်ဖို့ အဆင်မပြေသလို တခြား ပြဿနာ တွေလည်း ရှိလာပါတယ်။ နောက်ဆုံးတော့ ခရီး အဲဒီလောက် ထွက်ရတာ မခံနိုင်တာက တစ်ကြောင်း၊ ကျောင်းဆက်တက်ချင်တာက တစ်ကြောင်းမို့ ထွက်တော်မူ နန်းကခွာခဲ့ ပြန်ပါတယ်။
တတိယ အလုပ်ရောက်တော့ တစ်နှစ်ခွဲလောက် အထိ အေးအေးဆေးဆေးပါပဲ။ ကျောင်းလည်း ဆက်တက် ဖြစ်သွားပြီး အလုပ်ကလည်း သာသာယာယာ ဖြစ်နေပါတယ်။ ကျွန်တော် ဒုတိယ အလုပ်မှာတုန်းက ခရီးသွားဖို့ လေဆိပ်ရောက်ရင် လေဆိပ်က ကြော်ငြာ ဆိုင်းဘုတ်တွေမှာ ခရီးရှည်သွားတဲ့ လေကြောင်း ခရီးစဉ်တွေကို ကြည့်ပြီး ငါလည်း အဲဒီလို သွားရရင် ကောင်းမှာပဲ လို့ စဉ်းစားခဲ့ဖူးပါတယ်။ အဲဒီလို စဉ်းစားခဲ့တာ တတိယအလုပ် ရောက်တော့ တကယ် ဖြစ်တော့တာပါပဲ။ နောက်ပိုင်း ကျွန်တော် ခရီးရှည်ချည်းပဲ သွားရပါတယ်။ တစ်ခါသွားရင် ၃ပတ်၊ ၁လ လောက် ကြာတာမို့ ကျောင်းနဲ့ အဆင်မပြေတော့ ပြန်ပါဘူး။ အဲဒါအပြင် ခရီးမထွက်တဲ့ အချိန်လည်း အလုပ်ထဲမှာချည်းပဲ အချိန်ကုန်တာမို့ စာလုပ်ဖို့ အချိန်ကို မရှိပါဘူး။ စာမေးပွဲလည်း ခဏခဏ ကျပါတယ်။ အဲဒီတော့ အလုပ်ထဲမှာ ရှာသမျှ ပိုက်ဆံ ကျောင်းကို လှူတန်း နေရတာနဲ့ ကုန်မှာပဲလို့ သဘောပိုက်ပြီး ဒီ အလုပ်က ထွက်ခဲ့ပြန်ပါတယ်။
ဒီလိုနဲ့ အလုပ် ၂ ခုလောက် ထပ်ပြောင်းပြီးတော့ အတော့်ကို သက်သာတဲ့ အလုပ်တစ်ခုကို ရောက်သွား ပါတယ်။ အဲဒီအလုပ်မှာတော့ တကယ့်ကို သက်သာတာပါ။ ရုံးမှာ မန်နေဂျာနဲ့ တစ်ပတ်တစ်ခါပဲ တွေ့ပြီး အလုပ်ရဲ့ တိုးတက်မှု အကြောင်း ဆွေးနွေးရပါတယ်။ အဲဒီ တစ်ပတ်လုံးလုံး ဘာလုပ်လုပ် ဘယ်သူမှ ဘာမှ မပြောပါဘူး။ အင်တာနက် သုံးတာလည်း တစ်ရုံးလုံး သူသူကိုယ်ကိုယ် သုံးကြတာမို့ ယူကျုဘ် ဖွင့်ကြည့်နေရင်တောင် လာပြောမယ့်သူ မရှိပါဘူး။ နောက်တော့ အသက်သာလွန် သွားပါတယ်။ ၂၀၀၈ စီးပွားကျတဲ့ အချိန်နဲ့ ကြုံတော့ ကျွန်တော်တို့ရုံးမှာ အလုပ်မရှိသလောက် ဖြစ်သွားပါတယ်။ ဒါပေမယ့် ကျွန်တော်က ကံကောင်းသူ စာရင်းထဲမှာ ပါပါတယ်။ လူလျှော့တဲ့ အထဲမှာ ပါမသွားဘဲ ကျန်နေခဲ့ပါတယ်။ ကျွန်တော်တို့ တစ်နေ့တစ်နေ့ ရုံးမှာ လုပ်စရာမရှိတိုင်း Timesheet ထဲမှာ လေ့လာသင်ယူခြင်းတွေပဲ ဖြည့်နေရပါတယ်။ ပထမတစ်ပတ် ဟိုဟာ သင်နေတယ် ဖြည့်လိုက်၊ နောက်တစ်ပတ် ဒီဟာ သင်နေတယ် ဖြည့်လိုက်နဲ့ စာရွက်ထဲမှာ ကြံဖန် ဖြည့်နေရပါတယ်။ အဲဒီလိုနည်းနဲ့ စခန်းသွား နေတာ ခြောက်လကျော် ကြာပါတယ်။ ရုံးကလည်း သူတို့ကိုယ်တိုင် အလုပ် ရှာမပေးနိုင်တာမို့ ဘာမှ မပြောပါဘူး။ အဲဒီလိုနဲ့ ကြာလာတော့ အလုပ်လုပ်ရတာ အတော့်ကို ပျင်းစရာ ကောင်းလာပါတယ်။ ခြောက်လကျော်မှ ကပ်စတန်မာ စက်ရုံတစ်ရုံမှာ သွားလုပ်ဖို့ ဖြစ်လာပါတယ်။
အဲဒီအချိန်မှာ အရင်က သိခဲ့ဖူးတဲ့ ဆပ်ပလိုင်ယာတွေရဲ့ ကောင်းမှုကြောင့် အပြင်ကအပ်တဲ့ အလုပ်တစ်ချို့ ရလာပါတယ်။ အဲဒါအပြင် သိဟောင်းကျွမ်းဟောင်းတွေ ဆီကတဆင့် အလုပ်အပ်ဖို့ လာပြီး ကမ်းလှမ်းတာတွေ ရှိလာပါတယ်။ အဲဒီအချိန်က ကိုယ့်ဘာသာကိုယ် ရပ်တည်ဖို့ ဖြစ်နိုင်တဲ့ အခြေအနေလို့ ထင်မိတာက တစ်ကြောင်း၊ ရုံးမှာလည်း အလုပ်က သက်သာလွန်းလို့ ပျင်းလာတာက တစ်ကြောင်းမို့ အလုပ်ထွက် ဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း တွက်ကိန်းက နည်းနည်း လွဲသွားပါတယ်။ ကိုယ့်ဘာသာကိုယ် လုပ်တော့ ကြုံရတဲ့ အခက်အခဲတွေက အများကြီးပါပဲ။ ကပ်စတန်မာ ဆီက ရစရာ ရှိတဲ့ ပိုက်ဆံကို ကျောက်ခဲ အဆီညှစ်သလို တောင်းနေရတာ၊ တစ်ချို့ အလုပ်တွေက သူတို့သုံးချင်တဲ့ ဘတ်ဂျက်နဲ့ ကိုယ်လုပ်ပေးနိုင်တဲ့ အခြေအနေ မကိုက်တာ၊ တစ်ချို့ အလုပ်ကျတော့လည်း ရမယ်ထင်ပြီးမှ ကပ်လွဲသွားတာ မျိုးတွေနဲ့ ဆက်တိုက် ကြုံလာရပါတယ်။ ကြာလာတော့ တောင့်မခံနိုင်တော့ပါဘူး။ နောက်များမှပဲ တကျော့ပြန် ကြံစည်ဦးမယ် လို့ ကိုယ့်ဘာသာကိုယ် အားတင်းရင်း ကော်ပိုရိတ်ဝေါလ်ထဲကို ပြန်ပြီး ခြေဦးလှည့် ဖြစ်ခဲ့ပါတယ်။
အလုပ်တွေ အများကြီးပြောင်းပြီးမှ ပြန်စဉ်းစား ဖြစ်တာကတော့ လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့ စကား မှန်မယ် ထင်တယ် လို့ပါပဲ။ စားပွဲထိုးနေတုန်းကတော့ ကာယနဲ့ မလုပ်ရဘဲ ဉာဏ်ပါတဲ့ အလုပ် ဖြစ်ရင် တော်ပြီးလို့ တွေးခဲ့ပါတယ်။ အင်ဂျင်နီယာ ဖြစ်ပြီး တစ်ပတ် ၇ ရက် တစ်ရက် ၂၄ နာရီ အမြဲ အသင့်အနေထားနဲ့ အလုပ်လုပ် နေရတော့လည်း ကိုယ်ပိုင် အချိန်ကလေး ရှိရင် တော်ပါပြီလို့ တွေးခဲ့မိ ပြန်ပါတယ်။ ခရီးတွေ ဆက်တိုက် ထွက်ရပြန်တော့လည်း ကျောင်းတက်ဖို့ အချိန်ကလေး ရှိရင် တော်ပါပြီ တွေးခဲ့ ပြန်ပါတယ်။ ဥရောပတို့ အမေရိကားတို့ အရင်က အရမ်းကို ရောက်ဖူးချင်ပေမယ့်လည်း အဲဒီဒေသတွေမှာ လှည့်ပတ်နေရပြန်တော့ တစ်ခါတစ်လေ လောက် သွားရရင် တော်ပါပြီ တွေးခဲ့ ပြန်ပါတယ်။ အလုပ်ကို သက်သက်သာသာ လုပ်ရရင် ကောင်းမယ် တွေးခဲ့ပေမယ့် အသက်သာ လွန်ပြန်တော့လည်း ပျင်းလာပြန်ပါတယ်။ ကိုယ်ပိုင်အလုပ် လုပ်ရင်ကောင်းမယ် ဆိုတဲ့ စိတ်ကူးကလည်း ဒီလောက် စီးပွားရေး အပြိုင်အဆိုင် များတဲ့ နိုင်ငံမှာ ကိုယ့်ဘာသာကိုယ် ရပ်တည်ဖို့ တော်ရုံတန်ရုံမလွယ်ဘူး ဆိုတာ လုပ်ကြည့်မှပဲ သိလာခဲ့ပါတယ်။
တခြားတစ်ဖက်က မြက်တော့ ပိုစိမ်းတယ်လို့ ထင်ခဲ့မိတာပါပဲ။ ဒါပေမယ့် တကယ်တမ်း မြက်ခင်းစိမ်းကို တွေ့ပြန်တော့လည်း အရိပ်ကောင်းကောင်းလေး ရရင် ကောင်းမှာပဲ၊ နောက်ခံ ရှုခင်းကောင်းကောင်း လေးပါရင် ပိုကောင်းမယ် စတာမျိုး တွေးမိပြန်ပါတယ်။ ဒါပေမယ့် ပြောင်းလဲခဲ့သမျှ အပြောင်းအလဲတွေ အတော်များများကိုတော့ လုပ်ချိန်တန်တဲ့ အချိန်မှာ လုပ်ခဲ့တယ်လို့ ကိုယ့်ဘာသာကိုယ် ယုံကြည်ပြီး ကျေနပ်ပါတယ်။ ဒါပေမယ့် အပြောင်းအလဲ မလုပ်နိုင်ခင် စပ်ကူးမတ်ကူး ကြားမှာတော့ တခြားဖက်က မြက်ခင်းကို တွေးပြီး စိတ်ဆင်းရဲနေမယ့် အစား ကိုယ့်ဘာသာကိုယ် ကျေနပ်အောင် ကြံဖန် နေရင် အကောင်းဆုံးပဲလို့ ထင်မိပါတယ်။

Sunday, November 13, 2011
ကြုံရဆုံရ Technical Support ဘဝ (၂)
တစ်ခါက ကျွန်တော် အလုပ်ထဲမှာ ပြဿနာ အကြီးကြီး တစ်ခုနဲ့ တွေ့ပါတယ်။ အဖြစ်က ဒီလိုပါ။ အလုပ်ထဲမှာ ကျွန်တော်တို့ကို စမ်းချင်ရာ စမ်းဖို့ ၊ ကလိချင်သလို ကလိဖို့ ကွန်ပျူတာ တစ်လုံး ပေးထားတာ ရှိပါတယ်။ တစ်နေ့တော့ အဲဒီကွန်ပျူတာက ဟန်း သွားလို့ Restart ပြန်လုပ်ရပါတယ်။ Restart လုပ်ပြီးတော့ ကွန်ပျူတာမှာ လော့အင် ပြန်ဝင်ဖို့ ကီးဘုတ်ရှာတော့ မတွေ့တော့ ပါဘူး။ ကီးဘုတ်ကို ဘယ်ကောင် ဖြုတ်ယူသွားသလဲ မသိပါဘူး။ အဲဒါနဲ့ အိုင်တီ ဌာန ကိုဖုန်းဆက်ပြီး ကီးဘုတ် အပိုတစ်ခုလောက် ငှားဖို့ လှမ်းပြောလိုက်ပါတယ်။ ခဏနေတော့ အိုင်တီဌာနက တစ်ယောက် ကီးဘုတ်ကလေး တစ်ခုနဲ့ ရောက်လာပါတယ်။ ကီးဘုတ်ကို ကွန်ပျူတာမှာ ထိုးကြည့်တော့ အလုပ်မလုပ်ပါဘူး။
ကျွန်တော့် စိတ်ထင်တော့ ပီအက်စ်တူး ဖြစ်နေလို့ ထင်ပါတယ်။ ပီအက်စ်တူး ခေါင်း အဝိုင်း ကလေးတွေက ယူအက်စ်ဘီလိုမျိုး မဟုတ်ပါဘူး။ ကွန်ပျူတာ မဖွင့်ခင် တတ်ထားရင် ကီးဘုတ်သုံးလို့ရပေမယ့် ကွန်ပျူတာ ဖွင့်ပြီးမှ ထိုးထည့်ရင် မရတတ်ပါဘူး။ အဲဒါနဲ့ ကျွန်တော် ကွန်ပျူတာကို နောက်တစ်ကြိမ် Restart လုပ်ဖို့ လုပ်နေတုန်းမှာပဲ အိုင်တီက ကီးဘုတ် လာပို့တဲ့သူက "မင်းကြည့်ကွာ။ ကွန်ပျူတာက Philips ကီးဘုတ်က HP ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။" လို့ ပြောပါတယ်။ သူလက်ညှိုးထိုးပြတဲ့ နေရာကြည့်တော့ Philips မော်နီတာ တွေ့ပါတယ်။ တခြားသူက ကျွန်တော့်ကို အဲဒီလို လာပြောရင် သူမသိလို့ပါလို့ တွေးလို့ရပေမယ့် အိုင်တီဌာနက လူက အဲဒီလို ရုပ်တည်နဲ့ လာပြောတော့ ကျွန်တော် အတော် ရယ်ချင်သွားပါတယ်။မျက်နှာက စပ်ဖြီးဖြီး စိတ်ထဲမှာတော့ ကျလိကျလိ ဖြစ်နေပါတယ်။ မော်နီတာနဲ့ ကီးဘုတ် အမျိုးအစား မတူလို့ သုံးမရဘူး ဆိုတာ သူ့အလှည့်မှပဲ ကြားဖူးပါတော့တယ်။ IBM - Compatible ဆိုတဲ့ စကားကိုများ မကြားဖူးဘူးလား ငါ့လူရယ် လို့ပဲ စိတ်ထဲက ညည်းလိုက်မိပါတော့တယ်။
နောက်တစ်ခါကတော့ ကျွန်တော်တို့ ကုမ္ပဏီကို ပစ္စည်းရောင်းတဲ့ Vendor တစ်ယောက်နဲ့ ကြုံရတဲ့ အတွေ့အကြုံပါ။ ကျွန်တော်ကုမ္ပဏီ တစ်ခုကို အလုပ်ဝင်တော့ အဲဒီကုမ္ပဏီမှာ စက်တွေကို မြန်နိုင်သမျှ မြန်အောင် အရှိန်မြင့်ဖို့ ဆိုတဲ့ အလုပ်ပေးခံရပါတယ်။ ကျွန်တော့် အလုပ်က တစ်နေ့တစ်နေ့ ဆော့ဖ်ဝဲလ် ဘယ်လောက်မြန်အောင် အလုပ်လုပ်သလဲ စစ်၊ နှေးတာကို မြန်အောင် ပြင်ရေး၊ ဒါမှမဟုတ် ဟတ်ဒ်ဝဲလ် အသစ် ထည့်ထားရင် ဆော့ဖ်ဝဲကို ပြင်ရေး ဆိုတာမျိုးပါ။ အဲဒီစက်မှာ ဝေဖာ(Wafer) လို့ ခေါ်တဲ့ ဆီမီးကွန်ဒတ်တာ ပြားပေါ်ကနေ ချစ်ပ် ဖြစ်တော့မယ့် ဝေဖာ ကလေးတွေကို ကောက်ယူတဲ့ အစိတ်အပိုင်း တစ်ခု ပါပါတယ်။ အဲဒါကို ဆာဗိုမော်တာနဲ့ ကောက်ရင် အရှိန်နှေးလို့ ဗွိုက်စ်ကွိုင် (Voice Coil) လို့ ခေါ်တဲ့ အခြားကိရိယာ တစ်မျိုးကို ပြောင်းပြီးသုံးကြပါတယ်။
တစ်နေတော့ ဗန်ဒါက အဲဒီ ဗွိုက်စ်ကွိုင် အတွက် ထရိန်နင် လာပေးပါတယ်။ဗွိုက်စ်ကွိုင်က ပီအိုင်ဒီ ကွန်ထရိုးလို့ ခေါ်တဲ့ ထိန်းချုပ်မှု စနစ်တစ်မျိုးနဲ့ အလုပ်လုပ်တာမို့ ဗန်ဒါက ကျွန်တော်တို့ကို ပီအိုင်ဒီ ကွန်ထရိုး စနစ် အကြောင်းကို အသေးစိတ် ပြန်ရှင်းပြပါတယ်။ ကျွန်တော့်အတွက်တော့ ပီအိုင်ဒီ ကွန်ထရိုးဆိုတာ ကျောင်းမှာ သင်ဖူးပေမယ့် လက်တွေ့ အသုံးမချဖူးတာကြောင့် သူရှင်းပြတာတွေက အတော်ကို တန်ဖိုးရှိတယ် ထင်ပါတယ်။ အဲဒါကြောင့် ဂရုတစိုက် လိုက်မှတ်နေပါတယ်။ မရှင်းတာ ရှိရင် ပြန်မေးလိုက် စာအုပ်ထဲ ရေးမှတ်လိုက်နဲ့ အတော် အလုပ်ဖြစ်ပါတယ်။ တစ်သက်လုံး ဆာဗိုမော်တာတွေ ချိန်ညှိစရာ ရှိရင် စိတ်မှန်းနဲ့ပဲ ရမ်းကြိတ်လေ့ ရှိတာမို့ အခု သူပြောတာတွေက အတော်အသုံးဝင်ပါတယ်။ အဲဒီလိုနဲ့ သီအိုရီ အကြောင်း ရှင်းပြတာ ပြီးတော့ လက်တွေ့ ချိန်ညှိရတော့မယ့် အချိန်ရောက်လာပါတယ်။ အဲဒီအချိန်ကျတော့ ကျွန်တော်တို့ ထရိန်နင်ပေးတဲ့သူက ကျွန်တော်တို့ကို မင်းတို့ နောက်နာရီဝက်လောက်နေ ပြန်လာခဲ့ကြလို့ ပြောပါတယ်။ ကျွန်တော်တို့က ဘာလို့လဲ မေးတော့ သူက "ငါလည်း စိတ်မှန်းနဲ့ ရမ်းချိန် ကြည့်ရဦးမှာ။ ရတော့မှ မင်းတို့ကို ခေါ်လိုက်မယ်။" လို့ ပြောလိုက်တော့မှ ဒီလူလည်း ငါတို့နဲ့ ဘာမှ မထူးပါလား။ သီအိုရီ သိတာက သိတာ တခြား၊ ရမ်းကြိတ်တာတော့ ငါတို့လိုပဲ။ဆိုတာ သိလိုက်ရပါတော့တယ်။
ကျွန်တော်တို့ လုပ်ငန်းခွင်တွေမှာ ဆစ်ဂနယ်တွေ သယ်ဖို့အတွက် သုံးလေ့ရှိတဲ့ ဝိုင်ယာတွေက တခြား ဝိုင်ယာတွေနဲ့ မတူပါဘူး။ ဘေးပတ်ဝန်းကျင်က တခြားအနှောင့်အယှက် ဆစ်ဂနယ်တွေ ဝင်မလာအောင် ကာကွယ်ထားတဲ့ Shielded လို့ခေါ်တဲ့ အခွံတစ်ထပ် ဘေးမှာ ပါပါတယ်။ ပုံမှာကြည့်ရင် အဲဒီ ရှီးလ်ရဲ့ အပြင်ဘက်မှာ ဂရောင်းချ ဖို့ အတွက် ကြိုးတစ်ချောင်း ပါလာတာကို တွေ့ရမှာပါ။ အဲဒီမှာ နည်းနည်း ထူးခြားတာလေး ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်တော်တို့ အော်တိုမေးရှင်း အလုပ်မှာ ဂရောင်းကို ကြိုးရဲ့ တစ်ဖက်စွန်းမှာပဲ ချလေ့ ရှိပါတယ်။ တခြားတစ်ဖက်စွန်းကို အလွတ်ထားရပါတယ်။ မဟုတ်ရင် အလုပ်မလုပ်ပါဘူး။ ဆက်သွယ်ရေး နယ်ပယ်မှာတော့ ဂရောင်းကို နှစ်ဖက်စလုံး ချရပါတယ်။ သူတို့ဆီမှာ ကြိုးကိုသွယ်ရတဲ့ အကွာအဝေးက ပိုရှည်လို့ ဖြစ်မယ် ထင်ပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီဂရောင်းကို တစ်ဖက်မှ ဆက်မထားရင်တော့ အဲဒီ ကြိုးရဲ့ အလုပ်လုပ်ပုံက သာမန် ဝိုင်ယာကြိုးနဲ့ ဘာမှ မခြားပါဘူး။ ဘာအနှောင့်အယှက်မှလည်း ကာကွယ် မပေးနိုင်ပါဘူး။
တစ်နေ့တော့ ကျွန်တော့် သူငယ်ချင်း တစ်ယောက် မော်တာ တစ်လုံးမှာ အဲဒီ ဘေးပတ်ဝန်းကျင် က Noise လို့ခေါ်တဲ့ အနှောင့်အယှက်တွေ ဒုက္ခပေးနေတာကြောင့် ထိုင်ပြီး ရှင်းနေရပါတယ်။ သူ့အနေနဲ့ Noise ရှိမှန်း သိပေမယ့် ဘယ်လို ရှင်းရမှန်း မသိပါဘူး။ သူ့ကြိုးကလည်း နှစ်ဖက်စလုံး ဂရောင်းချထားပါတယ်။ အဲဒီ အချိန်မှာ သူ့ရဲ့ မန်နေဂျာ ဖုန်းဆက်လာပါတယ်။ သူ့မှာ အဲဒီလို Noise ကြောင့် ပြသနာ တက်နေမှန်း သိတော့ သူ့မန်နေဂျာက ပြောပါတယ်။ ဂရောင်းဆိုတာ နှစ်ဖက်စလုံး မချရတဲ့ အကြောင်း။ တစ်ဖက်ပဲ ချရမယ့် အကြောင်းပါ။ အဲဒါနဲ့ သူ ဝိုင်ယာရဲ့ တစ်ဖက်ထိပ်က ဂရောင်းကို ဖြုတ်လိုက်ပါတယ်။ ပြန်လုပ်ကြည့်တော့ Noise က နည်းတော့ နည်းသွားပါတယ်။ အရှင်းတော့ ပျောက်မသွားပါဘူး။ အဲဒီအချိန်မှာပဲ သူ့ရဲ့မန်နေဂျာ နောက်တစ်ခေါက် ဖုန်းထပ်ဆက်လာပါတယ်။ သူက အခြေအနေကို ပြန်ပြောပြလိုက်ပါတယ်။ အဲဒီအချိန် သူ့မန်နေဂျာရဲ့ စကားကို ကြားမှ သူ့မန်နေဂျာ တကယ်သိလို့ မဟုတ်ဘဲ ရမ်းတုတ်နေတဲ့ အကြောင်းသူ သဘောပေါက်သွားပါတယ်။ သူ့မန်နေဂျာ ပြောလိုက်တာကတော့ "တစ်ဖက်က ဂရောင်းဖြုတ်လို့ အလုပ်မလုပ်ဘူးဆိုရင်။ နှစ်ဖက်စလုံး ဖြုတ်လိုက်ကွာ။ ငါ့အတွေ့အကြုံအရတော့ အဲဒီလိုဆိုရင် အလုပ်လုပ်တာ တွေ့ဖူးတယ်။" ဆိုပြီးတော့ပါ။ ကျွန်တော့်သူငယ်ချင်းကတော့ ဂရောင်းကို နှစ်ဖက်စလုံး ဖြုတ်မှတော့ Shield လည်း တပ်မနေနဲ့တော့ပေါ့။ ဆိုပြီး ထရယ်ပါတော့တယ်။
Image Source: Wikipedia
ကြုံရဆုံရ Technical Support ဘဝ
![]() |
| PS2 Connector |

ဟာသ,
အတွေ့အကြုံ
Sunday, September 18, 2011
ဘဏ်နှင့် လူတို့ အကြောင်း
ဒီနေ့ နိုင်ငံခြားသား မိတ်ဆွေတစ်ယောက်နဲ့ ကိုယ့်နိုင်ငံ အကြောင်း စကားစပ်လို့ ပြောမိ ပါတယ်။ သူက မြန်မာနိုင်ငံကို အကြိမ်ကြိမ် အခါခါ ရောက်ဖူးတဲ့ သူမို့ မြန်မာပြည်က စနစ်တွေ လုပ်ပုံကိုင်ပုံတွေနဲ့ အတော်လေး အကျွမ်းတဝင် ရှိပါတယ်။ မင်းတို့နိုင်ငံ ပြောင်းလဲဖို့ ဆိုရင်တော့ စိတ်ချရတဲ့ ဘဏ်စနစ်တစ်ခုတော့ မဖြစ်မနေ လိုတယ်လို့ သူက ကျွန်တော့်ကို ပြောပါတယ်။ သူပြောတဲ့ စကားကို ကျွန်တော် ထောက်ခံပါတယ်။ ကျွန်တော်တို့ နိုင်ငံ ငွေရေးကြေးရေးအရ ပြောင်းလဲပစ်ဖို့ စိတ်ချရတဲ့ ဘဏ်စနစ်က မဖြစ်မနေ လိုပါတယ်။ အဲဒီ စကားပြောပြီးတော့ ဟိုဟိုဒီဒီ တွေးရင်း ဘဏ်နဲ့ ပတ်သက်တဲ့ ကျွန်တော် ကြုံဖူးတဲ့ ရယ်စရာ မောစရာ အဖြစ်အပျက် ကလေးတွေကို ပြန်ပြီးတွေးမိပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက် ကျွန်တော်တို့ စင်ကာပူကို စရောက်တော့ ရန်ကုန်မှာ အေတီအမ် ခေါ်တဲ့ အလိုအလျောက် ငွေထုတ်စက်တွေ ခေတ်မစားသေးပါဘူး။ (အခုလည်း ခေတ်မစားသေးဘူး ထင်ပါတယ်။ :D ) အဲဒါကြောင့် ကျွန်တော်တို့ ဘဏ်မှာ အကောင့် သွားဖွင့်ရင် ဘဏ်က ပိုက်ဆံထုတ်ဖို့ အေတီအမ် ကတ်ဒ် တစ်ကတ်ဒ် ထုတ်ပေးတာကို သဘော အကျကြီး ကျ နေကြ ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့မှာ အေတီအမ်ကို အခုမှ စသုံးတတ်တာမို့ အတော် ဒုက္ခရောက်ကြရပါတယ်။ စက်ထဲကို ကတ်ဒ်ထိုးထည့် လိုက်ရင် ပိုက်ဆံကို ဂဏန်းရိုက်ပြီး မထုတ်တတ်တာမို့ အမြဲတမ်း ဒေါ်လာ ၅၀ ချည်း ထုတ်နေ ရတာမျိုး ဖြစ်တတ်သလို တစ်ခါတစ်လေ အပေါ်ခလုပ်နဲ့ အောက်ခလုပ် မှားနှိပ်မိလို့ ဒေါ်လာ ၁၀၀၀ ထွက်လာ တာကြောင့် ဘဏ်မှာ သွားပြန် ထည့်ရတာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒီအချိန်က ငွေသွင်းစက် မရှိသေးတာမို့ ပိုက်ဆံ ထည့်ချင်ရင် ဘဏ်မှာ တန်းစီပြီး ထည့်ရပါတယ်။
ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကတော့ အေတီအမ် ကတ်ဒ်ကို သဘောကျလွန်းလို့ တွေ့ကရာ ဘဏ်တိုင်းမှာ အကောင့် လျှောက်ဖွင့်ပါတယ်။ အဲဒီအချိန်က ပိုက်ဆံ ၅၀၀ ထည့်ရင် အကောင့်ဖွင့်လို့ ရပါတယ်။ သူ့မှာ ပိုက်ဆံ ၅၀၀ ထည့်လိုက် အကောင့်တစ်ခု ဖွင့်လိုက်၊ နောက်ပြီးရင် အဲဒီပိုက်ဆံကို ပြန်ထုတ်လိုက်၊ နောက်ဘဏ်တစ်ခု ထပ်သွားလိုက် အကောင့်တစ်ခု ထပ်ဖွင့်လိုက်နဲ့ တစ်ပတ်လောက် ကြာတော့ အိတ်ထဲမှာ အေတီအမ်ကတ်ဒ် အထပ်လိုက် ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း လကုန်မှ ကောင်းကောင်း တိုင်ပတ် ပါတော့တယ်။ ဘဏ်တွေက စုငွေ အကောင့်ထဲမှာ ပိုက်ဆံ ၅၀၀ ပြည့်အောင် မရှိရင် ဝန်ဆောင်ခ အနေနဲ့ ပိုက်ဆံ ၂ ဒေါ်လာ ဖြတ်ပါတယ်။ သူ့မှာ ဘဏ်အကောင့်တွေ အများကြီးနဲ့ အကောင့်တစ်ခုကို ၂ ဒေါ်လာစီ အဖြတ်ခံလိုက်ရတော့ အတော်နင်သွားပါတယ်။ အဲဒီတော့မှ ဘဏ်တွေမှာ အကုန်လိုက်ပြီး အကောင့်တွေ ပြန်ပိတ်ရပါတယ်။ အတော်လေး မှတ်လောက်သားလောက် ရှိသွားပါတယ်။
နောက်တစ်ယောက်ရဲ့ အဖြစ်ကတော့ အတော် ရယ်ရပါတယ်။ သူတစ်နေ့ အေတီအမ် စက်မှာ ပိုက်ဆံ သွားထုတ်ပါတယ်။ ဒါပေမယ့် သူ့ကတ်ဒ်က တစ်ခုခု မှားနေတယ် ထင်ပါတယ်။ ကတ်ဒ်ကို စက်ထဲ ထည့်လိုက်ပြီးရင် စက်က လက်မခံဘဲ ပြန်ထုတ်ပါတယ်။ သူက ကတ်ဒ်ကို ပြန်ထည့်ပါတယ်။ စက်က ပြန်ထုတ်ပါတယ်။ နှစ်ခါ သုံးခါ စက်က လက်မခံဘဲ ပြန်ထုတ်တော့ သူဒေါသ ထွက်လာပါတယ်။ အဲဒါကြောင့် နောက်တစ်ခါ စက်ထဲကို ကတ်ဒ်ထည့်တဲ့ အချိန်မှာ ကတ်ဒ်ကို ပြန်ထွက် မလာအောင် စက်ထဲထည့် ပြီးတာနဲ့ နောက်ကနေ ဖုန်းကတ်ဒ်နဲ့ ဖိပြီး တွန်းထား လိုက်ပါတယ်။ ဒီတစ်ခါတော့ စက်က ကတ်ဒ်ကို ပြန်မထုတ်တော့ပါဘူး။ ဘယ်တော့မှလည်း ပြန်ထွက် မလာတော့ပါဘူး။ ကတ်ဒ်ကို သိမ်းပစ်လိုက်ပါတယ်။ ဘဏ်မှာ ကတ်ဒ်သွားပြန်လုပ်တော့ ကတ်ဒ်ဖိုး ဒဏ်ကြေး ၅ ဒေါ်လာ ပေးလိုက် ရပါတယ်။
ငွေသွင်းစက်တွေက ကျွန်တော်တို့ စင်ကာပူရောက်ပြီး ၂ နှစ် ၃ နှစ်ကြာမှ စပေါ်လာတာပါ။ အဲဒီစက်တွေ စပေါ်လာခါစက သူငယ်ချင်းတစ်ယောက်က စက်နဲ့ ပိုက်ဆံ သွားသွင်းပါတယ်။ ဒါပေမယ့် စက်က ပိုက်ဆံ ရေ တတ်တယ်ဆိုတာကို သူမသိပါဘူး။ အဲဒါကြောင့် ပိုက်ဆံ ၅၀၀ သွားသွင်းတာကို ၅၀ တန် တစ်ရွက်စီ ထည့်ပါတယ်။ ၅၀ တန် တစ်ရွက်ထည့်လိုက် စက်က လက်ခံလိုက် နောက်ထပ် ဆက်ရန် ခလုပ်နှိပ်လိုက် ထပ်ထည့်လိုက်နဲ့ နောက်တော့ စက်က ပိုက်ဆံ ထပ်ပြီး လက်မခံတော့ပါဘူး။ အကုန်ပြန်ထုတ် ပေးလိုက်ပါတယ်။ သူ့မှာ နောက်တစ်ခါ ထပ်ကြိုးစားလည်း ဒီလိုပါပဲ။ နောက်ဆုံး ဘဏ်က ကောင်မလေးကို အကူအညီ သွားတောင်းတော့မှ ဟိုက သူ့ပိုက်ဆံ အထပ်လိုက်ကို ယူပြီး စက်ထဲကို တစ်ခါတည်း ထည့်ပေးလိုက်ပါတယ်။ အဲဒီတော့မှပဲ တစ်ခါတည်း ကိစ္စပြတ် သွားပါတော့တယ်။ ဂျပန်က လာလည်တဲ့ သူငယ်ချင်း တစ်ယောက်ကတော့ ဝေဖန်ပါတယ်။ မင်းတို့ စင်ကာပူမှာ သူများ အကောင့်ထဲကို ပိုက်ဆံ ထည့်ဖို့ ကိုယ့်ဘဏ်ကတ်ဒ်ကို စက်ထဲထည့် စကားဝှက် နှိပ်ပြီးမှ ထည့်လို့ရတယ်။ ကိုယ့်အကောင့်ထဲကို မသိတဲ့သူက ပိုက်ဆံတွေ အများကြီး လာထည့်သွားမှာ စိုးလို့လားကွလို့ သူက ပြောပါတယ်။
ဘဏ်တွေ အကြောင်းပြောရင် စီးပွားရေး ပိတ်ဆို့မှုကြောင့် ဒုက္ခရောက်ရတဲ့ သူ တစ်ယောက် အကြောင်းပါ ကြုံတုန်းကြိုက်တုန်း ပြောပြပါမယ်။ ကျွန်တော်တို့ ကျောင်းက သူငယ်ချင်း တစ်ယောက်ကို နိုင်ငံခြားမှာရှိတဲ့ သူ့မိသားစုက Western Union လိုမျိုး ပိုက်ဆံလွှဲတဲ့ အေးဂျင့် ကုမ္ပဏီ တစ်ခုကို သုံးပြီး ငွေပို့လိုက်ပါတယ်။ ဒါပေမယ့် သူ ပိုက်ဆံသွားထုတ်တော့ ထုတ်မရပါဘူး။ ဘာဖြစ်လို့လဲ မေးတော့ မင်းနာမည်က အမေရိကန်နဲ့ ဥရောပက အမည်မည်း စာရင်း ကြေငြာထားတဲ့ အထဲမှာ ပါတယ်။ အဲဒါကြောင့် ထုတ်ပေးလို့ မရဘူးလို့ ရီမစ် လုပ်တဲ့ နေရာက အေးဂျင့်က သူ့ကို ပြောလိုက်ပါတယ်။ အဲဒီလိုနဲ့ သူ့မှာ နိုင်ငံခြားမှာ ရှိတဲ့ သူ့မိသားစုကနေ ပိုက်ဆံ မှာလို့ မရတော့ပါဘူး။ တကယ်တော့ သူ့အမျိုးတွေ အဆွေတွေမှာ နိုင်ငံခြားက စီးပွားရေး ပိတ်ဆို့လောက်တဲ့ သူမျိုးတွေ မပါပါဘူး။ ဒါဆို သူ့နာမည်က ဘာလို့ စီးပွားရေး ပိတ်ဆို့ခံရတဲ့ စာရင်းထဲ ပါနေသလဲ လို့ မေးရင်တော့ ရယ်စရာ ကောင်းပါတယ်။ သူ့နာမည်က အစိုးရ အဖွဲ့ဝင် ဗိုလ်ချုပ်တစ်ယောက်နဲ့ နာမည်တူနေတာပါ။ ဒီတစ်ခါတော့ နာမည်ချင်း တူနေတာ ဂျွတ်စ်ကိုက်တယ် လို့ပဲ ပြောရမယ် ထင်ပါတယ်။
ဒါကတော့ နိုင်ငံ ရပ်ခြားမှာ ကြုံခဲ့ဖူးတဲ့ ဘဏ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ ပါပဲ။အားလုံး ပြုံးရွှင်နိုင်ဖို့ ဝေမျှ ပေးလိုက်ပါတယ်။
ခပ်ဆင်ဆင် ပို့စ်များ။ ။ ဓာတ်လှေကား
MRT ဇာတ်လမ်းစုံ
စင်ကာပူမှာ ကြုံခဲ့သမျှ အမှတ်တရများ
စျေးဝယ်မှားတဲ့ ဟာသများ

Monday, July 25, 2011
မှန်းချက်နဲ့ နှမ်းထွက်
ကျွန်တော်တို့ ငယ်ငယ်က တီဗွီမှာလာတဲ့ ကြော်ငြာတစ်ခု ရှိပါတယ်။ ဝတဲ့သူက ပိန်ချင်တယ်။ ပိန်တဲ့သူက ဝချင်တယ်။ လူ့အလို နတ်မလိုက်နိုင်ပေမယ့် အာယုဘောဇနကတော့ အလိုလိုက် အကြိုက်ပေးနိုင်ပါတယ် ဆိုတဲ့ ကြော်ငြာပါ။ အဲဒီလို အာယုဘောဇနက တကယ်ပဲ သုံးစွဲသူ အကြိုက် လိုက်နိုင်သလားတော့ မပြောတတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဆော့ဖ်ဝဲလ် ရေးတဲ့သူများကတော့ သုံးစွဲသူ ယူဆာတွေရဲ့ အကြိုက်ကို လိုက်နိုင်ဖို့ မလွယ်ပါဘူး။ ပရိုဂရမ်မာဘက်က ယူဆာ နေရာကဝင် အကောင်းဆုံးဖြစ်အောင် လုပ်ပေးတာ တောင်မှ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ အခါမျိုးတွေ မကြာခဏ ကြုံရတတ်ပါတယ်။
ယူဆာတွေထဲမှာ သာမန် ယူဆာ၊ သူများထက် ထူးတဲ့ ယူဆာ၊ အူကြောင်ကျား ယူဆာ စသည်ဖြင့် အမျိုးစုံ တွေ့ရတတ်ပါတယ်။ လူတွေအတွက် အစားအသောက်တွေ နေရာ ဒေသလိုက်ပြီး အကြိုက်ကွဲသလို ဆော့ဖ်ဝဲမှာလည်း နေရာဒေသလိုက်ပြီး အကြိုက်ကွဲ ကြပါတယ်။ အာရှက လူတွေက ယူဆာဆိုတာ တာဝန်ယူမှု တစ်ခု ရှိရမယ် ဆိုတဲ့ အတွေးအမြင် ရှိပါတယ်။ ယူဆာက မဟုတ်တရုတ် ပေါက်ကရ လျှောက်လုပ်လို့ ဆော့ဖ်ဝဲလ်မှာ တိုင်ပတ်သွားရင် ဆော့ဖ်ဝဲလ် ရေးတဲ့သူကို အပြစ်မတင်ပါဘူး။ ယူဆာကိုပဲ အပြစ်တင်ပါတယ်။ ဥရောပမှာတော့ အဲဒီလို မဟုတ်ပါဘူး။ ယူဆာက တမင်သက်သက်ပဲ လုပ်လုပ်၊ ဂေါက်ကြောင်ပြီး ပေါက်တတ်ကရ လျှောက်ပဲ နှိပ်နှိပ် ဆော့ဖ်ဝဲလ်က ဒုက္ခပေးပြီ ဆိုရင် ဆော့ဖ်ဝဲလ်ရေးတဲ့သူကို ကြိုတင် ကာကွယ်မှု လုပ်မထားရ ကောင်းလားဆိုပြီး မြှားဦးက ကိုယ့်ဘက် လှည့်လာ တတ်ပါတယ်။ သူတို့ ပြောနေကျ စကား အရ ဆိုရင် ဆော့ဖ်ဝဲလ်ဟာ ငတုံးတောင်မှ သုံးလို့ ရရမယ် Idiot-proof ဖြစ်ရမယ်လို့ ဆိုကြပါတယ်။
ငတုံးတွေတောင်မှ သုံးလို့ ရမယ့် ဆော့ဖ်ဝဲလ်မျိုး ရေးရတာ မလွယ်ပါဘူး။ ကျွန်တော် ပြင်သစ်မှာ စက်သွားပြင်တုန်းက စက်ရုံက အင်ဂျင်နီယာက မင်းစက်က ဆော့ဖ်ဝဲလ် Idiot-proof ဖြစ်သလား မေးပါတယ်။ ကျွန်တော်က ဖြစ်တယ် ပြောတော့ အင်ဂျင်နီယာက တကယ့်ကို ငတုံး သုံးစွဲနည်းနဲ့ ကျွန်တော့်ကို ပညာပြလိုက်ပါတယ်။ Button တစ်ခု ပေါ်မှာ မောက်စ် ပွိုင်တာ တင်ပြီးတော့ ကလစ်ကို အချက် ၂၀ လောက် ဆက်တိုက် နှိပ်ထည့်လိုက်တာပါ။ အကျိုးဆက်ကတော့ ကျွန်တော့် ဆော့ဖ်ဝဲလ် Hang သွားပါတယ်။ ဟာကွာ။ ဒါကတော့ မလွန်ဘူးလား မေးတော့။ အိဒိယော့ ဆိုတာ လုပ်ချင်ရာ လုပ်တာ လေကွာ။ အိဒိယော့ ပရုဖ် ဖြစ်တယ် ဆိုရင်တော့ လုပ်ချင်ရာ လုပ်တာကို ခံနိုင်ရမှာပေါ့လို့ ကျွန်တော့်ကို ပြန်ပြီး စောဒက တက်ပါတယ်။ ဒီလိုနဲ့ပဲ အောင့်သက်သက်နဲ့ ဆော့ဖ်ဝဲလ်ထဲမှာ ကလစ် ဆက်တိုက် နှိပ်တာကို ကာကွယ်ဖို့ ကုတ်ဒ် ရေးပေးလိုက်ရပါတယ်။
တစ်ခါတစ်လေတော့လည်း ယူဆာက ငတုံးမဟုတ်ပေမယ့် တကယ်မသိလို့ လုပ်လိုက်တဲ့ ကိစ္စနဲ့ ဆော့ဖ်ဝဲလ်မှာ ဂိသွားတာလည်း ရှိတတ်ပါတယ်။ ကျွန်တော်တို့ စပိန်မှာ စက်သွားဆင်တုန်းက ထရိန်နင်ပေးပြီး စက်ကို အော်ပရေတာတွေနဲ့ လွှတ်ထားလိုက်ပါတယ်။ ဒီလိုနဲ့ အော်ပရေတာ တစ်ယောက်က စက်ကို အလုပ်လုပ်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ သူ့ဘာသာသူ ရိုက်ထည့်ပြီး Save လုပ်လိုက်တော့ ဆော့ဖ်ဝဲလ်က ဒိုင်းကနဲ Crash ဖြစ်သွားပါတယ်။ ကျွန်တော်တို့ ဆော့ဖ်ဝဲလ်ထဲမှာ ရိုက်ထည့်သမျှ ဂဏန်းတွေ စာတွေ အကုန်လုံးကို စစ်ပြီးတော့မှ လက်ခံတာပါ။ အဲဒါကိုတောင်မှ Crash ဖြစ်သွားတယ် ဆိုတော့ စဉ်းစားရ အတော် ခက်သွားပါတယ်။ အဲဒါနဲ့ အော်ပရေတာကို နောက်တစ်ခေါက် ပြန် လုပ်ပါဦး ပြောပြီး သူလုပ်သမျှ ဘေးကနေ မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။ သူ ရိုက်ထည့်သမျှ အချက်အလက်တွေက အကုန်မှန်ပါတယ်။ ဂဏန်း ရိုက်ရမယ့် နေရာမှာ အက္ခရာ ရိုက်ရင် ကျွန်တော့် ဆော့ဖ်ဝဲလ်က စစ်ပေးနိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ဖိုင်ကို သိမ်းတဲ့ အချိန်ရောက်တော့ အော်ပရေတာက ဖိုင်နာမည်ထဲမှာ "\" တစ်ခု ထည့်သိမ်းပါတယ်။ အဲဒါကြောင့် ဆော့ဖ်ဝဲလ်က ဝင်းဒိုးထဲ သိမ်းလိုက်တဲ့ အချိန်မှာ Crash ဖြစ်သွားတာပါ။ အဲဒါကြောင့် ဖိုင်နာမည်ထဲမှာ ဘက်ဆလက်ရှ် ပါမပါ စစ်တဲ့ ကုတ်ဒ်တစ်ခုပါ ထပ်ပြီး ရေးထည့် ပေးလိုက်ရပါတယ်။
ယူဆာ အတွက် အသုံးရ လွယ်အောင် လုပ်ထားပေမယ့်လည်း ကိုယ်မှန်းထားတာနဲ့ လွဲသွားတာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ခါက ကျွန်တော် နဲ့ လုပ်ဖော်ကိုင်ဖက် အင်ဂျင်နီယာ တစ်ယောက် စင်ကာပူမှာ ဆော့ဖ်ဝဲလ် ထရိန်နင် ပေးကြပါတယ်။ ကျွန်တော်တို့ ဆော့ဖ်ဝဲလ်ကို သုံးမယ့် ယူဆာက စက်သုံးပစ္စည်းတွေကို တွင်ခုံလို နေရာမျိုးမှာ ခုတ်ထစ်ဖြတ်တောက် ကြမယ့် မက္ကင်နီကယ် အင်ဂျင်နီယာတွေပါ။ ဆော့ဖ်ဝဲ အင်ဂျင်နီယာကလည်း ဒီတစ်ခါ ဘာစိတ်ကူးပေါက်တယ် မသိပါဘူး။ ဆော့ဖ်ဝဲလ်ကို အရောင် အစုံသုံးပြီး သုံးရ လွယ်အောင် လုပ်ထားပါတယ်။ ဆော့ဖ်ဝဲလ်ထဲမှာ အစိမ်းရောင်၊ အပြာရောင်၊ အနီရောင် ရောင်စုံနဲ့မို့ စာဖတ်စရာ မလိုဘဲ အရောင်ကြည့်တာနဲ့ ဆော့ဖ်ဝဲလ်က ပေးချင်တဲ့ သတင်းအချက်အလက်ကို အလွယ်တကူ နားလည် နိုင်ပါတယ်။ ကျွန်တော်တောင်မှ သူလုပ်ထားတာကို ကြည့်ပြီး အတော် သဘောကျသွားပါတယ်။ ထရိန်နင် လာတဲ့ အင်ဂျင်နီယာတွေကတော့ စခရင်ကို မျက်လုံးအပြူးသား စိုက်ကြည့်နေကြပါတယ်။ အဲဒီအချိန်မှာ ထရိန်နင်ထဲမှာ ရှိနေတဲ့ မန်နေဂျာ တစ်ယောက်က ထပြောလိုက်လို့ ပွဲသိမ်းသွားပါတယ်။ သူက သူ့အင်ဂျင်နီယာတွေဘက် လှည့်ပြီး "မင်းတို့ မြင်ရသလား။" လို့ မေးတော့ "ဟင့်အင်း။" လို့ ဖြေကြပါတယ်။ အဲဒီတော့မှ သူက ကျွန်တော်တို့ကို "ဆောရီးပဲ။ ငါ့အင်ဂျင်နီယာတွေထဲမှာ ၃ ယောက်က ကာလာဘလိုင်း။ ကာလာ မမြင်ရဘူး။ အဲဒီတော့ မင်းအရောင်တွေလည်း သူတို့ ခွဲတတ်မှာ မဟုတ်ဘူး။" ဆိုတော့ ကျွန်တော်တို့မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားပါတယ်။ စင်ကာပူမှာ ပေါ်လီ မတက်ခင် မျက်စိစစ်ပြီး ကာလာဘလိုင်း ဖြစ်ရင် မက္ကင်နီကယ် မေဂျာပဲ တက်လို့ ရပါတယ်။ အဲဒါကြောင့် မက္ကင်နီကယ် အင်ဂျင်နီယာတွေမှာ ကာလာဘလိုင်းတွေ သွားစုနေတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။
ကိုယ်က ပေးတာကို မယူဘဲ သူတို့ လိုချင်တာပဲ ယူသွားတတ်တဲ့ ယူဆာမျိုးလည်း ကြုံရပါသေးတယ်။ ခုန နေရာမှာပဲ အဲဒီ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာ ထရိန်နင် ပေးပြီးတော့ ကျွန်တော်က ကျွန်တော့် အပိုင်းကို ထရိန်နင် ဆက်ပေးပါတယ်။ ကျွန်တော်က အသင့်ပြင်ထားတဲ့ ဒေတာတွေနဲ့ ပြတာဆိုတော့ အဲဒီဒေတာကိုပဲ ထပ်တလဲလဲ ကွန်ပျူတာထဲကို ထည့်ပြီး စမ်းပြပါတယ်။ ယူဆာတွေ အားလုံးကို ဆော့ဖ်ဝဲလ် ဘယ်လိုသုံးရသလဲ ပြပြီးတော့ ထရိန်နင်က အောင်အောင်မြင်မြင်နဲ့ ပြီးသွားပါတယ်။ နောက်နေ့မှာတော့ ကျွန်တော့် ထရိန်နင် လာတက်တဲ့ အင်ဂျင်နီယာ တစ်ယောက်က ကျွန်တော့်ကို တောက်တခေါက်ခေါက်နဲ့ ကြိတ်မနိုင် ခဲမရ ပြောပါတယ်။ "ငါကွာ။ မနေ့က မင်းပြတဲ့ဟာ သေချာ မမှတ်လိုက်မိဘူး။" ဆိုတော့ ကျွန်တော်က "ဘယ်ဟာကို မသိလိုက်တာလဲ။" လို့ ပြန်မေးလိုက်ပါတယ်။ သူက " မသိလိုက်တာ မဟုတ်ဘူး။ မမှတ်လိုက်မိတာ။ မနေ့က မင်းခဏခဏ ရိုက်ပြနေတဲ့ နံပါတ်က 4D မှာ ပထမဆု ထွက်သွားတယ်ကွ။" လို့ ပြောတော့ ကျွန်တော့်မှာ ဘာပြန်ပြောရမှန်း မသိအောင်ကို ဖြစ်သွားပါတယ်။ ( 4D ဆိုတာ ချဲလိုမျိုး နံပါတ် ၄ လုံးနဲ့ ကစားကြတဲ့ စင်ကာပူမှာ ဖွင့်တဲ့ ထီတစ်မျိုးပါ။)

Thursday, January 20, 2011
ဘဝထဲက မှတ်တိုင်များ (၂)
ဘူဖေးရောင်းတဲ့ ဆိုင်မှာ အလုပ်လုပ်တော့လည်း တစ်ခါတလေ စားပွဲ မထိုးဘဲ ဘူဖေးကောင်တာ ထိုင်ရပါတယ်။ ဘူဖေးကောင်တာ ထိုင်ရတာကတော့ တစ်မျိုး တစ်ဘာသာပါ။ ပုံမှန် အားဖြင့်တော့ အစားအသောက်က သိပ်ပြီး ပြင်ဆင်စရာ မလိုပါဘူး။ ပြင်ဆင်ပြီးသား အသားထုပ်တွေ ဟင်းသီးဟင်းရွက် အထုပ်တွေက ရေခဲသေတ္တာထဲမှာ အသင့် ရှိတတ် ပါတယ်။ အဲဒီအထုပ်တွေ ဖောက်ပြီး လိုက်ဖြည့်ရုံပါပဲ။ ဒါပေမယ့် ဘူဖေးကောင်တာမှာ ရှိတဲ့ အသားတွေ ဟင်းရွက်တွေ အသီးတွေ နာမည် လိုက်မှတ်ရတာတော့ အတော် ဦးနှောက်စား ပါတယ်။ အားလုံးပေါင်း အမျိုး ၁၀၀ လောက် ရှိတော့ တော်တော်နဲ့ မမှတ်မိပါဘူး။ အခုလို စင်ကာပူပါး ဝနေတဲ့ အချိန်ဆိုရင်တော့ အထွေအထူး သိပ်မှတ်စရာ လိုမယ် မထင်ပါဘူး။ အဲဒီအချိန်ကတော့ စလုံး ရောက်ခါစမို့ Chendol ဆိုတာလည်း ဘာမှန်း မသိ၊ Coleslaw ဆိုတာလည်း မသိ၊ Thousand Island Dressing ဆိုတာလည်း ဘာမှန်း မသိမို့ အတော်ကို မျက်စိလည် ပါတယ်။
ဒါတောင်မှ တခါတလေ ကပ်စတန်မာက လာမေးရင် ဘာမေးလို့ မေးလိုက်မှန်း မသိဘူး ဖြစ်တတ် ပါသေးတယ်။ တစ်ခါက ကပ်စတန်မာက တောင်ကေး ရှိလား ဆိုပြီး လာမေးပါတယ်။ မြန်မာပြည်က လာတဲ့သူပဲ။ ထောင်ကဲ ဆိုတာတော့ ဘောစိကို ခေါ်မှန်း သိတာပေါ့။ အဲဒါနဲ့ ဆူပါဗိုက်ဆာကို ခေါ်ပေးလိုက်ပါတယ်။ ဆူပါဗိုက်ဆာ ရောက်လာမှ သူလိုချင်တာ ပဲပင်ပေါက်မှန်း သိပါတယ်။ ဆူပါဗိုက်ဆာကို မေးကြည့်တော့ အဲဒါက တရုတ်စကားတော့ တရုတ်စကားပဲ ဒါပေမယ့် မန်ဒရင် မဟုတ်ဘူး။ ဒေသခံ စကားနဲ့ ခေါ်တာလို့ ရှင်းပြပါတယ်။ ဘူဖေးကောင်တာမှာ လုပ်တုန်း တစ်ချိန်လုံး ကြားနေရလို့ အလိုလို တတ်သွားတဲ့ တရုတ်စကား နှစ်လုံးကတော့ ဆီ နဲ့ ပုစွန်ပါ။ ခဏခဏ လာမေးကြလွန်းလို့ပါ။
ကျွန်တော်တို့ ဘူဖေးကောင်တာ ထိပ်မှာ အချဉ်ရည်နဲ့ ပဲငံပြာရည် ထည့်ထားတဲ့ ကွန်တိန်နာ နှစ်ခု ရှိပါတယ်။ ကပ်စတန်မာတွေ ဘာဘီကျူး လုပ်တဲ့နေရာမှာ သုံးလို့ ရအောင် ထားပေး တာပါ။ တစ်နေ့တော့ ပဲငံပြာရည် ကုန်သွားလို့ မန်နေဂျာမက ကျွန်တော့်ကို ဖြည့်ခိုင်းလိုက် ပါတယ်။ အဲဒါနဲ့ ပဲငံပြာရည် ကွန်တိန်နာ ကလေးကိုင် မီးဖိုထဲ ဝင်သွားပြီး ပဲငံပြာရည် ရှာပြီး ဖြည့်ပေးလိုက် ပါတယ်။ ပြီးတော့ ကွန်တိန်နာကို သူ့နေရာသူ ပြန်ထားလိုက် ပါတယ်။ နောက်တော့ ကိုယ့်ဘာသာကိုယ် လုပ်စရာ ရှိတာ ဆက်လုပ်နေလိုက်ပါတယ်။ ခဏနေတော့ ကျွန်တော့်ရဲ့ ပဲငံပြာရည် ကွန်တိန်နာကို ကိုင်ပြီး မန်နေဂျာမက မီးဖိုခန်းထဲ ဝင်လာပါတယ်။ ကျွန်တော့်ကို တွေ့တော့ ခုန ပဲငံပြာရည် ဖြည့်လိုက်တာ ဟုတ်လား လို့ လှမ်းမေးပါတယ်။ ကျွန်တော်က ဟုတ်တယ် ပြောတော့ ဘွားတော်က ထရယ်ပါတယ်။
ဘွားတော်က ဆိုင်မှာ ကျွန်တော်တို့ အားလုံးနဲ့ ပိစ်ဖြစ်တာမို့ တော်ရုံတန်ရုံမှားရင် ဘာမှ သိပ်မပြောတတ် ပါဘူး။ လာဦး ပဲငံပြာရည်ကို လာကြည့်ဦး ဆိုတော့ ကျွန်တော်လည်း ကွန်တိန်နာထဲက ပဲငံပြာရည်ကို ကြည့်ပါတယ်။ ဘာမှ မမှားပါဘူး။ အညိုရောင် ပဲငံပြာရည်ပါပဲ။ အဲဒီအချိန်ဘေးက မြန်မာ တစ်ယောက်က ဟေ့ကောင်။ အဲဒါ ပဲငံပြာရည် မဟုတ်ဘူး။ နှမ်းဆီတွေဟ။ လို့ ပြောမှ ကျွန်တော် ပဲငံပြာရည်နဲ့ နှမ်းဆီ မှားထည့်လိုက်မှန်း သိပါတယ်။ ဒီက နှမ်းဆီက အညိုရောင်မို့ မျက်စိမှောက် သွားတာပါ။ ဘွားတော်ကတော့ ငါလည်း အစက မသိဘူး။ ကပ်စတန်မာက ကွန်ပလိန်း လုပ်လို့။ ပဲငံပြာရည်ဆိုပြီး ထည့်လိုက်တာ ဘာတွေမှန်း မသိဘူး ဆိုမှ ကြည့်မိတာ ဆိုပြီး ကျွန်တော်တို့ကို ပြန်ပြော ပါတယ်။ အဲဒီလိုမျိုး ပဲငံပြာရည်နဲ့ နှမ်းဆီ မှားစရာ မရှိတာကိုမှ မှားခဲ့ဖူးတဲ့ ရာဇဝင်လည်း ရှိဖူးပါတယ်။
ဆိုင်မှာ ဘူဖေး လာစားတဲ့သူတွေထဲမှာ ကြုံခဲ့ဖူးတဲ့ ကပ်စတန်မာကလည်း လူအမျိုးမျိုးပါ။ တကယ့်ကို တန်အောင်စားတယ် ဆိုတဲ့သူမျိုးလည်း တွေ့ဖူးပါတယ်။ တစ်ခါက ဆိုင်မှာ တရုတ် အဖိုးကြီး တစ်ယောက် ဘူဖေး လာစားပါတယ်။ ဆိုင်ထဲကို ဝင်လာကတည်းက တခြားဘာမှ မစားပါဘူး။ ပုစွန်ချည်းပဲ ယူပြီး ကင်စားပါတယ်။ ပုစွန် တစ်ပန်းကန် ယူလိုက်။ ကင်လိုက်။ စားလိုက်။ နောက်တစ်ပန်းကန် ထပ်ယူလိုက်။ ကင်လိုက်။ စားလိုက်။ ၃ ခါမြောက်မှာတော့ ဆိုင်မှာ အသစ်ရောက်လာတဲ့ မန်နေဂျာ က ကျွန်တော်တို့ အနားကို ကပ်ပြီး အဲဒီ အဖိုးကြီးကို ကြည့်စမ်းပါဦးကွ။ သူ့မျက်နှာက ပုစွန်စားနေတယ် ဆိုတာနဲ့ မတူဘူး။ ငါပိုက်ဆံတွေ စားနေတယ်။ မင်းတို့ ဘာတတ်နိုင်သေးလဲ ဆိုတဲ့ မျက်နှာထားမျိုးကွ လို့ အသံတိုးတိုးနဲ့ ပြောပါတယ်။ ကျွန်တော်တို့မှာ သူ့စကားကြားမှ အဖိုးကြီး မျက်နှာကို ကြည့်မိပြီး ရယ်မိကြ ပါတယ်။
မလိမ့်တပတ်နဲ့ ဘူဖေးဝင်အုပ်တဲ့သူလည်း တွေ့ဖူးပါတယ်။ ဘူဖေးဆိုင် ဆိုတော့ ဝင်လာရင် ဘယ်နှစ်ယောက် ဝင်လာသလဲ ဆိုတာအပေါ်မူတည်ပြီး ပိုက်ဆံကောက်ပါတယ်။ တစ်နေ့တော့ လူငယ် ၃ ယောက် ဆိုင်ထဲဝင်လာပေမယ့် သူတို့က ၂ ယောက်ပဲ စားမယ်။ တစ်ယောက်က အအေးပဲ သောက်မယ် ဆိုလို့ ၂ ယောက်စာပဲ ပိုက်ဆံယူလိုက် ပါတယ်။ ဒါမျိုးက ထူးထူးခြားခြားမို့ သူတို့ဝိုင်းကို အားလုံးက မသိမသာ အကဲခတ်နေကြပါတယ်။ အစက ၂ ယောက်တည်း စားပေမယ့် ဆိုင်မှာ လူရှုပ်လာတဲ့ အချိန်ရောက်တော့ ကျန်တဲ့ တစ်ယောက်ကပါ ဝင်စား ပါတယ်။ ငွေသိမ်းကောင်တာမှာ ထိုင်တဲ့သူကလည်း လက်အလွန်မြန် ပါတယ်။ ချက်ချင်းပဲ တစ်ယောက်စာ ဘီလ်ထုတ်ပြီး ဝိုင်းကို သွားပို့လိုက် ပါတယ်။ အဲဒီတော့မှ သူတို့ မဟုတ်သလိုနဲ့ နောက်တစ်ယောက်စာ ထပ်ရှင်း ပါတယ်။
အဲဒီ အချိန်တုန်းက စင်ကာပူမှာ မြန်မာတွေ အခုလောက် မများသေးပါဘူး။ ကျွန်တော်တို့ ဆိုင်မှာတော့ စားပွဲထိုးက မြန်မာ ယောက်ျားလေး ချည်းပဲ ၇ ယောက် ရှိပါတယ်။ ကျွန်တော်တို့ အားလုံး တစ်ကျောင်းတည်း အတူတက်နေကြတဲ့ သူတွေမို့ ဆိုင်မှာ လာမလုပ်ခင် ကတည်းက အချင်းချင်း သိပြီးသား သူငယ်ချင်းတွေပါ။ တစ်နေ့တော့ လူအရမ်းကျတဲ့ အချိန် ကျွန်တော်တို့ အားလုံး ဆိုင်ထဲမှာ ပြေးလိုက် လွှားလိုက် အချင်းချင်း စလိုက် နောက်လိုက် လုပ်နေကြပါတယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကတော့ စားပွဲတစ်လုံးကို ဝုန်းဒိုင်းကြဲပြီး သိမ်းနေပါတယ်။ အဲဒီအချိန် နောက်တစ်ယောက်က လှမ်းအော်ပြီး နောက်ပါတယ်။
"ဟေ့လူ။ ဖြည်းဖြည်းပေါ့။ သိပ်စိတ်မကြီးနဲ့လေ။"
"မရဘူးကွ။ စိတ်ကြီးတယ်။ စနေသား။ နေတက်ရေတက်မှာ မွေးတာ။ ဘာမှတ်နေလဲ။"
"xx ရင်တောင် အံကြိတ်ခံတယ် ဆိုတာမျိုးလား။" နောက်တစ်ယောက်က ဝင်နှောက်ပါတယ်။
သူရပ်နေတဲ့ နေရာဘေးက စားပွဲမှာ ထိုင်နေတဲ့ အန်တီကြီး လက်ထဲက တူ လွတ်ကျသွား ပါတယ်။ အဲဒီဝိုင်းမှာ ကလေးတွေ အပါအဝင် မိသားစု တစ်စု ထိုင်နေတာပါ။ နောက်တော့ အဲဒီစားပွဲက လူကြီးတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာပြောရမှန်း မသိအောင် ပါးစပ် အဟောင်းသား ဖြစ်နေကြ ပါတယ်။ ကျွန်တော်တို့လည်း သိလိုက်ပါပြီ။ မြန်မာ မိသားစုဘေးမှာ မြန်မာလို ပေါက်တတ်ကရ ပြောမိပြီ ဆိုတာကိုပါ။ မျက်နှာပူပူနဲ့ ကိုယ်ဘာမှ မသိလိုက် သလို အသာလေး လစ်ပြေး ကြပါတယ်။ နောက်ဖေး မီးဖိုချောင်ထဲ ရောက်မှ တစ်ယောက်နဲ့ တစ်ယောက် ပြန်ပြောပြီး ရယ်မိကြ ပါတယ်။
ဆိုင်က အလုပ်သမားတွေ ထဲမှာတော့ ကျွန်တော်တို့ မြန်မာတွေက လွဲရင် မလေးရှား တရုတ်တွေ များပါတယ်။ စလုံး အတော်များများက ဆိုင်မှာ လာ အလုပ်လုပ်ရင် ပင်ပန်းလွန်းလို့ ခဏနဲ့ ပြေးကြတာ ချည်းပါပဲ။ ဆိုင်မှာ အချိန်ပြည့် အလုပ်လုပ်ကြတဲ့ ဆူပါဗိုက်ဆာ၊ မန်နေဂျာ၊ စားပွဲထိုး အတော်များများကလည်း မလေးတရုတ် တွေပါ။ စားပွဲထိုးထဲမှာတော့ မလေးတရုတ်မ တွေ များပါတယ်။ အဲဒီ အထဲမှာ အလန်စား ကလေးတွေတော့ တစ်ယောက်တလေ ပါလာတတ် ပါတယ်။
တစ်နေ့တော့ ကျွန်တော်တို့ အထဲက တစ်ယောက်က သူ့ဘာသာသူ တိတ်တိတ်ကလေး မလေး တရုတ်မကလေး တစ်ယောက်နဲ့ ဒိတ်ပါတယ်။ သူက တိတ်တိတ်ကလေး ဒိတ်တာပေမယ့် ကောင်မလေးက တိတ်တိတ် မနေပါဘူး။ သူဒိတ်ထားတဲ့ အကြောင်း မန်နေဂျာမကို ပြောသွား ပါတယ်။ လူစုံနေတဲ့ အချိန် မန်နေဂျာမက ပြန်ဖွတော့ ကျွန်တော်တို့ အားလုံး သူကြိတ်ကြံတာ သိသွားကြပါတယ်။ ညနေကျတော့ ဆိုင်ထဲမှာ သူတို့ အကြောင်းက ပွနေပါပြီ။ အားလုံး သူတို့နှစ်ယောက် ဘယ်လို ပြန်လာကြမလဲ ဆိုတာ စောင့်နေကြ ပါတယ်။ ဟိုလူကြီးမင်းကတော့ ညနေဘက် ဆိုင်ထဲကို သူမဟုတ်သလို အလုပ်လာဆင်းပါတယ်။ ကျွန်တော်တို့က သူ့ကို ဝိုင်းကြပ် ကြပါတယ်။ အစက မသိချင်ယောင် ဆောင်နေပေမယ့် ဒီနေ့ ဟိုကောင်မလေးနဲ့ ဒိတ်တာ ဘယ်လိုလဲ မေးတော့မှ ငြင်းမရတော့လို့ အဆင်ပြေပါတယ်ကွာ။ ကောင်မလေးက ငါ့ကို သိပ်ပြီး လူကြီးလူကောင်းဆန်တာပဲ လို့ပြောတယ်။ လို့ စပ်ဖြဲဖြဲနဲ့ ပြောပါတယ်။ ကောင်မလေးကလည်း တစ်ဆိုင်တည်းမှာ အတူ လုပ်လာတာ ကြာပြီမို့ ကျွန်တော်တို့နဲ့ ခင်နေတာကြောင့် ကောင်မလေးကိုလည်း သွားစကြပါတယ်။ ဒီနေ့ဒိတ် ဘယ်လိုလဲ မေးတော့။ နင့်သူငယ်ချင်းက အလိုက်တာ အလွန်ပဲ။ ငါ့ကို နေ့လည်စာကျွေးပြီး ပြန်လွှတ်လိုက်တယ်။ လို့ ပြောလို့ ကျွန်တော်တို့ ဝိုင်းရယ်ကြ ပါတယ်။ မန်နေဂျာမက နင်က ဘာလုပ်ချင်လို့လဲ မေးတော့ ဟင်။ ဒိတ်ပါတယ် ဆိုမှ။ နေ့လည်စာ စားရုံသက်သက်နဲ့တော့ ဘာလုပ်မှာလဲ။ ပျင်းစရာကြီး ဆိုလို့ ကျွန်တော်တို့မှာ ထပ်ရယ်ကြပါသေးတယ်။

ဘဝ,
အတွေ့အကြုံ
Subscribe to:
Posts (Atom)