မြန်မာစကားမှာ ပုံပြင်ဒဏ္ဍာရီနဲ့ ဆက်စပ်နေတဲ့ စကားအသုံးအနှုန်း လေးတွေ ရှိတတ်ပါတယ်။ တချို့ အသုံးအနှုန်း တွေကတော့ အသုံးများလွန်းလို့ လူအများစုက စကားရဲ့ အဓိပ္ပာယ်ကို သိကြပေမယ့် အဲဒီစကားနဲ့ ဆက်စပ်နေတဲ့ ပုံပြင်ဒဏ္ဍာရီကို မကြားဖူး ကြပါဘူး။ အဲဒီလို စကားမျိုးတွေကို အကြောင်းသိတဲ့သူ ရှေ့မှာပြောမိရင် မထင်မှတ်ဘဲ ရယ်စရာ ဖြစ်တတ်ပါတယ်။ စကားအသုံးအနှုန်းနဲ့ ဆိုင်တဲ့ ပုံပြင်တွေ ထဲက ကြားဖူးဖတ်ဖူးတာ တချို့ကို ပြန်ပြောပြချင်ပါတယ်။ ဒါပေမယ့် ပုံပြင်တွေက တစ်တစ်ခွခွ ရှိပြီး နည်းနည်း ညစ်ပတ်တယ် ဆိုတဲ့ အကြောင်းတော့ ကြိုပြီး သတိပေးပါရစေ။
ပထမဆုံး ပြောပြချင်တာက သတိမမူ ဂူမမြင် ဆိုတဲ့ စကားပုံ အကြောင်းပါ။ တစ်ခါက ရွာတစ်ရွာမှာ အလွန်အပျင်းကြီးတဲ့ သစ်ခုတ်သမား လူပျင်းတစ်ယောက် ရှိပါတယ်။ သူဟာ တောထဲမှာ သစ်ခုတ်သွားရင် တခြားသစ်ခုတ်သမားတွေ သစ်ခုတ်နေတဲ့ အချိန် သစ်မခုတ်ပဲ အိပ်နေတတ်ပါတယ်။ ညနေစောင်းလို့ ပြန်ခါနီးမှ အနီးအနားရှိတဲ့ သစ်ကိုင်းခြောက်တွေ ကောက်ပြီး အိမ်ပြန်တတ်ပါတယ်။ အဲဒီအကြောင်းကို ရွာထဲကလူတွေက သူ့မိန်းမကို ပြောပြကြပါတယ်။ သူ့မိန်းမလည်း အစက မယုံပေမယ့် နောက်ပိုင်း ပြောပါများလာတော့ သူကိုယ်တိုင် တောထဲကို လိုက်ချောင်းပါတော့တယ်။ တောထဲမှာ သစ်တုံး ခေါင်းအုံးပြီး အိပ်နေတဲ့ သူ့ယောက်ျားကို တွေ့တော့ စိတ်ဆိုးသွားပါတယ်။ အိမ်ပြန်လာပြီးတဲ့နောက် ဒီယောက်ျားကို မှတ်လောက်အောင် ပညာပေးမှ ဖြစ်မယ်လို့ စိတ်ကူးပြီး အကြံထုတ် ပါတော့တယ်။ အကြံရသွားတဲ့ အခါမှာတော့ ရွာထဲက ဇာတ်ဆရာဆီကနေ ဘုရင် အဝတ်အစားတွေ သွားငှားပါတယ်။ အဲဒီလို ငှားပြီးတော့ နောက်တစ်နေ့ ဘုရင် အဝတ်အစားတွေ ဝတ်ပြီး သူ့ယောက်ျားရှိတဲ့ တောထဲကို လိုက်သွားပါတော့တယ်။
တောထဲရောက်သွားတော့ သူ့ယောက်ျား အိပ်နေတာကို တွေ့တော့ ဒေါသဖြစ်ဖြစ်နဲ့ ခြေထောက်နဲ့ ကန်ပြီး နှိုးပါတယ်။ လူပျင်းလည်း အိပ်ချင်မူးတူးနဲ့ ထလာတဲ့ အချိန် ဘုရင် အဝတ်အစားနဲ့ ဘေးမှာ ရပ်နေတာ ကိုတွေ့တော့ လန့်သွားပါတယ်။ ဘုရင်အဝတ်အစားနဲ့ မိန်းမက သူ့ယောက်ျားကို "မော်မဖူးနဲ့။" လို့ အမိန့်ပေးတာကြောင့် လူပျင်းလည်း မျက်နှာကို မော့မကြည့်ရဲပါဘူး။ နောက်တော့ ဘုရင်ယောင်ဆောင်ထားတဲ့ သူ့မိန်းမက ဗိုက်ဆာတယ် ရှိတာဆက်စမ်း ဆိုပြီး ပြောလို့ သူ့မှာပါလာတဲ့ ထမင်းထုပ် ထုတ်ကျွေးရပါတယ်။ ထမင်းစားပြီးတော့ သူ့မိန်းမက အိမ်သာတက်ချင်တယ် ဆိုပြီး ကျင်းတူး ခိုင်းပါတယ်။ လူပျင်းလည်း ကြောက်ကြောက်လန့်လန့်နဲ့ ကျင်းတူး ပေးရပါတယ်။ သူ့မိန်းမက အိမ်သာတက်ပြီးတော့ အီးကုန်းပေးစမ်း ဆိုပြီး ပြောတော့လည်း နံပေမယ့် နှာခေါင်းပိတ်ပြီး အီးကုန်းပေးရပါတယ်။
ညနေစောင်းလို့ အိမ်ပြန်လာတော့ လူပျင်းက သူ့မိန်းမကို ရင်ဖွင့်ပါတယ်။ ဒီနေ့တောထဲမှာ ဘုရင်နဲ့ တွေ့တယ်။ အတော်ဆိုးတဲ့ ဘုရင်ကွာ။ ငါ့ထမင်းထုပ်လည်း စားသွားသေးတယ်။ ပြီးတော့ ငါ့ကို အိမ်သာကျင်းလည်း တူးခိုင်းသေးတယ်။ ဒါတင် မကဘူး။ အီးပါကုန်းပေးလိုက်ရသေးတယ်။ လို့ သူ့မိန်းမကို ပြောပြပါတယ်။ သူ့မိန်းမက ရှင်တစ်နေ့ တစ်နေ့ တောထဲသွားပြီး အိပ်နေလို့ ရှင့်ကို ပညာပေးတာလို့ ပြောပြီး အခန်းထဲမှာ ချိတ်ထားတဲ့ ဘုရင် အဝတ်အစားတွေကို ပြပါတယ်။ အဲဒီတော့ လူပျင်းက အားလိုအားမရ ပြောလိုက်တာကတော့ "အဲဒါကြောင့် ငါထင်တော့ ထင်သား။ အီးကုန်းပေးတုန်းက ဒီဘုရင် ကပ္ပာယ်အိတ် မပါပါဘူးလို့။ သတိမမူတော့ ဂူမမြင်ဘူးပေါ့ကွာ။" ဆိုပြီးတော့ပါတဲ့။ အဲဒီက စပြီး သတိမမူ ဂူမမြင်ဆိုတဲ့ စကားပုံ ဖြစ်လာတယ်လို့ ဆိုရိုးရှိပါတယ်။
နောက်တစ်ခုကတော့ အားနာလို့ ခါးပါတယ် ဆိုတဲ့ အကြောင်းပါ။ တစ်ခါက ရွာတစ်ရွာမှာ မိန်းမချင်း ကြိုက်နေကြတဲ့ စုံတွဲတစ်တွဲ ရှိပါတယ်။ အင်္ဂလိပ်လိုဆိုရင် လက်စဘီယံ ဂျပန်လို ဆိုရင်တော့ အိုနာဘဲ ခေါ်မယ် ထင်ပါတယ်။ မိန်းမချင်း ကြိုက်နေကြတယ် ဆိုပေမယ့် တစ်ယောက်က ယောက်ျားလျှာပါ။ ဒါပေမယ့် နှစ်ယောက်စလုံး မိန်းမ ဖြစ်နေတော့ အိမ်ထောင်ပြု လို့ မရဘဲ ဖြစ်နေပါတယ်။ ယောက်ျားလျှာက ရွာထိပ် သစ်ပင်က ရုက္ခစိုးဆီမှာ နေ့တိုင်း သွားပြီး သားဆုပန် ပါတယ်။ ယောက်ျားလျှာက နေ့တိုင်း သားဆုလာပန်ုတော့ ကြာလာတဲ့အခါမှာ ရုက္ခစိုးက အားနာလာပါတယ်။ အဲဒါနဲ့ သူက ကိုယ်ထင်ပြပြီး "ဟဲ့။မိန်းကလေး။ နင်တို့ မိန်းမချင်း ကြိုက်နေတဲ့ ကိစ္စ။ သား ရဖို့ ငါက ဘယ်လိုမှ ကူညီပေးလို့ မရဘူး။" လို့ ပြောပါတယ်။ ယောက်ျားလျှာက ရုက္ခစိုးကို တွေ့တော့ ဝမ်းသာအားရနဲ့ "ဒါက ရုက္ခစိုး ကူညီရင် ဖြစ်နိုင်ပါတယ်။ ရုက္ခစိုးနဲ့ ကျွန်မ ခါးအောက်ပိုင်းချင်း ခဏလဲ ရအောင်လေ။ နောက်တစ်ပတ် ကြာရင် ပြန်လဲတာပေါ့။" ဆိုပြီး အပူကပ်ပါတယ်။ ရုက္ခစိုးကလည်း "မဖြစ်သေးပါဘူး။ ငါက ထမိန်ကြီးနဲ့ နတ်သဘင် အစည်းအဝေး တက်ရင် ဘယ်လိုတက်ရမလဲ။" ဆိုပြီး ငြင်းပါတယ်။ ဒါပေမယ့် ယောက်ျားလျှာက အတင်း ဇွတ်ပြောတော့ ရုက္ခစိုးလည်း အားနာပြီး "ဒါဆို နတ်သဘင် အစည်းအဝေး မတိုင်ခင်တော့ ပြန်လာ လဲလှည့်။" လို့ ပြောပြီး သူ့ရဲ့ ခါးအောက်ပိုင်းနဲ့ ယောက်ျားလျှာရဲ့ ခါးအောက်ပိုင်းကို ခဏလဲပေး လိုက်ပါတယ်။ ယောက်ျားလျှာလည်း ရုက္ခစိုးရဲ့ ခါးအောက်ပိုင်း ရသွားတော့ သူကြိုက်တဲ့ ကောင်မလေးနဲ့ ယူပြီး ရုက္ခစိုးရဲ့ သစ်ပင်ဖက်ကို ခြေဦးတောင် မလှည့်တော့ပါဘူး။ ရုက္ခစိုးမှာ ထမိန်ကြီးနဲ့ နတ်သဘင် အစည်းအဝေးလည်း သွားလို့မရ ကိုယ်ထင်လည်း ပြလို့မရဘဲ မြွေကိုက်နေပါတယ်။ အဲဒါကတော့ အားနာလို့ ခါးပါတယ် ဆိုတဲ့ အကြောင်းပါ။
နောက်တစ်ခုကတော့ ကိုယ်စီးတဲ့မြင်း အထီးလား အမလား မသိဘူး ဆိုတဲ့ စကားပါ။ ဒီပုံပြင်ကတော့ အွန်လိုင်းမှာ ရှိတာမို့ ဖတ်ဖူးတဲ့သူလည်း ဖတ်ဖူး ပါလိမ့်မယ်။ တစ်ခါက ရွာတစ်ရွာရဲ့ အနားက တောအုပ်မှာ လူသားစားတဲ့ ဘီလူးမ တစ်ယောက် သောင်းကျန်းနေပါတယ်။ အဲဒါကြောင့် ရွာထဲကလူတွေ တောအုပ်ကို ဘယ်သူမှ ဖြတ်ပြီး မသွားရဲကြပါဘူး။ တစ်နေ့တော့ ရွာထဲက လူတစ်ယောက်က မြင်းစီးပြီး တောအုပ်ကို ဖြတ်သွားပါတယ်။ ဘီလူးမက သတ်စားမလို့ ဖမ်းတဲ့ အချိန်မှာ အဲဒီလူက လက်ဦးမှု ရပြီး ဘီလူးမကို ဖမ်းလိုက်နိုင်ပါတယ်။ ဘီလူးမက သူ့ကို မသတ်ပါနဲ့။ လွှတ်ပေးပါ။ လိုတဲ့ဆု ၃ ဆု ပြည့်စေရပါမယ် လို့ အာမခံပါတယ်။ အဲဒီလူက ငါ ပိုက်ဆံတွေ အပြည့်နဲ့ အိမ်တစ်လုံး လိုချင်တယ် လို့တောင်းတော့ ဘီလူးမက ရစေ ဆိုပြီး ဖန်ဆင်းလိုက်တာ ပိုက်ဆံ အပြည့်နဲ့ အိမ်တစ်လုံး ရ သွားပါတယ်။ ဒုတိယ အနေနဲ့ မိန်းမချောချောလေး တစ်ယောက် လိုချင်တယ် ဆိုပြီး ဆုတောင်းတော့လည်း ဘီလူးမတန်ခိုးနဲ့ မိန်းမ ချောချောကလေး တစ်ယောက် ရသွားပါတယ်။ တတိယဆု အနေနဲ့ ဘာတောင်းရမလဲ စဥ်းစားရင်း သူလည်း ယောက်ျားလေးတွေ လိုချင်တတ်တဲ့ ဆန္ဒတစ်ခု စိတ်ထဲမှာ ပေါ်လာပါတယ်။ အဲဒါကတော့ ကြီးလည်းကြီး ရှည်လည်ရှည်ချင်တယ် ဆိုတဲ့ ဆန္ဒပါ။ ဒါပေမယ့် ဆုတောင်းရမယ့်သူက ဘီလူးမဆိုတော့ ဆုတောင်းရမှာ နည်းနည်း ရှက်နေပါတယ်။ အဲဒါကြောင့် ဘယ်လို ဆုတောင်းရမလဲ စဥ်းစားရင်း သူစီးလာတဲ့မြင်းကို တွေ့တော့ အကြံရပြီး ငါ့ပစ္စည်း ဒီမြင်းရဲ့ ပစ္စည်းလိုမျိုး ဖြစ်ချင်တယ် ဆိုပြီး ဆုတောင်းလိုက်ပါတယ်။ မြင်းဆိုတာက ကြီးလည်းကြီး ရှည်လည်းရှည်တာကိုး။ ဘီလူးမက ပြည့်စေ ဆိုပြီး ဖန်ဆင်းလိုက်ပေမယ့် သူစီးလာတဲ့မြင်းက အထီးမဟုတ်ဘဲ အမဖြစ်နေတော့ လိုချင်တာ မရဘဲ မလိုချင်တာ ရသွားပါတယ်။
သတိမမူ ဂူမမြင်နဲ့ အားနာလို့ ခါးပါတဲ့ အကြောင်းက လူထုဦးလှရဲ့ အညာကျေးလက် ပုံပြင်များ စာအုပ်ထဲကပါ။ ကိုယ်စီးတဲ့မြင်း အထီးအမမှန်း မသိတဲ့ ပုံပြင်ကတော့ အွန်လိုင်းမှာ ဖတ်ဖူးတာပါ။
Search This Blog
Showing posts with label ပုံပြင်. Show all posts

Thursday, September 23, 2010
Wednesday, January 13, 2010
သဘာဝ မိခင်ရဲ့ ပုံပြင်များ
ခြင်္သေ့နဲ့ ကြောင်များ
ခြင်္သေ့တစ်ကောင်ဟာ ကြောင်တွေ အစုဖွဲ့ပြီး စကားပြောနေတာကို သတိထားမိတယ်။ "ငါတော့ ဒီကြောင်တွေ အားလုံးကို စားပစ်မယ်။" လို့ ခြင်္သေ့က တွေးတယ်။
ဒါပေမယ့် ထူးထူးဆန်းဆန်းပဲ သူ့ရဲ့စိတ်ထဲမှာ ငြိမ်းချမ်းတဲ့ စိတ်ခံစားမှု တစ်ခု ဝင်လာတယ်။ အဲဒါကြောင့် ခြင်္သေ့ဟာ ကြောင်တွေနဲ့ အတူတူထိုင်ပြီး သူတို့ ဘာပြောနေကြသလဲ ဆိုတာကို နားထောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခြင်္သေ့ရှိနေတာကို သတိမထားမိတဲ့ ကြောင်တစ်ကောင်က စပြောတယ်။
"ကောင်းလိုက်တဲ့ ဘုရားသခင်။ ငါတို့တတွေ ဘုရားရှိခိုးနေတာ နေ့လည်ခင်း တစ်ခုလုံးပဲ။ ငါတို့ အတွက် ကောင်းကင်ကနေ ကြွက်တွေကို မိုးလို ရွာချဖို့ ဆုတောင်းထားတာပဲ။"
"အခုထက်ထိလည်း ဘာမှ ဖြစ်မလာဘူး။ ဘုရားသခင်ဆိုတာ တကယ် ရှိရဲ့လားလို့တောင် ငါသံသယ ဖြစ်တယ်။" လို့ နောက်ထပ် ကြောင်တစ်ကောင်က ဝင်ပြောတယ်။
ကောင်းကင်ကတော့ တိတ်ဆိတ်နေဆဲပါပဲ။ ဒီလိုနဲ့ ကြောင်တွေဟာ ဘုရားသခင်အပေါ် ယုံကြည်မှုတွေ ပျောက်ဆုံး လာကြတယ်။
ခြင်္သေ့က ထပြီး သူ့လမ်းသူ ဆက်လျှောက်သွားတယ်။
"အဖြစ်ကတော့ ရယ်စရာပဲ။ ငါက သူတို့ကို သတ်တော့မလို့။ ဒါပေမယ့် ဘုရားသခင်က ငါ့ကိုတားတယ်။ ဒါတောင်မှ သူတို့ ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတော်ကို မယုံကြည်ကြတော့ဘူး။ သူတို့ဟာ သူတို့အတွက် ဘာတွေ ပျောက်ဆုံးနေသလဲ ဆိုတာကို စိုးရိမ်ပူပန်နေရတာနဲ့ သူတို့အတွက် ဘယ်လို အကာအကွယ်မျိုးတွေ ပေးထားတယ် ဆိုတာကိုတောင် သတိမထားမိကြဘူး။" လို့လည်း စိတ်ထဲက တွေးမိတယ်။
တိတ်တဆိတ်
ပန်းသီးပင်တစ်ပင်ဟာ သူ့ရဲ့ အကိုင်းအခက်တွေမှာ ပန်းသီးတွေ ပြည့်နှက်နေတာကြောင့် လေတိုက်တာတောင်မှ သူ့ရဲ့ အကိုင်းအခက်တွေကို မလှုပ်ရှားနိုင်တော့ဘူး ဖြစ်နေတယ်။
"ဘာလို့ အသံထွက်ပြီး ဆူဆူညံညံဖြစ်အောင် မနေရတာလဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့အတွက် ဝင့်ကြွားမှု ဆိုတာ အနည်းနဲ့ အများတော့ လိုအပ်တာပဲ။ ငါတို့အနေနဲ့ တခြားသူတွေ အာရုံစိုက်ခံရအောင် လုပ်ဖို့ လိုတယ်လေ။" လို့ ဝါးပင်က ဝေဖန်တယ်။
"ငါ့အတွက်တော့ မလိုအပ်ပါဘူး။ ငါ့ရဲ့ သစ်သီးတွေဟာ ငါ့အတွက် အကောင်းဆုံး ကျော်ကြားမှု ကို ပေးနိုင်တာပဲ။" လို့ ပန်းသီးပင်က ပြန်ပြောလိုက်တယ်။
တကိုယ်ကောင်းဆန်တဲ့ ဒေစီပန်း
"ငါဟာ ဒေစီပန်းပွင့်တွေ ကြားထဲက မထူးခြားတဲ့ ဒေစီပန်း တစ်ပွင့်ပဲ။ တခြားသူတွေ ကြားထဲမှာ ငါ့ရဲ့အလှကို သတိပြုမိဖို့ဆိုတာ မဖြစ်နိုင်ဘူး။" လို့ ဒေစီပန်းပွင့် တစ်ပွင့်က တွေးတယ်။
နတ်သမီး တစ်ပါးက သူမ တွေးနေတာကို ကြားပြီး လှမ်းပြောတယ်။
"ဒါပေမယ့် မင်းက သိပ်လှတာပဲ မဟုတ်ဘူးလား။"
"ဒါပေမယ့် ငါက တစ်ယောက်တည်း အလှဆုံး ဖြစ်ချင်တာလေ။" လို့ ဒေစီပန်းက ပြန်ပြောတယ်။
သူမဆီက ညည်းညူသံတွေကို ထပ်မကြားချင်တော့တာနဲ့ နတ်သမီးက သူမကို မြို့လယ်ခေါင်ကွက်လပ် တစ်ခုကို သယ်သွားလိုက်တယ်။
ရက်အနည်းငယ်ကြာတော့ မြို့တော်ဝန်က အဲဒီကွက်လပ်မှာ ပြင်ဆင်မှုတွေ ပြု ဖို့အတွက် ဥယျာဥ်မှူး တစ်ယောက်နဲ့အတူ ရောက်လာခဲ့တယ်။
"ဒီနေရာမှာ ဘာမှ စိတ်ဝင်စားစရာ ကောင်းတာ မရှိဘူး။ မြေကြီးကို တူးပြီး ကြွေပန်းတွေ စိုက်စမ်းကွာ။" လို့ မြို့တော်ဝန်က ဥယျာဥ်မှူးကို ခိုင်းတယ်။
"ခဏစောင့်ပါဦး။ အဲဒီလို လုပ်ရင် ငါသေသွားမှာပေါ့။" လို့ ဒေစီပန်းက လှမ်းအော်ပြောတယ်။
"ဒီနေရာမှာ မင်းလို တခြားဒေစီပန်းတွေ ရှိမယ်ဆိုရင် ငါတို့အတွက် အပြင်အဆင် ကောင်းကောင်း လုပ်လို့ရတယ်။ ဒါပေမယ့် ဒီနေရာ တစ်ဝိုက်မှာ တခြား ဒေစီပန်းတွေ မရှိဘူး။ မင်းတစ်ယောက်တည်းနဲ့လည်း ဥယျာဥ်တစ်ခု ဖြစ်မလာနိုင်ဘူး။" လို့ မြို့တော်ဝန်က ပြန်ပြောတယ်။ နောက်တော့ သူဟာ ဒေစီပန်းကို မြေကြီးထဲကနေ ဆွဲနှုတ် ပစ်လိုက်တယ်။
(Paulo Coelho ရဲ့ Tales of Mother Nature ထဲက ပုံပြင်တစ်ချို့ကို ဘာသာပြန်ထားပါတယ်။)

Wednesday, June 17, 2009
မောင်ပေါက်ကျိုင်း (Version 2009 )
ယုံချင်ယုံ မယုံချင်နေပါ။ “စဉ်ဆက်မပြတ် အကဲဖြတ်၍ အတန်းတင်ပေးရေး စီမံချက်” ဆိုတာ သရေခေတ္တရာ တို့ ဗိသနိုးတို့ဆိုတဲ့ အစောဆုံး မြို့ပြနိုင်ငံတွေ မပေါ်ခင် ကတည်းက ရှိခဲ့ဖူးပါတယ်။
အဲဒီခေတ်အခါတုန်းက တက္ကသိုလ်ပြည် ဒိသာပေါင်မုန့်ခြောက် (ဆောဒီး) ဒိသာပါမောက္ခ ဆရာကြီး ဆီမှာ မောင်ပေါက်ကျိုင်း ဆိုတဲ့ တပည့်တစ်ယောက် ရှိခဲ့ပါတယ်။ မောင်ပေါက်ကျိုင်းဟာ သင်ပေးသမျှထဲမှာ မာဂဓဘာသာ စကားလို့ ခေါ်တဲ့ တိရိစ္ဆာန် ဘာသာစကားကလွဲလို့ ဘာမှ သင်လို့ မရပါဘူး။ ဆရာကြီးလည်း မောင်ပေါက်ကျိုင်းရဲ့ တိုးတက်မှုကို ကြည့်ရင်း“လေပါတယ် မမြရင်ရယ်” လို့ပဲ အမြဲ ညည်းနေ ရပါတယ်။ ဒါပေမယ့် မောင်ပေါက်ကျိုင်းက“ဆရာ ဟိုဟာ လိုချင်လား။ ရစေမယ်။” “ဆရာ ဒီဟာလိုလား။ ဖြစ်စေရမယ်။” ဆိုတဲ့ ဖောရှောရိုက်တဲ့ နေရာမှာတော့ အင်မတန် တော်ပါတယ်။
ဒီလိုနဲ့ နှစ်ပြည့်သွားတော့ ဆရာကြီးလည်း“အင်း။ ဒီကောင့်ကို ကျောင်းပြီး ပေးမှပဲ ဖြစ်တော့မယ်။ မဟုတ်ရင် ငါဆရာလည်း သိက္ခါကျတယ်။ ဘာမှမတတ်လည်း ဒီလို ဖောရှော ရိုက်တတ်တာလေးနဲ့တော့ အပြင်မှာ လုပ်စားလို့ ရနိုင်ပါတယ်။” လို့ စဉ်းစားပြီး မောင်ပေါက်ကျိုင်းကို ခေါ်ပါတယ်။ နောက်တော့ “ကဲ။ ငါ့တပည့်။ မင်းဘာမှ မတတ်ပေမယ့်လည်း ဆရာ မင်းကို စီမံချက်နဲ့ အအောင်ပေးလိုက်မယ်။ ငါ့တပည့်တွေထဲမှာ မင်းက အတော် သိတတ်တဲ့ တပည့်ဆိုတော့ မင်းကို ဘောနပ်စ် အနေနဲ့ စကားကြီး ၃ခွန်းကို သင်ပေးလိုက်မယ်။” လို့ ပြောပါတယ်။ ပြီးတော့ မောင်ပေါက်ကျိုင်းကို “မေးပါများ စကားရ၊ သွားပါများ ခရီးရောက်၊ မအိပ်မနေ အသက်ရှည်။ ” ဆိုတဲ့ စကားကြီး ၃ ခွန်းကို သင်ပေးလိုက် ပါတယ်။ ဒီလိုနဲ့ စကားကြီး ၃ခွန်း ကို အလွတ်ကျက် ပြီးတဲ့ နောက်မှာ မောင်ပေါက်ကျိုင်းဟာ B.A(မာဂဓ) Hons နဲ့ ဘွဲ့ရပြီး တက္ကသိုလ်ကနေ ထွက်လာခဲ့ ပါတယ်။
မောင်ပေါက်ကျိုင်းဟာ တက္ကသိုလ်က ထွက်လာကတည်းက စကားကြီး (၃) ခွန်းကို တောက်လျှောက် ရွတ်လာ ခဲ့ပါတယ်။ အဲဒီလို ရွတ်လာရင်း “သွားပါများ ခရီးရောက် တဲ့ဟ။ သွားမှပဲ။” ဆိုပြီး တောက်လျှောက် မရပ်မနား လျှောက်လာခဲ့တာ နောက်ဆုံးမှာတော့ တိုင်းပြည်တစ်ပြည်ကို ရောက်လာခဲ့ပါတယ်။ သွားပါများ ခရီးရောက် ပေမယ့်လည်း မောင်ပေါက်ကျိုင်းလည်း လူထဲက လူပဲမို့ အတော်ပြိုင်း သွားပါတယ်။ အဲဒါနဲ့ တွေ့တဲ့ ကျောက်ဖျာတစ်ချပ် ပေါ်တက်ပြီး နှပ်နေပါတော့တယ်။
အဲဒီတိုင်းပြည်မှာ ဘုရင်လုပ်တဲ့သူတိုင်း ဘုရင်ဖြစ်ပြီး နောက်တစ်နေ့ မနက်မှာ အသေဆိုးနဲ့ သေရတာမို့ ဘုရင်လုပ်ချင်တဲ့သူ မရှိဘဲ အားလုံးက ကျွတ်ကြဲ နေကြပါတယ်။ ဒါနဲ့ ဘုရင်လုပ်မယ့် သူကို ရှာဖို့အတွက် စက်မှုဇုန်ထုတ် ဖုသ်သွင်းရထားကို လွှတ်လိုက်ပါတယ်။ ဖုသ်သွင်းရထားလည်း မြို့ထဲမှာ ပတ်နေရင်း ဓာတ်ဆီကုန်တော့ မောင်ပေါက်ကျိုင်း အိပ်တဲ့ ကျောက်ဖျာရှေ့မှာ ရပ်သွားပါတယ်။ မှူးမတ်တွေလည်း ဝမ်းသာအားရနဲ့ မောင်ပေါက်ကျိုင်းကို “ကျောက်ဖျာထက်မှာ စက်တော်ခေါ် ထတော်မူပါ အရှင်ဘုရား။” ဘာညာနဲ့ ဇာတ်ကြည့်တုန်းက ကျက်ထားတဲ့ စာအတိုင်း နှိုးကြပါတယ်။ ဒါနဲ့ မောင်ပေါက်ကျိုင်းလည်း နိုးလာပြီး “ဝှပ်စ် အပ်” လို့ မေးပါတယ်။ မှူးမတ်တွေကလည်း “ဝှပ်စ်မအပ်ဘူး။ ဘုရင်ရှာရင်း ဒီကို ရောက်လာတာ။ ဘုရင် လုပ်မယ်မဟုတ်လား။” မေးတော့ မောင်ပေါက်ကျိုင်းလည်း “ဂွင်တည့်ပြီဟ။ နေရင်းထိုင်ရင်း ဘုရင်ဖြစ်တာ။ ကြုံတုန်း ကြိုက်တုန်း ဘုရင်တော့ လုပ်လိုက်ဦးမှပဲ။” လို့ စဉ်းစားပြီး ဘုရင်လုပ်ဖို့ လက်ခံ လိုက်ပါတယ်။
ဒီလိုနဲ့ မောင်ပေါက်ကျိုင်းလည်း လစ်လပ်နေတဲ့ ဘုရင် ရာထူးကို လက်ခံလိုက်ပါတယ်။ ဘုရင် ဖြစ်ပြီးတော့ မောင်ပေါက်ကျိုင်းက “အင်း။ သိပ်တော့ မဟုတ်ဘူး။ တစ်ခုခုတော့ ကွိုင်ရှိလောက်တယ်။ ဘာလို့ ဘုရင်မင်းဆက်က ပြတ်သွားရတာလည်း မသိဘူး။” ဆိုပြီး စဉ်းစားမိ ပါတယ်။ နောက်တော့ ဆရာ သင်ပေးလိုက်တဲ့ “မေးပါများ စကားရ” ဆိုတဲ့စကားကို အမှတ်ရတာနဲ့ နန်းတော်ထဲ ရှိတဲ့သူတွေ ဆီမှာ လှည့်ပတ်ပြီး မေးပါတော့တယ်။ အဲဒီမှာ ဘုရင်လုပ်သမျှ လူတွေ ဘုရင်ဖြစ်ပြီး နောက်တစ်နေ့ မနက်ရောက်ရင် အသေဆိုးနဲ့ သေတာ တွေ့ရတယ် ဆိုတဲ့ ဇာတ်လမ်းကို ကြားသွားပါတော့တယ်။ အဲဒီလို အသေဆိုးနဲ့ သေရတဲ့ အကြောင်းရင်းကလည်း နဂါးတစ်ကောင်က ညဘက်ဆို ဘုရင်ကို လာပြီး ပေါက်သတ်လို့ ဆိုတာကိုလည်း ကြားလိုက်ရပါတယ်။
ညဖက်ရောက်တော့ မောင်ပေါက်ကျိုင်းလည်း “မအိပ်မနေ အသက်ရှည်” ဆိုတဲ့စကား လက်ကိုင်ထားလို့ မအိပ်ပဲ စောင့်ပါတယ်။ သူအိပ်မယ့် နေရာမှာတော့ ငှက်ပျောတုံး တစ်တုံးကို စောင်ခြုံပြီး ထားထားခဲ့ ပါတယ်။ ညသန်းခေါင်ရောက်တော့ ဘုရင်ကို ပေါက်သတ်ဖို့ နဂါးလည်း ဟိုကျော်ဒီခွနဲ့ ရောက်လာပါတယ်။ နဂါးလည်း အိပ်ရာပေါ်မှာ တွေ့တဲ့ ငှက်ပျောတုံးကို မောင်ပေါက်ကျိုင်းအမှတ်နဲ့ “လာထား။” ဆိုပြီး ပေါက်ထည့်လိုက် ပါတယ်။ ဒါပေမယ့် လူမဟုတ်ဘဲ ငှက်ပျောတုံး ဖြစ်နေတော့ သူ့အစွယ်က ငှက်ပျောတုံးထဲမှာ စိုက်နေပါတယ်။ အဲဒီအချိန်မှာ မောင်ပေါက်ကျိုင်းက ဓားတစ်ချောင်းနဲ့ ရောက်လာပြီး “နဂါးနိုင်ဓား ဦးထိပ်ထား ဖူးမျှော်ကန်တော့ ရှိခိုးလော့။ ကျန်ကျိုင်းကွ။ အဲလေ ပေါက်ကျိုင်းကွ။” ဘာညာနဲ့ တရုတ်သိုင်းကားထဲကလို ကြုံးဝါးပြီး ခုတ်ထည့်လိုက်တာ နဂါးလည်း တချက်တည်းနဲ့ ကြွသွားပါတော့တယ်။
နဂါးရန် အေးသွားပေမယ့်လည်း မိဖုရားကြီးက မောင်ပေါက်ကျိုင်းကို သိပ်အစာ မကြေပါဘူး။ အဲဒါနဲ့ ဒီအတိုင်းတော့ ဘုရင်လုပ်လို့ မရဘူး။ သူမေးတဲ့ စကားထာကို ဖြေနိုင်မှ ဘုရင် လုပ်ရမယ်။ အသက်ကြေး လောင်းရမယ် ဆိုပြီး ရစ်ပါတယ်။ မောင်ပေါက်ကျိုင်းကလည်း “ဒါလေးများ။ ကဲမေးစမ်း။” ဆိုပြီး ခွင့်ပြုလိုက် ပါတယ်။ အဲဒီမှာ မိဘုရားက “ထောင်ပေးလို့ဆုတ်၊ ရာပေးလို့ ချုပ်၊ ချစ်တဲ့သူ အရိုး ဆံထိုးလုပ်။” ဆိုပြီး စကားထာ ဝှက်ပါတယ်။ မောင်ပေါက်ကျိုင်းလည်း အဖြေကို စဉ်းစားပေမယ့် မရလို့ ပျားတုတ်နေပါတယ်။
စဉ်းစားရင်း နဲ့ Deadline က နီးလာပါပြီ။ ကျောင်းမှာ တုန်းက အဆိုင်းမင့်ဆိုရင် သူများဆီကချည်း ကူးလာတော့ အခု ကိုယ်တိုင်လုပ်ရမယ့် အချိန်ရောက်တော့ မြွေခြောက် ကိုက်နေပါပြီ။ ဒါနဲ့ မောင်ပေါက်ကျိုင်းလည်း စိတ်ပျက်လက်ပျက်နဲ့ ဥယျာဉ်ထဲ ထွက်လာပါတယ်။ ဥယျာဉ်ထဲရောက်တော့ Mr & Mrs. Black ဆိုတဲ့ ကျီးကန်း နှစ်ကောင် အပင်ပေါ်မှာ ကွိစိ ကွစ နဲ့ စကားပြောနေတာ ကြားလို့ မာဂဓ ဘာသာ အထူးပြုနဲ့ ဘွဲ့ရထားတဲ့ မောင်ပေါက်ကျိုင်းဟာ ကျီးကန်းတွေ စကားကို ချောင်းနားထောင်ပါတယ်။
Mr. Black ။ ။ “အသည်းရေ။ ဟိုမှာ ဘုရင်တော့ ညစ်နေပြီ တွေ့လား။”
Mrs. Black။ ။ “ဟုတ်လား ဒါလင်။ ဘာဖြစ်လို့လဲ။”
Mr. Black ။ ။“ဘာဖြစ်ရမလဲ။ မိဖုရား စကားထာ ဖွက်တာ မဖြေနိုင်လို့ အခုတော့ မြွေကိုက် နေပြီလေ။”
Mrs. Black။ ။“မိဖုရားက ဘာစကားထာ ဖွက်တာလဲဟင်။”
Mr. Black ။ ။“ထောင်ပေးလို့ဆုတ်၊ ရာပေးလို့ ချုပ်၊ ချစ်တဲ့သူ အရိုး ဆံထိုးလုပ်။ ဆိုပဲ။”
Mrs. Black။ ။“အတော် စားတဲ့ မိဖုရားပဲ။ ဒါနဲ့ အဲဒါက ဘာအဓိပ္ပါယ်လဲ။”
Mr. Black ။ ။“မသိချင် စမ်းပါနဲ့ကွာ။နောက်တော့ သိရမှာပေါ့။”
Mrs. Black။ ။“ဒါလင်နော်။ ဒီက သိချင်ပါတယ် ဆိုမှ။ ပြောမပြရင် စကားမပြောပဲ နေလိုက်မှာ။ ဘာမှတ်နေလဲ။”
Mr. Black ။ ။“ကဲ ဒါဆိုလည်း ပြောပြမယ်။ ဘုရင်ကို ပေါက်သတ်တဲ့ နဂါးက မိဖုရားရဲ့ ချစ်သူ။ အဲဒါ မိဖုရားက နဂါးရဲ့ အရေခွံကို အသပြာ တစ်ထောင်ပေးပြီး ဆုတ်တယ်။ ပြီးတော့ အဲဒီအရေခွံကို အသပြာတစ်ရာ ပေးပြီး ဝတ်စုံချုပ်တယ်။ အရိုးကိုတော့ ဆံထိုး လုပ်ထားတယ်။ အဲဒါကို ပြောတာ။”
Mrs. Black။ ။“အဲဒါဆို အသားတွေကရော။”
Mr. Black ။ ။“အသားတွေကတော့ တရုတ်ပြည် ပို့လိုက်ပြီ။”
မောင်ပေါက်ကျိုင်းလည်း သူလိုချင်တဲ့ အဖြေ ကျီးကန်းတွေ ဆီက ရလို့ ပျော်သွားပါတယ်။ ဒါနဲ့ နန်းတော်ကို ပြန်ပြီး မိဖုရားကို အဖြေ ပြောပြလိုက်ပါတယ်။ မိဖုရားလည်း မကျေနပ်ပေမယ့် သူမေးတဲ့ မေးခွန်းကို ဖြေနိုင်တဲ့ အတွက် အလျှော့ပေးလိုက် ရပါတယ်။
ဒီလိုနဲ့ မောင်ပေါက်ကျိုင်းနဲ့ မိဖုရားကြီးတို့ ပေါင်းသင်းနေထိုင်လာခဲ့ရင်းနဲ့ ကင်းပူး တက်လာပါတယ်။ မိဖုရားကြီးကနေ အမြွှာညီနောင် နှစ်ယောက်မွေးတာပါ။ အဲဒီ အမြွှာညီနောင်ကို စူဠာသမ္ဘဝ နဲ့ မဟာသမ္ဘဝလို့ အမည် ပေးကြပါတယ်။ အမြွှာညီနောင်ဟာ မွေးကတည်းက မျက်စိ မမြင်ပါဘူး။ မွေးကတည်းက သမားတော် ပေါင်းစုံနဲ့ ကုပေမယ့်လည်း အရွယ်ရောက်တဲ့ အထိ ထူးခြား မလာပါဘူး။
ဒါနဲ့ ဘုရင် မောင်ပေါက်ကျိုင်းက “ငါ့သားနှစ်ယောက် မျက်စိ မမြင်ဘူး ဆိုတာ တိုင်းပြည်မှာ ကျက်သရေ ယုတ်တယ်။ No One is above the law ပဲ။ အဲဒီတော့ ဒီနှစ်ယောက်ကို ဖောင်ပေါ်တင်ပြီး ရေထဲမျှောရမယ်။” လို့ အမိန့်ချပါတယ်။ မိဖုရားကြီးကလည်း သူ့သားနှစ်ယောက်ကို ချစ်တော့ “မင်းကြီး။ စဉ်းစားပါဦး။ No One is above the law ဆိုတာ ဥပဒေ အထက်မှာ နံပါတ် ၁ ရှိတယ်လို့ အဓိပ္ပါယ် ယူလို့လည်း ရပါတယ်။” ဘာညာနဲ့ ငိုပြပါတယ်။ ဒါပေမယ့် ဘုရင်ကတော့ စိတ်မပြောင်းပါဘူး။ ဒါနဲ့ စူဠာသမ္ဘဝ နဲ့ မဟာသမ္ဘဝကို သန်လျှက်တစ်ချောင်း ပေးပြီး ဖောင်ပေါ်တင်လို့ ဧရာဝတီ မြစ်ထဲ မျှောလိုက် ပါတော့တယ်။
မင်းသားနှစ်ယောက်ဟာ မျက်စိ မမြင်ရပေမယ့် အကြားအာရုံတော့ ထက်မြက်ပါတယ်။ သူတို့ မြစ်ထဲမှာ ဖောင်နဲ့ မျှောလာတုန်း စန္ဒမုခိ လို့ အမည်ရတဲ့ ဘီလူးမဟာ မင်းသား နှစ်ယောက်ကို မြင်တော့ ဖမ်းပြီး စားဖို့ ကြံပါတယ်။ ဒါပေမယ့် မင်းသားတွေက အသံကြားတော့ ဘီလူးမကို လက်ဦးမှု ရအောင် ဖမ်းနိုင်ခဲ့ပါတယ်။
ဘီလူးမက “ချမ်းသာပေးပါ။ လိုချင်တာ ရစေရပါမယ်။” လို့ အသနား ခံပါတယ်။ ဒါနဲ့ မင်းသားနှစ်ယောက်က သူတို့ကို မျက်စိမြင်အောင် ကုပေးစမ်းလို့ ခိုင်းပါတယ်။ ဘီလူးမက မင်းသားတွေကို မျက်စိ စကုတဲ့ အရပ်ကို နောင်အခါမှာ “စကု” လို့ တွင်ပြီး မျက်စိစပြီး အလင်းရတဲ့ အရပ်ကိုတော့ “စလင်း”လို့ တွင်တယ်လို့ ပြောကြ ပါတယ်။ (ပုံပြင်ထဲမှာ စစ်ပင်ကြီးကိုင်းနေတာ မြင်ရလို့ စစ်ကိုင်းခေါ်တယ်လို့ ပါပေမယ့် စလင်းကနေ စစ်ကိုင်းကို သွားချင်ရင် ဧရာဝတီကို ဆန်တက်မှ ရောက်မှာမို့ သိပ်မဟုတ်ဘူးလို့ ယူဆရပါတယ်။) အခုမှ မျက်စိမြင်တဲ့ စူဠာသမ္ဘဝလည်း “ဘီလူးမလေးလည်း မဆိုးပါဘူး။ သွားတက်ကလေးနဲ့ လန်းသားပဲ။” လို့တွေးပြီး စန္ဒမုခိကို ချစ်ရေးဆိုပါတယ်။ ဒါနဲ့ပဲ စန္ဒမုခိနဲ့ စူဠာသမ္ဘဝတို့ ငြိသွားကြ ပါတယ်။
ဒီလိုနဲ့ သူတို့ရဲ့ ဖောင်ဟာ အခု ပြည်မြို့ လို့ ခေါ်တဲ့ နေရာအနီးကို ရောက်လာကြပါတယ်။ အဲဒီအနားမှာ ရသေ့တစ်ပါးဟာ ရှူရှူး ဖလားဝါးရာကနေ သူ့ရဲ့ ကျင်ငယ်ကို သမင်မက သောက်မိလို့ ကိုဝင်းကြည်နဲ့ ဖြစ်ပြီး မိန်းကလေး တစ်ယောက်မွေးပါတယ်။ ရသေ့လည်း သမင်မက မွေးတဲ့ ကလေးကို ထိန်းကျောင်းရင်း အဲဒီမိန်းကလေးဟာ အရွယ်ရောက်လာ ပါတယ်။ သူမနာမည်က ဗေဒါရီလို့ ခေါ်ပါတယ်။
ရသေ့လည်း တစ်နေ့တစ်နေ့ အဲဒီကလေးကို ထိန်းကျောင်းနေရတာနဲ့ တရားအလုပ် မလုပ်ဖြစ်ပါဘူး။ အဲဒါနဲ့ ဗေဒါရီကို နေ့လည်ဖက်ဆို အပြင်ကို ပထုတ်ဖို့ ကြံပါတယ်။ ဘူးသီးခြောက်မှာ အပ်နဲ့ အပေါက် သေးသေးကလေး ဖောက်ပြီး ရေခပ်ခိုင်းပါတယ်။ ဗေဒါရီလည်း အဲဒီ အပေါက်သေးသေးကလေးနဲ့ ရေခပ်ရတော့ တော်တော်နဲ့ ရေမပြည့်တဲ့အတွက် တစ်နေကုန် နီးပါး ခပ်ရပါတယ်။ အဲဒီတော့ ရသေ့လည်း သူ့ကျောင်းသင်္ခမ်းမှာ တစ်ယောက်တည်း စိတ်အေးလက်အေး တရားအားထုတ်လို့ ရပါတယ်။
တစ်နေ့တော့ အဲဒီလို မြစ်ကမ်းမှာ ရေခပ်နေတုန်း မင်းသားနှစ်ပါး ရောက်လာပါတယ်။မဟာသမ္ဘဝက ကောင်မလေး ချောချောလေးတွေ့တော့ “ဘာလုပ်နေတာလဲ” ဆိုပြီး ပစ်ကြည့်ပါတယ်။ ဗေဒါရီက “ရေခပ်နေတာပါ။” လို့ ပြန်ပြောပါတယ်။ မင်းသားလည်း ဘူးသီးခြောက်ကို ကြည့်ပြီး “ကြည့်စမ်း။ အရင်းအမြစ်တွေ အလဟသ ဖြစ်တယ်။ Innovative မဖြစ်ဘူး။ ကဲ အပေါက်ကို ချဲ့လိုက်မယ်။” ဆိုပြီး ဘူးသီးခြောက်က အပေါက်ကို သန်လျှက်နဲ့ ချဲ့ပေးလိုက်ပါတယ်။ ဒါနဲ့ ဗေဒါရီလည်း ရေကို အမြန်ခပ်လို့ ရတော့ ပျော်ပြီး ကျောင်းသင်္ခမ်းကို ပြန်သွားပါတယ်။
ရသေ့လည်း ဗေဒါရီ စောစောစီးစီး ပြန်လာတော့ အကျိုးအကြောင်းကို စုံစမ်းပါတယ်။ အဲဒါနဲ့ ဗေဒါရီဆီကနေ မင်းသားနှစ်ယောက် အကြောင်းကို ကြားတော့ သူတို့ကိုခေါ်ခဲ့ ခိုင်းပါတယ်။ မင်းသားနှစ်ယောက်ကို တွေ့တော့ “အင်း။ မဆိုးဘူး။ ပုံစံကတော့ ရုပ်ရှိ ရေလျှံ အမှန်အကန် ပုံပဲ။” လို့ တွေးပြီး သူ့ဆီမှာ ခေါ်ထားပါတယ်။ မဟာသမ္ဘဝလည်း ဘက်ပဲ့နေတာနဲ့ ဗေဒါရီကို ချစ်ရေးဆိုရာကနေ သူတို့ နှစ်ယောက် ကြိုက်သွားပါတယ်။
နောက်တော့ မဟာသမ္ဘဝနဲ့ ဗေဒါရီတို့ သရေခေတ္တရာ ဆိုတဲ့ ပြည်ကို တည်ထောင်ပြီး စူဠာသမ္ဘဝနဲ့ စန္ဒမုခိတို့ကတော့ ဗိသနိုးဆိုတဲ့ ပြည်ကို တည်ထောင်ပြီး နေကြပါ တော့တယ်။ အဲဒါကတော့ မြန်မာနိုင်ငံ အစ သရေခေတ္တရာတို့ ဗိသနိုးတို့နဲ့ ပတ်သက်တဲ့ ပါးစပ်ရာဇဝင် ပုံပြင်ပါပဲ။ ခေတ်နဲ့ လျော်ညီအောင် စကားပြောခန်းတွေကို ပြင်ဆင်ပြီး 2009 Version လုပ်ထားပါတယ်။

Labels:
ပုံပြင်,
ပေါက်တတ်ကရ,
သမိုင်း,
ဟာသ
Thursday, March 19, 2009
တောင်နံရံမှာ ပန်းချီဆွဲကြသူများ
တစ်ခါတုန်းက မြင့်မားလှတဲ့ တောင်တွေရဲ့ အလယ်မှာ တည်ထားတဲ့ ရွာကလေး တစ်ရွာ ရှိတယ်။ အဲဒီရွာမှာ ရှိတဲ့ ရွာသူရွာသားတွေက တောင်ယာ စိုက်ခြင်းနဲ့ အသက်မွေး ကြတာပေါ့။ တောင်ယာသမားတွေထဲက တစ်ချို့ကတော့ အများနဲ့ မတူတဲ့ ဝါသနာတစ်မျိုး ရှိကြတယ်။ သူတို့ရဲ့ ဝါသနာကတော့ အားလပ်တဲ့ အချိန်တွေမှာ စိတ်ထွက်ပေါက် အနေနဲ့ တောင်နံရံတွေမှာ ပုံတွေ လျှောက်ဆွဲ တတ်ကြတာပါပဲ။
သူတို့ဆွဲတတ်ကြတဲ့့ ပုံတွေကတော့ အမျိုးမျိုးပါပဲ။ တစ်ချို့က ပတ်ဝန်းကျင် အလှကို သရုပ်ဖော်တဲ့ ပုံတွေဆွဲတယ်။ တစ်ချို့ကတော့ စိတ်ကူးတည့်ရာ တောင်ခြစ်မြောက်ခြစ် ခြစ်တတ်တယ်။ တစ်ချို့ကတော့ လမ်းညွှန်ဆိုင်းဘုတ်တွေ ဆွဲကြတယ်။ သူတို့လို ပုံဆွဲတဲ့သူတွေ ရှိသလို သူတို့ ဆွဲထားတဲ့ ပုံကို လာကြည့်တဲ့ တခြား ရွာသားတွေလည်း ရှိတာပေါ့။ အဲဒီထဲက တစ်ချို့ ရွာသားတွေ ကတော့ အားတဲ့အချိန် မင်းတို့ဆွဲတဲ့ ပုံတွေ လာကြည့်ရတာ စိတ်ချမ်းသာတယ်။ အပန်းပြေတယ် ဆိုပြီး အားပေးကြတယ်။ တစ်ချို့ကလည်း ဒီပုံကလေးကို ဒီနေရာမှာ ဒီလိုဆွဲလိုက်ရင်တော့ ပိုကောင်းမယ် ဆိုပြီး အကြံပေး တတ်ကြတယ်။ တစ်ချို့ကတော့ ဒီလို ပုံလေးတွေ သဘောကျတယ်။ နောက်ထပ် ဒီလိုပုံလေးတွေ ထပ်ဆွဲပါဦး ဆိုပြီး တောင်းဆိုတတ်ကြတယ်။ ဘယ်လိုပဲ ပြောပြော ပုံဆွဲတဲ့သူတွေကတော့ သူတို့ဆွဲထားတဲ့ ပုံတွေကို အရေးတယူ လာကြည့်တဲ့သူ ရှိရင် စိတ်ထဲမှာ ကြည်နူးနေကြတာပါပဲ။
အဲဒီအထဲမှာ အခြား လူတန်းစား တစ်မျိုးလည်း ရှိသေးတယ်။ သူတို့ကတော့ မင်းတို့ တောင်ခြစ်မြောက်ခြစ် လုပ်နေတာ အဓိပ္ပါယ်မရှိဘူး။ ပုံဆွဲရင်လည်း ပုံနဲ့တူအောင်ဆွဲ ဒါမှမဟုတ်ရင်လည်း အားလုံး အကျိုးရှိအောင် လမ်းညွှန်ဆိုင်းဘုတ် ရေးတာက ပိုကောင်းတယ်ဆိုပြီး အပြစ်ပြောတတ်ကြတယ်။ တစ်ချို့ကတော့ မင်းက ပုံလည်း မဆွဲတတ်ဘူး။ ဟိုဘက်က တောင်နံရံမှာ ဆွဲနေတဲ့သူကမှ မင်းထက်စာရင် အများကြီး ကြည့်လို့ ကောင်းသေးတယ်။ အဲဒီလို လိုက်ဆွဲပါလား။ ငါတို့မှာလည်း မင်းတို့ဆွဲတဲ့ ပုံတွေကို တမင်သက်သက် လာကြည့်ရတာ။ မင်းတို့က အဲဒီလို တောင်ခြစ် မြောက်ခြစ်တွေ လုပ်နေတော့ အလကား ငါတို့အတွက် အချိန်ကုန်တာပဲ ရှိတယ်။ ငါတို့လည်း အကျိုးမရှိဘူး ဆိုပြီး ပစ်ပစ်ခါခါ ပြောတတ်ကြပါတယ်။ ပန်းချီဆရာ တွေကတော့ အောင့်သက်သက်နဲ့ နားထောင်ရတာပေါ့။
ပန်းချီဆရာတွေရဲ့ စိတ်ထဲမှာတော့ မကြည့်ချင်ရင် ပုံဆွဲတဲ့ အနား မလာနဲ့ပေါ့ကွာ လို့ ပြန်ပြောချင်ပါတယ်။ ဒါပေမယ့် အဲဒီလို ပြောပြန်ရင်လည်း ရိုင်းတယ် ဆိုပြီး ဝိုင်းသမ ခံရမယ်။ အားတဲ့အချိန် စိတ်ထဲပေါ်လာတာ ဆွဲတာပဲ။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ဂရုမစိုက်ဘူး လို့ ပြောမိပြန်ရင်လည်း မင်းတို့မှာ ပန်းချီဆရာ စိတ်ဓာတ် မရှိဘူး။ ငါတို့ကတော့ တကူးတက လာကြည့်ရတယ်။ ဒီကောင်တွေက ငါတို့ လာကြည့်တဲ့သူရဲ့ မျက်နှာကိုတောင် မထောက်ဘူး ဆိုပြီး အကွေျး ခံရတတ်ပါတယ်။
အဲဒီလို ရွာသားတွေနဲ့ တွေ့ရင်တော့ ပန်းချီဆရာတွေလည်း ဦးနှောက် စားပါတယ်။ ဆွဲလက်စ တောင်ခြစ် မြောက်ခြစ်ကိုပဲ ဆက်ခြစ် ရတော့မလို အားလုံးကြိုက်တဲ့ ပုံကိုပဲ လိုက်ဆွဲရတော့မလို ဖြစ်နေတတ် ပါတယ်။ ကိုယ်စိတ်မပါပဲ သူများကြိုက်တဲ့ ပုံ လိုက်ဆွဲ ရတာတော့ သိပ်မနိပ်ပါဘူး။ ဒါပေမယ့်လည်း ကိုယ့်ဆီ တကူးတက လာတဲ့ သူတွေကိုလည်း အားနာ ရပါသေးတယ်။
အဲဒီလိုနဲ့ ပန်းချီဆရာတွေ ဘာလုပ်ရမှန်း မသိ ဖြစ်နေတဲ့ အချိန်မှာ မုတ်ဆိတ်မွှေးဖြူဖြူနဲ့ တောင်ဝှေး တစ်ချောင်း ဆွဲထားတဲ့ အဖိုးအိုတစ်ဦး ရောက်လာပါတယ်။ ပန်းချီဆရာ တွေလည်း အဖိုးကြီးကို နေရာထိုင်ခင်း ကောင်းကောင်းပေးပြီး ခရီးကြို ပါတယ်။ စိတ်လက် မချမ်းမသာ ဖြစ်နေတဲ့ ပန်းချီဆရာတွေကို တွေ့တော့ အဖိုးကြီးက ဘာလို့ စိတ်မချမ်းသာတာလည်း မေးတယ်။ အဲဒီတော့ ပန်းချီဆရာတွေက အကြောင်းစုံ ရှင်းပြတယ်။ အဖိုးကြီးက ခပ်ပြုံးပြုံးနဲ့ ပန်းချီဆရာတွေနဲ့ အမေးအဖြေလုပ်တယ်။
အဖိုးအို။ ။“မင်းတို့ ဒီပုံတွေ ဘာလို့ ဆွဲနေတာလဲ။”
ပန်းချီဆရာ။ ။“အားတဲ့ အချိန် စိတ်ထွက်ပေါက် အနေနဲ့ ဆွဲနေတာပါ။”
အဖိုးအို။ ။“ကောင်းပြီ။ မင်းတို့ လူသိများ ထင်ရှားချင်လို့ ဆွဲနေတာ မဟုတ်ဘူးလား။”
ပန်းချီဆရာ။ ။“ကျွန်တော်တို့ ဆွဲတဲ့ပုံကို အခြားသူတွေ ကြိုက်ရင်တော့ ပျော်တာပေါ့ အဘရယ်။ အပင်ပန်းခံ ဆွဲထားရတာမဟုတ်လား။ လူသိများရင်လည်း ပျော်တာပေါ့။ ကျွန်တော်တို့လည်း သာမန် ပုထုဇဉ်တွေပဲ။”
အဖိုးအို။ ။“ဒါဆို လူကြိုက်များတဲ့ ပုံချည်းပဲ ဆွဲလို့ရော မဖြစ်ဘူးလား။”
ပန်းချီဆရာ။ ။“အဲဒါဆိုရင် ကျွန်တော်တို့ စိတ်ထွက်ပေါက် ကို ကိုယ့်ဘာသာကိုယ် ပြန်ပိတ်သလို ဖြစ်သွားမှာပေါ့။ ကျွန်တော်တို့ရဲ့ အနုပညာ လွတ်လပ်ခွင့် (Artistic Freedom) ပျောက်သွားမှာပေါ့။”
အဖိုးအို။ ။“ဒါဆိုလည်း ကိုယ့်ဘာသာကိုယ် ဆွဲချင်တဲ့ပုံ ဆွဲပေါ့ကွာ။”
ပန်းချီဆရာ။ ။“အဲဒီလို လုပ်ပြန်တော့လည်း အဝေဖန်ခံရတယ် အဘရဲ့။”
အဖိုးအို။ ။“လူတိုင်းက ဝေဖန်တာလား။”
ပန်းချီဆရာ။ ။“လူတိုင်းတော့ မဟုတ်ပါဘူး အဘရယ်။ တစ်ချို့လူတွေပေါ့။ သူတို့က မျက်စိ စပါးမွှေး စူးကြတယ်။”
အဖိုးအို။ ။“လူတိုင်းက မင်းတို့ကို ဝေဖန်တာမှ မဟုတ်ပဲကွာ။ ဘာကိစ္စ ခေါင်းထဲထည့် နေရမှာလဲ။ လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့ စကားလည်း ရှိတာပဲ။ လူတကာ ကြိုက်အောင် လုပ်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ မြည်းတစ်ကောင်နဲ့ သားအဖ နှစ်ယောက် ပုံပြင်လည်း မင်းတို့ ကြားဖူးမှာပေါ့။ ဘယ်လိုပဲ လုပ်လုပ် လူတွေရဲ့ အပြောက လွတ်မှာ မဟုတ်ဘူး။ အဲဒီတော့ ငါမင်းတို့ကို အကြံပေးချင်တာက ကိုယ့်ဘာသာကိုယ် ဆွဲစရာ ရှိတာဆွဲ။ ဘေးက လာဝေဖန်လို့ ဘာမှ စိတ်မကောင်း မဖြစ်နဲ့။ ကြိုက်တဲ့သူ ကြည့်လိမ့်မယ်။ မကြိုက်တဲ့သူ ကျော်သွားလိမ့်မယ်။ မင်းတို့ ဆွဲနေတဲ့ နေရာက အများပိုင် လမ်းမဘေးမှာ ဆွဲနေတာမှ မဟုတ်ပဲ။ တကူးတက လာကြည့်မှပဲ မြင်ရတာ။ လာကြည့်ပြီးမှ မကြိုက်ရင်လည်း ပြန်ပေစေပေါ့ကွာ။ တားလို့မှ မရတာ။ ကြိုက်တဲ့သူ နောက်တစ်ခေါက် ပြန်လာလိမ့်မယ်။ မင်းတို့ဘာသာ မင်းတို့ ဆွဲချင်ရာဆွဲတာ မင်းတိုကလွတ်လပ်ခွင့်။ လာကြည့်တာ မကြည့်တာက ကြည့်တဲ့ သူတွေရဲ့ လွတ်လပ်ခွင့်။ နာမည်ကြီးဖို့ တစ်ခုတည်း အတွက်တော့ စိတ်အပင်ပန်း ခံရတာ မတန်ပါဘူးကွာ။ အရေးကြီးတာတော့ ဘယ်သူဘာပြောပြော လျစ်လျူရှု နိုင်တဲ့ စိတ်ကလေး မွေးဖို့ပဲ။ အဲဒါမှလည်း မင်းတို့ရဲ့ စိတ်ထွက်ပေါက် မပိတ်ပဲ လုပ်ချင်ရာ လုပ်လို့ရမယ်။”
အဲဒီနေ့က စပြီး ပန်းချီဆရာတွေလည်း စိတ်ကူးတည့်ရာ ပုံပဲ ဆွဲပါတော့တယ်။ ကောင်းတဲ့ပုံ ရှိသလို မကောင်းတဲ့ပုံလည်း ရှိပါတယ်။ ဒါပေမယ့် ဘယ်သူ ဘာပြောပြော ဂရုမစိုက်တော့ပါဘူး။ အပြုသဘောနဲ့ ဝေဖန်တာတွေကို ကျေးဇူးတင် လက်ခံ ပေမယ့် အဖျက်သဘောနဲ့ ဝေဖန်တာတွေကိုတော့ အကုန် လျစ်လျူရှု ထားလိုက်ပါတယ်။ အဲဒီလို လုပ်တဲ့အတွက် ပန်းချီဆရာတွေကို ဝေဖန်တဲ့သူတွေ ပိုများလာပါတယ်။ ဒါပေမယ့် ပန်းချီဆရာတွေကတော့ ကိုယ်လုပ်ချင်ရာ လုပ်ရလို့ စိတ်ချမ်းသာ နေပါတော့တယ်။
(တောင်နံရံမှာ ပန်းချီဆွဲနေကြသော Blogsphere မှ မိတ်ဆွေသူငယ်ချင်းများနှင့် တကူးတက အချိန်ကုန်ခံ လာကြည့်ပြီး ဝေဖန်ကြသော စာဖတ်သူ များအတွက်)

Tuesday, January 27, 2009
ခံစားချက်တွေ နေတဲ့ကျွန်း
တစ်ခါတုန်းက ခံစားချက်တွေ စုပေါင်းနေထိုင်ကြတဲ့ ကျွန်းကလေး တစ်ကျွန်း ရှိတယ်။ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်း၊ အသိပညာ နဲ့ ချစ်ခြင်းမေတ္တာ အပါအဝင် အခြားသော ခံစားချက်တွေဟာ အဲဒီကျွန်းမှာ နေထိုင်ကြတာပေါ့။ တစ်နေ့မှာတော့ အဲဒီကျွန်းကလေးဟာ သမုဒ္ဒရာရဲ့ ကြမ်းပြင်ကို မကြာခင်နစ်မြုပ်တော့မယ် ဆိုတဲ့ ကြေငြာချက်ကို ခံစားချက်တွေ အားလုံးကြားလိုက် ကြရတယ်။
အဲဒီအခါမှာ ခံစားချက်တွေအားလုံးက သူတို့ရဲ့ လှေတွေနဲ့အတူ ကျွန်းကလေးကနေ ခွာဖို့ ပြင်ဆင် တော့တာပေါ့။ ချစ်ခြင်းမေတ္တာကတော့ တစ်ဦးတည်း ကျန်နေခဲ့လေတယ်။ သူမကတော့ ကျွန်းကလေးကို တတ်နိုင်သမျှ နောက်ဆုံးအချိန်အထိ စောင့်ရှောက် သွားချင်တယ်။ ကျွန်းကလေးဟာ ရေအောက်ကို လုံးဝနီးပါး နစ်မြုပ် သွားတော့မယ့် အချိန်ကို ရောက်တော့ ချစ်ခြင်းမေတ္တာဟာ သူမထွက်ခွာဖို့ အချိန်ရောက်ပြီလို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါနဲ့ သူမဟာ အကူအညီ တောင်းခံနိုင်မယ့် တစ်စုံတစ်ဦးကို လိုက်ရှာလေတော့တယ်။
အဲဒီအချိန်မှာပဲ ချမ်းသာကြွယ်ဝခြင်းဟာ သူ့ရဲ့ ခမ်းနားကြီးကျယ်တဲ့ လှေတစ်စင်းနဲ့ အတူ ဖြတ်သန်းသွားတယ်။ သူမက “ချမ်းသာကြွယ်ဝခြင်းရေ။ ကျွန်မ ရှင့်ရဲ့လှေနဲ့ အတူ လိုက်ခဲ့လို့ ရမလား။” လို့ လှမ်းမေးတယ်။ ချမ်းသာကြွယ်ဝခြင်းက “ဝမ်းနည်းပါတယ်။ ငါ့ရဲ့လှေထဲမှာ ရွှေတွေ ငွေတွေပြည့်နေလို့ မင်းအတွက် နေရာမရှိဘူး။ ” လို့ ပြန်ဖြေလေတယ်။
အဲဒါနဲ့ ချစ်ခြင်းမေတ္တာဟာ အနီးအနားကနေ လှပတဲ့ လှေတစ်စင်းနဲ့ ဖြတ်သန်းသွားတဲ့ ပကာသန ကို အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ချစ်ခြင်းမေတ္တာက ငိုယိုရင်း “ပကာသနရေ။ ကျွန်မကို ကယ်ပါဦး။” လို့လှမ်းအော်တယ်။ အဲဒီအခါမှာ ပကာသနက “မင်းတစ်ကိုယ်လုံး စိုရွှဲနေတာပဲ။ ငါ့ရဲ့ လှေ မင်းကြောင့် ပျက်စီးသွားလိမ့်မယ်။ ” လို့ ပြန်ပြောလေတယ်။
နောက်တစ်ခါတော့ ချစ်ခြင်းမေတ္တာဟာ ဝမ်းနည်းကြေကွဲခြင်း ဖြတ်သန်းသွားတာကို မြင်ရတယ်။ “ဝမ်းနည်းကြေကွဲခြင်းရေ။ ငါမင်းနဲ့အတူ လိုက်ပါရစေ၊” လို့ ပြောတော့ ဝမ်းနည်းကြေကွဲခြင်းက “ဆောရီးပဲ ချစ်ခြင်း မေတ္တာရေ။ ဒါပေမယ့် ငါအခုအချိန်မှာ တစ်ယောက်တည်းနေဖို့ လိုအပ်နေတယ်။” လို့ ပြန်ပြောပါတယ်။
အဲဒီနောက်မှာ ချစ်ခြင်းမေတ္တာဟာ ပျော်ရွှင်ခြင်းကို လှမ်းမြင်တယ်။ ချစ်ခြင်းမေတ္တာက “ပျော်ရွှင်ခြင်းရေ။ ငါ့ကို မင်းနဲ့အတူ ခေါ်သွားပါ၊ ” လို့ လှမ်းအော်တယ်။ ဒါပေမယ့် ပျော်ရွှင်ခြင်းက အပျော်လွန်နေတာကြောင့် သူမခေါ်တာကို မကြားပဲ ဆက်ထွက်သွားတယ်။
ချစ်ခြင်းမေတ္တာဟာ စတင်ပြီး ငိုကြွေးပါတော့တယ်။ အဲဒီအချိန်မှာပဲ “ချစ်ခြင်းမေတ္တာရေ။ လာခဲ့။ မင်းကို ငါနဲ့အတူခေါ်သွားမယ်။” ဆိုတဲ့ အသံတစ်သံကို သူမကြားရတယ်။ အဲဒါဟာ အဖိုးအိုအရွယ် ခံစားမှုတစ်ခု ဖြစ်ပြီး ချစ်ခြင်းမေတ္တာဟာ အလွန်ပဲ စိတ်ချမ်းသာပြီး အပျော်လွန်သွားတာနဲ့ အဖိုးအိုရဲ့ နံမည်ကို မေးဖို့ မေ့သွားတယ်။ သူတို့ဟာ ကုန်းမြေကို ရောက်တဲ့အခါမှာ အဖိုးအိုက သူမကို ချခဲ့ပြီး ခရီးဆက် ထွက်သွားတယ်။ ချစ်ခြင်းမေတ္တာဟာလည်း သူမအပေါ် အဖိုးအိုရဲ့ ကျေးဇူးကြီးမားပုံကို အဲဒီအခါမှ သတိပြုမိလေတယ်။
အဲဒါနဲ့ ချစ်ခြင်းမေတ္တာဟာ အသိပညာ ကို ရှာပြီး “ကျွန်မကို ကူညီခဲ့တာ ဘယ်သူလဲရှင်။” လို့မေးတော့ “အဲဒါ အချိန်ပဲ။” လို့ အသိပညာက ပြန်ဖြေလေတယ်။ “ဒါပေမယ့် အခြား ခံစားမှုတွေအားလုံးက ကျွန်မကို မကယ်ဆယ်တဲ့ အချိန်မှာ သူက ဘာလို့ ကယ်ဆယ် ခဲ့တာလဲ။” လို့ ချစ်ခြင်းမေတ္တာက မေးပြန်တယ်။ အသိပညာက ပြုံးပြီး သူ့ရဲ့ လေးနက်တဲ့ အမြော်အမြင်နဲ့ “ဘာလို့လဲဆိုတော့ ချစ်ခြင်းမေတ္တာရဲ့ ကြီးကျယ် ခမ်းနားမှုကို နားလည်နိုင်တဲ့သူဟာ အချိန် တစ်ဦးတည်းပဲ ရှိလို့ပေါ့။” လို့ အရိုးခံအတိုင်း ပြန်ဖြေလိုက်လေတော့တယ်။
(Source: http://www.touchinglovestories.com/timeunderstandslove.htm)

Saturday, January 17, 2009
မိမိကိုယ်ကို လှည့်ဖြားခြင်း
လူ့သဘာဝ၏ တစိတ်တဒေသမှာ အခြားသူများ အပေါ်တွင် ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသော်လည်း မိမိတို့အလှည့်သို့ ရောက်သောအခါတွင် မိမိဘာသာ အလုပ်မဟုတ်ခြင်းအတွက် ကိုယ့်ဘာသာကိုယ် ဆင်ခြေဆင်လက်ရှာဖွေ တတ်ကြသည်။ သို့မဟုတ် အခြားသူများ အပေါ်တွင် အပြစ်တင်လေ့ရှိကြသည်။ အောက်ပါပုံပြင်သည် ကျွန်တော် ဆိုလိုချင်သော အကြောင်းအရာကို ခြယ်မှုန်းဖော်ပြထားသည်။
ခြေမြန်တော် တစ်ယောက်အား အလွန်အရေးကြီးသော တာဝန်တစ်ရပ်ဖြင့် အလွန် ဝေးလံသော မြို့တစ်မြို့သို့ စေလွှတ်ခဲ့သည်။ သူသည် သူ၏မြင်းကို ကုန်းနှီးပြင်ပြီး ဒုန်းစိုင်းထွက်ခဲ့လေသည်။ ပုံမှန်အားဖြင့် တိရိစ္ဆာန်များကို အစာကွေျးရန် ရပ်နားလေ့ရှိသော ညအိပ်ထမင်းဆိုင် အချို့ကို ဖြတ်သန်းပြီးသောအခါတွင် မြင်းက
“ငါတို့ဟာ ဘယ်မြင်းဇောင်းမှာမှ အစာစားဖို့မရပ်နားဘူး။ အဲဒါ ဘာကို ဆိုလိုသလဲ ဆိုတော့ ငါ့ကို မြင်းတစ်ကောင်လို့ သဘောမထားဘူး။ လူတစ်ယောက်လို့ သဘောထားတယ်။ အဲဒီတော့ အခြားလူတွေလိုမျိုးပဲ နောက်ထပ် မြို့ကြီးတစ်မြို့ကို ရောက်ရင် အစာစားရမှာပဲ။” ဟုတွေးသည်။
သို့သော် မြို့ကြီး အများအပြားကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်ခဲ့သော်လည်း သူ့ကို စီးနှင်းလာသောသူသည် ဆက်လက်၍ ခရီးနှင်နေသည်။ ထိုအခါတွင် မြင်းက “တကယ်တော့ ငါလူအဖြစ်ကို ပြောင်းသွားတာ မဟုတ်လောက်ဘူး။ နတ်တစ်ပါး အဖြစ်ကို ပြောင်းသွားတာ ဖြစ်မယ်။ ဘာလို့လဲဆိုတော့ နတ်တွေက အစာစားစရာ မလိုဘူးလေ။” ဟု ဆက်၍ တွေးပြန်သည်။
နောက်ဆုံးတွင် သူတို့၏ ခရီးဆုံးသို့ရောက်ရှိပြီး မြင်းကို မြင်းဇောင်းသို့ ခေါ်သွားလေသည်။ မြင်းသည် ထိုနေရာတွင်တွေ့ရသော ကောက်ရိုးများကို လောဘတကြီးစားရင်း သူ့ဘာသာသူ ပြန်ပြောမိသည်မှာ
“ငါတို့ မျှော်လင့်ထားတဲ့ အရာတွေဟာ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါမှာ ဒါတွေဟာ ပြောင်းလဲသွားပြီလို့ ဘာဖြစ်လို့ အလွယ်တကူ ယုံကြည်လိုက်ကြတာလဲ။ တကယ်တော့ ငါဟာ လူလည်း မဟုတ်ဘူး။ နတ်လည်း မဟုတ်ဘူး။ ဗိုက်ဆာနေတဲ့ မြင်းတစ်ကောင်ပါပဲ။” ဟူ၍ ဖြစ်လေသည်။
(Paulo Coelho ၏ Like the flowing River: Thoughts and Reflection မှ Self-Deception ကို ပြန်ဆိုထားပါသည်။)

Tuesday, January 13, 2009
ဒဏ္ဍာရီဆန်ဆန် အချစ်ပုံပြင်
စန်တီယာဂိုသွား ဘုရားဖူးတစ်ဦးဖြစ်သော မာရီယာ အယ်မလီယာ ဗော့စ်က အောက်ပါပုံပြင်ကို ပြန်ပြောပြသည်။
ဘီစီ ၂၅၀ ခုနှစ်ခန့်က ရှေးခေတ်တရုတ်ပြည်တွင် သင်းဒါး (Thing-Zda) နယ်မှ မင်းသားတစ်ပါးကို ဘုရင်အဖြစ် တင်မြှောက်ခါနီး အချိန်ဖြစ်သည်။ ဥပဒေအရ မင်းသားသည် ပထမဆုံး အိမ်ထောင်ပြုရမည် ဖြစ်သည်။
အိမ်ထောင်ပြုခြင်းသည် အနာဂတ်အတွက် မိဘုရား ရွေးချယ်သည် ဆိုသည့် အဓိပ္ပါယ် ရသဖြင့် မင်းသားအနေနှင့် သူ့အတွက် လုံးဝ ယုံကြည် စိတ်ချရမည့် အမျိုးသမီးငယ် တစ်ဦးကို ရှာဖွေရန် လိုအပ်ပေသည်။ ပညာရှိကြီး တစ်ဦး၏ အကြံပေးချက်အရ အထိုက်တန် ဆုံးသော သတို့သမီးလောင်း ကို ရွေးချယ်နိုင်ရန် ထိုနယ်မြေမှ အမျိုးသမီးငယ် အားလုံးကို ဆင့်ခေါ်ရန် ဆုံးဖြတ်လိုက်သည်။
နန်းတော် အတွင်းတွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သော အမျိုးသမီးကြီး တစ်ဦးသည် ထိုသို့ စုဝေးရန် ပြင်ဆင်သည်ကို ကြားရသော အခါတွင် မင်းသားအား တိတ်တခိုး ချစ်မြတ်နိုးနေသော သူမ၏ သမီးအတွက် စိတ်မကောင်း ဖြစ်သွားရသည်။
အမျိုးသမီးကြီးသည် အိမ်သို့ ပြန်ရောက်ချိန်တွင် သူမ၏ သမီးအား ပြန်လည် ပြောပြသော အခါ သမီးဖြစ်သူက နန်းတော်သို့ သွားမည်ဟု ပြောသဖြင့် အံ့သြတုန်လှုပ် သွားသည်။
အမျိုးသမီးကြီးက စိတ်ဓာတ်ကျစွာ ပြောသည်။
“သမီး အဲဒီနေရာမှာ ဘာသွားလုပ်မှာလဲ။ နန်းတော်ထဲက အချမ်းသာဆုံး နဲ့ အချော အလှဆုံး ဆိုတဲ့ မိန်းကလေးတွေ အားလုံးက အဲဒီမှာ ရှိနေမှာ။ အတော်ရယ်ရတဲ့ အကြံအစည်ပဲ။ သမီး ဝမ်းနည်းပက်လက် ခံစားနေရတာ အမေ သိတယ်။ ဒါပေမယ့် အဲဒီလို ခံစားနေရ တာကို အရူးထတာ အဖြစ်တော့ ပြောင်းမပစ်နဲ့။”
“အမေရယ်။ သမီး ဝမ်းနည်းပက်လက် ခံစားနေရတာ မဟုတ်သလို အရူးထတာလဲ မဟုတ်ပါဘူး။ သမီးကို ရွေးချယ်မှာ မဟုတ်ဘူး ဆိုတာကို သိထားပါတယ်။ ဒါပေမယ့် အနည်းဆုံးကတော့ မင်းသားနဲ့ အနီးကပ်ဆုံး နေရာမှာ ခဏတဖြုတ် ကလေး နေနိုင်မှာပါ။ အဲဒီ အခွင့်အလမ်းက သမီးမှာ ဒီတစ်ခါတည်းပဲ ရမှာမို့ပါ။ အဲဒီအတွက် သမီးပျော်ရမယ်။ သမီးအတွက် ဆိုးရွားတဲ့ ကံကြမ္မာက စောင့်မျှော်နေတယ် ဆိုတာကို သိပါတယ်။” ဟု သမီးဖြစ်သူက ပြန်ပြောသည်။
ထိုညတွင် မိန်းကလေးသည် နန်းတော်သို့ ရောက်သွားသော အခါတွင် အချော အလှဆုံး ဆိုသော မိန်းကလေးများမှာ ထိုနေရာတွင် အမှန်တကယ်ပင် ရှိနေသည်။ သူတို့သည် အလှအပဆုံးသော အဝတ်အစားများနှင့် အလှအပဆုံးသော လက်ဝတ်ရတနာများကို ဝတ်ဆင် ထားကြပြီး အခွင့်အရေးကို ပေးအပ် လာပါက ရသည်နည်းဖြင့် မလွတ်တမ်း ရယူနိုင်ရန် ပြင်ဆင် ထားကြသည်။
မင်းသားက သူ၏ မှူးမတ်များကို ခြံရံ၍ ပြိုင်ပွဲကို အောက်ပါအတိုင်း ကြေငြာသည်။
”အခုလာသမျှ မိန်းကလေးတွေ အားလုံးကို သစ်စေ့ တစ်စေ့စီ ပေးမယ်။ နောက် ၆ လ ကြာတဲ့ အခါမှာ ကျွနု်ပ်ဆီကို ချစ်စရာ အကောင်းဆုံး ပန်းပွင့်တစ်ပွင့် ယူလာနိုင်တဲ့ မိန်းကလေးဟာ အနာဂတ် တရုတ်ပြည်ရဲ့ မိဖုရား ဖြစ်မှာပဲ။”
မိန်းကလေးသည် သူမ၏ သစ်စေ့ကို ယူသွားပြီး ပန်းအိုး တစ်အိုးတွင် စိုက်ပျိုးသည်။ သူမသည် ပန်းပင်စိုက်သည့် အနုပညာတွင် ကျွမ်းကျင်သူမဟုတ်ပေ။ သို့သော် သူမသည် မြေကြီးတို့ကို အလွန်ပင် စိတ်ရှည်စွာနှင့် နူးညံ့ ညင်သာစွာ ပြင်ဆင်သည်။ သူမအနေနှင့် ပန်းပွင့်သည် သူမ၏ အချစ်နှင့် ထပ်တူထပ်မျှ ကြီးထွား လာလိမ့်မည်ဟု ယုံကြည်၍ ရလာဒ်အတွက် စိတ်ပူစရာ မလိုဟု ယူဆသောကြောင့် ဖြစ်သည်။
သုံးလ ကုန်ဆုံးသွားသော်လည်း အညှောင့်တစ်ခုမျှပင် ထွက်မလာပေ။ မိန်းကလေးသည် သူမ တတ်နိုင်သမျှ ကြိုးစားသည်။ သူမသည် လယ်သမား ယာသမားတို့နှင့် တိုင်ပင် သောအခါ သူတို့က သူမအား စိုက်ပျိုးနိုင်မည့် နည်းလမ်းမျိုးစုံ တို့ကို ပြသကြသည်။ သို့သော် မည်သည့် နည်းလမ်းမျှ မအောင်မြင်ပေ။ သူမ အတွက် နေ့ရက်ကြာလာသည် နှင့်အမျှ သူမ၏ အိပ်မက်မှာ တစ်စထက်တစ်စ ဝေးကွာ သွားသလို ခံစားရသည်။ သို့သော် သူမ၏ အချစ်ကတော့ အမြဲတမ်း ရှင်သန်နေဆဲပင် ဖြစ်သည်။
နောက်ဆုံးတွင်တော့ ခြောက်လပြည့်သွားခဲ့သည်။ သို့သော် သူမ၏ ပန်းအိုးထဲတွင် မည်သည့် အပင်မျှ ပေါက်မလာခဲ့ပေ။ သူမတွင် ဘာမျှ ပြစရာမရှိသော်လည်း ထိုအချိန် ကာလအတွင်း ကြိုးစား အားထုတ်မှု နှင့် အာရုံစူးစိုက် နှစ်မြှုပ်မှု မည်ရွေ့မည်မျှ အသုံးချ ထားခဲ့သည်ကို သူမဘာသာပင် သိသည်။ ထို့ကြောင့် ချိန်းဆိုထားသောနေ့ နှင့် ချိန်းဆိုထားသော နာရီအချိန်တွင် နန်းတော်သို့ ပြန်သွားမည်ဟု သူမ၏ မိခင်ကို ပြောသည်။ သူမ၏ ရင်တွင်းကမူ ဤအချိန်သည် သူမ၏ အချစ်မြတ်နိုးဆုံးသောသူနှင့် နောက်ဆုံးအကြိမ် တွေ့ရမည့် အချိန်ဖြစ်သည်ကို သိနေသည်။ ကမ္ဘာပေါ်ရှိ မည်သည့် အရာနှင့်မျှ လဲလှယ်၍ မရသော အချိန်ဖြစ်၍ သူမအနေနှင့် လက်လွတ် မခံနိုင်ပေ။
ထိုနေ့အတွက် ဧည့်ပရိသတ်သည် စုဝေးရောက်ရှိ လာခဲ့သည်။ မိန်းမငယ်သည် သူမ၏ အပင်မပေါက်သော ပန်းအိုးနှင့်အတူ ရောက်လာခဲ့ပြီး အခြားယှဉ်ပြိုင်သူများ အားလုံးမှာမူ အံ့သြဖွယ်ရာကောင်းလောက်သော ရလာဒ်များ ရရှိလာခဲ့သည်ကို တွေ့မြင်ရသည်။ မိန်းကလေးတိုင်းသည် အခြား မိန်းကလေးများ၏ ပန်းပွင့်ထက် ပို၍ ချစ်စရာ ကောင်းသော ပန်းပွင့်များကို ယူဆောင် လာကြသည်။ ပန်းပွင့်များမှာ ပုံသဏ္ဌန် အမျိုးစုံ၍ အရောင်အသွေးလည်း စုံလှသည်။
နောက်ဆုံးတွင် အားလုံး မျှော်လင့်တောင့်တ နေကြသော အချိန်သို့ ရောက်ရှိလာခဲ့သည်။ မင်းသား ရောက်ရှိလာခဲ့ပြီး ယှဉ်ပြိုင်သည့် မိန်းကလေး အားလုံးတို့၏ ပန်းပွင့်များကို အလွန်ပင် ညင်ညင်သာသာနှင့် ဂရုတစိုက် စစ်ဆေးသည်။ အားလုံးကို စစ်ဆေးပြီးသော အခါတွင် သူသည် နောက်ဆုံး ရလာဒ်ကို ကြေငြာပြီး ထိုရလာဒ်မှာ နန်းတွင်းအမှုထမ်း၏ သမီး မိန်းကလေးကို သူ၏ ကြင်ယာတော ်အသစ်အဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ထိုနေရာတွင် ရှိနေသော အခြား မိန်းကလေးများ အားလုံးက စတင်၍ ကန့်ကွက် ကြသည်။ မင်းသားသည် မည်သည့်ပန်းကိုမှ ပေါက်အောင် မစိုက်ပျိုးနိုင်ခဲ့သော တစ်ဦးတည်းသော မိန်းကလေးကို ရွေးချယ်သည့် အတွက်ကြောင့် ဖြစ်သည်။
ထိုအခါမှ မင်းသားက သူပြုလုပ်သော ပြိုင်ပွဲ၏ နောက်ကွယ်မှ ကျိုးကြောင်းဆက်စပ် တွေးခေါ်ပုံကို ရှင်းပြသည်။
“ဒီမိန်းကလေးတစ်ယောက်တည်းကသာ အနာဂတ် မိဖုရားအတွက် ထိုက်တန်တဲ့ ပန်းပွင့်ကို စိုက်ပျိုး နိုင်ခဲ့တယ်။ အဲဒါကတော့ ရိုးသားမှု ပန်းပွင့်ပဲ။ ကျွနု်ပ်ပေးလိုက်တဲ့ သစ်စေ့တွေ အားလုံးဟာ မြုံနေတဲ့ သစ်စေ့တွေ ချည်းပဲ။ အဲဒီ သစ်စေ့တွေကနေ ဘာပင်မှ ပေါက်အောင် စိုက်လို့ ရမှာ မဟုတ်ဘူး။”
(Paulo Coelho ၏ Like the flowing River: Thoughts and Reflection မှ A Fairy Tale ကို ပြန်ဆိုထားပါသည်။)

Monday, January 5, 2009
Blue Mountains က ကျောက်တုံး ၃ တုံး
ကျွန်တော် သြစတေးလျသို့ ရောက်ရှိပြီး နောက်တစ်နေ့မှာပင် ကျွန်တော်၏ ထုတ်ဝေသူက ဆစ်ဒနီမြို့အနီးရှိ သဘာဝဥယျာဉ် တစ်ခု သို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာရှိ သစ်တောအုပ်တစ်ခု၏ အလယ်တွင် Blue Mountains ဟု ခေါ်သော နေရာတစ်နေရာ ရှိပြီး ထိုနေရာတွင် မျက်နှာလေးဖက်ရှိ ထိပ်ချွန် မော်ကွန်းကျောက်တိုင် (Obelisk) ပုံဖြစ်နေသော ကျောက်တုံး ၃ တုံးရှိသည်။

(Image Source: wikimedia.org)
“သူတို့ဟာ တကယ်တော့ ညီအစ်မ ၃ ယောက်ဖြစ်တယ်။ ” ဟု ကျွန်တော်၏ ထုတ်ဝေသူက ဆိုသည်။ ထို့နောက် ကျွန်တော့်အား အောက်ပါ ပုံပြင်ကို ပြောပြသည်။
နတ်ဆရာတစ်ယောက်သည် သူ၏ ညီမသုံးယောက်နှင့်အတူ လမ်းလျှောက် ထွက်လာကြသည်။ ထိုအချိန်တွင် ထိုခေတ်ကာလက အကြော်ကြားဆုံးသော စစ်သည်တော်တစ်ဦးက သူတို့ကို ချဉ်းကပ်လာပြီး ပြောသည်။
“ ကျွန်တော် ဒီချစ်စရာကောင်းတဲ့ မိန်းကလေးတွေထဲက တစ်ယောက်ကို လက်ထပ်ပါရစေ။”
“အကယ်၍ သူတို့ထဲက တစ်ယောက်က လက်ထပ်မယ်ဆိုရင် အခြားနှစ်ယောက်က သူတို့ဘာသာ သူတို့ ရုပ်ဆိုးတယ်လို့ ထင်သွားကြမယ်။ ကျွန်တော်ရှာနေတာက စစ်သည်တော်တွေကို ဇနီး ၃ဦး ရှိခွင့်ပေးတဲ့ လူမျိုးစုပဲ။” ဟု နတ်ဆရာက ပြန်လည်ဖြေကြား၍ ဆက်လက်ထွက်ခွာသွားသည်။
နှစ်ပေါင်းများစွာ ကြာသည်အထိ နတ်ဆရာသည် သြစတေးလျတိုက်ကို လှည့်ပတ်သွားသော်လည်း သူရှာနေသော လူမျိုးစုကို မတွေ့ရှိခဲ့ပေ။
သူတို့အားလုံး အသက်ကြီးလာပြီး လမ်းများစွာ လျှောက်ရခြင်းကြောင့် ပင်ပန်းလာသော အချိန်တွင် ညီအစ်မ ၃ယောက်ထဲမှ တစ်ယောက်ကပြောသည်။
“တကယ်တော့ ငါတို့ထဲက တစ်ယောက်ယောက်တော့ အနည်းဆုံး ပျော်ရွှင်မှု ရခဲ့သင့်တယ်။”
“ငါမှားသွားတယ်။ ဒါပေမယ့် အခုတော့ သိပ်နောက်ကျသွားပြီ။ ” ဟု နတ်ဆရာက ပြန်ပြောသည်။
ထို့နောက်သူသည် ညီအစ်မ ၃ ယောက်ကို ကျောက်တုံးကြီး ၃ တုံးအဖြစ် ပြောင်းလဲလိုက်သည်။ တစ်စုံတစ်ယောက်၏ ပျော်ရွှင်မှုသည် အခြားသူတို့၏ စိတ်မချမ်းသာမှု မဟုတ်ကြောင်း အနီးအနားမှ ဖြတ်သွားသောသူတို့ သိရှိနားလည် စေရန်အတွက် ဖြစ်သည်။
(Paulo Coelho ၏ Like the flowing River: Thoughts and Reflection မှ In the Blue Mountains ကို ပြန်ဆိုထားပါသည်။)

Saturday, January 3, 2009
တရားထိုင်ခြင်းတွင် ကြောင်၏ အရေးပါပုံ
ပေါ်လိုကိုရယ်လ်ဟို(Paulo Coelho)ဟာ ရူးသွပ်ခြင်းအကြောင်း ရေးသားထားတဲ့ “ဗာရိုနီကာ သေဖို့ ဆုံးဖြတ်ခြင်း (Veronika Decide to Die)” ဆိုတဲ့ စာအုပ်ကို ရေးနေတဲ့ အချိန်တုန်းက သူ့ဘာသာသူ အတင်းအကြပ် မေးခွန်းတွေ ထုတ်ပါတယ်။ ကျွန်တော်တို့ အခုလက်ရှိ လုပ်နေတဲ့ အလုပ်တွေထဲက ဘယ်နှစ်ခုဟာ တကယ် လိုအပ်တဲ့ အရာတွေလည်း ဘယ်နှစ်ခုကတော့ ရယ်စရာ ကောင်းတဲ့ အပြုအမူ တွေလည်း ဆိုတာကိုပါ။ ကျွန်တော်တို့ ဘာဖြစ်လို့ နက်တိုင်တွေ ဝတ်ကြတာလဲ။ ဘာဖြစ်လို့ နာရီတွေဟာ လက်ယာရစ် လည်ရတာလဲ။ ကျွန်တော်တို့ဟာ ဆယ်လီစိတ် ဂဏန်းတွေနဲ့ အမြဲထိတွေ့နေပေမယ့်လည်း ဘာလို့ တစ်ရက်မှာ မိနစ် ၆၀ စီရှိတဲ့နာရီ ၂၄ နာရီ ရှိနေရတာလဲ စသည်ဖြင့်ပေါ့။
တကယ်တမ်းမှာတော့ ကျွန်တော်တို့ ဒီနေ့လိုက်နာနေတဲ့ လူမှုကျင့်ဝတ် အတော်များများမှာ အခြေအမြစ် ခိုင်ခိုင်မာမာ မရှိပါဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့ အဲဒီ ကျင့်ဝတ်တွေကို မလိုက်နာပဲ တစ်ခြားသောနည်းနဲ့ နေထိုင် ပြုမူမယ် ဆိုရင် အရူး ဒါမှမဟုတ် မရင့်ကျက်သူလို့ သမုတ်ခံရတတ်ပါတယ်။
ဒီအတိုင်း ဆက်သွားကြမယ် ဆိုရင်တော့ လူ့အဖွဲ့အစည်းဟာ နောင်အချိန်တွေ ကြာလာတဲ့အခါမှာ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ စနစ်တစ်ခုကို ဖြစ်ပေါ်လာ စေမှာပါ။ ဒါပေမယ့်လည်း သူတို့ရဲ့ စည်းမျဉ်းစည်းကမ်း တွေကိုတော့ ကျွန်တော်တို့အပေါ်ကို ချမှတ်နေဦးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ ဂျပန် ပုံပြင်ကလေး တစ်ပုဒ်က သူ့ရဲ့ အယူအဆကို ခြယ်မှုန်းပြ ထားပါတယ်။
မာယုကာဂီ ဇင်ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင် ဇင်မာစတာကြီးမှာ သူ့ဘဝအတွက် အချစ်ရဆုံး ကြောင်တစ်ကောင် ရှိပါတယ်။ ကြောင်ကလေး သူ့နံဘေးမှာ ရှိနေရင် စိတ်ချမ်းသာတဲ့အတွက် သူ့နံဘေးမှာ အမြဲလိုလို ရှိနေအောင် တရားထိုင်တဲ့ သင်တန်းတွေမှာ သူဟာ ကြောင်ကို နံဘေးမှာ ခေါ်ထားလေ့ ရှိပါတယ်။
တစ်မနက်မှာတော့ အလွန်အိုမင်းနေပြီဖြစ်တဲ့ ဇင်မာစတာကြီးဟာ သေဆုံးနေတာကို တွေ့ရပါတယ်။ သူ့ရဲ့ အကြီးဆုံးတပည့်က သူ့နေရာကို ဆက်ခံပါတယ်။
“ငါတို့ ကြောင်ကို ဘယ်လိုလုပ်ကြမလဲ။” လို့ တစ်ခြား ဘုန်းကြီးတွေက ဝိုင်းပြီး မေးကြပါတယ်။ သူ့ရဲ့ အရင် ဆရာဟောင်းကို သတိရ အလေးအမြတ်ပြုတဲ့ အနေနဲ့ မာစတာ အသစ်ဟာလည်း ကြောင်ကို သူ့ရဲ့ ဇင်ဗုဒ္ဓဘာသာ သင်တန်းတွေမှာ ဆက်လက် တက်ရောက် စေပါတယ်။
အနီးအနားမှာ ရှိတဲ့ အခြား ဘုန်းကြီးကျောင်းတွေမှာ ဒေသအတွင်း လှည့်ပတ် သွားလာနေတဲ့ တပည့်ဘုန်းကြီးတွေ ရှိပါတယ်။ သူတို့ဟာ ဒီဒေသမှာ ရှိတဲ့ အကျော်ကြားဆုံး ဘုန်းကြီးကျောင်းမှာ တရားထိုင်တိုင်း ကြောင်တစ်ကောင် အမြဲပါနေတယ်ဆိုတာကို တွေ့သွားကြ ပါတယ်။ နောက်တော့ အဲဒီသတင်းစကားဟာ ပျံ့နှံ့သွားပါတယ်။
နှစ်ပေါင်းများစွာကြာတဲ့ အခါမှာတော့ ကြောင်ကလေးဟာ သေဆုံးသွားပါတယ်။ ဒါပေမယ့် ဘုန်းကြီးကျောင်းက သင်တန်းသား ဘုန်းကြီးတွေက ကြောင်ကလေး တစ်ကောင် ရှိမနေရင် မနေတတ် တော့တဲ့ အတွက် နောက်ထပ် ကြောင်တစ်ကောင်ကို ထပ်မွေးကြပါတယ်။ အဲဒီအချိန်မှာ အခြားဘုန်းကြီးကျောင်း တွေကလည်း သူတို့ရဲ့ တရားထိုင်တဲ့ သင်တန်းတွေမှာ ကြောင်တွေကို စတင်ခေါ်ဆောင် လာကြပါတယ်။ သူတို့အနေနဲ့ မာယုကာဂီ ဘုန်းကြီးကျောင်းရဲ့ ထင်ရှားကျော်စောမှုနဲ့ အရည်အသွေး ကောင်းမွန်တဲ့ သင်ကြားမှုမှာ ကြောင်ဟာ တကယ်အရေးပါတဲ့ သတ္တဝါအနေနဲ့ ယုံကြည်ကြပါတယ်။ ယခင်ကရှိခဲ့တဲ့ ဇင်မာစတာကြီးဟာ အသင်အပြ အလွန်ကောင်းတဲ့ ဆရာကောင်းတစ်ယောက် ဆိုတာကို မေ့လျော့လာပါတယ်။
မျိုးဆက်တွေ အဆင့်ဆင့် ကူးပြောင်းလာပြီးတဲ့ နောက်မှတော့ ဇင်ဗုဒ္ဓဘာသာဝင် တွေရဲ့ တရားထိုင်ခြင်းမှာ ကြောင်ရဲ့ အရေးပါပုံကို နည်းလမ်းတကျ ရှာဖွေသဘောတူပြီး စတင် ရေးသားထုတ်ဝေ လာခဲ့ပါတယ်။ တက္ကသိုလ် ပါမောက္ခတစ်ယောက်က ပညာရှင် အသိုင်းအဝိုင်းက လက်ခံတဲ့ စာတမ်းတစ်ခု ကို ပြုစုပါတယ်။ အဲဒီစာတမ်းမှာ ကြောင်ဟာ အာရုံစူးစိုက်မှုကို ပိုကောင်းစေပြီး လူရဲ့ မကောင်းတဲ့ စွမ်းအင်တွေကို စွန့်ထုတ်ပေးဖို့ ဖြစ်တယ် လို့ ဆိုထားပါတယ်။
အဲဒါကြောင့် ရာစုနှစ်တစ်ခုလောက်အထိ အဲဒီဒေသမှာ ကြောင်ဟာ ဇင်ဗုဒ္ဓဘာသာကို လေ့လာတဲ့နေရာမှာ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု အဖြစ် ယူဆထား ကြပါတယ်။
တစ်နေ့တော့ ကြောင်မွှေးတွေနဲ့ မတည့်ပဲ ယားယံတတ်တဲ့ ဇင်မာစတာတစ်ယောက် ရောက်လာပါတယ််။ သူဟာ သူ့တပည့်တွေနဲ့ နေ့စဉ်တရားကျင့်ရာမှာ ကြောင်ကို ဖယ်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အားလုံးက ဝိုင်းကန့်ကွက်ကြပေမယ့် မာစတာကြီးက အလျှော့မပေးပါဘူး။ ဒါပေမယ့် သူဟာ ဘုရားပေးတဲ့ ဆုလာဒ်လို အသင်အပြကောင်းတဲ့ ဆရာတစ်ပါး ဖြစ်တဲ့အတွက် တပည့်တွေဟာ ကြောင်မရှိပေမယ့်လည်း တိုးတက်မှုတွေရလာပါတယ်။
အဲဒီလိုနဲ့ပဲ အမြဲတမ်း အကြံအစည်အသစ်တွေကို ရှာဖွေနေပြီး ကြောင်တွေ အများကြီးကို ကွေျးမွေးရတာ သည်းမခံနိုင်တော့တဲ့ ဘုန်းကြီးကျောင်းတွေဟာ သူတို့ရဲ့ သင်တန်းတွေ ကနေ ကြောင်တွေကို ဖယ်ထုတ် လာကြပါတယ်။ နောင် နှစ်၂၀ ကြာတဲ့အခါမှာတော့ အတွေးအခေါ်အသစ်နဲ့ စာတမ်းအသစ်တွေကို ရေးသားပြုစု လာကြပါတယ်။ “ကြောင်မပါရှိပဲ တရားထိုင်ခြင်း၏ အရေးပါပုံ” ၊ “ဇင်စကြာဝဠာကို တိရိစ္ဆာန်၏ အကူအညီမပါပဲ စိတ်၏ စွမ်းအားသက်သက်ဖြင့် ဘက်မျှမှု ဖြစ်ပေါ်စေခြင်း” စသည်ဖြင့် ဆွဲဆောင်မှု ကောင်းတဲ့ ခေါင်းစဉ်တွေကို ပေးကြပါတယ်။
နောက်ထပ် ရာစုနှစ်တစ်ခု ကုန်လွန်ပြီးတဲ့အချိန်မှာတော့ အဲဒီဒေသက ဇင်ဗုဒ္ဓဘာသာတွေရဲ့ တရားထိုင်တဲ့ ထုံးစံမှာ ကြောင်တွေဟာ လုံးဝ ကွယ်ပျောက်သွား ပါတော့တယ်။ ဒါပေမယ့် အားလုံးကို ပုံမှန်ပြန်ဖြစ်ဖို့အတွက် စုစုပေါင်း နှစ်ပေါင်း ၂၀၀ လောက် ကြာမြင့်ခဲ့ပါတယ်။ ဘာဖြစ်လို့ အဲဒီလို ဖြစ်ရသလဲဆိုတော့ အဲဒီအချိန် တွေတုန်းက ဘယ်သူကမှ ကြောင်ဟာ ဘာဖြစ်လို့ အဲဒီနေရာမှာ ရှိနေသလဲ ဆိုတာကို မေးခွန်းထုတ်ဖို့ မတွေးခဲ့ကြလို့ပါ။
ကျွန်တော်တို့တစ်တွေအားလုံး အခုလက်ရှိနေထိုင်နေကြတဲ့ ဘဝထဲမှာ ဘာဖြစ်လို့ ငါဒါတွေကို လုပ်နေကြရသလဲလို့ မေးရဲတဲ့သူ ဘယ်နှစ်ယောက်များ ရှိပါသလဲ။ သူတို့လိုပဲ ကျွန်တော်တို့ကို အားလုံးကို ချောချောမွေ့မွေ့ဖြစ်စေဖို့အတွက် ကြောင်တွေဟာ လိုအပ်တယ်လို့ သင်ကြားထား တဲ့အတွက် ကြောင်တွေကို ဖယ်ထုတ်ဖို့ သတ္တိမရှိပဲ ကျွန်တော်တို့ လုပ်နေတဲ့ ကိစ္စတွေမှာလည်း အသုံးမဝင်တဲ့ ကြောင်လိုအရာ တွေကို ဘယ်လောက်အထိတောင်မှ သုံးနေကြဦး မှာပါလဲ။
ဘာဖြစ်လို့ ကျွန်တော်တို့တစ်တွေဟာ အခြားနည်းလမ်းနဲ့ ပြုမူဆက်ဆံဖို့ မရှာဖွေကြရတာပါလဲ။
(Paulo Coelho ၏ Like the flowing River: Thoughts and Reflection မှ The Importance of Cat In Meditation ကို ပြန်ဆိုထားပါသည်။)

Sunday, February 24, 2008
ဘုန်းကြီးပြောတဲ့ ရှေးစကား (၁) - နွားသူခိုးကနုလီ
တစ်ခါတုန်းက ရွာတစ်ရွာ မှာ အလွန်ပျင်းသောကနုလီဆိုတဲ့ လူပျင်းတစ်ယောက် ရှိ လေသည်။
ကနုလီသည် အပျင်းအလွန်ထူပြီး သူ့အား ဘာမှ ခိုင်းမရပေ။
တစ်နေ့တွင် သူ့မိဘများကစပါးခင်းတွင် ငှက်ခြောက်ရန် တာဝန်ပေးထားသည်။
ကနုလီသည် စပါးခင်းဘေးထိုင်ပြီး ငှက်ခြောက်ရသည်ကိုပင် ပျင်းနေသေးသည်။
ထိုအချိန်တွင် တစ္ဆေတစ်ကောင်က ကနုလီ၏ ထမင်းထုပ်ကို ခိုးစားသည်။
သို့သော် ကနုလီသည် ကံကောင်းစွာဖြင့် တစ္ဆေကို လက်ရဖမ်းမိခဲ့သည်။
ကနုလီက တစ္ဆေကို ရိုက်မည်ပြုသောအခါ တစ္ဆေက မင်းငါ့ကို မရိုက်ပါနဲ့။ မင်းခိုင်းတာ ငါလုပ်ပေးပါ့မယ်။ ဟုတောင်းပန်လေသည်။
လူပျင်း ကနုလီက ခဏစဉ်းစားပြီး ကောင်းပြီ။ ငါအခု ငှက်ခြောက်ရတာ ပင်ပန်းတယ်။ မင်း ငါ့ရင်ဘတ်ကို ငါ့ကိုယ်စားထုပြီး ငှက်ခြောက်ပေးစမ်း ဟု တစ္ဆေကို ခိုင်းသည်။
တစ္ဆေက ကောင်းပြီ။ ငါမင်းကိုယ်ထဲဝင်ပြီး မင်းရဲ့ ကိုယ်စား ရင်ဘတ်ကို ထုပြီး အသံပေးမယ်။ ဟု ပြန်ပြောကာ ကနုလီ၏ကိုယ်ထဲသို့ ဝင်ကာ ရင်ဘတ်ကို ထုလေတော့သည်။
တစ္ဆေ၏ ရင်ဘတ်ထုသံကြောင့် ကနုလီမှာ ကိုယ်တိုင်ထပြီး ငှက်ခြောက်ရန်မလိုတော့ဘဲ သစ်ပင်ရိပ်တွင်သာ ဇိမ်ကျနေေလေသည်။
သို့သော် ညနေစောင်းသော အခါ ပြသနာစလေတော့သည်။ ကနုလီအိမ်ပြန်ရန် ပြင်သောအခါတွင် တစ္ဆေအား ရင်ဘတ်ထဲမှ ဆက်၍မထုရန် ပြောသည်။ သို့သော်သူ၏ ရင်ဘတ်ထဲ ရောက်နေသော တစ္ဆေမှာ မကြားပေ။
ဤသို့ဖြင့် ကနုလီ မှာ ရင်ဘတ်ထဲမှ တဒုန်းဒုန်း တဒိုင်းဒိုင်း အသံများဖြင့် အိမ်သို့ပြန်လာခဲ့သည်။
ညဘက်သို့ ရောက်သောအခါ သူ၏ ဆိုးဖော်ဆိုးဖက် ကာလသားများက နွားခိုးရန် လာ၍ အဖော်စပ်ကြသည်။ ကနုလီသည် သူငယ်ချင်းများနှင့် နွားခိုးလိုက်ချင်သော်လည်း သူ့ရင်ဘတ်ထဲမှ တဒုံးဒုံး တဒိုင်းဒိုင်း အသံများကြောင့် ဒုက္ခတွေ့နေသည်။
အကြံသမား ကနုလီက နောက်ဆုံးတွင် အကြံရပြီး သူ့ရင်ဘတ်ပေါ်တွင် စပါးလင်ခွေ အကြီးကြီးတစ်ခွေအား ရစ်ပတ်ကာ နွားခိုးလိုက်သွားလေတော့သည်။ စပါးလင်ခွေကြီး ကြောင့် သူ့ရင်ဘတ်မှ အသံမှာ မကြားရတော့ပေ။
သူတို့ နွားခိုးမည့်အိမ်ရှိ နွားတင်းကုတ်သို့ ရောက်သည် အထိအားလုံး အဆင်ပြေသည်။ သို့သော် နွားတင်းကုတ်ထဲရောက်သော အခါ နွားက သူ၏ အစာဖြစ်သော စပါးလင်ခွေကို လှမ်း၍ဆွဲလေတော့သည်။
ကနုလီသည် နွား၏ပါးစပ်ထဲမှ စပါးလင်ခွေကိုပြန်ဆွဲရန်ကြိုးစားသော်လည်း မအောင်မြင်ဘဲ မကြာခင် စပါးလင်တစ်ခွေလုံး ကျွတ်၍ နွားပါးစပ်ထဲ ပါသွားတော့သည်။
စပါးလင်ခွေ ကျွတ်သွားသောအခါ သူ့ရင်ဘတ်ထဲမှ တဒုံးဒုံး တဒိုင်းဒိုင်း အသံများ ပြန်ထွက်လာသည်။ ထိုအသံများ ကြောင့် အိမ်ရှင်များ နိုးလာကာ နွားသူခိုး ကနုလီမှာ အဖမ်းခံရလေတော့သည်။

ပုံပြင်
Subscribe to:
Posts (Atom)