ဘတ်ဂ် (Bug) ဆိုတာ အင်္ဂလိပ်စာမှာ ပိုးကောင်ကို ခေါ်တာ ဖြစ်ပေမယ့် ကွန်ပျူတာ ဆော့ဖ်ဝဲလ်ထဲမှာ ဖြစ်တဲ့အမှားကိုလည်း ဘတ်ဂ်လို့ ခေါ်တာမှန်း သိကြမှာပါ။ ပိုးကောင်နဲ့ ဆော့ဖ်ဝဲလ်ထဲမှာ ဖြစ်တဲ့ အမှား ဘယ်လို ဆက်စပ်နေသလဲ ဆိုတဲ့ ဇာတ်လမ်းကိုတော့ ပရိုဂရမ်မာ တော်တော်များများ ကြားဖူးကြပါ လိမ့်မယ်။ ၁၉၄၇ ခုနှစ်က ဟားဗတ် တက္ကသိုလ်က မာ့ခ်တူး ဆိုတဲ့ ကွန်ပျူတာ တစ်လုံး ရုတ်တရက် ရပ်သွားပါတယ်။ အဲဒီတုန်းက အခုခေတ်လို အီလက်ထရွန်းနစ် ကွန်ပျူတာတွေ မပေါ်သေးပါဘူး။ စက်မှုအစိတ်အပိုင်းတွေကို လျှပ်စစ်နဲ့ မောင်းတဲ့ ကွန်ပျူတာ မျိုးပါ။ ကွန်ပျူတာ ရပ်သွားရတဲ့ အကြောင်းကို ရှာတော့ စက်ပစ္စည်းတွေကို ထိန်းချုပ်တဲ့ လျှပ်စစ် ရီလေး ခလုတ် တစ်ခုထဲမှာ ဘောက်ဖတ်တစ်ကောင် ညပ်နေတာကို သွားတွေ့ရပါတယ်။ အဲဒီ ဘောက်ဖတ်ကြောင့် ရီလေး အလုပ်မလုပ်တော့ပဲ ကွန်ပျူတာပါ ရပ်သွားခဲ့ရတာပါ။ အဲဒီအချိန်က စပြီး ကွန်ပျူတာမှာ အမှားဖြစ်ရင် ဘတ်ဂ် (ပိုးကောင်) တွေ့တယ်လို့ ဆိုကြပါတယ် လို့ ရာဇဝင် ရှိပါတယ်။
အမေရိကန်က ထုတ်တဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်ပျံကို ဆော့ဖ်ဝဲလ် Simulator နဲ့ စမ်းသပ် မောင်းနှင်တဲ့ အချိန်တုန်းက တော်တော် ကြီးကြီးမားမား ဘတ်ဂ် တစ်ခုကို တွေ့ရတယ်လို့ ဆိုပါတယ်။ ပုံမှန် အနေနဲ့ အက်ဖ်-၁၆ အတွက် ကျွမ်းပစ်တယ် ဆိုတာ အသေးအဖွဲ ကိစ္စပါ။ ဒါပေမယ့် ဆော့ဖ်ဝဲလ် အမှားကြောင့် အီကွေတာပေါ် မောင်းနှင်တဲ့ အချိန် ကမ္ဘာမြေဆွဲအား ရုတ်တရက် မြင့်သွားတာကြောင့် လေယာဉ်ပျံက ဆော့ဖ်ဝဲလ်ထဲမှာ သူ့ဘာသာသူ ကျွမ်း ထပစ် ပါတယ်။ ဆင်မျူလေတာ ထဲမှာတော့ ပိုင်းလော့ သေမယ့် အနေအထားကို ပြပါတယ်။ နောက်ပြီးတော့ အက်ဖ်-၁၆ ကို စမ်းသပ်မောင်းနှင်နေတဲ့ အချိန် ပိုင်းလော့ တစ်ယောက်က ပြေးလမ်းပေါ် ရပ်ထားတုန်း လေယာဉ်ပျံ ဘီးကို ဆွဲတင် ကြည့်ပါတယ်။ ဘာဖြစ်သွားတယ် ထင်ပါသလဲ။ အက်ဖ်-၁၆ တစ်စင်း ဒန်အိုးဒန်ခွက် ဝယ်တဲ့ ကုလားဆီ ရောက်သွားပါတယ်။
ပရိုဂရမ်မာ အတွက်အချက် မှားလို့ အမေရိကန် တစ်နိုင်ငံလုံး မျိုးကန်းတော့ မလို ဖြစ်တဲ့ကိစ္စမျိုး ရှိဖူးတယ်လို့ ကြားဖူးပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ အမေရိကန်နဲ့ ဆိုဗီယက်ကြားမှာ စစ်အေး တိုက်ပွဲ ဆိုတဲ့ စစ်မတိုက်ပဲ တစ်ဖက်နဲ့ တစ်ဖက် အားပြိုင်နေတဲ့ ဖြစ်ရပ်ကြီး တစ်ခု ဖြစ်ခဲ့ကြတာ သိကြမှာပါ။ အဲဒီ အချိန်က အမေရိကန်မှာရော ဆိုဗီယက်မှာပါ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လှမ်းပစ်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေ ပေါ်မှာ နျူးကလီးယား ထိပ်ဖူးတွေ တပ်ပြီး ချိန်ထားကြပါတယ်။ အမေရိကန်နဲ့ ဆိုဗီယက် အချိန်မရွေး နျူးကလီးယား ဒုံးကျည်နဲ့ တစ်ဖက်နဲ့ တစ်ဖက် ပစ်နိုင်တဲ့ အနေအထားပါ။ ၁၉၈၃ မှာတော့ ဆိုဗီယက်က လွှတ်တင်ထားတဲ့ စောင့်ကြည့်ရေး ဂြိုဟ်တု တစ်ခုက တိမ်တိုက်တွေ အပေါ်မှာ နေရောင်ခြည် အလင်းပြန်တာကို အမေရိကန်က ဒုံးကျည် လွှတ်လိုက်တာ အဖြစ် အဓိပ္ပာယ် ပြန်လိုက် ပါတယ်။ အမေရိကန်က ဒုံးကျည် ၅ စင်း ပစ်လိုက်ပြီ ဆိုတဲ့ သတိပေးချက် ထွက်လာ တာကြောင့် အမေရိကန် ဒုံးကျည် ဆိုဗီယက်ကို မရောက်ခင် ဆိုဗီယက်ကနေ ပြန်ပြီးတော့ ဆော်ဖို့ ကြံပါတယ်။ ဒါပေမယ့် အဲဒီစနစ်ကို စောင့်ကြည့်နေတဲ့ ဗိုလ်မှူးကြီး တစ်ယောက်ကနေ အချိန်မီ ဆော့ဖ်ဝဲလ်အမှား အဖြစ် တားဆီးလိုက်နိုင်တဲ့ အတွက် အမေရိကန် နိုင်ငံကို ဆိုဗီယက်ကနေ နျူးကလီးယား ဒုံးကျည်နဲ့ အပစ်ခံရမယ့် အရေးကနေ သီသီကလေး လွတ်သွားပါတယ်။ အဲဒီဗိုလ်မှူးကြီးရဲ့ အပြောကတော့ အမေရိကန်ကသာ ဆိုဗီယက်ကို တကယ် ပစ်ချင်တယ် ဆိုရင် ဒုံးကျည် ၅ စင်းထဲတော့ ဘယ်ပစ်လိမ့်မလဲ လို့ ဆိုပါတယ်။
ကျောင်းတွေမှာ ပရိုဂရမ် ရေးတာ သင်ပေးတော့ ဘယ်လို စဉ်းစားရမယ် ဆိုတာသာ သင်ပေးပြီးတော့ ဒီဘတ်ဂ် (Debug) လို့ခေါ်တဲ့ ဘတ်ဂ်ကို ဘယ်လို ရှာရမယ် ဆိုတာ သင်မပေးကြပါဘူး။ တကယ်တော့ ဘတ်ဂ်ရှာတယ် ဆိုတာလည်း အတတ်ပညာ တစ်မျိုးပါပဲ။ ဘတ်ဂ်ရှာခြင်း အနုပညာဆိုပြီး စာအုပ်တစ်အုပ်တောင် ရေးလို့ ရလောက်ပါတယ်။ ဘယ်ပရိုဂရမ်မာမှ ဘတ်ဂ်များကင်းစင် ဆော့ဖ်ဝဲလ်တစ်ခွင် ဆိုပြီး ဘတ်ဂ်မရှိတဲ့ ပရိုဂရမ် မရေးတတ်ပါဘူး။ မမှားသော ရှေ့နေ၊ မသေသော ဆေးသမား ဆိုသလို ဘတ်ဂ်မရှိအောင် ရေးတတ်တဲ့ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာလည်း မရှိပါဘူး။ စဉ်းစားတဲ့ အချိန် မှားသွားတာ ရှိတတ်သလို၊ သတိမမူမိတဲ့ တစ်နေရာမှာ အမှားဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ဆော့ဖ်ဝဲလ်ကို တခြား ဆော့ဖ်ဝဲလ်တွေနဲ့ ပူးပေါင်းစစ်ဆင်ရေး လုပ်တဲ့ အချိန် တူတာတွေ တွဲလုပ် မတူတာတွေ ခွဲလုပ်လို့ မရဘဲ မတူတာတွေက ဒုက္ခပေးတာ မျိုးလည်း ရှိတတ် ပါတယ်။
ကွန်ပျူတာ သုံးတဲ့သူတိုင်း ရီပို့ လုပ်လိုက်ရမလား။
မိုက်ခရိုဆော့ဖ်ကို ရီပို့ လုပ်လိုက်ရမလား ဆိုတဲ့ စခရင်ကို မမြင်ဖူးတဲ့သူ
မရှိသလောက် ရှားမှာပါ။ ကွန်ပျူတာ ကြည့်နေရင်း ဘာဖြစ်သွားမှန်း မသိတဲ့ စခရင်အပြာကြီးကိုလည်း မြင်ဖူးကြပါလိမ့်မယ်။ အရင်တုန်းက အလုပ်အတူ လုပ်ဖူးတဲ့ အင်ဂျင်နီယာ
တစ်ယောက် ကတော့ သူ့ကို ကပ်စတန်မာက ဘတ်ဂ်မရှိတဲ့
ဆော့ဖ်ဝဲလ်လိုချင်တယ် ပြောလို့ အဲဒါဆို ဝင်းဒိုးလည်း သုံးမနေနဲ့လို့
ပြန်ငေါ့တာကို မှတ်မိပါ သေးတယ်။ ဝင်းဒိုးဆော့ဖ်ဝဲလ်လောက် ဘတ်ဂ်များတာ ဝင်းဒိုး
ပဲ ရှိပါတယ်။ သို့ပေမယ့်လည်း မချစ်သော်လည်း အောင့်ကာနမ်း ဝင်းဒိုးမသုံးဘဲ
လင်းနပ်စ် အက်ပဲလ်ပဲ သုံးရင် အင်တာပရိုက်စ်လောကမှာ လုပ်စားဖို့
မလွယ်တာကြောင့် ဝင်းဒိုးနဲ့တော့ ကင်းကွာလို့ မဖြစ်ပါဘူး။
တကယ်တမ်းတော့ ပရိုဂရမ် ရေးရတာ သိပ်ခက်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ကွာလတီ ရှိတဲ့ ဆော့ဖ်ဝဲလ်ကို ရေးနိုင်ဖို့ ခက်တာပါ။ ကိုယ်ရေးထားတာ ဘယ်သူမှ နားမလည်၊ ဘယ်သူမှ ပြင်မရ၊ ကိုယ်တောင်မှ နောက်တစ်နှစ် လောက်နေ ပြန်ဖတ်ရင် ဘာတွေ ရေးထားမှန်း မသိဖြစ်နေမယ့် ပရိုဂရမ်မျိုး ရေးတတ်တဲ့ သူတွေလည်း ရှိပါတယ်။ အရှိန်ကို တစ်နာရီ မှာသွားတဲ့ မိုင်နှုန်း (miles per hour)နဲ့တိုင်း သလို ဆော့ဖ်ဝဲလ် ကုတ်ဒ်ရဲ့ ကွာလတီကို WTF per minute နဲ့ တိုင်းတယ်လို့ ဆိုကြပါတယ်။ ဆော့ဖ်ဝဲလ်ထဲမှာ ရေးထားတဲ့ ကုတ်ဒ်ကို တစ်ခြား တစ်စုံတစ်ယောက်က ဖတ်မိရင် ပါးစပ်ကနေ တစ်မိနစ်ကို What the Fxxx ဘယ်နှစ်ခါ ရွတ်ရသလဲ ဆိုတဲ့ အတိုင်းအတာပါ။ ကုတ်ဒ်က ရှုပ်ပွနေလေ WTF များများ ရွတ်ရလေ ပါပဲ။ ဘတ်ဂ်ရှာတဲ့ အချိန် WTF/min မြင့်တဲ့ ဆော့ဖ်ဝဲလ်မျိုးနဲ့ တွေ့ရင်တော့ အတော် အကုသိုလ် များပါတယ်။ ဘတ်ဂ်မရှိတဲ့ ဆော့ဖ်ဝဲလ် ရေးဖို့ မဖြစ်နိုင်ပေမယ့် ဘတ်ဂ်ရှာဖို့ လွယ်တဲ့ ဆော့ဖ်ဝဲလ် တော့ ရေးဖို့ ဖြစ်နိုင်ပါသေးတယ်။
တစ်နေ့တစ်နေ့ ဘတ်ဂ်တွေ မွေးလိုက်၊ ဘတ်ဂ်တွေ သတ်လိုက်နဲ့ လုံးလည်ချာလည် လိုက်နေတဲ့ ပရိုဂရမ်မာ ဘဝမှာ အခု ဘလော့ခ်ပို့စ်ကလေး ရေးတာတောင် ဖိုင်းယားဖောက်စ်က ဘတ်ဂ်တက်ပြီး ကိုယ်ရေးနေတဲ့ပို့စ် တစ်ပိုင်းတစ်စ ပျောက်သွားတာကြောင့် ဩော်ဘတ်ဂ်ရယ်။ ဘတ်ဂ်နိုင်လွန်းတယ်လို့ပဲ ညည်းလိုက်ချင် ပါတော့တယ်။
Search This Blog
Showing posts with label နည်းပညာ. Show all posts

Sunday, May 27, 2012
Friday, March 2, 2012
နည်းပညာ ကုမ္ပဏီများ အကြောင်း အတွေးစများ
အိုင်တီပစ္စည်းတွေ ရောင်းတဲ့ ဖူနန်မောလ်မှာ မမ်မိုရီ စတစ် တစ်ခု
သွားဝယ်ရင်း ခေါင်းထဲမှာ ကုန်ပစ္စည်း အမှတ်တံဆိပ် တစ်ခုရဲ့ နာမည်ကို
အမှတ်မထင် သတိရမိပါတယ်။ Iomega ဆိုတဲ့ တံဆိပ်ပါ။ ကျွန်တော်တို့ စင်ကာပူ
ရောက်ခါစ ၂၀၀၀ ခုနှစ် ဝန်းကျင်လောက်က အတော်ကို နာမည်ကြီးခဲ့ပါတယ်။
အဲဒီအချိန်က အများစု Diskette လို့ ခေါ်တဲ့ Floppy Disk တွေပဲ သုံးနေကြတာမို့
ဖိုင်တွေ သိမ်းတဲ့ ဆည်းတဲ့နေရာမှာ အတော်ကို ဒုက္ခရောက် ပါတယ်။
ဒစ်စ်ကတ်ဒ်တစ်ခုမှာ ၁.၄၄ မက်ဂါဗိုက် ထက် ပိုပြီး သိမ်းလို့ မရတာမို့
ကျွန်တော်တို့ အင်ဂျင်နီယာ ကျောင်းသားတွေ အတွက်ကတော့ အဲဒီ ဖိုင်တွေ သိမ်းဖို့ ကိစ္စက ပြဿနာ တစ်ခုပါ။ ပုံတွေ
သိမ်းရင် အဆင်ပြေအောင် ဒစ်စ်ကတ်ဒ်ကို ဗူးလိုက် ဆောင်ထားရပါတယ်။
ပြန်သုံးချင်ရင်လည်း တစ်ခုချင်း မွှေနှောက် ရှာရပါတယ်။
အဲဒီ
အချိန်မှာ အိုင်အိုမီဂါရဲ့ ဇစ်ပ်ဒရိုက်ဗ် (Zip Drive) က ကျွန်တော်တို့ အတွက် အတော်လေး
အသုံးတည့် လာပါတယ်။ ဇစ်ပ် ဒရိုက်ဗ် နဲ့သုံးတဲ့ ဇစ်စ်ဒစ်စ် (Zip Disk) တွေမှာ ၁၀
မက်ဂါဗိုက် ကနေ စပြီး ၁၀၀ မက်ဂါဗိုက်၊ ၇၀၀ မက်ဂါဗိုက် လောက် အထိ သိမ်းလို့
ရပါတယ်။ ဒစ်စ်ကတ်ဒ်လို ဗူးလိုက် မသွားစရာလည်း မလို၊ ရှာချင်ရင်လည်း ဒစ်စ်
တစ်ခုတည်းမို့ အတော်ကို အဆင်ပြေ ပါတယ်။ ဒါပေမယ့် ဇစ်ပ်ဒစ်စ် ရဲ့ အားနည်းချက်က သူ့
ဒစ်စ်ကို သုံးဖို့ ကွန်ပျူတာမှာ ဇစ်ပ်ဒရိုက်ဗ် တစ်ခု အပို တပ်ရတာပါ။
ဇစ်ပ်ဒရိုက် တပ်ထားတဲ့ ကွန်ပျူတာမှာပဲ ဇစ်ပ်ဒစ်စ် တွေကို သုံးလို့ ရပါတယ်။
အိုင်အိုမီဂါဆိုတာ အဲဒီလို ဇစ်ပ်ဒစ်စ် တွေ၊ ဇစ်ပ်ဒရိုက်ဗ်တွေကို မူပိုင်
ထုတ်လုပ်တဲ့ သူမို့ အိုင်တီ ပစ္စည်းရောင်းတဲ့ ဆိုင်တွေ သွားရင်
အိုင်အိုမီဂါ ဒစ်စ်တွေ၊ အိုင်အိုမီဂါ ဒရိုက်ဗ်တွေကို မမြင်ချင်မှ အဆုံး
မြင်ရပါတယ်။ ဒါပေမယ့် ဈေးပေါတဲ့ စီဒီရေးစက်၊ စီဒီဓာတ်ပြားတွေနဲ့ မမ်မိုရီ စတစ်တွေ ထွက်လာခဲ့တာဟာ အိုင်အိုမီဂါကို အရောင်းကျသွားဖို့ ဖြစ်လာစေခဲ့ တာပါပဲ။
မမ်မိုရီ စတစ်က သယ်ရတာလည်း ပိုလွယ်၊ သူ့ ကို သုံးဖို့ အတွက်
ကွန်ပျူတာမှာလည်း ယူအက်စ်ဘီ အပေါက်ရှိရုံနဲ့ သုံးလို့ ရတာမို့
ဇစ်ပ်ဒစ်စ်တွေ ထက်စာရင် အများကြီး ပို အဆင်ပြေပါတယ်။ မမ်မိုရီ စတစ်တွေ
တွင်တွင်ကျယ်ကျယ် သုံးလာကြတဲ့ အချိန်မှာတော့ အိုင်အိုမီဂါ ဆိုတဲ့
ကုန်အမှတ် တံဆိပ် တစ်ခုဟာ ကွန်ယက်ထဲမှာ ဒေတာ သိမ်းတဲ့သူတွေ လောက်ပဲ သိကြ ပါတော့တယ်။ စီးပွားရေး
လုပ်ငန်းတစ်ခုမှာ သူများနဲ့ မတူ တီထွင်ကြံဆ တတ်ရင် အကျိုးရှိတာ မှန်ပေမယ့်
အသစ်ထွက်လာတဲ့ နည်းပညာနဲ့ အတူ ကိုယ့်ထက်ပိုပြီး တီထွင်ကြံဆ တတ်တဲ့သူ
ပေါ်လာရင် ကွဲတော့ တာပါလားလို့ စဉ်းစားလိုက်မိပါတယ်။
နည်းပညာ ဆိုတာ ထုတ်လုပ်တဲ့သူ တစ်ယောက်တည်းမှာတင် အကျိုးရှိတာ မဟုတ်ပါဘူး။ အဲဒီ နည်းပညာကို ထိထိရောက်ရောက် အသုံးချနိုင်တဲ့ သူတွေမှာပါ အကျိုးရှိပါတယ်။ အမေရိကန်က ဘဲလ်စမ်းသပ်ခန်းမှာ ထရန်စစ္စတာ တစ်ခု ရှာတွေ့ခဲ့ပြီးတဲ့နောက်မှာ ဂျပန် အင်ဂျင်နီယာ တစ်ယောက်က အဲဒီ ထရန်စစ္စတာ နည်းပညာကို အသုံးပြုနိုင်ဖို့ မှတ်ပုံတင်ခဲ့ ပါတယ်။ အဲဒီ နည်းပညာကို အကောင်းဆုံး အသုံးချနိုင်တဲ့ အတွက် ဆိုနီ ဆိုတဲ့ ကုမ္ပဏီ တစ်ခု အောင်မြင်လာတယ်လို့ ပြောရင် မမှားလောက် ပါဘူး။
နည်းပညာနဲ့ ပတ်သက်ပြီး နားလည် တတ်ကျွမ်းတဲ့သူ တစ်ယောက် ဦးဆောင်တိုင်း၊ ကုမ္ပဏီမှာ တော်တဲ့ တတ်တဲ့သူတွေ ရှိတိုင်း ဒီကုမ္ပဏီ အောင်မြင်တာ မဟုတ်ပါဘူး။ ရှော့ကီ (Schottky) ဆိုတဲ့ နာမည်ကို အီလက်ထရွန်းနစ်နဲ့ ရင်းနှီးတဲ့သူတိုင်း ကြားဖူးကြ မှာပါ။ ဂျာမန် ရူပဗေဒ ပညာရှင် ဝေါလ်တာ ရှော့ကီဟာ ရှော့ကီ ဒိုင်အုတ်လို့ ခေါ်တဲ့ အီလက်ထရွန်းနစ် လျှပ်ခံ ပစ္စည်းတစ်ခုကို တီထွင်ခဲ့တဲ့ အတွက် ကမ္ဘာကျော် ခဲ့ပါတယ်။ ရှော့ကီဟာ နည်းပညာမှာ တော်ပေမယ့် စီမံခန့်ခွဲမှု ပိုင်းမှာတော့ အတော့်ကို ရှော်ပါတယ်။ အဲဒါကြောင့် ကုမ္ပဏီထောင်ပြီး စီးပွားရေး လုပ်တဲ့ အချိန်မှာ သူ့ကုမ္ပဏီဟာ မအောင်မြင်ခဲ့ပါဘူး။ လူ မကောင်းလို့လား ဆိုတော့ မဟုတ်ပါဘူး။ ရှော့ကီနဲ့ အဆင်မပြေလို့ သူ့ကုမ္ပဏီက ထွက်သွားတဲ့ သူတွေက တစ်ချိန်မှာ ဖဲယားချိုင်း ဆီမီးကွန်ဒပ်တာ (Fairchild Semiconductor) လိုမျိုး နာမည်ကြီး ကုမ္ပဏီတွေကို ဆီလီကွန် တောင်ကြားမှာ တည်ထောင် ခဲ့ကြတဲ့ သူတွေ ဖြစ်လာပါတယ်။
စီးပွားရေး လုပ်ငန်း တစ်ခုမှာ အိုင်ဒီယာက အရေးကြီးပါတယ်။ အိုင်ဒီယာဆိုတာ ကိုယ်ပိုင် မဖြစ်ရင်တောင်မှ သူများရဲ့ အိုင်ဒီယာကို ကိုယ့်အလှည့်မှာ အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်ရင် သူများကို ကျော်တက် နိုင်တာပါပဲ။ အဲဒီ အတွက် အကောင်းဆုံး ဥပမာကတော့ Facebook ပါ။ လူမှု ကွန်ယက်ပဲ ခေါ်ခေါ် ဆိုရှယ်နပ်ဝပ် ပဲ နာမည်ပေးပေး ဒီအိုင်ဒီယာဟာ မာ့က်ခ် ဇူကာဘတ်ခ်ရဲ့ ပထမဆုံး အိုင်ဒီယာ မဟုတ်တာတော့ အသေအချာပါပဲ။ Friendster, Hi5, MySpace စတဲ့ နာမည်ကျော် ဆိုရှယ် နက်ဝပ်တွေ ဖေ့စ်ဘွတ်ခ်ရဲ့ ရှေ့မှာ အများကြီး ပေါ်ခဲ့ဖူးပါတယ်။ သူတို့တွေ အားလုံး ဖေ့စ်ဘွတ်ခ်လောက် အောင်မြင်အောင် ဘယ်သူမှ မလုပ်နိုင်ခဲ့ ကြပါဘူး။ ဖေ့စ်ဘွတ်ခ်က ရှိပြီးသား အိုင်ဒီယာကို အကောင်းဆုံး သုံးပြီး ဈေးကွက်ထဲကို ဝင်လာခဲ့တာမို့ နောက်ပေါက်တဲ့ ရွှေကြာပင်ပေမယ့် အားလုံးကို ကျော်တက်သွားခဲ့ ပါတယ်။ မာဖီးယားဝါး (Mafia War) တို့ ဖမ်းဗေးလ် (FarmVille) တို့လို ဂိမ်းတွေကလည်း ဖေ့စ်ဘွတ်ခ်ရဲ့ အောင်မြင်မှုမှာ တစ်စိတ်တစ်ပိုင်း အထောက်အကူ ပေးခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဂူဂယ်လ် ပလပ်စ်က အိုင်ဒီယာ အသစ်နဲ့ ဖေ့စ်ဘွတ်ခ်ကို ကျော်တက်ဖို့ ကြိုးစားပေမယ့် အခုထက်ထိ မယှဉ်နိုင်သေးတာ အမှန်ပါပဲ။
ကိုယ်က အိုင်ဒီယာကောင်း ဈေးကွက်မှာ အအောင်မြင်ဆုံး ဖြစ်နေပေမယ့် ကိုယ့်ထက် အိုင်ဒီယာကောင်းပြီး နောက်ဆုံးပေါ် နည်းပညာကို အကောင်းဆုံး အသုံးချ သွားသူတွေ နဲ့တွေ့ရင် အရေးနိမ့်သွားနိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ချိန်က လက်ကိုင်ဖုန်း ဈေးကွက်မှာ ဖင်လန်ကုမ္ပဏီ နိုကီယာရဲ့ တယ်လီဖုန်းကို ဘယ်သူမှ မယှဉ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် စမတ်ဖုန်း နည်းပညာတွေမှာ သူ့ရဲ့ ပြိုင်ဘက်တွေကို မယှဉ်နိုင်တဲ့ အတွက်၊ သူ့ပြိုင်ဘက်တွေရဲ့ အိုင်ဒီယာတွေထက် ကောင်းအောင် မလုပ်နိုင်တဲ့ အတွက် နိုကီယာဟာ အိုင်ဖုန်းနဲ့ အန်းဒရွိုက်သုံးထားတဲ့ ဖုန်းတွေကို သူ့ရဲ့ ဈေးကွက် ဝေစု အများကြီး ခွဲပေးလိုက်ရပါတယ်။ အဲဒီတော့ အခုလို အပြိုင်အဆိုင်များတဲ့ ဈေးကွက်မှာ ကိုယ့်ကုမ္ပဏီ အနေနဲ့ သူများထက် အမြဲတမ်း ပိုပြီး ဆန်းသစ်အောင် လုပ်နိုင်ပါမှ ကြံ့ကြံ့ခံနိုင်မှာပါ။
ကုမ္ပဏီ တစ်ခုဟာ ပစ္စည်းတစ်ခုကို ထုတ်လုပ်ဖို့ စခဲ့တယ် ဆိုပေမယ့် ဒီထက် အကျိုးအမြတ်များမယ့် ပစ္စည်းမျိုး ထုတ်ဖို့ ရှိလာရင် နောက်အိုင်ဒီယာ တစ်ခုနောက်ကို လိုက်ရမှာပါ။ ကိုယ့်ရှိပြီးသား အိုင်ဒီယာ တစ်ခုတည်းမှာပဲ အမြဲတမ်း တွယ်ကပ်နေလို့ မရပါဘူး။ အခုနာမည်ကျော်ကြားနေတဲ့ ဘီအမ်ဒဗလျူ ကားကုမ္ပဏီဟာ စပြီး တည်ထောင်တဲ့ အချိန်တုန်းက လေယာဉ်ပျံ အင်ဂျင်တွေ ထုတ်ဖို့ စတင်ခဲ့တာပါ။ နောက်တော့ ဘီအမ်ဒဗလျူ ဆိုင်ကယ် အဲဒီကမှ တဆင့် ဘီအမ်ဒဗလျူ ကားထုတ်ပြီး အခုတော့ ဇိမ်ခံကား ဈေးကွက်မှာ ဝေစုတော်တော်များများ ရနေပါပြီ။ အဲဒီလိုပါပဲ။ ကျွန်တော်တို့ အခုသုံးနေတဲ့ ဝင်းဒိုး စက်လည်ပတ်ရေးစနစ် တွေ ထုတ်လုပ်တဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီဟာလည်း တစ်ချိန်က ပရိုဂရမ်းမင်း ဘာသာစကားတွေ ထုတ်လုပ်ရောင်းချဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တာပါ။ အဲဒီကမှ တဆင့် အကျိုးအမြတ်များတဲ့ DOS နဲ့ ဝင်းဒိုး ဆီကို ကူးပြောင်းလာခဲ့တာပါ။ စီးပွားရေး လုပ်ငန်း တစ်ခု တည်ထောင်တဲ့ နေရာမှာ စတင်တည်ထောင်တဲ့ အချိန်က အိုင်ဒီယာထက် ဒီစီးပွားရေးလုပ်ငန်းကို လုပ်နေရင်းမှ တွေ့လာတဲ့ အိုင်ဒီယာတွေကလည်း ကုမ္ပဏီကို အမြင့်ဆုံး ရောက်အောင် တွန်းပို့ ပေးနိုင်တယ်လို့ ပြောရင် မှားမယ် မထင်ပါဘူး။
အဲဒီတော့ အားလုံးကို ခြုံငုံသုံးသပ် ကြည့်ရရင် နည်းပညာနဲ့ ဆိုင်တဲ့ ကုမ္ပဏီ တစ်ခု အောင်မြင်ဖို့ ဆိုတာ ရှိပြီးသား နည်းပညာကိုလည်း အကောင်းဆုံး အသုံးချ နိုင်ရမယ်။ စီမံခန့်ခွဲမှုလည်း တတ်ကျွမ်းရမယ်။ နောက်ထပ် အသစ်ပေါ်လာတဲ့ နည်းပညာတွေကို အသုံးချဖို့လည်း အမြဲတမ်း ကြံဆ နေရမယ်။ အခွင့်အလမ်း အသစ်တွေကိုလည်း မျက်ခြေမပြတ် ကြည့်နေရမယ် လို့ ပေါင်းစပ် ပြောရမယ် ထင်ပါတယ်။ ဒီလောက် အပြိုင်အဆိုင်များတဲ့ ကမ္ဘာ့ဈေးကွက်ကြီးထဲမှာ ကိုယ်တိုင်ဝင်ကြဲ ချင်တယ် ဆိုရင်တော့ သူများထက် ပိုပြီး ဆန်းသစ်နိုင်မှ၊ တီထွင်ကြံဆနိုင်မှ ကိုယ့်အတွက် နေရာ တစ်နေရာစာ ရှိနိုင်မှာ ဖြစ်ပါတယ်လို့ သုံးသပ်မိပါတယ်။
(Image Source: Wikimedia Foundation )
![]() |
| အိုင်အိုမီဂါ ဇစ်ပ်ဒစ်စ် |

Friday, July 15, 2011
ကင်းတဲ ၃
အမှန်တကယ်ကတော့ ခေတ်ကြီးကိုက မကောင်းတာပါ။ ခေတ်ကာလ သားသမီးတွေ အိုင်ပက်တဲ့ သူကပက် ဂယ်လက်ဆီ တက်ဘ်တဲ့သူက တက်ဘ်ဆိုတော့ ကျွန်တော်လည်း မနေနိုင် မထိုင်နိုင် ရွစိတက် လာပါတယ်။ သူလိုကိုယ်လို လမ်းသွားရင်း ဟိုနှိပ် ဒီနှိပ် ဟိုပွတ် ဒီပွတ် လုပ်ဖို့ တက်ဘလက် တစ်ခုလောက် လိုချင်လာပါတယ်။ ဘယ်တက်ဘလက် ဝယ်ရင် ကောင်းမလဲ စဉ်းစားတော့ ဘလက်ဘယ်ရီ ရဲ့ အမာခံ ပရိသတ် မို့ Playbook တစ်ခုလောက် ဝယ်ရင် ကောင်းမလား စဉ်းစားမိ ပါသေးတယ်။
ဒါပေမယ့်လည်း ကိုယ့်ဘာသာကိုယ် ဘာလုပ်ချင်တာလဲ ပြန်မေးတော့ စာအုပ်ဖတ်ဖို့နဲ့ သီချင်းနားထောင် ဖို့က လွဲရင် တက်ဘလက်ကို တခြားနေရာ ဘယ်နေရာ သုံးရမလဲ ဆိုတာ စဉ်းစားမရပါဘူး။ ရုပ်ရှင်ကြည့်တာတို့ ဂိမ်းဆော့တာတို့ကလည်း စိတ်ကူးပေါက်မှ တစ်ခါ ထလုပ်တတ်တာမို့ ကျွန်တော့် အတွက်တော့ သွားရင်လာရင်း သုံးဖို့ သိပ်မလိုအပ် ပါဘူး။ အဲဒီတော့ အီလက်ထရွန်းနစ် စာအုပ်ဖတ်စက် တစ်ခုလောက်ပဲ ဝယ်ဖို့ စဉ်းစားမိပါတယ်။ ကိုဒီဘီရဲ့ ပို့စ်ကိုဖတ်ပြီး nook ဝယ်ရရင် ကောင်းမလား ဖြိုးမော်ရဲ့ ကင်းဒဲလ်ပို့စ် ကို ဖတ်ပြီးတော့ ကင်းဒဲလ် ဝယ်ရရင် ကောင်းမလား အကြိတ်အနယ် စဉ်းစားဖြစ်ပါတယ်။
ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ အမေဇုန် အင်တာနက် စတိုးကို ဝင်ပြီး ကင်းဒဲလ် သရီး တစ်ခု ဝယ်ဖြစ်လိုက်ပါတယ်။ ကင်းဒဲလ်သရီးမှာ 3G သုံးလို့ ရတဲ့ ဗားရှင်းနဲ့ ဝိုင်ဖိုင်ပဲ သုံးလို့ရတဲ့ ဗားရှင်း နှစ်ခု လာပါတယ်။ ဝိုင်ဖိုင် ဗားရှင်းမှာမှ ကြော်ငြာပါတဲ့ ဗားရှင်းနဲ့ ကြော်ငြာမပါတဲ့ ဗားရှင်းဆိုပြီ:တော့ ထပ်ကွဲသွားပါတယ်။ အင်တာနက်ထဲမှာ တခြားသူတွေ ရေးထားတဲ့ သုံးသပ်ချက်တွေ လိုက်ဖတ်ကြည့်ပြီးတော့ နောက်ဆုံး ကြော်ငြာမပါတဲ့ ဝိုင်ဖိုင် ဗားရှင်းနဲ့ သားရေဖုံး တစ်ခု ဝယ်ဖြစ်လိုက်ပါတယ်။ ပိုက်ဆံလည်း ပေးဝယ်ရသေးတယ် ကြော်ငြာလည်း ကြည့်ရဦးမယ် ဆိုတော့ စိတ်ထဲမှာ နည်းနည်း အောင့်သက်သက် ဖြစ်လို့ပါ။
အမေဇုန်က ကင်းဒဲလ်ကို တရားဝင် ရောင်းတဲ့ နိုင်ငံတွေ ထဲမှာ စင်ကာပူ မပါပါဘူး။ အဲဒါကြောင့် နည်းနည်း အကြံအဖန် လုပ်ရပါတယ်။ ကြားခံ Forwarder တစ်ခု သုံးရပါတယ်။ အမေရိကားကနေ စင်ကာပူကို ပို့ဖို့ VPost ၊ Borderlinx နဲ့ ComGateway ကုမ္ပဏီတွေ ထဲက တစ်ခုခုကနေ တဆင့် ဝယ်ရပါတယ်။ အဲဒီကုမ္ပဏီတွေမှာ မှတ်ပုံတင်ရင် အမေရိကန်လိပ်စာ တစ်ခု ထုတ်ပေးပါတယ်။ သူတို့ပေးတဲ့ လိပ်စာနဲ့ အမေဇုန်မှာ ဝယ်တော့ အမေရိကန် ကပ်စတန်မာ တစ်ယောက် အနေနဲ့ ဝယ်လို့ရပါတယ်။
ကံကောင်း ထောက်မချင်တော့ ကျွန်တော့်မှာ ရှိနေတဲ့ ခရက်ဒစ်ကတ်ဒ် တစ်ခုက VPost နဲ့ တွဲပြီး ပရိုမိုးရှင်း လုပ်တာကြုံလိုက်ပါတယ်။ အမေရိကားကနေ စင်ကာပူ အရောက် ပို့ဆောင်ခ ၂ ဒေါ်လာခွဲပဲ ပေးလိုက်ရပါတယ်။ ဝယ်ထားပြီးတော့ ကြားထဲမှာ စနေတနင်္ဂနွေတွေ အမေရိကန် အမျိုးသားနေ့တွေ ခံနေတာနဲ့ အတော်နဲ့ ရောက်မလာပါဘူး။ ၁၀ ရက်လောက် ကြာမှပဲ လက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။
ကင်းဒဲလ် ဝယ်ပြီးတော့ လက်ထဲကို ရောက်မလာခင်မှာ အမေဇုန်ကနေ စာအုပ်တွေ ကြိုတင် ဒေါင်းလုပ် လုပ်ထား လိုက်ပါတယ်။ အမေဇုန်မှာ ကင်းဒဲလ်အတွက် အလကားပေးထားတဲ့ စာအုပ်တွေ အများကြီး ရှိပါတယ်။ အီစွပ်ပုံပြင်၊ ဂရင်းညီနောင် ပုံပြင်၊ တစ်ထောင့်တစ်ညပုံပြင် လို ပုံပြင်စာအုပ်တွေ၊ ရှားလော့ဟုမ်း၊ အလန်ကွာတာမိန်းစာအုပ်တွေ၊ ဆမ်းမားဆက်မွန်ရဲ့ ဝတ္ထုတိုတွေ၊ ဂျိမ်းဂျွိုက်စ်၊ တော်စတွိုင်းရဲ့ ဝတ္ထုတွေ စတာတွေက အလကားပေးတဲ့ စာအုပ်ထဲမှာ ပါပါတယ်။ ကပ်ဖ်ကာတို့၊ ကမူးတို့ စာအုပ်တွေက အလကားမပေးပေမယ့် တစ်အုပ်ကို ၁ ဒေါ်လာ နဲ့ ၅ ဒေါ်လာ ကြားလောက်ကျတာမို့ စာအုပ်ဝယ်တာထက် စာရင် ပစ္စလက္ခတ်တန်တယ် ပြောလို့ရပါတယ်။
အမေဇုန်က ကင်းဒဲလ်အတွက် စာအုပ်ဝယ်ရင် အမေရိကန် ခရက်ဒစ်ကတ်ဒ် မှ ရောင်းတယ်လို့ ပြောပါတယ်။ ဒါပေမယ့် နိုင်ငံခြား ခရက်ဒစ်ကတ်ဒ်နဲ့ အမေဇုန်က Gift ကတ်ဒ် ဝယ်၊ ပြီးမှ Gift ကတ်ဒ်ကိုသုံးပြီး စာအုပ်ဝယ်ရင်တော့ ရတယ်လို့ ပြောကြပါတယ်။ အခုထက်ထိတော့ စမ်းမကြည့်ဖူးသေးပါဘူး။
အမေဇုန်က အလကားပေးတဲ့ စာအုပ်တွေက .azw extension နဲ့ ဖိုင်တွေပါ။ ကျွန်တော် အဓိက ကင်းဒဲလ်ဝယ်ရတဲ့ ရည်ရွက်ချက်က ကျွန်တော့်မှာ ရှိတဲ့ PDF ဖိုင်တွေကို သွားရင်းလာရင်းနဲ့ ဖတ်ချင်လို့ပါ။ ကင်းဒဲလ်မှာ PDF ဖတ်လို့ရပေမယ့် ဒီအတိုင်း ဖတ်ရင် စာလုံးက အရမ်းသေးပါတယ်။ Zoom ဆွဲတော့လည်း ကိုယ့်စိတ်ကြိုက် ဆွဲလို့ မရတာမို့ သိပ် အဆင်မပြေပါဘူး။ နောက်ဆုံးတော့ ရှာဖွေလေ တွေ့ရှိလေ ဆိုသလိုပဲ PDF ဖတ်ဖို့ နည်းလမ်း ၂ ခု တွေ့သွားပါတယ်။
ပထမ တစ်မျိုးက အင်္ဂလိပ် ဝတ္ထုစာအုပ်တွေပါ။ ဝတ္ထုစာအုပ်တွေမှာ ပုံမပါတော့ Format ပြောင်းရတာ လွယ်ပါတယ်။ ကယ်လီဘာ (Calibre) ဆော့ဖ်ဝဲလ်ကို သုံးပြီး .mobi Format ကို ပြောင်းပြီးမှ ကင်းဒဲလ်ထဲကို ကူးထည့်ရင် ဖတ်ရတာ အဆင်ပြေပါတယ်။ ကင်းဒဲလ်က တခြား azw စာအုပ်တွေ ဖတ်ရတာ နဲ့ မကွာပါဘူး။
ဒါပေမယ့် .mobi Format ပြောင်းလို့ မလွယ်တဲ့ စာအုပ် နှစ်မျိုး ရှိပါတယ်။ ပထမတစ်မျိုးက မြန်မာစာအုပ်တွေပါ။ မြန်မာစာအုပ်ကို .mobi Format ပြောင်းရင် ပုံတွေပဲ ပါလာပါတယ်။ စာတွေ ပါမလာတော့ပါဘူး။ နောက်တစ်မျိုးက နည်းပညာ ဆိုင်ရာ စာအုပ်တွေပါ။ အဲဒီစာအုပ်တွေကတော့ .mobi Format ပြောင်းရင် စာပဲ ပါလာပါတယ်။ ပုံက ပါမလာတော့ပါဘူး။ PDF နဲ့ ဆိုရင်တော့ မြန်မာစာအုပ်ရော နည်းပညာဆိုင်ရာ စာအုပ်တွေပါ စာရော ပုံရော အကုန်ပေါ်ပါတယ်။နောက်ဆုံးတော့လည်း ရိုးရိုးရှင်းရှင်း နည်းလမ်းပဲ ရှာတွေ့သွားပါတယ်။ PDF ကို ဒီအတိုင်း ဖွင့်ပြီး View ကို Landscape ပြောင်းပြီး ၉၀ ဒီဂရီ လှည့်ဖတ်တော့ အားလုံး အဆင်ပြေသွားပါတယ်။ :D
အခုတော့ မျောက်အုန်းသီးရသလို ကင်းဒဲလ် တစ်လုံးနဲ့ အလုပ်ရှုပ်နေပါတယ်။ ဖတ်မိတဲ့ စာအုပ်တွေထဲက ကောင်းတာလေးတွေ တွေ့ရင် အဲဒီ စာအုပ် အကြောင်းတွေ ဘလော့ခ် ပေါ်မှာ ပြန်ပြီး ဝေမျှ ပါမယ်။ တခြား ကင်းဒဲလ်နဲ့ ပတ်သက်လို့ သိတာလေးတွေ ရှိထားလို့ ကွန်မန့်ရေးပြီးဝေမျှ ပေးမယ် ဆိုရင်တော့ ကျေးဇူး အထူး တင်မိမှာပါ။
(ဓာတ်ပုံရိုက်ရမှာ အလုပ်ရှုပ်လို့ Wikipedia ကနေပဲ ဓာတ်ပုံ သွားမလာခဲ့ပါတယ်။ )
Labels:
နည်းပညာ,
ပေါက်တတ်ကရ
Monday, November 22, 2010
FireFox မြန်မာဘာသာပြန် ဆော့ဖ်ဝဲလ်
မီးမြေခွေးကြီးကို မြန်မာလို သုံးလို့ ရပါပြီ။ FireFox မှာ မြန်မာစာ Plug-in ဘယ်လို အင်စတောလ်လုပ်ရမလဲ ဆိုတာကို သိချင်ရင်တော့ အောက်ကလင့်ခ်မှာ သွားကြည့်ပါ။
http://www.myanmars.net/winmyanmar/2009-11-04-13-07-36/80--firefox-browser-.html
မြန်မာဘာသာနဲ့ ဖိုင်းယားဖောက်စ်ရဲ့ Screen တွေကို ဒီလို တွေ့ရပါတယ်။
ပွင့်လာနေတယ်တဲ့။ Loading ကို မြန်မာမှု ပြုထားတာပါ။
ရွေ့တော့မှာလားတဲ့။ ကိုယ့်ကို ဘယ်လို ထားခဲ့မှာလဲ။ ဟတ်ကော့ကြီး ချန်ထားခဲ့မှာလားလို့ မေးနေပါတယ်။
ဒါကတော့ Tools ထဲက Options ကို မြန်မာမှု ပြုထားတာပါ။ အိုကေ ဆိုတာ မြန်မာလို ကောင်းပြီ လို့ အဓိပ္ပာယ်ရပါတယ်။ Cancel ကတော့ပယ်ဖျက်ပါ လို့ ဆိုပါတယ်။ ဘိုလို သုံးနေကြမို့ မြန်မာလို မသိမှာစိုးလို့ ဘာသာပြန်ပေးတာပါ။ :P
ဒါကတော့ Encoding တွေကို မြန်မာလို ဘာသာပြန်ထားတာပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် သုံးနေကြ ဆော့ဖ်ဝဲလ်ကို မြန်မာလို သုံးကြည့်ရတော့ နည်းနည်း အသစ်အဆန်း ဖြစ်တာပေါ့။ ဘာသာပြန်ပေးသူများကို ကျေးဇူးတင်ပါတယ်။

နည်းပညာ
Friday, November 5, 2010
ကြုံရဆုံရ Technical Support ဘဝ
Technical Support နဲ့ ပတ်သက်လို့ ဟာသတွေ မကြာခဏ ကြားရတတ် ပါတယ်။ တကယ့် အပြင်လောကမှာလဲ Technical Support လုပ်ရင် ရယ်စရာ အဖြစ်တွေ တလွဲတချော်တွေ မကြာခဏ ကြုံရတာပါပဲ။ တစ်ခါတလေ ကြုံရတဲ့ အဖြစ်တွေက ရယ်ရမလို ငိုရမလို အဖြစ်အပျက်တွေပါ။
တစ်ခါက ကျွန်တော်တို့ စက်ရုံ တစ်ခုကို ရောင်းထားတဲ့ လေဆာစက်တစ်လုံးမှာ ပြသနာလေးတွေ ရှိနေလို့ ဥရောပရုံးက ဆားဗစ်အင်ဂျင်နီယာ တစ်ယောက်က သွားပြင်ပါတယ်။ သူက ကျွန်တော်တို့ကို ဖုန်းခေါ်ပြီး ဖြစ်နေတဲ့ ပြသနာတွေကို ဟိုမေးဒီမေး မေးပါတယ်။ ခဏနေတော့ သူ့ဖုန်းဘက်ထရီ ကုန်သွားလို့ ပြီးမှ ပြန်ဆက်မယ် ဆိုပြီး ဖုန်းချ သွားပါတယ်။ မိနစ် ၂၀ လောက် ကြာတော့ ဖုန်းပြန်ဆက် ပါတယ်။ ဒီတစ်ခါတော့ သူ့ဖုန်းကို ကျွန်တော်တို့ ဆီက အီလက်ထရစ်ကယ် အင်ဂျင်နီယာက ပြန်ဖြေပါတယ်။
"ဒီမှာ ပြသနာ အကြီးအကျယ် ဖြစ်နေပြီကွ။"
"ဘာဖြစ်လို့လဲ။"
"လေဆာက လုံးဝ အလုပ်မလုပ်တော့ဘူး။"
"ဟုတ်လား။ ဘယ်လို ဖြစ်တာလဲ။"
"ခုန ငါလာတုန်းက အလုပ်လုပ် နေသေးတယ်။ အခု လေဆာက ဘာမှ ထွက်မလာတော့ဘူး။"
နည်းနည်းတော့ စပြီး ခေါင်းစား နေပါပြီ။
"လေဆာမှာ ပါဝါလာသေးလား။"
"ဘယ်မှာ ကြည့်ရမှာလဲ။"
"စက်နောက်က တံခါးကို ဖွင့်လိုက်။ လေဆာပြွန်ရဲ့ နောက်မှာ ပါဝါမီးလုံး ရှိတယ်။ ပါဝါရှိရင် အဲဒီ မီးလုံး လင်းနေ လိမ့်မယ်။"
"အိုကေ။ ငါသွားကြည့်ဦးမယ်။"
အဲဒီလို ပြောပြီး သူမီးလုံးကို သွားကြည့်နေပါတယ်။ ခဏနေတော့ ပြန်ပြောပါတယ်။
"မီးမလင်းဘူးကွ။"
"အဲဒါဆို ဖြူးစ်ပြတ်တာ ဖြစ်နိုင်တယ်။ အဲဒီ မီးလုံးဘေးမှာ ဖြူးစ် ထည့်တဲ့ နေရာ ရှိတယ်။ အဲဒီ ဖြူးစ်ကို ထုတ်ပြီး ကောင်းမကောင်း မီတာနဲ့ တိုင်းကြည့်။"
သူ ဖြူးစ်ကို ရှာပြီး တိုင်းနေပါတယ်။ ဖြူးစ်ကို မီတာနဲ့ ထောက်ပြီး Resistance တိုင်းကြည့်ရင် ပြတ်မပြတ် သိနိုင်ပါတယ်။ သူက တိုင်းပြီးတော့ ပြန်ပြောပါတယ်။
"ဖြူးစ် မပြတ်ဘူးကွ။ ကောင်းနေသေးတယ်။"
"အဲဒါဆို လေဆာကို ဝင်တဲ့ ပါဝါ ဆပ်ပလိုင်းရှိတယ်။ အဲဒါကို တိုင်းကြည့်။ အထွက် ဗိုးတေ့ခ် ရှိလား။ မရှိရင် အဝင် ဗိုးတေ့ခ် ရှိသလား ဆိုတာပါ တိုင်းကြည့်လိုက်။"
သူ ခဏ ငြိမ်သွားပါတယ်။ ပါဝါဆပ်ပလိုင်းကို တိုင်းနေတဲ့ ပုံပါပဲ။ ခဏနေတော့ ပြန်ပြောပါတယ်။
"လေဆာကို သွားတဲ့ ပါဝါ ဆပ်ပလိုင်းမှာ အဝင်ဗိုးတေ့ခ် လည်း မရှိဘူး။ အထွက် ဗိုးတေ့ခ်လည်း မရှိဘူး။"
"ဒါဆိုရင် မိန်းလိုင်းက လာတဲ့ ဖြူးစ်ပြတ်တာလည်း ဖြစ်နိုင်တယ်။ ဒါနဲ့ နေပါဦး စက်က ပါဝါရော ဖွင့်ထားရဲ့လား။"
"ဖွင့်ထားပါတယ်ကွ။ ကွန်ပျူတာတောင် လာနေသေးတာပဲ။"
"အဲဒါဆိုရင် စက်အောက်ကို ငုံ့ကြည့်လိုက်။ အဲဒီမှာ ပလပ်ပေါက်တွေ ရှိတယ်။ လေဆာကို ဝင်တဲ့ ကြိုးက ပလပ်ကို ဖြုတ်ပြီး ပလပ်ထဲက ဖြူးစ်ကို စစ်ကြည့်ကောင်းသေးလားလို့။"
"ဘယ်က ပလပ်ပေါက်လဲကွ။"
"စက်အောက်မှာလေ။"
သူက စက်အောက် ငုံ့ကြည့်ပါတယ်။ ပြီးတော့ ပြန်မေးပါတယ်။
"ဘယ်ဟာက လေဆာ ပလပ်ပေါက်လဲကွ။"
"အဲဒီပေါ်မှာ လေဘယ်လ် ကပ်ထားတယ်လေ လေဆာ လို့။"
"နေဦး ကြည့်လိုက်ဦးမယ်။" ဆိုပြီး ကြည့်ပါတယ်။ ခဏနေတော့
"ဆောရီးပဲကွာ။ မင်းတို့ကို ဒုက္ခပေးရတာ။ အခု ငါဘာဖြစ်တာလဲ သိသွားပြီ။"
"ဟုတ်လား။ ဘာဖြစ်တာလဲ။"
"ခုန ငါ အဲဒီ ပလပ်ပေါက်ကို ဘာမှန်း မသိလို့ ဖြုတ်ပြီး ငါ့ဟင်းန်ဖုန်း အားသွင်းလိုက်တာ။ အခုမှပဲ အဲဒါ လေဆာကို သွားတဲ့ ပလပ်ပေါက်မှန်း သိတယ်။ ဆောရီး။"
"တိန်"
တစ်ခါတလေ တော့လည်း ကိုယ့်ကို support လုပ်တဲ့သူက အူကြောင်ကြောင် လုပ်သွားတာလည်း ခံရဖူးပါတယ်။ ကျွန်တော် စင်ကာပူမှာ ဥရောပကနေ လာဖွင့်တဲ့ စက်ရုံတစ်ရုံမှာ ကုမ္ပဏီက လွှတ်လို့ ကန်ထရိုက်နဲ့ ပရိုဂရမ်မာ လုပ်နေတဲ့ အချိန်ကပါ။ သူတို့ ဆီက ဆော့ဖ်ဝဲလ်က Web-based လို့ခေါ်တဲ့ Webpage လို ပုံစံမျိုးတွေ ရေးထားတာပါ။ အဲဒီ Webpage တွေကို ကြည့်ဖို့ Windows Mobile တာမင်နယ်ကနေ ကြည့်ရပါတယ်။ Windows Mobile ပေါ်မှာ Webpage ကို ကြည့်တဲ့ Browser ကလည်း Internet Explorer တွေ FireFox တွေ မဟုတ်ပါဘူး။ သူတို့ ဘာသာ သူတို့ ရေးထားတဲ့ Browser ပါ။
တစ်နေ့တော့ ဆော့ဖ်ဝဲလ်ကို စမ်းရင်း ပြသနာ တစ်ခု တွေ့ပါတယ်။ အဲဒါကတော့ တကယ်မရှိတဲ့ လင့်ခ် တစ်ခုကို ကလစ်နှိပ်လိုက်ရင် Error တက်ပြီး Browser တစ်ခုလုံး Crash ဖြစ်သွားတာပါ။ ကျွန်တော် အဲဒီပြသနာကို အမျိုးစုံ လှည့်ပတ်ပြီး စမ်းကြည့်ပါတယ်။ နောက်ဆုံး ကောက်ချက်ချလို့ ရတာကတော့ ပြသနာက Windows Mobile ပေါ်မှာပဲ ဖြစ်တယ် ဆိုတာပါပဲ။ ကျွန်တော် သူတို့ရဲ့ Browser အတွက် ရေးထားတဲ့ ကုတ်ဒ်ကို ကြိုးစားပြီး ပြင်ကြည့်ပါတယ်။ Error တက်ရင် တက်လာတဲ့ Error ကို ဖမ်းဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ မမိပါဘူး။ Browser က Crash ဖြစ်တာပါပဲ။ နောက်ဆုံး ကျွန်တော် Windows Message Loop ထဲအထိ ဝင်ပြီး Error ကို ဖမ်းဖို့ ကြိုးစားပါတယ်။ ဒါလည်း မအောင်မြင်ပါဘူး။
Team Lead ကို မေးတော့လည်း Team Lead က ဝါးတားတားပါ။ သူက ဆော့ဖ်ဝဲလ်ထဲက လောဂျစ်တွေကို ကောင်းကောင်း နားလည်ပေမယ့် နည်းပညာပိုင်း ဆိုရင် သိပ်မသိပါဘူး။ ဒါပေမယ့် သူက ကျွန်တော့်ကို ကူညီဖို့ ကြိုးစားပါတယ်။
"ဒီလိုလုပ်ကွာ။ မင်းပြသနာကို ဘယ်လို ပြန်ခေါ်ရတယ် ဆိုတာ တစ်ဆင့်ချင်း သေသေချာချာ မှတ်ထားလိုက်။ ပြီးရင် မင်းနဲ့ငါနဲ့ ဥရောပက ဆော့ဖ်ဝဲလ် အာခီတက် ဆီ ဖုန်းခေါ်ကြမယ်။"
နောက်တော့ သူနဲ့ ကျွန်တော်နဲ့ ဥရောပက အာခီတက်ဆီကို ဖုန်းခေါ်ကြပါတယ်။ ကျွန်တော့် ကွန်ပျူတာကို အွန်လိုင်းကနေ Share လုပ်ပြီး သူ့ကို ပြပါတယ်။ သူက ကြည့်ပြီးတော့ ကျွန်တော်က သူ့ကို ဘယ်လို ဖြေရှင်းဖို့ ကြိုးစားတယ်။ မအောင်မြင်ဘူး ဆိုတဲ့ အကြောင်းပါ ရှင်းပြပါတယ်။ သူက ဟိုကြည့်ဒီကြည့် ကြည့်ပြီးတော့ စကားတစ်ခွန်း ပြန်ပြောပါတယ်။ မှတ်သားလောက်စရာပါပဲ။
"အေးကွာ။ ဘယ်လိုရှင်းရမလဲ ဆိုတာ ငါတို့ Google ထဲမှာ ရှာကြည့်ကြတာပေါ့။"
"!@#$%^&*"
Google ထဲမှာ ရှာတာတော့ သူပြောမှလား။ ဘယ်ပရိုဂရမ်မာ မဆို ရှင်းမရရင် Google ကို အရင်ဆုံး အားကိုးကြတာပဲ မဟုတ်ဘူးလား။ အခု မေးတယ် ဆိုမှတော့ Google ထဲမှာ မတွေ့လို့ပေါ့။ အဲဒီလို အူကြောင်ကြောင် support များနဲ့လည်း ကြုံခဲ့ဖူးပါတယ်။

ပေါက်တတ်ကရ,
ဟာသ,
အတွေ့အကြုံ
Wednesday, October 6, 2010
ရှေ့ဆက်ရန် ခရီး
မြန်မာအိုင်တီ ပရော်ဖက်ရှင်နယ်မှာ တင်ထားတဲ့ Lionslayer ရဲ့ပို့စ် ပါ။ သဘောကျလို့ ခွင့်ပြုချက်တောင်းပြီး ပြန်လည်ဝေမျှ လိုက်ပါတယ်။
ဇာတ်လမ်းအစ
ကျွန်တော်တို့ ပလန်းနက်ဆိုက်မှာ ဇော်ဂျီဖောင့်ကို စ မိတ်ဆက်တုန်းက ဟာ... ဒီဆိုက် မိုက်တယ်.. မြန်မာလိုရော အင်္ဂလိပ်လိုရော ရေးလို့ရတယ်.. ဇော်ဂျီဆိုတာကလည်း ကမ္ဘာ့အဆင့်မီ ယူနီကုတ်ဖောင့်ဆိုပါလား ဆိုပြီးတော့ စွဲစွဲမြဲမြဲ စသုံးဖြစ်ခဲ့တယ်။ အဲဒီတုန်းက ဖိုရမ်စွဲပြီး နေ့နေ့ညည အဲမှာပဲ တော်တော် အချိန်ုကုန်ခဲ့သေးတယ်။ အဲဒီတုန်းက ခုခေတ်ဖိုရမ်တွေလို အခုရေး အခုတက် မဟုတ်ဘူးဗျ။ အက်မင်တွေ မော်ဒရေတာတွေက တစ်ရက်သုံးကြိမ် စစ်စစ်ပြီးမှ တင်ပေးတယ်။ အဲတော့ သူတို့ ဆင်ဆာလွတ်အောင် ရေးရပြုရတာ တစ်လုပ်၊ သူတို့တင်ပေးတာကို တမျှော်မျှော်မော့ရတာက တစ်လုပ်။ ပလန်းနက်မှာ တစ်နှစ်ကျော်လောက် တောက်လျှောက်ရေးလိုက်သေးတယ်။ အဲဒီတုန်းက ပလန်းနက်ဖိုရမ်မာများဆိုပြီး ဘားလမ်းက မစ္စတာဘရောင်းမှာ ခဏခဏ တွေ့ကြတာ မှတ်မိသေးတယ်။
နံပတ်တစ် ဇော်ဂျီ
နောက်တော့ ပလန်းနက်ကြီး ခဏခဏဒေါင်းပြီး ရေးထားသမျှတွေ ပြောင်ကုန်တာနဲ့ပဲ စိတ်ကုန်ပြီး မရေးဖြစ်တော့တော့ဘူး။ ပလန်းနက်မှာ စွဲစွဲမြဲမြဲရေးဖြစ်တဲ့ ဖိုရမ်မာတွေဟာ နောက်တော့ ဘလော့ဂါတွေ ဖြစ်ကုန်ကြပါတယ်။ ဘလော့ဂါဖြစ်တော့လည်း သုံးနေကျ ဇော်ဂျီနဲ့ပဲ ရေးကြတယ်။ အဲဒီတုန်းက တခြား ရွေးချယ်စရာ ဖောင့် များများစားစား မရှိဘူးဗျ။ ဇော်ဂျီသာလျှင် တစ်ခုတည်းသော ရွေးချယ်စရာပဲ။ အဲဒီတုန်းက ကျွန်တော်တို့ရဲ့စိတ်ထဲမှာ ဇော်ဂျီသာလျှင် ကမ္ဘာသုံး မြန်မာစာအတွက် တစ်ခုတည်းသော အဖြေ ဖြစ်တယ်လို့ တွေးမိပါတယ်။ ဇော်ဂျီဖောင့် ပေါ်ပြူလာဖြစ်လာတဲ့ အကြောင်းရင်းတွေကို စစ်တမ်းချကြည့်ရင် ဒီလိုတွေ့မယ်။
၁) ဆိုရှယ်ဆိုက်ဖြစ်တဲ့ ပလန်းနက်က စခြင်း။ အဲဒီတုန်းက ပုဂံနက် ရပ်သွားပြီးတဲ့နောက် ပလန်းနက်ဟာ ပြိုင်ဘက်မရှိ နံပတ်တစ် လူအဝင်ဆုံး ဖိုရမ်ပါ။
၂) ကီးဘုတ်မလိုခြင်း။ ကီးဘုတ်မပါဘဲ Text box မှာတင် ရေးလို့ရအောင် Java Script နဲ့ လုပ်ထားပေးတယ်။
၃) ပြိုင်ဘက်မရှိခြင်း။ ဇော်ဂျီ စပေါက်တော့ သူနဲ့ပြိုင်စရာ ဘာအခမဲ့ဖောင့်မှ မရှိပါ။
၄) ကြော်ငြာအားကောင်းခြင်း။ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဂျာနယ်တွေမှာ ဇော်ဂျီယူနီကုတ် ဇော်ဂျီယူနီကုတ် ဆိုပြီး ခဏခဏ ပါတယ်။ အချင်းချင်းကြားမှာလည်း ပါးစပ်ကြော်ငြာဟာ အတော်ထိရောက်ပါတယ်။
၅) ဝိုင်းဝန်းကူညီကြခြင်း။ မြန်မာရှေးဦးဘလော့ဂါတွေဖြစ်တဲ့ ကိုမောင်လှ၊ ညီလင်းဆက်ဘလော့စတာတွေမှာ ဇော်ဂျီကို ဘယ်လို စီအက်စ်အက်စ် ရေးနည်း၊ Embed လုပ်နည်း၊ နောက် ဇော်ဂျီဖောင့် သွင်းနည်း၊ ကီးဘုတ်ရိုက်နည်း စတာတွေကို အသေးစိတ်လမ်းညွှန် ရေးပေးထားတာ နောက်လူတွေအတွက် အင်မတန် အထောက်အကူ ဖြစ်ပါတယ်။ အခုတောင် ဘလော့စရေးတဲ့လူတွေဟာ အဲဒီပို့စ်တွေကို Google ပြီး လိုက်ကြည့်လုပ်နေရတုန်းပါပဲ။ ဇော်ဂျီမှာပါတဲ့ အမှားတွေ၊ Bugs တွေကိုလည်း ဝိုင်းပြင်ပေးကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဇော်ဂျီဖောင့် ပရင့်ထုတ်၊ PDF ထုတ်လို့ရှိရင် တချို့စာလုံးနေရာတွေမှာ အင်္ဂလိပ် အက္ခရာတွေလာပေါ်နေတဲ့ ပြဿနာကို Fix လုပ်ပေးဖူးတယ်။
၆) ဘယ် OS မှာမဆို အလုပ်ဖြစ်ခြင်း။ ဇော်ဂျီဟာ Font Shape ကလွဲပြီး ဘာနည်းပညာမှ ထည့်မထားတဲ့ ဖောင့် ဖြစ်တဲ့အတွက် နေရာတော်တော်များများမှာ သုံးရ အဆင်ပြေတယ်။ အထူးသဖြင့် မြန်မာတွေရဲ့ လက်စွဲ ဂျီတော့။
ဇော်ဂျီဟာ ယူနီကုတ် မဟုတ်ဆိုပါလား
ကဲ ဒီအချိန်မှာ တခြားတစ်ဘက်ကို ကြည့်ရအောင်။ ကျွန်တော်ဟာ ယူဇာနေရာက ပြောနေတာဖြစ်တဲ့အတွက် ဘယ်ခုနှစ်က ဘယ်ဗားရှင်းက ဘာဖြစ်တယ် ဆိုတာတွေ အမှတ်အသား မရှိပါ။ ဘာက ဘယ်လို အကြောင်းအကျိုးတွေ ဖြစ်သွားတယ်ဆိုတာ ကြည့်ပါမယ်။ ဒီလိုဇော်ဂျီကို အရှိန်အဟုန်နဲ့ သုံးလာရင်းနဲ့ တစ်နေ့တော့ စာစောင်တစ်ခုဆီက အသံထွက်လာပါတယ်။ "ဇော်ဂျီဟာ ယူနီကုတ် မဟုတ်၊ ယူနီကုတ်အစစ် ရှိတယ်"။ ဟိုရှာဒီရှာနဲ့ နောက်ဆုံး မိုင်မြန်မာကို သွားတွေ့ပါတယ်။ ဒါပေမယ့် မိုင်မြန်မာရဲ့စျေးကွက်ဗျူဟာက သိပ်မနိပ်လှပါ။ ကွန်ပျူတာက အခြေခံဖောင့်တွေကို မိုင်မြန်မာပြောင်းပစ်ပါတယ်။ မိုင်မြန်မာသွင်းပြီးတဲ့နောက် ကွန်ပျူတာက မြန်မာစာတွေ ဖြစ်ကုန်ပါရော။ ပိုဆိုးတာက ရှိလက်စ ဇော်ဂျီပါ မမြင်ရတော့။ အဲဒီတော့ သွင်းပြီးပြန်ထုတ် မုန့်ဖက်ထုပ် လို့ပဲ ပြောပါရစေတော့။
တေတေကနိတ် အန်လယ်ပီ
ဒီအချိန် မြန်မာ အန်လယ်ပီက လုပ်နေတဲ့ မြန်မာဝမ်း၊ မြန်မာတူးတွေကို တော်ရုံတန်ရုံလူ မကြားဖူးပါဘူး။ မကြားဖူးဆို မီဒီယာတွေမှာလည်းမပါ၊ သတင်းထုတ်ပြန်တာလည်းမလုပ် နဲ့ "တိုးတိုးတိတ်တိတ် ကြိတ်မှိတ်လို့သာ ဖွင့်ဟမပြောပေမယ့်" ဆိုတဲ့ သီချင်းစာသားလိုပဲ မပြောတော့ မသိပါ။ မသိတော့ မသုံးပါ။ သိသွားတော့လည်း မြန်မာဝမ်း စမ်းတော့ မြန်မာတူးထွက်၊ မြန်မာတူး စမ်းတော့ မြန်မာသရီးထွက်ဆိုတော့ ယူဇာတွေရဲ့ စိတ်ထဲမှာ ယူနီကုတ်ဆိုတာ အမြဲပြောင်းနေတယ်ဆိုတဲ့ စိတ်မျိုးလေး ဝင်သွားပါတယ်။ အပြစ်တင်လိုတာ မဟုတ်ပါ။ ဖြစ်ခဲ့တာကို ပြောလိုရင်း ဖြစ်ပါတယ်။
ဆန့်ကျင်ဘက်ရလဒ်
နောက်တစ်ခုက ယူနီကုတ် လုပ်နေတဲ့လူတွေဟာ သူတို့ဟာ မြန်မာစာတိုးတက်ရေးအတွက် ကိုယ်ကျိုးစွန့်ပြီး လုပ်နေရတယ်၊ အဲဒါကို ယူဇာတွေက ဇော်ဂျီကြောင့် မကောင်းမြင်ရမလားဆိုပြီး ဘုတိုက်ချင်တဲ့ စိတ် အနည်းနဲ့ အများဝင်နေပုံ ရပါတယ်။ အဲဒီမှာတင် ယူနီကုတ်အကြောင်းပြောကြရင် ဇော်ဂျီဖောင့်ကို ချိုးချိုးနှိမ်နှိမ် ပြောပါတယ်။ လူဆိုတာ စပရိန်လိုပဲ ဖိရင် ကန်တတ်တဲ့သဘောရှိတဲ့အတွက် လူအများစုကြီးဟာ ဇော်ဂျီဘက်ပဲ ရောက်ကုန်ပါတော့တယ်။ ယူနီကုတ်သမားတွေလည်း နေရင်းထိုင်ရင်း လူကြမ်းမင်းသား ဖြစ်မှန်းမသိ ဖြစ်ကုန်ကြပါတော့တယ်။
ဇော်ဂျီဟာ စထွက်တာကနေ ခုထိ ဗားရှင်းပေါင်း မြောက်များစွာ ထွက်ခဲ့တာ နောက်ဆုံးအထိဆိုရင် ၁၂ မျိုး ရှိပါတယ်။ ဒီထဲမှာ ဂျီတော့ဟက်ခ် အေရီရယ်ဟက်ခ် စတဲ့ စစ္စတမ်ဖိုင်တွေကို အစားထိုးပစ်တာ၊ Internet Explorer မီးမြေခွေး အစရှိတဲ့ ဘရောက်ဇာတွေရဲ့ အခြေခံ CSS ကို ဇော်ဂျီဖြစ်အောင် ပြောင်းပစ်တာ အစရှိတာတွေလည်း ပါပါတယ်။ ရလဒ်ကတော့ အဲဒီလိုမျိုးဇော်ဂျီ Installer တွေကို သုံးထားရင် ဘယ်ယူနီကုတ် သွင်းသွင်း ဇော်ဂျီကလွဲလို့ မမြင်ရတော့တဲ့ ပြဿနာတွေ ဖြစ်လာပါတယ်။ ဇော်ဂျီကိုယ်တိုင်မှာလည်း ရှေးဦး ဗားရှင်းတွေကို နောက်ပိုင်းဗားရှင်းနဲ့ကြည့်ရင် မမြင်ရတော့တဲ့ ပြဿနာတွေ ဖြစ်လာတယ်။ အဲဒီမှာတင် ဇော်ဂျီအဖွဲ့ဟာ ဇော်ဂျီဗားရှင်း အချင်းချင်း မကိုက်တာကို ကာကွယ်ဖို့အတွက် ဗားရှင်းအသစ် ဆက်ထုတ်ခြင်းကို ရပ်ဆိုင်းလိုက်ပါတော့တယ်။
လူသုံးများနေတာ စံ (standard) လုပ်လိုက်ပါတော့လား
ဇော်ဂျီစလုပ်တော့ အဲဒီအချိန်အထိ အတည်ဖြစ်ခဲ့တဲ့ အစောပိုင်း ယူနီကုတ်စံကို အက္ခရာနေရာ တော်တော်များများ တူအောင် ကြည့်ပြီး လုပ်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာစာရဲ့ ရှုပ်ထွေးတဲ့ ရေးသားပုံ၊ စာလုံးပြောင်းလဲပုံတွေကို ကာမိဖို့အတွက် အက္ခရာနေရာ တော်တော်များများကို တိုင်းရင်းသားတွေအတွက် ဖယ်ထားတဲ့နေရာက ယူသုံးခဲ့ပါတယ်။ ဥပမာအားဖြင့် ဇော်ဂျီမှာ ရရစ် အကြီးအသေး ခေါင်းတို ခြေတို စတာတွေနဲ့ ရရစ်ပုံစံ ရှစ်မျိုး ရှိပါတယ်။ ဗျည်း ၃၃ လုံးမှာလည်း ဗျည်းတစ်လုံးစီအတွက် အကြီးတစ်လုံး၊ ပါဌ်ဆင့်အသေးတစ်လုံး နှစ်လုံးစီ အနည်းဆုံး ရှိပါတယ်။ စာရိုက်ရင်လည်း အမြင်အတိုင်းရိုက်ရတဲ့အတွက် "ကို" ဆိုတဲ့ စာလုံးကို ရိုက်မယ်ဆိုရင် တချို့က ကကြီး လုံးကြီးတင် ပြီးမှ ချောင်းငင်နဲ့ ရိုက်ပြီး တချို့က ကကြီးချောင်းငင် ပြီးမှ လုံးကြီးတင်နဲ့ ရိုက်ပါတယ်။ လူအပေါ်မူတည်ပြီး စာရိုက်ပုံတွေ ကွဲသွားတဲ့အတွက် မြန်မာဝေါဟာရ တစ်လုံးအတွက် စာလုံးအတွဲအစပ် ဖြစ်နိုင်ခြေ မြောက်မြားစွာ ရှိနေပါတော့တယ်။
ဒီအချိန်မှာ ရှမ်းတိုင်းရင်းသားတစ်ယောက်ဟာ ဗမာစာရော ရှမ်းစာပါ တွဲရိုက်ချင်ပြီ ဆိုပါတော့။ ဇော်ဂျီကို သုံးလို့ မရနိုင်တော့ပါဘူး။ "ကဲ ဒီပြဿနာကို အလွယ်ဖြေရှင်းမယ်ကွာ။ ရှမ်းမှာ လိုနေတဲ့ အက္ခရာတွေကို မွန်စာထဲက ယူသုံးမယ်။ မွန်စာ အတွက်ရော။ လွယ်ပါတယ်။ ကရင်စာထဲက ယူသုံးမယ်။ ကဲ ကရင်စာအတွက်ရော။ တခြားဘာသာထဲက ယူသုံးမယ်ကွာ။ အဲ ဘာသာတတ်တဲ့လူလည်း မြန်မာနိုင်ငံမှာ မရှိလောက်ပါဘူး။" ... ကျွန်တော်တို့ ပြဿနာတစ်ခုကို မနုတ်လောက် တစ်ဆယ်ချေးဆိုသလိုမျိုး ကလေးတုန်းကလို အလွယ် ပြီးပြီးရော ဖြေရှင်းချင်လို့ မရတော့ပါဘူး။
တစ်ချိန်က မြန်မာစာ စာလုံးပြောင်းလဲပုံအတွက် နည်းပညာ မရှိသေးလို့ ဇော်ဂျီကို အဲဒီအတိုင်း ထုတ်လိုက်ရပါတယ်လို့ ဆိုခဲ့ရင် အခုခေတ်မှာ စာလုံး ပြောင်းလဲပုံတွေကို ဖြေရှင်းဖို့ နည်းမျိုးစုံ ရှိနေပါပြီ။ ဒါပေမယ့် ဇော်ဂျီဟာ ပြောင်းတော့မှာ မဟုတ်ပါ။ ဇော်ဂျီ ၂၀၀၉ ကို ဂျပန်နိုင်ငံက ကွန်ပျူတာပညာရှင်တစ်ဦးဖြစ်တဲ့ ကိုစိုးမင်းက ဖြစ်မြောက်အောင်မြင်အောင် ကြိုးစားခဲ့ပေမယ့် လူသုံးများတဲ့ ဇော်ဂျီဗားရှင်းနဲ့ အမှန်မမြင်ရတဲ့အတွက် ဇော်ဂျီအဖွဲ့က ယူမသုံးခဲ့ပါ။ ကျွန်တော်ထပ်ပြောပါမယ်။ ဇော်ဂျီဟာ ရပ်သွားပါပြီ။ ရပ်နေတာဟာ Standard ဖြစ်နေတာမဟုတ်ပါ။ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ပုံပြင်ထဲကလို ဇာတ်ထဲကအတိုင်း ပလို့ဂျိ ဆိုတာနဲ့ ခြေထောက်ကို ခေါင်းမှာ လှမ်းချိတ်လိုက်တာ ပြန်ဖြုတ်မရတော့ပဲ လှုပ်မရ ပြုမရ ဖြစ်နေတဲ့ ပုံပါ။
ယူနီကုတ် ဆိုတာ ဖောင့်သက်သက်မဟုတ်
ယူနီကုတ်စနစ်၊ အိုင်အက်စ်အိုစနစ်တွေနဲ့ အကြိမ်ကြိမ် တိုက်စစ်ပြီးတဲ့နောက် ကွန်ပျူတာသုံး မြန်မာစာဟာ စိတ်ချလက်ချ သုံးစွဲနိုင်တဲ့ အဆင့် ရောက်ခဲ့ပါပြီ။ Unicode Consortium က ထုတ်ပြန်တဲ့ Chart အရ Unicode 5.2 ဟာ မြန်မာစာအတွက် အတည် ဖြစ်သွားပါပြီ။ အများစုက ယူနီကုတ်ဆိုတာ ဖောင့်တစ်မျိုးလို့ စိတ်ထဲ စွဲနေကြတာ များပါတယ်။ ယူနီကုတ်ဆိုတာ အမှန်တော့ ကွန်ပျူတာသုံး မြန်မာစာအတွက် သတ်မှတ်ထားတဲ့ စံ တစ်ရပ်ပါ။ ယူနီကုတ်စနစ်နဲ့ ကိုက်ညီဖို့အတွက် သူ့စည်းမျဉ်းတွေ ရှိပါတယ်။
၁) မြန်မာစာအတွက် သတ်မှတ်ထားသည့် အက္ခရာများသည် Unicode 5.2 Chart ထဲကအတိုင်း နေရာ အတိအကျ ရှိရမည်။
၂) မည်သည့် ယူနီကုတ် Encoding မဆို ဗျည်းမှ စရမည်။ ယင်းနောက်မှ ဗျည်းတွဲ၊ သရ၊ Tone/ဗျည်း၊ အသတ် လိုက်ရမည်။ ဥပမာ " ပြောင်း" ဆိုတဲ့ စာလုံးကို ယူနီကုတ်မှာ "ပ + ြ- + ေ + ာ + င + -် + း" ရယ်လို့ စီပါတယ်။ မြန်မာစာ အသံစဉ် အရလည်း မှန်ပါတယ်။ ပ + ရ + အောင်း ။
ဒီနေရာမှာ မြန်မာတွေ ပြဿနာတက်တာပါပဲ။ သဝေထိုးက စရေးနေကျဆိုတော့ ဗျည်းနောက် သဝေထိုးရောက်သွားတာကို မနေတတ် မထိုင်တတ် ဖြစ်ကုန်ကြပါတယ်။ အမှန်က စာလုံးစီပုံမှာ အနောက်ရောက်သွားခြင်းဟာ ပြဿနာကြီးတစ်ရပ် မဟုတ်ပါ။ အမြင်မှာ သဝေထိုးအရှေ့က ရောက်နေဖို့သာ အဓိက ဖြစ်ပါတယ်။
ယူနီကုတ်၏ အားသာချက်
ယူနီကုတ်သုံးရင် မြန်မာစာဟာ ပိုလွယ်ပြီးတော့ ရှင်းသွားပါတယ်။ ယူနီကုတ်ရဲ့ အားသာချက်တွေကို ဒီလို စာရင်းလုပ်ပြလို့ ရပါတယ်။
၁) ယူနီကုတ်မှာ အက္ခရာတိုင်းစီအတွက် နေရာ တစ်ခုစီသာ ရှိပါတယ်။ ဥပမာ ကကြီးဟာ အပေါ်မှာနေနေ၊ ပါဌ်ဆင့်လိုက်လို့ အောက်မှာနေနေ ပုံစံပြောင်းသွားတာသာ ဖြစ်ပါတယ်။ ကကြီးအတွက် ကုတ်ပွိုင့်နေရာကတော့ တစ်ခုသာ ရှိပါတယ်။ ရရစ်ဟာလည်း တစ်မျိုးသာရှိပြီး စာလုံးကိုလိုက်လို့ သူ့အလိုလို ပုံစံပြောင်းလဲသွားခြင်းမျှသာ ဖြစ်ပါတယ်။ အဋ္ဌမ ဆိုတဲ့စာလုံးဟာ အဋ်ဌမ ဆိုတဲ့စာလုံးကို ချုံ့ထားခြင်းဖြစ်ပါတယ်။ ယူနီကုတ်မှာဆိုရင် စာတစ်လုံးစီဖြစ်ပြီး ပုံစံပြောင်းနေခြင်းမျှသာ ဖြစ်ပါတယ်။
၂) ဘယ်စာလုံးအတွက်မဆို စာလုံးစီပုံ တစ်မျိုးသာ ရှိတဲ့အတွက် Search Engine တွေ ရှာရတာလည်းလွယ်သွားပါတယ်။
၃) ဝေါဟာရတွေ စီစဉ်ရင် အက္ခရာစဉ်အလိုက် အလွယ်တကူ စီနိုင်ပါတယ်။ ဇော်ဂျီမှာဆိုရင် "က ၊ ကေ နဲ့ ကြ" ဟာ ကကြီးအစဉ်ထဲမှာ ရှိသင့်ပေမယ့် မရှိပါဘူး။ "ကေ"ဟာ သဝေထိုးခေါင်းစဉ်အောက်ရောက်ပြီး "ကြ"ဟာ ရရစ် ခေါင်းစဉ်အောက် ဝင်သွားပါတယ်။
၄) ဘယ် OS မဆို ဘယ်ဆော့ဝဲမဆို မြန်မာစာအထောက်အကူထည့်မယ်ဆိုရင် ယူနီကုတ်သာ ထည့်မှာ ဖြစ်ပါတယ်။
၅) Data တွေဟာ တစ်ခုနဲ့တစ်ခု တိုက်ရိုက်ပြောင်းလဲနိုင်ပါတယ်။ ဆိုလိုတာက ဒီစက်မှာ Cat လို့ ရိုက်ထည့်ရင် ကမ္ဘာတစ်ဘက်ခြမ်းက ဟိုဘက်စက်မှာ ဘာဖောင့်မှ အသစ်သွင်းစရာ မလိုပဲ Cat လို့ မြင်နိုင်ပါတယ်။ ဘယ်နိုင်ငံကလူမဆို မြန်မာစာကိုကြည့်ချင်ရင် တစ်မျိုးတည်း အလွယ်တကူ မြင်နိုင်မှာ ဖြစ်ပါတယ်။
ကီးဘုတ် ကိစ္စ
ဇော်ဂျီသုံးနေရာက ယူနီကုတ်စသုံးတော့ ယူဇာအတော်များများ ကွန်ပလိန်းတက်ကြတာက ကီးဘုတ် ပြဿနာပါ။ အမှန်က ယူနီကုတ်အတွက် ကီးဘုတ်တစ်မျိုးမက ရှိပါတယ်။ အရင်လာအရင်ရိုက်ရတဲ့စနစ်၊ သဝေထိုးကလွဲရင် ကျန်တာ အရင်လာ အရင်ရိုက်ရတဲ့ စနစ်၊ ဇော်ဂျီရိုက်သလို ရိုက်လို့ရတဲ့ စနစ် ၊ ဘားဂလိပ်နဲ့ ရိုက်တဲ့စနစ် စသည်ဖြင့် အစုံရှိပါတယ်။ အဲဒီ Information အစုံအလင်အတွက် myanmarlanguage.org မှာ တင်ပေးဖို့ ကြိုးစားနေပါတယ်။
မူပိုင်ခွင့်
အင်တာနက်မှာ အလကားရတာဆို ကောက်သုံးလိုက်တာပါပဲ၊ ဘာလိုင်စင်မှလည်း ဂရုစိုက်မနေပါဘူး၊ ဆော့ဝဲတွေ အင်စတောလုပ်ရင် အစမှာပါတဲ့ လိုင်စင်သဘောတူညီချက်တွေကို ကျော်ဖတ်ပစ်တာပဲ ဆိုတဲ့လူက များပါတယ်။ ဒါပေမယ့် ဖောင့်ကိစ္စတွေမှာတော့ လိုင်စင်က အရေးကြီးလာပါတယ်။ ဇော်ဂျီက အခမဲ့ဖြစ်ပေမယ့် လိုင်စင်ကိစ္စ ရှင်းရှင်းလင်းလင်း မရှိပါ။ ဖောင့်ပုံစံရဲ့ မူရင်းပိုင်ရှင် နဲ့ အခြားဝယ်ထားသူတစ်ယောက်တို့က မူပိုင်ခွင့် ကိစ္စတွေပြောထားတာကို ဖတ်လိုက်ရပါတယ်။ ဖောင့်တစ်ခုမှာ မူပိုင်ခွင့်ရယူထားတာရှိရင် အခြားသူတွေအနေနဲ့ -
၁) အဲဒီဖောင့်ကို ပြုပြင် ပြောင်းလဲပိုင်ခွင့် မရှိပါ။ (ကျွန်တော် ဇော်ဂျီကို အခြေခံပြီး ပိတောက်ဇော်ဂျီဆိုတဲ့ ယူနီကုတ်ဖောင့် လုပ်ထားတာ ရှိပါတယ်။ အဲဒါကို ဖျက်ချပစ်ဖို့ စဉ်းစားနေပါတယ်။)
၂) အဲဒီဖောင့်ကို ဝက်ဘ်ဆိုက်တွေမှာ Embed လုပ်ပိုင်ခွင့်မရှိပါ။ EOT, woff, svg, java font စတာတွေနဲ့ ကိုယ့်ဆိုက်မှာ ဖောင့်မပါဘဲ ပေါ်အောင်လုပ်ထားရင် မူပိုင်ခွင့်နဲ့ ငြိပါတယ်။
၃) Software တွေမှာ Embed ထည့်ခွင့် မရှိပါ။
တစ်ဘက်မှာ နောက်ဆုံးထွက်တဲ့ ယူနီကုတ်ဖောင့်တွေဖြစ်တဲ့ ပိတောက်၊ ပုရပိုဒ်၊ မြန်မာ၃၊ မာစတာပိယူနီစံ၊ သံလွင် စတဲ့ ဖောင့်တွေဟာ လိုင်စင်ကို အတိအကျ ဖော်ပြထားကြပြီး အားလုံးလိုလိုဟာ Opensource ပေးထားတဲ့ လွတ်လပ်ဖောင့်တွေ ဖြစ်နေတာ တွေ့ရပါတယ်။ လွတ်လပ်ဖောင့်ဖြစ်တဲ့အတွက် ဝေမျှခြင်း၊ မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲခြင်း၊ တချို့ဆိုရင် ပြန်လည်ရောင်းချခြင်းတို့ကို ခွင့်ပြုထားတာမျိုး ရှိပါတယ်။ လိုင်စင်အဓိပ္ပါယ်ရှင်းလင်းချက်တွေကိုတော့ myanmarlanguage.org မှာ တင်ပေးဖို့ ကြိုးစားနေကြပါတယ်။
မြန်မာစာတိုးတက်ရေး
ယူနီကုတ်ဟာ အစိုးရပိုင်းမှာ တွင်တွင်ကျယ်ကျယ် သုံးနေပေမယ့် အွန်လိုင်းလောကမှာ လူသုံးနည်းနေသေးတာတော့ အမှန်ပါ။ ယူဇာလမ်းညွှန် နည်းနေခြင်း၊ ကြော်ငြာအားနည်းခြင်း (မရှိသလောက်ဖြစ်ခြင်း)၊ ယူနီကုတ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်ဖို့ ခက်ခဲခြင်း၊ အကူအညီတောင်းရန်နေရာ ရှာမရခြင်း တို့ကလည်း ယူနီကုတ်အသုံးပြုခြင်းကို ဟန့်တားတဲ့ အရာတွေ ဖြစ်ပါတယ်။
ယူနီကုတ်သွင်းလိုက်ရင် ဇော်ဂျီဖတ်မရတော့ခြင်း၊ ကီးဘုတ်မရိုက်တတ်ခြင်း၊ ဇော်ဂျီကီးဘုတ်နဲ့ ယူနီကုတ်ကီးဘုတ် ငြိကြခြင်း စတာတွေဟာလည်း ဖြေရှင်းဖို့လွယ်ပေမယ့် အများဆုံးကြုံနေရတဲ့ အခက်အခဲတွေ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီအချက်တွေကို ကျော်လွှားပြီး
၁) ယူဇာတွေရဲ့စက်ထဲကို ယူနီကုတ်ရောက်သွားဖို့၊ ယူနီကုတ်နဲ့ ရေးထားတာတွေ ဖတ်နိုင်ဖို့
၂) ယူနီကုတ်ကို စရိုက်ဖို့၊ စသုံးဖို့
၃) ယူနီကုတ်ကို တွင်တွင်ကျယ်ကျယ် သုံးဖို့
တွေဟာ ကျွန်တော်တို့ သွားရမယ့် လမ်းတစ်ဆင့်ချင်း ဖြစ်ပါတယ်။
ရောင်နီဦး
အချုပ်ပြောရမယ်ဆိုရင် ဇော်ဂျီဟာ ကျွန်တော်တို့ အွန်လိုင်းမြန်မာစာဖွံ့ဖြိုးရေးအတွက် အများကြီး အထောက်အကူပေးခဲ့တာ ငြင်းမရပါ။ ကျွန်တော်ကတော့ ဇော်ဂျီကို မြန်မာစာအတွက် အရေးပါတဲ့ လှေကားတစ်ထစ်လို့ တင်စားချင်ပါတယ်။ သို့ပေမယ့် ဒီလှေကားထစ်မှာတင် ပေတေပြီး ရပ်နေလို့ မရပါ။ မြန်မာစာ နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ် ဖွံ့ဖြိုးလာဖို့ ယူနီကုတ်ကို မသုံးမဖြစ် သုံးရမှာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး လှေကားထစ်များကို ဆက်လှမ်းတက်ရဦးမှာ ဖြစ်ပါတယ်။ တကယ်လို့ မိတ်ဆွေဟာ မြန်မာစာ နိုင်ငံတကာမှာ တွင်ကျယ်ရေး တိုးတက်ရေးကို လျင်လျင်မြန်မြန် မြင်ချင်တယ် ဆိုရင်တော့ နောက်မှ ဆိုတဲ့ ဆင်ခြေတွေ ပေးမနေတော့ဘဲ ယူနီကုတ်ကို ဒီနေ့ပဲ စသုံးကြည့်လိုက် ကြပါစို့။
Read more:
http://my.wikipedia.org/wiki/Myanmar_Unicode
http://www.thanlwinsoft.org/ThanLwinSoft/MyanmarUnicode/
http://mmitpros.ning.com/forum/topics/myanmar3-keyman-and-msklc
http://www.bamarlay.com/2010/04/bamarlays-experience-with-myanmar-u...
http://www.myanmarlanguage.org/
http://www.myanmars.net/winmyanmar/win-myanmar-5-2009/usage-.html
http://www.dhammabank.com/?PID=B&SID=1&CID=B&BID=12&...
Original Post here
အချိန်ပေးပြီး ဒီပို့စ်ကို ရေးတဲ့ အတွက် Lionslayer ကို ကျေးဇူးတင်ပါတယ်။ ယူနီကုတ် စံနှုန်း လိုက်နာတဲ့ ဖောင့်များနဲ့ မလိုက်နာတဲ့ ဖောင့်များ စာရင်းကို အောက်က လင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။
ယူနီကုတ် စံနှုန်း လိုက်နာသော ဖောင့်များ
ယူနီကုတ် စံနှုန်း မလိုက်နာသော ဖောင့်များ

ရပ်သွားတဲ့ ဇော်ဂျီ

မြန်မာစာ,
သုံးသပ်ချက်
Wednesday, September 29, 2010
လူတိုင်းမသုံးတဲ့ မိုဘိုင်းဖုန်း
လွန်ခဲ့တဲ့ ၈ နှစ် ၉ နှစ် လောက်က မြန်မာနိုင်ငံက မဂ္ဂဇင်းတစ်အုပ်ထဲမှာ ကာတွန်းတစ်ပုဒ်ကို ဖတ်လိုက် ရပါတယ်။ ကာတွန်းထဲမှာ ရေးထားတာကတော့ "ကိုရီးယားကားတွေ အဓိပ္ပာယ် မရှိပုံများကွာ။ အလုပ်ကြမ်းသမားက ဟင်းန်ဖုန်း ကိုင်တယ်။" ဆိုပြီးတော့ပါ။ ကာတွန်းကို ဖတ်ပြီး စိတ်ထဲမှာတော့ ဟင်းန်ဖုန်းဆိုတာ အဆောင်အယောင် တစ်ခုအဖြစ် ရှိနေစေတဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဆက်သွယ်ရေးစနစ် အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ နိုင်ငံတကာမှာတော့ ဟင်းန်ဖုန်းဆိုတာ သန့်ရှင်းရေးသမားနဲ့ လမ်းဘေးက မြေကြီးသယ်တဲ့သူ အပါအဝင် လူတိုင်းလိုလို ကိုင်ကြတယ် ဆိုတာ အထူး ရှင်းပြနေစရာလိုမယ် မထင်ပါဘူး။
နိုင်ငံခြားသား မိတ်ဆွေများ မြန်မာနိုင်ငံက ဂျီအက်စ်အမ် SIM ကတ်ဒ် တစ်ကတ်ဒ် ရဲ့ တန်ဖိုးကို ကြားရင် ဟိုက်ရှာလပတ်ရည် အော်သွားကြတာ များပါတယ်။ တို့နိုင်ငံမှာ ဂျီအက်စ်အမ် SIM ကတ်ဒ် တစ်ကတ်ဒ် ယူအက်စ် ဒေါ်လာ ၂၀၀၀ လောက် ပေးရတယ် လို့ ပြောရင် မင်းတို့ဆီမှာ ဂျီအက်စ်အမ် ဆင်းမ် ကတ်ဒ်ကို ရွှေအစစ်နဲ့များ လုပ်ထား သလားကွာ လို့ တအံ့တသြ မေးကြပါတယ်။ အမှန်တကယ်တော့ ဂျီအက်စ်အမ် ဆင်းမ်ကတ်ဒ်ကို ရွှေအစစ်နဲ့ လုပ်ရုံမကလို့ ပလက်တီနံနဲ့ လုပ်ရင်တောင် အဲဒီလောက်အထိ ဈေးကြီးစရာ အကြောင်း မရှိပါဘူး။
မွေးဌာနီက ဂျီအက်စ်အမ် ဖုန်းများ အကြောင်းကို ကြားခါစက မယုံနိုင်ပါဘူး။ အိမ်ထဲမှာ ပြောမရလို့ လမ်းမထွက် ပြောရတယ်တို့၊ ပြောရင်း သစ်ပင်အောက် ရောက်သွားရင် ပြတ်သွားတယ်တို့၊ ဖုန်း ၂ လုံး ဘေးချင်းကပ် ခေါ်တာတောင် ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်နေတယ်တို့ အခြားသူတွေ ပြောတာ ကြားရတော့ အစကတော့ နောက်နေတယ်ပဲ ထင်ပါတယ်။ ကိုယ်တိုင် ပြန်ရောက်မှပဲ သူများတွေ ပြောတာ အပိုမဟုတ် တကယ် မဟုတ်မှန်း သိရပါတယ်။
ကျွန်တော့်အနေနဲ့ မိုဘိုင်းဖုန်း တွေ ဝိုင်ယာလက်စ် ကွန်ယက်တွေ အကြောင်း သင်ဖူးဖတ်ဖူးထားတာ ဆိုတော့ ဂျီအက်စ်အမ် ကွန်ယက်က ဘယ်လို အလုပ်လုပ် သလဲ ဆိုတာ နည်းနည်းပါးပါး တီးမိ ခေါက်မိ ရှိပါတယ်။

ဂျီအက်စ်အမ် ကွန်ယက်မှာ ဆဲလ်လို့ ခေါ်တဲ့ ဆက်သွယ်မှု ဧရိယာ တစ်ခုချင်းစီအတွက် အထိုင် အင်တင်နာ စခန်း (Base Transceiver Station) တစ်ခုစီ ရှိပါတယ်။ အဲဒီလို အင်တင်နာ စခန်း တစ်ခုစီကနေ ၁ မိုင် ပတ်လည် ၂ မိုင်ပတ်လည် အစရှိတဲ့ အင်တင်နာ ရဲ့ ပတ်လည် ဧရိယာ အတွင်းမှာ ရှိတဲ့ ဖုန်းတွေကို ဆက်သွယ်ပေး ပါတယ်။ ဒါပေမယ့်လည်း အထိုင်စခန်း တစ်ခုကနေ ဆက်သွယ်ပေးနိုင်တဲ့ ဖုန်းအရေအတွက် ဟာ အကန့် အသတ် ရှိပါတယ်။ အဲဒီ အတွက်ကြောင့် အသုံးပြုတဲ့သူ များလာရင် အထိုင်စခန်း မှာ ရှိတဲ့ အင်တင်နာရဲ့ ပါဝါကို လျှော့ပြီး နောက်ထပ် အထိုင်စခန်း တစ်ခု ထပ်ထည့် ပေးရပါတယ်။ ဥပမာ ၁ မိုင်ပတ်လည်မှာ ဖုန်း အလုံး ၁၀၀ ကို ထိန်းနိုင်တယ် ဆိုကြပါစို့။ အဲဒီ တစ်မိုင်ပတ်လည် အတွင်းမှာ အသုံးပြုသူ ၁၀၀ မက ရှိလာပြီဆိုရင် အင်တင်နာရဲ့ ပါဝါကို တမိုင်ကနေ မိုင်ဝက်ကို လျှော့ချပြီး နောက်ထပ် မိုင်ဝက်အတွက် အထိုင်စခန်း တစ်ခု ထပ်ထည့်ပေးရပါတယ်။ အဲဒီလို မလုပ်ဘူး ဆိုရင် အထိုင်စခန်းက ဆက်သွယ်ပေးနိုင်တဲ့ ဖုန်းဆက်သွယ်မှု ပြည့်သွားတဲ့ အခါမှာ အဲဒီ အထိုင်စခန်း ပတ်ပတ်လည်မှာ ရှိတဲ့ တခြားဖုန်းတွေ အဆက်အသွယ် လုပ်လို့ မရတော့ပါဘူး။ အဲဒါကြောင့် ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်သွား ရတာပါ။
အဲဒီတော့လည်း ဆက်သွယ်ရေးမှာ အလုပ်လုပ်တဲ့ အင်ဂျင်နီယာ မိတ်ဆွေများကို နည်းနည်းပါးပါး တီးခေါက်ကြည့်မိပါတယ်။ ရန်ကုန်မှာ အထိုင်စခန်းတွေကို ဘယ်လို စီမံခန့်ခွဲသလဲလို့ မေးကြည့်တော့ ဂျီအက်စ်အမ် စနစ် စပြီး ဆင်ကတည်းက ဒီအတိုင်းပဲ။ ထပ်ဖြည့်တာ မရှိဘူးလို့ ပြန်ဖြေပါတယ်။ ဟိုတလောကတော့ ရန်ကုန်မှာ အထိုင်စခန်းတွေ ထပ်တိုးတယ်လို့ သတင်းထဲမှာ ဖတ်လိုက်ရပါတယ်။ ဒါပေမယ့်လည်း ဆင့်ပါးစပ် နှမ်းပက်သလိုမျိုး ဖြစ်နေသလားလို့ စဥ်းစား မိပါတယ်။
နောက်တစ်ခုက ဂျီအက်စ်အမ် စနစ်နဲ့ ပတ်သက်ပြီး ဖုန်းပြောရင်း ပြတ်သွားတတ်တဲ့ အကြောင်းကို နည်းနည်း ရှင်းပြချင် ပါတယ်။ စင်ကာပူမှာတော့ ဖုန်းပြောရင်း ဖုန်းပြတ်သွားတာ ရထားစီးတဲ့သူများ ကြုံဖူးကြပါလိမ့်မယ်။ ရထားက လှိုဏ်ခေါင်းထဲ ဝင်သွားရင် ပြောနေတဲ့လိုင်း ရုတ်တရက် ပျောက်သွားတတ်ပါတယ်။ ပုံမှန်အားဖြင့် မိုဘိုင်းဖုန်းဆိုတဲ့ အတိုင်း ဟင်းန်ဖုန်းဟာ သွားရင်းလာရင်းပြောဖို့ ဒီဇိုင်း လုပ်ထားတာပါ။ အဲဒါကြောင့် အင်တင်နာ စခန်းတစ်ခုကနေ မိနိုင်တဲ့ ဧရိယာရဲ့ အစပ်မှာ အနီးဆုံး အခြား အင်တင်နာ စခန်း တစ်ခုကနေလည်း ဖမ်းမိနိုင်အောင် ဒီဇိုင်းလုပ်ထား ရပါတယ်။ အဲဒီတော့ သွားရင်းလာရင်း အင်တင်နာ စခန်းရဲ့ နယ်မြေစပ်ကို ရောက်သွားပြီဆိုရင် BSC (Base Station Controller) လို့ခေါ်တဲ့ အင်တင်နာစခန်းတွေကို ထိန်းချုပ်တဲ့ နေရာကနေပြီး လက်ရှိ သုံးနေတဲ့ အင်တင်နာ စခန်းကနေ အချက်ပြလှိုင်းအား ပိုကောင်းတဲ့ အနီးဆုံး အင်တင်နာ စခန်းကို လွှဲပြောင်းပေးပါတယ်။ အဲဒါကို နည်းပညာဆိုင်ရာ စကားလုံး အနေနဲ့တော့ Handoff လုပ်တယ်လို့ ခေါ်ကြပါတယ်။ အကယ်၍ ဖုန်းက ဘယ်အင်တင်နာ စခန်းမှ မမိတဲ့ ကြားထဲကနေရာကို ရောက်သွားမယ် ဆိုရင် ပြတ်သွားနိုင်ပါတယ်။ နောက်တစ်ချက် ဖြစ်နိုင်တာကတော့ လွှဲပေးရမယ့် အင်တင်နာ စခန်းမှာ သုံးစရာ လိုင်းအပို မရှိဘူး ဆိုရင်လည်း ဖုန်းက ပြတ်သွားနိုင်ပါတယ်။ အင်တင်နာစခန်း တစ်ခုက အချက်ပြလှိုင်း ရုတ်တရက် ပျောက်သွားပြီး အခြားအင်တင်နာ စခန်းတစ်ခုက အချက်ပြလှိုင်း ရုတ်တရက် ပေါ်လာတယ်ဆိုရင်လည်း BSC ကနေ ချက်ချင်း လွှဲမပေးနိုင်တဲ့အတွက် ဖုန်းပြတ် သွားနိုင်ပါတယ်။ ရထား လှိုဏ်ခေါင်းထဲဝင်တဲ့ အဖြစ်က နောက်ဆုံးက အဖြစ်မျိုးပါ။
ရန်ကုန် ရောက်တော့ ကမ်းရိုးတန်းဖုန်း ဆိုပြီး အခေါ်အဝေါ် အသစ်တစ်ခုကို ကြားရပါတယ်။ တကယ်တော့ အဲဒီစနစ်ကို နာဂစ်မုန်တိုင်း အပြီး ကမ်းရိုးတန်း ဒေသတွေမှာ စပြီး တပ်ဆင်တဲ့အတွက် ကမ်းရိုးတန်း ဖုန်းလို့ နာမည်တွင်တာပါ။ ကမ်းရိုးတန်းဖုန်းဆိုတာ ဘာလဲလို့ မေးကြည့်တော့ ဒဗလျူ စီဒီအမ်အေ လို့ ပြန်ပြောကြပါတယ်။ ကမ်းရိုးတန်း ဖုန်းကို လူကြိုက်မများဘူးလို့လည်း ပြောကြပါတယ်။ ဘာလို့လည်း မေးတော့ စီဒီအမ်အေ မို့လို့ မကြိုက်တာလို့ ပြောကြပါတယ်။ လက်ကိုင်ဖုန်းတွေ ထွက်ခါစက စီဒီအမ်အေနဲ့ ဂျီအက်စ်အမ် ဆိုပြီး နှစ်မျိုးနှစ်စား ထွက်ထားတော့ အခု ဒဗလျူ စီဒီအမ်အေ ဖုန်းတွေကိုလည်း စီဒီအမ်အေနဲ့ အမှတ်မှားနေကြပါတယ်။ အမှန်တကယ်တော့ ဒဗလျူ စီဒီအမ်အေ ဆိုတာ အခု နိုင်ငံတကာမှာ သုံးနေတဲ့ 3G လို့ အများသိထားကြတဲ့ ဖုန်းစနစ်ပါ။ မြန်မာပြည်မှာ 3G ထက် 2G ကို ပိုပြီး လူကြိုက်များတယ် ဆိုတဲ့ ကိစ္စကတော့ စဥ်းစားမရနိုင်အောင်ပါပဲ။ ကိုယ်မသိသေးတဲ့ အကြောင်းအချက် တွေလည်း ရှိချင်ရှိမှာပေါ့။ ဒါပေမယ့်လည်း ဗီဒီယိုဖုန်း ခေါ်လို့ မရ၊ ဒေတာ ဆားဗစ် သုံးလို့မရတော့လည်း ဒဗလျူ စီဒီအမ်အေလည်း ရိုးရိုးလိုင်းနဲ့ ဘာမှမထူးပါဘူး။
စီဒီအမ်အေ ဖုန်းစနစ်ရဲ့ ထူးခြားချက်က အဲဒီစနစ်မှာ ဂျီအက်စ်အမ် စနစ်လိုမျိုး အသုံးပြုသူ တစ်ယောက်ချင်းစီကို အသုံးပြုတဲ့ အချိန်မှာ ကြိမ်နှုန်းတစ်ခု သီးခြား ပေးထားတာ မရှိပါဘူး။ စီဒီအမ်အေ ဖုန်းက ကြိမ်နှုန်းတွေ အားလုံးပေါ်မှာ လျှို့ဝှက် ကုတ်ဒ်သင်္ကေတသုံးပြီး လှိုင်းတွေကို ဖြန့်ကျက် လွှတ်ထုတ် ပေးပါတယ်။ အဲဒီတော့ တခြားဖက်က လျို့ဝှက် ကုတ်ဒ်သင်္ကေတ ဆင်တူ ရှိတဲ့ ဖုန်းကနေပဲ ဒီလှိုင်းတွေကို အဓိပ္ပာယ် ပြန်လို့ ရပါတယ်။ ကြားက နေ ဖြတ်နားထောင်ဖို့ကတော့ ဖုန်းကုမ္ပဏီက အလိုတူအလိုပါ ပါဝင်မှပဲ ရပါမယ်။
ဒါဆို ဂျီအက်စ်အမ် ဖုန်းကရော ကြားဖြတ်နားထောင်လို့ ရသလားလို့ မေးပါလိမ့်မယ်။ ဂျီအက်စ်အမ် ဖုန်းကလည်း ကြားကနေ ဖြတ်နားထောင်ဖို့ မလွယ်ပါဘူး။ ဟိုးအရင်တုန်းက နာမည်ကြီးခဲ့တဲ့ နာမည်ကျော် ၂ ယောက်ရဲ့ စကားပြော ကက်ဆက်ခွေမှာ ဆယ်လူလာ ဖုန်းကို ကြားဖြတ်ဖမ်းထားတယ် ဆိုတဲ့ အချက်ကတော့ ဖြစ်နိုင်ပါတယ်။ အဲဒီတုန်းက သုံးနေတဲ့ ဆယ်လူလာ စနစ်က ဂျီအက်စ်အမ် စနစ်မဟုတ်ပါဘူး။ AMPS လို့ ခေါ်တဲ့ အစောပိုင်း ဆယ်လူလာ စနစ် တစ်မျိုးပါ။ အဲဒီ စနစ်မှာ အသံလှိုင်းတွေကို ရေဒီယိုလှိုင်းပေါ်ကနေ တိုက်ရိုက်လွှင့်တာ ကြောင့် ကြားကနေ အဲဒီ ရေဒီယိုလှိုင်းကို ဖြတ်နားထောင်မယ် ဆိုရင် ဖြစ်နိုင်ပါတယ်။ ဒါတောင်မှ ဖြစ်နိုင်မဖြစ်နိုင် မသေချာပါဘူး။ ဥပမာ အမေရိကန်လို နိုင်ငံမျိုးမှာ AMPS အတွက် သုံးတဲ့ ကြိမ်နှုန်းတွေက FM ရေဒီယို လွှင့်တဲ့ ကြိမ်နှုန်းတွေနဲ့ ၁၀ ဆလောက် ကွာတာမို့ FM ရေဒီယိုနဲ့ ကြားဖြတ်ဖမ်းဖို့ ဆိုတာ မလွယ်လှပါဘူး။
ဂျီအက်စ်အမ် စနစ်မှာတော့ TDMA လို့ ခေါ်တဲ့ အချိန်အပိုင်းအခြားဖြတ်ပြီး ထုတ်လွှင့်တဲ့ စနစ် သုံးထားတဲ့ အတွက် ခိုးနားထောင်ဖို့ မလွယ်လှပါဘူး။ ဥပမာ ပေးရရင် ဖုန်း ၅ လုံးက တပြိုင်တည်း ပြောနေတယ် ဆိုရင် အဲဒီဖုန်းငါးလုံးက ထွက်လာတဲ့ အသံလှိုင်းတွေကို ရေဒီယိုလှိုင်း တစ်ခုထဲမှာ အချိန်အပိုင်းအခြားနဲ့ ၅ ပိုင်းပိုင်းပြီး လွှင့်ပါတယ်။ လွှင့်ထုတ်ချိန် ၁ စက္ကန့် ရှိတယ် ဆိုရင် အသံလှိုင်းတစ်ခု စီအတွက် ရေဒီယိုလှိုင်းပေါ်မှာ ၀.၂ စက္ကန့် အပိုင်းအခြား ရှိတဲံ နေရာ တစ်နေရာစီ ရပါတယ်။ ဖုန်းတစ်လုံးထဲ ပြောနေတယ် ဆိုရင်တောင်မှ ၀.၂ စက္ကန့် အပိုင်းအခြားကိုပဲ သုံးပြီး ကျန်တဲ့အချိန် အပိုင်းအခြားကို ဘာမှ မလွှင့်ပဲ ထားပါတယ်။ အဲဒီလိုမျိုး အသံလှိုင်းတွေကို စုပေါင်းပြီးမှ လှိုင်းတစ်ခု အနေနဲ့ လွှင့်ပါတယ်။ မလွှင့်ခင်မှာလည်း အသံလှိုင်းကို အင်နာလော့ အနေနဲ့ မလွှင့်ပဲ ဒီဂျစ်တယ် လှိုင်း အဖြစ် ပြောင်းပါသေးတယ်။ ဒါကြောင့်မို့ ဂျီအက်စ်အမ် ဖုန်းကို ကြားဖြတ်ပြီး ရေဒီယိုနဲ့ နားထောင်ဖို့ ဆိုတာ သာမန်လူအတွက် မဖြစ်နိုင် သလောက် ပါပဲ။
နောက်ဆုံးတစ်ခေါက် ရန်ကုန်ပြန်တော့ ရန်ကုန်မှာ ဂျီအက်စ်အမ်ဖုန်းတွေ အတော် ပေါလာပါပြီ။ ဒါပေမယ့် အလုပ်ကြမ်းသမား ဟင်းန်ဖုန်း ကိုင်နိုင်တဲ့ အခြေအနေတော့ မရောက်သေးပါဘူး။ အဲဒီအချိန်ကို ဘယ်တော့များမှ ရောက်ဦးမလဲလို့ မေးကြရင်တော့ Don't Cry ကို မြန်မာမှုပြုထားတဲ့ ရင်ဂိုရဲ့ သီချင်းထဲကလို တစ်နေ့နေ့ပေါ့ မေရယ်။ စိတ်ရှည်လက်ရှည် စောင့်ကွယ် လို့ပဲ ဆိုပြရလိမ့်မယ် ထင်ပါတယ်။
(ပုံကတော့ ဘယ်က ကူးမိမှန်းမသိပါ။ Google ကနေ ရှာထားတယ်ပဲ ထားလိုက်ပါတော့။ :D )

Friday, August 13, 2010
လက်ဟန်ခြေဟန် နားလည်မယ့် ကွန်ပြူတာ
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက လူတွေ စက်ရုပ်နဲ့ ပတ်သက်ပြီး အတော်လေး စိတ်ကူးယဥ် ခဲ့ကြ ပါတယ်။ အိမ်မှာ အိမ်မှုကိစ္စတွေ လုပ်ပေးမယ့် စက်ရုပ်တွေ၊ စားသောက်ဆိုင်မှာ စားပွဲထိုးပေးမယ့် စက်ရုပ်တွေ စတာမျိုးတွေကို စိတ်ကူးထဲမှာ ပုံဖော်ကြည့် ခဲ့ကြဖူးမှာပါ။ ဒါပေမယ့် ကွန်ပြူတာ နည်းပညာတွေ တိုးတက်လာသလောက် စက်ရုပ်နည်းပညာက တိုးတက်မလာပါဘူး။ လူရဲ့ အမြင်အာရုံကို တုပနိုင်တဲ့ နည်းပညာတွေ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးတာကလည်း အဓိက အဟန့်အတား တစ်ခုအနေနဲ့ ပါဝင် ပါတယ်။ စက်ရုပ်ရဲ့ ဆုံးဖြတ်ချက်ချတဲ့ နည်းပညာဟာ ကွန်ပြူတာရဲ့ ဆုံးဖြတ်ချက်ချတဲ့ နည်းပညာနဲ့ ဆင်တူပါပဲ။ အဲဒီတော့ ကွန်ပြူတာက သူဘာမြင်ရသလဲ ဆိုတာကို ဆုံးဖြတ်နိုင်တဲ့ နည်းပညာ မတိုးတက်သေးတဲ့ အတွက် စက်ရုပ်မှာလည်း အဲဒီနည်းပညာ တိုးတက် မလာသေးပါဘူး။
လူရဲ့ အမြင်အာရုံနဲ့ ဦးနှောက် တွဲဖက် အလုပ်လုပ်တဲ့ ပုံစံက အသေအချာ လေ့လာကြည့်တော့ အတော်လေး အံ့သြဖို့ ကောင်းပါတယ်။ လူအုပ်ကြားထဲမှာ ကိုယ်နဲ့ ရင်းနှီးတဲ့ မျက်နှာတစ်ခုကို ချက်ချင်း မှတ်မိနိုင်တဲ့ ခံစားမှုမျိုးကို ကွန်ပြူတာမှာ လုပ်နိုင်အောင် လေ့ကျင့်ပေးဖို့ မလွယ်ပါဘူး။ ရှင်းရှင်းလင်းလင်း ဥပမာ ပြရရင် စားပွဲထိုးတစ်ယောက်ကို ကြည့်နိုင်ပါတယ်။ စားသောက်ဆိုင်မှာ လူတစ်ယောက် လာစားပြီး ပြန်သွားတဲ့ အခါမှာ စားပွဲပေါ်မှာ ကျန်ခဲ့တဲ့ အစားအသောက် အကြွင်းအကျန်တွေကို အမှိုက်ပုံးထဲ ထည့်ရမယ်၊ ပန်းကန်တွေ ခွက်တွေ ကို ပြန်သိမ်းရမယ် ဆိုတဲ့ အမြင်အာရုံခွဲခြားမှုမျိုးကို ဘယ်လူသား မဆို အလွယ်တကူ လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်ဟာက ကြက်ဥခွံ ဘယ်ဟာက ဖန်ခွက်ဆိုတာကို ခွဲခြားတတ်ဖို့ အတွက် စက်ရုပ်တစ်ရုပ်ကို လေ့ကျင့်ပေးဖို့တော့ မလွယ်လှပါဘူး။
ကွန်ပြူတာမှာ အမြင်အာရုံအားနည်း ကြပါတယ်။ အဲဒါဆိုရင် မျက်မှန်တပ်ပေးလိုက် လို့လည်း မဖြစ်သေးပါဘူး။ ကွန်ပြူတာက မမြင်ရတာ မဟုတ်ပါဘူး။ မြင်တာကို ဘာလဲဆိုတာ မခွဲခြားတတ်တာပါ။ အခုတော့ ကျွန်တော်လည်း ကွန်ပြူတာများ မျက်စိ အလင်းရရေးအတွက် ပရော့ဂျက်တစ်ခု လုပ်နေပါတယ်။ အောက်မှာ ပြထားတာကတော့ ဟိုတစ်လောက ကျောင်းက ပရော့ဂျက် စူပါဗိုက်ဆာက မင်းကြည့်ဖို့ ဆိုပြီး ကျွန်တော့်ကို ပို့ပေးလိုက်တဲ့ ဗွီဒီယိုပါ။ မိုက်ခရိုဆော့ဖ် XBox 360 ရဲ့ အနာဂတ် ရည်မှန်းချက်လို့ ပြောရမယ် ထင်ပါတယ်။
ကျွန်တော် လုပ်နေတဲ့ ပရော့ဂျက်ကလည်း အဲဒီလို ပုံစံမျိုးပါပဲ။ ကွန်ပြူတာကို လက်ဟန်ခြေဟန်နဲ့ အမိန့်ပေး စေခိုင်းတာကို နားလည်အောင် လုပ်ရမယ့် ပရော့ဂျက်ပါ။ ဒီနည်းပညာက အသစ်တော့ မဟုတ်ပါဘူး။ ကိုယ့်ရှေ့မှာ တခြားသူတွေ အတော်များများ လုပ်ခဲ့ပြီးသားပါ။ နည်းပညာ အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်သေးတာ တစ်ခုပဲ ရှိပါတယ်။အမေရိကန်မှာ သုံးတဲ့ လက်ဟန်ခြေဟန် ဘာသာစကား (Sign Language)၊ သြစတေးလျမှာသုံးတဲ့ လက်ဟန်ခြေဟန် ဘာသာစကား၊ ဂျပန်မှာသုံးတဲ့ လက်ဟန်ခြေဟန် ဘာသာစကားတွေကို နားလည်တဲ့ စနစ်တွေကို ထွင်ခဲ့ကြ ပြီးပါပြီ။ အခုလက်ရှိမှာ တိုရှီဘာက သူတို့ရဲ့ နောက်ထုတ်မယ့် တီဗွီတွေမှာ ရီမု ကွန်ထရိုးမလိုဘဲ လက်ဟန်ခြေဟန်နဲ့ ထိန်းချုပ်လို့ ရတဲ့ နည်းပညာကို ထည့်သွင်းဖို့ ကြိုးစားနေပါတယ်။ တိုရှီဘာရဲ့ ပြပွဲမှာ ပြသွားတဲ့ ဗွီဒီယိုကို စိတ်ဝင်စားရင် ဒီမှာ ကြည့်လို့ ရပါတယ်။ နာမည်ကြီး လက်ကိုင်ဖုန်း ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Nokia ကတော့ မျက်နှာပြင်ကို ထိတွေ့စရာ မလိုပဲ လက်ဟန်ခြေဟန်နဲ့ အမိန့်ပေးလို့ ရမယ့် နည်းပညာကို နောက်ထွက်မယ့် Nokia ဖုန်းတွေမှာ ထည့်သွင်းဖို့ ကြိုးစားနေပါတယ်။ Google ရဲ့ Android ဖုန်းတွေ အတွက် ဒီနည်းပညာကို စမ်းသပ်နေတဲ့ သူတွေ ရှိတယ် ဆိုတာလည်း အံ့သြစရာ မကောင်းတော့ပါဘူး။
နည်းပညာပိုင်းကို စိတ်ဝင်စားသူတွေ အတွက်တော့ ကျွန်တော် အခုထက်ထိ ရှာဖွေတွေ့ရှိ ထားသလောက် အချက်အလက်တွေကို နည်းနည်း ဝေမျှချင်ပါတယ်။ ကွန်ပြူတာက လက်ဟန်အမူ အရာကို နားလည်အောင် လုပ်နိုင်ဖို့ အဆင့် (၄) ဆင့် ရှိပါတယ်။ ပထမဆုံး အဆင့်ကတော့ ကွန်ပြူတာကနေ လက်ဟန် အမူအရာကို ဖမ်းယူဖို့ အဆင့်ပါ။ အဲဒီလို လုပ်ဖို့ အတွက် Webcam လို ကိရိယာ မျိုးကနေ လှုပ်ရှားနေတဲ့ လက်ဟန် အမူအရာကို ဗွီဒီယို အနေနဲ့ ဖမ်းယူ ရပါတယ်။ ဗွီဒီယို ဆိုတာ တကယ်တမ်းတော့ ရုပ်ပုံတွေ အများကြီးကို ဆက်စပ်ထားတဲ့ ရုပ်ပုံစီးကြောင်း (Image Stream) တစ်ခုပါ။ အဲဒီ အထဲကနေ ရုပ်ပုံတွေကို လိုအပ်သလောက် သလောက် ပြန်ထုတ်ယူဖို့ လိုပါတယ်။ ဥပမာ အားဖြင့် တစ်စက္ကန့်ကို ၅ ပုံ နှုန်း ဒါမှမဟုတ် ၁၀ ပုံနှုန်း စတာမျိုးပါ။
ဒုတိယ အဆင့် အနေနဲ့ကတော့ အဲဒီလို ဖမ်းယူထားတဲ့ ရုပ်ပုံတွေထဲကနေ လက်ပုံစံကို သပ်သပ် ခွဲထုတ်ဖို့ ပါ။ ရုပ်ပုံရဲ့ နောက်ခံ မှာ စာအုပ်လည်း ရှိချင် ရှိနိုင်တယ် အဝတ်အစားတွေလည်း ရှိနေနိုင်တယ်။ အဲဒီလိုပဲ ပုံထဲမှာလည်း လက်တွင် မက မျက်နှာတွေ၊ ဆံပင်တွေ စတာတွေလည်း ရောပါနေနိင်ပါတယ်။ အဲဒီ အထဲကနေ လက်ကို ခွဲခြားသိနိုင်ဖို့ လိုပါတယ်။ ဒီနည်းပညာကတော့ အများနဲ့ သိပ်မစိမ်းလှပါဘူး။ အခုလက်ရှိ ကင်မရာတွေမှာ ပါနေတဲ့ မျက်နှာရွေးထုတ် နည်းပညာ (Face Detection Technology) လို ပုံစံမျိုးပါပဲ။
တတိယ အဆင့်ကတော့ ရွေးထုတ်ထားတဲ့ လက်ရဲ့ ပုံစံကို ကြည့်ပြီး ဘာပုံစံလည်း ဆိုတာ သရုပ်ခွဲဖို့ပါ။ ဒီနည်းပညာက လွယ်မလိုနဲ့ နည်းနည်း ခက်ပါတယ်။ လက်ဆိုပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက် အသားအရောင်ချင်း မတူသလို လက်အရွယ်အစားချင်းလည်း မတူပါဘူး။ ဒါ့အပြင့် လက်ပေါ်မှာ အမွှေးအမှင်တွေ အများကြီး ပေါက်နေတဲ့သူ အမွှေးအမှင် မရှိတဲ့သူဆိုတာလည်း ကွာပါသေးတယ်။ အဲဒီတော့ ကိုယ်ထွင်ထားတဲ့ စနစ်ကို လက်ပုံစံတွေ အများကြီး ပြပြီး သင်ကြားပေးဖို့ လိုပါတယ်။ ဒီနည်းပညာက ကွန်ပြူတာရဲ့ မှတ်ညာဏ်ထဲမှာ ရှိတဲ့ လက်ပုံစံကို ရုပ်ပုံထဲက လက်ပုံစံနဲ့ တူမတူ တိုက်ဆိုင်ကြည့်တာမျိုး မဟုတ်ပဲ တွေ့ရတဲ့ လက်ရဲ့ အနေအထားပေါ်မူတည်ပြီး ကွန်ပြူတာကို ဆုံးဖြတ်ချက် ချတတ်အောင် လေ့ကျင့် သင်ကြား ပေးရတာမျိုးပါ။
အဲဒီလို သရုပ်ခွဲပြီးတဲ့ အခါမှာတော့ လက်ပုံစံက ဘာပုံစံလဲ ဆိုတာ သိရပါပြီ။ အဲဒီအခါမှာ လက်မထောင်ထားတာလား၊ လက်မ အောက်စိုက်ထားတာလား၊ လက်ဝါးထောင် ထားတာလား၊ လက်သီးဆုပ်ထားတာလား စတာမျိုး ကို အဖြေထုတ်ပြဖို့က နောက်ဆုံး အဆင့်ပါ။
နည်းပညာပိုင်း စိတ်ဝင်စားသူတွေ အတွက် နည်းနည်း ထပ်ပြောပါဦးမယ်။ ကျွန်တော် လက်ရှိ အသုံးပြု ဖို့ ရွေးချယ်ထားတဲ့ Development Environment ကတော့ Visual Studio 2010 Professional နဲ့ OpenCV Library ပါ။ OpenCV မှာ ကွန်ပြူတာ အမြင်အာရုံနဲ့ ပတ်သက်တဲ့ Algorithm တွေ အတော်များများ ရေးပြီးသား ပါပါတယ်။ Algorithm အနေနဲ့ကတော့ Hand Detection အတွက် ADABoost Algorithm ကို သုံးဖို့နဲ့ Hand Recognition အတွက်ကတော့ Hidden Markov Model ကို သုံးဖို့ ရွေးထားပါတယ်။ နောက် ၄ လ အတွင်းမှာ အလုပ်ဖြစ်မဖြစ် သိရပါမယ်။ အဲဒီ ၄ လ အတွင်းတော့ ဘလော့ခ် ပုံမှန် မရေးနိုင်ရင် ခွင့်လွှတ်ကြဖို့ ကြိုပြီး တောင်းပန် ထားပါရစေ။

Tuesday, March 16, 2010
နိယာမတွေ မှားပြီလား
အခုတလော သူငယ်ချင်းတွေ ပို့ပေးတဲ့ အီးမေးလ်တွေထဲမှာ လောင်စာမဲ့ လျှပ်စစ်နည်းပညာ ဆိုတဲ့ မြန်မာတိုင်းမ်က သတင်း တစ်ပုဒ်ကို ဖတ်လိုက် ရပါတယ်။ အဲဒီ သတင်းကို ကျွန်တော် အစအဆုံး အခေါက်ခေါက် အခါခါ ဖတ်ပြီး ညာဏ်မီသလောက် အမျိုးမျိုးလှည့်ပတ် စဥ်းစားကြည့်မိပါတယ်။ ကျွန်တော် ကိုယ်တိုင်ကပဲ ပိန်းလွန်းသလား နည်းပညာကပဲ လိုက်မမီအောင် မြင့်နေသလားတော့ မသိပါဘူး။ အဲဒီနည်းပညာကို ကျွန်တော် ဘယ်လိုမှ သဘောမပေါက်နိုင်ပါဘူး။
ကျွန်တော်တို့ ရူပဗေဒကို စသင်တဲ့ အချိန်တုန်းက စွမ်းအင်တည်မြဲမှုနိယာမ (Law of Conservation of Energy) ဆိုတာ သင်ခဲ့ဖူးပါတယ်။ အဲဒီနိယာမမှာ စွမ်းအင် ဆိုတာ ဖန်တီးလို့မရ၊ ဖျက်ဆီးလို့မရ၊ စွမ်းအင် အသွင်တစ်မျိုးမှ အခြားတစ်မျိုးသို့ ကူးပြောင်း၍သာ ရသည်လို့ ဆိုထားပါတယ်။
အဲဒီလို စွမ်းအင် ပြောင်းလဲမှုတွေကို လေ့လာဖို့အတွက် ကားတစ်စီးရဲ့ ရွေ့လျားမှု ကို ဥပမာ အနေနဲ့ ကြည့်နိုင်ပါတယ်။ ကားတစ်စီးကို ရွေ့လျားဖို့အတွက် နည်းလမ်း အမျိုးမျိုး စဉ်းစားကြည့်လို့ ရနိုင်ပါတယ်။ ပထမနည်းလမ်းက ကားထဲကို လောင်စာဆီ ထည့်ပြီး မောင်းဖို့ပါ။ မော်တော်ကား အင်ဂျင် လည်ပတ်ဖို့အတွက် လောင်စာဆီကို အင်ဂျင်ထဲမှာ လောင်ကျွမ်း ပေါက်ကွဲ စေရပါတယ်။ အဲဒီလို လောင်စာဆီ လောင်ကျွမ်းတဲ့ အခါမှာ လောင်စာဆီထဲမှာ ပါတဲ့ဓာတု စွမ်းအင် (Chemical Energy) ကနေ အပူစွမ်းအင်(Heat Energy) အဖြစ် ပြောင်းလဲပြီး အင်ဂျင်ကို လည်ပတ်စေတဲ့ အရွေ့စွမ်းအင် (Kinetic Energy) ကို ဖြစ်စေပါတယ်။ နောက်တစ်နည်းကတော့ ကားကို လောင်စာဆီမထည့်ပဲ လူအားနဲ့ တွန်းလွှတ်ဖို့ပါ။ အဲဒီလို မော်တော်ကားကို လူအားနဲ့ တွန်းမယ်ဆိုရင် လူရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဓာတုစွမ်းအင်ကနေ မော်တော်ကားကို ရွေ့လျားစေဖို့ အတွက် အရွေ့စွမ်းအင် အဖြစ် ပြောင်းလဲပေးတယ်လို့ မြင်နိုင်ပါတယ်။ တတိယမြောက်နည်းကတော့ မော်တော်ကားကို အမြင့်ကနေ လှိမ့်ချဖို့ပါ။ ဘယ်အရာဝတ္ထု ပဲဖြစ်ြဖစ် အမြင့်တစ်ခုမှာ ရှိနေတယ်ဆိုရင် ကမ္ဘာမြေရဲ့ ဆွဲအားကို ဆန့်ကျင် ထားရတဲ့အတွက် သူ့မှာ အတည်စွမ်းအင် (Potential Energy) ရှိနေပါတယ်။ အဲဒီတော့ အမြင့်ကနေ အနိမ့်ကို ဆင်းရင် အတည်စွမ်းအင် လျော့သွားပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ မော်တော်ကားကို အမြင့်ကနေ့ အနိမ့်ကို လှိမ့်ချမယ်ဆိုရင် ကားမှာ ရှိပြီးသား အတည်စွမ်းအင်တွေက အရွေ့စွမ်းအင် အဖြစ် ပြောင်းလဲသွားတယ်လို့ မြင်နိုင်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့ ခြုံငုံသုံးသပ်လို့ ရတာက စွမ်းအင်တစ်ခု ဖြစ်ဖို့အတွက် အခြားစွမ်းအင်တစ်ခု လိုအပ်ပါတယ်။ အဲဒီလို စွမ်းအင် အသွင်ပြောင်းတဲ့နေရာမှာမှ အကျိုးသက်ရောက်မှု (Efficiency) ဘယ်လောက် ရှိသလဲဆိုတာကိုလည်း ထည့်ပြီး စဥ်းစားရပါတယ်။ အကျိုးသက်ရောက်မှု ဆိုတာက ဝင်လာတဲ့ စွမ်းအင်နဲ့ ပြန်ထွက်သွားတဲ့ စွမ်းအင် ရဲ့ အချိုးအစားပါ။ သူ့ရဲ့ ညီမျှခြင်းက
လို့ ရေးလို့ ရပါတယ်။
ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်စက်ကိရိယာ အမျိုးအစားမှ အကျိုးသက်ရောက်မှု ကို ရာနှုန်းပြည့်ဖြစ်အောင် မစွမ်းဆောင်နိုင် ပါဘူး။ ဘာဖြစ်လိုလဲ ဆိုတော့ စွမ်းအင်တစ်မျိုးကနေ အခြားတစ်မျိုးကို ပြောင်းတဲ့ နေရာမှာ မလိုလားအပ်တဲ့ အခြားစွမ်းအင်တွေ အနေနဲ့ လေလွင့်ဆုံးရှုံးမှု (Loss)တွေ အမြဲ ရှိတတ် ပါတယ်။ ဥပမာ အားဖြင့် မော်တော်ကား သွားတဲ့နေရာမှာ မလိုလားအပ်တဲ့ အပူစွမ်းအင်(Heat Energy)တွေ၊ အသံစွမ်းအင်(Sound Energy)တွေ ၊ တုန်ခါမှုကနေ လှိုင်းစွမ်းအင် (Wave Energy) တွေ ထွက်လာတတ်တဲ့အတွက် လောင်စာဆီက ထုတ်လိုက်တဲ့ ဓာတုစွမ်းအင်က အရွေ့စွမ်းအင် အဖြစ် ရာနှုန်းပြည့် ပြောင်းလဲ မသွားပါဘူး။ ရာခိုင်နှုန်း တချို့တဝက်သာ အရွေ့စွမ်းအင် အဖြစ် ပြောင်းလဲသွားပြီး ကျန်တဲ့ စွမ်းအင်တွေက မလိုလားအပ်တဲ့ အပူ၊ အသံ၊ လှိုင်းစွမ်းအင် တွေ အဖြစ် လေလွင့် ဆုံးရှုံးမှု ဖြစ်သွားပါတယ်။ အဲဒါကို ညီမျှခြင်း အနေနဲ့
ကမ္ဘာပေါ်မှာ လိုအပ်နေတဲ့ စွမ်းအင်တွေ ရဖို့အတွက် စွမ်းအင် အသွင်တမျိုးကနေ အခြားတမျိုးကို ကူးပြောင်းခြင်း နည်းနဲ့ပဲ ရနိုင်ပါတယ်။ လျှပ်စစ်စွမ်းအင် (Electrical Energy) ရဖို့ အသုံးပြုတဲ့ နည်းတွေကို လေ့လာကြည့်ပါ။ ရေနွေးငွေ့သုံး ဘွိုင်လာမှာ ဆိုရင် အပူစွမ်းအင်(Heat Energy) ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းပေးပါတယ်။ လောင်စာဆီသုံး မီးစက်တွေမှာ ဆိုရင် လောင်စာဆီကရတဲ့ ဓာတုစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။ လေရဟတ်တို့ ရေရဟတ်တို့မှာ ဆိုရင် ရေစီးကြောင်း လေစီးကြောင်းတွေရဲ့ ရွေ့လျားမှုကလာတဲ့ အရွေ့စွမ်းအင် (Kinetic Energy) ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုမှာဆိုရင် နျူကလီယား စွမ်းအင် (Nuclear Energy) ကနေ လျှပ်စစ် စွမ်းအင်အဖြစ် ပြောင်းလဲပေးပါတယ်။ နေရောင်ြခည်သုံး လျှပ်စစ်ဓာတ်အားပေးစက်မှာ ဆိုရင်လည်း နေစွမ်းအင် (Solar Energy) ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။
စွမ်းအင်ဆိုတာ ဥုံဖွ ဆိုပြီး မန်းမှုတ်လိုက်လို့ လေထဲက နေ ရောက်လာတာမျိုး မဟုတ်ပါဘူး။ အခြားစွမ်းအင် တမျိုးကပဲ အသွင်ကူးပြောင်း လာတာပါ။ ယုတ်စွအဆုံး ဟိုတလောဆီက မြန်မာပြည်မှာ မဟာရွှေညာဏ်တော် စူးရောက်ပြီး နွားကနေ လျှပ်စစ်ထုတ်တယ်ဆိုတဲ့ ကုမ္ပဏီတောင်မှ နွားရဲ့ ရွေ့လျားမှုစွမ်းအင်တွေ ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးတယ် ဆိုတာ မြင်နိုင်ပါတယ်။ ဒါပေမယ့် လေ့လွင့် ဆုံးရှုံးမှု မရှိတဲ့ စက်ကိရိယာ ဆိုတာ မရှိပါဘူး။ ကြာကြာမောင်းလို့ အပူချိန် တက်မလာတဲ့စက်၊ အသံမထွက်တဲ့စက်၊ တုန်ခါမှု လုံးဝမရှိတဲ့စက် ဆိုတာ ကမ္ဘာပေါ်မှာ မရှိသေးပါဘူး။ အဲဒီအတွက် စက်တိုင်းမှာ အပူစွမ်းအင်၊ အသံစွမ်းအင်၊ လှိုင်းစွမ်းအင်တွေက အလေအလွင့် အနေနဲ့ ထွက်လာတယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။
ဒါဆိုရင် လောင်စာမဲ့ လျှပ်စစ်နည်းပညာ ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး ဆန်းစစ်ကြည့်ရအောင်။ လောင်စာမဲ့ လျှပ်စစ်နည်းပညာမှာ သွင်းလိုက်တဲ့ စွမ်းအင်တွေကို အဆပွားနိုင်တယ် ဆိုရင် အဲဒီ ဆပွား သွားတဲ့ စွမ်းအင်တွေက ဘယ်က ရောက်လာတာလဲ။ စွမ်းအင်ဆိုတာ ဖန်တီးလို့ မရဘူးလို့ စွမ်းအင်တည်မြဲမှု နိယာမမှာ ဆိုထားပါတယ်။ အဲဒီအချက်သာ မှန်တယ်ဆိုရင် ကျွန်တော်တို့ နှစ်ပေါင်းရာနဲ့ချီပြီး ယုံကြည်လာခဲ့တဲ့ စွမ်းအင် တည်မြဲမှု နိယာမကြီး မှားနေပြီလို့ ပြောလို့ ရပါတယ်။ နောက်တစ်ချက်က ကမ္ဘာပေါ်မှာ ဘယ်စက်ကိရိယာမှ ရာနှုန်းပြည့် အကျိုးသက်ရောက်မှု (100% Efficiency) ဖြစ်အောင် မလုပ်နိုင်သေးတဲ့ အချိန်မှာ ရာနှုန်းပြည့်ထက် ၁၀ ဆလောက် ကျော်လွန်အောင် ဘယ်လိုများလုပ်ကြမလဲလို့ တွေးမရပါဘူး။ ကျွန်တော့် ညာဏ်လေး တထွာတမိုက်နဲ့ ညာဏ်မီအောင် စဥ်းစားကြည့်လို့ မရနိုင်ပါဘူး။
နိယာမဆိုတာ အမြဲတမ်း မှန်တယ်လို့တော့ မပြောလိုပါဘူး။ နယူတန် ရဲ့ ရွေ့လျားမှု ဆိုင်ရာ နိယာမတောင်မှ အလွန် သေးငယ်တဲ့ အရာ ဝတ္ထုတွေနဲ့ အလွန် ကြီးမားတဲ့ အရာဝတ္ထုတွေ အတွက် မှန်ကန်ခြင်း မရှိပါဘူး။ ဘယ်လိုပဲ ဖြစ်စေ စွမ်းအင်တည်မြဲမှု နိယာမကို ဆန့်ကျင်ပြီး စွမ်းအင်ကို ဖန်တီးယူလို့ ရနိုင်တယ် ဒါမှမဟုတ် အကျိုးသက်ရောက်မှု ကို ၁၀၀ ရာခိုင်နှုန်းထက်တောင် ကျော်လွန်အောင် လုပ်နိုင်တဲ့ စက်မျိုး တီထွင်နိုင်တယ် ဆိုရင်တော့ တီထွင်တဲ့သူ နိုဘယ်လ်ဆို တစ်ဆုထဲတင် မကဘူး အဲဒီနှစ်ချက်အတွက် နိုဘယ်လ်ဆု ၂ ဆုလောက် ရသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။
ကိုးကား။
http://www.myanmar.mmtimes.com/2010/upper/454/upper01.html
ကျွန်တော်တို့ ရူပဗေဒကို စသင်တဲ့ အချိန်တုန်းက စွမ်းအင်တည်မြဲမှုနိယာမ (Law of Conservation of Energy) ဆိုတာ သင်ခဲ့ဖူးပါတယ်။ အဲဒီနိယာမမှာ စွမ်းအင် ဆိုတာ ဖန်တီးလို့မရ၊ ဖျက်ဆီးလို့မရ၊ စွမ်းအင် အသွင်တစ်မျိုးမှ အခြားတစ်မျိုးသို့ ကူးပြောင်း၍သာ ရသည်လို့ ဆိုထားပါတယ်။
အဲဒီလို စွမ်းအင် ပြောင်းလဲမှုတွေကို လေ့လာဖို့အတွက် ကားတစ်စီးရဲ့ ရွေ့လျားမှု ကို ဥပမာ အနေနဲ့ ကြည့်နိုင်ပါတယ်။ ကားတစ်စီးကို ရွေ့လျားဖို့အတွက် နည်းလမ်း အမျိုးမျိုး စဉ်းစားကြည့်လို့ ရနိုင်ပါတယ်။ ပထမနည်းလမ်းက ကားထဲကို လောင်စာဆီ ထည့်ပြီး မောင်းဖို့ပါ။ မော်တော်ကား အင်ဂျင် လည်ပတ်ဖို့အတွက် လောင်စာဆီကို အင်ဂျင်ထဲမှာ လောင်ကျွမ်း ပေါက်ကွဲ စေရပါတယ်။ အဲဒီလို လောင်စာဆီ လောင်ကျွမ်းတဲ့ အခါမှာ လောင်စာဆီထဲမှာ ပါတဲ့ဓာတု စွမ်းအင် (Chemical Energy) ကနေ အပူစွမ်းအင်(Heat Energy) အဖြစ် ပြောင်းလဲပြီး အင်ဂျင်ကို လည်ပတ်စေတဲ့ အရွေ့စွမ်းအင် (Kinetic Energy) ကို ဖြစ်စေပါတယ်။ နောက်တစ်နည်းကတော့ ကားကို လောင်စာဆီမထည့်ပဲ လူအားနဲ့ တွန်းလွှတ်ဖို့ပါ။ အဲဒီလို မော်တော်ကားကို လူအားနဲ့ တွန်းမယ်ဆိုရင် လူရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဓာတုစွမ်းအင်ကနေ မော်တော်ကားကို ရွေ့လျားစေဖို့ အတွက် အရွေ့စွမ်းအင် အဖြစ် ပြောင်းလဲပေးတယ်လို့ မြင်နိုင်ပါတယ်။ တတိယမြောက်နည်းကတော့ မော်တော်ကားကို အမြင့်ကနေ လှိမ့်ချဖို့ပါ။ ဘယ်အရာဝတ္ထု ပဲဖြစ်ြဖစ် အမြင့်တစ်ခုမှာ ရှိနေတယ်ဆိုရင် ကမ္ဘာမြေရဲ့ ဆွဲအားကို ဆန့်ကျင် ထားရတဲ့အတွက် သူ့မှာ အတည်စွမ်းအင် (Potential Energy) ရှိနေပါတယ်။ အဲဒီတော့ အမြင့်ကနေ အနိမ့်ကို ဆင်းရင် အတည်စွမ်းအင် လျော့သွားပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ မော်တော်ကားကို အမြင့်ကနေ့ အနိမ့်ကို လှိမ့်ချမယ်ဆိုရင် ကားမှာ ရှိပြီးသား အတည်စွမ်းအင်တွေက အရွေ့စွမ်းအင် အဖြစ် ပြောင်းလဲသွားတယ်လို့ မြင်နိုင်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့ ခြုံငုံသုံးသပ်လို့ ရတာက စွမ်းအင်တစ်ခု ဖြစ်ဖို့အတွက် အခြားစွမ်းအင်တစ်ခု လိုအပ်ပါတယ်။ အဲဒီလို စွမ်းအင် အသွင်ပြောင်းတဲ့နေရာမှာမှ အကျိုးသက်ရောက်မှု (Efficiency) ဘယ်လောက် ရှိသလဲဆိုတာကိုလည်း ထည့်ပြီး စဥ်းစားရပါတယ်။ အကျိုးသက်ရောက်မှု ဆိုတာက ဝင်လာတဲ့ စွမ်းအင်နဲ့ ပြန်ထွက်သွားတဲ့ စွမ်းအင် ရဲ့ အချိုးအစားပါ။ သူ့ရဲ့ ညီမျှခြင်းက
Efficiency = Energy Output /Energy Input
လို့ ရေးလို့ ရပါတယ်။
ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်စက်ကိရိယာ အမျိုးအစားမှ အကျိုးသက်ရောက်မှု ကို ရာနှုန်းပြည့်ဖြစ်အောင် မစွမ်းဆောင်နိုင် ပါဘူး။ ဘာဖြစ်လိုလဲ ဆိုတော့ စွမ်းအင်တစ်မျိုးကနေ အခြားတစ်မျိုးကို ပြောင်းတဲ့ နေရာမှာ မလိုလားအပ်တဲ့ အခြားစွမ်းအင်တွေ အနေနဲ့ လေလွင့်ဆုံးရှုံးမှု (Loss)တွေ အမြဲ ရှိတတ် ပါတယ်။ ဥပမာ အားဖြင့် မော်တော်ကား သွားတဲ့နေရာမှာ မလိုလားအပ်တဲ့ အပူစွမ်းအင်(Heat Energy)တွေ၊ အသံစွမ်းအင်(Sound Energy)တွေ ၊ တုန်ခါမှုကနေ လှိုင်းစွမ်းအင် (Wave Energy) တွေ ထွက်လာတတ်တဲ့အတွက် လောင်စာဆီက ထုတ်လိုက်တဲ့ ဓာတုစွမ်းအင်က အရွေ့စွမ်းအင် အဖြစ် ရာနှုန်းပြည့် ပြောင်းလဲ မသွားပါဘူး။ ရာခိုင်နှုန်း တချို့တဝက်သာ အရွေ့စွမ်းအင် အဖြစ် ပြောင်းလဲသွားပြီး ကျန်တဲ့ စွမ်းအင်တွေက မလိုလားအပ်တဲ့ အပူ၊ အသံ၊ လှိုင်းစွမ်းအင် တွေ အဖြစ် လေလွင့် ဆုံးရှုံးမှု ဖြစ်သွားပါတယ်။ အဲဒါကို ညီမျှခြင်း အနေနဲ့
Energy Input = Energy Output + Energy Loss
လို့ ရေးလို့ ရပါတယ်။ကမ္ဘာပေါ်မှာ လိုအပ်နေတဲ့ စွမ်းအင်တွေ ရဖို့အတွက် စွမ်းအင် အသွင်တမျိုးကနေ အခြားတမျိုးကို ကူးပြောင်းခြင်း နည်းနဲ့ပဲ ရနိုင်ပါတယ်။ လျှပ်စစ်စွမ်းအင် (Electrical Energy) ရဖို့ အသုံးပြုတဲ့ နည်းတွေကို လေ့လာကြည့်ပါ။ ရေနွေးငွေ့သုံး ဘွိုင်လာမှာ ဆိုရင် အပူစွမ်းအင်(Heat Energy) ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းပေးပါတယ်။ လောင်စာဆီသုံး မီးစက်တွေမှာ ဆိုရင် လောင်စာဆီကရတဲ့ ဓာတုစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။ လေရဟတ်တို့ ရေရဟတ်တို့မှာ ဆိုရင် ရေစီးကြောင်း လေစီးကြောင်းတွေရဲ့ ရွေ့လျားမှုကလာတဲ့ အရွေ့စွမ်းအင် (Kinetic Energy) ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုမှာဆိုရင် နျူကလီယား စွမ်းအင် (Nuclear Energy) ကနေ လျှပ်စစ် စွမ်းအင်အဖြစ် ပြောင်းလဲပေးပါတယ်။ နေရောင်ြခည်သုံး လျှပ်စစ်ဓာတ်အားပေးစက်မှာ ဆိုရင်လည်း နေစွမ်းအင် (Solar Energy) ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။
စွမ်းအင်ဆိုတာ ဥုံဖွ ဆိုပြီး မန်းမှုတ်လိုက်လို့ လေထဲက နေ ရောက်လာတာမျိုး မဟုတ်ပါဘူး။ အခြားစွမ်းအင် တမျိုးကပဲ အသွင်ကူးပြောင်း လာတာပါ။ ယုတ်စွအဆုံး ဟိုတလောဆီက မြန်မာပြည်မှာ မဟာရွှေညာဏ်တော် စူးရောက်ပြီး နွားကနေ လျှပ်စစ်ထုတ်တယ်ဆိုတဲ့ ကုမ္ပဏီတောင်မှ နွားရဲ့ ရွေ့လျားမှုစွမ်းအင်တွေ ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးတယ် ဆိုတာ မြင်နိုင်ပါတယ်။ ဒါပေမယ့် လေ့လွင့် ဆုံးရှုံးမှု မရှိတဲ့ စက်ကိရိယာ ဆိုတာ မရှိပါဘူး။ ကြာကြာမောင်းလို့ အပူချိန် တက်မလာတဲ့စက်၊ အသံမထွက်တဲ့စက်၊ တုန်ခါမှု လုံးဝမရှိတဲ့စက် ဆိုတာ ကမ္ဘာပေါ်မှာ မရှိသေးပါဘူး။ အဲဒီအတွက် စက်တိုင်းမှာ အပူစွမ်းအင်၊ အသံစွမ်းအင်၊ လှိုင်းစွမ်းအင်တွေက အလေအလွင့် အနေနဲ့ ထွက်လာတယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။
ဒါဆိုရင် လောင်စာမဲ့ လျှပ်စစ်နည်းပညာ ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး ဆန်းစစ်ကြည့်ရအောင်။ လောင်စာမဲ့ လျှပ်စစ်နည်းပညာမှာ သွင်းလိုက်တဲ့ စွမ်းအင်တွေကို အဆပွားနိုင်တယ် ဆိုရင် အဲဒီ ဆပွား သွားတဲ့ စွမ်းအင်တွေက ဘယ်က ရောက်လာတာလဲ။ စွမ်းအင်ဆိုတာ ဖန်တီးလို့ မရဘူးလို့ စွမ်းအင်တည်မြဲမှု နိယာမမှာ ဆိုထားပါတယ်။ အဲဒီအချက်သာ မှန်တယ်ဆိုရင် ကျွန်တော်တို့ နှစ်ပေါင်းရာနဲ့ချီပြီး ယုံကြည်လာခဲ့တဲ့ စွမ်းအင် တည်မြဲမှု နိယာမကြီး မှားနေပြီလို့ ပြောလို့ ရပါတယ်။ နောက်တစ်ချက်က ကမ္ဘာပေါ်မှာ ဘယ်စက်ကိရိယာမှ ရာနှုန်းပြည့် အကျိုးသက်ရောက်မှု (100% Efficiency) ဖြစ်အောင် မလုပ်နိုင်သေးတဲ့ အချိန်မှာ ရာနှုန်းပြည့်ထက် ၁၀ ဆလောက် ကျော်လွန်အောင် ဘယ်လိုများလုပ်ကြမလဲလို့ တွေးမရပါဘူး။ ကျွန်တော့် ညာဏ်လေး တထွာတမိုက်နဲ့ ညာဏ်မီအောင် စဥ်းစားကြည့်လို့ မရနိုင်ပါဘူး။
နိယာမဆိုတာ အမြဲတမ်း မှန်တယ်လို့တော့ မပြောလိုပါဘူး။ နယူတန် ရဲ့ ရွေ့လျားမှု ဆိုင်ရာ နိယာမတောင်မှ အလွန် သေးငယ်တဲ့ အရာ ဝတ္ထုတွေနဲ့ အလွန် ကြီးမားတဲ့ အရာဝတ္ထုတွေ အတွက် မှန်ကန်ခြင်း မရှိပါဘူး။ ဘယ်လိုပဲ ဖြစ်စေ စွမ်းအင်တည်မြဲမှု နိယာမကို ဆန့်ကျင်ပြီး စွမ်းအင်ကို ဖန်တီးယူလို့ ရနိုင်တယ် ဒါမှမဟုတ် အကျိုးသက်ရောက်မှု ကို ၁၀၀ ရာခိုင်နှုန်းထက်တောင် ကျော်လွန်အောင် လုပ်နိုင်တဲ့ စက်မျိုး တီထွင်နိုင်တယ် ဆိုရင်တော့ တီထွင်တဲ့သူ နိုဘယ်လ်ဆို တစ်ဆုထဲတင် မကဘူး အဲဒီနှစ်ချက်အတွက် နိုဘယ်လ်ဆု ၂ ဆုလောက် ရသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။
ကိုးကား။
http://www.myanmar.mmtimes.com/2010/upper/454/upper01.html
Labels:
နည်းပညာ,
သိပ္ပံ,
သုံးသပ်ချက်
Sunday, January 3, 2010
ရောက်တတ်ရာရာ နည်းပညာတွေ
ကျွန်တော် ငယ်ငယ်တုန်းကတော့ ကမ္ဘာမှာ ဘယ်လို နည်းပညာ အသစ်အဆန်းတွေ ပေါ်နေပြီ ဆိုတာမျိုးတွေကို စိတ်ဝင်စားတတ် ပါတယ်။ အဲဒီအချိန်ကတော့ အင်္ဂလိပ်စာ မဖတ်တတ်တာရယ် အနီးအနားမှာ ဖတ်စရာ စာအုပ်စာတမ်း မရှိတာတွေရယ်ကြောင့် မြန်မာလို ဖတ်လို့ရတဲ့ သုတစွယ်စုံ သိပ္ပံ မဂ္ဂဇင်း စတာတွေပဲ ဖတ်လေ့ရှိပါတယ်။ ၆ တန်း ရတန်း အရွယ်လောက်က သုတစွယ်စုံထဲမှာ ပါတဲ့ ဂြိုဟ်သား အကြောင်းတွေ ယူအက်ဖ်အို (Unidentified Flying Object) လို့ ခေါ်ကြတဲ့ အမျိုးအမည် မသိပျံသန်းနေတဲ့ အရာဝတ္ထုတွေ အကြောင်းကို စိတ်ဝင်တစားနဲ့ ဖတ်ပြီး အစ်ကိုတစ်ယောက်ကို ပြန်ပြောလေ့ ရှိပါတယ်။ ကျွန်တော် ပြောတာတွေ ကြားတဲ့ အစ်ကိုကတော့ မင်းဟာတွေက လွန်လွန်းပြီထင်တယ်။ ဒီလောက် ထူးဆန်းတာတွေ တွေ့မှတော့ နိုင်ငံခြားသတင်းထဲ သတင်းစာထဲ ပါလာလောက်ပြီပေါ့ကွ လို့ ဆင်ဆင်ခြင်ခြင် ပြောပါတယ်။ ကျွန်တော်ကတော့ နိုင်ငံခြား မဂ္ဂဇင်းထဲက ဘာသာပြန်ထားတာပဲ။ လိမ်တာ မဖြစ်လောက်ပါဘူးလို့ ပြန်ပြောတတ်ပါတယ်။ နောက်တော့ ဟန်သစ် မဂ္ဂဇင်းထဲမှာ သုတစွယ်စုံမှ ဘင်သံများ ဆိုတဲ့ ဆောင်းပါးပါလာပြီး အဲဒီဆောင်းပါးကို ဖတ်ရတဲ့ အခါမှ သုတစွယ်စုံက နိုင်ငံခြားက အပေါစား အပျော်ဖတ် မဂ္ဂဇင်းတွေထဲက ယုံတမ်းစကား ဆန်ဆန် သတင်းတွေကို ဘာသာပြန်ပြီး ထည့်နေမှန်း သဘောပေါက်ပါတယ်။ ဟန်သစ်က အဲဒီလို နှိပ်ကွပ် ပြီးနောက်ပိုင်းတော့ သုတစွယ်စုံထဲ အဲဒီလို သတင်းမျိုးတွေ ပါမလာတော့ပါဘူး။ ဒါပေမယ့် သုတစွယ်စုံကနေ ဆယ်လူလာ ဖုန်းအကြောင်းတွေ အီရီဒီယမ် ဂြိုဟ်တုဖုန်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေစတဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ အမှန်အကန် ဗဟုသုတ တချို့တဝက်တော့ ရလိုက်ပါတယ်။
နောက်ပိုင်း အင်္ဂလိပ်စာကလေး မတောက်တခေါက် ဖတ်တတ်တဲ့ အချိန်ရောက်တော့ ဗြိတိသျှ ကောင်ဆယ်လ်မှာ ရှိတဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ စဖတ်ဖြစ်ပါတယ်။ အလွယ်ဖတ် အင်္ဂလိပ်စာနဲ့ ရေးထားတာကြောင့် နားလည်လွယ် ပါတယ်။ အဲဒီမှာ လေဆာ နဲ့ မေဆာ အကြောင်းတွေ စပြီး သိခဲ့ရပါတယ်။ လေဆာကတော့ လူတိုင်း ကြားဖူးပါတယ်။ LASER ဆိုတာက Light Amplification by Stimulated Emission of Radiation ကို အတိုကောက် ခေါ်တာပါ။ လျှပ်စစ်သံလိုက် ရေဒီယို သတ္တိကြွ နယ်ပယ်တစ်ခုထဲမှာ အလင်းကို စူးစိုက် လွှတ်ထုတ်ထားတယ် ဆိုတာမျိုး အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။ သိပ္ပံရုပ်ရှင်ကား များထဲမှာတော့ လေဆာသေနတ်တွေကိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် ပစ်နေကြတာမျိုး တွေ့ရမှာပါ။ အပြင်မှာတော့ အဲဒီလောက် မလွယ်ပါဘူး။ လူတစ်ယောက်ကို လောင်ကျွမ်းနိုင်တဲ့ အားမျိုးရှိတဲ့ လေဆာမျိုးကို ရဖို့ လေဆာပြွန် အကြီးကြီးတစ်ခု လိုပါတယ်။ ကျွန်တော်တို့ စက်ရုံအလုပ်ရုံတွေမှာ သုံးတဲ့ ကာဘွန်ဒိုင် အောက်ဆိုက်ဒ် ဒါမှမဟုတ် YVO4 လေဆာမျိုးတွေမှာ အားကောင်းတဲ့ ပါဝါဆပ်ပလိုင်း လိုပါတယ်။ အဲဒီထက် ပိုပြီး အားကောင်းတဲ့ YAG လေဆာလို လေဆာ အမျိုးအစားတွေ ဆိုရင် အအေးခံဖို့အတွက် ရေပိုက်ပါ လိုအပ်ပါတယ်။ ရုပ်ရှင်ထဲကလို ပစ္စတို သာသာလောက် ရှိတဲ့ သေနတ်ဆိုရင်တော့ ပြပွဲတွေမှာ သုံးတဲ့ လေဆာပွိုင်တာလောက် ပြင်းတဲ့ လေဆာမျိုးလောက်ပဲ ရမယ်ထင်ပါတယ်။ အဲဒါဆိုရင်တော့ လူကို ပြာကျဖို့တော့ ဖြစ်နိုင်မယ် မထင်ပါဘူး။ မျက်စိတည့်တည့် ထိုးရင်တော့ ကြာကြာနေ မျက်စိပျက်တာ မျိုးလောက်တော့ ဖြစ်နိုင်ပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာကတော့ မေဆာပါ။ ဒေးဗစ်ကော့ပါးဖီးရဲ့ မျက်လှည့်ပွဲကို ရုပ်မြင်သံကြားမှာ ကြည့်ဖူးတဲ့သူတွေတော့ ဒေးဗစ်ကော့ပါးဖီး တရုတ်ပြည်က မဟာရံတံတိုင်းကြီးကို ဟိုဖက်ဒီဖက် ဖောက်ပြီး ထွက်ပြတာ တွေ့ဖူးပါလိမ့်မယ်။ သိပ္ပံနည်းကျ စဥ်းစားရင် ဖြစ်နိုင်သလား ဆိုတော့ ဖြစ်နိုင်ပါတယ်။ နံရံတစ်ခုထဲမှာ ရှိတဲ့ ဒြပ်ဝတ္ထုတွေကို သူတို့ရဲ့ သဘာဝကြိမ်နှုန်း (Natural Frequency)အတိုင်း မေဆာနဲ့ တုန်ခါစေရင် နံရံကို သာမန်လူတစ်ယောက်က လေကို ဖြတ်သလို ဖောက်ထွက် သွားလို့ ရနိုင်တယ် လို့ သိပ္ပံပညာရှင်တွေက တွေးကြပါတယ်။ ဒေးဗစ်ကော့ပါးဖီးတော့ မေဆာ သုံးတယ် မထင်ပါဘူး။ သူ့နည်း သူ့ဟန်တော့ ရှိမှာပါ။ MASER ဆိုတာက Microwave Amplification by Stimulated Emission of Radiation ရဲ့ အတိုကောက်ပါ။ လေဆာနဲ့ သဘောတရားခြင်း အတူတူပါပဲ။ ဒါပေမယ့် မေဆာမှာတော့ အလင်းအစား မိုက်ခရိုဝေ့ဖ်ကို သုံးပါတယ်။ နောက်ပိုင်းတော့ မိုက်ခရိုဝေ့ဖ် အစား M ကို မော်လီကျူလာအနေနဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် ပြောင်းလဲ လိုက်ကြပါတယ်။
သိပ္ပံဝတ္ထုတွေ ဖတ်ရင်း တွေ့လာတဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ နည်းပညာတစ်ခုကတော့ Teleporting လို့ခေါ်တဲ့ နည်းပညာပါ။ စိတ်ကူးယဥ်ဆန်ဆန် နည်းပညာတစ်ခုပါပဲ။ အပြင်မှာ လက်တွေ့ဖြစ်လာဖို့တော့ မဖြစ်နိုင်သလောက်ပါပဲ။ တယ်လီပို့တင်းကတော့ လူတစ်ယောက်ကို တစ်နေရာမှာ တစ်စစီ ဖြိုခွဲပြီး တယ်လီဖုန်းထဲမှာ အသံလှိုင်းတွေ လွှင့်ထုတ်သလို တခြားနေရာ တစ်ခု ကို လွှင့်ထုတ် အဆုံးသတ်နေရာရောက်မှ အကုန်ပြန်ဆက်ဆိုတဲ့ သဘောတရားမျိုးပါ။ သိပ္ပံဝတ္ထုတွေ ထဲမှာတော့ လူတွေက တစ်နေရာကနေ တယ်လီပို့တင်းလုပ် တခြားဂြိုဟ်တစ်ခု ဒါမှမဟုတ် အာကာသယာဥ်ပေါ်မှာ ပြန်ပေါ်လာတယ် ဆိုတာမျိုး ရေးထားတာ ဖတ်ဖူးပါတယ်။ ဖြစ်နိုင်သလား ဆိုရင်တော့ မဖြစ်နိုင်သလောက်ပါပဲ။ လူတစ်ယောက်ကို တစ်စစီ ဖြိုခွဲနိုင်တယ် ဆိုပါစေဦး အဲဒီဖြိုခွဲထားတဲ့ အစိတ်အပိုင်းတွေကို လုံလောက်တဲ့ တိကျမှုနဲ့ မှတ်တမ်းတင်ဖို့ အလွန်ခက်ခဲ ပါလိမ့်မယ်။ ဒါ့အပြင် တခြားနေရာတစ်ခုမှာ တပုံစံတည်းတူတဲ့ လူတစ်ယောက်ကို တစ်စစီ ပြန်ပြီး ဆက်စပ်ဖို့ ဆိုတာက နည်းပညာ ပိုင်းအရ မဖြစ်နိုင်သလောက်ပါပဲ။ နည်းနည်း လွဲသွားရင်တောင် မြွေပွေး အကောင် အကြီးကြီး ကိုက်ပါပြီ။ ပိုပြီး ဆိုးတာက အဲဒီလို လုပ်လို့ရကြေးဆိုရင် ဆက်သွယ်ရေး နည်းပညာမှာ သုံးသလို ကော်ပီတွေ ပွားပြီး လူကို နှစ်ယောက်သုံးယောက် တစ်ပြိုင်တည်း ဖြစ်အောင် ပြန်ထုတ်လို့ ရမလား ဆိုတာကလည်း စဥ်းစားစရာ တစ်ခုပါ။ လူကို ကော်ပီကူးလို့ ရပြီထားပါဦး စိတ်ကို ဘယ်လို အပြောင်းအရွှေ့ လုပ်ကြမလဲ ဆိုတာလည်း နောက်ထပ် စဥ်းစားစရာရှိတဲ့ အချက်တစ်ချက်ပါပဲ။
အီလက်ထရွန်းနစ်နဲ့ ပတ်သက်ပြီးတော့လည်း နည်းနည်း ဖတ်မှတ်လိုက်ရတာတွေ ရှိပါတယ်။ လူတစ်ယောက် တစ်ခုခုကို စဥ်းစားရင် သူ့ရဲ့ ဦးနှောက်ထဲကနေ လျှပ်စစ်သံလိုက်လှိုင်းတွေ ထွက်လာတယ်လို့ ဆိုပါတယ်။ အဲဒီ လျှပ်စစ်သံလိုက်လှိုင်းတွေရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုနိုင်ရင် လူတစ်ယောက်ရဲ့ စိတ်အကြံကို သိနိုင်ပါလိမ့်မယ်။ အဲဒီလိုသာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခဲ့ရင် လူတွေမှာ Privacy ဆိုတာ ရှိတော့ မှာ မဟုတ်ပါဘူး။ လူတွေပိုပြီး ခွင့်လွှတ်တတ်လာကြမလား ထပဲ သတ်ကြမလားတော့ မသိပါဘူး။ လူတွေ အရှိကို အရှိအတိုင်း လက်ခံနိုင်ကြဖို့ လိုလာလိမ့်မယ်လို့ ထင်ပါတယ်။ အခုလို အလိမ်တွေ အညာတွေနဲ့ ဟန်ဆောင်မှုတွေ ပျောက်သွားကြလိမ့်မယ်လို့ ထင်ပါတယ်။ သမီးရည်းစားတွေရဲ့ ကြားက ဆက်ဆံရေးလည်း တစ်မျိုးတစ်ဖုံ ပြောင်းသွားနိုင်ပါတယ်။ ယဥ်ကျေးမှု ဆိုတာကြီးပဲ တစ်မျိုးတစ်ဖုံ ပြောင်းသွားမလား ဒါမှမဟုတ် ယဥ်ကျေးမှု ဆိုတာကြီးကို မပြောင်းလဲချင်လို့ပဲ အဲဒီလို နည်းပညာမျိုးတွေကို မတိုးတက် မပြန့်ပွားအောင် ဟန့်တားကြမလား ဆိုတာတော့ မပြောတတ်ပါဘူး။

အက်ဆေး
Friday, August 14, 2009
စက်ရုပ်နဲ့လူ
ရုပ်ရှင်တွေထဲက အတိုင်းသာ ဆိုရင်တော့ စက်ရုပ်ဆိုတာ “စက်ရုပ်ရေ” ဆိုတာနဲ့ ခပ်ပြီးသား အသင့် ဆိုတာမျိုး တွေးမိကြပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့ခေတ် လက်ရှိ နည်းပညာ လောက မှာတော့ စက်ရုပ်ဆိုတာ အဲဒီလောက် အထိ မတိုးတက်သေးပါဘူး။
ကျွန်တော်လည်း နည်းပညာကို ခုံမင်ရူးသွပ်တဲ့ ယောက်ျားလေး တစ်ယောက်ပီပီ စက်ရုပ်တွေကို စိတ်ဝင်စား ပါတယ်။ အဲဒါကြောင့် ကျောင်းတက်တဲ့ အချိန်မှာတောင်မှ စက်ရုပ် နည်းပညာတွေနဲ့ ပတ်သက်နေတဲ့ ဘာသာရပ်ကို ယူဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စက်ရုပ်တွေ အကြောင်းကို ပိုပြီး သိလာတာနဲ့ အမျှ စက်ရုပ်ဆိုတာ ရုပ်ရှင်တွေ ဝတ္တုတွေ ထဲကလို မဟုတ်မှန်း သဘောပေါက်လာပါတယ်။ လူတွေရဲ့ စွမ်းဆောင်နိုင်ရည်နဲ့ အလွန်ပဲ ကွာခြားနေသေးတယ် ဆိုတာကိုလည်း သိလာရပါတယ်။
ကျောင်းမှာတုန်းက စက်ရုပ်တွေ ကစားတဲ့ ဘောလုံးပွဲကို ကြည့်ခဲ့ဖူးပါတယ်။ အဲဒီမှာ စက်ရုပ် ရှေ့တန်း တိုက်စစ်မှူးရဲ့ ဂိုးသွင့်တဲ့ အကွက်ကို ကြည့်ပြီး ကျွန်တော်တို့ အားလုံး အားရပါးရ ရယ်ခဲ့ရ ပါတယ်။ စက်ရုပ် ဂိုးသွင်းတဲ့ ပုံစံကတော့ စံတင်လောက်ပါတယ်။ ဂိုးရှေ့မှာ ရပ်နေတဲ့ ဂိုးသမား စက်ရုပ်ကို ဘော်ဒီချင်းတိုက်ပြီး ဂိုးသမားရွေ့သွားတဲ့ အချိန်ကျမှ ဘောလုံးကို ဂိုးထဲ ကန်ထည့်ပါတယ်။ အပြင်မှာ အဲဒီလို လုပ်ရင်တော့ အနီကတ် ပြခံရမလား မသိပါဘူး။
စက်ရုပ်နည်းပညာကို လေ့လာရင်း စက်ရုပ်နဲ့ လူသားတွေကြားမှာ တူညီတဲ့အချက်နဲ့ မတူညီတဲ့ အချက်တွေကို နှိုင်းယှဉ် ကြည့်မိပါတယ်။ ကျွန်တော်တို့ လူသားတွေ အတွက်တော့ လမ်းလျှောက် တတ်ခါစအရွယ်မှာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို အသားမကျလို့ ခုန်ဆွခုန်ဆွ ဖြစ်နေတတ်ပါတယ်။ တဖြည်းဖြည်းချင်းနဲ့မှ ခြေထောက်ရဲ့ လှုပ်ရှားမှုကို ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားနဲ့ အသားကျအောင် ဦးနှောက်ကနေ တုံ့ပြန်ထိန်းချုပ် ပေးနိုင်လို့ လမ်းကောင်းကောင်း လျှောက်တတ် လာကြပါတယ်။ စက်ရုပ်ဆိုတာကတော့ ရုပ်ရှင်တွေထဲမှာသာ လပ်လျားလပ်လျားနဲ့ လျှောက်သွားနေတတ်ပေမယ့် အပြင်မှာတော့ လမ်းလျှောက်ဖို့ မပြောနဲ့ မတ်တပ်ရပ် နိုင်အောင် လုပ်ဖို့တောင် အတော် ခဲယဉ်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင်တော့ စက်ရုပ်ကို တည်ဆောက်တဲ့ နေရာမှာ လူလို ခြေထောက်နှစ်ချောင်းနဲ့ တည်ဆောက်ရင် မတ်မတ်ရပ်နိုင်အောင် ထိန်းချုပ်ဖို့ နည်းပညာ အနေနဲ့ ခက်ခဲ လို့ ဖြစ်ပါတယ်။ အဲဒါကြောင့် စက်ရုပ် တွေကို များသောအားဖြင့် ဘီးတပ်ပြီး သွားခိုင်းကြပါတယ်။
လူတွေက လမ်းလျှောက်တဲ့ အချိန်မှာ မျက်လုံးနဲ့ ရှေ့တည့်တည့်ကို ကြည့်ပြီး လျှောက်နိုင်ပေမယ့် စက်ရုပ်မှာတော့ မျက်လုံး မပါပါဘူး။ အဲဒီအတွက် ကိုယ်လိုချင်တဲ့ နေရာကို ရောက်အောင် သွားနိုင်ဖို့ အကြံအဖန် လုပ်ရပါတယ်။ လမ်းကြောင်း တစ်ခုတည်းကို ပုံသေ လှုပ်ရှားမယ့် စက်ရုပ်အတွက် အလွယ်ဆုံးနည်းကတော့ သတ္တု တစ်ခုခု နဲ့ ပြုလုပ်ထားတဲ့ လမ်းကြောင်း (Track) ကို ဆွဲပေးထားတာပါ။ လမ်းကြောင်း ဆွဲပေးထားတဲ့အတွက် စက်ရုပ်ဟာ အာရုံခံကိရိယာ (Sensor) တွေနဲ့ လမ်းကြောင်းကို ကြည့်ပြီး သွားလို့ ရပါတယ်။ တစ်ချို့ စက်ရုပ်တွေမှာတော့ လမ်းကြောင်းကို အသေဆွဲ မထားပဲ ကင်မရာ နဲ့ အာထရာလ်ဆောင်း လှိုင်းသုံး အာရုံခံ ကိရိယာ (Ultrasonic Sensor) တွေကို သုံးပြီး လမ်းကြောင်း ရှာကြပါတယ်။
အာထရာလ်ဆောင်း လှိုင်းသုံး အာရုံခံ ကိရိယာ ရဲ့ အလုပ်လုပ်ပုံကတော့ ကိရိယာကနေ သွားချင်တဲ့ အရပ်မျက်နှာ ဆီကို အာထရာလ်ဆောင်း လှိုင်းကို ထုတ်လွှတ်လိုက် ပါတယ်။ အဲဒီလှိုင်းက အဆီးအတား တစ်ခုနဲ့ တွေ့တဲ့ အချိန်မှာ နောက်ကို ပြန်ပြီး ကန်လာပါတယ်။ အဲဒီလို ပြန်ကန်လာတဲ့ လှိုင်းကို စက်ရုပ်ကနေ ပြန်ဖမ်းမိဖို့ ကြာတဲ့အချိန် အတိုင်းအတာ ပေါ်မူတည်ပြီး အရှေ့မှာ ရှိတဲ့ အတားအဆီးနဲ့ ဘယ်လောက် ဝေးသလဲ ဆိုတာကို တွက်လို့ ရပါတယ်။ ကင်မရာ နည်းပညာ သုံးထားတဲ့ စက်ရုပ် မှာတော့ ရှေ့က အရာဝတ္ထုဟာ ဘယ်လို အရာဝတ္ထုမျိုးလဲ ဆိုတာကို ဓာတ်ပုံရိုက်ပြီး ပုံသဏ္ဍန် သရုပ်ခွဲခြင်း (Image Analysis) လုပ်ပြီး ကြည့်ပါတယ်။ ဓာတ်ပုံကို သရုပ်ခွဲ ပြီးမှ ရှောင်သင့်ရင် ရှောင်ပြီး ရှေ့ဆက်သွားသင့်ရင် သွားပါတယ်။
လူနဲ့ စက်ရုပ် အခြားနားဆုံး အချက်ကတော့ အသိဉာဏ်ပါ။ စက်ရုပ်မှာ အသိဉာဏ်မရှိပါဘူး။ စက်ရုပ်တွေကို ကွန်ပြူတာ လိုပဲ မိုက်ခရို ကွန်ထရိုလာ ဒါမှမဟုတ် မိုက်ခရို ပရိုဆက်ဆာတွေနဲ့ ပရိုဂရမ် ရေးပြီး ထိန်းချုပ်ရပါတယ်။ အဲဒီ အတွက် စက်ရုပ်ဟာ ပရိုဂရမ်ထဲမှာ ရေးတဲ့ အတိုင်း၊ ခိုင်းတဲ့ အတိုင်းပဲ အလုပ် လုပ်တတ်ပါတယ်။ ခိုင်းထားတာထက် ပိုပြီး မလုပ်တတ် ပါဘူး။ ဉာဏ်တု (Artificial Intelligence)၊ ဦးနှောက် ထဲက ဆဲလ်တွေလို အလုပ်လုပ်ခြင်း (Neural Processing)၊ အတွေ့အကြုံပေါ်မူတည်ပြီး သင်ယူခြင်း (Experience-based Learning) စတဲ့နည်းပညာတွေ ရှိပေမယ့် အဲဒီ နည်းပညာတွေဟာ လူရဲ့ အသိဉာဏ်နဲ့ ယှဉ်ရင် အလွန် နုနယ်တဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။
အဲဒါဆိုရင် စက်ရုပ်တွေကို ဘာလို့ သုံးနေသေးသလဲ လို့ မေးစရာ ရှိလာပါတယ်။ စက်ရုပ်မှာ လူထက်သာတဲ့ အချက်တွေလည်း ရှိပါတယ်။ လူတစ်ယောက်က အလုပ်တစ်ခုကို ထပ်ခါတလဲလဲ လုပ်ရရင် ပျင်းရိ ငြီးငွေ့လာ တတ်ပါတယ်။ စက်ရုပ်ကတော့ အလုပ်တစ်ခုကို ထပ်ခါတလဲလဲ မပျင်း မရိ လုပ်နိုင်ပါတယ်။ နောက်တစ်ခုက တော့ တိုးတက်တဲ့ နိုင်ငံတွေမှာ ဂဟေဆော်တဲ့ အလုပ်လို အန္တရာယ်များပြီး လူရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အလုပ်တွေအတွက် စက်ရုပ်တွေကို သုံးပြီး လုပ်ကြပါတယ်။ အင်္ဂါဂြိုဟ်ကို ဆင်းသက်ပြီး လေ့လာတာတို့၊ ပင်လယ်ရေအောက် ကြမ်းပြင်ကို ငုပ်တာတို့ စတဲ့ လူသားရဲ့ အသက်အန္တရာယ် ရှိနိုင်တဲ့ အလုပ်တွေ အတွက်လည်း စက်ရုပ်တွေကို သုံးကြပါတယ်။
စက်ရုပ်ရဲ့ အကောင်းဆုံး အချက်ကတော့ အတိုင်းအတာ အတိအကျ အလုပ်လုပ်အောင် ထိန်းချုပ်လို့ ရတာပါ။ နည်းပညာ မြင့်မားတဲ့ စက်ရုပ်တွေမှာ မီလီမီတာ(10-3) ထက် အဆပေါင်းများစွာ သေးငယ်တဲ့ မိုက်ခရို မီတာ (10-6)၊ နာနိုမီတာ (10-9) စတဲ့ အလွန်သေးငယ်တဲ့ အတိုင်းအတာတွေ အထိ တိကျအောင် ထိန်းချုပ် လို့ ရပါတယ်။ အဲဒီအတွက် အရေးကြီးတဲ့ ခွဲစိတ်ကုသမှုလို နေရာမျိုးတွေ၊ အတိအကျ တပ်ဆင်ရမယ့် စက်ပစ္စည်းတွေ ၊ အီလက်ထရွန်းနစ် ကိရိယာတွေ အတွက် စက်ရုပ်ကို သုံးကြပါတယ်။
ွှTransformer တို့၊ Wall-E တို့ ထဲကလို စက်ရုပ်တွေ ဘယ်တော့လောက် ဖြစ်လာမလဲလို့ တစ်စုံတစ်ယောက်က ကျွန်တော့်ကို လာမေးရင်တော့ ကျွန်တော့် တသက်တော့ ဖြစ်လိမ့်မယ် မထင်ပါဘူးလို့ပဲ ဖြေမိပါလိမ့်မယ်။

Wednesday, August 5, 2009
ယူနီကုတ် ပြောင်းဖို့လိုအပ်သမျှ
ယူနီကုတ် ပြောင်းဖို့အတွက် ဘယ်က စရမှန်း မသိတဲ့သူတွေ အတွက် အချက်အလက်တွေ အားလုံးကို တတ်နိုင်သမျှ စုစည်း ပေးထားပါတယ်။
ယူနီကုတ် ဖောင့် ထည့်သွင်းခြင်း
ပထမဆုံးအနေနဲ့ ယူနီကုတ်ဖောင့်တွေထဲက GPL(General Public License), OFL (Open Font License) နဲ့ ဖြန့်ဝေထားတဲ့ ဖောင့်တွေကို တစုတစည်းတည်း Zip ဖိုင်နဲ့ ထည့်ပြီး တင်ထားပါတယ်။ အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
Download Myanmar Unicode Fonts Here
"MyanmarUnicodeFonts.zip" ဆိုတဲ့ ဖိုင်ထဲမှာ Myanmar NLP က ထုတ်တဲ့ Myanmar3 ၊ Solveware Solution က ထုတ်တဲ့ ပုရပိုက် နဲ့ ပိတောက်-ဇော်ဂျီဖောင့် တွေ ပါဝင်ပါတယ်။
Zip File ကို ဖွင့်ပြီး အထဲမှာ ပါတဲ့ ဖောင့်တွေ အားလုံးကို C:\Windows\Fonts ဆိုတဲ့ Folder ထဲကို ကူးထည့်ပါ။ (Windows 2000 based system တွေမှာတော့ C:\WINNT\Fonts ဆိုတဲ့ Folder ဖြစ်ပါလိမ့်မယ်။) Administrator right ရှိဖို့တော့ တော့ လိုအပ်ပါလိမ့်မယ်။ အဲဒီလို Install လုပ်ပြီး သွားပြီ ဆိုရင်တော့ ယူနီကုတ်နဲ့ ရေးထားတဲ့ စာမျက်နှာတွေကို ဖတ်လို့ ရပါပြီ။
မြန်မာဝီကီပိဒိယ http://my.wikipedia.org စာမျက်နှာကို ကြည့်ပါ။ စာလုံးတွေ အကုန်လုံးကို အမှန်အတိုင်း မြင်ရတယ် ဆိုရင်တော့ Installation အောင်မြင်သွားပါပြီ။ (ကြုံတုန်း ကြိုက်တုန်း မြန်မာဝီကီပိဒိယပါ ကြော်ငြာဝင်လိုက်ပါတယ်။ :D )
ပိတောက်-ဇော်ဂျီဖောင့် ဆိုတာကတော့ အခုရက်ပိုင်းအတွင်း Myanmar IT Professional ဖိုရမ်က Lionslayer လက်စွမ်းပြ ထားတဲ့ ဖောင့်ပါ။ မူရင်း SIL International က ထုတ်တဲ့ ပိတောက်ဖောင့်ကို ဇော်ဂျီရဲ့ စာလုံးတွေနဲ့ အစားထိုးထား ပါတယ်။ အဲဒီအတွက် ပိတောက်ဖောင့်ကို သုံးထားပေမယ့် ဇော်ဂျီက စာလုံးတွေ အတိုင်း မြင်ရပါတယ်။ ပိတောက်-ဇော်ဂျီဖောင့်အကြောင်း အသေးစိတ် သိချင်ရင် ဒီမှာ ဖတ်လို့ရပါတယ်။
ယူနီကုတ် ကီးဘုတ် ထည့်သွင်းခြင်း
ယူနီကုတ် ကီးဘုတ်ကို တစ်ခါမှ မသုံးဖူးတဲ့ သူတွေ အတွက် စမ်းသုံးကြည့်ကြဖို့ အကြံပေးချင်ပါတယ်။ ကျွန်တော် အတွေ့အကြုံအရ ပြောရမယ် ဆိုရင် အခြား မြန်မာကီးဘုတ် သုံးဖူးတဲ့ သူတွေ အတွက် တပတ်အတွင်း ယူနီကုတ် ကီးဘုတ်နဲ့ အသားကျနိုင် ပါတယ်။ မြန်မာစာကို စာလုံးပေါင်းအတိုင်း ရိုက်ရတဲ့အတွက်လည်း ပိုမြန်အောင် ရိုက်နိုင်ပါတယ်။ ကောင်းတဲ့အချက်တစ်ချက်ကတော့ စံနှုန်းညှိထားတဲ့ အတွက် ယူနီကုတ် ကီးဘုတ်တစ်ခု ရှိရင် ဘယ်ယူနီကုတ် ဖောင့်ကို မဆို သုံးပြီး ရိုက်လို့ရပါတယ်။
Myanmar3 Installation package ကို အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
Download Myanmar3 Installation Package Here
အဲဒီ Package မှာ ဖောင့်၊ ကီးဘုတ်၊ လက်ကွက် နဲ့ ယူနီကုတ် ရိုက်နည်းတွေ တစုတစည်းတည်း ပါပါတယ်။ Install လုပ်ပြီးတဲ့အခါမှာ Start->Program Files->Myanmar3 ဆိုတဲ့ Menu အောက်မှာ ရှာလို့ ရနိုင်ပါတယ်။ ဒါပေမယ့် Installation လုပ်တဲ့နေရာမှာ မသေမချာ မရေမရာ ဖြစ်နေတဲ့ သူများအတွက် Unofficial Installation Guide ရေးထားပါတယ်။ အောက်က လင့်ခ်မှာ Download လုပ်လို့ရပါတယ်။
Download Myanmar3 Unofficial Installation Guide Here
ယူနီကုတ် ကီးဘုတ်ကို ဘယ်က စရမှန်း မသိဖြစ်နေတဲ့ သူများ အတွက် FAQ တစ်ခုလည်း ရေးထားပါတယ်။ အောက်ကလင့်ခ်မှာ Download လုပ်လို့ရပါတယ်။
Download Unicode Keyboard FAQ Here
ဇော်ဂျီလက်ကွက်ဖြင့် ယူနီကုတ် စာလုံးများ ရိုက်ခြင်း
ဇော်ဂျီလက်ကွက်ကိုပဲ ဆက်သုံးချင်တယ် ဆိုတဲ့ သူတွေ အတွက်တော့ ဇော်ဂျီလက်ကွက်နဲ့ ယူနီကုတ် ကီးဘုတ် ရှိပါတယ်။
ပထမဆုံး NHM Writer ကို Install လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
http://software.nhm.in/products/writer
ယူနီကုတ် ၅.၁ စာလုံး ဇော်ဂျီ လက်ကွက်နဲ့ ကီးဘုတ်ကို အောက်ကလင့်ခ်မှာ Download လုပ်ပါ။
http://novasteps.com/Unicode_5.1_Zawgyi_Layout.zip
NHM Writer ကို Install လုပ်တဲ့ အချိန် ကြိုက်တဲ့ဘာသာ စကားကို ရွေးပါ။ Install လုပ်ပြီးသွားရင် Run ပါ။ Taskbar ထဲက NHM အိုင်ကွန်ကို Right-Click နှိပ်ပြီး Settings ကို ရွေးပါ။ ပြီးရင် ခုန Download လုပ်ထားတဲ့ ကီးဘုတ် အသစ်ကို ထည့်ပါ။
ဒီကီးဘုတ်ရဲ့ လက်ကွက်ဟာ ဇော်ဂျီနဲ့ အတူတူ ပါပဲ။ ဇော်ဂျီလို DeadKey ကို သုံးလို့ရပါတယ်။ Special Key ']' ကို သုံးပြီး English punctuations တွေ နံပါတ်နဲ့ အက္ခရာတွေကို ရိုက်လို့ ရပါတယ်။
ဇော်ဂျီကီးဘုတ်ဖြင့် ယူနီကုတ်စာလုံးများ ရိုက်ခြင်း
ကီးဘုတ် ဒရိုင်ဘာ အသစ် ထပ်မထည့်ချင်ဘူး။ ရှိပြီးသား ဇော်ဂျီကီးဘုတ်နဲ့ပဲ ရိုက်ချင်တယ် ဆိုတဲ့သူတွေ အတွက်ကတော့ ကွန်ဗာတာ တစ်ခု ဒေါင်းလုပ် လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
Download Web-based Converter Here
ကွန်ဗာတာထဲမှာ ဇော်ဂျီနဲ့ ရိုက်ထည့်ပြီး ယူနီကုတ်စာလုံးပြောင်းလို့ ရပါတယ်။ ကွန်ဗာတာက အင်တာနက်စာမျက်နှာ ပုံစံ လုပ်ထားတဲ့ အတွက် စက်ထဲမှာ Install လုပ်ဖို့မလိုပါဘူး။ Zip File ထဲမှာ ပါတဲ့ Converter.htm ကို Webpage တစ်ခု အနေနဲ့ပဲ ဖွင့်ထားဖို့ လိုအပ်ပါလိမ့်မယ်။
ဘားဂလစ်ခ်ျသုံး၍ ယူနီကုတ် စာလုံးများ ရိုက်ခြင်း
မြန်မာစာကို လုံးဝ မရိုက်ဖူးဘူး မြန်မာကီးဘုတ်နဲ့လည်း အကျွမ်းတဝင် မရှိဘူး ဆိုတဲ့ သူတွေ အတွက် Seth Hetu နဲ့ မာ့ခ်တို့ ပူးပေါင်းပြီး ရေးထားတဲ့ ဝိဇ္ဖာ ဘားဂလစ်ခ်ျ စာရိုက်စနစ်ကို သုံးကြည့်ဖို့ အကြံပေး ချင်ပါတယ်။ ဝိဇ္ဇာ စာရိုက်စနစ်ဟာ မြန်မာကီးဘုတ် သိစရာ မလိုပဲ ဘားဂလိပ် စာလုံးတွေ အားလုံးကို မြန်မာစာလုံး အဖြစ် ပြောင်းပေးပါတယ်။ အဲဒါအပြင် ဝိဇ္ဖာဟာ ကွန်ပြူတာထဲမှာ Install လုပ်စရာ မလိုဘဲ သုံးလို့ရပါတယ်။
၁။ ဝိဇ္ဖာ စာရိုက်စနစ်ကို အောက်က လင့်ခ်မှာ ဒေါင်းလုပ် လုပ်ပါ။
waitzar_release_1.7.zip
၂။ Zip File ကို Extract လုပ်ပြီး Waitzar.exe ကို Run ပါ။ Windows ရဲ့ ညာဖက် အောက်ဆုံး ထောင့်မှာ ဝိဇ္ဖာအိုင်ကွန် ပေါ်လာပါလိမ့်မယ်။ Right-Click နှိပ်ပြီး Myanmar ကို ရွေးပါ။ ဒါမှ မဟုတ်ရင် Ctrl+shift ကို နှိပ်ပြီး မြန်မာစာ ပြောင်းလို့ ရပါတယ်။ ဝိဇ္ဖာဟာ ဇော်ဂျီနဲ့ ယူနီကုတ် ၅.၁ နှစ်မျိုးစလုံးအတွက် သုံးလို့ရပါတယ်။ Default Encoding က ယူနီကုတ် ၅.၁ ဖြစ်တဲ့အတွက် ယူနီကုတ် ရိုက်မယ်ဆိုရင် Encoding ပြောင်းစရာ မလိုပါဘူး။

ဝိဇ္ဖာနဲ့ စာရိုက်တဲ့ ပုံစံကို အောက်က ပုံမှာမြင်နိုင်ပါတယ်။ ဘားဂလိပ်က နေ မြန်မာစာလုံး တစ်လုံးထက်ပိုပြီး တူနေရင် ၁၊၂၊၃၊၄ ရွေးစရာ ပေါ်လာပါလိမ့်မယ်။ ကိုယ်ရွေးချယ်ချင်တဲ့ စာလုံးကို ၁၊၂၊၃၊၄ နှိပ်ပြီး ရွေးပါ။

ယူနီကုတ် မဟုတ်သော စာများကို ယူနီကုတ်သို့ ပြောင်းလဲခြင်း
ဇော်ဂျီနဲ့ ရေးထားတဲ့စာတွေကို ယူနီကုတ်စာလုံး တွေ အဖြစ် ပြောင်းချင်ရင် Web-based ကွန်ဗာတာ သုံးပြီး ပြောင်းလို့ ရပါတယ်။ ခုနလည်း ညွှန်းခဲ့ပါတယ်။ အဲဒီ ကွန်ဗာတာက Open Source အနေနဲ့ ဖြန့်ချီထားပါတယ်။
Download Web-based Converter Here
နောက်ထပ် Download ယူနိုင်တဲ့ ကွန်ဗာတာ တစ်ခုကတော့ Solveware Solution က ထုတ်တဲ့ စာရေးကြီး (Officer) ကွန်ဗာတာပါ။ Free Version ကို အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
Download Officer Converter Here
စာရေးကြီး ကွန်ဗာတာမှာတော့ ဇော်ဂျီ တစ်ခုတည်းသာ မကပဲ ဝင်းမြန်မာ၊ မြစေတီ၊ မြန်မာ၁ ဖောင့်နဲ့ ရိုက်ထားတဲ့ စာတွေကိုလည်း ယူနီကုတ် စံနှုန်းညီတဲ့ စာလုံးတွေ အဖြစ် ပြောင်းလို့ ရပါတယ်။ စာရေးကြီး ကွန်ဗာတာရဲ့ မြန်မာစာနဲ့ ရေးထားတဲ့ မီနူးတွေ ကို မြင်နိုင်ဖို့အတွက် စက်ထဲမှာ ပုရပိုက်ဖောင့် ရှိနေဖို့ လိုပါတယ်။ ပထမဆုံး ကျွန်တော် ညွှန်းခဲ့တဲ့ MyanmarUnicodeFont.zip ထဲမှာ ပုရပိုက်ဖောင့် ပါဝင်ပါတယ်။ ပုရပိုက်ဖောင့်ကို ဒီလင့်ခ် ကနေလည်း Download ယူနိုင်ပါတယ်။
Blogspot ပေါ်က ဘလော့ခ်တစ်ခုကို ယူနီကုတ်သို့ ပြောင်းခြင်း
Blogspot ပေါ်မှာ ဇော်ဂျီနဲ့ ရေးထားတဲ့ ဘလော့ခ်တစ်ခုကို စာရေးကြီး ဆော့ဖ်ဝဲလ် သုံးပြီး နာရီပိုင်းအတွင်း ယူနီကုတ် ဘလော့ခ် အဖြစ် ပြောင်းလဲပစ်လို့ ရပါတယ်။ ပို့စ် ၁၀၀ ကျော် ရှိတဲ့ ကျွန်တော့် ဘလော့ခ်ကို ပြောင်းတာ မိနစ် ၂၀ လောက် ကြာပါတယ်။ Blogspot ပေါ်က ဇော်ဂျီနဲ့ ရေးထားတဲ့ ဘလော့ခ်ကို ယူနီကုတ် ဘလော့ခ် အဖြစ် ပြောင်းလဲဖို့ ကျွန်တော် ဘလော့ခ် ၂ ခု ၃ ခုကို သုံးပြီး စမ်းသပ်ထားပါတယ်။ အသေးစိတ် လမ်းညွှန်ကို အောက်ကလင့်ခ်မှာ ရယူနိုင်ပါတယ်။
ဇော်ဂျီဘလော့ခ်ကို ယူနီကုတ် ပြောင်းလဲနည်း ရယူရန်
ယူနီကုတ် ပြောင်းတဲ့ နေရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးဖို့ Google Group တစ်ခု ရှိပါတယ်။ မေးချင်တာတွေ အခက်အခဲတွေကို Google Myanmar Unicode 2009 Group မှာ ပွင့်ပွင့်လင်းလင်း အားမနာတမ်း လာရောက်ဆွေးနွေးနိုင်ပါတယ်။
http://groups.google.com.sg/group/myanmar-unicode-2009
ဘယ်သူတွေ ပြောင်းသည် ဖြစ်စေ မပြောင်းသည် ဖြစ်စေ ကျွန်တော်တော့ ယူနီကုတ် ပြောင်းဖို့ အသင့် ဖြစ်နေပါပြီ။ ဖူးနုသစ်ကို ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ကနေ စပြီး ယူနီကုတ် ၅.၁ နဲ့ပဲ မြင်ရပါတော့မယ်။ အဆင်မပြေ မှုတွေ ရှိခဲ့ရင် ဆောရီးပါ။
Credits:
Myanmar3 (MyanmarNLP)
Parabaik, Officer, Web-based Converter ( Solveware Solution)
Waitzar Input System (Seth Hetu, Ko Soe Min (Mark))
Padauk-Zawgyi (SIL International, Lionslayer, Alpha)
Unicode 5.1 Zawgyi Keyboard (Ko Ravi)

Monday, July 27, 2009
Password လုံခြုံရေး (၁)
Password နဲ့ ပတ်သက်တဲ့ သတိပေးချက် တွေကို မကြာခဏ ကြားဖူးကြမှာပါ။ အင်္ဂလိပ်စာလုံး အကြီးနဲ့ အသေးတွဲသုံးဖို့၊ နံပါတ်နဲ့ အက္ခရာ တွဲသုံးဖို့၊ #%&! အစရှိတဲ့ Special Character တွေ ထည့်သုံးဖို့၊ အဘိဓာန် ထဲက စကားလုံးတွေ မသုံးဖို့၊ စာလုံး အရေအတွက် များများ သုံးဖို့၊ QWERTY လိုမျိုး အစဉ်လိုက် စာလုံးတွေ မသုံးဖို့ ဆိုတဲ့ သတိပေးချက်မျိုး တွေကို ကြားရတတ် ပါတယ်။ဒါပေမယ့် ကွန်ပြူတာ အသုံးပြုသူ အများစုကတော့ ဘာအကြောင်းကြောင့် ဒီလို သတိပေးတယ် ဆိုတာကို သဘောမပေါက် ကြပါဘူး။ အလွယ်တကူ မှတ်လို့ မရအောင် အဲဒီလို လုပ်ခိုင်းတယ် လို့ပဲ ထင်တတ်ပါတယ်။
တကယ့် အကြောင်းရင်းမှန်ကတော့ အလွယ်တကူ မှတ်လို့ မရရုံတင် မကပါဘူး။ Password သူခိုးတွေ သုံးတတ်တဲ့ အဘိဓာန် တိုက်ခိုက်မှု (Dictionary Attack) ၊ ဘရုဖို့စ် တိုက်ခိုက်မှု (Brute Force Attack) စတဲ့ နည်းတွေကနေ ရှောင်နိုင်အောင်လည်း ပါဝင်ပါတယ်။ Password သူခိုး များဟာ ရေးထားပြီးသား ပရိုဂရမ်တွေ Script တွေကို သုံးပြီး Password ဖြည့်ရမည့် နေရာမှာ ဖြစ်နိုင်ခြေ ရှိတဲ့ Password တွေကို အလိုအလျောက် ဖြည့်ကြည့်ကြပါတယ်။ အဲဒီလို ပရိုဂရမ်တွေ ကလည်း ကိုယ်တိုင် ရေးစရာ မလိုပဲ အင်တာနက်မှာတင် အလွယ်တကူ ရှာလို့ ရနိုင် ပါတယ်။
အဘိဓာန် တိုက်ခိုက်မှု (Dictionary Attack) ဆိုတာကတော့ အဲဒီလို ရေးထားပြီးသား ပရိုဂရမ်ကို သုံးပြီး အဘိဓာန် ထဲမှာ ရှိတဲ့ အင်္ဂလိပ်စာလုံးတွေကို ပုံစံမျိုးစုံနဲ့ ပေါင်းစပ်ပြီး ဖြည့်ကြည့်တာကို ခေါ်ပါတယ်။ ဥပမာ အားဖြင့် night နဲ့ parking ပေါင်းပြီး nightparking ဆိုတဲ့ စာလုံးမျိုး၊ Bird နဲ့ Park ပေါင်းပြီး birdpark ဆိုတာမျိုးကို Password နေရာမှာ ဖြည့်ကြည့်ကြတာ မျိုးပါ။ အဲဒီတော့ ကိုယ့်ရဲ့ Password က အဘိဓာန် ထဲမှာ ရှိတဲ့ စာလုံးတွေကို သုံးထားတယ် ဆိုရင် အဘိဓာန် တိုက်ခိုက်မှု ကြောင့် Password သူခိုးတွေရဲ့ လက်ကို ရောက်သွားနိုင်ပါတယ်။ အဘိဓာန် တိုက်ခိုက်မှုကို သုံးတဲ့ Password သူခိုးအနေနဲ့ အင်္ဂလိပ် အဘိဓာန်သာ မကပဲ သူကြိုက်တဲ့ အဘိဓာန်ကို ပရိုဂရမ်ထဲမှာ အလွယ်တကူ ထည့်ပြီး သုံးလို့ရပါတယ်။ အဲဒါကြောင့် အင်္ဂလိပ် အဘိဓာန် မသုံးပဲ မလေးစကားလုံးလို အင်္ဂလိပ်စာနဲ့ ရေးထားတဲ့ စာလုံးမျိုးတွေကို သုံးရင်လည်း စိတ်မချရပါဘူး။ အဘိဓာန်ထဲက စကားလုံးတွေကို Password အနေနဲ့ မသုံးတာဟာ အကောင်းဆုံးပါပဲ။ Password သူခိုးတွေဟာ အဘိဓာန် တိုက်ခိုက်မှု ထဲမှာ qwerty, asdfg စတဲ့ ကီးဘုတ်ပေါ်မှာ ရှိတဲ့ ဂဏန်း အစဉ်လိုက် စာလုံးတွဲတွေကိုလည်း သုံးတတ်တဲ့ အတွက် ကီးဘုတ်ပေါ်မှာ ရှိတဲ့ အစဉ်လိုက် အက္ခရာတွေကို Password အနေနဲ့ ထားခြင်းမှလည်း ရှောင်သင့်ပါတယ်။
ဘရုဖို့စ် ဆိုတာကတော့ ဖြစ်နိုင်ခြေ ရှိတဲ့ စာလုံးတွေကို ပုံစံမျိုးစုံနဲ့ ဖြည့်ကြည့်တဲ့ တိုက်ခိုက်မှုပါ။ ဥပမာ အားဖြင့် ဘရုဖို့စ် နဲ့ တိုက်ခိုက်မယ့် Password သူခိုးက Password ၆လုံးစာ နေရာကို ကို 0 ကနေ 9 အထိ ဖြည့်ကြည့်မယ် ဆိုကြပါစို့။ ပရိုဂရမ်က Password ဖြည့်ရမယ့် နေရာမှာ 0 ကနေ 999999 အတွင်း ရှိ သမျှ ဂဏန်းတွေကို အလို အလျောက် ဖြည့်ကြည့်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတဲ့ password အားလုံးပေါင်းက (106 + 105 + 104 + 103+ 102 + 10)= ၁၁ သန်းကျော် ရှိပါတယ်။ (10 က ဖြစ်နိုင်ခြေ ရှိတဲ့ 0 ကနေ 9 အထိ ဂဏန်း ၁၀ လုံးကို ရည်ညွှန်းပြီး ရှေ့ဆုံးက ပါဝါ 6 ကတော့ ဂဏန်း ၆ လုံးစာနေရာကို ရည်ညွှန်းပါတယ်။) ဒါပေမယ့် ၁၁ သန်းကျော် ဆိုတဲ့ ဂဏန်းကို ကွန်ပြူတာနဲ့ ဖြည့်ကြည့်ဖို့ မိနစ်ပိုင်း ပဲ ကြာပါတယ်။ အကယ်၍ ဂဏန်းချည်း သက်သက်မဟုတ်ပဲ အင်္ဂလိပ်အက္ခရာ စာလုံး အသေး ကိုပါ တွဲဖြည့်မယ် ဆိုရင်တော့ a ကနေ z အထိ အက္ခရာ ၂၆ လုံး ပိုလာပါပြီ။ အက္ခရာ ၃၆ လုံးအတွက် ဖြစ်နိုင်ခြေ ရှိတဲ့ ဂဏန်း အားလုံးပေါင်းက (366 + 365 + 364 + 363+ 362 + 36) = 2.2 ဘီလီယံ ကျော် ရှိပါတယ်။ အဲဒီအတွက် ပရိုဂရမ်ကို Run ရတဲ့ အချိန်က ဂဏန်း ချည်း သက်သက် ဖြည့်တာထက် စာရင် အဆ ၂၀၀ ကျော် ပိုကြာပါတယ်။ အင်္ဂလိပ်စာလုံး အကြီးအသေး၊ ဂဏန်းနဲ့ ကီးဘုတ် ပေါ်က ရိုက်ထည့်လို့ရတဲ့ Special Character ၃၂ လုံးကို တွဲဖြည့်မယ် ဆိုရင်တော့ စုစုပေါင်း အက္ခရာ ၉၄လုံး ဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေ ရှိတဲ့ Password က ၆၉၇ ဘီလီယံ ကျော် ရှိပါတယ်။ ဂဏန်း ချည်းသက်သက် ဖြည့်တာထက် စာရင် အဆ ၆သောင်း နီးပါး ပိုကြာပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့ Password ထဲမှာ အက္ခရာ အကြီးအသေး ဂဏန်း နဲ့ Special Character တွေ တွဲဖြည့်မယ် ဆိုရင် ဘရုဖို့စ် တိုက်ခိုက်မှုက နေ ရှောင်နိုင်ဖို့ အခွင့်အလမ်း များပါတယ်။ Password အလုံးရေ ၁၂ လုံးထက် ပိုမယ် ဆိုရင် အကောင်းဆုံးပါပဲ။
Password ကို မကြာခဏ ပြောင်းပါ ဆိုတာလည်း ဒါကြောင့်ပါပဲ။ ကိုယ့်ရဲ့ Password ကို တစ်စုံ တစ်ယောက်က စိတ်ရှည်လက်ရှည်နဲ့ နေ့တိုင်း တိုက်ခိုက်နေမယ် ဆိုရင် တစ်နေ့မဟုတ် တစ်နေ့တော့ ကိုယ့်ရဲ့ Password ကို ဖော်နိုင်မှာပါပဲ။ ဒါကြောင့် Password ကို မကြာခဏ ပြောင်းပေးတာဟာ ပိုပြီး လုံခြုံမှု ရှိစေပါတယ်။
ဒါပေမယ့် User တွေ အတွက် အဓိက ပြသနာက အဲဒီလို အားကောင်းတဲ့ Password ကို ဘယ်လို မှတ်မိအောင် လုပ်မလဲ ဆိုတဲ့ ပြသနာပါ။ အရိုးအရှင်းဆုံး Password ဖန်တီးနည်းကို အခုလို မှတ်သား ဖူးပါတယ်။ ဂဏန်းတွေ ပါတဲ့ အင်္ဂလိပ် စာကြောင်းတစ်ခုကို မှတ်မိအောင် လုပ်လိုက်ပါ။ ဥပမာ She have 3 cats 2 dogs and he is 5 feet 8 inches tall ဆိုတာမျိုးပါ။ ပြီးရင် ရှေ့ဆုံးစာလုံးတွေကို ယူပါ။ sh3c2dahi5f8it ဆိုပြီး ရပါတယ်။ နာမ်စားတွေကို အင်္ဂလိပ် အက္ခရာ အကြီး ပြောင်းလိုက်ပါ။ ပြီးရင် ကျန်တဲ့စာလုံးတွေမှာ (a = @ , h = # , p = % , s = $ ) စတာမျိုးတွေ အစားထိုးလိုက်ပါ။ အဲဒါဆိုရင် ခုန စာကြောင်းကနေ Sh3c2d@H!5f8!t ဆိုပြီး အလွယ်တကူ ခိုးလို့မရနိုင်တဲ့ Password တစ်ခု ထွက်လာပါလိမ့်မယ်။ မမှတ်မိရင် အင်္ဂလိပ်စာကြောင်းကို ပြန်စဉ်းစားပြီး အစပြန်ဖော်လို့ ရပါတယ်။ ရိုက်ပါများရင် မှတ်မိသွားပါလိမ့်မယ်။
အဲဒါဆိုရင် မေးစရာ နောက်တစ်ခု ရှိလာပါပြီ။ ကျွန်တော်တို့ရဲ့ အီးမေးလ်တွေ ကို ဘရုဖို့စ် တိုက်ခိုက်မှုနဲ့ Password ဖော်လို့ ရသလား ဆိုတာပါ။ ရာဟူး ဂျီမေးလ်စတဲ့ အီးမေးလ်တွေမှာ ဘရုဖို့စ် တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် Catcha လို့ ခေါ်တဲ့ Word Verification ထည့်ထားပါတယ်။ Password ကို ၃ ခါ မှားနှိပ်မိရင် Word Verification ပေါ်လာပြီး Password နဲ့အတူ ကွန်ပြူတာ ဖန်သားပြင်မှာ ပေါ်လာတဲ့ စာလုံးတွေကို ရိုက်ထည့်ပေးရပါတယ်။ အဲဒီ လို ပေါ်လာတဲ့ စာလုံးတွေကို ကွန်ပြူတာ ပရိုဂရမ်နဲ့ အလွယ်တကူ ဖတ်လို့မရတဲ့ အတွက် ဘရုဖို့စ်နဲ့ တိုက်ခိုက်လို့ အလွယ်တကူ မရနိုင်ပါဘူး။ ဒါပေမယ့် ကွန်ပြူတာမှာ Optical Character Recognition လို့ ခေါ်တဲ့ ဖန်သားပြင်ပေါ်က စာလုံးတွေကို ဖတ်လို့ရတဲ့ နည်းပညာလည်း ရှိပါသေးတယ်။ အဲဒါကြောင့် စာလုံးတွေကို အတည့်အတိုင်း မရေးပဲ ရွဲ့စောင်း ရေးထားပြီး Word Verification ကို OCR နည်းပညာကို သုံးပြီး အလွယ်တကူ ဖတ်လို့ မရအောင် လုပ်ထားပါတယ်။ ကျွန်တော်တို့ သုံးနေကျ တစ်ချို့ဝက်ဘ်ဆိုဒ် (လုံခြုံရေး အရ အမည် မဖော်လိုပါ။) တွေမှာ Catcha မပါပါဘူး။ အဲဒီအတွက် ဘရုဖို့စ်နဲ့ တိုက်ခိုက်တဲ့ အခါမှာ ကိုယ့်ရဲ့ Password က အားနည်းနေရင် တခြားသူလက်ကို အလွယ်တကူ ရောက်သွားနိုင် ပါတယ်။ အဲဒါကြောင့် ကိုယ်သုံးနေတဲ့ ဝက်ဘ်ဆိုဒ်မှာ Catcha မပါမှန်း သိရင် Password ကို တတ်နိုင်သမျှ အားကောင်းအောင် လုပ်ထားပါလို့ အကြံပေးချင် ပါတယ်။
ဒါကတော့ Password ရွေးချယ်ရာမှာ သိထားသင့်တဲ့ အချက်တွေပါ။ နောက်ကြုံရင်တော့ Phishing Attack နဲ့ KeyLogger တွေ၊ ScreenLogger တွေ စတဲ့ Password သူခိုးများ သုံးတတ်တဲ့ နည်းတွေကို ရေးပါဦးမယ်။
(Certified Ethical Hacker Version 6 သင်ရိုးညွှန်းတမ်းကို ကိုးကားထားပါတယ်။)

Wednesday, July 15, 2009
ဖောင့်မသိတော့ ဇော်ဂျီ ယူနီကုတ်ထင်
မြန်မာ ယူနီကုတ်ဆိုတာ ဘာလဲ၊ ဇော်ဂျီက မြန်မာယူနီကုတ် စံနှုန်းကနေ ဘာတွေ လွဲနေသလဲ၊ ဘာကြောင့် ယူနီကုတ်စနစ်ကို ပြောင်းသုံးသင့်တာလဲလို့ ဇဝေဇဝါ ဖြစ်နေသူများကို ရှင်းပြဖို့ အတွက် ဒီပို့စ်ကို ရေးပါတယ်။
ဟိုးအရင် ကာလတွေတုန်းက ကွန်ပြူတာမှာ မြန်မာစာလုံးကို သိမ်းဆည်းတဲ့ အခါမှာ မြန်မာစာလုံး အဖြစ်မသိမ်းဆည်းပဲ အင်္ဂလိပ် စာလုံးနဲ့ ညီမျှတဲ့ နံပါတ် အဖြစ်နဲ့ပဲ သိမ်းဆည်းပါတယ်။ အကယ်၍ ကျွန်တော်တို့ သဝေထိုး (ေ) ကို ရိုက်ပြီး ကွန်ပြူတာ ထဲမှာ သိမ်းမယ်ဆိုရင် ကွန်ပြူတာက သဝေထိုးအနေနဲ့ မသိမ်းပဲ အင်္ဂလိပ်စာလုံး "a" နဲ့ ညီမျှတဲ့ နံပါတ် 97 အနေနဲ့ သိမ်းပါတယ်။ အဲဒီလို စနစ်မျိုး သုံးထားတဲ့ ဖောင့်ကို အက်စကီးဖောင့် (ASCII Font)လို့ ခေါ်ပါတယ်။ အက်စကီး ဖောင့်တွေဟာ တရုတ်၊ ကိုရီးယား ဘယ်ဘာသာ စကားကို မဆို အင်္ဂလိပ် အက္ခရာ ဒါမှမဟုတ် !@ အစရှိတဲ့ သင်္ကေတ (Symbol) တွေနဲ့ ညီမျှတဲ့ ဂဏန်းတွေ အဖြစ် ပြောင်းပြီး သိမ်းပါတယ်။ အက္ခရာ တစ်လုံးကို သိမ်းဖို့ ဂဏန်း ၂ လုံးစာ နေရာ ပေးရပါတယ်။ ဝင်းအင်းဝ၊ ဝင်းကလော ၊ CE စတဲ့ မြန်မာဖောင့်တွေဟာ အဲဒီလို စနစ်မျိုးနဲ့ အလုပ်လုပ်ပါတယ်။ အဲဒါကြောင့်မို့ ဝင်းအင်းဝနဲ့ ရေးထားတဲ့ စာကို မြန်မာ ဖောင့်မရှိတဲ့ အချိန် ဖတ်ရင် အင်္ဂလိပ် စာလုံးတွေ မြင်ရတာပါ။
ယူနီကုတ် စံနှုန်းမှာတော့ ဘာသာစကား တစ်ခုချင်းစီ အတွက် သီးသန့် ဂဏန်း (Codepoint) တွေ သတ်မှတ်ပေးထားပါတယ်။ တကမ္ဘာလုံးမှာ ရှိသမျှ ဘာသာစကားတွေ အတွက် ဂဏန်း ၂လုံးစာ နဲ့ မလောက်တဲ့ အတွက် အခြေ ၁၆ ရှိတဲ့(Hexadecimal) ဂဏန်း ၄လုံး သုံးထားပါတယ်။ အဲဒီအတွက် အက္ခရာ ၆သောင်း ၅ထောင်ကျော် ကို ယူနီကုတ် စနစ်မှာ ကွဲကွဲပြားပြား သိမ်းလို့ရပါတယ်။ မြန်မာစာ နဲ့ တိုင်းရင်းသား ဘာသာစကားများ ဖြစ်တဲ့ ရှမ်း၊မွန်၊ စကောကရင်၊ ပိုးကရင် စတဲ့ ဘာသာစကားတွေ အတွက် ယူနီကုတ် အဖွဲ့ (Unicode Consortium) က ယူနီကုတ်နံပါတ် 4096 ကနေ 4255 (Decimal) အတွင်းမှာ သတ်မှတ်ပေးထားပါတယ်။ အဲဒီတော့ ကျွန်တော်တို့ မြန်မာစာ သဝေထိုး “ေ” ကို ရိုက်ပြီး သိမ်းမယ် ဆိုရင် ယူနီကုတ် စံနှုန်းမှာ နံပါတ် 4145 အနေနဲ့ သိမ်းပေးပါတယ်။ ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာစကားတွေ အားလုံးထဲမှာ 4145 နဲ့ ညီမျှတဲ့ အက္ခရာ ဟာ မြန်မာ အက္ခရာ သဝေထိုး တစ်ခုပဲ ရှိပါတယ်။ အခြား ဘယ်ဘာသာ စကားမှာမှ မရှိပါဘူး။ အဲဒါကြောင့် မြန်မာယူနီကုတ်ဖောင့် မရှိရင် အဲဒီစာလုံးကို လေးထောင့်ကွက် အဖြစ်နဲ့ပဲ မြင်ရပါတယ်။
ဇော်ဂျီနဲ့ ယူနီကုတ် ဖောင့်တွေ ရဲ့ ကွာခြားချက်က အဲဒီမှာ စမြင်နိုင်ပါတယ်။ ယူနီကုတ်ဖောင့် (Myanmar3, Padauk, Parabaik, MyMyanmar) အစရှိတဲ့ ဖောင့်တွေက ယူနီကုတ် အဖွဲ့က Unicode 5.1 Standard မှာ သတ်မှတ်ပေးထားတဲ့ စံနှုန်းအတိုင်း အတိ အကျ လိုက်နာပြီး သတ်မှတ်ထားတဲ့ ဂဏန်းတွေနဲ့ စာလုံးတွေကို သိမ်းပါတယ်။ ဇော်ဂျီကတော့ ကိုယ့်ဘာသာကိုယ် သိမ်းချင်တဲ့ ဂဏန်းနဲ့ သိမ်းထားပါတယ်။ ဇော်ဂျီက သုံးတဲ့ ဇယားနဲ့ ယူနီကုတ် အဖွဲ့က တရားဝင် သတ်မှတ်ပေးထားတဲ့ ဇယား နှစ်ခုကို အောက်မှာ ယှဉ်ပြ ထားပါတယ်။
.png)
.png)
ဒါပေမယ့် ရိုက်သမျှ ဂဏန်းကို မြန်မာစာအတွက် သတ်မှတ်ပေးထားတဲ့ ဂဏန်းတွေနဲ့ သိမ်းတိုင်းလည်း ယူနီကုတ်လို့ ပြောလို့ မရပါဘူး။ ယူနီကုတ် ဖောင့်တွေ လိုက်နာရမယ့် အခြား အချက်တွေ ရှိပါသေးတယ်။
ပထမအချက် အနေနဲ့ အခြားစာလုံးနဲ့ တွဲလိုက်လို့ ပုံစံပြောင်းသွားတဲ့ စာလုံးတွေ အတွက် ယူနီကုတ်ဖောင့်က စာလုံးပုံစံကို အလိုအလျောက် ပြောင်းပေးရပါတယ်။ ဥပမာ အားဖြင့် “နိုင်” ဆိုတဲ့ စာလုံးကို လေ့လာကြည့်ပါ။ “နိုင်” ဆိုတဲ့ စကားလုံးကို မြန်မာလို နငယ် လုံးကြီးတင် တစ်ချောင်းငင် င အသတ် ဆိုပြီး ရိုက်ရပါတယ်။ မြန်မာစာမှာ နငယ် အကြီးနဲ့ နငယ် အသေးဆိုပြီး ၂ မျိုး မရှိပါဘူး။ နငယ်က တစ်မျိုးပဲ ရှိပါတယ်။ မြင်ရတဲ့အချိန်မှာသာ နငယ် အကြီးနဲ့ အသေး ကွာသွားတာပါ။
ယူနီကုတ်ဖောင့်တွေမှာ နငယ်ကို တစ်ချောင်းငင်နဲ့ တွဲရိုက်လိုက်တာနဲ့ နငယ်အကြီးကို အသေး (န) အဖြစ် User မြင်အောင် အလိုအလျောက် ပြောင်းပေးပါတယ်။ ဒါပေမယ့် အကြီးပဲ ပြပြ အသေးပဲပြပြ နောက်ကွယ်မှာ နငယ်ကို သိမ်းထားတဲ့ ဂဏန်းကတော့ 4116 တစ်ခုတည်းပါပဲ။ ဇော်ဂျီဖောင့်မှာတော့ အဲဒီလို နည်းပညာ မပါပါဘူး။ နငယ် အသေးကို သပ်သပ် ရိုက်ပေးရပါတယ်။ ဇော်ဂျီဖောင့်မှာ နငယ် အကြီး ရိုက်ရင် 4116 နဲ့ သိမ်းပြီး အသေးရိုက်ရင် 4239 နဲ့ သိမ်းပါတယ်။ Smart Rendering မလုပ်ဘဲ သိမ်းထားတဲ့ အတိုင်း ပြန်ပြီး ရိုက်ပြ ပါတယ်။ ယူနီကုတ် ၅.၁ စံနှုန်းအရ ဇော်ဂျီက “န” အနေနဲ့ သုံးထားတဲ့ နံပါတ် 4239 ဟာ မြန်မာဘာသာ အတွက် သတ်မှတ်ထားတဲ့ ဂဏန်းမဟုတ်ပဲ ပလောင် ဘာသာစကားအတွက် သတ်မှတ်ထားတဲ့ ဂဏန်း ဖြစ်ပါတယ်။
အားလုံး ပြောနေကြတဲ့ ရရစ် ပြသနာဟာ လည်း ဒါပါပဲ။ ဇော်ဂျီမှာ ရရစ် အတွက် ယူထားတဲ့ ဂဏန်း ၈ လုံး တိတိ ရှိပြီး User အနေနဲ့ ကိုယ်သုံးချင်တဲ့ ရရစ်ကို ကိုယ့်ဘာသာကိုယ် ရွေးရပါတယ်။ ရရစ် အတွက် ယူသုံးထားတဲ့ ဂဏန်းတွေကတော့ ရှမ်းဘာသာစကား အတွက် သတ်မှတ်ပေးထားတဲ့ ဂဏန်းတွေပါ။ ယူနီကုတ် ဖောင့်တွေမှာတော့ သူနဲ့ တွဲဆက်ထားတဲ့ အက္ခရာတွေ ပေါ်မူတည်ပြီး ရရစ်က အလိုအလျောက် ပုံစံပြောင်း ပေးပါတယ်။ ရရစ်အတွက် 4156 ဂဏန်း တစ်လုံးကိုပဲ သုံးထားပါတယ်။
ဒုတိယ အချက်အနေနဲ့ ယူနီကုတ်ဖောင့်တွေဟာ User က ရိုက်ထည့်လိုက်တဲ့ ဂဏန်းကို နောက်ကွယ်မှာ စံနှုန်းနဲ့ ညီတဲ့ အစီအစဉ် တကျ ပြန်စီပေးရပါတယ်။ အဲဒါကို Normalization လုပ်တယ်လို့ ခေါ်ပါတယ်။ User အနေနဲ့ “နိုင်” ဆိုတဲ့ စာလုံးကို “န” + “_ိ ”+ “ - ု” + “င” + “- ်” ဆိုပြီး ရိုက်ထည့်လို့ ရသလို “န” + “ - ု” + “_ိ ” + “င” + “- ်” ဆိုပြီး တော့လည်း ရိုက်လို့ ရပါတယ်။ “နိုင်” ဆိုတဲ့ စကားလုံးကို User အနေနဲ့ “_ိ ”+ “ - ု” (လုံးကြီးတင် တစ်ချောင်းငင်) နဲ့ပဲ ရိုက်ထည့်ထည့် “ - ု” + “_ိ ” (တစ်ချောင်းငင် လုံးကြီးတင်) နဲ့ပဲ ရိုက်ထည့်ထည့် ယူနီကုတ် ဖောင့်က နောက်ကွယ်မှာ “_ိ ”+ “ - ု” (လုံးကြီးတင် တစ်ချောင်းငင်) အဖြစ် ပြန် အစီအစဉ် ချပြီး သိမ်းပေးပါတယ်။ ဇော်ဂျီကတော့ အစီအစဉ် မချပဲ User ရိုက်ထည့်တဲ့ အတိုင်း သိမ်းပါတယ်။
သိမ်းချင်သလို သိမ်းကွာ ဖတ်လို့ရပြီးတာပဲ လို့ ပြောချင်တဲ့သူများလည်း ရှိပါလိမ့်မယ်။ ဖတ်လို့ ရတာ ဟုတ်ပေမယ့် ရှာတဲ့နေရာမှာ ရှော့ခ် ရှိပါတယ်။ ဇော်ဂျီဖောင့်နဲ့ ရှာချင်ရင် အစီအစဉ်တကျ ရိုက်ထည့်ထားတဲ့ စာကိုပဲ ရှာလို့ ရပါမယ်။ လုံးကြီးတင် တစ်ချောင်းငင် နဲ့ ရေးထားတဲ့ စာကို တစ်ချောင်းငင် လုံးကြီးတင် နဲ့ ပြန်ရှာရင်တွေ့မှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ တစ်ချောင်းငင် လုံးကြီးတင် နဲ့ ရေးထားတဲ့စာကို လုံးကြီးတင် တစ်ချောင်းငင် နဲ့ ပြန်ရှာရင်လည်း တွေ့နိုင်မှာ မဟုတ်ပါဘူး။
ကွန်ပြူတာနဲ့ ဆက်စပ်ပြီး အလုပ်လုပ်နေသူများအတွက် နောက်ဥပမာ တစ်ခုကို ထပ်ပေးပါမယ်။ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံ လူဦးရေ စစ်တမ်း ကောက်တဲ့ ဒေတာဘေ့စ် တစ်ခု လုပ်ချင်တယ် ဆိုပါစို့။ လူနှစ်ယောက်ဟာ နာမည်တူ အဖေနာမည်တူ ရှိနိုင်ပေမယ့် မှတ်ပုံတင် နံပါတ်တော့ အတူတူ မရှိနိုင်ပါဘူး။ အဲဒီတော့ လူတစ်ယောက်ကို ဒေတာဘေ့စ်ထဲမှာ ၂ ခါ ပြန်မထည့်မိအောင် ကျွန်တော်တို့အနေနဲ့ မှတ်ပုံတင် နံပါတ် Column ကို Unique Constraint အနေနဲ့ ထည့်ထား လိုက်ပါမယ်။ အဲဒီလို လုပ်တဲ့အတွက် User က မှတ်ပုံတင် နံပါတ် တစ်ခုတည်းကို ၂ ခါပြန်ထည့်မိရင် ဒေတာဘေ့စ်က လက်မခံဘဲ Error ပြန်လာပါလိမ့်မယ်။
အဲဒီ ဒေတာဘေ့စ်ကို ယူနီကုတ် ၅.၁ နဲ့ သိမ်းရင် မှတ်ပုံတင် နံပါတ်က နှစ်ခု မထပ် နိုင်ပါဘူး။ ဥပမာ ၅/စကန(နိုင်)၀၀၀၀၀၀ ဆိုတဲ့ မှတ်ပုံတင် နံပါတ်ကို ဒေတာဘေ့စ်ထဲမှာ တစ်ကြိမ်ပဲ ရိုက်ထည့်လို့ ရပါမယ်။ (နိုင်) ကို ရိုက်ထည့်တဲ့သူက “_ိ ”+ “ - ု” (လုံးကြီးတင် တစ်ချောင်းငင်) အစီအစဉ် နဲ့ ရိုက်ရိုက် “ - ု” + “_ိ ” (တစ်ချောင်းငင် လုံးကြီးတင်) အစီအစဉ်နဲ့ ရိုက်ရိုက် ယူနီကုတ်ဖောင့်က Normalize လုပ်ပေးတဲ့အတွက် နောက်ဆုံးမှာ ဒေတာဘေ့စ်ထဲကို “_ိ ”+ “ - ု” (လုံးကြီးတင် တစ်ချောင်းငင်) အစီအစဉ်နဲ့ပဲ ဝင်သွားပါလိမ့်မယ်။ ဇော်ဂျီနဲ့ ရိုက်ထည့်လို့ User က (နိုင်) ကို မှားယွင်းပြီး ရိုက်ထည့်ရင် “_ိ ”+ “ - ု” (လုံးကြီးတင် တစ်ချောင်းငင်) နဲ့ တစ်ခါ “ - ု” + “_ိ ” (တစ်ချောင်းငင် လုံးကြီးတင်) နဲ့တစ်ခါ မှတ်ပုံတင် နံပါတ် တစ်ခုတည်းကို ၂ ခါဝင်သွား နိုင်ပါတယ်။ လူဦးရေ စာရင်းလို သန်းဂဏန်း နဲ့ ရှိတဲ့ ဒေတာတွေထဲမှာ အဲဒီလို အမှားမျိုး မတော်တဆ ဖြစ်ခဲ့ရင် ကျွန်တော်တို့ အမှားကို တွေ့အောင် ရှာနိုင်ပါ့မလား။
အဲဒီဒေတာဘေ့စ်ကို ယူနီကုတ် ၅.၁ နားလည်တဲ့ ဒေတာဘေ့စ် (ဥပမာ MySQL Latest Version) အဖြစ် Convert လုပ်ရင် Error တက်ပါလိမ့်မယ်။ Database ထဲမှာ အစီအစဉ်တကျ သိမ်းထားတဲ့ စာက ပြသနာ မရှိပေမယ့် Normalize မလုပ်ဘဲ သိမ်းချင်သလို သိမ်းထားတဲ့စာကိုတော့ Database က သူနားလည်သလို Unicode Normalization လုပ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ နံပါတ် ၂ ခု အတူတူ ဖြစ်သွားတဲ့ အတွက် Unique Constraint ကို ချိုးဖောက်မိပြီး ဒုက္ခနဲ့ လှလှ တွေ့ပေးနိုင်ပါတယ်။
ကျွန်တော် အရင်ပို့စ်မှာလည်း Database ထဲက Unicode Normalization အကြောင်း ပြောခဲ့ဖူးပါတယ်။ ဒေတာဘေ့စ်က မြန်မာစာလုံးတွေကို Normalize လုပ်ပေးတယ် ဆိုပေမယ့် ကိုယ်မှန်းထားတဲ့ အစီအစဉ်အတိုင်းတော့ ဝင်သွားဖို့တော့ မလွယ်ပါဘူး။ ဒေတာဘေ့စ်က မနောမယ ဒေတာဘေ့စ် ဖြစ်နေမယ် ဒါမှမဟုတ် ဒေတာဘေ့စ် အက်ဒမင်က ဒေးဗစ်ကော့ပါးဖီး ဖြစ်နေမယ် ဆိုရင်တော့လည်း တစ်မျိုးပေါ့။ :D
နောက်တစ်ခု ကွာတာကတော့ “က္က” လိုမျိုး ပါဌ်ဆင့် တွေ ရိုက်တဲ့ နေရာမှာပါ။ ပါဌ်ဆင့်တွေ အတွက် ယူနီကုတ်မှာ ဂဏန်း သတ်သတ် ပေးမထားပါဘူး။ ယူနီကုတ် စံနှုန်း အရ ပါဌ်ဆင့်နှစ်ခု ရဲ့ ကြားမှာ 4153 ဆိုတဲ့ ဂဏန်းကို ထည့်ပြီး သိမ်းပါတယ်။ ဖောင့်က 4153 ဆိုတဲ့ ဂဏန်းကို တွေ့ရင် ရှေ့နောက် ဂဏန်း နှစ်လုံးကို ဆက်ပြီး သူ့အလိုအလျောက် ပါဌ်ဆင့် အဖြစ် ရိုက်ပြ ပါတယ်။ ဥပမာ “က္က” ဆိုတဲ့ စာလုံးကို သိမ်း ချင်ရင် ယူနီကုတ် စံနှုန်းမှာ က ရဲ့ နံပါတ်က 4096 ဖြစ်တဲ့ အတွက် “4096 + 4153 + 4096” ဆိုပြီး သိမ်းပါတယ်။ User အနေနဲ့လည်း ကီးဘုတ်ပေါ်မှာ ~ အက္ခရာတွေ “Ctrl + Alt” တွေ ရိုက်စရာ မလိုဘဲ ပါဌ်ဆင့်ရဲ့ ဒုတိယ အက္ခရာ မရိုက်ခင်မှာ “4153” နဲ့ ညီမျှတဲ့ “Shift + f ” ကို ကီးဘုတ်ပေါ်ကနေ ရိုက်ထည့် လိုက်ရုံပါပဲ။ “က” + “Shift +f ” + “က” ဆိုရင် ကကြီး နှစ်လုံးဆင့် ဖြစ်ပါတယ်။
ဇော်ဂျီမှာတော့ ပါဌ်ဆင့်တွေကို ပါဌ်ဆင့်အတိုင်း သိမ်းပါတယ်။ အဲဒီအတွက် မြန်မာစာ အတွက် မဟုတ်ဘဲ ကရင် ဘာသာစကားအတွက် သတ်မှတ်ထားတဲ့ ဂဏန်း 4192 ကနေ 4220 အတွင်းက ဂဏန်းတွေကို ယူသုံးပြီး သိမ်းပါတယ်။
ဒီလောက်ဆိုရင် ဇော်ဂျီနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီ အများစုကို ရှင်းရှင်းလင်းလင်း သိကြပြီလို့ ထင်ပါတယ်။
အများမေးနေကြမေးခွန်းကလေး တွေကို အဆစ်အနေနဲ့ ဖြေပေးလိုက်ပါ့မယ်။
(၁) ဇော်ဂျီက ယူနီကုတ်ထက် ဘာလို့ ပိုမြန်အောင် Render လုပ်နိုင်ရတာလဲ။
ကျွန်တော်ခုန ပြောခဲ့တဲ့ ယူနီကုတ်ရဲ့ မရှိမဖြစ် စံနှုန်း Smart Rendering တွေ၊ Normalization တွေ ကို ဇော်ဂျီက တစ်ခုမှ လုပ်မထားတဲ့ အတွက် အဲဒီ နည်းပညာ ထည့်ထားတဲ့ ဖောင့်တွေနဲ့ ယှဉ်ရင် ပိုမြန်နေရတာပါ။
(၂) ယူနီကုတ် ဖောင့်တစ်ခုနဲ့ ရိုက်ထားတဲ့စာကို တခြားဖောင့်နဲ့ ကြည့်လို့ ရလား။ မြန်မာ ယူနီကုတ် စနစ်က လုံးဝ ပြည့်စုံပြီလား။
ယေဘူယျအားဖြင့် မြန်မာ ၃ နဲ့ ရိုက်ထားတဲ့ စာကို ပိတောက်နဲ့ ကြည့်လို့ရသလို ပိတောက် နဲ့ ရိုက်ထားတဲ့ စာကို မြန်မာ ၃ နဲ့ ကြည့်လို့ရပါတယ်။ အလားတူပဲ ယူနီကုတ် စံနှုန်းကို လိုက်နာတဲ့ ပုရပိုက်၊ မိုင်မြန်မာ စတဲ့ ဖောင့်တွေကို လည်း အလဲလဲ အလှယ်လှယ် သုံးလို့ရတယ်။ ကျွန်တော် ယူနီကုတ် သုံးရင် မြန်မာ ၃ ကီးဘုတ်နဲ့ ပိတောက်ဖောင့်ကို တွဲသုံးလေ့ ရှိပါတယ်။
စံနှုန်းကို လိုက်နာထားတယ် ဆိုပေမယ့် အဲဒီဖောင့်တွေမှာ ကွဲလွဲချက်လေးတွေ အနည်းအကျဉ်းတော့ ရှိနေပါတယ်။ ကျွန်တော်သိသလောက် ပြောရမယ် ဆိုရင် တစ်ချို့ ဆော့ဖ်ဝဲလ်တွေ ဝက်ဘ်ဆိုက်ဒ်တွေက ယူနီကုတ် ၅.၁ စံနှုန်းက အပြည့်အဝ အထောက် အပံ့ မပေးသေးပါဘူး။ အဲဒီတော့ Myanmar3 ကလွဲပြီး အခြားဖောင့်တွေမှာ အဲဒီလို နေရာတွေမှာ ကြုံရတတ်တဲ့ Bug တွေကို ရှောင်နိုင်ဖို့ အတွက် Workaround လုပ်ထားတာတွေ ပါပါတယ်။ အဲဒီတော့ သိမ်းဆည်းတဲ့ စနစ် (Storage) မှာ တူကြပေမယ့် ပြသတဲ့ စနစ် (Rendering) မှာတော့ ကွဲပြားမှုတွေ ရှိပါတယ်။ တချို့ Site တွေ (ဥပမာ Myanmar Wikipedia) ကို Myanmar3 နဲ့ ကြည့်မယ်ဆိုရင် တစ်ချို့ စာလုံးတွေ မှန်မှန်ကန်ကန် မပြနိုင်တာ တွေ့ရပါလိမ့်မယ်။ တခြားဖောင့်တွေနဲ့ ဆိုရင်တော့ အဆင်ပြေပါတယ်။ ဆော့ဖ်ဝဲလ်တိုင်းကလည်း Unicode 5.1 ကို သုံးလို့ မရပါဘူး။ ဥပမာ လူသုံးများတဲ့ Adobe Photoshop ပေါ်မှာ ယူနီကုတ် ၅.၁ ကို သုံးလို့ မရပါဘူး။
ယူနီကုတ် ၅.၁ ကို ရယူနိုင်တဲ့ နေရာတွေကို အောက်ကလင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။
http://my.wikipedia.org/wiki/Wikipedia:Font#Unicode_5.1_Myanmar.2FBurmese_fonts
ကီးဘုတ်၊ ဖောင့်နဲ့ ကွန်ဗာတာ တွေအကြောင်းကို နောက်ပို့စ်မှပဲ အသေးစိတ် ရေးပါတော့မယ်။
Reference: http://my.wikipedia.org/wiki/Wikipedia:Font

Unicode 5.1 စံနှုန်း ဇယား
.png)
ဇော်ဂျီတွင် သုံးသော ဇယား

Subscribe to:
Posts (Atom)