လွန်ခဲ့တဲ့ ဆယ်နှစ်တိတိ ကျွန်တော် နောက်ဆုံးနှစ် ကျောင်းတက်နေဆဲ အချိန်ကပါ။ အဲဒီနေ့က အင်္ဂါနေ့ဖြစ်ပြီးတော့ ကျွန်တော့်အတွက် အချိန်ပိုင်း အလုပ်လုပ်ဖို့ မရှိတာမို့ ညနေခင်းဘက် စာကြည့်တိုက်မှာ စာဖတ်နေဖြစ်ပါတယ်။ ကျွန်တော် အိမ်ပြန်လာတော့ စင်ကာပူ စံတော်ချိန်နဲ့ ည ၉ နာရီ ကျော် လောက် ရှိပါပြီ။
အိမ်ထဲကို လှမ်းဝင်လိုက်တော့ အိမ်ရှေ့ ဧည့်ခန်း ထဲက တီဗွီရှေ့မှာ သူငယ်ချင်း နှစ်ယောက် တီဗွီ ထိုင်ကြည့်နေတာကို တွေ့ရပါတယ်။ ကျွန်တော် အိမ်ပေါ် ရောက်ရောက်ချင်းမှာပဲ သူငယ်ချင်း တစ်ယောက်က "ချကုန်ပြီကွ" လို့ လှမ်းပြောလိုက်ပါတယ်။ တီဗွီကို လှမ်းကြည့်တော့ စီအင်န်အင်န် ချန်နယ် ကနေ ပြနေတဲ့ မီးလောင်နေတဲ့ မိုးမျှော်တိုက်ကြီး တစ်ခုရဲ့ပုံနဲ့ အတူ "America Under Attack" ဆိုတဲ့ စာတမ်းအောက်မှာ ထိုးထားတာကို တွေ့လိုက်ရ ပါတယ်။
ကျွန်တော် မေးတောင် မမေးရပါဘူး။ ကျွန်တော့် သူငယ်ချင်းက ဘာဖြစ်နေသလဲ ဆိုတာကို ပြောပြပါတယ်။ "အကြမ်းဖက်သမားတွေက ခရီးသည်တင် လေယာဉ်ပျံကြီးတွေကို ပြန်ပေးဆွဲပြီး နယူးယောက်က ဝေါလ်ထရိတ် စင်တာ ကို ဝင်တိုက်တာကွ။ ပထမက ဝေါလ်ထရိတ် စင်တာနဲ့ လေယာဉ်ပျံ တစ်စင်း တိုက်မိတယ်လို့ ကြေငြာတာ။ မတော်တဆလား တမင်လုပ်တာလား မသိကြဘူး။ ခုနလေးတင်ပဲ နောက်ထပ် လေယာဉ်ပျံ တစ်စင်းက ဝေါလ်ထရိတ်စင်တာ နောက် တာဝါ တစ်ခုကို ဝင်တိုက်တာ။ အဲဒီတော့ အကြမ်းဖက်သမားတွေ လက်ချက်ဆိုတာ သေချာသွားပြီပေါ့။"
ရုတ်တရက် ဆိုတော့ မယုံနိုင်စရာ ပါပဲ။ လေယာဉ်ပျံ ပြန်ပေးဆွဲတယ်ဆိုတာ အထူးအဆန်း မဟုတ်ပေမယ့် ပုံမှန်ကတော့ လေယာဉ်ပျံကို ပြန်ပေးဆွဲပြီး ငွေညှစ်တာ ဓားစာခံခေါ်တာ လောက်ပဲ အရင်က ကြားခဲ့ဖူး ပါတယ်။ အခုတော့ လေယာဉ်ပျံကို ပြန်ပေးဆွဲပြီး အဆောက်အဦးကို ဝင်တိုက်တယ် ဆိုတာ ဒီလူတွေ စိတ်မှ မှန်ကြရဲ့လားလို့ စဉ်းစားမိလိုက်ပါတယ်။
ကျွန်တော်တို့ တီဗွီရှေ့မှာ ထိုင်ပြီး ဘယ်သူ့ လက်ချက် ဖြစ်နိုင်သလဲ ဆိုတာကို ထင်မြင်ချက် ပေးနေပါတယ်။ ကျွန်တော်တို့ အဲဒီအချိန်က အိုစမာဘင်လာဒင် ဆိုတာ နာမည်တောင် မကြားဖူးပါဘူး။ အဲဒီအချိန်မှာပဲ တီဗွီက သတင်း ထပ်ကြေငြာပါတယ်။ နောက်ထပ် လေယာဉ်ပျံတစင်းက ပင်တဂွန် အဆောက်အဦးထဲကို ထိုးဆင်းတယ် ဆိုတဲ့ အကြောင်းပါ။ ကြားရတာနဲ့တင် အတော်လေး ဖျား သွားပါတယ်။ တစ်နေ့တည်းမှာ လေယာဉ်ပျံ ၃ စင်းကို ပြန်ပေးဆွဲပြီး အဆောက်အဦးကို ဝင်တိုက်တယ် ဆိုတာ တော်ရုံတန်ရုံ ကြီးကျယ်တဲ့ အကြမ်းဖက်မှု မဟုတ်ပါဘူး။
ကျွန်တော်တို့ စီအင်န်အင်န်၊ဘီဘီစီ၊ စီအင်န်ဘီစီ စတဲ့ သတင်းလိုင်းတွေကိုပဲ တစ်ခုပြီး တစ်ခု ပြောင်းကြည့်နေ ဖြစ်ပါတယ်။ ပထမ လေယာဉ်ပျံ မြောက်ဘက်တာဝါကို ဝင်တိုက်ပြီးတဲ့ အချိန်မှာ သတင်းဌာနတွေ အားလုံးက သတင်းယူဖို့ ဝေါလ်ထရိတ်စင်တာ နေရာကို ရောက်နေတာမို့ ဒုတိယမြောက် လေယာဉ်က တောင်ဘက် တာဝါကို ဝင်တိုက်တဲ့ အချိန် တီဗွီကင်မရာ အတော်များများမှာ လေယာဉ်က အဆောက်အအုံကို ဝင်တိုက်တာကို Live အနေနဲ့ ရိုက်ကူး ထားနိုင်ပါတယ်။ အဲဒါကို သတင်းဌာနတွေက မကြာခဏ ပြန်လွှင့် နေကြပါတယ်။ မကြာခင်မှာပဲ လေယာဉ်ပျံတွေ အားလုံးကို အနီးဆုံး လေယာဉ်ကွင်းမှာ ဆင်းဖို့ ညွှန်ကြားထားကြောင်း၊ အမေရိကန်ကို လာတဲ့ နိုင်ငံတကာ ဖလိုက်တွေကိုလည်း အဆင်းမခံတော့တဲ့ အကြောင်း ကြေငြာပါတယ်။ သတင်းကနေ အမေရိကားမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ဆက်တိုက် ကြေငြာနေပါတယ်။ အမေရိကန် သမ္မတ အိမ်ဖြူတော်ကနေ အန္တရာယ်ကင်းတဲ့ နေရာ တစ်ခုကို ထွက်သွားပြီ ဖြစ်တဲ့အကြောင်း၊ ပျောက်နေတဲ့ လေယာဉ်ပျံတွေ နောက်ကို လိုက်ရှာနေတဲ့အကြောင်းတွေပါ။
မီးလောင်နေတဲ့ တိုက်ပေါ်ကနေ ကြံရာမရနဲ့ ခုန်ချနေတဲ့ သူတွေကို မြင်ရတာ အတော် စိတ်မချမ်းသာစရာ ကောင်းပါတယ်။ နောက်မှ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအကြောင်းကို ပြန်ဖတ်ဖြစ်တော့ တစ်ချို့လူတွေက ရဟတ်ယာဉ်နဲ့ လာကယ်မယ် ထင်ပြီး အပေါ်ဆုံးထပ်ကို ပြေးတက်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အပေါ်ဆုံးထပ်က အမိုးပေါ်ကို ထွက်တဲ့ တံခါးက ပိတ်ထားတာမို့ အမိုးပေါ်ကို တက်လို့မရဘူးလို့ ဆိုပါတယ်။ အဲဒါအပြင် မီးအရှိန်က ပြင်းလွန်းတော့ ရဟတ်ယာဉ်ဆင်းဖို့လည်း အန္တရာယ် အတော်ကြီး တာကြောင့် ရဟတ်ယာဉ်လည်း မဆင်းဖြစ်ဘူးလို့ ဆိုပါတယ်။
တီဗွီမှာ လေယာဉ်ပျံ ၂ စင်း ပျောက်နေတဲ့ အကြောင်း ကြေငြာတာ ကြားရပါတယ်။ ဘာတွေ ဆက်ဖြစ်ဦးမှာလဲလို့ စဉ်းစားရင်းနဲ့ တီဗွီကို ဆက်ကြည့်နေမိပါတယ်။ မီးခိုးတွေ အူနေတဲ့ ဝေါလ်ထရိတ်စင်တာ အဆောက်အအုံ ၂ ခုကို အဝေးကနေ ရိုက်ပြတာကို ကြည့်ရတာ စိတ်မကောင်းစရာပါ။
၁၀ နာရီ လောက်မှာတော့ ဒုတိယမြောက် လေယာဉ်နဲ့ အတိုက်ခံရတဲ့ တောင်ဘက်
တာဝါက ပထမဆုံး ပြိုကျပါတယ်။ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ တီဗွီ အစီအစဉ်မှာ
မိုးမျှော်တိုက်ကြီး တစ်ခု ပြိုကျတာကို ရိုက်ပြတာ အတော်
တုန်လှုပ်ဖို့ ကောင်းပါတယ်။ လူတွေလည်း ဟိုပြေးသည်ပြေးနဲ့
ကမ္ဘာပျက်နေသလိုပါပဲ။ နောက် နာရီဝက်လောက်နေတော့ ပထမ အတိုက်ခံရတဲ့ မြောက်ဘက်
တာဝါ ပြိုကျပါတယ်။ ကျွန်တော်တို့ စိတ်ထဲမှာတော့ ပထမ အတိုက်ခံရတဲ့
တာဝါက အရင်ပြိုကျပြီး ဒုတိယ အတိုက်ခံရတဲ့ တာဝါက နောက်မှ ပြိုကျတယ်လို့
ထင်တာပါ။ နောက်မှ သူငယ်ချင်းတွေနဲ့ ငြင်းကြခုံကြရင်း သတင်း
ပြန်ရှာဖတ်တော့မှ ဒုတိယမြောက် အတိုက်ခံရတဲ့ တောင်ဘက်တာဝါက
အရင် ပြိုကျတယ် ဆိုတာ သတိထားမိပါတယ်။
ပျောက်နေတဲ့ လေယာဉ်ပျံ နှစ်စင်းထဲက တစ်စင်းနောက်ကို တိုက်လေယာဉ် တစ်စင်းက လိုက်ပြီး ဆက်သွယ်တော့ အဲဒီ လေယာဉ်ပျံ ပြန်ပေးဆွဲခံရတာ မဟုတ်မှန်း သိရပါတယ်။ သာမန် အဆက်အသွယ် ပြတ်နေတာ သက်သက်ပါ။ မကြာခင်မှာပဲ လေဆိပ်မှာ ဆင်းသွားတယ် ဆိုတဲ့ အကြောင်း ကြားရပါတယ်။ နောက်လေယာဉ်ပျံတစ်စင်းကတော့ ပင်ဆယ်ဗေးနီးယားမှာ ပျက်ကျသွားတယ်လို့ ကြားရပါတယ်။ လေယာဉ်ပေါ်က ခရီးသည် တစ်ချို့က မြေပြင်ပေါ်က လူတွေကို ဆက်သွယ်တော့ အဲဒီမနက်က တခြားလေယာဉ်တွေ ပြန်ပေးဆွဲခံရပြီး အဆောက်အဦးတွေကို ဝင်တိုက်တယ် ဆိုတဲ့ အကြောင်း ကြားရတယ်လို့ ဆိုပါတယ်။ အဲဒီတော့ ခရီးသည်တွေက အကြမ်းဖက်သမားတွေ ဆီကနေ လေယာဉ်ကို ပြန်လုဖို့ ကြိုးစားတော့ အကြမ်းဖက်သမားတွေက မထိန်းနိုင်တော့ဘဲ လေယာဉ်ကို ကျွမ်းထိုး ပစ်လိုက်တယ်လို့ သိရပါတယ်။ နောက်ဆုံး ထိန်းမနိုင်တော့တဲ့ အဆုံးမှာ လေယာဉ်ကို မြေပြင်ကို ထိုးချ လိုက်ကြတာပါ။ အဲဒီအချိန်ကတော့ ပျက်ကျသွားတဲ့ လေယာဉ်ပျံက အိမ်ဖြူတော်ကို ဝင်တိုက်မယ်လို့ အများစုက ခန့်မှန်းကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဖမ်းမိတဲ့ အကြမ်းဖက်သမား တစ်ယောက်ရဲ့ ဝန်ခံချက်အရ အဲဒီလေယာဉ်ဟာ အမေရိကန် လွှတ်တော် ကျင်းပလေ့ ရှိတဲ့ ကက်ပီတိုလ် အဆောက်အဦးကို တိုက်ခိုက်ဖို့ ရည်ရွယ်တယ် ဆိုတာ ပြန်ပြီး သိရပါတယ်။
ခဏနေတော့ အမေရိကန် သမ္မတ ဘုရှ်က တီဗွီကနေ "Make No Mistake" ဆိုတဲ့ သမိုင်းဝင် စကားနဲ့ မိန့်ခွန်းကို ပြောခဲ့ပါတယ်။ စက်တင်ဘာ အယ်လဲဗင်း တိုက်ခိုက်မှုဟာ တကမ္ဘာလုံးကို ဂယက် ရိုက်ခဲ့တာပါ။ ကမ္ဘာ့စီးပွားရေးမှာ မျှော်လင့်မထားတဲ့ ရုတ်တရက် စီးပွားကျဆင်းမှု တစ်ခု ဖြစ်ခဲ့ပြီးတော့ ကုမ္ပဏီ အတော်များများကို ထိခိုက်စေခဲ့ပါတယ်။ အမေရိကန်နဲ့ စီးပွားရေး အဆက်အသွယ် အများအပြားရှိတဲ့ စင်ကာပူလို နိုင်ငံ အနေနဲ့ စီးပွားရေးကို အတော်လေး ထိခိုက်ခံခဲ့ရပါတယ်။ အလုပ်ပြုတ်တဲ့သူတွေလည်း ဒုနဲ့ဒေးပါ။ နောက် ၆ လလောက်မှာ ကျွန်တော်တို့ ကျောင်းပြီးတော့ စီးပွားရေး နည်းနည်း ပြန်တက်လာပြီမို့ အလုပ်အကိုင် အခွင့်အလမ်း နည်းနည်း ပြန်ပွင့်လာခဲ့ပါတယ်။ ကုမ္ပဏီက လူတွေဆီမှာတော့ စက်တင်ဘာ ၁၁ ရဲ့ ဂယက်ကြောင့် ထိခိုက်ခဲ့ရတဲ့ ဇာတ်လမ်းတွေကို အဲဒီအချိန်အထိ ကြားနေရဆဲပါ။
ကိုးကား။ ။ http://my.wikipedia.org/wiki/စက်တင်ဘာ_၁၁_တိုက်ခိုက်မှု
Image Source: Wikimedia Foundation
Search This Blog
Showing posts with label အမေရိကန်. Show all posts

Sunday, September 11, 2011
Tuesday, September 6, 2011
သမိုင်းထဲက အမေရိကား
![]() |
| Image Source: Wikipedia |
ကိုလံဘတ်စ်ဟာ အခု အီတလီနိုင်ငံနေရာမှာ ရှိတဲ့ ဂျီနိုအာ လို့ခေါ်တဲ့ နိုင်ငံ တစ်ခုကပါ။ သူဟာ ဥရောပ အနောက်ဘက်ကနေ အာရှကို သွားတဲ့ လမ်းကို ရှာဖွေဖို့အတွက် ပေါ်တူဂီက ဒုတိယမြောက် ဂျွန်ဘုရင်ဆီမှာ စပွန်ဆာ တောင်းခဲ့ပါတယ်။ ဒါပေမယ့် ဘုရင်ရဲ့ စီးပွားရေး အကြံပေး အဖွဲ့ ကနေ ကိုလံဘတ်စ်ရဲ့ အဆိုပြုလွှာကို ရီဂျက် ထုလိုက်ကြပါတယ်။ အဲဒါကြောင့် ကိုလံဘတ်စ်ဟာ ပေါ်တူဂီကနေ တပ်ခေါက်လာပြီး စပိန်ကို ရွေ့ခဲ့ပါတယ်။ သူဟာ စပိန်မှာလည်း သူ့ရဲ့ ဘစ်စနက် ပလန်ကို စပိန် ဘုရင်နဲ့ ဘုရင်မကို ချပြပါတယ်။ နောက်ဆုံးမှာတော့ ဘီးကျဲကြီးများ ဖြစ်ကြတဲ့ စပိန်ဘုရင် ဖာဒီနန်နဲ့ ဘုရင်မ အစ္စဘယ်လာတို့ကနေ ကိုလံဘတ်စ်ကို အနောက်ဘက် ရေကြောင်းလမ်းမှာ ကိုလိုနီနယ်မြေသစ် ရှာဖွေဖို့ အတွက် စပွန်ဆာ ပေးခဲ့ကြပါတယ်။ ကိုလံဘတ်စ်ဟာ ရော့ခ်စတီးဝပ် သီချင်းနဲ့ ရွက်လွှင့်ခြင်း လုပ်ရင်း ကာရစ်ဘီယံ ကျွန်းတွေ ဆီကိုပဲ ရောက်ခဲ့ပါတယ်။ အမေရိကန် ကုန်းမကြီးပေါ်ကို မရောက်ခဲ့ပါဘူး။ အမေရိကန် ကုန်းမကြီးပေါ်ကို ပထမဆုံး ရောက်ခဲ့တဲ့ ဥရောပသားကတော့ ဂျွန်ပေါင့်စ်ဒီ လီယွန် လို့ ဆိုကြပါတယ်။ လီယွန် လက်ထက်မှာတော့ လာဖလော်ရီဒါ လို့ခေါ်တဲ့ အခု ဖလော်ရီဒါ ပြည်နယ် နေရာကို ခြေချနိုင်ခဲ့ပါတယ်။
ကိုလံဘတ်စ်တို့ ဂျွန်ပေါင့်စ်ဒီ လီယွန်တို့က အမေရိကားကို နောက်မှ ရောက်ခဲ့တဲ့သူ တွေပါ။ သူတို့ မရောက်ခင် ကတည်းက အမေရိကားမှာ လူနီ လို့ ခေါ်ကြတဲ့ ရက်အင်ဒီးယန်းတွေ ရှိနှင့် နေကြပါပြီ။ ကိုလံဘတ်စ်တို့တောင် သင်္ဘောနဲ့မှ ရောက်လာခဲ့တာဆိုတော့ သူတို့ထက်အရင် ရက်အင်ဒီးယန်းတွေ အမေရိကားကို ဘယ်လို ရောက်လာခဲ့သလဲ ဆိုတဲ့ကိစ္စက စဉ်းစားစရာ ရှိပါတယ်။ ရက်အင်ဒီးယန်းတွေ မှာ လေယာဉ်ပျံတွေ ဘာတွေ ရှိလို့လည်း ဖြစ်ချင် ဖြစ်ပါလိမ့်မယ်။ :D
ဒါပေမယ့်လည်း မနုဿဗေဒ ပညာရှင် (Anthropologist) တွေကတော့ ရက်အင်ဒီးယန်းတွေ လေယာဉ်ပျံ စီးပြီး ရောက်လာခဲ့တယ်လို့ မပြောကြပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄သောင်းနဲ့ ၁၆,၅၀၀ ကြား အချိန်တုန်းက အခု ရုရှားနဲ့ အမေရိကန် အလက်စကာ ပြည်နယ် ကြားမှာ ရှိတဲ့ ဘဲရင်း ရေလက်ကြား နေရာမှာ အမေရိကန်နဲ့ အာရှကြားက ကုန်းမြေဟာ တဆက်တည်း ဖြစ်နေခဲ့မယ် လို့ ယူဆခဲ့ကြပါတယ်။ အဲဒီနေရာက မိုင် ၅၀ ကျော် အကွာအဝေးရှိပါတယ်။ အဲဒီအချိန်က အာရှသားတွေဟာ အမဲလိုက်ရင်း အမေရိကန် ကုန်းမကြီးပေါ်ကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့ကြတယ်လို့ ယူဆကြပါတယ်။ အဲဒီတော့ သူတို့ရဲ့ ယူဆချက် အရဆိုရင် ရက်အင်ဒီးယန်းတွေဟာ အာရှနွယ်ဖွားကနေ ဆင်းသက်လာသူတွေလို့ ပြောနိုင်ပါတယ်။
ရက်အင်ဒီးယန်းမှာလည်း လူမျိုးပေါင်းစုံ ရှိပါတယ်။ အခုတလော လူးဝစ်စ်လာမာရဲ့ ကောင်းဘွိုင်ဝတ္ထုတွေ ဖတ်တော့ ချီရုတ်ကီးတွေ၊ ကီအိုဝါတွေ၊ ဘလက်ဖိ တွေ၊ အူတေ စတဲ့ ရက်အင်ဒီးယန်း တွေရဲ့ အကြောင်း နည်းနည်းပါးပါး တီးမိခေါက်မိ သတိပြုမိပါတယ်။ အင်ဒီးယန်းတွေထဲမှာ လူဖြူတွေကို လမ်းပြတတ်တဲ့ ချီရုတ်ကီးလို အင်ဒီးယန်း မျိုးစုတွေ၊ ရန်လိုတတ်တဲ့ ကီအိုဝါလို အင်ဒီးယန်းမျိုးတွေ ရှိသလို အလစ်သုတ်တတ်တဲ့ အလုတ်သစ် အင်ဒီးယန်းမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် အမေရိကား တိုက်ပေါ်ကို လူဖြူတွေ ရွှေ့ပြောင်းလာပြီးတဲ့ နောက်မှာ လူဖြူတွေ သယ်လာတဲ့ ကျောက်ကြီးရောဂါလို ရောဂါမျိုးတွေကြောင့် အင်ဒီးယန်းတွေ သန်းနဲ့ချီပြီး သေဆုံးခဲ့ရသလို လူဖြူတွေရဲ့ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းမှုကြောင့်လည်း အင်ဒီးယန်းတွေ အများအပြား သေဆုံးခဲ့ရပါတယ်။
လူဖြူတွေ ကြောင့် သန်းနဲ့ချီပြီး သေခဲ့ရတာ ရက်အင်ဒီးယန်းတွေတင် မကပါဘူး။ ဘရောင်း ဘတ်ဖဲလိုးတွေလည်း ပါပါတယ်။ အမေရိကန် ဘိုင်ဆွန်လို့ခေါ်တဲ့ အမေရိကန်ကျွဲတွေ အမေရိကန် နိုင်ငံတိုးချဲ့နေတဲ့ ကာလ အတွင်းမှာ သန်း ၄၀ လောက် သေခဲ့ရတယ်လို့ ဆိုကြပါတယ်။ ကျွဲတွေ အဲဒီလောက် သေတော့ အစားအသောက်အတွက် ကျွဲတွေကို မှီခိုနေရတဲ့ ဒေသခံ အင်ဒီးယန်း တွေ အပေါ်မှာ အများကြီး ထိခိုက်နစ်နာ ခဲ့ရပါတယ်။
အမေရိကန်ကို ရွှေ့ပြောင်းပြီး အခြေချလာကြတဲ့ သူတွေ အထဲမှာ စပိန်တွေ၊ အင်္ဂလိပ်တွေ၊ ဒတ်ချ်တွေ အများကြီး ပါပါတယ်။ ဒတ်ချ်တွေဟာ နယူးဟတ်ဒ်ဆန်မြစ်ရဲ့ အောက်ပိုင်း မက်ဟက်တန် ကျွန်းလို နေရာမှာ အခြေချ နေထိုင်ခဲ့ပါတယ်။ သူတို့ နေတဲ့နေရာကို နယူး အမ်စတာဒမ် ဒါမှမဟုတ် အမ်စတာဒမ် မြို့သစ်လို့ ခေါ်ပါတယ်။ အဲဒီအချိန်က အခြေချသူသာ ဒတ်ချ် မဖြစ်ဘဲ ဘိုးတော်ဘုရားတို့ အလောင်းမင်းတရားတို့ ဖြစ်မယ် ဆိုရင်တော့ အဲဒီနေရာလည်း နယူးရွှေဘိုတွေ၊ နယူး အမရပူရတွေ ဖြစ်လာနိုင်ပါတယ်။ နောက်တော့ ဒတ်ချ်တွေက နယူးအမ်စတာဒမ် နေရာကို အင်္ဂလိပ်နဲ့ လက်ပြောင်း လက်လွှဲ ရိုက်လိုက်ပါတယ်။ အင်္ဂလိပ်ဘုရင်က နယူးအမ်စတာဒမ် နေရာကို ယောက်နယ်စားကို အပိုင်စားပေးလိုက်တဲ့ အတွက် နယူးယောက် ဖြစ်လာတယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံ ထူထောင်တော့ အဓိက ကြုံတွေ့ရတဲ့ ပြဿနာက အလုပ်သမား ပြဿနာပါ။ အမေရိကားမှာ မြေနေရာတွေ ပေါများနေတဲ့ အတွက် ရွှေ့ပြောင်းလာကြတဲ့ လူဖြူတစ်ယောက် အတွက် ကိုယ့်ဘာသာကိုယ် လုပ်ကိုင် စားသောက်ဖို့အတွက် အလွန် လွယ်ကူပါတယ်။ အဲဒါကြောင့် အလုပ်သမား လုပ်ချင်တဲ့သူ မရှိသလောက် ဖြစ်နေပါတယ်။ အဲဒီ အခက်အခဲကို ဖြေရှင်းဖို့အတွက် အာဖရိကက လူမည်းတွေကို ကျွန်အနေနဲ့ တင်ပို့လာတာ ရှိသလို အင်ဒန်းချား လို့ ခေါ်တဲ့ ကိုယ့်ဘာသာကိုယ် စာချုပ်နဲ့ ရောင်းစားမယ့် ဥရောပသား တွေကိုလည်း အမေရိကားကို ခေါ်သွင်းလာခဲ့ကြ ပါတယ်။
အဲဒီအချိန်က ဥရောပမှာ ရှိနေတဲ့ သူတွေထဲမှာ အမေရိကားကို လာချင်တဲ့သူတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့အတွက် ဥရောပက နေ အမေရိကားကို လာဖို့အတွက် သင်္ဘောခ မတတ်နိုင်ပါဘူး။ အဲဒီတော့ သူတို့ဟာ အမေရိကားကို သွားမယ့် သင်္ဘောကပ္ပတိန်နဲ့ သဘောတူညီမှု ယူကြ ရပါတယ်။ သင်္ဘောကပ္ပတိန်က သူတို့ကို အမေရိကားကို ရောက်အောင်ပို့ပေးပြီး အမေရိကား ရောက်တဲ့အခါမှ သူတို့ကို အလုပ်လုပ်မယ့် အလုပ်ရှင်ကနေ သင်္ဘောကပ္ပတိန် ဆီက ပိုက်ဆံပေးပြီး ရွေးယူပါတယ်။ အဲဒီအတွက် သူတို့က အလုပ်ရှင်ကို ငါးနှစ်ကနေ ခုနစ်နှစ် အထိ လုပ်ခမယူဘဲ နေစရာ စားစရာ ရရုံ သက်သက်နဲ့ အလုပ်ပြန်လုပ်ပေးရပါတယ်။
အင်ဒန်းချားတွေဟာ သူတို့ စာချုပ် သက်တမ်း ကာလ အတွင်းမှာ အိမ်ထောင်ပြုခွင့် မရှိပါဘူး။အာဖရိက လူမည်းကျွန်တွေနဲ့ အင်ဒန်းချားတွေ မတူတဲ့ အချက်ကတော့ အင်ဒန်းချားတွေက သူတို့ စာချုပ်ပြည့်သွားရင် လွတ်လပ်ခွင့် ရကြပါတယ်။ အလုပ်ရှင်က သူတို့ကို လွတ်လပ်ခွင့် ပေးတဲ့အချိန်မှာ အဝတ်အစား အသစ်တစ်စုံနဲ့ လုပ်ကိုင်စားသောက်စရာ ပုဆိန်၊ ဂေါ်ပြား စတာတွေ ပေးရမယ်လို့ အင်ဒန်းချား စာချုပ်ထဲမှာ ပါတတ် ပါတယ်။ တချို့အင်ဒန်းချားတွေကလည်း သူတို့ စာချုပ်ပြည့်သွားတဲ့ အချိန်မှာ ကုန်သည် အဖြစ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။ အမေရိကန်မှာ အစဦး ခြေချနေထိုင်ခဲ့တဲ့ လူဖြူတွေထဲမှာ အင်ဒန်းချား အနေနဲ့ ရောက်လာတဲ့သူက သုံးပုံ နှစ်ပုံလောက် ရှိတယ် လို့ ဆိုကြပါတယ်။
အဲဒါကတော့ ဖတ်ဖူးမှတ်ဖူးသလောက် အမေရိကန်နိုင်ငံရဲ့ သမိုင်းတစိတ်တဒေသပါပဲ။ နောက်များမှ ကြုံရင် ကောင်းဘွိုင်တွေ အကြောင်း ရေးပါဦးမယ်။
Tuesday, November 30, 2010
သွားရင်း လာရင်း စားရင်း သောက်ရင်း
အမြဲတမ်း ခရီးထွက်နေရတာ ကောင်းတဲ့ အချက် ရှိသလို မကောင်းတဲ့ အချက်တွေလည်း ရှိပါတယ်။ မကောင်းတဲ့ အချက်ကတော့ လူမှုရေးနဲ့ ပတ်သက်ရင် အတော် ပျက်ကွက်ပါတယ်။ အမြဲတမ်း ခရီးထွက်နေရတော့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ သာရေးနာရေးတွေ သွားဖို့ အဆင်မပြေပါဘူး။ အပေါင်းအသင်းတွေနဲ့လည်း အဆက်အသွယ် ပြတ်ပါတယ်။ ဒါတင် မကသေး ပါဘူး။ ပြသနာ ရှာတတ်တဲ့ ရည်းစားရှိရင် ခရီးထွက်တဲ့ ကိစ္စကြောင့် တစ်ချိန်လုံး စကားများ နောင်ဂျိန်ချ နေရပါတယ်။ ဒီထက် ပိုဆိုးရင် ခရီးထွက်နေတုန်း ကိုယ့်ရည်းစား သူများ မ သွားတာပါ ခံရတတ် ပါတယ်။
ကောင်းတဲ့ အချက်တွေထဲမှာတော့ နေ့တိုင်း အစားအသောက်ကို တစ်နေ့တစ်မျိုး မရိုးအောင် စားနေ ရတာ ပါပါတယ်။ ကျွန်တော် ကိုယ်တိုင်က အစားအသောက်နဲ့ ပတ်သက်ရင် အစွဲအလမ်း သိပ်မကြီးပါဘူး။ မြန်မာအစားအစာ ကို ကြိုက်ပေမယ့် ကိုယ်မစားဖူးတဲ့ အစားအသောက်ဆိုရင် စမ်းပြီး စားကြည့်ချင် ပါတယ်။ အဲဒီတော့ ခရီးထွက်ရင်း တွေ့ကရာ လျှောက်စားနေရတာ ကျွန်တော့် နဲ့ အတော် ကီးကိုက်ပါတယ်။
ကျွန်တော် ခရီးထွက်ရင် တစ်ယောက်တည်း သွားဖြစ်တာ နည်းပြီး ဒေသခံ အေးဂျင့်တွေနဲ့ အတူ သွားဖြစ်တာက ပိုများပါတယ်။ အဲဒီတော့ နေ့လည်စာ ညနေစာ အတွက် သူတို့ပဲ ဦးဆောင်ပြီး စီစဉ်ပေးလေ့ ရှိပါတယ်။ အစပိုင်းကတော့ သူတို့က ဘာစားမလဲ မေးရင် anything လို့ ပြန်ဖြေနေကျပါ။ အဲဒီ အန်းနီးသင်း ဆိုတဲ့ စကားက အမေရိကန် အေးဂျင့်တစ်ယောက်နဲ့ အတူသွားတဲ့ အခေါက်မှာတော့ မှတ်လောက် သားလောက် ဖြစ်သွားပါတယ်။ အဲဒီ အချိန် ကတော့ သူက နေ့လည်စာ ဘာစားမလဲ မေးတော့ ကျွန်တော်က အန်းနီးသင်း လို့ ဖြေလိုက်ပါတယ်။ ဒါဆိုလည်း Subway မှာ ဆင်းဒဝစ် သွားစားကြတာပေါ့ ဆိုပြီး သူက ခေါ်လို့ ကျွန်တော်တို့ Subway ကို ရောက်သွားကြပါတယ်။
အဲဒီအချိန် အထိ ကျွန်တော် စင်ကာပူမှာ Subway တစ်ခါမှ မစားဖူးပါဘူး။ ဆိုင်ရောက်တော့ ဆင်းဒဝစ်ထဲ ကြိုက်တာထည့် ဆိုတော့ ပျားတုတ် ပါတော့တယ်။ ကျွန်တော်က ဆင်းဒဝစ်ဆို ချိစ်နဲ့ ငါးသေတ္တာကလွဲရင် ဘာမှ သိတဲ့ကောင် မဟုတ်ပါဘူး။ ကောင်တာနောက်က ဆင်းဒဝစ် လုပ်တဲ့သူက ဟိုဟာထည့်မလား မေးရင်လည်း ထည့်လိုက် ဒီဟာ ထည့်မလား မေးရင်လည်း ထည့်လိုက် လုပ်နေတာနဲ့ နောက်တော့ ကောင်တာထဲ ရှိသမျှ အစာ အားလုံးနီးပါး ထည့်ထားတဲ့ ဆင်းဒဝစ် တစ်ခု ထွက်လာပါတယ်။ ဘယ်လိုနေသလဲ မေးရင် အရမ်း ကောင်းပါတယ် (စိတ်ပျက်ဖို့)။ ဆင်းဒဝစ်က ပထမတစ်ကိုက် ကိုက်လိုက်ရင် ချဉ် နောက်တစ်ကိုက် ကိုက်လိုက်ရင်ဖန် နောက်တစ်ကိုက် ကိုက်လိုက်ရင် ခါးနဲ့ ဘယ်လို အရသာ ရှိမှန်းကို မသိတော့ပါဘူး။ နောက်နေ့ကစပြီး ကျွန်တော့်ကို ဘာစားမလဲ မေးရင် နည်းနည်း လေသံ ပြောင်းသွားပါတယ်။ ဘာဖြစ်ဖြစ် ဆင်းဒဝစ်က လွဲလို့လို့ သူတို့ကို ပြောတတ်ပါတယ်။
အမေရိကန်က စားသောက်ဆိုင်တွေထဲမှာ Chili's နဲ့ Ruby Tuesday ကို သဘောကျပါတယ်။ အမေရိကား သွားရင် ဒီနှစ်ဆိုင်ပဲ အရောက်များလို့လားတော့ မသိပါဘူး။ အခု စင်ကာပူမှာ Chili's ဖွင့်နေတာ တွေ့ပေမယ့် သွားမစားဖြစ် သေးပါဘူး။ အမေရိကန် ရောက်ခါစက စားသောက်ဆိုင်မှာ အအေးထပ်ဖြည့်မလားလို့ စားပွဲထိုးက မေးတော့ စင်ကာပူမှာလို ပိုက်ဆံ ထပ်ပေးရမယ် မှတ်လို့ မဖြည့်ဘူးလို့ ငြင်းပါတယ်။ အေးဂျင့်က အလကား ဖြည့်ပေးတာ ဘာဖြစ်လို့ မဖြည့်တာလဲ လို့ မေးမှ အဲဒီမှာ အအေးက ဖရီးဖလိုးမှန်း သိပါတယ်။ တစ်ခါတစ်လေတော့ မက်ကဆီကန် စားသောက်ဆိုင်ကို ရောက်ဖြစ် ပါတယ်။ မက္ကဆီကန် အစားအစာထဲမှာတော့ Fajitas ကို သဘောကျပါတယ်။ ပလာတာလိုလို နံပြားလိုလို အပြားတွေအပြင် မက္ကဆီကန် ထမင်းတွေပါ ပါတာမို့ အရသာစုံတယ် လို့ ထင်ပါတယ်။ တစ်ခါကတော့ အေးဂျင့်က မွန်ဂိုးလီးယား အစားအစာ စားမလား မေးတော့ မဆိုးပါဘူး။ အပြောင်းအလဲပေါ့ ဆိုပြီး သဘောတူလိုက်ပါတယ်။ ဆိုင်ကိုသွားရင်း မွန်ဂိုးလီးယား အစားအစာ ဆိုတာ ဘယ်လိုများ နေမလဲလို့ စိတ်ထဲမှာ တွေးနေပါတယ်။ ဆိုင်ရောက်တော့မှ မွန်ဂိုးလီးယားစာဆိုတာ တရုတ်စာ မှန်း သဘောပေါက် ပါတယ်။ ဘာမှ မကွာသလိုပါပဲ။ ဆူရှီတောင် ပါလိုက်ပါသေးတယ်။ (မွန်ဂိုမှာလည်း ဂျပန်တွေ ရှိလို့ နေမှာပေါ့။ :D )
ဥရောပမှာတော့ အစားအသောက် တော်တော်များများနဲ့ ပါးစပ်တည့်ပါတယ်။ ပါးစပ်နဲ့ မတည့်တာကလည်း ခပ်ရှားရှား မို့ နေမှာပါ။ တစ်ခါတုန်းက ဟော်လန် တောင်ပိုင်း အိုင်ဒိုဗင်မှာ ဆော့ဖ်ဝဲလ် သွားပြင်ရင်း တစ်ပတ်လောက် နေဖြစ်ပါတယ်။ တစ်နေ့တော့ ညနေဖက် ဟိုတယ်မှာ နှပ်နေတုန်း ဟော်လန်ရုံးက အင်ဂျင်နီယာ ရှန်ပေါလ်က ညနေစာ သွားစားဖို့ လာခေါ်ပါတယ်။ ကျွန်တော်က သူတို့ဆီမှာ ဧည့်သည်မို့ ထုံးစံအတိုင်း ဧည့်ခံတဲ့ အနေနဲ့ လိုက်ကျွေးတာပါ။ အိုင်ဒိုဗင် ဈေးထဲ ရောက်သွားတော့ သူက ကျွန်တော့်ကို ပြင်သစ်စာ စားချင်သလား၊ အီတလီစာ စားချင်သလား မေးပါတယ်။ ကျွန်တော်က ဟော်လန် ရောက်နေတုန်း ဒတ်ချ်အစားအသောက် စားကြည့်ချင်တယ်လို့ ပြောတော့ သူက ရယ်ပါတယ်။ နောက်တော့ ငါတို့ ဒတ်ချ် အစားအစာက ဆိုင်ဖွင့် ရောင်းတဲ့သူ ရှားတယ်။ အိမ်မှာ ချက်စားတာပဲ များတယ်လို့ သူက ကျွန်တော့်ကို ပြန်ပြော ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ အီတလီ စားသောက်ဆိုင်ပဲ ရောက်သွားကြပါတယ်။
၂ ရက် ၃ ရက်လောက်နေတော့ ကျွန်တော်နဲ့ ဥရောပမှာ အလုပ်တွဲလုပ်နေကျ အင်ဂျင်နီယာ မာ့က်ခ် ဂျာမနီက ပြန်လာပြီး ကျွန်တော့်ဆီ ရောက်လာပါတယ်။ သူနဲ့ ကျွန်တော် စက်ရုံမှာ ဆော့ဖ်ဝဲလ်ကို အပြီးသတ်ပြီးတော့ ကျွန်တော် အမြဲ နေနေကျနေရာ အုတ်ဟောက်စ်ရွာကို ပြန်ခဲ့ပါတယ်။ လမ်းမှာ ကျွန်တော်က သူ့ကို ဟိုနေ့က ရှန်ပေါလ်နဲ့ ညနေစာ သွားစားတဲ့ အကြောင်း ပြောရင်း ဒတ်ချ်အစားအစာ စားချင်တယ် ပြောတာ မရှိဘူး ပြောတဲ့ အကြောင်း သူ့ကို ပြန်ပြောပြ ပါတယ်။ သူက ဟုတ်တယ်။ ဆိုင်တွေမှာ ဒတ်ချ်အစားအစာ ဆိုပြီး ရောင်းလေ့ ရောင်းထမရှိဘူး။ ဒါပေမယ့် မင်းစားချင်ရင်တော့ ငါစီစဉ်ပေးမယ်လို့ ပြောပါတယ်။ နောက်တော့ သူ့အိမ်ကို ဖုန်းဆက်ပြီး သူ့မိန်းမကို ညနေစာ တစ်ယောက်စာ ပိုချက်ထားဖို့ လှမ်းမှာလိုက် ပါတယ်။ ကျွန်တော်လည်း အားလည်းနာတယ် ခင်လည်းခင်တယ်လေ ဆိုပြီး ဒတ်ချ်အစားအသောက် စားဖို့ သူ့အိမ် လိုက်သွား ပါတယ်။ သူကျွေးတဲ့ ဒတ်ချ် အစားအစာက ဘာလဲဆိုတော့ ဝက်အူချောင်း အကြီးကြီး တစ်ချောင်း၊ အာလူး နည်းနည်းပါးပါးနဲ့ အရွက်ကြော် တစ်ပွဲပါပဲ။ သူက ဒါ ငါတို့ ဒတ်ချ်တွေ စားနေကျ အစားအစာပဲလို့ ပြောပါတယ်။ အင်း ဒါကြောင့်လည်း ဆိုင်ဖွင့် မရောင်းကြတာကိုး ဆိုပြီးတော့ ကျွန်တော်လည်း သဘောပေါက်သွားပါတယ်။
အစားအသောက် နာမည် မခေါ်တတ်တာ အစားအသောက် နာမည်ကို နားမလည်တာလည်း ကွိုင်တစ်မျိုး ပါပဲ။ အိုင်ယာလန်မှာ ရောက်နေတဲ့ အချိန်တုန်းက ဟိုတယ် စားသောက်ခန်းမမှာ မီနူးကြည့်ရင်း Goat Cheese ဆိုတာကို ဆိတ်သားနဲ့ ချိစ်လို့ ကိုယ့်ဘာသာကိုယ် ခပ်တည်တည် ဘာသာပြန်ပြီး မှာထည့်လိုက်ပါတယ်။ စိတ်ထဲမှာတော့ ဆိတ်သားကို mutton မရေးဘဲ Goat လို့ ရေးထားတာ နည်းနည်း ထူးဆန်းနေတယ် ထင်ပါတယ်။ မှာထားတာ ရောက်လာလို့ အသားတစ်တုံးမှ ပါမလာတော့မှပဲ Goat Cheese ဆိုတာ ဆိတ်နို့က လုပ်ထားတဲ့ ချိစ်ကို ခေါ်တာ ဆိုပြီး နားလည်သွား ပါတယ်။ အသိနောက်ကျတော့လည်း ချိစ်နဲ့ပဲ အသားမပါဘဲ ကျေနပ် လိုက်ရပါတယ်။
မွေးကတည်းက ထမင်းစားလာတော့ ထမင်းနဲ့ ဝေးတာ ကြာရင် ပါးစပ်က မနေနိုင်ပါဘူး။ ဘယ်လောက် ကောင်းတာတွေပဲ စားနေရ ပါစေ ထမင်းစားချင်စိတ် ပေါ်လာတာတော့ အမှန်ပါပဲ။ အဲဒီ အချိန် ထမင်းသာ စားရရင် ဘယ်လိုပဲ စားလိုက်ရ စားလိုက်ရ ဆိုတာမျိုး စိတ်ထဲ က ဖြစ်လာတတ် ပါတယ်။ ထမင်း အကြောင်းပြောရင် ပင်ဆယ်ဗေးနီးယားက သူငယ်ချင်းကို သတိရ ပါတယ်။ ကျွန်တော် အမေရိကန် ရောက်တဲ့ အခါတိုင်း သူနဲ့ ဖုန်းပြော ဖြစ်ပါတယ်။ တစ်နေ့တော့ ကျွန်တော်တို့ ထမင်း အကြောင်း စကားစပ်မိလို့ ပြောကြရင်း သူက ငါတို့ဆီမှာ ဆန်မရှိဘူးကွ လို့ ပြောလို့ ကျွန်တော် အတော်လေး အံ့အားသင့် သွားပါတယ်။ အဲဒါနဲ့ ကျွန်တော်က သူ့ကို အဲဒါဆို ခင်ဗျား ထမင်း ဘယ်လိုစားသလဲ မေးတော့ ငါ အရင်တစ်ခေါက်က ကယ်လီဖိုးနီးယားကို အလည်သွားတုန်းက 10 Kg ရှိတဲ့ ဆန်တစ်အိတ် ဝယ်လာတယ်။ အဲဒါနဲ့ စားချင်စိတ် ပေါ်လာတိုင်း ချက်စားနေရတာပဲ လို့ သူက ကျွန်တော့်ကို ပြောပြပါတယ်။ ကျွန်တော့် စိတ်ထဲမှာ အတော်တော့ ထူးဆန်းနေပါတယ်။ အဲဒါကြောင့် နောက်နေ့ အေးဂျင့်ကို မင်းတို့ အမေရိကန်မှာ ဆန်ဒီလောက်တောင် ရှားရသလား မေးတော့ အေးဂျင့်က မရှားပါဘူးဟ။ ဝယ်လို့ ရပါတယ်။ ရိုးရိုးဆန် မရှိရင်တောင် ဆူရှီလိပ်တဲ့ဆန်တော့ ဘယ်နေရာ မဆို ဝယ်လို့ ရပါတယ် လို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။ မင်းသူငယ်ချင်း ဝယ်လို့ မရဘူး ဆိုတာ ဘယ်နားဝယ်ရမှန်း မသိလို့ နေမှာပါ ဆိုမှပဲ ကယ်လီဖိုးနီးယားကနေ ပင်ဆယ်ဗေးနီးယား အထိ လေယာဉ်နဲ့ 10 Kg ဆန်တစ်အိတ်ကို တကူးတက သယ်လာရတဲ့ သူ့အဖြစ်ကို စဉ်းစားပြီး ပြုံးမိပါတယ်။

Labels:
ခရီးသွား,
ဟော်လန်,
အမေရိကန်,
အိုင်ယာလန်,
ဥရောပ
Sunday, October 31, 2010
ခရီးသွားရင်း လွဲချော်ခြင်းများ
ခရီး တစ်ခါ ထွက်ရင် ဆောင်ရန် ရှောင်ရန် အတွက် တစ်ခုခု သင်ခန်းစာ ရတတ်ပါတယ်။ ကိုယ်နဲ့ အကျွမ်းတဝင် မရှိတဲ့ အရပ်ဒေသမှာ ချောက်ကျပြီးမှ ရထားတဲ့ သင်ခန်းစာဆိုတော့ နည်းနည်းတော့ အဖိုးတန်ပါတယ်။ ဒီတစ်ကြိမ် ဒုက္ခရောက်လို့ နောက်တစ်ခါ ထပ်မဖြစ်အောင် သတိထားပေမယ့်လည်း နောက်တစ်ကြိမ်ကျရင် နောက်တစ်မျိုး အသစ်အဆန်း ကြုံရတာပါပဲ။
ပထမဆုံးတော့ Hand Carry နဲ့ ပတ်သက်ပြီး ရဖူးတဲ့ သင်ခန်းစာပါ။ ကျွန်တော် လေယာဉ်ပျံစီးရင် Hand Carry သယ်ဖို့ အတော် ဝန်လေးပါတယ်။ ပျင်းတယ်လို့ ပြောရင်လည်း ရပါလိမ့်မယ်။ ပထမဆုံး အကြိမ် ခရီးရှည် လေယာဉ်ပျံစီးတော့ လက်ပ်တော့ပ်၊ ဖတ်စရာ စာအုပ် တစ်အုပ်၊ အနွေးထည် နဲ့ စီးကရက်ဗူး က လွဲရင် Hand Carry ထဲမှာ ဘာမှ ထည့်မသွား မိပါဘူး။ အဲဒီတုန်းက စင်ကာပူ လေကြောင်းလိုင်းနဲ့ လော့စ်အိန်ဂျလိစ် ကို သွားတာပါ။ ဇနပုဒ်သား အမေရိကား သွားရမယ် ဆိုတော့လည်း ခါတိုင်းလို ပေါ့ပေါ့ပါးပါး ဝတ်စား မသွားပဲ ရှပ်အင်္ကျီ တွေ ဘာတွေနဲ့ သားသားနားနား ဖြစ်နေပါတယ်။
လေယာဉ်ပေါ်မှာကတော့ စင်ကာပူ လေကြောင်းလိုင်းရဲ့ ထုံးစံအတိုင်း Business Class မဟုတ်ပေမယ့်လည်း အစားအသောက်ကို တစ်မျိုးပြီး တစ်မျိုး ကျွေးပါတယ်။ ညနေစာ စားပြီးတော့ ရေခဲမုန့် လာကျွေးတော့ ချော့ကလက် ရေခဲမုန့်ပါ။ အရှေ့က ဖွင့်ထားတဲ့ ရုပ်ရှင်ကြည့်ရင်း စားလိုက်တာ ရေခဲမုန့် တစ်ဝက်ကျိုးတော့မှ အင်္ကျီပေါ် ရေခဲမုန့် ဖိတ်ကျတာ အတော်များမှန်း သတိထားမိပါတယ်။ ရှပ်အင်္ကျီ အပြာရောင်ပေါ်မှာ ချော့ကလက် ရေခဲမုန့် စွန်းနေတာ မြင်မကောင်းပါဘူး။ ဒါပေမယ့် Hand Carry ထဲ အင်္ကျီ တစ်ထည်တောင်မှ အပိုပါ မသွားတော့လည်း လဲစရာက မရှိပါဘူး။ လေယာဉ်ပျံပေါ် ရောက်မှ အဝတ်အစား တစ်စုံတစ်လေ ထည့်မလာ မိတာ အတော် မှားမှန်း သိပါတယ်။ တွိုင်းလက်ထဲသွားပြီး ရေနဲ့ သွားဆေး ပေမယ့်လည်း အစွန်းအကွက်က လျော့မသွားပါဘူး။ လေယာဉ်ပျံပေါ်မှာ အဲဒီ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေပါတယ်။ အနွေးထည် အင်္ကျီ ပါလာလို့ မသိမသာ အနွေးထည် အပေါ်က ထပ်ဝတ်ထားလိုက် ရပါတယ်။ ကြည့်ရ မဆိုးတော့ပေမယ့် နေရတာတော့ အတော်အိုက်ပါတယ် ဆိုသလိုမျိုး ဖြစ်သွား ပါတယ်။
အဲဒါကြောင့် နောက်တစ်ခေါက်က စပြီး ခရီးသွားတိုင်း Hand Carry ထဲမှာ အင်္ကျီ တစ် စုံ အမြဲတမ်း အပို ထည့်သွားတတ် ပါတယ်။ ဒါပေမယ့်လည်း နောက်တစ်ခါ ကျတော့ နောက်တစ်မျိုး ကြုံရပြန် ပါတယ်။ အဲဒီ အခါက အိုင်ယာလန်သွားတော့ လန်ဒန် ဟိသ်ရိုးမှာ လေယာဉ် ပြောင်းစီးရပါတယ်။ ဟိသ်ရိုးက တခြားလေဆိပ်နဲ့ မတူပါဘူး။ တခြားလေဆိပ်တွေမှာ Hand Carry အတွက် အိတ်တစ်လုံးနဲ့ လက်ပ်တော့ပ် တစ်လုံး သယ်ခွင့် ပေးပေမယ့် ဟိသ်ရိုးမှာက လက်တော့ပ် အပါအဝင်မှ အိတ်တစ်လုံးပဲ သယ်လို့ ရပါတယ်။ အစကတော့ ထရန်စစ် ဆိုလို့ ကိစ္စမရှိဘူး ထင်ပေမယ့် လန်ဒန်မှာ လေယာဉ်ဆင်းတော့ အင်မီဂရေးရှင်း အပြင်ထွက်ပြီး ပါလာတဲ့ အိတ်ကို Check-in လုပ်ခိုင်းပါတယ်။ အိုင်ယာလန် ဒပ်ဗလင် လေဆိပ်ရောက်တော့မှ စပြီး တိုင်ပတ် တော့တာပါပဲ။
ကျွန်တော်တို့ လေယာဉ်က လန်ဒန်မှာ ဆင်းပြီး သိပ်မကြာခင် နောက်လေယာဉ်တစ်စင်းကို ပြောင်းရတာ ဆိုတော့ အိုင်ယာလန် ရောက်တော့ လန်ဒန်မှာ အပြင်ထွက်ပြီး Check-in လုပ်လိုက်တဲ့ အိတ်က ပါလာပေမယ့် စင်ကာပူမှာ Check-in လုပ်လိုက်တဲ့ အဝတ်အစား အိတ်က ပါမလာပါဘူး။ လေဆိပ်က ကောင်တာကို မေးတော့ အိတ်မရောက်သေးဘူး။ ရောက်တာနဲ့ ဟိုတယ်ကို ပို့ပေးမယ် လို့ ပြောပါတယ်။ သူတို့က အိတ်ပို့ပေးဖို့ ဟိုတယ် လိပ်စာတောင်းတော့ ကျွန်တော် မသိပါဘူး။ ဟော်လန်က လာတဲ့ အေးဂျင့်နဲ့ ဒပ်ဗလင် လေဆိပ်မှာ တွေ့ပြီးမှ ဆက်သွားဖို့ စီစဉ်ထားတာ ဆိုတော့ ခရီးဆုံးက လိပ်စာကို ဟော်လန်က အေးဂျင့်ကပဲ သိပါတယ်။ သူ့လေယာဉ်က ဒပ်ဗလင်ကို မဆိုက်သေးပါဘူး။ အဲဒါနဲ့ သူရောက်လာတဲ့ အထိ စောင့်ပြီးတော့မှ သူ့ကို ဖုန်းဆက်ပြီး ဟိုတယ် လိပ်စာ လှမ်းမေးရပါတယ်။ ဖုန်းထဲမှာ သူက Wexford လို့ ပြောလို့ ကျွန်တော် က ကြားတဲ့ အတိုင်း ကောင်တာကို ပြန်ပြောလိုက် ပါတယ်။ ဝက်စ်ဖို့ဒ်က ဒပ်ဗလင်ကနေ မိုင် ၁၀၀ လောက် ဝေးတဲ့ အတွက် အိတ်က ဘယ်အချိန် ရောက်လာမလဲ ဆိုတာတော့ မှန်းလို့ မရပါဘူး။
ဒီလိုနဲ့ ဟော်တယ်ကနေပြီး ကျွန်တော့် အိတ်ကို စောင့်ပါတယ်။ ပထမတစ်ရက် ရောက်မလာ ပါဘူး။ ပထမ တစ်ရက်နဲ့ ကိစ္စ မရှိသေးပါဘူး။ ကျွန်တော့် Hand Carry ထဲမှာ အဝတ်အစား တစ်စုံ အပိုပါလာသေးတယ် ဆိုတော့ လဲစရာ ရှိပါသေးတယ်။ သေချာအောင် နောက်တစ်နေ့ မနက် လေဆိပ်ကို ဖုန်းဆက် မေးကြည့်တော့ ပို့လိုက်ပြီ လို့ ပြောပါတယ်။ ဒါပေမယ့် ညနေစောင်းတော့လည်း ရောက်မလာသေးပါဘူး။ ကျွန်တော် မျက်လုံးပြူးနေပါပြီ။ လဲစရာ အင်္ကျီလည်း မကျန်တော့ ပါဘူး။ ညဘက် ပြန်ရောက်တာ မိုးချုပ်တော့ အပြင်ထွက်ဝယ်ဖို့လည်း အချိန်မမီ တော့ပါဘူး။ ဒါနဲ့ပဲ မနေ့က ဖြန့်လှန်းထားခဲ့တဲ့ အင်္ကျီ လေး အသာ ပြန်ဝတ် ရပါတယ်။ နောက်တစ်နေ့လည်း ရောက်မလာပါဘူး။ သေချာအောင် ဖုန်းဆက်မေးတော့ လိပ်စာ ရှာမတွေ့လို့ အိတ်က လေဆိပ်ပြန်ရောက်နေပြီ ပြောပါတယ်။ နည်းနည်းတော့ တင်းသွား ပါတယ်။ ဒီလောက် မြို့ကလေး သေးသေးကလေးမှာ ရှိတဲ့ ဟော်တယ် အကြီးကြီးကို ရှာမတွေ့ဘူး ဆိုတာ နည်းနည်းတော့ တရားလွန်ပါတယ်။ အဲဒါနဲ့ လိပ်စာကို ပြန်ပြောတော့မှ လေဆိပ်က လူတွေ Westport နဲ့ Wexford ကို နားကြားလွဲသွားတယ် ဆိုတာ သိလိုက်ရပါတယ်။ Westport က အိုင်ယာလန် မြောက်ဖက်မှာပါ။ ကျွန်တော်သွားတဲ့ Wexford ကတော့ တောင်ဖက်မှာပါ။ ညနေမှပဲ အိတ်က ဟိုတယ်ကို ရောက်လာပါတယ်။ ဒီညနေမှ ရောက်မလာ ရင်လည်း နောက်နေ့ စက်ရုံကနေလစ်ပြီး အင်္ကျီ သွားဝယ်ဖို့ စီစဉ် ထားပြီးသားပါ။ နောက်ဆို ကိုယ်မသိတဲ့ နေရာသွားရင် Hand Carry ထဲ ရှိသမျှ အဝတ်အစား အကုန် ထည့်ယူရမယ့် ပုံပဲလို့ တွေးမိပါတယ်။ (အဲလောက်တော့လည်း မလုပ်ဖြစ်ပါဘူး။ :D ) မသွားခင် သွားရမယ့် ခရီးဆုံးက လိပ်စာ ကြိုမေးတတ်တဲ့ အကျင့်တစ်ခုတော့ ရသွားပါတယ်။
ပိုက်ဆံလဲတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း သင်ခန်းစာ ယူစရာ ကြုံဖူးပါတယ်။ စင်ကာပူမှာ နိုင်ငံခြားပိုက်ဆံလဲရင် တခြားနိုင်ငံတွေထက် သက်သာပါတယ်။ ပိုလန်လို ချက်ရီပတ်ဘလစ်လို သိပ်မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာလည်း အတူတူပါပဲ။ ဒါပေမယ့် ဟော်လန်လို နိုင်ငံမျိုးမှာတော့ ပိုက်ဆံလဲနှုန်းချင်း သိပ်မကွာပေမယ့် ပိုက်ဆံလဲခ ကော်မရှင် ပေးရပါတယ်။ အဲဒီတော့ သိပ်မစားသာ လှပါဘူး။ ပထမဆုံး အခေါက် ချက်ရီပတ်ဘလစ်က ပြန်လာတော့ အိတ်ထဲမှာ ချက်နိုင်ငံ သုံးတဲ့ ပိုက်ဆံတွေ ပြန်ပါလာပါတယ်။ အဲဒါကို ချက်လေဆိပ်မှာ မလဲခဲ့ဘဲ ဟော်လန် ရောက်မှ လဲဖြစ်ပါတယ်။ သူတို့ရေးထားတဲ့ နှုန်းထားကြည့်တော့ ချက်မှာ လဲတာနဲ့ သိပ်မကွာလှပါဘူး။ ဒါပေမယ့် ပိုက်ဆံရတော့ မှန်းသလောက် မရတာမို့ ဖြတ်ပိုင်း စာရွက်ကလေးကို ပြန်ပြီး စစ်ကြည့်တော့ ကော်မရှင်ဆိုပြီး ဖြတ်ယူ ထားတာ ယူရို ၂၀ လောက်မို့ အတော် မြိန်သွားပါတယ်။
တခါတလေတော့ ပိုက်ဆံ လဲလို့မရလို့ သုံးစရာ မရှိတာလည်း ကြုံဖူးပါတယ်။ ပိုလန် ရောက်သွားတော့ ကျွန်တော်သွားတဲ့ စက်ရုံ ကျွန်တော်နေတဲ့ ဟိုတယ်က မြို့နဲ့ အတော်ဝေးတာမို့ ပိုက်ဆံလဲတဲ့ နေရာမရှိပါဘူး။ အိတ်ထဲမှာ ယူရို ပါလာပေမယ့် ပိုလန်မှာ ဇွာတာ (zloty) ပဲ သုံးလို့ ရတာမို့ ဘာမှ အသုံးမဝင် ပါဘူး။ နောက်ဆုံးတော့ ကြံရာမရတာနဲ့ အေတီအမ် စက်ကို သွား ပိုက်ဆံထုတ်ခ ပေးပြီး ခရက်ဒစ်ကတ်ဒ် ထဲကနေပဲ ပိုက်ဆံ ထုတ်သုံး လိုက်ရပါတယ်။
အေတီအမ် စက်နဲ့ ခရက်ဒစ် အကြောင်း ပြောရင်း ကျွန်တော်တို့ ကြုံခဲ့ဖူးတာ တစ်ခု ပြန်သတိရပါတယ်။ တစ်ခါက ကျွန်တော်တို့ ပြင်သစ်မှာ ကားမောင်းရင်း မိုင်နှုန်းကျော်လို့ ညကြီး သန်းခေါင် ရဲအဖမ်းခံရပါတယ်။ အဲဒီအကြောင်းကို နော်မန်ဒီရဲ့ည ဆိုတဲ့ ပို့စ်မှာ ရေးဖူးပါတယ်။ ရဲကို ဒဏ်ငွေဆောင်ဖို့ အေတီအမ်မှာ ပိုက်ဆံ သွားထုတ်တော့ ထူးထူးခြားခြား ကြုံရပါတယ်။ ကျွန်တော် ကိုယ်တိုင် မဟုတ်ပါဘူး။ ကျွန်တော်နဲ့ အတူသွားတဲ့ အေးဂျင့် ကြုံတာပါ။ သူ့မှာ ခရက်ဒစ်ကတ်ဒ် ၂ ကတ်ဒ် ပါပါတယ်။ ဘဏ်က ညဘက်ဆိုတော့ တံခါးပိတ်ထားပြီး အေတီအမ်ကို သွားဖို့ တံခါးပေါက်ဝမှာ ခရက်ဒစ်ကတ်ဒ် ဆွဲပြီး တံခါးဖွင့်ရပါတယ်။ သူ့ကတ်ဒ် ၂ ကတ်ဒ်ထဲက တစ်ကတ်ဒ်ကို တံခါးက လက်မခံပါဘူး။ အထဲရောက်လို့ အေတီအမ်မှာ ပိုက်ဆံ ထုတ်တော့ တံခါးဖွင့်လို့ရတဲ့ ကတ်ဒ်ကို စက်က လက်မခံပါဘူး။ နောက်တစ်ကတ်ဒ်နဲ့ပဲ ပိုက်ဆံ ထုတ်လို့ရပါတယ်။ အဲဒီအကြောင်း ကျွန်တော်တို့ ပြန်ပြောကြရင်း တစ်ကတ်ဒ်တည်းသာ ရှိရင် ပိုက်ဆံ ထုတ်ရမှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း ပြောဖြစ်ပါသေးတယ်။
ဒီပို့စ်ကို ရေးဖို့ ကြံနေတာ တစ်နှစ်လောက် ရှိပါပြီ။ နေ့ရွှေ့ညရွှေ့နဲ့ အခုမှပဲ ရေးဖြစ်တော့တာပါ။ ဆက်ရန်တွေ ရှိရင်လည်း ရှိပါဦးမယ်။

လေကြောင်း,
အတွေ့အကြုံ,
အမေရိကန်,
အိုင်ယာလန်
Monday, May 25, 2009
ကြုံခဲ့ဖူးသမျှ ဗီဇာအကြောင်း
ကမ္ဘာပေါ်မှာ အမြင်ကတ်စရာ အကောင်းဆုံး အင်မီဂရေးရှင်းကို ရွေးပြပါ ဆိုရင် မလေးရှားကို ရွေးပြမိ ပါလိမ့်မယ်။ အလွန် အင်မတန် ရစ်ပါတယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့ အလုပ်ကိစ္စနဲ့ မလေးရှားကို သွားရင် အလည်အပတ် ဗီဇာနဲ့ပဲ သွားလေ့ရှိပါတယ်။ Business ဗီဇာက လျှောက်ရတာ နည်းနည်း အလုပ်ရှုပ်လို့ပါ။ အဲဒါကို မတော်တဆများ White Card ထဲမှာ Business နဲ့ လာတယ်လို့ ယောင်ယမ်းပြီး ခြစ်လိုက်မိရင် ပြသနာ ရှာလို့ မပြီးတော့ပါဘူး။ အဲဒါတွင် မကသေးဘူး။ နေထိုင်မယ့် လိပ်စာ ကို အပြည့်အစုံ ရေးမထား ရင်လည်း ရစ်တတ်ပါတယ်။ တခါတလေ စက်အတွက် အပိုပစ္စည်းတွေ လက်က ကိုင်သွားမိရင်လည်း ပြသနာရှာတတ် ပါသေးတယ်။ ဂျဟိုးဘာရူး ဘက်ကနေ မလေးရှားကို ကားနဲ့ဝင်ရင် သိပ်ပြသနာ မရှိပေမယ့် ကွာလာလမ်ပူနဲ့ ပီနန် လေဆိပ်က အင်မီဂရေးရှင်း အရာရှိများကတော့ အလွန်ကို ဆိုးရွားပါတယ်။ မလေးရှား အင်မီဂရေးရှင်းက မြန်မာပတ်စ်ပို့စ် တွေ့တာနဲ့ ပြသနာရှာဖို့ပဲ စဉ်းစားနေကြသလားတော့ မသိပါ။
ဥရောပ ကိုသွားရင်တော့ ရှန်ဂန်ဗီဇာနဲ့ပဲ သွားဖြစ်ပါတယ်။ ရှန်ဂန်ဗီဇာ ကိုင်ထားရင် ရှန်ဂန် သဘောတူညီချက်မှာ လက်မှတ် ထိုးထားတဲ့ နိုင်ငံတွေ အားလုံးကို ဗီဇာတစ်ခုတည်းနဲ့ ဝင်လို့ ရပါတယ်။ နယ်သာလန်၊ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယမ်၊ ဒိန်းမတ် အစရှိတဲ့ နိုင်ငံတွေမှာ နယ်စပ်ဂိတ်မရှိပါဘူး။ အဲဒီနိုင်ငံတွေရဲ့ နယ်နိမိတ်အတွင်းမှာ လွတ်လွတ်လပ်လပ် ကူးသန်းသွားလာလို့ ရပါတယ်။ လေဆိပ်တွေမှာ ဆိုရင်လည်း ရှန်ဂန်နိုင်ငံ အချင်းချင်း ကူးရင် လူဝင်မှုကြီးကြပ်ရေးဂိတ်ကို ဖြတ်စရာမလိုပါဘူး။ ရှန်ဂန် ဗီဇာကို ရှန်ဂန် နယ်နိမိတ်ထဲမှာ ပါတဲ့ နိုင်ငံ တစ်ခုခုရဲ့ သံရုံးမှာ လျှောက်လို့ ရပါတယ်။ ရှန်ဂန် နယ်နိမိတ်အကြောင်း အသေးစိတ် သိချင်ရင်တော့ ဒီမှာ ကြည့်နိုင် ပါတယ်။
တခါတလေတော့လည်း ရှန်ဂန် မဟုတ်တဲ့ နိုင်ငံတစ်နိုင်ငံကို သွားတဲ့အချိန် ရှန်ဂန် နယ်နိမိတ်ထဲမှာ Transit ဝင်မိရင် အတော် ဇယားရှုပ်ပါတယ်။ ကျွန်တော် ပိုလန်ကို သွားတဲ့ အချိန်တုန်းက ပိုလန်က ရှန်ဂန် နယ်နိမိတ်ထဲမှာ မပါသေး ပါဘူး။ ကုမ္ပဏီက စီစဉ်ပေးလိုက်တဲ့ လေယာဉ်လက်မှတ်က စင်ကာပူ ကနေ ပိုလန်မြောက်ပိုင်း ဂဒိုင့်စ်မြို့ လေဆိပ် ကို တိုက်ရိုက် မသွားပါဘူး။ ဟော်လန်က အမ်စတာဒမ် နဲ့ ဒိန်းမတ်က ကိုပင်ဟေဂင် လေဆိပ် ၂ခု ကို Transit ခံထားပါတယ်။ အဲဒီတော့ အမ်စတာဒမ် လေဆိပ်ကို ရောက်တာနဲ့ ကိုပင်ဟေဂင် လေဆိပ်ကို လေယာဉ်ပျံ ပြောင်းမစီးခင် ရှန်ဂန် နယ်နိမိတ်ထဲ ဝင်တဲ့ အတွက် အင်မီဂရေးရှင်းကို ဖြတ်ရပါတယ်။ ကိုပင်ဟေဂင် ကနေ ဂဒိုင့်စ်ကို လေယာဉ်ပျံ ပြောင်းစီးတော့လည်း ရှန်ဂန် နယ်နိမိတ်ထဲကနေ ပြန်ထွက်တဲ့အတွက် အင်မီဂရေးရှင်းကို နောက်တစ်ခေါက် ထပ်ပြီး ဖြတ်ရပါတယ်။ ပိုလန်ရောက်မှ ဂဒိုင့်စ်မှာ အင်မီဂရေးရှင်း နောက်တစ်ခေါက် ပြန်ဝင်ရပါတယ်။ ပြန်လာတော့လည်း အဲဒီ အတိုင်းပါပဲ။
တခြားဗီဇာတွေနဲ့ မတူတဲ့ ရှန်ဂန်ဗီဇာရဲ့ ထူးခြားချက်က လျှောက်ရင် လျှောက်သလောက်ပဲ ပေးလေ့ရှိတာပါ။ ဥပမာ အမေရိကန်တို့ သြစတေးလျ တို့ကို ဝင်ရင် တခါတည်း ၃လ နေထိုင်ခွင့် ဗီဇာ တိုက်ရိုက်ထုပေးလေ့ ရှိပါတယ်။ ဒါပေမယ့် ရှန်ဂန် ဗီဇာကတော့ စလျှောက်ကတည်းက ၁၂ ရက်ကြာမယ်လို့ ဖောင်မှာ ဖြည့်ရင် ဗီဇာကို ၁၂ ရက်ပဲ ပေးပါတယ်။ အဲဒီလိုမျိုး ဆိုတော့ အလုပ်ရှုပ်လို့ ကျွန်တော်က တစ်ခါလျှောက်ရင် ၄၅ ရက် လျှောက်ပါတယ်။ ပြသနာက အဲဒီမှာ စတော့တာပါပဲ။ တတိယအကြိမ်မြောက် ရှန်ဂန် ဗီဇာတင်တဲ့ အချိန်မှာ ကျွန်တော့်ကို ၆ လအတွင်းမှာ ဗီဇာ ရက် ၉၀ ယူထားလို့ ထပ်ပေးလို့ မရတော့ဘူးလို့ ပြောပါတယ်။ အမှန်တကယ်တော့ ကျွန်တော် ရှန်ဂန်နယ်နိမိတ်ထဲမှာ နေတာ ရက် ၉၀ မရှိပါဘူး။ ကျွန်တော့် ကုမ္ပဏီရုံးက ဟော်လန် အခြေစိုက်တော့ ရှန်ဂန် နယ်နိမိတ်ကို ဝင်လိုက် ထွက်လိုက် လုပ်နေရတာ များတာနဲ့ ဗီဇာ မကုန်အောင် ကြာကြာ လျှောက်ထား တာပါ။ အဲဒီအကြောင်းကို ဟော်လန်သံရုံးကို ရှင်းပြတော့ ကျွန်တော့်ကို သွားခဲ့တဲ့ ခရီးစဉ်တွေကို စာနဲ့ ရေးပြီး အီးမေးလ်ပို့ပေးပါ လို့ ပြန်ပြောပါတယ်။ ဘာလုပ်ဖို့လဲ မေးတော့ မင်းကို ခဏခဏ ဗီဇာထုတ်ပေးနေရတာ အလုပ်ရှုပ်တယ်။ တစ်ခါတည်း အကြာကြီး ထုတ်ပေးထားမယ် လို့ ပြန်ပြော ပါတယ်။ နောက်တော့ ၆လ ရှန်ဂန်နယ်နိမိတ်ကို အကြိမ်ကြိမ် ဝင်ထွက်ခွင့် ဗီဇာ ထုတ်ပေးပါတယ်။ အနောက်နိုင်ငံများနဲ့ အလုပ်လုပ်ရတာ အဲဒါ တစ်ခုတော့ ကောင်းပါတယ်။ အကျိုးသင့် အကြောင်းသင့် ပြောပြရင် လက်ခံပြီး အဆင်ပြေအောင် လုပ်ပေးတတ် ပါတယ်။ အာရှက ရစ်တတ်တဲ့ အင်မီဂရေးရှင်းတွေ သံရုံးတွေနဲ့တော့ တခြားစီပါ။
အမေရိကန် ဗီဇာကတော့ ခန့်မှန်းရ ခက်ပါတယ်။ တစ်ခါတစ်လေ စာရွက်စာတမ်း အားလုံး ပြည့်စုံရဲ့သား နဲ့လည်း မရတတ်ပါဘူး။ ကျွန်တော်လည်း ပထမဆုံး အကြိမ် ဗီဇာ လျှောက်တုန်းက Reject ထုခံရ ပါတယ်။ အဲဒီတုန်းက ဒုတိယမြောက် ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အချိန်ပါ။ ကျွန်တော်တို့ဆီက စက်ကိရိယာ အစိတ်အပိုင်းတွေ ဝယ်တဲ့ ပင်ဆယ်ဗေးနီးယား ပြည်နယ်က ကုမ္ပဏီတစ်ခုကို Technical Support အနေနဲ့ ကျွန်တော့် ကုမ္ပဏီက လွှတ်ပါတယ်။ ဗီဇာကိုတော့ ခရီးသွား အေးဂျင့်က တင်ပေးပါတယ်။ အမေရိကန် သံရုံးက အင်တာဗျူး ခေါ်တဲ့နေ့ သွားတော့ “မင်း စင်ကာပူမှာ နေတာ ဘယ်လောက်ရှိပြီလဲ။” “ အခု လခ ဘယ်လောက် ရသလဲ။” “မင်းအခု စင်ကာပူမှာ ဘယ်သူနဲ့ နေသလဲ။” “ဘာသွားလုပ်မှာလဲ။” “ဘယ်သူနဲ့ သွားမှာလဲ။” စတဲ့ မေးခွန်း ၄-၅ ခွန်း မေးပါတယ်။ ပြီးတော့ “ဝမ်းနည်းပါတယ်။ မင်းကို ဗီဇာထုတ်မပေးနိုင်ဘူး။” လို့ပြောပြီး ပတ်စ်ပို့ ရဲ့ နောက်ကျောမှာ ဒုံးဆို တံဆိပ်တစ်ခု ထုလိုက်ပြီး စာရွက်တစ်ရွက်နဲ့ အတူ ကျွန်တော့် ပတ်စ်ပို့ကို ပြန်ပေးလိုက် ပါတယ်။ အဲဒီစာရွက်မှာ ကတော့ 214(B) လို့ခေါ်တဲ့ အခုလက်ရှိ နေထိုင်တဲ့ နေရာမှာ အမေရိကန်က ပြန်လာလောက်အောင် တွယ်တာစရာ ဘာမှ မရှိတဲ့ အတွက် ဗီဇာ မပေးနိုင်ဘူး လို့ ရေးထားပါတယ်။ ကျွန်တော်နဲ့ အတူ သွားလျှောက်တဲ့ တရုတ်အင်ဂျင်နီယာက ၆ လ အကြိမ်ကြိမ် ဝင်ထွက်ခွင့် ဗီဇာ ရပြီး ဖိလစ်ပိုင် အင်ဂျင်နီယာကတော့ ၁၀ နှစ် အကြိမ်ကြိမ် ဝင်ထွက်ခွင့် ဗီဇာ ရပါတယ်။ ကျွန်တော် ဗီဇာလျှောက်ပြီး သိပ်မကြာခင်မှာပဲ ကျွန်တော်နဲ့ တစ်ကျောင်းတည်း အတူတူဆင်းတဲ့ မြန်မာသူငယ်ချင်း တစ်ယောက် ဗီဇာသွားလျှောက်ပါတယ်။ မျက်စိ မမြင်တဲ့ သံရုံးအရာရှိနဲ့ အင်တာဗျူး ဖြေရပြီး ဗီဇာရသွား ပါတယ်။ အမေရိကန် ဗီဇာ ဆိုတာလည်း တခါတလေတော့ ကံနဲ့ ဆိုင်တယ် လို့ သိသွားပါတယ်။
နောက်ထပ် ကုမ္ပဏီ တစ်ခု ပြောင်းတော့ ကျွန်တော့်ကို အမေရိကားကို ထပ်လွှတ် ပြန်ပါတယ်။ ဒီတစ်ခါတော့ စက်ပြင်ဖို့ လွှတ်တာပါ။ ကျွန်တော်က အရင်ဗီဇာ လျှောက်ဖူးတယ်။ မရဘူး လို့ ပြောပေမယ့် မန်နေဂျာက မရမချင်း လျှောက်ကွာလို့ ပြောတာနဲ့ နောက်တစ်ခေါက် ထပ်ပြီး တင်လိုက်ပါတယ်။ ကျွန်တော်လည်း လူလည်ကျပြီး ပိုင်ဆိုင်မှု အထောက်အထား အနေနဲ့ CPF Statement ကို ယူသွားပါတယ်။ CPF ဆိုတာ စင်ကာပူမှာ အမြဲတမ်းနေထိုင်သူတွေ နိုင်ငံသားတွေ လစဉ် လခရဲ့ ရာခိုင်နှုန်း ၂၀ ကို ထည့်ဝင်ရတဲ့ စာရင်းပါ။ အိမ်ဝယ်လို့ ရပါတယ်။ ဆေးကု လို့ရပါတယ်။ အငြိမ်းစားယူတဲ့ အခါ ပြန်ထုတ်လို့ ရပါတယ်။ ဒီတစ်ခါလည်း အရင်လို မေးခွန်းတွေ ထပ်ပြီး မေးပါတယ်။ ဒါပေမယ့် အဲဒီတစ်ခါတော့ ဗီဇာ ပေးလိုက်ပါတယ်။ Business B1 ဗီဇာပါ။
နောက်ထပ် ၆ လလောက် ကြာတော့ အမေရိကန် ဗီဇာကို နောက်တစ်ခေါက် ထပ်ဝင်ဖြစ်ပါတယ်။ အဲဒီအခါမှာ မေးခွန်းတွေ လျှောက်မေးပြီး နောက်ဆုံးကြတော့ စာအုပ်ထဲမှာ ပထမတစ်ခေါက်သွားထားတဲ့ ဗီဇာကို တွေ့တာနဲ့ ဘာမှ ဆက်မမေးတော့ဘဲ ဗီဇာထုတ်ပေးလိုက်ပါတယ်။ ပြန်လာပြီး နောက်ထပ် ၆ လလောက် ကြာတော့ တတိယတစ်ကြိမ် ထပ်လျှောက်ဖြစ်ပါတယ်။ ဒီတစ်ခါတော့ စာအုပ်ထဲမှာ အရင် အမေရိကန် ဗီဇာ ၂ ခုရှိပြီးသားမို့ မင်း Multiple-Entry ဗီဇာ ယူမလား မေးပြီး Multiple-Entry ၁နှစ် နှိပ်ပေးလိုက် ပါတယ်။ Business B1 ဗီဇာပါပဲ။ အဲဒီ ဗီဇာမှာ အလုပ်ကိစ္စနဲ့ သွားရင် အချိန်မရွေးသွားလို့ ရပေမယ့် အလည် မသွားရဘူး လို့တော့ ကန့်သတ်ထားပါတယ်။
မြန်မာနိုင်ငံကူး လက်မှတ်နဲ့ ဗီဇာမလွယ်ဘူး ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် မရဘူး ဆိုတာတော့ မဟုတ်ပါဘူး။ ကိုယ့်ဘက်က မှန်နေရင် ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ရဖို့ အခွင့်အလမ်း များတယ် ဆိုတာကိုတော့ အတွေ့အကြုံ အရ သိခဲ့ရပါတယ်။

မလေးရှား,
အတွေ့အကြုံ,
အမေရိကန်,
ဥရောပ
Saturday, April 11, 2009
အန်ကယ်လ်ဆမ်တို့ဆီမှာ လေယာဉ်ပျံစီးခြင်း
ကမ္ဘာပေါ်မှာ နာရီအကြာဆုံး တိုက်ရိုက် ပျံသန်းတဲ့ လေကြောင်းခရီးစဉ်က စင်ကာပူ ကနေ နယူးယောက်ကို ပျံသန်းတဲ့ စင်ကာပူ လေကြောင်းလိုင်းရဲ့ ခရီးစဉ် ဖြစ်ပါတယ်။ စုစုပေါင်း ၁၈ နာရီ ကြာပါတယ်။ ဒုတိယမြောက် နာရီအကြာဆုံး တိုက်ရိုက် ခရီးစဉ် ကတော့ စင်ကာပူ-လော့စ်အိန်ဂျယ်လိစ် ခရီးစဉ်ပါ။ ကျွန်တော် ပထမဆုံး ခရီးရှည် လေယာဉ်စီးဖူးတာ ကလည်း အဲဒီ ဖလိုက် ဖြစ်ပါတယ်။ ၁၅ နာရီ ဝန်းကျင်လောက် ကြာပါတယ်။ ဘာဖြစ်လို့ ခရီး အရှည်ဆုံး ဖလိုက်တွေမှာ စင်ကာပူ လေကြောင်းလိုင်း တစ်ခုတည်းက နံပါတ် ၁ နဲ့ ၂ ဖြစ်နေရတာလည်း ဆိုတာကို တွေးကြည့်ဖူး ပါတယ်။ ဖြစ်နိုင်ခြေ ရှိတာကတော့ အခြား လေကြောင်းလိုင်း တွေရဲ့ အလုပ်သမား သမ္မဂ္ဂတွေက အဲဒီလောက် အချိန်ကြာတဲ့ ခရီးစဉ်ကို ခွင့်ပြုမှာ မဟုတ်လို့ပါ။ စင်ကာပူမှာတော့ အလုပ်သမား သမ္မဂ္ဂ (NTUC) ဆိုတာ စူပါမတ်ကတ်လို့ပဲ လူအများက သိထားကြတော့ ဘယ်သူမှလည်း အာညောင်းခံ ကန့်ကွက်ကြတယ် မထင်ပါဘူး။
အမေရိကား ကတော့ ဖလိုက် အချိန်မမှန်တဲ့ နေရာမှာလည်း နံပါတ် ၁ စွဲမယ့် နိုင်ငံ ဖြစ်မလား မသိပါ။ ဥရောပမှာ လေယာဉ်ပျံ အချိန်မမှန်ဘူး ဆိုတာ ကြုံရခဲပါတယ်။ အမေရိကား မှာတော့ အထူးအဆန်း မဟုတ်သလို ပါပဲ။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလိုပဲ ပထမဆုံး အခေါက် ရောက်ရောက်ချင်း ပြောင်းစီးရမယ့် ဒင်န်ဗာကို သွားရမယ့် ဖလိုက်က ၁ နာရီ နောက်ကျပါတယ်။ နောက်အခေါက် တွေမှာလည်း လေယာဉ်ပျံ နောက်ကျတာ အချိန်မမှန်တာတွေ အမြဲလိုလို ကြုံရတတ် ပါတယ်။
တစ်ခေါက်ဆိုရင် အတော် ဆိုးရွားပါတယ်။ အဲဒီအခေါက်က တိုကျို နာရီတာ ကနေ စီးလာတဲ့ လေယာဉ် ရှီကာဂို လေဆိပ်ကို ရောက်တော့ လေယာဉ်ပျံ ပြောင်းစီးဖို့ အချိန်က အတော်စော နေပါတယ်။ ညနေ ၅ နာရီခွဲ မီချီဂန်ကို ဆက်စီးရမယ့် လေယာဉ်ပျံက ၈ နာရီ ကျော်မှ ထွက်မယ်ဆိုပြီး ကြေငြာထားပါတယ်။ ခရီးကလည်း ပန်းလာတာနဲ့ယူနိုက်တက် လေကြောင်းလိုင်းရဲ့ နားနေခန်းထဲမှာ အေးအေးဆေးဆေး နားပြီး စောင့်နေ ပါတယ်။ ၇ နာရီ ကျော်လောက်မှ ဆေးလိပ် ထွက်သောက်မယ် ဆိုပြီး အပြင်ကို ထွက်လာခဲ့ပါတယ်။ အပြင်ရောက်တော့ ကျွန်တော် စီးရမယ့် လေယာဉ်ပျံက ထွက်သွားပါပြီ။ အဲဒီတော့မှ ယူနိုက်တက်ရဲ့ ကောင်တာကို သွားပြီး ပြသနာ သွားရှာ ပါတယ်။ ကောင်တာက ဒီနေ့တော့ လေယာဉ်ပျံ မရှိတော့ဘူး နောက်နေ့မနက် အစောဆုံး လေယာဉ်ပျံနဲ့ စီစဉ်ပေးမယ်။ အခုညတော့ ဟိုတယ်မှာ တည်းဖို့ Discount ဘောင်ချာတစ်ခု ယူသွားဆိုပြီး ပေးလိုက်ပါတယ်။ ခရီးစဉ်ကိုလည်း အခမဲ့ ပြောင်းပေး လိုက်ပါတယ်။ အဲဒီညက အူကြောင်ကြောင်နဲ့ပဲ ရှီကာဂို လေဆိပ်နားက ဟိုတယ်မှာ တစ်ယောက်တည်း သွားအိပ် နေရပါတယ်။ အခုတော့ မသိတော့ပါ။ အဲဒီတုန်းက အမေရိကားမှာ လေယာဉ်ခရီးစဉ် အချိန်ရွှေ့ရင် ဒေါ်လာ ၁၀၀ ပေးရ ပါတယ်။ ကျွန်တော်တို့ အတွက်တော့ မပေးချင်ရင် အကြံအဖန် လုပ်လို့ရတဲ့ နည်းတစ်နည်း ရှိပါတယ်။ စင်ကာပူ ကိုဖုန်းဆက်ပြီး စင်ကာပူက ခရီးသွား အေးဂျင့်ကနေ တဆင့် လှမ်းပြောင်းခိုင်း တာပါ။ စင်ကာပူ အေးဂျင့်က လှမ်းပြောင်းပေးရင် ဒေါ်လာ ၁၀၀ ပေးစရာ မလိုပါဘူး။
အမေရိကန်မှာ လေယာဉ်ပျံစီးရင် ကိုယ့်ဘေးနားက အတူတူ စီးလာတဲ့ သူတွေနဲ့တော့ အမြဲလိုလို စကားလက်ဆုံ ကျလေ့ ရှိပါတယ်။ ကိုယ်က စမပြောရင်တောင် သူတို့က လာပြောတတ်ပါတယ်။ ဂျပန်မှာ ဖျော်ဖြေရေး လုပ်ပြီး ပြန်လာတဲ့ ရှီကာဂိုက လူမည်း ဂီတသမား၊ အလက်စကာမှာ တောရိုင်း တိရိစ္ဆာန်တွေကို ကာကွယ်ဆေး သွားထိုးပြီး ပြန်လာတဲ့ လူမှု ဝန်ထမ်း အမျိုးသမီး၊ အရှေ့တောင် အာရှနိုင်ငံတစ်ခုက အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ မျက်နှာဖြူ အမျိုးသမီး ၊ ဆီလီကွန် တောင်ကြားက ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုမှာ စီမံခန့်ခွဲရေး ဝန်ထမ်း ဖြစ်နေတဲ့ အိန္ဒိယလူမျိုး စတဲ့ လူအမျိုးမျိုးနဲ့ ကြုံခဲ့ဖူး ပါတယ်။ သူတို့နဲ့ မဟုတ်ရင်တောင် လေယာဉ်မယ် အဖွားကြီးတွေနဲ့ အမြဲလိုလို စကားပြော ဖြစ်ပါတယ်။ စင်ကာပူ လေကြောင်းလိုင်းက ဝန်ထမ်းတွေက မျက်နှာက အမြဲပြုံးနေ တတ်ပေမယ့် တရင်းတနှီး စကားပြောလေ့ မရှိပါဘူး။ ယူနိုက်တက် လေကြောင်းလိုင်းက ဘွားတော်ကြီး များကတော့ မျက်နှာက ပြုံးမနေ ပေမယ့် သူတို့ကိုယ်တိုင် ဖော်ဖော်ရွေရွေ စကားတွေ ဖောင်နေအောင် ပြောတတ်ကြ ပါတယ်။ တစ်ခါတစ်လေ လေယာဉ်မယ် တစ်ယောက်တည်း ပါတဲ့ လေယာဉ်ပျံမျိုး စီးရရင် လုံခြုံရေး သရုပ်ပြရင်း နောက်ပြောင် ပြောတာမျိုးလည်း ကြားဖူးပါတယ်။
အမေရိကားမှာ လေယာဉ်ပျံစီးရင် အတော် စိတ်ကသိကအောက် ဖြစ်တဲ့ ကိစ္စကတော့ Random လုံခြုံရေး စစ်ဆေးတဲ့ ကိစ္စပါ။ ကျွန်တော်တို့ အင်ဂျင်နီယာ ဝေါဟာရ မှာတော့ Random ဆိုတာ အားလုံးအတူတူ ဖြစ်နိုင်ခြေ ရှိတယ် (Equally Likely) လို့ အဓိပ္ပါယ် ရပါတယ်။ ဒါပေမယ့် သူတို့ Random က အဲဒီလို ဟုတ်ဟန် မတူပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော် အမြဲတမ်းလိုလို Random အရွေးခံရတတ် လို့ပါ။ မဲနှိုက်ရင် တစ်ခါမှ မပေါက်တတ်တဲ့ကောင်က Random Security Check မှာ အမြဲတမ်း အရွေးခံ နေရတာတော့ သွေးရိုးသားရိုး မဖြစ်နိုင်ပါ။ လူဖြူမဟုတ်သူများ အင်္ဂလိပ်နာမည် မဟုတ်သူ များကို Random လို့ ခေါ်တယ် ထင်ပါတယ်။
လေဆိပ်များ ရောက်ရင် စင်ကာပူပြန် လက်ဆောင်ပေးဖို့ အမှတ်တရ ပစ္စည်း အမြဲလိုလို ဝယ်လေ့ ရှိပါတယ်။ အမှတ်တရ ပစ္စည်းကလည်း Made in China ပါပဲ။ ကျွန်တော့် မိတ်ဆွေ တစ်ယောက်ကတော့ Made in USA လက်ဆောင်ပေးချင်ရင် အမေရိကန် ဒေါ်လာသာ လက်ဆောင်ပေးလိုက်ကွာ အဲဒီထက် စစ်တာတော့ မရှိဘူးလို့ ပြောပါတယ်။

Tuesday, December 16, 2008
ပုံစံဖြည့် မှားတဲ့ အကြောင်းများ
ကျွန်တော် ရန်ကုန်ကနေ စင်ကာပူကို ကျောင်းတက်ဖို့ ပထမဦးဆုံး အကြိမ်လာတော့ လေယာဉ်ပျံပေါ်မှာ အခြားသူတွေ နည်းတူ White Card ဖြည့်ရပါတယ်။ ဒါပေမယ့် ကျွန်တော် ကွက်လပ်တစ်ခု ကို ဘယ်လို ဖြည့်ရမလဲ ဆိုတာကို စဉ်းစားလို့ မရပါဘူး။ စင်ကာပူမှာ ဘယ်နှစ်ရက်နေမှာလဲ မေးထားတဲ့ ကွက်လပ်ပါ။ ကျွန်တော် စဉ်းစားတာက ငါ စင်ကာပူမှာ ၃ နှစ်ကျောင်းတက်ရမှာ ။ ၃ နှစ်ကို ရက်နဲ့တွက်ရင် ရက်ပေါင်း ၁၀၀၀ ကျော်ရှိတယ်။ ပေးထားတဲ့ အကွက်က ၂ ကွက်တည်း။ ၁၀၀၀ ကို ၂ ကွက်နဲ့ ဖြည့်လို့ မရလို့ မဖြည့်ဘဲ ထားလိုက်ပါတယ်။ လူဝင်မှုကြီးကြပ်ရေး ဂိတ်ကို ရောက်တော့ အဲဒီက အရာရှိ အမျိုးသမီးက ဘယ်နှစ်ရက် နေမှာလဲ မေးတော့ SIR Letter (အဲဒီတုန်းက ICA ကို Singapore Immigration and Registration လို့ ခေါ်ပါတယ်။) ကို ပြပြီး ၃ နှစ် လို့ ပြန်ပြောလိုက်ပါတယ်။ အဲဒီတော့မှ အရာရှိ အမျိုးသမီးက SIR ကို သွား ၊ ပြီးမှ Student pass သွားပြောင်းချည် လို့ ပြောပြီး ၁၄ ရက် နေထိုင်ခွင့် ရေးပေးလိုက်ပါတယ်။
ICA နဲ့ ပတ်သက်ရင် တစ်ချို့လူတွေက ဖောင်အဖြည့်မှားမှာကို ကြောက်ကြပါတယ်။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကတော့ ကျောင်းပြီးခါစက ပီအာရ် လျှောက်တဲ့ ပုံစံမှာ တလွဲတွေ ဖြည့်ပေးလိုက်ပါတယ်။ သူ ပြန်ပြောပြတာက မိဘတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာမှာ Present Whereabout ဆိုပြီး အခုဘယ်မှာ ရှိနေသလဲ ဆိုတာ ဖြည့်ရတဲ့ အကွက်တစ်ခု ရှိပါတယ်။ ဘယ်နိုင်ငံမှာ ရှိသလဲ ဆိုတာကို မေးတာပါ။ အဲဒါကို သူက Alive လို့ ဖြည့်ပေးလိုက်တယ် လို့ ဆိုပါတယ်။ ဘာအဓိပ္ပါယ်လည်း မေးတော့ မသေသေးဘူး လို့ ဆိုလိုချင်တာ လို့ ပြောပါတယ်။ ဒါ့အပြင် Occupation ဆိုတဲ့ နေရာမှာလည်း Diploma လို့ ဖြည့်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ICA က အရာရှိတွေက သဘောပေါက်တယ် ထင်ပါတယ်။ ဘာမှ သိပ်မရစ်ဘဲ ပီအာရ် ချပေးလိုက်ပါတယ်။
ကျွန်တော်တို့ ကျောင်းက ကျောင်းသား ၂ ယောက် ပြန်ပြောပြဖူးတာကိုလည်း သတိရမိပါသေးတယ်။ စင်ကာပူကို လှမ်းပြီး ကျောင်းလျှောက်တုန်းက ဖြစ်တဲ့ အဖြစ်ပါ။ ကျောင်းက လျှောက်လွှာရဲ့ နောက်ဆုံး အပိုင်းမှာ ပြစ်မှု ကျူးလွန်ဖူးလား၊ တရားစွဲ ခံရဖူးလား၊ မသန်မစွမ်း တာတွေ ရှိသလား၊ ရောဂါတွေ ရှိသလား ဆိုပြီး Yes/No နဲ့ မေးထားတဲ့ မေးခွန်းတွေ ရှိပါတယ်။ အဲဒါကို အဲဒီ ၂ ယောက်စလုံးက Yes တွေချည်း ဖြည့်ထားတဲ့ အတွက် ကျောင်းက တစ်ခုခုတော့ မှားနေပြီဆိုပြီး သူတို့ကို အဲဒီဖောင် ကို ပြန်ပို့ပေးပြီး ပြန်ဖြေခိုင်းပါတယ်။ အဲဒီတော့မှ သူတို့လည်း No ပြန်ဖြေပြီး ကျောင်းကို ပြန်ပို့မှ ကျောင်းက လက်ခံလိုက်တယ် လို့ ဆိုပါတယ်။
ကျွန်တော့် သူငယ်ချင်း တစ်ယောက် ပြောပြဖူးတဲ့ ဟာသတစ်ခုကို ပြန်ပြီး သတိရမိ ပါသေးတယ်။ ရန်ကုန်က ကုမ္ပဏီတစ်ခုမှာ အလုပ်ခေါ်တဲ့ အချိန် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ အဲဒီ ကုမ္ပဏီက အလုပ် လျှောက်လွှာမှာ မြန်မာလို မဖြည့်ရဘဲ အင်္ဂလိပ်လို ဖြည့်ရပါတယ်။ လျှောက်လွှာမှာ Sex ဆိုတဲ့ နေရာကို Male/Female ပေးမထားပဲ ကွက်လပ် အဖြစ် ချန်ထားပါတယ်။ အဲဒါကို အမျိုးသမီးတစ်ယောက်က Very Strong ဆိုပြီး ဖြည့်ထားလို့ အားလုံး ပွဲကျကုန်ပါတော့တယ်။
တခါတလေ ကျတော့လည်း ဖောင်ဖြည့်တဲ့ သူက မမှားဘဲ ဖောင်မှာကိုက တလွဲတွေ လုပ်ထားတာလည်း ရှိတတ်ပါတယ်။ ACE မှာ ကွန်ပြူတာ သင်တန်းတက်တော့ ဆရာ ဦးသိန်းဦး ပြောဖူးတဲ့ အကြောင်းပါ။ သူတို့ ရန်ကုန်တက္ကသိုလ်မှာ ကိစ္စတစ်ခုအတွက် ပုံစံဖြည့်တော့ အဲဒီပုံစံမှာ ဇနီး/ခင်ပွန်းများ ဆိုပြီး ဇယားကွက်ကြီးနဲ့ ပေးထားတယ် လို့ ဆိုပါတယ်။ အဲဒါတင်မကသေးဘူး။ သားသမီးများ ဆိုတဲ့ ဇယားကွက်မှာလည်း ဘေးမှာ မည်သူနှင့်ရသည် ဆိုပြီး ဖြည့်ဖို့ ကွက်လပ်တစ်ခု ပါသေးတယ်လို့ ဆိုပါတယ်။ ဆရာကတော့ ပုံစံထုတ်တဲ့သူက လူတိုင်းကို သူ့လိုများ မှတ်နေလား မသိဘူး ဆိုပြီး ရယ်စရာ အဖြစ်နဲ့ ပြန်ပြောပြတာပါ။
ကျွန်တော် ကိုယ်တိုင် ကြုံဖူးတဲ့ ဖောင်တွေထဲမှာတော့ အမေရိကန် ဗီဇာက အပိုဖြည့်ရတဲ့ ဖောင်တစ်ခုက အတော်ကို ရယ်စရာ ကောင်းတယ်လို့ ထင်ပါတယ်။ အဲဒီဖောင်မှာ စစ်ရေးကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ဖြည့်ရပါတယ်။ စစ်မှုထမ်းဖူးသလား စစ်သင်တန်း တက်ဖူးသလား ဆိုတဲ့ မေးခွန်းကိုတော့ လက်ခံနိုင်စရာ ရှိပါသေးတယ်။ ဒါပေမယ့် အကြမ်းဖက်သမား အဖွဲ့အစည်းမှာ ပါဖူးသလား၊ ဓာတုလက်နက် ၊ ဇီဝလက်နက် ၊ နျူးကလီးယား လက်နက်နဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်ဖူးသလား မေးထားတာကတော့ အတော်ကို ရယ်စရာ ကောင်းတယ် ထင်ပါတယ်။ ဘယ် အကြမ်းဖက်သမားကများ အမှန်အတိုင်း ဖြည့်လိမ့်မယ်လို့ မျှော်လင့်ထားသလဲတော့ မသိပါဘူး။ ဒါပေမယ့် အမေရိကန်ဗီဇာ ဖောင်ကတော့ အခုထက်ထိ ဖြည့်ဖူးသမျှ ဖောင်တွေထဲမှာ အလွယ်ဆုံး ဖြည့်လို့ရတဲ့ ဖောင်တစ်ခု ဖြစ်တယ် ဆိုတာကိုတော့ သတိထားမိပါတယ်။

Monday, November 24, 2008
ထိုနေ့က နဂါးခေါင်း စင်ကာပူသို့ လှည့်သည်
ကျွန်တော်တို့ မြန်မာအယူတွင် နဂါးလှည့်ရာ အရပ်ကို ခရီးမသွားကောင်းဟု ကြားဖူးသည်။ ကျွန်တော် ထိုခရီးကိုသွားစဉ်က နဂါးများ အိပ်ချင်မူးတူးနှင့် စင်ကာပူဘက်ကို လှည့်နေသလားမသိပါ။ ပြသနာပေါင်း မြောက်မြားစွာကို ကြုံတွေ့ခဲ့ရသည်။
ထိုမနက်က မီချီဂန်ပြည်နယ်ရှိ ကာလာမာဇူးလေဆိပ်ကို ရောက်တော့ ကျွန်တော် စိတ်အတော်ပင် ကြည်လင်နေသည်။ အလုပ်အားလုံး ပြီးစီးသည့်အပြင် ၂ရက် ၃ရက် ခန့်ပင် အပိုနေခဲ့သည့်အတွက် ကျွန်တော့်တွင် နောက်ဆံငင်စရာ ဘာမှမရှိတော့ပါ။ စိတ်ချလက်ချပင် အိမ်ပြန်နိုင်ပြီဖြစ်သည်။
လေဆိပ်သို့ ရောက်သည်နှင့် ကျွန်တော့်အကျင့်အတိုင်း ဆေးလိပ်သောက်ရန် အပြင်ထွက်ခဲ့သည်။ ကျွန်တော်၏ ခရီးဆောင်ကွန်ပြူတာ အိတ်ထဲတွင်သာမက အိတ်ကပ်များထဲတွင်ပါ မီးခြစ်တစ်လုံးမျှ ရှာမတွေ့။ အနီးအနားရှိ အမျိုးသမီးကြီး တစ်ဦးထံမှ မီးခြစ်ငှား၍ ဆေးလိပ်မီးညှိရသည်။ ဆေးလိပ်တစ်လိပ် ကုန်အောင် သောက်ပြီးသောအခါမှ ကျွန်တော် လုံခြုံရေးဂိတ်ကို ဖြတ်သန်းခဲ့သည်။ သတ္တုရှာဖွေ ကိရိယာအောက်သို့ ကျွန်တော် ဖြတ်သန်းသော အခါတွင် မည်သည့်အသံမျှ မမည်ပါ။ သို့သော် လုံခြုံရေးများက အိတ်ဇ်ရေး ကိရိယာအောက်မှ ထွက်လာသော ကျွန်တော့်၏ ခရီးဆောင်ကွန်ပြူတာအိတ်ကို ဖွင့်၍ စေ့စေ့စပ်စပ် ရှာဖွေကြသည်။
အိတ်အတွင်းမှ ထွက်လာသည်မှာ ၈ လက်မခန့်ရှည်သည့် ဝက်အူလှည့်တစ်ချောင်းနှင့် ဂတ်စ်မီးခြစ် ၂လုံး။ ကျွန်တော် မျက်လုံးပြူးသွားသည်။ ဤအိတ်ကို အိတ်ဇ်ရေး ဖြတ်သည်မှာ အကြိမ်ပေါင်းများစွာပင်ရှိပြီ။ အလာခရီးတုန်းက စင်ကာပူ ချန်ဂီလေဆိပ်တွင် တစ်ခေါက်၊ တိုကျို နာရီတာလေဆိပ်တွင် တစ်ခေါက်၊ ရှီကာဂို အိုဟဲလေဆိပ်တွင် တစ်ခေါက် ၃ ခေါက်တိတိဖြတ်ခဲ့သည်။ မည်သူမျှ ထိုဝက်အူလှည့်ကို မတွေ့ခဲ့။ အခုမှ ထွက်လာခြင်းဖြစ်သည်။ ဂတ်စ်မီးခြစ် တစ်လုံးကတော့ မနက်ကမှ ကျွန်တော်အိတ်ထဲသို့ ထည့်လိုက်ပြီး ပြန်ရှာမတွေ့ခြင်းဖြစ်သည်။ ကျွန်တော်တော့ ပြသနာ အကြီးအကျယ် တက်ပြီ ဆိုပြီး ခေါင်းနားပန်း ကြီးသွားသည်။ ငါတော့ ဂွာတာနာမို ရောက်ပြီလား မသိဘူးဟုလည်း စိတ်ထဲမှ တွေးမိသည်။ သို့သော်လည်း တော်ပါသေးသည်။ သူတို့က ကားပါလာလျှင် ဝက်အူလှည့်ကို ကားထဲသွားထားပေးမည် ပြောသည်။ ကျွန်တော်က ကားပါမလာကြောင်း ပြောတော့ ဒါဆိုရင် သူတို့ လွှင့်ပစ်လိုက်မည်။ သဘောတူပါသလား ဟု မေးသည်။ သဘောမတူလည်း ယူသွားလို့ရတာမှ မဟုတ်သည်ပဲ။ အဲဒီတော့လည်း လွှင့်ပစ်လိုက်လို့ပဲ ပြောလိုက်ရသည်။ ဂွာတာနာမို မပို့တာပဲ ကျေးဇူးတင်လှပါပြီ။
ကျွန်တော့်ရုံးမှ အမေရိကန် အင်ဂျင်နီယာကတော့ ရယ်နေသည်။ သူလုံခြုံရေးဖြတ်စဉ်က ဒီနေ့တော့ သေသေချာချာစစ်မယ်ဟု သူတို့အချင်းချင်း ပြောနေသံကြားကြောင်း ကျွန်တော့်ကို ပြန်ပြောပြသည်။ ဒါဆို ပုံမှန်အတိုင်းဆိုရင် သေသေချာချာ မစစ်ကြဘူးလားဟု ကျွန်တော်က သူ့ကို ပြန်နောက်ခဲ့သေးသည်။ မကြာမီ လေယာဉ်ပျံ ဆိုက်လာ၍ ကျွန်တော်တို့ လေယာဉ်ပျံပေါ်တက်ခဲ့ကြသည်။

ကာလာမာဇူး လေဆိပ်မှာ လေဆိပ်ငယ်ကလေးတစ်ခု ဖြစ်ပြီး ကိုုယ်ပိုင်လေယာဉ် အများအပြားက အသုံးပြုလေ့ရှိကြသည်။ ကျွန်တော်တို့လေယာဉ်ပျံ ပြေးလမ်းပေါ် မတက်မီ ကိုယ်ပိုင်လေယာဉ်များ ပြေးလမ်းပေါ်တွင် ရှိသောကြောင့် သူတို့ကို ပျံတက်ရန် စောင့်ဆိုင်းပေးရသေးသည်။ တစ်နာရီကျော်မျှ လေယာဉ်စီးပြီးနောက်တွင် ကျွန်တော်တို့ ချီကာဂို အိုဟဲ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့တော့သည်။ အမေရိကန်အင်ဂျင်နီယာက ထိုမှတဆင့် ကျွန်တော်တို့ ရုံးစိုက်ရာဖြစ်သော ကော်လိုရာဒိုပြည်နယ်သို့ ပြန်မည်ဖြစ်သည်။ ကျွန်တော်ကတော့ ယူနိုက်တက် လေကြောင်းလိုင်းဖြင့် ဟောင်ကောင်မှ တဆင့် စင်ကာပူသို့ပြန်ရန် စီစဉ်ထားသည်။
ချီကာဂို အိုဟဲသို့ ရောက်တော့ ကျွန်တော်အပြင်သို့ထွက်၍ အင်တာနေရှင်နယ် တာမင်နယ် သို့ ကူးခဲ့သည်။ မိုးပျံရထားပေါ်မှ တံခါးခြောက်ပေါက် ကားကြီးများကို လှမ်းမြင်နေရသည်။

အင်တာနေရှင်နယ် တာမင်နယ်တွင် ကျွန်တော်၏ လေယာဉ်တက်လက်မှတ်ကို ပြသောအခါ လုံခြုံရေးစောင့်သည့် ကပ္ပလီမ ဝဝကြီးက “ဟန်နီရေ။ မင်းတော့ တာမင်နယ် မှားနေပြီ။ မင်းလေယာဉ်ပျံက တာမင်နယ် ၂ မှာ စီးရမှာ။ ” ဟုပြောသည်။ ကပ္ပလီမကြီးက ဟန်နီလို့ ခေါ်လိုက်သဖြင့် နည်းနည်းကျောချမ်းသွားမိသည်။ စိတ်ထဲတွင်လည်း သွားပြီဟုတွေးလိုက်မိသည်။ ကျွန်တော် ခုနထွက်လာသည်မှာ တာမင်နယ် ၂ ဖြစ်သည်။ ကိုယ့်ဘာသာကိုယ် မမေးမစမ်း လာခဲ့မိသဖြင့် အခု တကွေ့တပတ်ကြီး ပြန်သွားရတော့မည်။ ကျွန်တော့် ခရီးဆောင်အိတ်များ ကာလာမာဇူးမှာ ကတည်းက Check-in လုပ်ပြီး၍သာ တော်တော့သည်။
ကျွန်တော် နာရီဝက်လောက်ကြာအောင် တာမင်နယ် ၂ သို့ ပြန်သွားရသည်။ ကံကောင်းထောက်မ၍ လေယာဉ်ပျံမထွက်မီ အချိန်မီပင် ပြန်ရောက်သွားသည်။

ထို့နောက် လေယာဉ်ပျံပေါ်တက်သည့် အချိန်ထိ ဘာပြသနာမှ မတွေ့ရသေးပါ။ အားလုံး နေရာယူပြီးသော အခါတွင် ပြသနာက စ ပါတော့သည်။ လေယာဉ်ပျံ၏ အနောက်ဖက်မှ ကုန်တင်ပေါက်၏ တံခါးပိတ်မရသဖြင့် လေယာဉ်ပျံ မထွက်နိုင်သေးကြောင်း ကြေငြာသည်။ ခရီးသည်များ အားလုံးအစောပိုင်းတွင် ထိုင်စောင့်သော်လည်း တဖြည်းဖြည်း နှင့် စိတ်မရှည်နိုင်အောင် ဖြစ်လာကြသည်။ အားလုံး ခြေညောင်းလက်ဆန့်ဖြင့် လေယာဉ်ပေါ်တွင် ဟိုဟိုဒီဒီ လျှောက်သွားကြသည်။ လေယာဉ်မှာ ယူနိုက်တက် လေကြောင်းလိုင်းပိုင် ဘိုးအင်း ၇၄၇ လေယာဉ်ပျံဖြစ်သဖြင့် အတော်အတန်တော့ ကျယ်ဝန်းပါသည်။ ကျွန်တော်တို့အားလုံး အရေးပေါ် ထွက်ပေါက်နားတွင် ရပ်၍ စကားပြောသူကပြော နောက်ဖက်ရှိ အစားအသောက် ထားရာအခန်းတွင် ဝင်၍ ကော်ဖီ အအေးသောက်သူက သောက်နှင့် စိတ်မရှည်မှုများကို ဖြေဖျောက်နေကြရသည်။ တစ်နာရီ နီးပါးမျှ ကြာသော အခါတွင် ခရီးသည် အတော်များများက အောက်ဆင်းခွင့် တောင်းကြပါသည်။ သို့သော် လေယာဉ်မှာ အပြည်ပြည်ဆိုင်ရာ ခရီးစဉ်ဖြစ်သဖြင့် အောက်ဆင်းခွင့်တော့ မပေးနိုင်ကြောင်း လေယာဉ််အမှုထမ်းများက အကြောင်းပြန်သည်။ သို့နှင့် လေယာဉ်ပျံပေါ်တွင် တစ်နာရီခွဲကျော်မျှကြာသွားသည်။ ခဏအကြာတွင် လေယာဉ်၏ ကုန်တင်တံခါးပေါက်မှာ ပြင်ဆင်၍ အချိန်မီ မပြီးစီးနိုင်သောကြောင့် လေယာဉ်ပျံ နောက်တစ်စင်းနှင့် လဲလှယ်ပေးမည်ဖြစ်ကြောင်း၊ ခရီးသည်များ နောက်ထပ် တစ်နာရီခွဲအကြာတွင် ဂိတ်၌ ပြန်လည်သတင်းပို့ရန် ကြေငြာသည်။ ကျွန်တော်တို့ အားလုံး အိတ်ကိုယ်စီဆွဲ၍ လေယာဉ်ပေါ်မှ ဆင်းခဲ့ကြသည်။
ထိုအချိန်ထိ ကျွန်တော်နေ့လည်စာ မစားရသေးပါ။ အနီးအနားရှိ ဆိုင်တစ်ဆိုင်သို့ ပြေး၍ အာလူးကြော် နှင့် ကြက်ကြော်ဝယ်၍ အမြန်စားလိုက်ရသည်။ ရသော အချိန်ပိုင်းကလေးအတွင်း လေဆိပ်အပြင်သို့ ထွက်၍ ဆေးလိပ် ၂ လိပ်လောက် အမြန်သောက်လိုက်သေးသည်။ ကျွန်တော် ရောက်ခဲ့ဖူးသော အမေရိကန်ရှိ လော့အိန်ဂျယ်လိစ်၊ ဒင်န်ဗာ၊ ရှီကာဂို နှင့် ကာလာမာဇူး လေဆိပ် ၄ ခုစလုံးတွင် ဆေးလိပ်သောက်ခန်း လုံးဝမရှိပါ။ ဆေးလိပ်သောက်ချင် ပါက လေဆိပ်အပြင်သို့ ထွက်သောက်ရသည်။
တစ်နာရီခွဲခန့် ကြာတော့ လေယာဉ်ထွက်မည့် ဂိတ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ လေယာဉ်ပျံက အဆင်သင့်မဖြစ်သေး။ နောက်ထပ် နာရီဝက်ခန့် ထပ်စောင့်ပြီးမှ လေယာဉ်ပေါ်သို့တက်ရသည်။ ဒီတစ်ခါ လေယာဉ်ပျံက ယူနိုက်တက်လေကြောင်းလိုင်းမှ လေယာဉ်များ၏ တွေ့နေကျအရောင် အညိုရောင်မဟုတ်ပဲ အဖြူရောင်ဖြစ်နေသည်ကတော့ နည်းနည်း ထူးခြားနေသည်။ ကျွန်တော်တို့ လေယာဉ်ပျံပေါ်တွင် ယခင်ခုံနေရာများအတိုင်း ပြန်လည်နေရာယူကြသည်။ မကြာမီ ခရီးသည်အားလုံး ပြန်ရောက်၍ လေယာဉ်က ဂိတ်မှ ထွက်ခွာခဲ့သည်။ မကြာမီပြေးလမ်းပေါ်သို့ရောက်သည်။ ပြေးလမ်းပေါ်ရောက်၍ တော်တော်ကြာသည်အထိ လေယာဉ်က မတက်နိုင်သေး။ အကြာကြီး ရပ်နေသည်။ ခဏအကြာတွင် လေယာဉ်မှူးမှ လေယာဉ်ပျံ၏ ရေဒါချို့ယွင်းသွားသဖြင့် ဂိတ်သို့ ပြန်လှည့်မည် ဖြစ်ကြောင်း ကြေငြာသည်။ ခရီးသည်အားလုံး စိတ်ပျက်လက်ပျက်ဖြင့် ဟား ဆိုပြီး ဝိုင်းအော်ကြသည်။ လေယာဉ်ဂိတ်သို့ ပြန်ရောက်ပြီးနောက် ရေဒါချို့ယွင်းမှုမှာ သာမန်လျှပ်စစ်ပိုင်း ဆိုင်ရာ ချို့ယွင်းမှုသာ ဖြစ်သဖြင့် ခဏအတွင်း ပြင်ဆင်နိုင်မည် ဖြစ်ကြောင်းကြေငြာသည်။ ခရီးသည်အားလုံးကမူ အယုံအကြည်ရှိပုံ မပေါ်ကြတော့ပေ။
နောက်ထပ် ၄၅ မိနစ်လောက် အကြာတွင် လေယာဉ်က ဂိတ်မှ နောက်တစ်ကြိမ်ခွာသည်။ ခရီးသည်အားလုံး၏ စိတ်ထဲတွင်တော့ လေယာဉ်ပျံ ဘယ်အချိန် ပြန်လှည့်ဦးမလဲဟုသာ တွေးနေကြသည်။ လေယာဉ်ပျံ လေထဲရောက်သည်အထိ ကျွန်တော်လည်း ထိုနည်းအတိုင်းပင် တွေးနေသည်။ ကံကောင်းထောက်မစွာပင် ဒီတစ်ခါတော့ ပြန်မလှည့်တော့။ လေဆိပ်တွင် နှောင့်နှေးခဲ့သည်မှာ စုစုပေါင်း ၆ နာရီခန့်ကြာသည်။ ညနေ ၅ နာရီခန့် ဟောင်ကောင်သို့ ဆိုက်ရောက်ရမည့် လေယာဉ်သည် ည ၁၁ နာရီကျော်မှပင် ဟောင်ကောင် လေဆိပ်သို့ ဆိုက်ရောက်တော့သည်။ ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်ပျံဆင်းလိုက် သည်နှင့် ကျွန်တော်တို့အားလုံး ကြိုတင်တိုက်မထားပဲ လက်ခုပ်တီး၍ ဟေးဆိုပြီး ဆူညံစွာအော်ဟစ် အောင်ပွဲခံကြတော့သည်။ အမှန်တကယ်တော့ ဇာတ်လမ်းက ဒီမှာ မပြီးသေးကြောင်း ကျွန်တော်တို့ မသိခဲ့။
စင်ကာပူသို့ သွားမည့်လေယာဉ်ပျံမှာ ကျွန်တော်တို့ လေယာဉ်မှ ခရီးသည် အများစု ပြောင်းလဲ စီးနင်းလိုက်ပါ ကြမည် ဖြစ်သဖြင့် မထွက်သေးဘဲ ကျွန်တော်တို့ လေယာဉ်ကို စောင့်နေသည်။ ထိုလေယာဉ်မှာလည်း ၄ နာရီမျှ အချိန်ရွှေ့ထားပြီး ဖြစ်သည်။ ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်တော့ ဆေးလိပ်သောက်ခန်း ရှိသဖြင့် လေယာဉ်တစ်စင်းမှ တစ်စင်းသို့ အကူးအပြောင်းတွင် ဆေးလိပ် ၂ လိပ်လောက် အမြန်ရှူသွင်း ခဲ့သေးသည်။ ဆေးလိပ်သောက်တတ်သူ တစ်ယောက်၏ ဒုက္ခက မသေးလှပေ။
လေယာဉ်ပျံပေါ်သို့ မတက်ခင် တံခါးဝတွင် လုံခြုံရေးများ စောင့်နေကြပြီး ခရီးသည်များထဲမှ ကျပန်းရွေးချယ်၍ ရှာဖွေရေးလုပ်နေကြသည်။ ကျွန်တော် လေယာဉ်ပျံပေါ်တက်တော့ ခရီးသည် တစ်ဝက်ပင် လေယာဉ်ပျံပေါ်သို့ မရောက်ကြသေးပေ။ ရှီကာဂိုမှနေ ဟောင်ကောင်အထိ အလယ်ခုံတွင် စီးလာရသော်လည်း ဒီတစ်ခါတော့ ပြတင်းပေါက်ခုံတွင် နေရာရသည်။ ခရီးသည်တွေက လေယာဉ်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လာကြသည်။ သို့သော် မကြာမီတွင်ပင် ဟောင်ကောင်လေဆိပ်မှ လုံခြုံရေးဝတ်စုံများဖြင့် လူတစ်စု လေယာဉ်ပေါ်တက်လာသည်ကို တွေ့ရသည်။ ထို့နောက် လေယာဉ်မယ်တစ်ဦးက ခရီးသည်တစ်ဦးအား လုံခြုံရေး စစ်ဆေးရာတွင် ထိုခရီးသည်က ဒေါသထွက်ထွက်ဖြင့် ငါ့မှာ ဗုံးပါလာတယ် ဟု ပြောသဖြင့် တာဝန်အရ လေယာဉ်ပျံကို အသေးစိတ် ရှာဖွေရမည် ဖြစ်ကြောင်း ကြေငြာသည်။ ဒေါသထွက်သူကိုလည်း အပြစ်မဆိုချင်ပါ။ ကျွန်တော်တို့ အားလုံးလည်း သူ့လိုပင် ကျွဲမြီးတိုနေပြီဖြစ်သည်။ လေယာဉ်ပျံ ၆နာရီ နှောင့်နေးပြီး တက်လိုက်ဆင်းလိုက် ကြုံလာခဲ့ရသော ဒုက္ခမှာ အတော်ပင် မသေးလှပါ။
ဟောင်ကောင်လုံခြုံရေးများ လေယာဉ်ပျံကို တစ်နာရီကျော်မျှ ရှာဖွေပြီး စိတ်ကျေနပ်မှုရမှ ဆင်းသွားကြသည်။ ကျွန်တော်တို့ ဟောင်ကောင်မှ ည ၈ နာရီထွက်ခွာရန် ပြင်ဆင်ထားသော လေယာဉ်သည် ည ၂ နာရီခန့်တွင် မှ ဟောင်ကောင်မှ ထွက်ခွာခဲ့ရသည်။ ကျွန်တော်နှင့် ကျွန်တော့် နံဘေးတွင် ထိုင်သော စင်ကာပူနိုင်ငံသူ တရုတ်မလေးတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်သည် နှင့် ရယ်မိကြသည်။ သူလည်း ကျွန်တော့်လိုပင် ရှီကာဂိုကတည်းက စိတ်ပင်ပန်းခဲ့ရသည် မဟုတ်လား။
စင်ကာပူကို ညသန်းခေါင် ဆိုက်ရောက်ရမည့် လေယာဉ်သည် နောက်တစ်နေ့ မနက် ၆ နာရီခန့်တွင်မှ ဆိုက်ရောက်ခဲ့သည်။ ကျွန်တော်တို့ လေယာဉ်ပျံသည် ပုံမှန်ဆိုက်ရောက်ချိန် ရောက်ရှိခြင်းမဟုတ်သဖြင့် အကောက်ခွန်ဝန်ထမ်းများ အသင့်မရှိကြ။ အရသာမတူ၍ သောက်ချင်လွန်းလှသဖြင့် ရှီကာဂို လေဆိပ် အခွန်လွတ်ဆိုင်မှ ဝယ်လာခဲ့သော မာလ်ဘိုရို တစ်တောင့်မှာ အကောက်ခွန်မပေးလိုက်ရပဲ အိတ်အတွင်းပါလာခဲ့လေသည်။

Subscribe to:
Posts (Atom)