ကျွန်တော် အမ်စတာဒမ် ရှီပိုး လေဆိပ်ထဲက ရထားဘူတာရုံမှာ ဂျာမနီကို သွားဖို့ ရထားစောင့်နေတုန်းပါ။ ကျွန်တော်နဲ့ ရထားလမ်း ခြားနေတဲ့ ပလက်ဖောင်းမှာ လူတစ်ယောက်ကို လှမ်းတွေ့လိုက်မိတယ်။ ဆံပင်ကောက်ကောက် အသားမည်းမည်း အရပ်မြင့်မြင့်နဲ့ အာဖရိက နွယ်ဖွား တစ်ယောက်ပုံစံမျိုးပါပဲ။ ညစ်ပေနေတဲ့ ဘောင်းဘီရှည်နဲ့ အင်္ကျီလက်တိုကို ဝတ်ထားတယ်။ လေဆိပ်က ဆင်းလာတဲ့ အဝတ်အစား တောက်တောက်ပြောင်ပြောင် လူတွေကြားမှာ သူ့ပုံစံက ထူးထူးခြားခြား ဖြစ်နေလို့ ချက်ချင်းပဲ သတိထားမိသွားတယ်။ နောက်တော့ သူ အအေးဗူးတွေ ရောင်းတဲ့ စက်တစ်လုံးဆီကို လျှောက်သွားတာ လှမ်းမြင်ရတယ်။ သူက လက်နှစ်ဖက်ကို ဆန့် အအေးဗူးရောင်းတဲ့စက်ကို ဟိုဘက်ဒီဘက်ကိုင်ပြီး ခပ်ကြမ်းကြမ်း လှုပ်နေတယ်။ ဘေးပတ်ဝန်းကျင် ရထားလမ်း ပလက်ဖောင်းပေါ်က လူတွေ အကုန်လုံးက သူ့ကို ဝိုင်းကြည့်နေကြတယ်။ ခဏ အကြာမှာတော့ စက်ထဲက အအေးတစ်ဗူး ပြုတ်ကျလာတယ်။ အအေးဗူးကို ကောက် ဖွင့်သောက်ပြီး သူထွက်သွားတယ်။ ဒီလို တိုးတက်နေတဲ့ နိုင်ငံ၊ ဒီလို ခေတ်မီနေတဲ့ နိုင်ငံမှာ ဒီလို လူတန်းစားတွေလည်း ရှိနေသေးပါလား ဆိုတာ တွေးမိသွားတယ်။
=============
ချက်သမ္မတနိုင်ငံ ပါဒူဘီဆေးမြို့ ရောက်နေတုန်းမှာ ဟိုတယ်က သတင်းစာ တစ်စောင်ကို ကောက်ပြီး လှန်ကြည့်မိတယ်။ သတင်းစာထဲမှာ ဆောင်းတွင်း ဝင်လာပြီမို့ အိမ်ခြေယာခြေ မရှိတဲ့ လမ်းပေါ်ကလူတွေ ညအိပ်ဖို့ အစိုးရက မြို့တော်ပရက်ဂ်မြို့မှာ ယာယီတဲတွေ ဆောက်လုပ်ပေးမယ်ဆိုတဲ့ သတင်း ဖတ်လိုက်ရတယ်။ တခြားနေရာမှာ အခြေမဲ့ အနေမဲ့ ဖြစ်ရင် လမ်းဘေး အိပ်လို့ ရနိုင်ပေမယ့် ဒီလို နှင်းတွေကျပြီး ညဘက် သွေးခဲမတတ် အေးတဲ့ နိုင်ငံမှာ လမ်းဘေး အိပ်ရင်တော့ မနက်ခင်းမှာ အသက်ရှိသေးရင် ကံကောင်းတယ် ပြောရမှာပါပဲ။
ပါဒူဘီဆေးကနေ ပရက်ဂ်ကို ပြန်လာတော့ လမ်းက သစ်ပင်တွေ ကြည့်ပြီး ချက်နိုင်ငံသား အင်ဂျင်နီယာရဲ့ စကားတွေ ခေါင်းထဲ ရောက်လာတယ်။ အရင်တုန်းက ချက်က လူတွေ ဆင်းရဲ လွန်းလို့ တစ်နေရာက တစ်နေရာကို လမ်းလျှောက် သွားရတယ်။ သူတို့တွေ သွားရင်လာရင်း ဗိုက်ဆာရင် စားလို့ရအောင် ရှေ့လူတွေက လမ်းဘေးဝဲယာမှာ သစ်သီးပင်တွေ စိုက်ထားပေးခဲ့တာ ဆိုတဲ့ စကားပါပဲ။ အရင်တုန်းက ချက်ကလူတွေ ဆင်းရဲတယ် ဆိုတော့ အခု ဘယ်လောက် ချမ်းသာ သွားကြပြီလဲ။ အခြေမဲ့ အနေမဲ့တွေ ဘယ်လောက် များသေးလဲ။ အစိုးရက ဆောင်းတွင်းမှာ အခြေမဲ့ အနေမဲ့တွေကို ညအိပ်ဖို့ တဲထိုးပေးတယ် ဆိုတော့ တခြား အချိန် ဘယ်လို စီစဉ်ပေးသလဲ ခေါင်းထဲမှာ ဆက်ကာ ဆက်ကာ တွေးလိုက်မိတယ်။ ချက်မှာ သက္ကလပ် တော်လှန်ရေးနဲ့ နိုင်ငံကို ဒီမိုကရေစီရအောင် နေ့ချင်းညချင်း ပြောင်းပေးနိုင်ပေမယ့် လူဆင်းရဲတွေ ချမ်းသာသွားအောင်တော့ နေ့ချင်းညချင်း ပြောင်းမပေးနိုင်ပါဘူး။
==============
ပိုလန်က ဆွာ့စ်ကီးမှာ ရောက်နေတုန်း စနေ တစ်ညနေ ထမင်းစားဖို့ ဟိုတယ် အောက်ထပ်က စားသောက်ဆိုင်ကို ဆင်းလာခဲ့ပါတယ်။ အောက်ထပ်ရောက်တော့ စားသောက်ဆိုင်က မရှိတော့ဘူး။ စားသောက်ဆိုင်နေရာက စားပွဲတွေ အားလုံးကို ရှင်းထားပြီး အဲဒီမှာ ပါတီပေးနေကြတယ်။ လူတွေ အများကြီး ကနေတာ ဒီတစ်ခါပဲ မြင်ဖူးတယ်။ အားလုံးကလည်း ပြုံးလို့ ပျော်လို့။ ကျွန်တော်တို့ စင်ကာပူက သင်္ကြန်တွေမှာ လုပ်လေ့ လုပ်ထ ရှိသလို လူတစ်ယောက်နဲ့ တစ်ယောက် မီးရထားတွဲလို ရှေ့နောက်ဆက်ပြီး ခန်းမထဲမှာ လှည့်ပတ်ကနေကြတာ အနည်းဆုံး လူ ၄၀ လောက် ရှိမယ် ထင်ရတယ်။ သူတို့ကို ကြည့်ပြီး အပျော်တွေပါ ကျွန်တော့်ဆီ ကူးစက်သွားတယ်။ ပိုလန်ဆိုတာ ဥရောပနိုင်ငံပေမယ့် စင်ကာပူနဲ့ ယှဉ်ရင် အတော် ဆင်းရဲတဲ့ နိုင်ငံပါ။ ကျွန်တော်တို့ စင်ကာပူက ဈေးနဲ့ ပိုလန်မှာ ပျော်ပျော်ပါးပါးကြီး သုံးလို့ ရတယ်။ ဟိုတယ်က ရေခဲသေတ္တာထဲမှာ ရှိတဲ့ အအေးပုလင်း ယူသောက်တာတောင် စင်ကာပူဒေါ်လာနဲ့ ပြား ၇၀ လောက်ပဲ ကျတာ။ ဒါပေမယ့်လည်း စင်ကာပူမှာ လူတွေ အများကြီး ဒီလိုမျိုး စိတ်လွတ်လက်လွတ် ပျော်ရွှင်နေတာ တစ်ခါမှ မတွေ့ ဖူးသလိုပဲ။ မိုက်ခရို အီကော်နော်မစ် ဘာသာမှာ ဖတ်ဖူးတဲ့ စီးပွားရေး ပညာရှင်တွေရဲ့ သုတေသန စာတမ်း တစ်ခု အရ ပိုက်ဆံပိုရှိရင် လူဟာ ပိုပျော်တယ်လို့ ဆိုကြတယ်။ ဒါပေမယ့် အခု အတွေ့အကြုံ အရ ပျော်ရွှင်မှုဆိုတာ ပိုက်ဆံနဲ့ တိုက်ရိုက် အချိုးမကျဘူး။ ပိုက်ဆံတွေ ပစ္စည်းဥစ္စာတွေ ရှိနေရင်တောင် ပျော်ရွှင်မှု ဆိုတာ သူ့ အလိုလို မလာဘူးလို့ ဆက်တွေးမိသွားတယ်။
===============
ဆေးလိပ်သောက်တတ်တာ ကျန်းမာရေး ထိခိုက်ပေမယ့် တခါတလေ မိတ်ဆွေ အပေါင်းအသင်းတော့ တိုးစေတယ်။ အိုင်ယာလန် ဝက်စ်ဖို့ဒ်က စက်ရုံတစ်ရုံမှာ ကျွန်တော်တို့ ကုမ္ပဏီက ရောင်းထားတဲ့ ကွန်ပျူတာ ထိန်းချုပ် စနစ်တစ်ခု သွားပြင်နေတုန်းက အချိန်ကပါ။ တစ်နေ့ ကျွန်တော် စက်ရုံထဲ ကနေ အပြင်ထွက် ဆေးလိပ်သောက်တဲ့ တဲကလေးမှာ ဆေးလိပ်သောက်နေတုန်း လူတစ်ယောက် ရောက်လာတယ်။ သူပြောတဲ့ အင်္ဂလိပ်စကားက အိုင်းရစ် တွေလို မဝဲတာမို့ စကားပြောရတာ အဆင်ပြေတယ်။ သူနဲ့ စကားစပ်လို့ ပြောမိရင်း သူဟာ ဂျာမန် တစ်ယောက် ဆိုတာ သိလိုက်ရတယ်။ ဂျာမနီလို နိုင်ငံက စက်ရုံမှူးလို၊ မန်နေဂျာလို ရာထူးကြီးတဲ့ နေရာကို နိုင်ငံရပ်ခြားမှာ လာလုပ်တာ တွေ့ဖူးပေမယ့် သာမန် ဂျာမန် အင်ဂျင်နီယာ တစ်ယောက်က ပြည်ပမှာ အခြေစိုက် အလုပ်လုပ်နေတယ် ဆိုတာ တွေ့တော့ နည်းနည်းတော့ အံ့ဩသွားတယ်။ သူ့ကို မေးတော့ သူက ပြောပြတယ်။ ငါတို့ စက်ရုံ ဂျာမနီကနေ အိုင်ယာလန်ကို ရွှေ့မယ် ဆိုတော့ သူဌေးက ငါ့ကို မေးတယ်။ မင်း အိုင်ယာလန်ကို လိုက်သွားနိုင်ရင်တော့ အလုပ်ရမယ်။ ဂျာမနီမှာတော့ မင်းကို ပေးစရာ အလုပ်မရှိတော့ဘူး ဆိုလို့ ငါလိုက်လာတာလို့ သူက ပြောပြပါတယ်။ ပြည်ပ ထွက် အလုပ်လုပ်ရတာ နိုင်ငံ အခြေအနေမကောင်းတဲ့ ကျွန်တော်တို့တင် မကဘူး။ ဂျာမနီလို နိုင်ငံကြီးမှာလည်း ရှိတယ်။ ကိုယ့်မှာ ရှိတဲ့ ပညာက ကိုယ်နေထိုင်တဲ့ နိုင်ငံမှာ အသုံးမတည့်တော့ရင် နိုင်ငံခြား ရောက်တာပဲလို့ တွေးမိသွားတယ်။
Search This Blog
Showing posts with label ဟော်လန်. Show all posts

Wednesday, February 20, 2013
Friday, May 13, 2011
ဒတ်ချ်တစ်ယောက်နဲ့ ညနေစာ စကားဝိုင်း
(နောက်ဆုံးတင်ထားတဲ့ ပို့စ် ပျက်သွားလို့ ရီဒါထဲကနေ ပြန်ကူးပြီး တင်လိုက်တာပါ။ )
ကျွန်တော် သဘောအကျဆုံး နိုင်ငံတွေထဲမှာ ဟော်လန်လည်း ပါပါတယ် ။ အရင်တုန်းက အလုပ်ကိစ္စနဲ့ မကြာခဏ ရောက်ဖြစ်လို့ သူတို့ နိုင်ငံ အနေအထားနဲ့ ရင်းနှီးနေတာက တစ်ကြောင်း၊ တချို့သော ဥရောပ နိုင်ငံတွေလို မဟုတ်ဘဲ အင်္ဂလိပ်စကားနဲ့ ပြောဆို ဆက်သွယ်လို့ လွယ်တာက တစ်ကြောင်း၊ ရာသီဥတု က အလွန်အမင်း အေးတာမျိုး မဟုတ်တာက တစ်ကြောင်း စတာတွေကြောင့်ပါ။ မကောင်းတာဆိုလို့ ပြင်သစ်တို့ စပိန်တို့လို့ ကောင်မလေး ချောချောလေးတွေ များများစားစား မတွေ့ရတာပဲ ရှိပါတယ်။ ဟော်လန်တို့ ဂျာမနီတို့က မဒီတွေက ကျွန်တော်တို့ မျက်စိနဲ့ သိပ်ပြီးတော့ ဓာတ်မတည့်ပါဘူး။ :D
ကျွန်တော် အလုပ်ကိစ္စနဲ့ ဟော်လန်ကို ရောက်နေတုန်း အချိန်ကပါ။ စနေနေ့ တစ်နေ့ လုပ်စရာမရှိလို့ ဟိုတယ်မှာ လိမ်ပိန်ပြီး အိပ်နေတုန်း ကျွန်တော်တို့ အေးဂျင့်ရုံးက အရောင်းမန်နေဂျာ တစ်ယောက် ကျွန်တော့်ဆီကို ဖုန်းဆက်လာပါတယ်။ ညနေခင်း အားရင် သူနဲ့ ထမင်းလိုက်စားဖို့ ခေါ်တာပါ။ အမှန်တကယ်တော့ ဒါက လုပ်ငန်းသဘော အရ ထမင်းစား ဖိတ်တာပါပဲ။ သူတို့ စင်ကာပူကို လာရင် ကျွန်တော်တို့က ဧည့်ခံရသလို ကျွန်တော်တို့ သူတို့ဆီ ရောက်တော့လည်း သူတို့က တဖန်ပြန်ပြီး ဧည့်ခံတဲ့ သဘောပါပဲ။ ကျွန်တော့်မှာလည်း ဘာမှ လုပ်စရာ မရှိတာနဲ့ သူထမင်းစား ဖိတ်တာကို လက်ခံလိုက် ပါတယ်။
ဒီလိုနဲ့ ညနေစောင်းတော့ သူကျွန်တော့်ဆီ ရောက်လာပါတယ်။ အဲဒီ အရောင်းမန်နေဂျာက ဟော်လန်ရုံးမှာ ထိုင်တဲ့ ဒတ်ချ်လူမျိုးပါ။ စင်ကာပူရုံးကို အလုပ်ကိစ္စနဲ့ လာတုန်း ကျွန်တော်နဲ့ တစ်ခေါက် ဆုံဖူးပါတယ်။ ထုံးစံအတိုင်း ဟိုင်း ကြပြီးတော့ သူက ကျွန်တော့်ကို ဘာစားမလဲ မေးပါတယ်။ ကျွန်တော်က ဖြစ်နိုင်ရင်တော့ အရှေ့တိုင်း အစားအစာပဲ စားချင်တဲ့ အကြောင်း ပြောတော့ သူက အဲဒါဆိုလည်း ဒီနားမှာ အင်ဒိုနီးရှား စားသောက်ဆိုင် ရှိတယ်။ အဲဒီကိုပဲ သွားရအောင်လို့ ခေါ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော် တည်းတဲ့ ဟိုတယ် အနားမှာ ရှိတဲ့ အင်ဒို ထမင်းဆိုင်ကိုပဲ လမ်းလျှောက်ပြီး ထွက်လာခဲ့ပါတယ်။
အင်ဒို စားသောက်ဆိုင်က ထမင်းကို ဟင်းပွဲအစုံလိုက်နဲ့ တွဲပြီး ရောင်းတာပါ။ ဟင်းပွဲ အသေးလေး ၅ ပွဲ ၆ ပွဲလောက် ပါပါတယ်။ အနည်းဆုံး set က တစ်ယောက်စာကို ၁၈ ယူရိုလောက် ပေးရပါတယ်။ ကျွန်တော်တို့ နှစ်ယောက် ထမင်း မှာထားရင်း အာလူးဖုတ်ကြပါတယ်။ ကျွန်တော်က သူ့ကို ဟော်လန်မှာ အင်ဒို စားသောက်ဆိုင်ရှိတာ အဆန်းပဲလို့ ပြောတော့ သူက သူတို့ဆီမှာ အင်ဒိုနီးရှား လူမျိုး သိန်းနဲ့ ချီပြီ ရှိတဲ့အကြောင်း၊ အင်ဒိုနီးရှားဆိုတာ ဒတ်ချ်တွေရဲ့ ကိုလိုနီ ဖြစ်ဖူးတာကြောင့် အင်ဒိုတွေ များနေတာ မဆန်းတဲ့အကြောင်း ကျွန်တော့်ကို ပြန်ပြောပြပါတယ်။ ကျွန်တော့် ခေါင်းထဲမှာ Anthony Grey ရဲ့ ဆိုင်ဂုံ ဆိုတဲ့ ဝတ္ထုကို သွားပြီး သတိရလိုက်ပါတယ်။ အဲဒီ စာအုပ်ထဲမှာ ဗီယက်နမ်တွေ ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့စဉ်တုန်းက ပြင်သစ်တွေက ဗီယက်နမ်တွေကို လူရှေ့သူရှေ့မရှောင် ရိုက်တတ်တဲ့ အကြောင်းတွေ ပါပါတယ်။ အဲဒါကြောင့် ကျွန်တော်က သူ့ကို အင်္ဂလိပ်နဲ့ ဒတ်ချ်တွေ ကိုလိုနီ လုပ်တာ ပြင်သစ်တွေလောက် မဆိုးဘူး ထင်တယ် ဆိုပြီး ကျွန်တော့် ခေါင်းထဲမှာ ပေါ်လာတဲ့ အတိုင်း ပြောလိုက်ပါတယ်။ အဲဒီလို ပြောတော့ သူက ရယ်ပါတယ်။ နောက်တော့ ငါတို့ ဒတ်ချ်တွေက ပြင်သစ်ထက် ပိုဆိုးတယ်ကွ လို့လည်း ပြန်ပြောပါတယ်။ ဘယ်လို ဆိုးတာလဲ မေးတော့ ငါတို့က ကိုလိုနီ လုပ်တဲ့ နိုင်ငံက လူတွေကို ဖမ်း သင်္ဘောတွေနဲ့ တင်ပြီး ရောက်လေရာ နိုင်ငံမှာ ကျွန်အဖြစ် ရောင်းစားတာ။ အဲဒါကြောင့် အင်ဒိုနီးရှားတွေ ကမ္ဘာအရပ်ရပ်မှာ ပျံ့နေတာ အများကြီးပဲလို့ သူက ပြန်ပြောပါတယ်။
မကြာခင်မှာ ကျွန်တော်တို့ မှာထားတဲ့ ထမင်းနဲ့ ဟင်းရောက်လာပါတယ်။ အမှတ်မထင် သူက ကျွန်တော့်ကို မေးခွန်း တစ်ခု ထမေးပါတယ်။ မင်း ငါး မျက်လုံး ကြိုက်သလား ဆိုပြီးတော့ပါ။ ကျွန်တော် တစ်ခါမှ မစားဖူးဘူး။ ဘာလို့ မေးတာလဲလို့ သူ့ကို ပြန်မေးတော့ တခြားတော့ မဟုတ်ဘူး။ ငါ စင်ကာပူ လာတုန်းက မင်းတို့ရုံးကလူတွေ ငါ့ကို အိန္ဒိယ ဆိုင်တစ်ဆိုင်မှာ ထမင်းလိုက်ကျွေးတယ်။ သူတို့ စပါယ်ရှယ်ဟင်းလို့ ပြောတဲ့ ငါးခေါင်းဟင်းလည်း ပါတယ်။ အဲဒီ ဟင်းပွဲ ရောက်လာတော့ သူတို့က ငါ့ကို ငါးမျက်လုံး စားမလား ဆိုပြီး မေးကြတယ်။ ငါးမျက်လုံးက စားလို့ အလွန်ကောင်းတဲ့ အကြောင်း သူတို့က ပြောကြတယ်။ ငါက ရွံလို့ မစားချင်ဘူး။ သူတို့ကတော့ ငါးမျက်လုံးကို အားရပါးရ စားကြတယ်။ မင်းကလည်း စင်ကာပူက လာတဲ့သူ ဆိုတော့ အခုသတိရသွားလို့ ငါးမျက်လုံး ကြိုက်သလားလို့ မေးတာ လို့ သူက ကျွန်တော့်ကို ပြောပါတယ်။
နောက်တော့ သူက ကျွန်တော်တို့ စင်ကာပူ ရုံးကလူတွေ အကြောင်း ပြောပါတယ်။ မင်းတို့ စင်ကာပူကလူတွေ သိပ်ပြီး ကွန်ပလိန်း များတာပဲ။ ပြောလိုက်ရင် အစိုးရကို မကျေနပ်တဲ့ သူချည်းပဲ။ အစိုးရက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ ငါက သူတို့ကို ပြောတယ်။ မင်းတို့ အစိုးရကို မကျေနပ်တာရှိရင် ပါလီမန်ရှေ့ ဆန္ဒသွားပြ ကြပေါ့။ ငါတို့သာဆိုရင်တော့ အဲဒီလို လုပ်မှာပဲ လို့။ အဲဒီတော့ သူတို့က ငါ့ကို အဲဒါမျိုး စင်ကာပူမှာ လုပ်လို့ မရဘူးလို့ ပြောတယ်။ အံ့ဩစရာပဲ။ ဒီလောက် တိုးတက်တဲ့ နိုင်ငံမှာ ဒါမျိုးလုပ်လို့ မရဘူး ဆိုတာ။ လို့ သူက ပြောပြပါတယ်။ ကျွန်တော် သူ့စကားကြားတော့ ရယ်ပြီး စင်ကာပူမှာ ဆန္ဒပြတာ တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ အကြောင်း သူ့ကို ရှင်းပြပါတယ်။
ဆန္ဒပြတဲ့ အကြောင်းပြောရင်းကနေ ခဏနေတော့ သူတို့ ရွာအကြောင်းကို ရောက်သွားပါတယ်။ သူတို့ကသာ ရွာလို့ ပြောပေမယ့် ကျွန်တော့် အမြင်မှာတော့ သူတို့ဆီက ရွာက ကျွန်တော်တို့ ဆီက မြို့တွေထက် သားနားပါတယ်။ သူတို့ ရွာတွေမှာ အိမ်ဆောက်ချင်ရင် ရုံးမှာ မြေကွက်ရဖို့ လျှောက်လွှာတင်ရတဲ့ အကြောင်း၊ ရုံးကနေ တန်းစီထားတဲ့ အစီအစဉ်အတိုင်း မြေကွက်ကို ချပေးလေ့ ရှိကြောင်း ပြောပြပါတယ်။ နောက်တော့ သူက ငါတို့ဆီမှာ ဘယ်သူမှ မတရား လုပ်လို့ မရဘူး။ အရင်က ငါတို့ ရွာက အုပ်ချုပ်ရေးမှူးက မြေကွက်လျှောက်လွှာ ကို အလှည့်ကျ ချမပေးဘဲ သူ့ရဲ့ သားနဲ့ သမီးကို အလှည့်ကျော်ပြီး ချပေးတယ်။ အဲဒါကို ရွာထဲက လူတွေ သိသွားတော့ ဝိုင်းပြီး ကန့်ကွက်ကြတာ အုပ်ချုပ်ရေးမှူး ချက်ခြင်း အလုပ်ပြုတ်တာပဲ လို့ ပြောပြပါတယ်။ တော်ရမယ် အမျိုးဆိုတာ သူတို့ဆီမှာတော့ အသုံးဝင်ပုံ မရပါဘူး။
ရွာအကြောင်းက နေ တရားစီရင်ရေး အကြောင်း ရောက်သွားပြန်ပါတယ်။ ကျွန်တော်က သူ့ကို စင်ကာပူမှာရော ကျွန်တော်တို့ မြန်မာနိုင်ငံမှာပါ သေဒဏ် ရှိသေးတဲ့ အကြောင်း ပြောပြပါတယ်။ သူကတော့ ငါတို့ဆီမှာ သေဒဏ်ပေးတာကို ဖျက်သိမ်းလိုက်တာ ကြာပြီလို့ ပြောပါတယ်။ ဘာလို့ သေဒဏ်ပေးတဲ့စနစ်ကို ဖျက်သိမ်းလိုက်ရတာလည်းလို့ ကျွန်တော်သူ့ကို စပ်စုကြည့်မိပါတယ်။ သူကတော့ တရားစီရင်ရေး စနစ်မှာ အတိမ်းအစောင်း ဆိုတာ ရှိနိုင်တာပဲ။ တကယ်လို့ အတိမ်းအစောင်း တစ်ခုခု ဖြစ်သွားပြီး လူတစ်ယောက်ကို မှားပြီး သေဒဏ်ပေးမိတယ် ဆိုကြပါစို့။ မင်းတို့ သူ့ကို ဘယ်လို ပြန်အလျော်ပေးမလဲ။ ဘယ်လိုမှ အလျော်ပေးလို့ မရဘူး။ နောက်ပြီးတော့ လူတစ်ယောက်ကို စံပြ အနေနဲ့ သတ်ပြလိုက်လို့ နောက်လူတွေကို ရာဇဝတ်မှု မကျူးလွန်ရဲအောင် အဟန့်အတား ဖြစ်တယ်ဆိုတာ လူတွေရဲ့ ထင်မြင်ချက် သက်သက်ပဲ ရှိတယ်။ ဘာစာရင်း ဇယားမှ မရှိဘူး။ သက်သေ ပြစရာလည်း မရှိဘူး။ အဲဒီတော့ လူတစ်ယောက်ရဲ့ အခွင့်အရေးကို လေးစားတဲ့ အနေနဲ့ ငါတို့ ဆီမှာ သေဒဏ်ကို ဖျက်ပစ်လိုက်တာလို့ သူက ကျွန်တော့်ကို ရှင်းပြပါတယ်။ တစ်ချိန်က လူရှေ့သူရှေ့မှာ ကြိုးပေးသတ်တတ်တဲ့၊ သူခိုး ဆိုရင် လက်ဖြတ်၊ လိမ်ပြောတဲ့သူဆိုရင် နှုတ်ခမ်းဖြတ် စသည်ဖြင့် ရက်ရက်စက်စက် အပြစ်ပေးတတ်တဲ့ အနောက်နိုင်ငံ တွေကတောင်မှ အချိန်နဲ့ အမျှ ပြောင်းလဲလာကြပြီ ဆိုတာကို သတိပြုလိုက်မိပါတယ်။
ပြောရင်း ဆိုရင်းကနေ အလုပ်အကြောင်း ရောက်သွားကြပြန်ပါတယ်။ ကျွန်တော့်အမြင်မှာတော့ ဟော်လန်ရုံးကလူတွေ ကျွန်တော်တို့နဲ့ ယှဉ်ရင် အတော်အားတာကို သတိထားမိပါတယ်။ စနေတနင်္ဂနွေ ဆိုရင် ကျွန်တော်တို့ စင်ကာပူမှာ အမြဲ မကြာခဏ ဆိုသလို အချိန်ပို အလုပ်ဆင်းရတတ်ပေမယ့် သူတို့ဆီမှာတော့ တောထဲမှာ စက်ဘီးတစ်စင်းနဲ့ ပတ်နေတဲ့သူနဲ့၊ အင်္ဂလန်သွားပြီး ပရီးမီးယားလိဂ် သွားကြည့်နေတဲ့သူနဲ့ အတော်ကို အားယားနေကြပါတယ်။ သူက သူတို့ဆီမှာ အိုဗာတိုင် လုပ်ရင် အခွန်ပိုပေးရတဲ့အကြောင်း၊ အဲဒီတော့ လုပ်တာနဲ့ မလုပ်တာ ဘာမှ သိပ်မထူးတဲ့ အတွက် ပိုက်ဆံရဖို့ သက်သက်နဲ့တော့ ဘယ်သူမှ အိုဗာတိုင် မလုပ်ကြတဲ့ အကြောင်း၊ မလွှဲသာ မရှောင်သာတဲ့ အခြေအနေမျိုးမှပဲ စနေတနင်္ဂနွေ အလုပ်လုပ်ကြတဲ့ အကြောင်း ရှင်းပြပါတယ်။
နောက်တော့ သူက ကျွန်တော့်ကို ငါတို့စနစ်မှာလည်း အကောင်းချည်းပဲ မဟုတ်ဘူး။ မကောင်းတာတွေလည်း ရှိသေးတယ်။ ဥပမာ ဆိုပါတော့။ ငါတို့က အလုပ်လုပ်တယ်။ အစိုးရကို အခွန်ပေးနေရတယ်။ ဒါပေမယ့် အလုပ်မလုပ်တဲ့သူတွေက ငါတို့ အခွန်ဆောင်ထားတဲ့ ပိုက်ဆံတွေကနေ အစိုးရ ထောက်ပံ့ကြေး ရနေတယ်။ ငါတို့ အလုပ်လုပ်ရတဲ့ သူတွေ အတွက် မတရားဘူး။ ငါတော့ အဲဒီလိုထင်တယ်လို့ ပြောပြပါတယ်။
ဟော်လန်မှာ နောက်ထပ် နေဖို့ အချိန်တွေ ကျန်သေးတာကြောင့် အားရင် လည်ဖို့ ပတ်ဖို့ အမ်စတာဒမ် အကြောင်း မေးကြည့်ပါတယ်။ သူက ကျွန်တော့်ကို အမ်စတာဒမ် သွားဖို့အတွက် လမ်းညွှန်ရင်း အမ်စတာဒမ်မြို့လည်က ကော်ဖီဆိုင်တွေမှာ အပျော့စား မူးယစ်ဆေးကို တရားဝင် ဝယ်ပြီး သုံးလို့ ရတဲ့ အကြောင်း ပြောပြပါတယ်။ ငါတို့ဆီမှာ မူးယစ်ဆေး ဆိုရင် အလွန်အကျွံမလုပ်ရင် ပြီးတာပဲ။ ကိုယ့်လစ်မစ်နဲ့ကိုယ် လုပ်လို့ရတယ်။ အဲဒါကြောင့် စနေတနင်္ဂနွေလို နေ့မျိုးတွေ ဆိုရင် ပြင်သစ်က ကောင်တွေပါ အမ်စတာဒမ်မှာ လာပြီး ချကြတယ်။ ရဲကတော့ မသိမသာ စောင့်ကြည့်နေတာပေါ့။ မူးယစ်ဆေး အများကြီး ပြန်သယ်သွားတာမျိုး လုပ်မှပဲ ရဲက တားတယ်။ အဲဒီလို မဟုတ်ရင်တော့ လွှတ်ပေးထားတာပဲလို့ သူက ပြောပြပါတယ်။
ညနေစာ စားပြီး ပြန်လာတော့ ကျွန်တော် တစ်ယောက်တည်း ဆက်တွေးဖြစ်ပါတယ်။ အရမ်းလွတ်လပ်တာ မကောင်းဘူးလို့ ဆိုကြပေမယ့်လည်း သူတို့ စနစ်မှာ ကျွန်တော်တို့ စနစ်ထက် သာတာတွေ အများကြီးပါ။ လူတစ်ယောက်ရဲ့ အခွင့်အရေးကို လေးစားတာ တရားမျှတမှု ရှိတာတွေက အတုယူစရာ ကောင်းပါတယ်။ ဘယ်စနစ်မှ Perfect မဖြစ်တတ်တဲ့အတိုင်း အနည်းအကျဉ်း ချွတ်ယွင်းချက်တွေ ရှိနေတာတော့ ရှိပါတယ်။ ဒါပေမယ့် အားလုံးကို ခြုံကြည့်ရင် သူတို့ စနစ်ကို ကောင်းပါတယ်လို့ပဲ မှတ်ချက်ပေးမိပါတယ်။
သက်ဆိုင်သောပို့စ်။
ဒတ်ချ်တစ်ယောက် ပြောပြတဲ့ ဟော်လန်အကြောင်း

Labels:
ဟော်လန်
Tuesday, November 30, 2010
သွားရင်း လာရင်း စားရင်း သောက်ရင်း
အမြဲတမ်း ခရီးထွက်နေရတာ ကောင်းတဲ့ အချက် ရှိသလို မကောင်းတဲ့ အချက်တွေလည်း ရှိပါတယ်။ မကောင်းတဲ့ အချက်ကတော့ လူမှုရေးနဲ့ ပတ်သက်ရင် အတော် ပျက်ကွက်ပါတယ်။ အမြဲတမ်း ခရီးထွက်နေရတော့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ သာရေးနာရေးတွေ သွားဖို့ အဆင်မပြေပါဘူး။ အပေါင်းအသင်းတွေနဲ့လည်း အဆက်အသွယ် ပြတ်ပါတယ်။ ဒါတင် မကသေး ပါဘူး။ ပြသနာ ရှာတတ်တဲ့ ရည်းစားရှိရင် ခရီးထွက်တဲ့ ကိစ္စကြောင့် တစ်ချိန်လုံး စကားများ နောင်ဂျိန်ချ နေရပါတယ်။ ဒီထက် ပိုဆိုးရင် ခရီးထွက်နေတုန်း ကိုယ့်ရည်းစား သူများ မ သွားတာပါ ခံရတတ် ပါတယ်။
ကောင်းတဲ့ အချက်တွေထဲမှာတော့ နေ့တိုင်း အစားအသောက်ကို တစ်နေ့တစ်မျိုး မရိုးအောင် စားနေ ရတာ ပါပါတယ်။ ကျွန်တော် ကိုယ်တိုင်က အစားအသောက်နဲ့ ပတ်သက်ရင် အစွဲအလမ်း သိပ်မကြီးပါဘူး။ မြန်မာအစားအစာ ကို ကြိုက်ပေမယ့် ကိုယ်မစားဖူးတဲ့ အစားအသောက်ဆိုရင် စမ်းပြီး စားကြည့်ချင် ပါတယ်။ အဲဒီတော့ ခရီးထွက်ရင်း တွေ့ကရာ လျှောက်စားနေရတာ ကျွန်တော့် နဲ့ အတော် ကီးကိုက်ပါတယ်။
ကျွန်တော် ခရီးထွက်ရင် တစ်ယောက်တည်း သွားဖြစ်တာ နည်းပြီး ဒေသခံ အေးဂျင့်တွေနဲ့ အတူ သွားဖြစ်တာက ပိုများပါတယ်။ အဲဒီတော့ နေ့လည်စာ ညနေစာ အတွက် သူတို့ပဲ ဦးဆောင်ပြီး စီစဉ်ပေးလေ့ ရှိပါတယ်။ အစပိုင်းကတော့ သူတို့က ဘာစားမလဲ မေးရင် anything လို့ ပြန်ဖြေနေကျပါ။ အဲဒီ အန်းနီးသင်း ဆိုတဲ့ စကားက အမေရိကန် အေးဂျင့်တစ်ယောက်နဲ့ အတူသွားတဲ့ အခေါက်မှာတော့ မှတ်လောက် သားလောက် ဖြစ်သွားပါတယ်။ အဲဒီ အချိန် ကတော့ သူက နေ့လည်စာ ဘာစားမလဲ မေးတော့ ကျွန်တော်က အန်းနီးသင်း လို့ ဖြေလိုက်ပါတယ်။ ဒါဆိုလည်း Subway မှာ ဆင်းဒဝစ် သွားစားကြတာပေါ့ ဆိုပြီး သူက ခေါ်လို့ ကျွန်တော်တို့ Subway ကို ရောက်သွားကြပါတယ်။
အဲဒီအချိန် အထိ ကျွန်တော် စင်ကာပူမှာ Subway တစ်ခါမှ မစားဖူးပါဘူး။ ဆိုင်ရောက်တော့ ဆင်းဒဝစ်ထဲ ကြိုက်တာထည့် ဆိုတော့ ပျားတုတ် ပါတော့တယ်။ ကျွန်တော်က ဆင်းဒဝစ်ဆို ချိစ်နဲ့ ငါးသေတ္တာကလွဲရင် ဘာမှ သိတဲ့ကောင် မဟုတ်ပါဘူး။ ကောင်တာနောက်က ဆင်းဒဝစ် လုပ်တဲ့သူက ဟိုဟာထည့်မလား မေးရင်လည်း ထည့်လိုက် ဒီဟာ ထည့်မလား မေးရင်လည်း ထည့်လိုက် လုပ်နေတာနဲ့ နောက်တော့ ကောင်တာထဲ ရှိသမျှ အစာ အားလုံးနီးပါး ထည့်ထားတဲ့ ဆင်းဒဝစ် တစ်ခု ထွက်လာပါတယ်။ ဘယ်လိုနေသလဲ မေးရင် အရမ်း ကောင်းပါတယ် (စိတ်ပျက်ဖို့)။ ဆင်းဒဝစ်က ပထမတစ်ကိုက် ကိုက်လိုက်ရင် ချဉ် နောက်တစ်ကိုက် ကိုက်လိုက်ရင်ဖန် နောက်တစ်ကိုက် ကိုက်လိုက်ရင် ခါးနဲ့ ဘယ်လို အရသာ ရှိမှန်းကို မသိတော့ပါဘူး။ နောက်နေ့ကစပြီး ကျွန်တော့်ကို ဘာစားမလဲ မေးရင် နည်းနည်း လေသံ ပြောင်းသွားပါတယ်။ ဘာဖြစ်ဖြစ် ဆင်းဒဝစ်က လွဲလို့လို့ သူတို့ကို ပြောတတ်ပါတယ်။
အမေရိကန်က စားသောက်ဆိုင်တွေထဲမှာ Chili's နဲ့ Ruby Tuesday ကို သဘောကျပါတယ်။ အမေရိကား သွားရင် ဒီနှစ်ဆိုင်ပဲ အရောက်များလို့လားတော့ မသိပါဘူး။ အခု စင်ကာပူမှာ Chili's ဖွင့်နေတာ တွေ့ပေမယ့် သွားမစားဖြစ် သေးပါဘူး။ အမေရိကန် ရောက်ခါစက စားသောက်ဆိုင်မှာ အအေးထပ်ဖြည့်မလားလို့ စားပွဲထိုးက မေးတော့ စင်ကာပူမှာလို ပိုက်ဆံ ထပ်ပေးရမယ် မှတ်လို့ မဖြည့်ဘူးလို့ ငြင်းပါတယ်။ အေးဂျင့်က အလကား ဖြည့်ပေးတာ ဘာဖြစ်လို့ မဖြည့်တာလဲ လို့ မေးမှ အဲဒီမှာ အအေးက ဖရီးဖလိုးမှန်း သိပါတယ်။ တစ်ခါတစ်လေတော့ မက်ကဆီကန် စားသောက်ဆိုင်ကို ရောက်ဖြစ် ပါတယ်။ မက္ကဆီကန် အစားအစာထဲမှာတော့ Fajitas ကို သဘောကျပါတယ်။ ပလာတာလိုလို နံပြားလိုလို အပြားတွေအပြင် မက္ကဆီကန် ထမင်းတွေပါ ပါတာမို့ အရသာစုံတယ် လို့ ထင်ပါတယ်။ တစ်ခါကတော့ အေးဂျင့်က မွန်ဂိုးလီးယား အစားအစာ စားမလား မေးတော့ မဆိုးပါဘူး။ အပြောင်းအလဲပေါ့ ဆိုပြီး သဘောတူလိုက်ပါတယ်။ ဆိုင်ကိုသွားရင်း မွန်ဂိုးလီးယား အစားအစာ ဆိုတာ ဘယ်လိုများ နေမလဲလို့ စိတ်ထဲမှာ တွေးနေပါတယ်။ ဆိုင်ရောက်တော့မှ မွန်ဂိုးလီးယားစာဆိုတာ တရုတ်စာ မှန်း သဘောပေါက် ပါတယ်။ ဘာမှ မကွာသလိုပါပဲ။ ဆူရှီတောင် ပါလိုက်ပါသေးတယ်။ (မွန်ဂိုမှာလည်း ဂျပန်တွေ ရှိလို့ နေမှာပေါ့။ :D )
ဥရောပမှာတော့ အစားအသောက် တော်တော်များများနဲ့ ပါးစပ်တည့်ပါတယ်။ ပါးစပ်နဲ့ မတည့်တာကလည်း ခပ်ရှားရှား မို့ နေမှာပါ။ တစ်ခါတုန်းက ဟော်လန် တောင်ပိုင်း အိုင်ဒိုဗင်မှာ ဆော့ဖ်ဝဲလ် သွားပြင်ရင်း တစ်ပတ်လောက် နေဖြစ်ပါတယ်။ တစ်နေ့တော့ ညနေဖက် ဟိုတယ်မှာ နှပ်နေတုန်း ဟော်လန်ရုံးက အင်ဂျင်နီယာ ရှန်ပေါလ်က ညနေစာ သွားစားဖို့ လာခေါ်ပါတယ်။ ကျွန်တော်က သူတို့ဆီမှာ ဧည့်သည်မို့ ထုံးစံအတိုင်း ဧည့်ခံတဲ့ အနေနဲ့ လိုက်ကျွေးတာပါ။ အိုင်ဒိုဗင် ဈေးထဲ ရောက်သွားတော့ သူက ကျွန်တော့်ကို ပြင်သစ်စာ စားချင်သလား၊ အီတလီစာ စားချင်သလား မေးပါတယ်။ ကျွန်တော်က ဟော်လန် ရောက်နေတုန်း ဒတ်ချ်အစားအသောက် စားကြည့်ချင်တယ်လို့ ပြောတော့ သူက ရယ်ပါတယ်။ နောက်တော့ ငါတို့ ဒတ်ချ် အစားအစာက ဆိုင်ဖွင့် ရောင်းတဲ့သူ ရှားတယ်။ အိမ်မှာ ချက်စားတာပဲ များတယ်လို့ သူက ကျွန်တော့်ကို ပြန်ပြော ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ အီတလီ စားသောက်ဆိုင်ပဲ ရောက်သွားကြပါတယ်။
၂ ရက် ၃ ရက်လောက်နေတော့ ကျွန်တော်နဲ့ ဥရောပမှာ အလုပ်တွဲလုပ်နေကျ အင်ဂျင်နီယာ မာ့က်ခ် ဂျာမနီက ပြန်လာပြီး ကျွန်တော့်ဆီ ရောက်လာပါတယ်။ သူနဲ့ ကျွန်တော် စက်ရုံမှာ ဆော့ဖ်ဝဲလ်ကို အပြီးသတ်ပြီးတော့ ကျွန်တော် အမြဲ နေနေကျနေရာ အုတ်ဟောက်စ်ရွာကို ပြန်ခဲ့ပါတယ်။ လမ်းမှာ ကျွန်တော်က သူ့ကို ဟိုနေ့က ရှန်ပေါလ်နဲ့ ညနေစာ သွားစားတဲ့ အကြောင်း ပြောရင်း ဒတ်ချ်အစားအစာ စားချင်တယ် ပြောတာ မရှိဘူး ပြောတဲ့ အကြောင်း သူ့ကို ပြန်ပြောပြ ပါတယ်။ သူက ဟုတ်တယ်။ ဆိုင်တွေမှာ ဒတ်ချ်အစားအစာ ဆိုပြီး ရောင်းလေ့ ရောင်းထမရှိဘူး။ ဒါပေမယ့် မင်းစားချင်ရင်တော့ ငါစီစဉ်ပေးမယ်လို့ ပြောပါတယ်။ နောက်တော့ သူ့အိမ်ကို ဖုန်းဆက်ပြီး သူ့မိန်းမကို ညနေစာ တစ်ယောက်စာ ပိုချက်ထားဖို့ လှမ်းမှာလိုက် ပါတယ်။ ကျွန်တော်လည်း အားလည်းနာတယ် ခင်လည်းခင်တယ်လေ ဆိုပြီး ဒတ်ချ်အစားအသောက် စားဖို့ သူ့အိမ် လိုက်သွား ပါတယ်။ သူကျွေးတဲ့ ဒတ်ချ် အစားအစာက ဘာလဲဆိုတော့ ဝက်အူချောင်း အကြီးကြီး တစ်ချောင်း၊ အာလူး နည်းနည်းပါးပါးနဲ့ အရွက်ကြော် တစ်ပွဲပါပဲ။ သူက ဒါ ငါတို့ ဒတ်ချ်တွေ စားနေကျ အစားအစာပဲလို့ ပြောပါတယ်။ အင်း ဒါကြောင့်လည်း ဆိုင်ဖွင့် မရောင်းကြတာကိုး ဆိုပြီးတော့ ကျွန်တော်လည်း သဘောပေါက်သွားပါတယ်။
အစားအသောက် နာမည် မခေါ်တတ်တာ အစားအသောက် နာမည်ကို နားမလည်တာလည်း ကွိုင်တစ်မျိုး ပါပဲ။ အိုင်ယာလန်မှာ ရောက်နေတဲ့ အချိန်တုန်းက ဟိုတယ် စားသောက်ခန်းမမှာ မီနူးကြည့်ရင်း Goat Cheese ဆိုတာကို ဆိတ်သားနဲ့ ချိစ်လို့ ကိုယ့်ဘာသာကိုယ် ခပ်တည်တည် ဘာသာပြန်ပြီး မှာထည့်လိုက်ပါတယ်။ စိတ်ထဲမှာတော့ ဆိတ်သားကို mutton မရေးဘဲ Goat လို့ ရေးထားတာ နည်းနည်း ထူးဆန်းနေတယ် ထင်ပါတယ်။ မှာထားတာ ရောက်လာလို့ အသားတစ်တုံးမှ ပါမလာတော့မှပဲ Goat Cheese ဆိုတာ ဆိတ်နို့က လုပ်ထားတဲ့ ချိစ်ကို ခေါ်တာ ဆိုပြီး နားလည်သွား ပါတယ်။ အသိနောက်ကျတော့လည်း ချိစ်နဲ့ပဲ အသားမပါဘဲ ကျေနပ် လိုက်ရပါတယ်။
မွေးကတည်းက ထမင်းစားလာတော့ ထမင်းနဲ့ ဝေးတာ ကြာရင် ပါးစပ်က မနေနိုင်ပါဘူး။ ဘယ်လောက် ကောင်းတာတွေပဲ စားနေရ ပါစေ ထမင်းစားချင်စိတ် ပေါ်လာတာတော့ အမှန်ပါပဲ။ အဲဒီ အချိန် ထမင်းသာ စားရရင် ဘယ်လိုပဲ စားလိုက်ရ စားလိုက်ရ ဆိုတာမျိုး စိတ်ထဲ က ဖြစ်လာတတ် ပါတယ်။ ထမင်း အကြောင်းပြောရင် ပင်ဆယ်ဗေးနီးယားက သူငယ်ချင်းကို သတိရ ပါတယ်။ ကျွန်တော် အမေရိကန် ရောက်တဲ့ အခါတိုင်း သူနဲ့ ဖုန်းပြော ဖြစ်ပါတယ်။ တစ်နေ့တော့ ကျွန်တော်တို့ ထမင်း အကြောင်း စကားစပ်မိလို့ ပြောကြရင်း သူက ငါတို့ဆီမှာ ဆန်မရှိဘူးကွ လို့ ပြောလို့ ကျွန်တော် အတော်လေး အံ့အားသင့် သွားပါတယ်။ အဲဒါနဲ့ ကျွန်တော်က သူ့ကို အဲဒါဆို ခင်ဗျား ထမင်း ဘယ်လိုစားသလဲ မေးတော့ ငါ အရင်တစ်ခေါက်က ကယ်လီဖိုးနီးယားကို အလည်သွားတုန်းက 10 Kg ရှိတဲ့ ဆန်တစ်အိတ် ဝယ်လာတယ်။ အဲဒါနဲ့ စားချင်စိတ် ပေါ်လာတိုင်း ချက်စားနေရတာပဲ လို့ သူက ကျွန်တော့်ကို ပြောပြပါတယ်။ ကျွန်တော့် စိတ်ထဲမှာ အတော်တော့ ထူးဆန်းနေပါတယ်။ အဲဒါကြောင့် နောက်နေ့ အေးဂျင့်ကို မင်းတို့ အမေရိကန်မှာ ဆန်ဒီလောက်တောင် ရှားရသလား မေးတော့ အေးဂျင့်က မရှားပါဘူးဟ။ ဝယ်လို့ ရပါတယ်။ ရိုးရိုးဆန် မရှိရင်တောင် ဆူရှီလိပ်တဲ့ဆန်တော့ ဘယ်နေရာ မဆို ဝယ်လို့ ရပါတယ် လို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။ မင်းသူငယ်ချင်း ဝယ်လို့ မရဘူး ဆိုတာ ဘယ်နားဝယ်ရမှန်း မသိလို့ နေမှာပါ ဆိုမှပဲ ကယ်လီဖိုးနီးယားကနေ ပင်ဆယ်ဗေးနီးယား အထိ လေယာဉ်နဲ့ 10 Kg ဆန်တစ်အိတ်ကို တကူးတက သယ်လာရတဲ့ သူ့အဖြစ်ကို စဉ်းစားပြီး ပြုံးမိပါတယ်။

ခရီးသွား,
ဟော်လန်,
အမေရိကန်,
အိုင်ယာလန်,
ဥရောပ
Thursday, April 22, 2010
နည်းနည်းလေးတော့ လွဲနေတယ်
ရန်ကုန်တက္ကသိုလ်မှာ ကွန်ပြူတာဌာန စဖွင့်တဲ့အချိန်တုန်းက ရန်ကုန်တက္ကသိုလ် သင်္ချာတွက်စက်ဌာန ဆိုတဲ့ နာမည်နဲ့ စခဲ့တယ်လို့ ကြားဖူးပါတယ်။ ကွန်ပြူတာ သင်ဖို့ နိုင်ငံခြားကို ပညာတော်သင် လွှတ်လိုက်တဲ့သူတွေ ပြန်လာတဲ့ အခါကျမှ ကွန်ပြူတာဆိုတာ သင်္ချာတွက်စက် သက်သက် မဟုတ်မှန်း သိလို့ ရန်ကုန်တက္ကသိုလ် ကွန်ပြူတာဌာန ဆိုပြီး ပြန်ပြောင်းခဲ့တယ် လို့ ဆိုပါတယ်။ အဲဒါက ACE မှာ ကွန်ပြူတာ သင်တန်း တက်တုန်းက ဆရာ ဦးသိန်းဦး ပြောပြခဲ့ဖူးတာပါ။
ကျွန်တော်တို့ တတွေတော့ ကွန်ပြူတာကို စသုံးကတည်းက အင်္ဂလိပ်လို သုံးလာခဲ့တာမို့ ကွန်ပြူတာနဲ့ ပတ်သက်တဲ့ အခေါ်အဝေါ်တွေကို မြန်မာလို ကြားရရင် နားထဲမှာ ကန့်လန့်ကြီး ဖြစ်နေတတ် ပါတယ်။ Hardware ကို အမာထည်၊ Software ကို အနုထည်လို့ ရေးထားတာမျိုး ဖတ်ရရင် စိတ်ထဲမှာ ကျလိကျလိ ဖြစ်နေတတ်ပါတယ်။ မြန်မာလိုသာ တိုက်ရိုက်ဘာသာပြန် ရရင် ဖိုရမ်ထဲမှာ ဖတ်ဖူးသလို Plug and Play ကို စွပ်ပြီးဆော့ လို့ ပြန်တာမျိုး ဖြစ်နေပါလိမ့်မယ်။ အခုနောက်ပိုင်း မြန်မာလို ဘာသာပြန်ထားတဲ့ ဆော့ဖ်ဝဲလ်တွေမှာ "သိမ်းပါ" တို့ "ဆက်မလုပ်ရန်" တို့တွေ့ရင် ကိုယ်က အင်္ဂလိပ်လို အမြဲသုံးနေကျမို့ တခါတလေ ဘာကို ဆိုလိုချင်မှန်း မသိအောင်ကို အူကြောင်ကြောင် ဖြစ်နေတတ် ပါတယ်။
ဒါပေမယ့်လည်း ကမ္ဘာပေါ်မှာ သုံးနေတဲ့ ဆော့ဖ်ဝဲလ်တိုင်းက အင်္ဂလိပ်လို ရေးထားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဥရောပကို စက်တွေရောင်းတာ အတော်များလာတော့ ဥရောပ အရောင်းကိုယ်စားလှယ်တွေက စက်ပေါ်မှာ ရေးထားတဲ့ ဆော့ဖ်ဝဲလ်ကို ဘာသာပြန်ခိုင်းပါတယ်။ ကျွန်တော်တို့က မင်းတို့ ဥရောပမှာ အင်္ဂလိပ်လို မတတ်ကြဘူးလား။ အင်္ဂလိပ်လို ရေးထားတော့ သုံးမရဘူးလားလို့ နှက်တော့ သူတို့က အင်္ဂလိပ်လိုတော့ တတ်တာပေါ့ကွာ။ ဒါပေမယ့် တခြားစက်တွေက အကုန်လုံး ဥရောပက ထုတ်တဲ့စက်တွေ ဆိုတော့ ဥရောပမှာ သုံးတဲ့ ဘာသာစကားတွေနဲ့ ဘာသာပြန်ပြီးသား ပါတယ်။ ငါတို့က ဘာသာ မပြန်ရင် ငါတို့သူများနဲ့ မယှဉ်နိုင်ပဲ နေလိမ့်မယ်လို့ ပြန်ပြောပါတယ်။ ဒီလိုနဲ့ ဂျာမနီကို ပို့မယ့် စက်တစ်လုံးက ဆော့ဖ်ဝဲလ်ကို ကျွန်တော်တို့ ဘာသာပြန်ကြပါတယ်။ ကျွန်တော်တို့က သူတို့ကို ကွန်ပြူတာ ပေါ်မှာ ပေါ်သမျှ မီနူးတွေ ခလုပ်တွေမှာ ပါသမျှ အင်္ဂလိပ်စာတွေ ၊ Error တက်လာရင် ပေါ်တဲ့ Message တွေကို စာရင်းလုပ်ပေးရပါတယ်။ သူတို့က အဲဒီစာတွေကို ဘာသာပြန်ပြီး ကျွန်တော်တို့ကို ပြန်ပို့ ပေးပါတယ်။
အဲဒီစာတွေ အကုန်လုံးကို ဆော့ဖ်ဝဲလ်ထဲ ရိုက်ထည့်လိုက်လို့လည်း မဖြစ်သေးပါဘူး။ အဲဒါဆို ကျွန်တော်တို့ ကိုယ့်စက်ကိုယ် ပြင်တဲ့အချိန် ဒီလောက် ခလုပ်တွေ အများကြီးထဲက ဘယ်ခလုပ် နှိပ်လို့ နှိပ်ရမှန်း မသိဘဲ မြွေကိုက်မှာပါ။ အဲဒါကြောင့် ဖိုင်ထဲမှာ အင်္ဂလိပ်စာ တခြမ်း ဂျာမန်စာ တခြမ်း ထည့်ပြီး ဘာသာစကား နှစ်မျိုး သုံးလို့ရအောင် လုပ်ပေးရပါတယ်။ အခုနောက်ပိုင်း ထွက်တဲ့ C# လို ဆော့ဖ်ဝဲလ်မျိုးမှာ ဘာသာပြန်ဖို့ လွယ်ပေမယ့် နိုင်တီးဂွမ်တီးက Visual Basic 6 နဲ့ ရေးထားတဲ့ ဆော့ဖ်ဝဲလ်မျိုးကိုတော့ ဘာသာ ၂မျိုး ထွက်အောင် ပြန်ပြင်ရတာ အတော်စားပါတယ်။ ဘာသာ ၂ မျိုးနဲ့ စပြီး သုံးခါစက အင်္ဂလိပ်လို ပေါ်လိုက် ဂျာမန်လို ပေါ်လိုက် တောင်တခြမ်း မြောက်တခြမ်း ဖြစ်နေပေမယ့် နောက်တော့လည်း ပြင်ရင်း ပြင်ရင်းနဲ့ အဆင်ပြေသွားပါတယ်။ စက်မှာသုံးတဲ့ ဆော့ဖ်ဝဲလ်ကို ဂျာမန်လို ပြီးတော့ ပြင်သစ်လို၊ ဒတ်ချ်လို နောက်တော့ စပိန်လို ကျွန်တော်တို့ ဘာသာပြန်ကြပါတယ်။ ကျွန်တော်မှတ်မိသလောက်တော့ OK ဆိုတဲ့ စာလုံးက လွဲရင် ကျန်တဲ့စာလုံး အကုန် ဘာသာပြန်ရပါတယ်။ OK ကတော့ ဘာသာစကား အတော်များများမှာ ဒီစာလုံးပါပဲ။ ဒါပေမယ့်လည်း ကျွန်တော်တို့ ကိုယ်တိုင် ဘာသာပြန်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က အင်္ဂလိပ်လို ရေးပေးပြီး တခြားသူကို ပိုက်ဆံပေးပြီး ဘာသာပြန် ခိုင်းတာပါ။ နောက်ပိုင်းမှာတော့ ဥရောပကို သွားတဲ့ စက်တိုင်းလိုလိုမှာ ဘာသာစကား ၂ မျိုးစီ ထည့်ပေးရပါတယ်။
ကျွန်တော်က ဆော့ဖ်ဝဲလ်ရေးတဲ့သူပေမယ့် စက်တစ်လုံး မထွက်ခင် ကွာလတီ စစ်တဲ့ ကိစ္စတွေလည်း ပါရပါသေးတယ်။ ဥရောပက ကွန်ပလိန်း အတော်များများက ကျွန်တော့်ဆီ ရောက်တာမို့ သူတို့ ဘယ်နေရာ ကွန်ပလိန်း တက်တတ်တယ် စက်ကို ဘယ်လို ကလိတတ်တယ် ဆိုတာ ကျွန်တော် ကောင်းကောင်း သိထားပါတယ်။ အဲဒီတော့ စက်ပို့လိုက်ရင် သူတို့ဆီက ကွန်ပလိန်း သိပ်မလာအောင် ကြိုကန်ပေးရတဲ့ သဘောပါ။ ဒါပေမယ့်လည်း ဘယ်သူရေးလိုက်တဲ့ ဆော့ဖ်ဝဲလ် ဖြစ်ဖြစ် ကွန်ပလိန်း တက်ရင် ကျွန်တော် ရှင်းပေးရပါတယ်။
ဒီလိုနဲ့ တစ်နေ့တော့ ကျွန်တော်တို့ ဟော်လန်ကို စက်တလုံး ပို့ပါတယ်။ ဒတ်ချ်ဘာသာ ပြန်ပြီးသား ဖိုင်က အသင့်ရှိတော့ စက်မှာ အဲဒီ ဒတ်ချ်ဘာသာ ဖိုင်ထဲက စာတွေကို ကူးပြီး ထည့်ပေးလိုက်ပါတယ်။ ဒါပေမယ့်လည်း စက်ရောက်သွားပြီး မကြာခင်မှာပဲ အေးဂျင့်က ကျွန်တော့်ကို ဖုန်းဆက်ပါတယ်။
"မင်းကောင်တွေတော့ လုပ်ထည့်လိုက်ပြန်ပြီကွာ။"
"ဘာဖြစ်လို့လဲလို့"
"ဘာဖြစ်ရမလဲ။ ဒတ်ချ်လို ဘာသာပြန်ပါ ဆိုတာကို ဟော်လန်ပို့တဲ့စက်ကို ဂျာမန်လို ဘာသာပြန် ထည့်လိုက်တယ်။ သေသေချာချာ မစစ်ကြဘူး။"
သူက တခြား အင်ဂျင်နီယာ တစ်ယောက် လုပ်လိုက်တာလို့ ထင်ပါတယ်။ အမှန်တကယ်ကတော့ အဲဒီစက်က ကျွန်တော် လုပ်လိုက်တဲ့စက်ပါ။ အဲဒါနဲ့ ကျွန်တော်က ပြန်ပြောပါတယ်။
"မမှားပါဘူး။ တခြားသူ လုပ်တာလည်း မဟုတ်ဘူး။ အဲဒီစက်ကို ဘာသာပြန်တာ ငါပြန်တာ။ ငါသေသေချာချာ ကြည့်လိုက်တာပဲ။ ဒတ်ချ်လို ဘာသာပြန်ထားတာ သေချာပါတယ်။"
သူကလည်း အတင်းငြင်းပါတယ်။
"သေချာတယ်။ ဂျာမန်လိုမှ ဂျာမန်လို ရေးထားတာ။ ငါဒတ်ချ်လိုရော ဂျာမန်လိုရော တတ်တယ်။ ငါအခု စက်ဘေးမှာ ရှိနေတယ်။ မင်းပြန်စစ်ကြည့်ဦး။"
ကျွန်တော်လည်း အဲဒီစက်မှာ ပါသွားတဲ့ ဆော့ဖ်ဝဲလ်နဲ့ ဘာသာပြန် ဖိုင်ကို ချက်ချင်း စစ်ပြီး ဖွင့်ကြည့်ပါတယ်။ အဲဒီဖိုင်ရဲ့ ခေါင်းစဥ်ကို ကျွန်တော်မြင်တာက ဒတ်ချ်ဘာသာ မှ ဒတ်ချ်ဘာသာ အစစ်ပါ။ အဲဒါနဲ့ ကျွန်တော်က သူ့ကို ပြန်ပြောပါတယ်။
" ငါအခုကြည့်ပြီးပြီ။ သေချာတယ်။ ဒတ်ချ်လို ဘာသာပြန်ထားတဲ့ဖိုင်။ ဒီမှာ အပေါ်မှာ Deutsch လို့ ရေးထားတယ်။"
အဲဒီလို ပြောတာ ကြားတော့ ဥရောပရုံးက အေးဂျင့်က ဟိုဖက်ကနေ ဟက်ဟက်ပက်ပက် အော်ရယ်ပါတယ်။
"မိုင်ဂေါ့ဒ်။ Deutsch ဆိုတာ ဂျာမန်စာကို ပြောတာကွ။ ဒတ်ချ်ကို Dutch လို့ ပေါင်းတယ်" လို့ သူက ပြန်ပြောပါတယ်။ အဲဒီတော့ ကျွန်တော့ ဘေးနားမှာ ရှိနေတဲ့ မန်နေဂျာက ဝင်ပြောပါတယ်။
"အေးလေကွာ။ ဘယ်သိမှာလဲ။ ငါတို့ သိတာ ဒတ်ချ်လို့ သိတာပဲ။ မင်းတို့ အခုပြောမှ Deutsch ဆိုတာ ဂျာမန်စာကို ခေါ်တာမှန်း ငါလည်း သိတာ။ အပေါ်မှာ ဂျာမန်လို့ ရှင်းရှင်းလင်းလင်း ရေးပါလား။"
"ရတယ်။ မသိလို့ မှားတာ ကိစ္စမရှိပါဘူး။ ငါတို့ကို ဒတ်ချ်ဘာသာ ဖိုင်သာ ပို့ပေးလိုက်။ ကိုယ့်ဘာသာကိုယ် လိုတာ ထပ်ထည့်လိုက်မယ်။" လို့ သူက ပြန်ပြောပါတယ်။ ဒီလိုနဲ့ ဇာတ်လမ်း ပြတ်သွားပါတယ်။
အဲဒီတော့မှ Deutsch ဆိုတာ ဂျာမန်ဘာသာ Deutschland ဆိုတာ ဂျာမနီကို ခေါ်တယ် ဆိုတာ ကျွန်တော်တို့ သိလိုက်ရပါတယ်။ မှားတဲ့ အခါလည်း မှားပေဦးမှာပေါ့။ Deutsch နဲ့ Dutch ကလည်း သိပ်ကွာတာမှ မဟုတ်တာ။

ဂျာမနီ,
ဟော်လန်,
အတွေ့အကြုံ,
ဥရောပ
Tuesday, March 17, 2009
ဒတ်ခ်ျတစ်ယောက် ပြောပြတဲ့ ဟော်လန်အကြောင်း
ကျွန်တော် အလုပ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီ တစ်ခုရဲ့ ဥရောပ ရုံးခွဲဟာ ဟော်လန်နိုင်ငံ တောင်ပိုင်းက မြို့ငယ်ကလေး တစ်မြို့မှာ ရှိပါတယ်။ ကျွန်တော် ဥရောပမှာ သွားဖြစ်တဲ့ ခရီး အတော်များများဟာလည်း ဟော်လန်ကို အခြေပြုပြီး သွားရတာ များပါတယ်။ ကျွန်တော်နဲ့ အတူတူ အလုပ်တွဲပြီး လုပ်ခဲ့ရတဲ့ အင်ဂျင်နီယာ အများစုဟာလည်း ဒတ်ခ်ျလူမျိုး တွေပါပဲ။ ကျွန်တော်တို့ တစ်တွေ အမြဲ မကြာခဏ ဆိုသလို စင်ကာပူ အကြောင်း၊ မြန်မာနိုင်ငံ အကြောင်းနဲ့ ဟော်လန် နိုင်ငံ အကြောင်းတွေ ဆွေးနွေး ဖြစ်ပါတယ်။ သူတို့နဲ့ ပြောဖြစ်တဲ့ အထဲက ဟော်လန်နိုင်ငံနဲ့ ပတ်သက်တဲ့ တစ်ချို့ အကြောင်းအရာ ကလေးတွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။
ကျွန်တော့် လုပ်ဖော်ကိုင်ဖက် မာ့က်ခ် က သူတို့ ဟော်လန်နိုင်ငံမှာ ဆင်းရဲတဲ့ လူတန်းစားနဲ့ ချမ်းသာတဲ့ လူတန်းစား ကွာဟမှုကို ထိန်းသိမ်းထားတဲ့ ပုံစံကို ရှင်းပြပါတယ်။ အမြတ်ခွန်နဲ့ ထိန်းသိမ်းထားတာပါ။ မိဘကနေ သားသမီးကို အိမ်တစ်လုံး အမွေပေးချင်တယ် ဆိုရင် သားသမီးဘက်က အိမ်တန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းကို အခွန်ဆောင် ပြီးမှ အမွေဆက်ခံခွင့် ရှိပါတယ်။ အဲဒီလိုပဲ မိသားစုပိုင် ကုမ္ပဏီတစ်ခုကို မိဘက သားသမီးကို လွှဲပေးချင်တယ် ဆိုရင် ကုမ္ပဏီတန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်းကို အခွန်ဆောင်ပြီးမှ သားသမီးက ဆက်ခံခွင့် ရှိပါတယ်။ အဲဒီတော့ အသက်ကြီးလာတဲ့ လူကြီးတွေ အတော်များများက သားသမီးကို အမွေ တိုက်ရိုက်မပေးတော့ပဲ သွယ်ဝိုက်သော နည်းနဲ့ပဲ ပေးကြ ပါတော့တယ်။ သူတို့ရဲ့ လုပ်နည်းလုပ်ဟန်ကတော့ အိမ်ကို ရောင်းချပြီး ပိုက်ဆံကို ဘဏ်ထဲ ထည့်ထား ပါတယ်။ နှစ်တိုင်းလိုလို သူတို့ နိုင်ငံခြားကို ခရီးအထွက် ပြပြီး နိုင်ငံခြားမှာ ပိုက်ဆံ ဘယ်လောက် သုံးခဲ့တယ် ဆိုပြီး အကောက်ခွန် စာရင်းကို ရှင်းပါတယ်။ နိုင်ငံခြားမှာ သုံးခဲ့တဲ့ ပိုက်ဆံအတွက် ငွေလက်ခံ ဖြတ်ပိုင်းက အရေးမကြီးပါဘူး။ နောက်မှ အဲဒီလို သုံးခဲ့တယ်လို့ ပြခဲ့တဲ့ ပိုက်ဆံတွေကို ငွေသားနဲ့ သားသမီးတွေဆီ ပြန်ပေးပါတယ်။ သူတို့ဆီမှာ အဲဒီလိုနည်းနဲ့ သားသမီး တွေကို အမွေပေးရပြီး အဲဒီလို ပိုက်ဆံကို ခြေအိတ်ထဲက လာတဲ့ပိုက်ဆံလို့ ခေါ်ကြောင်း ရှင်းပြပါတယ်။ အဲဒီအတွက် မိဘချမ်းသာတိုင်း သားသမီးက အလိုအလျောက် ချမ်းသာတာမျိုး မရှိတဲ့အတွက် ဆင်းရဲချမ်းသာ ကွာဟမှုကို ထိန်းထားနိုင်တယ် လို့ ပြောပါတယ်။
နောက်တော့ သူတို့ဆီက မှုခင်းနဲ့ ဆိုင်ပြီး အလွန် ပေါ့လျော့တဲ့ စနစ်ကို ရှင်းပြပါတယ်။ အမ်စတာဒမ်လို မြို့မှာ လူတစ်ယောက်က ဓားကိုင်ပြီး ဓားပြတိုက်တဲ့ အချိန် တစ်ပါးသူကို အနာတရ ဖြစ်အောင် မလုပ်ရင် သူ့ကို ရဲက တရားမစွဲဘဲ ကြာကြာ ဖမ်းထားလို့မရပါဘူး။ သက်သေ အလုံအလောက် ရှာရပါတယ်။ သက်သေ မရှိရင် ပြန်လွှတ်ပေးရပါတယ်။ အမှုစစ်တုန်းမှာလည်း ရိုက်နှက် နှိပ်စက်ခွင့် မရှိပါဘူး။ အရိုက်အနှက် ခံရရင် ရဲကို ပြန်ပြီး တရားစွဲလို့ ရပါတယ်။ အဲဒီတော့ ခုနက ဓားကိုင်ပြီး ဓားပြတိုက်လို့ ရဲက ဖမ်းသွားတဲ့ ကောင်က ခဏနေရင် အပြင်ပြန် ရောက်လာတာပဲ လို့ပြောပါတယ်။ “ကောင်းတော့ မကောင်းဘူးပေါ့ကွာ။ ရာဇဝတ်မှုကတော့ တစ်ချိန်လုံး ဖြစ်နေတာပဲ။ ကြီးကြီးမားမား မဖြစ်တာပဲ ရှိတယ်။” လို့ သူက ရှင်းပြပါတယ်။ “ဒါပေမယ့် အဲဒီလို အကြောင်း တွေကြောင့် ဟော်လန်မှာ ရဲဆိုရင် ဘယ်ကောင်ကမှ မကြောက်ကြဘူးကွ။ ဘယ်လ်ဂျီယမ်က ရဲတွေကတော့ လူညီတော့ အချုပ်ထဲ ရောက်လာရင် ဝိုင်းသမတယ်။ အဲဒီတော့ ငါတို့ဆီက ကောင်တွေက ဟော်လန်ရဲကို မကြောက်ဘူး။ ဘယ်လ်ဂျီယမ် ရဲကိုတော့ ကြောက်ကြတယ်။” လို့ သူက ရယ်ပြီး ပြောပါတယ်။
နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စတစ်ခုကတော့ ယုံကြည်ကိုးကွယ်မှုနဲ့ ဆိုင်တဲ့ ကိစ္စပါ။ သူတို့ ဒတ်ခ်ျလူမျိုး အတော်များများဟာ ခရစ်ယာန် ဘာသာဝင်တွေပါ။ ဒါပေမယ့် တော်ရုံတန်ရုံ လူလတ်ပိုင်းနဲ့ အဲဒီထက် ငယ်တဲ့သူတွေက ဘုရားကျောင်း တက်လေ့ မရှိပါဘူး။ ဘာလို့လဲ ဆိုပြီး မေးကြည့်တော့ “လူ့အဖွဲ့အစည်းထဲမှာ ဘယ်ဟာ ကောင်းတယ် ဘယ်ဟာ မကောင်းဘူး ဆိုတာ ဆင်ခြင်တုံတရား (Common Sense) နဲ့ တွေးပြီး ဆုံးဖြတ်လို့ ရတဲ့ ကိစ္စချည်းပဲ။ ဘုရားကျောင်း သွားလည်း ဒါတွေပဲ ထပ်ပြော ဦးမှာပဲ။ အဲဒီတော့ ဘုရားကျောင်း သွားတာ အသက် ၆၀ ကျော်တဲ့ ငါတို့ အမေလို လူကြီးတွေ လုပ်တဲ့ အလုပ်။ ငါ့တို့ အရွယ်တွေရဲ့ အလုပ်မဟုတ်ဘူး။” လို့ မာ့က်ခ် က ပြန်ဖြေပါတယ်။ အဲဒီ အယူအဆဟာ သူ့ရဲ့ အယူအဆ သက်သက် မဟုတ်ပါဘူး။ သူတို့နဲ့ ရွယ်တူ ဒတ်ခ်ျလူမျိုး အများစုမှာလည်း အဲဒီလို အယူအဆတွေ ရှိပါတယ်။ ဘုရားကျောင်းကို သွားတဲ့သူ နည်းတော့ ဘုရားကျောင်းမှာ ကောက်ခံလို့ရတဲ့ အလှူငွေလည်း နည်းလာပါတယ်။ အဲဒီအတွက် နာမည် မကြီးတဲ့ ဘုရားကျောင်း အချို့ဟာ ဆက်လက် ရပ်တည်ဖို့ အခက်အခဲ ဖြစ်လာပါတယ်။ ပြင်ဆင် ထိန်းသိမ်းခ မတတ်နိုင်တဲ့အတွက် ဘုရားကျောင်း အချို့ကို မြေနေရာနဲ့ အဆောက်အဦးပါ ရောင်းချရတဲ့ အထိ ဖြစ်လာပါတယ်။ အဲဒီမှာ ပေါက်တတ်ကရ လုပ်တတ်တဲ့ ကောင်တွေနဲ့ တွေ့တော့ ဘုရားကျောင်း အဆောက်အဦးနေရာကို နိုက်ကလပ် ဖွင့်လိုဖွင့်၊ အရက်ဘားဖွင့်လို့ဖွင့်နဲ့ ဖြစ်ချင်တိုင်းကို ဖြစ်နေကြ ပါတော့တယ်။ အဲဒါကြောင့် နောက်ပိုင်းမှာ ဘုရားကျောင်းတွေ ရောင်းချတဲ့ နေရာမှာ အထူးပြုတဲ့ ဘုရားကျောင်း ပွဲစားဆိုတာ ပေါ်လာတဲ့ အထိပါပဲ။ သူတို့ရဲ့ အဓိက အလုပ်က ဘုရားကျောင်းကို ပြတိုက်လိုမျိုး အတည်အတံ့ အလုပ်လုပ်မယ့်သူမျိုးကို ရှာဖွေပြီး ရောင်းပေးရတဲ့ အလုပ်မျိုးပါ။
အဲဒီကနေပြီး သူ့သမီး အကြောင်း စကားစပ်လို့ ပြောမိကြပါတယ်။ သူ့သမီးက အသက် ၆နှစ်လောက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် စနေတနင်္ဂနွေလို နေ့မျိုးဆိုရင် သူ့သမီးရဲ့ သူငယ်ချင်း ကလေးလေးတစ်ယောက်က သူတို့အိမ်မှာ လာအိပ်ပါတယ်။ အဲဒီလိုပဲ တစ်ချို့အပတ်တွေမှာ သူ့သမီးက သူငယ်ချင်းအိမ် သွားအိပ်ပါတယ်။ ကျွန်တော့် စိတ်ထဲမှာတော့ ကလေးတွေ အဲဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ဘာသာသူ လွှတ်ပေး ထားတာကို အတော် သဘောကျပါတယ်။ နောက်တော့ ဆက်ပြီး ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးတဲ့ (Corporal punishment) အကြောင်း ပြောဖြစ် ကြပါတယ်။ ကျွန်တော်က စင်ကာပူမှာ “spare the rod, spoiled the child” (တုတ်ကို ခွေျတာတာဟာ ကလေးကို ဖျက်ဆီးတာပဲ။) လို့ ပြောနေတတ်ကြတဲ့ အကြောင်း ပြန်ပြောပြတော့ သူက စင်ကာပူက လူတွေ အတော် ဆိုးတဲ့ လူတွေပဲ လို့ ပြောပါတယ်။ အမှန်တကယ်တော့ ကျွန်တော် ကိုယ်တိုင်လည်း ကလေးတွေကို ရိုက်နှက် ဆုံးမတာကို လက်သင့် ခံချင်တဲ့သူ မဟုတ်ပါဘူး။ ကျွန်တော် စိတ်ဝင်စားလို့ သူ့သမီးကို ဘယ်လို ဆုံးမသလဲ ဆိုတာကို စပ်စု ကြည့်ပါတယ်။ သူပြောပြချက်အရ “ကလေးကို ပြောမရရင် သူ့ကို အခန်းထောင့်တစ်နေရာ ပို့ပြီး လုံးဝ ဥပေက္ခါ ပြုထား လိုက်တာပဲ။ သူစကား ပြောရင်လည်း ငါတို့ ပြန်မပြောဘူး။ သူဘာပြောပြော ဂရုမစိုက်ဘူး။ အဲဒီလိုမျိုး လုပ်ထား ပေးလိုက်တော့ သူ့အတွက် နောက်ပိုင်းမှာ အဲဒီလို မဟုတ်တာလုပ်ရင် လူ့အဖွဲ့အစည်းက ဝိုင်းကြဉ်တာ ခံရမယ်ဆိုတာကို တစ်ခါတည်း ခေါင်းထဲ ရိုက်သွင်းပြီးသား ဖြစ်သွားရော။” လို့ သူက ကျွန်တော့်ကို ရှင်းပြပါတယ်။
တစ်ချို့ကိစ္စတွေက အတုယူစရာ ကောင်းတဲ့ ကိစ္စတွေ ဖြစ်ပြီးတော့ တစ်ချို့ ကိစ္စတွေ ကတော့ စဉ်းစားစရာ တစ်ခုခု ခေါင်းထဲမှာ ကျန်ခဲ့တဲ့ ကိစ္စတွေပါ။ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ တိုးတက်မှု အနေနဲ့ ယှဉ်ကြည့်မယ် ဆိုရင် စင်ကာပူနဲ့ ဟော်လန် သိပ်မကွာလှပါဘူး။ လူ့အခွင့်အရေးကို လေးစား လိုက်နာမှုနဲ့ တိုးတက်တဲ့ လူ့အဖွဲ့အစည်း တစ်ခုရဲ့ တွေးခေါ် ယူဆမှု တွေမှာတော့ စင်ကာပူနဲ့ ဟော်လန်ဟာ အပြတ်အသတ်ကို ကွာလွန်းတယ် ဆိုတာ သတိပြုခဲ့ မိပါတယ်။

Thursday, December 18, 2008
အုတ်စ်ဟောက်ကျေးရွာ (ဒီဇင်ဘာ ၂၀၀၆)
၂၀၀၆ ခုနှစ်က အခုလို ဒီဇင်ဘာအချိန်မှာ ကျွန်တော် ဟော်လန်နိုင်ငံကို ရောက်နေခဲ့ပါတယ်။ ဟော်လန်ကို ရောက်နေခဲ့တယ် ဆိုပေမယ့် ဟော်လန်မှာ အမြဲတမ်း နေဖြစ်တာတော့ မဟုတ်ပါဘူး။ အလုပ်လုပ်တဲ့ ရက်တွေမှာ တစ်ခြားနေရာတွေကို ရောက်နေလေ့ရှိပြီး စနေ တနင်္ဂနွေလို အားလပ်ရက်တွေမှာ အုတ်စ်ဟောက် (Oosterhout) ကျေးရွာကလေးမှာ နေဖြစ်ပါတယ်။ အဲဒီတုန်းက ရိုက်လာခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို အမှတ်တရအနေနဲ့ ပြန်တင်လိုက်တာပါ။
ကျွန်တော် တည်းခိုတဲ့ အင်း(Inn) ရဲ့ ရှေ့တည့်တည့်မှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်း တစ်ခု ရှိပါတယ်။

အပေါ်က ဓာတ်ပုံကတော့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို ကျွန်တော် တည်းခိုခဲ့တဲ့ ဟိုတယ်ဘက်က မဟုတ်ဘဲ အခြားတစ်ဖက်က ရိုက်ထားတဲ့ ပုံပါ။ စနေနေ့ဆိုရင် အဲဒီ ဘုရားကျောင်းရဲ့ ရှေ့က မြေကွက်လပ်မှာ ဈေးပွဲလေး တစ်ခု ရှိပါတယ်။ အနီးအနား ပတ်ဝန်းကျင် နေရာတွေကနေပြီး ကားတွေ ကာရာဗင်တွေနဲ့ ဈေးလာရောင်း ကြတာပါ။ အသီးအရွက်တွေ စားစရာတွေ အသားငါးတွေ အစုံပါပဲ။

အဲဒီ ဈေးပွဲကလေးကို ရိုက်ထားတဲ့ ပုံပါ။ အဲဒီဈေးပွဲကလေး ရဲ့ အနီးမှာ Wok စားသောက်ဆိုင် လို့ ခေါ်တဲ့ တရုတ်အစားအစာ ရောင်းတဲ့ ဘူဖေးစားသောက်ဆိုင် တစ်ဆိုင် ရှိပါတယ်။ ညနေပိုင်းမှ ဖွင့်တယ်လို့ ထင်ပါတယ်။ Wok စားသောက်ဆိုင်လို့ ခေါ်ရတာက အဲဒီမှာ ကိုယ်ကြိုက်တဲ့ အသားငါး အသီးအရွက်ကို ရွေးယူပြီး ဘူဖေးကောင်တာ နောက်မှာ အသင့်စောင့်နေတဲ့ စားဖိုမှူးတွေကို ကိုယ်စားချင်တဲ့ ဟင်းပုံစံ ပြောပြီး ပေးလိုက်ရင် သူတို့က အဲဒီပုံစံအတိုင်း Wok ထဲမှာ ထည့်ပြီး ချက်ပေးပါတယ်။ ဥပမာ ဇီချွမ်စတိုင် လို ပူပူစပ်စပ်လား၊ သာမန် ချိုချဉ်အရသာလား စသည်ဖြင့် သူတို့ ရှိတဲ့ စာရင်းထဲက ပုံစံ တစ်မျိုးမျိုးကို ရွေးပေးလို့ရပါတယ်။ ခေါက်ဆွဲကြော်လို ဆူရှီလို ချက်ပြီးသား အစားအစာတွေလည်း ရနိုင်ပါတယ်။ တစ်ယောက်စာကို ၁၈ ယူရိုလောက် ပေးရပါတယ်။
တရုတ်စားသောက်ဆိုင်ကနေ ညာဘက်ကို ဆက်သွားမယ် ဆိုရင်တော့ လူနေအိမ်တွေပဲ ရှိပါတော့တယ်။
ဒါကတော့ အဲဒီအနားမှာ ခန့်ခန့်ကြီးနဲ့ စန့်စန့်ကြီး ထိုင်နေတဲ့ ခွေးကို သဘောကျလို့ ရိုက်လာတဲ့ပုံပါ။
အဲဒီကနေ ဆက်သွားရင် တွေ့ရတဲ့ လူနေအိမ်တွေပါ။ အရှေ့ကို ဆက်သွားရင် ကြည့်စရာ မရှိတော့ပါဘူး။ နောက်ကိုပြန်လှည့်ရင်တော့ ဈေးပွဲကလေးထဲကို ပြန်ရောက်ပါတယ်။ အဲဒီအချိန်က ခရစ်စမတ်စ် နီးနေတဲ့ အချိန်ဖြစ်လို့ ဈေးပွဲကလေးထဲမှာ လမ်းဘေး တီးဝိုင်းတစ်ဝိုင်းက ခရစ်စမတ်စ် သီချင်းတွေ သီဆိုပြီး အလှူခံ နေပါတယ်။ အမှတ်တရ ဖြစ်အောင် သူတို့ တီးမှုတ်နေတဲ့ သီချင်း နှစ်ပုဒ်ကို အပြည့်မဟုတ်ပေမယ့် တစ်စိတ်တစ်ပိုင်း ဒစ်ဂျစ်တယ် ကင်မရာနဲ့ ဗွီဒီယိုရိုက်ခဲ့ပါတယ်။
ဈေးပွဲကလေးရဲ့ အဆုံးလောက်မှာ အင်ဒိုနီးရှား စားသောက်ဆိုင်ကလေး တစ်ဆိုင်ရှိပါတယ်။ အင်ဒိုနီးရှား စားသောက်ဆိုင်ကတော့ ဟော်လန်မှာ နေရာတကာမှာ ရှိတယ်လို့ ပြောကြပါတယ်။ ရှေ့ကို ဆက်ပြီး သွားရင်တော့ ဈေးပွဲကလေးလို ပျံကျဈေးသည်တွေ မဟုတ်ပဲ အမြဲတမ်း ဆိုင်ခန်းတွေနဲ့ ရောင်းတဲ့ ဈေးတစ်ဈေး ရှိပါတယ်။ အဝတ်အထည်ဆိုင်၊ ကစားစရာဆိုင်၊ စာအုပ်ဆိုင် စတဲ့ ဆိုင်ကလေးတွေ အများအပြားရှိတဲ့ အပြင် မောလ်(Mall) တစ်ခုလည်း ရှိပါတယ်။ အဲဒီမောလ်မှာ ကျွန်တော် နေ့လည်စာ စားလေ့ရှိပါတယ်။
အဲဒီမောလ် ထဲမှာ ရှိတဲ့ဆိုင်ကတော့ Fast Food ရောင်းတဲ့ ဆိုင်ပါ။ အာလူးကြော် ကော်ဖီလို အစားအသောက်မျိုးကို ကောင်တာမှာ မှာရပြီး အသားလိပ်လိုလို ကော်ပြန့်လိပ်လိုလို ဘာခေါ်မှန်း မသိတဲ့ အစားအသောက်တွေကို တော့ အကြွေစေ့ ထည့်ပြီး မှန်ပုံးထဲက ဖွင့်ယူရပါတယ်။ ပုံမှန်အားဖြင့် နေ့လည်စာအတွက် ၈ ယူရို ဝန်းကျင်လောက် ကုန်လေ့ရှိပါတယ်။
ဈေးနေရာ ဆုံးသွားတော့ အမြင်ဆန်းတဲ့ မြင်းလှည်းတစ်စီးကို တွေ့ရပါတယ်။ အဲဒီဈေးကလေးကို ကျော်သွားရင်တော့ ဟိုဖက်မှာ ကျောက်ခင်းလမ်းကလေး တစ်ခု ရှိပါတယ်။
အပေါ်ကပုံကတော့ ကျောက်ခင်းလမ်းကလေး ပေါ်ကနေ ဈေးရဲ့ အဝင်ဝလမ်းကို ပြန်ရိုက်ထားတဲ့ ပုံပါ။
လမ်းရဲ့ ညာဘက် အခြမ်းမှာ ကျောက်ရုပ်တွေ ရှိတဲ့ ပန်းခြံလို နေရာကလေးတစ်ခု ရှိပါတယ်။
ကျောက်ခင်းလမ်း ကလေးရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ သစ်ပင်ကြီးတွေ ရှိပါတယ်။

ဆောင်းရာသီမို့ သစ်ပင်တွေက အရွက်တွေ လမ်းမပေါ်ကို ကြွေကျနေပါတယ်။ လမ်းကလေး ရဲ့ ဘေးတစ်ဘက် တစ်ချက်မှာ ရေကန်ကလေး တစ်ကန်စီရှိပြီး ဘဲတွေက ဟိုဘက်ရေကန်ကနေ ဒီဘက်ရေကန်ကို လမ်းကို ဖြတ်ပြီး ပျံသန်းကာ ကူးလေ့ရှိပါတယ်။
ကျွန်တော် တည်းခိုတဲ့ အင်း(Inn) ရဲ့ ရှေ့တည့်တည့်မှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်း တစ်ခု ရှိပါတယ်။
အပေါ်က ဓာတ်ပုံကတော့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို ကျွန်တော် တည်းခိုခဲ့တဲ့ ဟိုတယ်ဘက်က မဟုတ်ဘဲ အခြားတစ်ဖက်က ရိုက်ထားတဲ့ ပုံပါ။ စနေနေ့ဆိုရင် အဲဒီ ဘုရားကျောင်းရဲ့ ရှေ့က မြေကွက်လပ်မှာ ဈေးပွဲလေး တစ်ခု ရှိပါတယ်။ အနီးအနား ပတ်ဝန်းကျင် နေရာတွေကနေပြီး ကားတွေ ကာရာဗင်တွေနဲ့ ဈေးလာရောင်း ကြတာပါ။ အသီးအရွက်တွေ စားစရာတွေ အသားငါးတွေ အစုံပါပဲ။
အဲဒီ ဈေးပွဲကလေးကို ရိုက်ထားတဲ့ ပုံပါ။ အဲဒီဈေးပွဲကလေး ရဲ့ အနီးမှာ Wok စားသောက်ဆိုင် လို့ ခေါ်တဲ့ တရုတ်အစားအစာ ရောင်းတဲ့ ဘူဖေးစားသောက်ဆိုင် တစ်ဆိုင် ရှိပါတယ်။ ညနေပိုင်းမှ ဖွင့်တယ်လို့ ထင်ပါတယ်။ Wok စားသောက်ဆိုင်လို့ ခေါ်ရတာက အဲဒီမှာ ကိုယ်ကြိုက်တဲ့ အသားငါး အသီးအရွက်ကို ရွေးယူပြီး ဘူဖေးကောင်တာ နောက်မှာ အသင့်စောင့်နေတဲ့ စားဖိုမှူးတွေကို ကိုယ်စားချင်တဲ့ ဟင်းပုံစံ ပြောပြီး ပေးလိုက်ရင် သူတို့က အဲဒီပုံစံအတိုင်း Wok ထဲမှာ ထည့်ပြီး ချက်ပေးပါတယ်။ ဥပမာ ဇီချွမ်စတိုင် လို ပူပူစပ်စပ်လား၊ သာမန် ချိုချဉ်အရသာလား စသည်ဖြင့် သူတို့ ရှိတဲ့ စာရင်းထဲက ပုံစံ တစ်မျိုးမျိုးကို ရွေးပေးလို့ရပါတယ်။ ခေါက်ဆွဲကြော်လို ဆူရှီလို ချက်ပြီးသား အစားအစာတွေလည်း ရနိုင်ပါတယ်။ တစ်ယောက်စာကို ၁၈ ယူရိုလောက် ပေးရပါတယ်။
တရုတ်စားသောက်ဆိုင်ကနေ ညာဘက်ကို ဆက်သွားမယ် ဆိုရင်တော့ လူနေအိမ်တွေပဲ ရှိပါတော့တယ်။
အဲဒီမောလ် ထဲမှာ ရှိတဲ့ဆိုင်ကတော့ Fast Food ရောင်းတဲ့ ဆိုင်ပါ။ အာလူးကြော် ကော်ဖီလို အစားအသောက်မျိုးကို ကောင်တာမှာ မှာရပြီး အသားလိပ်လိုလို ကော်ပြန့်လိပ်လိုလို ဘာခေါ်မှန်း မသိတဲ့ အစားအသောက်တွေကို တော့ အကြွေစေ့ ထည့်ပြီး မှန်ပုံးထဲက ဖွင့်ယူရပါတယ်။ ပုံမှန်အားဖြင့် နေ့လည်စာအတွက် ၈ ယူရို ဝန်းကျင်လောက် ကုန်လေ့ရှိပါတယ်။
ဆောင်းရာသီမို့ သစ်ပင်တွေက အရွက်တွေ လမ်းမပေါ်ကို ကြွေကျနေပါတယ်။ လမ်းကလေး ရဲ့ ဘေးတစ်ဘက် တစ်ချက်မှာ ရေကန်ကလေး တစ်ကန်စီရှိပြီး ဘဲတွေက ဟိုဘက်ရေကန်ကနေ ဒီဘက်ရေကန်ကို လမ်းကို ဖြတ်ပြီး ပျံသန်းကာ ကူးလေ့ရှိပါတယ်။
Wednesday, November 26, 2008
အမ်စတာဒမ် တစ်ခေါက် အလည်ရောက်ခြင်း
ဒုတိယအကြိမ် ဥရောပခရီးတွင် ဟော်လန်မှာ သောကြာ၊ စနေ နှစ်ညလောက် အိပ်ရဖို့ အကြောင်းဖန်လာသည်။ ကျွန်တော်တည်းခိုသော နေရာမှာ ကျွန်တော့် ရုံးခွဲနှင့်နီးသော အုတ်စ်ဟောက် (Oosterhout) ကျေးရွာကလေးမှာပင် ဖြစ်သည်။ ရုံးမှ အရောင်းမန်နေဂျာတစ်ယောက်က အမ်စတာဒမ်သို့ သွားရမည့် လမ်းကြောင်းကို လမ်းညွှန်ပေးသည်။ အုတ်စ်ဟောက်မှ ဘရယ်ဒါ(Breda) သို့ ဘတ်စ်ကားစီးသွားရန် နှင့် ဘရယ်ဒါမှတဆင့် ရထားစီးပြီး အမ်စတာဒမ်သို့ သွားနိုင်ကြောင်း ပြောပြသည်။ ကျွန်တော့်စိတ်ထဲတွင် ထင်နေသည်မှာ ဘရယ်ဒါမှ နာရီဝက် ၄၅မိနစ်လောက် ရထားစီးလျှင် အမ်စတာဒမ်သို့ ရောက်လိမ့်မည် ဟူ၍ဖြစ်သည်။ အမှန်တကယ်တော့ ဘရယ်ဒါမှ အမ်စတာဒမ်အထိ ကီလိုမီတာ ၁၀၀ လောက်ဝေးမည် ထင်သည်။ ရထားစီးသောအခါတွင် ၂ နာရီခန့်မျှ စီးလိုက်ရသည်။
ထိုနေ့က အမ်စတာဒမ်မြို့လယ်ခေါင်ရောက်တော့ ညနေ ၄ နာရီထိုး ခါနီးနေပြီ ဖြစ်သည်။ ထို့ကြောင့် ဝေးဝေးလံလံ ဘယ်ကိုမှ သွားဖို့ အချိန်မရှိတော့။ အမ်စတာဒမ် ဗဟို ဘူတာရုံနှင့် မနီးမဝေးတွင် အမ်စတာဒမ်မြို့၏ နာမည်ကျော် မီးနီရပ်ကွက်ရှိသည်။ ဒေသန္တရ ဗဟုသုတရရန် အလို့ငှာ ကျွန်တော် မီးနီရပ်ကွက်ထဲတွင် တစ်ပတ်လောက် လမ်းပတ်လျှောက်လိုက်သည်။ ဆောင်းမကုန် သေးသဖြင့် ရာသီဥတုက လေတစ်ချက်ဝှေ့လိုက်တိုင်း စိမ့်နေအောင်အေးသည်။
အမ်စတာဒမ် မီးနီရပ်ကွက်က စင်ကာပူရှိ ဂေလန်း ငါးပြတိုက်နှင့် မတူပဲနည်းနည်းတော့ ကွဲပြားသည်။ စင်ကာပူ ငါးပြတိုက်ရှိ မှန်အိမ်ထဲမှ ရေဆေးငါးကြီးများလို လက်ယပ်ပြီးတော့ မခေါ်ကြပါ။ အမ်စတာဒမ်မှ ငါးများက အိမ်ရှေ့တွင် စာရေးစားပွဲနှင့် ထိုင်ပြီး စာရေးသလို အလုပ်လုပ်သလို လုပ်နေကြသည်။ နောက်ဖက်တွင် မီးနီထွန်းထားသည်။ ငါးကန်စောင့်များကသာ တစ်ခါတစ်ရံ အပြင်ထွက်၍ လက်ခုပ်တီးခေါ်ကြခြင်း ဖြစ်သည်။ (ဘုရားပေးပေး ကျမ်းပေးပေး ကျွန်တော် အမ်စတာဒမ်တွင် ငါးမဖမ်းခဲ့ကြောင်းကိုတော့ ရဲရဲကြီး ပြောရဲပါသည်။ :D )
အမ်စတာဒမ်သည် စိတ်ဝင်စားစရာကောင်းသော မြို့တစ်မြို့ဖြစ်သည်။ မူးယစ်ဆေး အပျော့စားများကို မြို့လယ်ခေါင်ရှိ ကော်ဖီဆိုင်များတွင် တရားဝင် ဝယ်ယူသုံးစွဲနိုင်သည်။ နာမည်ကျော် ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး၏ ပြတိုက်ရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ကျော်ခဲ့သော နေ့စဉ်မှတ်တမ်းရေးသားသူ ဂျူးမလေး အင်နာဖရန့်၏ နေအိမ်ကို ပြတိုက်ဖွင့်ထားသည်။ သို့သော် ကျွန်တော် ထိုနေရာ သုံးခုစလုံး တစ်ခုမျှ မရောက်ခဲ့။ ဘယ်လိုသွားရမှန်း မသိ၍လည်း ဖြစ်သည်။
မီးနီရပ်ကွက်ကို တစ်ပတ်ပတ်ပြီးတော့ ကျွန်တော် ဝမ်းထဲမှ ဟာလာပြီ ဖြစ်သဖြင့် ဝမ်းဗိုက်ဖြည့်တင်းရန် ဆိုင်လိုက်ရှာရသည်။
ကျွန်တော် အိန္ဒိယစားသောက်ဆိုင် တစ်ဆိုင်တွင် ညနေစာစားရန် ရွေးချယ်လိုက်သည်။ ဆိုင်ထဲတွင် ကျွန်တော်သည် တစ်ဦးတည်းသော စားသုံးသူဖြစ်သည်။ ထမင်းဖြူ နှင့် မဆလာ ကြက်သားဟင်း မှာပြီး ညနေစာကို အဝစားလိုက်သည်။ စပိန်ရှိ မက်ဒရစ်လေဆိပ်မှာ ကျွန်တော် ဖြတ်သန်းသွားပြီး နှစ်ပတ်ခန့်အကြာ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ဗုံးပေါက်ခဲ့သည်။ ထို့ကြောင့် ဗုံးနှင့်ပတ်သက်၍ စိတ်ထဲတွင် နည်းနည်းဖျားနေသည်။ အခုလည်း ကျွန်တော်ထိုင်သောစားပွဲရှိ ကုလားထိုင် တစ်လုံးပေါ်တွင် အိတ်ကြီး အကြီးကြီးတစ်လုံး မြင်၍ စိတ်ထဲတွင် စနိုးစနောင့် ဖြစ်လာသည်။ ဆိုင်ထဲမှာလည်း တခြားစားသောက်သူက မရှိ။ ဆိုင်ရှင် ကို လှမ်းအော်ခေါ်ပြီး မေးတော့မှ ဆိုင်ရှင်က သူ့အိတ်ပါ။ စိတ်မပူပါနှင့်ဟု ပြောသည်။ ပြောပြောကစော ရောပေါ့ မွတ်တားရယ်ဟု ဆိုင်ရှင်ကို စိတ်ထဲတွင် ကြိတ်၍ မှတ်ချက်ပေးမိသည်။
ထမင်းစားပြီး ထွက်လာတော့ အမှတ်တရ လက်ဆောင်ပစ္စည်းရောင်းသော ဆိုင်ထဲသို့ ဝင်ခဲ့သည်။ “သင့်အိမ်တွင် အမှတ်တရ စိုက်ပျိုးရန် ဆေးခြောက်” ဟု စာရေးထားသည့် ဆေးခြောက် မျိုးစေ့ထုတ်ကို ကြည့်ရင်းနှင့်ပင် လည်ပင်းယားလာသည်။ စင်ကာပူ ပြန်သယ်သွား၍ မိလို့ကတော့ ချန်ဂီထောင်တွင် သွား၍ လည်ပင်း အယားဖျောက် ရနိုင်သည်။ ထို့ကြောင့် အမ်စတာဒမ် တံဆိပ်ပါသော ပက်ချင်ခွက်၊ သော့ကြိုး နှင့် တီရှပ် တစ်ထည်ကိုသာ အမှတ်တရအဖြစ် ဝယ်ခဲ့သည်။
ထိုဆိုင်မှ ထွက်ပြီး ခြေဦးတည့်ရာ လျှောက်လာခဲ့သည်။ စာအုပ်ဆိုင်တွေ့၍ ဝင်ကြည့်တော့ အပြာစာအုပ်များ ရောင်းသောဆိုင် ဖြစ်နေသည်။ ကျွန်တော့် တစ်သက်တွင် ဤမျှ များပြားသော အပြာစာအုပ်ကို တစ်ခါမှ မတွေ့ဖူးခဲ့။ အရင်တစ်ခေါက် ရွာပြန်တုန်းက မြန်မာပြည်ကို ဒီအချိန် ဘာသွင်းရင် ကိုက်မလဲ ဟုမေးသောအခါ ဘယ်အချိန်ပဲဖြစ်ဖြစ် အပြာစာအုပ်သာသွင်း။ ကိုက်စေရမယ် ဟု ပြန်ဖြေသော ရန်ကုန်မှ ကုန်သည်လုပ်နေသော သူငယ်ချင်းကိုပင် ပြေး၍သတိရမိသည်။
ဘရယ်ဒါသို့ ပြန်မည့်ရထားက ည ၁၁ နာရီခန့်အထိရှိသည် ဟုဆိုသည်။ အချိန်စောနေသေးသဖြင့် မြို့ထဲတွင် လမ်းပတ်လျှောက်နေမိသည်။ သွားရင်လာရင်းနှင့် ဘာညာသာရကာ ပြတိုက်ကို သွားတွေ့ရသည်။ ဖြစ်သည်။ အထဲ ဝင်ကြည့်တော့ စိတ်ဝင်စားစရာ ကောင်းသောအရာတွေ တွေ့ရသည်။ တရုတ်တို့ ရှေးခေတ်မှ ပြုလုပ်ခဲ့သော ကြွေထည်များ၊ ဂျပန်တို့ ထုလုပ်ခဲ့သော ပန်းပုရုပ်များ စသည်ဖြင့် တော်တော်ပင် ရှာရှာဖွေဖွေ စုဆောင်းထားသည်ကို တွေ့ရသည်။ ပြကွက်တစ်ခုမှာ အတော်ပင် ရယ်စရာကောင်းသည်။ ရှေ့တွင် စိတ်ဝင်စားစရာ ပြကွက်တစ်ခု ပြထား၍ ထိုရှေ့တွင် ရပ်လိုက်ပါက နောက်မှ ကိုယ်လုံးတီး မိန်းမ ဝဝ အရုပ်ဆိုးဆိုး အရုပ်ကြီးက ပြေးဖက်သော ပြကွက်ဖြစ်သည်။ ပြတိုက်ထဲတွင် မိန်းကလေးများရှိ၍ ကျွန်တော် မျက်နှာပူနေသော်လည်း သူတို့က မျက်နှာမပူသည့် အပြင် အရုပ်အမျိုးမျိုးတွင် ပို့စ်အမျိုးမျိုး ပေး၍ပင် ဓာတ်ပုံရိုက် နေကြသည်။
ပြတိုက်တွင် ခဏ အချိန်ဖြုန်းပြီးနောက် ၇ နာရီထိုးခါနီးသော အခါမှ ကျွန်တော် ဘူတာရုံသို့ ပြန်၍ရထားစီးခဲ့သည်။ ဘရယ်ဒါပြန်ရောက်တော့ ည ၁၀ နာရီခန့်ရှိပြီဖြစ်သည်။ ဘရယ်ဒါဘူတာရုံမှ ရမ်းသမ်း၍ ကားတက်စီးခဲ့ရာ အုတ်စ်ဟောက်သို့ ပြန်ရောက်သော်လည်း ကျွန်တော်နေထိုင်သော ဟိုတယ်ရှိသည့်နေရာကို အတော်ပင် ရှာလိုက်ရသေးသည်။ ဘာပဲဖြစ်ဖြစ် စိတ်ထဲတွင်တော့ လုပ်ချင်ရာတစ်ခု လုပ်လိုက်ရသည့်အတွက် ကျေနပ်မိသည်။

Saturday, November 22, 2008
ဘတ်ဂျက်အဲယားလိုင်းဖြင့် ခရီးသွားခဲ့စဉ်က
ဘတ်ဂျက်အဲယားလိုင်းများ အကြောင်းကြားဖူးနေသည်မှာ ကြာပြီဖြစ်သော်လည်း နှစ်အတော်ကြာသည်အထိ ကျွန်တော်တစ်ခါမှ မစီးဖြစ်ခဲ့ပါ။ ထိုအခါကတော့ ဘတ်ဂျက်လေကြောင်းလိုင်းကို စီးဖြစ်ဖို့ အကြောင်းကဖန်တီးလာပါသည်။
ကျွန်တော် တည်းခိုနေထိုင်သော နေရာမှာ ဟော်လန်နိုင်ငံမှ မြို့ငယ်ကလေးတစ်မြို့ ဖြစ်သည်။ ထိုမြို့မှတဆင့် အိုင်ယာလန်နိုင်ငံသို့ ခရီးဆက်ရမည်ဖြစ်သည်။ အမ်စတာဒမ်လေဆိပ်နှင့် အတော်အလှမ်းဝေးသော နေရာတွင် ရှိသည်ကတစ်ကြောင်း အမ်စတာဒမ်လေဆိပ်တွင် လေယာဉ်ပြေးလမ်း အလွန်ကျပ်သဖြင့် လေယာဉ်တက်ရမည့် အချိန်ကို ကြာမြင့်စွာ စောင့်ဆိုင်းရသည့် ဒုက္ခကို မခံလို်သည်က တစ်ကြောင်းတို့ကြောင့် ကျွန်တော်တို့ ကုမ္ပဏီမှ ခရီးစီစဉ်သူများက ဟော်လန်နိုင်ငံ အိုင်ဒိုဗင် လေဆိပ်မှတဆင့် အိုင်ယာလန်သို့ သွားရောက်ရန် ရွေးချယ်ပေးခဲ့ကြပါသည်။
အိုင်ဒိုဗင်ဆိုသည့်မြို့မှာ ချန်ပီယံလိခ် ဘောလုံးပွဲတွင် ပါဝင်ကစားလေ့ရှိသော ပီအက်စ်ဗွီ အိုင်ဒိုဗင် ( PSV Eindhoven) အသင်း အခြေစိုက်ရာမြို့ဖြစ်ပြီး အိုင်ဒိုဗင်လေဆိပ်မှာလည်း ဘတ်ဂျက်လေကြောင်းလိုင်း အများစုသာ ပျံသန်းလေ့ရှိသော လေဆိပ်ဖြစ်သည်။ ကျွန်တော်လေဆိပ်သို့ရောက်သွားသည်အထိ ကျွန်တော်တို့စီးရမည့် လေယာဉ်မှာ ဥရောပရှိ နာမည်ကြီး ဘတ်ဂျက်လေကြောင်းလိုင်းဖြစ်သော ရိုင်ယန်အဲယား (Ryan Air) မှ လေယာဉ်ဖြစ်ကြောင်းမသိခဲ့ပါ။
ကျွန်တော်တို့၏ ခရီးဆောင်အိတ်များကို Check-in လုပ်သော နေရာသို့ရောက်မှ စ၍ သတိပြုမိပါသည်။ ကျွန်တော်နှင့် အဖော်ပါလာသော ဥရောပရုံးခွဲမှ ဒတ်ခ်ျအင်ဂျင်နီယာတွင် ပစ္စည်းကိရိယာများထည့်ထားသော Toolbox တစ်ခုပါလာသည်။ ထို Toolbox အတွက် ဝန်ပိုကြေး ယူရို ၉၀ မျှ ပေးလိုက်ရသည်။ ထိုအင်ဂျင်နီယာက “ငါတို့လေယာဉ်ပျံလက်မှတ်က ဒီကနေ ဒပ်ဘလင်အထိ ယူရို ၃၀ ပဲပေးရတယ်ကွ။ အခု ငါ့အိတ်ကို ယူရို ၉၀ ပေးလိုက်ရပြီ။ ” ဆိုပြီး ရယ်ရယ်မောမောနှင့် ကျွန်တော့်ကို ပြောပြမှ လေယာဉ်လက်မှတ် အလွန်ပင် ဈေးပေါကြောင်း သတိထားမိပါသည်။
အားလုံး Check-in လုပ်ပြီးသော အခါ လေဆိပ်အဆောက်အဦးအတွင်းသို့ ဝင်ခဲ့ကြလေသည်။ ထိုနေရာတွင် Immigration မှာ ကောင်တာ ၂ ခုသာ ရှိသည်။ ကျွန်တော်၏ မြန်မာနိုင်ငံကူးလက်မှတ်ကို မမြင်ဖူး၍ အထူးအဆန်း အနေနှင့် ကြည့်ကြသည်မှအပ အခြားပြသနာ ကြီးကြီးမားမားမရှိပါ။ ထို့နောက် ကျွန်တော်တို့ ခရီးသည်များ စောင့်ဆိုင်းသော နေရာသို့ ဝင်ရောက်ခဲ့ကြပါတော့သည်။ ခရီးသည်များ စောင့်ဆိုင်းသော နေရာမှာ ကျဉ်းကျပ်သော အခန်းငယ်ကလေးတစ်ခုမျှသာ ဖြစ်၍ ထိုင်ခုံအနည်းငယ်သာ ရှိသည်။ အများစုမှာ ခရီးဆောင်အိတ်ကို အောက်ချ၍ ထိုင်သူကထိုင် မှန်နံရံကို မှီ၍ ရပ်သူကရပ်နှင့်သာ ရှိကြလေသည်။
မကြာမီ ကျွန်တော်တို့သွားမည့် လေယာဉ်ပျံ ဆိုက်ရောက်လာပါသည်။ ကျွန်တော့်မိတ်ဆွေ ဒတ်ခ်ျအင်ဂျင်နီယာက “တံခါးဖွင့်လိုက်တာနဲ့ ငါတို့ လေယာဉ်ပျံ နောက်ပေါက်ကို ရောက်အောင် ပြေးကြမယ်။ ဒီမှာ ဦးရာလူစနစ်ပဲ။ ခုံနံပါတ် ပေးမထားဘူး။” ဟု သတိပေးသည်။ လေဆိပ်မှ တံခါးဖွင့်ပေးလိုက်သည်နှင့် ကျွန်တော်တို့ကွင်းထဲသို့ ပြေးထွက်ခဲ့ကြသည်။ သူသတိပေးထားသည့်အတိုင်း နောက်တံခါးပေါက်သို့ ဦးတည်၍ ပြေးကြခြင်း ဖြစ်သည်။ ကျွန်တော်တို့ အရှေ့တွင် လူအနည်းငယ်သာရှိသည်။ လူအများစုမှာ ရှေ့တံခါးပေါက်သို့သာ ဦးတည်၍ ပြေးကြသဖြင့် ကျွန်တော်တို့အတွက် အလွန် အဆင်ပြေလေသည်။ လူအများစု လေယာဉ်ကွင်းထဲတွင် ပြေးလွှားနေကြသည်မှာ ပျော်စရာပင် ကောင်းသေးသည်။ လေယာဉ်ပျံပေါ်ရောက်တော့ ကျွန်တော် နှစ်သက်သော ပြတင်းပေါက်နေရာကိုပင် ဦးနိုင်လိုက်သေးသည်။
ဤလေယာဉ်မှာ အခြားလေယာဉ်များနှင့်မတူပါ။ အတော်ပင် ဝိတ်လျှော့ထားသည်။ လေယာဉ်ပျံထိုင်ခုံ၏ အရှေ့တွင် အခြားလေယာဉ်များတွင် ပါလေ့ရှိသော Seat Pocket ဟု ခေါ်သည့် ထိုင်ခုံအိတ်မရှိ၊ လေယာဉ်ပျံပြတင်းပေါက်များတွင်လည်း Window Shade ဟုခေါ်သည့် ပြတင်းပေါက်အကာ မရှိပါ။
မကြာမီ အချိန်အတွင်းတွင်ပင် လေယာဉ်ပျံသည် ပျံတက်လေတော့သည်။ နောက်မှ လေ့လာကြည့်သဖြင့် သိရသည်မှာ ဘတ်ဂျက်လေကြောင်းလိုင်းများသည် အခေါက်ရေများများဆွဲနိုင်ရန်အတွက် မိနစ် ၃၀ အတွင်း ခရီးသည် အတင်အချကို အပြီးလုပ်လေ့ရှိသည့် အကြောင်းပင်ဖြစ်သည်။ ဘတ်ဂျက်လေကြောင်းလိုင်းများ၏ ထုံးစံအတိုင်း ဘာမှ အလကားမကွေျးပါ။ အကုန်လုံး ဝယ်စားရပါသည်။ ကျွန်တော့်အနေနှင့်ကတော့ ညနေစာစားပြီးပြီ ဖြစ်သဖြင့် ဘာမှစားချင်စိတ်မရှိ၍ ဘာမှမစားတော့ပါ။ သူတို့ လေယာဉ်ပျံပေါ်တွင် စားစရာသောက်စရာများနှင့် ကံစမ်းရန် ခြစ်သည့် ကတ်ပြား (Scratch Card) ရောင်းချနေသည်ကိုတော့ တွေ့နေရပါသည်။ လေယာဉ်မောင်မယ်များမှာ အလွန်ပင်ပျော်ပါးနေကြပုံပေါက်ပြီး အန္တရာယ်ကင်းရှင်းရေး သရုပ်ပြ (Safety Demonstration) လုပ်ရန်ကို ပင်မေ့လျော့နေကြပါသည်။ ထိုခရီးစဉ်တွင် အန္တရာယ်ကင်းရှင်းရေး သရုပ်ပြ မလုပ်သည်ကိုလည်း သတိထားမိပါသည်။
ကျွန်တော် လေယာဉ်ပြတင်းပေါက်မှသာ အပြင်သို့ ကြည့်နေမိပါသည်။ အောက်တွင် မီးတွေထိန်ထိန်လင်းနေသော မြို့ကြီးတစ်မြို့ကိုတော့ သတိထားမိသည်။ ကျွန်တော့် စိတ်အထင် လန်ဒန်မြို့ဖြစ်သည်ဟု ထင်သော်လည်း မသေချာပါ။ ကောင်းကင်တွင် တိမ်ကင်းစင်နေသည်က တစ်ကြောင်း ပြတင်းပေါက်အကာများ မရှိသည်က တစ်ကြောင်းတို့ကြောင့် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရပါသည်။ ကျွန်တော့်ကို စိတ်အနှောက်အယှက်အပေးဆုံးအရာကတော့ လေယာဉ်ပျံ အတောင်ပံပင်ဖြစ်သည်။ လေယာဉ်ပျံအတောင်ပံ လှုပ်နေသည်ကို မကြာခဏ မြင်နေရသည်။ ကျွန်တော့်စိတ်ထဲတွင်တော့ ဒီလေယာဉ်ပျံ အတောင်ပံကိုပါ ဝိတ်လျှော့ထားသလား မသိဘူးဟု ကြံကြံဖန်ဖန် စဉ်းစားမိပါသည်။ အမှန်တကယ်ကတော့ ဘယ်လောက် လေယာဉ်ပျံကြီးသည်ဖြစ်စေ အတောင်ပံကတော့ လှုပ်သည်ပင်ဖြစ်သည်။
ဒီလိုနှင့် တစ်နာရီကျော်မျှ စိတ်မသက်မသာဖြစ်ပြီးသော အခါတွင်မှ အိုင်ယာလန်နိုင်ငံ ဒပ်ဘလင် လေဆိပ်သို့ ဆိုက်ရောက်ပါတော့သည်။ ထိုအခါတွင်မှ ကျွန်တော် စိတ်ပေါ့ပါးသွားသည်။ ကျွန်တော့်အဖော် ဒတ်ခ်ျအင်ဂျင်နီယာကို မေးကြည့်သော အခါ အပြန်ခရီးတွင် အမ်စတာဒမ်လေဆိပ်မှ စင်ကာပူသို့ တိုက်ရိုက်ပြန်နိုင်ရန်အတွက် ကျွန်တော့်အတွက် အိုင်ယာလန်ပိုင် အဲယား လင်းဂတ်စ် (Aer Lingus) လေကြောင်းလိုင်း ဖြင့် လက်မှတ်စီစဉ်ထားကြောင်း သိရသဖြင့် ပို၍စိတ်အေးသွားပါတော့သည်။
နောင်တွင် ကိုယ့်ဘာသာကိုယ်ခရီးသွားလျှင်တော့ ဘတ်ဂျက်အဲယားလိုင်းကို တတ်နိုင်သမျှ ကြည့်ရှောင်မည်ဟုတော့ စိတ်ထဲမှာ တေးထားလိုက်မိပါတော့သည်။

လေကြောင်း,
ဟော်လန်,
အိုင်ယာလန်,
ဥရောပ
Friday, November 21, 2008
နော်မန်ဒီရဲ့ည
ကျွန်တော့် ရုံးမှ လုပ်ဖော်ကိုင်ဖက် ဒတ်ခ်ျအင်ဂျင်နီယာ ဟိုတယ်တွင် လာခေါ်သော အချိန်က ညနေစောင်းနေပြီ ဖြစ်သည်။ ထိုနေ့က တနင်္ဂနွေ ညနေခင်း ဖြစ်သဖြင့် အားလုံး တိတ်ဆိတ်နေဆဲဖြစ်သည်။ ဤအရပ်ဒေသတွင် တနင်္ဂနွေနေ့တိုင်းလိုလိုတွင် စားသောက်ဆိုင်မှ အပ မည်သည့်ဆိုင်မှ ဖွင့်လေ့မရှိသဖြင့် တိတ်ဆိတ်နေသည်မှာ အထူးအဆန်းတော့ မဟုတ်ပါ။
ကျွန်တော်ကားပေါ်သို့ရောက်တော့ သူက ကားပေါ်မှ တောမ်တောမ် (Tom Tom) ဟုခေါ်သော လမ်းကြောင်းပြကိရိယာပေါ်တွင် ကျွန်တော်တို့သွားရမည့် နေရာ ကို ရိုက်ထည့်သည်။ ထိုလမ်းကြောင်းပြကိရိယာမှာ ရှေ့မီတာ မည်မျှမောင်းပြီးလျှင် ကွေ့ရမည်။ နောက်ထပ် အချိန်မည်မျှ ကြာအောင် မောင်းရမည်။ ကီလိုမီတာ မည်မျှကြာအောင် မောင်းရမည် စသည်တို့ကို အချိန်နှင့်အမျှ ပြောင်းလဲ ညွှန်ပြပေးလေ့ရှိသည်။
ကျွန်တော်တို့ စတင်ခရီးထွက်ခွာလာသော နေရာမှာ ဟော်လန်တောင်ပိုင်းရှိ အုတ်စ်ဟောက် (Oosterhout) ဟုအမည်ရသည့် ကျေးရွာကလေးဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံ၏ အနေအထားဖြင့် ကြည့်မည်ဆိုပါက မြို့ငယ်တစ်မြို့ပမာပင်ဖြစ်သော်လည်း သူတို့နိုင်ငံတွင်မူ ရွာ(Village) ဟုသာ ခေါ်ကြသည်။ ထိုနေရာမှ နေ၍ ကျွန်တော်တို့ ဘယ်လ်ဂျီယံ နိုင်ငံကို ဖြတ်သန်း၍ ကီလိုမီတာ ၇၀၀ မျှအကွာတွင် ရှိသော ပြင်သစ်နိုင်ငံရှိ လစ်ဖာ (Liffre) ဆိုသည့် မြို့ငယ်ကလေးသို့ ဦးတည်သွားနေခြင်းဖြစ်သည်။
ဟော်လန်နိုင်ငံ၏ အဝေးပြေးလမ်းမများနှင့်တော့ ကျွန်တော်သိပ်မစိမ်းတော့ပါ။ ထိုလပိုင်းများအတွင်း အကြိမ်ပေါင်းမြောက်များစွာ ဖြတ်သန်းသွားလာခဲ့ပြီး ဖြစ်သည်။ ဤအဝေးပြေး လမ်းမပေါ်တွင် ကျွန်တော်တို့ အာရှ အဝေးပြေးလမ်းမများတွင် တွေ့ရလေ့မရှိသော ကာရာဗင်ခေါ် လူနေထိုင်သည့် နောက်တွဲအိမ်များကို ဆွဲ၍သွားလာသော ကားများ၊ စက်ဘီးများကို ကားခေါင်မိုးပေါ်တွင် ချည်နှောင်ထားသော ကားများ နှင့် မြင်းများကို နောက်တွဲအိမ်တွင် ထည့်၍သွားလာသော ကားများကို တွေ့ရတတ်သည်။ ထိုနေ့က တနင်္ဂနွေညနေစောင်း ဖြစ်သဖြင့် ထိုသို့သော ကားများကို မတွေ့ရပါ။ တနင်္ဂနွေသည် အားလုံး အားလပ်ရက် ခရီးထွက်ရာမှ ပြန်လာသော နေ့ဖြစ်ပြီး နောက်တစ်ပတ် လုပ်ငန်းကိစ္စအတွက် မည်သူမျှ စတင်၍ ခရီးမထွက်သေးသော နေ့ဖြစ်သည်။ ကျွန်တော်တို့ နှစ်ယောက်အတွက်မူ နောက်တစ်ပတ် ခရစ်စမတ် ရုံးပိတ်ရက် မတိုင်မီ အလုပ်အားလုံးကို လက်စသပ်ချင်သောကြောင့် စောစောစီးစီး ခရီးထွက်ခဲ့ကြခြင်းဖြစ်သည်။
နာရီပိုင်းမျှ မောင်းနှင်လာခဲ့ပြီးနောက် ကျွန်တော်တို့ ဘယ်လ်ဂျီယံနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ဘယ်လ်ဂျီယံနိုင်ငံရှိ အဝေးပြေးလမ်းမများ၏ ထူးခြားမှုမှာ မီးများကို လိုသည်ထက်ပို၍ လင်းထိန်နေအောင် ထွန်းညှိထားခြင်းပင်ဖြစ်သည်။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်က ထိုမီးလုံးများကို ညွှန်ပြ၍ ဘာလို့ဒီလိုဖြစ်နေတာလဲ သိလား ဟုမေးသည်။ ကျွန်တော်က မသိကြောင်းပြောသောအခါ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ်တွင် လျှပ်စစ်မီးလုံးထုတ်လုပ်သော ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ကြောင်းသူက ရယ်၍ပြောသည်။ မကြာခင် ကျွန်တော်တို့ Antwerp ဟုခေါ်သော နေရာသို့ ရောက်ခဲ့သည်။ ကျွန်တော့်မိတ်ဆွေက Antwerp ဆိုသည်မှာ ဒတ်ခ်ျဘာသာစကားဖြင့် Throw Hand ဟု အဓိပ္ပါယ်ရပြီး တစ်ချိန်က သူခိုးများ၏ လက်ကို ဖြတ်၍လွှတ်ပစ်သော နေရာဖြစ်သဖြင့် ဤအမည်တွင်ကြောင်းကို ရှင်းပြသည်။
မကြာမီကျွန်တော်တို့ ပြင်သစ်နိုင်ငံအတွင်းသို့ ရောက်ရှိခဲ့ကြပြီး ညစာစားသောက်ကြသည်။ ဥရောပဒေသတွင် ရှန်ဂန်သဘောတူညီချက် (Schengen Agreement) ကို လက်မှတ်ရေးထိုးထားသော နိုင်ငံများ၏ နယ်စပ်တွင် နယ်ခြားဂိတ်မရှိပေ။ ဟော်လန်၊ ဘယ်လ်ဂျီယံ နှင့် ပြင်သစ် ၃ နိုင်ငံလုံးမှာ ရှန်ဂန်နိုင်ငံများဖြစ်သဖြင့် နယ်ခြားဂိတ်များမရှိပါ။ ထို့နောက် ကျွန်တော်တို့ ပြင်သစ်နိုင်ငံ၏ အဝေးပြေး လမ်းမများပေါ်တွင် ဆက်လက်၍ ခရီးနှင်ခဲ့ကြသည်။
ပြင်သစ်နိုင်ငံအဝေးပြေးလမ်းမများတွင်မူ ကားများ ရှင်းလင်းလျှက်ရှိသည်။ အချို့နေရာများတွင် မီးပင်ထွန်းမထားပေ။ ပတ်ဝန်းကျင်ဒေသအားလုံးကို တိတ်ဆိတ်သော ပတ်ဝန်းကျင်နှင့် အမှောင်ထုကသာ လွှမ်းမိုးထားသည်။ ကျွန်တော်တို့ ကားထဲတွင်မူ ကျွန်တော့်မိတ်ဆွေဖွင့်ထားသော တက်ခနိုသီချင်းသံကသာ ဖုံးလွှမ်းထားသည်။ ထိုသီချင်းတော်တော်များများမှာ နားထောင်၍ကောင်းသော်လည်း ဥရောပ ဘာသာစကားများဖြင့် သီဆိုထား၍ တစ်ခုမှ နားမလည်ပါ။ ရိုမေးနီးယန်း အဆိုတော် Akcent ၏ Jokero၊ ဒတ်ခ်ျအဆိုတော်အဖွဲ့ Djumbo ၏ Boya Boya Bay ၊ အိုင်းရစ်အဆိုတော် Fonzerelli ၏ MoonLight Party၊ ဆွီဒင်အဆိုတော် Basshunter ၏ Botten Anna သီချင်းများမှာ ကျွန်တော်နားမလည်သော်လည်း ကြိမ်ဖန်များစွာ နားထောင်ပြီးဖြစ်သဖြင့် နားထဲတွင် စွဲလျှက်ရှိသည်။
ကျွန်တော်တို့ အလုပ်အကြောင်း ရယ်စရာများကို ပြောရင်း၊ လုပ်ငန်းအတွေ့အကြုံများကို ပြန်ပြောရင်း ညအတော်မိုးချုပ်သောအချိန်အထိ မှောင်မိုက်သော လမ်းမပေါ်တွင် ဆက်လက်ခရီးနှင်ခဲ့ကြသည်။ ကျွန်တော်၏ မိတ်ဆွေက “ညာဖက်ကို လှမ်းကြည့်လိုက်စမ်းပါ။ အဲဒါ နော်မန်ဒီကမ်းခြေပဲ။” ဟု တစ်နေရာအရောက်တွင် လှမ်းပြောသည်။ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များ ဂျာမန်တို့ကို ကမ်းတက်တိုက်ခိုက်ခဲ့သော နာမည်ကျော် နော်မန်ဒီကမ်းခြေကို ကျွန်တော်ကိုယ်တိုင်မြင်ခွင့်ရသဖြင့် ဝမ်းသာသွားသည်။ ပို၍သေချာအောင် ကျွန်တော်၏မိတ်ဆွေကို ထပ်မေးမိသည်။ “ဒုတိယကမ္ဘာစစ်တုန်းက ကမ်းတက်တိုက်ပွဲဖြစ်ခဲ့တာ ဒီနေရာပေါ့။” ဟု ကျွန်တော်ကမေးသောအခါ ကျွန်တော့်မိတ်ဆွေက “ဟုတ်တယ်။ မင်းမြေပုံကြည့်ချင်ရင် ကြည့်လို့ရအောင် ပြမယ်။” ဟုပြောပြီး ကားကို လမ်းဘေး ချရပ်လိုက်သည်။ ထို့နောက်ကားထဲမှ မီးကို ဖွင့်ပြီးသော အခါ သူက “ဒမ်” ဟု ဆဲရေးလိုက်သည်။ ကျွန်တော်က ဘာဖြစ်တာလဲဟု နောက်ကို လှည့်ကြည့်လိုက်သောအခါ ကျွန်တော်တို့ကားနောက်တွင် ခေါင်မိုးပေါ်မှ မီးများဖွင့်ထားသော ရဲကားတစ်စီးကို တွေ့လိုက်ရသည်။
ရဲကားက ကျွန်တော်တို့ကားကို ကျော်တက်၍ အရှေ့မှပိတ်ရပ်သည်။ ထို့နောက်ကားနောက်ဖက်မှ မီးဖြင့် စာတမ်းထိုးပြ၍ သူတို့နောက်ကို လိုက်ခဲ့ဖို့ခေါ်သည်။ ကျွန်တော်တို့ ရဲကားအနောက်မှ လိုက်သွားပြီး ရဲကားက ဓာတ်ဆီဆိုင် တစ်ဆိုင်အတွင်းသို့ချိုးဝင်သွားသောအခါ ကျွန်တော်တို့လည်း လိုက်၍ဝင်ခဲ့ကြသည်။ ရဲသားက ကားရပ်၍ကားပေါ်မှ ဆင်းလာသည်။ ကျွန်တော်ကြားဖူးထားသော ဥရောပနှင့် အမေရိကား၏ ထုံးစံမှာ ရဲဖမ်းပါက လက်ကို စတီယာရင်ပေါ်တင်၍ ရဲကိုစောင့်ဆိုင်းနေရန်ဖြစ်သည်။ ကားပေါ်မှ အလောတကြီး ဆင်းခြင်း လိုင်စင်ကိုထုတ်ပြရန် အိတ်ကို လက်နှိုက်ခြင်းတို့ပြုပါက ရဲက သူ့အားပြန်လည်တိုက်ခိုက်မည်ဟု အထင်မှားနိုင်သဖြင့် ထိုသို့မပြုလုပ်ရန် ကျွန်တော့်မိတ်ဆွေတစ်ဦးက သတိပေးဖူးသည်။ ပြင်သစ်ရဲသားက လက်နှိပ်ဓာတ်မီးဖြင့် ကျွန်တော်တို့ကို ထိုးကြည့်၍ ကျွန်တော့်မိတ်ဆွေအား ယာဉ်မောင်းလိုင်စင်ပေးရန် တောင်းသည်။
ထို့နောက်သူက “ပြင်သစ်နိုင်ငံရဲ့ ကန့်သတ်မိုင်နှုန်းက ကီလိုမီတာ ၁၂၀ ပဲမောင်းလို့ရတယ်။ မင်းတို့ကားကို ၁၄၅ ကီလိုမီတာနဲ့ မောင်းသွာတာ တွေ့လိုက်တယ်။” ဟုပြောသည်။ စင်ကာပူတွင် ကျွန်တော်တို့ကို ဆက်သွယ်ရေးဘာသာသင်သော ကထိကတစ်ယောက်ပြောဖူးသည်ကို ပြန်၍အမှတ်ရမိသည်။ ရဲကား၏ ရေဒါတွင် ကီလိုမီတာ ၂၀ နှုန်းမျှ အတိမ်းအစောင်း ဖြစ်နိုင်သဖြင့် ရဲများက သတ်မှတ်မိုင်နှုန်းထက် ကီလိုမီတာ ၂၀ ကျော်မောင်းမှ ဖမ်းလေ့ရှိကြောင်းဖြစ်သည်။ အမှန်တကယ်တော့ ထိုညက ကျွန်တော်တို့မောင်းနှင်ခဲ့သည့် နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ သို့ ၁၇၀ ဝန်းကျင်မျှရှိသည်။
ထို့နောက်သူက စာရွက်တစ်ရွက်ထုတ်ပေးသည်။ ထိုစာရွက်တွင် နိုင်ငံခြားမှကားများကို ဖမ်းဆီးမိပါက ရဲများအနေနှင့် ဒဏ်ငွေကို ချက်ချင်းကောက်ခံနိုင်ကြောင်း ရေးသားထားသည့်စာဖြစ်သည်။ သူက အရှိန်ပိုမောင်းသည့် အတွက် ဒဏ်ငွေ ယူရို ၉၀ မျှ ပေးဆောင်ရန်ပြောသည်။ ကျွန်တော့်မိတ်ဆွေက သူ့တွင် ငွေသားထိုမျှပါမလာသဖြင့် ခရက်ဒစ်ကတ်ဖြင့် ပေးဆောင်၍ရနိုင်သလားဟု မေးသည်။ ထိုအခါရဲသားက သူတို့ ခရက်ဒစ်ကတ်ကို လက်မခံကြောင်းနှင့် ငွေသားထုတ်ယူနိုင်ရန် အေတီအမ်သို့ လိုက်ပို့ပေးမည်ဟုပြောသည်။
ထို့နောက် သူတို့ရဲကားက ဦးဆောင်၍ အေတီအမ်ရှိရာသို့ မောင်းနှင်သွားသည်။ ကျွန်တော်တို့လည်း နောက်က လိုက်သွားကြသည်။ အေတီအမ်ရှိရာ နေရာမှာ ဘဏ်အဆောက်အဦးတစ်ခုဖြစ်၍ အပြင်မှ မှန်တံခါးကို ပိတ်ထားသည်။ တံခါးဝတွင် ခရက်ဒစ်ကတ်ထိုးထည့်သော အခါတွင်မှ တံခါးကပွင့်လာသည်။ ကျွန်တော့်မိတ်ဆွေက ယူရို ၉၀ ထုတ်ယူပြီး ရဲသားကို ပေးလိုက်သည်။ ရဲသားက ငွေလက်ခံဖြတ်ပိုင်းတစ်ခု ရေးပေးပြီး ကျွန်တော်တို့ကို နှုတ်ဆက်၍ထွက်သွားလေတော့သည်။
ကျွန်တော့်မိတ်ဆွေက “ငါ့မိန်းမသာ မနက်ဖြန်မနက် ဘဏ်စာရင်းကို ဖွင့်ကြည့်ရင်တော့ ညကြီးသန်းခေါင် ငွေသားထုတ်ထားတယ်ဆိုရင် ငါ့ကို အထင်တော့ လွဲတော့မှာပဲ။ ” ဟုရယ်စရာပြောသည်။ ကျွန်တော်တို့ ထိုညက ည ၂နာရီခန့်မှ ကျွန်တော်တို့ တည်းခိုမည့် ဟိုတယ်သို့ရောက်ရှိခဲ့သည်။ ဟိုတယ်တွင် ဝန်ထမ်းတစ်ဦးတစ်ယောက်မှ မရှိတော့ပေ။ ကျွန်တော်တို့ကို တံခါးဖွင့်နိုင်ရန် စကားဝှက် တင်ကြို၍ပေးထားသဖြင့် သာ ကျွန်တော်တို့ ဝင်ရောက်နိုင်ခြင်းဖြစ်သည်။ ဧည့်ကြိုကောင်တာပေါ်တွင် ကျွန်တော်တို့ ၂ ဦးအတွက် တံခါးသော့ နှစ်ခုကို နာမည်ရေးထိုးပြီးတင်ထားသည်။
အခန်းထဲသို့ရောက်တော့ ပြန်စဉ်းစားရင်း ပြုံးမိသည်။ နောက်ဆိုလျှင် နော်မန်ဒီဟူသော နာမည်ကိုကြားပါက ကမ္ဘာကျော် သမိုင်းဝင်အဖြစ်အပျက် ဒီဒေးကိုုသာမကပဲ အခြားအမှတ်ရစရာတစ်ခုပါ တိုးလာပြီဆိုသည်ကို စဉ်းစားမိ၍ ဖြစ်သည်။

ပြင်သစ်,
ဘယ်လ်ဂျီယမ်,
ဟော်လန်,
ဥရောပ
Subscribe to:
Posts (Atom)