ပထမဦးဆုံး အကြိမ် အမေးအဖြေ လုပ်ခဲ့ဖူးတဲ့ အင်တာဗျူးကတော့ ပါစင်နယ် ကွန်ပျူတာ မဂ္ဂဇင်းက ကိုဟန်ဇော်နဲ့ ဘန်ကောက်မှာတွေ့တုန်းက မြန်မာဝီကီပီးဒီးယား အကြောင်း ပြောဖြစ်ခဲ့တဲ့ အင်တာဗျူးပါ။ နောက်တော့ လောကအလှက မဟနစံနဲ့ ဝီကီပီဒီးယား ရေးနေသူတွေ အင်တာဗျူးမှာ တခြားသူတွေနဲ့ အတူ ဒုတိယ အကြိမ် ပြောဖြစ်ပါတယ်။
ဒီတစ်ပတ်ထဲတော့ တိုက်တိုက်ဆိုင်ဆိုင် အင်တာဗျူး နှစ်ခု ဆက်တိုက် ဖြေဖြစ်ပါတယ်။ ပထမတစ်ခုက ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က ကိုချိုနဲ့ cool-tech ရဲ့ ထူးချက် အစီအစဉ် အတွက် မြန်မာဝီကီပီးဒီးယား အကြောင်း ပြောဖြစ်တာပါ။ နိုင်ငံတကာသုံး ဝီကီပီးဒီးယား ၁၀ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။ နားထောင်ချင်ရင် အောက်က လင့်ခ်မှာ သွားနားထောင်နိုင် ပါတယ်။
http://www.bbc.co.uk/burmese/programmes/2011/01/110114_cooltech_myanamrwiki.shtml
နောက်တစ်ခုကတော့ လောကအလှ အွန်လိုင်းမဂ္ဂဇင်း မဟနစံနဲ့ ဖူးနုသစ် အကြောင်း ဗျူးဖြစ်ပါသေးတယ်။ ဖူးနုသစ်ကို အရင်က ဘာလို့ လွိုင်လင်လို့ နာမည်ပေးခဲ့သလဲ ဆိုတာကိုပါ ထည့်ပြောထားပါတယ်။ ဒါတောင်မှ မဟနစံက ရည်းစား အရင်က တာဝန်ကျခဲ့တဲ့ မြို့ဆိုတာကို အရင်ရည်းစား တာဝန်ကျခဲ့တဲ့မြို့လို့ အထင်မှားလို့ ပြန်ရှင်းလိုက်ရ ပါသေးတယ်။ :D စိတ်ဝင်စားရင် အောက်က လင့်ခ် မှာ သွားဖတ်ကြည့်နိုင်ပါတယ်။
http://www.lawka-ahla.com/news.php?item.1122
နာမည်အရင်းနဲ့ ပြောထားတာမို့ အစက တိတ်တိတ်ကလေး နေမလို့ပါ။ ဒါပေမယ့်လည်း ဒီနာမည်ကြီးလည်း လူတိုင်း သိနေပြီမို့ သိပ်မထူးတော့ပါဘူး။
Search This Blog
Showing posts with label သတင်း. Show all posts

Tuesday, January 18, 2011
Friday, December 31, 2010
ဘလော့ခ်အသစ် မိတ်ဆက်
ဘလော့ခ်ရေးတာ ၂ နှစ်ကျော် ကြာလာတော့ အရင်ကထက် စာရင် ပိုပြီး ပြောရဲ ဆိုရဲ ရေးရဲ ရှိလာတာ အမှန်ပါပဲ။ ပထမတစ်ချက်ကတော့ ဘလော့ခ် လောကထဲမှာ ကိုယ့်ထက် အသက်အားဖြင့် ဒါမှမဟုတ် ပညာအားဖြင့် ကြီးတဲ့သူတွေက ပေါ်ပေါ်တင်တင် တစ်မျိုး သိုင်းလောကထဲက မျက်နှာဖုံးစွပ် သိုင်းသမားများလို အမည်မသိနဲ့ တစ်မျိုး ရေးချင်တာရေး လုပ်ချင်တာ လုပ်နေကြတာကြောင့်ပါ။ သူတို့တောင် အဲဒီလို လုပ်ကြတော့ ကျွန်တော့်လို ပါမွှားကောင်က ဘာမှ မလုပ်ရဲ စရာ မရှိပါဘူး။ အစကတည်းက "ငါသည် ဘာကောင်မှမဟုတ်။ ဘာမှ သိက္ခာကျစရာ မရှိ" ဆိုတဲ့ ခံယူချက် စွဲကိုင်ထားတာမို့ မျက်နှာဖုံး မစွပ်ပဲ ပေါ်ပေါ်တင်တင် ပေါက်တတ်ကရ ရေးလို့ ဖြစ်နေပါတယ်။
ဒါပေမယ့်လည်း ဖူးနုသစ်ရဲ့ စတိုင်လ်ကို သီးသန့်ကလေး ထားချင်ပါတယ်။ နည်းပညာပိုင်း သိပ်ဆန်တဲ့ ပို့စ်တွေ မတင်ချင်သလို တခြား လုပ်ချင်ရာလုပ်ထားတဲ့ ပို့စ်တွေလည်း မတင်ချင်ပါဘူး။ ဒါနဲ့ပဲ ဘလော့ခ် အသစ်တွေ ထပ်ဖွင့် ဖြစ်ပါတယ်။ အဲဒီထဲက ကျွန်တော့်ရဲ့ ဘလော့ခ် ၃ခုကို မိတ်ဆက်ပေးချင်ပါတယ်။
ပထမတစ်ခုကတော့ ဖူးနုသစ် အခန်းဆက် ဝတ္ထုရှည်များ ဆိုတဲ့ ဘလော့ခ်ပါ။ ဒီဘလော့ခ်ကို ကျွန်တော် သဘောကျတဲ့ ဝတ္ထုရှည်တွေကို ဘာသာပြန်ပြီး တင်ဖို့ အတွက် ရည်ရွယ်ထားပါတယ်။ အခု ပထမဆုံး အနေနဲ့ Ken Follet ရဲ့ Pillar of the Earth ဆိုတဲ့ ဝတ္ထုကို ဘာသာပြန်ပြီး တင်နေပါတယ်။ ၆လ လောက် အတွင်းမှာ (၃) ခန်းကြီးများတောင် ပြီးသွားပြီ ဆိုတော့ ကျွန်တော့်ရဲ့ ဘာသာပြန်နှုန်းကို ခန့်မှန်းနိုင်ပါတယ်။ အခုမှ ဝတ္ထုရဲ့ ၅ ရာခိုင်နှုန်းတောင်မှ မပြီးသေးပါဘူး။ အချိန်ရရင် ရသလိုတော့ ဆက်တင် သွားပါ့မယ်။ ဘယ်လောက်ကြာမယ်တော့ မပြောတတ်သေးပါဘူး။ စိတ်ရှည်မယ် ဆိုရင်တော့ လာဖတ်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ အစက တော်တော်လေး ပြီးမှ ကြော်ငြာမယ် စဉ်းစားပေမယ့် Vista ရဲ့ ကောင်းမှုနဲ့ လူသိသွားတာကြောင့် စောစောစီးစီး ကြိုဖွင့်လိုက်ပါတယ်။ :D Adult Content Rate လုပ်ထားတာ ကတော့ တစ်ချို့ ဘာသာပြန်ထားတာတွေ နည်းနည်းကြမ်းတယ် ထင်လို့ပါ။
ဒုတိယတစ်ခုကတော့ ပန်းလောင် နည်းပညာ နယ်မြေသစ် ဆိုတဲ့ ဘလော့ခ်ပါ။ နည်းပညာဆန်တဲ့ ပို့စ်တွေကို သီးသန့်တင်ဖို့ ရည်ရွယ်ထားပါတယ်။ Telecommunications, Robotic, Automation နဲ့ Programming နဲ့ ဆိုင်တဲ့ ပို့စ်တွေ ဖြစ်ပါလိမ့်မယ်။ ဒီလထဲကမှ စရေးဖြစ်ပါတယ်။ ကိုယ်ရေးထားတဲ့ အတိုအစ Technical ပို့စ်တွေကို အချောသတ်ပြီး ပြန်တင်နေပါတယ်။ ပန်းလောင်ဆိုတဲ့ နာမည်ကတော့ ကျွန်တော့် အဘိုးအဘွားတွေ အခြေချခဲ့တဲ့ မြစ်သား ဒေသကို ရည်ညွှန်းထားပါတယ်။
တတိယ တစ်ခုကတော့ ဖွင့်ထားတာ ကြာပါပြီ။ ဒါပေမယ့်လည်း ဘလော့ခ် အသိုင်းအဝိုင်းက မိတ်ဆွေတွေပဲ သိကြပါတယ်။ Private လုပ်ထားလို့ပါ။ ဘာလို့ ပရိုက်ဗိတ် လုပ်ထားတာလဲ ဆိုရင်တော့ လူမြင်သူမြင် မပေါရဲ လို့ပါ။ ဒါပေမယ့်လည်း မမွန်နဲ့ မခင်ဦးမေတို့ရဲ့ အားပေးအားမြှောက်ပြုမှုကြောင့် ဒီဘလော့ခ်ကို Public ဖွင့်ဖို့ စဉ်းစား ဖြစ်ပါတယ်။ အခုတော့ အတော်လည်း ပေါရဲသွားပြီမို့ Public ဖွင့်လိုက်ပါတယ်။ ဒီဘလော့ခ်ကတော့ စာရေးတဲ့ ဘလော့ခ် မဟုတ်ပါဘူး။ စိတ်ကူးပေါက်ရင် ဂစ်တာတီး သီချင်းဆိုပြီး သီချင်းတွေကို တင်ထားတဲ့ ဘလော့ခ်ပါ။ ဂစ်တာက စတီးကတည်းက စနစ်တကျ သင်ခဲ့တာ မဟုတ်ဘဲ ဟို့လူဆီကနည်းနည်း ဒီလူ့ဆီကနည်းနည်း ရသလောက် ကပ်သင်ထားတာမို့ ကိုယ့်လက်သံကိုယ် စိတ်မချတာလည်း ပါပါတယ်။ အဲဒါကြောင့် ကြိုးတန်းကြွက်လျှောက် လက်သံများ စုစည်းမှု လို့ နာမည်ပေးထားပါတယ်။ နားထောင်ချင်ရင် ကိုယ့်ဒေါသနဲ့ကိုယ် နားထောင်ကြပါ။ နားမခံသာရင်လည်း စိတ်ထဲ ရှိတဲ့အတိုင်း ကွန်မန့်ရေးသွားလို့ ရပါတယ်။
၂၀၁၀ မှာ ဒီပို့စ်နဲ့ နှုတ်ဆက်လိုက်ပါတယ်။ အားလုံး အတွက် ပျော်စရာကောင်းတဲ့ ၂၀၁၁ ဖြစ်ပါစေ။

Labels:
သတင်း
Thursday, April 1, 2010
လန်ဒန်-ဘေဂျင်း-စင်ကာပူ ရထားလမ်း
အရင်တစ်ပတ် စနေနေ့က စင်ကာပူနိုင်ငံထုတ် စထရိတ်တိုင်းမ် သတင်းစာရဲ့ မျက်နှာဖုံးမှာ ပါလာတဲ့ ဘေဂျင်း-လန်ဒန် ၂ရက်နဲ့ သွားမယ့် မီးရထားလမ်း ခရီးစဥ်က ဖတ်ရတဲ့သူ အတော်များများကို အံ့သြသွားစေပါတယ်။ စင်ကာပူမှာ မျက်နှာဖုံးသတင်း ပါလာရတဲ့ အကြောင်းကတော့ တရုတ်နိင်ငံက ဘေဂျင်း-လန်ဒန် ခရီးစဥ် အပြင် ဘေဂျင်းနဲ့ စင်ကာပူ မီးရထားလမ်း ဖောက်ဖို့ အတွက်လည်း အစီအစဥ် ရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီရထားက ဘေဂျင်းကနေ စင်ကာပူကို တည့်တည့် သွားမှာတော့ မဟုတ်ပါဘူး။ ဒီဒေသအတွင်းမှာ ရှိတဲ့ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနဲ့ မလေးရှားကို တကွေ့တပတ်ကြီး ဖြတ်ပြီးမှ စင်ကာပူကို ရောက်မယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်၊ ဗီယက်နမ်မှာ ဟိုချီမင်း စီးတီး၊ မလေးရှားမှာ ကွာလာလမ်ပူ မြို့တွေကို ဖြတ်သွားမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ မြစ်ကြီးနားမြို့ကိုပဲ ဖြတ်သွားမယ်လို့ စထရိတ်တိုင်းမ် သတင်းမှာ ရေးထား ပါတယ်။ အဲဒီ ရထားလမ်းမှာ ပြေးမယ့်ရထားက တစ်နာရီကို ကီလိုမီတာ ၃၂၀ ကျော် သွားနိုင်တဲ့ တရုတ်နိုင်ငံက နောက်ဆုံးထုတ် ကျည်ဆန်ရထားပါ။ ရထားလမ်းကို ၁၀နှစ်အတွင်းမှာ အပြီးဖောက်မယ်လို့ သိရပါတယ်။ သတင်းကို သိချင်ရင် စထရိတ်တိုင်းမ် အွန်လိုင်းစာမျက်နှာမှာ ကြည့်နိုင်ပါတယ်။
အဲဒီသတင်း ဖတ်ရတော့ မြန်မာနိုင်ငံကနေ စင်ကာပူကို ကျည်ဆန်ရထားနဲ့ သွားလို့ရတာတော့ ဟုတ်ပါပြီ။ စင်ကာပူ သွားဖို့အရေး မြစ်ကြီးနား အထိ ရထားသွားစီးရမယ် ဆိုတာကတော့ သိပ်တော့ အထာမကျဘူးလို့ စိတ်ထဲမှာ ထင်မိပါတယ်။ မြစ်ကြီးနားကို လေယာဥ်ပျံနဲ့ သွားပြီး ရထား သွားစီးရမယ့် အတူတူတော့ စင်ကာပူကိုပဲ လေယာဥ်ပျံနဲ့ သွားတော့မှာပေါ့လို့ တွေးပါတယ်။ စိတ်ထဲမှာ မကျေလည်တာနဲ့ Google ထဲမှာ ဟိုရှာဒီရှာနဲ့ လိုက်ရှာကြည့်လိုက်တော့မှ ဒါကြောင့်ကိုး ဆိုတာ သိသွားပါတယ်။
စထရိတ်တိုင်းမ် သတင်းက စင်ကာပူနဲ့ ဘေဂျင်းဆက်မယ့် ရထားလမ်း အကြောင်းကိုပဲ ဦးစားပေး ရေးထားပါတယ်။ တရုတ်နိုင်ငံက သတင်းစာမျက်နှာတွေထဲမှာတော့ စထရိတ်တိုင်းမ်မှာ မပါတဲ့ သတင်းတွေ ရှိပါသေးတယ်။ ဘေဂျင်းကနေ စင်ကာပူကို သွားတဲ့ ရထားလမ်းဟာ မြစ်ကြီးနားကိုပဲ ဖြတ်သွားမယ် ဆိုပြီး စထရိတ်တိုင်းမ်ထဲမှာ ရေးထားတာလည်း မှန်ပါတယ်။ ဒါပေမယ့် အဲဒီရထားလမ်းနဲ့ ဆက်စပ်ဖို့အတွက် ဒေသအတွင်း ရထားလမ်းတွေလည်းဖောက်ဖို့ တရုတ်နိုင်ငံက စီစဥ်နေတယ်လို့ ဆင်ဟွာ သတင်းစာမျက်နှာမှာ ရေးထားပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာတော့ မြစ်ကြီးနားကနေ မန္တလေးနဲ့ နေပြည်တော်ကို ဖြတ်ပြီး ရန်ကုန်အထိ ဖောက်မယ်လို့ အဲဒီမှာ တွေ့လိုက်ရပါတယ်။
၁နာရီကို ကီလိုမီတာ ၃၂၀ကျော် သွားတဲ့ အဲဒီရထားဟာ မြစ်ကြီးနားကနေ ရန်ကုန်အရောက် ၄နာရီကျော် ကြာမယ်လို့ သိရပါတယ်။ အခုလက်ရှိ မြစ်ကြီးနား-ရန်ကုန် ရထားလမ်းက ကျည်ဆန်ရထား ပြေးလို့ မရတဲ့အတွက် အဲဒီရထားလမ်းကို မသုံးဘဲ ကျည်ဆန်ရထားအတွက် ရထားလမ်း အသစ် ဖောက်မှာပါ။ အဲဒီလို ရထားလမ်း ဖောက်ဖို့ တရုတ်က ငွေနဲ့ နည်းပညာပဲ စိုက်ထုတ်ပြီး မြန်မာနိုင်ငံ ကတော့ ဆောက်လုပ်တဲ့နေရာမှာ လိုအပ်တဲ့ ဓာတ်သတ္တု တွေနဲ့ အလုပ်သမားတွေ ပေးရမယ်လို့ သိရပါတယ်။ အဓိကက လိုအပ်တဲ့ ဓာတ်သတ္တု ကတော့ လစ်သီယမ်ပါ။ လစ်သီယမ်ကို ဘယ်မှာ သုံးမလဲတော့ သေသေချာချာ မသိပါဘူး။ ဒါပေမယ့် အလဲအလှယ် အနေနဲ့ မြန်မာနိုင်ငံအတွင်း ရထားလမ်းအတွက်တွင် မကပဲ တခြားရထား လမ်းပိုင်းတွေမှာ လိုအပ်တဲ့ ဓာတ်သတ္တုတွေလည်း တရုတ်ကို ရောင်းချပေးဖို့ သဘောတူ ထားတယ်လို့ သိရပါတယ်။
တရုတ်ကတော့ စေတနာတွေ ဗလပွနဲ့ လုပ်ပေးတာ မဟုတ်ပါဘူး။ သူ့အတွက် အကျိုးအမြတ်ရှိလို့ လုပ်ပေးတာပါ။ အခု ရထားလမ်းက တရုတ်ပြည်ထဲနဲ့ ပင်လယ်ထွက်ပေါက်ကို အလွယ်တကူ ဆက်ပေးဖို့လို့ ဆိုပါတယ်။ ဘယ်လိုပဲ ဖြစ်ြဖစ် ကိုယ့်ဘာသာကိုယ် ထွင်ရင် နောက် ဘယ်နှစ်နှစ်ကြာမယ်မှန်း မသိတဲ့ ရထားလမ်း တစ်ခု တရုတ်ကြီး ကျေးဇူးနဲ့ ရမယ် ဆိုတော့ မဆိုးသေးဘူးလို့ ထင်ပါတယ်။ နောက်ဆိုရင် ရန်ကုန်ကနေ စင်ကာပူကို သွားဖို့အတွက် မြစ်ကြီးနားကို ရထားစီးသွားပြီး မြစ်ကြီးနားကနေ စင်ကာပူကို ရထားနဲ့သွား အဲဒီလို ဆိုရင်တော့ မဆိုးသေးဘူးလို့ ဆိုရပါမယ်။ ဘယ်လိုပဲ ဖြစ်ြဖစ် လေယာဥ်ပျံလက်မှတ် အခက်အခဲ ဖြစ်တဲ့အချိန်ဆိုရင်တော့ အထောက်အကူ ဖြစ်မှာပါ။
ဆက်စပ်မှု ရှိမရှိ မသိပေမယ့် ဒီနေ့က စပြီး မြန်မာသံရုံးမှာ စက်ကနေ ဖတ်လို့ရတဲ့ ပတ်စ်ပို့ (Machine Readable Passport) ပြောင်းလဲဖို့အတွက် ပတ်စ်ပို့ သက်တမ်းတိုးတာကို တစ်လ ရပ်နားမယ်လို့ ကြေငြာထားပါတယ်။ အဲဒီကိစ္စနဲ့ ဆက်စပ်ပြီး ကျွန်တော်တို့တွေ အကြာကြီး မျှော်လင့် ခဲ့ရတဲ့ အိပ်မက်ကြီး တစ်နှစ် နှစ်နှစ်အတွင်း အကောင်အထည် ပေါ်တော့မယ်လို့လည်း သတင်းကြား ရပါတယ်။ အာဆီယံ ဒေသအတွင်း မြန်မာပတ်စ်ပို့ ကိုင်ပြီး ဗီဇာမလိုပဲ သွားလာနိုင်ဖို့ ဆိုတဲ့ ကိစ္စပါ။ ဗီဇာ မလိုဘဲ သွားလာနိုင်ဖို့ ပထမဆုံး လိုအပ်တဲ့ ပတ်စ်ပို့စ်ကို ပြောင်းလဲတာလို့ ကြားရပါတယ်။ မကြာခင်မှာ နောက်အဆင့်တွေ ဆက်ပြီး သွားတော့မယ် လို့လည်း ပြောပါတယ်။ ဗီဇာကင်းလွတ် သွားလာနိုင်မယ် ဆိုပေမယ့်လည်း ဝင်ခွင့်ပေးဖို့ မပေးဖို့ ဆိုတဲ့ ကိစ္စကတော့ သက်ဆိုင်ရာ နိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး အပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ဆိုပါတယ်။ နောက်ဆိုရင် စင်ကာပူ၊ မလေးရှား၊ ထိုင်းကို ဗီဇာမလိုပဲ လျှောက်သွားလို့ ရမယ်ဆိုရင်တော့ ဘယ်လိုပဲ ဖြစ်ြဖစ် မဆိုးလှပါဘူးလို့ပဲ ပြောရပါမယ်။
အခုအချိန်ထိ မသိသေးတဲ့ သူများတော့ အားနာပါတယ်။ ဒီနေ့ ဧပြီလ ၁ရက်နေ့ပါ။ တရုတ်-ဘေဂျင်း-စင်ကာပူ ရထားလမ်း ကိစ္စနဲ့ မြစ်ကြီးနားကို ဖြတ်သွားမယ် ဆိုတဲ့ သတင်းကတော့ အမှန်အကန် သတင်းပါ။ ကျန်တာကတော့ အေပရယ်ဖူးလ်ပါ။ ပျော်စရာကောင်းတဲ့ အေပရယ်လ်ဖူးနေ့ ဖြစ်ပါစေ။ ဟဟ...ဠအ။ ဟဟ...ဠအ။

ပေါက်တတ်ကရ,
သတင်း
Monday, June 8, 2009
အိုဘားမားရဲ့ စကားပြောခြင်း အတတ်ပညာ
အမေရိကန် သမ္မတ ဘာရတ် အိုဘားမား မိန့်ခွန်းပြောတာဟာ အလွန်ပဲ နားထောင်လို့ ကောင်းပါတယ်။ သူဟာ စကားပြော ကောင်းလွန်းလို့ အချို့က သူ့ကို ပြောချည်း ပြောနေတယ် ဘာမှလည်း ဖြစ်အောင် မလုပ်နိုင်ဘူးလို့ ဝေဖန်ကြပါတယ်။
ဇွန်လ ၄ ရက်နေ့က အိုဘားမားဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အာရပ်နဲ့ မွတ်ဆလင် ကမ္ဘာကို ဦးတည်တဲ့ မိန့်ခွန်းတစ်ခုကို ပြောခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်းဟာ အလွန် ဆွဲဆောင်မှု ရှိတဲ့အတွက် အဲဒီမိန့်ခွန်း ပြောတဲ့အချိန်မှာ သူသုံးခဲ့တဲ့ နည်းစနစ်တွေကို လက်လှမ်းမီသလောက် လေ့လာကြည့်မိပါတယ်။ ကျွန်တော့်အနေနဲ့ အကြောင်းအရာပိုင်းကို မသုံးသပ်ချင် ပါဘူး။ နည်းစနစ်ပိုင်းကိုပဲ သုံးသပ်ချင် ပါတယ်။အောက်က သုံးသပ်ချက် အားလုံးဟာ ကျွန်တော့် အမြင်သာ ဖြစ်တဲ့အတွက် ပြည့်စုံမှု ရှိမှာ မဟုတ်သလို အားလုံးမှန်တယ် လို့လည်း ယူဆလို့ မရပါဘူး။ ကိုယ့်ဘာသာကိုယ် ချင့်ချိန် တွေးတောနိုင်ပါတယ်။
ပရိသတ်နဲ့ တသားတည်း ဖြစ်ကြောင်း ပြောခြင်း
အိုဘာမားဟာ သူနဲ့ အာရပ်တွေ တသွေးတည်း တသားတည်း ဖြစ်တယ်ဆိုတဲ့ သဘောမျိုး ပြောကြားပြီး ဆွဲဆောင်ပါတယ်။ အိုဘားမားရဲ့ “ဆလမ် မာလေးကွမ်း” ဆိုတဲ့ နှုတ်ဆက်စကားအပြီးမှာ သူဟာ ပရိသတ်ရဲ့ သြဘာပေးမှုကို မိနစ်ဝက်ကျော်အောင် ရရှိခဲ့ပါတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲ တစ်လျှောက်မှာ သူ ထုတ်မသုံးခဲ့တဲ့ သူ့ရဲ့ အလယ်နာမည် ဟူစိန်ကို ပထမဆုံးအနေနဲ့ ထုတ်သုံးပြီး သူ့ကိုယ်သူ ဘာရတ် ဟူစိန် အိုဘားမား အနေနဲ့ မိတ်ဆက်ခဲ့ခြင်းဟာလည်း သူရဲ့ နည်းပရိယာယ် တစ်ခုပါပဲ။ သူ့ အဖေရဲ့ ကင်ညာနိုင်ငံက ဆွေမျိုးတွေမှာ မွတ်ဆလင်တွေ ပါဝင်နေတာ၊ သူ့ရဲ့ ကလေးဘဝကို မွတ်ဆလင် နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ အင်ဒိုနီးရှားမှာ ဖြတ်သန်းခဲ့တာ၊ ရှီကာဂိုက မွတ်ဆလင် အဖွဲ့အစည်းမှာ ကျင်လည်ခဲ့တာ တွေကို ပြန်ပြောခြင်းဟာလည်း သူဟာ မွတ်ဆလင်တွေနဲ့ မစိမ်းကြောင်း ထုတ်ဖော် ပြသွားတဲ့ နည်းပရိယာယ် တစ်ခုပါပဲ။
အမှန်ကို ထုတ်ဖော် ချီးကျူးခြင်း
လူတိုင်းက မြှောက်ပြောတာကို မကြိုက်ပါဘူး။ ဒါပေမယ့် အမှန်အတိုင်း ဖြစ်ခဲ့ဖူးတဲ့ ကိစ္စတစ်ခုကို ထုတ်ဖော် ချီးကျူးပြောဆို တာကိုတော့ လူတိုင်းက သဘောကျပါတယ်။ အိုဘားမားဟာ ကမ္ဘာ့သမိုင်းထဲမှာ မွတ်ဆလင်တွေရဲ့ အရေးပါတဲ့ ကဏ္ဍ တစ်ခု ဖြစ်တဲ့ ယဉ်ကျေးမှု ပြန်လည်ထွန်းကားလာတဲ့ခေတ် (Renaissance) မတိုင်ခင်က အချိန်တွေကို ပြန်လည်ထုတ်ဖော်ပြီး ချီးကျူးပါတယ်။ အဲဒီခေတ်က အနောက်တိုင်းမှာ နည်းပညာတိုးတက်မှုတွေ နှောင့်နေး နေခဲ့ပေမယ့် မွတ်ဆလင် ကမ္ဘာမှာ ဆေးပညာ၊ အက္ခရာသင်္ချာ၊ စက္ကူနဲ့ ပုံနှိပ်ခြင်း အတတ်ပညာ စတာတွေမှာ တိုးတက်လာခဲ့ပါတယ်။ အဲဒါတွေကို ပြန်လည် ထုတ်ဖော် ချီးကျူးခြင်းနဲ့ သူ့ကို သဘောကျအောင် ဆွဲဆောင် ခဲ့ပါတယ်။ အဲဒါအပြင် အမေရိကန် ပြည်ထောင်စုကို ပထမဆုံး အသိအမှတ် ပြုခဲ့တဲ့ နိုင်ငံဟာ မွတ်ဆလင် နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ မော်ရိုကို ဖြစ်တဲ့အကြောင်းကိုလည်း သတိတရ ထုတ်ဖော် ပြောခဲ့ပါတယ်။ မွတ်ဆလင်တွေဟာ အမေရိကန်မှာ ပျမ်းမျှ အမေရိကန်တွေထက် ပိုပြီး လူနေမှု အဆင့်အတန်း မြင့်မားတဲ့ အကြောင်းကို ထုတ်ဖော် ပြောခဲ့တာဟာလည်း သူ့ရဲ့ ပစ်ချက် တစ်ခုပါပဲ။
လူတိုင်းသိသော အမှန်တရားကို ပြောကြားခြင်း
ဒီမိန့်ခွန်းတစ်ခုတည်းနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး လို့ အိုဘားမားက ပြောပါတယ်။ ဒါကတော့ သူ မပြောလည်း လူတိုင်းသိပါတယ်။ ဒါပေမယ့် အဲဒီလို ပြောခဲ့ခြင်းကြောင့် သူ့ကို ရိုးသားတဲ့သူ တစ်ယောက် အနေနဲ့ နားထောင်တဲ့ သူတွေက ထင်မြင်သွားစေပါတယ်။ ဒါ့အပြင် အီရတ်စစ်ပွဲဟာ အမေရိကန်ရဲ့ အမှား တစ်ခုလို့ လူအတော်များများ လက်ခံထားပါတယ်။ အိုဘားမား ကိုယ်တိုင် ဆီးနိတ်လွှတ်တော် အမတ်ဘဝက အီရတ်ကို ကျူးကျော်မယ့် ကိစ္စကို ကန့်ကွက်ခဲ့ဖူး ပါတယ်။ အဲဒီ ကိစ္စဟာ အမေရိကန် ရဲ့ အလွန် ဖြစ်ကြောင်း သူ ဝန်ခံခဲ့ပါတယ်။ နောက်တစ်ခုကတော့ အမေရိကန်နဲ့ အစ္စရေး ဆက်ဆံရေးဟာ အလွန်ခိုင်မာတယ်။ ဖြတ်လို့ မရဘူးဆိုတာ လူတိုင်းသိပါတယ်။ အဲဒီ အမှန်တရား ကိုလည်း သူ ဝန်ခံခဲ့ပါတယ်။ အဲဒီလို လူတိုင်းသိတဲ့ အမှန်တရားတွေကို ဝန်ခံခဲ့ခြင်းအားဖြင့် အိုဘားမားဟာ သူ့ကိုယ်သူ ရိုးသားသူ တစ်ယောက်အနေနဲ့ ပုံဖော်ခဲ့ပြီး လူတွေကို သူ့ဘက်ပါအောင် ဆွဲဆောင်ခဲ့ပါတယ်။
စကားလုံး အသုံးအနှုန်း
သတင်းဌာနတွေရဲ့ သုံးသပ်ချက်အရ အိုဘားမားဟာ မိန့်ခွန်း တစ်ခုလုံးမှာ အကြမ်းဖက်သမား (terrorist) ဆိုတဲ့ စကားလုံးကို တစ်လုံးမှ သုံးမသွားပါဘူး။ အစွန်းရောက် ဝါဒီ (Extremist) ဆိုတဲ့ စကားလုံကိုပဲ အစားထိုး သုံးစွဲ သွားပါတယ်။ အိုဘာမားရဲ့ လက်သုံးစကား “ငါဒီနေရာကနေ နှိမ့်ချစွာ ပြောဆိုပါတယ်။” ဆိုတာကို လည်း ထည့်သွင်းပြီး ပြောသွားပါတယ်။
ကိုယ်ဟန် အမူအရာ
မိန့်ခွန်းပြောတဲ့သူဟာ စာရွက်ကိုင်ပြီး ပြောရင် ကြည့်ရတာ အလွန် အရုပ်ဆိုးသလို နားထောင်နေတဲ့သူရဲ့ ရင်ထဲကိုလည်း ရောက်ဖို့ မလွယ်ပါဘူး။ အိုဘားမားဟာ မိနစ် ၅၀ ကျော် ကြာတဲ့ မိန့်ခွန်းကို စာရွက် လုံးဝ မကိုင်ဘဲ လက်တန်း ပြောသွားပါတယ်။ သူ့ရဲ့လက်ဟာ မိန့်ခွန်းပြောတဲ့ အချိန်တစ်လျှောက်လုံးမှာ စကားနဲ့အညီ လိုက်ပြီး လှုပ်ရှားနေပါတယ်။ လက်နှစ်ဖက်ကို ဘေးကို ဖွင့်ပြီး ပြောတဲ့ ကိုယ်ဟန်အမူအရာဟာ သူ့မှာ ပွင့်လင်းမှု ရှိတယ် အားလုံးကို ကြိုဆိုနေတယ် ဆိုတဲ့ အမူအရာ မျိုးပါပဲ။ လက်ညှိုးတစ်ချောင်ကို ထောင်ပြီး လက်ကို တံတောင်ဆစ်အထက်မှာ မြှောက်ထားတဲ့ အမူအရာမှာတော့ သူဟာ သြဇာအာဏာရှိတဲ့ လူတစ်ယောက် ဖြစ်တယ်ဆိုတာကို ပြနေပါတယ်။
မှတ်သားစရာကောင်းတဲ့ စကားများ
အိုဘားမားရဲ့ မိန့်ခွန်းထဲက မှတ်သားစရာကောင်းတဲ့စကားတစ်ချို့ကို ရွေးထုတ် လိုက်ပါတယ်။
“ကျွန်တော်တို့ရဲ့ လတ်တလော အတွေ့အကြုံတွေက သင်ခန်းစာရခဲ့တာက နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးစနစ်ဟာ မခိုင်မာဘူး ဆိုရင် နေရာအနှံ့အပြားမှာ ရှိတဲ့ ကြွယ်ဝမှုတွေကို အကျိုးသက်ရောက်စေတယ်။ အဖျားရောဂါ အသစ်တစ်ခုဟာ လူတစ်ယောက်မှာ ဖြစ်ပြီ ဆိုရင် လူသား အားလုံးအတွက် အန္တရာယ်ရှိတယ်။ နိုင်ငံတစ်နိုင်ငံက နျူးကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးစားတယ် ဆိုရင် နိုင်ငံအားလုံးမှာ နျူးကလီးယား တိုက်ခိုက်ခံရမှု အတွက် အန္တရာယ်ရှိတယ်။ ကြမ်းတမ်းတဲ့ အစွန်းရောက်ဝါဒီတွေဟာ တောင်တန်းတစ်ခုမှာ အခြေပြု လှုပ်ရှားတယ် ဆိုရင် သမုဒ္ဒရာ တစ်ဖက်ကမ်းက လူတွေမှာ အန္တရာယ် ရှိတယ်။ ဒါဖာနဲ့ ဘော့စနီးယားမှာ အပြစ်မဲ့တဲ့သူတွေ အသတ်အဖြတ်ခံရတယ် ဆိုရင် ကျွန်တော်တို့အားလုံးရဲ့ စိတ်ဝိဉာဉ်တွေကို အစွန်းအထင်း ဖြစ်စေတယ်။ အဲဒါဟာ ၂၁ ရာစုမှာ ကျွန်တော်တို့ ကမ္ဘာကို ဝေမျှ နေထိုင် ကြတယ် ဆိုတဲ့ အဓိပ္ပါယ်ပဲ။”
“စစ်ပွဲတစ်ခုကို စရတာ လွယ်ပေမယ့် အဆုံးသတ်ဖို့ခက်တယ်။ အခြားလူတွေကို ထဲထဲဝင်ဝင် မြင်အောင် ကြည့်ရတာထက် အပြစ်တင်ရတာက ပိုလွယ်တယ်။ အခြားလူတစ်ယောက်နဲ့ ကိုယ်နဲ့ ကွဲပြားခြားနားတဲ့ အချက်ကို ရှာကြည့် ရတာက ကိုယ်နဲ့တူညီတဲ့အချက်ကို ရှာဖွေရတာထက် ပိုလွယ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ မှန်ကန်တဲ့ လမ်းကိုပဲ ရွေးသင့်တယ်။ လွယ်ကူတဲ့ လမ်းကို မရွေးသင့်ဘူး။”
ဂျော့ရှ်ဘုရှ်တုန်းကတော့ သတင်းစာ ဆရာ တစ်ယောက်က ဖိနပ်နဲ့ ပေါက်ခဲ့ပါတယ်။ အိုဘားမား အလှည့်မှာတော့ မိန့်ခွန်း ပြောနေတဲ့ အချိန်မှာ ပရိသတ်ထဲကနေ “ဘားရတ် အိုဘားမား။ we love you. ” လို့ အော်ဟစ်ပြီး အားပေးခံရတဲ့ အထိပါပဲ။ အိုဘားမားရဲ့ မိန့်ခွန်းစာသား အပြည့်အစုံနဲ့ ဗွီဒီယိုကို အောက်က လင့်ခ်မှာ ကြည့်နိုင်ပါတယ်။
Links:
Original Speech
အိမ်ဖြူတော်မှ ထုတ်ပြန်တဲ့ မိန့်ခွန်း ဗွီဒီယို

သတင်း,
သုံးသပ်ချက်,
အက်ဆေး
Saturday, May 23, 2009
ခေါက်ဆွဲစားတဲ့ကား
သောကြာနေ့ညဆိုရင် မနက်ဖြန် ရုံးမတက်ရဘူး ဆိုတဲ့ အသိနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ သွားချင်ရာသွား၊ အိမ်ကို ပြန်ချင်တဲ့ အချိန်မှပြန် လုပ်လို့ရတဲ့ နေ့မျိုးပါ။ ဒီနေ့လည်း ရုံးကနေ အိမ်ကို ပြန်ရောက်တာ နောက်ကျပေမယ့် သူငယ်ချင်းတွေ အစ်ကိုတွေနဲ့ အတူ စင်ကာပူ မြို့လယ်ခေါင်က Orchard လမ်းမကြီး မှာ အပျင်းပြေ လမ်းသွားလျှောက်မယ် ဂိမ်းသွားဆော့မယ် ဆိုပြီး ထွက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘတ်စ်ကားဂိတ် ရောက်တော့ ကားထိုင်စောင့်ရင်း ကားမလာတာနဲ့ စိတ်ပြောင်းသွား ကြပါတယ်။ နောက်ဆုံးတော့ အနီးအနားမှာပဲ ညစာ သွားစားမယ် လို့ သဘောတူကြပြီး အေရာရာဂျာ အမြန်လမ်းမကြီး (Ayer Rajah Expressway) နဲ့ မလှမ်းမကမ်း West Coast လမ်းမ နံဘေးမှာ ရှိတဲ့ အေရာရာဂျာ စားသောက်တန်း ကို ရောက်သွားကြပါတယ်။
အေရာရာဂျာ စားသောက်တန်းမှာ မလေးအစားအစာ ကောင်းကောင်း ရပါတယ်။ ခေါက်ဆွဲကြော် (Mee Goreng)၊ ထမင်းကြော်နဲ့ ကြက်သား (Nasi Goreng Ayam)၊ ကြာဇံကြော် (Bee Hong Goreng)၊ ကီးမားပလာတာ (Mutabak) စတဲ့ အစားအစာတွေ စားလို့ အလွန်ကောင်းပါတယ်။ အဲဒီလို အစားအသောက် ကောင်းလွန်းလို့ လူတင်မကပဲ ကားပါလာစားတာကို ဒီနေ့ ကြုံလိုက်ရပါတယ်။
ကျွန်တော်တို့ စားသောက်တန်းရဲ့ ဒေါင့်စွန်းခုံကလေးမှာ ထိုင်ရင်း ရယ်စရာ တွေ ပြောနေကြတုန်းမှာ လူတစ်ယောက် “အား” လို့ အော်လိုက်တဲ့ အသံနဲ့ အတူ ကားတစ်စီး အရှိန်နဲ့ မောင်းလာတဲ့ အသံကို ကြားလိုက်ရပါတယ်။ ကျွန်တော် ထိုင်နေတဲ့ နေရာရဲ့ နောက်ကျောဖက်က အသံထွက်လာတာမို့ လှည့်ကြည့်မိပါတယ်။ ပလက်ဖောင်းပေါ်ကနေ ကားတစ်စီး စားသောက်တန်း ဖက်ကို ဦးတည်ပြီး အရှိန်ပြင်းပြင်းနဲ့ မောင်းလာတာကို တွေ့လိုက်ရလို့ အတော်လေး အံ့အားသင့် သွားပါတယ်။

အပေါ်က ပုံကတော့ ကားဖြတ်မောင်းလာတဲ့ ပလက်ဖောင်းပါ။ မျက်စိတမှိတ်အတွင်းမှာပဲ ကားက စားသောက်ဆိုင်တန်းထဲကို ဝင်လာပါတယ်။ စားသောက်ဆိုင်တန်းထဲမှာ စတီးလ်နဲ့ လုပ်ထားတဲ့ စားပွဲ ကုလားထိုင်တွေ ရှိပါတယ်။ အဲဒါတွေ အကုန်လုံးကို ကားက ဝင်တိုက်ပြီး နောက်ဆုံးမှာတော့ ငါးဆုပ်လုံးခေါက်ဆွဲ (Fish Ball Noodle) ရောင်းတဲ့ ဆိုင်ကို ဝင်တိုက်ပြီး ကားက ရပ်သွားပါတယ်။

ကျွန်တော် ထိုင်နေတဲ့ နေရာနဲ့ ကားဝင်တိုက်သွားတဲ့ နေရာက သိပ်မဝေးပါဘူး။ လှမ်းမြင်နေရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ထင်လိုက်တာကတော့ တစ်ယောက်ယောက်က စားသောက်ဆိုင်ထဲမှာ ထိုင်နေတဲ့ သူကို မကျေနပ်လို့ ကားနဲ့ တိုက်တယ်လို့ ထင်လိုက်တာပါ။ တကယ်တော့ မဟုတ်ပါဘူး။ ကားမောင်းတဲ့သူ အရက်အမူးလွန်ပြီး လမ်းမှား ဝင်လာတာပါ။ ကံကောင်းထောက်မစွာနဲ့ ဆိုင်ရဲ့ အဲဒီဘက်အခြမ်းမှာ စားသောက်နေတဲ့သူ တစ်ယောက်မှ မရှိတော့ ဘယ်သူ့ကိုမှ မထိခိုက်မိပါဘူး။ ကားမောင်းတဲ့သူ တစ်ယောက်ပဲ ဒဏ်ရာ ရပါတယ်။

ချက်ချင်းပဲ ကားနားကို လူတွေ ဝိုင်းအုံလာကြပါတယ်။ ကားက မီးတွေ ပွင့်နေတုန်းပါပဲ။ ကျွန်တော်တို့ အနားနားကို ကပ်သွားတော့ ကားမောင်းတဲ့လူ သတိရနေပါသေးတယ်။ သူက ကားကို စက်နှိုးပြီး နောက်ပြန်ဆုတ် ထွက်ဖို့ ကြိုးစား နေပါတယ်။ ဒါပေမယ့်လည်း သူ့ကားက စတီးလ်ခုံတွေကို တိုက်ထားတာ ဆိုတော့ စတီးလ်ချောင်းတွေ က ကားအောက်က ပင့်ထားသလို ဖြစ်နေတော့ ပြန်ဆုတ်လို့ မရပါဘူး။ ဘေးနားကလူတွေက ကားကို နောက်ပြန်မဆုတ်ဖို့ ဝိုင်းအော်ကြပါတယ်။ နောက်ဆုံးတော့ ကားမောင်းတဲ့သူ ကားထဲက ထွက်လာပါတယ်။

ကျွန်တော့်ဘေးနားက တစ်ယောက်က ဖုန်းဆက်ပြီး အရေးပေါ် လှမ်းခေါ်ပြီးပါပြီ။ အရေးပေါ်က တော်တော်နဲ့ ရောက်မလာသေးပါဘူး။ ကားထဲက ဆင်းလာတဲ့ သူကတော့ မျက်နှာမှာ သွေးစွန်းနေပေမယ့် လမ်းလျှောက်နိုင်ပါသေးတယ်။ စကားလည်း ပြောနိုင်ပါသေးတယ်။ အဲဒီ နံဘေးနားက ဆိုင်ရှင် တရုတ်ကြီးနဲ့ စကားတွေ များနေကြပါတယ်။
ကျွန်တော်တို့လည်း အနားကပ် ဓာတ်ပုံရိုက်ပြီးတော့ ကားဝင်လာခဲ့တဲ့ လမ်းကြောင်းကို ကွင်းဆင်း လေ့လာရေး လုပ်ပါတယ်။ အဲဒီမှာ ကားက ဆိုင်ထဲကို ဝင်မလာခင် ပလက်ဖောင်းပေါ် တက်တက်လာချင်းမှာ ပလက်ဖောင်းဘေးမှာ ရပ်ထားတဲ့ ကားတစ်စီးကို နောက်မြီးကနေ အရင်ဆုံး ဝင်တိုက်လိုက်တယ် ဆိုတာကို တွေ့လိုက် ရပါတယ်။ အဲဒါကြောင့် လူတစ်ယောက် လန့်ပြီး အော်လိုက်တဲ့ အော်သံ ထွက်လာတာပါ။

အဲဒီကားကို တိုက်ပြီးတဲ့ နောက်မှာတော့ ဓာတ်တိုင်တွေနဲ့ အိမ်တွေကြား ပလက်ဖောင်း ပေါ်မှာ အရှိန်နဲ့ မောင်းလာပြီး နောက်ဆုံးမှာတော့ အမှိုက်ထည့်တဲ့ အုတ်ကန်နဲ့ ထောင်ထားတဲ့ အမှိုက်ပုံးကြားက ကပ်သီးကပ်သတ် ဝင်သွားပြီးမှ စားသောက်ကို ဝင်တိုက်တာပါ။ အဲဒီကား ကပ်သီးကပ်သတ် မောင်းဝင်သွားတဲ့ နေရာကို အောက်မှာ ကြည့်ပါ။

ကျွန်တော်တို့ လေ့လာရေး လုပ်နေတုန်းမှာပဲ တော်တီးတော်တီးနဲ့ သူနာပြုကား ရောက်လာပါတယ်။ ကားမောင်း လာတဲ့သူကတော့ မျက်နှာမှာ သွေးထွက်နေတာက လွဲလို့ အကောင်းအတိုင်း ရှိပါသေးတယ်။ တယ်လီဖုန်းတောင် ပြောနေပါသေးတယ်။

သူနာပြုတွေ ဆင်းလာပြီး ယာဉ်မောင်းကို ဘီးတပ်ကုလားထိုင်ပေါ် တင်ပြီး ခေါ်သွားကြပါတယ်။ အဲဒီတော့မှပဲ ကျွန်တော်လည်း ကားအနီးအနားကို ကပ်ပြီး ဓာတ်ပုံတွေ ရိုက်ခဲ့ပါတယ်။

စင်ကာပူက လူတွေကတော့ ထုံးစံအတိုင်း 4D (လေးလုံးထီ) ထိုးဖို့ ကားနံပါတ်ကို ဝိုင်းမှတ်ကြပါတယ်။ စိတ်ဝင်စားတဲ့သူများ မနက်ဖြန် ကံစမ်းနိုင်ပါတယ်။ အဲဒီကားနံပါတ်က ၉၅၅၃ ပါ။
ဘယ်လို ခံစားလိုက်ရသလဲ ဆိုတော့ နည်းနည်းတော့ သွေးပျက်သွားပါတယ်။ ငါထိုင်နေတဲ့ နေရာသာ အဲဒီကား မောင်းဝင်လာရင် ထပြေးဖို့ အချိန်မီမှာ မဟုတ်ဘူး ဆိုတာ တွေးမိလို့ပါ။ ကား မောင်းပြီး ဝင်လာတဲ့ အရှိန်က အရမ်းမြန်လွန်းပါတယ်။ အင်း ထိုင်နေရင်းလည်း အခန့်မသင့်ရင် မာလကီးယား သွားနိုင်တယ် တွေးမိတော့ စိတ်ထဲတော့ အတော်တုန်လှုပ်သွားပါတယ်။ မျက်စိရှေ့မှာတင် ဖြစ်သွားတဲ့ အက်ဆီးဒင့်ပါ။ ခေါက်ဆွဲစားတဲ့ ကားကို လေ့လာနိုင်ဖို့ တယ်လီဖုန်းနဲ့ ရိုက်လာတဲ့ ဓာတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်။ သတိဆိုတာ ပိုတယ် မရှိပါဘူး။ မျက်စိရှင်ရှင်နဲ့ ကိုယ့်အန္တရာယ်ကိုယ် ကြည့်ရှောင်ပါ။ အခန့်မသင့်လို့ကတော့ သတိတချက်လွတ်တာနဲ့ လျှပ်တပြက်အတွင်း ဂန့်သွားနိုင်ပါတယ် လို့တော့ အသိကလေး တစ်ခုတော့ ဒီနေ့ ရလိုက်ပါတယ်။ :D

အတွေ့အကြုံ
Wednesday, April 1, 2009
ဝမ်းမြောက်စရာ သတင်းကောင်းများ
ကြားရတဲ့ သတင်းတွေက ကိုယ့်နားကိုယ် မယုံနိုင်လောက်အောင်ပါပဲ။
အခွန်ကိစ္စကို အကြောင်းပြုပြီး နိုင်ငံသားအဖြစ်က စွန့်လွှတ်တဲ့သူ များလာတာက တစ်ကြောင်း၊ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့သူတွေ အရင်ကထက် ပိုများလာတာက တစ်ကြောင်း စတာတွေကြောင့် နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား တွေရဲ့ ဝင်ငွေခွန်ကို ၁၀ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ လျှော့ပြီး ကောက်ခံဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။ အခြားတစ်ဖက်မှာလည်း အဲဒီလို လျှော့ကောက်တဲ့အတွက် အစိုးရ ဘဏ္ဍာငွေ လျော့မသွားအောင် အခွန်ဆောင်တဲ့ သူတွေကို ကားပါမစ်တွေ ပြန်ချ ပေးသွားမယ်လို့ ဆိုပါတယ်။ လူတွေ အခွန် ဆောင်ချင်စိတ် ရှိအောင် စည်းရုံးတဲ့ သဘောပါ။ အရင်ကလောက် များများစားစား ချပေးမှာ မဟုတ်ပေမယ့် သတ်မှတ်ထားတဲ့ အခွန်ပမာဏကို ပေးသွင်း ပြီးသူတိုင်း ကားဝယ်ယူ တင်သွင်းခွင့် ပါမစ် ရမယ်လို့ သိရပါတယ်။ ဒါပေမယ့် သိပ်ဟောင်းနေတဲ့ ကားတွေကို တင်သွင်းခွင့်ပေးမှာ မဟုတ်ပဲ ၂၀၀၄ ခုနှစ် နောက်ပိုင်း ထုတ်တဲ့ကားတွေကိုပဲ တင်သွင်းခွင့်ပေးသွားမယ် လို့လည်း သိရပါတယ်။
ဆိုးရွားလာတဲ့ ရန်ကုန်မြို့က ဂျီအက်စ်အမ် ကွန်ယက်ကြောင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနဲ့ အပြိုင် ကုမ္ပဏီ တစ်ခုကို လုပ်ပိုင်ခွင့် ချပေးမယ်လို့ ကြားရပါတယ်။ အဲဒီအတွက် ပုဂံ ဆိုက်ဘာတက်ခ်နဲ့ နိုင်ငံခြား တယ်လီဖုန်း ကုမ္ပဏီတစ်ခု ဖက်စပ် လုပ်ဖို့ စီစဉ် နေတယ်လို့လည်း သိရပါတယ်။ အခုလောလောဆယ် ပုဂံနဲ့ ဖက်စပ်လုပ်ဖို့ စကားပြောနေတဲ့ ကုမ္ပဏီတွေထဲမှာ ထိုင်းနိုင်ငံက Shin Corp၊ စင်ကာပူက SingTel တို့အပြင် ထူးထူးခြားခြား ဥရောပ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Vodafone လည်း ပါဝင်နေ ပါတယ်။ W-CDMA လို့ခေါ်ကြတဲ့ 3G service၊ Blackberry Pushmail Service၊ I-phone Data plan တွေပါ ပေးနိုင်ဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။
အခြားတစ်ဖက်မှာလည်း MPT က နိုင်ငံခြား ကုမ္ပဏီ တစ်ခုနဲ့ ပူးပေါင်းပြီး အင်တာနက် ကွန်ယက်တွေ တိုးချဲ့သွားဖို့နဲ့ ဝန်ဆောင်မှု အသစ်တွေ ပေးသွားဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။ MPT က ပေးမယ့် ဝန်ဆောင်မှု အသစ်တွေထဲမှာ Pfingo၊ Skype တို့လို VOIP ဝန်ဆောင်မှုတွေပါ ပါဝင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို လှမ်းကြူချင်သူ များအတွက် ဝမ်းမြောက်စရာပါ။
နောက်တစ်ခုကတော့ ကမ္ဘာ အရပ်ရပ်မှာ နေထိုင်တဲ့ မြန်မာတွေ အတွက် သတင်းကောင်း တစ်ခုပါ။ နိုင်ငံခြား ကုမ္ပဏီ တစ်ခုကနေ မြန်မာ အစားအစာ ချက်ပြုတ်နည်းကို လေ့လာပြီး ကမ္ဘာအနှံ့အပြားမှာ မြန်မာစားသောက်ဆိုင်တွေ ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဲဒီ ကုမ္ပဏီဟာ လောလောဆယ် ကမ္ဘာ အရပ်ရပ်မှာ တရုတ်နဲ့ထိုင်း စားသောက်ဆိုင် အမြောက်အများ ဖွင့်လှစ်ထား ပါတယ်။ အဲဒီ အစီအစဉ်ကို အကောင်အထည် ဖော်နိုင်ဖို့ ပြင်သစ်စားဖိုမှူး ၅ယောက် ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ ရန်ကုန်မှာ မြန်မာအစားအစာကို သုတေသန လုပ်နေတယ်လို့ ကြားရပါတယ်။ သူတို့ မြန်မာစားသောက်ဆိုင် ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ နေရာတွေမှာ လော့စ်အိန်ဂျယ်လိစ်၊ ဆန်ဖရန် စစ္စကို ၊ နယူးယောက် စတဲ့ အမေရိကန် နိုင်ငံက မြို့ကြီးတွေ၊ ဆစ်ဒနီ၊ မဲလ်ဘုန်း စတဲ့ သြစတေးလျ မြို့ကြီးတွေ၊ လန်ဒန်၊ ပဲရစ်၊ ဘာလင်၊ မြူးနစ် စတဲ့ ဥရောပ မြို့ကြီးတွေ ပါဝင်တယ်လို့ သိရပါတယ်။
စင်ကာပူမှာ အမြဲတမ်းနေထိုင်သူတွေ၊ မလေးရှား ဗီဇာ ရှိတဲ့သူတွေ အတွက်လည်း သတင်းကောင်း တစ်ခု ရှိပါတယ်။ ဘတ်ဂျက် လေကြောင်းလိုင်း တစ်ခု ဖြစ်တဲ့ AirAsia ကို ရန်ကုန်-ဂျဟိုးဘာရူး၊ ရန်ကုန်-ပီနန် ခရီးစဉ် ပြေးဆွဲဖို့ ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ ဂျဟိုးဘာရူး Senai လေဆိပ်ကနေ စင်ကာပူ နိုင်ငံအတွင်းကို ရောက်ဖို့ ၄၅ မိနစ် လောက်ပဲ ကြာပါတယ်။ အဲဒီတော့ နောက်ဆို စင်ကာပူမှာ နေတဲ့သူတွေ ဝါသနာ ပါရင် စနေ၊ တနင်္ဂနွေ အိမ်ပြန်လို့ ရမယ့် သဘောပါ။ AirAsia ရဲ့ အဆိုအရ အဲဒီ ခရီးစဉ်တွေကို သူ့လေကြောင်းလိုင်းရဲ့ တခြား ခရီးစဉ်တွေလိုပဲ ဈေးနှုန်း သတ်မှတ်မယ်လို့ သိရပါတယ်။ ရန်ကုန်-ဂျဟိုး ခရီးစဉ်ကို ပုံမှန်အားဖြင့် မလေးရှား ရင်းဂစ် ၃၀၀-၄၀၀ (စင်ကာပူ ဒေါ်လာ ၁၀၀-၂၀၀) လောက်နဲ့ ပြေးဆွဲ ပေးသွားမယ် လို့ ဆိုပါတယ်။
အခု ပြောသွားတဲ့ သတင်းတွေက တကယ့်ကို မယုံနိုင်စရာပါပဲ။ ကျွန်တော်လည်း မယုံပါဘူး။ တကယ်မှ မဟုတ်တာ။ ကျွန်တော် ကြားချင်တဲ့ သတင်းတွေပါ။ ပျော်စရာ ကောင်းတဲ့ April Fool နေ့ ဖြစ်ပါစေ။
Happy April Fool Day. :D

Wednesday, December 31, 2008
ကြုံမှကြုံတတ်တယ် ၂၀၀၈ ခုနှစ်ဝယ်
Yahoo ထဲမှာ ဖတ်လိုက်ရတဲ့ “၂၀၀၈ ခုနှစ် သတင်းများ ထဲမှ ထူးဆန်းအံသြဖွယ် ကောင်းသောသတင်းများ” ဆိုတာကို သဘောကျလို့ ဘာသာပြန်လိုက်ပါတယ်။
- ဗြိတိသျှ အမျိုးသမီးတစ်ဦးမှ သူမ၏ အိမ်ထောင်ဖက်သည် အွန်လိုင်းဂိမ်း တစ်ခု ဖြစ်သော "Second Life" တွင် အခြားမိန်းမ တစ်ယောက်နှင့် ဖောက်ပြန်ကြောင်း သိရသဖြင့် ကွာရှင်းရန် ကြိုးစားခဲ့သည်။ (သူတို့နှစ်ဦး၏ ဖူးစာမှာလည်း "Second Life" တွင်ပင် ဆုံခဲ့ခြင်းဖြစ်သည်။)
- တရုတ်နိုင်ငံ တောင်ပိုင်းတွင် ရမ္မက်ပြင်းပြစွာ နမ်းခဲ့သော အနမ်းတစ်ခုကြောင့် အမျိုးသမီးတစ်ဦး၏ နားစည် ပေါက်ကွဲသွား စေသဖြင့် ထိုအနမ်းကို "နားကန်းလောက်တဲ့ အနမ်း (Kiss of Deaf)" ဟု တင်စား ခေါ်ဝေါ်ခဲ့ကြသည်။
- အမေရိကန် ရီပတ်ဘလစ်ကင် သမ္မတလောင်း ဆာရာ ပါလင်း သည် ပြင်သစ်-ကနေဒီယန် လူရွှင်တော်များမှ ပြင်သစ်သမ္မတ နီကိုးလပ်စ် ဆာဇိုကီး ဟန်ဆောင်၍ နောက်ပြောင်သော ဖုန်းခေါ်မှု၏သားကောင် ဖြစ်ခဲ့သည်။ သူမ၏ ကမ်ပိန်းမှ ဝန်ထမ်းများ ပြန်လည် ပြောကြားချက်အရ ပါလင်းသည် သူမ နောက်ပြောင် ခံရကြောင်း သိသော အခါတွင် သဘောကျ ရယ်မောခဲ့ကြောင်း သိရသည်။ (အဲဒီ ဟာသကို နားထောင်ချင်ရင် ဒီမှာ နားထောင်နိုင်ပါတယ်။ )
- ဆေးရုံမှ အမှားကြောင့် မွေးကတည်းက ကွဲကွာသွားခဲ့သော အမြွှာညီအစ်မ ၂ ယောက်သည် ၂ဂနှစ်အကြာတွင် မတော်တဆ ပြန်လည် ဆုံတွေ့ခဲ့ပြီး သူတို့ထဲမှ တစ်ဦးက အမှားလုပ်ရာတွင် တရားခံဖြစ်သော စပိန်ဆေးရုံကို တရားစွဲခဲ့သည်။
- ရုရှားများသည် လုပ်ငန်းခွင်မှ စိတ်ဖိစီးမှုများကို အရက်သောက်ခြင်းဖြင့် ဖြေဖျောက်လေ့ ရှိကြသည်။ သူတို့ထဲမှ တစ်ယောက်မှာ အာရုံကြောများ အလွန်ပင် ထုံထိုင်းနေသဖြင့် သူ၏ လုပ်ဖော်ကိုင်ဖက် တစ်ယောက်မှ ကျောကုန်းကို ဓားနှင့်ထိုးသည်ကိုပင် သတိမပြုမိလိုက်ပေ။
- ချီလီ ကျေးရွာကလေး တစ်ခုဖြစ်သော အန်ဂေါမှ ၈၁ နှစ်အရွယ် အဖိုးအိုသည် သူ၏အသုဘတွင် အခေါင်းထဲမှ ထလာခဲ့ခြင်းဖြင့် ဝမ်းနည်း ပူဆွေးနေသော ဆွေမျိုးများကို ထိတ်လန့်သွားစေခဲ့သည်။
- အသက် ၁၀၂ နှစ်အရွယ် ဗြိတိသျှလူမျိုး အဲရစ် ကင်းတန်နာ သည် ကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းတွင် အငြိမ်းစားယူချင်သော သူ၏စိတ်ကူးကို သတင်းမီဒီယာ များ၏ အပြင်းအထန် တိုက်ခိုက်မှု ကြားမှပင် အကောင်အထည် ဖော်ခဲ့သည်။ ဝယ်လင်တန်သို့ ပြောင်းရွှေ့နေထိုင်ခြင်းဖြင့် နယူးဇီလန်နိုင်ငံ၏ အသက်အကြီးဆုံး ရွှေ့ပြောင်းနေထိုင်သူ အသစ်စက်စက် အဖြစ်ခံယူခဲ့သည်။
- ရှန်ဟိုင်းမြို့ အစိတ်အပိုင်းတစ်ခုမှ အာဏာပိုင်များသည် ထိုအရပ်တွင် နေထိုင်သူ များအား ညဝတ်အင်္ကျီဖြင့် အပြင်ထွက် လမ်းလျှောက်ခြင်းကို အားမပေးသည့် ကမ်ပိန်းတစ်ခု ပြုလုပ်ခဲ့သည်။ ထိုအမူအကျင့်မှာ တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှု နှင့်အတူ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး ထိုအရပ်မှ လူများသည် ညဝတ်အင်္ကျီကဲ့သို့သော လူချမ်းသာသုံးပစ္စည်းများ သူတို့ ဝယ်သုံး နိုင်ကြောင်းကို ပြချင်သဖြင့် ထိုသို့ ပြုလုပ်ကြခြင်းဖြစ်သည်။
- အမေရိကန်နိုင်ငံမှ လူ၏ အရိုးပြာများကို ကမ္ဘာပတ်လမ်းကြောင်း အတွင်းသို့ လွှတ်တင်သော လုပ်ငန်းကို လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း တစ်ခုမှ အရိုးပြာများကို လကမ္ဘာသို့ ပို့လွှတ်ရန်အတွက် ကြိုတင် မှာကြားမှုများကို လက်ခံနေပြီ ဖြစ်ကြောင်း သိရသည်။
- သတင်းမီဒီယာဆိုင်ရာ ကျွမ်းကျင်မှုရှိသော စိတ်ကူးယဉ်ဝါဒသမား ဗြိတိသျှ အမျိုးသား တစ်ယောက် မှ သူသည် မည်သို့သော ပိုက်ဆံအမျိုးအစားကို မှ မသုံးပဲ ဗြိတိန်မှ အိန္ဒိယ အထိ တောက်လျှောက် လမ်းလျှောက်မည်ဟု ကမ္ဘာကို ကြေငြာခဲ့သည်။ သို့သော် ပထမဆုံး အခက်အခဲတွင်ပင် သူသည် လက်လျှော့ခဲ့ပြီး ပြင်သစ်ရေလက်ကြား ဆိပ်ကမ်းတစ်ခု ဖြစ်သော ကာလိယာစ်(Calais) မှ အာဏာပိုင်များသည် အင်္ဂလိပ်စကားကို နားမလည်သဖြင့် ဒုက္ခတွေ့ရကြောင်း မကျေမနပ် ပြောကြားခဲ့သည်။
- စွမ်းစီး (Swansea) ဟု အမည်ရသော မြို့တစ်မြို့မှ ဝေလနယ်သား ဘာသာစကား ပြောသူတို့သည် “အခုအချိန် ကျွနု်ပ်ရုံးတွင် ရှိမနေပါ။” ဆိုသော လမ်းပြဆိုင်းဘုတ် တစ်ခုကို နားမလည်နိုင်ပဲ ဇဝေဇဝါဖြစ်နေကြသည်။ အမှန်မှာ “ကုန်တင်ယာဉ်များ ဝင်ခွင့်မပြုပါ။” ဟု အဓိပ္ပါယ်ရသော ဆိုင်းဘုတ်ကို ဘာသာပြန်သူထံသို့ ပေးပို့လိုက်ရာတွင် ဘာသာပြန်သူမှာ ရုံးတွင်ရှိမနေသဖြင့် ထိုသို့ အဓိပ္ပါယ်ရသော ပြန်ကြားစာကို ရရှိခဲ့ခြင်း ဖြစ်သည်။
- အသက် ၁၀၅ နှစ်ပြည့် မွေးနေ့ပွဲကို ကျင်းပခဲ့သော ဗြိတိသျှ အမျိုးသမီးကြီးတစ်ဦးမှ အသက်ရှည်ခြင်း၏ လျှို့ဝှက်ချက်မှာ လိင်မှုကိစ္စကို ရှောင်ကြဉ်ခြင်း ဖြစ်ပြီး လိင်မှုကိစ္စသည် ဒုက္ခများစွာကို ဖြစ်စေသည် ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
- ကွာရှင်းပြတ်စဲမှု ပြုခဲ့ကြသော ကမေ္ဘာဒီးယား လင်မယား နှစ်ယောက်သည် သူတို့ တိုင်းပြည်၏ ရှုပ်ထွေးသော တရားရေးစနစ်ကြောင့် ကိုးယိုးကားယား ဖြစ်ခဲ့ရသည်။ သူတို့သည် သူတို့၏ အိမ်ကို လွှဖြင့် နှစ်ခြမ်း ဖြတ်ခဲ့ရသည်။
- ကမ္ဘာ့ပထမဆုံး ဝှေးစေ့နှင့်သက်ဆိုင်သော ဟင်းချက်စာအုပ်ကို ဆားဘီးယား စာဖိုမှူးမှ ရေးသားထုတ်ဝေခဲ့ပြီး "Cooking with Balls" ဟူသော ခေါင်းစဉ်ငယ်ဖြင့် အရောင်းမြှင့်တင်ရေး ပြုခဲ့သည်။ “ဝှေးစေ့ အကုန်လုံးကို စားလို့ ရတယ်။ လူရဲ့ ဝှေးစေ့မှ လွဲလို့ပေါ့။” ဟု ထိုစာအုပ်ကို ရေးသော အမျိုးသားစာရေးဆရာက ပြောကြားခဲ့သည်။
- ဆွစ်ဇ်လူမျိုး စွန့်စားသူတစ်ယောက်သည် ယောက်ျားလေး အများစု (မိန်းကလေး အချို့လည်း ပါဝင်နိုင်သည်။) စိတ်ကူးယဉ်အိပ်မက် မက်တတ်ကြသော အရာတစ်ခု ကို ပြုလုပ်ပြနိုင်ခဲ့ပြီး ထို စွန့်စားမှုမှာ ကောင်းကင်ပေါ်သို့ ဂျက် စွမ်းအားရှိသော အတောင်ပံဖြင့် ပျံတက်ခဲ့ခြင်းဖြစ်သည်။ သူသည် ဗြိတိန်မှ ပြင်သစ်သို့ ပျံသန်းခဲ့ ပြီးနောက် “ကျွန်တော် ငှက်လိုပဲ ခံစားခဲ့ရတယ်။” ဟု ထုတ်ဖော် ပြောကြားခဲ့သည်။
- ဆေးခြောက်ကို ဆန့်ကျင်သော ဘူဂေးရီးယားတို့၏ ကမ်ပိန်းသည် အာဏာပိုင်များ ထံသို့ပင် ပျံ့နှံ့ခဲ့သည်။ ဆိုဖီယာရှိ အစိုးရ ရုံးချုပ်၏ အပြင်ဖက်ရှိ ပန်းအလှစိုက်ရာ နေရာတွင် ဆေးခြောက်ပင် များကို တွေ့ရှိခဲ့သည်မှ စ၍ဖြစ်သည်။
- အသက် ၇၈ နှစ်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးသည် ဆွီဒင်နိုင်ငံ ပင်မလေဆိပ်မှ ညွှန်ကြားချက် စာတမ်းကို တလွဲဖတ်ကြားခဲ့ပြီး သူမ၏ ခရီးဆောင်အိတ်ကို တင်ရမည့် အစား သူမကိုယ်သူမ ပစ္စည်းသယ်ယူသည့် ရွေ့လျားစက်ခါးပတ် အပေါ်သို့ တက်ခဲ့ခြင်းကြောင့် ခရီးဆောင်အိတ် သယ်ယူသည့် ပြွန်အတွင်းသို့ ပြုတ်ကျခဲ့သည်။
- အရေးပေါ် ခွဲစိတ် ကုသမှု တစ်ခုမှ ဂေါက်သီးဘောလုံး ၄ လုံးကို ဥဟု ထင်မှတ်၍ မျိုချခဲ့သော သြစတေးလျ စပါးကြီးမြွေ တစ်ကောင်ကို ကယ်ဆယ် နိုင်ခဲ့သည်။
Labels:
ပေါက်တတ်ကရ,
ဘာသာပြန်,
သတင်း,
ဟာသ
Subscribe to:
Posts (Atom)