စင်ကာပူကို စရောက်ကတည်းက တစ်ခုခုတော့ အကြီးအကျယ် မှားယွင်းနေတယ်လို့ ခံစားရတာက အစားအသောက် တွေရဲ့ အရသာပါပဲ။ စင်ကာပူမှာ ရတဲ့ အစားအသောက် တွေက ဆီနည်းပါတယ်။ အငန် နည်းပါတယ်။ အချိုမှုန့် နည်းပါတယ်။ အဲဒါကြောင့် တခါတလေတော့ အရသာ ရှိတာ မှန်သမျှ အကုန် နည်းနေသလား လို့ တောင် တွေးမိပါတယ်။
အစောပိုင်း အတွေးခေါင် မိတာကတော့ ကျန်းမာရေး ဝန်ကြီးဌာန ကများ အစားအသောက် တွေကို ဆီတွေ ဆားတွေ အချိုမှုန့်တွေ ပိုပိုသာသာ ထည့်ရင် ဒဏ်ရိုက်မယ်လို့ ညွှန်ကြား ထားသလား ဆိုပြီးတော့ပါ။ အမှန်တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ ဈေးကွက်ရဲ့ သဘောအရ သူ့နိုင်ငံသားတွေ ကိုယ်တိုင်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် ပုံစံကို ကြိုက်နေလို့ အစားအသောက်တွေ ဒီလို အရသာ ဖြစ်နေရတယ် ဆိုတာကို နောက်တော့ သဘောပေါက် လာပါတယ်။
ကျွန်တော် အရင်ရုံးမှာတုန်းက နေ့ခင်းဘက် ထမင်းစား ထွက်ရင် ရုံးက လုပ်ဖော်ကိုင်ဖက် တွေနဲ့ အတူ အပြင်ထွက်ပြီး စားဖြစ် ပါတယ်။ ကျွန်တော်ကတော့ ထမင်းစားချိန် ဆိုရင် အရသာ ရှိတဲ့ အစားအစာမျိုး ကို ရွေးပြီး စားလေ့ ရှိပါတယ်။ ပထမနေ့ ဒန်ပေါက်စားလိုက်၊ နောက်တစ်နေ့ ကြက်သားဟင်းကို ယိုးဒယားလို အုန်းနို့နဲ့ ချက်ထားတာလေး စားလိုက်၊ နောက်တစ်နေ့ ဆီရွှဲရွှဲလေးနဲ့ ကြော်ထားတဲ့ ခေါက်ဆွဲကြော် စားလိုက်၊ နောက်တစ်နေ့ အနောက်တိုင်း ပုံစံ ကြော်ထားတဲ့ ကြက်သားအပြားနဲ့ အာလူးကြော်လေး စားလိုက် လုပ်နေတော့ နေ့လည်စာ အတူ ထွက်စားတဲ့ လုပ်ဖော်ကိုင်ဖက် တွေက မျက်ခုံးပင့်ကြပါတယ်။ မင်းစားတဲ့ အစားအစာတွေက ကိုလက်စထရော တွေ၊ အဆီဓာတ်တွေ အရမ်းများတယ် ရောဂါဖြစ်မှာ မကြောက်ဖူးလား လို့ မေးကြပါတယ်။ ကျွန်တော်က နေ့လည်စာလေး စားတာ ၊ ဒီလောက်နဲ့တော့ ဘာမှ ဖြစ်လောက်မယ် မထင်ပါဘူး။ ဖြစ်ကာမှ ဖြစ်ရောပေါ့ လို့ ပြန်ပြောမိ ပါတယ်။
ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က ကျန်းမာရေး ဆိုတာ ဂရုစိုက်သင့်တဲ့ အကြောင်း၊ သူဆိုရင် အဲဒီလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာမျိုးကို တခါတရံမှသာ စားတဲ့ အကြောင်း တရားဟော ပါတယ်။ ကျွန်တော်တို့ အတွက်တော့ ကျန်းမာတဲ့ အစားအသောက် စားဖို့ တရားဟောတယ် ဆိုတာ နည်းနည်းတော့ ထူးဆန်းပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က အဖွားအိမ် သွားရင် အဖွားက ပန်းကန်တစ်ခုလုံးနီးနီး ဆီမြုပ်လု နီးပါး ဆမ်းထားတဲ့ လက်ဖက်သုပ်မျိုး၊ ဆီရွှဲနစ် နေအောင် ချက်ထားတဲ့ ဟင်းမျိုး ကျွေးတတ်ပါတယ်။ ကျွန်တော့် အဖိုး ဆရာဝန်က ဆီများလို့ ဆိုပြီး ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ မစားနဲ့လို့ ။ တစ်ခါမှ မပြောဖူး ပါဘူး။ အဲဒီလိုပဲ အငန်လျှော့စားတို့ အချိုမှုန့် လျှော့ထည့်တို့လည်း ပြောလေ့ ပြောထ မရှိပါဘူး။ ကျန်းမာရေး အတွက်ဆိုရင် လှုပ်လှုပ်ရှားရှား နေဖို့၊ မနက်ခင်း အိပ်ရာက နိုးရင် ရေတစ်ခွက် အဝသောက်ဖို့ ဆိုတာမျိုးတွေပဲ ပြောတတ်ပါတယ်။ အဖိုးရော အဖွားရော နှစ်ယောက်စလုံး အသက် ၉၀ ကျော်အောင် နေသွားခဲ့ကြပါတယ်။ အဲဒီတော့ ကျန်းမာတဲ့ အစားအစာ စားမှ အသက်ရှည်မယ် ဆိုတာ ကျွန်တော့် အတွက်တော့ လက်ခံရမှာ နည်းနည်း ခက်နေပါတယ်။
ဒါပေမယ့် ကျွန်တော့်ရဲ့ စလုံး မိတ်ဆွေများကတော့ အစားအသောက်နဲ့ ပတ်သက်ရင် အတော် ဂရုစိုက် ကြတယ်လို့ ပြောရမှာပါပဲ။ အရင်တုန်းက စင်ကာပူမှာ ကျန်းမာရေးဝန်ကြီး ဖြစ်ခဲ့ဖူးတဲ့ ကောဘွန်ဝမ်းက သူ့မိန့်ခွန်း တစ်ခုမှာ ကျန်းမာတဲ့ အစားအသောက် စားဖို့ ပြောခဲ့ဖူး ပါတယ်။ သူဆိုရင် ချာကွေးတျောင်လို အစားအသောက်မျိုးကို တစ်နှစ် မှာ ၃ခါလောက်ပဲ စားတဲ့ အကြောင်း ပြောတာပါ။ ချာကွေးတျောင်ဆိုတာက ကွေးတျောင် ဆိုတဲ့ ခေါက်ဆွဲအပြားကို ဆီရွှဲရွှဲ နဲ့ ခရု၊ ကြက်ဥ စတာမျိုးတွေ ထည့်ပြီး ကြော်ထားတာပါ။ စလုံးမှာ ရှိတဲ့ သူတိုင်း သူ့လို တစ်နှစ်မှ ၃ ခါပဲ စားတယ် ဆိုရင်တော့ စင်ကာပူမှာ ချာကွေးတျောင် ဆိုတဲ့ အစားအသောက်တောင် ရှိတော့မှာ မဟုတ်ဘူးလို့ တွေးမိပါတယ်။
တစ်ခါက စလုံး အင်ဂျင်နီယာ တစ်ယောက်နဲ့ မလေးရှားကို အလုပ်ကိစ္စနဲ့ အတူသွားဖြစ် ကြပါတယ်။ စားသောက်ဆိုင်မှာ ဘာစားမလဲ ရွေးကြရင်း သူကတော့ ဆိတ်သား စွတ်ပြုတ်နဲ့ ပေါင်မုန့်ကို မှာပါတယ်။ နောက်တော့ ကျွန်တော့်ကို ဝမ်းသာအားရနဲ့ "ဒါမျိုး စင်ကာပူမှာ နေရာတကာ မရတော့ဘူးကွ။ ရရင်လည်း ဒီလောက် အရသာ မကောင်းဘူး။" လို့ ပြောပါတယ်။ ကျွန်တော်က ဘာဖြစ်လို့လဲ မေးတော့ "ဒီ ဆိတ်စွပ်ပြုတ်က အရသာ ရှိပေမယ့် ကိုလက်စထရော များတယ်။ အဲဒါကြောင့် စလုံးမှာ သိပ်မသောက် ကြဘူး။ လူတွေက သိပ်မသောက်ကြတော့ ဆိုင်တွေကလည်း မရောင်းကြတော့ဘူးပေါ့ကွာ။" လို့ ပြောပါတယ်။ ဘောဂဗေဒ သဘောအရ ဝယ်လိုအား ရှိမှ ရောင်းလိုအားက ရှိမှာ ဆိုတော့လည်း ကျန်းမာရေး ဂရုစိုက်တဲ့ သူတွေကြား ကိုလက်စထရောများတဲ့ အစားအသောက် သွားရောင်းတာ သီလရှင်ကျောင်းကို ဘီးနဲ့မှန် သွားရောင်းသလို ပါပဲ။
ကျွန်တော့်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားဖို့ တရားဟောတဲ့ လုပ်ဖော်ကိုင်ဖက်က တစ်နေ့တော့ ပြောပါတယ်။ ငါ ဒီနှစ် ဆေးသွားစစ်တာ အဆီက မနှစ်ကထက် ပိုနေတယ်။ အဲဒီတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာ ဘာစားသလဲ ဆိုတာ ပြန်စဉ်းစား ကြည့်တယ်။ ငါမနက်တိုင်း စားတဲ့ ကြာဇံကြော်က အဆီတွေ များနေတယ်။ နောက်ကို ကြာဇံကြော် နေ့တိုင်းမစားမှ ဖြစ်မယ် ဆိုပြီးတော့ပါ။ ကျွန်တော်လည်း ဘာပြောရမှန်း မသိအောင် ဖြစ်သွားပါတယ်။ သူ့လို အစားအသောက်ကို ဒီလောက် ဆင်ခြင်တဲ့သူတောင် ဒီလို ဖြစ်နေတယ် ဆိုရင်တော့ ကျွန်တော့်လို အစားအသောက် သောင်းကျန်းတဲ့သူ ဆိုရင် ဘယ်နား သွားနေရမလဲ မသိတော့ပါဘူး။
ပျော်ပျော်နေသေခဲ မော်တော်နေရေထဲ ဆိုသလို ကိုယ့်ပါးစပ်နဲ့ တွေ့တဲ့ အစားအသောက်ပဲ ခါတိုင်းလို ဆက်စားရမလား။ ဒါမှမဟုတ် နောက်ကျမှ နောက်တ မရအောင် အခုကတည်းက အစားအသောက် ရှောင်ရမလား ဇဝေဇဝါနဲ့ တွေးရင်း အဲဒီနေ့ နေ့လည်စာ အတွက်တော့ အုန်းနို့များများ ဆီရွှဲရွှဲနဲ့ ချက်ထားတဲ့ ကြက်သားဟင်း တစ်ခွက်ပဲ မှာစားလိုက်မိပါတော့တယ်။
Search This Blog
Thursday, October 20, 2011
Friday, October 14, 2011
ညွှန်းကိန်းများ
ညွှန်းကိန်း (Index) ဆိုတာ သူ့ရဲ့ အဓိပ္ပာယ်ကို နားလည်တဲ့ သူအတွက်တော့ အလွန်တန်ဖိုး ရှိတဲ့ ဂဏန်းတွေပါ။ ညွှန်းကိန်းတစ်ခု ရဲ့ နောက်ကွယ်မှာ အဓိပ္ပာယ်တွေ အများကြီး ရှိနေပါတယ်။ ဒီညွှန်းကိန်းဟာ မိုးတိမ်ကို ပြတာလား၊ မြေကြီးကို ပြတာလား၊ မျက်ရည်ကို ပြတာလား၊ ရယ်သံကို ပြတာလား ဆိုတာကတော့ အဲဒီညွှန်းကိန်းရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို သိမှပဲ သဘောပေါက် နိုင်ပါလိမ့်မယ်။
ဂျီဒီပီ ဆိုတဲ့ စကားလုံးကတော့ လူတိုင်းလိုလို ကြားဖူးကြမှာပါ။ စုစုပေါင်း ပြည်တွင်း ထွက်ကုန် (Gross Domestic Product) ကို အတိုကောက် ခေါ်တဲ့ အင်္ဂလိပ် စကားလုံးပါ။ ဥပမာ မြန်မာပြည်ရဲ့ ဂျီဒီပီ ဆိုရင် မြန်မာပြည်တွင် ဖုတ်သည် ဆိုတဲ့ အန်တီဂွက်စ်ရဲ့ ဘိန်းမုန့်လည်း ပါပါတယ်။ ရေသန့်ဘူး ထည့်ကြော်တယ် ဆိုတဲ့ တာရှည်ခံ အကြော်တွေလည်း ပါပါတယ်။ အရှေ့က တသက်လုံး စိုက်ခဲ့တာ၊ တို့ခေတ်မှာတော့ ခုတ်ရမည် မလွဲပါ ဆိုပြီး ကျွန်တော်တို့ ခေတ်မှာ အပြိုင်အဆိုင် ခုတ်ရောင်းနေကြတဲ့ ကျွန်း၊ပျဉ်းကတိုး စတဲ့ သစ်တွေလည်း ပါပါတယ်။ စီးပွားရေး ပိတ်တယ် ဒါတော့ မပါဘူး ဆိုပြီး တိုတယ်လ်က စုပ်ယူနေတဲ့ သဘာဝ ဓာတ်ငွေ့လည်း ပါပါတယ်။ မြန်မာပြည်ထဲက ထွက်ထွက်သမျှ ပစ္စည်းအကုန်လုံးဟာ မြန်မာပြည်ရဲ့ ဂျီဒီပီထဲမှာ ထည့်တွက်ပါတယ်။
ဒါဆိုရင် ကျွန်တော်တို့ နိုင်ငံသားကောင်း ပီသစွာနဲ့ အခွန်ထမ်းဆောင်ခွင့် ပြုပါရန် ဆိုပြီး စာတတန် ပေတတန်နဲ့ ရေးဖွဲ့ ငိုပြပြီးမှ အခွန်ဆောင်ခွင့်ရတဲ့ သံရုံးမှာ အခွန်ဆောင်ထားတဲ့ ငွေတွေ၊ ဘဏ်က ငွေထုတ်စက်မှာ အလကား ရသလို တန်းစီတိုးထုတ်ပြီး အိမ်ပြန်ပို့ထားတဲ့ ပိုက်ဆံတွေ မပါဘူးလားလို့ မေးစရာ ရှိပါတယ်။ မြန်မာပြည်ရဲ့ ပြည်ပမှာ ရှာထားတဲ့ ပိုက်ဆံက မြန်မာပြည်ရဲ့ ဂျီဒီပီမှာ အကျုံး မဝင်ပါဘူး။ ဂျီဒီပီဆိုတာ ပြည်တွင်း ထုတ်ကုန် သက်သက်ကို တိုင်းတာတဲ့ ကိန်းပါပဲ။ အဲဒီတော့ ကျွန်တော်တို့ နိုင်ခြံဂါးမှာ ရှာထားတဲ့ ပိုက်ဆံက အဲဒီနိုင်ငံရဲ့ ဂျီဒီပီမှာပဲ အကျုံးဝင်ပါတယ်။
ဒါဆို ကျွန်တော်တို့ ပြည်တွင်းကို ပြန်ပို့ထားတဲ့ ပိုက်ဆံတွေက စာရင်းမရှိ အင်းမရှိလို့ ထင်စရာ ရှိပါတယ်။ (တကယ်လည်း စာရင်းဘယ်သူ့ဆီမှ မရှိပါဘူး။) ဒါပေမယ့် အဲဒီလို နိုင်ငံသားတွေက ပြည်ပမှာ ရှာတဲ့ ပိုက်ဆံကို စုစုပေါင်း အမျိုးသား ထုတ်ကုန် (Gross National Product) ဒါမှမဟုတ် ဂျီအင်န်ပီမှာ ပြလို့ ရပါတယ်။ အမျိုးသား ဆိုပေမယ့် အမျိုးသမီးတွေ ရှာတဲ့ ပိုက်ဆံလည်း ပါပါတယ်။ မြန်မာပြည်ရဲ့ ဂျီအင်န်ပီမှာ မြန်မာပြည်ထဲက နိုင်ငံသားတွေ ကြက်ဆူပင် ပျိုးပြီးရောင်း၊ မြွေဖမ်းရောင်း လုပ်ရင်း အကျိုးအမြတ် ရတဲ့ ငွေရယ်၊ ပြည်ပက မြန်မာနိုင်ငံသားတွေ အလုပ်ထဲမှာ ဖေ့စ်ဘွတ်ခ်သုံးရင်း အလကား ရနေတဲ့ ငွေ၊ မိုးလင်းမိုးချုပ် တကယ် လုပ်ရတဲ့ငွေ စတာမျိုးတွေ ကို ပေါင်းထားတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ဂျီအင်န်ပီ ထဲမှာတော့ တိုတယ်လ်က လာတူးသွားတဲ့ သဘာဝ ဓာတ်ငွေ့၊ မုံရွာမှာ ကနေဒါ အိုင်ဗင်ဟိုက လာဖြိုသွားတဲ့တောင် ဆိုတာတွေကိုတော့ ထည့်တွက်လို့ မရတော့ပါဘူး။ အဲဒါတွေက မြန်မာနိုင်ငံရဲ့ ဂျီဒီပီ ပေမယ့် သူတို့ နိုင်ငံတွေရဲ့ ဂျီအင်န်ပီနဲ့ပဲ သွားပြီး ဆိုင်ပါတော့တယ်။
အဲဒီတော့ ဂျီဒီပီကို ကြည့်ပြီး နိုင်ငံတစ်နိုင်ငံ ဝင်ငွေဘယ်လောက် ဖြောင့်သလဲ ဆိုတာ အကြမ်းမျဉ်း လောက်တော့ ခန့်မှန်းကြည့်လို့ ရမယ် ထင်ပါတယ်။ နိုင်ငံတကာ ငွေကြေးအဖွဲ့ လို့ခေါ်တဲ့ အိုင်အမ်အက်ဖ် ရဲ့ စာရင်းအရ မြန်မာပြည်ရဲ့ ၂၀၁၀ ခုနှစ် ဂျီဒီပီဟာ ၄၃ ဘီလီယံ ဒေါ်လာ နီးပါး ရှိပြီးတော့ လူတစ်ဦးချင်းရဲ့ ပျမ်းမျှ ဂျီဒီပီဟာ အမေရိကန် ဒေါ်လာ ၇၀၀ စွန်းစွန်း ရှိပါတယ်။ ကျွန်တော်တို့လည်း ခေသူတော့ မဟုတ်ပါဘူး။ တစ်နှစ်ကို ၄၃ ဘီလီယံ ဒေါ်လာဆိုတာ ကမ္ဘာ့နိုင်ငံ ၁၉၂ နိုင်ငံထဲမှာ အဆင့် ၁၀၀ မကျော်တဲ့ နေရာမှာ ရှိပါတယ်။
ဂျီဒီပီကို ပြလို့ ရှိရင် အမေရိကန် ဒေါ်လာနဲ့ပဲ ပြလေ့ ရှိပါတယ်။ ဒါပေမယ့် အမေရိကန် ဒေါ်လာဈေးက တသမတ်တည်း မရှိပါဘူး။ မခင်အေးမှာ တဈေး၊ ဘာလမ်းထဲ သွားရောင်းရင် တဈေး ဆိုတာမျိုး ပြောတာ မဟုတ်ပါဘူး။ အမေရိကန် တဒေါ်လာရဲ့ ပကတိတန်ဖိုးဟာ တစ်နေရာနဲ့ တစ်နေရာ မတူတာကို ပြောချင်တာပါ။ မြန်မာပြည်မှာ အမေရိကန် ၂ ဒေါ်လာ မြန်မာငွေ ၁၆၀၀ လောက်ဆိုရင် နေ့လယ်စာ စားလို့ ရပေမယ့် ဥရောပလို နေရာမျိုးမှာ အမေရိကန် ၂ ဒေါ်လာ နဲ့ ညီမျှတဲ့ ယူရိုငွေ နဲ့ ထမင်းစားလို့ မရပါဘူး။ အဲဒီလိုပဲ ဥရောပလို နေရာမှာ ဒေါ်လာတစ်သိန်းတောင် အကုန်ခံစရာမလိုပဲ လင်ခရူဆာလို ကားမျိုးကို ဝီခေါ်နေအောင် စီးလို့ ရပါတယ်။ မြန်မာပြည်မှာ သိန်း ၈၀၀ ဆိုရင်တော့ လင်ခရူဆာနဲ့ နည်းနည်း ဝေးနေပါသေးတယ်။ အဲဒီလိုပဲ ဒေါ်လာဈေးနှစ်ဆ ဖြစ်သွားလို့ မြန်မာပြည်က လူတွေ တဝက်လောက် ဆင်းရဲမသွားသလို ဒေါ်လာဈေးတစ်ဝက် ကျသွားလို့လည်း မြန်မာပြည်က လူတွေ နှစ်ဆ ချမ်းသာ မသွားပါဘူး။ အဲဒီလို ဒေါ်လှငွေရဲ့ ပကတိတန်ဖိုးဟာ နေရာပေါ်မူတည်ပြီး ကွဲပြားတဲ့ အတွက် ဂျီဒီပီရဲ့ ပကတိတန်ဖိုးကို သိဖို့ နည်းလမ်း ရှာရပါတယ်။
အဲဒီနေရာမှာ ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်း (Purchasing Power Parity) ဒါမှမဟုတ် ထရစ်ပယ်လ်ပီ ဆိုတာကို သုံးပါတယ်။ စျေးနှုန်းတစ်ခု ဥပဒေသကို မူတည်ပြီး ညှိနှိုင်းတာပါ။ ဥပမာ ငှက်ပျောသီး တစ်လုံး အမေရိကားမှာ ဘယ်လောက်တန်မယ်၊ မြန်မာပြည်မှာ ဘယ်လောက် တန်မယ်။ ဘီယာတစ်ခွက် အမေရိကားမှာ ဘယ်လောက် တန်မယ်။ မြန်မာပြည်မှာ ဘယ်လောက် တန်မယ်။ စတာမျိုး ကုန်စျေးနှုန်းတွေ ပေါ်မူတည်ပြီး ထရစ်ပယ်လ်ပီ က ပြောင်းသွားပါတယ်။
အဲဒီလို ဂျီဒီပီ ကို ထရစ်ပယ်လ်ပီနဲ့ ပြန်ညှိ လိုက်တဲ့ အခါမှာတော့ လူနေမှု စရိတ်ကြီးတဲ့ နိုင်ငံတွေရဲ့ ဂျီဒီပီဟာ ကျသွားပြီး လူနေမှု စရိတ်နည်းတဲ့ ဂျီဒီပီတွေရဲ့ ပကတိတန်ဖိုးဟာ တက်လာပါတယ်။ မြန်မာပြည်ရဲ့ ၂၀၁၀ ဂျီဒီပီကို ပီပီပီနဲ့ ပြန်ညှိလိုက်တော့ ၇၆.၅ ဘီလီယံ ဖြစ်သွားပါတယ်။ မြန်မာပြည်က ၄၃ ဘီလီယံဖိုး ထွက်တဲ့ ပစ္စည်းဟာ အမေရိကားလို နေရာမျိုးမှာဆိုရင် ၇၆.၅ ဘီလီယံ လောက် တန်လိမ့်မယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ မြန်မာနိုင်ငံက လူတစ်ဦးချင်းရဲ့ ဂျီဒီပီဟာ အဲဒီအခါမှာ အမေရိကန် ဒေါ်လာ ၁၂၅၀ ဖြစ်သွားပါတယ်။
မင်းပြောတော့ လူတစ်ဦးချင်းဝင်ငွေ အမေရိကန် ဒေါ်လာ ၁၂၅၀ တို့နိုင်ငံကြည့်တော့ ဘယ်နှယ့် ဖြစ်နေရတာလဲ မေးရင် ကျွန်တော်နဲ့ မဆိုင်ပါဘူး။ လွှတ်တော်ထဲမှာ သွားမေးကြပါ။ စတုတ္ထမဏ္ဍိုင်တွေကို မေးခိုင်းကြပါ။ အဲဒါဆိုရင် မင်းရဲ့ ဂျီဒီပီ ဆိုတာ ဘူးရှစ် ပဲလို့ ပြောရင်လည်း ခံရုံပါပဲ။ ဂျီဒီပီက နိုင်ငံရဲ့ စုစုပေါင်းဝင်ငွေ၊ အဲဒီငွေကို လူဦးရေနဲ့စားပြီး ရတဲ့ ပျမ်းမျှဝင်ငွေ ဒါတွေကိုပဲ ပြတာပါ။ ဒါပေမယ့် အဲဒီနိုင်ငံမှာ နေထိုင်တဲ့ ပြည်သူတွေအတွက် ဘယ်လောက် တိုးတက်မှု ရှိတယ်ဆိုတာကို မပြနိုင်ပါဘူး။
အဲဒီလိုမျိုး နိုင်ငံတစ်ခုချင်းမှာ ရှိတဲ့ ပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုတော့ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်း (Human Development Index) ဒါမှမဟုတ် အိတ်ချ်ဒီအိုင်နဲ့ တိုင်းပါတယ်။ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းမှာတော့ နိုင်ငံမှာရှိတဲ့ လူတွေရဲ့လူတစ်ဦးချင်း ပျမ်းမျှသက်တမ်း (Life Expectancy)၊ ပညာရေးဆိုင်ရာ ညွှန်းကိန်း (Education Index)၊ ဝင်ငွေ ညွှန်းကိန်း (Income Index) စတာတွေ ပါတတ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အိတ်ချ်ဒီအိုင်ကို ကြည့်ချင်းအားဖြင့် အဲဒီနိုင်ငံက နိုင်ငံသားတွေရဲ့ တိုးတက်မှုနှုန်းကို အကြမ်းမျဉ်း သိနိုင်ပါတယ်။
လူတစ်ယောက်ရဲ့ ပေါင်ချိန်ကို တိုင်းကြည့်ပြီး ဒီလူ ပုံမှန် အတိုင်းလား အဝလွန်နေသလား ဆိုတာကို မသိနိုင်ပါဘူး။ သူအရပ်ရှည်လို့ အလေးချိန်များတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုပါပဲ။ အိတ်ချ်ဒီအိုင် တစ်ခုတည်းကိုပဲ ကွက်ကြည့်မယ်ဆိုရင် နိုင်ငံတစ်ခုရဲ့ တိုးတက်မှု ပမာဏကို မြင်နိုင်ပေမယ့် ဒီနိုင်ငံထဲက လူသားတွေ ညီတူညီမျှ တိုးတက်မှု ရှိရဲ့လား ဆိုတာကိုတော့ မမြင်နိုင်ပါဘူး။ အဲဒီလို ဆင်းရဲချမ်းသာ ကွာခြားမှုကိုတော ဂီနီ (Gini) ညွှန်းကိန်းလို့ ခေါ်တဲ့ ညွှန်းကိန်း တစ်ခုနဲ့ တိုင်းပါတယ်။ ဂီနီ က သုညဆိုရင် ဒီနိုင်ငံက လုံးဝညီမျှပြီး ၁ ဆိုရင် ဒီနိုင်ငံက အတော်ကို မညီမမျှ ဖြစ်တယ်လို့ ပြောရပါမယ်။ ဘယ်နိုင်ငံမှာမှတော့ ဂီနီက သုည ဖြစ်မနေပါဘူး။ ဥရောပနိုင်ငံတွေက ဂီနီ က ၀.၂၄ ကနေ ဝ.၃၆ အတွင်း၊ အမေရိကန် မက္ကဆီကို က ဝ.၄ စွန်းစွန်း၊ စင်ကာပူကတော့ ထိုင်း၊ ကမ္ဘောဒီးယားရဲ့ နောက် ၀.၄၂ လောက်မှာ ရှိပါတယ်။
စင်ကာပူနိုင်ငံမှာ အိတ်ချ်ဒီအိုင် အရမ်းမြင့်ပေမယ့် နိုင်ငံသားတွေအတွက် နိုင်ငံတော်က ကြည့်ရှု စောင့်ရှောက်ပေးတဲ့ အခွင့်အလမ်းတွေ ထောက်ပံ့ကြေးတွေမှာ တခြား ဖွံ့ဖြိုးပြီး နိုင်ငံတွေလောက် မရှိပါဘူး။ အဲဒီလို မရှိတဲ့ အတွက် ချမ်းသာတဲ့ သူက နင်းကန် ချမ်းသာပြီး ဆင်းရဲတဲ့သူက အရမ်းဆင်းရဲပါတယ်။ အဲဒီလို ဝင်ငွေ မညီမျှမှုကို ၂၀၁၀ နောက်ပိုင်းမှာ အိတ်ချ်ဒီအိုင်ထဲမှာ ထည့်တိုင်းပါတယ်။ အဲဒီ အခါမှာတော့ ဥရောပနိုင်ငံတွေက အဆင့်တက်လာပြီး အမေရိကန်လို နိုင်ငံမျိုးက အောက်ကို ထိုးဆင်းသွားပါတယ်။ စင်ကာပူ ဘယ်နား ရောက်သွားသလဲ ဆိုတာ စာရင်းထဲမှာ ရှာမတွေ့တော့ပါဘူး။
စာရင်းဇယားတွေက မသိရင်နှပ်ချလို့ ရပါတယ်။ မသိသူ ကြော်စား၊ သိသူလှော်စား လိုမျိုးပါပဲ။ အသုံးများနေကျ ကိန်းဂဏန်းတွေ အကြောင်း မသိတာလေးတွေ ရှိရင် သိရအောင် တတ်သလောက် မှတ်သလောက် မျှဝေပေးလိုက် ပါတယ်။

Labels:
ဘောဂဗေဒ
Tuesday, October 11, 2011
ဆာလောင်ပါ၊ ရူးသွပ်ပါ၊ ဒါပေမယ့်
အက်ပဲလ်ကုမ္ပဏီ တည်ထောင်တဲ့သူ စတိဂျော့ဗ် ကွယ်လွန်သွားပြီးတဲ့ နောက်တော့ စတန်းဖို့ဒ် တက္ကသိုလ်မှာ သူပြောခဲ့တဲ့ မိန့်ခွန်းကို ပြန်နားထောင်ဖြစ်ပါတယ်။ အဲဒီနောက်တော့ စတိဂျော့ဗ်ရဲ့ မိန့်ခွန်း၊ စတိဂျော့ဗ်ရဲ့ သမိုင်းကြောင်းကနေ စဉ်းစားစရာတွေ အများကြီး ရလာပါတယ်။ အိပ်မက်နောက်ကို လိုက်ဖို့။ ဆာလောင်ပါ ရူးသွပ်ပါ (Stay Hungry, Stay Foolish) ဆိုတဲ့ စကားတွေကနေ ဆင့်ပွားပြီး အများကြီး တွေးမိပါတယ်။
အသက်မွေးဝမ်းကြောင်း ရွေးချယ်ဖို့ အလုပ်ပြောင်းဖို့ ဆိုတာ တွေအတွက် "ဘာလုပ် ရရင် ကောင်းမှာလဲ။" ဆိုပြီး အကြံတောင်းတဲ့ မေးခွန်းမျိုးကို မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းတွေ ဆီကနေ မကြာခဏ ကြားခဲ့ရ ဖူးပါတယ်။ အရှင်းဆုံး ပြောရရင်တော့ အဲဒီလို အချိန်မျိုးမှာ ကိုယ့်ဘက်က အကြံဉာဏ်ပေးရတာ အတော်ခက်ပါတယ်။
စာအုပ်ကြီးထဲက လာတဲ့ အကြံဉာဏ်မျိုး ပေးမယ် ဆိုရင်တော့ လောကကြီးမှာ မဖြစ်နိုင်ဘူး ဆိုတာ မရှိသေးတဲ့အကြောင်း၊ မဖြစ်သေးတာပဲ ရှိတဲ့ အကြောင်း အဲဒါကြောင့် ခဏတာ အဆင်ပြေမယ့် အလုပ်မျိုးကို မစဉ်းစားပဲ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို တစိုက်မတ်မတ် လုပ်ဖို့ပဲ လိုတဲ့အကြောင်း၊ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်မှသာ အောင်မြင်မှာ ဖြစ်တဲ့အကြောင်း ပဲ ပြောရမှာပါ။ ဒါပေမယ့် အိပ်မက်နောက်ကို ယုံကြည်ချက် တစ်ခုတည်းနဲ့ လိုက်လို့ မဖြစ်ပါဘူး။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို တစိုက်မတ်မတ်လုပ်ရင် တိုးတက် ကြီးပွားနိုင်တဲ့ အခွင့်အလမ်း ရှိပေမယ့် လုံးဝ အောင်မြင်လိမ့်မယ် လို့တော့ လှေနံဓားထစ် တစ်ထစ်ချ ပြောလို့ မရတာ သေချာပါတယ်။
ဥပမာ အနေနဲ့ တစ်ခုလောက် စဉ်းစားကြည့်ရအောင်။ အခုအချိန် ဟားဗတ် မှာ တက်နေတဲ့ မိတ်ဆွေ တစ်ယောက်က သူ ဟားဗတ်ပညာရေးကို စိတ်မဝင်စားဘူး။ ကျောင်းထွက်ရင် ကောင်းမလား။ လို့ တိုင်ပင်တယ် ဆိုကြပါစို့။ အတိတ်ကို ပြန်ကြည့်ရင် မိုက်ခရိုဆော့ဖ် ပိုင်ရှင် ဘီလ်ဂိတ်က ဟားဗတ်က တဝက်တပျက်နဲ့ ကျောင်းထွက်ပြီး ကုမ္ပဏီထောင်လို့ ကြီးပွားသွားတာ ဥပမာ တွေ့နိုင်ပါတယ်။ အဲဒီလိုပဲ စတိဂျော့ဗ် ရိဒ်ကောလိပ် ကနေ တဝက်တပျက်နဲ့ ကျောင်းထွက်ပြီး သူလုပ်ချင်တာ လုပ်လို့ အောင်မြင်သွားတဲ့ ဥပမာ လည်း ရှိပါတယ်။ အဲဒီလို ဥပမာတွေရှိလို့ ဟားဗတ်တက္ကသိုလ်လို ကျောင်းမျိုးကနေ စိတ်မဝင်စားရင် ထွက်လို့ အကြံဉာဏ်ပေးရင် နည်းနည်း မိုက်မဲရာ ကျပါလိမ့်မယ်။
ဘာဖြစ်လို့လဲ မေးရင် အဖြေက ရှင်းရှင်းလေးပါပဲ။ ဟားဗတ် တက္ကသိုလ်က တဝက်တပျက် ကျောင်းထွက်တဲ့သူတွေ အများကြီးပါ။ ဘီလ်ဂိတ်က တစ်ယောက်တည်း ရှိပါတယ်။ စတန်းဖို့ဒ်က တဝက်တပျက်နဲ့ ကျောင်းထွက်တဲ့သူတွေ အများကြီးပါ။ စတိဂျော့ဗ်က တစ်ယောက်တည်း ရှိပါတယ်။ အဲဒီတော့ ဖြစ်နိုင်ခြေနဲ့ တွက်ရင် အဲဒီလို တက္ကသိုလ်မျိုးက တဝက်တပျက်နဲ့ ထွက်ပြီး သူတို့လို ကမ္ဘာကျော်အောင် အောင်မြင်တဲ့သူက ရာခိုင်နှုန်း အနည်းစုပဲ ရှိတယ်ဆိုတာ သက်သေပြစရာ မလိုတဲ့ ကိစ္စပါပဲ။ ဒါပေမယ့် ဟားဗတ်လို စတန်းဖို့ဒ်လို တက္ကသိုလ်တွေကနေ ကျောင်းပြီးတဲ့ သူတွေထဲမှာတော့ ဝင်ငွေကောင်းတဲ့သူ ဆိုတာ ရာခိုင်နှုန်း အများစု ရှိပါတယ်။ လူတစ်ယောက် အောင်မြင်ဖို့ အတွက် ယုံကြည်ချက် တစ်ခုတည်း မဟုတ်ဘဲ လုပ်ဆောင်နိုင်စွမ်းတွေ ဖြစ်နိုင်ခြေတွေလည်း လိုအပ်ပါသေးတယ်။ တခါတလေတော့ သူလို ငါလို လုပ်ဆောင်နိုင်စွမ်း ရှိသူတွေ အတွက် မိုးခါးရေ သောက်ပြီး လုံခြုံစိတ်ချရတဲ့ လမ်းကိုလည်း ရွေးတာက ပိုပြီး သင့်လျော်ပါတယ်။
ကြိုးစားရင် ဘာမဆို ဖြစ်တယ် ဆိုတဲ့ စကားမျိုးတွေ ငယ်ငယ်ကတည်းက ကျွန်တော်တို့ ဖတ်ခဲ့မှတ်ခဲ့ လေ့လာ ခဲ့ဖူးပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေတော့လည်း ဝိဉာဏ ဝါဒ (Idealism) တွေကို ဖယ်ပြီး လက်တွေ့ကျကျ သုံးသပ်ကြည့်ရအောင်ပါ။ ကိုယ့်အနားမှာ ကြိုးစားပြီး မဖြစ်မြောက်တဲ့သူတွေ မရှိဘူးလား ဆိုရင် ကျွန်တော့် အဖြေကတော့ အများကြီးပါလို့ ပြောရပါမယ်။ လမ်းကြောင်းမှားပေါ် ရောက်နေရင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား အချည်းနှီးပါပဲ။ ဥပမာ အနေနဲ့ ကြည့်ရရင် ကျွန်တော် ရန်ကုန်ကနေ မန္တလေးကို သွားဖို့ အိမ်က ထွက်လာတယ်။ ကားကို မိုင် ၁၀၀ နှုန်းနဲ့ မောင်းနေတယ်။ ဒါဆိုရင် ကျွန်တော့်အနေနဲ့ အတော်ကို efficient ဖြစ်တယ်လို့ ပြောရပါမယ်။ ဒါပေမယ့် ကျွန်တော် ကားမောင်းနေတာ ရန်ကုန်-မန္တလေး ဟိုင်းဝေး လမ်းမ မဟုတ်ဘဲ ရန်ကုန်-ပုသိမ် ဟိုင်းဝေးလမ်းမ ဆိုရင်တော့ တစ်နာရီကို မိုင် ၁၂၀ နှုန်း မောင်းလည်း အကျိုးမရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လမ်းကြောင်း လွဲနေတဲ့အတွက် ဘယ်တော့မှ မန္တလေးကို ရောက်မှာ မဟုတ်လို့ပါပဲ။ efficient နဲ့ effective ရဲ့ သဘောတရားဟာ တူသလို ရှိပေမယ့် တကယ်တမ်းတော့ ကွဲပြားပါတယ်။ အဲဒီတော့ ကြိုးစားရင် ဘာမဆို ဖြစ်တယ်ဆိုပေမယ့် လမ်းကြောင်းမှန်ပေါ်မှာ ရှိနေက အတော် အရေးကြီးပါတယ်။
နောက်တစ်ခုက ပတ်ဝန်းကျင်ပါ။ အခုဆိုရင် စတိဂျော့ဗ်နဲ့ ပတ်သက်ပြီး အတော်များများက ပြောကြပါတယ်။ မိဘက ငယ်ငယ်ကတည်းက စွန့်ပစ်သွားတဲ့သူ။ တက္ကသိုလ်က တဝက်တပျက် နဲ့ ထွက်လာတဲ့သူ။ ဒီလောက် အောင်မြင်တယ် ဆိုရင် တခြားသူတွေ အတွက် မအောင်မြင်တာ ဆင်ခြေပေးစရာ မရှိဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် တခြားတစ်ဖက်က အသံတွေကို ကြားရင် သူတို့ပြောတာနဲ့ ဆန့်ကျင်ဘက် တွေကို ကြားရပါလိမ့်မယ်။ စတိဂျော့ဗ်ရဲ့ အဖေအရင်း ဟာ ဆီးရီးယားနိုင်ငံသား အာရပ် တစ်ယောက်ပါ။ အဲဒီတော့ ဆီးရီးယားနိုင်ငံသား တွေက ပြောကြပါတယ်။ စတိဂျော့ဗ်သာ သူ့အဖေ ရှိတဲ့ ဆီးရီးယားမှာ ကြီးပြင်းခဲ့မယ်ဆိုရင် အက်ပဲလ်ကုမ္ပဏီ ဆိုတာ ဖြစ်လာနိုင်စရာ အလားအလာ မရှိဘူးလို့ ဆိုကြပါတယ်။ သူတို့ပြောတဲ့ စကားကို တိုးတက်ပြီးသား နိုင်ငံက လူတွေ အဖို့ လက်ခံနိုင်ချင်မှ လက်ခံနိုင်လောက်ပေမယ့် ကျွန်တော်တို့လို ခံစားဖူးတဲ့ သူတွေကတော့ သူတို့ ပြောတဲ့ စကားကို နားလည်နိုင် ပါတယ်။ လူတစ်ယောက် အောင်မြင်တိုးတက်ဖို့ ရေခံမြေခံ နဲ့ ပတ်ဝန်းကျင် လိုပါတယ်။ အမေရိကန်တွေရဲ့ အိပ်မက်မှာ အာဖရိကသားက မွေးတဲ့သူ သမ္မတ ဖြစ်နိုင်ပေမယ့် အိုဘားမားလို လူမျိုး မြန်မာပြည်မှာသာ ကြီးရင် ဧည့်နိုင်ငံသား မှတ်ပုံတင် ကိုင်ခွင့်ရရင်တောင် ကံကောင်းတယ် ပြောရပါမယ်။ အဲဒီတော့ အခွင့်အလမ်းရှိတဲ့ ပတ်ဝန်းကျင် တစ်ခုမရှိရင် အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
အဓိက အားဖြင့် ပြောချင်တာကတော့ အောင်မြင်မှု ဆိုတာ ယုံကြည်ချက် တစ်ခုတည်းနဲ့ ဖြစ်မလာနိုင်ပါဘူး။ ဖြစ်နိုင်ခြေ (Potential) ရှိရပါမယ်။ လမ်းကြောင်းမှန်ဖို့ လိုပါတယ်။ ပတ်ဝန်းကျင် ကောင်းဖို့ လိုပါတယ်။ အဲဒီအချက်တွေ ရှိမနေရင် အရင်ဆုံး ရှိအောင် ဖန်တီးယူဖို့ လိုပါတယ်။ အဲဒါမှ အောင်မြင်ဖို့ လမ်းစဆိုတာ နီးစပ်လိမ့်မယ်လို့ တွေးမိပါတယ်။

အတွေး
Subscribe to:
Posts (Atom)