ဘာသာရေးနဲ့ ပတ်သက်ပြီး ကမောက်ကမ ဖြစ်ရတဲ့ ဟာသတွေထဲက သိပ်ပြီး မရိုင်းဘူးလို့ ထင်ရတဲ့ ဟာသလေး တွေကို ပြန်ပြီး ဝေမျှချင်ပါတယ်။ ဘာသာတရားကို မရိုမသေ လုပ်သလို မဖြစ်လောက်ဘူးလို့တော့ ထင်တာပါပဲ။ ပြုံးချင်စရာ သက်သက်ပါ။
အင်္ဂလိပ်ခေတ်တုန်းက မြန်မာပြည်မှာ လာပြီး အခြေချကြတဲ့ ဆာမိနဲ့ မူတူး ဆိုတဲ့ ကုလား ၂ ယောက် ရှိပါတယ်။ သူတို့ဟာ မြန်မာပြည်မှာ အနေကြာလာ ပြီးတဲ့နောက်မှာ ဗုဒ္ဓဘာသာဝင် အဖြစ် ပြောင်းလိုက် ကြပါတယ်။ ဘာသာ ပြောင်းပြီးတော့ ဆာမိက ရွာဦးကျောင်း ဆရာတော်ကို အိမ်ကို ပင့်ပြီး ဆွမ်းကပ်ပါတယ်။ ဆရာတော်က ဆွမ်းဘုဥ်းပေးပြီးတဲ့ နောက်မှာတော့ အိမ်ရှင် ဆာမိကို ငါးပါးသီလ ပေးပါတယ်။ သူ့သူငယ်ချင်း မူတူးကလည်း တရားနာတဲ့ နေရာမှာ ရောက်နေပါတယ်။ ဆရာတော်က "ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဓမ္မံသရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ" ဆိုပြီး သရဏဂုံ ရွတ်ဖတ်တဲ့ အချိန်မှာတော့ အိမ်ရှင် ဆာမိက သဘောတွေ အကျကြီး ကျနေပါတယ်။
နောက်တစ်နေ့ ကျတော့ မူတူးကလည်း အားကျမခံ ဆရာတော်ကို အိမ်ကို ပင့်ပြီး ဆွမ်းကပ်ပါတယ်။ ဆရာတော်လည်း မူတူးရဲ့ အိမ်မှာ ဆွမ်းဘုဥ်းပေး ပြီးတဲ့ နောက်မှာ ငါးပါးသီလ ပေးပြန်ပါတယ်။ ဆရာတော်က "ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဓမ္မံသရဏံ ဂစ္ဆာမိ သံဃံသရဏံ ဂစ္ဆာမိ" ဆိုပြီးတော့ ရွတ်တဲ့ အချိန်မှာတော့ အိမ်ရှင် မူတူးက "ဆရာတော် ဘုရား။ တပည့်တော် နာမည် မူတူး ပါဘုရား။ ဆာမိ မဟုတ်ပါဘူး။" ဆိုပြီး ဝင်ပြောပါတယ်။ ဘုန်းကြီးက "ဟဲ့ ဒကာ။ သရဏဂုံဆိုတာ ဒီအတိုင်းပဲ။ ဆာမိပဲ ဖြစ်ဖြစ် မူတူးပဲ ဖြစ်ဖြစ် ဂစ္ဆာမိပဲ ရှိတယ်။" လို့ပြန်ပြောတော့ မူတူးက "အရှင်ဘုရား တပည့်တော်က ဆာမိမှ မဟုတ်တာ။ မူတူးပဲ။" ဆိုပြီး ထပ် ပြော ပြန်ပါတယ်။ ဘုန်းကြီးကလည်း စိတ်ပေါက်ပေါက်နဲ့ ကဲ ဒီလောက်တောင် ဖြစ်လှတာ ဆိုပြီး "ဗုဒ္ဓံသရဏံ ဂစ်မူတူး ဓမ္မံသရဏံ ဂစ်မူတူး သံဃံသရဏံ ဂစ်မူတူး" ဆိုပြီး ရွတ်ထည့် လိုက်ပါတယ်။ အဲဒီတော့ မူတူး က ဝမ်းသာအားရနဲ့ "အာဟား။ ဂစ်မူတူးကွ။" ဆိုပြီး ထခုန် ပါတယ်တဲ့။ အဲဒါက ဟိုးအရင်ခေတ်က ရွှင်ပြုံး ဂျာနယ်မှာ ပါဖူးတဲ့ ဟာသ တစ်ခုပါ။
ငယ်ငယ်ကတည်းက ကြားဖူးနေတဲ့ တရုတ်ကြီး နဲ့ သူ့မိန်းမ ဟာသလည်း ရှိပါသေးတယ်။တစ်ခါက တရုတ်ကြီး တစ်ယောက်ဟာ မြန်မာ အမျိုးသမီးတစ်ဦး နဲ့ အိမ်ထောင်ကျပါတယ်။ သူ့မိန်းမက မနက်တိုင်း ဘုရားကို ဆွမ်းတော်တင် ရေချမ်းကပ်နဲ့ လုပ်နေတာကို တရုတ်ကြီးက အမြဲတမ်း တွေ့နေရပါတယ်။ ဆွမ်းကပ် ရေချမ်းကပ် တွေ ရွတ်နေတာကိုလည်း ကြားနေ ရပါတယ်။ တစ်နေ့တော့ သူ့မိန်းမက ခရီးသွားစရာ ရှိလို့ တရုတ်ကြီးကို "ကျွန်မ မရှိတဲ့ အချိန် ရှင် မနက်တိုင်း ဘုရားကို ဆွမ်းတော်တင် ထားလိုက်။" ဆိုပြီး မှာထားခဲ့ပါတယ်။ နောက်တစ်နေ့ မနက်မှာတော့ တရုတ်ကြီးလည်း ဆွမ်းတော်ပွဲ ကလေး ပြင်ပြီး ဘုရားကို ဆွမ်းသွားကပ် ပါတယ်။ ဘုရားကို ဆွမ်းကပ် ပြီးတော့မှ "ဒုက္ခပဲ။ ငါ့မိန်းမ ဆွမ်းကပ်ရင် ဘာတွေ ရွတ်သလဲ ဆိုတာ မသိဘူး။ မေးလည်း မထားလိုက်မိဘူး " ဆိုပြီး စဥ်းစားမိတာနဲ့ တရုတ်ကြီးက ပြောလိုက်ပုံက "ဘုရား ဘုရား စားစား။ အားမနာနဲ့။ ကျန်တာ မိန်းမလာမှ ဆက်ပြောလိမ့်မယ်။" ဆိုပြီးတော့ပါတဲ့။
ကျွန်တော်တို့ ငယ်ငယ် ၇တန်းနှစ်က ကိုယ်တိုင် ကြုံဖူးတဲ့ ဟာသ တစ်ခု ရှိပါတယ်။ အဲဒီတုန်းက အတန်းချုပ် ဆရာမကြီးက တစ်ပတ်ကို စာသင်ချိန် တစ်ချိန်ယူပြီး အခန်းထဲမှာ ဗုဒ္ဓဘာသာ နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ရှင်းပြပါတယ်။ ဆရာမကြီးက တော်တော် မျက်နှာထားတင်းတာမို့ ကျောင်းသားတွေ အတော်များများက ကြောက်ရပါတယ်။ တစ်နေ့တော့ ဆရာမကြီးက ကျွန်တော်တို့ကို ဗုဒ္ဓဘုရားရဲ့ ဖြစ်စဥ် ဗုဒ္ဓဝင်နဲ့ ပတ်သက်ပြီး ပြောပြ နေပါတယ်။ တစ်နေရာ ရောက်တော့ ဆရာမကြီးက ကျောင်းသားတွေကို ပညာစမ်းချင်တာနဲ့ "မင်းတို့ အထဲမှာ ဘုရားရဲ့ ဖခမည်းတော် နာမည်ကို သိတဲ့သူ ဘယ်သူ ရှိသလဲ။" လို့ မေးပါတယ်။ သုဒ္ဓေါဓန မင်းကြီးရဲ့ နာမည်ကို အဲဒီတုန်းက ကျွန်တော်တို့ အထဲမှာ သိတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ အဲဒီတော့ ဆရာမကြီးက ထပ်ပြီးတော့ "အဖေနာမည်ပေါ့ကွာ။ ဘယ်သူပြောနိုင်သလဲ။" လို့ ထပ်မေးပါတယ်။
အဲဒီအချိန် ဆရာမကြီးရဲ့ ရှေ့ ခုံတန်းမှာ ထိုင်ပြီး အိပ်ငိုက်နေတဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ရုတ်တရက် လန့်နိုးလာပါတယ်။ သူက အိပ်ချင်မူးတူးနဲ့ သူ့ကို မေးတယ် ထင်ပြီး "ဆရာမ ကျွန်တော်ပြောလို့ မဖြစ်ဘူး။ ကျွန်တော် ပြောရင် အားလုံး ဝိုင်းဟား ကြလိမ့်မယ်။"လို့ ထပြောပါတယ်။ ဆရာမကြီးက "သိရင်ပြောစမ်းပါကွ။ ဘာဖြစ်သေးလဲ။" လို့ ပြန်ပြောပါတယ်။ ဟိုကောင်ကလည်း "တကယ်ပြောလို့ မဖြစ်ဘူး ဆရာမ။ ကျွန်တော့် သူငယ်ချင်းတွေ အကြောင်း ကျွန်တော်သိတယ်။ ဒီကောင်တွေ ကျွန်တော့်ကို ဝိုင်းဟား လိမ့်မယ်။" ဆိုပြီး ထပ်ပြော ပြန်ပါတယ်။ ဆရာမကြီးကလည်း "ပြောစမ်းပါကွ။ ရဲရဲသာ ပြောစမ်းပါ။ မင်းကို ဘယ်သူမှ မဟားစေရဘူး။ ဆရာမ တာဝန်ယူပါတယ်။" လို့ အာမခံလိုက်ပါတယ်။ အဲဒီမှာ ကျွန်တော့် သူငယ်ချင်းက "ဦးတင်စိုးပါ ဆရာမကြီး။" ဆိုပြီးတော့ ထပြောလိုက်တော့ တခန်းလုံး ဝါးကနဲ ပွဲကျ သွားကြပါတယ်။ မျက်နှာထားတင်းတဲ့ ဆရာမကြီးတောင် မနေနိုင်ပဲ ရယ်ပါတော့တယ်။ ပြီးတော့မှ "ဟဲ့ နင့်အဖေနာမည် မေးနေတာ မဟုတ်ဘူး။ ဘုရားရဲ့ အဖေနာမည် မေးနေတာ။" ဆိုပြီး ပြောတော့မှ ဟိုကောင်လည်း ရှက်ကိုးရှက်ကန်းနဲ့ ပါးစပ်ပိတ် သွားပါတော့တယ်။ နောက်နေ့ကစပြီး ဘုရား အဖေနာမည် ဦးတင်စိုးလားကွ ဆိုပြီး အခန်းထဲမှာ သူ့ကို တွေ့တိုင်း စကြပါတော့တယ်။
နောက်တစ်ခါတော့ ကျွန်တော့် အမျိုးအရင်း ခေါက်ခေါက်ကြီး တစ်ယောက်ရဲ့ အဖြစ်ပါ။ တစ်နေ့ သူ ပြည်ဘက်ကို ဘုရားဖူးသွားရင်း နာမည်ကြီး ဘုန်းကြီးကျောင်း တစ်ကျောင်းကို ရောက်သွားပါတယ်။ အဲဒီ ဘုန်းကြီးက အသားရှောင် ခိုင်းတာတို့ အရက်ရှောင်ခိုင်းတာတို့ ဆိုတာတွေ လုပ်တတ်ပါတယ်။ သူက ဘုန်းကြီး အနားမှာ ထိုင်နေတုန်း ဘုန်းကြီးက "မင်းအရက်ကြောင့် ဒုက္ခတွေ့လိမ့်မယ်။ အဲဒီတော့ ငါ့ကို အရက် ရာသက်ပန် လှူခဲ့။" ဆိုပြီး အလှူခံပါတယ်။ သူကတော့ "အင်း။ အရက်လှူလည်း ဘီယာတော့ သောက်လို့ ရပါသေးတယ်။" ဆိုပြီး စိတ်ထဲ စဥ်းစားနေပါတယ်။ ဘုန်းကြီးက သူဘာတွေး နေသလဲ သိသလိုနဲ့ "အရက် ဆိုတဲ့ အထဲမှာ ဘီယာလည်း ပါတယ်။" လို့ ပြောပါတယ်။ ဒီလိုနဲ့ မလှူချင့် လှူချင်နဲ့ ဘုန်းကြီးကို အရက် ရာသက်ပန် လှူခဲ့ရပါတယ်။ နောက်ပိုင်းမှာ အပေါင်းအသင်းတွေ ဘီယာသောက်တိုင်း အရက်သောက်တိုင်း သူဝင်သောက်လို့ မရဘဲ ဘေးထွက် ထိုင်နေရပါတယ်။ အစပိုင်း သိပ်ကိစ္စမရှိပေမယ့် နှစ်တွေကြာလာတော့ တဖြည်းဖြည်းနဲ့ ညစ်လာ ပါတယ်။ ဒါပေမယ့် ဘုန်းကြီးကို ရာသက်ပန် လှူခဲ့တာ ဆိုတော့ ဘာလုပ်လို့ လုပ်ရမှန်း မသိ ဖြစ်နေပါတယ်။ အဲဒီအချိန် အကြံကောင်း ညာဏ်ကောင်း ဝင်ပေးတဲ့ သူငယ်ချင်း တစ်ယောက်ကြောင့် အဆင်ပြေ သွားပါတယ်။ သူငယ်ချင်း ပေးတဲ့ အကြံကတော့ "ဘုန်းကြီးဆီ လှူခဲ့လို့ ပြန်စွန့်ချင်ရင် လွယ်လွယ်လေး။ ဘုရားက ဘုန်းကြီးထက် ပိုပြီး အဆင့်မြင့်တယ်။ ဘုရားမှာ သွားပြန်စွန့်လိုက်ပေါ့။" ဆိုပြီးတော့ပါ။ အဲဒီလိုနဲ့ ဘုရားမှာ အရက် သွားပြန်စွန့်ပြီး အရက် ပြန်သောက် ပါတော့တယ်။
Search This Blog
Tuesday, June 8, 2010
Tuesday, June 1, 2010
အိတ်ထဲ ရှိရှိသမျှ အောလိုက်ရရင်
တခါတလေတော့လည်း ရှေ့ဖြစ်ဟောတဲ့ အကြောင်းတွေက အံ့သြဖို့ ကောင်းပါတယ်။ ၁၉၉၈ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကန်နေတဲ့ အချိန်ကပါ။ ကွာတား ဖိုင်နယ် ကန်နေတဲ့ အချိန် ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ဒီနှစ် ပြင်သစ် ဗိုလ်စွဲမှာလို့ လာပြောပါတယ်။ ပြင်သစ်ဆိုတာ လုံးဝ အစဥ်အလာ မရှိတဲ့ အသင်းမို့ ကျွန်တော်တို့က မဖြစ်နိုင်ဘူးလို့ သူ့ကို ဝိုင်းပြော ကြပါတယ်။ မင်းဘယ်သူ ပြောလဲ ဆိုတော့ သာမညတောင် အောက်က ----- ဆရာတော်က ပြောတာ။ သူ့ကို ကိုးကွယ်တဲ့ တစ်ရွာလုံး ပြင်သစ်ကိုပဲ ဖိလောင်း နေကြတယ်လို့ သူက ပြောတော့ ကျွန်တော်တို့က ဖြစ်နိုင်မယ် မထင်ပါဘူးကွာ ဆိုပြီး သူ့စကားကို အလေးမထား ကြပါဘူး။ အဲဒီလိုနဲ့ ပြင်သစ် ဆီမီးဖိုင်နယ် တက်လာတော့ ကျွန်တော်တို့ သူငယ်ချင်းတွေထဲက တစ်ချို့က ပြင်သစ်ကို ဝိုင်းပြီး အောကြ ပါတော့တယ်။ သူတို့တွေ အဲဒီနှစ်က ပြင်သစ် လုပ်ကျွေးလို့ ဖိုင်နယ်ပြီးတဲ့ အချိန်မှာ အတော် ထောသွားကြ ပါတယ်။
ကမ္ဘာ့ဖလား ဘောလုံးပွဲတွေထဲမှာ ၂၀၀၂ ခုနှစ် ပွဲကတော့ အမှတ်တရ အရှိဆုံးပါပဲ။ အဲဒီတုန်းက တစ်နေ့ ကျွန်တော် အိမ်ပြန်လာတော့ အိမ်မှာ အတူနေတဲ့ သူငယ်ချင်းက ငါအလုပ်ကနေ ခွင့်တစ်လ ယူလာခဲ့တယ်ကွလို့ လှမ်းပြောပါတယ်။ နေ့တိုင်းနီးပါး အလုပ်လုပ်ပြီး ပိုက်ဆံကို ကုန်းရုန်း ရှာနေတဲ့ သူငယ်ချင်းက ခွင့်အကြာကြီး ယူလာတယ် ပြောလို့ အံ့သြ သွားပါတယ်။ ဘာလုပ်မလို့လဲ လို့ ဝိုင်းမေးတော့ ကမ္ဘာ့ဖလားပွဲ ကြည့်မလို့ ခွင့်ယူလာတာ လို့ ပြောလို့ ကျွန်တော်တို့ အားလုံး ဝိုင်းရယ်ကြပါတယ်။ အစကတော့ သူ ကျွန်တော်တို့ကို နောက်နေတယ် မှတ်တာပါ။ ဒါပေမယ့် နောက်တစ်နေ့က စပြီး သူ တစ်လလုံးလုံး အလုပ်မသွားတော့ဘဲ တီဗွီရှေ့မှာ လာသမျှ ဘောလုံးပွဲတိုင်းကို မလွတ်တမ်း ထိုင်ကြည့် ပါတော့တယ်။ အဲဒီလောက်ကို ဝါသနာ ကြီးတဲ့သူလည်း ကြုံဖူးပါတယ်။
ကျွန်တော်တို့က အိမ်မှာ ယောက်ျားလေးတွေချည်း စုနေတာ ဆိုတော့ တစ်အိမ်လုံး ဘောလုံးပွဲ ကြည့်ကြပါတယ်။ ဘောလုံးပွဲ ကြည့်ဖို့ အတွက် ကေဘယ်လ် တီဗွီနဲ့ ဘောလုံးပွဲလိုင်း ချိတ်ထားပါတယ်။ အဲဒါကြောင့် နီးစပ်ရာ သူငယ်ချင်းတွေလည်း အိမ်မှာလာပြီး ဘောလုံးပွဲ ကြည့်ကြပါတယ်။ ကမ္ဘာ့ဖလားပွဲ မစခင်ညက ကျွန်တော့် သူငယ်ချင်း အစ်ကိုကြီး တစ်ယောက် အိမ်ရောက်လာပြီး ကောင်လေး မင်း ပိုက်ဆံ ၂၀ အလကား မလိုချင်ဘူးလားလို့ မေးပါတယ်။ ဘယ်လို လုပ်ရမလဲ မေးတော့ ပထမဆုံးနေ့ ပြင်သစ်နဲ့ ဆီနီဂေါကန်မှာကွ။ ပြင်သစ်ဘက်ကလောင်းလို့ နိုင်ရင် ၂၀ ရာခိုင်နှုန်းရမယ်။ အဲဒီတော့ ပြင်သစ်ကို ဒေါ်လာ ၁၀၀ လောင်းလိုက်၊ ၂၀ရဖို့တော့ သေချာတယ်လို့ သူကပြောပါတယ်။ ကျွန်တော်တို့ကတော့ ဟာ ရှုံးသွားရင် ငုတ်တုတ်မေ့ဦးမယ်။ လောင်းချင်ရင် ခင်ဗျားဘာသာ ခင်ဗျားလောင်း ဆိုပြီး ပြောလိုက်တော့ ငါက မင်းတို့ကို အကောင်းနဲ့ အကြံပေးတာ နားမထောင်ချင်ရင်လည်း မင်းတို့ ထိုက်နဲ့ မင်းတို့ကံပဲ လို့ ပြောပြီး ထွက်သွားပါတယ်။ နောက်တစ်နေ့ ပွဲစစချင်း ကမ္ဘာ့ချန်ပီယံ ပြင်သစ်ကို ကမ္ဘာ့ဖလား အခုမှ စကန်ဖူးတဲ့ ဆီနီဂေါက ကောင်းကောင်း တီးထည့် လိုက်တော့ ပြင်သစ်ဘက်က ဒေါ်လာ ၁၀၀ သွားလောင်းတဲ့သူ တကယ်ပဲ ငုတ်တုတ်မေ့ သွားပါတော့တယ်။
အစကတော့ အားလုံးက ဘောလုံးပွဲကို ကြည့်ရုံကြည့်ကြတာပါ။ ဒါပေမယ့် ကျွန်တော်တို့ အိမ်မှာ အတူနေတဲ့ သူငယ်ချင်း တစ်ယောက်က ဇာတ်လမ်းစလာ ပါတယ်။ ဘောလုံးပွဲ ဆိုတာ ဒီအတိုင်း ကြည့်ရတာ ဖီးလ် မရှိဘူး။ နည်းနည်းလေး အလောင်းအစားပါမှ ကြည့်ကောင်းတာကွ ဆိုပြီး ဒေါ်လာ ၂၀ သွားလောင်းလိုက် ၃၀ သွားလောင်းလိုက် နဲ့ လုပ်လာပါတယ်။ စင်ကာပူမှာ အစိုးရက ဖွင့်တဲ့ စင်ကာပူပူးလ် ဆိုတဲ့ ထီဆိုင်မှာ ဘောလုံးပွဲလည်း လောင်းလို့ ရပါတယ်။ သူက စလိုက်တဲ့ ဘောလုံးပွဲ လောင်းတဲ့ ပိုးဟာ မကြာခင် တစ်အိမ်လုံးကို ကိုက်ပါတော့တယ်။ ဟိုလူက သွားလောင်း၊ ဒီလူက သွားလောင်းနဲ့ နောက်တော့ အိမ်မှာရှိတဲ့သူ အကုန်လုံး နီးပါး တပျော်တပါးကြီး ဘောလုံးပွဲ လောင်းကြပါတော့တယ်။
ဘောလုံးဆိုတာ အလုံးကြီးပါ။ ဘယ်သူနိုင်မယ် ဘယ်သူရှုံးမယ်လို့ အတိအကျ ပုံသေတွက်လို့ မရပါဘူး။ အမှတ်အရဆုံး ပွဲကတော့ အမေရိကန်ရဲ့ အုပ်စုပွဲစဥ် နောက်ဆုံးပွဲပါ။ အမေရိကန်က အုပ်စုကနေ တက်ဖို့ သေချာနေပါပြီ။ သူနဲ့ ကန်မယ့် ပိုလန် အသင်းနဲ့လည်း ခြေက အတော် ကွာပါတယ်။ ကျွန်တော်တို့ အိမ်မှာ ဘောလုံးပွဲလောင်းရင် အချီကြီး ဝုန်းတတ်တဲ့ သူငယ်ချင်း တစ်ယောက် ရှိပါတယ်။ အဲဒီနေ့က သူ ကျွန်တော်တို့နဲ့ အတူ ဘောလုံးပွဲ သွားလောင်းရင်း အမေရိကန် နိုင်မှာ အသေအချာပဲ ဆိုပြီး ဒေါ်လာ ၂၀၀ လောင်း ပါတယ်။ ဘောလုံးပွဲ လောင်းတဲ့ ဆိုင်က ကျွန်တော်တို့နေတဲ့ အိမ်ရဲ့ အောက်မှာတင် ရှိပါတယ်။
အိမ်ြပန်လာပြီးတော့ ကျွန်တော်တို့ တတွေ စကားတပြောပြော လုပ်နေတာနဲ့ ဘောလုံးပွဲ စကန်တာတောင် မသိလိုက်ပါဘူး။ စကန်ပြီး ၁၀မိနစ်လောက် နေမှ ဘောလုံးပွဲ စပြီကွ ဆိုပြီး တီဗွီကို ဖွင့်ကြည့်ကြပါတယ်။ တီဗွီကို ဖွင့်လိုက်တာနဲ့ ကျွန်တော့် သူငယ်ချင်းရဲ့ ပါးစပ်က ဆဲသံ ထွက်လာတော့တာပါပဲ။ ၁၀ မိနစ်ပဲ ရှိသေးတယ်။ ပိုလန်က အမေရိကန်ကို ၂ ဂိုး သွင်းထား ပါပြီ။ ဒီလိုနဲ့ ရင်တမမနဲ့ ဘောလုံးပွဲကြည့်ရင်း နောက်ဆုံးတော့ ၃ ဂိုး ၁ဂိုးနဲ့ အမေရိကန် ရှုံးသွားပါတယ်။ ကျွန်တော့် သူငယ်ချင်းလည်း မျက်နှာကြီးကို ရှုံ့မဲ့နေတာပါပဲ။ ၂၀၀ လောက်တော့ ခါတိုင်းလည်း လောင်းနေတာပဲ။ တစ်ခါတစ်လေ ဘာဖြစ်သေးလဲ လို့ ကျွန်တော်တို့က ဝိုင်းပြောတော့ မဟုတ်ဘူးကွ။ ခုနက ငါတို့ ပြန်လာပြီးမှ ငါစိတ်ထဲမှာ နိုင်မှာ အသေအချာပဲ ဆိုပြီး နောက်ထပ် ၅၀၀ သွားထပ်လောင်းလာတာ။ အခုတော့ ၇၀၀ ထိသွားပြီ ဆိုပြီး ပြန်ပြောပါတယ်။
နောက်တော့ စင်ကာပူ ပူးလ်နဲ့ အားမရကြတော့ ပါဘူး။ စင်ကာပူပူးလ်က ပေးတဲ့ကြေးက တခြားဒိုင်တွေနဲ့ ယှဥ်ရင် နိမ့်ပါတယ်။ နောက်ပြီး အဲဒီတုန်းက စင်ကာပူပူးလ်မှာ အခုလို ဘောလုံးပွဲကို Live လောင်းလို့ မရပါဘူး။ ဒါနဲ့ ကျွန်တော်တို့အားလုံး အင်္ဂလန်ဒိုင် ဝီလီယမ်ဟေး ဘက်ကို ပြောင်းကြပါတယ်။ အွန်လိုင်းကနေ လောင်းကြတာပါ။ ဝီလီယမ်ဟေးမှာ ပေးတဲ့ကြေးက စင်ကာပူပူးလ်က ပေးတဲ့ ကြေးထက် အများကြီး ပိုမြင့်ပါတယ်။ အဲဒါအပြင် ဘောလုံးကန်နေတဲ့ အချိန် မိနစ် ၈၀ အထိ လောင်းလို့ ရပါတယ်။ မိနစ်ကြာလာတာနဲ့ အမျှ ကြေးလျော့လာတာပဲ ရှိပါတယ်။ ဘယ်သူ အနီကတ် ထိမလဲ၊ ဘယ်သူ ပထမဆုံး ဂိုးစသွင်းမလဲ ဆိုတာမျိုးတွေ အထိ အမျိုး စုံနေအောင် လောင်းလို့ ရပါတယ်။ ဒီလိုနဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ ခရက်ဒစ်ကတ်ဒ်နဲ့ ဝီလီယမ်ဟေးမှာ အကောင့်ဖွင့်ပြီး အားလုံး ဝိုင်းလောင်း ကြပါတော့တယ်။
ဘောလုံးပွဲ မစခင်မှာ ကွန်ပြူတာ ရှေ့မှာ အားလုံးဝိုင်းပြီး လောင်းကြပါတယ်။ ဘောလုံးပွဲကန် နေတဲ့ အချိန်လည်း စိတ်ပါရင် ပါသလို လောင်းကြပါတယ်။ ပြီးမှ အားလုံး ပိုက်ဆံ စုရှင်း ကြပါတယ်။ အဲဒီနှစ်က ကံမကောင်းပါဘူး။ အဆုံးသတ်တော့ အားလုံး ထိကြပါတယ်။ နောက်ဆုံးနေ့ ဗိုလ်လုပွဲ ဘရာဇီး နိုင်မယ် ဆိုပြီး လောင်းတာတောင် ဒီအတိုင်း မလောင်းဘဲ ဂိုးပေါင်းတွေ လောင်းလို့ ရှုံးကြပါတယ်။
ကမ္ဘာ့ဖလားပွဲကြီး ပြီးတော့ တအိမ်လုံး ဘောလုံးမှန်တာနဲ့ အီဆိမ့် သွားကြပါတယ်။ အများဆုံး ရှုံးတဲ့သူက ဒေါ်လာ ၅ ထောင်နီးပါး ကနေ အနည်းဆုံး ဒေါ်လာ ၃၀၀ လောက်ထိ ရှုံးကြပါတယ်။ ကျွန်တော်တော့ နည်းနည်း ကံကောင်းသွားပါတယ်။ အဲဒီအချိန်က လက်ထဲ ပိုက်ဆံပြတ်နေတဲ့ အချိန်နဲ့ ကြုံလို့ အချီကြီး မလောင်း ဖြစ်တာနဲ့ ဘောလုံးပွဲ ပြီးလို့ စာရင်းချုပ်တော့ ၅ ဒေါ်လာ တိတိတောင် မြတ်လိုက်ပါသေးတယ်။ ဝီလီယမ်ဟေးမှာ အကောင့်ဖွင့် ထားတဲ့ ခရက်ဒစ်ကတ်ဒ်ကိုတော့ လကုန်တော့ ဘဏ်က ဝီလီယမ်ဟေးနဲ့ အရောင်းအဝယ် အားလုံးကို ပိတ်လိုက်လို့ နောက်လက စပြီး အွန်လိုင်းမှာ ဘောလုံးပွဲ လောင်းလို့ မရတော့ပါဘူး။
ကိုအောင် (ပျူနိုင်ငံ) က တစ်ပေးဖို့ Tagပေမယ့် ဘောလုံးပွဲနဲ့ အဆက်ပြတ်နေတာ အတော်ကြာပြီမို့ တစ်မပေးတော့ ပါဘူး။ ကမ္ဘာ့ဖလားပွဲနဲ့ ပတ်သက်ပြီး ပြန်သတိရတာတွေ ရေးလိုက်ပါတယ်။

Labels:
ပေါက်တတ်ကရ
Sunday, May 30, 2010
သိုးမည်းတစ်ကောင်ရဲ့ ပုံရိပ်
သူက ကျွန်တော်တို့ စာအုပ်ဆိုင်မှာ တခါတလေ စာအုပ် လာငှားတတ်တဲ့သူ တစ်ယောက်ပါ။ စာအုပ်လာ ငှားရင်လည်း ဘာသာပြန် စာအုပ်တွေ ဖတ်တာ များပါတယ်။ အဲဒီအချိန် ကတည်းက ဇော်ရည်တို့ ဂျေမောင်မောင်တို့ရဲ့ အခွေတွေမှာ သီချင်းရေးဆရာ အနေနဲ့ သူ့နာမည်ကို တွေ့ဖူးနေတာကြောင့် သူ့နာမည်က ကျွန်တော့် အတွက်တော့ သိပ်ပြီးတော့ မစိမ်းလှပါဘူး။ သူ့ပုံစံက ရိုးရိုးရှင်းရှင်းပါပဲ။ အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ ဆံပင်ကို အမြဲတမ်း တိုတို ညှပ်ထားတတ်ပါတယ်။ မင်းကြီးလမ်း ပေါ်မှာ သူ့အရပ်ရှည်ရှည်နဲ့ ကားယားကားယား လျှောက်သွားနေတာကို အမြဲလိုလို တွေ့ရတတ်ပါတယ်။
တစ်နေ့တော့ ကျွန်တော်တို့ ဆိုင်ထဲမှာ ရပ်ပြီး ကျွန်တော့် အစ်ကိုနဲ့ အကြာကြီး စကားပြောနေတာ တွေ့လို့ သူ့ကို ကောင်းကောင်း သတိထားမိ သွားပါတယ်။ အဲဒီနေ့က သူအတော်လေး မူးနေပါတယ်။ သတိထားမိတဲ့ အကြောင်းကတော့ စကားပြောတဲ့ အချိန် မြန်မာလို တစ်ဝက် အင်္ဂလိပ်လို တစ်ဝက် ပြောနေတာမို့ပါ။ သူ အင်္ဂလိပ်စကား အတော်လေး ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တာကိုလည်း ကြည့်ရင်းနဲ့ အံ့အားသင့် နေပါတယ်။ တစ်နာရီလောက် စကားပြောပြီးတော့ သူပြန်သွားပါတယ်။ သူ့အကြောင်း အတွင်းကျကျ သိတဲ့ သူငယ်ချင်း တစ်ယောက်ကတော့ ရန်ကုန်တက္ကသိုလ်ကနေ ဒသနိကဗေဒနဲ့ မဟာဘွဲ့ ရထားတဲ့သူလို့ ပြောပြပါတယ်။ နောက်ပိုင်းတော့ ဆိုင်ကို တစ်ခါတစ်လေ လာတတ်ပေမယ့်လည်း သူ့ကို သိပ်မတွေ့ ဖြစ်တော့ပါဘူး။
တစ်ညနေတော့ ဆိုင်ဖွင့်ခါစ ကျွန်တော့် အစ်ကိုနဲ့ ကျွန်တော် ဆိုင်ရှေ့မှာ ရပ်ပြီး စကား ပြောနေတုန်း သူ ရောက်လာပါတယ်။ ဆိုက်ကား တစ်စင်းပေါ်က ဆင်းလာပြီး လက်ထဲမှာ ပိုစတာတွေ တစ်ပွေ့တစ်ပိုက်နဲ့ပါ။ အရင်လို ပုံစံအတိုင်း ပါပဲ။ "ညီလေး။ အစ်ကို့အခွေ ကြော်ငြာကပ်ချင်လို့ကွာ။" ဆိုပြီးတော့ ပိုစတာ လှမ်းပေးပါတယ်။ သူအခွေ ထုတ်တော့မယ် ဆိုတဲ့ သတင်းတော့ ကြားထားပါတယ်။ သူ့သီချင်းတွေ ဘယ်လိုများ ရှိမလဲလို့လည်း စိတ်ထဲမှာ တွေးကြည့် မိပါတယ်။ ကျွန်တော်တို့လည်း သူ့လက်ထဲက ကြော်ငြာစာရွက်ကို ယူပြီး ဆိုင်တံခါးဝမှာ ကပ်ထား လိုက်ပါတယ်။
မကြာခင်မှာပဲ သူ့အခွေ ထွက်လာပါတယ်။ အခွေထွက်ပြီး တစ်ပတ် အတွင်းမှာပဲ ကျွန်တော်တို့ တစ်မြို့နယ်လုံး ဘယ်နေရာသွားသွား သူ့အခွေ ဖွင့်နေတာပဲ ကြားရပါတယ်။ မကြာခင်မှာတော့ ရန်ကုန် တစ်မြို့လုံး ဘယ်နေရာ သွားသွား ဒီသီချင်းသံပဲ ကြားရပါတယ်။ နောက်တော့ သူ့အခွေက မြန်မာတစ်နိုင်ငံလုံး တောရော မြို့ပါ မကျန် ပေါက်သွားပါတယ်။ အဲဒီအချိန်က ခွေးကို ခြေထောက်နဲ့ ပိတ်ကန်ရင်တောင် ကိန် လို့ မအော်ဘဲ တို့ကတော့ တို့ကတော့ လို့အော်တယ် ဆိုပြီးတော့တောင် ပြောစမှတ် တွင်ခဲ့ပါတယ်။ အဲဒီလောက် ဆိုရင် ကျွန်တော် ဆိုလိုချင်တဲ့သူ ဘယ်သူဆိုတာ သဘောပေါက် လောက်ပြီ ထင်ပါတယ်။ ကျွန်တော် ပြောပြနေတာ သိုးမည်းတွေ အကြောင်းသီချင်း၊ နေရာ စီးရီးခွေနဲ့ နာမည်ကြီးခဲ့တဲ့ အဆိုတော် ကိုဗဒင် အကြောင်းပါ။
ကိုဗဒင်ရဲ့ အခွေဟာ မကြုံဖူး လောက်အောင် ရောင်းအား ကောင်းခဲ့ပါတယ်။ ကက်ဆက်ခွေ ကာဗာကတ်ဒ် တစ်သိန်းနဲ့ သီချင်းစာအုပ် ငါးသိန်းရောင်းရတယ် ဆိုတာ ၁၉၉၄ ခုနှစ် ပတ်ဝန်းကျင်က တကယ့်ကို စံချိန်ပါပဲ။ သူ့ရဲ့ သီချင်းစာအုပ်ဆိုတာ ရိုက်လို့ မလောက်အောင်ပဲ ဘယ်နေရာမှာမှ ဝယ်မရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ကိုဗဒင်ကို အခွေထုတ်ပေးခဲ့တဲ့သူက သူနဲ့ အရင်းနှီးဆုံး သူငယ်ချင်း တစ်ယောက်ရဲ့ အမေလို့ သိရပါတယ်။ ကိုဗဒင်ရဲ့ သူငယ်ချင်းကတော့ အခွေမထွက်ခင် အချိန်ကပဲ သေဆုံးသွားခဲ့တယ်လို့ ကြားခဲ့ရပါတယ်။
သိုးမည်းတွေ အကြောင်း သီချင်းကို အခွေမထွက်ခင် အချိန်ကတည်းက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အတော်များများ ကြားဖူးခဲ့ ကြပါတယ်။ အဲဒီသီချင်းက ကိုဗဒင်ရဲ့ ကိုယ်တွေ့ ဇာတ်လမ်း တစ်ပုဒ်လို့လည်း သိရပါတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တေပေ လေလွင့်နေတဲ့ အချိန်တုန်းက တစ်နေ့မှာ သူတို့ အရက်မူးပြီး အိမ်ပြန် လာကြပါတယ်။ ကိုဗဒင်ရဲ့ အိမ်က ရွာမ ဘုရားရှိခိုးကျောင်း ရှေ့က ဒေါနလမ်းထဲမှာ ပါ။ သူတို့ လမ်းထိပ်က အုတ်ခုံမှာ ဆေးလိပ် ထိုင်သောက်နေကြတုန်း ဘုရားကျောင်းထဲက လူတွေ အဝတ်အစားတွေ သစ်သစ်လွင်လွင်နဲ့ ထွက်လာတာ တွေ့မှ ပွဲတော်နေ့ဆိုတာ သိလိုက်ရပါတယ်။ အဲဒီအချိန် သူ့ စိတ်ထဲမှာ ဖြစ်ခဲ့တဲ့ ဖီလင် အပေါ်မှာမူတည်ပြီး သိုးမည်းတွေ အကြောင်းကို ရေးဖြစ်ခဲ့တာလို့ သိရပါတယ်။
နိုင်ငံကျော် အဆိုတော် ဖြစ်သွားပေမယ့်လည်း သူ့ပုံစံက အရင်အတိုင်းပါပဲ။ အရင်လို တောင်သူကုန်းထဲက ထန်းရည်ဆိုင်မှာ ထန်းရည်သောက်တုန်းပါပဲ။ ဆိုက်ကားတစ်စီးနဲ့ လျှောက်သွားနေတုန်းပါပဲ။ တစ်ခါတစ်လေ အင်းစိန် ဆေးရုံရှေ့က Diet Day အအေးဆိုင်မှာ ဘီယာတွေ တစ်ဗူးပြီး တစ်ဗူး ထိုင်သောက် နေတာ တွေ့ရတုန်းပါပဲ။ လမ်းတွေ့လို "ကိုဗဒင်ကြီး။ အေးဆေးပဲလား။" လို့ မေးရင် "အေး။" ဆိုပြီး ပြုံးပြီး ပြန်ဖြေတတ်ပါတယ်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက် အပြောအရတော့ သူတို့ တောင်သူကုန်းထဲမှာ ဘောလုံးကန်နေတဲ့ အချိန် ကိုဗဒင် ရောက်လာပြီး မူးမူးနဲ့ ငါဂိုးဖမ်းမယ်ကွာ ဆိုပြီး ယိုင်တိုင်ယိုင်တိုင်နဲ့ ဂိုးဝင်ဖမ်း သွားသေးတယ် ပြောပါတယ်။
အဲဒီတုန်းက ကျွန်တော်တို့ အိမ်ကို နယ်ကလာတဲ့ ဧည့်သည်များ ကိုဗဒင်ကို တွေ့ဖူးချင်လို့ ဆိုပြီး ပြောကြပါတယ်။ ကျွန်တော်က သူနဲ့ လမ်းမှာ တွေ့တဲ့အချိန် အဲဒါ ကိုဗဒင်ပဲ လို့ ပြတော့ သူတို့ မယုံကြပါဘူး။ ဟုတ်ပါ့မလားဟယ်လို့ ပြန်ပြီး မေးကြပါတယ်။ ဟုတ်ပါတယ်။ သူ့ပုံစံက အရင်ကတည်းက အဲဒီအတိုင်းပဲ။ လို့ ပြောတော့ သူတို့တွေ အတော်လေး အံ့သြကြပါတယ်။
နောက်ပိုင်း နည်းနည်း ကြာလာတော့ ကိုဗဒင်ကို အရင်လို မူးနေတာ မတွေ့ရတော့ပါဘူး။ အရက် ဖြတ်လိုက်တယ်လို့ သတင်းသဲ့သဲ့တော့ ကြားလိုက်ရပါတယ်။ ပထမအခွေ ထွက်ပြီး အတော်လေး ကြာတဲ့ အထိ ဒုတိယ အခွေ ထွက်မလာပါဘူး။ ဒုတိယ အခွေထွက်လာတဲ့ အချိန် ပထမ အခွေလောက် မအောင်မြင် ပေမယ့်လည်း အတော်အသင့်တော့ အောင်မြင်လိုက် ပါတယ်။ နောက်တော့ သူ ဆုံးသွားပြီ ဆိုတဲ့ သတင်း ကြားရပါတယ်။ အဲဒီ သတင်း ကြားရတဲ့အချိန်တော့ အတော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။ ပါရမီရှိတဲ့ ဂီတသမား တစ်ယောက် ကြွေလွင့်သွားတာမို့ နှမြောတာလည်း ပါသလို ရိုးသားပွင့်လင်းပြီး ဟန်ဆောင်မှု ကင်းတဲ့ အနုပညာရှင် တစ်ယောက် ဆုံးပါး သွားတဲ့ အတွက် စိတ်မကောင်း ဖြစ်တာလည်း ပါပါတယ်။
ဒါကတော့ ကျွန်တော် ကိုယ်တွေ့ ကြုံခဲ့ဖူးတဲ့ ကိုဗဒင်ရဲ့ ပုံရိပ်ပါပဲ။ ကိုဗဒင် အကြောင်း ရေးထားတဲ့ စာတွေ မတွေ့မိလို့ အမှတ်တရ အနေနဲ့ ရေးလိုက်ပါတယ်။

ပုံရိပ်,
အက်ဆေး,
အတွေ့အကြုံ
Subscribe to:
Posts (Atom)