ဘလော့ခ်ထဲမှာ ခပ်တည်တည်နဲ့ လူပျိုသိုးကြီးများ သိဖို့ ကောင်မလေးတို့ အကြောင်း တွေ ကြောင်စီကွေး လမ်းညွန် တွေ ရေးနေလို့ အကြောင်းမသိတဲ့ သူများကတော့ သိပ်စွံတယ် ထင်ချင် ထင်ပါမယ်။ အကြောင်းသိတွေကတော့ ဆဲကြပါတယ်။ ( သူတို့ကို နှိပ်ကွပ် ထားတာကိုး။ :D ) ဒါပေမယ့် နိုးပိန် နိုးဂိန် ဆိုသလိုမျိုး ကျွန်တော် ကိုယ်တိုင်လည်း လိမ့်နေအောင် ခံထားရတာတွေ ရှိဖူး ပါတယ်။ မွေးကတည်းက ရှက်ကြောနဲ့ ချက်ကြော မှားဖြတ်ထားတဲ့ သူမို့ ဒီတစ်ခါတော့ အရှက်မရှိစွာနဲ့ပဲ ကိုယ်ခံထားရတဲ့ အကြောင်း ပြန်ပြောပြပါဦးမယ်။
မေတ္တာဆိုတာ အလျားအနံ မရှိပေမယ့် အသွားအပြန် ရှိပါတယ် ဆိုတဲ့စကားကို ဘယ်ဂေါ်မစွံ ပညာရှိက ပြောခဲ့ သလဲတော့ မသိပါဘူး။ ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာသာ မင်းသားက မင်းသမီးကို အသည်းအသန် လိုက်ရင် နောက်ဆုံးတော့ ကြည်သွားကြ လေသတည်း ဆိုတာမျိုး ဖြစ်နိုင်ပါတယ်။ အပြင်မှာတော့ ကောင်မလေးက ကိုယ့်ကို မကြိုက်ဘူးဆိုရင် ဂျွမ်းထိုးပြီးတော့ လိုက်လိုက်၊ ဒိုင်ဗင်ပစ်ပြီးတော့ပဲ လိုက်လိုက် ဟိုက ကိုယ့်ဘက်ကို တံတွေးတောင် လှည့်မထွေးဘူး ဆိုတာမျိုးတွေ ဖြစ်တတ် ပါတယ်။
ရာဇဝင်မှာ စာတင်ထားတဲ့ အသက် အငယ်ဆုံး မိန်းမပိုးသူကတော့ ရှင်မဟာ ရဌသာရ ပါ။ ကိုနဗန က သူ့ဘလော့ခ်ပို့စ် တစ်ခုထဲမှာ (၅)တန်းနဲ့ ကောင်မလေးကို ရည်းစားစာပေးတယ် လို့ ရေးတာ ဖတ်ရတော့ ကိုယ့်ထက် လက်စောင်း ထက်တဲ့ သူနဲ့ တွေ့နေပြီလို့ တွေးပြီး ရယ်မိပါတယ်။ ကျွန်တော်လည်း သူနဲ့ သိပ်မကွာလှ ပါဘူး။ ကောင်မလေး တစ်ယောက်ကို ဖုန်းဆက်ပြီး ပွားဖူးတာ (၆)တန်းက စပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်ဝတ္ထုတွေ ဖတ်ပြီး စိတ်ကူးယဉ်တာလား ရှေ့က နည်းပေးလမ်းပြတွေက သိပ်ကောင်းလွန်း နေသလားတော့ မသိပါဘူး။ အဲဒီတုန်းက ကောင်မလေး တစ်ယောက်ကို ချစ်နေတယ်လို့ ကိုယ့်ဘာသာကိုယ် ထင်ပါတယ်။ ဒါပေမယ့် အသက်က ငယ်နေမှန်း သိလို့ ရည်းစားစကား ပြောဖို့တော့ တွန့်နေပါတယ်။ ဖုန်းထဲမှာသာ ပွားရဲတာပါ။ အပြင်မှာတော့ တစ်ခန်းတည်း အတူတက်ပေမယ့် စကားတောင် မပြော ဖြစ်ပါဘူး။ အတန်းထဲမှာ ၂ ယောက်တွဲပြီး အဆင့် ၁ တွေ ဘာတွေ ရလိုက်သေးတော့ ဖူးစာပါတယ် ဆိုပြီး ကိုယ့်ဘာသာကိုယ် ကြိတ်ကျေနပ် နေပါတယ်။
ကိုယ့်ဘာသာကိုယ် အထင်ကြီးတတ်တဲ့ ယောက်ျားလေးများ ကိုယ်ကြိုက်တဲ့ ကောင်မလေး မှန်သမျှ ကိုယ့်ပြန်ကြိုက်မယ်လို့ တွေးကြပါတယ်။ ကျွန်တော်လည်း ထိုနည်းလည်းကောင်း ပါပဲ။ ကောင်မလေးဘက် ကလည်း ကိုယ့်ကို ကြိုက် နေတယ်လို့ ထင်ပါတယ်။ နောက်တော့ ဖုန်းဆက် ပွားတဲ့ အဆင့် လွန်သွားပါတယ်။ ၇ တန်းနှစ် ရောက်တော့ ကျူရှင် အပြန် လမ်းမှာ သွားစောင့်ပါတယ်။ ကျောင်းကဆင်းရင် လိုက်သွားပါတယ်။ ဒါပေမယ့် သူ့ကျူရှင်နဲ့ သူ့အိမ်နဲ့ကြားက လမ်းက လူအတော်ရှုပ်တာမို့ တော်ရုံတန်ရုံ သတ္တိနဲ့ စကား လိုက်ပြောရဲဖို့ မလွယ်ပါဘူး။ ကျွန်တော်က သတ္တိ အလွန်ကောင်းတော့ အဲဒီ လမ်းမပေါ်မှာတော့ ရည်းစားစကား လိုက်မပြောရဲ ပါဘူး။ ဒါနဲ့ပဲ လျှောက်ပြန်သံပေး၊ ခြေအေးဝမ်းယောင်၊ လှည့်ကြည့်ပြုံးပြန်၊ ထရံခွာသံစူး ဇာတ်လမ်းက စပါတယ်။ ၇ တန်းစာမေးပွဲပြီးတဲ့နေ့ ကောင်မလေးကို ရည်းစားစာ ပေးဖြစ် ပါတယ်။
အခုမှ ပြန်စဉ်းစားတော့မှပဲ ကိုယ့်ဘာသာကိုယ် အတော်ချာတဲ့ကောင်ဆိုတာ သိလာပါတယ်။ အဲဒီတုန်းက ကောင်မလေးကို ရည်းစားစာ ပေးတာ လက်ထဲ ထည့်မပေးဘဲ စာအုပ်ငှားပြီး စာအုပ်ကြားထဲ ညှပ်ပေးပါတယ်။ ကိုယ်ကတောင် ကောင်မလေးကို ရည်းစားစာ ပေါ်တင် မပေးရဲရင် ကောင်မလေးက ရပါတယ်လို့ ဘယ်ပြောပါလိမ့် မလဲ။ သူက ကိုယ့်ကို သေလောက်အောင် ကြိုက်နေတယ် ဆိုရင်တော့ တစ်မျိုးပေါ့။ သူ့ကို မေးတော့ မသိဘူး ဘာစာလဲလို့ ပြန်မေး ပါတယ်။ အမှန်တကယ် အဲဒီအချိန် ရည်းစားစကား ပြောရမယ့် အချိန်ကောင်းပါ။ ဒါပေမယ့် ကိုယ်က အိညောင်ကွညောင် လုပ်နေတာနဲ့ပဲ ဇာတ်လမ်းက အီလည်လည်နဲ့ မျောသွားပါတယ်။ ဒီလိုနဲ့ ရည်းစားစာ ကိစ္စ မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါတယ်။
ဒါပေမယ့် လျှောက်ပြန်သံပေး ဇာတ်လမ်းကတော့ မပြီးသေးပါဘူး။ အဲဒီအချိန် ကျွန်တော်က ကျောင်းပြောင်း သွားတာမို့ သူနဲ့ ကျွန်တော် ကျောင်းချင်း မတူတော့ပါဘူး။ အဲဒါကြောင့် သူ့အိမ်နား သွားပတ်ပါတယ်။ ကျူရှင် ဆင်းချိန် သွားကြောင် ပါတယ်။ အကယ်ဒမီရှော့တ်နဲ့ သူလာမယ့်လမ်းမှာ မိုးရေထဲ ထီးမဆောင်းဘဲ ငုတ်တုတ်ထိုင် စောင့်ပြဖူး ပါတယ်။ မိုးရေထဲ ငုတ်တုတ်ထိုင်နေတာ မြင်တော့ တစ်ချက်တော့ ငဲ့ကြည့်သွားပါတယ်။ စိတ်ထဲမှာတော့ ကိုယ့်ကို သနားသွားပြီ ထင်တာပါ။ အမှန်တကယ်တော့ ဖျားပြီးသေရင် နည်းတောင် နည်းသေးတယ်လို့ တွေးသွားတာ နေမှာပါ။ တကယ်လည်း ကံကောင်းလို့ မဖျားတာပါ။
ကောင်မလေးကလည်း အတော် မေတ္တာရှိပုံ ရပါတယ်။ ကျွန်တော် နေ့စဉ်ရက်ဆက် သွားစောင့်ရင် တခြားလမ်းက ပတ်ပြန် ပါတယ်။ ဖုန်းဆက်ရင်လည်း စကားအမြန် ဖြတ်ပြီး ချပစ်ပါတယ်။ တခါတလေ နောက်မဆက်နဲ့ တွေ ဘာတွေ ကစ်တတ် ပါတယ်။ ကိုယ့်ဘက်ကတော့ မလျှော့သေးပါဘူး။ ငယ်သေးလို့ အိမ်က ဆူမှာစိုးလို့ မကြိုက်တာ နေမှာ ဘာညာနဲ့ ကိုယ့်ဘာသာကိုယ် လျော့လျော့ပေါ့ပေါ့ တွေးထားပါတယ်။
ဒီလိုနဲ့ပဲ ရက်ကို လစား၊ လကို နှစ်စားပြီး ၃ နှစ်ကျော် ၄ နှစ်ထဲ ရောက်လာပါတယ်။ ရည်းစားစကားသာ မပြောဖြစ် တာပါ။ ပတ်ဝန်းကျင်မှာတော့ ကျွန်တော် အဲဒီကောင်မလေးကို လိုက်နေတာ အားလုံး သိကြပါတယ်။ ၁၀ တန်း အောင်စာရင်း ထွက်ပြီးတော့မှ ရည်းစားစကား ပြောဖြစ်ပါတယ်။ ရည်းစား စကားပြောဖြစ်တဲ့ပုံကလည်း ရယ်စရာပါ။ အဲဒီနေ့က ကျွန်တော် အကြီးအကျယ် ကွဲနေပါတယ်။ (ကွဲနေတယ်ပဲ ထားလိုက်ပါတော့။ တစ်ခုခုပေါ့။) အဲဒီ အချိန် ကြောက်တဲ့ လန့်တဲ့စိတ် နည်းနည်းမှ မရှိပါဘူး။ ဒါနဲ့ပဲ ကောင်မလေးကို ဖုန်းခေါ်ပြီး ရည်းစားစကား ပြောလိုက် ပါတယ်။ သူကလည်း အတော် ပြတ်သား ပါတယ်။။ ရည်းစားစကား ပြောလိုက်တာနဲ့ ဖုန်းချ သွားပါတယ်။ ဒါလည်း မလျှော့သေးပါဘူး။ နောက်တစ်ပတ် နှစ်ပတ် လောက်နေတော့ နောက်တစ်ခေါက် ဖုန်းဆက်ပြီး ရည်းစားစကား ထပ်ပြော ပါတယ်။
ရည်းစားစကား ပြောပြီးတော့ အဖြေတောင်းဖို့ တာဝန် ရှိလာပါတယ်။ ဒါနဲ့ပဲ ကောင်မလေး ကို သွားစောင့်ပြီး အဖြေတောင်းဖို့ ကြံပါတယ်။ အဲဒီအချိန် ကောင်မလေး မြို့ထဲက ကေအမ်ဒီမှာ သင်တန်း တက်နေတယ်လို့ သူငယ်ချင်း တစ်ယောက်က သတင်းပေးပြီး သူဘယ်အချိန် သင်တန်းက ပြန်လာတတ်တယ် ဆိုတာကိုပါ ပြောပြ သွားပါတယ်။ ဒါကြောင့် သူ သင်တန်းဆင်းမယ့် အချိန်ကို မှန်းပြီး သွားစောင့်ပါတယ်။ မှတ်မှတ်ရရ ၃၄ လမ်း ကေအမ်ဒီထိပ်မှာ မတ်တပ်ရပ် စောင့်တာ တစ်နာရီကျော် နှစ်နာရီကျော် ကြာပါတယ်။ ကောင်မလေးကိုတော့ အရိပ်အယောင်တောင် မတွေ့ပါဘူး။ ညနေ သူငယ်ချင်းတွေကို ပြန်ပြောတော့ ကေအမ်ဒီ ဆိုတာ ၃၄လမ်းတင် ရှိတာ မဟုတ်ဘူး။ ဆိပ်ကမ်းသာလမ်းမှာလည်း ရှိတယ်ဟလို့ သူငယ်ချင်း တစ်ယောက်က ပြောပြီး ဆဲပါတယ်။
ဒီလိုနဲ့ စုံစမ်းရင်း သူ ဆိပ်ကမ်းသာလမ်းက ကေအမ်ဒီမှာ တက်တယ် ဆိုတာ သေချာသွားပါတယ်။ ကျွန်တော်လည်း ဆိပ်ကမ်းသာလမ်း ကေအမ်ဒီကို ရောက်သွားပါတယ်။ ဒီတစ်ခါတော့ သင်တန်းပါ အပ်ပစ်လိုက်ပါတယ်။ အဲဒီအချိန်ကတော့ ကြောင်ချင်လို့သာ ကွန်ပျူတာ သင်တန်းတက်တာပါ။ ကိုယ့်ဘာသာကိုယ် တစ်ချိန်ကျရင် ပရိုဂရမ်မာ ဖြစ်လာမယ်လို့ လုံးဝ မတွေးမိတာ အမှန်ပါပဲ။ သင်တန်း သွားတက်ရင်းနဲ့ပဲ ကောင်မလေးနဲ့ ပြန်တွေ့ ပါတယ်။ အဲဒါနဲ့ လူလစ်တဲ့ အချိန် အဖြေတောင်းဖို့ ကျားချောင်း ချောင်းနေရပါတယ်။ အခွင့်က တော်တော်နဲ့ မကြုံ ပါဘူး။ ဒီလိုနဲ့ ကောင်မလေး မွေးနေ့ ရောက်တော့ မွေးနေ့ကတ်ဒ်ပေးမယ် ဆိုပြီး သူတို့ သင်တန်း ရှိတဲ့ အပေါ်ထပ်ကို တက်သွားပါတယ်။ ကံကြမ္မာက အဲဒီနေ့ကတော့ ကိုယ့်ဘက်မှာ ရှိပါတယ်။ အခန်းတစ်ခန်းထဲမှာ တစ်ယောက်တည်း ထိုင်ပြီး စာဖတ်နေတဲ့ ကောင်မလေးကို လှမ်းတွေ့လိုက် ပါတယ်။ ဒါနဲ့ပဲ အခန်းထဲ ဝင်သွားပါတယ်။
ရုပ်ရှင်ထဲကလို ဆိုရင်တော့ "ကိုယ့်ကို အဖြေ မပေးသေးဘူးလား။" မေးရင် ကောင်မလေးက "ဟင့်အင်း။ စဉ်းစားဦးမယ်။" လို့ ပြောမယ်။ ဒါမှ မဟုတ်ရင် ရှက်သလိုနဲ့ ဘာမှ မပြောဘဲ နေမယ်။ အဲဒီလိုမျိုး ဖြစ်မှာပါ။ အပြင်မှာတော့ အဲဒီလို မဟုတ်ပါဘူး။ "ကိုယ် ရည်းစားစကား ပြောထားတာ ဘယ်လို သဘောရသလဲ။" မေးတော့ "ယူ့ကို ကိုယ် စိတ်မဝင်စားဘူး။" လို့ အပြတ်ပြောပါတယ်။ "မစဉ်းစားတော့ ဘူးလား။" မေးတော့လည်း စဉ်းစာလည်း မထူးဘူး ဆိုတဲ့ ပုံစံမျိုး ပြောပါတယ်။ အဲဒီထက် ပိုဆိုးတာက သူ့မွေးနေ့ဆိုပြီး ကတ်ဒ်သွားပေးတာ အဲဒီနေ့က သူ့မွေးနေ့ မဟုတ်လို့ အူကြောင်ကြောင်နဲ့ ပြန်လာ ရပါတယ်။
ဒါပေမယ့်လည်း ယောက်ျားများ အချစ်ရေး ကိစ္စနဲ့ ပတ်သက်ရင် နွားသိုးလို ဇွဲကောင်းတယ် ဆိုလားဘာလား ကြားဖူးပါတယ်။ ကျွန်တော်လည်း မလျှော့ပါဘူး။ နောက်နေ့တွေလည်း သင်တန်းက အပြန် ကြုံရင် ကြုံသလို လိုက်ပါတယ်။ သူကလည်း အရှောင်အတိမ်း အတော် ကောင်းပါတယ်။ အပြေးလည်း သန်ပါတယ်။ တခါတလေ မျက်စိရှေ့တင် ဘယ်ရောက်သွားမှန်း မသိအောင် ကိုယ်ရောင် ဖျောက်တတ် ပါတယ်။ ဒီလိုနဲ့ပဲ အချိန်တွေ ကုန်လို့ နိုင်ငံခြား ရောက်လာပါတယ်။
နိုင်ငံခြားရောက်တော့လည်း စိတ်က မလျှော့သေး ပါဘူး။ စာရေးပါတယ်။ ဖုန်းဆက်ပါတယ်။ စာတစ်စောင်မှ ပြန်မလာသလို ဖုန်းဆက်တိုင်းလည်း တစ်ခါမှ မတွေ့ပါဘူး။ ဘယ်တွေ့ပါ မလဲ။ သူအိမ်ပြောင်းသွားတာ ကိုယ်က သိမှမသိတာ။ ဒီလိုနဲ့ နိုင်ငံခြားမှာ တစ်နှစ်လောက်နေပြီးတော့ ရန်ကုန် ခဏပြန်ဖြစ်ပါတယ်။ ရန်ကုန် ပြန်ရောက်တော့ သူ့ကို သွားပြီး ပတ်ပါသေးတယ်။ သူတို့ တက်တဲ့ တက္ကသိုလ်မှာ သွားစောင့်ပါတယ်။ ကံဆိုးချင်တော့ အဲဒီကျောင်းမှာ အတန်းတူ သူငယ်ချင်း ယောက်ျားလေး တစ်ယောက်မှ မရှိပါဘူး။ သူငယ်ချင်းတွေ အကုန်လုံးက တခြားကျောင်း တစ်ကျောင်းကို ရောက်နေကြ ပါတယ်။ သူများကျောင်းထဲ တစ်ယောက်တည်း သွားစောင့်ရတာ အတော်ကို ငေါင်ကြောင်ကြောင်နိုင်တဲ့ ကိစ္စပါ။
ကျောင်းမှာ စောင့်နေရင်း သူ့ကို မတွေ့ပေမယ့် ငယ်ငယ်က တစ်ကျောင်းတည်း အတူ တက်ခဲ့ဖူးတဲ့ သူငယ်ချင်း ကောင်မလေး တစ်ယောက်နဲ့ သွားဆုံပါတယ်။ သူကလည်း ကိုယ့်ကို တွေ့တာနဲ့ ဘာလာလုပ်တယ် ဆိုတာ ချက်ချင်း တန်းပြီး သိပါတယ်။ အဲဒီ ကောင်မလေး ကျေးဇူးနဲ့ သူတို့ ဘယ်အတန်းမှာ တက်နေတယ် ဆိုတာတော့ သိလိုက် ရပါတယ်။ အဲဒီလိုနဲ့ သူတို့ အတန်းရှေ့ ရောက်သွားပါတယ်။ တခြားကျောင်းတွေတော့ ဘယ်လိုနေသလဲ မသိပါ။ သူတို့ ကျောင်းမှာတော့ အတန်းရှေ့ ရစ်သီရစ်သီ လုပ်နေတာ ကျွန်တော် တစ်ယောက်တည်း ရှိပါတယ်။ ခဏနေတော့ အတန်းထဲက ကောင်မလေး ၃ ယောက် ထွက်လာပါတယ်။ သူတို့က ကျွန်တော့်ဆီလာပြီး သူ့ကို လာစောင့်နေတာလား ဆိုပြီး မေးကြပါတယ်။ ကြည့်ရတာတော့ အတန်းထဲက ကျွန်တော့် ကျောင်းနေဖက် သူငယ်ချင်း ကောင်မလေး သတင်းပေးလိုက်တဲ့ ပုံပါပဲ။ ကျွန်တော်က ဟုတ်တယ် ဆိုတော့ အဲဒါဆို အတန်းထဲ လိုက်ခဲ့လေ ဆိုပြီး ခေါ်သွားပါတယ်။
အဲဒီကျောင်းက လူစိမ်းဝင်ရင် အတော်သိသာတဲ့ ကျောင်းပါ။ ကျွန်တော် အတန်းထဲ ဝင်လာတော့ ကောင်မလေးလည်း မနေနိုင်တော့ပဲ ကင်န်တင်း သွားရအောင် ဆိုပြီး အတန်းထဲက ထွက်လာပါတယ်။ အတန်းထဲမှာဆို ပိုဆိုးတယ် မဟုတ်လား။ ဒီလိုနဲ့ သူမနဲ့ ကျွန်တော် နှစ်ယောက်သား ကျောင်းကင်န်တင်းကို ရောက်ခဲ့ကြပါတယ်။ ရုပ်ရှင်ထဲကလို ဆိုရင်တော့ ဒန်တန့်ဒန်ပေါ့။ ကျောင်းကင်န်တင်းမှာ နောက်တစ်ခေါက် ရည်းစားစကား ထပ်ပြောပြီး အဖြေ တောင်းတော့ နောက်တစ်ခေါက် ထပ် အငြင်း ခံရပါတယ်။ ဘယ်လို လှည့်ပတ်ပြောပြော မရပါဘူး။ အဖြေက နိုးပါပဲ။ ဒီလိုနဲ့ပဲ ဇာတ်လမ်းက အဆုံးသတ် သွားပါတယ်။
ရှေးခေတ်ကလူတွေ သုံးနှစ် သုံးမိုး မိန်းမပိုးတာ လောက်တော့ ပျင်းတောင် ပျင်းသေးတယ် ပြောရမှာပါ။ ကျွန်တော် အဲဒီ ကောင်မလေးကို လိုက်ခဲ့တာ သုံး နှစ် သုံးမိုးရဲ့ ၃ ခါပြန် ကိုးနှစ်ကျော် ကြာပါတယ်။ မရတာက မရတာပါပဲ။ ဇွဲကောင်းတယ် ဆိုတာ တခြားနေရာမှာပဲ အသုံးဝင်တဲ့ပုံ ရှိပါတယ်။ အချစ်ရေးမှာတော့ ဇွဲကောင်းတယ် ဆိုတာ ကလည်း သုံးစားလို့ ရဟန် မတူပါဘူး။ ပို့စ်ရဲ့ ခေါင်းစဉ်ကို ဆက်ပြောရရင် မေတ္တာဆိုတာ အလျားအနံ မရှိသလို အသွားအပြန် ဆိုတာလည်း ရှိချင်မှ ရှိတတ် ပါတယ်လို့ ပြောရပါမယ်။
Search This Blog
Friday, November 26, 2010
Tuesday, November 23, 2010
ဟိုဘက်လမ်းက မီးနီနီ ဒီဘက်လမ်းက မီးနီနီ
သိပ်မကြာသေးတဲ့ အချိန်ကာလ တစ်ခုက စင်ကာပူက စာအုပ်ဆိုင် တစ်ဆိုင်မှာ "No Money, No Honey" ဆိုတဲ့ စာအုပ်တစ်အုပ် တွေ့လို့ ဟိုလှန်ဒီလှန် ကြည့်မိပါတယ်။ အဲဒီစာအုပ်ထဲမှာ ရေးထားတဲ့ အကြောင်းတွေ ကတော့ စလုံးမှာ ရှိတဲ့ စက် နဲ့ ပတ်သက်တဲ့ ဖျော်ဖြေရေး လုပ်ငန်း တွေ အကြောင်းပါ။ အဲဒီ စာအုပ်အရ စင်ကာပူမှာ မီးနီ ရပ်ကွက် ၃ ခု ရှိတယ် လို့ ရေးထားပါတယ်။ ပထမဆုံး တစ်ခုကတော့ နာမည်ကျော် ဂေလန်းပါ။ နောက်တစ်ခုကတော့ မူစတာဖာ အနောက်နားမှာ ရှိတဲ့ ဒက်စကားလမ်းပါ။ တတိယ တစ်ခုက ဘယ်နေရာလဲ ကျွန်တော် မသိပါဘူး။
ဒက်စကားလမ်း အကြောင်း ဖတ်မိတော့ ကျွန်တော်တို့ စလုံး ရောက်ခါစက အဲဒီ လမ်းထဲကို ရောက်သွားတာ ပြန်သတိရမိ ပါတယ်။ အဲဒီအချိန် ကတော့ အားရင် တမြို့လုံးပတ်ပြီး လျှောက်သွားနေတာမို့ Little India လို့ ခေါ်တဲ့ ကုလားတန်းကို တခါတလေ ရောက်ဖြစ်ပါတယ်။ တစ်ခါတော့ Little India သွားရင်း စလုံးမှာ ရောက်တာကြာလို့ လူလည် ဖြစ်နေတဲ့ သူငယ်ချင်း တစ်ယောက်က "ဟေ့ကောင်တွေ။ နောက်ဖေးလမ်းကြားထဲ သွားမယ်။" ဆိုပြီး စပြောပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ တတွေ မူစတာဖာ ကုန်တိုက် အနောက်ဖက်မှာ ရှိတဲ့ ဒက်စကားလမ်းထဲကို ချော်တောငေါ့ပြီး ရောက်သွားကြ ပါတယ်။ ဘယ်လို နေသလဲ မေးရင်တော့ အတော်ကို အော်ဂလီဆန်စရာ ကောင်းတဲ့ နေရာပါ။ ဘာနံ့မှန်း မသိတဲ့ အနံ့ ဆိုးဆိုးရွားရွားတွေ ရှိပါတယ်။ လမ်းဘေးက အိမ်တွေထဲမှာ အိမ်ရှေ့တံခါး အကုန်ဖွင့်ထားပြီး အဲဒီ အိမ်တွေရဲ့ ဧည့်ခန်းတွေမှာ ပြင်ဆင်ပြီး ထိုင်နေတဲ့ အောက်အီးအီးအွတ် မအော်တဲ့ ကြက်တွေ ရှိပါတယ်။ ကြက်ဆိုပေမယ့်လည်း ဘုရားစူး ကြက်ပါ။ အသက်ကြီးကြီး အဖွားကြီးတွေ ဝတုတ်မကြီးတွေ များပါတယ်။ အဲဒီလမ်းထဲ ရောက်ရင် အန်ချင်စိတ် အလိုလို ဖြစ်ပါတယ်။
ငယ်ငယ်ချောချောလေးတွေ မရှိဘူးလားဆိုတော့ တစ်ယောက်တစ်လေတော့ တွေ့ရ တတ်ပါတယ်။ ကျွန်တော်တို့ ဒက်စကား လမ်းထဲက ဖြတ်လျှောက်ပြီး လမ်းထိပ်ထွက်လာတော့ အဲဒီမှာ စွပ်ကျယ် အင်္ကျီလို အင်္ကျီမျိုးနဲ့ စကတ် အတို ဝတ်ထားတဲ့ အသက် ခပ်ငယ်ငယ် ကောင်မလေး တစ်ယောက်ကို ကုလားတွေ အလုအယက် ဝိုင်းအုံကြည့်နေတာမြင်လို့ ကျွန်တော်တို့လည်း ရောယောင်ပြီး ဝင်ကြည့်ကြ ပါတယ်။ ကောင်မလေးက အသားဖြူဖြူ ချောချောလေးပါ။ အိမ်ရှေ့ထွက်ပြီး နည်းမျိုးစုံနဲ့ ကြာပစ် နေပါတယ်။ ခဏနေတော့ မနေနိုင် မထိုင်နိုင်တဲ့ ကုလားတစ်ယောက် လူအုပ်ထဲက ထွက်ပြီး အဲဒီ အိမ်ထဲ ဝင်သွား ပါတယ်။ ကျွန်တော်တို့ သူကို့ကြည့်ပြီး ရယ်ကြ ပါတယ်။ ဘာလို့လဲ ဆိုတော့ ကြည့်နေရင်းနဲ့မှ အဲဒီကောင်မလေးက ကောင်မလေး အစစ်မဟုတ်ဘဲ ဟော်မုန်းဆေး ထိုးထားတဲ့ ဖြတ်ဖောက်ချုပ်ကြီး ဆိုတာ သိလိုက်ရလို့ပါ။
စလုံးမှာ ဥပဒေအရ လမ်းမပေါ်ထွက်ပြီး ဖောက်သည်ခေါ်ရင် တရားမဝင်ပါဘူး။ မီးနီရပ်ကွက်တွေမှာတော့ တရားဝင် မှတ်ပုံတင်ပြီး အိမ်ထဲမှာ လုပ်စားခွင့် ရှိပါတယ်။ လုပ်စားမယ့် သူတွေ အနေနဲ့ ပုံမှန် ဆေးစစ်ရပါတယ်။ ဒါဆိုရင် စင်ကာပူမှာ မီးနီရပ်ကွက်က လွဲလို့ တခြားနေရာ ဘယ်နေရာမှ မရှိဘူးလားလို့ မေးချင်စရာပါ။ မယုံမရှိပါနဲ့။ စင်ကာပူ တစ်မြို့လုံး နေရာတကာမှာ ဘိ ချည်းပါပဲ။ ဒါပေမယ့် ပေါ်တင်တော့ မလုပ်ကြပါဘူး။ ဆပါး၊ မာဆပ်၊ Health စင်တာ စတဲ့ ခေါင်းစဉ် အမျိုးမျိုး တပ်ပြီး လုပ်စားကြပါတယ်။
စင်ကာပူကို တခြားနိုင်ငံက သူငယ်ချင်းတွေ အလည်လာရင် ငါးပြတိုက်ကို ဝင်းဒိုး ရှော့ပင်း လိုက်ပို့ ရပါတယ်။ ငါးပြတိုက် ဆိုတာ စင်တိုဆာမှာ ရှိတဲ့ ရေအောက်ကမ္ဘာ မဟုတ်ပါဘူး။ ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးများကို မှန်ခန်းထဲမှာ ထည့်ပြထားတဲ့ ဂေလန်းလို့ အများသိကြတဲ့ ရပ်ကွက်ပါ။ ကျွန်တော်တို့က လိုက်ပြရုံပြတာပါ။ အထဲ ဝင်တာ မဝင်တာ ကတော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပါပဲ။ ဂေလန်းမှာ မြန်မာတွေ ဘယ်လောက်တောင် အားပေးထားကြ သလဲတော့ မသိပါဘူး။ ခေါင်းတွေက အစ မြန်မာစကားနဲ့ ဈေးကြိုတတ် ကြပါတယ်။
အဖမ်းအဆီးတွေ မများခင် အချိန်တုန်းကတော့ လိုရောင်း ၁၄၊ လိုရောင်း ၁၂၊ လိုရောင်း ၈ (လိုရောင်းဆိုတာ မလေးဘာသာနဲ့ လမ်းသွယ်ကို ခေါ်တာပါ။) တို့ ဘေးမှာ စီတန်းပြီး ရပ်နေတဲ့ ကောင်မလေးတွေကို ပွဲဈေးတန်းလိုမျိုး စည်စည်ကားကား တွေ့ရတတ် ပါတယ်။ မလေးမ၊ အင်ဒိုမ၊ တရုတ်မ၊ ကုလားမ၊ အဖြူမ အစုံရှိပါတယ်။ လိုရောင်း ၈ က ဂေလန်းမှာ နာမည် အကြီးဆုံးလမ်းပါ။ အဲဒီမှာတော့ ရက်ရက်စက်စက် ချောတဲ့လှတဲ့ ပြည်ကြီး တရုတ်မတွေ ရှိပါတယ်။ သူတို့ ဘေးက ဖြတ်လျှောက်သွားရင် တရုတ်လို "ချွိမား" (သွားမလား) လို့ မေးပြီး ဈေးခေါ်ကြပါတယ်။ သူငယ်ချင်း တစ်ယောက်က ဆိုရင် အဲဒီတရုတ်မတွေကို ကြည့်ပြီး "ငါတို့ မိန်းမရရင်တောင်မှ ဒီလောက် ချောတာလှတာ ရပါ့မလား မသိဘူးကွာ။" လို့ ညည်းဖူး ပါတယ်။ လိုရောင်း ၁၂ မှာတော့ ပလက်ဖောင်းပေါ်က လျှောက်သွားရင် ကောင်မလေးတွေက အတင်း ဝိုင်းဆွဲကြတာမို့ ပလက်ဖောင်းပေါ်ကတောင် မလျှောက်ရဲ သလောက် ပါပဲ။ ရန်ကုန်က ရောက်ခါစ သူငယ်ချင်းတွေကို လိုက်ပို့ပေးတုန်းက ကျွန်တော်တို့ သူတို့ကို ဝိုင်းပြီး ချောက်ချ ကြပါတယ်။ သူတို့ကို ပလက်ဖောင်းပေါ်မှာ ရှေ့က အသာလေး လွှတ်ပေးပြီး ကျွန်တော်တို့က လမ်းမပေါ်က ပတ်လျှောက် ကြတာပါ။ သူတို့ ကောင်မလေးတွေ ဘေးဖြတ်သွားတုန်း အမဲဖျက်သလို ဝိုင်းဆွဲကြတာမို့ အားလုံး ပြေးပေါက်မှား ကုန်ပါတယ်။ အခုတော့ အဖမ်းအဆီးတွေ များလို့ အဲဒီလို လမ်းမပေါ်မှာ ရပ်နေတဲ့ ကောင်မလေးတွေ မရှိသလောက်ပါပဲ။
တစ်ခါကတော့ ဂေလန်းမှာ လမ်းလျှောက်ရင်း ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက် အိမ်သာတက်ချင်လို့ ဒုက္ခရောက်ကြပါတယ်။ လူစုံတဲ့ ရပ်ကွက်မို့ အဲဒီအရပ်က တွိုင်းလက်တွေက အတော်ညစ်ပတ်ပါတယ်။ နောက်ဆုံးတော့ ကြံရာမရလို့ လမ်းဘေးက ထရန်စစ် ဟိုတယ် လို့ ခေါ်တဲ့ နာရီပိုင်းနဲ့ ငှားစားတဲ့ ဟိုတယ်တစ်ခုမှာ တစ်နာရီ အခန်းငှားပြီး အိမ်သာဝင်တက် ရပါတယ်။ သွားတာက ၄ ယောက်ပေမယ့် ဟိုတယ်က ၄ ယောက် တပြိုင်တည်း အခန်းထဲ ဝင်တာ လက်မခံလို့ ၂ ယောက်စီ ခွဲပြီး အပေါ်တက်ရပါတယ်။ မှတ်မှတ်ရရ ၁၅ ဒေါ်လာ ပေးပြီး အိမ်သာ တက်ခဲ့ရတာမို့ တသက်မှာ ဈေးအကြီးဆုံးပေးပြီး အိမ်သာ တက်ခဲ့ဖူးတာလို့ ပြောရပါလိမ့်မယ်။

Labels:
စင်ကာပူ,
ပေါက်တတ်ကရ
Monday, November 22, 2010
FireFox မြန်မာဘာသာပြန် ဆော့ဖ်ဝဲလ်
မီးမြေခွေးကြီးကို မြန်မာလို သုံးလို့ ရပါပြီ။ FireFox မှာ မြန်မာစာ Plug-in ဘယ်လို အင်စတောလ်လုပ်ရမလဲ ဆိုတာကို သိချင်ရင်တော့ အောက်ကလင့်ခ်မှာ သွားကြည့်ပါ။
http://www.myanmars.net/winmyanmar/2009-11-04-13-07-36/80--firefox-browser-.html
မြန်မာဘာသာနဲ့ ဖိုင်းယားဖောက်စ်ရဲ့ Screen တွေကို ဒီလို တွေ့ရပါတယ်။
ပွင့်လာနေတယ်တဲ့။ Loading ကို မြန်မာမှု ပြုထားတာပါ။
ရွေ့တော့မှာလားတဲ့။ ကိုယ့်ကို ဘယ်လို ထားခဲ့မှာလဲ။ ဟတ်ကော့ကြီး ချန်ထားခဲ့မှာလားလို့ မေးနေပါတယ်။
ဒါကတော့ Tools ထဲက Options ကို မြန်မာမှု ပြုထားတာပါ။ အိုကေ ဆိုတာ မြန်မာလို ကောင်းပြီ လို့ အဓိပ္ပာယ်ရပါတယ်။ Cancel ကတော့ပယ်ဖျက်ပါ လို့ ဆိုပါတယ်။ ဘိုလို သုံးနေကြမို့ မြန်မာလို မသိမှာစိုးလို့ ဘာသာပြန်ပေးတာပါ။ :P
ဒါကတော့ Encoding တွေကို မြန်မာလို ဘာသာပြန်ထားတာပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် သုံးနေကြ ဆော့ဖ်ဝဲလ်ကို မြန်မာလို သုံးကြည့်ရတော့ နည်းနည်း အသစ်အဆန်း ဖြစ်တာပေါ့။ ဘာသာပြန်ပေးသူများကို ကျေးဇူးတင်ပါတယ်။

နည်းပညာ
Subscribe to:
Posts (Atom)